-DARK BLUE KISS-

By nadi_jen

10.8K 761 24

ဘယ်လိုမှပြန်ပြင်လို့မရတော့တဲ့ အမှားတစ်ခုက မင်းကိုချစ်မိနေပီဆိုတာဘဲ........... More

~First Broken of the First Love~
~Best Friends~
~trying to be strong~
-Change-
-meeting again-
-love and punishment-
-Restarting love-
-together-
-stay with me-
-Live with your love-
-Incomparable love-
-I love you more than life-
Thank You Guys

-forgiveness-

772 56 4
By nadi_jen


သုံးလရှိဘီ ဂျယ်မင်းနဲ့ကျွန်တော်နဲ့လမ်းခွဲခဲ့တာအခုဆိုရင်
သုံးလပြည့်သွားဘီ။

ကျွန်တော့်အပေါ်တင်မက တခြားလူတွေအပေါ်ပါ သဘောကောင်း ရိုသေလေစားတဲ့ ဒီလိုကောင်လေးမျိုးကို
ကျွန်တော်ရက်ရက်စက်စက်နဲ့လမ်းခွဲခဲ့တာ ကျွန်တော့ကိုယ်ကျွန်တော်တောင်လူလို့မထင်တော့ပါဘူး။

အဲ့အချိန်က ကျွန်တော်yuraနဲ့တွေ့ခဲ့တယ်။ဟုတ်ပါတယ်
နောက်တော့အဲ့တာအပျော်သက်သက်ပဲဖြစ်ခဲ့ပါတယ်။

yuraနဲ့တွဲပီးတစ်လလောက်ကြာတော့ ကျွန်တော့်စိတ်တွေ
ကဂျယ်မင်းဆီကိုဘဲရောက်သွားပြန်တယ်။

အစကတော့ဝေးတာမကြာသေးလို့ လွမ်းမိတာပါဆိုပီး
ဖြေသိမ့်ကြည့်ပေမယ့် ဂျယ်မင်းဘေးမှာလူတစ်ယောက်
ကိုမြင်လိုက်ရတော့ ကျွန်တော့်ရင်ထဲမှာ မကျေနပ်တဲ့ခံစား
မှုမျိုးခံစားလာရတယ်။

တဖြည်းဖြည်းနဲ့ ကျွန်တော့်အတွေးတွေ ကျွန်တော့်ခံစား
ချက်တွေက ဂျယ်မင်းဆီမှာဘဲရောက်နေခဲ့တာ။

အဲ့ချိန်မှာကျွန်တော်နောက်ကျသွားခဲ့ဘီ ဂျယ်မင်းမှာကနောက်လူရှိနေဘီလေ။

ကျောင်းစတက်တဲ့ရက်ကတည်းက ကျွန်တော့်မှာသူ့ကို
လိုက်ကြည့်နေရတာ။

သူကတော့ဘယ်သိမလဲ သူ့သူငယ်ချင်းတွေနဲ့ရီလိုက်မော
လိုက်နဲ့ အဲ့အပြင်အခုပြောနေတဲ့ သူ့ရဲ့ကောင်လေးလား
ဘာလားမသိတဲ့လူနဲ့လဲ တခါတလေနှစ်ယောက်ထဲတွေ့ရ
တဲ့အချိန်တွေဆို ကျွန်တော့်မှာတော်တော်နာကျင်ရတယ်။

အဲ့တစ်ယောက်ကိုလဲ ခုမှဂျယ်မင်းနဲ့တွဲပီးမြင်နေရတာ
တွေ့လိုက်တိုင်းလဲအမြဲဂျယ်မင်းဘေးနားမှာကြည့်ဘဲ။

ရုပ်ရည်ကတော့ပြောသလောက်မဆိုးပါဘူး။မိန်းကလေးတိုင်းမြင်ရင်ငေးရလောက်တဲ့အထိကြည့်ကောင်းတယ်။သူ့အသားအရည်ကစလို့ပေါ့ ဖွေးပီးကြည်လင်နေတာ။

ဂျယ်မင်းနဲ့တွဲမြင်နေရတော့ အသေးစိတ်ကစအဲ့လူကို
မျက်မှန်းတန်းမိနေပါဘီ။ယောကျာ်းလေးတစ်ယောက်ကိုအဲ့လောက်ထိလိုက်မကြည့်ဖူးပေမယ့် ကိုယ်ချစ်ရတဲ့လူရဲ့ဘေးမှာရှိနေတော့နည်းနည်း အမြင်မကြည်တာပေါ့။

ကြည့်ရတာလဲကျွန်တော်တို့ထက်ကြီးတဲ့ပုံစံပါဘဲ။ဘယ်ကနေဘယ်လိုတွေ့ကြလဲတော့မသိဘူး သူတို့အဖွဲ့ထဲမှာလဲအဲ့လူအမြဲပါတယ်။

