Desharow's Merman

De Wine-Y

233K 25K 1.2K

Desharow Merman (德萨罗人鱼) Total-116 Author: 深海先生 Translators: Cheonsa_I_Bl & Jade(co). Editors: rad_pigeon I'... Mais

My Note
Warning
Author Note
Synopsis
【Arc 1: နက်ရှိုင်းသော ပင်လယ်ပြင်မှအတွေ့အကြုံ】အခန်း(၁)ရေသူထီးအား ဖမ်းမိခြင်း။
အခန်း(၂)လျှို့ဝှက်အစီအစဉ်
အခန္း(၂) လ်ိဳ႕ဝွက္အစီအစဥ္
အခန်း(၃) အန္တရာယ်နှင့် စပ်လျဉ်းနေသော စူးစမ်းစစ်ဆေးခြင်း
အခန္း(၃) အႏၲရာယ္ႏွင့္ စပ္လ်ဥ္းေနေသာ စူးစမ္းစစ္ေဆးျခင္း။
အခန်း(၄) ဘယ်သူက သားကောင်လဲ။
အခန္း(၄) ဘယ္သူက သားေကာင္လဲ။
အခန်း(၅) အန္တရာယ်ရှိသော ကျူးကျော်မှု
အခန်း(၆)အရေးပေါ်အခြေအနေများ
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
Arc-2
Chapter(26)
Chapter(27)
Chapter(27)
Chapter(29)
Chapter (30)

အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့်ဖြစ်ဖွယ်ရာများ

6.6K 918 47
De Wine-Y

အခန်း(၇) မိုးသက်မုန်တိုင်းကြားမှ အထိတ်တလန့် ဖြစ်ဖွယ်ရာများ

—————————————————————————–

ချစ်လှစွာသော ယူနီစာဖတ်သူများအတွက်....

မယုံကြည်နိုင်ခြင်းများစွာဖြင့် ကျွန်တော့်မျက်တောင်ဖျားတို့ ပုတ်ခတ်ကာပြန်ကြည့်လိုက်သည်။ သို့ပေမယ့် ထိုလက်ဖဝါးရာက သိပ်မကြာခင်မှာပဲပျောက်ကွယ်သွားပြီး ကျွန်တော့်အတွက် နောက်ထပ်သောထင်ယောင်ထင်မှားဖြစ်ခြင်းတစ်ခုပမာ စိတ်ထဲထင်သွားစေခဲ့သည်။ ပိုပြီးနီးကပ်သော စစ်ဆေးကြည့်မှုဖြင့် ကျွန်တော် ပြတင်းပေါက်နားဆီသို့ သတိထားရင်း သွားလိုက်ပြီး အေးစက်နေသောပြတင်ပေါက်မှန်ကို လက်ဖြင့် ပွတ်သပ်ကြည့်လိုက်သည်။ သိပ်ကိုသေချာသွားသည်က ထိုမှန်ပြတင်းပေါက်ပေါ်က မိုးရေစက်တွေကလွဲလို့ တကယ်ကိုဘာမှရှိမနေခဲ့ပေ။

'သေချာသည် ... ကျွန်တော်တကယ်ကို ပင်ပန်းနေပြီ။'

နဖူးပြင်ကိုလက်ဖြင့် ပွတ်သပ်လိုက်ရင်း ပြတင်းပေါက်အပြင်ဘက်ဆီမှ ပိုပိုပြီးဆိုးရွားပြင်းထန်လာသည့် မိုးနဲ့ လေတို့၏အဟုန်ကိုသာ ကြည့်နေမိခဲ့သည်။ ဒီလိုရာသီဥတုအခြေအနေမျိုးနဲ့ အပြင်ဘက်ထွက်ပြီး သင်္ဘောသားတွေကို ကူညီဖို့နည်းလမ်းလည်းမရှိတဲ့အပြင် လှိုင်းလုံးကြောင့် ယိမ်းထိုးနေသည့် သင်္ဘောမှ ပင်လယ်ထဲကျသွားမည်သာ ပိုသေချာနေသည့်အတွက် အခန်းထဲနေနေခြင်းကသာ အကောင်းဆုံးဖြေရှင်းမှုတစ်ခု ဖြစ်တော့သည်။ အခုချိန်ထိ ကျွန်တော့်စိတ်တွေက ရီဝေမောပန်းနေဆဲဖြစ်ကာ အိမ်မက်၏သက်ရောက်မှုမှမလွတ်မြောက်နိုင်သေးသည့်အတိုင်း ဖြစ်ပျက်သမျှအကြောင်းအရာတိုင်းကို စဉ်းစားကြည့်ဖို့ အင်အားရှိမနေပေ .... ။

ကျွန်တော် အိပ်ဖို့အတွက် အိပ်ရာပေါ်လှဲချလိုက်သည်။ ထိုကဲ့သို့ မူးနောက်နောက်အခြေအနေဖြင့် ခနမျှ အိပ်ပျော်သွားပြီးနောက် ရုတ်တရက် ဖြတ်ပြေးတိုက်ခတ်သွားသော စိုစွတ်အေးစက်သည့်လေ၏ ထိတွေ့မှုကို ခံလိုက်ရကာမှ ကျွန်တော်ပြန်နိုးလာခဲ့သည်။ ကျွန်တော့်မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တဲ့အခါ ကောင်းကင်ကြီးမှိုင်းညို့နေသကဲ့သို့ ပုံမှန်နှင့်မတူဘဲ ကျွန်တော့်အခန်းတစ်ခုလုံး မှောင်မဲနေတာကို တွေ့လိုက်ရသည်။ ထိုကဲ့သို့မှောင်မိုက်နေခြင်းက သွေးရည်အိုင်ထဲ ပျော်ဝင်စိမ့်နေသလို နီရင့်ရင့်အရောင်တို့နှင့် လွန်စွာမှအေးစိမ့်လှသောညတို့ ဆုံဆည်းဖြစ်တည်သည့် မော်စကိုမြို့၏ ညနေခင်းများအတိုင်း ဆင်တူနေသည်။ စားပွဲအပေါ်ဘက်ရှိ ပြတင်းပေါက်က ပင်လယ်မှလာသောလေအေးတို့၏တိုးဝင်တိုက်ခိုက်နေမှုကြောင့် ပွင့်ဟနေပြီး အခန်းတွင်းသို့ လေအေးများဝင်ရောက်လာသည်။

ထိုလေအေးကြောင့် ကျွန်တော်ပင်နှာချေလာပြီး ချက်ချင်းပဲထကာ ပြတင်းပေါက်ကိုပိတ်ဖို့လုပ်ရတော့သည်။ ထိုစဉ် ကျွန်တော့်ခေါင်းထက် နရံပေါ်မှာချိတ်ထားတဲ့ နာရီကို အမှတ်မထင်ဘဲ မော့ကြည့်မိလိုက်သည်။

'တစ်နာရီခွဲပဲ ကြာမြင့်ခဲ့တာ ... အဲ့ဒီအချိန်လေးအတွင်း ရာသီဥတုက ဘယ်လိုလုပ် ဒီလောက်ထိ ဆိုးရွားသွားရတာလဲ။'

ထိုကဲ့သို့ ထူးဆန်းသည့်အတွေးတို့တွေးမိနေစဉ် စားပွဲပေါ်က မီးအိမ်ကိုယူပြီး နာရီဆီ မီးအလင်းပိုပြလိုက်သည်။ ကျွန်တော်က နာရီရှိရာသို့ အမှုမဲ့အမှတ်မဲ့ စိုက်ကြည့်နေခဲ့ပြီး ထိုမှမျက်စိပြန်မလွှဲနိုင်ဘဲ ကော်နှင့်ပင် အကပ်ခံလိုက်ရသလို ထိုနာရီကိုကြည့်ရင်းနှင့် အကြည့်တို့ ရပ်တန့်သွားခဲ့သည်။

နရံပေါ်ရှိ ဖန်သားနာရီထံမှ ကျွန်တော့်အနောက်ဘက်ရှိ မြင်ကွင်းအရိပ်ကို ပြန်မြင်နေရသည်။ ထိုမြင်ကွင်းထဲ၌ တံခါးအရိပ်ထဲ ပုန်းကွယ်ပြီးရှိနေတဲ့ မှုန်ဖျဖျအလင်းတန်းနှစ်ခုနှင့်အတူ ရောယှက်နေတဲ့ အမဲရောင်အရိပ်တစ်ခုလည်း ရှိနေသည်။

ကျွန်တော့်ရဲ့နှလုံးခုန်နှုန်းက အမြင့်ဆုံးသို့ရောက်ရှိလို့ ခေါင်းမွှေးများပင် ထောင်မတ်ကုန်သည်။

'အဲ့ဒီရေသူထီးက .... ကျွန်တော့်အခန်းထဲမှာ တကယ်ကြီး ရှိနေခဲ့တယ်။'

ကျွန်တော့်ရဲ့အသက်ရှူခြင်းပင်ပျောက်ရှလို့ ခန္ဓာကိုယ်သည်လည်း ကော်နှင့်အကပ်ခံလိုက်ရသလို နေရာတွင်ပင် မလှုပ်မယှက်နိုင်ဘဲတောင့်တောင့်ကြီးဖြစ်သွားသည်။ ထိုအခြေအနေနှင့် ကျွန်တော့်ရဲ့ နောက်ကျောဘက်မှတဖြည်းဖြည်းနီးကပ်လာသည့် ရေသူထီး၏လည်ချောင်းမှထွက်လာသော အသံကိုသာ ကျွန်တော်ကြားနေရသည်။ ကျွန်တော့်ရဲ့ စားပွဲတင်မီးအိမ်က ဖလပ်ဖလပ်နှင့် မှိတ်တုတ်မှိတ်တုတ်ဖြစ်ခဲ့ပြီး ထို့နောက်တွင်မှ ရှူးကနဲမြည်သံတစ်ခုနှင့် ပိတ်သွားခဲ့ကာ အခန်းတစ်ခုလုံးသည်လည်း အမှောင်ထုထဲသို့ တစ်ခါပြန်ပြီး နစ်မြှုပ်သွားခဲ့သည်။ မကြာလိုက် စိုထိုင်းထိုင်းနှင့် အောက်သိုးသိုးအနံ့တစ်ခုကိုပါ ကျွန်တော့်နောက်ကျောဆီမှ တိတိကျကျ အနံ့ခံမိခဲ့သည်။

"ဒက်ရှ် ..... ရှဲ ... ရိုး ....."

ထိုအသံထွက်တစ်ခုချင်းစီက ကျွန်တော့်ရဲ့အူထဲအသည်းထဲမှလှိုက်ကာ ခေါ်လိုက်သကဲ့သို့၊ စိုစွတ်နေသောလက်ဖဝါးက ကျွန်တော့်ရဲ့ပုခုံးထက်သို့ရောက်လာတဲ့အခါ အသွေးထဲအသားထဲမှပင် ခိုက်ခိုက်တုန်တက်သွားသည်။ ထိုအချိန်၌ ကျွန်တော့်ရဲ့စိတ်ထက်ပင် ပိုမြန်နေသောခန္ဓာကိုယ်က ကျွန်တော့်မှာတစ်ခါမှမရှိခဲ့ဖူးသော မြန်နှုန်းဖြင့် ပြတင်းပေါက်ကိုဖွင့်ပြီး အပြင်ဘက်က ကုန်းပတ်ပေါ်သို့ ခုန်ကျော်လိုက်သည်။

"ဟေ့လူတွေ ! ကယ်ပါဦး ! တစ်ယောက်လောက် ဒီလာပြီး ကယ်ပါဦး။ !"

အရှေ့သို့ဘာမှမမြင်ရအောင် ထူထဲနေသောမြူနှင်းတို့ကြား ကျွန်တော်ယိုင်တိယိုင်တိုင်နဲ့ လျှောက်နေမိခဲ့သည်။ သို့ပေမယ့် သ​င်္ဘောသားတစ်ယောက်မှမတွေ့သလို ရိုင်းကိုပင် မတွေ့ရပေ။ မှေးမှိန်နေသော သင်္ဘောသားခန်းမှမီးရောင်က ထိုအချိန်မှ ရုတ်တရက်ပျက်သွားခဲ့ပြီး သုံးထပ်သင်္ဘောကြီးပေါ်၌ ကျွန်တော်တစ်ယောက်တည်း မသိလျှင် သရဲသင်္ဘောပေါ် ရောက်သွားသည့်အတိုင်း။ 'သိပ်ကို ယုတ္တိတန်လိုက်ပေသည်။'

'ဒါပေါ့ ... နတ်ဆိုးနဲ့တူတဲ့ ရေသူထီးကြီးကလည်း ရှိနေသည်လေ။'

"ဒက်ရှ် .... ရှဲ ... ရိုး ...."

ရေသူထီး၏ တိမ်သော၊ မှော်ဆန်သော အသံနက်နက်က မိုးသံနှင့်လေအဟုန်တို့ကိုထိုးဖောက်ကာထွက်ပေါ်လာပြီး ခန္ဓာကိုယ်နောက်ကပ်လျက်လိုက်နေသည့် အရိပ်တစ်ခုလို နားအတွင်းသို့ အင်အားအပြည့်ဖြင့် တိုးဝင်လာသည်။ 'အခုချိန်မှာ သူခေါ်နေတဲ့ စကားစုက ကျွန်တော့်နာမည်ဆိုတာ သိပ်ကိုသေချာသွားခဲ့သည်။'

'ဘုရားရေ ... သူက ဘယ်လိုသိတာလဲ။'

ထိုအချိန်ထိ ရေသူထီးထံမှ ကျွန်တော့်ကိုတိုက်ခိုက်မည့် အရိပ်အယောင်တို့မဖော်ပြခဲ့သော်လည်း ဒီအခြေအနေကြီးကို ကြောက်လန့်နေ့သည့် စိတ်က ဘယ်လိုမှထိန်းချုပ်လို့ မရသေးပေ။ ကုန်းမြေပေါ်မှာတွေ့ခဲ့တဲ့ ဖုန်းထဲကရေသူထီးနဲ့ မေ့ဆေးပေးခံထိထားတဲ့ ရေသူထီးတို့က လုံးဝကိုကွာခြားသည်။! အခုချိန်မှာ ထိုရေသူထီးရဲ့တိုက်ခိုက်မှုကိုကာကွယ်ဖို့ ကျွန်တော့်လက်ထဲမေ့ဆေးသေနတ်ရှိဖို့လိုနေသည်။ ထို့ထက်ပိုပြီးအရေးကြီးသည့် 'ထိုရေသူထီး ပင်လယ်ထဲပြန်ဆင်းသွားမည်ကို ' တားဆီးနိုင်ဖို့ဖြစ်သည်။

ကုန်းပတ်ပေါ်မှာလျှောက်နေတဲ့ ကျွန်တော့်ရဲ့ခြေလှမ်းတွေကို ပိုပြီးသွက်လိုက်ပြီး ကပ္ပတိန်ခန်းဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် ဒုတိယအထပ်ဆီသို့ဆက်သွယ်ပေးထားသည့် လှေကားထစ်တွေပေါ်တွယ်တက်လိုက်ပြီး ထိန်းချုပ်မရနိုင်ဖြစ်နေသော ကတုန်ကယင်ဖြစ်မှုကြောင့် ထိုလှေကားပေါ်မှာ ချော်ပြီး ပြုတ်ကျသွားခဲ့သည်။ သို့ပေမယ့် ထိုကဲ့သို့ပြုတ်ကျပြီး ဆက်ဖြစ်လာသည့် တင်္ဒေဂ၌ မျှော်လင့်ထားခဲ့သလို နာကျင်မှုမျိုးကိုမခံစားလိုက်ရပေ။ ကျွန်တော်ခံစားမိသမျှက အနောက်ဘက်မှ တိုးဝင်တိုက်လာသည့် လေအဟုန်နှင့် ကျွန်တော့်ခါးအားပွေ့ပတ်ထားကာ ထောက်ခံပေးထားသည့် တစ်စုံတစ်ခုကြောင့် လေပေါ်၌ ပေါလောမျောနေသည့် ကျွန်တော့်ကိုယ်ထည်ကို ဖြစ်သည်။ သို့ပေမယ့် ထိုအခြေအနေက မကြာမြင့်ခဲ့ဘဲ နောက်ထပ်သော စက္ကန့်ပိုင်းလေးအတွင်းမှာတင် ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးက ရှည်လျားကာ ထူထဲသော .. ထို့နောက် ချွဲကျိကာ ထိတ်လန့်ဖွယ်ကောင်းသော အရာပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ကျွန်တော်ချက်ချင်းပဲ ပြန်ထလိုက်ပြီး ထိုအရာထံမှလွတ်မြောက်ဖို့ကြိုးစားလိုက်သည်။ သို့ပေမယ့် ကျွန်တော့်ကိုယ်ကို တစ်ဖက်သို့လှည့်လိုက်သည်နှင့် အမဲရိပ်တစ်ခုက ကျွန်တော့်ရှေ့ကနေ ကာဆီးပိတ်ထားလိုက်ပြီး ခါးထက်ရှိ စိုစွတ်နေသောလက်၏ ပွေ့ဖက်ထားမှုမှာလည်း ပိုပြီး တင်းကြပ်သွားခဲ့သည်။ ကျွန်တော်က ထိုအခြေအနေမှ အတင်းရုန်းကာပြန်ထထိုင်လိုက်ပြီး လှေကားပေါ်ပြန်တက်ဖို့ ကြိုးစားလိုက်သည်။ သို့ပေမယ့် ကျွန်တော့်ခြေထောက်နှစ်ဖက်လုံးက သူ့ရဲ့အမြီးနဲ့ ခိုင်မြဲစွာ ရစ်ပတ်ချုပ်နှောင်ထားခြင်းကို ခံထားရပေသည်။

ရေသူထီးရဲ့ လူသားကိုယ်ထည်တစ်ဝက်က တစ်လက်မချင်းစီ တိုးရွှေ့လာပြီး သိပ်မကြာခင်မှာ သူ့ရဲ့အရပ်က ကျွန်တော့်ထက်ပင် ပိုပြီးမြင့်သွားခဲ့သည်။ သည်းထန်နေတဲ့ မိုးမုန်တိုင်းကြားမှာ စိုစွတ်နေတဲ့ သူ့ရဲ့ဆံပင်ရှည်ရှည်တို့က ရေမှော်ပင်တွေအလားဖြစ်နေပြီး ကျွန်တော့်ရဲ့ လက်မောင်း၊ လည်ပင်းနဲ့ ခေါင်းထက်သို့ ရွှေ့လျားသွားနေပြီး ကျွန်တော့်ရဲ့မျက်လုံးထက်သို့ပင် ရောက်လာကာ အမဲရိပ်လေးမှလွဲ၍ ဘာကိုမှသဲသဲကွဲကွဲမမြင်ရတော့သည်အထိဖုံးအုပ်ထားခဲ့သည်။

