{Unicode}
"မောင် ကုမ္ပဏီမသွားဘူးလား"
မီးဖိုချောင်ထဲတွင် အချစ်ဆုံးသောက်ဖို့အတွက်ဆိုကာ နွားနို့ကျိုနေတဲ့မောင့်ကို လှမ်းမေးလိုက်တော့
"အော် အချစ်ဆုံးရယ် အချစ်ဆုံးလကရင့်နေပြီလေ မောင်ကအချစ်ဆုံးကိုအိမ်မှာတစ်ယောက်ထဲထားခဲ့ပြီး
ကုမ္ပဏီကိုဘယ်လိုလုပ်စိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်မှာလဲ"
"ခ််ခ် မောင်ကသိပ်အကဲပိုတာဘဲ"
"တကယ်ပြောတာပါဗျာ ရော့ ပူပူနွေးနွေးလေးသောက်လိုက်အုန်း"
မောင်ကျိုပေးထားတဲ့နွားနို့လေးကိုသောက်ရင်းဗိုက်လေးကိုပွတ်ကာ
"မောင် သားလေးလား သမီးလေးလားမသိဘူးနော်"
"မောင်လည်းသိချင်လာပြီ"
"မောင်ကဘာလေးလိုချင်တာလဲ"
"မောင့်အသွေးအသားလေးဘဲကို ဘာလေးဘဲဖြစ်ဖြစ်မောင်ကတုန်နေအောင်ချစ်မှာ"
"ဘေဘီလေးကိုတုန်နေအောင်ချစ်မှာဆိုတော့ ထယ့်ကိုဘယ်ချစ်နိုင်တော့မလဲနော်"
ကြံဖန်ပြီး နှုတ်ခမ်းလေးထော်ကာရစ်နေတဲ့ဗိုက်လုံးလုံးပိုင်ရှင်လေးရဲ့ ပါးလေးကိုတစ်ဖွဖွနမ်းလိုက်ရင်း
"အချစ်ဆုံးသိထားဖို့က မောင့်အတွက်အချစ်ဆုံးကနံပါတ်တစ်ဘဲ"
"တိုးတိုးပြောလေမောင်ရဲ့"
"ဘာလို့လဲ"
"တော်ကြာ ဗိုက်ထဲကဘေဘီလေးကြားသွားလို့ မောင့်ကိုစိတ်ဆိုးနေအုန်းမယ်"
အဲ့လိုပြောတော့မောင်ကရီတယ်။
"မောင်အလုပ်လုပ်လိုက်အုန်းမယ်နော် အချစ်ဆုံးအနားမှာဘဲရှိတယ် တစ်ခုခုလိုရင်ခေါ်လိုက်"
"ဟုတ်ပြီ မောင်"
ညကိုမှအခုက ၉နာရီလောက်ပေါ့ အချစ်ဆုံးကအရင်ကဆိုညလုံးပေါက်နေ ဂိမ်းဆော့ ကျွန်တော်ကသူ့ဘေးနားထိုင်စောင့် တူတူဆော့ပေးရပေါ့ဗျာ ဒါမဲ့ ကျွန်တော့်အသွေးအသားလေးကိုလွယ်ထားပေးပြီးနောက်ပိုင်း သတိထားမိလာတာကသူညဆိုစောစောအိပ်ပျော်ပျော်သွားတာ ဂိမ်းတွေ တီဗီတွေဆိုတာလည်းသိပ်မကြည့် မဆော့လောက်ဘဲ။အခုလည်း
ကုတင်ပေါ်က အချစ်ဆုံးအသံမကြားတော့ လှည့်ကြည့်လိုက်တာ အိပ်ပျော်နေလေရဲ့။ကုတင်ဘေးက နွားနို့ခွက်လေးကိုကြည့်လိုက်တော့ နွားနို့တော့ကုန်အောင်သောက်သွားတာဘဲ။ အစားအသောက်ကျ စိတ်ချရသည်။
"ကဲ ကဲ အချစ်ဆုံးကလုပ်ပြီ"
ရာသီဥတုဒီလောက်အေးနေတာကို စောင်မခြုံဘဲ အကျီကိုဗိုက်ပေါ်ထိလှန်ကာ အိပ်နေတဲ့အချစ်ဆုံး။ ပေါ်နေတဲ့ဗိုက်လုံးလုံးလေးကို ဖိကပ်နမ်းလိုက်ရင်း စောင်ခြုံပေးလိုက်ကာ
