//UNICODE//
အခန်း ၂၁ - ညအိပ်ရန်
စုလင်း ခန္ဓာကိုယ်တစ်ခုလုံး မျဥ်းဖြောင်းတစ်ကြောင်းလိုပင် တောင်တင်းသွားသည်။ ကုလီဟန်ရဲ့လက်ကို ကိုင်ထားတဲ့ သူ့ရဲ့လက်တွေကလည်း မသိလိုက်ဖာသာနဲ့ ပို၍ တင်းတင်း ဆုပ်ကိုင်မိလိုက်သည်။ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုကြောင့် Pheromones တွေထုတ်လွှတ်ချင်သော်လည်း Isolator နဲ့ ဖုံးအုပ်ထားတာကြောင့် သူ့လည်ပင်းအနောက် တစ်ခုလုံး ပြည့်သိပ်တင်းကျပ်လာခဲ့သည်။
ကုလီဟန်က သူတို့ ပတ်ပတ်လည်က သားရဲတွေကို တစ်ချက် ကြည့်လိုက်ပြီး သူ့အသံကလည်း တည်ငြိမ်နေခဲ့သည်။
"သူတို့က အနံ့ရဲ့ ဆွဲဆောင်မှု ခံလိုက်ရတာ"
စုလင်းက သူ့အသံကြောင့် သားရဲတွေကို လှန့်မိသလို ဖြစ်မှာစိုးတဲ့အတွက် ကုလီဟန်ရဲ့နောက်ကျောနားလေးအထိ သူ့ကိုယ်သူ နှိမ့်လိုက်ပြီး လေသံလေးနဲ့ကပ်ပြောလိုက်သည်။
"ကျွန်တော် စိတ်ဝိညာဥ်ပင်တွေ ပြန်ဖယ်လိုက်ရမလား?"
ကုလီဟန် သူ့နောက်ကျောဘက်မှ ပူနွေးစွတ်စိုတဲ့ ခံစားချက်သေးသေးလေးကို ခံစားလိုက်ရသည်။ ထိုယားကျိကျိ ခံစားမှုက သူ့လက်မောင်းတစ်လျှောက်မှ လက်ဖဝါးအထိကို ထုံကျင်သွားစေခဲ့သည်။ ကုလီဟန်ရဲ့ ပုခုံးနှစ်ဖက်ဟာ လှုပ်ရှားသွားရသည်။
"မလုပ်နဲ့ အနံ့ပျောက်သွားတာနဲ့ သူတို့ရဲ့အာရုံက ကိုယ်တို့ဆီ ရောက်လာလိမ့်မယ်။"
သူတို့၂ဦးဟာ စွမ်းရည်မြင့်မားတဲ့ အစိမ်းရောင် ရုပ်ဖျက်ဝတ်စုံကို ဝတ်ဆက်ထားခဲ့ပေမယ့် စိတ်ဝိညာဥ်ပင်တွေက သူတို့ရဲ့ဘေးကပ်ရက်မှာ ဖြစ်သည်။ စိတ်ဝိညာဥ်ပင်တွေ ဆီမှာ အပြည့်အဝ ဖမ်းစားခံနေရတဲ့ သားရဲတွေရံ့အာရုံစိုက်နေကြမှုကြောင့် ရုတ်တရက်သာ အနံ့ပျောက်သွားမယ်ဆိုရင် သူတို့၂ဦး ဟာ အရမ်းပဲ သိသာထင်ရှားသွားမှာ ဖြစ်သည်။ ကုလီဟန်က လျင်မြန်စွာပဲ ဆုံးဖြတ်ချက် ချလိုက်သည်။
"၁၀စက္ကန့် နေတာနဲ့ ကိုယ်တို့ ပတ်ပတ်လည်ကို မီခိုးဗုံးတွေ ပစ်လိုက်မယ်။ အဲ့ဒီအချိန်မှာ မင်းက စိတ်ဝိညာဥ်ပင်တွေကို သိမ်းလိုက်။ ပြီးတာနဲ့ ကိုယ်တို့ နောက်တစ်နေရာ ရွေ့ကြမယ်"
စုလင်း သဘောတူတဲ့ အနေနှင့် အသံပြန်ပြုလိုက်သည်။ ထို့နောက် သူက စိတ်ဝိညာဥ်ပင်တွေကို စိုက်ကြည့်နေရင်း လက်ကိုမြှောက်ပြီး ငွေကြယ်သီးလေးကို ထိဖို့ အသင့်ပြင်ထားလိုက်သည်။
စက္ကန့် အနည်းငယ်ကြာသော် ကုလီဟန်က
"အခုပဲ!"
ကုလီဟန်ရဲ့ စကားဆုံးတာနဲ့ သူ့လက်ဖဝါးထဲမှာ အနက်ရောင် ပုလဲလုံးလို အလုံးလေးတွေ ပေါ်လာသည်။ သူက ခြေထောက်တွေကို အသာလေး ရွေ့ကာ သူ့လက်ထဲက အလုံးလေးတွေကို နေရာအနှံ့ ပစ်လိုက်တော့သည်။ ချက်ချင်းဆိုသလိုပင် ထူထပ်သည့် အဖြူရောင်မီးခိုးထုကြီးက သူတို့ပတ်လည်တွင် ပေါ်ပေါက်လာခဲ့ပြီး စုလင်းကလည်း လျင်မြန်စွာနှင့် စိတ်ဝိညာဥ်ပင်းများကို သိုလှောင်နေရာလွတ်ထဲကို ပြန်သိမ်းလိုက်သည်။ သားရဲမျိုးစုံရဲ့ အသံတွေနဲ့ ဖရိုဖရဲ ခြေသံတွေကို မီးခိုးထုတွေကြားမှ ကြားနေရသည်။ ခဏလောက် နားထောင်ပြီးသည့်နောက် ကုလီဟန်က ဓါတ်ငွေ့ကာ maskတစ်ခု ထုတ်ပြီး စုလင်းကိုပေးလိုက်ကာ တောင်အရပ်ကို ဆက်ထွက်လာခဲ့သည်။
ခဏမျှကြာပြီးနောက် ၂ဦးသားဟာ မီးခိုးထုရဲ့အလယ်အထိ ရောက်လာခဲ့ကြပြီး သားရဲတွေအကုန်လုံးလည်း ထွက်ပြေးသွားကြပြီ ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင် မီးခိုးတွေ ဖုံးလွှမ်းနေပြီး တစ်ဦးကို တစ်ဦးမှအပ မည်သည်ကိုမျှ မမြင်ရကြချေ။ သို့သော်လည်း ထိုအခြေအနေက ခဏသာ ကြာလေသည်။ သူတို့ မီးခိုးတွေကို ဖြတ်ကျော်ပြီးချိန်တွင်တော့ သူတို့ရဲ့ အမြင်အာရုံကို ပြန်လည် အသုံးချနိုင်လာသည်။ သူတို့ ပတ်ဝန်းကျင်တစ်ခုလုံး ရှုပ်ယှက်ခတ်နေခဲ့သည်။ နေရာတိုင်းမှ သစ်ရွက်တွေ ပြန့်ကျဲနေခဲ့ပြီး အပင်ငယ်လေးတွေက နင်းချေခံထားရသည်မှာ ထွက်ပြေးသွားသည့် သားရဲများ၏လက်ချက်မှန်း ထင်ရှားလှပေသည်။
စုလင်း Maskကို ချွတ်လိုက်ပြီး ပတ်ပတ်လယ်ကို လိုက်ကြည့်လိုက်သည်။ ခပ်ဝေးဝေးမှာ ပြေးလွှားနေကြသည့် သားရဲတစ်ချို့ကိုပင် မြင်နိုင်သေးသည်။
"တကယ်လို့ ကျွန်တော်က စိတ်ဝိညာဥ်ပင်တွေ ထုတ်လိုက်ရင်လည်း အနံ့က သူတို့ကို ဆွဲဆောင်ပြန်ဦးမယ်။ ကျွန်တော် ဘာလုပ်ရမလဲ"
ကုလီဟန်: " အခုလိုပဲ ထပ်လုပ်ကြတာပေါ့"
စုလင်း ကုလီဟန်ကို မော့ကြည့်လိုက်သည်။ ကုလီဟန်ရဲ့ အမူအယာက ပုံမှန်အတိုင်းပဲ တည်ငြိမ်နေခဲ့ပြီး နည်းနည်းလေးမှ ထိန့်လန့်မနေခဲ့ပေ။ ထိုအရာက စုလင်း သိချင်စိတ် ဖြစ်လာစေသည်။
ဒါ ကုလီဟန် သူ့ရဲ့စိတ်ကိုက တည်ငြိမ်နေလို့လား ဒါမှမဟုတ် သူ့မှာ မူမမှန်တဲ့ မျက်နှာအမူအယာ ရှိနေတာလား
စုလင်း: "ခင်ဗျား မကြောက်ဘူးလား?"