သိပ်သည်းလွန်းစွာရွာကျနေတဲ့ မိုးစက်မိုးပေါက်တို့က ကျွန်တော့်အတွက် အသက်ရှူဖို့ပင် ခက်ခဲစေသည်။ ကျွန်တော့်ရဲ့မြင်ကွင်းရှင်းလင်းဖို့အတွက် မျက်တောင်ကိုနှစ်ချက်မျှခတ်လိုက်သည်။ သို့သည့်တိုင် အရင်အတိုင်းမသဲကွဲနေမှုက ရှိနေသေးသည်။

ထိုကဲ့သို့ မသဲကွဲဘဲ ဝေဝါးနေသည့်အမြင်အာရုံနှင့် ဆံပင်ရှည်ရှည်တို့အောက်မှ ထွက်ပေါ်လာသည့် ရေသူထီး၏ဖြူဖျော့နေသော မျက်နှာပုံရိပ်ကို မြင်လိုက်ရပြီး တဖြည်းဖြည်းနီးကပ်လာကာ ကျွန်တော့်ရဲ့ ညှပ်ရိုးဘေးနားသို့ ပုံအပ်ကျလာသည်။ သူ့ရဲ့ လက်ဖဝါးနှစ်စုံလုံးနှင့် ကျွန်တော့်ရဲ့လက်မောင်းတွေကို ဆုပ်ကိုင်ထားစဉ် သူ့ရဲ့ဦးခေါင်းကလည်း ကျွန်တော့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းနေရာအနှံ့သို့ ဟိုဒီလျှောက်သွားနေပြီး ထိုသည်မှာ ကျွန်တော့်ထံမှရသည့်ရနံ့ကို ဂရုတစိုက်ရှူရှိုက်နေသည့်အတိုင်းပင်။ ထိုနှင့်ရုတ်တရက် သူ့ရဲ့နှုတ်ခမ်းက အဝတ်တစ်လွှာခံနေသည့် ကျွန်တော့်ရဲ့ ရင်အုပ်ပေါ်ထိကပ်လာပြီး စိုစွတ်နေပြီးသားဖြစ်သည့် ကျွန်တော့်ရဲ့အင်္ကျီတို့တင်းကြပ်သွားသည်နှင့်တစ်ပြိုင်နက် ဆွဲဖြဲခံလိုက်ရသည့်အသံနှင့်အတူ ထိုအင်္ကျီမှာ ပြဲသွားခဲ့သည်။

ရေစိုနေတဲ့ ဆံပင်တို့ကို ခါထုတ်ပစ်လိုက်ပြီး မျက်မှောင်ကြုပ်ကာ မျက်ခွံပေါ်ရှိ ရေစက်တို့လွင့်စင်သွားအောင် ကျွန်တော်လှုပ်ယမ်းလိုက်သည်။ ကျွန်တော့်နှလုံးသားတစ်ခုလုံးက ရင်ဘတ်အတွင်းမှ ပြုတ်ထွက်ကျတော့မတတ် ပြင်းထန်စွာ ခုန်ပေါက်နေခဲ့ပြီး ရေသူထီးရဲ့အမူအရာတစ်ခုချင်းစီတိုင်းကိုသာ ကျွန်တော် စိုက်ကြည့်နေခဲ့သည်။

'ဘုရားရေ .... ဒီရေသူထီး ... သူဘာလုပ်ချင်နေတာလဲ။'

ဘာမှန်းတောင်မသိလိုက်နိုင်တဲ့ အခုလေးတင်မှာ ရေသူထီးက ကျွန်တော့်ရဲ့အပေါ်ပိုင်းအဝတ်တွေကို သူ့ရဲ့ချွန်မြတဲ့သွားနဲ့ ကိုက်ဖြဲလိုက်ပြီး အခုသူက တစ်စုံတစ်ခုကို သေချာစူးစမ်းမှုပြုလုပ်နေသလို အဝတ်ကင်းမဲ့သွားတဲ့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို စိုက်ကြည့်နေပြန်သည်။

ကျွန်တော်က ကျွန်တော့်ကိုယ်ကို လှေကားနဲ့ထောက်ခံမှီပြီး ရှိနေခဲ့သည်။ အသက်ရှူရလည်းခက်ခဲနေသလို ရင်ဘတ်တစ်ခုလုံးမှာလည်း ပြင်းထန်စွာနိမ့်ချည်မြင့်ချည်ဖြစ်နေခဲ့သည့်အလျောက် စိတ်ရှုပ်ထွေးမှုများစွာနဲ့ ကျွန်တော်သူ့ကိုသာ စူးစိုက်ကြည့်နေမိခဲ့သည်။ ' ရေသူထီးရဲ့ အာရုံကိုတောင် ဖမ်းစားနိုင်သည်အထိ ကျွန်တော်က ဘာတွေများမတူကွဲပြားနေသလဲလို့' ပေါ့။ ရေသူထီးကတော့ ကျွန်တော့်ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြည့်ရှုပြီး ' သူ့ရဲ့သားကောင်က အခုထိ အကောင်းပကတိအတိုင်း' ရှိနေပါလား ဆိုသည့်အသိတစ်ခုကြောင့် ကျေနပ်သွားသည့်အတိုင်း ရိုးရှင်းစွာပဲ မျက်လုံးတို့ကို မှေးကျဉ်းလိုက်ပြီး ထို့နောက်တွင်တော့ သူ့ရဲ့ရှည်လျားချွန်မြတဲ့ လက်ချောင်းတို့ကို ဘောင်းဘီရှိရာသို့ ရွှေ့လိုက်သည်။ သူက ခါးထက်က ကျွန်တော့်ရဲ့သားရေခါးပတ်ကို ဆုပ်ကိုင်ထားပေသည်။

'အခု သူက ကျွန်တော့်ကိုယ် အောက်ပိုင်းကိုလည်း စိတ်ဝင်စားနေပြီဆိုသည့် သဘော'

"နေဦး ! "

ကျယ်လောင်သောအသံတစ်ခုနဲ့ ကျွန်တော်အော်ပြောလိုက်ပြီး လစ်လပ်နေတဲ့လက်တစ်ဖက်နဲ့ ရေသူထီးရဲ့လက်ကို ဖမ်းဆွဲလိုက်သည်။ သူကလည်း ပြန်ပြီးငုံ့ကြည့်လာပြီး သူ့မျက်ဝန်းတွေက ကျွန်တော့်လက်ထံမှ တစ်ခုခုကို စိတ်ဝင်တစားရှိသွားသည့်အတိုင်း စူးစိုက်ကြည့်နေခဲ့သည်။ ထို့နောက်တွင်မှ သူ စိတ်ဝင်စားသွားသည့်အရာက ဘာလဲ' ဆိုတာ ကျွန်တော်သိသွားခဲ့သည်။

— ကျွန်တော်ရေချိုးခန်းနံရံကိုထိုးလိုက်တုန်းက ကျန်နေခဲ့တဲ့ လက်ဖမိုးပေါ်က ဒဏ်ရာ၊ ထိုဒဏ်ရာက ပြန်ပြီးမကောင်းသေးသလို အခုဖြစ်ပျက်နေတဲ့ အခြေအနေကြောင့် လက်လှုပ်ရှားမှုများခဲ့ပြီး ဒဏ်ရာက ပိုပြီးပြဲသွားခဲ့ကာ သွေးတွေလည်း အလျှံပယ်အောင်စီးကျနေခဲ့သည်။

ငါးမန်တစ်ကောင်နဲ့တူတဲ့ ဒီရေသူထီးက သွေးနံ့ရပြီး ကျွန်တော့်ရဲ့ဒဏ်ရာကိုပင် ရှာတွေ့သွားခဲ့သည်။

ထိုအချိန်စက္ကန့်ပိုင်းလေးအတွင်းမှာပဲ ကျွန်တော်ကိုယ့်ကိုယ်ကို ပုံဖော်တွေးလိုက်သည်က ပင်လယ်ထဲက ကြီးမားဖြူဖွေးတဲ့ သွားတွေနဲ့တွေ့ဆုံလိုက်ရလို့ နောက်ခနလေးနေတင် သေသွားတော့မည့်အဖြစ်နဲ့ ၊ ပိုပြီးအံ့ဩထိတ်လန့်စရာကောင်းသည်က ထိုမျှကြောက်လန့်နေခဲ့တဲ့ ကျွန်တော့်ရဲ့စိတ်က ရေသူထီးရဲ့အပြုအမူတစ်ခုကြောင့် လွင့်ထွက်သွားခဲ့ခြင်းဖြစ်သည်။

'သူက သူ့ရဲ့အစာတစ်ခုသဖွယ်ကျွန်တော့်ကို စိုက်ကြည့်နေခဲ့ပြီး ဘာလို့များ တိုက်ခိုက်မှုတွေ မပြုလုပ်တာလဲ။ ဒါမှမဟုတ် ရေသူတွေက သူ့တို့ရဲ့သားကောင်ကိုမစားခင် အရင်ဆုံးစနောက်တတ်တာလား။ '

ဒဏ္ဍာရီ ဆန်ဆန် နှင့် အမည်ပင်မသိနိုင်တဲ့ ရေသူထီးနဲ့ ထိပ်တိုက်ဆုံတွေ့နေရချိန်မှာတော့ ကျွန်တော့်ဦးနှောက်ထဲ သိုလှောင်သိမ်းထားသမျှ ရေသူနဲ့ပတ်သတ်တဲ့ဗဟုသုတတွေက အသုံးမဝင်တော့သလို ထိုအသိအားလုံးက အသုံးမဝင်ခြင်းသက်သက်သာဖြစ်နေခဲ့သည်။

ထိုအချိန်မှာ ကျွန်တော့်ရဲ့နှလုံးသားအောက်ခြေနက်နက်မှနေ၍ အော်နေခဲ့သည့် အသံတစ်ခုသာရှိနေခဲ့သည်။

'မလုပ်ပါနဲ့ ... ကျွန်တော် ဒီလို နာနာကျင်ကျင်နဲ့ မသေချင်ဘူး။ ! '

ဘာမှမတတ်နိုင်တဲ့ပုံစံနဲ့ ကျွန်တော့်လက်ကိုဆုပ်ကိုင်ထားတဲ့ ရေသူထီးကိုသာ ကျွန်တော်ကြည့်နေခဲ့သည်။ ကျွန်တော့်လက်က သူ့ပါးစပ်နားအရောက် အရဲစွန့်ပြီး လက်ချောင်းတွေကို ဆုပ်ထားလိုက်သည်။ သိပ်မကြာခင်မှာ လက်ချောင်းတစ်ချို့ အစားခံရတော့မည်ကို စဉ်းစားပြီး ကြောက်လွန်းတာကြောင့် ကျွန်တော့်မှာ အသံတစ်သံပင် မထွက်နိုင်ခဲ့။

သို့ပေမယ့် ရေသူထီးက ကျွန်တော့်ရဲ့လက်ချောင်းထိပ်တွေကို သူ့ရဲ့ချွန်မြတဲ့သွားအပေါ်အသာအယာတင်ထားပြီး သူ့ရဲ့လျှာနဲ့ ကျွန်တော့်ရဲ့ဒဏ်ရာကို လျက်ပေးနေခဲ့သည်။ သူ့ရဲ့ချွန်မြတဲ့လက်ချောင်းထိပ်တွေနဲ့ ကျွန်တော့်ရဲ့လက်ဖဝါးက အားတစ်ခုနှင့် ဖိကပ်ထားသလိုဖြစ်နေသော်လည်း ကျွန်တော့်ဒဏ်ရာအပေါ် တို့ထိလျက်ပေးနေတဲ့ သူ့ရဲ့လျှာဖျားကဖြင့် အလွန်မှနူးညံ့နေခဲ့ကာ အားပါပြီး ကျွန်တော်နာကျင်သွားမှာ ဆိုး၍တောင် ချွန်မြသည့်သွားတို့ဖြင့် ဂရုတစိုက် ထိန်းပေးနေသည်ကိုပင် ခံစားသိရှိနိုင်ခဲ့သည်။

အလွန်တရာမှအံ့ဩခြင်းများဖြင့် ကျွန်တော် သူ့မျက်နှာကိုမော့ကြည့်နေလိုက်သည်။ ရုတ်တရက်တွေးလိုက်မိသည်က ဘာမဟုတ်တဲ့အပိုကိစ္စတွေ လုပ်လိုက်မိတာပဲ' ဟူ၍ ဖြစ်ကာ တုန်ရီနေမြဲနှလုံးသားမှာလည်း လည်ချောင်းဝနားအထိခုန်ထွက်လာတော့မည့်အတိုင်း ခုန်ထွက်လာပြီး လည်ချောင်းဝအနီးမှာ ရှိနေတဲ့ ရေသူထီးရဲ့ ချွန်မြမြသွားတို့နှင့် အကိုက်ခံလိုက်ရတော့မည်ဟုပင် ထင်ရသည်။

ကျွန်တော်က ဒီထက်ပိုပြီးနည်းနည်းလောက်ဖြစ်ဖြစ် တည်ငြိမ်သွားဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးလိုက်သည်။ ' ကျွန်တော်က သူ့ရဲ့ဒဏ်ရာကို ဆေးထည့်ပေးထားလို့ သူလည်းပြန်ပြီး ခင်မင်မှုကို ပြသတာလည်း ဖြစ်နိုင်တာပဲ။ ' သူက သူ့ရဲ့မတူကွဲပြားတဲ့ ပုံစံတစ်ခုနဲ့ ကျွန်တော့်ရဲ့ဒဏ်ရာကိုကုသပေးနေပြီး ထိုသို့ပြုလုပ်ပေးခြင်းက ရေသူမျိုးနွယ်တို့ရဲ့ ဒဏ္ဍာရီလာထဲကအတိုင်း ကျေးဇူးတရားကို ကြင်နာမှုနဲ့ ပြန်ပေးဆပ်နေသည် ဟုပင် ထင်ရစေသည်။

သို့ပေမယ့်လည်း အခုချိန်ထိ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်သေးပေ။

ရေသူထီးရဲ့ မျက်ခုံးတန်းတန်းတို့က မြင့်တက်လာပြီး သူ့ရဲ့ခေါင်းကို ပိုပြီးနိမ့်ချထားပေမယ့် မျက်ဝန်းတွေက ပွင့်နေဆဲဖြစ်ကာ ကျွန်တော့်ထံသို့သာ တည့်တည့်မတ်မတ် စိုက်ကြည့်နေသည်မှာလည်း ထင်ထင်ရှားရှားပင်။

သူ့ရဲ့ရှည်လျားပြီး စိုစွတ်နေတဲ့မျက်ခွံအောက်၌ သိုဝှက်ထားလို့ပင် မရနိုင်တဲ့ နတ်ဆိုးအငွေ့အသက်တို့ ပေါ်လွင်နေသည်။ အင်အားအပြည့်ဖြင့် အဆက်မပြတ်လျက်နေသော လျှာဖျားတို့က အလိုရမ္မက်တို့ ထပ်ပေါင်းတိုးလာပြီး ပို၍ပို၍ အကျိုးအကြောင်းမဲ့လာသည်။ ရဲရဲနီနေသော လျှာထိပ်ဖျားတို့က ကာမစိတ်နှိုးကြွနေသော မြွေကြီးတစ်ကောင်ကဲ့သို့ ကျွန်တော့်ရဲ့လက်ချောင်းတစ်ခုချင်းစီ၏ကြားသို့ တိုးလျှိုဝင်နေပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ညစ်ညစ်ညမ်းညမ်းကစားနေသည့်အတိုင်း၊ များစွာသော အင်းစက်ပိုးမွှားတို့က လက်ချောင်းအတွင်းရှိ သွေးကြောတွေထဲ တိုးဝင်နေသည့်အတိုင်း .... ထူးဆန်းလှသည့် ထုံထိုင်းနေမှုကို ခံစားရအောင် ပြုလုပ်နေပေသည်။......

အိမ်မက်တစ်ခုနှင့်ပင် ထပ်တူညီနေသော ကျွန်တော့်၏စိတ်အတွင်းမှ ဖြစ်ပေါ်ထင်ဟပ်လာသည့် စိတ်ကူးယဉ်မှုတစ်ခုလိုပင်။ ရေသူထီး၏ ရေတို့ ရွှန်းစိုရွှဲနေသော လူကိုယ်ထည်က ကျွန်တော့်မျက်စိနှင့် လက်မအနည်းငယ်အကွာမှာသာ ရှိနေပြီး လူသားနှင့် ဆင်တူသည်ဟူသော ရေသူတို့၏အဆင်းခန္ဓာကိုယ်ကို သက်သေခံ ဖော်ပြပေးနေသည်။

'ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးမှာ ကျွန်တော့်စိတ်ကို တည်ငြိမ်နေအောင် ပြုလုပ်မှသာ ဖြစ်လိမ့်မည်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်'

ကျွန်တော်က ခြေထောက်တွေကို လှေကားထစ်ပေါ်တင်လိုက်ပြီး အားယူကာ ဖြစ်နိုင်သမျှအမြန်ဆုံးနည်းဖြင့် ရေသူထီးပါးစပ်နားရောက်နေသည့် လက်ကို ဆွဲယူပစ်ဖို့ ကြိုးစားလိုက်သည်။ သို့ပေမယ့် ကူကယ်ရာမဲ့နေတဲ့ ကျွန်တော့်ခါးက ပြင်းထန်သောအားတစ်ခုနှင့် ဆွဲယူခြင်းခံလိုက်ရပြီး အားအပြည့်အသုံးပြုလိုက်ခြင်းက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မှုသာ ဖြစ်သွားသည်။ ကျွန်တော့်အပေါ် ချုပ်နှောင်ထားခြင်းကို ဖြေလျော့လိုက်ရမည့်အစား ရေသူထီးက ခြိမ်းခြောက်သတိပေးလိုက်သည် ထင်ရအောင် သူ့ရဲ့မေးရိုးသို့ထင်းကနဲဖြစ်သွားသည်အထိ အံကိုတင်းတင်းကြိတ်လိုက်သည်။ နောက်ဆုံး၌ သူ့ရဲ့ထူးထူးဆန်းဆန်း အပြုအမူတို့ကိုလည်း ရပ်တန့်ပစ်လိုက်သည်။

သူ့ရဲ့နှုတ်ခမ်းပါးတို့နှင့် အနည်းငယ်ဝေးကွာသွားသည်နှင့် လက်ပေါ်ကဒဏ်ရာက မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားသည်ကို ကျွန်တော် သတိထားမိလိုက်သည်။ ပြဲကွဲနေတဲ့ ဒဏ်ရာက အမာရွတ်လေးသေးသေးပင်မကျန်အောင် ပျောက်ကင်းသွားခဲ့ပြီး လက်ဖမိုးပေါ်၌ စီးကျနေခဲ့သည့် သွေးကြောင်းတစ်ချို့သာ ကျန်ရှိနေခဲ့သည်။

ရေသူထီးမှာ ဖျက်လိုဖျက်စီးပြုလုပ်လိုသည့် ဆန္ဒတို့ တကယ်ကိုမရှိခဲ့။ ကျွန်တော့်ဒဏ်ရာကို ကုသပေးတဲ့အပြင် လုံးဝပြန်ကောင်းသွားအောင်အထိပါ ပြုလုပ်ပေးခဲ့သည်။ ! သေချာပေါက် ရေသူထီးရဲ့တံတွေးထဲမှာ ပျက်စီးနေတဲ့ဆဲလ်တွေကို မြန်မြန်ကောင်းမွန်လာစေသည့် တစ်စုံတစ်ခုပါဝင်နေတာပဲ ဖြစ်ရမည်။

'ဘုရားရေ ... ဒါက အံ့ဩစရာကောင်းတဲ့ ဇီဝဗေဒဆိုင်ရာ ရှာဖွေတွေ့ရှိမှုပဲ !'