"ကောင်းသောညပါ မောင့်အချစ်ဆုံးနဲ့ဗိုက်ထဲကဒယ်ဒီ့ကလေးလေးရေ"
မိသားစုလေးရတော့မယ် အဖေတစ်ယောက်ဖြစ်ရတော့မယ်ဆိုတဲ့အတွေးက တွေးမ်ိလိုက်တာနဲ့ရင်ထဲကိုတလှပ်လှပ်။
ကိုယ့်အတွေးနဲ့ကိုယ်ကြည်ကြည်နူးနူးနဲ့သာ ကွန်ပျူတာရှေ့ပြန်ထိုင်ပြီး ကုမ္ပဏီကအလုပ်တွေကိုအပြီးသတ်နေလိုက်တယ်။
အလုပ်လုပ်နေရင်းတစ်နာရီလောက်ကြာတော့ ကုတင်ပေါ်ကအိပ်နေတဲ့ အချစ်ဆုံးဆီကငြီးသံလေးကြားမိလိုက်တော့
"ဟင့် "
ဂျွန်တစ်ယောက်လုပ်လက်စအလုပ်ကိုပြစ်ထားလိုက်ပြီးထယ်ယောင်းနားအပြေးသွားကာ လက်လေးကိုဆုပ်ကိုင်လိုက်ရင်း
"အချစ်ဆုံး ဘာဖြစ်တာလဲ "
"ဟင့် မောင် နာတယ်"
ထယ်ယောင်းကဗိုက်နာတယ်ပြောတာကြောင့် တင်ပါးနားကကုတင်စကို စမ်းကြည့်လိုက်တော့ စိုနေတယ်။
"ချစ်ဆုံး မွေးတော့မယ်ထင်တယ်ခဏလေး ခဏလေး"
ခြံစောင့်ကိုအိမ်တံခါးအသင့်ဖွင့်ထားဖို့ပြောလိုက်ပြီး
ကားကိုပါစက်နှိုးထားခိုင်းလိုက်သည်။
ထယ်ယောင်း ရင်သွေးလေးလွယ်ထားထဲက ဂျွန်ကသီးသန့်ဆရာဝန်တစ်ယောက် အကောင်းဆုံးကိုရှာ၍၂၄နာရီ လိုအပ်တဲ့အချိန်တိုင်း ခေါ်နိုင်ရန် ငှါးပေးထားသည်။
"ဟယ်လိုဒေါက်တာလား ကျွန်တော်တို့ဆေးရုံလာခဲမယ် ပြင်ဆင်ထားပါ"
"ဟုတ်ပြီ မစ္စတာဂျွန်"
ဖုန်းလည်းဆက်ပြီးတာကြောင့် အခုဆေးရုံကိုသွားဖို့သာလိုတော့သည်။
"အချစ်ဆုံး ထနိုင်လား လမ်းလျှောက်နိုင်လား"
"ဟင့်အင်း မောင် နာတယ်"
ဗိုက်နာနေလို့ထင်ပါတယ် မျက်ရည်လေးတွေဝဲနေတဲ့အချစ်ဆုံးကို သူမကြည့်နိုင်တော့။ မွေးမဲ့အချိန်ဆိုဘယ်လောက်တောင်များ နာလိုက်မလဲ တွေးကာ ပိုလို့တောင်စိုးရိမ်လာရတယ်။
"မောင်ချီမယ် စိတ်အေးအေးထားနော် အရာအားလုံးအဆင်ပြေသွားမှာ"
မျက်ရည်စလေးတွေနဲ့ကောင်လေးက ခေါင်းငြိမ့်ပြတယ်။ အောက်ထပ်ထိရောက်အောင်ချီလာလိုက်ပြီး ဒါရိုက်ဘာကကားကိုအဆင်သင့်ပြင်ထားကြောင့် ကားနောက်ခန်းကိုဂျွန်ကထယ်ယောင်းကိုချီလျက် ဝင်ထိုင်လိုက်ပြီး ရင်ခွင်ထဲကိုထည့်ထားကာ လက်လေးကိုဆုပ်ကိုင်ပေးထားရင်း နဖူးလေးကိုတစ်ဖွဖွနမ်းပေးရင်းနဲ့သာ နာကျင်မှုတွေလျော့အောင်တက်နိုင်သမျှလုပ်ပေးရတယ်။