ကုလီဟန် စုလင်းရဲ့ အသက်ရှုနှုန်းက ပုံမှန်ထက်မြန်နေတာကို ကြားလိုက်ရသည်။ သူက တည်ငြိမွစွာပဲ နှစ်သိမ့်လိုက်သည်။
"မကြောက်ပါနဲ့။ ကိုယ်တို့မှာ လက်နက် ကိရိယာလည်း အစုံရှိတယ်။ ပြီးတော့ တစ်ခုခုဆို အချိန်မရွေးလာကူပေးမယ့်သူလည်း ရှိတယ်လေ။ ကိုယ်တို့ လုံခြုံပါတယ်"
စုလင်းက သူ့ ရင်ဘတ်လေးကို လက်ဖြင့်သပ်ကာ အသက်ရှုနှုန်းကို ကြိုးစားထိန်းညှိလိုက်သည်။ သူက ရယ်လိုက်ရင်း
"ကံကောင်းစွာနဲ့ပဲ ဒီခရီးမှာ ခင်ဗျား ကျွန်တော်နဲ့အတူလိုက်ပေလို့ပေါ့။ ကျွန်တော်က ဒီခရီးကို အရမ်း ရိုးရှင်းမယ်ထင်ပြီး အန္တရာယ်ကို လျော့တွက်မိခဲ့တာ"
ကုလီဟန်:"ကိုယ်မပါရင်တောင် မင်း သေချာ ကောင်းကောင်း ပြင်ဆင်ထားမှာပဲ။ မင်းရဲ့ အစီအစဥ်က အရမ်းစေ့စပ်တယ်"
ခရီးစဥ်ကို ကြည့်ပြီးကတည်းက ဒီကောင်ငယ်လေး ကောင်းကောင်းလုပ်နိုင်မှာ သေချာသော်လည်း စုလင်းအနေနဲ့ ပစ္စည်းတွေ ဝယ်ဖို့ ငွေလိုအပ်ပေလိမ့်မည်ဆိုတာကိုလည်း ကုလီဟန် သိလေသည်။
နှစ်ဦးသား တောင်ဘက်စူးစူးကို ဆက်ထွက်လာခဲ့ကြပြီး စိတ်ဝိညာဥ်ပင်တွေကို နာရီဝက်တစ်ခါတိုင်း ၅မိနစ်မျှထုတ်ပေးခဲ့ကြသည်။ ထိုအချိန်တိုင်း သားရဲတွေက ရနံ့ရဲ့ဆွဲဆောင်မှုကြောင့် သူတို့ဆီချဥ်းကပ်လာကြသည်။ အစကတော့ စုလင်း ထိတ်လန့်နေမိသော်လည်း အကြိမ်အနည်းငယ်ရှိလာတော့ သူလည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
ကောင်းကင်တခွင်မှ အလင်းရောင်က မှောင်စပြုလာသောအခါ သူတို့၂ယောက် ရေရနိုင်သည့်နေရာနှင့် မနီးမဝေးတွင် ကွင်းပြင်တစ်ခုကို တွေ့ခဲ့ကြပြီး အနားယူဖို့ပြင်ခဲ့ကြသည်။ ကုလီဟန်က အင်းစက်တွေရန်နဲ့ စွတ်စိုမှုမှ ကာကွယ်ဖို့ အထူးချုပ်ထားသည့် အစိမ်းရောင် တစ်ယောက်အိပ် ရွက်ဖျင်တဲ၂ခုကို ထုတ်ယူလိုက်သည်။ ကုလီဟန်က ရွက်ဖျင်တဲတွေကို ခင်းနေသည့်အချိန်တွင် စုလင်းက ကူညီချင်သော်လည်း ကုလီဟန်က စကားလုံးအချို့ဖြင့် ဟန့်တားလိုက်သည်။
"မင်းက သွားပြီး ကိုယ်တို့ စားဖို့အတွက်ပဲ ပြင်ပါ"
ထို့ကြောင့် စုလင်းက ကုလီဟန်ဘေးတွင် ဝင်ထိုင်လိုက်ပြီး အပူပေးရသည့် အသင့်စား ထမင်းဘူးထုတ် အထုတ်ကြီး၁ထုတ်နှင့် အထုတ်သေး၂ထုတ်ကို ထုတ်လိုက်သည်။ ထမင်းဘူးတွေ ကျက်လာသည်ကို စောင့်ရင်း ကုလီဟန် ရွက်ဖျင်တဲတွေနဲ့ အလုပ်ရှုပ်နေတာကို စုလင်း ထိုင်ကြည့်နေမိသည်။ ကုလီဟန်ကအလွန်ကို လျင်မြန်စွာ လုပ်နေပုံမှာ ရွက်ဖျင်တဲတွေရဲ့တည်ဆောက်ပုံနဲ့ ကောင်းကောင်းရင်းနှီးတာ ထင်ရှားပေသည်။ အချိန်ခဏအတွင်းမှာပဲ သူတို့ရဲ့ ရွက်ဖျင်တဲတွေ နေရာခင်းတာ ပြီးသွားသလို စားစရာတွေလည်း ကျက်သွားပေသည်။
စုလင်းက ကုလီဟန်ကို ထမင်းဘူးကြီး ၂ဘူးကို ကမ်းပေးရင်း မေးလိုက်သည်။
"ခင်ဗျား ဒီလောက်ဆို ဝလား?"
အတူတူနေခဲ့သည့် တစ်လျှောက်လုံး သူလေ့လာကြည့်သလောက်တော့ ကုလီဟန်ရဲ့ အစာစားချင်စိတ်က သူ့ထက် အများကြီး ပိုပေသည်။ ယခု ပေးလိုက်သည့် အချိုးအစားက နေလည်စာစားချိန်တွင် ကုလီဟန်စားခဲ့သည့် ပမာဏအတိုင်း ပြင်ထားခြင်းဖြစ်သည်။
ကုလီဟန်က စားစရာဘူးတွေကို ကြည့်လိုက်ပြီး ပြန်ဖြေသည်။
"ရတယ် ဝပါတယ်"
သူက စုလင်းဘေးမှာ ထိုင်လိုက်ပြီး စုလင်းရဲ့ဝေစုကို ကြည့်ပြီး ထပ်ပြောလာသည်။
"ဒီမှာ စားစရာတွေအများကြီးပဲ မင်းထပ်စားလို့ရတယ်"
စုလင်းက ခေါင်းယမ်းလိုက်ပြီး
"ကျွန်တော် ဒီလောက်ဆို ဝပြီရယ်"
ကုလီဟန်က သူ့ရဲ့ ထမင်းဘူးကို ဖောက်လိုက်ရင်း
"မင်းက ဒီလောက်ဆို တော်တော်ပိန်နေပါပြီ။ အစာစားကို ထိန်းဖို့ မလိုပါဘူး"
စုလင်း မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ရှက်ကို့ရှက်ကန်းဖြင့် ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ရဲ့ စားချင်စိတ်ကိုက ဒီလောက်ပဲ ရှိတာ။ ကျွန်တော် ဝိတ်ချနေတာ မဟုတ်ဘူးရယ်"
[TN-ဒီက လေတိုက်တိုင်းဝချင်နေလို့ ညစာမစားတဲ့ Translator မမကြီးက ဗိုက်ဆာဆာနဲ့ ငိုနေပြီ]
ကုလီဟန်က သူ့ကို ကြည့်လာပြီး
"အဲ့ဒါ ကောင်းတယ်"
သူက ခဏရပ်လိုက်ပြီး ခေါင်းလေးစောင်းငဲ့ကာ ဆက်ပြောလာသည်။
"ဘာလို့ Omegaတွေ အမြဲတမ်း ဝိတ်ကျချင်နေကြမှန်း ကိုယ်တကယ်နားမလည်ဘူး"
စုလင်းက သူ့ရဲ့ သေးသွယ်သည့် လက်ကောက်ဝတ်လေးကို လှုပ်လိုက်ရင်း
"ကျွန်တော်လည်း နားမလည်ဘူးရယ်"
သူက ခေါင်းလေးငဲ့ကြည့်ရင်း ပြုံးလိုက်သည်။
"ဖြစ်နိုင်တာက လေတိုက်ရင် လမ်းလျှောက်ရတာ ပိုလွယ်အောင်လို့ နေမှာ"
ကုလီဟန် ပြုံးလိုက်တော့ မျက်ဝန်းတွေ ကွေးညွတ်သွားပြီး မသိလိုက်ဘဲ နှုတ်ခမ်းထောင့်စွန်းတွေပါ ကွေးတက်လာသည်။
"သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အဆိုပဲ"
စုလင်းက လက်ထဲက တူကို ခပ်တင်းတင်း ဖိညှစ်လိုက်မိပြီး သူ့မျက်ဝန်းထဲက ခံစားမှုတွေကို ချုပ်တည်းလိုက်သည်။ သူ့ရဲ့ ထမင်းဘူးကိုပဲ ငုံ့ကြည့်လိုက်ပြီး ဟင်းလျာတွေနဲ့ ထမင်းနဲ့ကို ရောမွှေနေလိုက်သည်။ ထို့နောက် သူက မျက်ဝန်းကွေးကွေးလေးများဖြင့် ထပ်ပြောလိုက်သည်။
"အကျိုးကြောင်းသင့်တယ်နော် ဟုတ်တယ်မလား?"
စုလင်း ကုလီဟန်ရဲ့ အပြုံးကို မြင်လိုက်ပြီးနောက် သဘာဝကျကျ တည်ငြိမ်သလို ဟန်ဆောင်လိုက်နိုင်သည်ဟု ခံစားမိသည်။ သို့သော်လည်း သူ့စိတ်ထဲမှာ ကုလီဟန် သူ့ကိုယ်သူ သတိထားမိသွားမှာကို စိုးရိမ်သည့်အတွက် စကားလွဲလိုက်သည်။
"ဒီအသင့်စားထမင်းဘူးတွေမှာ အရသာတွေ အမျိုးမျိုးရှိတယ်။ ဘယ်အရသာကို ခင်ဗျားအကြိုက်ဆုံးလဲ?"
