အပိုင်း(၁၂)
"တောက်!! "
တာရီလင်း၏ တောက်ခေါက်သံက ကျောင်းဝန်းအတွင်း၌ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"စိတ်လျှော့ပါဟယ် မဟုတ်လောက်ပါဘူး "
မေသူက ကြားထားတဲ့ သတင်းပြောပြသည်ကို တာရီ ဒီလောက်ဒေါသထွက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူတကယ်ဘဲ ခီတန်ကူးဇဏ်ကို ချစ်သွားများလား...
"အေးသိတယ် မဖြစ်နိုင်တာကို အကုန်လုံးက ဇွတ်ပြောနေတာကို ဒေါသထွက်နေတာ "
တာရီလင်းက သူ့သူငယ်ချင်းများကို အော်ကာ အသံရှူသံများကပါ ပြင်းလျက်ရှိနေသည်။
သောကြာနေ့လေး နေ့တစ်ပိုင်း ကျောင်းပျက်မိပါတယ် ၊ ကျောင်းပြန်တက်တော့ ကြားလိုက်ရတဲ့သတင်းတွေက စိတ်ပျက်စရာ ။
"ဒါနဲ့ နင် ဘန်ကောက်မှာ ပျော်ခဲ့ရဲ့လား တာရီ "
"အင်း ပျော်ခဲ့ပါတယ် ဒယ်ဒီ့အလုပ်ကိစ္စကြောင့်ပေမဲ့ မာမီနဲ့လည်ခဲ့တယ်လေ နင်တို့အတွက်ပါ လက်ဆောင် တွေပါတယ် ကျောင်းဆင်းရင်ဝင်ယူကြပေါ့ "
တာရီလင်း၏ စကားကြောင့် မေသူတို့မျက်နှာမှာ အပြုံးတို့ဖြစ်ပေါ်လာသည်။
တာရီလင်းက ပေါင်းသင်းရခက်ပေမဲ့ စေတနာတော့ရှိသည်။
တာရီ သောကြာနေ့တည်းက သုံးရက်ခရီးဖြင့် မာမီတို့နှင့်အတူ ဘန်ကောက်သို့ လိုက်သွားခြင်းဖြစ်သည်။မနေ့ညကမှ ပြန်ရောက်တာဖြစ်ပြီး မာမီက ပြန်ရောက်ရောက်ရောက်ချင်း ကျောင်းသို့မသွားရန် ပြောပေမဲ့
ဇဏ့်ကိုမြင်ချင်လို့ ကျောင်းသို့စောစော ရောက်လာကာမှ ကြားရတဲ့ သတင်းတွေက ရင်ဝကိုဆောင့်ကန်နေသလို ။
ဘာတဲ့…ဇဏ်ကဆူးကိုချစ်နေတာတဲ့လား။
ခီတန်ကူးဇဏ်လိုလူမျိုးက ဆူးအတွက် တကူးတက မိုင်လိုတောင် ပိုက်ကိုဖောက်ပေးပြီး တိုက်သည်ပေါ့။
ဒါဆို အဲ့နေ့က မုန့်ဈေးတန်းမှာ ခီတိုးပြီးဝယ်နေတဲ့ မိုင်လိုက အဲ့ဟာမအတွက်ပေါ့…
သူ့ကိုတော့ အဲ့နေ့က အဆင့်တန်းရှိရှိနေလို့ ပြောသွားတာမဟုတ်လား။
သူမုန့်ဈေးတန်းကပြန်လာတော့ ဆရာမကလှမ်းခေါ်တာမို့ ရုံးခန်းလိုက်သွားတော့ မာမီတို့က အရေးတကြီး ဘန်ကောက်ကို သွားရမှာမို့ ကျောင်းကိုချက်ချင်းကားလွှတ်ပေးလိုက်မယ်လို့ ဆရာမကို လှမ်းပြောသည်တဲ့ ။
တာရီလည်း မုန့်တောင် မစားနိုင်ဘဲ အိမ်သို့ အမြန်ပြေးလိုက်ရသည်။ သူမရှိတဲ့ အချိန်ခဏလေးကို ဘယ်လိုတွေတောင် သတင်းတွေ ထွက်နေရတာလဲ ။ တစ်ကျောင်းလုံးကို ပြန့်နှံ့နေပြီး ဇာတ်လမ်းထဲမှာ သူ့ရဲ့ roleကကျ မစားရအညှာ်ခံ ဖြစ်နေပြီး အချိန်တန်ရင် ဆူးဒေဝီနှင့်သာ ညားမယ်ပေါ့။
