The LOEY

By Astronv_61

109K 15.8K 2.8K

တောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတ... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
Part 64
Part 65
Part 66
Part 67
Part 68

Part 41

1.9K 249 81
By Astronv_61

[ Unicode ]

ပေါင်ပေါ်တွင်ရှိနေသော ဘခ်ဟျွန်းသည် အနည်းငယ်အိပ်ချင်ပြေသွားသည်နှင့် အငြိမ်မနေတော့။ ချန်းယောလ်စားပွဲပေါ်ရှိ စာရွက်စာတမ်းတွေကိုလည်း ဆွဲယူကြည့်နေသလို ပစ္စည်းပစ္စယမှန်သမျှကိုလည်း ကလေးပေါက်စကဲ့သို့ အကုန်စပ်စုနေ၏။

ထိုပြေးလွှားနေသည့် လက်သွယ်သွယ်လေးတွေကို အနောက်က ချန်းယောလ်ကသာ လှမ်းထိန်းနေရရပြီး၊ မထိန်း၍လည်းမရ တစ်ချက်တစ်ချက်အငြိမ်မနေပုံက ပေါင်ပေါ်ကနေ ပြုတ်ကျနိုင်သည်မို့။ ပါးစပ်ကလည်း ငြိမ်ငြိမ်နေဖို့ပြော၍မရသေး၊ ဖုန်းကိုသာ အာရုံစိုက်နေရပြီး ဖုန်းထဲကအတွင်းရေးမှူးဖြစ်သူကလည်း 'နောက်တစ်ခါထပ်ပြောရရင် ကျွန်တော်ထွက်စာတင်မှာပါ' ဆိုသည့် ခြိမ်းခြောက်စကားကြောင့် အာရုံပျံ့၍မရသည်မို့။

ယခုတောင် ဒီလောက်အလုပ်များပြီး ဒီကောင်လေးကို သေချာအချိန်မပေးနိုင်တာ။ အတွင်းရေးမှူးဂို အလုပ်သာထွက်သွားလျှင် သူပိုတောင်မှအချိန်တွေ ကြပ်တည်းသွားနိုင်သည်။

ဖုန်းတစ်ဖက်နှင့် လိုအပ်သည်မှန်သမျှပြောနေရင်းမှာပင် ပေါင်ပေါ်ကအကောင်ပေါက်က ရှေ့ကိုတစ်ခုခုကုန်းယူရာကနေ ယိုင်ကျသွားသည်မို့ ခါးကနေ တင်းတင်းကျပ်ကျပ် လှမ်းဆွဲထိန်းလိုက်သည်။ မော့ကြည့်လာသော ဘခ်ဟျွန်းက မေးခွန်းထုတ်ချင်ဟန်နှင့်ပေမယ့် ချန်းယောလ်မျက်မှောင်ကြုတ်ပြလိုက်တော့ နှုတ်ခမ်းဆူကာခေါင်းငုံ့သွားသည်။ သူမကျေနပ်ပါပေါ့။

ပြီးခါနီးဖြစ်သည့်တိုင် ကိုင်လက်စပရောဂျက် မပြီးသေးသည့် လမ်းတစ်ဝက်မှာပင် ဖျားနာသွားသည့် အတွင်းရေးမှုးဖြစ်သူကြောင့် အရှုပ်အရှင်းက ထင်ထားတာထက် ပိုကြာနေသည်။ သူပြီးသမျှ လုပ်ငန်းဝက်ကို တင်ပြရသလို အလျင်သင့်သလို ဆွေးနွေးနေရသည်မို့ ဖုန်းပြောချိန်က နာရီနှင့်ချီကြာသည်။

စားပွဲပေါ်က ပစ္စည်းတွေကို ရှုပ်ခွင့်မရတော့သည့် ကြွက်နောက်တစ်နည်းဖြင့် ထပ်မံနှောင့်ယှက်လာ၏။ ခါးကိုဖက်ထားပေးသော ချန်းယောလ်၏လက်တို့အား အပေါ်ကနေ တို့တိတို့တိဖြင့် ကစားလာခြင်း။ တစ်ချောင်းချင်းဆွဲယူကာ တိုင်းကြည့်လိုက်၊ ဖြန့်ကားလိုက်၊ လက်သီးဆုပ်လိုက်နှင့် အကုန်စိတ်ကြိုက်လုပ်နေသမျှကို ခွင့်ပြုထားရင်း ခပ်မြန်မြန်သာ ဖုန်းပြောမှုကို အပြီးသတ်ဖို့လမ်းစပြင်ရတော့သည်။ မဖြတ်၍လည်းမရတော့၊ သူ့အာရုံတွေက ပေါင်ပေါ်ကကောင်လေးဆီကပဲ ယိုင်ယိုင်ကျနေပြီမလို့။

သူသိသည်။ ဘခ်ဟျွန်းသည် အလိုက်မသိတတ်သည့် ကလေးတွေထဲမပါ။ ဒါတမင်သူ့ကို နှောင့်ယှက်နေတာဖြစ်သည်။

တွေးနေတုန်းမှာပင် ဆော့၍ဝသွား၍ထင်သည်။ သူ့မျက်နှာကိုမော့ကြည့်လာပြီး နှုတ်ခမ်းလှုပ်ရုံတိုးတိုးလေး ပြောလာ၏။

'ချ လိုက် တော့' ဆိုပဲ။

ပြောပေါက်ကိုက ပိုင်စိုးပိုင်နင်းဖြင့်။ ဘာဆေးတွေများစားပြီး ဤမျှလောက် သတ္တိရှိနေသလဲ မသိပါချေ။ ပြောပြီးသော်ငြားလည်း အကြည့်မလွှဲဘဲ တောင်းဆိုသလိုလေး ဆက်ကြည့်နေသေးတာမို့ မနေနိုင်သည့် ချန်းယောလ်ကပဲ အကြည့်လွှဲပြီး ဖုန်းထဲကသူနှင့် စကားဖြတ်ရတော့သည်။

ပြေးလွှားနေသော လက်ချောင်းသွယ်သွယ်လေးတွေက ယခုသူ့လည်ပင်းကော်လာတွေကနေ နက်ကတိုင်တွေအထိပါ ဆွဲယူကလိလာရင်း လည်ပင်းသားတို့ကိုပါ ခပ်ဖွဖွ ထိတွေ့လာပြီမို့။

ဖုန်းကိုချလိုက်ပြီးသည်နှင့် ချန်းယောလ် ဘခ်ဟျွန်းထံ ငုံ့မိုးကြည့်လိုက်၏။ ထို့နောက် ဘယ်လက်ကဖုန်းကို စားပွဲပေါ်ပစ်ချရင်း သူ့လည်စေ့နားထံ လမ်းလည်ရောက်ချင်နေသော ထိုလက်သွယ်သွယ်တို့အား ဖမ်းချုပ်လိုက်တော့၏။

"ယောကျ်ားတစ်ယောက်ရဲ့ လည်စေ့ကိုလက်လွတ်စပယ် မထိတွေ့သင့်ဘူးဆိုတာ နားမလည်ဘူးလား"

ဘခ်ဟျွန်းခေတ္တကြောင်အနေရာမှ ချက်ချင်းမျက်နှာရဲသွားပြီး ထိုလက်ကို အောက်ချသွား၏။ မျက်နှာကို တည်တင်းထားသည့်တိုင် ချန်းယောလ်စိတ်ထဲတွင်တော့ အသာ ပြုံးမိ၏။ ဒီကောင်လေးက ပါးစပ်ပဲရဲတာ၊ လက်မရဲ။ သို့တိုင် ထိုပေါက်စ၏ ရှက်ရွံ့မှုဆိုသည်ကလည်း ခပ်ကြာကြာအချိန်မယူနိုင်ပါချေ။

"ခင်ဗျား နက်ကတိုင်ချွတ်ပေးချင်လို့ပါ အဟမ်း အသက်ရှုမကြပ်ဘူးလား"

ချန်းယောလ်သည် ဘခ်ဟျွန်းမျက်နှာ အသေးစိတ်တစ်ခုချင်းစီကို ကြည့်နေရင်း အိပ်ရာထလာ၍ရှုပ်ပွနေသော ဆံပင်တို့အား သပ်ရပ်အောင်လုပ်ပေးလာ၏။

"မင်းအရမ်းဆိုးနေတယ် အခုတလော"

ဆက်စပ်မှုမရှိသည့်စကားဖြစ်သည့်တိုင် ဘခ်ဟျွန်းနားလည်လောက်သည်။ ခေတ္တကြောင်သွားပြီးနောက်မှ ဘာကိုပြောလဲဆိုသည်ကို နားလည်သွားဟန်ဖြင့် ဟီးကနဲရယ်ပြပြီး ဘယ်လောက်မှမကြာ၊ နှုတ်ခမ်းပါးပါးလေးကို ထပ်မဲ့ပြ၏။

"ခင်ဗျားကျွန်တော့်ကို တစ်နေ့လုံးပစ်ထားတာလေ၊ အများကြီးအချိန်မယူပါဘူး ခင်ဗျားမအားတာသိပါတယ် ၅ မိနစ်ပဲ ဟုတ်ပြီလား ပြီးမှအလုပ်ဆက်လေ နော်"

ဘခ်ဟျွန်းခြေအနေကိုအကဲခတ်ကြည့်မိတော့ အိပ်ချင်ပြေသွားပုံပေါ်သည်မို့ ချန်းယောလ်မေးလိုက်သည်။

"ဘာစားပြီးပြီလဲ"

"ဟင့်အင်း ပြန်ရောက်ကတည်းက အိပ်နေတာ၊ ကားစီးလာရတာ အရမ်းပင်ပန်းတာပဲ"

ပြောနေရင်းမှာပင် ချန်းယောလ်လက်မောင်းတွေထဲ ပြန်တိုးဝင်ကာ ဖက်တွယ်ရင်းဆက်ညည်း၏။

"ကားပေါ်မှာ လေလည်းမရတော့ တစ်လမ်းလုံးခေါင်းမူးလာတာ၊ ဒီကြားထဲ ဘေးကထိုင်တဲ့သူက ဟောက်နေသေး"

"ပြတင်းပေါက်ဘက်လေးထိုင်ပြီး ဓာတ်ပုံတွေရိုက်ခဲ့မလို့တောင် မရိုက်လိုက်ရဘူး"

ဘခ်ဟျွန်း၏အသံကို ဗိုက်ကဆာလောင်မှုပြသော အသံကဝင်ကြားဖြတ်လိုက်သည်မို့ စကားလည်းရပ်သွားတော့၏။

"ဘာမှမစားရသေးဘူးဆို တစ်ခုခုအရင်စားဦး ဗိုက်အောင့်မယ်၊ ပြီးမှပြော"

ဘခ်ဟျွန်းသည် သူ့ရင်ဘတ်ထဲ မျက်နှာအပ်ထားရာကနေ မေးဖျားလေးဖြင့်ထောက်ကာ ချန်းယောလ်ကို မော့ကြည့်လာ၏။

"စားစရာ ဘာမှမလုပ်ထားဘူး"

အသံကအစ ပျင်းတိပျင်းရွဲ့မို့ ချန်းယောလ်လေကုန်ခံ ဆက်ပြောမနေတော့။ လက်မောင်းနှစ်ဖက်ထဲထည့်ကာ ပွေ့ချီပြီးအခန်းထဲက ထွက်လာလိုက်သည်။ အနည်းငယ် အလင်းမှိန်သော အခန်းထဲကထွက်လာချင်းပေမို့ ဘခ်ဟျွန်းကမျက်စိစူးသွားဟန်ဖြင့် မျက်လုံးကိုမှိတ်ချသည်။

"ခင်ဗျားအလုပ်ဆက်လုပ်ရဦးမှာမဟုတ်လား၊ ကျွန်တော့်ဘာသာ ခေါက်ဆွဲပြုတ်စားလိုက်ပါ့မယ်"

ပြောသာပြောနေတာ မျက်လုံးကမဖွင့်သလို အသံကလည်းခပ်ပျင်းပျင်း။ မီးဖိုချောင်ထဲရောက်သည်နှင့် စားပွဲရှေ့ထိုင်ခုံတွင် နေရာချပေးလိုက်တော့ မျက်လုံးလေးအသာဖွင့်ကြည့်ပြီး သွားလေးဖြဲပြ၏။ အနီးကပ်မြင်နေရသည့် နှာခေါင်းလုံးလေးအား လက်မနေနိုင် သွားဆွဲမိပြီးမှ ချက်ချင်းပြန်လွှတ်ရသည်။

"မျက်နှာသွားသစ်လိုက် စားဖို့တစ်ခုခုလုပ်ထားပေးမယ်"

ဆိုလိုက်တော့လည်း ဟုတ် တစ်ခွန်းတည်းနှင့် အခန်းထဲတန်းဝင်ပြေးသွားတော့၏။ ထို့နောက်တွင်တော့ ချန်းယောလ် ထိုပေါက်စ စားဖို့ရာအတွက် ပြင်ဆင်ပေးရတော့၏။

စားချိန်သောက်ချိန်က ဘယ်လောက်မျှမကြာဟု ထင်ရသည့်တိုင် စကားများနေသည့်ကြွက်နှင့် ပေါင်းလိုက်လျှင် အချိန်က ညနက်သည်အထိကြာသည်။ ပြီးသည်နှင့် ဧည့်ခန်းထဲမနေဘဲ သူကြိုက်သည်ဆိုသော ခြံနောက်ဘက်ဥယျာဥ်ထဲရှိ ကွပ်ပျစ်ထံထိုင်ကာ အချိန်ဖြုန်း၏။

"ဓားက အခုတလော ငြိမ်နေတယ်"

ဘခ်ဟျွန်း၏ကျောင်းစဖွင့်ကတည်းက ထိုလေ့ကျင့်မှုတွေထံ အာရုံမလွင့်ပျံ့ခိုင်းခဲ့တာ ကြာပြီဖြစ်ပြီး ဤသည်ကား ဓားနှင့်ပတ်သက်ပြီး ပထမဆုံးဘခ်ဟျွန်းပြောခြင်းပါပေ။

"စကားမပြောလို့လား"

"အွန်း အရင်ကလည်း သူ့ကိုမထိသရွေ့ အေးဆေးနေတယ်ဆိုပေမယ့် ကျွန်တော်ဆက်သွယ်ကြည့်တော့လည်း ပြန်ဖြေသံမကြားရဘူး"

အသံတိုးတိုးလေးနှင့် ထပ်မေးလာ၏။

"ဘာမှမဖြစ်လောက်ပါဘူးနော်"

"အရမ်းမတွေးနဲ့၊ သူ့ခန္ဓာကိုယ်ထဲမှာ မင်းသွေးစီးဆင်းနေတယ်ကို ခံစားနေရသရွေ့ ဘာမှဖြစ်မှာမဟုတ်ဘူး"

ဘခ်ဟျွန်းသည် ခေတ္တငြိမ်သွားပြီး သူ့ခန္ဓာကိုယ်သူ ပြန်ဆန်းစစ်အာရုံခံနေသည်။

"အွန်း ရှိသေးတယ်၊ ဘာလို့တိတ်သွားတာလဲမသိပေမယ့် စကားများနေကျ သူကပျောက်သွားလို့ ထူးဆန်းသွားတာ"

"မလေ့ကျင့်တာ ကြာလို့လည်းဖြစ်မယ်"

"အဲ့ဒါနဲ့ဆိုင်လို့လား"

"မသုံးတဲ့ဓားကိုတောင် ထက်နေအောင် အမြဲသွေးပေးနေရတာပဲမဟုတ်လား"

ဘခ်ဟျွန်းသည် ခေတ္တစဥ်းစားသွားသည့်နှယ် အသံတိတ်သွား၏။

"နောက်နေ့တွေထဲ ကျွန်တော်လေ့ကျင့်ကြည့်ရမလား"

"အင်း အရမ်းသာဖိအားမပေးနဲ့"

"ဟုတ် အီဂျူးနဲ့ပဲ လေ့ကျင့်မှာပါ"

အီဂျူးသည် အရွယ်ရောက်လာပြီဖြစ်သည့်တိုင် အစားသောင်းကျန်းကာ ဘခ်ဟျွန်းထံမှ အလိုလိုက်ခံထားရပုံအရတော့ ငယ်ငယ်ကကဲ့သို့ အသုံးမကျဆဲဖြစ်နေဦးမှာ ချန်းယောလ်သိသည်။ အနည်းဆုံးတော့ ထိုကောင်ကို သူကိုယ်တိုင်ကြည့်ကြပ်ပေးရဦးမည်ဖြစ်ပြီး ဘခ်ဟျွန်းနှင့်လေ့ကျင့်သည့်အခါ ပိုမိုအခက်အခဲတွေ့နိုင်အောင်ဖြစ်သည်။ အခက်အခဲတွေ့မှ ထိုအရာကိုဖြတ်ကျော်နိုင်မည့် နည်းလမ်းကို တွေးတောတတ်မည်ဖြစ်သလို တစ်နေရာလေးတည်းတွင် တော်နေပြီး ပျော်မနေသင့်ပါချေ။ အီဂျူးအရွယ်ရောက်လာသမျှ ကာလပတ်လုံးသည် ဘခ်ဟျွန်းလေ့ကျင့်ရမည့် အကောင်းဆုံးဥပမာများသာ ဖြစ်ပြီး အီဂျူးလို ပထမအဆင့် စွမ်းအားရှင်နှင့် တန်းတူယှဥ်တိုက်နိုင်သည်အထိ တိုးတက်လာပြီဆို သူစိတ်ချကောင်းစိတ်ချနိုင်သည်။