ကုလီဟန် :"ဘယ်ဟာမဆို အဆင်ပြေပါတယ်"
စုလင်း ခေါင်းလေးစောင်းပြီး ကုလီဟန်ကို ကြည့်လိုက်ပြီး
"အစားချေးများတဲ့သူမဟုတ်ဘူးပေါ့ ဟမ့်? အကျင့်ကောင်းပဲ!"
သူတို့၂ဦးလုံး စားပြီးသွားချိန်တွင် ကုလီဟန်က သူတို့ရဲ့ ထမင်းဘူးတွေနဲ့ အသီးအရွက် အကျန်တွေကို မြေမြှပ်ပစ်လိုက်သည်။
သစ်တောက အလွန် စွတ်စိုနေပေသည်။ စုလင်း ညစာစားပြီးတဲ့နောက်မှာ အနည်းငယ်ပူလာသလိုတောင် ခံစားခဲ့ရပြီး သူ့အသားလေးတွေက အပူကြောင့် နီရဲလာပေသည်။ သူက သူ့ဂျက်ကတ်ရဲ့ ဇစ်ကို ဆွဲဖွင့်လိုက်ပြီး သူ့မျက်နှာရှေ့မှာ လက်တွေဖြင့် ယပ်ခတ်နေလိုက်သည်။ သို့သော်လည်း နေရတာ အဆင်မပြေဖြစ်နေဆဲ ဖြစ်ပြီး အထူးသဖြင့် သူ့ လည်ပင်းအနောက်ဘက်က ဖြစ်သည်။ ဤသည်မှာ Isolator ကိုအချိန်အကြာကြီး တပ်ထားတာကြောင့် ဖြစ်သည့် ပုံမှန် တုန့်ပြန်မှုပဲ ဖြစ်သည်။ သူ့ရဲ့ လည်ပင်းအနောက်ဘက်ကို ထိလိုက်ရင်း Alpha တွေလည်း ညဆိုရင် Isolator ဖြုတ်ထားဖို့လိုတာကို စုလင်း ရုတ်တရက်သတိရလိုက်သည်။ Alphaနဲ့ Omegaကြားက အပြန်အလှန် ဆွဲဆောင်မှုကြောင့်သာမဟုတ်ရင် Isolator ဖြုတ်ထားတာက ခန္ဓာကိုယ်အတွက်ပိုကောင်းပေသည်။
ကုလီဟန်က သူ့ရဲ့ လှုပ်ရှားမှုကို သတိပြုလိုက်မိပြီး
"မင်း Isolator ဖြုတ်သင့်တယ်"
စုလင်း:"ခင်ဗျားကောပဲ ဖြုတ်ထားသင့်တယ်"
ကုလီဟန်:"ကိုယ်က ရတယ်"
စုလင်း မယုံသော်လည်း ကုလီဟန်ရဲ့ စိုးရိမ်မှုကို နားလည်ပေသည်။ နောက်ဆုံးကျတော့ သူက ကုလီဟန်ရဲ့ Pheromones တွေကို တုန့်ပြန်မိပေလိမ့်မည်။ ခဏမျှတွေးတောချင့်ချိန်ပြီးနောက် စုလင်း ဘယ်ဘက်ကို လက်ညိုးထိုးလိုက်ပြီး
"ကျွန်တော် မြစ်ဆီသွားပြီး ကိုယ်လက်သန့်စင်လိုက်ဦးမယ်။ ကျွန်တော်ပြန်လာရင် ခင်ဗျားသွားလေ"
ထိုအချိန်အတွင်းမှာ သူတို့ နှစ်ယောက်လုံး pheromonesတွေကို အနားပေးနိုင်သလို သူတကယ်လည်း ကိုယ်လက်ဆေးကြောချင်နေသည်။ ဒီနေ့တစ်နေလုံး ဖြတ်သန်းပြီးတဲ့နောက် သူ့တစ်ကိုယ်လုံးစေးကပ်ပြီး မသက်မသာဖြစ်နေလေပြီ။
"အဲ့ဒါ အရမ်း အန္တာရယ်များတယ်".
စုလင်း:"ကျွန်တော် လက်နက်တွေနဲ့ အင်းစက်ပြေးပိုးသတ်ဆေးမှုန့်တွေယူသွားလိုက်ပါ့မယ်။ တစ်ခုခုဆိုလည်း ကျွန်တော် ခင်ဗျားကို ဆက်သွယ်လိုက်မယ်"
သူက ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"ကျွန်တော်တို့ တစ်ချိန်လုံး တစ်ယောက်မြင်ကွင်းရှေ့တစ်ယောက် ရှိနေလို့မရဘူးလေ"
ကုလီဟန်က သူတို့ရဲ့ လိင်အမျိုးအစားကို တွေးလိုက်မိပြီး စုလင်း ပြောတာကို လက်ခံလိုက်သည်။
"ကောင်းပြီ"
စုလင်း သူ့လက်ကောက်မှ မီးကို ဖွင့်လိုက်ပြီး လက်ထဲမှာ ဆေးမှုန့်ဖြန်းဆေးဘူးကို ကိုင်ထားကာ မြစ်ဆီထွက်လာခဲ့သည်။ မြစ်က မကျယ်လှသော်လည်း ရှည်လျားလှပေသည်။ မြစ်အဆုံးနှစ်ဖက်ကို လှမ်း၍ပင်မမြင်နိုင်ချေ။ ရေမျက်နှာပြင်ပေါ်တွင် အရိပ်ထင်နေသော သစ်ပင်တွေကြောင့် အနက်ရောင် အစက်အပျောက်တွေဖြစ်နေကာ ရေရဲ့အောက်ခြေကိုပင် လှမ်းမြင်မရပေ။ စုလင်း ဆေးမှုန့်တွေကို သူ့ပတ်ပတ်လည်ကိုဖြန်းလိုက်တော့ မြက်တွေထဲမှာ ပုန်းအောင်းနေသည့် အင်းစက်များ လျင်မြန်စွာ ထွက်ပြေးကုန်ကြသည်။ မြစ်ကမ်းပါးမှာ ထိုင်လိုက်ပြီး စုလင်း ရေကို လက်ခုပ်ဖြင့်ယူကာ ကြည့်လိုက်တော့ ရေ၏အရည်အသွေးက ကောင်းလှပေသည်။ သူက သူ့အင်္ကျီလက်တွေကို လိပ်တင်ကာ လက်တွေကိုဆေးလိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်းကာ မျက်နှာသစ်လိုက်တော့ နေရတာ ပိုကောင်းသွားပေသည်။ အဲ့ဒီနောက် သူက Isolator ကို ဖြုတ်ကာ လည်ပင်းအနောက်ကို ရေစွတ်ထားသော မျက်နှာသုတ်ပုဝါဖြင့် သုတ်လိုက်သည်။ သက်တောင့် သက်သာဖြစ်မှုကြောင့် သူ့မျက်ဝန်းများမှေးစင်းသွားရပြီး သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။
မကြာခင်မှာပဲ သူ့Pheromonesနံ့က လေထုထဲ လွင့်ပျံ့လာသည်။ သူက နှာခေါင်းကို ရှုံလိုက်ပြီး မျက်နှာသုတ်ပုဝါကို လျှော်ဖို့ ခါးကိုင်းလိုက်သည်။ သူ ပြန်ထလိုက်ချိန်တွင် ရေမျက်နှာပြင်က အလင်းပြန်နေပေသည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားရပြီး သူချက်ချင်းပဲ ထိုနေရာကို သေချာကြည့်လိုက်သည်။ သူနဲ့ ၂မီတာတောင် မဝေးသည့် နေရာတွင် မျက်လုံး တစ်စုံ ရှိနေပေသည်။ နောက်တစ်စက္ကန့်အတွင်းမှာပဲ ထိုမျက်လုံးတွေက ရေထဲကနေ အနည်းငယ်မျှ မြင့်တက်လာခဲ့ပြီး ထို သတ္တဝါရဲ့ ခန္ဓာကိုယ်တစ်ဝက်ကို လှစ်ဟပြလာသည်။ ထို ရှည်လျားသည့်ပါးစပ်၊ ချွန်မြသည့်သွားများ၊ အမြီးရှည်နှင့် တွန့်ခေါက်နေသော အရေပြားများက သူမြေကမ္ဘာမှာမြင်ဖူးသည့်နှင့် အနည်းငယ် ကွဲပြားနေသော်လည်း သေချာပေါက်ကို မိချောင်း တစ်ကောင်ဖြစ်သည်။
စုလင်း မျက်လုံးများ ပြူးကျယ်လာကာ သူ့နှလုံးတစ်ခုလုံး လည်ချောင်းထံ ခုန်ထွက်လာသလိုပင်။
"အားးးးး!"