ဆရာဝန်ကိုကြိုပြီးဖုန်းဆက်ထားတာကြောင့် ဆေးရုံရဲ့
အရေးကြီးဆုံးလူနာလည်းဖြစ်တာမို့ သူနာပြုမလေးတွေနဲ့ဆရာဝန်တစ်ချို့က ဆေးရုံအဝင်ဝမှာထဲက လူနာတင်လှည်းနဲ့ရပ်စောင့်နေကြတယ်။
ကားတံခါးဖွင့်ပြီးတာနဲ့သေသေချာချာဂရုတစိုက် ထယ်ယောင်းကိုကုတင်ပေါ်တင်ပေးလိုက်တော့ ဂျွန့်လက်ချောင်းတွေကိုထယ်ယောင်းကဆုပ်ကိုင်ထားတုန်း သူနာပြုတွေကခွဲခန်းထဲအမြန်သွားရမှာမို့ လွှတ်ဖို့ပြောပေမဲ့ အားကိုးတကြီးနဲ့လာကိုင်တဲ့ထယ်ယောင်းရဲ့လက်တွေကိုမလွှတ်ချနိုင်တာကြောင့် ဂျွန်ပါ တန်းလန်းလေး လက်ကိုင်ထားလျက်သူနာပြုတွေနဲ့အတူ အပြေး ခွဲခန်းရှေ့ထိရောက်သွားပါလေရော။
ခွဲခန်းထဲဝင်တော့မှာဖြစ်လို့ လက်ကိုလွှတ်ဖို့လုပ်ပေမဲ့
ထယ်ယောင်းကတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတုန်း
"အချစ်ဆုံး အရာအားလုံးအကောင်းဆုံးဖြစ်သွားမှာဟုတ်ပြီလား မောင်ရှိတယ်နော်"
ချွေးစီးတွေပြန်နေတဲ့နှဖူးလေးကိုအမြန်ဖိကပ်နမ်းလိုက်တော့ မျက်ရည်စလေးတွေနဲ့အတူ ခေါင်းငြိမ့်ပြပြီး လက်ကိုလွှတ်လိုက်တဲ့ ထယ်ယောင်း။
ထယ်ယောင်းကလက်ကိုလွှတ်လိုက်ပေမဲ့ ခွဲခန်းထဲထိလိုက်လာဖို့လုပ်နေတဲ့ ဂျွန့်ကို
"မစ္စတာဂျွန် လိုက်လို့မရပါဘူး အပြင်မှာစောင့်နေပါ"
ဆရာဝန်ကပြောတာကြောင့် ခွဲခန်းအပြင်က ထိုင်ခုံလေးမှာထိုင်လိုက်ရင်း လက်နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ထားကာခွဲခန်းထဲက ကောင်လေးအတွက် စိတ်တွေပူရင်း လေပူတွေကိုသာ မှုတ်ထုတ်မိတယ်။
နံရံကိုခေါင်းမှီလိုက်ရင်း မျက်လုံးတွေကိုစုံပိတ်ထားကာခွဲခန်းထဲက ထွက်လာပြီး သတင်းလာပြောမဲ့ ဆရာဝန်ကိုသာ မြန်မြန်ထွက်လာပေးဖို့ ဆုတောင်းနေမိတယ်။
"အချစ်ဆုံး အဆင်ပြေပါစေ "
"ဟူး"
လေပူတွေကိုသာအဆက်မပြတ်မှုတ်ထုတ်ရင်း ချွေးစီးတွေပါပြန်လာသည်။
ပုံမှန်ဆို မွေးဖွားခြင်းရဲ့ကြားချိန်က အနည်းဆုံးမိနစ်၃၀အများဆုံးမိနစ်၄၀ထိဘဲရှိတယ်ဆိုတာ ဂျွန်googleခေါက်ကာဖတ်ထားသည်။ အခုကမိနစ်၄၀ကျော်နေပြီမို့ ပိုလို့တောင်စိတ်တွေပူရသည်။
"အမြန်ဆုံးထွက်လာပါတော့ ဟူး"