တွေးနေစဥ်မှာပင် ဘခ်ဟျွန်းသည် သူ့ပေါင်ပေါ် ခေါင်းအုံးကာ အိပ်ချလာ၏။ လန့်ဖြတ်သွားသည့်စိတ်ထက် ရင်ထဲတစ်ချက်တုန်ဟီးသွားသည်က ပိုသည်။ တရားခံလေးကတော့ ပြောင်စပ်စပ်ဖြင့်။

"ဒီလိုဆို ကြယ်တွေကို ပိုမြင်ရတယ်"

"အင်း"

ချန်းယောလ်ပြန်သာဖြေလိုက်သော်ငြား သူ့အကြည့်တွေသည် ဘခ်ဟျွန်းထံတွင် ရှိနေဆဲ။ ဘခ်ဟျွန်းမျက်နှာသည် ကြည့်ရုံနှင့်ပင် ချောမွတ်နေမည်ကို ခံစားရပြီး ချို့ယွင်းချက်ဟူ၍ တစ်နေရာမှမရှိဘဲ ဖွဲ့စည်းထားသကဲ့သို့၊ လှပ၏။ နဖူးပေါ် ဝဲကျနေသော ဆံမျှင်တစ်စနှစ်စကအစ၊ ကြယ်တို့ဖြင့် ရောင်ပြန်ဟပ်ကာ တောက်ပနေသော မျက်ဝန်းတို့အဆုံး။ ပါးမို့မို့သည်လည်း အမြဲလိုလိုပြုံးနေသော ကောင်လေးအတွက် အချိန်တိုင်းလိုလိုမို့တက်နေသည်မို့။

"ချန်း ... မော့ကြည့်ကြည့်၊ ကြယ်တွေအရမ်းလှတယ်"

စကားအတိုင်း ကောင်းကင်ထက် မော့ကြည့်လိုက်တော့ မြင်လိုက်ရသည်က အရောင်စုံနေသော ကောင်းကင်။ ဘခ်ဟျွန်းစကားအတိုင်းပင် ကြယ်တွေသည် အရောင်စုံကာ တောက်ပနေပြီး ကခုန်နေကြသည့်နှယ်။ သို့တိုင် ချန်းယောလ်အာရုံကို ခပ်ကြာကြာမဆွဲဆောင်နိုင်။ မျက်လွှာပြန်ချကာ ပေါင်ပေါ်ရှိကောင်လေးထံသာ အကြည့်ပြန်ပို့မိသည်။

"မင်းလောက်မလှဘူး"

ဘခ်ဟျွန်းအကြည့်သည် ဖျက်ကနဲသူ့ထံရောက်လာပြီး လွှတ်ကနဲ တစ်ချက်ရယ်သွား၏။ ချန်းယောလ်ရင်ခုန်သံဟာလည်း ဒိတ်ကနဲ တစ်ချက်ချင်းဆောင့်ခုန်သည်။ ဘခ်ဟျွန်းသည်မှာတော့ တစ်ချက်ရယ်ရုံနှင့် မထိန်းနိုင်သည့်အလား၊ မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ခပ်လွင်လွင်ရယ်မောတော့၏။

ဤမျှလောက်သဘောကျသွားရသလား။ အတွေးကဖျက်ကနဲ ပေါ်လာ၍သာ ပြောလိုက်ခြင်းသာဖြစ်ပြီး မရည်ရွယ်ခဲ့ပါချေ၊ သို့တိုင် ဘခ်ဟျွန်းကိုပျော်သွားစေသည်ဟူသော အသိနောက် ရင်ထဲခပ်သိမ့်သိမ့်ဝင်လာသော ကြည်နူးမှုနှင့်အတူ ချန်းယောလ်နှုတ်ခမ်းထောင့်စွန်းသည် ခပ်ဖွဖွပင့်တက်၏။

ထို့နောက် ဘခ်ဟျွန်းသည် လက်ပြန်ချကာ ချောင်းဟန့်၏။ ချန်းယောလ်နှင့် အကြည့်ချင်းဆုံကာ မျက်မှောင်လေးကြုံ့ရင်း မေးလာပုံက စာစစ်သလို။

"အဲ့လောက်တောင်သဘောကျလား ကျွန်တော့်ကို"

မေးပြီးမှ သူ့ဘာသူပြုံးစိစိဖြစ်ပြီး ပိုးသတ်မရသော မျက်နှာကို လက်ဖြင့်ပြန်အုပ်သေးသည်။

"အင်း"

အသံခပ်နိမ့်နိမ့်ဖြင့် ပြန်ဖြေပြီး ဘခ်ဟျွန်းရှက်သွားသည့်အမူအရာလေး ထပ်မြင်ချင်သည့်တိုင် ထိုကောင်လေးသည် မျက်လုံးသာဖော်လာပြီး သူ့ထံလှစ်ကနဲကြည့်လာ၏။

"ကိုကို ဘာလို့မျက်နှာရဲနေတာလဲ"

အစက ရဲနေလား၊ မရဲနေလား ချန်းယောလ်မသိ။ သို့တိုင် ထိုစကားလုံးနောက်တွင်တော့ ချန်းယောလ်အကြည့်တွေ ဖျက်ကနဲလွှဲမိသလို ပူတက်လာသည်ကိုပါ ခံစားလိုက်ရ၍ မျက်နှာကိုတည်လိုက်သော်ငြား နှုတ်ကလည်း လွှတ်ကနဲ။

"နေပူနေလို့ဖြစ်မယ်"

"ဟင် အခုကညဘက်ကြီးလေ ကိုကို"

"အခန်းထဲပြန်ဝင်ရအောင် အေးလာပြီ"

သူ့ခန္ဓာကိုယ်အခြေအနေက အအေးဓာတ်ကို မကြောက်တတ်မှန်းလည်း သူသတိမရတော့။ တစ်ခုတည်းသိသည်က ဒီအခြေအနေက မြန်မြန်ထွက်ပြေးဖို့ဖြစ်ပြီး လုပ်ဆောင်ချက်သည် ဘခ်ဟျွန်း၏ဆွဲထားမှုအောက် မအောင်မြင်လိုက်ပါချေ။

"ဟုတ်ပါပြီ ဟုတ်ပါပြီ မစတော့ပါဘူး"

ချန်းယောလ်ထိုကောင်လေးကို မျက်မှောင်ကြုတ်ရင်းသာ ငုံ့ကြည့်မိသည်။ သူ့ကို နေရထိုင်ရခက်အောင်လုပ်ပြီး ကြောက်အောင် မျက်နှာထားတည်တင်းပြနေပေမယ့် မကြောက်သည့်ဘခ်ဟျွန်းက ရယ်ကျဲကျဲလုပ်နေသည်ပင်မပျက်။ ခပ်တိုးတိုးက ပြောလိုက်သေးသည်။

"အခုပူလိုက် အခုအေးလိုက်နဲ့" တဲ့။

ထိုတစ်ခွန်းကိုတော့ ချန်းယောလ်မကြားချင်ယောင်သာ ဆောင်လိုက်တော့၏။ လူကြီးတစ်ယောက်ဖြစ်လျက်နှင့် ထိုပေါက်စ စကားလုံးတွေအောက် မျက်နှာပျက်ရလောက်အောင် ရှက်နေရတာသိပ်တော့ အဆင်မပြေလှသည်မို့။ နောက်မှ ထိုရဲတင်းနေသည့် နှုတ်ခမ်းပါးတွေကို အပြစ်ပေးပစ်ဦးမည်။

ညလေသည် ဝေ့ဝဲတိုက်ခတ်သွားတိုင်းမှာ ရင်ထဲအထိ ချမ်းအေးမှုကို ခံစားရသည်မို့ ပေါင်ပေါ်ကအနွေးဓာတ်လေး အအေးပက်မည်ကို စိုးရိမ်သည့်တိုင် ကိုယ်တော်လေးက 'ချန်းရှိနေသရွေ့ဘာမှမဖြစ်ဘူး' ဆိုကာ စကားဖြင့်ချုပ်လာပြန်တော့ ရုပ်တည်တည်ဖြင့်သာ အနွေးဓာတ်တို့ဖြင့် လွှမ်းခြုံပေးရတော့၏။

"ကျွန်တော့်ကို မထားခဲ့နဲ့နော်" တဲ့။

စက္ကန့်အချို့ကြာ တိတ်ဆိတ်နေရင်း၊ ကောင်းကင်ပေါ်ကိုပဲ အကြည့်ပို့နေရာကနေ ခပ်တိုးတိုးလေး ရေရွတ်သလိုပြောလာသော ကောင်လေးက ဘာတွေတွေးနေလဲ သူမသိပေမယ့် လေသံထဲ ကြောက်ရွံ့နေတာတွေကိုတော့ ခံစားမိသည်။

ချန်းယောလ်သည် ထားခဲ့မည့်သူလည်းမဟုတ်သလို ထို့ထက်ပိုပြီး ရှေ့တိုးမည့်သူလည်း မဟုတ်ပါချေ။ ဒီကောင်လေးကို သူပျော်ရွှင်မှုတွေကိုသာ ခံစားစေချင်ကြောင်း ထိုမွေးနေ့ညက သေချာခဲ့သည်မို့။

ချန်းယောလ် သူ့ဆန္ဒတွေကိုတော့ မျက်ကွယ်ပြုနိုင်ပေမယ့် ထိုကောင်လေး ဝန်ခံလာသည့်တစ်ခဏမှာတော့ မျက်ကွယ်မပြုရက်နိုင်ခဲ့ပါချေ။ အနည်းဆုံးတော့ ရသလောက် အချိန်လေးမှာပဲဖြစ်ဖြစ် ... ပျော်ရွှင်နေစေချင်သည်။ သူနာကျင်နေရလျှင်တောင်။ သူ့ကိုမေ့သွားမယ်ဆိုလျှင်တောင် ချန်းယောလ်က မနှောင့်မယှက် ဤနေရာပဲရပ်နေမှာဖြစ်သလို ဘခ်ဟျွန်းက သူ့ကိုလိုချင်နေသရွေ့လည်း အနားတွင်ရှိနေပေးမည်သာ ဖြစ်၏။ သူသည်ထို့ထက်ပို၍ ရှေ့တိုးဖို့စိတ်ကူးမရှိသလို ရှေ့လည်းမတိုးရဲပါချေ။ သူနှင့်မထိုက်တန်။ အနည်းဆုံးတော့ ဒီကောင်လေးအပြုံးတွေနှင့် သူ့တွင်ရှိသမျှ အကုန်လုံးကို အလဲအထပ်ပြုလိုက်ရတာ တန်ပါသည်။

ခပ်ဖွဖွပြုံးရင်း "ဘယ်တော့မှပဲ" လို့ ပြန်ဖြေတော့ ကျေနပ်သွားသလိုမျိုး ဘခ်ဟျွန်း ခပ်ဖွဖွလေးပြုံးသွားသည်။

အိပ်ချင်လာပြီထင်၏။ ကြယ်လေးတို့ဖြင့် တောက်ပနေသည့် မျက်ဝန်းတို့အား မျက်လွှာက ဖြည်းဖြည်းချင်း လွှမ်းခြုံလာပြီမို့။

ဘခ်ဟျွန်းအိပ်သွားလျှင်တော့ ချန်းယောလ်အလုပ်က ပြောစရာရှိတာတွေ၊ ဆွေးနွေးစရာရှိတာတွေကို လက်စသတ်ပြီး ဆက်လုပ်၍ရသည်မို့ အလျင်မလိုပါချေ။ မကြာသေးခင်ကလို ထိုပေါက်စ တတိတိလိုက်နှောင့်ယှက်နေမှသာ သူအာရုံစိုက်မရသည့်အပြင် အချိန်တွေပုပ်မှာဖြစ်သည်။ ပြီးလျှင်တော့ လူချင်းတွေ့ဆွေးနွေးစရာ ရှိသမျှကို သူ့အတွင်းရေးမှူးဖြစ်သူက အကုန်ကိုင်တွယ်သွားရုံသာ ဖြစ်ပြီး ပေါ့ပါးပြီဟုတွေးမိလိုက်သည့်တိုင် ထင်ထားသလိုဖြစ်မလာ။

ဘခ်ဟျွန်းအိပ်ပျော်ခါနီးဆဲဆဲမှာပင် အတွင်းရေးမှူးဖြစ်သူက ဖုန်းဆက်လာပြီး လန့်နိုးသွားသည့် ဘခ်ဟျွန်းအမူအရာလေးကြောင့် နှုတ်ကဆဲရေးဆိုမိမတတ်ပါချေ။ ချဖို့ပြင်လိုက်သည့်တိုင် ဘခ်ဟျွန်း၏ နူးနူးညံ့ညံ့အမိန့်အောက် ကောက်ကိုင်လိုက်ကာမှ အချိန်ဇယားဆွဲထားသမျှကိုပါ တင်ပြလာသည်မို့ အကြောင်းပြချက်ကို မေးမိသည့်အခါ သူ့အားတွေ့ဆုံပွဲတစ်ခုအား တက်ခိုင်းလာ၏။ ယတိပြတ်ငြင်းမည်ဟု ကြံလိုက်သည့်တိုင် ဘခ်ဟျွန်းနှင့်တစ်တီတူးထားသမျှ အသံတွေကိုကြားဖူးသွားသော အတွင်းရေးမှူးက နောက်တစ်ကြိမ် အလုပ်ထွက်စာဖြင့် ခြိမ်းခြောက်လာပြန်၏။

ချန်းယောလ်တဖြည်းဖြည်း သူ့ကိုယ်သူ စိတ်ပျော့တတ်လာသလို ခံစားလိုက်ရ၏။ စိတ်ကိုပြန်ဆွဲဆန့်ကာ အနည်းငယ်အာဏာဖြင့် ဖိနှိပ်ကာငြင်းလိုက်ပြန်တော့ မည်မျှအရေးကြီးကြောင်း ဖြစ်စဥ်ကနေ သေချာရှင်းပြကာ အပျော့ဆွဲဖြင့်ထပ်ပြောလာပြန်၏။

"အဖော်လည်း ခေါ်လို့ရတယ်တဲ့"

ဖုန်းထဲကလူခမျာ လေသံခပ်တိုးတိုးဖြင့်။ ချန်းယောလ်မျက်ခုံးတွေ ထိစပ်လုမတတ်ပိုကြုံ့သွားတော့ ဆိုဖာပေါ်ထိုင်နေသည့် ဘခ်ဟျွန်းက စပ်စုသလိုလေး အကြည့်ပို့လာ၏။ ချန်းယောလ်လည်း ဘခ်ဟျွန်းအား ကယောင်ကတမ်းကြည့်ပြီးမှ ခေါင်းကိုတစ်ဖန် ပြန်ယမ်းရသည်။

မဖြစ်။ သူဘခ်ဟျွန်းကို ထိုသို့လူရှုပ်သည့်နေရာတွေ မခေါ်သွားနိုင်။ အကြောင်းပြချက်သည် တစ်ခုခုဖြစ်မည်စိုး၍သာဖြစ်ပြီး စိတ်မချမှုကြောင့် ယတိပြတ်ငြင်းဆိုပြီးသာ ဖုန်းချလိုက်တော့၏။

အစောကတည်းက အဝေးကသာအကဲခတ်နေသည့် ဘခ်ဟျွန်းက အနားလျှောက်လာပြီး ချန်းယောလ်လက်ဖဝါးတွေထဲ သူ့လက်ဖြင့်ချိတ်တွယ်လာ၏။

"ဘာဖြစ်လို့လဲ"

ချန်းယောလ် ဘခ်ဟျွန်းထံငုံ့မိုးကြည့်မိ၏။

"ကျွန်တော့်ကို မယုံလို့လား"

"မဟုတ်ဘူး"

ဘခ်ဟျွန်းသည် သူတို့လိုစွမ်းအားရှင်တွေကြားထဲ ရောက်သွားလျှင် ကြင်ရာတော်ဟူသော ဂုဏ်ပုဒ်ကြောင့်ထင်းထွက်နေနိုင်သည့်တိုင် ယခင်ကလို အနိုင်ကျင့်သမျှခံနေမည့် ပျော့ညံ့သည့်ကောင်လေးမဟုတ်တော့။ သူသိသလို သူကိုယ်တိုင်ထိုသို့ လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည့်တိုင် ယခုအချိန်တွင် သူဘခ်ဟျွန်းကို မည်သူ့ရှေ့မှ မထုတ်ပြချင်ပါချေ။ ဘခ်ဟျွန်းကို သူ့အပိုင်အဖြစ် ပွဲထုတ်ရမှာမဟုတ်သည်မို့။ ပိုင်ရှင်ရှိသူထံမှ ဝှက်ယူထားမိသော အရုပ်လေးကို မလုံခြုံစိတ်ကြောင့် မည်သူ့ထံမှ ချမပြချင်သကဲ့သို့။

အကြောင်းပြချက်ကို ဘခ်ဟျွန်းနားမလည်လောက်ဘူး တွေးမိသည်မို့ ဘာမှဆက်မပြောမိသည့်တိုင် ဘခ်ဟျွန်းကနားလည်သည့်အလား သူ့ခါးပတ်လည်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်လာ၏။

"ကျွန်တော်လိုက်မယ်လို့ မပြောပါဘူး၊ အနည်းဆုံးတော့ ခင်ဗျားသွားပေးလိုက်လေ သူ့ကြည့်ရတာလည်း ခက်ခဲနေတဲ့ပုံပဲ"

ချန်းယောလ်သူ့အနား နီးနီးကပ်ကပ်ရှိနေသည့် ခေါင်းလုံးလုံးလေးထံ လက်ဖြင့်ဖိသပ်မိသည်။ လက်ဖဝါးအပွတ်အသပ်ဟာ ပါးပြင်တစ်လျှောက်ကနေ မေးဖျားရောက်သည့်အခါ ပင့်တင်လိုက်တော့ မျက်နှာချင်းဆိုင်ပေါ်လာသော မျက်နှာလေးက တွေဝေနေဟန်ဖြင့်။ သို့ပေမယ့် ပြုံးပြလာ၏။