သူချက်ချင်း နောက်ပြန်လှည့်ပြေးပြီး သူ့ရဲ့ စိတ်ခံစားချက် အတက်အကျကြောင့် သူ့ရဲ့Pheromonesနံ့ကလည်း ပိုပြင်းထန်လာခဲ့သည်။ ထိုမိချောင်းက သူ့အမြီးကိုမြှောက်ပြီး ရေပြင်ကို ရိုက်ကာ ၎င်းရဲ့ခန္ဓာကိုယ်ကို ထဲတွင် ရပ်တန့်သွားပြီး ကို့ရို့ကားယားကိုယ်ဟန်ဖြင့် လေထဲမှာ ၁၈၀ဒီဂရီ လှည့်လိုက်သည်။ ၎င်းက ရေမျက်နှာပြင်ပေါ် ပြန်ကျသွားပြီး အထိတ်တလန့်ဖြင့် အရှိန်တင်ကာ တစ်ဖက်ကမ်းခြေဆီကို သူ့အသက်က ဒီအပေါ်တွင် မှီခိုနေရသလို သုတ်ခြေတင်ပြေးတော့ပေသည်။ တစ်ချိန်တည်းမှာပဲ မြစ်ပြင်ပေါ်မှာ တိရိစ္ဆာန်ရုံဖွင့်ထားသကဲ့သို့ တိရိစ္ဆာန်ပေါင်းများစွာက ရုတ်တရက်ကြီးပေါ်လာခဲ့သည်။ ထို့နောက်တွင် အထိတ်တလန့် ထပြေးကြသည်မှာ ရေပြင်တွင် လှိုင်းများက ထနေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
စုလင်း: "......"
သူတို့က ဘာလို သရဲ မြင်လိုက်ရသလို ထပြေားကြရတာတုန်း?
ဒီအဖြစ်အပျက်က သူ့နှလုံးသားကို တင်းကျပ်သွားစေခဲ့သည်။
ပိုအင်အားကြီးတဲ့ တစ်ကောင်ကောင် လာနေလို့လား?
သူတွေးနေစဥ်မှာပင် သူ့နောက်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ စုလင်း လှည့်ကြည့်လိုက်တော့ မီးရောင်က သူ့ပေါ်ဖြာကျလာသည်။ ထို့နောက် ကုလီဟန်က သူ့ဘေးတွင် ရပ်ကာ
"မင်း ဘယ်နားထိခိုက်သွားသေးလဲ?"
စုလင်း ခေါင်းယမ်းလိုက်ပြီး
"ဟင့်အင်း ကျွန်တော် နည်းနည်းလန့်သွားတာ"
စုလင်းပြောရင်းနဲ့ ကုလီဟန်ရဲ့ စိတ်မကောင်းစရာဖြစ်နေသည့် သွင်ပြင်ကို သတိထားမိလိုက်သည်။ သူ့ရဲ့ပုခုံးတွေပေါ်မှာ သစ်ရွက်တွေနှင့်အမျိုးအမည်မသိနိုင်သော ငှက်မွေးများရှိနေသည်။ သူ့အဝတ်တွေက တွန့်ကြေနေကာ သူ့ရဲ့အနက်ရောက် စစ်ဘက်သုံး ဖိနပ်မှာ ရွံ့တွေနဲ့ မြက်ပင်အစအနတွေ ကပ်နေပေသည်။ ထို့အပြင် သူ့ဖိနပ်တွေပေါ် တိရိစ္ဆာန်ခြေရာများကို ထင်ထင်ရှားရှားတွေ့နေရသည်။ စုလင်း ကုလီဟန်ရဲ့လက်ကောက်ဝတ်ကို ဆွဲကာ မေးလိုက်သည်။
"ခင်ဗျား ဘာဖြစ်လာတာလဲ? ခိုက်မိလာတာလား?"
ကုလီဟန်က မျက်မှောင် ခပ်ဖွဖွကြုတ်ကာ
"မဟုတ်ပါဘူး။ ကိုယ် မင်းအော်သံကြားလို့ အမြန်ပြေးလာတာ။ လမ်းမှာ ကြောက်လန့်နေတဲ့ တိရိစ္ဆာတ်တွေအုပ်လိုက်ကြီးနဲ့တွေ့ပြီး သူတို့ထဲက တစ်ချို့အေကာင်တွေနည်းနည်းနဲ့ တိုက်မိလာတာ"
သူ့ရဲ့ပုံပန်းသဏ္ဍာန်က အကောင်နည်းနည်းနဲ့ တိုက်မိသည်နှင့် လုံးဝ မတူပေ။
ကုလီဟန်က ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး
"ဘာဖြစ်သွားတာလဲ? မင်း သားရဲရိုင်းတစ်ကောင် ကောင်နဲ့တွေ့လိုက်တာလား?"
ငှက်များနှင့် အင်းစက်များ အကုန်လုံး ထွက်ပြေးသွားကြပြီဖြစ်သည်။ သူတို့နှစ်ယောက်မှလွဲ၍ အခြး သက်ရှိ မရှိတော့သဖြင့် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ စုလင်းက ခေါင်းယမ်းလိုက်သည်။ သူက ကုလီဟန်ကို မြင်လိုက်ရပြီးသည့်နောက် စိတ်သက်သာရာရခဲ့သည်။ သူစိတ်သက်သာရာရသွားသည့်နှင့် သူ့အာရုံက လက်ရှိကိုပြန်ရောက်လာပြီး သူတစ်စုံတစ်ခုကို သတိထားမိလိုက်သည်။
အနံ့အရမ်းဆိုးနေတယ်
မျက်မှောင်ကြုတ်လိုက်ပြီး သူ့Isolatorကိုပြန်တပ်လိုက်သည်။ သူ့ရဲ့လက်က သူ့လည်ပင်းအနောက်ကို ရောက်သည်နှင့် သူ ဘာလုပ်နေလဲဆိုတာကို သတိထားမိလိုက်ပြီး ကုလီဟန်ကို မော့ကြည့်လိုက်သည်။
ကုလီဟန်ရဲ့ အမူအယာက နည်းနည်းလေး မပြောင်းလဲသည်မှာ ဘာအနံ့မှ မရနေသလိုပင်။ ထို့ကြောင့် စုလင်း မမေးဘဲ မနေနိုင်ချေ။
"ခင်ဗျား အနံ့ခံအာရုံက ပြသာနာ တစ်ခုခုရှိနေတာလား?"
ကုလီဟန်: "မဟုတ်ပါဘူး"
စုလင်း သက်ပြင်းချလိုက်ပြီး
"ခင်ဗျားက သည်းခံနိုင်စွမ်းမြင့်တာပဲ"
ထို့နောက် စုလင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် ထင်တာတော့ တိရိစ္ဆာန်တွေ ဒီလို ထူးထူးဆန်းဆန်း ပြုမူကုန်ရတဲ့အကြောင်းအရင်းက ကျွန်တော့် Pheromones ကြောင့် ဖြစ်မယ်ထင်တယ်"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue's note
ဒီတစ်ပိုင်း Update ကြာသွားတာတောင်းပန်ပါတယ်။ Test အသေးစားတွေနဲ့ Homeworkတွေအများကြီးပိနေလို့ပါ။ ဒီတစ်ပိုင်း ခုရိုက်ပြီး ခုတင်ပေးလိုက်တာ မလို့ စာလုံးပေါင်း မစစ်လိုက်ရဘူး။ အမှားပါရင်း ခွင့်လွှတ်ပေးပါ💗
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue's Freesia 🦋
//ZAWGYI//
အခန္း ၂၁ - ညအိပ္ရန္
စုလင္း ခႏၶာကိုယ္တစ္ခုလုံး မ်ဥ္းေျဖာင္းတစ္ေၾကာင္းလိုပင္ ေတာင္တင္းသြားသည္။ ကုလီဟန္ရဲ႕လက္ကို ကိုင္ထားတဲ့ သူ႕ရဲ႕လက္ေတြကလည္း မသိလိုက္ဖာသာနဲ႔ ပို၍ တင္းတင္း ဆုပ္ကိုင္မိလိုက္သည္။ စိတ္ပိုင္းဆိုင္ရာ တင္းမာမႈေၾကာင့္ Pheromones ေတြထုတ္လႊတ္ခ်င္ေသာ္လည္း Isolator နဲ႔ ဖုံးအုပ္ထားတာေၾကာင့္ သူ႕လည္ပင္းအေနာက္ တစ္ခုလုံး ျပည့္သိပ္တင္းက်ပ္လာခဲ့သည္။
ကုလီဟန္က သူတို႔ ပတ္ပတ္လည္က သားရဲေတြကို တစ္ခ်က္ ၾကည့္လိုက္ၿပီး သူ႕အသံကလည္း တည္ၿငိမ္ေနခဲ့သည္။
"သူတို႔က အနံ႔ရဲ႕ ဆြဲေဆာင္မႈ ခံလိုက္ရတာ"
စုလင္းက သူ႕အသံေၾကာင့္ သားရဲေတြကို လွန္႔မိသလို ျဖစ္မွာစိုးတဲ့အတြက္ ကုလီဟန္ရဲ႕ေနာက္ေက်ာနားေလးအထိ သူ႕ကိုယ္သူ ႏွိမ့္လိုက္ၿပီး ေလသံေလးနဲ႔ကပ္ေျပာလိုက္သည္။
"ကြၽန္ေတာ္ စိတ္ဝိညာဥ္ပင္ေတြ ျပန္ဖယ္လိုက္ရမလား?"