ဆူးဒေဝီ…နင်ကတကယ်ကို ပျော့ပျော့လေးနဲ့ နံတဲ့ကြောင်ချီးဘဲ ။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ နင်ကငါ့အတွက်တော့ ပြိုင်ဘက်ဖြစ်ဖို့ လွယ်လွန်းနေတယ် ။
•••••••
"ဟွန်း နောက်ကျလိုက်တာ အခုထိလည်း မလာသေးဘူး "
ဆူး အထူးအံဩစရာသတင်းကို ပြောပြမလို့ ကျောင်းဝန်းထဲရောက်တာတောင် အခန်းထဲကို မသွသေးဘဲ ခီကူးကို စောင့်နေတာ ဖြစ်သည်။ ဒီ့နေ့ကျမှ အချိန်တွေက ပိုကြာနေသလိုပင်။
ကျောင်းထဲရှိ အတန်းတူသူငယ်ချင်းများကလည်း ဒီနေ့ကျမှ ဆူးကို ကြည့်နေကြသလို ခံစားမိသည်။
အို…သူချောလို့ကြည့်နေတာနေမှာပါ့။ ဆူးက အကောင်းမြင်စိတ်ရှိသူမို့ ဒီလိုသာတွေးလိုက်သည်။
"ကျွီ"
ကျောင်းပေါက်ဝ၌ နက်ပြောင်နေသော ကားတစ်စီးထိုးရပ်ကာ ကားပေါ်မှ ခီကူးက တစ်လှမ်းချင်းဆင်းလာတာဖြစ်သည်။
ဂုတ်ထောက် မထူးမပါးဆံပင်ကို ကျောင်းလာတာမို့လို့လားမသိ ဂျယ်လ်ပါးပါးနဲ့ ဘေးကိုသပ်တင်ထားသဖြင့် နဖူးဝင်းဝင်းက ထင်းနေ၏။ မျက်နှာက တည်တင်းနေတာတောင် ကော့ညွတ်နေတဲ့ နှုတ်ခမ်းကြောင့်လားမသိ ရုပ်လေးက ရှင်းသန့်ကြည်လင်နေတာဖြစ်၏ ။
စိတ်ကြည်နေလို့လားမသိ…တွေ့နေကြ ခီတန်ကူးဇဏ်ကပါ ချောနေပါရော့လား ။
ဆူးက သစ်ပင်နားကနေကွယ်ပြီး ဖြတ်သွားတဲ့ ဇဏ့်ကို လှမ်းခေါ်သည်။
"ဟျောင့်"
ဆူး အခေါ်ကြောင့် မျက်ခုံးတန်းတို့ကို တမင်သိသိသာသာ တွန့်ချိုးပစ်လိုက်ပုံက အခြားသူဆို ကြွေသွားနိုင်ပေမဲ့ ဆူးအတွက်တော့ မျက်မုန်းကျိုးချင်စရာပေ။
တော်ပြီ…ခုနက ချောတယ်ပြောတာကို ရုတ်သိမ်းတယ် ။
ဆူးခေါ်တာကို အဖက်မလုပ်ကာ ရှေ့သို့တည့်တည့်သွားနေသူအား နောက်မှတကောက်ကောက်လိုက်ကာ ရန်စောင်မိသည်။
"ဟဲ့ကောင် ခေါ်နေတယ်လေ…ဘာလဲ လူကို အရေးမလုပ်တာလား နင်ကဘာကောင်လဲ…ဟမ် "
"ဘာတွေ အူမြူးနေတာလဲ ဆူးဒေဝီ"
ခီကူးအပြောကြောင့် ဆူးစပ်ဖြီးဖြီးရယ်ရင်း…
"အဟဲ သိသာသွားလား "
"အင်း "
"ပထမကတော့ စစချင်းပြောပြမလို့ဘဲ ငါ့ကောင်ရ …အင်း အခုတော့ စိတ်ပြောင်းသွားပြီ "
"မပြောလည်းနေ…"
"ဟွန်း စောက်ကောင်"
ဆူးအပြောကို ခီက ခပ်စူးစူးတစ်ချက်ကြည့်သည် ။ ပြီးမှ