ကြာချိန် မိနစ်၅၀ရောက်ဖို့ ၁၀မိနစ်အလို ခွဲခန်းထဲကဆရာဝန်ထွက်လာတာကြောင့် ချက်ချင်းထကာဆရာဝန်အနားသွားလိုက်ရင်း
"ဒေါက်တာ ဘာလို့ကြာနေတာလဲ ကျွန်တော့်ကောင်လေးအခြေအနေရော ဟမ် ကလေးရော"
"မစ္စတာဂျွန်စိတ်အေးအေးထားပါ ပြောပြမယ်"
"ပြောပါ မြန်မြန်"
"မထင်မှတ်ထားတဲ့ကိစ္စပါ"
"ဟမ် မြန်မြန်ပြောစမ်းပါ"
"ဂုဏ်ယူပါတယ် သားအမြွှာပူးလေးပါ"
ဆရာဝန်ရဲ့စကားကိုကြားပြီးပြီးချင် ဝဲတက်လာတဲ့မျက်ရည်တွေ မထိန်းနိုင်တော့ဘဲ ဆရာဝန်ရှေ့ငိုချမိတယ်။
"အချစ်ဆုံးရော ထယ်ရော သူအခြေအနေ"
"သူလည်းအကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ပါတယ် ထယ်ယောင်းကတကယ်ကို သန်မာတဲ့ကောင်လေးဘဲ"
"ကျေးဇူးပါဗျာ"
"ကလေးလေးနှစ်ယောက်ကို သီးသန့်ပိုးသတ်ခန်းထဲမှာထည့်ထားအုန်းမှာမို့ အခုတော့တွေ့လို့မရသေးဘူးနော် မစ္စတာဂျွန်ထယ်ယောင်းကိုတော့ ဆေးသွင်းစရာရှိတာသွင်းပေးထားပြီးလူနာအခန်းထဲပြောင်းပေးထားပါမယ်"
"ဟုတ်ပြီ ဒေါက်တာ ထပ်ပြီး ကျေးဇူးပါ"
ဆရာဝန်ထွက်သွားတော့ ဂျွန်တစ်ယောက်ထပ်ပြီးငိုမိပြန်တယ်။ သားလေးနှစ်ယောက်တောင်တဲ့။
ခဏကြာတော့ သူနာပြုတွေထယ်ယောင်းကို အခန်းပြောင်းပေးပြီးပြီဆိုတော့ ချစ်ရသူ ရှိတဲ့အခန်းလေးဆီကို အပြေးသွားလိုက်ရင်း တံခါးကိုဖွင့်လိုက်တော့ ဆေးပိုက်တန်းလန်းနဲ့ကောင်လေးက ကုတင်ဖြူဖြူထက်မှာ အိပ်နေလေရဲ့။
အနားကိုသွားကာ ဒူးထောက်ထိုင်ချလိုက်ရင်း လက်ခုံလေးကိုတစ်ဖွဖွနမ်းလိုက်ကာ
"အန္တရာယ်ကင်းကင်းနဲ့မောင့်ဆီကို သားလေးနှစ်ယောက်နဲ့အတူ ပြန်လာပေးလို့ ကျေးဇူးပါ အချစ်ဆုံး "
တကယ်ပါ ကျွန်တော့်အချစ်ဆုံးက အရဲရင့်ဆုံးဘဲ။
"အင်းးး.."
သိပ်ချစ်ရတဲ့အသံလေး...
"အချစ်ဆုံး နိုးပြီလား ဘယ်လိုနေလဲ တစ်ခုခုမသက်သာတာရှိလား"
"မောင်"
"ပြောလေ အချစ်ဆုံး မောင်ဘာလုပ်ပေးရမလဲ"
"ထယ်တို့ ကလေးရော ကလေးရောဟင်"
"အချစ်ဆုံး "
"ပြောပါမောင့်ရဲ့ ရင်တွေပူလာပြီ "
"သားအမြွှာပူးလေးတဲ့ "
ကုတင်ပေါ်က ကလေးဖေဖေ ထယ်ယောင်းက ငိုပါလေရော။ နှာခေါင်းလေးနီကာ ရှိုက်ရှိုက်ပြီးငိုနေတာကြောင့် ထိုလူသားလေးကို ဖက်လိုက်ရင်း
"အရမ်းမငိုရဘူးလေ အချစ်ဆုံးရယ် ခွဲခန်းထဲကထွက်လာတာသိပ်မှမကြာသေးတာ ပင်ပန်းထားတာကို ခေါင်းတွေထပ်မူးမှာပေါ့"