တကယ် အခုမှကျွန်တော်မှားမှန်းသိပါဘီ။ဘာအမှားမှမရှိ
တဲ့ကလေးတစ်ယောက်ကို ဘာအကြောင်းပြချက်မှမပေး
ဘဲလမ်းခွဲခဲ့တယ်။

သူ့ရှေ့မှာ အခြားလူတစ်ယောက်ပေါ်ကောင်းပြနေခဲ့တယ်။
သူ့ခံစားချက်တွေကိုမကြည့်ဘဲနဲ့ ကျွန်တော်လုပ်ချင်တာသာ လုပ်နေခဲ့တာ ကျွန်တော့လောက်ရက်စက်တဲ့လူရှိပါ့
အုံးမလား။

တွေးတိုင်းနာကျင်ရပါတယ် ဂျယ်မင်းရယ်။
အဲ့အချိန်တွေတုန်းကမင်းဘယ်လိုခံစားရမလဲကိုယ်မတွေး
ခဲ့ဘူး။

မင်းရှေ့မှာ မင်းကိုဘယ်လိုမျက်နှာပြရမလဲဆိုတာတောင်မတွေးရဲဘူး။

နောက်တစ်ခေါက်သာ အခွင့်အရေးရမယ်ဆို မင်းနာကျင်
ခဲ့ရသမျှ ကိုယ်ပြန်ပီးခံယူပါ့မယ်။

မင်းကျေနပ်တဲ့ထိကိုယ်တောင်းပန်မယ်။
မင်းကျေနပ်တဲ့ထိကိုယ်ချစ်ပေးမယ်။မင်းစိတ်ညစ်တဲ့အ
ချိန်တွေ ဘေးမှာအတူတူရှိပေးမယ်။မင်းလိုချင်တာအကုန်
ဖြည့်ဆည်းပေးမယ်။နောက်ဆုံးချိန်ထိ မင်းနဲ့တူတူရှိပေး
ချင်တယ်ကွာ။

အခုမှလာပြီးဒီလိုတွေမပြောပါနဲ့လို့ပြောလဲ ကိုယ်ပြောမှာ
ဘဲ ဒါမင်းပေါ်ထားတဲ့ကိုယ့်ရဲ့ခံစားချက်အစစ်အမှန်တွေပါ
ဘဲ။

မင်းသာနောက်တကြိမ်ပြန်စဉ်းစားမယ်ဆိုရင် ကိုယ်မင်းအပေါ်သေချာပေါက် လူကောင်းတစ်ယောက်ဖြစ်အောင်
ကြိုးစားမှာပါ။

ကိုယ်ကိုနောက်တစ်ခေါက် အခွင့်အရေးလေးဘဲထပ်ပေးပါဒီတစ်ခုဘဲကိုယ်တောင်းဆိုပါတယ်။
————————————————————

အဲ့နေ့ရုပ်ရှင်ကြည့်ပီးပြန်လာကတည်းက ကျွန်တော့်ခံစား
ချက်တွေ ပုံမှန်မဟုတ်တော့တာပါ။

အရင်ကလဲပုံမှန်မဟုတ်တာ မှန်ပေမယ့် အခုဟာကကျွန်
တော့်ကိုယ်ကျွန်တော်တောင်ဘာဖြစ်နေမှန်းမသိတော့တဲ့
ထိပါဘဲ။

အဲ့နေ့က အိမ်သာထဲမှာဖြစ်ခဲ့တဲ့ ကိစ္စပီးကတည်းက
ကျွန်တော်မလှုပ်မယှက်ဖြစ်နေတာတော်တော်ကြာနေဘီ။

ကျောင်းကလဲcaseတစ်ခုဖြစ်လို့ဆိုပီး တစ်လလောက်နား
ထားတယ်လေ။ခုဆိုဒီတိုင်းကြီး အိမ်ထဲကအိမ်ပြင်မထွက်
တာလေးရက်တောင်ရှိဘီ။

ဖြစ်ချင်တော့မှ အိမ်ကမေမေရောဖေဖေရောကဒီရက်ပိုင်း
မှတအားအလုပ်တွေရှုပ်ပီး အိမ်ကိုပြန်လာမအိပ်ကြဘူး။

မေမေကမှကျွန်တော်ရှိနေလို့ ထမင်းစားချိန်တို့အိပ်ချိန်တို့
ခနပြန်လာပီး ဘာညာလုပ်ပေးသေးတယ် ဖေဖေဆိုအချိန်
ပြည့်ဆေးရုံမှာကြည့်ဘဲ။

