Zawgyi
ေဖႀကီးကို ကိုယ္ဝန္အေၾကာင္းဖြင့္ေျပာၿပီးၿပီးျခင္းမွာ ေဖႀကီးရဲ႕တုန္႔ျပန္မႈက ေအးစက္စက္ႏိုင္လွသည္။ ဆူပူႀကိမ္းေမာင္းေနသင့္သည့္ ေဖႀကီးက အခန္းထဲဝင္ကာ ညအထိထြက္မလာေတာ့။ အမႊာႏွစ္ေယာက္ကေတာ့ အကိုႀကီးကို သူတို႔တတ္ႏိုင္သေလာက္ႏွစ္သိမ့္ၾကပါသည္။ သူတို႔ကိုယ္တိုင္လည္း အကိုႀကီး ဤမ်ွေလာက္အထိ စြန္႔စားမည္မထင္၍ ေလးစားရမလို ၊ စိတ္ဆိုးရမလိုျဖစ္ေနၾက၏။ အကိုႀကီးက အနၱာရယ္႐ွိတာေတြကိုမွေရြးလုပ္လြန္းေတာ့ ဒယ္ဒီစိတ္မေကာင္းျဖစ္သြားတာ မဆန္းလွေပ။
" အဆင္ေျပသြားမွာပါ သားရယ္ ၊ သားေဖေဖက ႐ုတ္တရက္မို္႔ ေျပာစရာစကားမ႐ွိျဖစ္သြားတာေနမွာ ၊ အေမနားလည္တယ္ ၊ သားေဖေဖျပန္ထြက္လာရင္ ေသခ်ာ႐ွင္းျပၾကမယ္ေနာ္ "
အေမက ႏွစ္သိမ့္လာေတာ့ ညိဳ႕ေခါင္းၿငိမ့္လိုက္သည္။ ေမာင့္ကိုေမာ့ၾကည့္ေတာ့ ေမာင္ကေက်ာျပင္ကုိအသာပြတ္ေပးလာသည္။ ေမာင့္ပံုစံကလည္း စိတ္လႈပ္႐ွားေနပံုေပၚသည္။ အလုပ္ကျပန္လာတာနဲ႔ အက်ီေတာင္မလဲႏိုင္ပဲ ေဖႀကီးေ႐ွ႕ဒူးေထာက္ထိုင္ခ်ေတာ့ ညိဳ႕ေတာင္ လန္႔ျဖန္႔သြားသည္ မဟုတ္ပါလား။ ေမာင္ႏွင့္အတူ ေရာေယာင္က ဒူးေထာက္လိုက္ၿပီး အေၾကာင္းစံု႐ွင္းျပလိုက္သည္။ ကိုယ္ဝန္က ႏွစ္ပတ္႐ွိေနၿပီဆိုတာႏွင့္ ေဖႀကီးတားမွာစိုး၍ လ်ိွဳ႕ဝွက္ကာ သားအိမ္အစားထိုးခဲ့ေၾကာင္းေျပာျပေတာ့ ေဖႀကီးက ညိဳ႕၏ နာမည္အရင္းကိုအထိ ေခၚလာသည္။
ေဖႀကီးသူ႔ကိုတစ္ခါမွ နာမည္အရင္းမေခၚဖူးေပ။
" မင္းနာမည္က မိႈင္းညိဳ႕ပဲလို႔ ငါကထင္တာ "
" ဟို မိႈင္းညိဳ႕က ေမေမေပးထားတဲ့နာမည္ပါ ၊ ပထမဆံုးေမြးတဲ့ကေလးကို မိႈင္းမဟာေသြးလို႔ ေပးပါလို႔ ေဖႀကီးက ေျပာခဲ့ေပမယ့္ ၊ ေမေမက ေဖႀကီးကိုစိတ္နာၿပီး မေပးခဲ့ဘူးေလ "
" က်စ္ ဒီကိစၥေလးကအစ မင္းငါ့ကိုဘာလို႔မေျပာတာလဲ "
" ေမာင္ကမွမေမးတာ ၿပီးေတာ့ ေျပာဖို႔မလိုဘူးလို႔ထင္လို႔ေလ ၊ အားလံုးက မိႈင္းညိဳ႕လို႔ပဲေခၚေနၾကတာကို "
" ငါ့ကိုအခုျပန္ေျပာေနတာလား မင္းက "
ရြတ္! ရႊတ္!
" ဟင့္အင္း မနမ္းနဲ႔ "
အေမ့ေ႐ွ႕မွာေတာင္မေ႐ွာင္ ညိဳ႕ပါးေလးေတြကို တ႐ႈံ့႐ႈံလိုက္နမ္းေနသူေၾကာင့္ ညိဳ႕ေခါင္းေတာင္မေဖာ္ရဲ။ ေမာင္က သူနမ္းခ်င္ၿပီဆို ပတ္ဝန္းက်င္ေတြဘာေတြကိုေတာင္ ဂ႐ုစိုက္တာမဟုတ္။ အေမကေတာ့ ေခ်ာင္းတစ္ခ်က္ဟမ့္ကာ အိမ္ေ႐ွ႕ထြက္သြား၏။ ေဒၚေလးႏြယ္ေရႊလည္း မ်က္စိပါလို႔သာယံုရတယ္ ၊ သားကဒီေလာက္ေျပာင္းလဲသြားမယ္လို႔မထင္ခဲ့။ အရင္ကဆို သားညိဳ႕ကိုအႏိုင္က်င့္တာ သူ႔အျပင္ႏွစ္ေယာက္မ႐ွိဘူး။ အခုေတာ့ မေအေ႐ွ႕ ၊ ေယာကၡမေ႐ွ႕ေတာင္မေ႐ွာင္ ဖက္ခ်င္ဖက္နမ္းခ်င္နမ္းေနေတာ့တာ။
" မိႈင္းမဟာေသြး! အခန္းထဲလာခဲ့ ဧည့္ခန္းမွာ ဘယ္လိုေတြျဖစ္ေနၾကတာလဲ "
ေဖႀကီး၏ တင္းမာေနေသာအသံေၾကာင့္ ညိဳ႕ေမာင့္လက္ထဲမွ႐ုန္းထြက္လိုက္ကာ အျပစ္႐ွိသူတစ္ေယာက္လို အက်ီစေတြကိုလံုးေခ်ေနမိသည္။ ေဖႀကီးအခန္းထဲဝင္သြားေတာ့ ေဖႀကီးက လက္ပိုက္ကာၾကည့္ေန၏။ မဝ့ံမရဲၾကည့္ရင္း ျပံဳးျပလိုက္ေတာ့ ေဖႀကီးဆီက သက္ျပင္းခ်သံအက်ယ္ႀကီး ၾကားလိုက္ရသည္။ နားထင္ကိုဖိကိုင္လ်က္ ေဖႀကီးက စကားအစ႐ွာေနပံုေပၚသည္။
" အေဖကို ဘာထင္ေနလဲဟင္ ငါကမင္းအေဖမဟုတ္ဘူးလား မိႈင္းမဟာေသြး ၊ အဲ့ဒီတည္ျမဲကမၻာအတြက္ မင္းေတာ္ေတာ္ေပးဆပ္ခ်င္ေနတာလား ၊ သူနဲ႔ပတ္သတ္ၿပီး လုပ္ေပးခဲ့သမ်ွအားလံုးက မင္းအသက္အနၱာရယ္ထိခိုက္မယ့္ဟာေတြခ်ည္းပဲ ၊ ႐ိုင္း႐ိုင္းေျပာရင္ကြာ ကံေကာင္းလို႔ မေသတာေပါ့ "
" ေဖႀကီး သား "
" ေတာ္ ေတာ္ ဘာမွလာ႐ွင္းျပမေနနဲ႔ေတာ့ မင္းငါ့ကိုအေဖလို႔လည္းမေခၚနဲ႔ ၊ မင္းက ျပန္မေျပာနားမေထာင္ျဖစ္ေနတာ ၊ ငါ့ေလာက္ေျပာတာလဲငါပဲ ၊ မင္းက ငါ့ေနာက္ကြယ္မွာ မလုပ္သင့္တာေတြပဲလုပ္ေနေတာ့တာ "
" ေဖႀကီး အဲ့လိုမေျပာပါနဲ႔ သားမွာေဖႀကီးပဲ႐ွိေတာ့တာေလ ၊ သားမွားတာသားသိပါတယ္ ဒါေပမယ့္ သားက သားက ေဖႀကီးကိုေျပာလိုက္ရင္ ေဖႀကီးက လက္ခံမွာမွမဟုတ္ပဲ "
" ေအး လက္ခံစရာလား "
" ဟို စိတ္မဆိုးပါနဲ႔ စိတ္ဆိုးရင္လည္း နည္းနည္းပဲဆိုးပါ ၊ ေဖႀကီး စိတ္ဆိုးရင္ သားမေနတတ္ဘူး "
ဦးမဟာေသြး က်စ္ခနဲစုပ္သက္ရင္း သားမ်က္ႏွာကိုငံု႔ၾကည့္လိုက္ေတာ့ သားမ်က္ႏွာေလးက ေခြးေပါက္ေလးနဲ႔တူေနသည္။ မ်က္ေတာင္တဖ်က္ဖ်က္ခက္ကာ လက္ေမာင္းေတြကိုလာႏွိပ္နယ္ရင္း ဖေအကို ဖားေနလိုက္တာ။ စိတ္မဆိုးဖို႔ေခ်ာ့ေနတာက စပ္ျဖဲျဖဲေလးမို႔ ဦးမဟာေသြး မေနႏိုင္ပဲ ရယ္ရေတာ့သည္။ ဒီသားဦးေလးကို သူ႔မွာၾကာၾကာစိတ္မဆိုးႏိုင္။ အမႊာေလးႏွစ္ေယာက္ကိုခ်စ္ေပမယ့္ ဒီသားကို ဦးမဟာေသြးက သံေယာဇဥ္ပိုသည္။ ခ်စ္ရတဲ့ပိုးေမႏွင့္ သူ၏ ေသြးသားေပမို႔ သားကိုငံုထားမတတ္ခ်စ္လိုက္ရတာ။ သားလိမၼာေလးက က်န္တာသာလိမၼာမယ္ ၊ သူ႔ေယာက်ာ္းနဲ႔ပတ္သတ္ရင္ေတာ့ ဖေအကိုတစ္ခြန္းမွမေျပာေတာ့ မခက္ေပဘူးလား။ ဘယ္ေလာက္ေဒါသထြက္ထြက္ သားေခ်ာ့ရင္ ၾကာၾကာစိတ္မဆိုးႏိုင္။
သားက အသက္သံုးဆယ္တစ္ထဲဝင္ေနသည္ဟုမထင္ရေပ။ သားက ရင့္က်က္သင့္တဲ့ေနရာမွာရင့္က်က္ေပမယ့္ မိဘရင္ခြင္ထဲေရာက္ရင္ သံုးေလးႏွစ္အရြယ္ကေလးငယ္တစ္ေယာက္လိုပင္။ ဒါေၾကာင့္လည္း သူ႔မွာ စိတ္ကိုၾကာၾကာတင္းမထားႏိုင္ပါ။ ဘယ္ေလာက္စိတ္ဆိုးပါေစ သားအလို လိုက္ရတာပဲျဖစ္ေလသည္။
" လူလည္ေလး စိတ္ဆိုးတာေတာင္ နည္းနည္းပဲဆိုးတဲ့ "
ဦးမဟာေသြးစိတ္ေျပသြားၿပီမွန္းသိေတာ့မွ မိႈင္းညိဳ႕ေရာ အခန္းတံခါးဟစိေလးအနားတြင္ရပ္ကာ နားေထာင္ေနၾကတဲ့ အမႊာႏွစ္ေယာက္ ၊ တည္ျမဲႏွင့္ ေဒၚေလးႏြယ္ေရႊတို႔ သက္ျပင္းခ်မိၾက၏။ သို႔ေသာ္ ေနာက္ထပ္ေျပာလာတဲ့စကားေၾကာင့္ ပင့္သက္ျပန္႐ိႈက္မိၾကသည္။
" ေဖႀကီးျပန္ရင္ သားပါ နယ္သာလန္လိုက္ခဲ့ရမယ္ "
" ဟင္ ဒါက "
" ကြၽန္ေတာ္ခြင့္မျပဳႏိုင္ဘူး ဦးေလး "
" ေမာင္ "
အခန္းထဲဝင္လာတဲ့ေမာင္က ညိဳ႕ကိုယ္ေလးကို ဆြဲေခၚကာ လက္ေမာင္းၾကားဝွက္ထားသည္။ အရပ္ကြာတာသည့္အျပင္ လူေကာင္ထြားတာေၾကာင့္ ညိဳ႕က သူ႔ရင္ခြင္ထဲတြင္ ေသးေသးေလးျဖစ္သည္။ ေမာင့္ပိုင္စိုးမႈေတြၾကားထဲ ညိဳ႕ကိုယ္ေလးကအလိုလိုၾကံဳ႕သြား၏။ ေမာ့ၾကည့္ေတာ့ မ်က္လံုးေတြကို အုပ္လာသည္။ ဖယ္ခ်ေပမယ့္ ေမာင္က ညိဳ႕မ်က္လံုးေတြကို လက္ျဖင့္အုပ္ထားဆဲျဖစ္သည္။
" ျဖစ္ခဲ့သမ်ွအားလံုးအတြက္ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ဦးေလး ၊ အႏူးအညြတ္ေတာင္းပန္ပါတယ္ ၊ ဒူးေထာက္ဆိုလည္းဒူးေထာက္ၿပီးေတာင္းပန္ပါ့မယ္ သူ႔ကိုျပန္ေခၚမသြားပါနဲ႔ ၊ သူမ႐ွိရင္ ကြၽန္ေတာ္မျဖစ္ဘူး "
သားပံုစံကိုၾကည့္ၿပီး ေဒၚေလးႏြယ္ေရႊတစ္ဖက္သို႔လွည့္သြားရသည္။ သားရဲ႕အျပဳအမူက ပံုမွန္မွဟုတ္မေနတာ ၊ သားက ညိဳ႕ကိုသူ႔ေဘးကထြက္သြားမွာေၾကာက္ရြံ႔ေနတာျဖစ္သည္။ ျဖစ္ခဲ့သမ်ွကိစၥေတြက သားကိုအက်ိဳးသက္ေရာက္မႈ႐ွိေစသည္။ မသိသာေပမယ့္လည္း အေမျဖစ္သည့္သူက သားအေၾကာင္းသိေနသည္။ သားမ်က္လံုးထဲက ခံစားခ်က္ေတြကို ၾကည့္ရံုနဲ႔သိေနသည္။ အခုလည္း သားညိဳ႕ကို သူ႔ပံုစံမျမင္ေစခ်င္လို၍ မ်က္လံုးေတြကိုအုပ္ထားပံုရသည္။
ဦးမဟာေသြး ေဒၚေလးႏြယ္ေရႊကိုလွမ္းၾကည့္လိုက္သည္။ ၿပီးေတာ့ သမက္ျဖစ္သူကိုၾကည့္သည္။ သတိေတာ့ထားမိပါတယ္။ သမက္ရဲ႕အျပဳအမူေတြက သားအေပၚ ပိုင္စိုးခ်င္စိတ္ျပင္းေနတယ္ဆိုတာ။ ၿပီးေတာ့ သူ႔ရဲ႕ၾကမ္းတမ္းတဲ့စ႐ိုက္ကိုလည္း ထိန္းခ်ဳပ္ႏိုင္ပံုမေပၚေပ။ သားအေပၚမထိရက္မကိုင္ရက္ျဖစ္ၿပီး အူယားေနတာ သူေတြ႔သည္ေလ။