ကျွန်တော်က ဒီလိုအခြင်းအရာမျိုးကို မျက်လုံးနဲ့ကိုယ်တိုင်ကိုယ်ကျတွေ့ခဲ့ရပေ့မယ့် မဖြစ်နိုင်တဲ့ ယုံကြည်ချင်စရာမကောင်းတဲ့ အရာတစ်ခုလို့ ခံစားနေရတုန်းပင်။ နှလုံးသားထဲ တိုးဝင်လာသည့် စိတ်လှုပ်ရှားဖွယ်ရာခံစားချက်တို့က ကြောက်လန့်မှုတို့ကို သယ်ဆောင်ပြီး အဝေးသို့ တွန်းထုတ်ပစ်လိုက်သည်။ ထိန်းချုပ်နိုင်ခြင်းကင်းမဲ့စွာ လက်ကိုဆန့်တန်းမိပြီး သူ့ရဲ့ နှုတ်ခမ်းပါးတို့နှင့် ထိတွေ့မိပြီးချိန်မှာတော့ တိုးသဲ့သဲ့လေသံနိမ့်နိမ့်ဖြင့် ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ပြောခဲ့သည်။

"မင်းက တကယ့်ကို အံ့ဩစရာကောင်းတဲ့ တည်ရှိမှု တစ်ခုပဲ ..."

ထိုအခါ ရေသူထီးက သူ့ရဲ့နှုတ်ခမ်းပါးတို့ကို မသိသာစွာဖွင့်ဟပြီး ကျွန်တော့်အားတုံ့ပြန်ဖြေကြားပေးသည့်အတိုင်း နက်ရှိုင်းလှသည့် တုန်ခါမှုတစ်ခုကို သူ့ရဲ့လည်ချောင်းမှတစ်ဆင့် ထုတ်လွှတ်ပေးခဲ့သည်။

"အက် ...ဂ် ... ရေ့စ် ....."

"အက် ... ဂ်... ရေ့စ် ...."

ကျွန်တော်ကိုယ်တိုင်ကလည်း အမှတ်မထင်ဘဲ သို့ပေမယ့် စိတ်အားထက်သန်စွာဖြင့် သူ့နောက်လိုက်၍ ရေရွတ်လိုက်မိသည်။ ထို့နောက် ရှားပါးလွန်းသော ဒီအခွင့်အရေးကိုအသုံးချပြီး ရေသူထီးနှင့် စကားပြောနိုင်မည့် အရေးကိုလည်း ဖမ်းဆုပ်ထားချင်ခဲ့သည်။

"မင်းမှာလည်း နာမည်ရှိတာလား ... ဟုတ်လား။ အက်ဂ်ရေ့စ် ...? အဲ့တာက မင်းနာမည်လား။"

ထိုအမေးကို ရေသူထီးက တုံ့ပြန်မှုမပြုလုပ်သလို ငြင်းလည်းမငြင်းပယ်ဘဲ တိတ်ဆိတ်စွာြဖင့် ကျွန်တော့်ကိုသာ စိုက်ကြည့်နေခဲ့သည်။ သို့ပေမယ့် တစ်စုံတစ်ခုအပေါ် စိတ်လှုပ်ရှားကျေနပ်သွားသည့်အတိုင်း သူ့ရဲ့နှုတ်ခမ်းပါးတို့က အပေါ်ဘက်သို့ ကွေးညွတ်တက်နေခဲ့သည်။ ' ကျွန်တော်ပြောတာကို သူနားမလည်ဘူးလို့သာ သတ်မှတ်လိုက်တော့သည်။ ဒါကြောင့် အခု တိုးတိုးတိတ်တိတ်လေး ကောက်ချက်ချဖို့သာ ပြင်လိုက်တော့သည်။

'မင်းရှာဖွေတွေ့ရှိခဲ့တဲ့ အရာကိုပေးလိုက်တဲ့နာမည်က မင်းလုပ်တဲ့ သုတေသနရဲ့ခေါင်းစဉ်ပဲ'

"အက် ဂ် ....."

ကျွန်တော်စကားဆက်ပြောဖို့ ကြိုးစားလိုက်ပေမယ့် ထိုစကားက ရေသူထီးပြုလုပ်လိုက်တဲ့ နောက်ထပ်အပြုအမူတစ်ခုကြောင့် တစ်ဝက်တစ်ပျက်ဖြစ်သွားခဲ့သည်။ ရေသူထီးက သူ့ရဲ့ခေါင်းကိုငုံ့ချပြီး ကျွန်တော့်အတွင်းပိုင်း ခါးနေရာသို့ နှုတ်ခမ်းတို့နှင့် ဖိကပ်ထားလိုက်သည်။ သူက ကုသလို့ပင် မရနိုင်တော့သည့် ဆေးသမားတစ်ယောက်လို နှာခေါင်းကို လက်ဖျံပေါ်တွေ၌ ဖိကပ်ပြီး ကျွန်တော့်အနံ့အရသာကို မြည်းစမ်းနေသည့်အလား တရှုံ့ရှုံ့လုပ်နေသည်။ ကြောက်လန့်စိတ်တွေ ပြန်ပြီးနိုးထလာခဲ့သည့် ကျွန်တော်ကဖြင့် လှေကားရှိရာနောက်ကျောဘက်သို့ ပိုတိုးကပ်ရင်း သူ့ရဲ့ကိုယ်ကလည်း ကျွန်တော့်ကိုယ်ပေါ် ပိုပြီး ဖိကျလာကာ ခေါင်းကို ပုခုံးထက်မှီတည်လိုက်ရင်း လေသံတိုးတိုးလေးတစ်ခုကို ဖန်တီးပေသည်။

"ဒက်... ရှ် ... ရှဲ ... ရိုး .... မေ ... ရိတ် ..."

ဒီတစ်ခါတော့ သူဖော်ကြူးနေတဲ့ စကားလုံးတွေက ကျွန်တော့်နာမည်အစစ်နဲ့ မိတ်ဆွေအချင်းချင်းကြားခေါ်တဲ့ နာမည်ကို ရည်ညွှန်းမှန်း လုံးဝကို သေချာသွားခဲ့သည်။ ထို့အပြင် စကားလုံးတစ်ခုတိုင်း၏ကြားက လေယူလေသိမ်းအသံထွက်ကအစ လျှာလိပ်သံများပင် တိတိကျကျမှန်နေခဲ့သည်။

ပြင်းထန်စွာ အရှိန်အဟုန်ဖြင့် ရွာကျနေတဲ့ မိုးက ရုတ်တရက်ဆိုသလို ပိုပြီး သည်းထန်ဆိုးရွားလာခဲ့သည်။ ကြောက်လန့်ရမည့်အစား ထိတ်လန့်အံ့ဩမှုကိုသာ ကျွန်တော်ပို၍ခံစားမိခဲ့သည်။ 'ဒီရေသူထီးက ဘယ်လိုဖန်တီးတည်ရှိမှုလဲဆိုတာ ကျွန်တော်တကယ်ကို ပုံဖော်တွေးကြည့်လို့မရ။ ကျွန်တော်တွေးမိသည်က ကျွန်တော်သိသမျှ သတ်မှတ်ချက်အားလုံးက အမှားချည်းပဲ ဆိုတာပင်။'

ထိုသို့တွေးနေစဉ် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက်မြောက်တက်သွားပြီး သေချာပေါက် ရေသူထီး၏ချီမခြင်းကို ခံလိုက်ရတာဖြစ်သည်။ သူက လက်တစ်ဖက်တည်းနဲ့ ကျွန်တော့်ကိုခါးမှနေ၍ ပွေ့ဖက်သယ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ့ကိုယ်ကို မယိုင်လဲကျအောင်ထိန်းညှိထားရင်း မြွေတစ်ကောင်ကဲ့သို့ ကုန်းပတ်ပေါ် လျှောသွားခဲ့သည်။ လျင်မြန်သောရွေ့လျားမှုအရှိန်ဖြင့် ခနလေးအတွင်းမှာတင် ကုန်းပတ်၏ လက်ရန်းနေရာသို့ ရောက်ရှိသွားခဲ့သည်။

ထိုအခြေအနေမှာ အလိုအလျောက်တုံ့ပြန်သိရှိလိုက်ရသည်က ' သူ ပင်လယ်ထဲပြန်ချင်နေပြီး ကျွန်တော့်ကိုပါ ခေါ်သွားချင်နေတာ ! '

ရေသူထီးပြုလုပ်နေသမျှရဲ့ ရည်ရွယ်ချက်ကို တွေးမိပြီးနောက် ကျွန်တော်လည်း မရည်ရွယ်ပါဘဲ သူ့ကိုကန်လိုက်မိသည်။

"မလုပ်နဲ့ ... အက်ဂ် ... အဲ့လို မလုပ်နဲ့ !"

ထို့ကဲ့သို့ အော်ဟစ်တားမြစ်ခြင်းက တကယ်တော့ အရာမဝင်ခဲ့ပေ။ သူက ကုန်းပတ်လက်ရန်းနား ရောက်သွားချိန် မလှမ်းမကမ်းမှ အသံတစ်ချို့ကို ကျွန်တော်ရုတ်တရက်ကြားလိုက်ရသည်။ ထိုအသံက သေနတ်သံဖြစ်ပြီး ကျည်ဆံက ရေသူထီးဘေးနားက ကုန်းပတ်လက်ရန်းကို ထိမှန်ထားသွားခဲ့ရာ မီးပွားများပင် လွင့်စင်ထွက်လာခဲ့သည်။ ထို့‌နောက် ဆက်တိုက်ထွက်ပေါ်လာခဲ့သည့် ပစ်ခတ်မှုအနည်းငယ်တို့ကြောင့် မီတာအနည်းငယ်ဝေးသောနေရာရှိ ကုန်းပတ်ကြမ်းပြင်မှာ လှိုင်းတွန့်ပမာဖြစ်သွားခဲ့သည်။

ကျွန်တော်ကိုယ်တိုင်က ထိတ်လန့်သွားခဲ့သလို အက်ဂ်ရေ့ကလည်း သူ့ရဲ့လှုပ်ရှားမှုကို ရပ်တန့်ပြီး ကျွန်တော့်ကို ပွေ့ဖက်ထားသည့် သူ့လက်ကို လွတ်ပေးလိုက်သည်။ သို့ပေမယ့် သူ့ရဲ့အမြီးကတော့ ကျွန်တော့်ခြေထောက်တို့ကို ရစ်ပတ်ထားဆဲဖြစ်ကာ ကိုယ်ကိုတော့ အသံလာရာအနောက်ဘက်သို့ လှည့်လိုက်သည်။

ထိုအချိန်၌ ဖြစ်ပေါ်လာသည့် သူ့ရဲ့မျက်ဝန်းအကြည့်တို့က ပြိုင်ဘက်ကင်းခြင်းတို့၏အနှစ်သာရတို့ ပြည့်ဝနေခဲ့သည်။

ကျွန်တော်လှည့်ကြည့်လိုက်တဲ့အချိန်မှာ သွေးတို့ဖြင့်ပေကျံနေတဲ့ ရိုင်းက ဘယ်ကရလာမှန်းမသိတဲ့ စက်သေနတ်ဖြင့် သင်္ဘော၏သုံးထပ်အမြင့်ကုန်းပတ်ပေါ်မှ ခုန်ချလာသည်။ သူ့ရဲ့သေနတ်ပြောင်းဝက ရေသူထီး၏ ဦးခေါင်းတည့်တည့်သို့ ချိန်ထားခဲ့ပြီး တစ်လှမ်းချင်းစီဖြင့် အရှေ့သို့ချဉ်းကပ်လာခဲ့သည်။ ထို့နောက် လက်ထဲရှိသေနတ်ကို မြှောက်ပင့်လိုက်ပြီး ထိုပုံစံ သေသေချာချာလေ့ကျင့်မှု ပြုလုပ်ထားသည့် ကျွမ်းကျင်သူတစ်ယောက်ကဲ့သို့ပင်။

'ရိုင်း က ... ရေသူထီးကို သတ်ဖို့ လုပ်နေတယ် !

အံ့အားသင့်ထိတ်လန့်မှုတို့ဖြစ်နေသည့် ကြားမှ ကျွန်တော်ရုတ်တရက်ပြန်ပြီးနိုးထလာခဲ့သည်။ ဆရာတစ်ယောက်ဆိုသည့် ဂုဏ်အဆင့်တစ်ခုမှာ ရှိနေတဲ့ ဇီဝဗေဒပညာရှင်တစ်ယောက်က ဒီလိုလုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ကျွန်တော်မယုံကြည်နိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ သတ်ဖြတ်ခြင်းနဲ့ သူ့ထံမှရသည့် သားသတ်သမားတစ်ဦး၏ အငွေ့အသက်တို့ကြောင့် ကျွန်တော့်စိတ်ထဲ ပိုပြီး သေချာသွားခဲ့သည်။ သူ့ရဲ့ရင်ဘတ်မှစီးကျနေသည့် သွေးကြောင်းကိုကြည့်ပြီး ဒါက အက်ဂ်ရေ့စ်ကို တိုက်ခိုက်ပြီး ရလာသည်မှာ သေချာနေကာ ထိုအကြောင်းကြောင့်ပဲ သူဒီလိုပြုမူနေခြင်းဖြစ်မည်။

'အခု အက်ဂ်ရေ့စ်ကို ရေထဲခုန်ချစေလိုက်ရမလား ... ဒီအခြေအနေကြောင့် ဖြစ်ပေါ်ရရှိလာတဲ့ ရေသူမျိုးနွယ်ကို လေ့လာနိုင်မယ့်အခွင့်အရေးကို အဆုံးရှုံးခံရတော့မှာလား။'

"ရိုင်း ၊ ရိုင်း ... စိတ်လျော့ ... သူ့ကို ဒီအတိုင်း ထွက်သွားအောင်ပဲ လုပ်လိုက်ပါ။ သူ့ကို တားဖို့ ပင်လယ်ထဲကိုပဲ ပစ်ပြီး သေနတ်သံနဲ့ ကြောက်သွားအောင်ပဲ ခြောက်လိုက်ပါ !"

ကျွန်တော် လက်ကိုဝှေ့ယမ်းပြလိုက်ပြီး အက်ရှနေတဲ့အသံဖြင့်ပင် အစွမ်းကုန်အော်လိုက်သည်။ ရိုင်းက မလှုပ်မယှက်ဘဲ ရပ်မြဲနေရာမှာပဲ ရပ်နေသည်။ သေနတ်ပြောင်းဝက ရေသူထီးထံချိန်ထားဆဲ.... ခြေလှမ်းတွေသည်လည်း တစ်ဖန်ပြန်ပြီး ဖြည်းညင်းစွာ တိုးကပ်လာခဲ့သည်။

ထိုအချိန်၌ အက်ဂ်ရေ့စ်က ဇီဝဗီဒဆိုင်ရာ ဗီဇလက္ခဏာတွေကို မပြခဲ့ပေ။ သူ့ရဲ့အမြီးက သူ့ကို ပိုပြီးမြင့်မားရှည်လျားသွားအောင် ထောက်ပံ့ပေးလိုက်ပြီး ထို့နောက် သူ့ရဲ့ကိုယ်ထည်ကို ရိုင်းထံသို့ ကွေးညွတ်လိုက်သည်။ ထိုပုံစံက မိတ်လိုက်ဖို့အတွက် (lizard) အထီးတစ်ကောင်က တစ်ခြားအထီးတွေကို ရင်ဆိုင်တိုက်ခိုက်နေသည့်အတိုင်းဖြစ်နေသည်။ အက်ဂ်ရေ့စ်က သူ့ရဲ့ကြီးမားလှတဲ့ ကိုယ်ထည်ကိုအသုံးပြုပြီး အနောက်မှာရှိနေတဲ့ ကျွန်တော့်ကိုတံတိုင်းသဖွယ် ကာကွယ်ပေးထားသည်။

ချွန်မြစွာထိုးထွက်နေသည့် လက်နှစ်ဖက်လုံး၏လက်သည်းရှည်ရှည်တို့က လွှသွားပုံဓားနှင့်တူနေပြီး တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ ဆိုသည့်အကြောင်း ဖော်ပြနေသည့် ပုံရိပ်တို့ပြသပေးနေသည်။ မှေးမှိန် နေသော အလင်းရောင်အောက်မှာ နတ်ဆိုး၏ရှည်လျားလွန်းသည့်အရိပ်က ကုန်းပတ်ပေါ်ထင်ဟပ်ကျနေပြီး သူသာ တိုက်ခိုက်မှုစတင်လိုက်ရင် အရာအားလုံးက ဖွတ်ဖွတ်ညက်ညက်သေကြေပြီး ရစရာမရှိအောင် ပျက်စီးသွားတော့မည်မှာ ကျွန်တော့်အတွက် သေချာနေခဲ့သည်။

ရေခဲတိုက်ထဲရောက်နေသည့်အလား အေစိမ့်နေအောင်ချမ်းသည့်အရသာကို ကျွန်တော်ခံစားနေရသည်။ ထို့အပြင် ရိုင်းနဲ့ သူ့ကို ဒီလို တိုက်ခိုက်ဖို့ ဘယ်လိုမှခွင့်မပြုနိုင်။

မပြောင်းလဲတော့မည့် ခိုင်မာလှသောထိုအတွေးကို ဆုပ်ကိုင်ပြီး တစ်ကိုယ်လုံးမှအားတို့ကို စုကာ အက်ဂ်ရေ့စ်၏အမြီးအတွင်းမှ ခုန်ထွက်လိုက်သည်။ ထို့နောက် အက်ဂ်ရေ့စ်အရှေ့၌ လက်နှစ်ဖက်ကိုဆန့်တန်းကာ နေလိုက်ပြီး ရိုင်းထံသို့ တစ်ခါထပ်ပြီး အော်ပြောလိုက်သည်။

"ရိုင်း ... သေနတ်နဲ့မပစ်နဲ့ ... ပြန်တော့ ၊ သ‌င်္ဘောခန်းဆီ ပြန်တော့ !"

