Cāi Cāi || ချိုက်ချိုက် || [...

By littlewillow01

116K 19.3K 923

Cāi Cāi Author- MòLǐ 莫里 English Translators - Closed Window Translation Burmese Translator - littlewillow01... More

Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58)
Chapter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70)
Chapter (71)
Chapter (72)
Chapter (73)
Chapter (74)
Chapter(75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (80)
Chapter (81)
Chapter (82)
Chapter (83)
Chapter (84)
Chapter (85)
Chapter (86)
Chapter (87)
Chapter (88)
Chapter (89) [Final]
Extra Chapter

Chapter (31)

890 188 7
By littlewillow01

Chapter (31)

Act 5 : Avenue Q (3)

ယောင်ရင်၏ညဝတ်အင်္ကျီများမှာ အဆင်ပြေပြေမရှိဘဲ ဘောင်းဘီနှင့်အင်္ကျီအနားစများကို  အကြိမ်ပေါင်းများစွာ ခေါက်တင်ထားသည်။  ထို့နောက် သူ့လက်ကိုမြှောက်လိုက်၍ ခါးကို ပျင်းရိစွာဆန့်ထုတ်လိုက်ပြီး လှပသောညှပ်ရိုးများကို ပေါ်လွင်နေစေသည်။

ထန်ယီမင်၏အကြည့်များသည် သူ့အသားအရည်ပေါ်တွင် ခဏတာမျှကျရောက်သွားသော်လည်း လျင်မြန်စွာပင် ပြန်လည်ကွယ်ပျောက်သွားသည်။

" ခင်ဗျားရဲ့ ညဝတ်အင်္ကျီတွေက..."

"ဘာဖြစ်လို့လဲ?" ယောင်ရင်သည် သူဝတ်ဆင်ထားရသော ခေတ်မီသလိုလိုအကွက်အကွင်းများပါသည့် ညဝတ်အိပ်အဝတ်အစားများကို  ငုံ့ကြည့်လိုက်သည်။ " အဲ့ဒါတွေကို ဂျော့ခ်ပဲ သူ့ဗီရိုထဲကထုတ်ပေးလိုက်တာ. . . ပြောတာတော့ လျှော်ပြီးသားတွေတဲ့ "

ထိုသို့ပြောပြီးနောက် သူ့မျက်လုံးများ လက်ခနဲဖြစ်သွားပြီး အင်္ကျီကော်လံကို လက်ညိုးဖြင့်ဂရုတစိုက်ညှပ်လိုက်​ကာ နှာခေါင်းနားသို့ကပ်လိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အနံ့ခံနေပြန်သည်။ ထို့နောက် ယောင်ရင်က သက်ပြင်းချရင်း “မွှေးတော့မွှေးတယ်၊ ဆပ်ပြာနံ့ သင်းသင်းလေးလိုပဲ”

"ဟုတ်တယ် လျှော်ပြီးသားတွေ"  ထန်ယီမင်က ဆက်ပြော၏။  " ဟိုရက်ကပဲ အဆောင်ကို ရှောင်လွေ့လာလည်သေးတယ်လေ၊ အဲ့တော့ အထင်ကြီးစရာကောင်းအောင်လုပ်ဖို့ဆိုပြီး ဂျော့ခ်တစ်ယောက်တည်း အဆောင်အတွင်းပိုင်းကို အကြိမ်တော်တော်များများ သန့်ရှင်းရေးလုပ်ပြီး အမှိုက်ရှစ်အိတ်တောင် ထွက်လာတယ်။ သူ့အ၀တ်တွေအားလုံးလည်း လျှော်ပြီးသားနေမယ် "

"ဒါမျိုးပဲ ဖြစ်သင့်တယ်" ယောင်ရင်က ပခုံးတွန့်ပြလိုက်သည်။ "ဂိမ်းဆော့ဖို့ဆို ဂျင်းဘောင်းဘီကြီးနဲ့ ကြမ်းပြင်ပေါ်မှာထိုင်နေရတာ တစ်ကယ်အဆင်မပြေလို့ သူ့ညဝတ်အင်္ကျီတွေနဲ့ လဲဝတ်ထားရတာ"

ယမန်နေ့ညက Nintendo သည် အသစ်တစ်ခုဖြစ်သော Legend of Zelda ကို မိတ်ဆက်ပေးခဲ့၏။ ယောင်ရင်သည် ဂိမ်းထဲမှပစ္စည်းတစ်ခုကို တန်းဖိုးသုံးဆအမြင့်ဖြင့် အမြန်လုယူခဲ့ရပြီး ဂျော့ခ်နှင့်အတူ ဂိမ်းဆော့ရန် ဤနေရာသို့ အပြေးအလွှားရောက်လာခဲ့သည်။ သို့သော် အချိန်နောက်ကျနေပြီဖြစ်သောကြောင့် အိမ်မပြန်နေတော့ဘဲညဘက်အထိ ဂျော့ခ်နှင့်ကောင်းကောင်းဆက်ကစားရန် ရွေးချယ်လိုက်သည်။

ယခုတော့သူ့မျက်လုံးအောက်တွင် ပန်ဒါကဲ့သို့  အညိုအမည်းကွင်းများ ရှိနေပြီဖြစ်ပြီး သူ့လက်ထဲ၌ ဘလက်ကော်ဖီခွက်ကိုကိုင်ထားကာ ရိုးရိုးရေသောက်နေသကဲ့သို့ လည်ချောင်းထဲကို  အတင်းလောင်းချနေတော့သည်။

ထမင်းစားပွဲပေါ်တွင် ထမင်းရည်ပေါင်းပန်းကန်လုံးနှင့် ကြက်ဥများအပြင် လတ်ဆတ်နေသော အရံဟင်းအနည်းငယ်တို့ ရှိနေ၏။  လှီးဖြတ်ထားသော အသီးအနှံများကို  ထောပတ်အချပ်အနည်းငယ်ဖြင့် ပန်းကန်တစ်ခုပေါ်တွင် ချထားလေသည်။

"..." ထန်ယီမင် အနည်းငယ်အံ့သြသွား၏။  "ဒါတွေအကုန် ခင်ဗျားလုပ်ထားတာလား??"

"ဘယ်လိုဖြစ်နိုင်မှာလဲ??" ယောင်ရင်သည် သူ၏ အနုပညာလက်ရာများကဲ့သို့ လှပလွန်းသော လက်ချောင်းများကို ဖြ
န့်ပြလိုက်သည်။  "ငါက အနုပညာသမားလေ. . . ဒီလက်တွေက စန္ဒယားတီးဖို့အတွက်ပဲ၊ ဟုတ်ပြီလား ကျေးဇူးနော်"

"..." ထန်ယီမင်လည်း တိတ်တိတ်လေး ပြန်စဥ်းစားမိ၏။ လွန်ခဲ့သောဆယ်မိနစ်လောက်က တံခါးခေါက်သံတစ်ခုကို သူကြားလိုက်ရပုံပင်။  "ဒါတွေအားလုံးက ခင်ဗျားအော်ဒါမှာထားတာတွေလား?? စုစုပေါင်းဘယ်လောက်ကျလဲ?? ကျွန်တော်တို့ ခွဲပေးကြမယ် '
"

သို့သော် ယောင်ရင်က ခေါင်းခါလိုက်ပြီး "ပိုက်ဆံမလိုပါဘူး"

" ခင်ဗျား ယဉ်ကျေးနေဖို့မလိုပါဘူး။ ကျွန်တော်နဲ့ ဂျော့ခ်အတွက်ပါ မှာထားပေးခဲ့တာမို့လို့ ကုန်ကျစရိတ်ကို အတူတူမျှခံသင့်တယ် "

“တကယ်ကို ပိုက်ဆံပေးစရာမလိုဘူး” ဟု ထိုလူငယ်ကဆက်ပြောလာသည်။  " ဒါတွေက ငါ့စားဖိုမှူးတွေ ပြင်ဆင်ပေးပြီး လာပို့ပေးထားတာ. . . ပိုက်ဆံက သူတို့လုပ်ခအတွက် ပေးပြီးသားဆိုတော့ အားလုံးရှင်းပြီးနေပြီ"

" . . . " ဪ ဟုတ်ပြီ၊ ဆောရီးပါ. . . ငွေရဲ့ပါဝါကို တစ်ကယ်လျှော့တွက်ခဲ့မိတယ်။

"ဒါပေမယ့် မင်းရဲ့နေရာက ဒီလောက်ဆိုးနေမယ်လို့ ငါမမျှော်လင့်ထားဘူး" ယောင်ရင်က ညည်းညူလိုက်သည်။  “နေဝင်ပြီးတာနဲ့ အခန်းတစ်ခုလုံးက ရေခဲသေတ္တာကြီးလို အေးစက်သွားတာလေ. . . ဂျော့ခ်ကတော့ လျှပ်စစ်အပူပေးစက်ကို ဖွင့်ပေးခဲ့ပေမယ့် ရလဒ်ကတော့ ပလပ်ပေါက်ထိုးပြီးတာနဲ့ မီးပျက်သွားတာပဲ၊ ဂိမ်းထဲကဟာတွေလည်း အကုန်ပျောက်သွားပြီ ”

ထန်ယီမင်ကတော့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်ပတ်သက်၍ အတော်လေး  ကျင့်သားရနေပြီဖြစ်သည်။ "ကျောင်းက ခွဲပေးထားတဲ့အိပ်ဆောင်တွေက သေးသေးလေးနဲ့သိပ်အဆင်မပြေပေမယ့် ကျွန်တော်တို့လို ဆင်းရဲတဲ့ ကျောင်းသားတွေအတွက်တော့ အရမ်းစျေးသက်သာတယ်။ တကယ်တော့ ခင်ဗျားလည်း ထူးထူးခြားခြားလုပ်နေစရာမလိုဘူး. . . ခင်ဗျားအိမ်မှာ ဂိမ်းအခန်းမရှိဘူးလား?? ဂျော့ခ်ကိုဘာလို့ ခင်ဗျားအိမ်ဆီ တိုက်ရိုက်မခေါ်လိုက်တာလဲ??"