" ငါေျပာတာ ခဏပဲေခၚသြားမွာ ၊ ေမရီက သူ႔သားကိုေတြ႔ခ်င္ေနတာ ဘယ္လိုပဲဆိုပါေစ မင္းက အလုပ္သြားအလုပ္ျပန္နဲ႔ သားကိုဂ႐ုစိုက္ႏိုင္မွာမဟုတ္ဘူး ၊ အေဖတစ္ေယာက္အေနနဲ႔သားကို စိတ္ပူတာသဘာဝပဲ "
" မရဘူး ကြၽန္ေတာ္ခြင့္မျပဳႏိုင္ဘူး လာခဲ့ ေၾကာင္ငပ်င္းေလး "
" ေမာင္ ငါ "
တည္ျမဲ ဘယ္သူေျပာတာကိုမွအေရးမလုပ္ေတာ့ပါ။ ရင္ခြင္ထဲကလူကို မခ်ီရံုတမည္ ဆြဲေခၚရာ အခန္းဆီသို႔ျပန္လိုက္သည္။ ဦးမဟာေသြးတို႔ပင္ ေၾကာင္အသြားၾက၏။ သူတို႔သက္ျပင္းခ်မိၾကေလသည္။
" ေမာင္ ဒီတိုင္းႀကီးထြက္လာတာက မေလးစားရာေရာက္ "
႐ုန္းကန္ေနသူကို တင္ပါးမွေျမႇာက္ခ်ီမလိုက္ေတာ့ ေျခေထာက္ေတြက ခါးကိုခြလာသည္။ အခန္းေရာက္မွ သူ႔ကိုယ္ေလးကိုနံရံသို႔ကပ္လိုက္ၿပီး ႏႈတ္ခမ္းေလးအား မြတ္မြတ္သိပ္သိပ္နမ္းပစ္လိုက္သည္။ ခါးသိမ္သိမ္ကို လက္ေမာင္းတစ္ဖက္ျဖင့္ ေပြ႔ဖက္ထားၿပီး တစ္ဖက္က တင္ပါးမွေျမႇာက္ခ်ီထားသည္။ ေမာင့္အနမ္းေတြ၏ ဝါးၿမိဳမႈေတြၾကား မ႐ုန္းကန္ႏိုင္ျဖစ္ေနရသည္။ အရမ္းေမာလာ၍ ပုခံုးေတြကို႐ိုက္ထုမွ လႊတ္ေပးလာ၏။
" ျဖည္းျဖည္းနမ္းပါ ေမာင္က အရမ္းပဲ "
တည္ျမဲ သူ႔ကိုယ္ေလးကိုေပြ႔ခ်ီလ်က္သားႏွင့္ နံရံကိုမွီကာထိုင္ခ်လိုက္သည္။ ေပါင္ေပၚခြလ်က္အေနအထားႏွင့္ နဖူးခ်င္းထိစပ္ထားမိ၏။
" မင္းက လိုက္သြားခ်င္လား မင္းအေဖနဲ႔ "
" ေမာင္ဘာေတြေျပာေနတာလဲ ငါမလိုက္ပါဘူး ၊ ေဖႀကီးက တမင္တကာေျပာလိုက္တာေနမွာပါ ၊ ေလ်ွာက္ေတြးမေနနဲ႔ "
" အင္း မလိုက္နဲ႔ မခြဲႏိုင္ဘူး မင္းကို ၊ ပဲေစ့ေလးေတြကိုလည္း မခြဲႏိုင္ဘူး "
သူ႔ဗိုက္ေလးကို အက်ီေပၚကေနဖြဖြပြတ္သပ္လိုက္သည္။ ဗိုက္ေလးက အရင္လိုျပားခ်ပ္ေနတာမ်ိဳးေတာ့မဟုတ္ေပ။ ဗိုက္ေလးက ခပ္စူစူျဖစ္ေနသေယာင္ထင္ရသည္။ မၾကာခင္အခ်ိန္အတြင္းမွာ သူ႔ဗိုက္ေလးက ေဖာင္းေဖာင္းေလးျဖစ္လာေတာ့မွာပဲ။
" မင္းကိုေက်းဇူးတင္ပါတယ္ ၊ အခုအခ်ိန္ထိ ငါလိုခ်င္တာေတြကို မင္းကအလိုက္တသိျဖည့္စည္းေပးေနရလို႔ အရမ္းပင္ပန္းေနမွာပဲ ၊ ငါေနာက္ထပ္ေတာင္းဆိုခ်င္တာ႐ွိတယ္ မင္းလက္ခံမွာလား "
" ေမာင္က ဘာေတာင္းဆိုခ်င္တာလဲ "
" က်န္းမာေအာင္ေနဖို႔ ၊ မင္းက်န္းမာေအာင္ေနမွရမယ္ ၊ ေနာက္ေနာင္ကို အနၱာရယ္႐ွိမယ့္ကိစၥေတြလံုးဝမလုပ္ပါနဲ႔ ၊ မင္းကိုမကာကြယ္ႏိုင္ရင္ ငါနာက်င္ရလြန္းလို႔ ၊ ငါတစ္ကိုယ္ေကာင္းဆန္မွန္းသိေပမယ့္ ဆက္ၿပီးတစ္ကိုယ္ေကာင္းဆန္ပါရေစ ၊ဘာကိစၥပဲျဖစ္ျဖစ္ မင္းငါ့ကုိေျပာ ၾကားလား ေၾကာင္ငပ်င္းေလး "
" ဟုတ္ ကဲ့ "
" မင္း ဘယ္သူ႔ကိုအသဲယားေအာင္လုပ္ေနတာလဲ "
ေျဖတာက ဟုတ္ကဲ့တဲ့။ ျပံဳးစိစိနဲ႔ ေျပာင္စပ္စပ္႐ုပ္ေလးက ႐ိုက္ခ်င္စရာေကာင္းသည္။ ဘယ္တုန္းက ေျပာရင္ေျပာသလို နားေထာင္တဲ့ေကာင္မို႔လို႔လဲ။ သူမထင္ရင္မထင္သလို ျပန္ျပန္ေျပာတတ္ေသးသည္။ နာခံေနျပန္ေတာ့လည္း အူယားဖို႔ေကာင္းေန၏။
" ေမာင္မခ်ီနဲ႔ မရဘူးေနာ္ ဗိုက္ထဲမွာက "
" ႐ွဴး မေျပာနဲ႔ ဖက္အိပ္ရံုပဲ "
ညိဳ႕တစ္ကိုယ္လံုးကို ေကာက္ခ်ီၿပီးအိပ္ယာေပၚအသာခ်သည္။ ထို႔ေနာက္ ေနာက္ကေနဝင္လွဲ၍ ခါးေပၚေရာက္လာသည့္လက္ႀကီးတစ္ဖက္။ ထို႔ေနာက္ ႏွစ္ေယာက္သား၏ကိုယ္ကပူးကပ္သြားသည္။ ဗိုက္ကိုခပ္ဖြဖြပြတ္သပ္ခံေနရ၍ မိႈင္းညိဳ႕ ငိုက္ျမည္းလာသည္။ ေၾကာင္ေလးတစ္ေကာင္လို ပ်င္းတိပ်င္းရြဲသမ္းလိုက္ၿပီး ေမာင့္လက္ေမာင္းၾကားပိုပိုတိုးကပ္သြားကာ မ်က္လံုးကိုမွိတ္ခ်လိုက္သည္။
" မင္းက တကယ္ေၾကာင္ငပ်င္းေလးပဲ "
ခ်က္ခ်င္းႀကီးသမ္းေဝကာ အိပ္ေပ်ာ္သြားသူကိုၾကည့္ရင္း တည္ျမဲ မခ်ိဳမခ်ဥ္႐ုပ္ျဖစ္သြားသည္။ သမ္းထားလို႔နီရဲေနသည့္မ်က္ေထာင့္ေလးေတြမွာ ေငြေရာင္အရည္စက္တစ္ခ်ိဳ႕႐ွိေန၏။ လက္ေမာင္းၾကားတိုးဝင္ေနပံုက အလိုလိုက္ခံထားရတဲ့ေၾကာင္တစ္ေကာင္လိုျဖစ္ေနသည္။ သူ႔ကိုယ္ေလးကိုမ်က္ႏွာခ်င္းဆိုင္အေနအထားေရာက္ ေအာင္ဆြဲလွည့္လိုက္ၿပီး ရင္ခြင္ထဲသြင္းကာ နဖူးေျပေျပကိုငံု႔နမ္းလိုက္၏။ ကိုယ္တိုင္ကအိပ္မေပ်ာ္ႏိုင္ေသး၍ ဖုန္းသံုးေနလိုက္သည္။ ႐ုတ္တရက္ေပၚလာသည့္ အက်ီေသးေသးေလးေတြႏွင့္ဖိနပ္ေသးေသးေလးေတြအား အာရံုစိုက္မိသြားေတာ့ ထိုပံုေလးမ်ားကို တစ္ပံုျခင္းေထာက္ၾကည့္လိုက္သည္။
" ဟုတ္သားပဲ ပဲေစ့ေလးေတြေမြးလာရင္ ဒီအက်ီလိုပံုစံေလးေတြနဲ႔လိုက္မွာေသခ်ာတယ္ "
ရင္ခြင္ထဲကလူ၏ ေက်ာကိုဖြဖြပုတ္ေပးေနရင္း ဖုန္းဆက္သံုးေနလိုက္သည္။ Group chatထဲမွာ စာဝင္လာေတာ့ ဖြင့္ၾကည့္လိုက္သည္။ တည္ျမဲမ်က္ႏွာ႐ႈံမဲ့သြားၿပီး တိမ္ယံပို႔သည့္ပံုကို ျပန္ၿပီးreplyျပန္လိုက္၏။ အိပ္ေနသူကိုမ်က္ႏွာမေပၚေစရန္ဝွက္၍ ႏွစ္ေယာက္ပံုပါေအာင္ဓာတ္ပံု႐ိုက္လိုက္သည္။ ထို႔ေနာက္ တိမ္ယံ့ဆီပို႔လိုက္ၿပီး သိပ္မၾကာလိုက္ တိမ္ယံ့ဆီကဖုန္းဝင္လာသည္။
" ဘာလဲေျပာ "
" ေခြးေကာင္ မင္းအဲ့ဒါငါ့ကိုေလွာင္တာမလား "
" အဟက္ ငါ့ေယာက်ာ္းနဲ႔ငါ့ပံုေလအဲ့ဒါ မင္းကဘာေတြလိုက္မနာလိုေနတာလဲ ၊ အားက်ရင္ မင္းလည္းတစ္ေယာက္႐ွာေပါ့ "
" မၾကာခင္ မင္းတို႔ေကာင္ေတြအားက်ရေတာ့မွာပါ ၊ လြမ္းကို ငါအေျဖေတာင္းထားတယ္ ၊ လြမ္းကျပန္ႀကိဳက္မွာေသခ်ာတယ္ မင္းသိလား "
" မသိဘူး "
ဆယ့္ငါးမိနစ္နီးပါးအဆဲခံလိုက္ရၿပီးေနာက္ တည္ျမဲဖုန္းခ်လိုက္သည္။ ျပန္ဆဲခ်င္ေပမယ့္ အိပ္ေနတဲ့တစ္ေယာက္ ႏိုးသြားမွာစိုး၍ ေျဖသိမ့္လိုက္သည္။ တိမ္ယံက ဆရာဝန္ေလးကိုလိုက္ပိုးေနၿပီး ဆရာဝန္ေလးက သူ႔ကိုအေတြ႔မခံ။ အေတြ႔မခံေတာ့ သူ႔မွာအသည္းကြဲလို႔မဆံုးေတာ့ေပ။ သနားစရာေကာင္းသလိုထင္ရေပမယ့္ တည္ျမဲကေတာ့မသနားပါ။ ကိုယ္ေတြရဲ႕အေျခအေနနဲ႔သူ႔အေျခအေနနဲ႔မွမတူပဲေလ။ ကိုယ္ေတြက အိမ္ေထာင္႐ွိလူတန္းစားေတြ။ ေယာက်ာ္းကလည္း အရမ္းခ်စ္တာ။ စကားထဲထည့္ေျပာေနစရာေတာင္မလိုေတာ့ပါဘူး ၊ လံုးဝကြာျခားေနတဲ့ကိစၥ။
" ခ်စ္စရာေကာင္းတယ္ "
အိပ္ေနသူ၏ ပါးကိုညႇစ္လိုက္ေတာ့ ေထာ္ထြက္လာတဲ့ႏႈတ္ခမ္းလံုးေလးကို တည္ျမဲ ငံုေထြးလိုက္ၿပီး ထပ္ခါထပ္ခါနမ္းပစ္လိုက္သည္။ သူ႔အနားမွာ႐ွိတာ စိတ္ခ်မ္းသာရသည္။
ရင္ခြင္ထဲကလူက တည္ျမဲကမၻာရဲ႕ ဗီတာမင္ေလး။
<<<<<<
>>>>>>
City Mall၏ တစ္ေနရာတြင္ လူမ်ားမသိမသာစုရံုးလ်က္႐ွိ၏။ အမ်ိဳးသမီးငယ္ေလးေတြအမ်ားစုက ေက်ာင္းသူေလးေတြျဖစ္ၾကသည္။ အျဖဴအစိမ္းဝတ္ေက်ာင္းသူမ်ားမဟုတ္ပဲ အေနာက္တိုင္းယူနီေဖာင္းေလးေတြႏွင့္ျဖစ္ၾကသည္။ ထိုသူမ်ားစုေဝးေနသည့္အဓိကအေၾကာင္းအရင္းက ကေလးအသံုးအေဆာင္ပစၥည္းမ်ားေရာင္းသည့္ဆိုင္ျဖစ္သည္။ ထိုဆိုင္အတြင္းတြင္ အရပ္႐ွည္႐ွည္ႏွင့္ခန္႔ညားသည့္အမ်ိဴးသားႏွင့္ ပိန္သြယ္သြယ္အမ်ိဳးသားတစ္ေယာက္႐ွိေနသည္။ ခန္႔ညားသည့္အမ်ိဳးသား၏ ႐ွည္လ်ားေသာလက္မ်ားက ပိန္သြယ္သည့္အမ်ိဳးသားေလး၏ ပုခံုးကိုဆုပ္ကိုင္ထားသည္။
သူ႔အၾကည့္မ်ားက ပိန္သြယ္သြယ္အမ်ိဳးသားေလးအနီးတစ္ဝိုက္က လူမ်ားထံတြင္ ျဖန္႔က်က္ထား၏။ လူေတြက ရင္ခြင္ထဲကလူကို အာရံုစိုက္လာၾကေလေလ ၊ သူ႔စိတ္အေျခအေနက ပိုမိုဆိုးဝါးလာေလျဖစ္သည္။ အမ်ိဴးသားေလးကိုပိုင္စိုးပိုင္နင္းဖက္တြယ္လိုက္ၿပီး အားလံုးကိုသတိေပးသလိုၾကည့္လိုက္သည္။ သူ႔အၾကည့္စူးစူးေၾကာင့္ ေၾကာက္လန္႔ကာထြက္ခြာသြားၾကသည္အထိ ေဒါသမ်ားကမေျပႏိုင္ေသးေပ။
" ေမာင္ဒီမွာၾကည့္ဦး ဖိနပ္ေလးကို အေမြးပြေလးနဲ႔ ခ်စ္စရာေကာင္းလိုက္တာ ၊ ဒီအက်ီေလးေရာပဲ ၊ အား ကေလးအက်ီေတြက အရမ္းအသဲယားစရာေကာင္းတာပဲ ဒါေလးေတြလည္းယူမယ္ ၊ ဟိုဘက္က ဖိနပ္ေလးေတြလည္းယူမယ္ "