"မောင်ရယ် ပျော်လိုက်တာ ထယ်ဖြင့် ယုံတောင်မယုံနိုင်ဘူး"
"မောင်လည်းအရမ်းပျော်တယ် မောင့်အချစ်ဆုံးကို မောင်ကအများကြီးကျေးဇူးတင်ပါတယ်"
"လိုလို့လားမောင်ရယ် "
"ချစ်တယ် မောင့်အချစ်ဆုံးရယ် "
"ကလေးတွေရော ထယ်မြင်ချင်လာပြီ"
"ခဏနော် မောင်သွားမေးပေးမယ်"
ထွက်သွားပြီးခဏကြာတော့ သူနာပြုနဲ့အတူ အခန်းထဲ
ပြန်ဝင်လာတဲ့ ဂျွန်။ ဇာအမိုးလေးအုပ်ထားတဲ့ လှည်းလေးကိုလည်းတွန်းလာသေးတယ်။ ထယ်ယောင်းဘေးနားကိုထိုလှည်းလေးတွန်းသွားလိုက်ရင်း ဇာအမိုးလေးကိုဖွင့်လိုက်တော့ မြင်လိုက်ရတဲ့ နီတာရဲလေးတွေက သူတို့နှစ်ယောက်ရဲ့ သွေးသားလေးတွေ။
ချီတောင်မချီနိုင်ဘဲ ထိုလှည်းထဲက နီတာရဲလေးတွေကိုကြည့်ကာ နှစ်ယောက်လုံး မျက်ရည်တွေဝဲတက်လာရင်း
"အချစ်ဆုံး ကြည့်ပါအုန်း မောင့်တို့ရင်သွေးလေးတွေ"
ထယ်ယောင်းက ငိုနေရင်းခေါင်းတွေတစ်ဆက်ဆက်ငြိမ့်ပြတယ်။ မွေးခါစလေးတွေမို့ သူနာပြုက အရင်ချီထုတ်လိုက်ကာထယ်ယောင်းလက်ထဲကို ပုံစံမှန်မှန်နဲ့ ကလေးကိုထည့်ပေးတယ်။ ပြီးတော့ နောက်တစ်ယောက်ကို ဂျွန့်လက်ထဲထည့်ပေးတယ်။ ဂျွန်ကထယ်ယောင်းဘေးနားကိုကလေးချီထားလျက် ဝင်ထိုင်ရင်း
"အချစ်ဆုံးရယ် မောင့်မိတ္တူလေးတွေကျနေတာဘဲ"
ဂျွန့်အပြောကို တခစ်ခစ်ရီကာ ထောက်ခံလိုက်ရင်း
"ဟုတ်ပ မောင်နဲ့တူလိုက်တာ "
ထိုနီတာရဲ သေးသေးလေးတွေကို ဂျွန်ချီထားကိုမြင်ရတာထယ်ယောင်းရင်ထဲ ကြည်နူးမှုတွေက တသိမ့်သိမ့်။
မွေးခါစလေးတွေမို့ သူနာပြုက ချီထားတာကြာပြီမို့ ပြန်ခေါ်တော့ ဂျွန်က အသေးလေးတွေကိုမပေးချင်။
ထယ်ယောင်း မနည်းပြောလိုက်မှ မပေးချင်ပေးချင်နဲ့
ထိုသူနာပြုကို ပြန်ပေးလိုက်ရင်း။
"မောင်ကလည်း အိမ်ရောက်ရင် အဝထိန်း ဟုတ်ပြီလား"
"အင်းပါ အခုတော့ အချစ်ဆုံးဘေးနားမှာမောင်နေမယ်"
"ဒါနဲ့မောင် ဆေးရုံကဘယ်တော့ဆင်းရမှာလဲ"
"ဆင်းတာကဆင်းလို့ရပြီ မောင်ကအချစ်ဆုံးအတွက် သီးသန့်ဒေါက်တာ ငှါးပေးထားတာမို့ တစ်ခုခုဆိုသူ့ကိုဖုန်းလှမ်းတောက်လိုက်တာနဲ့၂၄နာရီ အဆင်ပြေတယ်"
"အာ့ဆို အမြန်ဆုံးဆင်းချင်ပြီ"
"အင်းပါ မောင်ပြောပေးမယ်"
.
.
.