မထင်မှတ်ထားဘဲ ယောင်ရင်သည် ကော်ဖီခွက်ကိုအောက်ချလိုက်ပြီး ပြုံးလျက် သူ့ကို စိုက်ကြည့်လာသည်။

" ထန်ယီမင် မင်းက တကယ်ကြီးတုံးတာလား?? တုံးသလို ဟန်ဆောင်နေတာလား??"  ယောင်ရင်က မျက်ခုံးပင့်လိုက်၏။ "မင်းအိမ်ထဲကိုဝင်ချင်တဲ့ အကြောင်းပြချက်ကြောင့်သာမဟုတ်ရင် 'So-dog' ငါက ဂျော့ခ်လို 'Nindo' နဲ့ ဘာကိစ္စ Zelda လာကစားရမှာလဲ???"

So-dog သည် Sony [T/N: ဂိမ်းကစားပွဲများ] ၏ ပရိတ်သတ်ဖြစ်ကာ Nindo သည်တော့ Nintendo ၏ ပရိသတ်ဖြစ်လေသည်။  နှစ်သင်းလုံး၏ပရိသတ်များ တွေ့ဆုံမိသောအခါတွင် အမြဲရန်ဖြစ်ကြလေ့ရှိပြီး ၎င်းတို့အားလုံးသည် ၎င်းတို့၏ကစားနည်းကသာ နံပါတ်(၁)ဖြစ်ပြီး အခြားပွဲများထက် ပိုမိုသာလွန်သည်ဟု ခံစားမိကြသည်။ မနေ့ညတုန်းက ယောင်ရင်သည် အရှက်တရား၏  ဝန်ထုပ်ဝန်ပိုးများကို ခံနိုင်ရည်အောင်လုပ်ခဲ့ရလျက် ရန်သူနယ်မြေထဲ နစ်မြုပ်သွားခဲ့ရ၏။  Kobe ကို လှောင်ပြောင်ရယ်မောနေသော LeBron James နဲ့ သူမသာကိုယ်မသာ ဖြစ်သွားသည်ဟု ခံစားလိုက်ရကာ လီဗာပူးကို အားပေးနေရသော မန်ချက်စတာယူနိုက်တက်ပရိသတ်ကဲ့သို့ပင်။

လူတစ်ဦးကိုလိုက်ရန် အလွန်စတေးနေရသည်ဟု ယောင်ရင်တွေးမိသည်။  သူသည် ငွေနှင့်အချိန်များကို သုံးစွဲရရုံသာမက သူ့ယုံကြည်ချက်များကိုလည်း သစ္စာဖောက်ခဲ့ရသေးသည်။

သူဒီလောက်ကြိုးစားတာတောင် ထန်ယီမင်ကိုမလိုက်နိုင်ပါက သူ့ကိုယ်ပိုင်ဂုဏ်ကျက်သရေကို တကယ်ကြီး သံသယဝင်မိတော့မည်ပင်။

"..." ထန်ယီမင်လည်း တိတ်ဆိတ်သွား၏။

ယောင်ရင်နှင့် မရင်းနှီးခင်တုန်းကလည်း ထန်ယီမင်ကိုမျက်နှာသာပေးခဲ့ဖူးသော တစ်ခြားကောင်လေးများ ရှိခဲ့၏။  သို့သော် ထန်ယီမင်ငြင်းဆိုပြီးနောက်တွင် ၎င်းတို့အားလုံးသည် နောက်ထပ်တစ်ကြိမ် လာရောက်ရောထွေးခြင်းမျိုး မပြုလုပ်တော့ပေ။

သို့သော် ယောင်ရင်ကတော့ စိတ်အားထက်သန်မှုအပြည့်ရှိနေပြီး ထိုးစစ်အရှိန်ကို အပြည့်အဝဆုပ်ကိုင်ကာ အစပြုနေခဲ့သည်။ ထို့အပြင် ချီးကျူးစရာအကောင်းဆုံးအချက်မှာ ယောင်ရင်သည် သူ့အလုပ်နှင့် ကိုယ်ရေးကိုယ်တာခံစားချက်များကို ဘယ်တော့မှမရောထွေးစေခဲ့တာပင်။  သူတို့နှစ်ဦးစလုံးသည် အသံသွင်းစတူဒီယိုတွင် မကြာခဏတွေ့ဆုံကြရသော်လည်း ယောင်ရင်ကသူ့ကိုလိုက်နေကြောင်း ဘယ်လုပ်ဖော်ကိုင်ဖက်ကမှ မသိရှိပေ။

ဤအရာအားလုံးသည် ထန်ယီမင်ကိုအပြစ်ရှိသလို ခံစားစေခဲ့ပြီး ယောင်ရင်ကိုလက်မခံလိုက်ပါက အဆိုးဆုံးနှင့် ခွင့်မလွှတ်နိုင်ဆုံးသောအပြစ်ကို ကျူးလွန်မိတော့မလိုပင်။

ဒါပေမယ့် ပြဿနာကတော့ ယောင်ရင့်ကိုကြည့်လိုက်တိုင်း တစ်ကယ့်ကိုအတွင်းစိတ်နှလုံးသားထဲထိ တုန်လှုပ်သွားစေသောခံစားချက်မျိုး ထန်ယီမင်တစ်ခါမှ မခံစားရဖူးပေ။

ထန်ယီမင်ဘက်မှ ဆုတ်ခွာသွားသည်ကိုမြင်မိပြီးနောက် ယောင်ရင်သည် အခြားအကြောင်းအရာတစ်ခုကို လမ်းကြောင်းပြောင်းလိုက်လေသည်။

"နွေဦးပွဲတော်ကို ဘယ်လိုဖြတ်သန်းမှာလဲ??" ယောင်ရင်က မေးလိုက်၏။ "တရုတ်ပြည်ကို  ပြန်ဦးမှာလား??"

"မပြန်ပါဘူး" အကြောင်းအရာပြောင်းလဲသွားသည့်အတွက် ထန်ယီမင်လည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။  " ကုမ္ပဏီမှာလည်း အားလပ်ရက်မရှိလို့လေ၊ အားလပ်ရက်ရှိရင်တောင် အသွားအပြန်လက်မှတ်က အရမ်းဈေးကြီးလို့ "

အားလပ်ရက်များတွင် အမျိုးအဆွေများကို မကြာခဏ သတိရတတ်ကြ၏။ အမေရိကန်၌ နှစ်အတော်ကြာနေပြီးနောက် ထန်ယီမင်သည် နွေဦးပွဲတော်မှာတောင် အိမ်ပြန်လေ့မရှိပေ။ ကျောင်းတက်တုန်းက သူ့တွင် ပိုက်ဆံသိပ်မရှိသော်လည်း ယခုတော့ အလုပ်ကရှိလာပြီး အချိန်လည်းမအားတော့ပေ။  ဒါသည်ကပင် သာမန်နိုင်ငံတကာကျောင်းသားများ၏ အကျပ်ရိုက်မှုများသာ။

ထန်ယီမင်က " ခင်ဗျားရော ဘယ်လိုလဲ?? အိမ်ပြန်မှာလား" ဟု မေးကြည့်လိုက်သည်။ ပိုက်ဆံပဲဖြစ်ဖြစ်၊ အချိန်ပဲဖြစ်ဖြစ် နှစ်ခုစလုံးက ယောင်ရင်တတ်နိုင်သည့်အရာများပင်။

"မပြန်ဘူး" ယောင်ရင်က ပခုံးတွန့်လိုက်၏ ။  "နွေဦးပွဲတော်မှာ ငါ့မိဘတွေက ခရီးသွားအဖွဲ့တစ်ခုအတွက် စာရင်းသွင်းထားကြတယ်၊ အဲ့ဒါကြောင့် ငါပြန်သွားပြီး ပြဿနာမရှာချင်တော့ဘူး"

" တော်တော်လေး ကောင်းပါတယ် "  ထို့နောက် ထန်ယီမင်၏မျက်လုံးများ တောက်ပလာ၏။  ဒီနှစ်မှာတော့ သူတစ်ယောက်တည်းဖြင့် အလုပ်နှစ်ခုလုပ်ခဲ့ပြီး သူ့လက်ထဲ၌ ပိုက်ဆံအများကြီးရှိနေသည်။ ထို့ကြောင့် အိမ်ကလူအိုစုံတွဲအတွက်လည်း နွေဦးပွဲတော်အတွင်း ခရီးသွားအဖွဲ့တစ်ခုလောက် မလျှောက်ပေးသင့်ဘူးလား?? " ခင်ဗျားရဲ့မိဘတွေ
က ဘယ်သွားကြတာလဲ?? ဥရောပလား?? သြစတေးလျလား?? "

ယောင်မိသားစု၏ ချမ်းသာကြွယ်ဝမှုဖြင့် တရုတ်ပြည်အနှံ့ ခရီးမထွက်မှာတော့ သေချာလေသည်။

"အိုး" ယောင်ရင်က ဖြည်းညှင်းစွာပြောလာသည်။  "အန္တာတိကဘက်"

"..."

"အဲ့ဒါ ငါ့အဖေနဲ့ သူ့သူငယ်ချင်းတွေထောင်ထားတဲ့ ခရီးသွားအဖွဲ့လေ. . . လူတွေ လည်း ထပ်ထည့်လို့ရသေးတယ်၊ ဘာလဲ. . . အန်တီတို့အတွက် စာရင်းသွင်းချင်လို့လား??" ယောင်ရင်က ဆက်ပြောသည်။ " ပိုက်ဆံမလိုဘူးနော်၊ လူကြီးတွေကို လေးလေးစားစား ဆက်ဆံရမယ် "

"အင်း...ကျေးဇူးပဲ။ သူတို့ တရုတ်မှာပဲနေလိုက်တာ ပိုကောင်းမယ်ထင်တယ်"

- - - - - - - - - - - -

နွေဦးပွဲတော်အားလပ်ရက် နီးကပ်လာသည်နှင့်အမျှ ဟွားဝူအကယ်ဒမီ၏ ကျောင်းဝန်းသည် လည်း တဖြည်းဖြည်းချင်း တိတ်ဆိတ်လာလေသည်။

ရှန်းချိုက်အပြင် ဤနွေဦးပွဲတော်အတွင်း အခြားကောင်လေးသုံးယောက်လည်း ကျန်ခဲ့၏။ စီမံခန့်ခွဲရေးအဆင်ပြေစေရန် ကျောင်းက သူတို့လေးယောက်အား အဆောင်တစ်ခုတွင် စုဝေးစေခဲ့သည်။