ရင္ခြင္ထဲကလူက သူ႔အာရံုနဲ႔သူ ေရြးကာဝယ္ေနသည္ၿပီး အေျခအေနကိုသတိထားမိပံုမရေပ။ ဝန္ထမ္းမေလးက ေၾကာက္ကာစကားေတြပါထစ္ေန႐ွာ၏။ ထိုဝန္ထမ္းမေလးရဲ႕အျဖစ္ကိုေတြ႔ေတာ့ ညိဳ႕နားမလည္ႏိုင္ျဖစ္သြားသည္။ ေမာင့္ကိုေမာ့ၾကည့္လိုက္ေတာ့ အေျဖကိုသိသြား၏။ Maskတပ္ထားေပမယ့္ စူးရဲေနသည့္မ်က္လံုးႏွင့္ တြန္႔ခ်ိဳးေနသည့္မ်က္ေမွာင္တို႔က ၿခိမ္းေျခာက္ေနဟန္႐ွိသည္မို႔ ေမာင့္လက္ေမာင္းကိုအသာဆုပ္ကိုင္လိုက္သည္။
" ေမာင္ သူမ်ားေတြေၾကာက္ေနၿပီေလ မ်က္ေမွာင္ႀကီးကုပ္မထားနဲ႔ ၊ ငါ့ကို ကူေရြးေပးဦး "
" ေကာင္းၿပီ "
ေလထုထဲမွ ေအးစိမ့္မႈေလ်ာ့က်သြားကာမွ ဝန္ထမ္းေကာင္မေလးသည္လည္း ရင္ဘက္ေလးဖိလို႔သက္ျပင္းခ်ရသည္။ ဒီေလာက္ ေၾကာက္စရာေကာင္းသည့္ ေစ်းဝယ္သူမ်ိဳးတစ္ခါမွမေတြ႔ဖူးေသးေပ။ ဝန္ထမ္းအသစ္လည္းျဖစ္ေတာ့ အေတြ႔အၾကံဳမ႐ွိတာေၾကာင့္ စိတ္ထဲထင့္ေနရတာ။ ပထမဆံုးအလုပ္ဆင္းတဲ့ေန႔မွာ ဒီလိုအၾကည့္ခံရမည္ဟု မေမ်ွာ္လင့္ခဲ့ပါ။
" ကိုယ့္ကို strollerေလးေတြျပေပးပါဦး "
" ဟုတ္ကဲ့ strollerက ဒီဘက္မွာပါအကိုတို႔ ႂကြပါ "
ကေလးတြန္းလွဲေလးမ်ားႏွင့္ အိပ္ယာပိစိေလးမ်ားကိုၾကည့္ၿပီး အကုန္သိမ္းၾကံဳးဝယ္ခ်င္စိတ္ေပါက္လာရျပန္သည္။ အမ်ိဳးသားေလး၏ စိတ္အားထက္သန္မႈကိုေတြ႔လိုက္ရတဲ့ တည္ျမဲကေတာ့ အလိုလိုက္ဖို႔အသင့္႐ွိေနၿပီးသား။
" ဒီမွာၾကည့္ပါဦး ေမာင္ ၊ ဒါေလးေတြဝယ္ၾကမယ္ "
" အင္း "
" ဒါေလးေတြေရာ ၊ အာ တစ္ဆိုင္လံုးဝယ္လိုက္ခ်င္တာ "
" လိုခ်င္တာဝယ္ ၊ ဒါေပမယ့္အမ်ားႀကီးမဝယ္နဲ႔ ကေလးေတြက တစ္ျဖည္းျဖည္းႀကီးျပင္းလာၾကမွာ ၊ အခုလိုသေလာက္ဝယ္ၿပီး တစ္ျခားေနရာေတြသြားၾကည့္ၾကမယ္ ၊ ဒီဆိုင္ထက္ေကာင္းတဲ့ဆိုင္ေတြ႐ွိရင္ ဝယ္ၿပီးသားေတြအလကားျဖစ္သြားလိမ့္မယ္ "
" ဒါဆို တစ္ျခားဆိုင္ေတြလိုက္ၾကည့္ဦးမယ္ေလ ၊ ညီမေလး ကိုယ္တို႔ ေငြ႐ွင္းမယ္ "
ေကာင္တာမွာ ေငြ႐ွင္းၿပီးေနာက္ တည္ျမဲကအိတ္ေတြကိုဆြဲယူလိုက္သည္။ မလွမ္းမကန္းမွာရပ္ေနၾကတဲ့ လူေလးေယာက္က အိတ္ေတြကိုဆြဲကာ ေနာက္ကလိုက္ေနၾက၏။ တည္ျမဲကေတာ့ ညိဳ႕လက္ကိုဆြဲကာ ဆိုင္တိုင္းကိုလိုက္ၾကည့္ေနၿပီး လိုတာေတြဝယ္သည္။ ေပ်ာ္ေနသူကိုၾကည့္ကာ တည္ျမဲျပံဳးလိုက္မိ၏။ သူရယ္တာျမင္ရဖို႔ မ်ားမ်ားအလိုလိုက္ရမည္ဟု ေတြးလိုက္မိသည္။ ကေလးတစ္ေယာက္လိုေပ်ာ္ေနပံုက အရင္က ရင့္က်က္ခ်င္ဟန္ေဆာင္ေနသူႏွင့္ လားလားမွမဆိုင္။
" မေျပးနဲ႔ အေမာခံလို႔မရဘူး ၊ အခုနားၾကမယ္ "
" ငါမေမာေသးဘူး "
" စကားနားေထာင္ မဆိုးနဲ႔ "
အသံနည္းနည္းမာသြားေတာ့ စိတ္ဆိုးသြားပံုေပၚသည္။ တိတ္ဆိတ္သြားသူေၾကာင့္တည္ျမဲမေနတတ္မထိုင္တတ္ျဖစ္လာ၏။ အခုရက္ပိုင္းေတြမွာ သူအရမ္းစိတ္ဆက္ၿပီး ၊ ေအာ္တာတို႔ ၊ သူ႔ကိုဂ႐ုမစိုက္တာတို႔ဆိုရင္ ခပ္တည္တည္ေလးျဖစ္သြားတတ္သည္။ အရင္ကဂ်စ္ကန္ကန္စ႐ိုက္ကဘယ္ေတာ့မွေပ်ာက္မသြားတတ္။ တစ္ေန႔ကလည္း စိတ္တိုၿပီး အခန္းခြဲအိပ္ၾကသည္။ ညသန္းေခါင္ေလာက္က်ေတာ့ အခန္းထဲေရာက္လာၿပီး လူကိုထိုးတာ ပါးေစာင္ေတြေတာင္နာလို႔။ ေဒါသႀကီးေနတာေၾကာင့္ တစ္နာရီေက်ာ္ေက်ာ္ေလာက္ ေခ်ာ့လိုက္ရေသးသည္။
သူစိတ္ဆိုးတာက သူမ်ားေတြနဲ႔မတူ။ အခုရက္ပိုင္းေတြဆို ပိုဆိုး၏။ အရမ္းေသာင္းက်န္းသည္ ၊ ပစၥည္းေတြကိုဖ်က္ဆီးတာမ်ိဳးမဟုတ္ပဲ ၊ တည္ျမဲကို ကိုက္တာျဖစ္သည္။ ညလယ္ေလာက္ေရာက္ရင္ပိုဆိုး၏။ လည္ပင္းေတြရင္ဘက္ေတြဆို ရစရာမ႐ွိ ၊ သူ႔သြားရာေတြခ်ည္းပဲ။ ကိုယ္ဝန္ေဆာင္တာက ဒီေလာက္ဆိုးသလား။ လူလည္းအကိုက္ခံရတာ ညိဳပုတ္ေနၿပီ။
" မင္းပင္ပန္းမွာစိုးလို႔ ငါေျပာတာ ၊ ပဲေစ့ေလးေတြလည္းေမာေလာက္ၿပီ ၊ ဒါေၾကာင့္ တစ္ခုခုစားရင္း နားၾကမယ္ ဟုတ္ၿပီလား "
" မသိဘူး "
" ေျပာစကားနားေထာင္ မင္းအတြက္ေျပာေနတာ "
" ဟင့္အင္း "
" က်စ္! လာခဲ့ မင္းကေခ်ာ့ေျပာလို႔မရဘူး "
လက္ကိုျဖဳတ္ခ်ေပမယ့္ အားခ်င္းမမ်ွေတာ့ ယက္ကန္ယက္ကန္ပါသြားရသည္။ ေက်ာျပင္က်ယ္ႀကီးကိုၾကည့္ၿပီး စိတ္ဆိုးလာသည္။ ကိုယ့္ကိုကိုယ္ဆိုးေနမွန္းလည္းသိသည္။ ဒါေပမယ့္စိတ္ကိုထိန္းလို႔မရ။ အလိုလိုက္ခံေနရေတာ့ တကယ္ကိုသူ႔အေပၚအႏိုင္ယူခ်င္လာတာျဖစ္သည္။
" ထိုင္ ဘာစားခ်င္လဲ အစပ္ေတြအခ်ဥ္ေတြမရဘူး ၊ အဲ့ဒါကလြဲရင္ စားခ်င္တာမွာ "
" ထမင္းေပါင္းစားခ်င္တာ "
" အင္း "
အစြန္ဆံုးစားပြဲတစ္ေနရာတြင္ ေဘးခ်င္းကပ္ရပ္ထိုင္ေနၾကတာျဖစ္သည္။ အစကမ်က္ႏွာခ်င္းဆိုင္ထိုင္မယ္လုပ္ေပမယ့္ စိတ္ဆိုးေနသူက ႏႈတ္ခမ္းတစ္ေတာင္ေလာက္ေထာ္ေနတာေၾကာင့္ တည္ျမဲ ရယ္ခ်င္လာသည္။ ဒီေကာင္အခုတေလာပိုၿပီးခ်စ္စရာေကာင္းလာ၏။ အရင္ကလို ေအးစက္စက္ပံုေလးမဟုတ္ေတာ့ပဲ သူၿမိဳသိပ္ထားရတဲ့ခံစားခ်က္ေတြအထိပါျပလာေတာ့ တည္ျမဲ သေဘာတက်ျဖစ္ေနရေတာ့သည္။ အခု သူ႔ပံုစံေလးကိုႀကိဳက္သည္။
" ဘာလုပ္တာလဲ လူေတြအမ်ားႀကီး႐ွိတယ္ "
" ကေလးေလး ေမာင္နမ္းခ်င္ေနၿပီ "
" ဘယ္သူကကေလးလဲ မင္းေနာ္ ၊ မင္းကမွကေလး ငါ့ထက္ငယ္တယ္ "
" ဒီအခ်ိန္မွာအသက္အရြယ္ကအေရးႀကီးလို႔လား ဘယ္သူကဘယ္ေနရာလည္းဆိုတာ ညေရာက္ရင္သိတယ္မလား ေမာင့္ကေလးေလးက "
အထိန္းအခ်ဳပ္မဲ့ေသာစကားေတြေၾကာင့္ ညိဳ႕ေၾကာင္အသြားသည္။ မ်က္ႏွာတစ္ျပင္လံုးပူထူလာၿပီး တအံ့တျသေမာ့ၾကည့္မိ၏။ ျပံဳးစိစိလုပ္ေနသူေၾကာင့္ ညိဳ႕မ်က္လံုးမ်ားကိုေမွးက်ဥ္းကာသတိေပးသလိုၾကည့္လိုက္သည္။ ေမာင္က တဟားဟားေအာ္ရယ္လာေတာ့ သြားစြယ္ေလးမ်ားေပၚလာသည္။ ေဘးခံုက ေကာင္မေလးမ်ားက ေငးေမာေနၾကတာေၾကာင့္ ညိဳ႕တစ္ျဖည္းျဖည္းစိတ္ဆိုးလာရသည္။ မရဘူး ေမာင္က မိႈင္းညိဳ႕ပိုင္တာ။
" မရယ္နဲ႔ ေတာ္ေတာ့ ငါစိတ္တိုလာၿပီ "
" ဘာလို႔လဲ "
" မင္းက မင္းက ငါ့ေယာက်ာ္းေလ ၊ မင္းကိုသူမ်ားေတြၾကည့္ေနတာမျမင္ဘူးလား ၊ ဆက္ရယ္ခ်င္တယ္ဆိုလည္းရယ္ ငါေတာ့ ျပန္ၿပီ "
" ေျသာ္ ကေလးေလးက သဝန္တိုေနတာပဲ အဟင္း "
တည္ျမဲ ရယ္ခ်င္တာကိုအတင္းထိန္းခ်ဳပ္ထားရ၏။ မ်က္ႏွာပိုးမသတ္ႏိုင္ေသးတာကိုေတြ႔ေတာ့ ေၾကာင္ငပ်င္းေလးက စိတ္တိုလာပံုေပၚကာ မတ္တပ္ထရပ္ဟန္ျပင္သည္။ ခ်က္ခ်င္းပဲ သူ႔လက္ကိုဆြဲကာ ျပန္ထိုင္ခိုင္းလိုက္ၿပီး ရင္ခြင္ထဲဆြဲထည့္လိုက္၏။
" ဖယ္ "
" မစေတာ့ဘူး စိတ္မဆိုးနဲ႔ ၊ မင္းေျပာတာမွန္တယ္ ငါကမင္းေယာက်ာ္း မင္းအပိုင္ေလ ၊ သူမ်ားေတြေ႐ွ႕ငါမရယ္ဘူး ၊ ငါ့အျပံဳးေတြက မင္းတစ္ေယာက္ထဲအတြက္ပဲ ရက္ေရာတာ သိလား "
ဘာပဲျဖစ္ျဖစ္ ၊ မိႈင္းညိဳ႕ စိတ္တိုေနစဲျဖစ္သည္။ စိတ္တိုလြန္းလို႔ နမ္းပစ္ခ်င္သည္။ ပတ္ဝန္းက်င္ကိုလည္းမသိ ၊ လူအမ်ားႀကီး႐ွိတယ္ဆိုတာလည္းမသိခ်င္ေတာ့ေပ။ ေမာင့္မ်က္ႏွာကိုအုပ္ကိုင္ၿပီး ေမာင့္ႏႈတ္ခမ္းကိုဖိနမ္းကာ ေအာက္ႏႈတ္ခမ္းထူထူကို အားရေအာင္ကိုက္ဆြဲပစ္လိုက္၏။ ထိုမွသာ စိတ္ကအဆင္ေျပသြားသည္။
" ခ်စ္စရာေကာင္းတယ္ သဝန္တိုတာက "
ခါးေပၚေရာက္လာသည့္ လက္ႀကီးတစ္ဖက္ေၾကာင့္ ကိုယ္လံုးကတုန္တတ္သြားသည္။ သူ႔မ်က္လံုးထဲမွာ ျမတ္ႏိုးေနသည့္အရိပ္အေယာင္ေတြ ၊ အလိုလိုက္ခ်င္တဲ့အရိပ္အေယာင္ေတြအျပည့္မို႔ ညိဳ႕႐ုတ္တရက္ႀကီး ႐ွက္သြား၏။
" အင့္ မင္းေနာ္ "
လည္တိုင္ကိုဖိကပ္နမ္းလာသူေၾကာင့္ ခနၱာကိုယ္က အင္အားေလ်ာ့သြားရသည္အထိျဖစ္သည္။ ေမာင္က လူကိုရင္ခုန္ေအာင္လုပ္ႏိုင္လြန္း၏။ စံုတြဲေတြက်ီစယ္တာကိုမခံစားႏိုင္ေတာ့သည့္ waiterေလးမွာေတာ့ မွာထားသည့္အစားအေသာက္မ်ားကိုထားခဲ့ကာ ထြက္သြားေတာ့၏။
<<<<<<
>>>>>>
" ေဟမာန္ ဟိုမွာနင့္အဆက္ေဟာင္းျကီး မဟုတ္လား ၊ ေဘးက ဘယ္သူတုန္း "