ကုလီဟန္ သူ႕ေနာက္ေက်ာဘက္မွ ပူေႏြးစြတ္စိုတဲ့ ခံစားခ်က္ေသးေသးေလးကို ခံစားလိုက္ရသည္။ ထိုယားက်ိက်ိ ခံစားမႈက သူ႕လက္ေမာင္းတစ္ေလွ်ာက္မွ လက္ဖဝါးအထိကို ထုံက်င္သြားေစခဲ့သည္။ ကုလီဟန္ရဲ႕ ပုခုံးႏွစ္ဖက္ဟာ လႈပ္႐ွားသြားရသည္။
"မလုပ္နဲ႔ အနံ႔ေပ်ာက္သြားတာနဲ႔ သူတို႔ရဲ႕အာ႐ုံက ကိုယ္တို႔ဆီ ေရာက္လာလိမ့္မယ္။"
သူတို႔၂ဦးဟာ စြမ္းရည္ျမင့္မားတဲ့ အစိမ္းေရာင္ ႐ုပ္ဖ်က္ဝတ္စုံကို ဝတ္ဆက္ထားခဲ့ေပမယ့္ စိတ္ဝိညာဥ္ပင္ေတြက သူတို႔ရဲ႕ေဘးကပ္ရက္မွာ ျဖစ္သည္။ စိတ္ဝိညာဥ္ပင္ေတြ ဆီမွာ အျပည့္အဝ ဖမ္းစားခံေနရတဲ့ သားရဲေတြရံ႕အာ႐ုံစိုက္ေနၾကမႈေၾကာင့္ ႐ုတ္တရက္သာ အနံ႔ေပ်ာက္သြားမယ္ဆိုရင္ သူတို႔၂ဦး ဟာ အရမ္းပဲ သိသာထင္႐ွားသြားမွာ ျဖစ္သည္။ ကုလီဟန္က လ်င္ျမန္စြာပဲ ဆုံးျဖတ္ခ်က္ ခ်လိုက္သည္။
"၁၀စကၠန္႔ ေနတာနဲ႔ ကိုယ္တို႔ ပတ္ပတ္လည္ကို မီခိုးဗုံးေတြ ပစ္လိုက္မယ္။ အဲ့ဒီအခ်ိန္မွာ မင္းက စိတ္ဝိညာဥ္ပင္ေတြကို သိမ္းလိုက္။ ၿပီးတာနဲ႔ ကိုယ္တို႔ ေနာက္တစ္ေနရာ ေ႐ြ႕ၾကမယ္"
စုလင္း သေဘာတူတဲ့ အေနႏွင့္ အသံျပန္ျပဳလိုက္သည္။ ထို႔ေနာက္ သူက စိတ္ဝိညာဥ္ပင္ေတြကို စိုက္ၾကည့္ေနရင္း လက္ကိုေျမႇာက္ၿပီး ေငြၾကယ္သီးေလးကို ထိဖို႔ အသင့္ျပင္ထားလိုက္သည္။
စကၠန္႔ အနည္းငယ္ၾကာေသာ္ ကုလီဟန္က
"အခုပဲ!"
ကုလီဟန္ရဲ႕ စကားဆုံးတာနဲ႔ သူ႕လက္ဖဝါးထဲမွာ အနက္ေရာင္ ပုလဲလုံးလို အလုံးေလးေတြ ေပၚလာသည္။ သူက ေျခေထာက္ေတြကို အသာေလး ေ႐ြ႕ကာ သူ႕လက္ထဲက အလုံးေလးေတြကို ေနရာအႏွံ႔ ပစ္လိုက္ေတာ့သည္။ ခ်က္ခ်င္းဆိုသလိုပင္ ထူထပ္သည့္ အျဖဴေရာင္မီးခိုးထုႀကီးက သူတို႔ပတ္လည္တြင္ ေပၚေပါက္လာခဲ့ၿပီး စုလင္းကလည္း လ်င္ျမန္စြာႏွင့္ စိတ္ဝိညာဥ္ပင္းမ်ားကို သိုေလွာင္ေနရာလြတ္ထဲကို ျပန္သိမ္းလိုက္သည္။ သားရဲမ်ိဳးစုံရဲ႕ အသံေတြနဲ႔ ဖ႐ိုဖရဲ ေျခသံေတြကို မီးခိုးထုေတြၾကားမွ ၾကားေနရသည္။ ခဏေလာက္ နားေထာင္ၿပီးသည့္ေနာက္ ကုလီဟန္က ဓါတ္ေငြ႕ကာ maskတစ္ခု ထုတ္ၿပီး စုလင္းကိုေပးလိုက္ကာ ေတာင္အရပ္ကို ဆက္ထြက္လာခဲ့သည္။
ခဏမွ်ၾကာၿပီးေနာက္ ၂ဦးသားဟာ မီးခိုးထုရဲ႕အလယ္အထိ ေရာက္လာခဲ့ၾကၿပီး သားရဲေတြအကုန္လုံးလည္း ထြက္ေျပးသြားၾကၿပီ ျဖစ္သည္။ ပတ္ဝန္းက်င္တစ္ခုလုံး အျဖဴေရာင္ မီးခိုးေတြ ဖုံးလႊမ္းေနၿပီး တစ္ဦးကို တစ္ဦးမွအပ မည္သည္ကိုမွ် မျမင္ရၾကေခ်။ သို႔ေသာ္လည္း ထိုအေျခအေနက ခဏသာ ၾကာေလသည္။ သူတို႔ မီးခိုးေတြကို ျဖတ္ေက်ာ္ၿပီးခ်ိန္တြင္ေတာ့ သူတို႔ရဲ႕ အျမင္အာ႐ုံကို ျပန္လည္ အသုံးခ်ႏိုင္လာသည္။ သူတို႔ ပတ္ဝန္းက်င္တစ္ခုလုံး ႐ႈပ္ယွက္ခတ္ေနခဲ့သည္။ ေနရာတိုင္းမွ သစ္႐ြက္ေတြ ျပန္႔က်ဲေနခဲ့ၿပီး အပင္ငယ္ေလးေတြက နင္းေခ်ခံထားရသည္မွာ ထြက္ေျပးသြားသည့္ သားရဲမ်ား၏လက္ခ်က္မွန္း ထင္႐ွားလွေပသည္။
စုလင္း Maskကို ခြၽတ္လိုက္ၿပီး ပတ္ပတ္လယ္ကို လိုက္ၾကည့္လိုက္သည္။ ခပ္ေဝးေဝးမွာ ေျပးလႊားေနၾကသည့္ သားရဲတစ္ခ်ိဳ႕ကိုပင္ ျမင္ႏိုင္ေသးသည္။
"တကယ္လို႔ ကြၽန္ေတာ္က စိတ္ဝိညာဥ္ပင္ေတြ ထုတ္လိုက္ရင္လည္း အနံ႔က သူတို႔ကို ဆြဲေဆာင္ျပန္ဦးမယ္။ ကြၽန္ေတာ္ ဘာလုပ္ရမလဲ"
ကုလီဟန္: " အခုလိုပဲ ထပ္လုပ္ၾကတာေပါ့"
စုလင္း ကုလီဟန္ကို ေမာ့ၾကည့္လိုက္သည္။ ကုလီဟန္ရဲ႕ အမူအယာက ပုံမွန္အတိုင္းပဲ တည္ၿငိမ္ေနခဲ့ၿပီး နည္းနည္းေလးမွ ထိန္႔လန္႔မေနခဲ့ေပ။ ထိုအရာက စုလင္း သိခ်င္စိတ္ ျဖစ္လာေစသည္။
ဒါ ကုလီဟန္ သူ႕ရဲ႕စိတ္ကိုက တည္ၿငိမ္ေနလို႔လား ဒါမွမဟုတ္ သူ႕မွာ မူမမွန္တဲ့ မ်က္ႏွာအမူအယာ ႐ွိေနတာလား
စုလင္း: "ခင္ဗ်ား မေၾကာက္ဘူးလား?"