ထိုကလေးသုံးယောက်သည် ရှန်းချိုက်ထက် ငယ်ကြလေသည်။ ဟွားဝူအကယ်ဒမီသည် ခြောက်နှစ်ကြာတက်ရောက်ရသော ပရိုဂရမ်တစ်ခုဖြစ်ပြီး အသက် 11 နှစ်တွင် ကျောင်းစတက်နိုင်ပြီဖြစ်သည်။ ကောင်လေးသုံးဦးစလုံးသည် ကျောင်း၏ဒဏ္ဍာရီမင်းသားလေးနှင့် နေထိုင်နိုင်ကြောင်းကြားသိရသောအခါ အလွန်စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ ခြေလက်များကိုတောင် ဘယ်မှာထားရမယ်မှန်း မသိကြတော့ပေ။  

ပထမဆုံးအကြိမ်အဖြစ် ရှန်းချိုက်သည် အစ်ကိုကြီးတစ်ယောက်ဖြစ်လာပြီး သူ့ထက်ငယ်သောအခန်းဖော်များနှင့် နေထိုင်ရလေသည်။

အစပိုင်းတွင်တော့ အနည်းငယ်ထိန်းထားနိုင်သော်လည်း မကြာမီပင် တဖြည်းဖြည်း ရင်းနှီးလာကြတော့သည်။  ကလေးနှစ်ယောက်က ဝေးလံခေါင်သီသော တောင်ပေါ်ဒေသမှ လာခဲ့ခြင်းဖြစ်ပြီး ပိုက်ဆံစုရန်အတွက် နွေဦးပွဲတော်မှာတောင်ကျောင်းတက်ပြီး လက်ကမ်းစာစောင်ဝေသည့်အလုပ်ကိုရှာရန် အပြင်သို့ တိတ်တဆိတ်ထွက်ရလေသည်။ ကွာရှင်းပြတ်စဲမှုကိစ္စဖြစ်နေသော မိဘများရှိသည့် ကလေးတစ်ဦးလည်းရှိပြီး ထိုမိဘတစ်ဦးစီတွင် အပြင်၌ ချစ်သူရည်းစားကိုယ်စီရှိနေကာ ဘယ်သူကမှ ဒီဆီပုလင်းလေးကို မလိုချင်ကြဘဲ ကျောင်း၌သာ ယုံယုံကြည်ကြည် အပ်နှံထားလိုက်ရုံပင်။

သူတို့၏ရုန်းကန်မှုများကို မြင်လိုက်ရစဥ် သူကြုံတွေ့ခဲ့ရတဲ့အရာတွေက သိပ်ပြီးလည်း မဆိုးပါဘူးလို့ ရှန်းချိုက် ရုတ်တရက် ခံစားလိုက်ရ၏။

သူတို့အားလုံးသည် တေးဂီတပြဇာတ်ရုံဌာနကို သိချင်ကြ၍ သူ့အား မေးခွန်းများစွာ မေးမြန်းကြလေသည်။

ရှန်းချိုက်သည် သူတို့အား ရုပ်သံစာသင်ခန်းသို့ ခေါ်ဆောင်သွားပြီး ဂန္တဝင်တေးဂီတများကို ပြသကာ သီချင်းဆိုရန် သင်ကြားပေးသည်။

မျှော်လင့်မထားဘဲ ကျောင်း၏ကွန်ပြူတာသည် ရှန်းချိုက်တို့၏ Semester နောက်ဆုံးစာမေးပွဲ ဗီဒီယိုဖိုင်များကို အမှန်တကယ် သိမ်းဆည်းထား၏။  အခြားကလေးများ၏ တောင်းဆိုမှုများအလယ်တွင် ရှန်းချိုက်သည် ရှက်ကိုးရှက်ကန်းဖြင့် သူ၏ စာမေးပွဲ ဗီဒီယိုများကို ထုတ်ပြကာ ၎င်းတို့အား ပြသလိုက်ရသည်။ ရှန်းချိုက်တစ်ယောက် ဇာတ်ရုပ်နှစ်ခုပါသော "Goodbye Rach" အား သီဆိုနေသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့၏မေးရိုးသုံးခုလုံး အောက်ပြုတ်ကျသွားတော့သည်။

ကလေးတစ်ယောက်က " ရှန်းချိုက်  တေးဂီတတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်နော်၊ ကျွန်တော်ရော တေးဂီတပြဇာတ်ရုံဌာနကို ပြောင်းလို့ရမလား??"

ကျန်သည့်ကောင်လေးနှစ်ယောက်ကလည်း အရုံးမပေးဘဲ လက်မြှောက်လာကြကာ ဌာနပြောင်းဖို့အတွက် သူ့ထက်ငါအရင်အော်ဟစ်ကြလေသည်။

"ကျွန်တော်လည်း တေးဂီတပြဇာတ် မင်းသားဖြစ်ချင်တယ်"

"အစ်ကို့လောက် အစွမ်းထက်ချင်တယ်ဗျို့"

"ကျောင်းစဖွင့်ရင် အတန်းပိုင်ဆရာမကို မေးကြည့်ရမယ်..."

တစ်နေ့တွင် အခြားသူများ၏အိပ်မက်များကို တွန်းအားပေးမိပြီး ၎င်းတို့၏ 'စံပြပုဂ္ဂိုလ်' ဖြစ်လာလိမ့်မည်ဟု ရှန်းချိုက်တစ်ခါမှ မထင်ခဲ့ပေ။

အကပညာက အရမ်းကောင်း၏၊ သီချင်းဆိုတာကလည်း အရမ်းကောင်းသလို ဘဲလေးအကကလည်း အရမ်းကောင်းပြီး တေးဂီတပြဇာတ်ကလည်း အလွန်ကောင်းမွန်လေသည်။ ရှန်းချိုက်သည် ဤပညာရပ်ကို မသိလိုက်မိဘဲ ချစ်မိသွားခဲ့ပြီး နောင်လာမည့်တစ်နေ့တွင် ထိုစင်မြင့်ပေါ်၌ သူသေချာပေါက် ရပ်တည်နိုင်သည်ကို သူသိနေခဲ့သည်။

...

30 ရက်နေ့နောက်ဆုံးနေ့တွင် ကျောင်းဝင်းကြီးတစ်ခုလုံး အလွန်တိတ်ဆိတ်သွားလေသည်။  လုံခြုံရေးအစောင့်တွေကလွဲလို့ အိမ်ခြေယာမဲ့ တောခွေးလေးတွေနှင့် တောကြောင်လေးတွေပဲ ရှိကြ၏။

မနေ့ညက နှင်းများထူထပ်စွာကျဆင်းခဲ့ပြီးနောက် အပူချိန်မှာ အနုတ်ဆယ်ဒီဂရီအထိ ကျဆင်းသွားပြီး ယောက်ျားလေးအဆောင်ရှိ ရေပိုက်များမှာ အေးခဲကာပေါက်ကွဲသွားကြ၏။ ဤရာသီဥတုတွင် ပြုပြင်ရေးသမားကိုလည်း ရှာမတွေ့နိုင်ဘဲ ရှန်းချိုက်သည် အဆောင်ရှိအဒေါ်ကြီးထံမှ ရေနွေးအိုးသေးသေးလေးကိုတောင်းယူခဲ့ရပြီး သူ့လက်၊ ခြေထောက်နှင့် မျက်နှာကို ဆေးကြောသန့်စင်ခဲ့ရ၏။

ထိုအဆောင်ရှိအဒေါ်ကြီးသည် နှစ်သစ်ကူးပွဲကျင်းပရန် ညဘက်တွင်အိမ်ပြန်သွားပြီး နှစ်သစ်ကူးသုံးရက်မြောက်နေ့အထိ အလုပ်ပြန်မဆင်းခဲ့ပေ။

သူမ မသွားခင်တွင် ထိုအဒေါ်ကြီးက ကွန်ပြူတာခန်း၏သော့ကို သူတို့ဆီထားခဲ့၏။ ဒီအရွယ်ယောက်ျားလေးတွေက သူတို့ကို တစ်ချက်လေးဂရုမစိုက်မိတာနဲ့ အုတ်နံရံတွေကိုကျော်တက်ပြီး အပြင်ဘက်အင်တာနက်ကဖေးသို့သာ သွားကစားကြလိမ့်မည်ဖြစ်သည်။  ကျောင်းကွန်ပြူတာအခန်းကို ကြိုဖွင့်ပေးထားလိုက်ကာမှ သူတို့လေးတွေ ကျောင်းအပြင်ကိုခိုးမထွက်ကြတော့ဘဲ သူတို့လုံခြုံရေးအတွက်  အာမခံပေးနိုင်မည်ဖြစ်သည်။

ကျန်သည့်ကောင်လေးသုံးယောက်စလုံးက အွန်လိုင်းပေါ်မှာ အပျော်လွန်နေပြီဖြစ်သည်။ အိပ်ဆောင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ရှန်းချိုက်တစ်ယောက်တည်း ကျန်နေခဲ့ကာ ကန်တင်းတွင် ဖက်ထုပ်စားလိုက်ပြီး အသံစာသင်ခန်းသို့သာ လျှောက်သွားလိုက်သည်။

ယနေ့ညကိုးနာရီတွင် ကျိုရှောင်းအသံမှ နွေဦးပွဲတော်အစီအစဥ်စတင်မည်ဖြစ်ပြီး နားထောင်သူ ခုနစ်ထောင်မှရှစ်ထောင်လောက်အထိ ရှိလိမ့်မည်ဟု ဘော့စ်ကပြောထားခဲ့သည်။ ဤမျှလောက် လူအများကြီးရှေ့တွင် ရှန်းချိုက်တစ်ခါမှ သီချင်းမဆိုဖူးဘဲ သူကောင်းကောင်းမစွမ်းဆောင်နိုင်သဖြင့် အသိုင်းအဝိုင်းတစ်ခုလုံး သိက္ခာကျသွားမည်ကို သူအရမ်းစိုးရိမ်မိသည်။

ဒါပေမယ့် သူသည် ဝမ်ချင်းယွမ်၏ နောက်ခြေထောက်တွေကို ဆွဲယူနေမိသောကြောင့် ပိုလို့တောင်စိတ်ပူနေမိသည်။ ဒါတွေအားလုံးက "Shou အဖြစ် ပထမဆုံးအကြိမ်" နှင့် သူ့ကိုယ်သူ "Shou" နေရာ အသံသရုပ်ဆောင်ထားသည့် နတ်ဘုရားကြီး၏ Shou အခန်းကဏ္ဍပင် ဖြစ်နေတော့သည်။