"မင်း အရှေ့က ဖယ် "

သေနတ်ကို ဆုပ်ကိုင်ထားတဲ့ ရိုင်းရဲ့ လက်တွေက ပိုပြီးတင်းကြပ်သွားခဲ့ပြီး သူ့ရဲ့အမူအရာတို့ကလည်း တစ်ခါမှမတွေ့မြင်ခဲ့ဖူးသည့် တင်းမာရက်စက်ခြင်းတို့ဖြင့် ပြည့်နေခဲ့သည်။

"ဒက်ရှ်ရှဲရိုး ... ဒါက စစ်တပ် စစ်ဆင်ရေးပဲ"

"ဘာ ? "

ကျွန်တော်ဘယ်လိုမှ မယုံကြည်နိုင်။ သည်းထန်စွာရွာသွန်းနေတဲ့ မိုးနဲ့ လေအဟုန်တို့ကြောင့် ကျွန်တော့်အကြားအာရုံတို့ မှားယွင်းကောင်း မှားယွင်းနိုင်ပေမယ့် ရိုင်းရဲ့အပြုအမူ ပုံစံတို့ကြောင့် နှလုံးသားတစ်ခုလုံးမှာတော့ ဟိုး အနက်ဆုံး အောက်ခြေနေရာသို့ နစ်မြှုပ်သွားခဲ့သည်။

'သေချာပေါက် စိတ်မသိုးမသန့် ဖြစ်စရာကောင်းသည့် တစ်စုံတစ်ခုကတော့ ဖြစ်နေခဲ့ပြီ။'

ကျွန်တော် ဖုံးကွယ်ထားတဲ့လေထုမှ ပြင်းထန်လှတဲ့ အနံ့တစ်ခုကို ရလိုက်ပြီ။ ရိုင်းက ကျွန်တော့်ကို ဖုံးကွယ်ထားတာရှိနေပြီး သို့ပေမယ့် ဒီအချိန်မှာတော့ ကျွန်တော်ထိုအကြောင်းကို မတွေးတောနိုင်သေးဘဲ။ လက်ရှိ ကျွန်တော်ဘာကို ရင်ဆိုင်နေရသလဲ ... ထိုအတွက်သာ ကျွန်တော်ပူပန်နေမိသည်။

ရိုင်းက ရေသူထီးရဲ့ဘဝနဲ့ အသက်ကို လုံးဝဂရုမစိုက်၊ သူအလိုရှိနေတာက တစ်ခြားတစ်ခုဖြစ်ပြီး ဝေခွဲမရဖြစ်နေတဲ့ ထိုခနလေးမှာ ကျွန်တော် မြန်မြန်လှုပ်ရှားဖို့ လိုပေသည်။ ပြတ်သားစွာနဲ့ နောက်ဖြစ်လာမည့်အရာအတွက်ပါတွေးပြီး အခုချက်ချင်းကို ဆုံးဖြတ်ချက်တစ်ခု ချရတော့သည်။

"မဟုတ်ဘူး။ ဇီဝဗေဒပညာရှင်တစ်ယောက်အနေနဲ့ ... ရေသူထီးကို ပစ်သတ်မှာမျိုး ငါ ဘယ်တော့မှ အဖြစ်မခံဘူး။ ပစ်ခွင့်လည်း မပေးဘူး။"

ကျွန်တော်က ရိုင်းထံစကားတစ်ချို့ပြောနေရင်း ခြေလှမ်းကိုလည်း အနောက်သို့ဆုတ်နေကာ အက်ဂ်ရေ့စ်၏ ခန္ဓာကိုယ်အား ပွေ့ဖက်ထားလိုက်သည်။ တကယ်တော့ အက်ဂ်ရေ့စ်က ကျွန်တော့်ထက်မြင့်နေပြီး ကျွန်တော့်အရပ်က သူ့ခါးအထိသာ ရှိနေပေမယ့် ရိုင်း၏ပစ်ခတ်မှုကိုတော့ ကာကွယ်ပေးနိုင်ပါသေးသည်။ ထိုအချိန်၌ ရုတ်တရက်လှုပ်ခါသွားသည့် သင်္ဘော ကြောင့် ကျွန်တော့်ကိုယ်မှာယိမ်းထိုးသွားပြီး ထိုအရှိန်က အက်ဂ်ရေ့စ်ကို ပင်လယ်ထဲပြုတ်ကျသွားဖို့ တွန်းလိုက်သလို ဖြစ်ခဲ့သည်။ သို့ပေမယ့် အခွင့်သင့်စွာပဲ ရေသူထီးက ခါးမှနေ၍ ကျွန်တော့်ကို ပြန်ဖမ်းဆွဲထားပြီး သူ့ရဲ့ကိုယ်ကို ပေါင်းကူးတံတားကဲ့သို့ နောက်သို့ ကိုင်းလိုက်ကာ လက်တစ်ဖက်က ကျွန်တော့်အား ရင်ဘတ်နေရာမှနေ၍ တင်းကြပ်နေအောင် ပွေ့ဖက်ထားခဲ့သည်။ ထိုအခိုက်အတန့်၌ ကျွန်တော်ကိုယ်တိုင်က ပင်လယ်ထဲပြုတ်ကျသွားပြီလို့သာ တွေးထားခဲ့ပြီး လက်ကပင် နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားပြီးနေပြီဖြစ်သည်။

ကျယ်လောင်စူးရှသော မြည်ဟိန်းသံတို့ ပဲ့တင်ထပ်ဖြစ်ပေါ်လာပြီး ကျွန်တော့်ရဲ့ပေါင်နေရာမှ ဓားနဲ့ဆက်တိုက်ထိုးနေသလို နာကျင်မှုမျိုးဖြင့် ပြင်းထန်သောအပူတစ်ခု၏ ပေါက်ကွဲထွက်လာခြင်းကို ခံလိုက်ရသည်။ ထိုအထိအတွေ့ကြောင့် ခြေထောက်မှာ သိမ့်ကနဲတုန်တက်သွားပြီး ကြွက်တက်ခြင်းကဲ့သို့သော နာကျင်မှုမျိုးကိုပါ ခံစားခဲ့ရသည်။ ကျွန်တော့်ကိုကယ်ဖို့ ကိုယ်ကို အနောက်ဘက်သို့ ကော့ချလိုက်ခြင်း၌ အက်ဂ်ရေ့စ်ရဲ့ အမြီးက အောက်ဘက်သို့ ခွေကာအားပြုထားရပြီး ထိုသက်ရောက်မှုကြောင့်ပင် သူ့ရဲ့ခန္ဓာကိုယ်ကလည်း တုန်ရီသွားခဲ့သည်။ ထို့နောက်တွင် နောက်ထပ်သော သေနတ်သံတစ်ချက်ထွက်ပေါ်လာပြီး ကျည်ဆံက ကျွန်တော့်ပုခုံးထက်ကို ဖြတ်ကျော်ကာ ရေသူထီး၏လက်မောင်းသို့ ထိမှန်သွားခဲ့သည်။ ထို့နောက် မကြာလိုက်တဲ့အချိန်မှာ ထိုကျည်ဆံမှ မှင်ရည်ကဲ့သို့သော အပြာရောင်အရည်တွေက ရေသူထီး၏လက်မောင်းအသားထက် သွေးကြောပမာပျံ့နှံ့သွားပြီး သူ့ရဲ့လက်တို့မှာ ဆိုးရွားစာတုန်ရီလာခဲ့သည်။ သူ့ရဲ့လက်သည်းရှည်ရှည်တို့က ကျွန်တော့်ကို ဖမ်းဆုပ်ထားဖို့ ကြိုးစားချင်နေသည့်အတိုင်း အင်္ကျီ ကို ဖမ်းဆုပ်ကုပ်တွယ်ထားခဲ့သည်။ သို့ပေမယ့် နောက်ဆုံးမှာတော့ သူ့ရဲ့တုန်ရီနေတဲ့ လက်ကို ကျွန်တော့်ထံမှ ဖယ်ခွာသွားခဲ့သည်။

ကျွန်တော်သည်လည်း ကုန်းပတ်ပေါ် ပြိုလဲကျသွားပြီး ပေါင်ထက်မှနာကျင်မှုကြောင့် ဒူးထောက်လျက်သား ဖြစ်နေခဲ့သည်။ ထိုအချိန်၌ မိုးစက်တွေကြား အမြီးတို့ကွေးကာ ကျွန်တော့်ရှေ့၌ ခွေလဲကျနေသည့် အက်ဂ်ရေ့စ်ကို ဘာမှမလုပ်နိုင်ဘဲ ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ သူ့ရဲ့ဒဏ်ရာမှ စီးထွက်လာသည့် အပြာရောင်အရည်တို့က မိုးရေတို့နဲ့အတူရောနှောသွားပြီး ကျွန်တော့်သွေးနှင့်ပေါင်းစပ်သွားသည့်အချိန်မှာတော့ အဆိပ်ရောင်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။

'ဘယ်လောက်ပင် သန်မာလွန်းတဲ့ မျိုးစိတ်တစ်ခု ဖြစ်နေပါစေ .... ဘယ်လောက်ပင် စွမ်းအားကြီးနေပါစေ ... ဘယ်လောက်ပင် ရက်စက်ကြမ်းကြုတ်ပြီး ထိန်းသိမ်းရခက်ခဲကာ ကရုဏာကင်းမဲ့နေပါစေ .... သူတို့က လူတွေဖန်တီးပြုလုပ်လိုက်တဲ့ လက်နက်တွေကိုတော့ ယှဉ်ပြိုင်အံ့တုနိုင်ခြင်း မရှိပါပေ။ !

ကျွန်တော်အံကို တင်းတင်းကြိတ်လိုက်ရင်း ကျွန်တော့်ရဲ့ခန္ဓာကိုယ်နဲ့ အက်ဂ်ရေ့ ကို ကာကွယ်ပေးဖို့အတွက် ရုန်းကန်နေခဲ့သည်။ ကျွန်တော့်ရဲ့ ဘဝက ရိုင်းအတွက် တစ်မျိုးတစ်ဖုံတန်ဖိုးရှိနေအုံးမယ်လို့' ယုံကြည်နေသေးတာကြောင့်ပင်။ ကျွန်တော့်မှာ ရွေးချယ်စရာမရှိပေမယ့် ဒီအတွေးအပေါ်တော့ မျှော်လင့်ချက် ရှိချင်သည်။

အက်ဂ်ရေ့စ်က အပြာရောင်သွေးအိုင်ထဲ လဲလျောင်းနေပြီး သူ့ရဲ့ကိုယ်ထည်ကို ကွေးညွတ်ထားကာ တစ်ဆတ်ဆတ်လှုပ်ခါနေသည့် သူ့ရဲ့အမြီးက ကျွန်တော့်ခြေထောက်အား ထိခတ်နေသည်။ နက်ရှိုင်းကာ မဲနက်နေသော မျက်ဝန်းတို့က အားနည်းမှေးမှိန်နေပြီး တစ်ဝက်တိတိမှေးမှိတ်နေသည့်ကြားမှ ကျွန်တော့်ကိုသာ နက်နက်နဲနဲ စိုက်ကြည့်နေကာ ရေမှော်လေးတွေအတိုင်း လူးလွန့်လှုပ်ရှားနေတတ်တဲ့ သူ့ရဲ့နောက်ကျောထက်က ရှည်လျားတဲ့ဆံနွယ်တို့သည်ပင် လှုပ်ရှားမှုတို့ ကင်းမဲ့နေခဲ့သည်။

ထိုအကြည့်က ထူးဆန်းသလို ကွဲပြားနေသည်။ အရင်ကလို ကြောက်ရွံ့ခြင်းတို့ ကင်းမဲ့သည်လည်းမဟုတ်သလို နတ်ဆိုးထံမှ ထွက်ပေါ်နေသည့် အကြည့်မျိုးလည်းမဟုတ်ပေ။ ထိုအကြည့်က အခုအခိုက်အတန့်အချိန်လေးမှာ သူမြင်နေရတဲ့ ကျွန်တော့်ရဲ့ ပုံရိပ်တိုင်းကို သူ့ရဲ့မှတ်ဉာဏ်ထဲ စွဲထင်ကျန်စေဖို့ ထုဆစ်နေသည့်အတိုင်း ..... ကြိုးစားမှတ်ယူနေခဲ့ပြီး ထိုနောက်တွင်တော့ သူ့ရဲ့မျက်ဝန်းသို့ ဖြည်းဖြည်းချင်း မှိတ်ကျသွားခဲ့သည်။

ကျွန်တော့်သည်လည်း သွေးကြောထဲမှနေ၍ ပြင်းပြစွာတိုက်ခိုက်နေသည့် အကြောသေဆုံးသလို နာကျင်မှုမျိုးကို ခံစားလာရပြီး တဖြည်းဖြည်းပြိုလဲကျကာ အမြင်အာရုံတို့သည်လည်း အမှောင်ထုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ဒါက မေ့ဆေးကျည်ပါပဲ။ တောင်းပန်ပါတယ် ... ငါ ဒီလိုမလုပ်ရင် ရေသူထီးက သူ့နဲ့အတူ မင်းကိုပါ ပင်လယ်ရေအောက်ထဲ ခေါ်သွားလိမ့်မယ်"

ဒုတိယအဆင့်အနေဖြင့် ကျွန်တော့်ရဲ့အသိစိတ်တို့ မလွင့်မြောသွားခင် ရိုင်းရဲ့အသံကိုကြားလိုက်ရပြီး ကျွန်တော်တစ်ကိုယ်လုံး လှုပ်ရှားမှုကင်းမဲ့သွားချိန်မှာတော့ ကုန်းပတ်ပေါ်မှ လက်နှစ်ဖက်ဖြင့် ပွေ့ချီသယ်ဆောင်ခြင်းကို ခံလိုက်ရသည်။

______________________

Desharow's Merman
Words-6036
Nov/22/2021
Wine.

______________________

Note.

အသေအကြေကို ရေးလိုက်ရတယ် ပေါ့
ဘယ်ဟုတ်မလဲ နှစ်ပိုင်းစာ စာလုံးရေကြီးနဲ့
ကိုအက်ဂ်ရေ့စ် တို့က ..... ကျွန်မကို ပုခုံးနှစ်ဖက်လုံးအောင့်သွားစေတာ။

Y စာတွေ ပြန်မစစ်ဖြစ်ဘူး ...ဖြည့်စွက်ကာ ဖတ်ပေးလိုက်တော့နော်။
အိမ်မက်လှလှ မက်ပါစေ။

For my lovely zawgyi readers.

အခန္း(၇) မိုးသက္မုန္တိုင္းၾကားမွ အထိတ္တလန႔္ ျဖစ္ဖြယ္ရာမ်ား

—————————————————————————–

မယုံၾကည္နိုင္ျခင္းမ်ားစြာျဖင့္ ကြၽန္ေတာ့္မ်က္ေတာင္ဖ်ားတို႔ ပုတ္ခတ္ကာျပန္ၾကည့္လိုက္သည္။ သို႔ေပမယ့္ ထိုလက္ဖဝါးရာက သိပ္မၾကာခင္မွာပဲေပ်ာက္ကြယ္သြားၿပီး ကြၽန္ေတာ့္အတြက္ ေနာက္ထပ္ေသာထင္ေယာင္ထင္မွားျဖစ္ျခင္းတစ္ခုပမာ စိတ္ထဲထင္သြားေစခဲ့သည္။ ပိုၿပီးနီးကပ္ေသာ စစ္ေဆးၾကည့္မႈျဖင့္ ကြၽန္ေတာ္ ျပတင္းေပါက္နားဆီသို႔ သတိထားရင္း သြားလိုက္ၿပီး ေအးစက္ေနေသာျပတင္ေပါက္မွန္ကို လက္ျဖင့္ ပြတ္သပ္ၾကည့္လိုက္သည္။ သိပ္ကိုေသခ်ာသြားသည္က ထိုမွန္ျပတင္းေပါက္ေပၚက မိုးေရစက္ေတြကလြဲလို႔ တကယ္ကိုဘာမွရွိမေနခဲ့ေပ။

'ေသခ်ာသည္ ... ကြၽန္ေတာ္တကယ္ကို ပင္ပန္းေနၿပီ။'

နဖူးျပင္ကိုလက္ျဖင့္ ပြတ္သပ္လိုက္ရင္း ျပတင္းေပါက္အျပင္ဘက္ဆီမွ ပိုပိုၿပီးဆိုး႐ြားျပင္းထန္လာသည့္ မိုးနဲ႕ ေလတို႔၏အဟုန္ကိုသာ ၾကည့္ေနမိခဲ့သည္။ ဒီလိုရာသီဥတုအေျခအေနမ်ိဳးနဲ႕ အျပင္ဘက္ထြက္ၿပီး သေဘၤာသားေတြကို ကူညီဖို႔နည္းလမ္းလည္းမရွိတဲ့အျပင္ လွိုင္းလုံးေၾကာင့္ ယိမ္းထိုးေနသည့္ သေဘၤာမွ ပင္လယ္ထဲက်သြားမည္သာ ပိုေသခ်ာေနသည့္အတြက္ အခန္းထဲေနေနျခင္းကသာ အေကာင္းဆုံးေျဖရွင္းမႈတစ္ခု ျဖစ္ေတာ့သည္။ အခုခ်ိန္ထိ ကြၽန္ေတာ့္စိတ္ေတြက ရီေဝေမာပန္းေနဆဲျဖစ္ကာ အိမ္မက္၏သက္ေရာက္မႈမွမလြတ္ေျမာက္နိုင္ေသးသည့္အတိုင္း ျဖစ္ပ်က္သမွ်အေၾကာင္းအရာတိုင္းကို စဥ္းစားၾကည့္ဖို႔ အင္အားရွိမေနေပ .... ။