ကုလီဟန္ စုလင္းရဲ႕ အသက္႐ႈႏႈန္းက ပုံမွန္ထက္ျမန္ေနတာကို ၾကားလိုက္ရသည္။ သူက တည္ၿငိမြစြာပဲ ႏွစ္သိမ့္လိုက္သည္။
"မေၾကာက္ပါနဲ႔။ ကိုယ္တို႔မွာ လက္နက္ ကိရိယာလည္း အစုံ႐ွိတယ္။ ၿပီးေတာ့ တစ္ခုခုဆို အခ်ိန္မေ႐ြးလာကူေပးမယ့္သူလည္း ႐ွိတယ္ေလ။ ကိုယ္တို႔ လုံျခဳံပါတယ္"
စုလင္းက သူ႕ ရင္ဘတ္ေလးကို လက္ျဖင့္သပ္ကာ အသက္႐ႈႏႈန္းကို ႀကိဳးစားထိန္းညႇိလိုက္သည္။ သူက ရယ္လိုက္ရင္း
"ကံေကာင္းစြာနဲ႔ပဲ ဒီခရီးမွာ ခင္ဗ်ား ကြၽန္ေတာ္နဲ႔အတူလိုက္ေပလို႔ေပါ့။ ကြၽန္ေတာ္က ဒီခရီးကို အရမ္း ႐ိုး႐ွင္းမယ္ထင္ၿပီး အႏၲရာယ္ကို ေလ်ာ့တြက္မိခဲ့တာ"
ကုလီဟန္:"ကိုယ္မပါရင္ေတာင္ မင္း ေသခ်ာ ေကာင္းေကာင္း ျပင္ဆင္ထားမွာပဲ။ မင္းရဲ႕ အစီအစဥ္က အရမ္းေစ့စပ္တယ္"
ခရီးစဥ္ကို ၾကည့္ၿပီးကတည္းက ဒီေကာင္ငယ္ေလး ေကာင္းေကာင္းလုပ္ႏိုင္မွာ ေသခ်ာေသာ္လည္း စုလင္းအေနနဲ႔ ပစၥည္းေတြ ဝယ္ဖို႔ ေငြလိုအပ္ေပလိမ့္မည္ဆိုတာကိုလည္း ကုလီဟန္ သိေလသည္။
ႏွစ္ဦးသား ေတာင္ဘက္စူးစူးကို ဆက္ထြက္လာခဲ့ၾကၿပီး စိတ္ဝိညာဥ္ပင္ေတြကို နာရီဝက္တစ္ခါတိုင္း ၅မိနစ္မွ်ထုတ္ေပးခဲ့ၾကသည္။ ထိုအခ်ိန္တိုင္း သားရဲေတြက ရနံ႔ရဲ႕ဆြဲေဆာင္မႈေၾကာင့္ သူတို႔ဆီခ်ဥ္းကပ္လာၾကသည္။ အစကေတာ့ စုလင္း ထိတ္လန္႔ေနမိေသာ္လည္း အႀကိမ္အနည္းငယ္႐ွိလာေတာ့ သူလည္း တျဖည္းျဖည္း တည္ၿငိမ္လာခဲ့သည္။
ေကာင္းကင္တခြင္မွ အလင္းေရာင္က ေမွာင္စျပဳလာေသာအခါ သူတို႔၂ေယာက္ ေရရႏိုင္သည့္ေနရာႏွင့္ မနီးမေဝးတြင္ ကြင္းျပင္တစ္ခုကို ေတြ႕ခဲ့ၾကၿပီး အနားယူဖို႔ျပင္ခဲ့ၾကသည္။ ကုလီဟန္က အင္းစက္ေတြရန္နဲ႔ စြတ္စိုမႈမွ ကာကြယ္ဖို႔ အထူးခ်ဳပ္ထားသည့္ အစိမ္းေရာင္ တစ္ေယာက္အိပ္ ႐ြက္ဖ်င္တဲ၂ခုကို ထုတ္ယူလိုက္သည္။ ကုလီဟန္က ႐ြက္ဖ်င္တဲေတြကို ခင္းေနသည့္အခ်ိန္တြင္ စုလင္းက ကူညီခ်င္ေသာ္လည္း ကုလီဟန္က စကားလုံးအခ်ိဳ႕ျဖင့္ ဟန္႔တားလိုက္သည္။
"မင္းက သြားၿပီး ကိုယ္တို႔ စားဖို႔အတြက္ပဲ ျပင္ပါ"
ထို႔ေၾကာင့္ စုလင္းက ကုလီဟန္ေဘးတြင္ ဝင္ထိုင္လိုက္ၿပီး အပူေပးရသည့္ အသင့္စား ထမင္းဘူးထုတ္ အထုတ္ႀကီး၁ထုတ္ႏွင့္ အထုတ္ေသး၂ထုတ္ကို ထုတ္လိုက္သည္။ ထမင္းဘူးေတြ က်က္လာသည္ကို ေစာင့္ရင္း ကုလီဟန္ ႐ြက္ဖ်င္တဲေတြနဲ႔ အလုပ္႐ႈပ္ေနတာကို စုလင္း ထိုင္ၾကည့္ေနမိသည္။ ကုလီဟန္ကအလြန္ကို လ်င္ျမန္စြာ လုပ္ေနပုံမွာ ႐ြက္ဖ်င္တဲေတြရဲ႕တည္ေဆာက္ပုံနဲ႔ ေကာင္းေကာင္းရင္းႏွီးတာ ထင္႐ွားေပသည္။ အခ်ိန္ခဏအတြင္းမွာပဲ သူတို႔ရဲ႕ ႐ြက္ဖ်င္တဲေတြ ေနရာခင္းတာ ၿပီးသြားသလို စားစရာေတြလည္း က်က္သြားေပသည္။
စုလင္းက ကုလီဟန္ကို ထမင္းဘူးႀကီး ၂ဘူးကို ကမ္းေပးရင္း ေမးလိုက္သည္။
"ခင္ဗ်ား ဒီေလာက္ဆို ဝလား?"
အတူတူေနခဲ့သည့္ တစ္ေလွ်ာက္လုံး သူေလ့လာၾကည့္သေလာက္ေတာ့ ကုလီဟန္ရဲ႕ အစာစားခ်င္စိတ္က သူ႕ထက္ အမ်ားႀကီး ပိုေပသည္။ ယခု ေပးလိုက္သည့္ အခ်ိဳးအစားက ေနလည္စာစားခ်ိန္တြင္ ကုလီဟန္စားခဲ့သည့္ ပမာဏအတိုင္း ျပင္ထားျခင္းျဖစ္သည္။
ကုလီဟန္က စားစရာဘူးေတြကို ၾကည့္လိုက္ၿပီး ျပန္ေျဖသည္။
"ရတယ္ ဝပါတယ္"
သူက စုလင္းေဘးမွာ ထိုင္လိုက္ၿပီး စုလင္းရဲ႕ေဝစုကို ၾကည့္ၿပီး ထပ္ေျပာလာသည္။
"ဒီမွာ စားစရာေတြအမ်ားႀကီးပဲ မင္းထပ္စားလို႔ရတယ္"
စုလင္းက ေခါင္းယမ္းလိုက္ၿပီး
"ကြၽန္ေတာ္ ဒီေလာက္ဆို ဝၿပီရယ္"
ကုလီဟန္က သူ႕ရဲ႕ ထမင္းဘူးကို ေဖာက္လိုက္ရင္း
"မင္းက ဒီေလာက္ဆို ေတာ္ေတာ္ပိန္ေနပါၿပီ။ အစာစားကို ထိန္းဖို႔ မလိုပါဘူး"
စုလင္း မ်က္ေတာင္ေလးမ်ား ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ႐ွက္ကို႔႐ွက္ကန္းျဖင့္ ျပန္ေျဖလိုက္သည္။
"ကြၽန္ေတာ္႕ရဲ႕ စားခ်င္စိတ္ကိုက ဒီေလာက္ပဲ ႐ွိတာ။ ကြၽန္ေတာ္ ဝိတ္ခ်ေနတာ မဟုတ္ဘူးရယ္"
[TN-ဒီက ေလတိုက္တိုင္းဝခ်င္ေနလို႔ ညစာမစားတဲ့ Translator မမႀကီးက ဗိုက္ဆာဆာနဲ႔ ငိုေနၿပီ]
ကုလီဟန္က သူ႕ကို ၾကည့္လာၿပီး
"အဲ့ဒါ ေကာင္းတယ္"
သူက ခဏရပ္လိုက္ၿပီး ေခါင္းေလးေစာင္းငဲ့ကာ ဆက္ေျပာလာသည္။
"ဘာလို႔ Omegaေတြ အၿမဲတမ္း ဝိတ္က်ခ်င္ေနၾကမွန္း ကိုယ္တကယ္နားမလည္ဘူး"
စုလင္းက သူ႕ရဲ႕ ေသးသြယ္သည့္ လက္ေကာက္ဝတ္ေလးကို လႈပ္လိုက္ရင္း
"ကြၽန္ေတာ္လည္း နားမလည္ဘူးရယ္"
သူက ေခါင္းေလးငဲ့ၾကည့္ရင္း ျပဳံးလိုက္သည္။
"ျဖစ္ႏိုင္တာက ေလတိုက္ရင္ လမ္းေလွ်ာက္ရတာ ပိုလြယ္ေအာင္လို႔ ေနမွာ"
ကုလီဟန္ ျပဳံးလိုက္ေတာ့ မ်က္ဝန္းေတြ ေကြးၫြတ္သြားၿပီး မသိလိုက္ဘဲ ႏႈတ္ခမ္းေထာင့္စြန္းေတြပါ ေကြးတက္လာသည္။
"သိပ္စိတ္ဝင္စားဖို႔ေကာင္းတဲ့ အဆိုပဲ"
စုလင္းက လက္ထဲက တူကို ခပ္တင္းတင္း ဖိညႇစ္လိုက္မိၿပီး သူ႕မ်က္ဝန္းထဲက ခံစားမႈေတြကို ခ်ဳပ္တည္းလိုက္သည္။ သူ႕ရဲ႕ ထမင္းဘူးကိုပဲ ငုံ႔ၾကည့္လိုက္ၿပီး ဟင္းလ်ာေတြနဲ႔ ထမင္းနဲ႔ကို ေရာေမႊေနလိုက္သည္။ ထို႔ေနာက္ သူက မ်က္ဝန္းေကြးေကြးေလးမ်ားျဖင့္ ထပ္ေျပာလိုက္သည္။
"အက်ိဳးေၾကာင္းသင့္တယ္ေနာ္ ဟုတ္တယ္မလား?"
စုလင္း ကုလီဟန္ရဲ႕ အျပဳံးကို ျမင္လိုက္ၿပီးေနာက္ သဘာဝက်က် တည္ၿငိမ္သလို ဟန္ေဆာင္လိုက္ႏိုင္သည္ဟု ခံစားမိသည္။ သို႔ေသာ္လည္း သူ႕စိတ္ထဲမွာ ကုလီဟန္ သူ႕ကိုယ္သူ သတိထားမိသြားမွာကို စိုးရိမ္သည့္အတြက္ စကားလြဲလိုက္သည္။
"ဒီအသင့္စားထမင္းဘူးေတြမွာ အရသာေတြ အမ်ိဳးမ်ိဳး႐ွိတယ္။ ဘယ္အရသာကို ခင္ဗ်ားအႀကိဳက္ဆုံးလဲ?"