အခုချိန်ထိ ပြန်ကြည့်လျှင်တောင် မယုံနိုင်လောက်အောင် ဆန်းကြယ်သည်ဟု ရှန်းချိုက်ခံစားမိနေတုန်းပင်။

သူတို့သည် "If You Were Gay" ကို သီးသန့် အကြိမ်များစွာ လေ့ကျင့်ခဲ့ကြပြီး ဇာတ်ကောင်များ၏ စရိုက်လက္ခဏာကို ဖော်ပြနိုင်ရန်အတွက် ဝမ်ချင်းယွမ်သည် သူ့အသံကိုအရမ်းမြှင့်ထားပြီး လိမ္မာသလိုနှင့် အကင်းပါးသည့်ပါးစပ်လေးအပြင် ချစ်ဖို့ကောင်းလောက်အောင်ကို အသံအနေအထားအား တမင်တကာမြှင့်တင်ထားခဲ့၏။

မူရင်းအသံနှင့် အလွန်ကွာခြားသည့် ဤအသံကို ပထမဆုံးအကြိမ် ကြားလိုက်ရသောအခါ  ရှန်းချိုက်တုန်လှုပ်သွားမိသည်။ စီနီယာ Fanboy ရှန်းချိုက်သည်ပင်လျှင် ဤအသံသည် တူညီသောလူထံမှဖြစ်သည်ဟု မယုံရဲခဲ့ပေ။

" ဒီနည်းပညာကို အသံသွင်းစတူဒီယိုက စီနီယာတွေဆီကနေ သင်ခဲ့တာ " ဝမ်ချင်းယွမ်က ပြုံးလျက် ရှင်းပြခဲ့သည်။  " မဟုတ်ရင်ကိုယ်ဒီတာဝန်ကို ယူရဲမှာမဟုတ်ဘူး "

ဝမ်ချင်းယွမ်က အသံကြိုးဘယ်လိုထားရပုံ၊  ပါးစပ်အနေအထား၊ ပါးစပ်ပုံစံ၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ဒါမှမဟုတ် အခြားတစ်ခုခုကို အများကြီးရှင်းပြနေခဲ့သည်။

ကံမကောင်းတာကတော့ ရှန်းချိုက်သည် ရေဒီယိုလှိုင်းများပေါ်မှ သူ့စကားများကိုနားမထောင်နိုင်ဘဲ မျက်စိစုံမှိတ်ကိုးကွယ်သည့် စိတ်ဓာတ်ဖြင့် မိုက်မဲစွာပင် - အသံသရုပ်ဆောင်တွေက တစ်ကယ်ကိုမတူညီတဲ့ အမျိုးအစားတစ်ခုလိုပဲ  ...

ရှစ်နာရီသာရှိသေးသော်လည်း ကျိုရှောင်းအသံအသိုက်အဝန်းသည် အသက်ဝင်စည်ကားနေပြီဖြစ်သည်။

အသီအစဥ်တင်ဆက်သူသည် နောက်ဆုံးအကြိမ်အဖြစ် စကားလုံးများစီနေခဲ့ပြီး စာတန်းထိုးအဖွဲ့သည်လည်း စာတန်းထိုးများကို နောက်ဆုံးမိနစ် စစ်ဆေးမှုများ ပြုလုပ်နေခဲ့သည်။  မကြာခင်တွင် စင်ပေါ်စတက်တော့မည့် CV ကလည်း အသံလေ့ကျင့်ခန်း စလုပ်နေ၏။

ရှန်းချိုက်သည်တော့ တစ်ကိုယ်လုံး တောင့်တင်းနေကာ သူ့တွင်ပြောစရာစကားမရှိလောက်အောင် ထိတ်လန့်နေလေသည်။

သူ့စိတ်​​ထဲတွင် အတွေးများဖြင့် ပြည့်​နှက်​​နေ၏။ ဒါကို မဖျက်​ဆီးပစ်နဲ့၊ ဒါကို မဖျက်​ဆီးပစ်နဲ့၊ အသိုင်းအဝိုင်းတစ်ခုလုံးကို စိတ်မပျက်စေနဲ့၊ နတ်ဘုရားကြီးကို စိတ်မပျက်စေနဲ့!!!!

ဖြူဖျော့သောအသားအရေပေါ်တွင် သူ့အတွင်းစိတ်အကုန်လုံး လုံးလုံးလျားလျား ပေါ်လွင်နေ၏။

Out of My World ရွေးချယ်ရေးပြိုင်ပွဲကို ဝင်ပြိုင်တုန်းကထက်တောင် ပို၍စိတ်လှုပ်ရှားနေကာ စိတ်ပူလွန်းပြီး လည်ချောင်းတောင်နာလာသည်။

သူတစ်ယောက်တည်းသာ ဖျော်ဖြေရမည်ဆိုပါက ဤမျှကြီးမားသော စိတ်ပိုင်းဆိုင်ရာဖိအားများအောက်တွင် ရှိနေမည်မဟုတ်ပေ။

ဒါပေမယ့် အခုသူ့ပါတနာက ... ဝမ်ချင်းယွမ်လေ.....

ထိုအချိန်တွင် ဝမ်ချင်းယွမ်က သူနှင့် သီးသန့်စကားဝိုင်း စလိုက်၏​။

ယီမင် ချင်းယွမ် : ခန့်မှန်း

ယီမင် ချင်းယွမ် : မင်း လိုင်းပေါ်မှာလား??

ခန့်မှန်း : ... ဟုတ် ...

ယီမင် ချင်းယွမ် : အဖွဲ့ထဲမှာလည်း စကားဝင်မပြောတော့ မင်းလိုင်းပေါ်မှာမရှိဘူးလို့ ကိုယ်ထင်နေခဲ့တာ

ခန့်မှန်း : ဒီတိုင်း... ဘာပြောရမှန်း မသိတော့ဘူး...

ရှန်းချိုက်သည် ခြောက်သွေ့နေသော သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး ခြေဖျားမှတိုင်ဆံချည်မျှင်များအထိ ယားယံလာတော့သည်။

ခန့်မှန်း : ကျွန်တော် ဘာမှမမှတ်မိတော့တဲ့ပုံပဲ

ခန့်မှန်း : သီချင်းစာသားတွေရော၊ သံစဉ်တွေကိုရော ဘာမှမမှတ်မိတော့ဘူးထင်တယ်

ခန့်မှန်း : ကျွန်တော့်ဦးနှောက်ထဲမှာ ဗလာဖြစ်နေသလို ခံစားရတယ်

ယီမင် ချင်းယွမ် : ဗလာဖြစ်နေတယ်??

ယီမင် ချင်းယွမ် : အဲ့ဒါဆိုလည်း ရပါတယ်၊ မင်းသီချင်းဆိုနေတဲ့အချိန် ကိုယ့်အကြောင်းကိုပဲ တွေးလိုက်လို့ရတယ်

ခန့်မှန်း : ...???

ယီမင် ချင်းယွမ် : ဒါက Come Out လုပ်ခိုင်းတဲ့ သီချင်းမဟုတ်ဘူးလား??

ယီမင် ချင်းယွမ် : ကိုယ့်ကို အတွင်းအခွံထဲက ထွက်လာပြီး Come Out လုပ်ဖို့ ဆွဲဆောင်ကြည့်လေ

ခန့်မှန်း : ...

--ဘာဖြစ်တယ်!

ရှန်းချိုက်တစ်ယောက် အသံပိုင်းဆိုင်ရာ စာသင်ခန်းထဲတွင် ဒူးခွေကျလုနီးပါးဖြစ်နေသည်။ ပရိသတ်ထောင်ပေါင်းများစွာရှေ့မှာ သူက နတ်ဘုရားကြီးကို Come Out လုပ်ဖို့ ဆွဲဆောင်ရမယ်!? ဘာဖိအားမှ မရှိဘဲလေ!! ဒါ သူ့ကိုသတ်နေတာပဲ!!

____________________________________________
Zawgyi

Chapter (31)

Act 5 : Avenue Q (3)

ေယာင္ရင္၏ညဝတ္အက်ႌမ်ားမွာ အဆင္ေျပျပေမရိွဘဲ ေဘာင္းဘီႏွင့္အက်ႌအနားစမ်ားကို  အႀကိမ္ေပါင္းမ်ားစြာ ေခါက္တင္ထားသည္။  ထို႔ေနာက္ သူ႔လက္ကိုေျမႇာက္လိုက္၍ ခါးကို ပ်င္းရိစြာဆန႔္ထုတ္လိုက္ၿပီး လွပေသာၫွပ္ရိုးမ်ားကို ေပၚလြင္ေနေစသည္။

ထန္ယီမင္၏အၾကၫ့္မ်ားသည္ သူ႔အသားအရည္ေပၚတြင္ ခဏတာမ်ွက်ေရာက္သြားေသာ္လည္း လ်င္ျမန္စြာပင္ ျပန္လည္ကြယ္ေပ်ာက္သြားသည္။

" ခင္ဗ်ားရဲ့ ညဝတ္အက်ႌေတြက..."

