ကျွန်တော့်ချစ်သူ ဆိုးပေလေး

By khingwinhtet

18.1K 1.4K 96

စိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉) More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27

Part 10

631 59 2
By khingwinhtet

Unicode

ဒီနေ့xzအတန်းသွားမတက်ဖို့ဆုံးဖြတ်လိုက်တယ်။ ပုံမှန်ဆိုသူကအချိုတွေအရမ်းစားတာမို့ခဏခဏသွားကိုက်တတ်တယ်။ ဒါပေမဲ့အခုတခါကျတော့စားတဲ့ပမာဏများသွားတယ်ထင်ပါတယ် သူ့ပါးစောင်ကြီးနှစ်ဖက်လုံးကလုံးဝကိုယောင်ကိုင်းလို့နေတယ်။
သွားကလဲစောက်ကျိုးနည်းနင်းကန်ကိုက်နေတော့ သူအားမရှိစွာပဲညည်းညူပီး စောင်ပုံထဲလှဲနေရတယ်။

ဟွိုင်ဆန်းကအကျီဝတ်နေရင်းကလှမ်းမေးလာတယ်။

"  ဟျောင့် မင်းဘာစားအုံးမှာလဲ ငါဝယ်ပီးပေးခဲ့မယ် ''

xzကချစ်ရည်ရွှမ်းနေတဲ့မျက်လုံးကြီးတွေနဲ့ကြည့်လိုက်တယ်။

" မင်းကချစ်ဖို့အကောင်းဆုံးပဲ... မင်းဘေးကဟာတွေကတော့ဆန်ကုန်မြေလေးတွေချည်း! အလိုက်ကန်းဆိုးမသိကြဘူး ''

သူအဲ့လိုဆိုတော့ ကျိရန်ကစာအုပ်မထူမပါးနဲ့လှမ်းပေါက်လာတယ်။

" မင်းမေကိုပဲ! မနက်အစောကြီးမင်းအဖေကဆေးဝယ်ပေးရတာလေ! ကျေးဇူးမတင်ရင်နေဟျောင့် ဖင်လှန်မပြစမ်းနဲ့! "

အငယ်ဆုံးလေးကလဲကျိရန်ကိုလက်မထောင်ပြလိုက်တယ်။

" ဆဲသင့်တယ်ဘဒို ''

xzကခေါင်းအုံးကြီးနဲ့ပြေးဆင်းလာပီးရိုက်တယ်။

" အကုန်ထွက်သွားကြစမ်း! "

ကျိရန်ကဆက်ပြောတယ်။

" မင်းအတန်းတက်သင့်တယ်နော် အခုကနဲနဲသက်သာနေပီမလား? အခုချိန်ထိဘာစာမှလဲနားလည်တာမတွေ့သေးဘူး...ကျတော့မှသတိမပေးဘူးမပြောနဲ့ ''

xzကစိတ်ထဲကဂုဏ်ဆာလိုက်တယ်။

No problemပဲဟျောင့်တွေ! ငါ့ဘဲကစာပြပေးမှာ!

" လိ့ကိုပဲ ငါ့ကိုကျိန်စာတိုက်နေတယ်! မင်းကိုသတ်မယ်! "

ထိုအခါကျတော့မှသုံးယောက်လုံးအူယားဖားယားအပြင်ဘက်ပြေးထွက်သွားကြတယ်။

xzကကျပ်သိပ်မပြည့်ဘူး! ဝေးဝေးရှောင်နေမှဖြစ်မယ်!

xzကရိပေါ်ဆီလုံးဝကိုဖုန်းမဆက်ဘူး။ဖုန်းကိုလဲသူစက်ပိတ်ထားတယ်။ အဲ့တာကြောင့်လဲybကသူ့ကိုဆက်တိုက်ဖုန်းခေါ်နေတာကိုသူ့မှာမသိလိုက်ရှာဘူး။

သူအရှက်မကွဲချင်ဘူး! တွေးကြည့်ရုံနဲ့တင်စောက်ရမ်းရှက်ဖို့ကောင်း!
ဒါမှမဟုတ်လဲသူရုပ်ဆိုးနေတာကိုသာတွေ့ရင် သူ့ကိုထားခဲ့လိမ့်မှာပေါ့! ပုံမှန်ဆိုတောင်ybကသူ့ကိုရုပ်ဆိုးတယ်ပဲပြောနေတာလေ! wu~wu~