ကြၽန္ေတာ္ အိပ္ဖို႔အတြက္ အိပ္ရာေပၚလွဲခ်လိဳက္သည္။ ထိုကဲ့သို႔ မူးေနာက္ေနာက္အေျခအေနျဖင့္ ခနမွ် အိပ္ေပ်ာ္သြားၿပီးေနာက္ ႐ုတ္တရက္ ျဖတ္ေျပးတိုက္ခတ္သြားေသာ စိုစြတ္ေအးစက္သည့္ေလ၏ ထိေတြ႕မႈကို ခံလိုက္ရကာမွ ကြၽန္ေတာ္ျပန္နိုးလာခဲ့သည္။ ကြၽန္ေတာ့္မ်က္လုံးေတြကိုဖြင့္ၾကည့္လိုက္တဲ့အခါ ေကာင္းကင္ႀကီးမွိုင္းညို႔ေနသကဲ့သို႔ ပုံမွန္ႏွင့္မတူဘဲ ကြၽန္ေတာ့္အခန္းတစ္ခုလုံး ေမွာင္မဲေနတာကို ေတြ႕လိုက္ရသည္။ ထိုကဲ့သို႔ေမွာင္မိုက္ေနျခင္းက ေသြးရည္အိုင္ထဲ ေပ်ာ္ဝင္စိမ့္ေနသလို နီရင့္ရင့္အေရာင္တို႔ႏွင့္ လြန္စြာမွေအးစိမ့္လွေသာညတို႔ ဆုံဆည္းျဖစ္တည္သည့္ ေမာ္စကိုၿမိဳ႕၏ ညေနခင္းမ်ားအတိုင္း ဆင္တူေနသည္။ စားပြဲအေပၚဘက္ရွိ ျပတင္းေပါက္က ပင္လယ္မွလာေသာေလေအးတို႔၏တိုးဝင္တိုက္ခိုက္ေနမႈေၾကာင့္ ပြင့္ဟေနၿပီး အခန္းတြင္းသို႔ ေလေအးမ်ားဝင္ေရာက္လာသည္။

ထိုေလေအးေၾကာင့္ ကြၽန္ေတာ္ပင္ႏွာေခ်လာၿပီး ခ်က္ခ်င္းပဲထကာ ျပတင္းေပါက္ကိုပိတ္ဖို႔လုပ္ရေတာ့သည္။ ထိုစဥ္ ကြၽန္ေတာ့္ေခါင္းထက္ နရံေပၚမွာခ်ိတ္ထားတဲ့ နာရီကို အမွတ္မထင္ဘဲ ေမာ့ၾကည့္မိလိုက္သည္။

'တစ္နာရီခြဲပဲ ၾကာျမင့္ခဲ့တာ ... အဲ့ဒီအခ်ိန္ေလးအတြင္း ရာသီဥတုက ဘယ္လိုလုပ္ ဒီေလာက္ထိ ဆိုး႐ြားသြားရတာလဲ။'

ထိုကဲ့သို႔ ထူးဆန္းသည့္အေတြးတို႔ေတြးမိေနစဥ္ စားပြဲေပၚက မီးအိမ္ကိုယူၿပီး နာရီဆီ မီးအလင္းပိုျပလိုက္သည္။ ကြၽန္ေတာ္က နာရီရွိရာသို႔ အမႈမဲ့အမွတ္မဲ့ စိုက္ၾကည့္ေနခဲ့ၿပီး ထိုမွမ်က္စိျပန္မလႊဲနိုင္ဘဲ ေကာ္ႏွင့္ပင္ အကပ္ခံလိုက္ရသလို ထိုနာရီကိုၾကည့္ရင္းႏွင့္ အၾကည့္တို႔ ရပ္တန႔္သြားခဲ့သည္။

နရံေပၚရွိ ဖန္သားနာရီထံမွ ကြၽန္ေတာ့္အေနာက္ဘက္ရွိ ျမင္ကြင္းအရိပ္ကို ျပန္ျမင္ေနရသည္။ ထိုျမင္ကြင္းထဲ၌ တံခါးအရိပ္ထဲ ပုန္းကြယ္ၿပီးရွိေနတဲ့ မႈန္ဖ်ဖ်အလင္းတန္းႏွစ္ခုႏွင့္အတူ ေရာယွက္ေနတဲ့ အမဲေရာင္အရိပ္တစ္ခုလည္း ရွိေနသည္။

ကြၽန္ေတာ့္ရဲ႕ႏွလုံးခုန္ႏႈန္းက အျမင့္ဆုံးသို႔ေရာက္ရွိလို႔ ေခါင္းေမႊးမ်ားပင္ ေထာင္မတ္ကုန္သည္။

'အဲ့ဒီေရသူထီးက .... ကြၽန္ေတာ့္အခန္းထဲမွာ တကယ္ႀကီး ရွိေနခဲ့တယ္။'

ကြၽန္ေတာ့္ရဲ႕အသက္ရႉျခင္းပင္ေပ်ာက္ရွလို႔ ခႏၶာကိုယ္သည္လည္း ေကာ္ႏွင့္အကပ္ခံလိုက္ရသလို ေနရာတြင္ပင္ မလႈပ္မယွက္နိုင္ဘဲေတာင့္ေတာင့္ႀကီးျဖစ္သြားသည္။ ထိုအေျခအေနႏွင့္ ကြၽန္ေတာ့္ရဲ႕ ေနာက္ေက်ာဘက္မွတျဖည္းျဖည္းနီးကပ္လာသည့္ ေရသူထီး၏လည္ေခ်ာင္းမွထြက္လာေသာ အသံကိုသာ ကြၽန္ေတာ္ၾကားေနရသည္။ ကြၽန္ေတာ့္ရဲ႕ စားပြဲတင္မီးအိမ္က ဖလပ္ဖလပ္ႏွင့္ မွိတ္တုတ္မွိတ္တုတ္ျဖစ္ခဲ့ၿပီး ထို႔ေနာက္တြင္မွ ရႉးကနဲျမည္သံတစ္ခုႏွင့္ ပိတ္သြားခဲ့ကာ အခန္းတစ္ခုလုံးသည္လည္း အေမွာင္ထုထဲသို႔ တစ္ခါျပန္ၿပီး နစ္ျမႇုပ္သြားခဲ့သည္။ မၾကာလိုက္ စိုထိုင္းထိုင္းႏွင့္ ေအာက္သိုးသိုးအနံ႕တစ္ခုကိုပါ ကြၽန္ေတာ့္ေနာက္ေက်ာဆီမွ တိတိက်က် အနံ႕ခံမိခဲ့သည္။

"ဒက္ရွ္ ..... ရွဲ ... ရိုး ....."

ထိုအသံထြက္တစ္ခုခ်င္းစီက ကြၽန္ေတာ့္ရဲ႕အူထဲအသည္းထဲမွလွိုက္ကာ ေခၚလိုက္သကဲ့သို႔၊ စိုစြတ္ေနေသာလက္ဖဝါးက ကြၽန္ေတာ့္ရဲ႕ပုခုံးထက္သို႔ေရာက္လာတဲ့အခါ အေသြးထဲအသားထဲမွပင္ ခိုက္ခိုက္တုန္တက္သြားသည္။ ထိုအခ်ိန္၌ ကြၽန္ေတာ့္ရဲ႕စိတ္ထက္ပင္ ပိုျမန္ေနေသာခႏၶာကိုယ္က ကြၽန္ေတာ့္မွာတစ္ခါမွမရွိခဲ့ဖူးေသာ ျမန္ႏႈန္းျဖင့္ ျပတင္းေပါက္ကိုဖြင့္ၿပီး အျပင္ဘက္က ကုန္းပတ္ေပၚသို႔ ခုန္ေက်ာ္လိုက္သည္။

"ေဟ့လူေတြ ! ကယ္ပါဦး ! တစ္ေယာက္ေလာက္ ဒီလာၿပီး ကယ္ပါဦး။ !"

အေရွ႕သို႔ဘာမွမျမင္ရေအာင္ ထူထဲေနေသာျမဴႏွင္းတို႔ၾကား ကြၽန္ေတာ္ယိုင္တိယိုင္တိုင္နဲ႕ ေလွ်ာက္ေနမိခဲ့သည္။ သို႔ေပမယ့္ သ​ေဘၤာသားတစ္ေယာက္မွမေတြ႕သလို ရိုင္းကိုပင္ မေတြ႕ရေပ။ ေမွးမွိန္ေနေသာ သေဘၤာသားခန္းမွမီးေရာင္က ထိုအခ်ိန္မွ ႐ုတ္တရက္ပ်က္သြားခဲ့ၿပီး သုံးထပ္သေဘၤာႀကီးေပၚ၌ ကြၽန္ေတာ္တစ္ေယာက္တည္း မသိလွ်င္ သရဲသေဘၤာေပၚ ေရာက္သြားသည့္အတိုင္း။ 'သိပ္ကို ယုတၱိတန္လိုက္ေပသည္။'

'ဒါေပါ့ ... နတ္ဆိုးနဲ႕တူတဲ့ ေရသူထီးႀကီးကလည္း ရွိေနသည္ေလ။'

"ဒက္ရွ္ .... ရွဲ ... ရိုး ...."

ေရသူထီး၏ တိမ္ေသာ၊ ေမွာ္ဆန္ေသာ အသံနက္နက္က မိုးသံႏွင့္ေလအဟုန္တို႔ကိုထိုးေဖာက္ကာထြက္ေပၚလာၿပီး ခႏၶာကိုယ္ေနာက္ကပ္လ်က္လိုက္ေနသည့္ အရိပ္တစ္ခုလို နားအတြင္းသို႔ အင္အားအျပည့္ျဖင့္ တိုးဝင္လာသည္။ 'အခုခ်ိန္မွာ သူေခၚေနတဲ့ စကားစုက ကြၽန္ေတာ့္နာမည္ဆိုတာ သိပ္ကိုေသခ်ာသြားခဲ့သည္။'

'ဘုရားေရ ... သူက ဘယ္လိုသိတာလဲ။'

ထိုအခ်ိန္ထိ ေရသူထီးထံမွ ကြၽန္ေတာ့္ကိုတိုက္ခိုက္မည့္ အရိပ္အေယာင္တို႔မေဖာ္ျပခဲ့ေသာ္လည္း ဒီအေျခအေနႀကီးကို ေၾကာက္လန႔္ေန႕သည့္ စိတ္က ဘယ္လိုမွထိန္းခ်ဳပ္လို႔ မရေသးေပ။ ကုန္းေျမေပၚမွာေတြ႕ခဲ့တဲ့ ဖုန္းထဲကေရသူထီးနဲ႕ ေမ့ေဆးေပးခံထိထားတဲ့ ေရသူထီးတို႔က လုံးဝကိုကြာျခားသည္။! အခုခ်ိန္မွာ ထိုေရသူထီးရဲ႕တိုက္ခိုက္မႈကိုကာကြယ္ဖို႔ ကြၽန္ေတာ့္လက္ထဲေမ့ေဆးေသနတ္ရွိဖို႔လိုေနသည္။ ထို႔ထက္ပိုၿပီးအေရးႀကီးသည့္ 'ထိုေရသူထီး ပင္လယ္ထဲျပန္ဆင္းသြားမည္ကို ' တားဆီးနိုင္ဖို႔ျဖစ္သည္။

ကုန္းပတ္ေပၚမွာေလွ်ာက္ေနတဲ့ ကြၽန္ေတာ့္ရဲ႕ေျခလွမ္းေတြကို ပိုၿပီးသြက္လိုက္ၿပီး ကပၸတိန္ခန္းဆီသို႔ ဦးတည္လိုက္သည္။ ထို႔ေနာက္ ဒုတိယအထပ္ဆီသို႔ဆက္သြယ္ေပးထားသည့္ ေလွကားထစ္ေတြေပၚတြယ္တက္လိုက္ၿပီး ထိန္းခ်ဳပ္မရနိုင္ျဖစ္ေနေသာ ကတုန္ကယင္ျဖစ္မႈေၾကာင့္ ထိုေလွကားေပၚမွာ ေခ်ာ္ၿပီး ျပဳတ္က်သြားခဲ့သည္။ သို႔ေပမယ့္ ထိုကဲ့သို႔ျပဳတ္က်ၿပီး ဆက္ျဖစ္လာသည့္ တေဒၤဂ၌ ေမွ်ာ္လင့္ထားခဲ့သလို နာက်င္မႈမ်ိဳးကိုမခံစားလိုက္ရေပ။ ကြၽန္ေတာ္ခံစားမိသမွ်က အေနာက္ဘက္မွ တိုးဝင္တိုက္လာသည့္ ေလအဟုန္ႏွင့္ ကြၽန္ေတာ့္ခါးအားေပြ႕ပတ္ထားကာ ေထာက္ခံေပးထားသည့္ တစ္စုံတစ္ခုေၾကာင့္ ေလေပၚ၌ ေပါေလာေမ်ာေနသည့္ ကြၽန္ေတာ့္ကိုယ္ထည္ကို ျဖစ္သည္။ သို႔ေပမယ့္ ထိုအေျခအေနက မၾကာျမင့္ခဲ့ဘဲ ေနာက္ထပ္ေသာ စကၠန႔္ပိုင္းေလးအတြင္းမွာတင္ ကြၽန္ေတာ့္ခႏၶာကိုယ္တစ္ခုလုံးက ရွည္လ်ားကာ ထူထဲေသာ .. ထို႔ေနာက္ ခြၽဲက်ိကာ ထိတ္လန႔္ဖြယ္ေကာင္းေသာ အရာေပၚသို႔ ျပဳတ္က်သြားခဲ့သည္။

ကြၽန္ေတာ္ခ်က္ခ်င္းပဲ ျပန္ထလိုက္ၿပီး ထိုအရာထံမွလြတ္ေျမာက္ဖို႔ႀကိဳးစားလိုက္သည္။ သို႔ေပမယ့္ ကြၽန္ေတာ့္ကိုယ္ကို တစ္ဖက္သို႔လွည့္လိုက္သည္ႏွင့္ အမဲရိပ္တစ္ခုက ကြၽန္ေတာ့္ေရွ႕ကေန ကာဆီးပိတ္ထားလိုက္ၿပီး ခါးထက္ရွိ စိုစြတ္ေနေသာလက္၏ ေပြ႕ဖက္ထားမႈမွာလည္း ပိုၿပီး တင္းၾကပ္သြားခဲ့သည္။ ကြၽန္ေတာ္က ထိုအေျခအေနမွ အတင္း႐ုန္းကာျပန္ထထိုင္လိုက္ၿပီး ေလွကားေပၚျပန္တက္ဖို႔ ႀကိဳးစားလိုက္သည္။ သို႔ေပမယ့္ ကြၽန္ေတာ့္ေျခေထာက္ႏွစ္ဖက္လုံးက သူ႕ရဲ႕အၿမီးနဲ႕ ခိုင္ၿမဲစြာ ရစ္ပတ္ခ်ဳပ္ေႏွာင္ထားျခင္းကို ခံထားရေပသည္။

ေရသူထီးရဲ႕ လူသားကိုယ္ထည္တစ္ဝက္က တစ္လက္မခ်င္းစီ တိုးေ႐ႊ႕လာၿပီး သိပ္မၾကာခင္မွာ သူ႕ရဲ႕အရပ္က ကြၽန္ေတာ့္ထက္ပင္ ပိုၿပီးျမင့္သြားခဲ့သည္။ သည္းထန္ေနတဲ့ မိုးမုန္တိုင္းၾကားမွာ စိုစြတ္ေနတဲ့ သူ႕ရဲ႕ဆံပင္ရွည္ရွည္တို႔က ေရေမွာ္ပင္ေတြအလားျဖစ္ေနၿပီး ကြၽန္ေတာ့္ရဲ႕ လက္ေမာင္း၊ လည္ပင္းနဲ႕ ေခါင္းထက္သို႔ ေ႐ႊ႕လ်ားသြားေနၿပီး ကြၽန္ေတာ့္ရဲ႕မ်က္လုံးထက္သို႔ပင္ ေရာက္လာကာ အမဲရိပ္ေလးမွလြဲ၍ ဘာကိုမွသဲသဲကြဲကြဲမျမင္ရေတာ့သည္အထိဖုံးအုပ္ထားခဲ့သည္။

သိပ္သည္းလြန္းစြာ႐ြာက်ေနတဲ့ မိုးစက္မိုးေပါက္တို႔က ကြၽန္ေတာ့္အတြက္ အသက္ရႉဖို႔ပင္ ခက္ခဲေစသည္။ ကြၽန္ေတာ့္ရဲ႕ျမင္ကြင္းရွင္းလင္းဖို႔အတြက္ မ်က္ေတာင္ကိုႏွစ္ခ်က္မွ်ခတ္လိုက္သည္။ သို႔သည့္တိုင္ အရင္အတိုင္းမသဲကြဲေနမႈက ရွိေနေသးသည္။

ထိုကဲ့သို႔ မသဲကြဲဘဲ ေဝဝါးေနသည့္အျမင္အာ႐ုံႏွင့္ ဆံပင္ရွည္ရွည္တို႔ေအာက္မွ ထြက္ေပၚလာသည့္ ေရသူထီး၏ျဖဴေဖ်ာ့ေနေသာ မ်က္ႏွာပုံရိပ္ကို ျမင္လိုက္ရၿပီး တျဖည္းျဖည္းနီးကပ္လာကာ ကြၽန္ေတာ့္ရဲ႕ ညွပ္ရိုးေဘးနားသို႔ ပုံအပ္က်လာသည္။ သူ႕ရဲ႕ လက္ဖဝါးႏွစ္စုံလုံးႏွင့္ ကြၽန္ေတာ့္ရဲ႕လက္ေမာင္းေတြကို ဆုပ္ကိုင္ထားစဥ္ သူ႕ရဲ႕ဦးေခါင္းကလည္း ကြၽန္ေတာ့္ရဲ႕ခႏၶာကိုယ္အေပၚပိုင္းေနရာအႏွံ႕သို႔ ဟိုဒီေလွ်ာက္သြားေနၿပီး ထိုသည္မွာ ကြၽန္ေတာ့္ထံမွရသည့္ရနံ႕ကို ဂ႐ုတစိုက္ရႉရွိုက္ေနသည့္အတိုင္းပင္။ ထိုႏွင့္႐ုတ္တရက္ သူ႕ရဲ႕ႏႈတ္ခမ္းက အဝတ္တစ္လႊာခံေနသည့္ ကြၽန္ေတာ့္ရဲ႕ ရင္အုပ္ေပၚထိကပ္လာၿပီး စိုစြတ္ေနၿပီးသားျဖစ္သည့္ ကြၽန္ေတာ့္ရဲ႕အကၤ်ီတို႔တင္းၾကပ္သြားသည္ႏွင့္တစ္ၿပိဳင္နက္ ဆြဲၿဖဲခံလိုက္ရသည့္အသံႏွင့္အတူ ထိုအကၤ်ီမွာ ၿပဲသြားခဲ့သည္။