ဖေဖေကအကြီးလဲအကြီးပိုင်းကဖြစ်တော့ မေမေ့ထက်ပို
အလုပ်ရှုပ်တယ်လေ။

အဲ့ကျအချိန်ပြည့်ကျွန်တော်ကအခန်းထဲမှာဘဲ စာလုပ်
လိုက်အိပ်လိုက်ဖုန်းသုံးလိုက်နဲ့။

အဲ့လိုဆိုမှ ဒီရက်ပိုင်းဟယ်ချန်းနဲ့လဲမတွေ့ဖြစ်ဘူး။
ဟယ်ချန်းရဲ့အကို အကိုထယ်ယုံးပြန်ရောက်နေဘီလို့လဲ
ကြားတယ်လေ။

သူ့အကိုပြန်ရောက်တော့ အလွမ်းသယ်နေတာနဲ့ကျွန်တော့
ဆီတောင်မလာဖြစ်ဘူး။

အဲ့တာလဲကောင်းပါတယ် ကျွန်တော်အခုဖြစ်နေတဲ့ပုံစံ
သာမြင်သွားရင် သူနဲ့စကားများနေရအုံးမှာ။

အဲ့နေ့ ကျွန်တော်အိမ်သာကပြန်လာကတည်းကကျွန်တော်
ဘာဖြစ်နေတယ်ဆိုတာဟယ်ချန်းတန်းရိပ်မိတယ် ဒါပေမယ့်သူမမေးခဲ့ပါဘူး။

ဒီနေ့လိုမျိုးသာသူနဲ့ထိပ်တိုက်တွေ့လို့ကတော့ ကျွန်တော်
ကိုတစ်နည်းနည်းနဲ့သူစိတ်ဆိုးအုံးမှာ။

~တင်းတောင်~

ဒီအချိန်ကြီး မေမေပြန်လာတာလားမဟုတ်ပါဘူး။
နေ့လည်စာစားချိန်လဲမရောက်သေးဘဲနဲ့။တခုခုမေ့လို့မျာပြန်ယူတာများလားမသိဘူး။

အောက်ဆင်းပီးအိမ်ရှေ့ထွက်တံခါးဖွင့်မယ်လုပ် မြင်လိုက်
ရတာကြောင့် တော်တော်လေးအံ့ဩသွားသည်။

"hyunဘယ်ကနေဘယ်လို"

"ဘာမှမမေးဘဲတံခါးအရင်လာဖွင့်ပါအုံး ပစ္စည်းတွေသယ်
လာရတာ လက်တွေလဲနာနေဘီ"

"လာဘီ လာဘီhyunခနလေး"

ခြံရှေ့မှာ လက်ထဲကလဲအထုပ်အပြည့်နဲ့အော်နေတဲ့jaehyun hyunပေါ့။ဘယ်ကနေဘယ်လိုသိပီးရောက်
လာလဲမသိပါဘူး။

လာမယ်လဲ ကြိုမပြောဖုန်းလဲမဆက် စာလဲမပို့ဘဲရောက်
ချလာတော့ အိမ်လိပ်စာတောင်မပြောဘူးတဲ့ကျွန်တော်က
လန့်တာပေါ့။

"ပေးပေး ကျွန်တော့်ကို"

လက်ထဲကအထုပ်တချို့ကို ကူသယ်ပေးလိုက်ပီ အိမ်ထဲ
ဝင်ဖို့ခေါ်လာခဲ့လိုက်သည်။

"တခုခုသောက်မလား အိမ်မှာလဲသောက်စရာဆိုလို့ရေ
ဘဲရှိတယ်hyunရေ"

"ဟားဟားရပါတယ်ကွာ ဒီမှာမုန့်တွေဝယ်လာတယ်"

အိပ်ထဲကမုန့်တွေထုပ်ပြတော့ အကုန်ကျွန်တော့်အကြိုက်
တွေ။

စောစောကထက်ပိုပီးအံဩရတာကျွန်တော်ပါဘဲ။

အိမ်လိပ်စာလဲသူမသိသလို ကျွန်တော်ကလဲမပြောပြခဲ့
အဲ့တာကိုဘယ်လိုသိပီးရောက်လာလဲမသိဘူး။

အခုလဲကျွန်တော်ကြိုက်တဲ့ မုန့်တွေအချိုရည်တွေပါဝယ်
ပီးရောက်လာတဲ့ ဒီhyunကိုတော့ ကျွန်တော်တကယ်လက်
လန်သွားဘီ။

"ဘယ်ကနေ ဘယ်လို.."