ဒီေန႔shoppingထြက္ရမယ့္ေန႔ျဖစ္တာေၾကာင့္ သူငယ္ခ်င္းႏွစ္ေယာက္ကိုေခၚကာ ေဟမာန္ City mallကိုေရာက္လာခဲ့၏။ အရင္လိုလိုက္ပို႔မယ့္သူမ႐ွိေတာ့ စိတ္ပ်က္မိေပမယ့္လည္းေပါ့။ ဒယ္ဒီက Cityႏွင့္ဆက္မပတ္သတ္နဲ႔ေတာ့ဟု ေျပာထားေပမယ့္ ေဟမာန္ ထိုလူကိုလြမ္းေနသည္။ ေဆးရံုမွာသူတို႔ႏွစ္ေယာက္ကိုေတြ႔ေတာ့ အေနာက္ကေနကားနဲ႔လိုက္တိုက္ခ်င္တဲ့အထိ စိတ္တိုမိေပမယ့္ ၊ ဒယ္ဒီ့ေၾကာင့္ဘာမွမလုပ္ျဖစ္လိုက္ေပ။ ဒယ္ဒီကလည္း႐ုတ္တရက္ႀကီး Cityကိုခါးခါးသီးျဖစ္သြားတာေၾကာင့္ သူမအံ့ျသေနေသးတာ။
သူငယ္ခ်င္းေတြျပတဲ့ေနရာကိုၾကည့္လိုက္ေတာ့ စားေသာက္ဆိုင္တစ္ဆိုင္မွာထိုင္ေနသည့္သူႏွစ္ေယာက္ကိုေတြ႔လိုက္ရသည္။ ေဘးခ်င္းကပ္ထိုင္လို႔ စကားေတြေျပာေနၾက၏။ ႐ုတ္တရက္ႀကီး သူနားမလည္ႏိုင္ေသးေပ။ အရင္ကဆို ကိုကိုက ေဟမာန့္အေပၚေကာင္းေကာင္းမြန္မြန္ဆက္ဆံသလို အခြင့္အေရးယူတာမ်ိဳးေတြမ႐ွိခဲ့။ ႏွစ္အေတာ္ၾကာအဆင္ေျပေနခဲ့ၾကၿပီးမွ အခုေဝးသြားၾကရသည္။ လူတစ္ေယာက္ရဲ႕စိတ္က ဒီေလာက္ျမန္ျမန္ေျပာင္းလဲႏိုင္သလား။
" နင့္အဆက္ေဟာင္းႀကီးၾကည့္ရတာ အရင္ကထက္ေတာင္ပိုမိုက္လာေသးတယ္ ၊ ခန္႔ညားလိုက္တာ ၊ ေဆာရီးေနာ္ ငါကျမင္သလိုေျပာတာပါ ၊ သူ႔ၾကည့္ရတာ အရမ္းေပ်ာ္ေနပံုပဲ "
" ဟဲ့ အေ႐ွ႕ကအကိုက စားေသာက္ဆိုင္ပိုင္႐ွင္အကိုေလ ၊ အခုသူကေတာ္ေတာ္နာမည္ႀကီးေနတာ ၊ စားေသာက္ဆိုင္ကလည္း ratingအရမ္းေကာင္းသလို ဆိုင္႐ွင္ကလည္းေခ်ာေတာ့ ၊ သူ႔အတြက္fanpageေတာင္႐ွိေနေသးတယ္ "
" ငါကအဲ့ဒီpage adminေလ အဟင္း "
႐ုတ္တရက္ဆြံ႔အသြားၾကသည္။ ဂ်ဴးစံကေတာ့ ျပံဳးစိစိႏွင့္။ ေဟမာန္စိုးကေတာ့ သူ႔အေနာက္ကအသံေတြေၾကာင့္ လက္သီးကိုတင္းေနေအာင္ဆုပ္ထားမိေတာ့၏။ မိႈင္းညိဳ႕က ဘာလို႔လူတိုင္းသေဘာက်တာကိုခံေနရတာလဲ။
" သြားၾကမယ္ "
" သူတို႔ဆီမသြားေတာ့ဘူးလား "
" သြားစရာလား လမ္းခြဲၿပီးသားလူေတြ ၊ ဒီေလာကမွာေယာက်ာ္းမ႐ွားဘူး "
ေဟမာန္စိုးေျပာသည့္စကားေၾကာင့္ က်န္ႏွစ္ေယာက္အခ်င္းခ်င္းၾကည့္ကာ ရယ္လိုက္မိၾကသည္။ အိမ္ေထာင္သည္ေယာက်ာ္းတစ္ေယာက္ကိုတြဲတယ္ဆိုကတည္းက သူမတို႔ကနည္းနည္းခ်ဥ္ေနၾကတာျဖစ္သည္။ တစ္ဖက္ကအိမ္ေထာင္သည္ ၊ တစ္ဖက္ကအပ်ိဳေလးတစ္ေယာက္။ ဘယ္သူ႔ကိုေမးေမး မိန္းခေလးဘက္ကို အျပစ္တင္ၾကမွာအမွန္ျဖစ္သည္။ ႐ုတ္တရက္ေဟမာန္စိုးျပန္လွည့္လာေတာ့ သူတို႔ေၾကာင္အသြားၾကသည္။ ေဟမာန္စိုးက ခုဏကျပတဲ့ဆိုင္ထဲဝင္သြားသည္မို႔ သူတို႔လည္း ေနာက္ကလိုက္ခဲ့ၾကသည္။
ဆိုင္ထဲေရာက္ေတာ့ ေနရာလြတ္တစ္ခု႐ွာလိုက္ၿပီး ဝင္ထိုင္လိုက္ၾကသည္။ ေဟမာန္စိုးကေတာ့ တည္ျမဲတို႔႐ွိရာစားပြဲကိုတန္းတန္းေလ်ွာက္လာေန၏။ ေဒါက္ျမင့္ဖိနပ္သံတဂြပ္ဂြပ္သည္ တည္ျမဲတို႔စားပြဲေဘးမွာရပ္တန္႔သြားသည္။ ေဘးနားလာရပ္တာမို႔ ညိဳ႕ေမာ့ၾကည့္လိုက္သည္။ ပံုစံက ေခတ္ဆန္ၿပီး Side slit dress အျပာေရာင္ကိုဝတ္ထားသည္။ လည္ဟိုက္အက်ီက ႀကိဳးတစ္ေခ်ာင္းျဖစ္ကာ ကိုယ္ျကပ္လည္းျဖစ္ေနျပန္သည္။
" မေတြ႔တာၾကာၿပီေနာ္ "
အစကဘယ္သူမွန္းမသိေပ ၊ ေနကာမ်က္မွန္အနက္ကိုခြၽတ္လိုက္ေတာ့မွ ညိဳ႕မွတ္မိသြားသည္။ ေဟမာန္စိုးရဲ႕ပံုစံကေျပာင္းလဲသြားသည္။ တကယ္ကိုအမ်ားႀကီးေျပာင္းလဲသြားတာ။ ျမန္မာဝတ္စံုအမ်ားဆံုးဝတ္တတ္သည့္မိန္းခေလးက ဘယ္လိုေၾကာင့္ အလြန္အၾကဴးေခတ္ဆန္သြားရတာမ်ားလဲ။ ညိဳ႕ ေမာင့္ကိုၾကည့္လိုက္ေတာ့ ေမာင္က မ်က္ေမွာင္ကုပ္ကာၾကည့္ေန၏။ သို႔ေပမယ့္ ေမာင္ၾကည့္ေနတာ ေဟမာန္စိုးကိုမဟုတ္ပဲ ညိဳ႕ကိုျဖစ္ေနေလေတာ့ ဘာေျပာရမွန္းမသိျဖစ္သြားသည္။
" အင္း မေဟမာန္စိုး မေတြ႔တာၾကာၿပီ "
" ေဟမာန္shoppingထြက္တာေမာလို႔ တစ္ခုခုစားမယ္ဆိုၿပီးလာတာ ဆိုင္ထဲေရာက္ေတာ့ ႐ွင္တို႔ကိုေတြ႔တာနဲ႔ လာႏႈတ္ဆက္လိုက္ရတာပဲ "
" ဟုတ္ကဲ့ "
" ႐ွင္ကေတာ့အရင္အတိုင္းပဲေနာ္ ၊ တစ္စံုတစ္ေယာက္ကေတာ့ ေဟမာန္နဲ႔မ်က္ႏွာခ်င္းေတာင္မဆိုင္ခ်င္ဘူးထင္ပါရဲ႕ ၊ ေဟမာန္ကေတာ့ သူ႔ရဲ႕ျပတ္သားႏိုင္စြမ္းကိုေလးစားမိပါတယ္ "
ေနရခက္လာတာေၾကာင့္ ညိဳ႕ေမာင့္ကိုလက္တို႔လိုက္သည္။ ေမာင္က သိပ္စိတ္မၾကည္ေတာ့တဲ့ပံုေပၚတာေၾကာင့္ ေဟမာန္စိုးကိုအားနာသလိုၾကည့္လိုက္ရ၏။ ေဟမာန္စိုးလည္းေဒါသျဖစ္သြားေပမယ့္ ခ်ိဳခ်ိဳသာသာျပံဳးလိုက္သည္။
" ထင္တဲ့အတိုင္းပဲ သြားလိုက္ပါဦးမယ္ေနာ္ သူငယ္ခ်င္းေတြေစာင့္ေနလို႔ "
ေဟမာန္မသြားခင္မွာ သူတို႔ႏွစ္ေယာက္ေဘးက အိတ္ေတြကိုၾကည့္လိုက္မိေသးသည္။ ကေလးအ႐ုပ္ေတြႏွင့္ ကေလးအက်ီေတြျဖစ္ေတာ့ ေတြေဝသြားေပမယ့္ ထိုေနရာကခ်က္ခ်င္းထြက္ခဲ့၏။ ရည္းစားေဟာင္း၏ အဖက္လုပ္ျခင္းမခံရတာက အထိနာေစသည္။ အထူးသျဖင့္ ႏွစ္အၾကာႀကီးတြဲခဲ့ၾကတဲ့ဆက္ဆံေရးေတြမွာ လမ္းခြဲၾကတဲ့အခါ သူစိမ္းျဖစ္သြားၾကတာကို နားလည္စျပဳလာၿပီျဖစ္သည္။ ကိုကိုက ပိုၿပီးခန္႔ညားကာလူျကီးဆန္လာတာကို ေဟမာန္ခံစားမိ၍ မိႈင္းညိဳ႕ကိုမနာလိုျဖစ္သြားရျပန္၏။
ေဟမာန္စိုးထြက္သြားၿပီးေနာက္မွာလည္း ေမာင့္မ်က္ႏွာကမၾကည္မလင္ျဖစ္ေနတုန္းျဖစ္သည္။ ထို႔ေၾကာင့္ ေမာင့္လက္ကိုထပ္ကိုင္လိုက္ေတာ့ ေမာင္ကလက္ကိုဖယ္ခ်၍ လက္ပိုက္ထားသည္။
" ေမာင္ ဘာျဖစ္ေနတာလဲ "
" ၾကည့္လို႔ေကာင္းလား "
" ဘာကိုလဲ "
တည္ျမဲမ်က္လံုးမ်ားက်ဥ္းေျမာင္းသြားသည္။ ေဟမာန္စိုးကို ေခါင္းအစေျခအဆံုးၾကည့္ၿပီး အေတြးလြန္ေနသူကို စိတ္တိုမိ၏။ တည္ျမဲရဲ႕အာရံုေတြက သူ႔ဆီမွာပဲ႐ွိေနတာ သူမသိဘူးလား။ ေယာက်ာ္းကိုေ႐ွ႕မွာထားၿပီး တစ္ျခားမိန္းမတစ္ေယာက္ကိုေတာင္ ၾကည့္လိုက္ေသးသည္။
" ငါက ဘယ္သူမွန္းမမွတ္မိလို႔ၾကည့္တာပါ ေမာင္ရယ္ ၊ ေနပါဦး မင္းကအဲ့ဒါကိုစိတ္တိုေနတာလား "
" ဟုတ္တယ္ ေယာက်ာ္းကိုေ႐ွ႕မွာထားၿပီး မင္းစိတ္ေတြဘယ္ေရာက္ေနတာလဲ ဟမ္ "
" အာ ငါမွားတာပါ ၊ ငါတကယ္သူဘယ္သူမွန္းမသိလို႔ၾကည့္တာေလ ၊ ေမာင္လည္း သူ႔ကိုႏႈတ္ဆက္သင့္တာပဲမဟုတ္ဘူးလား သူကေမာင့္ရည္းစားေဟာင္း "
" တိတ္! ဘာမွနားမလည္ဘူး ျပန္မယ္ "
စိတ္တိုကာ အိတ္ေတြေကာက္ဆြဲသြားသူကိုပါးစပ္အေဟာင္းသားၾကည့္ၿပီး ခဏၾကာမွ ေနာက္ကေျပးလိုက္သြားမိသည္။ ေမာင့္အက်င့္က ေတာ္ေတာ္ေလးထူးဆန္းတာပါ့လား။ ေဟမာန္စိုးကိုေတာင္ အားနာမိသည္။ တစ္ဖက္မိန္းခေလးလည္း ခံရခက္သြားေလာက္မွာပဲ။
" ေစာင့္ဦး မထားခဲ့နဲ႔ "
" က်စ္! ဒီကိုလာခဲ့ "
အနားေရာက္လာသူ၏ လက္ကိုဆုပ္ကိုင္လိုက္ၿပီး နားထင္ကိုငံု႔ေမႊးလိုက္သည္။ ဒီေကာင္က ေယာက်ာ္းကိုစိတ္တိုေအာင္လုပ္လြန္းသည္။ တည္ျမဲက ျပတ္ၿပီဆိုျပတ္ၿပီေပါ့ ၊ ရည္းစားေဟာင္းေတြဘာေတြလာေျပာေနေသးတယ္။ သဝန္မတိုဘူးလားမသိ။ အဲ့ဒါေတြအားမရတာ ၊ ေဟမာန္စိုးနဲ႔ပတ္သတ္လာရင္ သူက ကိုယ့္မ်က္ႏွာကိုအရိပ္တၾကည့္ၾကည့္လုပ္ေနတတ္တာကိုစိတ္တိုတာ။ ဟိုက သူ႔ကုိမေကာင္းၾကံထားတာေတြသူမသိဘူး ၊ အားနာတာပဲသူသိေနသည္။ လည္မလိုနဲ႔ အတယ္ဆိုတာ ဒီေကာင္မွ ဒီေကာင္အစစ္။
" ေမာင့္ကိုခ်စ္တယ္ေနာ္ "
" အင္း ငါလည္း က်စ္! မင္းတမင္လုပ္တာမလား ေၾကာင္ငပ်င္းေလး "
" ဟီး ဟီး ေယာင္ၿပီးေျပာမလားလို႔ "
တည္ျမဲမ်က္ေမွာင္ကုပ္ၾကည့္လိုက္ေတာ့ မ်က္ေတာင္တဖ်က္ဖ်က္ခတ္ကာ လက္ေမာင္းကိုေခါင္းတိုးပြတ္သပ္လာသည္။ ယွက္ႏြယ္ထားသည့္လက္ခံုကိုလည္း မကာ သူ႔မ်က္ႏွာႏွင့္ပြတ္သပ္ေနေသး၏။ တည္ျမဲ စိတ္ေလ်ာ့ရေတာ့သည္။ ေခ်ာ့တဲ့သူကေခ်ာ့ေနေတာ့ စိတ္မတိုေတာ့ပါ။ လက္ကိုတင္းတင္းဆုပ္ကိုင္၍ ျပံဳးလိုက္သည္။
ေမာင္က မင္းကိုျမတ္ႏိုးေနတာ ေၾကာင္ငပ်င္းေလးရဲ႕။
TBC~~~
14.11.2021
Unicode