တယောက်ထဲလျှောက်တွေးပီး မျက်ရည်တွေကကျလာတယ်။
ခဏကြာတော့သူမောပီးအိပ်မပျော်တပျော်ဖြစ်သွားတော့ တံခါးခေါက်သံကိုကြားမိတယ်။သူမျက်လုံးကိုပွတ်သပ်ပီးခဏတွေးလိုက်တယ်။

ဘယ်သူပါလိမ့်? ဟိုကောင်တွေကအတန်းသွားတက်ပီလေ? ရိပေါ်လဲအတန်းတက်ချိန်ရောက်နေပီ လာမှာမဟုတ်ဘူး?

တံခါးခေါက်သံကနောက်တစ်ခေါက်ထွက်လာပြန်တယ်။
အခုတခါတော့ စိတ်မရှည်သလိုဆက်တိုက်ကိုပဲခေါက်နေတာ။

သူ့မှာ သွားနာနေတဲ့ကြားထဲကပဲစိတ်တိုပီးအော်ဆဲလိုက်တယ်။

" လိ့ဖြစ်နေတာလားကွ! ငါ့တံခါးကမင်းမေလင်မဟုတ်ဘူးနော်! အဲ့မှာစောင့်နေလိုက် ဖွင့်ပေးမယ်! "

နောက်ဆုံးတော့သူအိပ်ယာထဲကမထချင်ပဲထလိုက်ရတယ်။
တံခါးသွားဖွင့်ဖို့ကိုပျင်းရိစွာလျှောက်သွားလိုက်တယ် maskတပ်ဖို့လဲဘယ်မေ့ပါ့မလဲ။

ဒီလိုဝက်မျက်နှာကြီးကို ဘယ်သူ့မှမပြချင်ပါဘူး!

သူတံခါးကိုဝုန်းခနဲဆွဲဖွင့်လိုက်တယ်...ပီးတော့အလန့်တကြားနဲ့ချက်ချင်းပြန်ပိတ်ဖို့လုပ်တယ်။

ငလူးကြီး ဝမ်ရိပေါ်ကြီး!

ybကသူ့အခန်းထဲကိုအမြန်ပဲဝင်လာပီးတံခါးကိုလော့ခ်ချလိုက်တယ်။
တမနက်လုံးလဲစက်ပိတ်ထားသေးတယ် ပီးတော့လဲလူကိုတွေ့တာတောင်တံခါးပိတ်ဖို့လုပ်ရဲသေးတယ်ပေါ့လေ? ဘာလုပ်ကြံနေတာလဲ!

" ကဲ မင်းရှင်း.......''

သူတောင်စကားဆုံးတောင်မပြောရသေးဘူး။xzကအပေါ်ကိုပြေးတက် စောင်ပုံထဲခေါင်းတိုးဝင်ရင်း နှင်လွှတ်လာတယ်။

" အားးး မင်းပြန်တော့! ဘာလို့ဒီကိုလာတာလဲ သွားပါ ပြန်ပါတော့ဟ! "

ybမှာဒေါသတွေငယ်ထိပ်တက်လာတယ်။

မင်းကိုတော့ဆုံးမမှရတော့မယ် အလိုလိုက်ထားတော့လူကိုတောင်မထီမဲ့မြင်လုပ်နေပီ!

သူအံကြိတ်ပီးတစ်လုံးချင်းပြောလိုက်တယ်။

" အေး အခုဆင်းမလာရင် မင်းခေါင်းကိုငါရိုက်ခွဲပစ်မယ်! ရှောင်း ကျန့်! မင်း ဆင်း လာ! "

ပုံမှန်ဆိုဒီလေသံကxzကြောက်ဖို့လုံလောက်နေပီ။ဒါပေမဲ့ဒီအချိန်မှာအသုံးမဝင်တော့ဘူး။

" ဟင့်အင်း ဟင့်အင်း မင်းသတ်လဲမဆင်းနိုင်ဘူး ငလူးကြီး သွား! ပြန်လိုက်တော့! "

နောက်ဆုံးမှာxzအိပ်နေတဲ့ကုတင်ကနဲနဲယိမ်းထိုးသွားတာကိုသူသိလိုက်တယ်။
ပီးတော့သူအောက်ကိုybရဲ့ပွေ့ချီမှုကြောင့်ရောက်လာခဲ့တယ်။

အားးးးသူတကယ်ကြီးချီနိုင်တယ်ဟ!

ybကသူ့လက်ထဲကစောင်လုံးကြီးကို အောက်ကိုနဲနဲနှိမ့်ပီးပစ်ချပေးလိုက်တယ်။ဒါတောင် ဟိုကပုံမပျက်နေနေတုန်းပဲ။
သူအတင်းအကျပ်ဆွဲလှန်တယ်။ ဟိုကပြန်ဆွဲလိုက် သူကပြန်ဆွဲလိုက်နဲ့နောက်ဆုံးတော့ဆံပင်​တွေပွယောင်းနေတဲ့xzကသူ့မျက်စိရှေ့ပေါ်လာတယ်။

စောက်ကျိုးနည်း အခန်းထဲမှာတောင်maskကြီးတပ်ထားသေးတယ်။ သူတစ်ခုခုတော့မူမမှန်ဖြစ်နေတာကိုသိသွားတယ်။ သူ့မှာချော့မော့ပီးမေးရတယ်။

" ဟေး ပေါင်ပေ့...အပေါ်ကိုမော့အုံး ဘာလို့အောက်ကိုဇွတ်ငုံ့နေတာလဲ maskကြီးလဲတပ်ထားသေးတယ် မပူဘူးလားကွာ ''

xzခမျာမှာ ပေါင်ပေ့ဆိုတဲ့သူ့ကိုခေါ်တဲ့နာမ်စားလေးကြောင့်လူကအရည်ပျော်ချင်နေပီ။
ဒါပေမဲ့maskချွတ်ဖို့ကတော့သေတောင်မဖြစ်နိုင်ဘူး။
သူ့မှာချစ်စနိုးနဲ့ybလက်မောင်းကိုတချက်ထိုးလိုက်တယ်။

" ဟင့်အင်း ရတယ် မပူပါဘူး ''

အောင့်တက်သွားတဲ့လက်မောင်းကိုလျစ်လျူရှုရင်းybကပြောလာတယ်။

" မင်းဘာဖြစ်နေတာလဲ ငါ့ကိုပြောလို့ရတယ်လေ နော်...အတန်းဘာလို့လာမတက်ရတာလဲ ဖုန်းဆက်တော့လဲစက်ကပိတ်ထားသေးတယ် အဲ့တာနဲ့ပဲဟိုဂျပုကိုအခန်းnoမေးပီး လိုက်လာရတာ ငါစိတ်ပူနေမှာကိုမင်းမသိဘူးလားဟမ်! "

xzအပြစ်ရှိသလိုခံစားရတယ်။ သူမော့ကြည့်ပီးတိုးတိုးလေးပြောလိုက်တယ်။

" ငါ..သွားကိုက်နေလို့ အခုတောင်တအားနာတယ် ''

မော့ကြည့်လာတဲ့မျက်နှာလေးကိုybကြည့်တော့ မျက်လုံးလေးတွေကမို့တက်ပီး ဆံပင်တွေကလဲပွနေတာမို့ ခွေးပေါက်လေးတစ်ကောင်လိုဖြစ်နေတော့သူတအားတွေအသည်းယားသွားတယ်။

" အဲ့တာဆို လာထ ဆေးခန်းသွားရအောင်လေ ဒီလိုနေနေရင်ပျောက်မှာမဟုတ်ဘူး ''

" မပြချင်ဘူး ဆေးသောက်ပီးသွားပီ ''

သူဘယ်လောက်ပြောပြောxzကဇွတ်ငြင်းနေတယ်။ နောက်ဆုံးတော့တစ်လလုံးသူစားချင်တာတွေကျွေးမယ်လို့ပြောမှသာ သူနဲ့အတူဆေးရုံကိုလိုက်လာခဲ့တယ်။

#Nov21 8:05PM


Zawgyi

ဒီေန႕xzအတန္းသြားမတက္ဖို႔ဆုံးျဖတ္လိုက္တယ္။ ပုံမွန္ဆိုသူကအခ်ိဳေတြအရမ္းစားတာမို႔ခဏခဏသြားကိုက္တတ္တယ္။ ဒါေပမဲ့အခုတခါက်ေတာ့စားတဲ့ပမာဏမ်ားသြားတယ္ထင္ပါတယ္ သူ႕ပါးေစာင္ႀကီးႏွစ္ဖက္လုံးကလုံးဝကိုေယာင္ကိုင္းလို႔ေနတယ္။
သြားကလဲေစာက္က်ိဳးနည္းနင္းကန္ကိုက္ေနေတာ့ သူအားမရွိစြာပဲညည္းၫူပီး ေစာင္ပုံထဲလွဲေနရတယ္။

ဟြိုင္ဆန္းကအက်ီဝတ္ေနရင္းကလွမ္းေမးလာတယ္။

"  ေဟ်ာင့္ မင္းဘာစားအုံးမွာလဲ ငါဝယ္ပီးေပးခဲ့မယ္ ''

xzကခ်စ္ရည္႐ႊမ္းေနတဲ့မ်က္လုံးႀကီးေတြနဲ႕ၾကည့္လိုက္တယ္။

" မင္းကခ်စ္ဖို႔အေကာင္းဆုံးပဲ... မင္းေဘးကဟာေတြကေတာ့ဆန္ကုန္ေျမေလးေတြခ်ည္း! အလိုက္ကန္းဆိုးမသိၾကဘူး ''

သူအဲ့လိုဆိုေတာ့ က်ိရန္ကစာအုပ္မထူမပါးနဲ႕လွမ္းေပါက္လာတယ္။

" မင္းေမကိုပဲ! မနက္အေစာႀကီးမင္းအေဖကေဆးဝယ္ေပးရတာေလ! ေက်းဇူးမတင္ရင္ေနေဟ်ာင့္ ဖင္လွန္မျပစမ္းနဲ႕! "

အငယ္ဆုံးေလးကလဲက်ိရန္ကိုလက္မေထာင္ျပလိုက္တယ္။

" ဆဲသင့္တယ္ဘဒို ''

xzကေခါင္းအုံးႀကီးနဲ႕ေျပးဆင္းလာပီးရိုက္တယ္။

" အကုန္ထြက္သြားၾကစမ္း! "

က်ိရန္ကဆက္ေျပာတယ္။

" မင္းအတန္းတက္သင့္တယ္ေနာ္ အခုကနဲနဲသက္သာေနပီမလား? အခုခ်ိန္ထိဘာစာမွလဲနားလည္တာမေတြ႕ေသးဘူး...က်ေတာ့မွသတိမေပးဘူးမေျပာနဲ႕ ''

xzကစိတ္ထဲကဂုဏ္ဆာလိုက္တယ္။

No problemပဲေဟ်ာင့္ေတြ! ငါ့ဘဲကစာျပေပးမွာ!

" လိ့ကိုပဲ ငါ့ကိုက်ိန္စာတိုက္ေနတယ္! မင္းကိုသတ္မယ္! "

ထိုအခါက်ေတာ့မွသုံးေယာက္လုံးအူယားဖားယားအျပင္ဘက္ေျပးထြက္သြားၾကတယ္။

xzကက်ပ္သိပ္မျပည့္ဘူး! ေဝးေဝးေရွာင္ေနမွျဖစ္မယ္!

xzကရိေပၚဆီလုံးဝကိုဖုန္းမဆက္ဘူး။ဖုန္းကိုလဲသူစက္ပိတ္ထားတယ္။ အဲ့တာေၾကာင့္လဲybကသူ႕ကိုဆက္တိုက္ဖုန္းေခၚေနတာကိုသူ႕မွာမသိလိုက္ရွာဘူး။

သူအရွက္မကြဲခ်င္ဘူး! ေတြးၾကည့္႐ုံနဲ႕တင္ေစာက္ရမ္းရွက္ဖို႔ေကာင္း!
ဒါမွမဟုတ္လဲသူ႐ုပ္ဆိုးေနတာကိုသာေတြ႕ရင္ သူ႕ကိုထားခဲ့လိမ့္မွာေပါ့! ပုံမွန္ဆိုေတာင္ybကသူ႕ကို႐ုပ္ဆိုးတယ္ပဲေျပာေနတာေလ! wu~wu~

တေယာက္ထဲေလွ်ာက္ေတြးပီး မ်က္ရည္ေတြကက်လာတယ္။
ခဏၾကာေတာ့သူေမာပီးအိပ္မေပ်ာ္တေပ်ာ္ျဖစ္သြားေတာ့ တံခါးေခါက္သံကိုၾကားမိတယ္။သူမ်က္လုံးကိုပြတ္သပ္ပီးခဏေတြးလိုက္တယ္။

ဘယ္သူပါလိမ့္? ဟိုေကာင္ေတြကအတန္းသြားတက္ပီေလ? ရိေပၚလဲအတန္းတက္ခ်ိန္ေရာက္ေနပီ လာမွာမဟုတ္ဘူး?

တံခါးေခါက္သံကေနာက္တစ္ေခါက္ထြက္လာျပန္တယ္။
အခုတခါေတာ့ စိတ္မရွည္သလိုဆက္တိုက္ကိုပဲေခါက္ေနတာ။

သူ႕မွာ သြားနာေနတဲ့ၾကားထဲကပဲစိတ္တိုပီးေအာ္ဆဲလိုက္တယ္။

" လိ့ျဖစ္ေနတာလားကြ! ငါ့တံခါးကမင္းေမလင္မဟုတ္ဘူးေနာ္! အဲ့မွာေစာင့္ေနလိုက္ ဖြင့္ေပးမယ္! "

ေနာက္ဆုံးေတာ့သူအိပ္ယာထဲကမထခ်င္ပဲထလိုက္ရတယ္။
တံခါးသြားဖြင့္ဖို႔ကိုပ်င္းရိစြာေလွ်ာက္သြားလိုက္တယ္ maskတပ္ဖို႔လဲဘယ္ေမ့ပါ့မလဲ။

ဒီလိုဝက္မ်က္ႏွာႀကီးကို ဘယ္သူ႕မွမျပခ်င္ပါဘူး!

သူတံခါးကိုဝုန္းခနဲဆြဲဖြင့္လိုက္တယ္...ပီးေတာ့အလန့္တၾကားနဲ႕ခ်က္ခ်င္းျပန္ပိတ္ဖို႔လုပ္တယ္။

ငလူးႀကီး ဝမ္ရိေပၚႀကီး!

ybကသူ႕အခန္းထဲကိုအျမန္ပဲဝင္လာပီးတံခါးကိုေလာ့ခ္ခ်လိဳက္တယ္။
တမနက္လုံးလဲစက္ပိတ္ထားေသးတယ္ ပီးေတာ့လဲလူကိုေတြ႕တာေတာင္တံခါးပိတ္ဖို႔လုပ္ရဲေသးတယ္ေပါ့ေလ? ဘာလုပ္ႀကံေနတာလဲ!

" ကဲ မင္းရွင္း.......''

သူေတာင္စကားဆုံးေတာင္မေျပာရေသးဘူး။xzကအေပၚကိုေျပးတက္ ေစာင္ပုံထဲေခါင္းတိုးဝင္ရင္း ႏွင္လႊတ္လာတယ္။

" အားးး မင္းျပန္ေတာ့! ဘာလို႔ဒီကိုလာတာလဲ သြားပါ ျပန္ပါေတာ့ဟ! "

ybမွာေဒါသေတြငယ္ထိပ္တက္လာတယ္။

မင္းကိုေတာ့ဆုံးမမွရေတာ့မယ္ အလိုလိုက္ထားေတာ့လူကိုေတာင္မထီမဲ့ျမင္လုပ္ေနပီ!

သူအံႀကိတ္ပီးတစ္လုံးခ်င္းေျပာလိုက္တယ္။

" ေအး အခုဆင္းမလာရင္ မင္းေခါင္းကိုငါရိုက္ခြဲပစ္မယ္! ေရွာင္း က်န့္! မင္း ဆင္း လာ! "

ပုံမွန္ဆိုဒီေလသံကxzေၾကာက္ဖို႔လုံေလာက္ေနပီ။ဒါေပမဲ့ဒီအခ်ိန္မွာအသုံးမဝင္ေတာ့ဘူး။

" ဟင့္အင္း ဟင့္အင္း မင္းသတ္လဲမဆင္းနိုင္ဘူး ငလူးႀကီး သြား! ျပန္လိုက္ေတာ့! "

ေနာက္ဆုံးမွာxzအိပ္ေနတဲ့ကုတင္ကနဲနဲယိမ္းထိုးသြားတာကိုသူသိလိုက္တယ္။
ပီးေတာ့သူေအာက္ကိုybရဲ႕ေပြ႕ခ်ီမႈေၾကာင့္ေရာက္လာခဲ့တယ္။

အားးးးသူတကယ္ႀကီးခ်ီနိုင္တယ္ဟ!

ybကသူ႕လက္ထဲကေစာင္လုံးႀကီးကို ေအာက္ကိုနဲနဲႏွိမ့္ပီးပစ္ခ်ေပးလိုက္တယ္။ဒါေတာင္ ဟိုကပုံမပ်က္ေနေနတုန္းပဲ။
သူအတင္းအက်ပ္ဆြဲလွန္တယ္။ ဟိုကျပန္ဆြဲလိုက္ သူကျပန္ဆြဲလိုက္နဲ႕ေနာက္ဆုံးေတာ့ဆံပင္​ေတြပြေယာင္းေနတဲ့xzကသူ႕မ်က္စိေရွ႕ေပၚလာတယ္။

ေစာက္က်ိဳးနည္း အခန္းထဲမွာေတာင္maskႀကီးတပ္ထားေသးတယ္။ သူတစ္ခုခုေတာ့မူမမွန္ျဖစ္ေနတာကိုသိသြားတယ္။ သူ႕မွာေခ်ာ့ေမာ့ပီးေမးရတယ္။

" ေဟး ေပါင္ေပ့...အေပၚကိုေမာ့အုံး ဘာလို႔ေအာက္ကိုဇြတ္ငုံ႕ေနတာလဲ maskႀကီးလဲတပ္ထားေသးတယ္ မပူဘူးလားကြာ ''

xzခမ်ာမွာ ေပါင္ေပ့ဆိုတဲ့သူ႕ကိုေခၚတဲ့နာမ္စားေလးေၾကာင့္လူကအရည္ေပ်ာ္ခ်င္ေနပီ။
ဒါေပမဲ့maskခြၽတ္ဖို႔ကေတာ့ေသေတာင္မျဖစ္နိုင္ဘူး။
သူ႕မွာခ်စ္စနိုးနဲ႕ybလက္ေမာင္းကိုတခ်က္ထိုးလိုက္တယ္။

" ဟင့္အင္း ရတယ္ မပူပါဘူး ''

ေအာင့္တက္သြားတဲ့လက္ေမာင္းကိုလ်စ္လ်ဴရႈရင္းybကေျပာလာတယ္။

" မင္းဘာျဖစ္ေနတာလဲ ငါ့ကိုေျပာလို႔ရတယ္ေလ ေနာ္...အတန္းဘာလို႔လာမတက္ရတာလဲ ဖုန္းဆက္ေတာ့လဲစက္ကပိတ္ထားေသးတယ္ အဲ့တာနဲ႕ပဲဟိုဂ်ပဳကိုအခန္းnoေမးပီး လိုက္လာရတာ ငါစိတ္ပူေနမွာကိုမင္းမသိဘူးလားဟမ္! "

xzအျပစ္ရွိသလိုခံစားရတယ္။ သူေမာ့ၾကည့္ပီးတိုးတိုးေလးေျပာလိုက္တယ္။

" ငါ..သြားကိုက္ေနလို႔ အခုေတာင္တအားနာတယ္ ''

ေမာ့ၾကည့္လာတဲ့မ်က္ႏွာေလးကိုybၾကည့္ေတာ့ မ်က္လုံးေလးေတြကမို႔တက္ပီး ဆံပင္ေတြကလဲပြေနတာမို႔ ေခြးေပါက္ေလးတစ္ေကာင္လိုျဖစ္ေနေတာ့သူတအားေတြအသည္းယားသြားတယ္။

" အဲ့တာဆို လာထ ေဆးခန္းသြားရေအာင္ေလ ဒီလိုေနေနရင္ေပ်ာက္မွာမဟုတ္ဘူး ''

" မျပခ်င္ဘူး ေဆးေသာက္ပီးသြားပီ ''

သူဘယ္ေလာက္ေျပာေျပာxzကဇြတ္ျငင္းေနတယ္။ ေနာက္ဆုံးေတာ့တစ္လလုံးသူစားခ်င္တာေတြေကြၽးမယ္လို႔ေျပာမွသာ သူနဲ႕အတူေဆး႐ုံကိုလိုက္လာခဲ့တယ္။

#Nov21 8:05PM


Continue Reading

You'll Also Like

53.9K 5.1K 28
⚠BDSM ⚠dominance Love in a dark heart Sex can be intense, but we can't even imagine the love in that heart..🏳️‍🌈 〰️Please read this carefully〰️ ⚠...
110K 12.8K 65
လူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...
426K 88.8K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...