[Zawgyi]
Forevermore(ထာဝရထက္ပို၍)
အပိုင္း-၁၄
ဝူေဆာ့ ဘတ္ဟြၽန္း ကို ကံၾကမၼာနတ္မင္းနန္းေဆာင္ ဝင္ေပါက္ဂူဆီကိုေခၚသြားခဲ့သည္။ ထိုေနရာက ေရခဲႏွင္းပန္းက ဝတ္ဆံေလးေတြက အျပာေရာင္မီးေတာက္ေလးေတြျဖစ္ေနသည္။ ဝူေဆာ့ က ထိုေနရာကို ေစာင့္ေရွာက္ရတဲ့ အေစာင့္ငါးတစ္ေကာင္ျဖစ္သည္။ထို႔ေၾကာင့္ လြယ္လင့္တကူပဲဝင္သြားၿပီး ဘတ္ဟြၽန္း ကို ေရခဲကုတင္ေပၚတင္ထားလိုက္သည္။ ၿပီးေနာက္ ပန္းကေနေပ်ာ္က်လာေသာ အရည္တို႔ကို ခြက္ေလးနဲ႔ခံၿပီး ဘတ္ဟြၽန္း ကို တိုက္လိုက္သည္။
ဝမ္ေယာလ္ ေၾကာင့္ ဒဏ္ရာေတြရထားတဲ့အျပင္ ကိုယ္ဝန္ပါပ်က္က်ထားေတာ့ ဘတ္ဟြၽန္း က ခႏၶာကိုယ္အျပင္ စိတ္ပါဒဏ္ရာရသြားခဲ့သည္။ ဒီၾကားထဲ သူ႔ရဲ႕စြမ္းအားေတြက ႐ုတ္တရက္ေပၚလာၿပီး မထိန္းႏိုင္ေတာ့ေသာေၾကာင့္ အေျခအေနေတြအားလုံး ရႈပ္ေထြးခဲ့ရသည္။ ၾကားထဲက ဘတ္အြန္း ရဲ႕အသက္ဆုံးရႈံးခဲ့ရၿပီး ဘတ္ဟြၽန္း ကတာ့ သူ႔ကိုအျမင္မၾကည္ေသာ ဝမ္ေယာလ္ ရဲ႕ အမုန္း ကို ထပ္ၿပီး ခံရေတာ့မည္။
ဒီကိစၥေတြပ ဘယ္ကစျဖစ္လဲ ဝူေဆာ့ မသိေပမဲ့ ဖုံးကြယ္ထားေသာ ဘတ္ဟြၽန္း ရဲ႕ စြမ္းအားေတြက အလြယ္တကူေတာ့ ေပၚေပါက္လာမည္မဟုတ္ေပ။ ဝူေဆာ့ လက္ဝါးေလးျဖန႔္လိုက္ၿပီး သူ႔စြမ္းအားျဖင့္ ေဆးပုလင္းေလးတစ္ခုကို ေပၚလာေစသည္။ ဘတ္ဟြၽန္း က ဘာမွစားရေသးတာမဟုတ္ဘူး၊ဒီေဆးပဲ စားရေသးတာ။
ဝူေဆာ့ ပုလင္းထဲက ေဆးကို လက္ဖဝါးထဲထည့္ၾကည့္လိုက္ေတာ့ အညိဳေရာင္သာမန္ေဆးလုံးမ်ိဳးသာရွိေနသည္။ ဒါေပမဲ့ ဒီေဆးအေငြ႕ေၾကာင့္ ေရခဲႏွင္းပန္း က ပိုၿပီး လန္းဆန္းသြားသည္။
'နတ္နန္းေဆာင္ထဲက စမ္းေခ်ာင္းေရနဲ႔လုပ္ထားတဲ့ ေဆး။ ဒီေဆးက နတ္သမားေတာ္ဆီ ဘယ္လိုေရာက္ေနတာလဲ'
ဒီေဆးကို ဘတ္ဟြၽန္း အတြက္ ဘတ္အြန္း မွာထားတဲ့ကိုယ္ဝန္ေဆာင္အားေဆးဆိုၿပီး နတ္ေဆးသမားေတာ္ေပးခဲ့တာ။ ဘတ္အြန္း ကေတာ့ သူ႔အႏၲရာယ္အျဖစ္ခံၿပီး ဒီေဆးကိုေပးခဲ့မည္မဟုတ္ေပ။ သာမန္နတ္ေဆးသမားေတာ္ဆီမွာလည္း ဒီလိုေဆးမ်ိဳးရွိေနမည္မဟုတ္။ ေသခ်ာေပါက္ ရာထူးႀကီးႀကီး၊စြမ္းအားႀကီးႀကီးထဲကသူ ပါဝင္ေနတာျဖစ္ႏိုင္သည္။ သူ႔ရည္႐ြယ္ခ်က္က ဘာျဖစ္မလဲ။
ဝူေဆာ့ ေဆးကိုျပန္သိမ္းလိုက္ၿပီး ဘတ္ဟြၽန္း ကိုၾကည့္လိုက္သည္။