"ရှုး...ဂျယ်မင်းhyunတစ်ခုလောက်ပြောလို့ရမလား"

"ဟုတ် ပြောပါ"

"hyunလေ လူတစ်ယောက်ကို စွဲစွဲလမ်းလမ်းချစ်ဖူးခဲ့ပေ
မယ့်လေ အဲ့လူကိုယ့်ကိုပြန်မချစ်တာသိလိုက်တဲ့အချိန်မှာ
တော်တော်လေးခံစားရတယ် ဘယ်လောက်တောင်ခံစား
ရလဲဆိုရင် သူကြိုက်တဲ့မုန့်လေးမြင်ရင်သူ့ကိုသတိရသွား
တာမျိုး ဖွင့်မပြောခင်တုန်းကတူတူသွားခဲ့တဲ့နေရာလေးတွေရောက်ရင် သူ့ကိုတမ်းတလာတာမျိုးတို့ပေါ့"

"ဒါတောင်အဲ့လောက်ဆိုးသေးတယ်လို့မထင်သေးပါဘူး
နမူနာကိုပြောပြတာပါ ဒီထက်ပိုဆိုးတဲ့အချိန်တွေလဲရှိခဲ့
မှာပါ ဒါပေမယ့်ဒါတွေကကြာခဲ့ပီလေ။hyunပြောချင်တာ
ကကွာ မချစ်နဲ့ပြောတာမဟုတ်ဘူးချစ်လို့ရတယ် မခံစားနဲ့လို့ပြောတာမဟုတ်ဘူးခံစားလို့ရတယ် ဒါပေမယ့်လဲ
ကိုယ့်အတွက်ကိုယ်လဲပြန်ကြည့်အုံးလေ။အမြဲအဲ့အကြောင်းဘဲတွေးနေလို့ဘယ်ဖြစ်ပါ့မလဲ"

"စားစရာရှိတာလဲစား အိပ်ချိန်ရောက်ရင်လဲအိပ်ရမှာပေါ့
အမြဲအချိန်ပြည့်ဒီတိုင်းကြီးဆို ကြာရင်ကိုယ်ပဲပင်ပန်းရ
မှာ။ပီးတော့ဘေးမှာ ကိုယ့်မိဘတွေကိုယ့်သူငယ်ချင်းတွေ
ရှိနေတာဘဲ ဒါတောင်မင်းမိဘတွေမအားလို့ရတယ်
ဘေးမှာhyunတို့ရှိတယ်လေကွာ မင်းစိတ်ထဲပေါ့သွားအောင်နည်းနည်းတော့ပြောသင့် ရင်ဖွင့်သင့်တာပေါ့"

"ဒီလိုကိစ္စတွေဆိုတာမင်းတစ်ယောက်ထဲဖြစ်ဖူးတာမဟုတ်
ဘူး အရွယ်ရောက်လာတာနဲ့ချစ်ကြမယ် ကြိုက်ကြမယ်
လမ်းခွဲကြမယ် ဒါတွေကဖြစ်နေကျတွေဘဲ မင်းကိုတော့
ပေါ့သေးသေးပြောတာမဟုတ်ပေမယ့် မင်းကပြောပြမှ
hyunတို့ကလုပ်သင့်လုပ်ထိုက်တာတွေပြောပြလို့ရမှာလေ
ဟုတ်လား"

"ဟူး..မောတာငါ့ကို ရေတိုက်ပါအုံး"

ရောက်ကတည်းက အထုပ်တွေချ တရစက်တရားတွေဟောသွားတဲ့ hyunကနောက်ဆုံးတော့ရေတောင်းပါဘီ။

ကျွန်တော်မျက်နှာမကောင်းတာနဲ့ ဘာဖြစ်မှန်းတန်းသိသွားပုံရတဲ့hyunကဒီတစ်ခါအိမ်အထိပါလိုက်လာတာ။

သူ့အတွက်ရေသွားခပ်ပေးပီး သူလဲဘာမှမပြောကိုယ်လဲ
ဘာမှမပြောနဲ့ ၁၀မိနစ်လောက်ဧည့်ခန်းထဲမှာတိတ်ဆိတ်
နေတုန်း။

အဲ့အချိန်တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တဲ့အရာက ကျွန်တော့
ရဲ့ဖုန်းသံ။

စာတစ်စောင်ရောက်လာလို့ဝင်ဖတ်ကြည့်လိုက်တော့
ဂျယ်နိုဖြစ်နေတယ်။

ဂျယ်နိုဖြစ်ရုံတင်လန့်ရုံမကဘူး သူကကျွန်တော့အိမ်ရှေ့ပါ
ရောက်နေတယ်ဆိုတော့ ပိုလို့တောင်လန့်ရတာပေါ့။