"ကျွန်တော့်ကိုစိတ်မချတာ သိပါတယ်၊ ဘယ်နေ့လဲ သွားရမှာ"

ချန်းယောလ် နှုတ်ခမ်းဝင်ရိုးစွန်းတစ်ဖက် ပင့်တင်မိသွားသည်။

"ပွဲက စောပြန်လို့ရတယ်ဆိုရင်တောင် ညတော်တော်နက်မှာ၊ မင်းက စောင့်နိုင်တယ်ပေါ့"

ပြောလိုက်ပြန်တော့လည်း မျက်နှာလေးက နေရောင်ပြင်းပြင်းနှင့် တိုက်ရိုက်ထိတွေ့လိုက်ရသည့် ပန်းလေးတစ်ပွင့်လို ညှိုးကျသွားပြန်သည်။ အနည်းငယ် နောက်ကျသည်နှင့်ပင် မအိပ်နိုင်၊ မပြုနိုင် ဖုန်းတဒီးဒီးဆက်နေမည့်ကောင်လေးအတွက် အဆင်မပြေနိုင်လောက်ဟု တွေးမိသည်မို့ တားမည်ဟုမျှော်လင့်လိုက်သည့်တိုင် အားတင်းကာ ပြန်လည်ပြုံးပြလာစမြဲ။

"ရပါတယ် ဘာပဲဖြစ်ဖြစ် အစောဆုံးသာ ရအောင်ပြန်လာခဲ့ - နေပါဦး အဲ့လောက်အရေးတကြီးဖြစ်နေရအောင် ဘာပွဲမလို့လဲ"

"နှစ်ဖက်ကုမ္ပဏီက အဓိကပါဝင်တာမလို့"

ဘခ်ဟျွန်းသည် သူ့စကားကိုဝင်ဖြတ်လာ၏။

"မသိဘူး ခင်ဗျားရော သွားချင်ရဲ့လား၊ အင်း ဘာပဲဖြစ်ဖြစ် မသွားချင်လည်း သွားရမှာပဲနော်"

ပြောရင်း သက်ပြင်းအရှည်ကြီးကို ချလိုက်ပြန်သေးသည်။ ညှိုးနွမ်းနေသည့် မျက်နှာငယ်က အဆက်မပြတ်တွေးပူနေသည်မှာ အဘိုးအိုပေါက်စလို။ ထိုခေါင်းလုံးလုံးလေးအား အသာဖိကိုင်ကာ ခါယမ်းမိ၏။

"ဘာတွေအဲ့လောက် တွေးပူနေရတာလဲ၊ ငါမသွားဘူး စိတ်ချလက်ချနားလိုက်"

မထင်မှတ်ထားစွာပင် ဘခ်ဟျွန်းသည် ခေါင်းကိုတရဆက်ခါယမ်းပြလာပြီး သူ့ကိုထပ်မံတိုက်တွန်းလာပြန်သည်မို့ ဆက်မငြင်းဖြစ်တော့။ အာရုံတစ်ခုခုကိုသာ ပြောင်းသွားအောင်ဆွဲ​ခေါ်ရပြီး အိပ်ပျော်အောင် သိပ်လိုက်ရသည်။

ညဘက်တွေသည် ချန်းယောလ်၏အာရုံတွေ အပြည့်အဝစူးစိုက်နိုင်သော အချိန်ဖြစ်ပြီး အလုပ်ကလည်းမြန်မြန်ပြီးသည်။ ထို့နောက်တစ်ဆက်တည်းဆိုသလို အတွင်းရေးမှူးအား ဖုန်းပြန်ခေါ်ကာ အချိန်ဇယားကို တောင်းထားလိုက်တော့၏။ အချိန်သည် တစ်ပတ်ကျော်မှဖြစ်ပြီး လိုသေးသည်။

မကြာသေးခင်က သူ့ကိုယ်သူပျော့ညံ့လာပြီဟု တွေးမိသည်ကား အပိုမဟုတ်။ ပျော့ညံ့သည်ဟု တိုက်ရိုက်ဆိုခြင်းထက် သူနှင့်မဆိုင်သည့်ပတ်ဝန်းကျင်တွေထဲ အရောဝင်တတ်လာပြီး အကြောင်းပြချက်သည်ကလည်း ဘခ်ဟျွန်းကြောင့်။ ယခင်က ပတ်ချန်းယောလ်ဆိုသည်ကား ကမ္ဘာပြိုနေလျှင်တောင် မိမိထိုင်နေသည့်နေရာမပါမချင်း အကြည့်တစ်ချက်တောင် ငဲ့ပေးမည့်သူမဟုတ်ချေ။ ယခုတော့ နေရာတကာပါဝင်နေမိသလိုနှင့် တဖြည်းဖြည်းလူရှေ့ပါ ထွက်ရသည်အထိ လမ်းကရောက်လာနေပြီ။

လူတစ်ယောက်ကို ချစ်မိမှတော့လည်း လူတွေနဲ့အရောဝင်လာရတာ မထူးဆန်းသလိုပါပင်။

သက်ပြင်းမောသာ ခပ်ဖျော့ဖျော့ချရင်း mail တွေအကုန်စစ်ပြီးသည်နှင့် သိမ်းသင့်သည်ကိုသိမ်း ပို့သင့်သည်ကိုပို့ပြီး အိပ်ခန်းထဲဝင်လာလိုက်သည်။ စောင်ပုံထဲမှာ ခေါင်းလေးသာဖော်ကာ အိပ်ပျော်နေသော ကောင်လေးက သူ့အမောပြေလေး။ ကလေးမို့ ဆိုးချင်ချွဲချင်နေတာလေးတွေ အပြစ်မမြင်ရက်သည့်တိုင် နူးညံ့လွန်းသည့်ဒီကောင်လေးအပေါ် စိတ်လွတ်ပြီးမကြမ်းတမ်းမိအောင် ထိန်းသိမ်းရတာတော့ မလွယ်ကူလှပါချေ။

တွေးနေစဥ်မှာပင် အနားမှာ တင်ပါးလွှဲဝင်ထိုင်နေသည်ကို ခံစားမိသည့်အလား၊ ဘခ်ဟျွန်းက အိပ်ပျော်နေရင်းမှာပင် ပေါင်ပေါ်မျက်နှာလေးတိုးတင်ကာ ဖက်တွယ်လာသေး၏။ ကုတင်ဘေးရှိ မီးအိမ်ခပ်ဖျော့ဖျော့အောက် အေးချမ်းစွာအိပ်ပျော်နေသော ပုံရိပ်လေးကို ကြည့်နေရင်း အသည်းယားစိတ်ကပိုလာတော့ မနေနိုင်၊ နှာထိပ်နုနုထံ ခပ်ဖွဖွအနမ်းခြွေမိ၏။ ထို့နောက် နဖူး၊ ပါး။ စိတ်ကျေနပ်သည်အထိ အားပါးတရ နမ်းရှုံ့လိုက်ချင်ပေမယ့် မနိုးသွားစေချင်တာကြောင့် စိတ်ထိန်းလိုက်ပြီး ဘေးတွင်သာဝင်လှဲလိုက်တော့သည်။ ဘခ်ဟျွန်းက တကူးတက ရင်ခွင်ထဲဆွဲခေါ်စရာမလို။ သူလှဲချလိုက်သည်နှင့်ပင် တအီအီနှင့်ရေဘဝဲလေးလို ခြေရောလက်ရောတိုးဝင်ကုပ်တွယ်ကာ ပြန်လည်အိပ်မောကျသွားတော့၏။ ချန်းယောလ်လည်း ထိုခါးသိမ်သိမ်ကနေ ဆွဲယူကာ လည်ဂုပ်ထံမျက်နှာအပ်ရင်း မျက်လွှာချလိုက်တော့၏။

ညတာသည် နွေးထွေး၏။

__

ပွဲတစ်ခုတက်စရာရှိသည်ဟု အတွင်းရေးမှူးဖြစ်သူပြောလာစဥ်က မျက်နှာပြရမည့် ကြီးကြီးကျယ်ကျယ် ပွဲတစ်ခုဟု ထင်လိုက်သည့်တိုင် အဓိကသည် လုပ်ငန်းရေးအရ အရေးကြီးသည့်ပုဂ္ဂိုလ်တစ်ချို့နှင့် စကားပြောဖို့သာဖြစ်ပြီး ပြီးသည်နှင့် သိပ်ပြီးခပ်ကြာကြာနေစရာမလိုအပ်ပါချေ။ နဂိုတည်းက လူရှုပ်သည့်နေရာတွေ ရှောင်သည့် ချန်းယောလ်အတွက် ယခုလိုလူထုပြည့်နေသော နေရာကမြင်ရုံနှင့်ပင် အသက်ရှူကြပ်စေသည်။ ပြောဆိုဆွေးနွေးရတာ သိပ်ပြီးမခက်ခဲသည့်တိုင် သူ့အရှိန်အဝါကြောင့်ပဲလားမသိ၊ တစ်ဖက်လူကတော့ စကားတွေထစ်နေသည်မှာ ရှေ့မရောက်။ မွေးနေ့ပွဲလေးသာမို့ အရေးမကြီးဟု ထင်ရနိုင်သော်ငြား ဤပွဲလေးတစ်ခါမတက်လိုက်လျှင် လုပ်ငန်းအရ မပူးပေါင်းလိုကြောင်း ပြသလိုက်သလိုဖြစ်သွားမည့် မိမိတို့ဘက်သဘောထားနှင့် ဖြစ်လာမည့်အကျိုးဆက်တွေက များသည်မို့။ မျက်နှာပြ လုပ်ငန်းအကြောင်းပြောရုံသာဖြစ်ပြီး အများအမြင်တွင်တော့ ပွဲတက်သည့်ခေါင်းစဥ်က လက်ရှိဥက္ကဌ၏ တူလေးအဖြစ်။

သိပ်ပြီးမခက်ခဲလှပါ။ အနားကပ်ကပ်လာသော ပျိုမဒီတို့ကသာ စိတ်ရှုပ်ဖို့ကောင်းတာဖြစ်ပြီး ဘေးကစကားပြောဖို့လူကရှိနေတာမလို့ အသွင်ဖျောက်၍လည်းမဖြစ်ပါချေ။ လက်ထဲက ရှန်ပိန်ကလည်း စရောက်ကတည်းက ကိုင်ထားရတာ၊ ပါးစပ်ထဲတစ်ငုံမှမရောက်သေး။ ကြာတော့ ဘေးကထူးဆန်းသလို ကြည့်နေသောအကြည့်တို့ကြောင့် စိတ်လေလေနှင့် ထည့်လိုက်ရသည်က သုံးခွက်လောက်။ နောက်ပိုင်း ကုန်သည်နှင့် လာလာဖြည့်ပေးနေသော ကောင်လေးအားလက်ကာပြကာ ရပ်ခိုင်းလိုက်တော့မှ မသောက်ရတော့တာ၊ ပတ်ချန်းယောလ်တကယ် တရိပ်ရိပ်ဖြစ်နေပြီ။

မျက်ခုံးနှစ်ခုကို ထိစပ်လုမတတ် ကြုံ့ကာအာရုံစိုက်နေသောကြောင့်သာ အမြင်မှာမူးနေကြောင်း မသိသာသော်ငြား စိတ်မကြည်တော့ကြောင်းကတော့ သိသာပေါ်လွင်သည်။ ချန်းယောလ်လည်း ဤမျှလောက်လုပ်ပေးပြီး တော်သင့်ပြီတွေးကာ စကားကိုဖြတ်ချပြီးသည်နှင့် အမြန်ထွက်လာလိုက်သည်။ လက်ကပတ်လာသည့် အသစ်စက်စက်နာရီကို ကြည့်တော့ ၁၁ နာရီ။ ဒီလောက်ဆို တော်ပြီပေါ့။ အပြန်မှာနည်းနည်းတော့ မယဥ်ကျေးရာရောက်သွားပေမယ့် ၃ နာရီလောက် အချိန်ပေးထားခဲ့ချက်အရတော့ တစ်ဖက်လူက နားလည်လောက်မှာပါ။ သူများတွေ မိမိကိုမြင်သည့်အမြင်ကို စိတ်ပူတာမဟုတ်၊ အဆင်မပြေလျှင် အတွင်းရေးမှူးဖြစ်သူထံမှ ထပ်ပြီးအပွားခံရမည်ကို စိတ်ပူတာ။ သူ့ကိုတိုက်ရိုက်တော့ သေချာပေါက်မဟောက်ရဲသည့်တိုင် သတိရလျှင်ရသလို အဘွားကြီးကဲ့သို့ မကျေမနပ်ညည်းညူနေမည်ကို သိသည်မို့ နားမညီးရအောင် အတတ်နိုင်ဆုံးဆောင်ရွက်ပေးခြင်းသာ။

ထိုသို့တွေ တွေးမိတိုင်း သူတကယ်ပြောင်းလဲလာကြောင်းတွေကို လက်သင့်ခံနေရတာမို့ စိတ်ကပိုပြီးတောင် မကြည်မလင်ဖြစ်လာရသည်။

သို့တိုင် အိမ်ပြန်ရောက်သည့်အချိန် ဆိုဖာပေါ်ငုပ်တုပ်လေးထိုင်နေသည့် ဘခ်ဟျွန်းမျက်နှာကို မြင်လိုက်ရချိန်မှာတော့ သူ့မကြည်လင်သောစိတ်တို့အကုန် လွင့်စင်သွားသလို။ ဘခ်ဟျွန်းကသူ့ကိုမြင်သည်နှင့် အနားကို ခပ်သွက်သွက်လျှောက်လာ၏။

"ခင်ဗျားသောက်လာတာလား"

အမေးသည် နည်းနည်းတော့ ဘောက်ဆက်ဆက်။ ချန်းယောလ်နားမလည်။ သူသောက်လာပေမယ့် ရုပ်ပျက်ရလောက်သည်အထိတော့ မူးမနေပါချေ။ တန်းတန်းမတ်မတ်လည်း ရပ်နိုင်သေးသလို ဘခ်ဟျွန်းမျက်နှာကိုလည်း ကြည်ကြည်လင်လင်မြင်ရသေးသည်။

ဘာမှပြန်မဖြေဘဲ မျက်စိရှေ့ရှိ ညဝတ်အင်္ကျီဝမ်းဆက်လေးနှင့် ကောင်လေးကိုသာ ကြည့်နေမိသည်။ သူ့ကိုပြန်ကြည့်နေပုံက မျက်ခုံးတွေတွန့်ချိုးကာ စူပုပ်ပုပ်ဖြစ်ပြီး အသည်းယားစိတ်ကြောင့် ပါးနှစ်ဖက်ကဆွဲပင့်ကာ နဖူးလေးအပေါ် နမ်းမိသော်ငြား တွန်းထုတ်ခံရ၏။

"မူးလာတာပဲ မူးလာတာ၊ မနမ်းနဲ့ လို့"

"ဘာလို့လဲ"

"အချိန်ကိုကြည့်ဦး ခင်ဗျား"

ဧည့်ခန်းထဲက နာရီကိုမော့ကြည့်လိုက်တော့ ၁၁ ခွဲ။

"၁၁ ခွဲလေ"

ချန်းယောလ်အသံသည် ခပ်နက်နက်၊ သိပ်မကြည်သလို မျက်မှောင်ကလည်း ထိစပ်လုမတတ် ကြုံ့နေပြီ။ နားထဲမှာလည်း ခင်ဗျား ဆိုသည့်အသံက ခပ်ခါးခါး။

"ကျွန်တော့်ကို ကတိပေးထားတာ စောစောပြန်လာဖို့လေ !"