ဘတ္အြန္း ေပးခဲ့တဲ့ အသက္ဆက္အျမဳေတက ဘတ္ဟြၽန္း မထိန္းခ်ဳပ္ႏိုင္ေသာ စြမ္းအားကို ထိန္းခ်ဳပ္ေပးထားသည္။ ဘတ္ဟြၽန္း ရဲ႕ အျမဳေတက ဝမ္ေယာလ္ ဆီေရာက္ေနတာေၾကာင့္ သူက စြမ္းအားရွိေနတာကိုမသိ၊သိေတာ့လည္း မထိန္းခ်ဳပ္ႏိုင္ျဖစ္ေနသည္။ ဝမ္ေယာလ္ ကိုယုံၿပီး အျမဳေတကို လြယ္လြယ္ေပးခဲ့သည့္ ဘတ္ဟြၽန္း ကိုပဲ သူေခါင္းေခါက္ပစ္ခ်င္လာသည္။
အိပ္ေပ်ာ္ေနေသာ ဘတ္ဟြၽန္း ၏ မ်က္ႏွာေလးကို ဝူေဆာ့ ေငးၾကည့္ေနမိသည္။ စေတြ႕ကတည္းက ထိုေအးခ်မ္းတဲ့မ်က္ႏွာေလးကို သေဘာက်ေနခဲ့တာ။ နဖူးမွာ အျပာေရာင္မီးလွ်ံအမွတ္အသားမရွိေပမဲ့ ဘတ္ဟြၽန္း သည္ ဆြဲေဆာင္မႈရွိေနတုန္းပင္။
~~~~~~~~~~
ဝူေဆာ့ က သာမန္နတ္ငါးတစ္ေကာင္ပါ။ တစ္ေန႔ နတ္ျပည္က ျမစ္ထဲဝဲေပၚလာေတာ့ ထိုထဲပါသြားၿပီး ကံၾကမၼာနတ္မင္းနန္းေဆာင္ကိုေရာက္ခဲ့တာ။
တိတ္ဆိတ္ေအးခ်မ္းၿပီး အျဖဴေရာင္နဲ႔ အျပာေရာင္သာစိုးမိုးထားေသာ နန္းေဆာင္ေလးသည္ ေအးစိမ့္စိမ့္နဲ႔တစ္ကယ္ေနလို႔ေကာင္းသည္။ ကံၾကမၼာနတ္မင္းစြမ္းအားအေၾကာင္းမေျပာခင္ ထိုအေဆာင္က ေရကပင္လွ်င္ သူ႔ကို နတ္ဘုရားေတြထက္ စြမ္းအားႀကီးေအာင္ျပဳလုပ္ႏိုင္သည္။ ဝူေဆာ့ က ထိုစမ္းေခ်ာင္းေရကိုေသာက္မိၿပီး စြမ္းအားမထိန္းႏိုင္လို႔ နတ္မင္းက ေခၚၿပီး ကူညီေပးခဲ့သည္။
ထိုေန႔က ဘတ္ဟြၽန္း စာဖတ္ဖို႔ နားေနေဆာင္လာရင္း ေ႐ႊငါးေလးတစ္ေကာင္က သူ႔စမ္းေရေတြေသာက္ၿပီး စြမ္းအားမထိန္းႏိုင္တာကိုေတြ႕ေတာ့ ဘတ္ဟြၽန္း ၿပဳံးလိုက္သည္။ ဝူေဆာ့့ က ဘတ္ဟြၽန္း ၿပဳံးတာကိုေတြ႕ၿပီး ျမင္ျမင္ခ်င္း သေဘာက်သြားခဲ့သည္။
ဖေယာင္းသားလို အႏုစိတ္ေဖၚထားသည့္ လက္ေလးျဖင့္ တစ္ခ်က္ေဝ့႐ုံႏွင့္ သူ ဘတ္ဟြၽန္း စားပြဲေပၚ ခြက္ေလးထဲေရာက္သြားၿပီး
'က်ဴးေက်ာ္ဝင္လာတာပဲ'
'ဘယ္သူလဲဟင္'
'ကိုယ္လား...'
ဘတ္ဟြၽန္း က ဘယ္လိုေျပာရမလဲ စဥ္းစားၿပီးမွ
'ဘတ္.ဟြၽန္း'
'လွလိုက္တာ'
ဘတ္ဟြၽန္း က သြားစြယ္ေလးေတြေပၚသည္အထိ ရယ္သည္။
'သိတယ္'
အျပာေရာင္မ်က္လုံးေလးက ဝူေဆာ့ ႏွလုံးသားကို ဖမ္းစားသြားသည္။
'ဒီေနရာက ကံၾကမၼာနတ္မင္းနန္းေဆာင္။ ကိုယ္က ကံၾကမၼာနတ္မင္း'
ဝူေဆာ့ ပါးစပ္ေလးဟသြားၿပီး
'မျဖစ္ႏိုင္တာ။ မုဆိတ္ရွည္ရွည္ ႏႈတ္ခမ္းေမႊးရွည္ရွည္ျဖစ္ေနရမွာ မဟုတ္ဘူးလား'
'ဟုတ္တယ္ေနာ္။ ကိုယ့္အသက္နဲ႔ဆိုရင္ အဲ့လိုပုံစံျဖစ္သင့္ေနၿပီ'
'အင္း။ ဟုတ္တယ္'
ဝူေဆာ့ သည္ အားရပါးရတုန႔္ျပန္၏။ ေခ်ာတာက ေခ်ာတာ တစ္က႑၊အသက္ႀကီးလို႔ ႀကီးတယ္ေျပာတာက တက႑။ မတူဘူး....