ဖေကြီးကို ကိုယ်ဝန်အကြောင်းဖွင့်ပြောပြီးပြီးခြင်းမှာ ဖေကြီးရဲ့တုန့်ပြန်မှုက အေးစက်စက်နိုင်လှသည်။ ဆူပူကြိမ်းမောင်းနေသင့်သည့် ဖေကြီးက အခန်းထဲဝင်ကာ ညအထိထွက်မလာတော့။ အမွှာနှစ်ယောက်ကတော့ အကိုကြီးကို သူတို့တတ်နိုင်သလောက်နှစ်သိမ့်ကြပါသည်။ သူတို့ကိုယ်တိုင်လည်း အကိုကြီး ဤမျှလောက်အထိ စွန့်စားမည်မထင်၍ လေးစားရမလို ၊ စိတ်ဆိုးရမလိုဖြစ်နေကြ၏။ အကိုကြီးက အန္တာရယ်ရှိတာတွေကိုမှရွေးလုပ်လွန်းတော့ ဒယ်ဒီစိတ်မကောင်းဖြစ်သွားတာ မဆန်းလှပေ။
" အဆင်ပြေသွားမှာပါ သားရယ် ၊ သားဖေဖေက ရုတ်တရက်မို့် ပြောစရာစကားမရှိဖြစ်သွားတာနေမှာ ၊ အမေနားလည်တယ် ၊ သားဖေဖေပြန်ထွက်လာရင် သေချာရှင်းပြကြမယ်နော် "
အေမက နှစ်သိမ့်လာတော့ ညို့ခေါင်းငြိမ့်လိုက်သည်။ မောင့်ကိုမော့ကြည့်တော့ မောင်ကကျောပြင်ကိုအသာပွတ်ပေးလာသည်။ မောင့်ပုံစံကလည်း စိတ်လှုပ်ရှားနေပုံပေါ်သည်။ အလုပ်ကပြန်လာတာနဲ့ အကျီတောင်မလဲနိုင်ပဲ ဖေကြီးရှေ့ဒူးထောက်ထိုင်ချတော့ ညို့တောင် လန့်ဖြန့်သွားသည် မဟုတ်ပါလား။ မောင်နှင့်အတူ ရောယောင်က ဒူးထောက်လိုက်ပြီး အကြောင်းစုံရှင်းပြလိုက်သည်။ ကိုယ်ဝန်က နှစ်ပတ်ရှိနေပြီဆိုတာနှင့် ဖေကြီးတားမှာစိုး၍ လျှို့ဝှက်ကာ သားအိမ်အစားထိုးခဲ့ကြောင်းပြောပြတော့ ဖေကြီးက ညို့၏ နာမည်အရင်းကိုအထိ ခေါ်လာသည်။
ဖေကြီးသူ့ကိုတစ်ခါမှ နာမည်အရင်းမခေါ်ဖူးပေ။
" မင်းနာမည်က မှိုင်းညို့ပဲလို့ ငါကထင်တာ "
" ဟို မှိုင်းညို့က မေမေပေးထားတဲ့နာမည်ပါ ၊ ပထမဆုံးမွေးတဲ့ကလေးကို မှိုင်းမဟာသွေးလို့ ပေးပါလို့ ဖေကြီးက ပြောခဲ့ပေမယ့် ၊ မေမေက ဖေကြီးကိုစိတ်နာပြီး မပေးခဲ့ဘူးလေ "
" ကျစ် ဒီကိစ္စလေးကအစ မင်းငါ့ကိုဘာလို့မပြောတာလဲ "
" မောင်ကမှမမေးတာ ပြီးတော့ ပြောဖို့မလိုဘူးလို့ထင်လို့လေ ၊ အားလုံးက မှိုင်းညို့လို့ပဲခေါ်နေကြတာကို "
" ငါ့ကိုအခုပြန်ပြောနေတာလား မင်းက "
ရွတ်! ရွှတ်!
" ဟင့်အင်း မနမ်းနဲ့ "
အမေ့ရှေ့မှာတောင်မရှောင် ညို့ပါးလေးတွေကို တရှုံ့ရှုံလိုက်နမ်းနေသူကြောင့် ညို့ခေါင်းတောင်မဖော်ရဲ။ မောင်က သူနမ်းချင်ပြီဆို ပတ်ဝန်းကျင်တွေဘာတွေကိုတောင် ဂရုစိုက်တာမဟုတ်။ အေမကေတာ့ ချောင်းတစ်ချက်ဟမ့်ကာ အိမ်ရှေ့ထွက်သွား၏။ ဒေါ်လေးနွယ်ရွှေလည်း မျက်စိပါလို့သာယုံရတယ် ၊ သားကဒီလောက်ပြောင်းလဲသွားမယ်လို့မထင်ခဲ့။ အရင်ကဆို သားညို့ကိုအနိုင်ကျင့်တာ သူ့အပြင်နှစ်ယောက်မရှိဘူး။ အခုတော့ မအေရှေ့ ၊ ယောက္ခမရှေ့တောင်မရှောင် ဖက်ချင်ဖက်နမ်းချင်နမ်းနေတော့တာ။
" မှိုင်းမဟာသွေး! အခန်းထဲလာခဲ့ ဧည့်ခန်းမှာ ဘယ်လိုတွေဖြစ်နေကြတာလဲ "
ဖေကြီး၏ တင်းမာနေသောအသံကြောင့် ညို့မောင့်လက်ထဲမှရုန်းထွက်လိုက်ကာ အပြစ်ရှိသူတစ်ယောက်လို အကျီစတွေကိုလုံးချေနေမိသည်။ ဖေကြီးအခန်းထဲဝင်သွားတော့ ဖေကြီးက လက်ပိုက်ကာကြည့်နေ၏။ မဝ့ံမရဲကြည့်ရင်း ပြုံးပြလိုက်တော့ ဖေကြီးဆီက သက်ပြင်းချသံအကျယ်ကြီး ကြားလိုက်ရသည်။ နားထင်ကိုဖိကိုင်လျက် ဖေကြီးက စကားအစရှာနေပုံပေါ်သည်။
" အေဖကို ဘာထင်နေလဲဟင် ငါကမင်းအဖေမဟုတ်ဘူးလား မှိုင်းမဟာသွေး ၊ အဲ့ဒီတည်မြဲကမ်ဘာအတွက် မင်းတော်တော်ပေးဆပ်ချင်နေတာလား ၊ သူနဲ့ပတ်သတ်ပြီး လုပ်ပေးခဲ့သမျှအားလုံးက မင်းအသက်အန္တာရယ်ထိခိုက်မယ့်ဟာတွေချည်းပဲ ၊ ရိုင်းရိုင်းပြောရင်ကွာ ကံကောင်းလို့ မသေတာပေါ့ "
" ဖေကြီး သား "
" တော် တော် ဘာမှလာရှင်းပြမနေနဲ့တော့ မင်းငါ့ကိုအဖေလို့လည်းမခေါ်နဲ့ ၊ မင်းက ပြန်မပြောနားမထောင်ဖြစ်နေတာ ၊ ငါ့လောက်ပြောတာလဲငါပဲ ၊ မင်းက ငါ့နောက်ကွယ်မှာ မလုပ်သင့်တာတွေပဲလုပ်နေတော့တာ "
" ဖေကြီး အဲ့လိုမပြောပါနဲ့ သားမှာဖေကြီးပဲရှိတော့တာလေ ၊ သားမှားတာသားသိပါတယ် ဒါပေမယ့် သားက သားက ဖေကြီးကိုပြောလိုက်ရင် ဖေကြီးက လက်ခံမှာမှမဟုတ်ပဲ "
" အေး လက်ခံစရာလား "
" ဟို စိတ်မဆိုးပါနဲ့ စိတ်ဆိုးရင်လည်း နည်းနည်းပဲဆိုးပါ ၊ ဖေကြီး စိတ်ဆိုးရင် သားမေနတတ္ဘူး "
ဦးမဟာသွေး ကျစ်ခနဲစုပ်သက်ရင်း သားမျက်နှာကိုငုံ့ကြည့်လိုက်တော့ သားမျက်နှာလေးက ခွေးပေါက်လေးနဲ့တူနေသည်။ မျက်တောင်တဖျက်ဖျက်ခက်ကာ လက်မောင်းတွေကိုလာနှိပ်နယ်ရင်း ဖေအကို ဖားနေလိုက်တာ။ စိတ်မဆိုးဖို့ချော့နေတာက စပ်ဖြဲဖြဲလေးမို့ ဦးမဟာသွေး မနေနိုင်ပဲ ရယ်ရတော့သည်။ ဒီသားဦးလေးကို သူ့မှာကြာကြာစိတ်မဆိုးနိုင်။ အမွှာလေးနှစ်ယောက်ကိုချစ်ပေမယ့် ဒီသားကို ဦးမဟာသွေးက သံယောဇဉ်ပိုသည်။ ချစ်ရတဲ့ပိုးမေနှင့် သူ၏ သွေးသားပေမို့ သားကိုငုံထားမတတ်ချစ်လိုက်ရတာ။ သားလိမ္မာလေးက ကျန်တာသာလိမ္မာမယ် ၊ သူ့ယောကျာ်းနဲ့ပတ်သတ်ရင်တော့ ဖအေကိုတစ်ခွန်းမှမပြောတော့ မခက်ပေဘူးလား။ ဘယ်လောက်ဒေါသထွက်ထွက် သားချော့ရင် ကြာကြာစိတ်မဆိုးနိုင်။
သားက အသက်သုံးဆယ်တစ်ထဲဝင်နေသည်ဟုမထင်ရပေ။ သားက ရင့်ကျက်သင့်တဲ့နေရာမှာရင့်ကျက်ပေမယ့် မိဘရင်ခွင်ထဲရောက်ရင် သုံးလေးနှစ်အရွယ်ကလေးငယ်တစ်ယောက်လိုပင်။ ဒါကြောင့်လည်း သူ့မှာ စိတ်ကိုကြာကြာတင်းမထားနိုင်ပါ။ ဘယ်လောက်စိတ်ဆိုးပါစေ သားအလို လိုက်ရတာပဲဖြစ်လေသည်။
" လူလည်လေး စိတ်ဆိုးတာတောင် နည်းနည်းပဲဆိုးတဲ့ "
ဦးမဟာသွေးစိတ်ပြေသွားပြီမှန်းသိတော့မှ မှိုင်းညို့ရော အခန်းတံခါးဟစိလေးအနားတွင်ရပ်ကာ နားထောင်နေကြတဲ့ အမွှာနှစ်ယောက် ၊ တည်မြဲနှင့် ဒေါ်လေးနွယ်ရွှေတို့ သက်ပြင်းချမိကြ၏။ သို့သော် နောက်ထပ်ပြောလာတဲ့စကားကြောင့် ပင့်သက်ပြန်ရှိုက်မိကြသည်။
" ဖေကြီးပြန်ရင် သားပါ နယ်သာလန်လိုက်ခဲ့ရမယ် "
" ဟင် ဒါက "
" ကျွန်တော်ခွင့်မပြုနိုင်ဘူး ဦးလေး "
" မောင် "
အခန်းထဲဝင်လာတဲ့မောင်က ညို့ကိုယ်လေးကို ဆွဲခေါ်ကာ လက်မောင်းကြားဝှက်ထားသည်။ အရပ်ကွာတာသည့်အပြင် လူကောင်ထွားတာကြောင့် ညို့က သူ့ရင်ခွင်ထဲတွင် သေးသေးလေးဖြစ်သည်။ မောင့်ပိုင်စိုးမှုတွေကြားထဲ ညို့ကိုယ်လေးကအလိုလိုကြုံ့သွား၏။ မော့ကြည့်တော့ မျက်လုံးတွေကို အုပ်လာသည်။ ဖယ်ချပေမယ့် မောင်က ညို့မျက်လုံးတွေကို လက်ဖြင့်အုပ်ထားဆဲဖြစ်သည်။
" ဖြစ်ခဲ့သမျှအားလုံးအတွက် ကျွန်တော်တောင်းပန်ပါတယ် ဦးလေး ၊ အနူးအညွတ်တောင်းပန်ပါတယ် ၊ ဒူးထောက်ဆိုလည်းဒူးထောက်ပြီးတောင်းပန်ပါ့မယ် သူ့ကိုပြန်ခေါ်မသွားပါနဲ့ ၊ သူမရှိရင် ကျွန်တော်မဖြစ်ဘူး "
သားပုံစံကိုကြည့်ပြီး ဒေါ်လေးနွယ်ရွှေတစ်ဖက်သို့လှည့်သွားရသည်။ သားရဲ့အပြုအမူက ပုံမှန်မှဟုတ်မနေတာ ၊ သားက ညို့ကိုသူ့ဘေးကထွက်သွားမှာကြောက်ရွံ့နေတာဖြစ်သည်။ ဖြစ်ခဲ့သမျှကိစ္စတွေက သားကိုအကျိုးသက်ရောက်မှုရှိစေသည်။ မသိသာပေမယ့်လည်း အမေဖြစ်သည့်သူက သားအကြောင်းသိနေသည်။ သားမျက်လုံးထဲက ခံစားချက်တွေကို ကြည့်ရုံနဲ့သိနေသည်။ အခုလည်း သားညို့ကို သူ့ပုံစံမမြင်စေချင်လို၍ မျက်လုံးတွေကိုအုပ်ထားပုံရသည်။
ဦးမဟာသွေး ဒေါ်လေးနွယ်ရွှေကိုလှမ်းကြည့်လိုက်သည်။ ပြီးတော့ သမက်ဖြစ်သူကိုကြည့်သည်။ သတိတော့ထားမိပါတယ်။ သမက်ရဲ့အပြုအမူတွေက သားအပေါ် ပိုင်စိုးချင်စိတ်ပြင်းနေတယ်ဆိုတာ။ ပြီးတော့ သူ့ရဲ့ကြမ်းတမ်းတဲ့စရိုက်ကိုလည်း ထိန်းချုပ်နိုင်ပုံမပေါ်ပေ။ သားအပေါ်မထိရက်မကိုင်ရက်ဖြစ်ပြီး အူယားနေတာ သူတွေ့သည်လေ။
" ငါပြောတာ ခဏပဲခေါ်သွားမှာ ၊ မေရီက သူ့သားကိုတွေ့ချင်နေတာ ဘယ်လိုပဲဆိုပါစေ မင်းက အလုပ်သွားအလုပ်ပြန်နဲ့ သားကိုဂရုစိုက်နိုင်မှာမဟုတ်ဘူး ၊ အဖေတစ်ယောက်အနေနဲ့သားကို စိတ္ပူတာသဘာဝပဲ "