"ဘာျဖစ္လို႔လဲ?" ေယာင္ရင္သည္ သူဝတ္ဆင္ထားရေသာ ေခတ္မီသလိုလိုအကြက္အကြင္းမ်ားပါသည့္ ညဝတ္အိပ္အဝတ္အစားမ်ားကို  ငံု႔ၾကၫ့္လိုက္သည္။ " အဲ့ဒါေတြကို ေဂ်ာ့ခ္ပဲ သူ႔ဗီရိုထဲကထုတ္ေပးလိုက္တာ. . . ေျပာတာေတာ့ ေလ်ွာ္ၿပီးသားေတြတဲ့ "

ထိုသို႔ေျပာၿပီးေနာက္ သူ႔မ်က္လံုးမ်ား လက္ခနဲျဖစ္သြားၿပီး အက်ႌေကာ္လံကို လက္ညိုးျဖင့္ဂရုတစိုက္ၫွပ္လိုက္​ကာ ႏွာေခါင္းနားသို႔ကပ္လိုက္ၿပီး တြန႔္ဆုတ္တြန္႔ဆုတ္ျဖင့္ အနံ႔ခံေနျပန္သည္။ ထို႔ေနာက္ ေယာင္ရင္က သက္ျပင္းခ်ရင္း “ေမႊးေတာ့ေမႊးတယ္၊ ဆပ္ျပာနံ႔ သင္းသင္းေလးလိုပဲ”

"ဟုတ္တယ္ ေလ်ွာ္ၿပီးသားေတြ"  ထန္ယီမင္က ဆက္ေျပာ၏။  " ဟိုရက္ကပဲ အေဆာင္ကို ေရွာင္ေလြ့လာလည္ေသးတယ္ေလ၊ အဲ့ေတာ့ အထင္ႀကီးစရာေကာင္းေအာင္လုပ္ဖို႔ဆိုၿပီး ေဂ်ာ့ခ္တစ္ေယာက္တည္း အေဆာင္အတြင္းပိုင္းကို အႀကိမ္ေတာ္ေတာ္မ်ားမ်ား သန႔္ရွင္းေရးလုပ္ၿပီး အမိႈက္ရွစ္အိတ္ေတာင္ ထြက္လာတယ္။ သူ႔အ၀တ္ေတြအားလံုးလည္း ေလ်ွာ္ၿပီးသားေနမယ္ "

"ဒါမ်ိဳးပဲ ျဖစ္သင့္တယ္" ေယာင္ရင္က ပခံုးတြန႔္ျပလိုက္သည္။ "ဂိမ္းေဆာ့ဖို႔ဆို ဂ်င္းေဘာင္းဘီႀကီးနဲ႔ ၾကမ္းျပင္ေပၚမွာထိုင္ေနရတာ တစ္ကယ္အဆင္မေျပလို႔ သူ႔ညဝတ္အက်ႌေတြနဲ႔ လဲဝတ္ထားရတာ"

ယမန္ေန့ညက Nintendo သည္ အသစ္တစ္ခုျဖစ္ေသာ Legend of Zelda ကို မိတ္ဆက္ေပးခဲ့၏။ ေယာင္ရင္သည္ ဂိမ္းထဲမွပစၥည္းတစ္ခုကို တန္းဖိုးသံုးဆအျမင့္ျဖင့္ အျမန္လုယူခဲ့ရၿပီး ေဂ်ာ့ခ္ႏွင့္အတူ ဂိမ္းေဆာ့ရန္ ဤေနရာသို႔ အေျပးအလႊားေရာက္လာခဲ့သည္။ သို႔ေသာ္ အခ်ိန္ေနာက္က်ေနၿပီျဖစ္ေသာေၾကာင့္ အိမ္မျပန္ေနေတာ့ဘဲညဘက္အထိ ေဂ်ာ့ခ္ႏွင့္ေကာင္းေကာင္းဆက္ကစားရန္ ေရြးခ်ယ္လိုက္သည္။

ယခုေတာ့သူ႔မ်က္လံုးေအာက္တြင္ ပန္ဒါကဲ့သို႔  အညိုအမည္းကြင္းမ်ား ရိွေနၿပီျဖစ္ၿပီး သူ႔လက္ထဲ၌ ဘလက္ေကာ္ဖီခြက္ကိုကိုင္ထားကာ ရိုးရိုးေရေသာက္ေနသကဲ့သို႔ လည္ေခ်ာင္းထဲကို  အတင္းေလာင္းခ်ေနေတာ့သည္။

ထမင္းစားပြဲေပၚတြင္ ထမင္းရည္ေပါင္းပန္းကန္လံုးႏွင့္ ၾကက္ဥမ်ားအျပင္ လတ္ဆတ္ေနေသာ အရံဟင္းအနည္းငယ္တို႔ ရိွေန၏။  လွီးျဖတ္ထားေသာ အသီးအႏွံမ်ားကို  ေထာပတ္အခ်ပ္အနည္းငယ္ျဖင့္ ပန္းကန္တစ္ခုေပၚတြင္ ခ်ထားေလသည္။

"..." ထန္ယီမင္ အနည္းငယ္အံ့ၾသသြား၏။  "ဒါေတြအကုန္ ခင္ဗ်ားလုပ္ထားတာလား??"

"ဘယ္လိုျဖစ္ႏိုင္မွာလဲ??" ေယာင္ရင္သည္ သူ၏ အႏုပညာလက္ရာမ်ားကဲ့သို႔ လွပလြန္းေသာ လက္ေခ်ာင္းမ်ားကို ျဖ
န္႔ျပလိုက္သည္။  "ငါက အႏုပညာသမားေလ. . . ဒီလက္ေတြက စႏၵယားတီးဖို႔အတြက္ပဲ၊ ဟုတ္ၿပီလား ေက်းဇူးေနာ္"

"..." ထန္ယီမင္လည္း တိတ္တိတ္ေလး ျပန္စဥ္းစားမိ၏။ လြန္ခဲ့ေသာဆယ္မိနစ္ေလာက္က တံခါးေခါက္သံတစ္ခုကို သူၾကားလိုက္ရပံုပင္။  "ဒါေတြအားလံုးက ခင္ဗ်ားေအာ္ဒါမွာထားတာေတြလား?? စုစုေပါင္းဘယ္ေလာက္က်လဲ?? ကြၽန္ေတာ္တို႔ ခြဲေပးၾကမယ္ '
"

သို႔ေသာ္ ေယာင္ရင္က ေခါင္းခါလိုက္ၿပီး "ပိုက္ဆံမလိုပါဘူး"

" ခင္ဗ်ား ယဉ္ေက်းေနဖို႔မလိုပါဘူး။ ကြၽန္ေတာ္နဲ႔ ေဂ်ာ့ခ္အတြက္ပါ မွာထားေပးခဲ့တာမို႔လို႔ ကုန္က်စရိတ္ကို အတူတူမ်ွခံသင့္တယ္ "

“တကယ္ကို ပိုက္ဆံေပးစရာမလိုဘူး” ဟု ထိုလူငယ္ကဆက္ေျပာလာသည္။  " ဒါေတြက ငါ့စားဖိုမွဴးေတြ ျပင္ဆင္ေပးၿပီး လာပို႔ေပးထားတာ. . . ပိုက္ဆံက သူတို႔လုပ္ခအတြက္ ေပးၿပီးသားဆိုေတာ့ အားလံုးရွင္းၿပီးေနၿပီ"

" . . . " ဪ ဟုတ္ၿပီ၊ ေဆာရီးပါ. . . ေငြရဲ့ပါဝါကို တစ္ကယ္ေလ်ွာ့တြက္ခဲ့မိတယ္။

"ဒါေပမယ့္ မင္းရဲ့ေနရာက ဒီေလာက္ဆိုးေနမယ္လို႔ ငါမေမ်ွာ္လင့္ထားဘူး" ေယာင္ရင္က ညည္းၫူလိုက္သည္။  “ေနဝင္ၿပီးတာနဲ႔ အခန္းတစ္ခုလံုးက ေရခဲေသတၲာႀကီးလို ေအးစက္သြားတာေလ. . . ေဂ်ာ့ခ္ကေတာ့ လ်ွပ္စစ္အပူေပးစက္ကို ဖြင့္ေပးခဲ့ေပမယ့္ ရလဒ္ကေတာ့ ပလပ္ေပါက္ထိုးၿပီးတာနဲ႔ မီးပ်က္သြားတာပဲ၊ ဂိမ္းထဲကဟာေတြလည္း အကုန္ေပ်ာက္သြားၿပီ ”

ထန္ယီမင္ကေတာ့ လ်ွပ္စစ္ဓာတ္အားျပတ္ေတာက္မႈႏွင့္ပတ္သက္၍ အေတာ္ေလး  က်င့္သားရေနၿပီျဖစ္သည္။ "ေက်ာင္းက ခြဲေပးထားတဲ့အိပ္ေဆာင္ေတြက ေသးေသးေလးနဲ႔သိပ္အဆင္မေျပေပမယ့္ ကြၽန္ေတာ္တို႔လို ဆင္းရဲတဲ့ ေက်ာင္းသားေတြအတြက္ေတာ့ အရမ္းေစ်းသက္သာတယ္။ တကယ္ေတာ့ ခင္ဗ်ားလည္း ထူးထူးျခားျခားလုပ္ေနစရာမလိုဘူး. . . ခင္ဗ်ားအိမ္မွာ ဂိမ္းအခန္းမရိွဘူးလား?? ေဂ်ာ့ခ္ကိုဘာလို႔ ခင္ဗ်ားအိမ္ဆီ တိုက္ရိုက္မေခၚလိုက္တာလဲ??"

မထင္မွတ္ထားဘဲ ေယာင္ရင္သည္ ေကာ္ဖီခြက္ကိုေအာက္ခ်လိုက္ၿပီး ၿပံဳးလ်က္ သူ႔ကို စိုက္ၾကၫ့္လာသည္။

" ထန္ယီမင္ မင္းက တကယ္ႀကီးတံုးတာလား?? တံုးသလို ဟန္ေဆာင္ေနတာလား??"  ေယာင္ရင္က မ်က္ခံုးပင့္လိုက္၏။ "မင္းအိမ္ထဲကိုဝင္ခ်င္တဲ့ အေၾကာင္းျပခ်က္ေၾကာင့္သာမဟုတ္ရင္ 'So-dog' ငါက ေဂ်ာ့ခ္လို 'Nindo' နဲ႔ ဘာကိစၥ Zelda လာကစားရမွာလဲ???"