ကုလီဟန္ :"ဘယ္ဟာမဆို အဆင္ေျပပါတယ္"
စုလင္း ေခါင္းေလးေစာင္းၿပီး ကုလီဟန္ကို ၾကည့္လိုက္ၿပီး
"အစားေခ်းမ်ားတဲ့သူမဟုတ္ဘူးေပါ့ ဟမ့္? အက်င့္ေကာင္းပဲ!"
သူတို႔၂ဦးလုံး စားၿပီးသြားခ်ိန္တြင္ ကုလီဟန္က သူတို႔ရဲ႕ ထမင္းဘူးေတြနဲ႔ အသီးအ႐ြက္ အက်န္ေတြကို ေျမျမႇပ္ပစ္လိုက္သည္။
သစ္ေတာက အလြန္ စြတ္စိုေနေပသည္။ စုလင္း ညစာစားၿပီးတဲ့ေနာက္မွာ အနည္းငယ္ပူလာသလိုေတာင္ ခံစားခဲ့ရၿပီး သူ႕အသားေလးေတြက အပူေၾကာင့္ နီရဲလာေပသည္။ သူက သူ႕ဂ်က္ကတ္ရဲ႕ ဇစ္ကို ဆြဲဖြင့္လိုက္ၿပီး သူ႕မ်က္ႏွာေ႐ွ႕မွာ လက္ေတြျဖင့္ ယပ္ခတ္ေနလိုက္သည္။ သို႔ေသာ္လည္း ေနရတာ အဆင္မေျပျဖစ္ေနဆဲ ျဖစ္ၿပီး အထူးသျဖင့္ သူ႕ လည္ပင္းအေနာက္ဘက္က ျဖစ္သည္။ ဤသည္မွာ Isolator ကိုအခ်ိန္အၾကာႀကီး တပ္ထားတာေၾကာင့္ ျဖစ္သည့္ ပုံမွန္ တုန္႔ျပန္မႈပဲ ျဖစ္သည္။ သူ႕ရဲ႕ လည္ပင္းအေနာက္ဘက္ကို ထိလိုက္ရင္း Alpha ေတြလည္း ညဆိုရင္ Isolator ျဖဳတ္ထားဖို႔လိုတာကို စုလင္း ႐ုတ္တရက္သတိရလိုက္သည္။ Alphaနဲ႔ Omegaၾကားက အျပန္အလွန္ ဆြဲေဆာင္မႈေၾကာင့္သာမဟုတ္ရင္ Isolator ျဖဳတ္ထားတာက ခႏၶာကိုယ္အတြက္ပိုေကာင္းေပသည္။
ကုလီဟန္က သူ႕ရဲ႕ လႈပ္႐ွားမႈကို သတိျပဳလိုက္မိၿပီး
"မင္း Isolator ျဖဳတ္သင့္တယ္"
စုလင္း:"ခင္ဗ်ားေကာပဲ ျဖဳတ္ထားသင့္တယ္"
ကုလီဟန္:"ကိုယ္က ရတယ္"
စုလင္း မယုံေသာ္လည္း ကုလီဟန္ရဲ႕ စိုးရိမ္မႈကို နားလည္ေပသည္။ ေနာက္ဆုံးက်ေတာ့ သူက ကုလီဟန္ရဲ႕ Pheromones ေတြကို တုန္႔ျပန္မိေပလိမ့္မည္။ ခဏမွ်ေတြးေတာခ်င့္ခ်ိန္ၿပီးေနာက္ စုလင္း ဘယ္ဘက္ကို လက္ညိဳးထိုးလိုက္ၿပီး
"ကြၽန္ေတာ္ ျမစ္ဆီသြားၿပီး ကိုယ္လက္သန္႔စင္လိုက္ဦးမယ္။ ကြၽန္ေတာ္ျပန္လာရင္ ခင္ဗ်ားသြားေလ"
ထိုအခ်ိန္အတြင္းမွာ သူတို႔ ႏွစ္ေယာက္လုံး pheromonesေတြကို အနားေပးႏိုင္သလို သူတကယ္လည္း ကိုယ္လက္ေဆးေၾကာခ်င္ေနသည္။ ဒီေန႔တစ္ေနလုံး ျဖတ္သန္းၿပီးတဲ့ေနာက္ သူ႕တစ္ကိုယ္လုံးေစးကပ္ၿပီး မသက္မသာျဖစ္ေနေလၿပီ။
"အဲ့ဒါ အရမ္း အႏၲာရယ္မ်ားတယ္".
စုလင္း:"ကြၽန္ေတာ္ လက္နက္ေတြနဲ႔ အင္းစက္ေျပးပိုးသတ္ေဆးမႈန္႔ေတြယူသြားလိုက္ပါ့မယ္။ တစ္ခုခုဆိုလည္း ကြၽန္ေတာ္ ခင္ဗ်ားကို ဆက္သြယ္လိုက္မယ္"
သူက ခဏရပ္လိုက္ၿပီးမွ ဆက္ေျပာသည္။
"ကြၽန္ေတာ္တို႔ တစ္ခ်ိန္လုံး တစ္ေယာက္ျမင္ကြင္းေ႐ွ႕တစ္ေယာက္ ႐ွိေနလို႔မရဘူးေလ"
ကုလီဟန္က သူတို႔ရဲ႕ လိင္အမ်ိဳးအစားကို ေတြးလိုက္မိၿပီး စုလင္း ေျပာတာကို လက္ခံလိုက္သည္။
"ေကာင္းၿပီ"
စုလင္း သူ႕လက္ေကာက္မွ မီးကို ဖြင့္လိုက္ၿပီး လက္ထဲမွာ ေဆးမႈန္႔ျဖန္းေဆးဘူးကို ကိုင္ထားကာ ျမစ္ဆီထြက္လာခဲ့သည္။ ျမစ္က မက်ယ္လွေသာ္လည္း ႐ွည္လ်ားလွေပသည္။ ျမစ္အဆုံးႏွစ္ဖက္ကို လွမ္း၍ပင္မျမင္ႏိုင္ေခ်။ ေရမ်က္ႏွာျပင္ေပၚတြင္ အရိပ္ထင္ေနေသာ သစ္ပင္ေတြေၾကာင့္ အနက္ေရာင္ အစက္အေပ်ာက္ေတြျဖစ္ေနကာ ေရရဲ႕ေအာက္ေျခကိုပင္ လွမ္းျမင္မရေပ။ စုလင္း ေဆးမႈန္႔ေတြကို သူ႕ပတ္ပတ္လည္ကိုျဖန္းလိုက္ေတာ့ ျမက္ေတြထဲမွာ ပုန္းေအာင္းေနသည့္ အင္းစက္မ်ား လ်င္ျမန္စြာ ထြက္ေျပးကုန္ၾကသည္။ ျမစ္ကမ္းပါးမွာ ထိုင္လိုက္ၿပီး စုလင္း ေရကို လက္ခုပ္ျဖင့္ယူကာ ၾကည့္လိုက္ေတာ့ ေရ၏အရည္အေသြးက ေကာင္းလွေပသည္။ သူက သူ႕အက်ႌလက္ေတြကို လိပ္တင္ကာ လက္ေတြကိုေဆးလိုက္သည္။ ထို႔ေနာက္ ကိုယ္ကိုကိုင္းကာ မ်က္ႏွာသစ္လိုက္ေတာ့ ေနရတာ ပိုေကာင္းသြားေပသည္။ အဲ့ဒီေနာက္ သူက Isolator ကို ျဖဳတ္ကာ လည္ပင္းအေနာက္ကို ေရစြတ္ထားေသာ မ်က္ႏွာသုတ္ပုဝါျဖင့္ သုတ္လိုက္သည္။ သက္ေတာင့္ သက္သာျဖစ္မႈေၾကာင့္ သူ႕မ်က္ဝန္းမ်ားေမွးစင္းသြားရၿပီး သက္ျပင္း႐ွည္ႀကီးကို မႈတ္ထုတ္လိုက္သည္။
မၾကာခင္မွာပဲ သူ႕Pheromonesနံ႔က ေလထုထဲ လြင့္ပ်ံ႕လာသည္။ သူက ႏွာေခါင္းကို ႐ႈံလိုက္ၿပီး မ်က္ႏွာသုတ္ပုဝါကို ေလွ်ာ္ဖို႔ ခါးကိုင္းလိုက္သည္။ သူ ျပန္ထလိုက္ခ်ိန္တြင္ ေရမ်က္ႏွာျပင္က အလင္းျပန္ေနေပသည္။ သူ႕တစ္ကိုယ္လုံး ေတာင့္တင္းသြားရၿပီး သူခ်က္ခ်င္းပဲ ထိုေနရာကို ေသခ်ာၾကည့္လိုက္သည္။ သူနဲ႔ ၂မီတာေတာင္ မေဝးသည့္ ေနရာတြင္ မ်က္လုံး တစ္စုံ ႐ွိေနေပသည္။ ေနာက္တစ္စကၠန္႔အတြင္းမွာပဲ ထိုမ်က္လုံးေတြက ေရထဲကေန အနည္းငယ္မွ် ျမင့္တက္လာခဲ့ၿပီး ထို သတၱဝါရဲ႕ ခႏၶာကိုယ္တစ္ဝက္ကို လွစ္ဟျပလာသည္။ ထို ႐ွည္လ်ားသည့္ပါးစပ္၊ ခြၽန္ျမသည့္သြားမ်ား၊ အၿမီး႐ွည္ႏွင့္ တြန္႔ေခါက္ေနေသာ အေရျပားမ်ားက သူေျမကမ႓ာမွာျမင္ဖူးသည့္ႏွင့္ အနည္းငယ္ ကြဲျပားေနေသာ္လည္း ေသခ်ာေပါက္ကို မိေခ်ာင္း တစ္ေကာင္ျဖစ္သည္။
စုလင္း မ်က္လုံးမ်ား ျပဴးက်ယ္လာကာ သူ႕ႏွလုံးတစ္ခုလုံး လည္ေခ်ာင္းထံ ခုန္ထြက္လာသလိုပင္။
"အားးးးး!"