" မရဘူး ကျွန်တော်ခွင့်မပြုနိုင်ဘူး လာခဲ့ ကြောင်ငပျင်းလေး "
" မောင် ငါ "
တည်မြဲ ဘယ်သူပြောတာကိုမှအရေးမလုပ်တော့ပါ။ ရင်ခွင်ထဲကလူကို မချီရုံတမည် ဆွဲခေါ်ရာ အခန်းဆီသို့ပြန်လိုက်သည်။ ဦးမဟာသွေးတို့ပင် ကြောင်အသွားကြ၏။ သူတို့သက်ပြင်းချမိကြလေသည်။
" မောင် ဒီတိုင်းကြီးထွက်လာတာက မလေးစားရာရောက် "
ရုန်းကန်နေသူကို တင်ပါးမှမြှောက်ချီမလိုက်တော့ ခြေထောက်တွေက ခါးကိုခွလာသည်။ အခန်းရောက်မှ သူ့ကိုယ်လေးကိုနံရံသို့ကပ်လိုက်ပြီး နှုတ်ခမ်းလေးအား မွတ်မွတ်သိပ်သိပ်နမ်းပစ်လိုက်သည်။ ခါးသိမ္သိမ္ကို လက်မောင်းတစ်ဖက်ဖြင့် ပွေ့ဖက်ထားပြီး တစ္ဖက္က တင်ပါးမှမြှောက်ချီထားသည်။ မောင့်အနမ်းတွေ၏ ဝါးမြိုမှုတွေကြား မရုန်းကန်နိုင်ဖြစ်နေရသည်။ အရမ်းမောလာ၍ ပုခုံးတွေကိုရိုက်ထုမှ လွှတ်ပေးလာ၏။
" ဖြည်းဖြည်းနမ်းပါ မောင်က အရမ်းပဲ "
တည်မြဲ သူ့ကိုယ်လေးကိုပွေ့ချီလျက်သားနှင့် နံရံကိုမှီကာထိုင်ချလိုက်သည်။ ပေါင်ပေါ်ခွလျက်အနေအထားနှင့် နဖူးချင်းထိစပ်ထားမိ၏။
" မင်းက လိုက်သွားချင်လား မင်းအဖေနဲ့ "
" မောင်ဘာတွေပြောနေတာလဲ ငါမလိုက်ပါဘူး ၊ ဖေကြီးက တမင်တကာပြောလိုက်တာနေမှာပါ ၊ လျှောက်တွေးမနေနဲ့ "
" အင်း မလိုက်နဲ့ မခွဲနိုင်ဘူး မင်းကို ၊ ပဲစေ့လေးတွေကိုလည်း မခွဲနိုင်ဘူး "
သူ့ဗိုက်လေးကို အကျီပေါ်ကနေဖွဖွပွတ်သပ်လိုက်သည်။ ဗိုက်လေးက အရင်လိုပြားချပ်နေတာမျိုးတော့မဟုတ်ပေ။ ဗိုက်လေးက ခပ်စူစူဖြစ်နေသယောင်ထင်ရသည်။ မကြာခင်အချိန်အတွင်းမှာ သူ့ဗိုက်လေးက ဖောင်းဖောင်းလေးဖြစ်လာတော့မှာပဲ။
" မင်းကိုကျေးဇူးတင်ပါတယ် ၊ အခုအချိန်ထိ ငါလိုချင်တာတွေကို မင်းကအလိုက်တသိဖြည့်စည်းပေးနေရလို့ အရမ်းပင်ပန်းနေမှာပဲ ၊ ငါနောက်ထပ်တောင်းဆိုချင်တာရှိတယ် မင်းလက်ခံမှာလား "
" မောင်က ဘာတောင်းဆိုချင်တာလဲ "
" ကျန်းမာအောင်နေဖို့ ၊ မင်းကျန်းမာအောင်နေမှရမယ် ၊ နောက်နောင်ကို အန္တာရယ်ရှိမယ့်ကိစ္စတွေလုံးဝမလုပ်ပါနဲ့ ၊ မင်းကိုမကာကွယ်နိုင်ရင် ငါနာကျင်ရလွန်းလို့ ၊ ငါတစ်ကိုယ်ကောင်းဆန်မှန်းသိပေမယ့် ဆက်ပြီးတစ်ကိုယ်ကောင်းဆန်ပါရစေ ၊ဘာကိစ္စပဲဖြစ်ဖြစ် မင်းငါ့ကိုပြော ကြားလား ကြောင်ငပျင်းလေး "
" ဟုတ် ကဲ့ "
" မင်း ဘယ်သူ့ကိုအသဲယားအောင်လုပ်နေတာလဲ "
ဖြေတာက ဟုတ်ကဲ့တဲ့။ ပြုံးစိစိနဲ့ ပြောင်စပ်စပ်ရုပ်လေးက ရိုက်ချင်စရာကောင်းသည်။ ဘယ်တုန်းက ပြောရင်ပြောသလို နားထောင်တဲ့ကောင်မို့လို့လဲ။ သူမထင်ရင်မထင်သလို ပြန်ပြန်ပြောတတ်သေးသည်။ နာခံနေပြန်တော့လည်း အူယားဖို့ကောင်းနေ၏။
" မောင်မချီနဲ့ မရဘူးနော် ဗိုက်ထဲမှာက "
" ရှူး မပြောနဲ့ ဖက်အိပ်ရုံပဲ "
ညို့တစ်ကိုယ်လုံးကို ကောက်ချီပြီးအိပ်ယာပေါ်အသာချသည်။ ထို့နောက် နောက်ကနေဝင်လှဲ၍ ခါးပေါ်ရောက်လာသည့်လက်ကြီးတစ်ဖက်။ ထို့နောက် နှစ်ယောက်သား၏ကိုယ်ကပူးကပ်သွားသည်။ ဗိုက်ကိုခပ်ဖွဖွပွတ်သပ်ခံနေရ၍ မှိုင်းညို့ ငိုက်မြည်းလာသည်။ ကြောင်လေးတစ်ကောင်လို ပျင်းတိပျင်းရွဲသမ်းလိုက်ပြီး မောင့်လက်မောင်းကြားပိုပိုတိုးကပ်သွားကာ မျက်လုံးကိုမှိတ်ချလိုက်သည်။
" မင်းက တကယ်ကြောင်ငပျင်းလေးပဲ "
ချက်ချင်းကြီးသမ်းဝေကာ အိပ်ပျော်သွားသူကိုကြည့်ရင်း တည်မြဲ မချိုမချဉ်ရုပ်ဖြစ်သွားသည်။ သမ်းထားလို့နီရဲနေသည့်မျက်ထောင့်လေးတွေမှာ ငွေရောင်အရည်စက်တစ်ချို့ရှိနေ၏။ လက်မောင်းကြားတိုးဝင်နေပုံက အလိုလိုက်ခံထားရတဲ့ကြောင်တစ်ကောင်လိုဖြစ်နေသည်။ သူ့ကိုယ်လေးကိုမျက်နှာချင်းဆိုင်အနေအထားရောက် အောင်ဆွဲလှည့်လိုက်ပြီး ရင်ခွင်ထဲသွင်းကာ နဖူးပြေပြေကိုငုံ့နမ်းလိုက်၏။ ကိုယ်တိုင်ကအိပ်မပျော်နိုင်သေး၍ ဖုန်းသုံးနေလိုက်သည်။ ရုတ်တရက်ပေါ်လာသည့် အကျီသေးသေးလေးတွေနှင့်ဖိနပ်သေးသေးလေးတွေအား အာရုံစိုက်မိသွားတော့ ထိုပုံလေးများကို တစ်ပုံခြင်းထောက်ကြည့်လိုက်သည်။
" ဟုတ္သားပဲ ပဲစေ့လေးတွေမွေးလာရင် ဒီအကျီလိုပုံစံလေးတွေနဲ့လိုက်မှာသေချာတယ် "
ရင်ခွင်ထဲကလူ၏ ကျောကိုဖွဖွပုတ်ပေးနေရင်း ဖုန်းဆက်သုံးနေလိုက်သည်။ Group chatထဲမွာ စာဝင်လာတော့ ဖွင့်ကြည့်လိုက်သည်။ တည်မြဲမျက်နှာရှုံမဲ့သွားပြီး တိမ်ယံပို့သည့်ပုံကို ပြန်ပြီးreplyပြန်လိုက်၏။ အိပ်နေသူကိုမျက်နှာမပေါ်စေရန်ဝှက်၍ နှစ်ယောက်ပုံပါအောင်ဓာတ်ပုံရိုက်လိုက်သည်။ ထို့နောက် တိမ်ယံ့ဆီပို့လိုက်ပြီး သိပ်မကြာလိုက် တိမ်ယံ့ဆီကဖုန်းဝင်လာသည်။
" ဘာလဲပြော "
" ခွေးကောင် မင်းအဲ့ဒါငါ့ကိုလှောင်တာမလား "
" အဟက် ငါ့ယောကျာ်းနဲ့ငါ့ပုံလေအဲ့ဒါ မင်းကဘာတွေလိုက်မနာလိုနေတာလဲ ၊ အားကျရင် မင်းလည်းတစ်ယောက်ရှာပေါ့ "
" မကြာခင် မင်းတို့ကောင်တွေအားကျရတော့မှာပါ ၊ လွမ်းကို ငါအဖြေတောင်းထားတယ် ၊ လွမ်းကပြန်ကြိုက်မှာသေချာတယ် မင်းသိလား "
" မသိဘူး "
ဆယ့်ငါးမိနစ်နီးပါးအဆဲခံလိုက်ရပြီးနောက် တည်မြဲဖုန်းချလိုက်သည်။ ပြန်ဆဲချင်ပေမယ့် အိပ်နေတဲ့တစ်ယောက် နိုးသွားမှာစိုး၍ ဖြေသိမ့်လိုက်သည်။ တိမ်ယံက ဆရာဝန်လေးကိုလိုက်ပိုးနေပြီး ဆရာဝန်လေးက သူ့ကိုအတွေ့မခံ။ အတွေ့မခံတော့ သူ့မှာအသည်းကွဲလို့မဆုံးတော့ပေ။ သနားစရာကောင်းသလိုထင်ရပေမယ့် တည်မြဲကတော့မသနားပါ။ ကိုယ်တွေရဲ့အခြေအနေနဲ့သူ့အခြေအနေနဲ့မှမတူပဲလေ။ ကိုယ်တွေက အိမ်ထောင်ရှိလူတန်းစားတွေ။ ယောကျာ်းကလည်း အရမ်းချစ်တာ။ စကားထဲထည့်ပြောနေစရာတောင်မလိုတော့ပါဘူး ၊ လုံးဝကွာခြားနေတဲ့ကိစ္စ။
" ချစ်စရာကောင်းတယ် "
အိပ်နေသူ၏ ပါးကိုညှစ်လိုက်တော့ ထော်ထွက်လာတဲ့နှုတ်ခမ်းလုံးလေးကို တည်မြဲ ငုံထွေးလိုက်ပြီး ထပ်ခါထပ်ခါနမ်းပစ်လိုက်သည်။ သူ့အနားမှာရှိတာ စိတ်ချမ်းသာရသည်။
ရင်ခွင်ထဲကလူက တည်မြဲကမ်ဘာရဲ့ ဗီတာမင်လေး။
<<<<<<
>>>>>>
City Mall၏ တစ်နေရာတွင် လူများမသိမသာစုရုံးလျက်ရှိ၏။ အမျိုးသမီးငယ်လေးတွေအများစုက ကျောင်းသူလေးတွေဖြစ်ကြသည်။ အဖြူအစိမ်းဝတ်ကျောင်းသူများမဟုတ်ပဲ အနောက်တိုင်းယူနီဖောင်းလေးတွေနှင့်ဖြစ်ကြသည်။ ထိုသူများစုဝေးနေသည့်အဓိကအကြောင်းအရင်းက ကလေးအသုံးအဆောင်ပစ္စည်းများရောင်းသည့်ဆိုင်ဖြစ်သည်။ ထိုဆိုင်အတွင်းတွင် အရပ်ရှည်ရှည်နှင့်ခန့်ညားသည့်အမျိူးသားနှင့် ပိန်သွယ်သွယ်အမျိုးသားတစ်ယောက်ရှိနေသည်။ ခန့်ညားသည့်အမျိုးသား၏ ရှည်လျားသောလက်များက ပိန်သွယ်သည့်အမျိုးသားလေး၏ ပုခုံးကိုဆုပ်ကိုင်ထားသည်။
သူ့အကြည့်များက ပိန်သွယ်သွယ်အမျိုးသားလေးအနီးတစ်ဝိုက်က လူများထံတွင် ဖြန့်ကျက်ထား၏။ လူတွေက ရင်ခွင်ထဲကလူကို အာရုံစိုက်လာကြလေလေ ၊ သူ့စိတ်အခြေအနေက ပိုမိုဆိုးဝါးလာလေဖြစ်သည်။ အမျိူးသားလေးကိုပိုင်စိုးပိုင်နင်းဖက်တွယ်လိုက်ပြီး အားလုံးကိုသတိပေးသလိုကြည့်လိုက်သည်။သူ့အကြည့်စူးစူးကြောင့် ကြောက်လန့်ကာထွက်ခွာသွားကြသည်အထိ ဒေါသများကမပြေနိုင်သေးပေ။
" မောင်ဒီမှာကြည့်ဦး ဖိနပ်လေးကို အမွေးပွလေးနဲ့ ချစ်စရာကောင်းလိုက်တာ ၊ ဒီအကျီလေးရောပဲ ၊ အား ကလေးအကျီတွေက အရမ်းအသဲယားစရာကောင်းတာပဲ ဒါလေးတွေလည်းယူမယ် ၊ ဟိုဘက္က ဖိနပ်လေးတွေလည်းယူမယ် "