ေရစိုေနတဲ့ ဆံပင္တို႔ကို ခါထုတ္ပစ္လိုက္ၿပီး မ်က္ေမွာင္ၾကဳပ္ကာ မ်က္ခြံေပၚရွိ ေရစက္တို႔လြင့္စင္သြားေအာင္ ကြၽန္ေတာ္လႈပ္ယမ္းလိုက္သည္။ ကြၽန္ေတာ့္ႏွလုံးသားတစ္ခုလုံးက ရင္ဘတ္အတြင္းမွ ျပဳတ္ထြက္က်ေတာ့မတတ္ ျပင္းထန္စြာ ခုန္ေပါက္ေနခဲ့ၿပီး ေရသူထီးရဲ႕အမူအရာတစ္ခုခ်င္းစီတိုင္းကိုသာ ကြၽန္ေတာ္ စိုက္ၾကည့္ေနခဲ့သည္။

'ဘုရားေရ .... ဒီေရသူထီး ... သူဘာလုပ္ခ်င္ေနတာလဲ။'

ဘာမွန္းေတာင္မသိလိုက္နိုင္တဲ့ အခုေလးတင္မွာ ေရသူထီးက ကြၽန္ေတာ့္ရဲ႕အေပၚပိုင္းအဝတ္ေတြကို သူ႕ရဲ႕ခြၽန္ျမတဲ့သြားနဲ႕ ကိုက္ၿဖဲလိုက္ၿပီး အခုသူက တစ္စုံတစ္ခုကို ေသခ်ာစူးစမ္းမႈျပဳလုပ္ေနသလို အဝတ္ကင္းမဲ့သြားတဲ့ ကြၽန္ေတာ့္ရဲ႕ခႏၶာကိုယ္ကို စိုက္ၾကည့္ေနျပန္သည္။

ကြၽန္ေတာ္က ကြၽန္ေတာ့္ကိုယ္ကို ေလွကားနဲ႕ေထာက္ခံမွီၿပီး ရွိေနခဲ့သည္။ အသက္ရႉရလည္းခက္ခဲေနသလို ရင္ဘတ္တစ္ခုလုံးမွာလည္း ျပင္းထန္စြာနိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနခဲ့သည့္အေလ်ာက္ စိတ္ရႈပ္ေထြးမႈမ်ားစြာနဲ႕ ကြၽန္ေတာ္သူ႕ကိုသာ စူးစိုက္ၾကည့္ေနမိခဲ့သည္။ ' ေရသူထီးရဲ႕ အာ႐ုံကိုေတာင္ ဖမ္းစားနိုင္သည္အထိ ကြၽန္ေတာ္က ဘာေတြမ်ားမတူကြဲျပားေနသလဲလို႔' ေပါ့။ ေရသူထီးကေတာ့ ကြၽန္ေတာ့္ခႏၶာကိုယ္အေပၚပိုင္းကို ၾကည့္ရႈၿပီး ' သူ႕ရဲ႕သားေကာင္က အခုထိ အေကာင္းပကတိအတိုင္း' ရွိေနပါလား ဆိုသည့္အသိတစ္ခုေၾကာင့္ ေက်နပ္သြားသည့္အတိုင္း ရိုးရွင္းစြာပဲ မ်က္လုံးတို႔ကို ေမွးက်ဥ္းလိုက္ၿပီး ထို႔ေနာက္တြင္ေတာ့ သူ႕ရဲ႕ရွည္လ်ားခြၽန္ျမတဲ့ လက္ေခ်ာင္းတို႔ကို ေဘာင္းဘီရွိရာသို႔ ေ႐ႊ႕လိုက္သည္။ သူက ခါးထက္က ကြၽန္ေတာ့္ရဲ႕သားေရခါးပတ္ကို ဆုပ္ကိုင္ထားေပသည္။

'အခု သူက ကြၽန္ေတာ့္ကိုယ္ ေအာက္ပိုင္းကိုလည္း စိတ္ဝင္စားေနၿပီဆိုသည့္ သေဘာ'

"ေနဦး ! "

က်ယ္ေလာင္ေသာအသံတစ္ခုနဲ႕ ကြၽန္ေတာ္ေအာ္ေျပာလိုက္ၿပီး လစ္လပ္ေနတဲ့လက္တစ္ဖက္နဲ႕ ေရသူထီးရဲ႕လက္ကို ဖမ္းဆြဲလိုက္သည္။ သူကလည္း ျပန္ၿပီးငုံ႕ၾကည့္လာၿပီး သူ႕မ်က္ဝန္းေတြက ကြၽန္ေတာ့္လက္ထံမွ တစ္ခုခုကို စိတ္ဝင္တစားရွိသြားသည့္အတိုင္း စူးစိုက္ၾကည့္ေနခဲ့သည္။ ထို႔ေနာက္တြင္မွ သူ စိတ္ဝင္စားသြားသည့္အရာက ဘာလဲ' ဆိုတာ ကြၽန္ေတာ္သိသြားခဲ့သည္။

— ကြၽန္ေတာ္ေရခ်ိဳးခန္းနံရံကိုထိုးလိုက္တုန္းက က်န္ေနခဲ့တဲ့ လက္ဖမိုးေပၚက ဒဏ္ရာ၊ ထိုဒဏ္ရာက ျပန္ၿပီးမေကာင္းေသးသလို အခုျဖစ္ပ်က္ေနတဲ့ အေျခအေနေၾကာင့္ လက္လႈပ္ရွားမႈမ်ားခဲ့ၿပီး ဒဏ္ရာက ပိုၿပီးၿပဲသြားခဲ့ကာ ေသြးေတြလည္း အလွ်ံပယ္ေအာင္စီးက်ေနခဲ့သည္။

ငါးမန္တစ္ေကာင္နဲ႕တူတဲ့ ဒီေရသူထီးက ေသြးနံ႕ရၿပီး ကြၽန္ေတာ့္ရဲ႕ဒဏ္ရာကိုပင္ ရွာေတြ႕သြားခဲ့သည္။

ထိုအခ်ိန္စကၠန႔္ပိုင္းေလးအတြင္းမွာပဲ ကြၽန္ေတာ္ကိုယ့္ကိုယ္ကို ပုံေဖာ္ေတြးလိုက္သည္က ပင္လယ္ထဲက ႀကီးမားျဖဴေဖြးတဲ့ သြားေတြနဲ႕ေတြ႕ဆုံလိုက္ရလို႔ ေနာက္ခနေလးေနတင္ ေသသြားေတာ့မည့္အျဖစ္နဲ႕ ၊ ပိုၿပီးအံ့ဩထိတ္လန႔္စရာေကာင္းသည္က ထိုမွ်ေၾကာက္လန႔္ေနခဲ့တဲ့ ကြၽန္ေတာ့္ရဲ႕စိတ္က ေရသူထီးရဲ႕အျပဳအမူတစ္ခုေၾကာင့္ လြင့္ထြက္သြားခဲ့ျခင္းျဖစ္သည္။

'သူက သူ႕ရဲ႕အစာတစ္ခုသဖြယ္ကြၽန္ေတာ့္ကို စိုက္ၾကည့္ေနခဲ့ၿပီး ဘာလို႔မ်ား တိုက္ခိုက္မႈေတြ မျပဳလုပ္တာလဲ။ ဒါမွမဟုတ္ ေရသူေတြက သူ႕တို႔ရဲ႕သားေကာင္ကိုမစားခင္ အရင္ဆုံးစေနာက္တတ္တာလား။ '

ဒ႑ာရီ ဆန္ဆန္ ႏွင့္ အမည္ပင္မသိနိုင္တဲ့ ေရသူထီးနဲ႕ ထိပ္တိုက္ဆုံေတြ႕ေနရခ်ိန္မွာေတာ့ ကြၽန္ေတာ့္ဦးေႏွာက္ထဲ သိုေလွာင္သိမ္းထားသမွ် ေရသူနဲ႕ပတ္သတ္တဲ့ဗဟုသုတေတြက အသုံးမဝင္ေတာ့သလို ထိုအသိအားလုံးက အသုံးမဝင္ျခင္းသက္သက္သာျဖစ္ေနခဲ့သည္။

ထိုအခ်ိန္မွာ ကြၽန္ေတာ့္ရဲ႕ႏွလုံးသားေအာက္ေျခနက္နက္မွေန၍ ေအာ္ေနခဲ့သည့္ အသံတစ္ခုသာရွိေနခဲ့သည္။

'မလုပ္ပါနဲ႕ ... ကြၽန္ေတာ္ ဒီလို နာနာက်င္က်င္နဲ႕ မေသခ်င္ဘူး။ ! '

ဘာမွမတတ္နိုင္တဲ့ပုံစံနဲ႕ ကြၽန္ေတာ့္လက္ကိုဆုပ္ကိုင္ထားတဲ့ ေရသူထီးကိုသာ ကြၽန္ေတာ္ၾကည့္ေနခဲ့သည္။ ကြၽန္ေတာ့္လက္က သူ႕ပါးစပ္နားအေရာက္ အရဲစြန႔္ၿပီး လက္ေခ်ာင္းေတြကို ဆုပ္ထားလိုက္သည္။ သိပ္မၾကာခင္မွာ လက္ေခ်ာင္းတစ္ခ်ိဳ႕ အစားခံရေတာ့မည္ကို စဥ္းစားၿပီး ေၾကာက္လြန္းတာေၾကာင့္ ကြၽန္ေတာ့္မွာ အသံတစ္သံပင္ မထြက္နိုင္ခဲ့။

သို႔ေပမယ့္ ေရသူထီးက ကြၽန္ေတာ့္ရဲ႕လက္ေခ်ာင္းထိပ္ေတြကို သူ႕ရဲ႕ခြၽန္ျမတဲ့သြားအေပၚအသာအယာတင္ထားၿပီး သူ႕ရဲ႕လွ်ာနဲ႕ ကြၽန္ေတာ့္ရဲ႕ဒဏ္ရာကို လ်က္ေပးေနခဲ့သည္။ သူ႕ရဲ႕ခြၽန္ျမတဲ့လက္ေခ်ာင္းထိပ္ေတြနဲ႕ ကြၽန္ေတာ့္ရဲ႕လက္ဖဝါးက အားတစ္ခုႏွင့္ ဖိကပ္ထားသလိုျဖစ္ေနေသာ္လည္း ကြၽန္ေတာ့္ဒဏ္ရာအေပၚ တို႔ထိလ်က္ေပးေနတဲ့ သူ႕ရဲ႕လွ်ာဖ်ားကျဖင့္ အလြန္မွႏူးညံ့ေနခဲ့ကာ အားပါၿပီး ကြၽန္ေတာ္နာက်င္သြားမွာ ဆိုး၍ေတာင္ ခြၽန္ျမသည့္သြားတို႔ျဖင့္ ဂ႐ုတစိုက္ ထိန္းေပးေနသည္ကိုပင္ ခံစားသိရွိနိုင္ခဲ့သည္။

အလြန္တရာမွအံ့ဩျခင္းမ်ားျဖင့္ ကြၽန္ေတာ္ သူ႕မ်က္ႏွာကိုေမာ့ၾကည့္ေနလိုက္သည္။ ႐ုတ္တရက္ေတြးလိုက္မိသည္က ဘာမဟုတ္တဲ့အပိုကိစၥေတြ လုပ္လိုက္မိတာပဲ' ဟူ၍ ျဖစ္ကာ တုန္ရီေနၿမဲႏွလုံးသားမွာလည္း လည္ေခ်ာင္းဝနားအထိခုန္ထြက္လာေတာ့မည့္အတိုင္း ခုန္ထြက္လာၿပီး လည္ေခ်ာင္းဝအနီးမွာ ရွိေနတဲ့ ေရသူထီးရဲ႕ ခြၽန္ျမျမသြားတို႔ႏွင့္ အကိုက္ခံလိုက္ရေတာ့မည္ဟုပင္ ထင္ရသည္။

ကြၽန္ေတာ္က ဒီထက္ပိုၿပီးနည္းနည္းေလာက္ျဖစ္ျဖစ္ တည္ၿငိမ္သြားဖို႔ ကိုယ့္ကိုယ္ကိုယ္ တြန္းအားေပးလိုက္သည္။ ' ကြၽန္ေတာ္က သူ႕ရဲ႕ဒဏ္ရာကို ေဆးထည့္ေပးထားလို႔ သူလည္းျပန္ၿပီး ခင္မင္မႈကို ျပသတာလည္း ျဖစ္နိုင္တာပဲ။ ' သူက သူ႕ရဲ႕မတူကြဲျပားတဲ့ ပုံစံတစ္ခုနဲ႕ ကြၽန္ေတာ့္ရဲ႕ဒဏ္ရာကိုကုသေပးေနၿပီး ထိုသို႔ျပဳလုပ္ေပးျခင္းက ေရသူမ်ိဳးႏြယ္တို႔ရဲ႕ ဒ႑ာရီလာထဲကအတိုင္း ေက်းဇူးတရားကို ၾကင္နာမႈနဲ႕ ျပန္ေပးဆပ္ေနသည္ ဟုပင္ ထင္ရေစသည္။

သို႔ေပမယ့္လည္း အခုခ်ိန္ထိ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ မယုံၾကည္နိုင္ေသးေပ။

ေရသူထီးရဲ႕ မ်က္ခုံးတန္းတန္းတို႔က ျမင့္တက္လာၿပီး သူ႕ရဲ႕ေခါင္းကို ပိုၿပီးနိမ့္ခ်ထားေပမယ့္ မ်က္ဝန္းေတြက ပြင့္ေနဆဲျဖစ္ကာ ကြၽန္ေတာ့္ထံသို႔သာ တည့္တည့္မတ္မတ္ စိုက္ၾကည့္ေနသည္မွာလည္း ထင္ထင္ရွားရွားပင္။

သူ႕ရဲ႕ရွည္လ်ားၿပီး စိုစြတ္ေနတဲ့မ်က္ခြံေအာက္၌ သိုဝွက္ထားလို႔ပင္ မရနိုင္တဲ့ နတ္ဆိုးအေငြ႕အသက္တို႔ ေပၚလြင္ေနသည္။ အင္အားအျပည့္ျဖင့္ အဆက္မျပတ္လ်က္ေနေသာ လွ်ာဖ်ားတို႔က အလိုရမၼက္တို႔ ထပ္ေပါင္းတိုးလာၿပီး ပို၍ပို၍ အက်ိဳးအေၾကာင္းမဲ့လာသည္။ ရဲရဲနီေနေသာ လွ်ာထိပ္ဖ်ားတို႔က ကာမစိတ္ႏွိုးႂကြေနေသာ ေႁမြႀကီးတစ္ေကာင္ကဲ့သို႔ ကြၽန္ေတာ့္ရဲ႕လက္ေခ်ာင္းတစ္ခုခ်င္းစီ၏ၾကားသို႔ တိုးလွ်ိုဝင္ေနၿပီး ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ညစ္ညစ္ညမ္းညမ္းကစားေနသည့္အတိုင္း၊ မ်ားစြာေသာ အင္းစက္ပိုးမႊားတို႔က လက္ေခ်ာင္းအတြင္းရွိ ေသြးေၾကာေတြထဲ တိုးဝင္ေနသည့္အတိုင္း .... ထူးဆန္းလွသည့္ ထုံထိုင္းေနမႈကို ခံစားရေအာင္ ျပဳလုပ္ေနေပသည္။......

အိမ္မက္တစ္ခုႏွင့္ပင္ ထပ္တူညီေနေသာ ကြၽန္ေတာ့္၏စိတ္အတြင္းမွ ျဖစ္ေပၚထင္ဟပ္လာသည့္ စိတ္ကူးယဥ္မႈတစ္ခုလိုပင္။ ေရသူထီး၏ ေရတို႔ ႐ႊန္းစို႐ႊဲေနေသာ လူကိုယ္ထည္က ကြၽန္ေတာ့္မ်က္စိႏွင့္ လက္မအနည္းငယ္အကြာမွာသာ ရွိေနၿပီး လူသားႏွင့္ ဆင္တူသည္ဟူေသာ ေရသူတို႔၏အဆင္းခႏၶာကိုယ္ကို သက္ေသခံ ေဖာ္ျပေပးေနသည္။

'ဘယ္လိုပဲ ျဖစ္ျဖစ္ ေနာက္ဆုံးမွာ ကြၽန္ေတာ့္စိတ္ကို တည္ၿငိမ္ေနေအာင္ ျပဳလုပ္မွသာ ျဖစ္လိမ့္မည္။ ဘယ္လိုနည္းနဲ႕ပဲ ျဖစ္ျဖစ္'

ကြၽန္ေတာ္က ေျခေထာက္ေတြကို ေလွကားထစ္ေပၚတင္လိုက္ၿပီး အားယူကာ ျဖစ္နိုင္သမွ်အျမန္ဆုံးနည္းျဖင့္ ေရသူထီးပါးစပ္နားေရာက္ေနသည့္ လက္ကို ဆြဲယူပစ္ဖို႔ ႀကိဳးစားလိုက္သည္။ သို႔ေပမယ့္ ကူကယ္ရာမဲ့ေနတဲ့ ကြၽန္ေတာ့္ခါးက ျပင္းထန္ေသာအားတစ္ခုႏွင့္ ဆြဲယူျခင္းခံလိုက္ရၿပီး အားအျပည့္အသုံးျပဳလိုက္ျခင္းက ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္မႈသာ ျဖစ္သြားသည္။ ကြၽန္ေတာ့္အေပၚ ခ်ဳပ္ေႏွာင္ထားျခင္းကို ေျဖေလ်ာ့လိုက္ရမည့္အစား ေရသူထီးက ၿခိမ္းေျခာက္သတိေပးလိုက္သည္ ထင္ရေအာင္ သူ႕ရဲ႕ေမးရိုးသို႔ထင္းကနဲျဖစ္သြားသည္အထိ အံကိုတင္းတင္းႀကိတ္လိုက္သည္။ ေနာက္ဆုံး၌ သူ႕ရဲ႕ထူးထူးဆန္းဆန္း အျပဳအမူတို႔ကိုလည္း ရပ္တန႔္ပစ္လိုက္သည္။

သူ႕ရဲ႕ႏႈတ္ခမ္းပါးတို႔ႏွင့္ အနည္းငယ္ေဝးကြာသြားသည္ႏွင့္ လက္ေပၚကဒဏ္ရာက မယုံၾကည္နိုင္ေလာက္ေအာင္ ေျပာင္းလဲသြားသည္ကို ကြၽန္ေတာ္ သတိထားမိလိုက္သည္။ ၿပဲကြဲေနတဲ့ ဒဏ္ရာက အမာ႐ြတ္ေလးေသးေသးပင္မက်န္ေအာင္ ေပ်ာက္ကင္းသြားခဲ့ၿပီး လက္ဖမိုးေပၚ၌ စီးက်ေနခဲ့သည့္ ေသြးေၾကာင္းတစ္ခ်ိဳ႕သာ က်န္ရွိေနခဲ့သည္။

ေရသူထီးမွာ ဖ်က္လိုဖ်က္စီးျပဳလုပ္လိုသည့္ ဆႏၵတို႔ တကယ္ကိုမရွိခဲ့။ ကြၽန္ေတာ့္ဒဏ္ရာကို ကုသေပးတဲ့အျပင္ လုံးဝျပန္ေကာင္းသြားေအာင္အထိပါ ျပဳလုပ္ေပးခဲ့သည္။ ! ေသခ်ာေပါက္ ေရသူထီးရဲ႕တံေတြးထဲမွာ ပ်က္စီးေနတဲ့ဆဲလ္ေတြကို ျမန္ျမန္ေကာင္းမြန္လာေစသည့္ တစ္စုံတစ္ခုပါဝင္ေနတာပဲ ျဖစ္ရမည္။

'ဘုရားေရ ... ဒါက အံ့ဩစရာေကာင္းတဲ့ ဇီဝေဗဒဆိုင္ရာ ရွာေဖြေတြ႕ရွိမႈပဲ !'