သူ့ကိုဘဲထပ်တွေ့လိုက်ရမလား အိမ်မှာမရှိဘူးလို့ဘဲပြော
လိုက်ရမလား စာမပြန်ဘဲဒီတိုင်းဘဲနေရမလား ကျွန်တော့
မှာတော်တော်လေးလမ်းပျောက်နေပါဘီ။

*အခုမင်းအိမ်ထဲမှာ ရှိနေတာကိုယ်သိတယ် ကိုယ့်ကိုခနလေးဘဲထပ်တွေ့ပါ ပြောစရာရှိတာပြောပီးပြန်မှာပါ*

*ခနလေးပါဘဲ တောင်းဆိုပါတယ်ဂျယ်မင်းရာ ကိုယ့်ကို
ခနလောက်ဘဲထပ်တွေ့ပါ*

*ကျစ်* ခေါင်းတွေလဲကုတ်လို့ဆံပင်တွေလဲကျွတ်ကုန်ပါ
တော့မယ်။

အိမ်ရှေ့ကထပ်တွေ့ဖို့အတင်းပြောနေတဲ့ဂျယ်နိုရယ်
ဘာလုပ်ရမှန်းမသိတဲ့ကျွန်တော်ရယ် ခုထိလက်ပိုက်ပီး
ငြိမ်နေတဲ့ဂျယ်ဟျွန်းhyunရယ် ဒီနေရာမှာတင်တော်တော်
လေးတိုင်ပတ်နေပါဘီ။

ခုချိန်မှ ဒီလောက်ထက်တဲ့ဦးနှောက်က ဘာအကြံဆိုမှ
ထွက်မလာဘူး။

*မင်းမလာရင် ကိုယ်ခြံစည်းရိုးကိုကျော်ပီးဝင်လာခဲ့လိုက်
မှာနော်*

အားတကယ်ဘဲ သူကျွန်တော့်ကိုခေါင်းစားအောင်လုပ်နေ
တာဘဲ။

ကျော်ဝင်လာလို့တော့မဖြစ်ဘူး။တော်ကြာဘေးအိမ်တွေ
ကမြင်သွားရင် သူခိုးလို့အော်ကြမယ့်အပြင် အိမ်ထဲမှာလဲ
ဂျယ်ဟျွန်းhyunရှိနေတာအဆင်မပြေဘူး။

ဘယ်လိုလုပ်ရမှန်းကိုမသိတော့ပါဘူး။
ဒါကိုတန်းမြင်သွားတဲ့hyunက

"ဂျယ်မင်းနား ဘာဖြစ်နေတာလဲ ဟိုကုတ်ဒီကုတ်နဲ့တခုခု
ဖြစ်နေလို့လား"

"hyun..အဲ့တာ.."

"ပြောပါအားမနာပါနဲ့ hyunဘာလုပ်ပေးရမလဲ"

"ကျွန်တော်အပြင်ခနသွားလိုက်အုံးမယ် ခနနော် ခနလေးဘဲ"

ဘာကြောင်းမှမပြောဘဲ အပြင်ခနသွားမယ်ဆိုကတည်းက
ထပီးထွက်ပြေးလာခဲ့တာနောက်ကhyunဘယ်လိုကျန်ခဲ့လဲ
တော့မသိ။

ခြံရှေ့ရောက်တော့ အပြင်မှာ ကားကိုမှီပီးရပ်စောင့်နေတဲ့
ဂျယ်နိုကအရင်လို ဘာမှမပြောင်းလဲဘဲကြည့်ကောင်းနေ
တုန်းဘဲ။

သူ့ကိုမြင်မှ ကျွန်တော့်ရဲ့စိတ်တွေက ပိုပီးမခိုင်တော့
ဒီနေရာမှာတင်လူကလဲကျချင်တာလိုလို အားပျော့လာသလိုခံစားလာရတယ်။

အပေါ်ကဂျင်းလက်ရှည်အမဲကိုမှ အောက်ကဂျင်းဘောင်း
ဘီအမဲနဲ့တွဲဝတ်ထားတဲ့ဂျယ်နိုကလုံးဝကိုမိန်းကလေးတွေ
မြင်ရင်ငေးကြည့်ရလောက်အောင်ကိုကြည့်ကောင်းသည်။

"တွေ့လား ကိုယ်ပြောပါတယ်မင်းအိမ်မှာရှိတာကိုယ်သိ
ပါတယ်"

"ပြောစရာရှိတာမြန်မြန်ပြော"

"အင်းပါ ပြောမှာပါ အပြင်လေးတောင်မထွက်တော့ဘူး
လားကွာ"

"ဒါဘဲပြောမယ်ဆိုရင် အခုအိမ်ထဲပြန်ဝင်တော့မယ်"