"ဘာလိုချင်တာလဲ ပြော "
"ငါ့ကို မုန့်ဈေးတန်းမှာ ဘာဂါ အရင်ဝယ်ကျွေး ပြီးမှပြောပြမယ် "
"ဟွန်း ကျွေးစရာလား နင်ဘာသာဝယ်စားပါလား "
ဆူးက ခီ့လက်မောင်းကို တွဲပြီး အတင်း ageyo များထုတ်သုံးကာချွဲတော့၏။
"ဟာ …လုပ်ပါဟာ... နော် .နော် .နော် နင်ကချောလို့လားမသိ နင်ဝယ်ကျွေးတာက အရသာပိုရှိသလိုဘဲ "
"အဟက် အေးပါ "
ပေါက်ကရတွေပြောပြီး အတင်းဝယ်ကျွေးခိုင်းနေတဲ့ ဆူးကြောင့် ဇဏ့်ခြေလှမ်းများကလည်း ကျောင်းအခန်းဘက်သို့ မရောက်ဖြစ်တော့ဘဲ မုန့်ဈေးတန်းသို့သာ ဦးတည်လျက်။
ခီတန်ကူးဇဏ် ဟက်ဟက်ပက်ပက် ရယ်တာကို မြင်လိုက်တဲ့ ကျောင်းသူအချို့ကတော့ သောကြာနေ့ကကျောင်း၌ ပွထခဲ့သော သတင်းကို အတည်ယူလိုက်ပြီဖြစ်သည်။
သူတို့စိတ်ထဲတွင်လည်း ဆူးဒေဝီအား အားကျစိတ်တို့အား ကိန်းအောင်းနေလျက်။
သူငယ်ချင်းနှစ်ယောက်ကသာ ရယ်ရယ်မောမော မုန့်ဈေးတန်းထဲ ၀င်သွားပေမဲ့ ဆယ်တန်းကျောင်းခန်းရှေ့၌ ဖြစ်ရပ်ကို အစအဆုံးကြည့်နေတဲ့ တာရီလင်းအတွက်ကတော့ မနက်စောစော ငရဲကျနေသလိုပင်။ ရုပ်ရည် ၊ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတို့၌ အပြစ်ပြောစရာမလိုတဲ့ သူကို သူဆုံးရှုံးလိုက်ရတော့မှာလား ။
ဒါမျိုးတော့ တာရီလင်းတို့က အဖြစ်မခံနိုင်ပါ ။ ဘယ်လောက်ပဲကြိုက်နေသည်ဖြစ်စေ သူတို့အသက်က အခုမှ ၁၆နှစ်လေးတွေ ဖြစ်၏။ ဘယ်အသိုင်းအဝိုင်းက အဖက်လုပ်မှာ ကျလို့ ။
ဆူးတို့နှစ်ယောက် ဘာဂါဆိုင်သို့ ၀င်သွားလိုက်သည်။
ဆူးပုံများကို ကြည့်ကာ ဘာစားရမလဲ စဉ်းစားနေစဉ် ဇဏ်က...
"အန်တီ ကျွန်တော်တို့ကို Double Burger နှစ်လုံးပေး ၊ Chickenနဲ့ Pork ဘဲ အာလူးချောင်းကြော်ရောပေးပါ "
ကျောင်းမုန့်ဈေးတန်းပေမဲ့ သူတို့မုန့်ဈေးတန်းက လိုတာမှန်သမျှ အစုံရသည်။ ကျောင်းအုပ်ကြီး၏ ကောင်းမှုကြောင့်လိုဘဲ ပြောရမလား။
"ဟုတ်ပြီ ကလေးတို့ ရှေ့မှာမှာတာတွေ ရှိသေးလို့ နည်းနည်းတော့ စောင့်ရမယ်"
အန်တီကြီးက ဇဏ်ပြောသည်များကို သေချာမှတ်ကာ မှာထားသည်များကို လုပ်ပေးရန်သွားသည်။ ခီလည်း သူ့ဘေးတွင် ရပ်နေကြသော ကျောင်းသားတချို့ပါ ရှိနေသည်မို့…
"ဟုတ်ပြီ အန်တီ "
ဆူးက ခီ့ကို မကျေနပ်သလို ကြည့်ရင်း…
"ဟဲ့ နင်ကလည်း အာလူးကော ဘာဂါရောပါမှတော့ ကိုလာ…"