So-dog သည္ Sony [T/N: ဂိမ္းကစားပြဲမ်ား] ၏ ပရိတ္သတ္ျဖစ္ကာ Nindo သည္ေတာ့ Nintendo ၏ ပရိသတ္ျဖစ္ေလသည္။  ႏွစ္သင္းလံုး၏ပရိသတ္မ်ား ေတြ့ဆံုမိေသာအခါတြင္ အၿမဲရန္ျဖစ္ၾကေလ့ရိွၿပီး ၄တို႔အားလံုးသည္ ၄တို႔၏ကစားနည္းကသာ နံပါတ္(၁)ျဖစ္ၿပီး အျခားပြဲမ်ားထက္ ပိုမိုသာလြန္သည္ဟု ခံစားမိၾကသည္။ မေန့ညတုန္းက ေယာင္ရင္သည္ အရွက္တရား၏  ဝန္ထုပ္ဝန္ပိုးမ်ားကို ခံႏိုင္ရည္ေအာင္လုပ္ခဲ့ရလ်က္ ရန္သူနယ္ေျမထဲ နစ္ျမဳပ္သြားခဲ့ရ၏။  Kobe ကို ေလွာင္ေျပာင္ရယ္ေမာေနေသာ LeBron James နဲ႔ သူမသာကိုယ္မသာ ျဖစ္သြားသည္ဟု ခံစားလိုက္ရကာ လီဗာပူးကို အားေပးေနရေသာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ကဲ့သို႔ပင္။

လူတစ္ဦးကိုလိုက္ရန္ အလြန္စေတးေနရသည္ဟု ေယာင္ရင္ေတြးမိသည္။  သူသည္ ေငြႏွင့္အခ်ိန္မ်ားကို သံုးစြဲရရံုသာမက သူ႔ယံုၾကည္ခ်က္မ်ားကိုလည္း သစၥာေဖာက္ခဲ့ရေသးသည္။

သူဒီေလာက္ႀကိဳးစားတာေတာင္ ထန္ယီမင္ကိုမလိုက္ႏိုင္ပါက သူ႔ကိုယ္ပိုင္ဂုဏ္က်က္သေရကို တကယ္ႀကီး သံသယဝင္မိေတာ့မည္ပင္။

"..." ထန္ယီမင္လည္း တိတ္ဆိတ္သြား၏။

ေယာင္ရင္ႏွင့္ မရင္းႏွီးခင္တုန္းကလည္း ထန္ယီမင္ကိုမ်က္ႏွာသာေပးခဲ့ဖူးေသာ တစ္ျခားေကာင္ေလးမ်ား ရိွခဲ့၏။  သို႔ေသာ္ ထန္ယီမင္ျငင္းဆိုၿပီးေနာက္တြင္ ၄တို႔အားလံုးသည္ ေနာက္ထပ္တစ္ႀကိမ္ လာေရာက္ေရာေထြးျခင္းမ်ိဳး မျပဳလုပ္ေတာ့ေပ။

သို႔ေသာ္ ေယာင္ရင္ကေတာ့ စိတ္အားထက္သန္မႈအျပၫ့္ရိွေနၿပီး ထိုးစစ္အရိွန္ကို အျပၫ့္အဝဆုပ္ကိုင္ကာ အစျပဳေနခဲ့သည္။ ထို႔အျပင္ ခ်ီးက်ူးစရာအေကာင္းဆံုးအခ်က္မွာ ေယာင္ရင္သည္ သူ႔အလုပ္ႏွင့္ ကိုယ္ေရးကိုယ္တာခံစားခ်က္မ်ားကို ဘယ္ေတာ့မွမေရာေထြးေစခဲ့တာပင္။  သူတို႔ႏွစ္ဦးစလံုးသည္ အသံသြင္းစတူဒီယိုတြင္ မၾကာခဏေတြ့ဆံုၾကရေသာ္လည္း ေယာင္ရင္ကသူ႔ကိုလိုက္ေနေၾကာင္း ဘယ္လုပ္ေဖာ္ကိုင္ဖက္ကမွ မသိရိွေပ။

ဤအရာအားလံုးသည္ ထန္ယီမင္ကိုအျပစ္ရိွသလို ခံစားေစခဲ့ၿပီး ေယာင္ရင္ကိုလက္မခံလိုက္ပါက အဆိုးဆံုးႏွင့္ ခြင့္မလႊတ္ႏိုင္ဆံုးေသာအျပစ္ကို က်ူးလြန္မိေတာ့မလိုပင္။

ဒါေပမယ့္ ျပႆနာကေတာ့ ေယာင္ရင့္ကိုၾကၫ့္လိုက္တိုင္း တစ္ကယ့္ကိုအတြင္းစိတ္ႏွလံုးသားထဲထိ တုန္လႈပ္သြားေစေသာခံစားခ်က္မ်ိဳး ထန္ယီမင္တစ္ခါမွ မခံစားရဖူးေပ။

ထန္ယီမင္ဘက္မွ ဆုတ္ခြာသြားသည္ကိုျမင္မိၿပီးေနာက္ ေယာင္ရင္သည္ အျခားအေၾကာင္းအရာတစ္ခုကို လမ္းေၾကာင္းေျပာင္းလိုက္ေလသည္။

"ေနြဦးပြဲေတာ္ကို ဘယ္လိုျဖတ္သန္းမွာလဲ??" ေယာင္ရင္က ေမးလိုက္၏။ "တရုတ္ျပည္ကို  ျပန္ၪီးမွာလား??"

"မျပန္ပါဘူး" အေၾကာင္းအရာေျပာင္းလဲသြားသၫ့္အတြက္ ထန္ယီမင္လည္း သက္ျပင္းတစ္ခ်က္ခ်လိုက္မိသည္။  " ကုမၸဏီမွာလည္း အားလပ္ရက္မရိွလို႔ေလ၊ အားလပ္ရက္ရိွရင္ေတာင္ အသြားအျပန္လက္မွတ္က အရမ္းေဈးႀကီးလို႔ "

အားလပ္ရက္မ်ားတြင္ အမ်ိဳးအေဆြမ်ားကို မၾကာခဏ သတိရတတ္ၾက၏။ အေမရိကန္၌ ႏွစ္အေတာ္ၾကာေနၿပီးေနာက္ ထန္ယီမင္သည္ ေနြဦးပြဲေတာ္မွာေတာင္ အိမ္ျပန္ေလ့မရိွေပ။ ေက်ာင္းတက္တုန္းက သူ႔တြင္ ပိုက္ဆံသိပ္မရိွေသာ္လည္း ယခုေတာ့ အလုပ္ကရိွလာၿပီး အခ်ိန္လည္းမအားေတာ့ေပ။  ဒါသည္ကပင္ သာမန္ႏိုင္ငံတကာေက်ာင္းသားမ်ား၏ အက်ပ္ရိုက္မႈမ်ားသာ။

ထန္ယီမင္က " ခင္ဗ်ားေရာ ဘယ္လိုလဲ?? အိမ္ျပန္မွာလား" ဟု ေမးၾကည့္လိုက္သည္။ ပိုက္ဆံပဲျဖစ္ျဖစ္၊ အခ်ိန္ပဲျဖစ္ျဖစ္ ႏွစ္ခုစလံုးက ေယာင္ရင္တတ္ႏိုင္သည့္အရာမ်ားပင္။

"မျပန္ဘူး" ေယာင္ရင္က ပခံုးတြန႔္လိုက္၏ ။  "ေနြဦးပြဲေတာ္မွာ ငါ့မိဘေတြက ခရီးသြားအဖြဲ႔တစ္ခုအတြက္ စာရင္းသြင္းထားၾကတယ္၊ အဲ့ဒါေၾကာင့္ ငါျပန္သြားၿပီး ျပႆနာမရွာခ်င္ေတာ့ဘူး"

" ေတာ္ေတာ္ေလး ေကာင္းပါတယ္ "  ထို႔ေနာက္ ထန္ယီမင္၏မ်က္လံုးမ်ား ေတာက္ပလာ၏။  ဒီႏွစ္မွာေတာ့ သူတစ္ေယာက္တည္းျဖင့္ အလုပ္ႏွစ္ခုလုပ္ခဲ့ၿပီး သူ႔လက္ထဲ၌ ပိုက္ဆံအမ်ားႀကီးရိွေနသည္။ ထို႔ေၾကာင့္ အိမ္ကလူအိုစံုတြဲအတြက္လည္း ေနြၪီးပြဲေတာ္အတြင္း ခရီးသြားအဖြဲ႔တစ္ခုေလာက္ မေလ်ွာက္ေပးသင့္ဘူးလား?? " ခင္ဗ်ားရဲ့မိဘေတြ
က ဘယ္သြားၾကတာလဲ?? ဥေရာပလား?? ၾသစေတးလ်လား?? "

ေယာင္မိသားစု၏ ခ်မ္းသာႂကြယ္ဝမႈျဖင့္ တရုတ္ျပည္အႏွံ႔ ခရီးမထြက္မွာေတာ့ ေသခ်ာေလသည္။

"အိုး" ေယာင္ရင္က ျဖည္းၫွင္းစြာေျပာလာသည္။  "အႏၲာတိကဘက္"

"..."

"အဲ့ဒါ ငါ့အေဖနဲ႔ သူ႔သူငယ္ခ်င္းေတြေထာင္ထားတဲ့ ခရီးသြားအဖြဲ႔ေလ. . . လူေတြ လည္း ထပ္ထၫ့္လို႔ရေသးတယ္၊ ဘာလဲ. . . အန္တီတို႔အတြက္ စာရင္းသြင္းခ်င္လို႔လား??" ေယာင္ရင္က ဆက္ေျပာသည္။ " ပိုက္ဆံမလိုဘူးေနာ္၊ လူႀကီးေတြကို ေလးေလးစားစား ဆက္ဆံရမယ္ "

"အင္း...ေက်းဇူးပဲ။ သူတို႔ တရုတ္မွာပဲေနလိုက္တာ ပိုေကာင္းမယ္ထင္တယ္"

- - - - - - - - - - - -

ေနြဦးပြဲေတာ္အားလပ္ရက္ နီးကပ္လာသည္ႏွင့္အမ်ွ ဟြားဝူအကယ္ဒမီ၏ ေက်ာင္းဝန္းသည္ လည္း တျဖည္းျဖည္းခ်င္း တိတ္ဆိတ္လာေလသည္။

ရွန္းခ်ိဳက္အျပင္ ဤေနြဦးပြဲေတာ္အတြင္း အျခားေကာင္ေလးသံုးေယာက္လည္း က်န္ခဲ့၏။ စီမံခန႔္ခြဲေရးအဆင္ေျပေစရန္ ေက်ာင္းက သူတို႔ေလးေယာက္အား အေဆာင္တစ္ခုတြင္ စုေဝးေစခဲ့သည္။

ထိုကေလးသံုးေယာက္သည္ ရွန္းခ်ိဳက္ထက္ ငယ္ၾကေလသည္။ ဟြားဝူအကယ္ဒမီသည္ ေျခာက္ႏွစ္ၾကာတက္ေရာက္ရေသာ ပရိုဂရမ္တစ္ခုျဖစ္ၿပီး အသက္ 11 ႏွစ္တြင္ ေက်ာင္းစတက္ႏိုင္ၿပီျဖစ္သည္။ ေကာင္ေလးသံုးဦးစလံုးသည္ ေက်ာင္း၏ဒ႑ာရီမင္းသားေလးႏွင့္ ေနထိုင္ႏိုင္ေၾကာင္းၾကားသိရေသာအခါ အလြန္စိတ္လႈပ္ရွားသြားၾကၿပီး သူတို႔၏ ေျခလက္မ်ားကိုေတာင္ ဘယ္မွာထားရမယ္မွန္း မသိၾကေတာ့ေပ။  