အမှန်ကတော့မဟုတ်ပါ ကျွန်တော့ခြေထောက်တွေပါမခိုင်တော့တာဆိုပိုမှန်မယ်။

သူကိုမြင်လိုက်ကတည်းကလှုပ်ရှားနေတဲ့စိတ်တွေက
သူ့နားရောက်လိုက်တဲ့အချိန်မှာ ဘယ်လိုမှသည်းမခံနိုင်
တော့တဲ့အထိပါဘဲ။

"နေပါအုံး ကိုယ်ပြောမှာပါ သေချာနားထောင်နော်
ဂျယ်မင်း ကိုယ်အတည်ပြောမှာ ကိုယ်တို့ပြန်တွဲကြရအောင်"

"ဘာမှ ဘာမှမတွေးပါနဲ့အုံး ကိုယ်ပြောတာတွေအရင်နား
ထောင်ပီးမှ မင်းကြိုက်သလိုဆုံးဖြတ်ပါ မင်းဘယ်လိုဘဲ
ဆုံးဖြတ် မင်းရဲ့ဆုံးဖြတ်ချက်ကိုကိုယ်လက်ခံပါ့မယ်
နောက်ဆုံး မင်းငြင်းရင်တောင်မှပေါ့"

အခု အခုဂျယ်နိုကကျွန်တော့ကိုပြန်တွဲဖို့လာပြောနေတာ
မဖြစ်နိုင်ပါဘူး သူကျွန်တော့ကိုမချစ်တော့လို့ ဒုက္ခတွေပေးခဲ့တာဘဲ မဟုတ်ပါဘူး။

ကျွန်တော် ဘာမှပြန်မပြောနိုင်တဲ့အထိ ငိုင်နေမိသည်။
စက္ကန့်ပိုင်းလေးကျွန်တော်တို့ကြားကလေဟာနယ်ကခန
ပြတ်တောက်သွားခဲ့ပီး သူ့လက်ဘာမှဆက်မပြောသလို
ကျွန်တော်လဲဘာမှမပြောမိ။

ခုချိန်မှာ နှစ်ယောက်သားဘက်ကတော်တော်လေးစဉ်းစား
ဖို့လိုနေတဲ့အချိန်လို့ကျွန်တော်ထင်တယ်။

"ဂျယ်မင်နား ကိုယ်မှားခဲ့တာတွေအတွက်တောင်းပန်ပါတယ် မင်းခံစားချက်ကိုတစ်ချက်လေးမှ ငှဲ့မကြည့်ခဲ့မိဘူး
ကိုယ်တကယ်စိတ်ရင်းနဲ့တောင်းပန်နေတာပါ ခုချိန်မှာ
မင်းစိတ်တွေယောက်ယက်ခက်နေမယ်တိုတာကိုယ်သိ
ပါတယ် ဒါပေမယ့်ကိုယ်ပြောပြချင်လို့ပါ ကိုယ်တကယ်
မှားခဲ့တယ် မင်းကျေနပ်တဲ့ထိတောင်းပန်ပါ့မယ်"

"မင်းအပေါ်မှာမကောင်းခဲ့တာလဲကိုယ်သိတယ် အဲ့အတွက်
လဲမင်းအပေါ်ပြန်ပေးဆပ်ပါ့မယ် ကိုယ့်ကိုတော့ပြန်စဉ်း
စားပေးမယ်မလား အနည်းဆုံးတော့မင်းစဉ်းစားမယ်ဆို
တာကိုယ်သိပါတယ် ဂျယ်မင်းနားမင်းအဲ့လောက်ရက်စက်
တဲ့သူမဟုတ်ပါဘူး"

ကျွန်တော့ကိုဘယ်လိုချုပ်ရမလဲဆိုတာ သူသိနေတာဘဲ
အဲ့လောက်မရက်စက်ပါဘူးတဲ့လေ။

ဟုတ်တယ်ငါမရက်စက်ဘူး ဒါပေမယ့် မင်းအပေါ်ကိုတော့
ငါရက်စက်ချင်တယ်ဂျယ်နို။

ငါနာကျင်ခဲ့ရတာတွေ ခံစားခဲ့ရတာတွေ မင်းတစ်ခုမှနား
မလည်ဘူး ဒါတွေကိုမင်းကိုဘယ်လိုလဲဆိုတာသိစေချင်
တယ်။

ငါတစ်ခါလှည်းစားခံခဲ့ရပီးဘီ နောက်တစ်ခေါက်ဆိုတာ
ငါတော်တော်လေးစဉ်းစားမှရတော့မယ့်အရာဖြစ်နေဘီ။

ဟင် ဒါရက်စက်တယ်ခို့ခေါ်လား သေချာပါတယ်အီဂျယ်နို
ရက်စက်တာတော့ဘယ်မှီအုံးမလဲ။

"ဂျယ်မင်း ဘာလို့အဲ့လောက်ကြာနေ..."

