"ဟမ်??"
"ရှင်??"
"ဟင်??"
"နောက်တစ်ပတ် လက်ထပ်မလား။ တစ်အိမ်တည်းအတူတူနေပြီး ဘွဲ့ရပြီးမှ လက်ထပ်မလား ကြိုက်တာရွေး"
ယောက္ခမကြီးက သူမဘက်က ပါမလို့လုပ်ပေမဲ့ သူ့သားရဲ့ အရှိန်အဝါကိုလည်း ကြောက်ရပုံပေါ်ပါသည်။
"ဟိုလေ…"
"ဟို…လက်ခံပါတယ်"
"ဘာကိုလက်ခံတာလဲ"
"ဟမ်???"
"ဟင်????"
"အမ်???"
"စိတ်ချ. လက်မထပ်သေးပဲ မင်းကို မထိဘူး"
*****
**
Unicode
ဧည့်ခန်းတစ်ခုလုံး အေးစက်တဲ့လေထုတွေ လွှမ်းခြုံနေသည်။ ချီဖန်းသာမဟုတ် လူကြီးတွေလည်း ထိုလေးလံတဲ့ ဖိအားကို ခံစားနေရသည်။
ဒီကမ္ဘာရဲ့ဇာတ်လိုက်ပီသပါပေတယ်။ ချီး. ပါဝါ!
ချီဖန်း စိတ်ထဲကနေပဲ ပြောနိုင်ပါသည်။ အပြင်မှာတော့ အသက်ရှူရခက်ပြီး သေမလို့ နည်းနည်းပဲ လို်တော့တာပေါ့!
"ဒါဆို မင်း ကိုယ်နဲ့ အတူတူနေရမယ်"
"ဟမ်??"
"ရှင်??"
"ဟင်??"
အခုချိန် အားလုံးရဲ့ခေါင်းပေါ်မှာ ??? တွေ တန်းစီးနေကြသည်။
*ချီး ဒီဇာတ်လိုက်ကြီးက ကြောင်နေတာလားဟ. ဘာလို့ ဇာတ်ကြောင်းတွေ ပြောင်းကုန်ရတာလဲ? ရှောင်ဖေး နင်သိလား?*
*မသိပါဘူး. မနက်ဖြန်ကျမှ ကျွန်တော်အလုပ်ပြန်ဆင်းရမှာပါ။ ဒီနေ့ကတော့ သနားလို့ဆိုပြီး နားရက်ပေးထားတယ်။ ဟီး ဘိုင့်နော်*
*ဟဲ့. ဟဲ့. မဆင်းနဲ့ဦးလေ ဟဲ့*
"နောက်တစ်ပတ် လက္ထပ္မလား။ တစ်အိမ်တည်းအတူတူနေပြီး ဘွဲ့ရပြီးမှ လက္ထပ္မလား ကြိုက်တာရွေး"
ချီဖန်း ယောက္ခမလောင်းကို သနားစရာမျက်လုံးလေးနဲ့ကြည့်ပြီး အကူအညီတောင်းလိုက်သည်။ ထျန်းရွှိုက်အမေက
"သားရယ်.. သမီးကသမီးရဲ့ သဘောအတိုင်းပဲလို့ ဟဲဟဲ"
ယောက္ခမကြီးက သူမဘက္က ပါမလို့လုပ်ပေမဲ့ သူ့သားရဲ့ အရှိန်အဝါကိုလည်း ကြောက်ရပုံပေါ်ပါသည်။
နောက်ဆုံးတော့ ချီဖန်းခေါင်းပေါ်ပဲ ရောက်လာသည်။ အားလုံးက ချီဖန်းကို အားနာသည့်မျက်လုံးတွေနဲ့ ကြည့်နေသည်။
"ဟိုလေ"
ချီဖန်း ထျန်းရွှိုက်နဲ့ မျက်လုံးချင်းဆုံလိုက်ပေမဲ့ သူ့အကြည့်ကြောင့် ချက်ချင်း အကြည့်လွှဲလိုက်ရသည်။
"ဟိုလက်ခံပါတယ်"
"ဘာကိုလက်ခံတာလဲ"
*ချီး အသံကြီးက ရေခဲစားပြီးပြောနေသလားပဲ*
"ဟိုဘွဲ့ရပြီးမှ လက်ထပ်ဖို့ ဆိုတာကို"
"ဒါဆို အဝတ်ထုတ်တော့. အခုည ပြောင်းမယ်"
"ဟမ်???"