ဟောက်သံလေးနှင့်ပြောလာရင်း သူ့ဝမ်းဗိုက်ကို လက်ခုံနှင့်ရိုက်ချသည်။ နာကျင်လှသည်တော့ မဟုတ်သည့်တိုင် သူလေ့ကျင့်ပေးထားသော အင်အားပေမို့ အနည်းနှင့်အများတော့ ခံစားရသည်။

သူစောစောပြန်လာမည်ဟု ကတိပေးထားတာ မသွားခင်အချိန်ကဖြစ်ပြီး နဂိုတည်းက အချိန်သည်နောက်ကျနိုင်ကြောင်း နားလည်အောင်ပြောထားခဲ့သည်ပင်။ ထိုအချိန်တုန်းကတော့ ဘခ်ဟျွန်းသည် ပြောသမျှနားထောင်မည့် ကလေးပေါက်စလို ခေါင်းသာတဆက်ဆက်ညိတ်ပြီး ယခုတော့ ရန်ဆောင်နေပုံအရ .... တစ်ခုခုကို စိတ်အလိုမကျ၍ ရစ်နေတာပင်။

ချန်းယောလ် မျက်စိရှေ့ရှိ ခန္ဓာငယ်အားလက်ကနေ ဆွဲယူကာ ရင်ခွင်ထဲ အသာလေးပွေ့မိသည်။ ရေချိုးထားသည်ကြောင့်ထင်၊ အနည်းငယ် အေးစက်နေသော အထိအတွေ့နှင့် ခပ်သင်းသင်းရသော စတော်ဘယ်ရီနို့နံ့လေးကြောင့် သဘောတကျပိုမို တိုးဖက်မိ၏။ ဘခ်ဟျွန်းသည် သူ့ကျောထံတစ်ဖန်ပြန်လည် ဖက်တွယ်လာသည့်တိုင် တတွတ်တွတ်ပြောနေသည်ကို မရပ်သေး။

"တကယ်ပဲ ဘာလို့သောက်လာရတာလဲ ခင်ဗျားပြန်မရောက်ခင်အထိ ဖြေတွေးနေတာကို အခုတော့ခင်ဗျားနောက်ကျတာ သောက်နေလို့ ဆိုတဲ့အတွေးကြီးက ဝင်လာပြီ တော်တော်မှပျော်ခဲ့တာလား"

"အဲ့လိုမဟုတ်ဘူး"

"သိတယ်"

ဘောက်ဆက်ဆက်ပြောရင်းနှင့်ပင် သူ့ပွေ့ဖက်မှုအောက်က ရုန်းထွက်ကာ သူ့အားလက်တစ်ဖက်ကနေ ကူတွဲသလိုဟန်ဖြင့် ဂျိုင်းအောက်လျှိုဝင်ရင်း မေးလာ၏။

"လမ်းလျှောက်နိုင်တယ်မလား"

"အင်း"

ဘာမှမပြော၊ လမ်းလျှောက်လျှင် မယိုင်နေတာတောင် သိရက်နှင့် တွဲကူပေးနေတာဖြစ်သည်မို့ ချန်းယောလ်လည်း ရုန်းထွက်မနေ။ အနီးကပ်မြင်နေရသည့် မျက်နှာနုနုကိုသာ ငဲ့ကြည့်မိတော့ အနည်းငယ်စူပုပ်နေဆဲ။ အရက်သောက်တာ မကြိုက်ဟု ထင်မိ၍ အသံခပ်နိမ့်နိမ့်ဖြင့် ပြောမိသည်။

"ငါနောက်မသောက်တော့ပါဘူး စိတ်မဆိုးပါနဲ့"

ဘခ်ဟျွန်းသည် သူ့အားပြူးကြောင်ကြောင် မော့ကြည့်လာပြီး ချက်ချင်းပြန်ငုံ့သွား၏။

"ကျွန်တော်စိတ်မဆိုးပါဘူး၊ အဟမ်း ခင်ဗျားအဝတ်အစားအရင်လဲရမယ်"

အခန်းထဲရောက်သည်နှင့် သူ့အားကုတင်ခြေရင်းတွင် နေရာချပေးရင်း ဗီရိုထဲသွားမွှေနေသည်ကို ထိုင်ကြည့်နေမိသည်။ ပြီးသည်နှင့် အင်္ကျီတစ်ထည်ယူလာပြီး သူ့လည်ပင်းရှိ နက်ကတိုင်ကိုဆွဲချွတ်ပေးလာ၏။ အထိအတွေ့တစ်ချက်ချင်းစီက အသားကိုတိုက်ရိုက်ထိတွေ့နေတာမဟုတ်သည့်တိုင် ချန်းယောလ်အနည်းငယ် ရီဝေလာသည်။ သူမူးမနေတာသေချာသည်။ အမြင်အာရုံတို့ကလည်း ဝေဝါးမနေသလို ယိမ်းယိုင်မနေ။ တစ်ခုသာ၊ အသိစိတ်တွေကတော့ ယိမ်းယိုင်ချင်နေသည်။

အကြည့်ကိုခေတ္တခဏပင်မလွှဲ၊ စိုက်ကြည့်နေတော့ ဘခ်ဟျွန်းမျက်နှာ ရဲသထက်ရဲလာသည်ကို မြင်နေရပြီး အင်္ကျီကြယ်သီးတွေ ဖြုတ်နေရင်းမှ သူ့ထံအကြည့်ပို့ကာ ကပျာကယာ မျက်လွှာချပြန်သည်။ ချန်းယောလ်သက်ပြင်းရှိုက်ရင်း အနားရှိလက်ကနေ ဆွဲချလိုက်မိတော့ ပေါင်ပေါ်စောင်းကျလာသော ကိုယ်လေးက အံဝင်ခွင်ကျ။

သဘောတကျ ခါးသိမ်သိမ်ကိုပွေ့လိုက်ရင်း လည်ဂုပ်ထံနှာဖျားတိုးဝင်ကာ နမ်းရှိုက်မိတော့ ပေါင်ပေါ်ရှိခန္ဓာငယ်က တောင့်တင်းသွား၏။ သို့တိုမငြင်းဆန်။ လက်ဖျားသွယ်သွယ်တို့က ချန်းယောလ်လည်ပင်းထံ ပြန်လည်တွယ်ချိတ်လာရင်း အနမ်းကိုခံယူချင်သည့်နှယ် ခေါင်းကိုစောင်းငဲ့ကာ လည်တိုင်ကျော့ကျော့ကို လှစ်ဟပေးလာ၏။ သားရဲတစ်ကောင်ထံမှ စားသုံးခံဖို့ အဆင်သင့်နေသကဲ့သို့။ ဘခ်ဟျွန်းအပြုအမူ၊ အထိအတွေ့ တစ်ခုချင်းစီတိုင်းက ချန်းယောလ်ကို အသိစိတ်တွေ လွတ်ထွက်မတတ် ဖြစ်စေသည်။ ဤလည်တိုင်နှင့်ဂုပ်စပ်ကြားနေရာတွင် အမှတ်အသားပြုလို့ရသည့် အချိတ်အဆက်တစ်ခုရှိသည်။ ထိုနေရာအား နက်နက်နဲနဲ ကိုက်ခဲခြင်းဖြင့် မိမိအပိုင်ဖြစ်ကြောင်း သတ်မှတ်သည်က သူတို့လိုသားရဲတွေကြားထဲ ကျော်ကြားသည်။ မိမိအပိုင်ကို နာမည်တပ်သလိုမျိုးပင်။

သို့တိုင် ချန်းယောလ်မကိုက်ရက်ပါချေ။ ဒီကောင်လေးသည် သူ့အပိုင်မဟုတ်၍ အပိုင်ဖြစ်ကြောင်း တံဆိပ်မတပ်ရက်။

တစ်ဝက်လောက်ထိ ဖြုတ်ထားပြီးသား ကြယ်သီးတို့ကြောင့် သိသာထင်ရှားစွာ ပေါ်လွင်နေသော ရင်အုပ်တို့ထံ ဘခ်ဟျွန်းလက်က လျှောဆင်းကျလာ၏။ ထို့နောက် ချန်းယောလ်မျက်နှာကို ပင့်မော့စေကာ နှုတ်ခမ်းထံ ခပ်ဖွဖွတစ်ချက်နမ်း၏။ ထို့နောက် ပြန်ဆုတ်သည်။ မထိတထိ တစ်ချက်ထပ်နမ်းသည်။ လက်ကလည်း ကျန်ရှိနေသေးသော ကြယ်သီးတို့ထံ ရန်ရှာချင်လာ၏။

ချန်းယောလ်ကို သွေးတိုးစမ်းနေသလိုပင်။

အနမ်းတို့ကို မပေးချင်သလို ပေးချင်သလို ကျီစယ်နေသော ဘခ်ဟျွန်းအားသည်းမခံနိုင်တော့သည်နှင့် ခါးကနေပွေ့ကာ တစ်ပတ်လည်စေလိုက်ပြီး မိမိအောက်တွင်ဖိမိတော့၏။

ပြူးကြောင်ကြောင်မော့ကြည့်လာသော ကောင်လေးက နည်းနည်းတော့လန့်သွားသည့်ဟန်။ အံ့ဩရချိန်သည် မကြာလိုက်၊ ချန်းယောလ်၏ မထိန်းချုပ်ထားသော အနမ်းကြမ်းကြမ်းများက ဆက်တိုက်ဆိုသလို ကျရောက်လာတော့၏။ နှုတ်ခမ်းပါးတစ်ခုလုံးက အရာပျောက်လုမတတ် အနမ်းခံနေရပြီး အင်တိုက်အားတိုက်ဖြစ်မှုကြောင့် ပျော့အိအိမွေ့ရာထဲ နစ်သထက်နစ်ဝင်နေသည့်တိုင် ရုန်းကန်မှုကင်းမဲ့စွာ။ အနမ်းတို့ကို ခွာမိတော့ လတ်ကနဲဖြစ်သွားသော နှုတ်ခမ်းထောင့်စွန်းမှ မှဲ့သေးသေးလေး။ မနေနိုင်၊ နောက်တစ်ကြိမ်မှဲ့နက်လေးရှိရာထံကိုလည်း ထပ်ခါတလဲလဲအရသာ ခံမိတော့၏။ လက်တို့ဟာလည်း တွန့်ဆုတ်မှုမရှိ ဘခ်ဟျွန်းခန္ဓာကိုယ်ပေါ် နယ်ချဲ့လျက်မို့ ကောင်လေးခမျာ သူ့အထိအတွေ့အောက် လူးလူးလွန့်လွန့်။ အိပ်ရာခင်းတို့ဟာလည်း တွန့်သထက်ကြေလာလျက်သားဖြင့်။

ဘခ်ဟျွန်းလက်တို့သည် အိပ်ရာခင်းတို့ထံ ဆွဲဆုတ်မထား။ ဤအစား သူ့လည်ပင်းကို ချိတ်တွယ်ကာ လက်တစ်ဖက်ကလည်း ချန်းယောလ်ဦးခေါင်းနောက်ထက် အဖန်တလဲလဲ ဆွဲယူကစားလျက်။ လည်ပင်းတို့ထံ နယ်ချဲ့နေရင်း ဘခ်ဟျွန်းခန္ဓာကိုယ်မှ ရရှိသည့် မွှေးကြူနေသော ရနံ့လေးကြောင့် အသိစိတ်တွ လွတ်ထွက်မလိုဖြစ်ကာ လည်ပင်းကိုကိုက်လိုက်မိသလား၊ သူမသိ။ သို့တိုင် ဘခ်ဟျွန်းထံမှ 'အ' ဟူသော ခပိနိမ့်နိမ်ညည်းသံလေးကတော့ သူ့လုပ်ရပ်တွေကို ရုတ်ချည်းရပ်တန့်သွားစေ၏။

သူဘာတွေလုပ်နေသည်လဲ။

ဘခ်ဟျွန်းသည် သူ့အပိုင်မဟုတ်ပေ။

အတွေးနှင့်အတူ ဇက်ကနဲထလိုက်မိသည်က မည်မျှပြင်းထန်သွားသလဲ သူမသိ။ နားမလည်နိုင်သလို ရီဝေနေရာမှ ခပ်ကြောင်ကြောင်လေးကြည့်လာသော ဘခ်ဟျွန်းအား ဆောရီး တစ်ခွန်းသာ ပြောရင်း ခပ်သွက်သွက်ပင် အခန်းထဲကထွက်လာမိတော့၏။ သူအသိစိတ်တွေ ဝေဝါးနေသည်မို့။ ထိုကောင်လေးနှင့် မျက်နှာချင်းဆိုင်လေ ထိန်းချုပ်ထားရသမျှက ပေါက်ကွဲချင်လေ ဖြစ်နေသည်မို့။

ဒီတစ်နေ့ညတော့ အမူးပြေအောင်အရင်လုပ်ပြီးမှ သေချာတောင်ပန်းရဦးမည်။

___°•°•°•

xDD
ခံစားမိလား ? ယူတို့က cy ကို ရိုတယ်ရိုတယ်သာ ပြောနေကြတာ၊ အဲ့ဒါထိန်းချုပ်ထားသေးတာ ဂိတ်ဆုံးမဟုတ်သေးဘူးတဲ့ :3

နောက်ပြီးပြောစရာရှိလို့။
အီဂျူးက အပြင်မှာ idol နဲ့ နာမည်တူရှိတယ်ဆိုလား ဒီအပတ်ထဲမှ သိလိုက်ရလို့ပါ။ တစ်ချက်နားလည်ပေးဖို့က အမှူးက Kpop ဆို EXO ကလွဲလို့ ဘာမှမသိသလို ဘာမှလည်းစိတ်မဝင်စားပါ။ တမင်ပြောတယ်ဖြစ်ဦးမှာစိုးလို့၊ ဒီလူက fictional cha တွေနဲ့ပဲ ပတ်ကြူးနေတဲ့သူဆိုတာ ရင်းနှီးတဲ့သူတွေမှမဟုတ် acc ထဲ fri ရှိတဲ့သူတိုင်းသိပါတယ် 😩 ပြောချင်တာ ဒီလူက နာမည်ပေးရသိပ်ပျင်းတဲ့သူမလို့ အိမ်ငှားတဲ့အဖွားတောင် သေသွားတဲ့အထိ နာမည်မရလိုက်ဘူးရယ်၊ ရှားရှားပါးပါး မီ့ပေါင်ပေ့လေးအတွက် ပေးထားတဲ့နာမည်ကလည်း သွားတူနေတာမို့ စိတ်တော့မကောင်းပေမယ့် တမင်ရည်ရွယ်ပြီး ထည့်ထားတာမဟုတ်ကြောင်းပဲ အဓိကပြောချင်တာပါ။ ပြင်တော့မပြင်တော့ဘူးနော် ရတယ်မလား ? :")

ပြီးတော့ နောက်ပိုင်းဟာတွေ အရံတွေကအများကြီးလာဦးမှာမလို့ တူလာခဲ့ရင်လည်း အပြုသဘောလေးနဲ့ ပြောပေးပေါ့နော် နာမည်တူတယ်ဆိုပြီး ယူတို့စိတ်ကွက်မှာပဲစိုးလို့ရယ်ပါ မီလည်းကြားဖူးနားဝရှိသလောက်တော့ ရှောင်ပါတယ် T T

စကားမစပ် အပိုင်းကရှည်မှာဆိုပြီး ပျော်နေကြတာတွေ့လို့၊ မပျော်နဲ့ညော် အပိုင်းရှည်မယ်ဆိုတာ ဓားများမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲရယ် ဟီးဟီး

[ Zawgyi ]

ေပါင္ေပၚတြင္ရိွေနေသာ ဘခ္ဟြၽန္းသည္ အနည္းငယ္အိပ္ခ်င္ေျပသြားသည္ႏွင့္ အၿငိမ္မေနေတာ့။ ခ်န္းေယာလ္စားပြဲေပၚရိွ စာရြက္စာတမ္းေတြကိုလည္း ဆြဲယူၾကည့္ေနသလို ပစၥည္းပစၥယမွန္သမ်ွကိုလည္း ကေလးေပါက္စကဲ့သို႔ အကုန္စပ္စုေန၏။

ထိုေျပးလႊားေနသည့္ လက္သြယ္သြယ္ေလးေတြကို အေနာက္က ခ်န္းေယာလ္ကသာ လွမ္းထိန္းေနရရၿပီး၊ မထိန္း၍လည္းမရ တစ္ခ်က္တစ္ခ်က္အၿငိမ္မေနပံုက ေပါင္ေပၚကေန ျပဳတ္က်ႏိုင္သည္မို႔။ ပါးစပ္ကလည္း ၿငိမ္ၿငိမ္ေနဖို႔ေျပာ၍မရေသး၊ ဖုန္းကိုသာ အာရံုစိုက္ေနရၿပီး ဖုန္းထဲကအတြင္းေရးမွဴးျဖစ္သူကလည္း 'ေနာက္တစ္ခါထပ္ေျပာရရင္ ကြၽန္ေတာ္ထြက္စာတင္မွာပါ' ဆိုသည့္ ၿခိမ္းေျခာက္စကားေၾကာင့္ အာရံုပ်ံ့၍မရသည္မို႔။

ယခုေတာင္ ဒီေလာက္အလုပ္မ်ားၿပီး ဒီေကာင္ေလးကို ေသခ်ာအခ်ိန္မေပးႏိုင္တာ။ အတြင္းေရးမွဴးဂို အလုပ္သာထြက္သြားလ်ွင္ သူပိုေတာင္မွအခ်ိန္ေတြ ၾကပ္တည္းသြားႏိုင္သည္။

ဖုန္းတစ္ဖက္ႏွင့္ လိုအပ္သည္မွန္သမ်ွေျပာေနရင္းမွာပင္ ေပါင္ေပၚကအေကာင္ေပါက္က ေရ႔ွကိုတစ္ခုခုကုန္းယူရာကေန ယိုင္က်သြားသည္မို႔ ခါးကေန တင္းတင္းက်ပ္က်ပ္ လွမ္းဆြဲထိန္းလိုက္သည္။ ေမာ့ၾကည့္လာေသာ ဘခ္ဟြၽန္းက ေမးခြန္းထုတ္ခ်င္ဟန္ႏွင့္ေပမယ့္ ခ်န္းေယာလ္မ်က္ေမွာင္ၾကဳတ္ျပလိုက္ေတာ့ ႏႈတ္ခမ္းဆူကာေခါင္းငံု႔သြားသည္။ သူမေက်နပ္ပါေပါ့။

ၿပီးခါနီးျဖစ္သည့္တိုင္ ကိုင္လက္စပေရာဂ်က္ မၿပီးေသးသည့္ လမ္းတစ္ဝက္မွာပင္ ဖ်ားနာသြားသည့္ အတြင္းေရးမႈးျဖစ္သူေၾကာင့္ အရႈပ္အရွင္းက ထင္ထားတာထက္ ပိုၾကာေနသည္။ သူၿပီးသမ်ွ လုပ္ငန္းဝက္ကို တင္ျပရသလို အလ်င္သင့္သလို ေဆြးေနြးေနရသည္မို႔ ဖုန္းေျပာခ်ိန္က နာရီႏွင့္ခ်ီၾကာသည္။