"တော်စမ်း ဆူး ၊ စောစောစီးစီးဘာကိုလာလဲ သောက်ချင်ရင် နေ့ခင်းမှသောက် "
"ဟွန်း…"
"ပြောပြမယ်ဆို ဘာပြောမှာလဲ "
"လမ်းရောက်မှ ပြောပြမယ် "
ဇဏ် ဆူးကို စိတ်လေသည့်ပုံစံနှင့် ကြည့်မိသည်။
ဘာစကားမို့ ဒီလောက် အူမြူးပြီး ပြောမထွက်ဖြစ်နေရတာလဲ။
ခဏလောက်စောင့်ပြီးတော့မှ သူတို့မှာထားသည်များရသည်။ စောင့်နေသည့်အချိန်တွင် သူ့အိမ်၏ အကြောင်းစုံကို ပြောနေသည့်ဆူးကတော့ မမောဘူးလားမသိ။ သူတော့နားထောင်ရတာပင် တော်တော်ခေါင်းမူးနေပြီ။
တော်သေးတာပေါ့…မြန်မြန်ရသွားလို့ ။
"ငါပြောပြမယ် သိလားခီကူး "
"ငါ့ဂိုက်အစ်ကိုကြီးလေ သူကဂျပန်သွားတော့မှာမို့ ငါ့ကို ဂိုက်ဆက်မလုပ်ပေးနိုင်တော့ဘူးတဲ့ အဲ့တာနဲ့ ငါ့အမေက နင့်ဖွားကိုဆက်ပြီးပြောပြတယ်ထင်တယ် နင်တို့အိမ်က ဂိုက်အစ်ကိုကြီးက ရှာပေးမယ်တဲ့ အခုလေ ငါဂိုက်အသစ်ရပြီ အရမ်းချော အဆင်လေးပြီးတော့ သူဘယ်သူလဲသိလား ခီကူး "
မဟုတ်လောက်ဘူးမလား သူတော့မဖြစ်နိုင်ပါဘူး ။ သူ့ပုံစံက ဂိုက်အစားထိုးလာလုပ်တာတောင် သိပ်သဘောမကျတဲ့ ပုံစံနဲ့ကို။
"ဟဲ့ ငါပြောတာကြားလား "
"ဟင် ၊ အင်း ဘယ်သူလဲ သူက "
"ငါ့ကိုကြီးလေ မိုးသန့်ညိမ် "
"ဟမ် …ညိမ်၊ ညိမ့်ကိုပြောတာလား "
"အေး ဟုတ်တယ် ၊ ဒါနဲ့နင်က နာမည်ဘယ်လိုသိ "
"ဒီအတိုင်းပဲ "
ကလင်!! ကလင် !!!
"ဟဲ့ရေ လာလာ ကျောင်းခေါင်းလောင်းထိုးနေပြီ သွားကြရအောင် မုန့်တော့ အခန်းထဲရောက်မှ ခိုးစားကြမယ်လေ "
ဇဏ်က ဆူးအပြောကြောင့် ခေါင်းတစ်ချက်ခါသည်။
"ငါမစားဘူး ငါကရတုအတွက်ဝယ်တာ "
"အေးပါ ဘာဖြစ်ဖြစ် လာပါ သွားမယ်ဟာ "
"အင်း"
ဆူးဒေဝီသည် ဇဏ့်ကို လက်မောင်းမှ ဆွဲကာ ခေါ်သွားသည်။
ပုံမှန် လက်ဆွဲနေကြဖြစ်ပေမဲ့ သတင်းသဲ့သဲ့ ထွက်နေတာမို့ သူများအမြင်တွင်တော့ ဆန်းနေသည်။
•••••••••
ညိမ်နာရီကို ကြည့်လိုက်တော့ ညနေငါးနာရီ ထိုးတော့မှာမို့ ဆူးဒေဝီ့အိမ်သို့ သွားရန်ပြင်ရသည်။
ရေချိုးပြီး မျက်နှာပြောင်ဖြစ်မနေစေရန်ရန် ရှာစောင်းဂျယ်လ်အား ပါးပါးလူးပြီး ရိုးရိုးတီရှပ်နှင့် ပုဆိုးတစ်ထည်သာ ၀တ်လိုက်သည်။ ဟိုတလောက စာအုပ်ဆိုင်က ၀ယ်လာတဲ့လိုအပ်တဲ့ စာအုပ်တွေကို လွယ်အိတ်ထဲထည့်ပြီးမှ နာရီဝတ်ဖို့ သတိရသည်။ ဆယ်တန်းအောင်လို့ ဖေဖေ၀ယ်ပေးထားသည့် အညိုရောင် သားရေပတ်ကြိုးနှင့် လေးထောင့် ပုံသဏ္ဌာန်ရှိသည့် နာရီလေးကို ပတ်လိုက်သည်။