ဟုတ်သားဘဲ အိမ်ထဲမှာဂျယ်ဟျွန်းhyunရှိနေတာကိုမေ့
နေတာ။ကျွန်တော်အပြင်ထွက်လာတာအဲ့လောက်တောင်
ကြာနေဘီလား ဂျယ်ဟျွန်းhyunပါထွက်လာတယ်ဆိုတော့
လေ။

"အာ စကားပြောနေတာလား မသိလိုက်ဘူးsorryပါ
ဂျယ်မင်း hyun "

hyunဆိုပီးသူ့ဗိုက်လေးကိုပွတ်ပြနေပီး အရှေ့မှာဂျယ်နို
ရှိနေတာကိုအားလဲနာသလိုဗိုက်ကလဲဆာနေပီဖြစ်လို့
ကလေးလေးလိုလုပ်ပြနေတဲ့ ဒီhyunကိုတော့ချစ်စရာ
တော်တော်ကောင်းတယ်လို့မြင်မိသည်။

"ခနလေးhyunကျွန်တော်ပီးတော့မှာပါ အော်ဒါနဲ့
ဒါကဂျယ်ဟျွန်းhyun စတုတ္တနှစ် သိပ္ပံမေဂျာကမင်းတို့နဲ့
တူတူလောက်ဘဲထင်တယ် hyunဒါ ဂျယ်နိုတဲ့ ကျွန်တော့်
ရဲ့.....မိတ်ဆွေပါ"

"အော် တွေ့ရတာဝမ်းသာပါတယ် Jeong Jaehyunပါ
ညီလေးကိုမြင်ဖူးသလိုလိုဘဲ ကျောင်းမှာဘဲဖြစ်မယ်ထင်တယ်"

"အော်ဟုတ်လား Lee Jenoလို့ခေါ်ပါတယ်"

မိတ်ဆွေလို့ပြောလိုက်တာ မကြိုက်ပုံရတဲ့ဂျယ်နိုကမျက်
နှာကြီးဆူပုတ်လို့ ရီချင်ပေမယ့်လဲဂျယ်ဟျွန်းhyunရော
ရှိနေတာကြောင့် မသင့်တော်တာမို့ ထိန်းထားရသည်။

"ဂျယ်မင်းနားဒါဆိုကိုယ်သွားတော့မယ် ပြောတာလေးတွေ
မမေ့ပါနဲ့နော် ကိုယ်တကယ်တောင်းဆိုတာပါ"

"အင်း"

ကျွန်တော့်ဘက်က"အင်း"တစ်လုံးသာပြန်ဖြေလိုက်တော့
မကျေနပ်သွားတဲ့မျက်နှာလေးနဲ့ ဂျယ်ဟျွန်းhyunကိုအရို
အသေပေးပီးထွက်သွားတဲ့ သူ့ကျောပြင်လေးကိုငေးကြည့်မိနေတုန်း။

"အင်း ဒါဆိုဒီကောင်လေးပေါ့"

"ဗျာ hyunဘာကိုပြောတာလဲ"

"ဟင် လာစားကြစိုဗိုက်တော်တော်ဆာနေဘီ"

Jaehyun hyunဘာပြောလိုက်တာလဲကြားလိုက်ပေမယ့်
ဘာကိုဆိုလိုတာလဲဆိုတာနားမလည်လိုက်။

ဂျယ်နိုအခုလိုပြုမူနေတာ ထူးဆန်းပေမယ့် သူတကယ်
ဘာဖြစ်ချင်နေတာလဲဆိုတာ ကျွန်တော်လဲနားမလည်နိုင်
တော့။

ထိုလူသားက တော်တော်နားလည်ရခက်သည်။
ဒါပေမယ့် သူ့ကိုပြန်ချစ်လာဖို့ကိုတော့ အဲ့ဒီလူကအမျိုး
မျိုးလုပ်ဆောင်နိုင်တယ်လေ။
————————————————

"ဂျယ်မင်းနား မင်းအဲ့လောက်ရက်စက်တဲ့သူမဟုတ်ပါဘူး"

ကျွန်တော်အဲ့လိုပြောလိုက်တော့ အရည်တောက်လာတဲ့
သူ့ရဲ့မျက်လုံးလေးတွေ။

အဝေးကနေမြင်နေရတာတောင်မှ မင်းရဲ့မျက်နှာလေးက
ကိုယ့်ကိုအမောပြေစေတယ်ကွာ။

အရည်တောက်နေတဲ့မျက်လုံးလှလှလေးရယ် မျက်တောင်
ရှည်ရှည်လေးတွေရယ် နှုတ်ခမ်းနီနီဖူးဖူးလေးရယ် ကိုယ့်
ကိုအရမ်းဆွဲဆောင်နိုင်တာဘဲမင်းက။

"ဂျယ်မင်း ဘာလို့အဲ့လောက်ကြာနေ..."