ဝူေဆာ့ တုန႔္ျပန္ခ်က္ေၾကာင့္ ဘတ္ဟြၽန္း ရယ္လိုက္ၿပီး ခြက္ေလူထဲမွာရွိေနတဲ့ ေ႐ႊငါးေလးရဲ႕ေခါင္းကို လက္ညိဳွးေလးနဲ႔ ေတာက္လိုက္သည္။
'ကဲ...က်ဴးေက်ာ္သူ ဝူေဆာ့။ မင္းကို ဘယ္လိုအျပစ္ေပးရမလဲ'
'အာ.ဘာလို႔ေပးမွာလဲ။ ကြၽန္ေတာ္နဲ႔မွမဆိုင္တာ။ ျမစ္ေစာင့္နတ္ကိုသြားေျပာေပါ့'
ဝူေဆာ့ စကားေၾကာင့္ ဘတ္ဟြၽန္း မ်က္ေစာင္းထိုးလိုက္ၿပီး
'ဘာလို႔ေျပာရမွာလဲ။ သူ႔အလုပ္သူလုပ္တာပဲကို'
'အာ ဒါဆိုဘယ္လိုလုပ္မွာလဲ'
'မင္းကို အလုပ္ေပးမယ္ေလ'
'ဘာအလုပ္လဲ'
'တံခါးေစာင့္.....ကံၾကမၼာနတ္နန္းေဆာင္ရဲ႕ တံခါးေစာင့္'
'ဘာလို႔ တံခါးေစာင့္လဲ။ တျခားဟာလုပ္ခ်င္တယ္'
'မရေတာ့ဘူး ။ ကံၾကမၼာနတ္နန္းေဆာင္က ကိုးေယာက္ပဲေနခြင့္ရွိတာ။ ဒီမွာ ကေလး ေျခာက္ေယာက္ရွိတယ္။ မင္းနဲ႔ဆိုရင္ ခုႏွစ္ေယာက္။ ကိုယ္နဲ႔ဆိုရင္ ရွစ္ေယာက္'
'တစ္ေယာက္ကေရာ.....'
'တစ္ေယာက္ကလား.......'
ဘတ္ဟြၽန္း ေသေသခ်ာခ်ာေလးေလးနက္နက္ေတြးေနၿပီးမွ
'ေရာက္လာဖို႔ အခ်ိန္မတန္ေသးဘူး'
'ဘာလို႔လဲ'
'မေတြ႕ေသးလို႔ေပါ့'
'တံခါးေစာင့္မလုပ္ခ်င္ဘူး။ ျပန္မယ္'
'တံခါးကိုအရင္ၾကည့္ၿပီးမွျပန္ပါလား။ လာ'
ဘတ္ဟြၽန္း က ဝူေဆာ့ ကို ေရေဘာလုံးေလးထဲ ထည့္ၿပီး ေခၚသြားသည္။ စမ္းေခ်ာင္းရဲ႕အဆုံးမွာ အျပာေရာင္ေရခဲျပင္ႀကီးရွိေနၿပီး အျပာေရာင္မီးေတြပါ ေတာက္ေလာင္ေနသည္။
'အရည္မေပ်ာ္ဘူးလား'
ဝူေဆာ့ အံ့ၾသတႀကီးေမးလိုက္သည္။
'ကိုယ္ရွိေနသ၍ ဘာမွျဖစ္မွာမဟုတ္ဘူး'
ဘတ္ဟြၽန္း က ထိုတံခါးထဲဝင္သြားေတာ့ ေရထဲဝင္လိုက္ရသလိုပင္။ အျပင္ကိုေရာက္ေတာ့ ပန္းပြင့္တစ္ပြင့္ကိုေတြ႕သည္။
'ဒီပန္းကိုေစာင့္ေရွာက္ေပးပါ။ ဒီပန္းကိုေစာင့္ေရွာက္တာက တံခါးကို ေစာင့္ေရွာက္တာနဲ႔အတူတူပဲ။ ပန္းက တံခါးရဲ႕ေသာ့။ ဒီပန္း တစ္ခုခုျဖစ္တာနဲ႔ တံခါးပြင့္သြားၿပီး အထဲက ေရေတြအျပင္ေရာက္လာလိမ့္မယ္။ အဲ့အခါက်ရင္ အကုန္ ဒုကၡေရာက္လိမ့္မယ္'
'ဒီပန္းက လွလိုက္တာ။ ဘယ္လိုျဖစ္လာတာလဲ။ တစ္ခါမွမေတြ႕ဖူးဘူး'