ညိမ် ရှေ့ကိုထွက်လာတော့ အသီးပန်းကန်ထဲမှ အသီးတွေထိုင်စားနေသော ဒေါ်ဒေါ့်ကို တွေ့သည်။
"ဒေါ်ဒေါ် … သားသွားတော့မယ် "
ဒေါ်ဒေါ်က ဟိုဘက်လှည့်နေရာမှ ညိမ့်ကိုလှည့်ကြည့်ပြီး ပြောသည်။
"လာစားသွားပါအုံး သားရဲ့ "
မိုးသန့်ညိမ် လက်ခါပြလိုက်ကာ…
"ဟင့်အင်း မစားတော့ဘူး ဒေါ်ဒေါ် တော်ကြာ ပထမရက်မှာ နောက်ကျရင်မကောင်းဘူးလေ"
"အေးပါကွယ် ဒါဆိုလည်းသွားသွား ရှစ်နာရီပြန်မှာမလား သားပြန်လာမှ ထမင်းအတူစားကြတာပေါ့ "
"အာ ရတယ်ဒေါ်ဒေါ် ကပုံမှန် 7နာရီလောက်စားနေကြကို ကိုယ့်ဘာကိုယ် စားပါ မစောင့်နဲ့ "
"မိုးသန့်…ရမလား ဒေါ်ဒေါ်တို့ကအတူစားနေကြကို မရဘူး စောင့်မယ် ဘာမှပူမနေနဲ့ တူလေးလာမှ စားမယ် "
"ဒါဆိုလည်း ဟုတ်ပါပြီဗျာ သွားပြီနော်"
ကလေးတစ်ယောက်လို ပြန်ပြောနေသော အဒေါ်ဖြစ်သူအား လက်ပြရင်း အောက်သို့သာ ဆင်းခဲ့လိုက်သည်။
ပထမဆုံး လူရာဝင်တယ်လို့ခံစားလိုက်ရသည်မို့ စိတ်လှုပ်ရှားနေတာတော့ အမှန်ဘဲ ။
••••••••••
Ting Tong !!
ညိမ် ခြံရှေ့မှ ဘဲလ်ကိုတီးလိုက်တော့ ဆူးဒေဝီက အိမ်ထဲမှ ထွက်လာသည်။
ညိမ့်ကိုကြည့်ကာပြုံးပြတော့ ညိမ်လည်းပြန်ပြုံးပြလိုက်ပါသည်။
အိမ်ထဲကို ရောက်တော့ ဆူးဒေဝီက ခဏလေးလို့ဆိုကာ သူ့ကို ဧည့်ခန်း၌ထိုင်ခိုင်းပြီး အိမ်ပေါ်သို့ပြေးတက်သွားသည်။ ခဏလောက်ကြာတော့မှ ကျောင်းလွယ်အိတ်အနီလေးကို လွယ်လာပြီး စာအုပ်တပွေ့တပိုက်နှင့် အောက်သို့ဆင်းလာသည်။
"ညီမလေး အန်တီရော "
"ဟိုမေမေက အိပ်နေတယ် ဖေဖေကတော့ မရှိဘူး အလုပ်က ညမှရောက်မှာ ဒေါ်စန်းကတော့ မီးဖိုချောင်မှာထင်တယ် "
ကလေးမို့လားမသိ အိမ်ရှိလူအကုန်ကို ပြောပြသွားသည်။ သူမေးတာက အန်တီတစ်ယောက်တည်းကိုသာ။
"ဒါနဲ့ ဘယ်မှာသင်ကြမလဲ "
"အောက်ထပ်က စာကြည့်ခန်းမှာဘဲ သင်မယ်လေ "
"အင်း အင်း "
သူခေါင်းညိတ်ပြလိုက်တော့မှ စာကြည့်ခန်းလေးထဲဝင်သွားသည်။ တံခါးမရှိဘဲ ကြိုးတန်းအလှလေးများသာ ဆင်ထားသည်။ စာကြာ့်စားပွဲတစ်လုံးနှင့် ခုံအမြင့်နှစ်လုံးသာရှိသည်။ စာအုပ်စင်ကြီးကတော့ မြင့်မြင့်မားမားနဲ့ စာအုပ်များကလည်း အပြည့် ။