ရင်ခွင်ထဲကလူက သူ့အာရုံနဲ့သူ ရွေးကာဝယ်နေသည်ပြီး အခြေအနေကိုသတိထားမိပုံမရပေ။ ဝန်ထမ်းမလေးက ကြောက်ကာစကားတွေပါထစ်နေရှာ၏။ ထိုဝန်ထမ်းမလေးရဲ့အဖြစ်ကိုတွေ့တော့ ညို့နားမလည်နိုင်ဖြစ်သွားသည်။ မောင့်ကိုမော့ကြည့်လိုက်တော့ အဖြေကိုသိသွား၏။ Maskတပ်ထားပေမယ့် စူးရဲနေသည့်မျက်လုံးနှင့် တွန့်ချိုးနေသည့်မျက်မှောင်တို့က ခြိမ်းခြောက်နေဟန်ရှိသည်မို့ မောင့်လက်မောင်းကိုအသာဆုပ်ကိုင်လိုက်သည်။
" မောင် သူများတွေကြောက်နေပြီလေ မျက်မှောင်ကြီးကုပ်မထားနဲ့ ၊ ငါ့ကို ကူရွေးပေးဦး "
" ကောင်းပြီ "
လေထုထဲမှ အေးစိမ့်မှုလျော့ကျသွားကာမှ ဝန်ထမ်းကောင်မလေးသည်လည်း ရင်ဘက်လေးဖိလို့သက်ပြင်းချရသည်။ ဒီလောက် ကြောက်စရာကောင်းသည့် ဈေးဝယ်သူမျိုးတစ်ခါမှမတွေ့ဖူးသေးပေ။ ဝန်ထမ်းအသစ်လည်းဖြစ်တော့ အတွေ့အကြုံမရှိတာကြောင့် စိတ်ထဲထင့်နေရတာ။ ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာ ဒီလိုအကြည့်ခံရမည်ဟု မမျှော်လင့်ခဲ့ပါ။
" ကိုယ့်ကို strollerလေးတွေပြပေးပါဦး "
" ဟုတ်ကဲ့ strollerက ဒီဘက်မှာပါအကိုတို့ ကြွပါ "
ကလေးတွန်းလှဲလေးများနှင့် အိပ်ယာပိစိလေးများကိုကြည့်ပြီး အကုန်သိမ်းကြုံးဝယ်ချင်စိတ်ပေါက်လာရပြန်သည်။ အမျိုးသားလေး၏ စိတ်အားထက်သန်မှုကိုတွေ့လိုက်ရတဲ့ တည်မြဲကတော့ အလိုလိုက်ဖို့အသင့်ရှိနေပြီးသား။
" ဒီမှာကြည့်ပါဦး မောင် ၊ ဒါလေးတွေဝယ်ကြမယ် "
" အင်း "
" ဒါလေးတွေရော ၊ အာ တစ်ဆိုင်လုံးဝယ်လိုက်ချင်တာ "
" လိုချင်တာဝယ် ၊ ဒါပေမယ့်အများကြီးမဝယ်နဲ့ ကလေးတွေက တစ်ဖြည်းဖြည်းကြီးပြင်းလာကြမှာ ၊ အခုလိုသလောက်ဝယ်ပြီး တစ်ခြားနေရာတွေသွားကြည့်ကြမယ် ၊ ဒီဆိုင်ထက်ကောင်းတဲ့ဆိုင်တွေရှိရင် ဝယ်ပြီးသားတွေအလကားဖြစ်သွားလိမ့်မယ် "
" ဒါဆို တစ်ခြားဆိုင်တွေလိုက်ကြည့်ဦးမယ်လေ ၊ ညီမေလး ကိုယ်တို့ ငွေရှင်းမယ် "
ကောင်တာမှာ ငွေရှင်းပြီးနောက် တည်မြဲကအိတ်တွေကိုဆွဲယူလိုက်သည်။ မလှမ်းမကန်းမှာရပ်နေကြတဲ့ လူလေးယောက်က အိတ်တွေကိုဆွဲကာ နောက်ကလိုက်နေကြ၏။ တည်မြဲကတော့ ညို့လက်ကိုဆွဲကာ ဆိုင်တိုင်းကိုလိုက်ကြည့်နေပြီး လိုတာတွေဝယ်သည်။ ပျော်နေသူကိုကြည့်ကာ တည်မြဲပြုံးလိုက်မိ၏။ သူရယ်တာမြင်ရဖို့ များများအလိုလိုက်ရမည်ဟု တွေးလိုက်မိသည်။ ကလေးတစ်ယောက်လိုပျော်နေပုံက အရင်က ရင့်ကျက်ချင်ဟန်ဆောင်နေသူနှင့် လားလားမှမဆိုင်။
" မပြေးနဲ့ အမောခံလို့မရဘူး ၊ အခုနားကြမယ် "
" ငါမမောသေးဘူး "
" စကားနားထောင် မဆိုးနဲ့ "
အသံနည်းနည်းမာသွားတော့ စိတ်ဆိုးသွားပုံပေါ်သည်။ တိတ်ဆိတ်သွားသူကြောင့်တည်မြဲမနေတတ်မထိုင်တတ်ဖြစ်လာ၏။ အခုရက်ပိုင်းတွေမှာ သူအရမ်းစိတ်ဆက်ပြီး ၊ အော်တာတို့ ၊ သူ့ကိုဂရုမစိုက်တာတို့ဆိုရင် ခပ်တည်တည်လေးဖြစ်သွားတတ်သည်။ အရင်ကဂျစ်ကန်ကန်စရိုက်ကဘယ်တော့မှပျောက်မသွားတတ်။ တစ်နေ့ကလည်း စိတ်တိုပြီး အခန်းခွဲအိပ်ကြသည်။ ညသန်းခေါင်လောက်ကျတော့ အခန်းထဲရောက်လာပြီး လူကိုထိုးတာ ပါးစောင်တွေတောင်နာလို့။ ဒေါသကြီးနေတာကြောင့် တစ်နာရီကျော်ကျော်လောက် ချော့လိုက်ရသေးသည်။
သူစိတ္ဆိုးတာက သူများတွေနဲ့မတူ။ အခုရက်ပိုင်းတွေဆို ပိုဆိုး၏။ အရမ်းသောင်းကျန်းသည် ၊ ပစ္စည်းတွေကိုဖျက်ဆီးတာမျိုးမဟုတ်ပဲ ၊ တည်မြဲကို ကိုက်တာဖြစ်သည်။ ညလယ်လောက်ရောက်ရင်ပိုဆိုး၏။ လည်ပင်းတွေရင်ဘက်တွေဆို ရစရာမရှိ ၊ သူ့သွားရာတွေချည်းပဲ။ ကိုယ်ဝန်ဆောင်တာက ဒီလောက်ဆိုးသလား။ လူလည်းအကိုက်ခံရတာ ညိုပုတ်နေပြီ။
" မင်းပင်ပန်းမှာစိုးလို့ ငါပြောတာ ၊ ပဲစေ့လေးတွေလည်းမောလောက်ပြီ ၊ ဒါကြောင့် တစ်ခုခုစားရင်း နားကြမယ် ဟုတ်ပြီလား "
" မသိဘူး "
" ပြောစကားနားထောင် မင်းအတွက်ပြောနေတာ "
" ဟင့်အင်း "
" ကျစ်! လာခဲ့ မင်းကချော့ပြောလို့မရဘူး "
လက်ကိုဖြုတ်ချပေမယ့် အားချင်းမမျှတော့ ယက်ကန်ယက်ကန်ပါသွားရသည်။ ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး စိတ်ဆိုးလာသည်။ ကိုယ့်ကိုကိုယ်ဆိုးနေမှန်းလည်းသိသည်။ ဒါပေမယ့်စိတ်ကိုထိန်းလို့မရ။ အလိုလိုက်ခံနေရတော့ တကယ်ကိုသူ့အပေါ်အနိုင်ယူချင်လာတာဖြစ်သည်။
" ထိုင် ဘာစားချင်လဲ အစပ်တွေအချဉ်တွေမရဘူး ၊ အဲ့ဒါကလွဲရင် စားချင်တာမှာ "
" ထမင်းပေါင်းစားချင်တာ "
" အင်း "
အစွန်ဆုံးစားပွဲတစ်နေရာတွင် ဘေးချင်းကပ်ရပ်ထိုင်နေကြတာဖြစ်သည်။ အစကမျက်နှာချင်းဆိုင်ထိုင်မယ်လုပ်ပေမယ့် စိတ်ဆိုးနေသူက နှုတ်ခမ်းတစ်တောင်လောက်ထော်နေတာကြောင့် တည်မြဲ ရယ်ချင်လာသည်။ ဒီကောင်အခုတလောပိုပြီးချစ်စရာကောင်းလာ၏။ အရင်ကလို အေးစက်စက်ပုံလေးမဟုတ်တော့ပဲ သူမြိုသိပ်ထားရတဲ့ခံစားချက်တွေအထိပါပြလာတော့ တည်မြဲ သဘောတကျဖြစ်နေရတော့သည်။ အခု သူ့ပုံစံလေးကိုကြိုက်သည်။
" ဘာလုပ္တာလဲ လူတွေအများကြီးရှိတယ် "
" ကလေးလေး မောင်နမ်းချင်နေပြီ "
" ဘယ္သူကကေလးလဲ မင်းနော် ၊ မင်းကမှကလေး ငါ့ထက်ငယ်တယ် "
" ဒီအချိန်မှာအသက်အရွယ်ကအရေးကြီးလို့လား ဘယ်သူကဘယ်နေရာလည်းဆိုတာ ညရောက်ရင်သိတယ်မလား မောင့်ကလေးလေးက "
အထိန်းအချုပ်မဲ့သောစကားတွေကြောင့် ညို့ကြောင်အသွားသည်။ မျက်နှာတစ်ပြင်လုံးပူထူလာပြီး တအံ့တသြမော့ကြည့်မိ၏။ ပြုံးစိစိလုပ်နေသူကြောင့် ညို့မျက်လုံးများကိုမှေးကျဉ်းကာသတိပေးသလိုကြည့်လိုက်သည်။ မောင်က တဟားဟားအော်ရယ်လာတော့ သွားစွယ်လေးများပေါ်လာသည်။ ဘေးခုံက ကောင်မလေးများက ငေးမောနေကြတာကြောင့် ညို့တစ်ဖြည်းဖြည်းစိတ်ဆိုးလာရသည်။ မရဘူး မောင်က မှိုင်းညို့ပိုင်တာ။
" မရယ်နဲ့ တော်တော့ ငါစိတ်တိုလာပြီ "
" ဘာလို့လဲ "
" မင်းက မင်းက ငါ့ယောကျာ်းလေ ၊ မင်းကိုသူများတွေကြည့်နေတာမမြင်ဘူးလား ၊ ဆက်ရယ်ချင်တယ်ဆိုလည်းရယ် ငါတော့ ပြန်ပြီ "
" သြော် ကလေးလေးက သဝန်တိုနေတာပဲ အဟင်း "
တည်မြဲ ရယ်ချင်တာကိုအတင်းထိန်းချုပ်ထားရ၏။ မျက်နှာပိုးမသတ်နိုင်သေးတာကိုတွေ့တော့ ကြောင်ငပျင်းလေးက စိတ်တိုလာပုံပေါ်ကာ မတ်တပ်ထရပ်ဟန်ပြင်သည်။ ချက်ချင်းပဲ သူ့လက်ကိုဆွဲကာ ပြန်ထိုင်ခိုင်းလိုက်ပြီး ရင်ခွင်ထဲဆွဲထည့်လိုက်၏။
" ဖယ် "
" မစေတာ့ဘူး စိတ်မဆိုးနဲ့ ၊ မင်းပြောတာမှန်တယ် ငါကမင်းယောကျာ်း မင်းအပိုင်လေ ၊ သူများတွေရှေ့ငါမရယ်ဘူး ၊ ငါ့အပြုံးတွေက မင်းတစ်ယောက်ထဲအတွက်ပဲ ရက်ရောတာ သိလား "
ဘာပဲဖြစ်ဖြစ် ၊ မှိုင်းညို့ စိတ်တိုနေစဲဖြစ်သည်။ စိတ်တိုလွန်းလို့ နမ်းပစ်ချင်သည်။ ပတ်ဝန်းကျင်ကိုလည်းမသိ ၊ လူအများကြီးရှိတယ်ဆိုတာလည်းမသိချင်တော့ပေ။ မောင့်မျက်နှာကိုအုပ်ကိုင်ပြီး မောင့်နှုတ်ခမ်းကိုဖိနမ်းကာ အောက်နှုတ်ခမ်းထူထူကို အားရအောင်ကိုက်ဆွဲပစ်လိုက်၏။ ထိုမွသာ စိတ်ကအဆင်ပြေသွားသည်။
" ချစ်စရာကောင်းတယ် သဝန္တိုတာက "
ခါးပေါ်ရောက်လာသည့် လက်ကြီးတစ်ဖက်ကြောင့် ကိုယ်လုံးကတုန်တတ်သွားသည်။ သူ့မျက်လုံးထဲမှာ မြတ်နိုးနေသည့်အရိပ်အယောင်တွေ ၊ အလိုလိုက်ချင်တဲ့အရိပ်အယောင်တွေအပြည့်မို့ ညို့ရုတ်တရက်ကြီး ရှက်သွား၏။
" အင့် မင်းနော် "
လည်တိုင်ကိုဖိကပ်နမ်းလာသူကြောင့် ခန္တာကိုယ်က အင်အားလျော့သွားရသည်အထိဖြစ်သည်။ မောင်က လူကိုရင်ခုန်အောင်လုပ်နိုင်လွန်း၏။ စုံတွဲတွေကျီစယ်တာကိုမခံစားနိုင်တော့သည့် waiterလေးမှာတော့ မှာထားသည့်အစားအသောက်များကိုထားခဲ့ကာ ထွက်သွားတော့၏။
<<<<<<
>>>>>>
" ဟေမာန် ဟိုမှာနင့်အဆက်ဟောင်းကြီး မဟုတ္လား ၊ ဘေးက ဘယ်သူတုန်း "