'ဒါက ေရခဲႏွင္းပန္းေလ။ အထဲက စမ္းေခ်ာင္းေရေတြအျပင္ကိုစိမ့္ထြက္လာေတာ့ ဒီပန္းေပါက္လာတာ။ ဒီပန္းကပဲ ေရေတြကိုစုပ္ယူၿပီး ဒီတံခါးျဖစ္သြားတာ'
'ဟုတ္လား။ ပန္းက အသက္ရွိလား'
'ရွိတယ္။ ဒီပန္းနဲ႔ အလဲအလွယ္လုပ္လို႔ရတယ္'
'ဘယ္လိုမ်ိဳးလဲ'
ဘတ္ဟြၽန္း မေျပာဘဲ ၿပဳံးသာျပသည္။
'ဒါေပမဲ့ ဒီပန္းက သူ႔သခင္ကိုလြမ္းမွ အလဲအလွယ္လုပ္ေပးတာ။ အခု ကိုယ္ရွိေနေတာ့ ဘာနဲ႔လဲလဲ သူအစြမ္းျပမွာမဟုတ္ဘူး'
'ဘယ္လိုႀကီးလဲ'
ဘတ္ဟြၽန္း ပုခုံးေလးတြန႔္ျပလိုက္သည္။
~~~~~~~~~
ဝူေဆာ့ ဘတ္ဟြၽန္း ကိုၾကည့္ရင္း အတိတ္ကိုအကုန္မွတ္မိသြားသည္။ အစက ေရးေတးေတးပဲမွတ္မိေသးတာ။ ဒါေတြေၾကာင့္ နဂါးျဖဴကိုစေတြ႕ေတာ့ သူရင္းႏွီးတယ္လို႔ေတြးေနတာ။
ေရခဲႏွင္းပန္းက သူ႔သခင္ကိုလြမ္းေနၿပီထင္ပါရဲ႕။ ဘတ္ဟြၽန္း ဘက္ကို မ်က္ႏွာမူၿပီး ငိုေနသည္။
'မင္းရဲ႕သခင္ အခ်စ္ဒဏ္ရာရေနတယ္။ ကူညီေပးလိုက္ဦး'
ဝူေဆာ့ အေျပာေၾကာင့္ ပန္းကေန အျဖဴေရာင္နတ္သားတစ္ပါးပုံေျပာင္းသြားသည္။
ဝူေဆာ့ ထိုသူကိုၾကည့္ရင္း မ်က္လုံးျပဴးသြားကာ
'ဘယ္...ဘယ္လိုလုပ္ၿပီး....အိမ္ေရွ႕စံက....'
'ခ်စ္ရတာပင္ပန္းတယ္မဟုတ္လား'
ထိုသူက ဘတ္ဟြၽန္း နဖူးေလးကိုနမ္းၿပီး ဒဏ္ရာေတြအရွင္းေပ်ာက္ေအာင္ ျပဳလုပ္ေပးလိုက္သည္။
'မင္းသိထားတဲ့ ကံၾကမၼာနတ္နန္းေဆာင္က မင္းထင္ထားတာထက္ ရႈပ္ေထြးတယ္။ ငါက ဒီတံခါးအျပင္မွာေနခြင့္ရေပမဲ့ အထဲကိုေတာ့ ဝင္ခြင့္မရွိဘူး'
'ဘယ္သူလဲ'
'ကိုယ္လား....ကိုယ္က ခ်န္းေယာလ္'
ခ်န္းေယာလ္ က ဘတ္ဟြၽန္း ကိုၾကည့္ရင္း
'ဘတ္ဟြၽန္း ကို သိပ္ခ်စ္တဲ့ ခ်န္းေယာလ္'
ခ်န္းေယာလ္ က ဘတ္ဟြၽန္း ကိုၾကည့္ရင္း မ်က္ရည္က်သည္။
'ကိုယ္တို႔ရဲ႕က်ိန္စာေတြကို အဆုံးသတ္သင့္ၿပီ'
ခ်န္ေယာလ္ ေျပာေနတုန္း တစ္ခုခုကိုခံစားလိုက္ရတာေၾကာင့္
'ကေလးေတြပါ ဒဏ္ရာရထားတာပဲ'
'ဟုတ္လား။ ကြၽန္ေတာ္ သြားေခၚလိုက္မယ္'
'မေခၚနဲ႔ေတာ့။ ကံၾကမၼာေပလႊာအလြတ္ေတြကို မင္းမထိန္းႏိုင္ဘူး'
'ဒါေပမဲ့.....'