"ညီမက ဘယ်ဘာသာမှာ ပိုအားနည်းလဲ "
ညိမ်မေးလိုက်တော့ သူ့ဘာသူစဉ်းစားနေပုံရသည်။ မျက်လုံးများက ဂနာမငြိမ်။
"ဟို ညီမက အယ် ညီမလို့ဘဲပြောမယ်နော် "
"ရတယ် ရတယ် ပြီးတော့ ကိုယ့်ကိုအဆင်ပြေသလိုခေါ်လို့ရပါတယ် ဆူးဒေဝီ "
"ဟုတ် ဟုတ် "
"ညီမက သင်္ချာတွက်ရတာ မကြိုက်ဘူး သင်္ချာလို့ကြားလိုက်တာနဲ့ ခေါင်းမူးလာရော "
ထိုကောင်မလေး အပြောကြောင့် ညိမ် ရယ်မိသည်။ တကယ် ကလေးလိုဘဲ ။
"ဒါဆို တွက်တာပေါ့ ၊ အစ်ကိုက တွက်ရတာကြိုက်တယ် ၊ သင်္ချာက နှစ်ပိုင်းရှိတော့ ဘယ်အပိုင်းမှာပိုအားနည်းလဲ "
"အင်း တြိဂံတို့ဘာတို့ အဲ့တာကသင်္ချာ2လေ ဆူးကငယ်ငယ်တည်းက အဲ့တာကိုကျက်ဖြေခဲ့တာ ဟီးဟီး"
"ဖြစ်တတ်ပါတယ် ဒါက "
သင်္ချာ2ကို ကျက်ကြတာ ဒီကလေးမလေးမှမဟုတ် အများစုလိုလိုဖြစ်သည်။ ညိမ်ကတော့ ငယ်ငယ်တည်းက သင်္ချာကို သဘောကျတာမို့ အဲ့အပိုင်းတွေကတော့ အေးဆေးပင်။
"အဲ့တာကလေ ဆူး အယ်…ဆူးလို့ဘဲခေါ်မယ်နော် ဒေဝီကခေါ်ရတာထောက်လို့ "
"ဟုတ် ကိုကြီး "
ပထမက တမင်တစ်လုံးတည်းဖြစ်တဲ့ ဆူးလို့မခေါ်ချင်တာကြောင့် နှစ်လုံးတွဲဖြစ်အောင် ဒေဝီလို့ခေါ်ခဲ့တာဖြစ်သည်။ အခုကောင်မလေးက သူ့ကိုယ်သူ ဆူးလို့ သုံးလိုက်တော့မှ ဒီကောင်မလေးနဲ့ရင်းနှီးရန် ဆူးလို့သာခေါ်တော့မည်ဟု ဆုံးဖြတ်လိုက်ခြင်း ။
"အဲ့တာကလေ ကျက်ရတာမှန်တယ် ဒါပေမဲ့ပုစ္ဆာတွေကိုတော့မဟုတ်ဘူး ၊ ပိုက်သာဂိုရပ် သီအိုရီအဲ့လိုဟာတွေက ကျက်ရမှာဆူးရဲ့ ဥပမာ တြိဂံတစ်ခုရဲ့ အတွင်းထောင့် သုံးခုပေါင်းခြင်းက 180° ဆိုတာပေါ့ ၊ အဲ့လိုဟာတွေကျက်မှ ပုစ္ဆာတွေမြင်တဲ့အခါ တွက်တတ်မှာ Physics Definitionတွေလိုပေါ့ မှတ်ထားနော် ဆူး "
ညိမ်ပြောပြတာကို သေချာနားထောင်နေသည့် ကောင်မလေးက ကလေးမို့လို့လားမသိ တကယ့်ကို အဖြူထည်လေးပင်။ ညိမ်ပြောလိုက်တော့ ခေါင်းလေးညိတ်ပြကာ အဖြေပြန်ပေးလာသည်။
"ဟုတ် ကိုကြီး "
သူ့မှာ ညီလေးသာ ရှိတာမို့ ဆူးဒေဝီဆိုသော ဒီကောင်မလေးကိုတော့ မြင်မြင်ချင်း ညိမ့်ရဲ့ ညီမအရင်းလေးတစ်ယောင်လို သဘောထားမိတာတော့ သူရဲ့စိတ်ရင်းအမှန်ပင် ဖြစ်သည်။
──────────────────
𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ
စောင့်နေကြလား👀
(19.7.2022) republished