စားပြဲေပၚက ပစၥည္းေတြကို ရႈပ္ခြင့္မရေတာ့သည့္ ႂကြက္ေနာက္တစ္နည္းျဖင့္ ထပ္မံေနွာင့္ယွက္လာ၏။ ခါးကိုဖက္ထားေပးေသာ ခ်န္းေယာလ္၏လက္တို႔အား အေပၚကေန တို႔တိတို႔တိျဖင့္ ကစားလာျခင္း။ တစ္ေခ်ာင္းခ်င္းဆြဲယူကာ တိုင္းၾကည့္လိုက္၊ ျဖန္႔ကားလိုက္၊ လက္သီးဆုပ္လိုက္ႏွင့္ အကုန္စိတ္ႀကိဳက္လုပ္ေနသမ်ွကို ခြင့္ျပဳထားရင္း ခပ္ျမန္ျမန္သာ ဖုန္းေျပာမႈကို အၿပီးသတ္ဖို႔လမ္းစျပင္ရေတာ့သည္။ မျဖတ္၍လည္းမရေတာ့၊ သူ႔အာရံုေတြက ေပါင္ေပၚကေကာင္ေလးဆီကပဲ ယိုင္ယိုင္က်ေနၿပီမလို႔။

သူသိသည္။ ဘခ္ဟြၽန္းသည္ အလိုက္မသိတတ္သၫ့္ ကေလးေတြထဲမပါ။ ဒါတမင္သူ႔ကို ေနွာင့္ယွက္ေနတာျဖစ္သည္။

ေတြးေနတုန္းမွာပင္ ေဆာ့၍ဝသြား၍ထင္သည္။ သူ႔မ်က္ႏွာကိုေမာ့ၾကည့္လာၿပီး ႏႈတ္ခမ္းလႈပ္ရံုတိုးတိုးေလး ေျပာလာ၏။

'ခ် လိုက္ ေတာ့' ဆိုပဲ။

ေျပာေပါက္ကိုက ပိုင္စိုးပိုင္နင္းျဖင့္။ ဘာေဆးေတြမ်ားစားၿပီး ဤမ်ွေလာက္ သတၲိရိွေနသလဲ မသိပါေခ်။ ေျပာၿပီးေသာ္ျငားလည္း အၾကည့္မလႊဲဘဲ ေတာင္းဆိုသလိုေလး ဆက္ၾကည့္ေနေသးတာမို႔ မေနႏိုင္သည့္ ခ်န္းေယာလ္ကပဲ အၾကည့္လႊဲၿပီး ဖုန္းထဲကသူႏွင့္ စကားျဖတ္ရေတာ့သည္။

ေျပးလႊားေနေသာ လက္ေခ်ာင္းသြယ္သြယ္ေလးေတြက ယခုသူ႔လည္ပင္းေကာ္လာေတြကေန နက္ကတိုင္ေတြအထိပါ ဆြဲယူကလိလာရင္း လည္ပင္းသားတို႔ကိုပါ ခပ္ဖြဖြ ထိေတြ့လာၿပီမို႔။

ဖုန္းကိုခ်လိုက္ၿပီးသည္ႏွင့္ ခ်န္းေယာလ္ ဘခ္ဟြၽန္းထံ ငံု႔မိုးၾကည့္လိုက္၏။ ထို႔ေနာက္ ဘယ္လက္ကဖုန္းကို စားပြဲေပၚပစ္ခ်ရင္း သူ႔လည္ေစ့နားထံ လမ္းလည္ေရာက္ခ်င္ေနေသာ ထိုလက္သြယ္သြယ္တို႔အား ဖမ္းခ်ဳပ္လိုက္ေတာ့၏။

"ေယာက်္ားတစ္ေယာက္ရဲ့ လည္ေစ့ကိုလက္လြတ္စပယ္ မထိေတြ့သင့္ဘူးဆိုတာ နားမလည္ဘူးလား"

ဘခ္ဟြၽန္းေခတၲေၾကာင္အေနရာမွ ခ်က္ခ်င္းမ်က္ႏွာရဲသြားၿပီး ထိုလက္ကို ေအာက္ခ်သြား၏။ မ်က္ႏွာကို တည္တင္းထားသည့္တိုင္ ခ်န္းေယာလ္စိတ္ထဲတြင္ေတာ့ အသာ ၿပံဳးမိ၏။ ဒီေကာင္ေလးက ပါးစပ္ပဲရဲတာ၊ လက္မရဲ။ သို႔တိုင္ ထိုေပါက္စ၏ ရွက္ရြံ႔မႈဆိုသည္ကလည္း ခပ္ၾကာၾကာအခ်ိန္မယူႏိုင္ပါေခ်။

"ခင္ဗ်ား နက္ကတိုင္ခြၽတ္ေပးခ်င္လို႔ပါ အဟမ္း အသက္ရႈမၾကပ္ဘူးလား"

ခ်န္းေယာလ္သည္ ဘခ္ဟြၽန္းမ်က္ႏွာ အေသးစိတ္တစ္ခုခ်င္းစီကို ၾကည့္ေနရင္း အိပ္ရာထလာ၍ရႈပ္ပြေနေသာ ဆံပင္တို႔အား သပ္ရပ္ေအာင္လုပ္ေပးလာ၏။

"မင္းအရမ္းဆိုးေနတယ္ အခုတေလာ"

ဆက္စပ္မႈမရိွသည့္စကားျဖစ္သည့္တိုင္ ဘခ္ဟြၽန္းနားလည္ေလာက္သည္။ ေခတၲေၾကာင္သြားၿပီးေနာက္မွ ဘာကိုေျပာလဲဆိုသည္ကို နားလည္သြားဟန္ျဖင့္ ဟီးကနဲရယ္ျပၿပီး ဘယ္ေလာက္မွမၾကာ၊ ႏႈတ္ခမ္းပါးပါးေလးကို ထပ္မဲ့ျပ၏။

"ခင္ဗ်ားကြၽန္ေတာ့္ကို တစ္ေန့လံုးပစ္ထားတာေလ၊ အမ်ားႀကီးအခ်ိန္မယူပါဘူး ခင္ဗ်ားမအားတာသိပါတယ္ ၅ မိနစ္ပဲ ဟုတ္ၿပီလား ၿပီးမွအလုပ္ဆက္ေလ ေနာ္"

ဘခ္ဟြၽန္းေျခအေနကိုအကဲခတ္ၾကည့္မိေတာ့ အိပ္ခ်င္ေျပသြားပံုေပၚသည္မို႔ ခ်န္းေယာလ္ေမးလိုက္သည္။

"ဘာစားၿပီးၿပီလဲ"

"ဟင့္အင္း ျပန္ေရာက္ကတည္းက အိပ္ေနတာ၊ ကားစီးလာရတာ အရမ္းပင္ပန္းတာပဲ"

ေျပာေနရင္းမွာပင္ ခ်န္းေယာလ္လက္ေမာင္းေတြထဲ ျပန္တိုးဝင္ကာ ဖက္တြယ္ရင္းဆက္ညည္း၏။

"ကားေပၚမွာ ေလလည္းမရေတာ့ တစ္လမ္းလံုးေခါင္းမူးလာတာ၊ ဒီၾကားထဲ ေဘးကထိုင္တဲ့သူက ေဟာက္ေနေသး"

"ျပတင္းေပါက္ဘက္ေလးထိုင္ၿပီး ဓာတ္ပံုေတြရိုက္ခဲ့မလို႔ေတာင္ မရိုက္လိုက္ရဘူး"

ဘခ္ဟြၽန္း၏အသံကို ဗိုက္ကဆာေလာင္မႈျပေသာ အသံကဝင္ၾကားျဖတ္လိုက္သည္မို႔ စကားလည္းရပ္သြားေတာ့၏။

"ဘာမွမစားရေသးဘူးဆို တစ္ခုခုအရင္စားၪီး ဗိုက္ေအာင့္မယ္၊ ၿပီးမွေျပာ"

ဘခ္ဟြၽန္းသည္ သူ႔ရင္ဘတ္ထဲ မ်က္ႏွာအပ္ထားရာကေန ေမးဖ်ားေလးျဖင့္ေထာက္ကာ ခ်န္းေယာလ္ကို ေမာ့ၾကည့္လာ၏။

"စားစရာ ဘာမွမလုပ္ထားဘူး"

အသံကအစ ပ်င္းတိပ်င္းရြဲ႔မို႔ ခ်န္းေယာလ္ေလကုန္ခံ ဆက္ေျပာမေနေတာ့။ လက္ေမာင္းႏွစ္ဖက္ထဲထည့္ကာ ေပြ့ခ်ီၿပီးအခန္းထဲက ထြက္လာလိုက္သည္။ အနည္းငယ္ အလင္းမိွန္ေသာ အခန္းထဲကထြက္လာခ်င္းေပမို႔ ဘခ္ဟြၽန္းကမ်က္စိစူးသြားဟန္ျဖင့္ မ်က္လံုးကိုမိွတ္ခ်သည္။

"ခင္ဗ်ားအလုပ္ဆက္လုပ္ရၪီးမွာမဟုတ္လား၊ ကြၽန္ေတာ့္ဘာသာ ေခါက္ဆြဲျပဳတ္စားလိုက္ပါ့မယ္"

ေျပာသာေျပာေနတာ မ်က္လံုးကမဖြင့္သလို အသံကလည္းခပ္ပ်င္းပ်င္း။ မီးဖိုေခ်ာင္ထဲေရာက္သည္ႏွင့္ စားပြဲေရ႔ွထိုင္ခံုတြင္ ေနရာခ်ေပးလိုက္ေတာ့ မ်က္လံုးေလးအသာဖြင့္ၾကည့္ၿပီး သြားေလးၿဖဲျပ၏။ အနီးကပ္ျမင္ေနရသည့္ ႏွာေခါင္းလံုးေလးအား လက္မေနႏိုင္ သြားဆြဲမိၿပီးမွ ခ်က္ခ်င္းျပန္လႊတ္ရသည္။

"မ်က္ႏွာသြားသစ္လိုက္ စားဖို႔တစ္ခုခုလုပ္ထားေပးမယ္"

ဆိုလိုက္ေတာ့လည္း ဟုတ္ တစ္ခြန္းတည္းႏွင့္ အခန္းထဲတန္းဝင္ေျပးသြားေတာ့၏။ ထို႔ေနာက္တြင္ေတာ့ ခ်န္းေယာလ္ ထိုေပါက္စ စားဖို႔ရာအတြက္ ျပင္ဆင္ေပးရေတာ့၏။

စားခ်ိန္ေသာက္ခ်ိန္က ဘယ္ေလာက္မ်ွမၾကာဟု ထင္ရသည့္တိုင္ စကားမ်ားေနသည့္ႂကြက္ႏွင့္ ေပါင္းလိုက္လ်ွင္ အခ်ိန္က ညနက္သည္အထိၾကာသည္။ ၿပီးသည္ႏွင့္ ဧည့္ခန္းထဲမေနဘဲ သူႀကိဳက္သည္ဆိုေသာ ၿခံေနာက္ဘက္ဥယ်ာဥ္ထဲရိွ ကြပ္ပ်စ္ထံထိုင္ကာ အခ်ိန္ျဖဳန္း၏။

"ဓားက အခုတေလာ ၿငိမ္ေနတယ္"

ဘခ္ဟြၽန္း၏ေက်ာင္းစဖြင့္ကတည္းက ထိုေလ့က်င့္မႈေတြထံ အာရံုမလြင့္ပ်ံ့ခိုင္းခဲ့တာ ၾကာၿပီျဖစ္ၿပီး ဤသည္ကား ဓားႏွင့္ပတ္သက္ၿပီး ပထမဆံုးဘခ္ဟြၽန္းေျပာျခင္းပါေပ။

"စကားမေျပာလို႔လား"

"အြန္း အရင္ကလည္း သူ႔ကိုမထိသေရြ့ ေအးေဆးေနတယ္ဆိုေပမယ့္ ကြၽန္ေတာ္ဆက္သြယ္ၾကည့္ေတာ့လည္း ျပန္ေျဖသံမၾကားရဘူး"

အသံတိုးတိုးေလးႏွင့္ ထပ္ေမးလာ၏။

"ဘာမွမျဖစ္ေလာက္ပါဘူးေနာ္"

"အရမ္းမေတြးနဲ႔၊ သူ႔ခႏၶာကိုယ္ထဲမွာ မင္းေသြးစီးဆင္းေနတယ္ကို ခံစားေနရသေရြ့ ဘာမျွဖစ္မွာမဟုတ္ဘူး"

ဘခ္ဟြၽန္းသည္ ေခတၲၿငိမ္သြားၿပီး သူ႔ခႏၶာကိုယ္သူ ျပန္ဆန္းစစ္အာရံုခံေနသည္။

"အြန္း ရိွေသးတယ္၊ ဘာလို႔တိတ္သြားတာလဲမသိေပမယ့္ စကားမ်ားေနက် သူကေပ်ာက္သြားလို႔ ထူးဆန္းသြားတာ"

"မေလ့က်င့္တာ ၾကာလို႔လည္းျဖစ္မယ္"

"အဲ့ဒါနဲ႔ဆိုင္လို႔လား"

"မသံုးတဲ့ဓားကိုေတာင္ ထက္ေနေအာင္ အၿမဲေသြးေပးေနရတာပဲမဟုတ္လား"

ဘခ္ဟြၽန္းသည္ ေခတၲစဥ္းစားသြားသည့္ႏွယ္ အသံတိတ္သြား၏။

"ေနာက္ေန့ေတြထဲ ကြၽန္ေတာ္ေလ့က်င့္ၾကည့္ရမလား"

"အင္း အရမ္းသာဖိအားမေပးနဲ႔"

"ဟုတ္ အီဂ်ူးနဲ႔ပဲ ေလ့က်င့္မွာပါ"

အီဂ်ူးသည္ အရြယ္ေရာက္လာၿပီျဖစ္သည့္တိုင္ အစားေသာင္းက်န္းကာ ဘခ္ဟြၽန္းထံမွ အလိုလိုက္ခံထားရပံုအရေတာ့ ငယ္ငယ္ကကဲ့သို႔ အသံုးမက်ဆဲျဖစ္ေနၪီးမွာ ခ်န္းေယာလ္သိသည္။ အနည္းဆံုးေတာ့ ထိုေကာင္ကို သူကိုယ္တိုင္ၾကည့္ၾကပ္ေပးရၪီးမည္ျဖစ္ၿပီး ဘခ္ဟြၽန္းႏွင့္ေလ့က်င့္သည့္အခါ ပိုမိုအခက္အခဲေတြ့ႏိုင္ေအာင္ျဖစ္သည္။ အခက္အခဲေတြ့မွ ထိုအရာကိုျဖတ္ေက်ာ္ႏိုင္မည့္ နည္းလမ္းကို ေတြးေတာတတ္မည္ျဖစ္သလို တစ္ေနရာေလးတည္းတြင္ ေတာ္ေနၿပီး ေပ်ာ္မေနသင့္ပါေခ်။ အီဂ်ူးအရြယ္ေရာက္လာသမ်ွ ကာလပတ္လံုးသည္ ဘခ္ဟြၽန္းေလ့က်င့္ရမည့္ အေကာင္းဆံုးဥပမာမ်ားသာ ျဖစ္ၿပီး အီဂ်ူးလို ပထမအဆင့္ စြမ္းအားရွင္ႏွင့္ တန္းတူယွဥ္တိုက္ႏိုင္သည္အထိ တိုးတက္လာၿပီဆို သူစိတ္ခ်ေကာင္းစိတ္ခ်ႏိုင္သည္။

ေတြးေနစဥ္မွာပင္ ဘခ္ဟြၽန္းသည္ သူ႔ေပါင္ေပၚ ေခါင္းအံုးကာ အိပ္ခ်လာ၏။ လန္႔ျဖတ္သြားသည့္စိတ္ထက္ ရင္ထဲတစ္ခ်က္တုန္ဟီးသြားသည္က ပိုသည္။ တရားခံေလးကေတာ့ ေျပာင္စပ္စပ္ျဖင့္။

"ဒီလိုဆို ၾကယ္ေတြကို ပိုျမင္ရတယ္"

"အင္း"

ခ်န္းေယာလ္ျပန္သာေျဖလိုက္ေသာ္ျငား သူ႔အၾကည့္ေတြသည္ ဘခ္ဟြၽန္းထံတြင္ ရိွေနဆဲ။ ဘခ္ဟြၽန္းမ်က္ႏွာသည္ ၾကည့္ရံုႏွင့္ပင္ ေခ်ာမြတ္ေနမည္ကို ခံစားရၿပီး ခ်ိဳ႕ယြင္းခ်က္ဟူ၍ တစ္ေနရာမွမရိွဘဲ ဖြဲ႔စည္းထားသကဲ့သို႔၊ လွပ၏။ နဖူးေပၚ ဝဲက်ေနေသာ ဆံမ်ွင္တစ္စႏွစ္စကအစ၊ ၾကယ္တို႔ျဖင့္ ေရာင္ျပန္ဟပ္ကာ ေတာက္ပေနေသာ မ်က္ဝန္းတို႔အဆံုး။ ပါးမို႔မို႔သည္လည္း အၿမဲလိုလိုၿပံဳးေနေသာ ေကာင္ေလးအတြက္ အခ်ိန္တိုင္းလိုလိုမို႔တက္ေနသည္မို႔။

"ခ်န္း ... ေမာ့ၾကည့္ၾကည့္၊ ၾကယ္ေတြအရမ္းလွတယ္"