'သူ႔ကို မီးနတ္ဘုရားမနန္းေဆာင္ကိုေခၚ
သြားလိုက္'
'ေခၚသြားလို႔မျဖစ္ဘူး။ အိမ္ေရွ႕စံမင္းသား သတ္လိမ့္မယ္'
'သူမသတ္ပါဘူး'
'ဘာလို႔မသတ္ရမွာလဲ'
'ဘယ္ေလာက္မုန္းမုန္း ဝမ္ေယာလ္ က ဘတ္ဟြၽန္း ကို သတ္မွာမဟုတ္ဘူး။ ျပန္ေခၚသြားလိုက္။ မဟုတ္ရင္ အထဲက စမ္းေခ်ာင္းေရေတြက ဘတ္ဟြၽန္း ေနာက္လိုက္လာလိမ့္မယ္'
'အင္း'
ခ်န္းေယာလ္ လည္း ေရခဲႏွင္းပန္းပြင့္အတိုင္းသာျပန္ရွိေနသည္။ ဝူေဆာ့ ကေတာ့ ခ်န္းေယာလ္ စကားေၾကာင့္ ဘတ္ဟြၽန္း ကို မီးနတ္ဘုရားမ နန္းေဆာင္ကို ျပန္ေခၚသြားသည္။
≥≥≥≥≥≥≥≥≥≥FOREVERMORE≤≤≤≤≤≤≤≤≤≤≤
က်န္တဲ့တစ္ဝက္ကို မနက္ျဖန္မွ update ေပးေတာ့မယ္ေနာ္။ စာလုံးေပါင္းလည္း အဲ့အခ်ိန္မွ ျပန္စစ္လိုက္ပါ့မယ္။ မေန႔က မီးပ်က္ေနလို႔ မအပ္ထားလို႔ ဒီေန႔ ဒါေလးနဲ႔ လာေခ်ာ့တာ💙💙
[Unicode]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၁၄
ဝူဆော့ ဘတ်ဟျွန်း ကို ကံကြမ္မာနတ်မင်းနန်းဆောင် ဝင်ပေါက်ဂူဆီကိုခေါ်သွားခဲ့သည်။ ထိုနေရာက ရေခဲနှင်းပန်းက ဝတ်ဆံလေးတွေက အပြာရောင်မီးတောက်လေးတွေဖြစ်နေသည်။ ဝူဆော့ က ထိုနေရာကို စောင့်ရှောက်ရတဲ့ အစောင့်ငါးတစ်ကောင်ဖြစ်သည်။ထို့ကြောင့် လွယ်လင့်တကူပဲဝင်သွားပြီး ဘတ်ဟျွန်း ကို ရေခဲကုတင်ပေါ်တင်ထားလိုက်သည်။ ပြီးနောက် ပန်းကနေပျော်ကျလာသော အရည်တို့ကို ခွက်လေးနဲ့ခံပြီး ဘတ်ဟျွန်း ကို တိုက်လိုက်သည်။
ဝမ်ယောလ် ကြောင့် ဒဏ်ရာတွေရထားတဲ့အပြင် ကိုယ်ဝန်ပါပျက်ကျထားတော့ ဘတ်ဟျွန်း က ခန္ဓာကိုယ်အပြင် စိတ်ပါဒဏ်ရာရသွားခဲ့သည်။ ဒီကြားထဲ သူ့ရဲ့စွမ်းအားတွေက ရုတ်တရက်ပေါ်လာပြီး မထိန်းနိုင်တော့သောကြောင့် အခြေအနေတွေအားလုံး ရှုပ်ထွေးခဲ့ရသည်။ ကြားထဲက ဘတ်အွန်း ရဲ့အသက်ဆုံးရှုံးခဲ့ရပြီး ဘတ်ဟျွန်း ကတာ့ သူ့ကိုအမြင်မကြည်သော ဝမ်ယောလ် ရဲ့ အမုန်း ကို ထပ်ပြီး ခံရတော့မည်။
ဒီကိစ္စတွေပ ဘယ်ကစဖြစ်လဲ ဝူဆော့ မသိပေမဲ့ ဖုံးကွယ်ထားသော ဘတ်ဟျွန်း ရဲ့ စွမ်းအားတွေက အလွယ်တကူတော့ ပေါ်ပေါက်လာမည်မဟုတ်ပေ။ ဝူဆော့ လက်ဝါးလေးဖြန့်လိုက်ပြီး သူ့စွမ်းအားဖြင့် ဆေးပုလင်းလေးတစ်ခုကို ပေါ်လာစေသည်။ ဘတ်ဟျွန်း က ဘာမှစားရသေးတာမဟုတ်ဘူး၊ဒီဆေးပဲ စားရသေးတာ။
ဝူဆော့ ပုလင်းထဲက ဆေးကို လက်ဖဝါးထဲထည့်ကြည့်လိုက်တော့ အညိုရောင်သာမန်ဆေးလုံးမျိုးသာရှိနေသည်။ ဒါပေမဲ့ ဒီဆေးအငွေ့ကြောင့် ရေခဲနှင်းပန်း က ပိုပြီး လန်းဆန်းသွားသည်။
'နတ်နန်းဆောင်ထဲက စမ်းချောင်းရေနဲ့လုပ်ထားတဲ့ ဆေး။ ဒီဆေးက နတ်သမားတော်ဆီ ဘယ်လိုရောက်နေတာလဲ'