ဂျွန်ပြောလည်းမရခဲ့ပါ ဆရာဝန်က ၁ပတ်လောက်နေပေးပါလူနာအခြေအနေစောင့်ကြည့်ချင်သေးတယ်ဆိုတာကြောင့်အချစ်ဆုံးကို မနည်းပြောပြီး ၁ပတ်ထပ်နေခိုင်းလိုက်ရသေးတယ်။
"မောင် ဒီနေ့ပြန်ရတော့မှာမလား"
"ဒါပေါ့ အချစ်ဆုံး"
"ပျော်လိုက်တာ မေမေ့ဆီသွားမယ်နော် သူ့မြေးလေးတွေကိုအရမ်းတွေ့ချင်နေလောက်ပြီ"
"ဟုတ်ပါပြီဗျာ"
တစ်ပတ်ကျော်ပြီမို့ ချီရတာလည်းအသားကျသွားပြီဖြစ်တာကြောင့် အမြွှာပူးလေးကို ဒယ်ဒီနဲ့ပါပါးက တစ်ယောက်စီချီကာ ဆရာဝန်ကိုနှုတ်ဆက်ရင်း ဆေးရုံကြီးကိုလည်းနှုတ်ဆက်ခဲ့တယ်။
ဒါရိုက်ဘာကိုအိမ်ကိုသာ မောင်းခိုင်းလိုက်တော့
"မောင် မေမေ့ဆီသွားမယ်လေ"
"အချစ်ဆုံးရယ် နောက်နေ့ မေမေ့ကို အိမ်ကိုခေါ်လာခဲ့မယ်လေ အချစ်ဆုံးနဲ့ဘေဘီလေးတွေက ဆေးရုံကဆင်းတာအခုမှကိုနော်"
"အင်းပါ အဲ့တာဆိုလည်းပြီးတာဘဲ မေမေ့ကိုမနက်ဖြန်
သွားခေါ်ပေးနော် ကတိ"
"ကျိန်းသေပေါက်သွားခေါ်ပေးမှာပေါ့ ကတိ ကတိ"
ကတိပေးလိုက်တော့ သွားလေးတွေစီတန်းကာ ပြုံးရင်းရင်သွေးလေးကိုချီထားတဲ့ ကျွန်တော့်အချစ်ဆုံးက တကယ့်ကို ငြိမ်းချမ်းရာလေး...
ကျေးဇူးပါ..မောင့်ဘဝကြီးကို အလင်းရောင်တွေပေးခဲ့တဲ့မောင့်အချစ်ဆုံး... အခုလိုမောင်တို့နှစ်ယောက်ရဲ့အသွေးအသားတွေနဲ့ဖြစ်တည်လာတဲ့ ရင်သွေးလေးနှစ်ယောက်ကိုပါသတ္တိရှိရှိ မောင့်ဘဝထဲ ခေါ်သွင်းလာခဲ့ပေးလို့ မောင်ကအများကြီး ကျေးဇူးတင်ပါတယ်...သိပ်ချစ်တယ် ..
_____________________________________
#ယူတို့တော့မသိဘူး အာသာတော့အရမ်းကြည်နူးနေတာသိလား😭💟finalမရောက်သေးဘူးနော် ထယ်ကူးတို့ အမြွှာပူးနှစ်ယောက်နဲ့မိသားစုအပိုင်းလေးတွေနဲနဲထပ်ထည့်ပေးအုန်းမယ်
{Zawgyi}
"ခ်ခ် မောင်ကသိပ်အကဲပိုတာဘဲ"
"ဘာလို့လဲ"
"ဟုတ်ပြီ မောင်"
မိသားစုလေးရတော့မယ် အဖေတစ်ယောက်ဖြစ်ရတော့မယ်ဆိုတဲ့အတွေးက တွေးမိလိုက်တာနဲ့ရင်ထဲကိုတလှပ်လှပ်။
"ဟင့် "
"အချစ်ဆုံး ဘာဖြစ်တာလဲ "
"ဟင့် မောင် နာတယ်"
"ဟုတ်ပြီ မစ္စတာဂျွန်"
"ဟင့်အင်း မောင် နာတယ်"
"ဟူး"
"ပြောပါ မြန်မြန်"
"ကျေးဇူးပါဗျာ"
"အင်းးး.."
သိပ်ချစ်ရတဲ့အသံလေး...
"မောင်"
"အချစ်ဆုံး "
"သားအမြွှာပူးလေးတဲ့ "
"လိုလို့လားမောင်ရယ် "
.
.
.
"ဒါပေါ့ အချစ်ဆုံး"
"ဟုတ်ပါပြီဗျာ"
သွားခေါ်ပေးနော် ကတိ"
_____________________________________