ပထမဆံုးအႀကိမ္အျဖစ္ ရွန္းခ်ိဳက္သည္ အစ္ကိုႀကီးတစ္ေယာက္ျဖစ္လာၿပီး သူ႔ထက္ငယ္ေသာအခန္းေဖာ္မ်ားႏွင့္ ေနထိုင္ရေလသည္။

အစပိုင္းတြင္ေတာ့ အနည္းငယ္ထိန္းထားႏိုင္ေသာ္လည္း မၾကာမီပင္ တျဖည္းျဖည္း ရင္းႏွီးလာၾကေတာ့သည္။  ကေလးႏွစ္ေယာက္က ေဝးလံေခါင္သီေသာ ေတာင္ေပၚေဒသမွ လာခဲ့ျခင္းျဖစ္ၿပီး ပိုက္ဆံစုရန္အတြက္ ေနြဦးပြဲေတာ္မွာေတာင္ေက်ာင္းတက္ၿပီး လက္ကမ္းစာေစာင္ေဝသည့္အလုပ္ကိုရွာရန္ အျပင္သို႔ တိတ္တဆိတ္ထြက္ရေလသည္။ ကြာရွင္းျပတ္စဲမႈကိစၥျဖစ္ေနေသာ မိဘမ်ားရိွသၫ့္ ကေလးတစ္ဦးလည္းရိွၿပီး ထိုမိဘတစ္ၪီးစီတြင္ အျပင္၌ ခ်စ္သူရည္းစားကိုယ္စီရိွေနကာ ဘယ္သူကမွ ဒီဆီပုလင္းေလးကို မလိုခ်င္ၾကဘဲ ေက်ာင္း၌သာ ယံုယံုၾကည္ၾကည္ အပ္ႏွံထားလိုက္ရံုပင္။

သူတို႔၏ရုန္းကန္မႈမ်ားကို ျမင္လိုက္ရစဥ္ သူႀကံဳေတြ့ခဲ့ရတဲ့အရာေတြက သိပ္ၿပီးလည္း မဆိုးပါဘူးလို႔ ရွန္းခ်ိဳက္ ရုတ္တရက္ ခံစားလိုက္ရ၏။

သူတို႔အားလံုးသည္ ေတးဂီတျပဇာတ္ရံုဌာနကို သိခ်င္ၾက၍ သူ႔အား ေမးခြန္းမ်ားစြာ ေမးျမန္းၾကေလသည္။

ရွန္းခ်ိဳက္သည္ သူတို႔အား ရုပ္သံစာသင္ခန္းသို႔ ေခၚေဆာင္သြားၿပီး ဂႏၲဝင္ေတးဂီတမ်ားကို ျပသကာ သီခ်င္းဆိုရန္ သင္ၾကားေပးသည္။

ေမ်ွာ္လင့္မထားဘဲ ေက်ာင္း၏ကြန္ျပဴတာသည္ ရွန္းခ်ိဳက္တို႔၏ Semester ေနာက္ဆံုးစာေမးပြဲ ဗီဒီယိုဖိုင္မ်ားကို အမွန္တကယ္ သိမ္းဆည္းထား၏။  အျခားကေလးမ်ား၏ ေတာင္းဆိုမႈမ်ားအလယ္တြင္ ရွန္းခ်ိဳက္သည္ ရွက္ကိုးရွက္ကန္းျဖင့္ သူ၏ စာေမးပြဲ ဗီဒီယိုမ်ားကို ထုတ္ျပကာ ၄တို႔အား ျပသလိုက္ရသည္။ ရွန္းခ်ိဳက္တစ္ေယာက္ ဇာတ္ရုပ္ႏွစ္ခုပါေသာ "Goodbye Rach" အား သီဆိုေနသည္ကို ေတြ့လိုက္ရေသာအခါတြင္ သူတို႔၏ေမးရိုးသံုးခုလံုး ေအာက္ျပဳတ္က်သြားေတာ့သည္။

ကေလးတစ္ေယာက္က " ရွန္းခ်ိဳက္  ေတးဂီတေတြက အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္ေနာ္၊ ကြၽန္ေတာ္ေရာ ေတးဂီတျပဇာတ္ရံုဌာနကို ေျပာင္းလို႔ရမလား??"

က်န္သည့္ေကာင္ေလးႏွစ္ေယာက္ကလည္း အရံုးမေပးဘဲ လက္ေျမႇာက္လာၾကကာ ဌာနေျပာင္းဖို႔အတြက္ သူ႔ထက္ငါအရင္ေအာ္ဟစ္ၾကေလသည္။

"ကြၽန္ေတာ္လည္း ေတးဂီတျပဇာတ္ မင္းသားျဖစ္ခ်င္တယ္"

"အစ္ကို႔ေလာက္ အစြမ္းထက္ခ်င္တယ္ဗ်ိဳ႕"

"ေက်ာင္းစဖြင့္ရင္ အတန္းပိုင္ဆရာမကို ေမးၾကၫ့္ရမယ္..."

တစ္ေန့တြင္ အျခားသူမ်ား၏အိပ္မက္မ်ားကို တြန္းအားေပးမိၿပီး ၄တို႔၏ 'စံျပပုဂၢိုလ္' ျဖစ္လာလိမ့္မည္ဟု ရွန္းခ်ိဳက္တစ္ခါမွ မထင္ခဲ့ေပ။

အကပညာက အရမ္းေကာင္း၏၊ သီခ်င္းဆိုတာကလည္း အရမ္းေကာင္းသလို ဘဲေလးအကကလည္း အရမ္းေကာင္းၿပီး ေတးဂီတျပဇာတ္ကလည္း အလြန္ေကာင္းမြန္ေလသည္။ ရွန္းခ်ိဳက္သည္ ဤပညာရပ္ကို မသိလိုက္မိဘဲ ခ်စ္မိသြားခဲ့ၿပီး ေနာင္လာမည့္တစ္ေန့တြင္ ထိုစင္ျမင့္ေပၚ၌ သူေသခ်ာေပါက္ ရပ္တည္ႏိုင္သည္ကို သူသိေနခဲ့သည္။

...

30 ရက္ေန့ေနာက္ဆံုးေန့တြင္ ေက်ာင္းဝင္းႀကီးတစ္ခုလံုး အလြန္တိတ္ဆိတ္သြားေလသည္။  လံုၿခံဳေရးအေစာင့္ေတြကလြဲလို႔ အိမ္ေျခယာမဲ့ ေတာေခြးေလးေတြႏွင့္ ေတာေၾကာင္ေလးေတြပဲ ရိွၾက၏။

မေန့ညက ႏွင္းမ်ားထူထပ္စြာက်ဆင္းခဲ့ၿပီးေနာက္ အပူခ်ိန္မွာ အႏုတ္ဆယ္ဒီဂရီအထိ က်ဆင္းသြားၿပီး ေယာက္်ားေလးအေဆာင္ရိွ ေရပိုက္မ်ားမွာ ေအးခဲကာေပါက္ကြဲသြားၾက၏။ ဤရာသီဥတုတြင္ ျပဳျပင္ေရးသမားကိုလည္း ရွာမေတြ့ႏိုင္ဘဲ ရွန္းခ်ိဳက္သည္ အေဆာင္ရိွအေဒၚႀကီးထံမွ ေရႏြေးအိုးေသးေသးေလးကိုေတာင္းယူခဲ့ရၿပီး သူ႔လက္၊ ေျခေထာက္ႏွင့္ မ်က္ႏွာကို ေဆးေၾကာသန္႔စင္ခဲ့ရ၏။

ထိုအေဆာင္ရိွအေဒၚႀကီးသည္ ႏွစ္သစ္ကူးပြဲက်င္းပရန္ ညဘက္တြင္အိမ္ျပန္သြားၿပီး ႏွစ္သစ္ကူးသံုးရက္ေျမာက္ေန့အထိ အလုပ္ျပန္မဆင္းခဲ့ေပ။

သူမ မသြားခင္တြင္ ထိုအေဒၚႀကီးက ကြန္ျပဴတာခန္း၏ေသာ့ကို သူတို႔ဆီထားခဲ့၏။ ဒီအရြယ္ေယာက္်ားေလးေတြက သူတို႔ကို တစ္ခ်က္ေလးဂရုမစိုက္မိတာနဲ႔ အုတ္နံရံေတြကိုေက်ာ္တက္ၿပီး အျပင္ဘက္အင္တာနက္ကေဖးသို႔သာ သြားကစားၾကလိမ့္မည္ျဖစ္သည္။  ေက်ာင္းကြန္ျပဴတာအခန္းကို ႀကိဳဖြင့္ေပးထားလိုက္ကာမွ သူတို႔ေလးေတြ ေက်ာင္းအျပင္ကိုခိုးမထြက္ၾကေတာ့ဘဲ သူတို႔လံုၿခံဳေရးအတြက္  အာမခံေပးႏိုင္မည္ျဖစ္သည္။

က်န္သည့္ေကာင္ေလးသံုးေယာက္စလံုးက အြန္လိုင္းေပၚမွာ အေပ်ာ္လြန္ေနၿပီျဖစ္သည္။ အိပ္ေဆာင္ကို သန႔္ရွင္းေရးလုပ္ၿပီးေနာက္ ရွန္းခ်ိဳက္တစ္ေယာက္တည္း က်န္ေနခဲ့ကာ ကန္တင္းတြင္ ဖက္ထုပ္စားလိုက္ၿပီး အသံစာသင္ခန္းသို႔သာ ေလ်ွာက္သြားလိုက္သည္။

ယေန့ညကိုးနာရီတြင္ က်ိဳေရွာင္းအသံမွ ေနြဦးပြဲေတာ္အစီအစဥ္စတင္မည္ျဖစ္ၿပီး နားေထာင္သူ ခုနစ္ေထာင္မွရွစ္ေထာင္ေလာက္အထိ ရိွလိမ့္မည္ဟု ေဘာ့စ္ကေျပာထားခဲ့သည္။ ဤမ်ွေလာက္ လူအမ်ားႀကီးေရ႔ွတြင္ ရွန္းခ်ိဳက္တစ္ခါမွ သီခ်င္းမဆိုဖူးဘဲ သူေကာင္းေကာင္းမစြမ္းေဆာင္ႏိုင္သျဖင့္ အသိုင္းအဝိုင္းတစ္ခုလံုး သိကၡာက်သြားမည္ကို သူအရမ္းစိုးရိမ္မိသည္။