စကားအတိုင္း ေကာင္းကင္ထက္ ေမာ့ၾကည့္လိုက္ေတာ့ ျမင္လိုက္ရသည္က အေရာင္စံုေနေသာ ေကာင္းကင္။ ဘခ္ဟြၽန္းစကားအတိုင္းပင္ ၾကယ္ေတြသည္ အေရာင္စံုကာ ေတာက္ပေနၿပီး ကခုန္ေနၾကသည့္ႏွယ္။ သို႔တိုင္ ခ်န္းေယာလ္အာရံုကို ခပ္ၾကာၾကာမဆြဲေဆာင္ႏိုင္။ မ်က္လႊာျပန္ခ်ကာ ေပါင္ေပၚရိွေကာင္ေလးထံသာ အၾကည့္ျပန္ပို႔မိသည္။

"မင္းေလာက္မလွဘူး"

ဘခ္ဟြၽန္းအၾကည့္သည္ ဖ်က္ကနဲသူ႔ထံေရာက္လာၿပီး လႊတ္ကနဲ တစ္ခ်က္ရယ္သြား၏။ ခ်န္းေယာလ္ရင္ခုန္သံဟာလည္း ဒိတ္ကနဲ တစ္ခ်က္ခ်င္းေဆာင့္ခုန္သည္။ ဘခ္ဟြၽန္းသည္မွာေတာ့ တစ္ခ်က္ရယ္ရံုႏွင့္ မထိန္းႏိုင္သည့္အလား၊ မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္အုပ္ကာ ခပ္လြင္လြင္ရယ္ေမာေတာ့၏။

ဤမ်ွေလာက္သေဘာက်သြားရသလား။ အေတြးကဖ်က္ကနဲ ေပၚလာ၍သာ ေျပာလိုက္ျခင္းသာျဖစ္ၿပီး မရည္ရြယ္ခဲ့ပါေခ်၊ သို႔တိုင္ ဘခ္ဟြၽန္းကိုေပ်ာ္သြားေစသည္ဟူေသာ အသိေနာက္ ရင္ထဲခပ္သိမ့္သိမ့္ဝင္လာေသာ ၾကည္ႏူးမႈႏွင့္အတူ ခ်န္းေယာလ္ႏႈတ္ခမ္းေထာင့္စြန္းသည္ ခပ္ဖြဖြပင့္တက္၏။

ထို႔ေနာက္ ဘခ္ဟြၽန္းသည္ လက္ျပန္ခ်ကာ ေခ်ာင္းဟန္႔၏။ ခ်န္းေယာလ္ႏွင့္ အၾကည့္ခ်င္းဆံုကာ မ်က္ေမွာင္ေလးႀကံဳ႔ရင္း ေမးလာပံုက စာစစ္သလို။

"အဲ့ေလာက္ေတာင္သေဘာက်လား ကြၽန္ေတာ့္ကို"

ေမးၿပီးမွ သူ႔ဘာသူၿပံဳးစိစိျဖစ္ၿပီး ပိုးသတ္မရေသာ မ်က္ႏွာကို လက္ျဖင့္ျပန္အုပ္ေသးသည္။

"အင္း"

အသံခပ္နိမ့္နိမ့္ျဖင့္ ျပန္ေျဖၿပီး ဘခ္ဟြၽန္းရွက္သြားသည့္အမူအရာေလး ထပ္ျမင္ခ်င္သည့္တိုင္ ထိုေကာင္ေလးသည္ မ်က္လံုးသာေဖာ္လာၿပီး သူ႔ထံလွစ္ကနဲၾကည့္လာ၏။

"ကိုကို ဘာလို႔မ်က္ႏွာရဲေနတာလဲ"

အစက ရဲေနလား၊ မရဲေနလား ခ်န္းေယာလ္မသိ။ သို႔တိုင္ ထိုစကားလံုးေနာက္တြင္ေတာ့ ခ်န္းေယာလ္အၾကည့္ေတြ ဖ်က္ကနဲလႊဲမိသလို ပူတက္လာသည္ကိုပါ ခံစားလိုက္ရ၍ မ်က္ႏွာကိုတည္လိုက္ေသာ္ျငား ႏႈတ္ကလည္း လႊတ္ကနဲ။

"ေနပူေနလို႔ျဖစ္မယ္"

"ဟင္ အခုကညဘက္ႀကီးေလ ကိုကို"

"အခန္းထဲျပန္ဝင္ရေအာင္ ေအးလာၿပီ"

သူ႔ခႏၶာကိုယ္အေျခအေနက အေအးဓာတ္ကို မေၾကာက္တတ္မွန္းလည္း သူသတိမရေတာ့။ တစ္ခုတည္းသိသည္က ဒီအေျခအေနက ျမန္ျမန္ထြက္ေျပးဖို႔ျဖစ္ၿပီး လုပ္ေဆာင္ခ်က္သည္ ဘခ္ဟြၽန္း၏ဆြဲထားမႈေအာက္ မေအာင္ျမင္လိုက္ပါေခ်။

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ မစေတာ့ပါဘူး"

ခ်န္းေယာလ္ထိုေကာင္ေလးကို မ်က္ေမွာင္ၾကဳတ္ရင္းသာ ငံု႔ၾကည့္မိသည္။ သူ႔ကို ေနရထိုင္ရခက္ေအာင္လုပ္ၿပီး ေၾကာက္ေအာင္ မ်က္ႏွာထားတည္တင္းျပေနေပမယ့္ မေၾကာက္သည့္ဘခ္ဟြၽန္းက ရယ္က်ဲက်ဲလုပ္ေနသည္ပင္မပ်က္။ ခပ္တိုးတိုးက ေျပာလိုက္ေသးသည္။

"အခုပူလိုက္ အခုေအးလိုက္နဲ႔" တဲ့။

ထိုတစ္ခြန္းကိုေတာ့ ခ်န္းေယာလ္မၾကားခ်င္ေယာင္သာ ေဆာင္လိုက္ေတာ့၏။ လူႀကီးတစ္ေယာက္ျဖစ္လ်က္ႏွင့္ ထိုေပါက္စ စကားလံုးေတြေအာက္ မ်က္ႏွာပ်က္ရေလာက္ေအာင္ ရွက္ေနရတာသိပ္ေတာ့ အဆင္မေျပလွသည္မို႔။ ေနာက္မွ ထိုရဲတင္းေနသည့္ ႏႈတ္ခမ္းပါးေတြကို အျပစ္ေပးပစ္ၪီးမည္။

ညေလသည္ ေဝ့ဝဲတိုက္ခတ္သြားတိုင္းမွာ ရင္ထဲအထိ ခ်မ္းေအးမႈကို ခံစားရသည္မို႔ ေပါင္ေပၚကအေနြးဓာတ္ေလး အေအးပက္မည္ကို စိုးရိမ္သည့္တိုင္ ကိုယ္ေတာ္ေလးက 'ခ်န္းရိွေနသေရြ့ဘာမွမျဖစ္ဘူး' ဆိုကာ စကားျဖင့္ခ်ဳပ္လာျပန္ေတာ့ ရုပ္တည္တည္ျဖင့္သာ အေနြးဓာတ္တို႔ျဖင့္ လႊမ္းၿခံဳေပးရေတာ့၏။

"ကြၽန္ေတာ့္ကို မထားခဲ့နဲ႔ေနာ္" တဲ့။

စကၠန္႔အခ်ိဳ႕ၾကာ တိတ္ဆိတ္ေနရင္း၊ ေကာင္းကင္ေပၚကိုပဲ အၾကည့္ပို႔ေနရာကေန ခပ္တိုးတိုးေလး ေရရြတ္သလိုေျပာလာေသာ ေကာင္ေလးက ဘာေတြေတြးေနလဲ သူမသိေပမယ့္ ေလသံထဲ ေၾကာက္ရြံ႔ေနတာေတြကိုေတာ့ ခံစားမိသည္။

ခ်န္းေယာလ္သည္ ထားခဲ့မည့္သူလည္းမဟုတ္သလို ထို႔ထက္ပိုၿပီး ေရ႔ွတိုးမည့္သူလည္း မဟုတ္ပါေခ်။ ဒီေကာင္ေလးကို သူေပ်ာ္ရႊင္မႈေတြကိုသာ ခံစားေစခ်င္ေၾကာင္း ထိုေမြးေန့ညက ေသခ်ာခဲ့သည္မို႔။

ခ်န္းေယာလ္ သူ႔ဆႏၵေတြကိုေတာ့ မ်က္ကြယ္ျပဳႏိုင္ေပမယ့္ ထိုေကာင္ေလး ဝန္ခံလာသည့္တစ္ခဏမွာေတာ့ မ်က္ကြယ္မျပဳရက္ႏိုင္ခဲ့ပါေခ်။ အနည္းဆံုးေတာ့ ရသေလာက္ အခ်ိန္ေလးမွာပဲျဖစ္ျဖစ္ ... ေပ်ာ္ရႊင္ေနေစခ်င္သည္။ သူနာက်င္ေနရလ်ွင္ေတာင္။ သူ႔ကိုေမ့သြားမယ္ဆိုလ်ွင္ေတာင္ ခ်န္းေယာလ္က မေနွာင့္မယွက္ ဤေနရာပဲရပ္ေနမွာျဖစ္သလို ဘခ္ဟြၽန္းက သူ႔ကိုလိုခ်င္ေနသေရြ့လည္း အနားတြင္ရိွေနေပးမည္သာ ျဖစ္၏။ သူသည္ထို႔ထက္ပို၍ ေရ႔ွတိုးဖို႔စိတ္ကူးမရိွသလို ေရ႔ွလည္းမတိုးရဲပါေခ်။ သူႏွင့္မထိုက္တန္။ အနည္းဆံုးေတာ့ ဒီေကာင္ေလးအၿပံဳးေတြႏွင့္ သူ႔တြင္ရိွသမ်ွ အကုန္လံုးကို အလဲအထပ္ျပဳလိုက္ရတာ တန္ပါသည္။

ခပ္ဖြဖြၿပံဳးရင္း "ဘယ္ေတာ့မွပဲ" လို႔ ျပန္ေျဖေတာ့ ေက်နပ္သြားသလိုမ်ိဳး ဘခ္ဟြၽန္း ခပ္ဖြဖြေလးၿပံဳးသြားသည္။

အိပ္ခ်င္လာၿပီထင္၏။ ၾကယ္ေလးတို႔ျဖင့္ ေတာက္ပေနသည့္ မ်က္ဝန္းတို႔အား မ်က္လႊာက ျဖည္းျဖည္းခ်င္း လႊမ္းၿခံဳလာၿပီမို႔။

ဘခ္ဟြၽန္းအိပ္သြားလ်ွင္ေတာ့ ခ်န္းေယာလ္အလုပ္က ေျပာစရာရိွတာေတြ၊ ေဆြးေနြးစရာရိွတာေတြကို လက္စသတ္ၿပီး ဆက္လုပ္၍ရသည္မို႔ အလ်င္မလိုပါေခ်။ မၾကာေသးခင္ကလို ထိုေပါက္စ တတိတိလိုက္ေနွာင့္ယွက္ေနမွသာ သူအာရံုစိုက္မရသည့္အျပင္ အခ်ိန္ေတြပုပ္မွာျဖစ္သည္။ ၿပီးလ်ွင္ေတာ့ လူခ်င္းေတြ့ေဆြးေနြးစရာ ရိွသမ်ွကို သူ႔အတြင္းေရးမွဴးျဖစ္သူက အကုန္ကိုင္တြယ္သြားရံုသာ ျဖစ္ၿပီး ေပါ့ပါးၿပီဟုေတြးမိလိုက္သည့္တိုင္ ထင္ထားသလိုျဖစ္မလာ။

ဘခ္ဟြၽန္းအိပ္ေပ်ာ္ခါနီးဆဲဆဲမွာပင္ အတြင္းေရးမွဴးျဖစ္သူက ဖုန္းဆက္လာၿပီး လန္႔ႏိုးသြားသည့္ ဘခ္ဟြၽန္းအမူအရာေလးေၾကာင့္ ႏႈတ္ကဆဲေရးဆိုမိမတတ္ပါေခ်။ ခ်ဖို႔ျပင္လိုက္သည့္တိုင္ ဘခ္ဟြၽန္း၏ ႏူးႏူးညံ့ညံ့အမိန္႔ေအာက္ ေကာက္ကိုင္လိုက္ကာမွ အခ်ိန္ဇယားဆြဲထားသမ်ွကိုပါ တင္ျပလာသည္မို႔ အေၾကာင္းျပခ်က္ကို ေမးမိသည့္အခါ သူ႔အားေတြ့ဆံုပြဲတစ္ခုအား တက္ခိုင္းလာ၏။ ယတိျပတ္ျငင္းမည္ဟု ႀကံလိုက္သည့္တိုင္ ဘခ္ဟြၽန္းႏွင့္တစ္တီတူးထားသမ်ွ အသံေတြကိုၾကားဖူးသြားေသာ အတြင္းေရးမွဴးက ေနာက္တစ္ႀကိမ္ အလုပ္ထြက္စာျဖင့္ ၿခိမ္းေျခာက္လာျပန္၏။

ခ်န္းေယာလ္တျဖည္းျဖည္း သူ႔ကိုယ္သူ စိတ္ေပ်ာ့တတ္လာသလို ခံစားလိုက္ရ၏။ စိတ္ကိုျပန္ဆြဲဆန္႔ကာ အနည္းငယ္အာဏာျဖင့္ ဖိႏိွပ္ကာျငင္းလိုက္ျပန္ေတာ့ မည္မ်ွအေရးႀကီးေၾကာင္း ျဖစ္စဥ္ကေန ေသခ်ာရွင္းျပကာ အေပ်ာ့ဆြဲျဖင့္ထပ္ေျပာလာျပန္၏။

"အေဖာ္လည္း ေခၚလို႔ရတယ္တဲ့"

ဖုန္းထဲကလူခမ်ာ ေလသံခပ္တိုးတိုးျဖင့္။ ခ်န္းေယာလ္မ်က္ခံုးေတြ ထိစပ္လုမတတ္ပိုႀကံဳ႔သြားေတာ့ ဆိုဖာေပၚထိုင္ေနသည့္ ဘခ္ဟြၽန္းက စပ္စုသလိုေလး အၾကည့္ပို႔လာ၏။ ခ်န္းေယာလ္လည္း ဘခ္ဟြၽန္းအား ကေယာင္ကတမ္းၾကည့္ၿပီးမွ ေခါင္းကိုတစ္ဖန္ ျပန္ယမ္းရသည္။

မျဖစ္။ သူဘခ္ဟြၽန္းကို ထိုသို႔လူရႈပ္သည့္ေနရာေတြ မေခၚသြားႏိုင္။ အေၾကာင္းျပခ်က္သည္ တစ္ခုခုျဖစ္မည္စိုး၍သာျဖစ္ၿပီး စိတ္မခ်မႈေၾကာင့္ ယတိျပတ္ျငင္းဆိုၿပီးသာ ဖုန္းခ်လိုက္ေတာ့၏။

အေစာကတည္းက အေဝးကသာအကဲခတ္ေနသည့္ ဘခ္ဟြၽန္းက အနားေလ်ွာက္လာၿပီး ခ်န္းေယာလ္လက္ဖဝါးေတြထဲ သူ႔လက္ျဖင့္ခ်ိတ္တြယ္လာ၏။

"ဘာျဖစ္လို႔လဲ"

ခ်န္းေယာလ္ ဘခ္ဟြၽန္းထံငံု႔မိုးၾကည့္မိ၏။

"ကြၽန္ေတာ့္ကို မယံုလို႔လား"

"မဟုတ္ဘူး"

ဘခ္ဟြၽန္းသည္ သူတို႔လိုစြမ္းအားရွင္ေတြၾကားထဲ ေရာက္သြားလ်ွင္ ၾကင္ရာေတာ္ဟူေသာ ဂုဏ္ပုဒ္ေၾကာင့္ထင္းထြက္ေနႏိုင္သည့္တိုင္ ယခင္ကလို အႏိုင္က်င့္သမ်ွခံေနမည့္ ေပ်ာ့ညံ့သည့္ေကာင္ေလးမဟုတ္ေတာ့။ သူသိသလို သူကိုယ္တိုင္ထိုသို႔ ေလ့က်င့္ေပးခဲ့ျခင္းျဖစ္သည့္တိုင္ ယခုအခ်ိန္တြင္ သူဘခ္ဟြၽန္းကို မည္သူ႔ေရ႔ွမွ မထုတ္ျပခ်င္ပါေခ်။ ဘခ္ဟြၽန္းကို သူ႔အပိုင္အျဖစ္ ပြဲထုတ္ရမွာမဟုတ္သည္မို႔။ ပိုင္ရွင္ရိွသူထံမွ ဝွက္ယူထားမိေသာ အရုပ္ေလးကို မလံုၿခံဳစိတ္ေၾကာင့္ မည္သူ႔ထံမွ ခ်မျပခ်င္သကဲ့သို႔။

အေၾကာင္းျပခ်က္ကို ဘခ္ဟြၽန္းနားမလည္ေလာက္ဘူး ေတြးမိသည္မို႔ ဘာမွဆက္မေျပာမိသည့္တိုင္ ဘခ္ဟြၽန္းကနားလည္သည့္အလား သူ႔ခါးပတ္လည္ကို တင္းတင္းက်ပ္က်ပ္ ဖက္တြယ္လာ၏။

"ကြၽန္ေတာ္လိုက္မယ္လို႔ မေျပာပါဘူး၊ အနည္းဆံုးေတာ့ ခင္ဗ်ားသြားေပးလိုက္ေလ သူ႔ၾကည့္ရတာလည္း ခက္ခဲေနတဲ့ပံုပဲ"