သူခ်က္ခ်င္း ေနာက္ျပန္လွည့္ေျပးၿပီး သူ႕ရဲ႕ စိတ္ခံစားခ်က္ အတက္အက်ေၾကာင့္ သူ႕ရဲ႕Pheromonesနံ႔ကလည္း ပိုျပင္းထန္လာခဲ့သည္။ ထိုမိေခ်ာင္းက သူ႕အၿမီးကိုေျမႇာက္ၿပီး ေရျပင္ကို ႐ိုက္ကာ ၎ရဲ႕ခႏၶာကိုယ္ကို ထဲတြင္ ရပ္တန္႔သြားၿပီး ကို႔႐ို႕ကားယားကိုယ္ဟန္ျဖင့္ ေလထဲမွာ ၁၈၀ဒီဂရီ လွည့္လိုက္သည္။ ၎က ေရမ်က္ႏွာျပင္ေပၚ ျပန္က်သြားၿပီး အထိတ္တလန္႔ျဖင့္ အ႐ွိန္တင္ကာ တစ္ဖက္ကမ္းေျခဆီကို သူ႕အသက္က ဒီအေပၚတြင္ မွီခိုေနရသလို သုတ္ေျခတင္ေျပးေတာ့ေပသည္။ တစ္ခ်ိန္တည္းမွာပဲ ျမစ္ျပင္ေပၚမွာ တိရိစၧာန္႐ုံဖြင့္ထားသကဲ့သို႔ တိရိစၧာန္ေပါင္းမ်ားစြာက ႐ုတ္တရက္ႀကီးေပၚလာခဲ့သည္။ ထို႔ေနာက္တြင္ အထိတ္တလန္႔ ထေျပးၾကသည္မွာ ေရျပင္တြင္ လိႈင္းမ်ားက ထေနခဲ့သည္။ မ်က္စိတစ္မွိတ္အတြင္းတြင္ ျပန္လည္ တိတ္ဆိတ္ၿငိမ္သက္သြားေတာ့သည္။
စုလင္း: "......"
သူတို႔က ဘာလို သရဲ ျမင္လိုက္ရသလို ထေျပားၾကရတာတုန္း?
ဒီအျဖစ္အပ်က္က သူ႕ႏွလုံးသားကို တင္းက်ပ္သြားေစခဲ့သည္။
ပိုအင္အားႀကီးတဲ့ တစ္ေကာင္ေကာင္ လာေနလို႔လား?
သူေတြးေနစဥ္မွာပင္ သူ႕ေနာက္ဘက္မွ ေျခသံမ်ားကို ၾကားလိုက္ရသည္။ စုလင္း လွည့္ၾကည့္လိုက္ေတာ့ မီးေရာင္က သူ႕ေပၚျဖာက်လာသည္။ ထို႔ေနာက္ ကုလီဟန္က သူ႕ေဘးတြင္ ရပ္ကာ
"မင္း ဘယ္နားထိခိုက္သြားေသးလဲ?"
စုလင္း ေခါင္းယမ္းလိုက္ၿပီး
"ဟင့္အင္း ကြၽန္ေတာ္ နည္းနည္းလန္႔သြားတာ"
စုလင္းေျပာရင္းနဲ႔ ကုလီဟန္ရဲ႕ စိတ္မေကာင္းစရာျဖစ္ေနသည့္ သြင္ျပင္ကို သတိထားမိလိုက္သည္။ သူ႕ရဲ႕ပုခုံးေတြေပၚမွာ သစ္႐ြက္ေတြႏွင့္အမ်ိဳးအမည္မသိႏိုင္ေသာ ငွက္ေမြးမ်ား႐ွိေနသည္။ သူ႕အဝတ္ေတြက တြန္႔ေၾကေနကာ သူ႕ရဲ႕အနက္ေရာက္ စစ္ဘက္သုံး ဖိနပ္မွာ ႐ြံ႕ေတြနဲ႔ ျမက္ပင္အစအနေတြ ကပ္ေနေပသည္။ ထို႔အျပင္ သူ႕ဖိနပ္ေတြေပၚ တိရိစၧာန္ေျခရာမ်ားကို ထင္ထင္႐ွား႐ွားေတြ႕ေနရသည္။ စုလင္း ကုလီဟန္ရဲ႕လက္ေကာက္ဝတ္ကို ဆြဲကာ ေမးလိုက္သည္။
"ခင္ဗ်ား ဘာျဖစ္လာတာလဲ? ခိုက္မိလာတာလား?"
ကုလီဟန္က မ်က္ေမွာင္ ခပ္ဖြဖြၾကဳတ္ကာ
"မဟုတ္ပါဘူး။ ကိုယ္ မင္းေအာ္သံၾကားလို႔ အျမန္ေျပးလာတာ။ လမ္းမွာ ေၾကာက္လန္႔ေနတဲ့ တိရိစၧာတ္ေတြအုပ္လိုက္ႀကီးနဲ႔ေတြ႕ၿပီး သူတို႔ထဲက တစ္ခ်ိဳ႕ေအကာင္ေတြနည္းနည္းနဲ႔ တိုက္မိလာတာ"
သူ႕ရဲ႕ပုံပန္းသ႑ာန္က အေကာင္နည္းနည္းနဲ႔ တိုက္မိသည္ႏွင့္ လုံးဝ မတူေပ။
ကုလီဟန္က ပတ္ဝန္းက်င္ကို တစ္ခ်က္ ၾကည့္လိုက္ၿပီး
"ဘာျဖစ္သြားတာလဲ? မင္း သားရဲ႐ိုင္းတစ္ေကာင္ ေကာင္နဲ႔ေတြ႕လိုက္တာလား?"
ငွက္မ်ားႏွင့္ အင္းစက္မ်ား အကုန္လုံး ထြက္ေျပးသြားၾကၿပီျဖစ္သည္။ သူတို႔ႏွစ္ေယာက္မွလြဲ၍ အျခး သက္႐ွိ မ႐ွိေတာ့သျဖင့္ ေၾကာက္စရာေကာင္းေလာက္ေအာင္ တိတ္ဆိတ္ေနခဲ့သည္။ စုလင္းက ေခါင္းယမ္းလိုက္သည္။ သူက ကုလီဟန္ကို ျမင္လိုက္ရၿပီးသည့္ေနာက္ စိတ္သက္သာရာရခဲ့သည္။ သူစိတ္သက္သာရာရသြားသည့္ႏွင့္ သူ႕အာ႐ုံက လက္႐ွိကိုျပန္ေရာက္လာၿပီး သူတစ္စုံတစ္ခုကို သတိထားမိလိုက္သည္။
အနံ႔အရမ္းဆိုးေနတယ္
မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး သူ႕Isolatorကိုျပန္တပ္လိုက္သည္။ သူ႕ရဲ႕လက္က သူ႕လည္ပင္းအေနာက္ကို ေရာက္သည္ႏွင့္ သူ ဘာလုပ္ေနလဲဆိုတာကို သတိထားမိလိုက္ၿပီး ကုလီဟန္ကို ေမာ့ၾကည့္လိုက္သည္။
ကုလီဟန္ရဲ႕ အမူအယာက နည္းနည္းေလး မေျပာင္းလဲသည္မွာ ဘာအနံ႔မွ မရေနသလိုပင္။ ထို႔ေၾကာင့္ စုလင္း မေမးဘဲ မေနႏိုင္ေခ်။
"ခင္ဗ်ား အနံ႔ခံအာ႐ုံက ျပသာနာ တစ္ခုခု႐ွိေနတာလား?"
ကုလီဟန္: "မဟုတ္ပါဘူး"
စုလင္း သက္ျပင္းခ်လိုက္ၿပီး
"ခင္ဗ်ားက သည္းခံႏိုင္စြမ္းျမင့္တာပဲ"
ထို႔ေနာက္ စုလင္း ပတ္ဝန္းက်င္ကို ၾကည့္လိုက္ၿပီး ေျပာလိုက္သည္။
"ကြၽန္ေတာ္ ထင္တာေတာ့ တိရိစၧာန္ေတြ ဒီလို ထူးထူးဆန္းဆန္း ျပဳမူကုန္ရတဲ့အေၾကာင္းအရင္းက ကြၽန္ေတာ္႕ Pheromones ေၾကာင့္ ျဖစ္မယ္ထင္တယ္"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue's note
ဒီတစ္ပိုင္း Update ၾကာသြားတာေတာင္းပန္ပါတယ္။ Test အေသးစားေတြနဲ႔ Homeworkေတြအမ်ားႀကီးပိေနလို႔ပါ။ ဒီတစ္ပိုင္း ခု႐ိုက္ၿပီး ခုတင္ေပးလိုက္တာ မလို႔ စာလုံးေပါင္း မစစ္လိုက္ရဘူး။ အမွားပါရင္း ခြင့္လႊတ္ေပးပါ💗
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue's Freesia 🦋