ဒါေပမယ့္ သူသည္ ဝမ္ခ်င္းယြမ္၏ ေနာက္ေျခေထာက္ေတြကို ဆြဲယူေနမိေသာေၾကာင့္ ပိုလို႔ေတာင္စိတ္ပူေနမိသည္။ ဒါေတြအားလံုးက "Shou အျဖစ္ ပထမဆံုးအႀကိမ္" ႏွင့္ သူ႔ကိုယ္သူ "Shou" ေနရာ အသံသရုပ္ေဆာင္ထားသည့္ နတ္ဘုရားႀကီး၏ Shou အခန္းက႑ပင္ ျဖစ္ေနေတာ့သည္။

အခုခ်ိန္ထိ ျပန္ၾကၫ့္လ်ွင္ေတာင္ မယံုႏိုင္ေလာက္ေအာင္ ဆန္းၾကယ္သည္ဟု ရွန္းခ်ိဳက္ခံစားမိေနတုန္းပင္။

သူတို႔သည္ "If You Were Gay" ကို သီးသန႔္ အႀကိမ္မ်ားစြာ ေလ့က်င့္ခဲ့ၾကၿပီး ဇာတ္ေကာင္မ်ား၏ စရိုက္လကၡဏာကို ေဖာ္ျပႏိုင္ရန္အတြက္ ဝမ္ခ်င္းယြမ္သည္ သူ႔အသံကိုအရမ္းျမႇင့္ထားၿပီး လိမၼာသလိုႏွင့္ အကင္းပါးသည့္ပါးစပ္ေလးအျပင္ ခ်စ္ဖို႔ေကာင္းေလာက္ေအာင္ကို အသံအေနအထားအား တမင္တကာျမႇင့္တင္ထားခဲ့၏။

မူရင္းအသံႏွင့္ အလြန္ကြာျခားသၫ့္ ဤအသံကို ပထမဆံုးအႀကိမ္ ၾကားလိုက္ရေသာအခါ  ရွန္းခ်ိဳက္တုန္လႈပ္သြားမိသည္။ စီနီယာ Fanboy ရွန္းခ်ိဳက္သည္ပင္လ်ွင္ ဤအသံသည္ တူညီေသာလူထံမျွဖစ္သည္ဟု မယံုရဲခဲ့ေပ။

" ဒီနည္းပညာကို အသံသြင္းစတူဒီယိုက စီနီယာေတြဆီကေန သင္ခဲ့တာ " ဝမ္ခ်င္းယြမ္က ၿပံဳးလ်က္ ရွင္းျပခဲ့သည္။  " မဟုတ္ရင္ကိုယ္ဒီတာဝန္ကို ယူရဲမွာမဟုတ္ဘူး "

ဝမ္ခ်င္းယြမ္က အသံႀကိဳးဘယ္လိုထားရပံု၊  ပါးစပ္အေနအထား၊ ပါးစပ္ပံုစံ၊ ရင္ဘတ္၊ ဝမ္းဗိုက္၊ ဒါမွမဟုတ္ အျခားတစ္ခုခုကို အမ်ားႀကီးရွင္းျပေနခဲ့သည္။

ကံမေကာင္းတာကေတာ့ ရွန္းခ်ိဳက္သည္ ေရဒီယိုလိႈင္းမ်ားေပၚမွ သူ႔စကားမ်ားကိုနားမေထာင္ႏိုင္ဘဲ မ်က္စိစံုမိွတ္ကိုးကြယ္သၫ့္ စိတ္ဓာတ္ျဖင့္ မိုက္မဲစြာပင္ - အသံသရုပ္ေဆာင္ေတြက တစ္ကယ္ကိုမတူညီတဲ့ အမ်ိဳးအစားတစ္ခုလိုပဲ  ...

ရွစ္နာရီသာရိွေသးေသာ္လည္း က်ိဳေရွာင္းအသံအသိုက္အဝန္းသည္ အသက္ဝင္စည္ကားေနၿပီျဖစ္သည္။

အသီအစဥ္တင္ဆက္သူသည္ ေနာက္ဆံုးအႀကိမ္အျဖစ္ စကားလံုးမ်ားစီေနခဲ့ၿပီး စာတန္းထိုးအဖြဲ႔သည္လည္း စာတန္းထိုးမ်ားကို ေနာက္ဆံုးမိနစ္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနခဲ့သည္။  မၾကာခင္တြင္ စင္ေပၚစတက္ေတာ့မည့္ CV ကလည္း အသံေလ့က်င့္ခန္း စလုပ္ေန၏။

ရွန္းခ်ိဳက္သည္ေတာ့ တစ္ကိုယ္လံုး ေတာင့္တင္းေနကာ သူ႔တြင္ေျပာစရာစကားမရိွေလာက္ေအာင္ ထိတ္လန႔္ေနေလသည္။

သူ႔စိတ္​​ထဲတြင္ အေတြးမ်ားျဖင့္ ျပၫ့္​ႏွက္​​ေန၏။ ဒါကို မဖ်က္​ဆီးပစ္နဲ႔၊ ဒါကို မဖ်က္​ဆီးပစ္နဲ႔၊ အသိုင္းအဝိုင္းတစ္ခုလံုးကို စိတ္မပ်က္ေစနဲ႔၊ နတ္ဘုရားႀကီးကို စိတ္မပ်က္ေစနဲ႔!!!!

ျဖဴေဖ်ာ့ေသာအသားအေရေပၚတြင္ သူ႔အတြင္းစိတ္အကုန္လံုး လံုးလံုးလ်ားလ်ား ေပၚလြင္ေန၏။

Out of My World ေရြးခ်ယ္ေရးၿပိဳင္ပြဲကို ဝင္ၿပိဳင္တုန္းကထက္ေတာင္ ပို၍စိတ္လႈပ္ရွားေနကာ စိတ္ပူလြန္းၿပီး လည္ေခ်ာင္းေတာင္နာလာသည္။

သူတစ္ေယာက္တည္းသာ ေဖ်ာ္ေျဖရမည္ဆိုပါက ဤမ်ွႀကီးမားေသာ စိတ္ပိုင္းဆိုင္ရာဖိအားမ်ားေအာက္တြင္ ရိွေနမည္မဟုတ္ေပ။

ဒါေပမယ့္ အခုသူ႔ပါတနာက ... ဝမ္ခ်င္းယြမ္ေလ.....

ထိုအခ်ိန္တြင္ ဝမ္ခ်င္းယြမ္က သူႏွင့္ သီးသန႔္စကားဝိုင္း စလိုက္၏​။

ယီမင္ ခ်င္းယြမ္ : ခန္႔မွန္း

ယီမင္ ခ်င္းယြမ္ : မင္း လိုင္းေပၚမွာလား??

ခန႔္မွန္း : ... ဟုတ္ ...

ယီမင္ ခ်င္းယြမ္ : အဖြဲ႔ထဲမွာလည္း စကားဝင္မေျပာေတာ့ မင္းလိုင္းေပၚမွာမရိွဘူးလို႔ ကိုယ္ထင္ေနခဲ့တာ

ခန္႔မွန္း : ဒီတိုင္း... ဘာေျပာရမွန္း မသိေတာ့ဘူး...

ရွန္းခ်ိဳက္သည္ ေျခာက္ေသြ့ေနေသာ သူ႔ႏႈတ္ခမ္းမ်ားကို လ်ွာျဖင့္သပ္လိုက္ၿပီး ေျခဖ်ားမွတိုင္ဆံခ်ည္မ်ွင္မ်ားအထိ ယားယံလာေတာ့သည္။

ခန္႔မွန္း : ကြၽန္ေတာ္ ဘာမွမမွတ္မိေတာ့တဲ့ပံုပဲ

ခန္႔မွန္း : သီခ်င္းစာသားေတြေရာ၊ သံစဉ္ေတြကိုေရာ ဘာမွမမွတ္မိေတာ့ဘူးထင္တယ္

ခန္႔မွန္း : ကြၽန္ေတာ့္ဦးေနွာက္ထဲမွာ ဗလာျဖစ္ေနသလို ခံစားရတယ္

ယီမင္ ခ်င္းယြမ္ : ဗလာျဖစ္ေနတယ္??

ယီမင္ ခ်င္းယြမ္ : အဲ့ဒါဆိုလည္း ရပါတယ္၊ မင္းသီခ်င္းဆိုေနတဲ့အခ်ိန္ ကိုယ့္အေၾကာင္းကိုပဲ ေတြးလိုက္လို႔ရတယ္

ခန႔္မွန္း : ...???

ယီမင္ ခ်င္းယြမ္ : ဒါက Come Out လုပ္ခိုင္းတဲ့ သီခ်င္းမဟုတ္ဘူးလား??

ယီမင္ ခ်င္းယြမ္ : ကိုယ့္ကို အတြင္းအခြံထဲက ထြက္လာၿပီး Come Out လုပ္ဖို႔ ဆြဲေဆာင္ၾကည့္ေလ

ခန႔္မွန္း : ...

--ဘာျဖစ္တယ္!

ရွန္းခ်ိဳက္တစ္ေယာက္ အသံပိုင္းဆိုင္ရာ စာသင္ခန္းထဲတြင္ ဒူးေခြက်လုနီးပါးျဖစ္ေနသည္။ ပရိသတ္ေထာင္ေပါင္းမ်ားစြာေရ႔ွမွာ သူက နတ္ဘုရားႀကီးကို Come Out လုပ္ဖို႔ ဆြဲေဆာင္ရမယ္!? ဘာဖိအားမွ မရိွဘဲေလ!! ဒါ သူ႔ကိုသတ္ေနတာပဲ!!

Continue Reading

You'll Also Like

3.9K 367 6
Myanmar Translation of 《我嗑了对家x我的cp》!
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
175K 16.6K 77
Tittle: 白日事故 [Bai Ri Shi Gu] Author: Gao Tai Shu Se(高台树色) English Translator: Chai Translations Chapters: 65 chapters+ 2 extra ❝𝙒𝙝𝙚𝙣 𝙝𝙚 𝙨𝙢𝙞�...
4.8K 619 10
A Thousand Thoughts [思绪万千] Author : 高台树色 (Gāotái shù sè) Chapters : 45 + 3extras This is a translation work and does not belong to me.