ခ်န္းေယာလ္သူ႔အနား နီးနီးကပ္ကပ္ရိွေနသည့္ ေခါင္းလံုးလံုးေလးထံ လက္ျဖင့္ဖိသပ္မိသည္။ လက္ဖဝါးအပြတ္အသပ္ဟာ ပါးျပင္တစ္ေလ်ွာက္ကေန ေမးဖ်ားေရာက္သည့္အခါ ပင့္တင္လိုက္ေတာ့ မ်က္ႏွာခ်င္းဆိုင္ေပၚလာေသာ မ်က္ႏွာေလးက ေတြေဝေနဟန္ျဖင့္။ သို႔ေပမယ့္ ၿပံဳးျပလာ၏။

"ကြၽန္ေတာ့္ကိုစိတ္မခ်တာ သိပါတယ္၊ ဘယ္ေန့လဲ သြားရမွာ"

ခ်န္းေယာလ္ ႏႈတ္ခမ္းဝင္ရိုးစြန္းတစ္ဖက္ ပင့္တင္မိသြားသည္။

"ပြဲက ေစာျပန္လို႔ရတယ္ဆိုရင္ေတာင္ ညေတာ္ေတာ္နက္မွာ၊ မင္းက ေစာင့္ႏိုင္တယ္ေပါ့"

ေျပာလိုက္ျပန္ေတာ့လည္း မ်က္ႏွာေလးက ေနေရာင္ျပင္းျပင္းႏွင့္ တိုက္ရိုက္ထိေတြ့လိုက္ရသည့္ ပန္းေလးတစ္ပြင့္လို ၫွိုးက်သြားျပန္သည္။ အနည္းငယ္ ေနာက္က်သည္ႏွင့္ပင္ မအိပ္ႏိုင္၊ မျပဳႏိုင္ ဖုန္းတဒီးဒီးဆက္ေနမည့္ေကာင္ေလးအတြက္ အဆင္မေျပႏိုင္ေလာက္ဟု ေတြးမိသည္မို႔ တားမည္ဟုေမ်ွာ္လင့္လိုက္သည့္တိုင္ အားတင္းကာ ျပန္လည္ၿပံဳးျပလာစၿမဲ။

"ရပါတယ္ ဘာပဲျဖစ္ျဖစ္ အေစာဆံုးသာ ရေအာင္ျပန္လာခဲ့ - ေနပါၪီး အဲ့ေလာက္အေရးတႀကီးျဖစ္ေနရေအာင္ ဘာပြဲမလို႔လဲ"

"ႏွစ္ဖက္ကုမၸဏီက အဓိကပါဝင္တာမလို႔"

ဘခ္ဟြၽန္းသည္ သူ႔စကားကိုဝင္ျဖတ္လာ၏။

"မသိဘူး ခင္ဗ်ားေရာ သြားခ်င္ရဲ့လား၊ အင္း ဘာပဲျဖစ္ျဖစ္ မသြားခ်င္လည္း သြားရမွာပဲေနာ္"

ေျပာရင္း သက္ျပင္းအရွည္ႀကီးကို ခ်လိုက္ျပန္ေသးသည္။ ၫွိုးႏြမ္းေနသည့္ မ်က္ႏွာငယ္က အဆက္မျပတ္ေတြးပူေနသည္မွာ အဘိုးအိုေပါက္စလို။ ထိုေခါင္းလံုးလံုးေလးအား အသာဖိကိုင္ကာ ခါယမ္းမိ၏။

"ဘာေတြအဲ့ေလာက္ ေတြးပူေနရတာလဲ၊ ငါမသြားဘူး စိတ္ခ်လက္ခ်နားလိုက္"

မထင္မွတ္ထားစြာပင္ ဘခ္ဟြၽန္းသည္ ေခါင္းကိုတရဆက္ခါယမ္းျပလာၿပီး သူ႔ကိုထပ္မံတိုက္တြန္းလာျပန္သည္မို႔ ဆက္မျငင္းျဖစ္ေတာ့။ အာရံုတစ္ခုခုကိုသာ ေျပာင္းသြားေအာင္ဆြဲ​ေခၚရၿပီး အိပ္ေပ်ာ္ေအာင္ သိပ္လိုက္ရသည္။

ညဘက္ေတြသည္ ခ်န္းေယာလ္၏အာရံုေတြ အျပည့္အဝစူးစိုက္ႏိုင္ေသာ အခ်ိန္ျဖစ္ၿပီး အလုပ္ကလည္းျမန္ျမန္ၿပီးသည္။ ထို႔ေနာက္တစ္ဆက္တည္းဆိုသလို အတြင္းေရးမွဴးအား ဖုန္းျပန္ေခၚကာ အခ်ိန္ဇယားကို ေတာင္းထားလိုက္ေတာ့၏။ အခ်ိန္သည္ တစ္ပတ္ေက်ာ္မျွဖစ္ၿပီး လိုေသးသည္။

မၾကာေသးခင္က သူ႔ကိုယ္သူေပ်ာ့ညံ့လာၿပီဟု ေတြးမိသည္ကား အပိုမဟုတ္။ ေပ်ာ့ညံ့သည္ဟု တိုက္ရိုက္ဆိုျခင္းထက္ သူႏွင့္မဆိုင္သည့္ပတ္ဝန္းက်င္ေတြထဲ အေရာဝင္တတ္လာၿပီး အေၾကာင္းျပခ်က္သည္ကလည္း ဘခ္ဟြၽန္းေၾကာင့္။ ယခင္က ပတ္ခ်န္းေယာလ္ဆိုသည္ကား ကမ႓ာၿပိဳေနလ်ွင္ေတာင္ မိမိထိုင္ေနသည့္ေနရာမပါမခ်င္း အၾကည့္တစ္ခ်က္ေတာင္ ငဲ့ေပးမည့္သူမဟုတ္ေခ်။ ယခုေတာ့ ေနရာတကာပါဝင္ေနမိသလိုႏွင့္ တျဖည္းျဖည္းလူေရ႔ွပါ ထြက္ရသည္အထိ လမ္းကေရာက္လာေနၿပီ။

လူတစ္ေယာက္ကို ခ်စ္မိမွေတာ့လည္း လူေတြနဲ႔အေရာဝင္လာရတာ မထူးဆန္းသလိုပါပင္။

သက္ျပင္းေမာသာ ခပ္ေဖ်ာ့ေဖ်ာ့ခ်ရင္း mail ေတြအကုန္စစ္ၿပီးသည္ႏွင့္ သိမ္းသင့္သည္ကိုသိမ္း ပို႔သင့္သည္ကိုပို႔ၿပီး အိပ္ခန္းထဲဝင္လာလိုက္သည္။ ေစာင္ပံုထဲမွာ ေခါင္းေလးသာေဖာ္ကာ အိပ္ေပ်ာ္ေနေသာ ေကာင္ေလးက သူ႔အေမာေျပေလး။ ကေလးမို႔ ဆိုးခ်င္ခြၽဲခ်င္ေနတာေလးေတြ အျပစ္မျမင္ရက္သည့္တိုင္ ႏူးညံ့လြန္းသည့္ဒီေကာင္ေလးအေပၚ စိတ္လြတ္ၿပီးမၾကမ္းတမ္းမိေအာင္ ထိန္းသိမ္းရတာေတာ့ မလြယ္ကူလွပါေခ်။

ေတြးေနစဥ္မွာပင္ အနားမွာ တင္ပါးလႊဲဝင္ထိုင္ေနသည္ကို ခံစားမိသည့္အလား၊ ဘခ္ဟြၽန္းက အိပ္ေပ်ာ္ေနရင္းမွာပင္ ေပါင္ေပၚမ်က္ႏွာေလးတိုးတင္ကာ ဖက္တြယ္လာေသး၏။ ကုတင္ေဘးရိွ မီးအိမ္ခပ္ေဖ်ာ့ေဖ်ာ့ေအာက္ ေအးခ်မ္းစြာအိပ္ေပ်ာ္ေနေသာ ပံုရိပ္ေလးကို ၾကည့္ေနရင္း အသည္းယားစိတ္ကပိုလာေတာ့ မေနႏိုင္၊ ႏွာထိပ္ႏုႏုထံ ခပ္ဖြဖြအနမ္းေႁခြမိ၏။ ထို႔ေနာက္ နဖူး၊ ပါး။ စိတ္ေက်နပ္သည္အထိ အားပါးတရ နမ္းရႈံ႔လိုက္ခ်င္ေပမယ့္ မႏိုးသြားေစခ်င္တာေၾကာင့္ စိတ္ထိန္းလိုက္ၿပီး ေဘးတြင္သာဝင္လွဲလိုက္ေတာ့သည္။ ဘခ္ဟြၽန္းက တကူးတက ရင္ခြင္ထဲဆြဲေခၚစရာမလို။ သူလွဲခ်လိုက္သည္ႏွင့္ပင္ တအီအီႏွင့္ေရဘဝဲေလးလို ေျခေရာလက္ေရာတိုးဝင္ကုပ္တြယ္ကာ ျပန္လည္အိပ္ေမာက်သြားေတာ့၏။ ခ်န္းေယာလ္လည္း ထိုခါးသိမ္သိမ္ကေန ဆြဲယူကာ လည္ဂုပ္ထံမ်က္ႏွာအပ္ရင္း မ်က္လႊာခ်လိုက္ေတာ့၏။

ညတာသည္ ေနြးေထြး၏။

__

ပြဲတစ္ခုတက္စရာရိွသည္ဟု အတြင္းေရးမွဴးျဖစ္သူေျပာလာစဥ္က မ်က္ႏွာျပရမည့္ ႀကီးႀကီးက်ယ္က်ယ္ ပြဲတစ္ခုဟု ထင္လိုက္သည့္တိုင္ အဓိကသည္ လုပ္ငန္းေရးအရ အေရးႀကီးသည့္ပုဂၢိုလ္တစ္ခ်ိဳ႕ႏွင့္ စကားေျပာဖို႔သာျဖစ္ၿပီး ၿပီးသည္ႏွင့္ သိပ္ၿပီးခပ္ၾကာၾကာေနစရာမလိုအပ္ပါေခ်။ နဂိုတည္းက လူရႈပ္သည့္ေနရာေတြ ေရွာင္သည့္ ခ်န္းေယာလ္အတြက္ ယခုလိုလူထုျပည့္ေနေသာ ေနရာကျမင္ရံုႏွင့္ပင္ အသက္ရႉၾကပ္ေစသည္။ ေျပာဆိုေဆြးေနြးရတာ သိပ္ၿပီးမခက္ခဲသည့္တိုင္ သူ႔အရိွန္အဝါေၾကာင့္ပဲလားမသိ၊ တစ္ဖက္လူကေတာ့ စကားေတြထစ္ေနသည္မွာ ေရ႔ွမေရာက္။ ေမြးေန့ပြဲေလးသာမို႔ အေရးမႀကီးဟု ထင္ရႏိုင္ေသာ္ျငား ဤပြဲေလးတစ္ခါမတက္လိုက္လ်ွင္ လုပ္ငန္းအရ မပူးေပါင္းလိုေၾကာင္း ျပသလိုက္သလိုျဖစ္သြားမည့္ မိမိတို႔ဘက္သေဘာထားႏွင့္ ျဖစ္လာမည့္အက်ိဳးဆက္ေတြက မ်ားသည္မို႔။ မ်က္ႏွာျပ လုပ္ငန္းအေၾကာင္းေျပာရံုသာျဖစ္ၿပီး အမ်ားအျမင္တြင္ေတာ့ ပြဲတက္သည့္ေခါင္းစဥ္က လက္ရိွဥကၠဌ၏ တူေလးအျဖစ္။

သိပ္ၿပီးမခက္ခဲလွပါ။ အနားကပ္ကပ္လာေသာ ပ်ိဳမဒီတို႔ကသာ စိတ္ရႈပ္ဖို႔ေကာင္းတာျဖစ္ၿပီး ေဘးကစကားေျပာဖို႔လူကရိွေနတာမလို႔ အသြင္ေဖ်ာက္၍လည္းမျဖစ္ပါေခ်။ လက္ထဲက ရွန္ပိန္ကလည္း စေရာက္ကတည္းက ကိုင္ထားရတာ၊ ပါးစပ္ထဲတစ္ငံုမွမေရာက္ေသး။ ၾကာေတာ့ ေဘးကထူးဆန္းသလို ၾကည့္ေနေသာအၾကည့္တို႔ေၾကာင့္ စိတ္ေလေလႏွင့္ ထည့္လိုက္ရသည္က သံုးခြက္ေလာက္။ ေနာက္ပိုင္း ကုန္သည္ႏွင့္ လာလာျဖည့္ေပးေနေသာ ေကာင္ေလးအားလက္ကာျပကာ ရပ္ခိုင္းလိုက္ေတာ့မွ မေသာက္ရေတာ့တာ၊ ပတ္ခ်န္းေယာလ္တကယ္ တရိပ္ရိပ္ျဖစ္ေနၿပီ။

မ်က္ခံုးႏွစ္ခုကို ထိစပ္လုမတတ္ ႀကံဳ႔ကာအာရံုစိုက္ေနေသာေၾကာင့္သာ အျမင္မွာမူးေနေၾကာင္း မသိသာေသာ္ျငား စိတ္မၾကည္ေတာ့ေၾကာင္းကေတာ့ သိသာေပၚလြင္သည္။ ခ်န္းေယာလ္လည္း ဤမ်ွေလာက္လုပ္ေပးၿပီး ေတာ္သင့္ၿပီေတြးကာ စကားကိုျဖတ္ခ်ၿပီးသည္ႏွင့္ အျမန္ထြက္လာလိုက္သည္။ လက္ကပတ္လာသည့္ အသစ္စက္စက္နာရီကို ၾကည့္ေတာ့ ၁၁ နာရီ။ ဒီေလာက္ဆို ေတာ္ၿပီေပါ့။ အျပန္မွာနည္းနည္းေတာ့ မယဥ္ေက်းရာေရာက္သြားေပမယ့္ ၃ နာရီေလာက္ အခ်ိန္ေပးထားခဲ့ခ်က္အရေတာ့ တစ္ဖက္လူက နားလည္ေလာက္မွာပါ။ သူမ်ားေတြ မိမိကိုျမင္သည့္အျမင္ကို စိတ္ပူတာမဟုတ္၊ အဆင္မေျပလ်ွင္ အတြင္းေရးမွဴးျဖစ္သူထံမွ ထပ္ၿပီးအပြားခံရမည္ကို စိတ္ပူတာ။ သူ႔ကိုတိုက္ရိုက္ေတာ့ ေသခ်ာေပါက္မေဟာက္ရဲသည့္တိုင္ သတိရလ်ွင္ရသလို အဘြားႀကီးကဲ့သို႔ မေက်မနပ္ညည္းၫူေနမည္ကို သိသည္မို႔ နားမညီးရေအာင္ အတတ္ႏိုင္ဆံုးေဆာင္ရြက္ေပးျခင္းသာ။

ထိုသို႔ေတြ ေတြးမိတိုင္း သူတကယ္ေျပာင္းလဲလာေၾကာင္းေတြကို လက္သင့္ခံေနရတာမို႔ စိတ္ကပိုၿပီးေတာင္ မၾကည္မလင္ျဖစ္လာရသည္။

သို႔တိုင္ အိမ္ျပန္ေရာက္သည့္အခ်ိန္ ဆိုဖာေပၚငုပ္တုပ္ေလးထိုင္ေနသည့္ ဘခ္ဟြၽန္းမ်က္ႏွာကို ျမင္လိုက္ရခ်ိန္မွာေတာ့ သူ႔မၾကည္လင္ေသာစိတ္တို႔အကုန္ လြင့္စင္သြားသလို။ ဘခ္ဟြၽန္းကသူ႔ကိုျမင္သည္ႏွင့္ အနားကို ခပ္သြက္သြက္ေလ်ွာက္လာ၏။

"ခင္ဗ်ားေသာက္လာတာလား"

အေမးသည္ နည္းနည္းေတာ့ ေဘာက္ဆက္ဆက္။ ခ်န္းေယာလ္နားမလည္။ သူေသာက္လာေပမယ့္ ရုပ္ပ်က္ရေလာက္သည္အထိေတာ့ မူးမေနပါေခ်။ တန္းတန္းမတ္မတ္လည္း ရပ္ႏိုင္ေသးသလို ဘခ္ဟြၽန္းမ်က္ႏွာကိုလည္း ၾကည္ၾကည္လင္လင္ျမင္ရေသးသည္။

ဘာမျွပန္မေျဖဘဲ မ်က္စိေရ႔ွရိွ ညဝတ္အက်ႌဝမ္းဆက္ေလးႏွင့္ ေကာင္ေလးကိုသာ ၾကည့္ေနမိသည္။ သူ႔ကိုျပန္ၾကည့္ေနပံုက မ်က္ခံုးေတြတြန္႔ခ်ိဳးကာ စူပုပ္ပုပ္ျဖစ္ၿပီး အသည္းယားစိတ္ေၾကာင့္ ပါးႏွစ္ဖက္ကဆြဲပင့္ကာ နဖူးေလးအေပၚ နမ္းမိေသာ္ျငား တြန္းထုတ္ခံရ၏။

"မူးလာတာပဲ မူးလာတာ၊ မနမ္းနဲ႔ လို႔"

"ဘာလို႔လဲ"

"အခ်ိန္ကိုၾကည့္ၪီး ခင္ဗ်ား"

ဧည့္ခန္းထဲက နာရီကိုေမာ့ၾကည့္လိုက္ေတာ့ ၁၁ ခြဲ။

"၁၁ ခြဲေလ"

ခ်န္းေယာလ္အသံသည္ ခပ္နက္နက္၊ သိပ္မၾကည္သလို မ်က္ေမွာင္ကလည္း ထိစပ္လုမတတ္ ႀကံဳ႔ေနၿပီ။ နားထဲမွာလည္း ခင္ဗ်ား ဆိုသည့္အသံက ခပ္ခါးခါး။

"ကြၽန္ေတာ့္ကို ကတိေပးထားတာ ေစာေစာျပန္လာဖို႔ေလ !"