ဒီဆေးကို ဘတ်ဟျွန်း အတွက် ဘတ်အွန်း မှာထားတဲ့ကိုယ်ဝန်ဆောင်အားဆေးဆိုပြီး နတ်ဆေးသမားတော်ပေးခဲ့တာ။ ဘတ်အွန်း ကတော့ သူ့အန္တရာယ်အဖြစ်ခံပြီး ဒီဆေးကိုပေးခဲ့မည်မဟုတ်ပေ။ သာမန်နတ်ဆေးသမားတော်ဆီမှာလည်း ဒီလိုဆေးမျိုးရှိနေမည်မဟုတ်။ သေချာပေါက် ရာထူးကြီးကြီး၊စွမ်းအားကြီးကြီးထဲကသူ ပါဝင်နေတာဖြစ်နိုင်သည်။ သူ့ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ဝူဆော့ ဆေးကိုပြန်သိမ်းလိုက်ပြီး ဘတ်ဟျွန်း ကိုကြည့်လိုက်သည်။
ဘတ်အွန်း ပေးခဲ့တဲ့ အသက်ဆက်အမြုတေက ဘတ်ဟျွန်း မထိန်းချုပ်နိုင်သော စွမ်းအားကို ထိန်းချုပ်ပေးထားသည်။ ဘတ်ဟျွန်း ရဲ့ အမြုတေက ဝမ်ယောလ် ဆီရောက်နေတာကြောင့် သူက စွမ်းအားရှိနေတာကိုမသိ၊သိတော့လည်း မထိန်းချုပ်နိုင်ဖြစ်နေသည်။ ဝမ်ယောလ် ကိုယုံပြီး အမြုတေကို လွယ်လွယ်ပေးခဲ့သည့် ဘတ်ဟျွန်း ကိုပဲ သူခေါင်းခေါက်ပစ်ချင်လာသည်။
အိပ်ပျော်နေသော ဘတ်ဟျွန်း ၏ မျက်နှာလေးကို ဝူဆော့ ငေးကြည့်နေမိသည်။ စတွေ့ကတည်းက ထိုအေးချမ်းတဲ့မျက်နှာလေးကို သဘောကျနေခဲ့တာ။ နဖူးမှာ အပြာရောင်မီးလျှံအမှတ်အသားမရှိပေမဲ့ ဘတ်ဟျွန်း သည် ဆွဲဆောင်မှုရှိနေတုန်းပင်။
~~~~~~~~~~
ဝူဆော့ က သာမန်နတ်ငါးတစ်ကောင်ပါ။ တစ်နေ့ နတ်ပြည်က မြစ်ထဲဝဲပေါ်လာတော့ ထိုထဲပါသွားပြီး ကံကြမ္မာနတ်မင်းနန်းဆောင်ကိုရောက်ခဲ့တာ။
တိတ်ဆိတ်အေးချမ်းပြီး အဖြူရောင်နဲ့ အပြာရောင်သာစိုးမိုးထားသော နန်းဆောင်လေးသည် အေးစိမ့်စိမ့်နဲ့တစ်ကယ်နေလို့ကောင်းသည်။ ကံကြမ္မာနတ်မင်းစွမ်းအားအကြောင်းမပြောခင် ထိုအဆောင်က ရေကပင်လျှင် သူ့ကို နတ်ဘုရားတွေထက် စွမ်းအားကြီးအောင်ပြုလုပ်နိုင်သည်။ ဝူဆော့ က ထိုစမ်းချောင်းရေကိုသောက်မိပြီး စွမ်းအားမထိန်းနိုင်လို့ နတ်မင်းက ခေါ်ပြီး ကူညီပေးခဲ့သည်။
ထိုနေ့က ဘတ်ဟျွန်း စာဖတ်ဖို့ နားနေဆောင်လာရင်း ရွှေငါးလေးတစ်ကောင်က သူ့စမ်းရေတွေသောက်ပြီး စွမ်းအားမထိန်းနိုင်တာကိုတွေ့တော့ ဘတ်ဟျွန်း ပြုံးလိုက်သည်။ ဝူဆော့ က ဘတ်ဟျွန်း ပြုံးတာကိုတွေ့ပြီး မြင်မြင်ချင်း သဘောကျသွားခဲ့သည်။
ဖယောင်းသားလို အနုစိတ်ဖေါ်ထားသည့် လက်လေးဖြင့် တစ်ချက်ဝေ့ရုံနှင့် သူ ဘတ်ဟျွန်း စားပွဲပေါ် ခွက်လေးထဲရောက်သွားပြီး
'ကျူးကျော်ဝင်လာတာပဲ'
'ဘယ်သူလဲဟင်'
'ကိုယ်လား...'
ဘတ်ဟျွန်း က ဘယ်လိုပြောရမလဲ စဉ်းစားပြီးမှ
'ဘတ်.ဟျွန်း'
'လှလိုက်တာ'
ဘတ်ဟျွန်း က သွားစွယ်လေးတွေပေါ်သည်အထိ ရယ်သည်။
'သိတယ်'
အပြာရောင်မျက်လုံးလေးက ဝူဆော့ နှလုံးသားကို ဖမ်းစားသွားသည်။
'ဒီနေရာက ကံကြမ္မာနတ်မင်းနန်းဆောင်။ ကိုယ်က ကံကြမ္မာနတ်မင်း'
ဝူဆော့ ပါးစပ်လေးဟသွားပြီး
'မဖြစ်နိုင်တာ။ မုဆိတ်ရှည်ရှည် နှုတ်ခမ်းမွှေးရှည်ရှည်ဖြစ်နေရမှာ မဟုတ်ဘူးလား'
'ဟုတ်တယ်နော်။ ကိုယ့်အသက်နဲ့ဆိုရင် အဲ့လိုပုံစံဖြစ်သင့်နေပြီ'
'အင်း။ ဟုတ်တယ်'
ဝူဆော့ သည် အားရပါးရတုန့်ပြန်၏။ ချောတာက ချောတာ တစ်ကဏ္ဍ၊အသက်ကြီးလို့ ကြီးတယ်ပြောတာက တကဏ္ဍ။ မတူဘူး....
ဝူဆော့ တုန့်ပြန်ချက်ကြောင့် ဘတ်ဟျွန်း ရယ်လိုက်ပြီး ခွက်လေူထဲမှာရှိနေတဲ့ ရွှေငါးလေးရဲ့ခေါင်းကို လက်ညိုှးလေးနဲ့ တောက်လိုက်သည်။
'ကဲ...ကျူးကျော်သူ ဝူဆော့။ မင်းကို ဘယ်လိုအပြစ်ပေးရမလဲ'
'အာ.ဘာလို့ပေးမှာလဲ။ ကျွန်တော်နဲ့မှမဆိုင်တာ။ မြစ်စောင့်နတ်ကိုသွားပြောပေါ့'
ဝူဆော့ စကားကြောင့် ဘတ်ဟျွန်း မျက်စောင်းထိုးလိုက်ပြီး
'ဘာလို့ပြောရမှာလဲ။ သူ့အလုပ်သူလုပ်တာပဲကို'
'အာ ဒါဆိုဘယ်လိုလုပ်မှာလဲ'
'မင်းကို အလုပ်ပေးမယ်လေ'
'ဘာအလုပ်လဲ'
'တံခါးစောင့်.....ကံကြမ္မာနတ်နန်းဆောင်ရဲ့ တံခါးစောင့်'
'ဘာလို့ တံခါးစောင့်လဲ။ တခြားဟာလုပ်ချင်တယ်'
'မရတော့ဘူး ။ ကံကြမ္မာနတ်နန်းဆောင်က ကိုးယောက်ပဲနေခွင့်ရှိတာ။ ဒီမှာ ကလေး ခြောက်ယောက်ရှိတယ်။ မင်းနဲ့ဆိုရင် ခုနှစ်ယောက်။ ကိုယ်နဲ့ဆိုရင် ရှစ်ယောက်'
'တစ်ယောက်ကရော.....'
'တစ်ယောက်ကလား.......'
ဘတ်ဟျွန်း သေသေချာချာလေးလေးနက်နက်တွေးနေပြီးမှ
'ရောက်လာဖို့ အချိန်မတန်သေးဘူး'
'ဘာလို့လဲ'
'မတွေ့သေးလို့ပေါ့'
'တံခါးစောင့်မလုပ်ချင်ဘူး။ ပြန်မယ်'
'တံခါးကိုအရင်ကြည့်ပြီးမှပြန်ပါလား။ လာ'
ဘတ်ဟျွန်း က ဝူဆော့ ကို ရေဘောလုံးလေးထဲ ထည့်ပြီး ခေါ်သွားသည်။ စမ်းချောင်းရဲ့အဆုံးမှာ အပြာရောင်ရေခဲပြင်ကြီးရှိနေပြီး အပြာရောင်မီးတွေပါ တောက်လောင်နေသည်။
'အရည်မပျော်ဘူးလား'
ဝူဆော့ အံ့သြတကြီးမေးလိုက်သည်။
'ကိုယ်ရှိနေသ၍ ဘာမှဖြစ်မှာမဟုတ်ဘူး'
ဘတ်ဟျွန်း က ထိုတံခါးထဲဝင်သွားတော့ ရေထဲဝင်လိုက်ရသလိုပင်။ အပြင်ကိုရောက်တော့ ပန်းပွင့်တစ်ပွင့်ကိုတွေ့သည်။
'ဒီပန်းကိုစောင့်ရှောက်ပေးပါ။ ဒီပန်းကိုစောင့်ရှောက်တာက တံခါးကို စောင့်ရှောက်တာနဲ့အတူတူပဲ။ ပန်းက တံခါးရဲ့သော့။ ဒီပန်း တစ်ခုခုဖြစ်တာနဲ့ တံခါးပွင့်သွားပြီး အထဲက ရေတွေအပြင်ရောက်လာလိမ့်မယ်။ အဲ့အခါကျရင် အကုန် ဒုက္ခရောက်လိမ့်မယ်'
'ဒီပန်းက လှလိုက်တာ။ ဘယ်လိုဖြစ်လာတာလဲ။ တစ်ခါမှမတွေ့ဖူးဘူး'
'ဒါက ရေခဲနှင်းပန်းလေ။ အထဲက စမ်းချောင်းရေတွေအပြင်ကိုစိမ့်ထွက်လာတော့ ဒီပန်းပေါက်လာတာ။ ဒီပန်းကပဲ ရေတွေကိုစုပ်ယူပြီး ဒီတံခါးဖြစ်သွားတာ'
'ဟုတ်လား။ ပန်းက အသက်ရှိလား'
'ရှိတယ်။ ဒီပန်းနဲ့ အလဲအလှယ်လုပ်လို့ရတယ်'
'ဘယ်လိုမျိုးလဲ'
ဘတ်ဟျွန်း မပြောဘဲ ပြုံးသာပြသည်။
'ဒါပေမဲ့ ဒီပန်းက သူ့သခင်ကိုလွမ်းမှ အလဲအလှယ်လုပ်ပေးတာ။ အခု ကိုယ်ရှိနေတော့ ဘာနဲ့လဲလဲ သူအစွမ်းပြမှာမဟုတ်ဘူး'
'ဘယ်လိုကြီးလဲ'
ဘတ်ဟျွန်း ပုခုံးလေးတွန့်ပြလိုက်သည်။
~~~~~~~~~
ဝူဆော့ ဘတ်ဟျွန်း ကိုကြည့်ရင်း အတိတ်ကိုအကုန်မှတ်မိသွားသည်။ အစက ရေးတေးတေးပဲမှတ်မိသေးတာ။ ဒါတွေကြောင့် နဂါးဖြူကိုစတွေ့တော့ သူရင်းနှီးတယ်လို့တွေးနေတာ။
ရေခဲနှင်းပန်းက သူ့သခင်ကိုလွမ်းနေပြီထင်ပါရဲ့။ ဘတ်ဟျွန်း ဘက်ကို မျက်နှာမူပြီး ငိုနေသည်။
'မင်းရဲ့သခင် အချစ်ဒဏ်ရာရနေတယ်။ ကူညီပေးလိုက်ဦး'
ဝူဆော့ အပြောကြောင့် ပန်းကနေ အဖြူရောင်နတ်သားတစ်ပါးပုံပြောင်းသွားသည်။
ဝူဆော့ ထိုသူကိုကြည့်ရင်း မျက်လုံးပြူးသွားကာ
'ဘယ်...ဘယ်လိုလုပ်ပြီး....အိမ်ရှေ့စံက....'
'ချစ်ရတာပင်ပန်းတယ်မဟုတ်လား'
ထိုသူက ဘတ်ဟျွန်း နဖူးလေးကိုနမ်းပြီး ဒဏ်ရာတွေအရှင်းပျောက်အောင် ပြုလုပ်ပေးလိုက်သည်။
'မင်းသိထားတဲ့ ကံကြမ္မာနတ်နန်းဆောင်က မင်းထင်ထားတာထက် ရှုပ်ထွေးတယ်။ ငါက ဒီတံခါးအပြင်မှာနေခွင့်ရပေမဲ့ အထဲကိုတော့ ဝင်ခွင့်မရှိဘူး'
'ဘယ်သူလဲ'
'ကိုယ်လား....ကိုယ်က ချန်းယောလ်'
ချန်းယောလ် က ဘတ်ဟျွန်း ကိုကြည့်ရင်း
'ဘတ်ဟျွန်း ကို သိပ်ချစ်တဲ့ ချန်းယောလ်'
ချန်းယောလ် က ဘတ်ဟျွန်း ကိုကြည့်ရင်း မျက်ရည်ကျသည်။
'ကိုယ်တို့ရဲ့ကျိန်စာတွေကို အဆုံးသတ်သင့်ပြီ'
ချန်ယောလ် ပြောနေတုန်း တစ်ခုခုကိုခံစားလိုက်ရတာကြောင့်
'ကလေးတွေပါ ဒဏ်ရာရထားတာပဲ'
'ဟုတ်လား။ ကျွန်တော် သွားခေါ်လိုက်မယ်'
'မခေါ်နဲ့တော့။ ကံကြမ္မာပေလွှာအလွတ်တွေကို မင်းမထိန်းနိုင်ဘူး'
'ဒါပေမဲ့.....'
'သူ့ကို မီးနတ်ဘုရားမနန်းဆောင်ကိုခေါ်
သွားလိုက်'
'ခေါ်သွားလို့မဖြစ်ဘူး။ အိမ်ရှေ့စံမင်းသား သတ်လိမ့်မယ်'
'သူမသတ်ပါဘူး'
'ဘာလို့မသတ်ရမှာလဲ'
'ဘယ်လောက်မုန်းမုန်း ဝမ်ယောလ် က ဘတ်ဟျွန်း ကို သတ်မှာမဟုတ်ဘူး။ ပြန်ခေါ်သွားလိုက်။ မဟုတ်ရင် အထဲက စမ်းချောင်းရေတွေက ဘတ်ဟျွန်း နောက်လိုက်လာလိမ့်မယ်'
'အင်း'
ချန်းယောလ် လည်း ရေခဲနှင်းပန်းပွင့်အတိုင်းသာပြန်ရှိနေသည်။ ဝူဆော့ ကတော့ ချန်းယောလ် စကားကြောင့် ဘတ်ဟျွန်း ကို မီးနတ်ဘုရားမ နန်းဆောင်ကို ပြန်ခေါ်သွားသည်။
≥≥≥≥≥≥≥≥≥≥FOREVERMORE≤≤≤≤≤≤≤≤≤≤≤
ကျန်တဲ့တစ်ဝက်ကို မနက်ဖြန်မှ update ပေးတော့မယ်နော်။ စာလုံးပေါင်းလည်း အဲ့အချိန်မှ ပြန်စစ်လိုက်ပါ့မယ်။ မနေ့က မီးပျက်နေလို့ မအပ်ထားလို့ ဒီနေ့ ဒါလေးနဲ့ လာချော့တာ💙💙