ဒီနေ့shoppingထွက်ရမယ့်နေ့ဖြစ်တာကြောင့် သူငယ်ချင်းနှစ်ယောက်ကိုခေါ်ကာ ဟေမာန် City mallကိုရောက်လာခဲ့၏။ အရင်လိုလိုက်ပို့မယ့်သူမရှိတော့ စိတ်ပျက်မိပေမယ့်လည်းပေါ့။ ဒယ္ဒီက Cityနှင့်ဆက်မပတ်သတ်နဲ့တော့ဟု ပြောထားပေမယ့် ဟေမာန် ထိုလူကိုလွမ်းနေသည်။ ဆေးရုံမှာသူတို့နှစ်ယောက်ကိုတွေ့တော့ အနောက်ကနေကားနဲ့လိုက်တိုက်ချင်တဲ့အထိ စိတ်တိုမိပေမယ့် ၊ ဒယ်ဒီ့ကြောင့်ဘာမှမလုပ်ဖြစ်လိုက်ပေ။ ဒယ်ဒီကလည်းရုတ်တရက်ကြီး Cityကိုခါးခါးသီးဖြစ်သွားတာကြောင့် သူမအံ့ျသေနေသးတာ။
သူငယ်ချင်းတွေပြတဲ့နေရာကိုကြည့်လိုက်တော့ စားသောက်ဆိုင်တစ်ဆိုင်မှာထိုင်နေသည့်သူနှစ်ယောက်ကိုတွေ့လိုက်ရသည်။ ဘေးချင်းကပ်ထိုင်လို့ စကားတွေပြောနေကြ၏။ ရုတ်တရက်ကြီး သူနားမလည်နိုင်သေးပေ။ အရင်ကဆို ကိုကိုက ဟေမာန့်အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံသလို အခွင့်အရေးယူတာမျိုးတွေမရှိခဲ့။ နှစ်အတော်ကြာအဆင်ပြေနေခဲ့ကြပြီးမှ အခုဝေးသွားကြရသည်။ လူတစ်ယောက်ရဲ့စိတ်က ဒီလောက်မြန်မြန်ပြောင်းလဲနိုင်သလား။
" နင့်အဆက်ဟောင်းကြီးကြည့်ရတာ အရင်ကထက်တောင်ပိုမိုက်လာသေးတယ် ၊ ခန့်ညားလိုက်တာ ၊ ဆောရီးနော် ငါကမြင်သလိုပြောတာပါ ၊ သူ့ကြည့်ရတာ အရမ်းပျော်နေပုံပဲ "
" ဟဲ့ အရှေ့ကအကိုက စားသောက်ဆိုင်ပိုင်ရှင်အကိုလေ ၊ အခုသူကတော်တော်နာမည်ကြီးနေတာ ၊ စားသောက်ဆိုင်ကလည်း ratingအရမ်းကောင်းသလို ဆိုင်ရှင်ကလည်းချောတော့ ၊ သူ့အတွက်fanpageတောင်ရှိနေသေးတယ် "
" ငါကအဲ့ဒီpage adminလေ အဟင်း "
ရုတ်တရက်ဆွံ့အသွားကြသည်။ ဂျူးစံကတော့ ပြုံးစိစိနှင့်။ ဟေမာန်စိုးကတော့ သူ့အနောက်ကအသံတွေကြောင့် လက်သီးကိုတင်းနေအောင်ဆုပ်ထားမိတော့၏။ မှိုင်းညို့က ဘာလို့လူတိုင်းသဘောကျတာကိုခံနေရတာလဲ။
" သွားကြမယ် "
" သူတို့ဆီမသွားတော့ဘူးလား "
" သြားစရာလား လမ်းခွဲပြီးသားလူတွေ ၊ ဒီလောကမှာယောကျာ်းမရှားဘူး "
ဟေမာန်စိုးပြောသည့်စကားကြောင့် ကျန်နှစ်ယောက်အချင်းချင်းကြည့်ကာ ရယ်လိုက်မိကြသည်။ အိမ်ထောင်သည်ယောကျာ်းတစ်ယောက်ကိုတွဲတယ်ဆိုကတည်းက သူမတို့ကနည်းနည်းချဉ်နေကြတာဖြစ်သည်။ တစ်ဖက်ကအိမ်ထောင်သည် ၊ တစ်ဖက်ကအပျိုလေးတစ်ယောက်။ ဘယ်သူ့ကိုမေးမေး မိန်းခလေးဘက်ကို အပြစ်တင်ကြမှာအမှန်ဖြစ်သည်။ ရုတ်တရက်ဟေမာန်စိုးပြန်လှည့်လာတော့ သူတို့ကြောင်အသွားကြသည်။ ဟေမာန်စိုးက ခုဏကပြတဲ့ဆိုင်ထဲဝင်သွားသည်မို့ သူတို့လည်း နောက်ကလိုက်ခဲ့ကြသည်။
ဆိုင်ထဲရောက်တော့ နေရာလွတ်တစ်ခုရှာလိုက်ပြီး ဝင်ထိုင်လိုက်ကြသည်။ ဟေမာန်စိုးကတော့ တည်မြဲတို့ရှိရာစားပွဲကိုတန်းတန်းလျှောက်လာနေ၏။ ဒေါက်မြင့်ဖိနပ်သံတဂွပ်ဂွပ်သည် တည်မြဲတို့စားပွဲဘေးမှာရပ်တန့်သွားသည်။ ဘေးနားလာရပ်တာမို့ ညို့မော့ကြည့်လိုက်သည်။ ပုံစံက ခေတ်ဆန်ပြီး Side slit dress အပြာရောင်ကိုဝတ်ထားသည်။ လည်ဟိုက်အကျီက ကြိုးတစ်ချောင်းဖြစ်ကာ ကိုယ်ကြပ်လည်းဖြစ်နေပြန်သည်။
" မတွေ့တာကြာပြီနော် "
အစကဘယ်သူမှန်းမသိပေ ၊ နေကာမျက်မှန်အနက်ကိုချွတ်လိုက်တော့မှ ညို့မှတ်မိသွားသည်။ ဟေမာန်စိုးရဲ့ပုံစံကပြောင်းလဲသွားသည်။ တကယ်ကိုအများကြီးပြောင်းလဲသွားတာ။ မြန်မာဝတ်စုံအများဆုံးဝတ်တတ်သည့်မိန်းခလေးက ဘယ်လိုကြောင့် အလွန်အကြူးခေတ်ဆန်သွားရတာများလဲ။ ညို့ မောင့်ကိုကြည့်လိုက်တော့ မောင်က မျက်မှောင်ကုပ်ကာကြည့်နေ၏။ သို့ပေမယ့် မောင်ကြည့်နေတာ ဟေမာန်စိုးကိုမဟုတ်ပဲ ညို့ကိုဖြစ်နေလေတော့ ဘာပြောရမှန်းမသိဖြစ်သွားသည်။
" အင်း မေဟမာန္စိုး မတွေ့တာကြာပြီ "
" ဟေမာန်shoppingထွက်တာမောလို့ တစ်ခုခုစားမယ်ဆိုပြီးလာတာ ဆိုင်ထဲရောက်တော့ ရှင်တို့ကိုတွေ့တာနဲ့ လာနှုတ်ဆက်လိုက်ရတာပဲ "
" ဟုတ်ကဲ့ "
" ရှင်ကတော့အရင်အတိုင်းပဲနော် ၊ တစ်စုံတစ်ယောက်ကတော့ ဟေမာန်နဲ့မျက်နှာချင်းတောင်မဆိုင်ချင်ဘူးထင်ပါရဲ့ ၊ ဟေမာန်ကတော့ သူ့ရဲ့ပြတ်သားနိုင်စွမ်းကိုလေးစားမိပါတယ် "
နေရခက်လာတာကြောင့် ညို့မောင့်ကိုလက်တို့လိုက်သည်။ မောင်က သိပ်စိတ်မကြည်တော့တဲ့ပုံပေါ်တာကြောင့် ဟေမာန်စိုးကိုအားနာသလိုကြည့်လိုက်ရ၏။ ဟေမာန်စိုးလည်းဒေါသဖြစ်သွားပေမယ့် ချိုချိုသာသာပြုံးလိုက်သည်။
" ထင်တဲ့အတိုင်းပဲ သွားလိုက်ပါဦးမယ်နော် သူငယ်ချင်းတွေစောင့်နေလို့ "
ဟေမာန်မသွားခင်မှာ သူတို့နှစ်ယောက်ဘေးက အိတ်တွေကိုကြည့်လိုက်မိသေးသည်။ ကလေးအရုပ်တွေနှင့် ကလေးအကျီတွေဖြစ်တော့ တွေဝေသွားပေမယ့် ထိုနေရာကချက်ချင်းထွက်ခဲ့၏။ ရည်းစားဟောင်း၏ အဖက်လုပ်ခြင်းမခံရတာက အထိနာစေသည်။ အထူးသဖြင့် နှစ်အကြာကြီးတွဲခဲ့ကြတဲ့ဆက်ဆံရေးတွေမှာ လမ်းခွဲကြတဲ့အခါ သူစိမ်းဖြစ်သွားကြတာကို နားလည်စပြုလာပြီဖြစ်သည်။ ကိုကိုက ပိုပြီးခန့်ညားကာလူကြီးဆန်လာတာကို ဟေမာန်ခံစားမိ၍ မှိုင်းညို့ကိုမနာလိုဖြစ်သွားရပြန်၏။
ဟေမာန်စိုးထွက်သွားပြီးနောက်မှာလည်း မောင့်မျက်နှာကမကြည်မလင်ဖြစ်နေတုန်းဖြစ်သည်။ ထို့ကြောင့် မောင့်လက်ကိုထပ်ကိုင်လိုက်တော့ မောင်ကလက်ကိုဖယ်ချ၍ လက်ပိုက်ထားသည်။
" မောင် ဘာဖြစ်နေတာလဲ "
" ကြည့်လို့ကောင်းလား "
" ဘာကိုလဲ "
တည်မြဲမျက်လုံးများကျဉ်းမြောင်းသွားသည်။ ဟေမာန်စိုးကို ခေါင်းအစခြေအဆုံးကြည့်ပြီး အတွေးလွန်နေသူကို စိတ္တိုမိ၏။ တည်မြဲရဲ့အာရုံတွေက သူ့ဆီမှာပဲရှိနေတာ သူမသိဘူးလား။ ယောကျာ်းကိုရှေ့မှာထားပြီး တစ်ခြားမိန်းမတစ်ယောက်ကိုတောင် ကြည့်လိုက်သေးသည်။
" ငါက ဘယ်သူမှန်းမမှတ်မိလို့ကြည့်တာပါ မောင်ရယ် ၊ နေပါဦး မင်းကအဲ့ဒါကိုစိတ်တိုနေတာလား "
" ဟုတ်တယ် ယောကျာ်းကိုရှေ့မှာထားပြီး မင်းစိတ်တွေဘယ်ရောက်နေတာလဲ ဟမ် "
" အာ ငါမွားတာပါ ၊ ငါတကယ်သူဘယ်သူမှန်းမသိလို့ကြည့်တာလေ ၊ မောင်လည်း သူ့ကိုနှုတ်ဆက်သင့်တာပဲမဟုတ်ဘူးလား သူကမောင့်ရည်းစားဟောင်း "
" တိတ်! ဘာမှနားမလည်ဘူး ပြန်မယ် "
စိတ္တိုကာ အိတ်တွေကောက်ဆွဲသွားသူကိုပါးစပ်အဟောင်းသားကြည့်ပြီး ခဏကြာမှ နောက်ကပြေးလိုက်သွားမိသည်။ မောင့်အကျင့်က တော်တော်လေးထူးဆန်းတာပါ့လား။ ဟေမာန်စိုးကိုတောင် အားနာမိသည်။ တစ်ဖက်မိန်းခလေးလည်း ခံရခက်သွားလောက်မှာပဲ။
" စောင့်ဦး မထားခဲ့နဲ့ "
" ကျစ်! ဒီကိုလာခဲ့ "
အနားရောက်လာသူ၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး နားထင်ကိုငုံ့မွှေးလိုက်သည်။ ဒီကောင်က ယောကျာ်းကိုစိတ်တိုအောင်လုပ်လွန်းသည်။ တည်မြဲက ပြတ်ပြီဆိုပြတ်ပြီပေါ့ ၊ ရည်းစားဟောင်းတွေဘာတွေလာပြောနေသေးတယ်။ သဝန္မတိုဘူးလားမသိ။ အဲ့ဒါတွေအားမရတာ ၊ ဟေမာန်စိုးနဲ့ပတ်သတ်လာရင် သူက ကိုယ့်မျက်နှာကိုအရိပ်တကြည့်ကြည့်လုပ်နေတတ်တာကိုစိတ်တိုတာ။ ဟိုက သူ့ကိုမကောင်းကြံထားတာတွေသူမသိဘူး ၊ အားနာတာပဲသူသိနေသည်။ လည်မလိုနဲ့ အတယ္ဆိုတာ ဒီကောင်မှ ဒီကောင်အစစ်။
" မောင့်ကိုချစ်တယ်နော် "
" အင်း ငါလည်း ကျစ်! မင်းတမင်လုပ်တာမလား ကြောင်ငပျင်းလေး "
" ဟီး ဟီး ယောင်ပြီးပြောမလားလို့ "
တည်မြဲမျက်မှောင်ကုပ်ကြည့်လိုက်တော့ မျက်တောင်တဖျက်ဖျက်ခတ်ကာ လက်မောင်းကိုခေါင်းတိုးပွတ်သပ်လာသည်။ ယှက်နွယ်ထားသည့်လက်ခုံကိုလည်း မကာ သူ့မျက်နှာနှင့်ပွတ်သပ်နေသေး၏။ တည်မြဲ စိတ်လျော့ရတော့သည်။ ချော့တဲ့သူကချော့နေတော့ စိတ်မတိုတော့ပါ။ လက်ကိုတင်းတင်းဆုပ်ကိုင်၍ ပြုံးလိုက်သည်။
မောင်က မင်းကိုမြတ်နိုးနေတာ ကြောင်ငပျင်းလေးရဲ့။
TBC~~~
14.11.2021