အသံလာရာကြည့်လိုက်တော့ သူနဲ့တွဲပီးမြင်နေရတဲ့
ကျွန်တော်တွဲပီးမြင်တာမကြိုက်တဲ့ အသားဖွေးဖွေးနဲ့အဲ့ဒီ
လူ။

သူကဘယ်လိုလုပ်ပီး ဂျယ်မင်းတို့အိမါထဲထိရောက်နေတာပါလိမ့်။

"အာစကားပြောနေတာလား မသိလိုက်ဘူးsorryပါဂျယ်မင်း hyun"

ပြောရင်းဆိုရင်း လက်ကလည်းသူ့ဗိုက်ကိုပွတ်ပြနေသည်။
ဗိုက်တာလို့ထွက်လာပုံရတယ် ဒါကိုလဲမြင်တဲ့ဂျယ်မင်းက
ပြုံးလို့ကြည့်နေသည်။

ကျွန်တော်မကြိုက်ဘူး ဂျယ်မင်းအဲ့လိုပြုံးရင်မကြိုက်ဘူး
အထူးသဖြင့်အဲ့လူကိုပြုံးပြတာဆိုပိုမကြိုက်ဘူး။

ကျွန်တော်အတ္တကြီးတယ် ဟုတ်တယ်ကျွန်တော်ချစ်တဲ့
သူ့အတွက်ဘာမဆိုအကုန်အတ္တကြီးတယ်။

နှုတ်ဆက်တော့ သူကကျွန်တော်တို့ထက်နှစ်နှစ်လောက်ကြီးတာဘဲ။ကျွန်တော်နဲ့လဲမေဂျာတူတယ်တဲ့
သိတောင်မသိခဲ့ဘူး။

ကျောင်းသားအသစ်မို့လဲဖြစ်ချင်ဖြစ်မှာပေါ့ ဘယ်လိုဘဲနေနေပါ ဂျယ်မင်းနားမှာကပ်နေတာတော့ကျွန်တော်လုံး
ဝမကြိုက်ပါ။

ဂျယ်မင်းကအခုကျွန်တော့်ကိုရက်စက်နေတာလား မသဲကွဲ
ပေမယ့် ကျွန်တော့်အတွက်တော့အဲ့လူနဲ့တူတူရှိနေတာကျွန်တော့ကို နာကျင်စေတာပါဘဲ။

သူသာတကယ်လို့အဲ့လူကိုရွေးချယ်ခဲ့မယ်ဆိုရင်လဲ
ကျွန်တော့်လက်ခံပါမယ်။

သူပျော်ဖို့ သူချစ်တဲ့လူကိုရွေးချယ်ခဲ့တယ်ဆိုရင် ကျွန်တော်ချစ်တဲ့လူပျော်ဖို့အတွက်လဲ ကျွန်တော်ဘာမဆိုလုပ်ပါ့မယ်။

အဓိကကသူလေးပြုံးနေဖို့ သူပျော်နေဖို့ကအဓိကပါဘဲ။
ငါကိုယ်တိုင်ကမင်းကိုပျော်အောင် လုပ်မပေးနိုင်တဲ့အ
တွက် ကိုယ့်ကိုခွင့်လွှတ်ပါ ဂျယ်မင်း။
————————————————

အကြာကြီးပစ်ထားမိတဲ့အတွက်sorryပါ။
မကြာမကြာပြန်လာပါ့မယ်။နောက်လလောက်အဖြစ်အပီး
သတ်ပါ့မယ့် ကြားထဲမအားလို့မပီးခဲ့ရင်လဲတစ်မျိုးပေါ့။

ဘာအလုပ်မှမလုပ်ရဘဲအပျင်းတစ်နေလို့ပါ။အခုလဲရေး
ရင်းနဲ့ဟိုသွားလိုက်ဒီသွားလိုက်နဲ့။

အခုလဲ1verဆိုလို့ပျော်နေတုန်း pcက21ဆိုလို့လောင်နေပါ
ဘီ🥴jaehyunရယ်jenoရယ်taeyongရယ်တည်းကတစ်
ယောက်တော့မဖြစ်မနေလာမှဖြစ်မှာပါ😆

Goodnight ယော်ရဘွန်း💕

Continue Reading

You'll Also Like

179K 18.5K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
1K 78 6
Our Days are not love, its just rival
467K 31.6K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC