ဝိဉာဉ်ကူးပြောင်းပြီးတဲ့နောက်မ...

Por Gentle_Little_Bunny

20.9K 2.1K 82

This novel isn't mine. Just fan translation. Original Author(s) - Tian Qiqi 甜七柒 Más

Description
Chp-1( ဝိဉာဥ္ကူးေျပာင္းလာျခင္း )
Chp 2 ( ငါကမင္းရဲ႕အေဖပဲ )
Chp 3
Chp-4(ဖိုးဖိုးကလူေကာင္းတစ္ေယာက္ပါ)
Chapter 5
Chapter 6
Chapter 7
Chapter 9
English title name

Chapter 8

1.1K 198 3
Por Gentle_Little_Bunny

Chapter 8: Kudos To You, Male Lead!
ဝမ္းသာပါတယ္..ဇာတ္လိုက္ေရ..!

ေရွာင္ဝမ့္ကၽြင္းကိုႏွစ္ခါတိတိကိုယ္ဝန္ပ်က္က်ၿပီး ေသမလိုနီးပါးျဖစ္ေစခဲ့တဲ့ ကြမ္းကတိုးပင္ကိုစကၠဴထုတ္ေလးထဲသို႔ထည့္လိုက္သည္။

သူတို႔ေတြအသက္အႏၲရာယ္ကိုၿခိမ္းေျခာက္လာတဲ့အေျခအေနေတြရွိလာတဲ့အခါမွာ သူတို႔ကိုေစာင့္ေရွာက္ကာကြယ္ေပးဖို႔အတြက္ေနာက္ပိုင္းမွာမိန္းမစိုးတစ္ေယာက္အျဖစ္နန္းေတာ္ထဲကိုဝင္လာခဲ့တဲ့ အစ္ကိုရင္းပမာခင္တြယ္ရတဲ့ဟယ့္ရီကိုလည္း သူမသတ္ပစ္ခဲ့ေသးသည္။

သူမသည္ ခက္ခဲပင္ပန္းစြာနဲ႔ေသလုနီးပါးျဖစ္ၿပီးမွေမြးထုတ္ႏိုင္ခဲ့တဲ့အမႊာေမာင္ႏွမေတြျဖစ္တဲ့ ေရွာင္ဝမ့္ကၽြင္းရဲ႕သားနဲ႔သမီးကိုေတာင္သတ္ပစ္ခဲ့ေသးသည္။

အဆံုးသတ္မွာေတာ့ သူမရဲ႕ယုတ္မာတဲ့လုပ္ရပ္ေတြကဘူးေပၚသလိုေပၚလာခဲ့တာေၾကာင့္ သူမေသဒဏ္က်ခံခဲ့ရၿပီး ျပတ္ထြက္ေနတဲ့သူမရဲ႕ေခါင္းနဲ႔ေျခေတြလက္ေတြကိုရထားလံုးႏွင္ကပ္တြဲခ်ည္၍လည္းျပစ္ဒဏ္ခံခဲ့ရကာ သူမရဲ႕ဘဝဟာရင္နင့္ဖြယ္ေကာင္းစြာနဲ႔အဆံုးသတ္ခဲ့ရသည္။

႐ွဴတင္႐ိုက္ကြင္းတြင္....ဘုရင္ႀကီးအျဖစ္သ႐ုပ္ေဆာင္ရတဲ့ဇာတ္လိုက္ကုရွန္းဟာ ဘုရင္မင္းျမတ္ရဲ႕ျကင္ယာေတာ္ျဖစ္သူေရွာင္ဝမ့္ကၽြင္းနဲ႔ ခ်ိဳးငွက္ေမာင္ႏွံခ်စ္ၾကည္ႏူးတစ္တီတူးေနက်တဲ့ဇာတ္ဝင္ခန္းကို႐ိုက္ကူးေနသည္။

ေနာက္ပိုင္းဇာတ္ဝင္ခန္းတြင္ ပိုင္က်င္းဖန္က ကြမ္းကတိုးပင္ထည့္ထားတဲ့စကၠဴအိတ္ကို ေရွာင္ဝမ့္ကၽြင္းထံသို႔သြားေပးရမွာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ ညီအစ္မအရင္းသဖြယ္တစ္ေယာက္ကိုတစ္ေယာက္သံေယာဇဥ္ရွိပံုကို ခ်ျပရမွာျဖစ္သည္။

ကုရွန္းသူမနားကျဖတ္သြားခ်ိန္တြင္ သူမအေပၚေအးစက္စက္အၾကည့္မ်ားနဲ႔ေဝ့ၾကည့္သြားသည္။

အဝါေရာင္ဝတ္ရံုကိုဝတ္ထားတဲ့ထိုေယာက်ာ္းဟာ အႏုစိတ္တဲ့အသြင္အျပင္နဲ႔ အျပစ္ဟူ၍ျမဴတစ္ေထာက္စာမရွိေအာင္ေခ်ာေမြ႕ေနသည္။စိုးမိုးျခယ္လွယ္တတ္တဲ့ပံုစံနဲ႔ အေတြ႕အၾကံဳ႕ရင့္က်က္တဲ့အေငြ႕အသက္တို႔ကိုေပါင္းစပ္လိုက္ခ်ိန္မွာေတာ့ အႏုပညာေလာကမွာရွိတဲ့လူငယ္ေတြကို သူ႔မ်က္ႏွာတစ္ခုနဲ႔တင္သတ္ခ်လိုက္လို႔ရေလသည္။

လင္းရွန္ဟာ သူ႔ကိုတစ္ခ်က္မွ်ၾကည့္လိုက္ရံုႏွင့္ ထိုလူသည္ ေသခ်ာေပါက္ မိန္းကေလးပရိသတ္ေတာ္ေတာ္မ်ားမ်ားရဲ႕ အိမ္မက္ဆိုတာကို သူမအတပ္ေျပာႏိုင္သည္။

"တ႐ုတ္ျပည္ကအမ်ိဳးသမီးငယ္ေတြလက္ထက္ရန္ ဆႏၵအရွိဆံုးေယာက်ာ္း"အျဖစ္သေဘာတူသတ္မွတ္ထားၾကသည္မွာအံ့ၾသေလာက္စရာမဟုတ္ေတာ့ေပ။

"လင္းရွန္...ငါဒီမွာရွိေနသေရြ႕ကေတာ့ ေလာ့ရွင္းကိုထိခိုက္ေအာင္လုပ္ဖို႔ဘယ္ေတာ့မွမေတြးမိလိုက္နဲ႔ !! "

ကုရွန္းရဲ႕ႏႈတ္ခမ္းမ်ားကအနည္းငယ္ေအးစက္ဟန္ေပါက္လာကာ သူမကိုၿခိမ္းေျခာက္ေနသည့္ သူ႔မ်က္လံုးမ်ားဟာလည္းသူမကိုမႏွစ္ၿမိဳ႕ျခင္းေတြအျပည့္နဲ႔ျဖစ္ေနသည္။

အမ်က္ေဒါသတို႔တစ္စက္ကေလးမွမရွိတဲ့ လင္းရွန္၏က်က္သေရရွိလွေသာမ်က္ႏွာေလးထက္တြင္ အျပစ္ကင္းစင္ၿပီးခ်ိဳသာလြန္းတဲ့အျပံဳးေလးတစ္ပြင့္ကလွစ္ခနဲေပၚလာေလသည္။သူမအလွက လူေတြကိုအသက္႐ွဴမွားေလာက္ေစသည္။

"ငါမလုပ္ရဲပါဘူးေနာ္...!"

ဝမ္းသာပါတယ္...ဇာတ္လိုက္ေရ!

ထိုစကားကိုၾကားလိုက္ရတဲ့အခါမွာကုရွန္းရဲ႕မ်က္လံုးထဲမွာသံသယအခိုးေငြ႕တို႔ေပၚလာေလသည္။

ဒီမိန္းမေျပာင္းလဲသြားပံုပဲ..

သူတို႔ႏွစ္ေယာက္ပထမဆံုးစေတြ႕ၿပီးကတည္းက လင္းရွန္ရဲ႕သူ႔အေပၚတရားလြန္အ႐ူးအမူးစြဲလမ္းစြာၾကည့္တတ္တာကိုသူအရမ္းရြံရွာစိတ္ပ်က္ေနခဲ့တာျဖစ္သည္။

သို႔ေပမဲ့လည္း ဒီေန႔မွာေတာ့..သူမရဲ႕အၾကည့္ေတြက ထူးထူးျခားျခားၾကည္လင္ေနၿပီး သူ႔နဲ႔ပက္သက္လို႔အ႐ူးအမူးစြဲလမ္းေနတဲ့အရိပ္အေယာင္တစ္စက္ကေလးမွရွိမေနေခ်။

လူတြကို ခ်စ္တာမုန္းတာနဲ႔ပက္သက္ၿပီး ေျဗာင္က်က်ပဲ ေလာ့ရွင္းကေတာ့ သူမရဲ႕ခံစားခ်က္ေတြကိုဖံုးကြယ္ထားဖို႔စိတ္ကူးမရွိေခ်။

သူမကိုထိခိုက္ေစခ်င္တဲ့လင္းရွန္ရဲ႕ဆႏၵနဲ႔ပက္သက္လို႔ကေတာ့ သူမဘက္ကေနအေကာင္းျမင္ေပးလို႔မရတဲ့ခံစားခ်က္ရွိေနတာသဘာဝက်ေလသည္။သို႔ေသာ္လည္း သူမအေနနဲ႔လင္းရွန္မ်က္ႏွာကိုျမင္လိုက္ရတဲ့အခါတိုင္းမွာထိတ္လန႔္တုန္လွုပ္ေနဆဲျဖစ္သည္။

ဒီအႏုပညာေလာကထဲမွာသူမရဲ႕မ်က္ႏွာကတစ္ခုတည္းေသာ အလွပဆံုးနဲ႔က်က္သေရအရွိဆံုးမ်က္ႏွာဟု သူမအၿမဲလိုလိုႏွလံုးသြင္းထားေပမဲ့လည္း တကယ္တမ္းလင္းရွန္ရဲ႕အလွနဲ႔ယွဥ္လိုက္တဲ့အခါမွာေတာ့ သူမရဲ႕အလွေတြကေမွးမွိန္ေနဆဲပင္ျဖစ္သည္။

မိတ္ကပ္ဆရာေတြကလင္းရွန္ရဲ႕မ်က္ႏွာကိုနည္းနည္းေလး႐ုပ္ဆိုးေအာင္ျပင္ေပးထားေသာ္လည္းလင္းရွန္ကအရမ္းကိုဆြဲေဆာင္မႈ့ရွိေနဆဲပင္။

အထူးသျဖင့္ ဒီေန႔တြင္သူမရဲ႕အေငြ႕အသက္ေတြက အရင္ပံုစံေတြနဲ႔တျခားစီျဖစ္ေနသည္။ လင္းရွန္ကစိုးမိုးျခယ္လွယ္တဲ့အေငြ႕အသက္ေတြနဲ႔ ပန္းထိုးထားတဲ့ေရွးေခတ္သစ္သားခံုျမင့္ဖိနပ္ကိုစီးၿပီးလမ္းေလွ်ာက္လာခ်ိန္တြင္ ထိုဟန္ပန္ေတြကပဲ ေလာ့ရွင္းရဲ႕ႏွလံုးသားကိုအနည္းငယ္တင္းက်ပ္သြားေစသည္။ တနည္းနည္းနဲ႔ သူမရွင္းမျပႏိုင္တဲ့မခံမရပ္ျဖစ္ျခင္းေတြကိုခံစားလိုက္ရသည္။

သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြအားလံုးျပင္ဆင္လို႔ၿပီသြားၾကၿပီ။

"လင္းရွန္...မင္းၿပီးၿပီလား?"

ဝမ္က်ီသည္လင္းရွန္ကိုအထင္ေသးေကာင္းေသးႏိုင္ေသာ္လည္းပဲ ေဟာက္ဇီကေထာက္ခံေပးထားတဲ့သူျဖစ္ေနတဲ့အတြက္ သူမအေပၚကိုသူအနည္းငယ္ေလးေလးစားစားဆက္ဆံေပးရမွာျဖစ္ေလသည္။

ေလာ့ရွင္းေတာင္မွ လင္းရွန္ရဲ႕ယုတ္မာတဲ့ရည္ရြယ္ခ်က္ေတြနဲ႔ပက္သက္လို႔ဘာမွသိပ္ေျပာတဲ့ကိစၥ။သူကဘာဝင္ေျပာႏိုင္မွာလဲ?

"ၿပီးၿပီ"
လင္းရွန္က ျပံဳးျပံဳးေလးနဲ႔ေခါင္းၿငိမ့္ၿပီးေျပာလိုက္သည္။

ေဆးခြင့္တစ္ပတ္တာကာလအတြင္းမွာ သူမကိုယ္တိုင္ဇာတ္ၫႊန္းတစ္ခုလံုးကိုထံုးလိုေမႊေရလိုေႏွာက္ႏိုင္ခဲ့သည့္အတြက္ ေနာက္ေက်ာကစာသားေတြကိုေတာင္သူမရြတ္ျပႏိုင္ေလသည္။

ဝမ့္က်ီကလင္းရွန္ကိုတစ္ခ်က္ၾကည့္ၿပီးမွ ကလက္ျပားကို႐ိုက္၍အခ်က္ျပၿပီးေျပာလိုက္သည္။

"စေတာ့"

သ႐ုပ္ေဆာင္ေတြရဲ႕လႈပ္ရွားမႈ့မွန္သမွ်ကိုဖမ္းယူေနသည့္ ႐ုပ္ျမင္သံၾကားဖန္သားျပင္က ခပ္ႀကီးႀကီးျဖစ္သည္။

ဝမ့္က်ီရဲ႕အမူအရာေတြက တျဖည္းျဖည္းနဲ႔ထူးဆန္းလာၿပီး အေဟာင္းသားျဖစ္ေနတဲ့သူပါးစပ္ကလည္း က်ယ္သထက္က်ယ္လာေလသည္။

သူ႔မ်က္လံုးေတြပ်က္သြားတာလား?

သူနဲ႔ဆန္႔က်င္ဘက္မွာရပ္ေနတဲ့သူက လင္းရွန္ေရာဟုတ္ရဲ႕လား?

သူမယုတ္မာၿပီးရက္စက္ေနခ်ိန္မွာ သူမရဲ႕တကယ့္ဇာတိ႐ုပ္အမွန္ကိုဖုံးကြယ္တဲ့ေနရာမွာလည္းကၽြမ္းက်င္ခဲ့သည္။ဇာတ္ေကာင္က သူမရဲ႕ပီျပင္တဲ့သ႐ုပ္ေဆာင္မႈ့ေတြေၾကာင့္ အလြယ္တကူအသက္ဝင္လာခဲ့သည္။

လႈပ္ရွားမႈ့တစ္ခုစီတိုင္းနဲ႔ ေပ်ာ္ရႊင္ျခင္းဝမ္းနည္းျခင္းစတဲ့အျပဳအမူေတြက သူစိတ္ကူးထားတဲ့အတိုင္းအေကာင္းဆံုးအေနအထားကြက္တိရွိေနသည္ !!။

ဒါ့အျပင္..

လင္းရွန္ဇာတ္ၫႊန္းစာသားေတြကိုေျပာေနတဲ့အခါ

႐ုပ္ရွင္အဖြဲ႕ထဲစေရာက္ကတည္းက လင္းရွန္သည္ ဇာတ္ၫႊန္းစာသားေတြကိုဘယ္ေတာ့မွအလြတ္မက်က္ႏိုင္ခဲ့တာေၾကာင့္ စကားေျပာခန္းေတြမွာ သ႐ုပ္ေဆာင္ခ်က္ေတြကသိပ္ကိုဆိုးရြားခဲ့သည္။
အခုေတာ့ လင္းရွန္ထိုဇာတ္ၫႊန္းစာသားေတြကိုေျပာေနတယ္ဆိုတာ သူမယံုႏိုင္ေပ။

ဘာစကားမွမက်န္ခဲ့..!

သူမရဲ႕အသံကိုအနိမ့္အျမင့္ေကာင္းေကာင္းေျပာင္းႏိုင္ရံုသာမက စကားတစ္လံုးခ်င္းစီတိုင္းကိုလည္း ေနာက္ခံအသံသ႐ုပ္ေဆာင္တစ္ေယာက္ရဲစံႏႈန္းနဲ႔ညီမွ်တဲ့အေျခခံအတိုင္း တိက်ရွင္းလင္းစြာအသံထြက္ေလသည္။

.............

Uni

Chapter 8: Kudos To You, Male Lead!
ဝမ်းသာပါတယ်..ဇာတ်လိုက်ရေ..!

ရှောင်ဝမ့်ကျွင်းကိုနှစ်ခါတိတိကိုယ်ဝန်ပျက်ကျပြီး သေမလိုနီးပါးဖြစ်စေခဲ့တဲ့ ကွမ်းကတိုးပင်ကိုစက္ကူထုတ်လေးထဲသို့ထည့်လိုက်သည်။

သူတို့တွေအသက်အန္တရာယ်ကိုခြိမ်းခြောက်လာတဲ့အခြေအနေတွေရှိလာတဲ့အခါမှာ သူတို့ကိုစောင့်ရှောက်ကာကွယ်ပေးဖို့အတွက်နောက်ပိုင်းမှာမိန်းမစိုးတစ်ယောက်အဖြစ်နန်းတော်ထဲကိုဝင်လာခဲ့တဲ့ အစ်ကိုရင်းပမာခင်တွယ်ရတဲ့ဟယ့်ရီကိုလည်း သူမသတ်ပစ်ခဲ့သေးသည်။

သူမသည် ခက်ခဲပင်ပန်းစွာနဲ့သေလုနီးပါးဖြစ်ပြီးမှမွေးထုတ်နိုင်ခဲ့တဲ့အမွှာမောင်နှမတွေဖြစ်တဲ့ ရှောင်ဝမ့်ကျွင်းရဲ့သားနဲ့သမီးကိုတောင်သတ်ပစ်ခဲ့သေးသည်။

အဆုံးသတ်မှာတော့ သူမရဲ့ယုတ်မာတဲ့လုပ်ရပ်တွေကဘူးပေါ်သလိုပေါ်လာခဲ့တာကြောင့် သူမသေဒဏ်ကျခံခဲ့ရပြီး ပြတ်ထွက်နေတဲ့သူမရဲ့ခေါင်းနဲ့ခြေတွေလက်တွေကိုရထားလုံးနှင်ကပ်တွဲချည်၍လည်းပြစ်ဒဏ်ခံခဲ့ရကာ သူမရဲ့ဘဝဟာရင်နင့်ဖွယ်ကောင်းစွာနဲ့အဆုံးသတ်ခဲ့ရသည်။

ရှူတင်ရိုက်ကွင်းတွင်....ဘုရင်ကြီးအဖြစ်သရုပ်ဆောင်ရတဲ့ဇာတ်လိုက်ကုရှန်းဟာ ဘုရင်မင်းမြတ်ရဲ့ကြင်ယာတော်ဖြစ်သူရှောင်ဝမ့်ကျွင်းနဲ့ ချိုးငှက်မောင်နှံချစ်ကြည်နူးတစ်တီတူးနေကျတဲ့ဇာတ်ဝင်ခန်းကိုရိုက်ကူးနေသည်။

နောက်ပိုင်းဇာတ်ဝင်ခန်းတွင် ပိုင်ကျင်းဖန်က ကွမ်းကတိုးပင်ထည့်ထားတဲ့စက္ကူအိတ်ကို ရှောင်ဝမ့်ကျွင်းထံသို့သွားပေးရမှာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ညီအစ်မအရင်းသဖွယ်တစ်ယောက်ကိုတစ်ယောက်သံယောဇဉ်ရှိပုံကို ချပြရမှာဖြစ်သည်။

ကုရှန်းသူမနားကဖြတ်သွားချိန်တွင် သူမအပေါ်အေးစက်စက်အကြည့်များနဲ့ဝေ့ကြည့်သွားသည်။

အဝါရောင်ဝတ်ရုံကိုဝတ်ထားတဲ့ထိုယောကျာ်းဟာ အနုစိတ်တဲ့အသွင်အပြင်နဲ့ အပြစ်ဟူ၍မြူတစ်ထောက်စာမရှိအောင်ချောမွေ့နေသည်။စိုးမိုးခြယ်လှယ်တတ်တဲ့ပုံစံနဲ့ အတွေ့အကြုံ့ရင့်ကျက်တဲ့အငွေ့အသက်တို့ကိုပေါင်းစပ်လိုက်ချိန်မှာတော့ အနုပညာလောကမှာရှိတဲ့လူငယ်တွေကို သူ့မျက်နှာတစ်ခုနဲ့တင်သတ်ချလိုက်လို့ရလေသည်။

လင်းရှန်ဟာ သူ့ကိုတစ်ချက်မျှကြည့်လိုက်ရုံနှင့် ထိုလူသည် သေချာပေါက် မိန်းကလေးပရိသတ်တော်တော်များများရဲ့ အိမ္မက္ဆိုတာကို သူမအတပ်ပြောနိုင်သည်။

"တရုတ်ပြည်ကအမျိုးသမီးငယ်တွေလက်ထက်ရန် ဆန္ဒအရှိဆုံးယောကျာ်း"အဖြစ်သဘောတူသတ်မှတ်ထားကြသည်မှာအံ့သြလောက်စရာမဟုတ်တော့ပေ။

"လင်းရှန်...ငါဒီမှာရှိနေသရွေ့ကတော့ လော့ရှင်းကိုထိခိုက်အောင်လုပ်ဖို့ဘယ်တော့မှမတွေးမိလိုက်နဲ့ !! "

ကုရှန်းရဲ့နှုတ်ခမ်းများကအနည်းငယ်အေးစက်ဟန်ပေါက်လာကာ သူမကိုခြိမ်းခြောက်နေသည့် သူ့မျက်လုံးများဟာလည်းသူမကိုမနှစ်မြို့ခြင်းတွေအပြည့်နဲ့ဖြစ်နေသည်။

အမျက်ဒေါသတို့တစ်စက်ကလေးမှမရှိတဲ့ လင်းရှန်၏ကျက်သရေရှိလှသောမျက်နှာလေးထက်တွင် အပြစ်ကင်းစင်ပြီးချိုသာလွန်းတဲ့အပြုံးလေးတစ်ပွင့်ကလှစ်ခနဲပေါ်လာလေသည်။သူမအလှက လူတွေကိုအသက်ရှူမှားလောက်စေသည်။

"ငါမလုပ်ရဲပါဘူးနော်...!"

ဝမ်းသာပါတယ်...ဇာတ်လိုက်ရေ!

ထိုစကားကိုကြားလိုက်ရတဲ့အခါမှာကုရှန်းရဲ့မျက်လုံးထဲမှာသံသယအခိုးငွေ့တို့ပေါ်လာလေသည်။

ဒီမိန်းမပြောင်းလဲသွားပုံပဲ..

သူတို့နှစ်ယောက်ပထမဆုံးစတွေ့ပြီးကတည်းက လင်းရှန်ရဲ့သူ့အပေါ်တရားလွန်အရူးအမူးစွဲလမ်းစွာကြည့်တတ်တာကိုသူအရမ်းရွံရှာစိတ်ပျက်နေခဲ့တာဖြစ်သည်။

သို့ပေမဲ့လည်း ဒီနေ့မှာတော့..သူမရဲ့အကြည့်တွေက ထူးထူးခြားခြားကြည်လင်နေပြီး သူ့နဲ့ပက်သက်လို့အရူးအမူးစွဲလမ်းနေတဲ့အရိပ်အယောင်တစ်စက်ကလေးမှရှိမနေချေ။

လူတြကို ချစ်တာမုန်းတာနဲ့ပက်သက်ပြီး ဗြောင်ကျကျပဲ လော့ရှင်းကတော့ သူမရဲ့ခံစားချက်တွေကိုဖုံးကွယ်ထားဖို့စိတ်ကူးမရှိချေ။

သူမကိုထိခိုက်စေချင်တဲ့လင်းရှန်ရဲ့ဆန္ဒနဲ့ပက်သက်လို့ကတော့ သူမဘက်ကနေအကောင်းမြင်ပေးလို့မရတဲ့ခံစားချက်ရှိနေတာသဘာဝကျလေသည်။သို့သော်လည်း သူမအနေနဲ့လင်းရှန်မျက်နှာကိုမြင်လိုက်ရတဲ့အခါတိုင်းမှာထိတ်လန့်တုန်လှုပ်နေဆဲဖြစ်သည်။

ဒီအနုပညာလောကထဲမှာသူမရဲ့မျက်နှာကတစ်ခုတည်းသော အလှပဆုံးနဲ့ကျက်သရေအရှိဆုံးမျက်နှာဟု သူမအမြဲလိုလိုနှလုံးသွင်းထားပေမဲ့လည်း တကယ်တမ်းလင်းရှန်ရဲ့အလှနဲ့ယှဉ်လိုက်တဲ့အခါမှာတော့ သူမရဲ့အလှတွေကမှေးမှိန်နေဆဲပင်ဖြစ်သည်။

မိတ်ကပ်ဆရာတွေကလင်းရှန်ရဲ့မျက်နှာကိုနည်းနည်းလေးရုပ်ဆိုးအောင်ပြင်ပေးထားသော်လည်းလင်းရှန်ကအရမ်းကိုဆွဲဆောင်မှု့ရှိနေဆဲပင်။

အထူးသဖြင့် ဒီနေ့တွင်သူမရဲ့အငွေ့အသက်တွေက အရင်ပုံစံတွေနဲ့တခြားစီဖြစ်နေသည်။ လင်းရှန်ကစိုးမိုးခြယ်လှယ်တဲ့အငွေ့အသက်တွေနဲ့ ပန်းထိုးထားတဲ့ရှေးခေတ်သစ်သားခုံမြင့်ဖိနပ်ကိုစီးပြီးလမ်းလျှောက်လာချိန်တွင် ထိုဟန်ပန်တွေကပဲ လော့ရှင်းရဲ့နှလုံးသားကိုအနည်းငယ်တင်းကျပ်သွားစေသည်။ တနည်းနည်းနဲ့ သူမရှင်းမပြနိုင်တဲ့မခံမရပ်ဖြစ်ခြင်းတွေကိုခံစားလိုက်ရသည်။

သရုပ်ဆောင်မင်းသားမင်းသမီးတွေအားလုံးပြင်ဆင်လို့ပြီသွားကြပြီ။

"လင်းရှန်...မင်းပြီးပြီလား?"

ဝမ်ကျီသည်လင်းရှန်ကိုအထင်သေးကောင်းသေးနိုင်သော်လည်းပဲ ဟောက်ဇီကထောက်ခံပေးထားတဲ့သူဖြစ်နေတဲ့အတွက် သူမအပေါ်ကိုသူအနည်းငယ်လေးလေးစားစားဆက်ဆံပေးရမှာဖြစ်လေသည်။

လော့ရှင်းတောင်မှ လင်းရှန်ရဲ့ယုတ်မာတဲ့ရည်ရွယ်ချက်တွေနဲ့ပက်သက်လို့ဘာမှသိပ်ပြောတဲ့ကိစ္စ။သူကဘာဝင်ပြောနိုင်မှာလဲ?

"ပြီးပြီ"
လင်းရှန်က ပြုံးပြုံးလေးနဲ့ခေါင်းငြိမ့်ပြီးပြောလိုက်သည်။

ဆေးခွင့်တစ်ပတ်တာကာလအတွင်းမှာ သူမကိုယ်တိုင်ဇာတ်ညွှန်းတစ်ခုလုံးကိုထုံးလိုမွှေရေလိုနှောက်နိုင်ခဲ့သည့်အတွက် နောက်ကျောကစာသားတွေကိုတောင်သူမရွတ်ပြနိုင်လေသည်။

ဝမ့်ကျီကလင်းရှန်ကိုတစ်ချက်ကြည့်ပြီးမှ ကလက်ပြားကိုရိုက်၍အချက်ပြပြီးပြောလိုက်သည်။

"စေတာ့"

သရုပ်ဆောင်တွေရဲ့လှုပ်ရှားမှု့မှန်သမျှကိုဖမ်းယူနေသည့် ရုပ်မြင်သံကြားဖန်သားပြင်က ခပ်ကြီးကြီးဖြစ်သည်။

ဝမ့်ကျီရဲ့အမူအရာတွေက တဖြည်းဖြည်းနဲ့ထူးဆန်းလာပြီး အဟောင်းသားဖြစ်နေတဲ့သူပါးစပ်ကလည်း ကျယ်သထက်ကျယ်လာလေသည်။

သူ့မျက်လုံးတွေပျက်သွားတာလား?

သူနဲ့ဆန့်ကျင်ဘက်မှာရပ်နေတဲ့သူက လင်းရှန်ရောဟုတ်ရဲ့လား?

သူမယုတ်မာပြီးရက်စက်နေချိန်မှာ သူမရဲ့တကယ့်ဇာတိရုပ်အမှန်ကိုဖုံးကွယ်တဲ့နေရာမှာလည်းကျွမ်းကျင်ခဲ့သည်။ဇာတ်ကောင်က သူမရဲ့ပီပြင်တဲ့သရုပ်ဆောင်မှု့တွေကြောင့် အလွယ်တကူအသက်ဝင်လာခဲ့သည်။

လှုပ်ရှားမှု့တစ်ခုစီတိုင်းနဲ့ ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းစတဲ့အပြုအမူတွေက သူစိတ်ကူးထားတဲ့အတိုင်းအကောင်းဆုံးအနေအထားကွက်တိရှိနေသည် !!။

ဒါ့အပြင်..

လင်းရှန်ဇာတ်ညွှန်းစာသားတွေကိုပြောနေတဲ့အခါ

ရုပ်ရှင်အဖွဲ့ထဲစရောက်ကတည်းက လင်းရှန်သည် ဇာတ်ညွှန်းစာသားတွေကိုဘယ်တော့မှအလွတ်မကျက်နိုင်ခဲ့တာကြောင့် စကားပြောခန်းတွေမှာ သရုပ်ဆောင်ချက်တွေကသိပ်ကိုဆိုးရွားခဲ့သည်။
အခုတော့ လင်းရှန်ထိုဇာတ်ညွှန်းစာသားတွေကိုပြောနေတယ်ဆိုတာ သူမယုံနိုင်ပေ။

ဘာစကားမှမကျန်ခဲ့..!

သူမရဲ့အသံကိုအနိမ့်အမြင့်ကောင်းကောင်းပြောင်းနိုင်ရုံသာမက စကားတစ်လုံးချင်းစီတိုင်းကိုလည်း နောက်ခံအသံသရုပ်ဆောင်တစ်ယောက်ရဲစံနှုန်းနဲ့ညီမျှတဲ့အခြေခံအတိုင်း တိကျရှင်းလင်းစွာအသံထွက်လေသည်။

.............

Seguir leyendo

También te gustarán

844K 50.6K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
377K 1.1K 10
Fun wlw sex. Different kinks and stuff, all about trying things. May even include potential plot lines and will definitely include some form after ca...
909K 82.2K 38
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
364K 27.7K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...