ကြၽန္ေတာ္က ဒီလိုအျခင္းအရာမ်ိဳးကို မ်က္လုံးနဲ႕ကိုယ္တိုင္ကိုယ္က်ေတြ႕ခဲ့ရေပ့မယ့္ မျဖစ္နိုင္တဲ့ ယုံၾကည္ခ်င္စရာမေကာင္းတဲ့ အရာတစ္ခုလို႔ ခံစားေနရတုန္းပင္။ ႏွလုံးသားထဲ တိုးဝင္လာသည့္ စိတ္လႈပ္ရွားဖြယ္ရာခံစားခ်က္တို႔က ေၾကာက္လန႔္မႈတို႔ကို သယ္ေဆာင္ၿပီး အေဝးသို႔ တြန္းထုတ္ပစ္လိုက္သည္။ ထိန္းခ်ဳပ္နိုင္ျခင္းကင္းမဲ့စြာ လက္ကိုဆန႔္တန္းမိၿပီး သူ႕ရဲ႕ ႏႈတ္ခမ္းပါးတို႔ႏွင့္ ထိေတြ႕မိၿပီးခ်ိန္မွာေတာ့ တိုးသဲ့သဲ့ေလသံနိမ့္နိမ့္ျဖင့္ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ျပန္ေျပာခဲ့သည္။

"မင္းက တကယ့္ကို အံ့ဩစရာေကာင္းတဲ့ တည္ရွိမႈ တစ္ခုပဲ ..."

ထိုအခါ ေရသူထီးက သူ႕ရဲ႕ႏႈတ္ခမ္းပါးတို႔ကို မသိသာစြာဖြင့္ဟၿပီး ကြၽန္ေတာ့္အားတုံ႕ျပန္ေျဖၾကားေပးသည့္အတိုင္း နက္ရွိုင္းလွသည့္ တုန္ခါမႈတစ္ခုကို သူ႕ရဲ႕လည္ေခ်ာင္းမွတစ္ဆင့္ ထုတ္လႊတ္ေပးခဲ့သည္။

"အက္ ...ဂ္ ... ေရ႕စ္ ....."

"အက္ ... ဂ္... ေရ႕စ္ ...."

ကြၽန္ေတာ္ကိုယ္တိုင္ကလည္း အမွတ္မထင္ဘဲ သို႔ေပမယ့္ စိတ္အားထက္သန္စြာျဖင့္ သူ႕ေနာက္လိုက္၍ ေရ႐ြတ္လိုက္မိသည္။ ထို႔ေနာက္ ရွားပါးလြန္းေသာ ဒီအခြင့္အေရးကိုအသုံးခ်ၿပီး ေရသူထီးႏွင့္ စကားေျပာနိုင္မည့္ အေရးကိုလည္း ဖမ္းဆုပ္ထားခ်င္ခဲ့သည္။

"မင္းမွာလည္း နာမည္ရွိတာလား ... ဟုတ္လား။ အက္ဂ္ေရ႕စ္ ...? အဲ့တာက မင္းနာမည္လား။"

ထိုအေမးကို ေရသူထီးက တုံ႕ျပန္မႈမျပဳလုပ္သလို ျငင္းလည္းမျငင္းပယ္ဘဲ တိတ္ဆိတ္စြာျဖင့္ ကြၽန္ေတာ့္ကိုသာ စိုက္ၾကည့္ေနခဲ့သည္။ သို႔ေပမယ့္ တစ္စုံတစ္ခုအေပၚ စိတ္လႈပ္ရွားေက်နပ္သြားသည့္အတိုင္း သူ႕ရဲ႕ႏႈတ္ခမ္းပါးတို႔က အေပၚဘက္သို႔ ေကြးၫြတ္တက္ေနခဲ့သည္။ ' ကြၽန္ေတာ္ေျပာတာကို သူနားမလည္ဘူးလို႔သာ သတ္မွတ္လိုက္ေတာ့သည္။ ဒါေၾကာင့္ အခု တိုးတိုးတိတ္တိတ္ေလး ေကာက္ခ်က္ခ်ဖိဳ႕သာ ျပင္လိုက္ေတာ့သည္။

'မင္းရွာေဖြေတြ႕ရွိခဲ့တဲ့ အရာကိုေပးလိုက္တဲ့နာမည္က မင္းလုပ္တဲ့ သုေတသနရဲ႕ေခါင္းစဥ္ပဲ'

"အက္ ဂ္ ....."

ကြၽန္ေတာ္စကားဆက္ေျပာဖို႔ ႀကိဳးစားလိုက္ေပမယ့္ ထိုစကားက ေရသူထီးျပဳလုပ္လိုက္တဲ့ ေနာက္ထပ္အျပဳအမူတစ္ခုေၾကာင့္ တစ္ဝက္တစ္ပ်က္ျဖစ္သြားခဲ့သည္။ ေရသူထီးက သူ႕ရဲ႕ေခါင္းကိုငုံ႕ခ်ၿပီး ကြၽန္ေတာ့္အတြင္းပိုင္း ခါးေနရာသို႔ ႏႈတ္ခမ္းတို႔ႏွင့္ ဖိကပ္ထားလိုက္သည္။ သူက ကုသလို႔ပင္ မရနိုင္ေတာ့သည့္ ေဆးသမားတစ္ေယာက္လို ႏွာေခါင္းကို လက္ဖ်ံေပၚေတြ၌ ဖိကပ္ၿပီး ကြၽန္ေတာ့္အနံ႕အရသာကို ျမည္းစမ္းေနသည့္အလား တရႈံ႕ရႈံ႕လုပ္ေနသည္။ ေၾကာက္လန႔္စိတ္ေတြ ျပန္ၿပီးနိုးထလာခဲ့သည့္ ကြၽန္ေတာ္ကျဖင့္ ေလွကားရွိရာေနာက္ေက်ာဘက္သို႔ ပိုတိုးကပ္ရင္း သူ႕ရဲ႕ကိုယ္ကလည္း ကြၽန္ေတာ့္ကိုယ္ေပၚ ပိုၿပီး ဖိက်လာကာ ေခါင္းကို ပုခုံးထက္မွီတည္လိုက္ရင္း ေလသံတိုးတိုးေလးတစ္ခုကို ဖန္တီးေပသည္။

"ဒက္... ရွ္ ... ရွဲ ... ရိုး .... ေမ ... ရိတ္ ..."

ဒီတစ္ခါေတာ့ သူေဖာ္ၾကဴးေနတဲ့ စကားလုံးေတြက ကြၽန္ေတာ့္နာမည္အစစ္နဲ႕ မိတ္ေဆြအခ်င္းခ်င္းၾကားေခၚတဲ့ နာမည္ကို ရည္ၫႊန္းမွန္း လုံးဝကို ေသခ်ာသြားခဲ့သည္။ ထို႔အျပင္ စကားလုံးတစ္ခုတိုင္း၏ၾကားက ေလယူေလသိမ္းအသံထြက္ကအစ လွ်ာလိပ္သံမ်ားပင္ တိတိက်က်မွန္ေနခဲ့သည္။

ျပင္းထန္စြာ အရွိန္အဟုန္ျဖင့္ ႐ြာက်ေနတဲ့ မိုးက ႐ုတ္တရက္ဆိုသလို ပိုၿပီး သည္းထန္ဆိုး႐ြားလာခဲ့သည္။ ေၾကာက္လန႔္ရမည့္အစား ထိတ္လန႔္အံ့ဩမႈကိုသာ ကြၽန္ေတာ္ပို၍ခံစားမိခဲ့သည္။ 'ဒီေရသူထီးက ဘယ္လိုဖန္တီးတည္ရွိမႈလဲဆိုတာ ကြၽန္ေတာ္တကယ္ကို ပုံေဖာ္ေတြးၾကည့္လို႔မရ။ ကြၽန္ေတာ္ေတြးမိသည္က ကြၽန္ေတာ္သိသမွ် သတ္မွတ္ခ်က္အားလုံးက အမွားခ်ည္းပဲ ဆိုတာပင္။'

ထိုသို႔ေတြးေနစဥ္ ကြၽန္ေတာ့္ရဲ႕ ခႏၶာကိုယ္က ႐ုတ္တရက္ေျမာက္တက္သြားၿပီး ေသခ်ာေပါက္ ေရသူထီး၏ခ်ီမျခင္းကို ခံလိုက္ရတာျဖစ္သည္။ သူက လက္တစ္ဖက္တည္းနဲ႕ ကြၽန္ေတာ့္ကိုခါးမွေန၍ ေပြ႕ဖက္သယ္ထားၿပီး က်န္လက္တစ္ဖက္ျဖင့္ သူ႕ကိုယ္ကို မယိုင္လဲက်ေအာင္ထိန္းညွိထားရင္း ေႁမြတစ္ေကာင္ကဲ့သို႔ ကုန္းပတ္ေပၚ ေလွ်ာသြားခဲ့သည္။ လ်င္ျမန္ေသာေ႐ြ႕လ်ားမႈအရွိန္ျဖင့္ ခနေလးအတြင္းမွာတင္ ကုန္းပတ္၏ လက္ရန္းေနရာသို႔ ေရာက္ရွိသြားခဲ့သည္။

ထိုအေျခအေနမွာ အလိုအေလ်ာက္တုံ႕ျပန္သိရွိလိုက္ရသည္က ' သူ ပင္လယ္ထဲျပန္ခ်င္ေနၿပီး ကြၽန္ေတာ့္ကိုပါ ေခၚသြားခ်င္ေနတာ ! '

ေရသူထီးျပဳလုပ္ေနသမွ်ရဲ႕ ရည္႐ြယ္ခ်က္ကို ေတြးမိၿပီးေနာက္ ကြၽန္ေတာ္လည္း မရည္႐ြယ္ပါဘဲ သူ႕ကိုကန္လိုက္မိသည္။

"မလုပ္နဲ႕ ... အက္ဂ္ ... အဲ့လို မလုပ္နဲ႕ !"

ထို႔ကဲ့သို႔ ေအာ္ဟစ္တားျမစ္ျခင္းက တကယ္ေတာ့ အရာမဝင္ခဲ့ေပ။ သူက ကုန္းပတ္လက္ရန္းနား ေရာက္သြားခ်ိန္ မလွမ္းမကမ္းမွ အသံတစ္ခ်ိဳ႕ကို ကြၽန္ေတာ္႐ုတ္တရက္ၾကားလိုက္ရသည္။ ထိုအသံက ေသနတ္သံျဖစ္ၿပီး က်ည္ဆံက ေရသူထီးေဘးနားက ကုန္းပတ္လက္ရန္းကို ထိမွန္ထားသြားခဲ့ရာ မီးပြားမ်ားပင္ လြင့္စင္ထြက္လာခဲ့သည္။ ထို႔‌ေနာက္ ဆက္တိုက္ထြက္ေပၚလာခဲ့သည့္ ပစ္ခတ္မႈအနည္းငယ္တို႔ေၾကာင့္ မီတာအနည္းငယ္ေဝးေသာေနရာရွိ ကုန္းပတ္ၾကမ္းျပင္မွာ လွိုင္းတြန႔္ပမာျဖစ္သြားခဲ့သည္။

ကြၽန္ေတာ္ကိုယ္တိုင္က ထိတ္လန႔္သြားခဲ့သလို အက္ဂ္ေရ႕ကလည္း သူ႕ရဲ႕လႈပ္ရွားမႈကို ရပ္တန႔္ၿပီး ကြၽန္ေတာ့္ကို ေပြ႕ဖက္ထားသည့္ သူ႕လက္ကို လြတ္ေပးလိုက္သည္။ သို႔ေပမယ့္ သူ႕ရဲ႕အၿမီးကေတာ့ ကြၽန္ေတာ့္ေျခေထာက္တို႔ကို ရစ္ပတ္ထားဆဲျဖစ္ကာ ကိုယ္ကိုေတာ့ အသံလာရာအေနာက္ဘက္သို႔ လွည့္လိုက္သည္။

ထိုအခ်ိန္၌ ျဖစ္ေပၚလာသည့္ သူ႕ရဲ႕မ်က္ဝန္းအၾကည့္တို႔က ၿပိဳင္ဘက္ကင္းျခင္းတို႔၏အႏွစ္သာရတို႔ ျပည့္ဝေနခဲ့သည္။

ကြၽန္ေတာ္လွည့္ၾကည့္လိုက္တဲ့အခ်ိန္မွာ ေသြးတို႔ျဖင့္ေပက်ံေနတဲ့ ရိုင္းက ဘယ္ကရလာမွန္းမသိတဲ့ စက္ေသနတ္ျဖင့္ သေဘၤာ၏သုံးထပ္အျမင့္ကုန္းပတ္ေပၚမွ ခုန္ခ်လာသည္။ သူ႕ရဲ႕ေသနတ္ေျပာင္းဝက ေရသူထီး၏ ဦးေခါင္းတည့္တည့္သို႔ ခ်ိန္ထားခဲ့ၿပီး တစ္လွမ္းခ်င္းစီျဖင့္ အေရွ႕သို႔ခ်ဥ္းကပ္လာခဲ့သည္။ ထို႔ေနာက္ လက္ထဲရွိေသနတ္ကို ျမႇောက္ပင့္လိုက္ၿပီး ထိုပုံစံ ေသေသခ်ာခ်ာေလ့က်င့္မႈ ျပဳလုပ္ထားသည့္ ကြၽမ္းက်င္သူတစ္ေယာက္ကဲ့သို႔ပင္။

'ရိုင္း က ... ေရသူထီးကို သတ္ဖို႔ လုပ္ေနတယ္ !

အံ့အားသင့္ထိတ္လန႔္မႈတို႔ျဖစ္ေနသည့္ ၾကားမွ ကြၽန္ေတာ္႐ုတ္တရက္ျပန္ၿပီးနိုးထလာခဲ့သည္။ ဆရာတစ္ေယာက္ဆိုသည့္ ဂုဏ္အဆင့္တစ္ခုမွာ ရွိေနတဲ့ ဇီဝေဗဒပညာရွင္တစ္ေယာက္က ဒီလိုလုပ္ရပ္မ်ိဳး လုပ္လိမ့္မယ္လို႔ ကြၽန္ေတာ္မယုံၾကည္နိုင္ခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ သတ္ျဖတ္ျခင္းနဲ႕ သူ႕ထံမွရသည့္ သားသတ္သမားတစ္ဦး၏ အေငြ႕အသက္တို႔ေၾကာင့္ ကြၽန္ေတာ့္စိတ္ထဲ ပိုၿပီး ေသခ်ာသြားခဲ့သည္။ သူ႕ရဲ႕ရင္ဘတ္မွစီးက်ေနသည့္ ေသြးေၾကာင္းကိုၾကည့္ၿပီး ဒါက အက္ဂ္ေရ႕စ္ကို တိုက္ခိုက္ၿပီး ရလာသည္မွာ ေသခ်ာေနကာ ထိုအေၾကာင္းေၾကာင့္ပဲ သူဒီလိုျပဳမူေနျခင္းျဖစ္မည္။

'အခု အက္ဂ္ေရ႕စ္ကို ေရထဲခုန္ခ်ေစလိုက္ရမလား ... ဒီအေျခအေနေၾကာင့္ ျဖစ္ေပၚရရွိလာတဲ့ ေရသူမ်ိဳးႏြယ္ကို ေလ့လာနိုင္မယ့္အခြင့္အေရးကို အဆုံးရႈံးခံရေတာ့မွာလား။'

"ရိုင္း ၊ ရိုင္း ... စိတ္ေလ်ာ့ ... သူ႕ကို ဒီအတိုင္း ထြက္သြားေအာင္ပဲ လုပ္လိုက္ပါ။ သူ႕ကို တားဖို႔ ပင္လယ္ထဲကိုပဲ ပစ္ၿပီး ေသနတ္သံနဲ႕ ေၾကာက္သြားေအာင္ပဲ ေျခာက္လိုက္ပါ !"