ေဟာက္သံေလးႏွင့္ေျပာလာရင္း သူ႔ဝမ္းဗိုက္ကို လက္ခံုႏွင့္ရိုက္ခ်သည္။ နာက်င္လွသည္ေတာ့ မဟုတ္သည့္တိုင္ သူေလ့က်င့္ေပးထားေသာ အင္အားေပမို႔ အနည္းႏွင့္အမ်ားေတာ့ ခံစားရသည္။

သူေစာေစာျပန္လာမည္ဟု ကတိေပးထားတာ မသြားခင္အခ်ိန္ကျဖစ္ၿပီး နဂိုတည္းက အခ်ိန္သည္ေနာက္က်ႏိုင္ေၾကာင္း နားလည္ေအာင္ေျပာထားခဲ့သည္ပင္။ ထိုအခ်ိန္တုန္းကေတာ့ ဘခ္ဟြၽန္းသည္ ေျပာသမ်ွနားေထာင္မၫ့္ ကေလးေပါက္စလို ေခါင္းသာတဆက္ဆက္ညိတ္ၿပီး ယခုေတာ့ ရန္ေဆာင္ေနပံုအရ .... တစ္ခုခုကို စိတ္အလိုမက်၍ ရစ္ေနတာပင္။

ခ်န္းေယာလ္ မ်က္စိေရ႔ွရိွ ခႏၶာငယ္အားလက္ကေန ဆြဲယူကာ ရင္ခြင္ထဲ အသာေလးေပြ့မိသည္။ ေရခ်ိဳးထားသည္ေၾကာင့္ထင္၊ အနည္းငယ္ ေအးစက္ေနေသာ အထိအေတြ့ႏွင့္ ခပ္သင္းသင္းရေသာ စေတာ္ဘယ္ရီႏို႔နံ႔ေလးေၾကာင့္ သေဘာတက်ပိုမို တိုးဖက္မိ၏။ ဘခ္ဟြၽန္းသည္ သူ႔ေက်ာထံတစ္ဖန္ျပန္လည္ ဖက္တြယ္လာသည့္တိုင္ တတြတ္တြတ္ေျပာေနသည္ကို မရပ္ေသး။

"တကယ္ပဲ ဘာလို႔ေသာက္လာရတာလဲ ခင္ဗ်ားျပန္မေရာက္ခင္အထိ ေျဖေတြးေနတာကို အခုေတာ့ခင္ဗ်ားေနာက္က်တာ ေသာက္ေနလို႔ ဆိုတဲ့အေတြးႀကီးက ဝင္လာၿပီ ေတာ္ေတာ္မွေပ်ာ္ခဲ့တာလား"

"အဲ့လိုမဟုတ္ဘူး"

"သိတယ္"

ေဘာက္ဆက္ဆက္ေျပာရင္းႏွင့္ပင္ သူ႔ေပြ့ဖက္မႈေအာက္က ရုန္းထြက္ကာ သူ႔အားလက္တစ္ဖက္ကေန ကူတြဲသလိုဟန္ျဖင့္ ဂ်ိဳင္းေအာက္လ်ိႈဝင္ရင္း ေမးလာ၏။

"လမ္းေလ်ွာက္ႏိုင္တယ္မလား"

"အင္း"

ဘာမွမေျပာ၊ လမ္းေလ်ွာက္လ်ွင္ မယိုင္ေနတာေတာင္ သိရက္ႏွင့္ တြဲကူေပးေနတာျဖစ္သည္မို႔ ခ်န္းေယာလ္လည္း ရုန္းထြက္မေန။ အနီးကပ္ျမင္ေနရသည့္ မ်က္ႏွာႏုႏုကိုသာ ငဲ့ၾကည့္မိေတာ့ အနည္းငယ္စူပုပ္ေနဆဲ။ အရက္ေသာက္တာ မႀကိဳက္ဟု ထင္မိ၍ အသံခပ္နိမ့္နိမ့္ျဖင့္ ေျပာမိသည္။

"ငါေနာက္မေသာက္ေတာ့ပါဘူး စိတ္မဆိုးပါနဲ႔"

ဘခ္ဟြၽန္းသည္ သူ႔အားျပဴးေၾကာင္ေၾကာင္ ေမာ့ၾကည့္လာၿပီး ခ်က္ခ်င္းျပန္ငံု႔သြား၏။

"ကြၽန္ေတာ္စိတ္မဆိုးပါဘူး၊ အဟမ္း ခင္ဗ်ားအဝတ္အစားအရင္လဲရမယ္"

အခန္းထဲေရာက္သည္ႏွင့္ သူ႔အားကုတင္ေျခရင္းတြင္ ေနရာခ်ေပးရင္း ဗီရိုထဲသြားေမႊေနသည္ကို ထိုင္ၾကည့္ေနမိသည္။ ၿပီးသည္ႏွင့္ အက်ႌတစ္ထည္ယူလာၿပီး သူ႔လည္ပင္းရိွ နက္ကတိုင္ကိုဆြဲခြၽတ္ေပးလာ၏။ အထိအေတြ့တစ္ခ်က္ခ်င္းစီက အသားကိုတိုက္ရိုက္ထိေတြ့ေနတာမဟုတ္သည့္တိုင္ ခ်န္းေယာလ္အနည္းငယ္ ရီေဝလာသည္။ သူမူးမေနတာေသခ်ာသည္။ အျမင္အာရံုတို႔ကလည္း ေဝဝါးမေနသလို ယိမ္းယိုင္မေန။ တစ္ခုသာ၊ အသိစိတ္ေတြကေတာ့ ယိမ္းယိုင္ခ်င္ေနသည္။

အၾကည့္ကိုေခတၲခဏပင္မလႊဲ၊ စိုက္ၾကည့္ေနေတာ့ ဘခ္ဟြၽန္းမ်က္ႏွာ ရဲသထက္ရဲလာသည္ကို ျမင္ေနရၿပီး အက်ႌၾကယ္သီးေတြ ျဖဳတ္ေနရင္းမွ သူ႔ထံအၾကည့္ပို႔ကာ ကပ်ာကယာ မ်က္လႊာခ်ျပန္သည္။ ခ်န္းေယာလ္သက္ျပင္းရိႈက္ရင္း အနားရိွလက္ကေန ဆြဲခ်လိုက္မိေတာ့ ေပါင္ေပၚေစာင္းက်လာေသာ ကိုယ္ေလးက အံဝင္ခြင္က်။

သေဘာတက် ခါးသိမ္သိမ္ကိုေပြ့လိုက္ရင္း လည္ဂုပ္ထံႏွာဖ်ားတိုးဝင္ကာ နမ္းရိႈက္မိေတာ့ ေပါင္ေပၚရိွခႏၶာငယ္က ေတာင့္တင္းသြား၏။ သို႔တိုမျငင္းဆန္။ လက္ဖ်ားသြယ္သြယ္တို႔က ခ်န္းေယာလ္လည္ပင္းထံ ျပန္လည္တြယ္ခ်ိတ္လာရင္း အနမ္းကိုခံယူခ်င္သည့္ႏွယ္ ေခါင္းကိုေစာင္းငဲ့ကာ လည္တိုင္ေက်ာ့ေက်ာ့ကို လွစ္ဟေပးလာ၏။ သားရဲတစ္ေကာင္ထံမွ စားသံုးခံဖို႔ အဆင္သင့္ေနသကဲ့သို႔။ ဘခ္ဟြၽန္းအျပဳအမူ၊ အထိအေတြ့ တစ္ခုခ်င္းစီတိုင္းက ခ်န္းေယာလ္ကို အသိစိတ္ေတြ လြတ္ထြက္မတတ္ ျဖစ္ေစသည္။ ဤလည္တိုင္ႏွင့္ဂုပ္စပ္ၾကားေနရာတြင္ အမွတ္အသားျပဳလို႔ရသည့္ အခ်ိတ္အဆက္တစ္ခုရိွသည္။ ထိုေနရာအား နက္နက္နဲနဲ ကိုက္ခဲျခင္းျဖင့္ မိမိအပိုင္ျဖစ္ေၾကာင္း သတ္မွတ္သည္က သူတို႔လိုသားရဲေတြၾကားထဲ ေက်ာ္ၾကားသည္။ မိမိအပိုင္ကို နာမည္တပ္သလိုမ်ိဳးပင္။

သို႔တိုင္ ခ်န္းေယာလ္မကိုက္ရက္ပါေခ်။ ဒီေကာင္ေလးသည္ သူ႔အပိုင္မဟုတ္၍ အပိုင္ျဖစ္ေၾကာင္း တံဆိပ္မတပ္ရက္။

တစ္ဝက္ေလာက္ထိ ျဖဳတ္ထားၿပီးသား ၾကယ္သီးတို႔ေၾကာင့္ သိသာထင္ရွားစြာ ေပၚလြင္ေနေသာ ရင္အုပ္တို႔ထံ ဘခ္ဟြၽန္းလက္က ေလ်ွာဆင္းက်လာ၏။ ထို႔ေနာက္ ခ်န္းေယာလ္မ်က္ႏွာကို ပင့္ေမာ့ေစကာ ႏႈတ္ခမ္းထံ ခပ္ဖြဖြတစ္ခ်က္နမ္း၏။ ထို႔ေနာက္ ျပန္ဆုတ္သည္။ မထိတထိ တစ္ခ်က္ထပ္နမ္းသည္။ လက္ကလည္း က်န္ရိွေနေသးေသာ ၾကယ္သီးတို႔ထံ ရန္ရွာခ်င္လာ၏။

ခ်န္းေယာလ္ကို ေသြးတိုးစမ္းေနသလိုပင္။

အနမ္းတို႔ကို မေပးခ်င္သလို ေပးခ်င္သလို က်ီစယ္ေနေသာ ဘခ္ဟြၽန္းအားသည္းမခံႏိုင္ေတာ့သည္ႏွင့္ ခါးကေနေပြ့ကာ တစ္ပတ္လည္ေစလိုက္ၿပီး မိမိေအာက္တြင္ဖိမိေတာ့၏။

ျပဴးေၾကာင္ေၾကာင္ေမာ့ၾကည့္လာေသာ ေကာင္ေလးက နည္းနည္းေတာ့လန္႔သြားသည့္ဟန္။ အံ့ဩရခ်ိန္သည္ မၾကာလိုက္၊ ခ်န္းေယာလ္၏ မထိန္းခ်ဳပ္ထားေသာ အနမ္းၾကမ္းၾကမ္းမ်ားက ဆက္တိုက္ဆိုသလို က်ေရာက္လာေတာ့၏။ ႏႈတ္ခမ္းပါးတစ္ခုလံုးက အရာေပ်ာက္လုမတတ္ အနမ္းခံေနရၿပီး အင္တိုက္အားတိုက္ျဖစ္မႈေၾကာင့္ ေပ်ာ့အိအိေမြ့ရာထဲ နစ္သထက္နစ္ဝင္ေနသည့္တိုင္ ရုန္းကန္မႈကင္းမဲ့စြာ။ အနမ္းတို႔ကို ခြာမိေတာ့ လတ္ကနဲျဖစ္သြားေသာ ႏႈတ္ခမ္းေထာင့္စြန္းမွ မွဲ႔ေသးေသးေလး။ မေနႏိုင္၊ ေနာက္တစ္ႀကိမ္မွဲ႔နက္ေလးရိွရာထံကိုလည္း ထပ္ခါတလဲလဲအရသာ ခံမိေတာ့၏။ လက္တို႔ဟာလည္း တြန္႔ဆုတ္မႈမရိွ ဘခ္ဟြၽန္းခႏၶာကိုယ္ေပၚ နယ္ခ်ဲ့လ်က္မို႔ ေကာင္ေလးခမ်ာ သူ႔အထိအေတြ့ေအာက္ လူးလူးလြန႔္လြန္႔။ အိပ္ရာခင္းတို႔ဟာလည္း တြန္႔သထက္ေၾကလာလ်က္သားျဖင့္။

ဘခ္ဟြၽန္းလက္တို႔သည္ အိပ္ရာခင္းတို႔ထံ ဆြဲဆုတ္မထား။ ဤအစား သူ႔လည္ပင္းကို ခ်ိတ္တြယ္ကာ လက္တစ္ဖက္ကလည္း ခ်န္းေယာလ္ၪီးေခါင္းေနာက္ထက္ အဖန္တလဲလဲ ဆြဲယူကစားလ်က္။ လည္ပင္းတို႔ထံ နယ္ခ်ဲ့ေနရင္း ဘခ္ဟြၽန္းခႏၶာကိုယ္မွ ရရိွသည့္ ေမႊးၾကဴေနေသာ ရနံ႔ေလးေၾကာင့္ အသိစိတ္တြ လြတ္ထြက္မလိုျဖစ္ကာ လည္ပင္းကိုကိုက္လိုက္မိသလား၊ သူမသိ။ သို႔တိုင္ ဘခ္ဟြၽန္းထံမွ 'အ' ဟူေသာ ခပိနိမ့္နိမ္ညည္းသံေလးကေတာ့ သူ႔လုပ္ရပ္ေတြကို ရုတ္ခ်ည္းရပ္တန္႔သြားေစ၏။

သူဘာေတြလုပ္ေနသည္လဲ။

ဘခ္ဟြၽန္းသည္ သူ႔အပိုင္မဟုတ္ေပ။

အေတြးႏွင့္အတူ ဇက္ကနဲထလိုက္မိသည္က မည္မ်ျွပင္းထန္သြားသလဲ သူမသိ။ နားမလည္ႏိုင္သလို ရီေဝေနရာမွ ခပ္ေၾကာင္ေၾကာင္ေလးၾကည့္လာေသာ ဘခ္ဟြၽန္းအား ေဆာရီး တစ္ခြန္းသာ ေျပာရင္း ခပ္သြက္သြက္ပင္ အခန္းထဲကထြက္လာမိေတာ့၏။ သူအသိစိတ္ေတြ ေဝဝါးေနသည္မို႔။ ထိုေကာင္ေလးႏွင့္ မ်က္ႏွာခ်င္းဆိုင္ေလ ထိန္းခ်ဳပ္ထားရသမ်ွက ေပါက္ကြဲခ်င္ေလ ျဖစ္ေနသည္မို႔။

ဒီတစ္ေန့ညေတာ့ အမူးေျပေအာင္အရင္လုပ္ၿပီးမွ ေသခ်ာေတာင္ပန္းရၪီးမည္။

___°•°•°•

xDD
ခံစားမိလား ? ယူတို႔က cy ကို ရိုတယ္ရိုတယ္သာ ေျပာေနၾကတာ၊ အဲ့ဒါထိန္းခ်ဳပ္ထားေသးတာ ဂိတ္ဆံုးမဟုတ္ေသးဘူးတဲ့ :3

ေနာက္ၿပီးေျပာစရာရိွလို႔။
အီဂ်ူးက အျပင္မွာ idol နဲ႔ နာမည္တူရိွတယ္ဆိုလား ဒီအပတ္ထဲမွ သိလိုက္ရလို႔ပါ။ တစ္ခ်က္နားလည္ေပးဖို႔က အမွဴးက Kpop ဆို EXO ကလြဲလို႔ ဘာမွမသိသလို ဘာမွလည္းစိတ္မဝင္စားပါ။ တမင္ေျပာတယ္ျဖစ္ၪီးမွာစိုးလို႔၊ ဒီလူက fictional cha ေတြနဲ႔ပဲ ပတ္ၾကဴးေနတဲ့သူဆိုတာ ရင္းႏွီးတဲ့သူေတြမွမဟုတ္ acc ထဲ fri ရိွတဲ့သူတိုင္းသိပါတယ္ 😩 ေျပာခ်င္တာ ဒီလူက နာမည္ေပးရသိပ္ပ်င္းတဲ့သူမလို႔ အိမ္ငွားတဲ့အဖြားေတာင္ ေသသြားတဲ့အထိ နာမည္မရလိုက္ဘူးရယ္၊ ရွားရွားပါးပါး မီ့ေပါင္ေပ့ေလးအတြက္ ေပးထားတဲ့နာမည္ကလည္း သြားတူေနတာမို႔ စိတ္ေတာ့မေကာင္းေပမယ့္ တမင္ရည္ရြယ္ၿပီး ထည့္ထားတာမဟုတ္ေၾကာင္းပဲ အဓိကေျပာခ်င္တာပါ။ ျပင္ေတာ့မျပင္ေတာ့ဘူးေနာ္ ရတယ္မလား ? :")

ၿပီးေတာ့ ေနာက္ပိုင္းဟာေတြ အရံေတြကအမ်ားႀကီးလာၪီးမွာမလို႔ တူလာခဲ့ရင္လည္း အျပဳသေဘာေလးနဲ႔ ေျပာေပးေပါ့ေနာ္ နာမည္တူတယ္ဆိုၿပီး ယူတို႔စိတ္ကြက္မွာပဲစိုးလို႔ရယ္ပါ မီလည္းၾကားဖူးနားဝရိွသေလာက္ေတာ့ ေရွာင္ပါတယ္ T T

စကားမစပ္ အပိုင္းကရွည္မွာဆိုၿပီး ေပ်ာ္ေနၾကတာေတြ့လို႔၊ မေပ်ာ္နဲ႔ေညာ္ အပိုင္းရွည္မယ္ဆိုတာ ဓားမ်ားမယ္ဆိုတဲ့ အဓိပၸာယ္ပဲရယ္ ဟီးဟီး

Continue Reading

You'll Also Like

57.6K 8.1K 31
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
400K 82.1K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...
131K 13.9K 9
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
391K 26.5K 40
Yizhan♥.