"ဟင်????"
"အမ်???"
ထျန်းရွှိုက်စကားကြောင့် အားလုံး မှင်သက်မိကြပြန်သည်။
*ချီး ဒီဇာတ္လိုက္က ဘယ်လိုဖြစ်နေတာလဲဟ။ ငါ့ရည်းစားရော ဟုတ်သေးရဲ့လား။ ဦးနှောက်မရှိတဲ့ အခြားအရူးတစ်ကောင် အစားထိုးဝင်ရောက်လာတာများလား?*
"ကျွန်မ တောင်းဆိုစရာရှိတယ်"
အားလုံးရဲ့အကြည့်က သူမဆီ ရောက်လာပြန်သည်။ ထျန်းရွိှုက်က ဘာလဲဆိုသည့်သဘောနဲ့ မေးပင့်ပြသည်။
"ရှင် ကျွန်မကို လုံးဝမထိရဘူး။ အခန်းခွဲနေမှာနော်"
ချီဖန်းပြောသည့်စကားက သင့်လျော်တာကြောင့် လူကြီးတွေရဲ့အကြည့်က ထျန်းရွှိုက်ဆီ ပြန်ရောက်သွားသည်။
"စိတ္ခ်. လက်မထပ်သေးပဲ မင်းကို မထိဘူး"
*****
ချီဖန်း ထျန်းရွှိုက်ရဲ့ကားထဲမှာ ပါလာသည်။ ထျန်းရွှိုက်က ကားကိုဂရတစိုက်မောင်းနေပေမဲ့ သူ့မျက်နှာက အေးစက်နေတဲ့အရှိန်အဝါတွေနဲ့ ပြည့်နေသေးသည်။ ချီဖန်းလည်း သူ့ကို မကြည့်တော့ပဲ ပြတင်းပေါက်ဘက်ကို မျက်နှာမူကာ ငြိမ်ငြိမ်ကလေးနဲ့ လိုက်ပါလာသည်။
သူ သူမကို ခေါ်ဆောင်သွားသည့်နေရာကတော့ ဗီလာတစ်ခုဖြစ်သည်။ ကားရပ်လိုက်တော့ ချီဖန်း အနောက်ခန်းက သူမအိတ္ကို သယ်မလို့လုပ်လိုက်ပေမဲ့ သူ့လက်က အရင်ဦးသွားကာ သူမအိတ္ကို ဆွဲသွားလေသည်။
ချီဖန်းရဲ့ပစ္စည်းတွေက မနက်ဖြန်မှ ယူလာမှာဖြစ်သည်။ အခုလောလောဆယ်ကတော့ သူမ ညအိတ်ဖို့နဲ့ မနက်ဖြန်ဝတ်ဖို့ အဝတ်အစားတွေရယ်၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေနဲ့ စာအုပ်တွေရယ်သာပဲ ယူလာပေမဲ့ အိတ္က အတော်ကြီးသေးတာပဲလေ
ထျန်းရွှိုက်က ချီဖန်းရဲ့အိတ်ကို အခန်းထဲလိုက်ပို့သည်။
ချီဖန်းကြည့်လိုက်တော့ သူမရဲ့အခန်းက အိမ်ကအခန်းထက် ပိုပြီးတော့တောင် ကြီးနေသည်။ နံရံမှာလည်း သဘာဝတရားကို ဖော်ကျူးထားသည့် ပန်းချီကားတွေနဲ့ ပြည့်နေသည်။ တစ်နေရာမှာတော့ သူမရဲ့ပုံတူပန်းချီကားလေး။
ချီဖန်း ဇာတ်လိုက်ကြီးရဲ့ ပြင်ဆင်ထားမှုကို ကြည့်ရင်းနဲ့ ရင်တွေတောင် ခုန်လာသည်။ သူမ ပတ်ကြည့်ပြီး မျက်လုံးတွေ အိပ်ရာပေါ်ကို အရောက်မှာတော့ ပြူးကျယ်သွားရသည်။
**