ကြၽန္ေတာ္ လက္ကိုေဝွ႕ယမ္းျပလိုက္ၿပီး အက္ရွေနတဲ့အသံျဖင့္ပင္ အစြမ္းကုန္ေအာ္လိုက္သည္။ ရိုင္းက မလႈပ္မယွက္ဘဲ ရပ္ၿမဲေနရာမွာပဲ ရပ္ေနသည္။ ေသနတ္ေျပာင္းဝက ေရသူထီးထံခ်ိန္ထားဆဲ.... ေျခလွမ္းေတြသည္လည္း တစ္ဖန္ျပန္ၿပီး ျဖည္းညင္းစြာ တိုးကပ္လာခဲ့သည္။

ထိုအခ်ိန္၌ အက္ဂ္ေရ႕စ္က ဇီဝဗီဒဆိုင္ရာ ဗီဇလကၡဏာေတြကို မျပခဲ့ေပ။ သူ႕ရဲ႕အၿမီးက သူ႕ကို ပိုၿပီးျမင့္မားရွည္လ်ားသြားေအာင္ ေထာက္ပံ့ေပးလိုက္ၿပီး ထို႔ေနာက္ သူ႕ရဲ႕ကိုယ္ထည္ကို ရိုင္းထံသို႔ ေကြးၫြတ္လိုက္သည္။ ထိုပုံစံက မိတ္လိုက္ဖို႔အတြက္ (lizard) အထီးတစ္ေကာင္က တစ္ျခားအထီးေတြကို ရင္ဆိုင္တိုက္ခိုက္ေနသည့္အတိုင္းျဖစ္ေနသည္။ အက္ဂ္ေရ႕စ္က သူ႕ရဲ႕ႀကီးမားလွတဲ့ ကိုယ္ထည္ကိုအသုံးျပဳၿပီး အေနာက္မွာရွိေနတဲ့ ကြၽန္ေတာ့္ကိုတံတိုင္းသဖြယ္ ကာကြယ္ေပးထားသည္။

ခြၽန္ျမစြာထိုးထြက္ေနသည့္ လက္ႏွစ္ဖက္လုံး၏လက္သည္းရွည္ရွည္တို႔က လႊသြားပုံဓားႏွင့္တူေနၿပီး တိုက္ခိုက္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ ဆိုသည့္အေၾကာင္း ေဖာ္ျပေနသည့္ ပုံရိပ္တို႔ျပသေပးေနသည္။ ေမွးမွိန္ ေနေသာ အလင္းေရာင္ေအာက္မွာ နတ္ဆိုး၏ရွည္လ်ားလြန္းသည့္အရိပ္က ကုန္းပတ္ေပၚထင္ဟပ္က်ေနၿပီး သူသာ တိုက္ခိုက္မႈစတင္လိုက္ရင္ အရာအားလုံးက ဖြတ္ဖြတ္ညက္ညက္ေသေၾကၿပီး ရစရာမရွိေအာင္ ပ်က္စီးသြားေတာ့မည္မွာ ကြၽန္ေတာ့္အတြက္ ေသခ်ာေနခဲ့သည္။

ေရခဲတိုက္ထဲေရာက္ေနသည့္အလား ေအစိမ့္ေနေအာင္ခ်မ္းသည့္အရသာကို ကြၽန္ေတာ္ခံစားေနရသည္။ ထို႔အျပင္ ရိုင္းနဲ႕ သူ႕ကို ဒီလို တိုက္ခိုက္ဖို႔ ဘယ္လိုမွခြင့္မျပဳနိုင္။

မေျပာင္းလဲေတာ့မည့္ ခိုင္မာလွေသာထိုအေတြးကို ဆုပ္ကိုင္ၿပီး တစ္ကိုယ္လုံးမွအားတို႔ကို စုကာ အက္ဂ္ေရ႕စ္၏အၿမီးအတြင္းမွ ခုန္ထြက္လိုက္သည္။ ထို႔ေနာက္ အက္ဂ္ေရ႕စ္အေရွ႕၌ လက္ႏွစ္ဖက္ကိုဆန႔္တန္းကာ ေနလိုက္ၿပီး ရိုင္းထံသို႔ တစ္ခါထပ္ၿပီး ေအာ္ေျပာလိုက္သည္။

"ရိုင္း ... ေသနတ္နဲ႕မပစ္နဲ႕ ... ျပန္ေတာ့ ၊ သ‌ေဘၤာခန္းဆီ ျပန္ေတာ့ !"

"မင္း အေရွ႕က ဖယ္ "

ေသနတ္ကို ဆုပ္ကိုင္ထားတဲ့ ရိုင္းရဲ႕ လက္ေတြက ပိုၿပီးတင္းၾကပ္သြားခဲ့ၿပီး သူ႕ရဲ႕အမူအရာတို႔ကလည္း တစ္ခါမွမေတြ႕ျမင္ခဲ့ဖူးသည့္ တင္းမာရက္စက္ျခင္းတို႔ျဖင့္ ျပည့္ေနခဲ့သည္။

"ဒက္ရွ္ရွဲရိုး ... ဒါက စစ္တပ္ စစ္ဆင္ေရးပဲ"

"ဘာ ? "

ကြၽန္ေတာ္ဘယ္လိုမွ မယုံၾကည္နိုင္။ သည္းထန္စြာ႐ြာသြန္းေနတဲ့ မိုးနဲ႕ ေလအဟုန္တို႔ေၾကာင့္ ကြၽန္ေတာ့္အၾကားအာ႐ုံတို႔ မွားယြင္းေကာင္း မွားယြင္းနိုင္ေပမယ့္ ရိုင္းရဲ႕အျပဳအမူ ပုံစံတို႔ေၾကာင့္ ႏွလုံးသားတစ္ခုလုံးမွာေတာ့ ဟိုး အနက္ဆုံး ေအာက္ေျခေနရာသို႔ နစ္ျမႇုပ္သြားခဲ့သည္။

'ေသခ်ာေပါက္ စိတ္မသိုးမသန႔္ ျဖစ္စရာေကာင္းသည့္ တစ္စုံတစ္ခုကေတာ့ ျဖစ္ေနခဲ့ၿပီ။'

ကြၽန္ေတာ္ ဖုံးကြယ္ထားတဲ့ေလထုမွ ျပင္းထန္လွတဲ့ အနံ႕တစ္ခုကို ရလိုက္ၿပီ။ ရိုင္းက ကြၽန္ေတာ့္ကို ဖုံးကြယ္ထားတာရွိေနၿပီး သို႔ေပမယ့္ ဒီအခ်ိန္မွာေတာ့ ကြၽန္ေတာ္ထိုအေၾကာင္းကို မေတြးေတာနိုင္ေသးဘဲ။ လက္ရွိ ကြၽန္ေတာ္ဘာကို ရင္ဆိုင္ေနရသလဲ ... ထိုအတြက္သာ ကြၽန္ေတာ္ပူပန္ေနမိသည္။

ရိုင္းက ေရသူထီးရဲ႕ဘဝနဲ႕ အသက္ကို လုံးဝဂ႐ုမစိုက္၊ သူအလိုရွိေနတာက တစ္ျခားတစ္ခုျဖစ္ၿပီး ေဝခြဲမရျဖစ္ေနတဲ့ ထိုခနေလးမွာ ကြၽန္ေတာ္ ျမန္ျမန္လႈပ္ရွားဖို႔ လိုေပသည္။ ျပတ္သားစြာနဲ႕ ေနာက္ျဖစ္လာမည့္အရာအတြက္ပါေတြးၿပီး အခုခ်က္ခ်င္းကို ဆုံးျဖတ္ခ်က္တစ္ခု ခ်ရေတာ့သည္။

"မဟုတ္ဘူး။ ဇီဝေဗဒပညာရွင္တစ္ေယာက္အေနနဲ႕ ... ေရသူထီးကို ပစ္သတ္မွာမ်ိဳး ငါ ဘယ္ေတာ့မွ အျဖစ္မခံဘူး။ ပစ္ခြင့္လည္း မေပးဘူး။"

ကြၽန္ေတာ္က ရိုင္းထံစကားတစ္ခ်ိဳ႕ေျပာေနရင္း ေျခလွမ္းကိုလည္း အေနာက္သို႔ဆုတ္ေနကာ အက္ဂ္ေရ႕စ္၏ ခႏၶာကိုယ္အား ေပြ႕ဖက္ထားလိုက္သည္။ တကယ္ေတာ့ အက္ဂ္ေရ႕စ္က ကြၽန္ေတာ့္ထက္ျမင့္ေနၿပီး ကြၽန္ေတာ့္အရပ္က သူ႕ခါးအထိသာ ရွိေနေပမယ့္ ရိုင္း၏ပစ္ခတ္မႈကိုေတာ့ ကာကြယ္ေပးနိုင္ပါေသးသည္။ ထိုအခ်ိန္၌ ႐ုတ္တရက္လႈပ္ခါသြားသည့္ သေဘၤာ ေၾကာင့္ ကြၽန္ေတာ့္ကိုယ္မွာယိမ္းထိုးသြားၿပီး ထိုအရွိန္က အက္ဂ္ေရ႕စ္ကို ပင္လယ္ထဲျပဳတ္က်သြားဖို႔ တြန္းလိုက္သလို ျဖစ္ခဲ့သည္။ သို႔ေပမယ့္ အခြင့္သင့္စြာပဲ ေရသူထီးက ခါးမွေန၍ ကြၽန္ေတာ့္ကို ျပန္ဖမ္းဆြဲထားၿပီး သူ႕ရဲ႕ကိုယ္ကို ေပါင္းကူးတံတားကဲ့သို႔ ေနာက္သို႔ ကိုင္းလိုက္ကာ လက္တစ္ဖက္က ကြၽန္ေတာ့္အား ရင္ဘတ္ေနရာမွေန၍ တင္းၾကပ္ေနေအာင္ ေပြ႕ဖက္ထားခဲ့သည္။ ထိုအခိုက္အတန႔္၌ ကြၽန္ေတာ္ကိုယ္တိုင္က ပင္လယ္ထဲျပဳတ္က်သြားၿပီလို႔သာ ေတြးထားခဲ့ၿပီး လက္ကပင္ ႏွာေခါင္းႏွင့္ ပါးစပ္ကို အုပ္ထားၿပီးေနၿပီျဖစ္သည္။

က်ယ္ေလာင္စူးရွေသာ ျမည္ဟိန္းသံတို႔ ပဲ့တင္ထပ္ျဖစ္ေပၚလာၿပီး ကြၽန္ေတာ့္ရဲ႕ေပါင္ေနရာမွ ဓားနဲ႕ဆက္တိုက္ထိုးေနသလို နာက်င္မႈမ်ိဳးျဖင့္ ျပင္းထန္ေသာအပူတစ္ခု၏ ေပါက္ကြဲထြက္လာျခင္းကို ခံလိုက္ရသည္။ ထိုအထိအေတြ႕ေၾကာင့္ ေျခေထာက္မွာ သိမ့္ကနဲတုန္တက္သြားၿပီး ႂကြက္တက္ျခင္းကဲ့သို႔ေသာ နာက်င္မႈမ်ိဳးကိုပါ ခံစားခဲ့ရသည္။ ကြၽန္ေတာ့္ကိုကယ္ဖို႔ ကိုယ္ကို အေနာက္ဘက္သို႔ ေကာ့ခ်လိဳက္ျခင္း၌ အက္ဂ္ေရ႕စ္ရဲ႕ အၿမီးက ေအာက္ဘက္သို႔ ေခြကာအားျပဳထားရၿပီး ထိုသက္ေရာက္မႈေၾကာင့္ပင္ သူ႕ရဲ႕ခႏၶာကိုယ္ကလည္း တုန္ရီသြားခဲ့သည္။ ထို႔ေနာက္တြင္ ေနာက္ထပ္ေသာ ေသနတ္သံတစ္ခ်က္ထြက္ေပၚလာၿပီး က်ည္ဆံက ကြၽန္ေတာ့္ပုခုံးထက္ကို ျဖတ္ေက်ာ္ကာ ေရသူထီး၏လက္ေမာင္းသို႔ ထိမွန္သြားခဲ့သည္။ ထို႔ေနာက္ မၾကာလိုက္တဲ့အခ်ိန္မွာ ထိုက်ည္ဆံမွ မွင္ရည္ကဲ့သို႔ေသာ အျပာေရာင္အရည္ေတြက ေရသူထီး၏လက္ေမာင္းအသားထက္ ေသြးေၾကာပမာပ်ံ့ႏွံ႕သြားၿပီး သူ႕ရဲ႕လက္တို႔မွာ ဆိုး႐ြားစာတုန္ရီလာခဲ့သည္။ သူ႕ရဲ႕လက္သည္းရွည္ရွည္တို႔က ကြၽန္ေတာ့္ကို ဖမ္းဆုပ္ထားဖို႔ ႀကိဳးစားခ်င္ေနသည့္အတိုင္း အကၤ်ီ ကို ဖမ္းဆုပ္ကုပ္တြယ္ထားခဲ့သည္။ သို႔ေပမယ့္ ေနာက္ဆုံးမွာေတာ့ သူ႕ရဲ႕တုန္ရီေနတဲ့ လက္ကို ကြၽန္ေတာ့္ထံမွ ဖယ္ခြာသြားခဲ့သည္။

ကြၽန္ေတာ္သည္လည္း ကုန္းပတ္ေပၚ ၿပိဳလဲက်သြားၿပီး ေပါင္ထက္မွနာက်င္မႈေၾကာင့္ ဒူးေထာက္လ်က္သား ျဖစ္ေနခဲ့သည္။ ထိုအခ်ိန္၌ မိုးစက္ေတြၾကား အၿမီးတို႔ေကြးကာ ကြၽန္ေတာ့္ေရွ႕၌ ေခြလဲက်ေနသည့္ အက္ဂ္ေရ႕စ္ကို ဘာမွမလုပ္နိုင္ဘဲ ကူကယ္ရာမဲ့စြာ ၾကည့္ေနခဲ့ရသည္။ သူ႕ရဲ႕ဒဏ္ရာမွ စီးထြက္လာသည့္ အျပာေရာင္အရည္တို႔က မိုးေရတို႔နဲ႕အတူေရာေႏွာသြားၿပီး ကြၽန္ေတာ့္ေသြးႏွင့္ေပါင္းစပ္သြားသည့္အခ်ိန္မွာေတာ့ အဆိပ္ေရာင္ကဲ့သို႔ပင္ ျဖစ္ေနခဲ့သည္။

'ဘယ္ေလာက္ပင္ သန္မာလြန္းတဲ့ မ်ိဳးစိတ္တစ္ခု ျဖစ္ေနပါေစ .... ဘယ္ေလာက္ပင္ စြမ္းအားႀကီးေနပါေစ ... ဘယ္ေလာက္ပင္ ရက္စက္ၾကမ္းၾကဳတ္ၿပီး ထိန္းသိမ္းရခက္ခဲကာ က႐ုဏာကင္းမဲ့ေနပါေစ .... သူတို႔က လူေတြဖန္တီးျပဳလုပ္လိုက္တဲ့ လက္နက္ေတြကိုေတာ့ ယွဥ္ၿပိဳင္အံ့တုနိုင္ျခင္း မရွိပါေပ။ !

ကြၽန္ေတာ္အံကို တင္းတင္းႀကိတ္လိုက္ရင္း ကြၽန္ေတာ့္ရဲ႕ခႏၶာကိုယ္နဲ႕ အက္ဂ္ေရ႕ ကို ကာကြယ္ေပးဖို႔အတြက္ ႐ုန္းကန္ေနခဲ့သည္။ ကြၽန္ေတာ့္ရဲ႕ ဘဝက ရိုင္းအတြက္ တစ္မ်ိဳးတစ္ဖုံတန္ဖိုးရွိေနအုံးမယ္လို႔' ယုံၾကည္ေနေသးတာေၾကာင့္ပင္။ ကြၽန္ေတာ့္မွာ ေ႐ြးခ်ယ္စရာမရွိေပမယ့္ ဒီအေတြးအေပၚေတာ့ ေမွ်ာ္လင့္ခ်က္ ရွိခ်င္သည္။

အက္ဂ္ေရ႕စ္က အျပာေရာင္ေသြးအိုင္ထဲ လဲေလ်ာင္းေနၿပီး သူ႕ရဲ႕ကိုယ္ထည္ကို ေကြးၫြတ္ထားကာ တစ္ဆတ္ဆတ္လႈပ္ခါေနသည့္ သူ႕ရဲ႕အၿမီးက ကြၽန္ေတာ့္ေျခေထာက္အား ထိခတ္ေနသည္။ နက္ရွိုင္းကာ မဲနက္ေနေသာ မ်က္ဝန္းတို႔က အားနည္းေမွးမွိန္ေနၿပီး တစ္ဝက္တိတိေမွးမွိတ္ေနသည့္ၾကားမွ ကြၽန္ေတာ့္ကိုသာ နက္နက္နဲနဲ စိုက္ၾကည့္ေနကာ ေရေမွာ္ေလးေတြအတိုင္း လူးလြန႔္လႈပ္ရွားေနတတ္တဲ့ သူ႕ရဲ႕ေနာက္ေက်ာထက္က ရွည္လ်ားတဲ့ဆံႏြယ္တို႔သည္ပင္ လႈပ္ရွားမႈတို႔ ကင္းမဲ့ေနခဲ့သည္။

ထိုအၾကည့္က ထူးဆန္းသလို ကြဲျပားေနသည္။ အရင္ကလို ေၾကာက္႐ြံ႕ျခင္းတို႔ ကင္းမဲ့သည္လည္းမဟုတ္သလို နတ္ဆိုးထံမွ ထြက္ေပၚေနသည့္ အၾကည့္မ်ိဳးလည္းမဟုတ္ေပ။ ထိုအၾကည့္က အခုအခိုက္အတန႔္အခ်ိန္ေလးမွာ သူျမင္ေနရတဲ့ ကြၽန္ေတာ့္ရဲ႕ ပုံရိပ္တိုင္းကို သူ႕ရဲ႕မွတ္ဉာဏ္ထဲ စြဲထင္က်န္ေစဖို႔ ထုဆစ္ေနသည့္အတိုင္း ..... ႀကိဳးစားမွတ္ယူေနခဲ့ၿပီး ထိုေနာက္တြင္ေတာ့ သူ႕ရဲ႕မ်က္ဝန္းသို႔ ျဖည္းျဖည္းခ်င္း မွိတ္က်သြားခဲ့သည္။

ကြၽန္ေတာ့္သည္လည္း ေသြးေၾကာထဲမွေန၍ ျပင္းျပစြာတိုက္ခိုက္ေနသည့္ အေၾကာေသဆုံးသလို နာက်င္မႈမ်ိဳးကို ခံစားလာရၿပီး တျဖည္းျဖည္းၿပိဳလဲက်ကာ အျမင္အာ႐ုံတို႔သည္လည္း အေမွာင္ထုအျဖစ္သို႔ ေျပာင္းလဲသြားခဲ့သည္။

"ဒါက ေမ့ေဆးက်ည္ပါပဲ။ ေတာင္းပန္ပါတယ္ ... ငါ ဒီလိုမလုပ္ရင္ ေရသူထီးက သူ႕နဲ႕အတူ မင္းကိုပါ ပင္လယ္ေရေအာက္ထဲ ေခၚသြားလိမ့္မယ္"

ဒုတိယအဆင့္အေနျဖင့္ ကြၽန္ေတာ့္ရဲ႕အသိစိတ္တို႔ မလြင့္ေျမာသြားခင္ ရိုင္းရဲ႕အသံကိုၾကားလိုက္ရၿပီး ကြၽန္ေတာ္တစ္ကိုယ္လုံး လႈပ္ရွားမႈကင္းမဲ့သြားခ်ိန္မွာေတာ့ ကုန္းပတ္ေပၚမွ လက္ႏွစ္ဖက္ျဖင့္ ေပြ႕ခ်ီသယ္ေဆာင္ျခင္းကို ခံလိုက္ရသည္။

______________________

Desharow's Merman
Words-6036
Nov/22/2021
Wine.

______________________

Note.

အေသအေၾကကို ေရးလိုက္ရတယ္ ေပါ့
ဘယ္ဟုတ္မလဲ ႏွစ္ပိုင္းစာ စာလုံးေရႀကီးနဲ႕
ကိုအက္ဂ္ေရ႕စ္ တို႔က ..... ကြၽန္မကို ပုခုံးႏွစ္ဖက္လုံးေအာင့္သြားေစတာ။

Y စာေတြ ျပန္မစစ္ျဖစ္ဘူး ...ျဖည့္စြက္ကာ ဖတ္ေပးလိုက္ေတာ့ေနာ္။
အိမ္မက္လွလွေတြ မက္ပါေစ။

Continue lendo

Você também vai gostar

104K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...
310K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
479K 11.4K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
471K 40.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