{Unicode}
"အမှောင်ထုထဲမှ လှည့်ကြည့်ခြင်း"
ရန်ကျားလိတစ်ယောက် မည်သို့သော အသံကိုမှ မကြားရတော့ဟန်တူ၏။
စူးရှလင်းလက်သော ဖလပ်ရှ်မီးများက သူ့အရှေ့တွင် တဖျတ်ဖျတ်နှင့် တောက်ပနေသည်ကိုတော့ ခံစားမိပါသေးသည်။ သို့သော်လည်း နားပင်းမတတ် ဆူဆူပူပူ အသံများကတော့ စိတ်အာရုံထဲတွင် ရုတ်တရက် မှေးမှိန်ပျောက်ကွယ်သွားပြီး သေးငယ်သော တဝီဝီမြည်သံတို့သာ ထင်ကျန်ခဲ့သည်။
သူသည် ထပ်မံ၍ မခုခံဖြစ်တော့ဘဲ မူလနေရာတွင်သာ ရပ်တန့်နေခဲ့သည်။ ကြက်သေသေနေသော အမူအရာနှင့် ထိုသူတို့အား စိတ်ကြိုက်ရိုက်ကူးခွင့် ပေးလိုက်တော့သည်။
တရားမျှတသည့် စီရင်မှုအောက်တွင် နောက်ဆုံးတော့ တောင့်ခံထားနိုင်စွမ်း မရှိတော့ဘဲ အပြစ်ရှိကြောင်း ဝန်ခံပြီး ကွက်မျက်ခံလိုက်တော့မည့် အပြစ်သားတစ်ယောက် အတိုင်းပင်။
မီဒီယာများသည် ဤအချက်ကို အခွင့်ကောင်းယူကာ အရှေ့၊ အနောက်၊ တောင်၊ မြောက် ရှူထောင့် အမျိုးမျိုးမှ လျှပ်တစ်ပြက် ရိုက်ချက်များစွာ ရိုက်ယူခဲ့ကြသည်။
ဓာတ်ပုံများ လုံလုံလောက်လောက် ရပြီးချိန်မှာတော့ ပစ္စည်းများကို ကောက်သိမ်းလိုက်ကာ ဟန်ဆောင်ပန်ဆောင်နှင့် ရန်ကျားလိအား နှစ်သိမ့်စကား လေးငါးကြောင်းလောက် ပြောဆိုလိုက်ပြီး စိတ်ကျေနပ်စွာနှင့် ကားမောင်းပြီး ထွက်ခွာသွားကြလေသည်။
အမျိုးသမီး သတင်းထောက် တစ်ယောက်ကတော့ ထွက်ခွာမသွားခင် စိတ်အစဥ်၌ အစိုင်အခဲတစ်ချို့ ပိတ်ဆို့နေခဲ့သောကြောင့် တစ်သျှူးထုတ်လိုက်ကာ ရန်ကျားလိ၏ မျက်ရည်များ၊ ကြက်ဥအရည်များနှင့် သွေးစီးကြောင်းများကို သုတ်ပေးလိုက်သည်။
သူမသည် သက်ပြင်းချလိုက်ပြီး ရန်ကျားလိ၏ ပခုံးကို ပုတ်ပေးလိုက်ကာ
"မငိုနဲ့တော့"
ရန်ကျားလိသည် လှုပ်ရှားမှု မရှိသော ကျောက်ရုပ်တစ်ရုပ်နှယ် မည်သို့သော တုံ့ပြန်မှုမှ မပြုလာပေ။
အမျိုးသမီး သတင်းထောက်က နှစ်သိမ့်ကာ ဆိုသည်။
"ရပြီ၊ ရပြီ။ မင်းရဲ့အမှားကို သိရင်ရပါပြီ။ နောက်ဆို လူတွေကို မရိုက်နဲ့တော့။ မှားမှန်းသိလို့ ပြင်လိုက်ရင် အားလုံးကလည်း မင်းကို ခွင့်လွှတ်ပေးကြမှာပါ။ သိပြီလား...လာ၊ မျက်ရည်တွေကို သန့်သွားအောင် သုတ်ပစ်လိုက်"
ထို့နောက် သူမတွင် ကျန်ရှိနေသည့် တစ်သျှူးတစ်ထုပ်ကို ရန်ကျားလိ၏ အိတ်ကပ်လေးထဲ ထည့်ပေးလိုက်ပြီးနောက် အဖွဲ့သားများနှင့် ထွက်ခွာသွားလေတော့သည်။
ရန်ကျားလိသည် နဂိုနေရာလေးတွင်သာ အချိန်တွေ အကြာကြီး မတ်တတ်ရပ်နေခဲ့သည်။
ပတ်ပတ်လည်မှ လူအတော်များများ ပြန့်ကျဲသွားကြပြီး လက်ကိုင်ဖုန်းနှင့်သာ ရိုက်ကူးနေကြသည့် ပုဂ္ဂလိက မီဒီယာသမား အနည်းငယ်သာ ကျန်ရစ်ခဲ့မှသာ သူသည်လည်း ဖြည်းဖြည်းချင်း ခေါင်းမော့လာသည်။ ထိုအခါ မျက်ခမ်းစပ်များသည် သွေးချင်းနီနေပြီး မျက်လုံးများမှာလည်း အတော်ကလေး အနှစ်သာရ မဲ့နေသည်။ စိတ်ဝိညာဥ်ပါ ပျောက်ကွယ်သွားသည့် အတိုင်းပင်။
သူသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ကိတ်မုန့်အပိုင်းအစများကို ကြည့်ရင်း ခပ်ဖြည်းဖြည်း ဒူးထောက်လိုက်သည်။
တုန်တုန်ရီရီနှင့် အိတ်ကို ဆွဲဖွင့်လိုက်ကာ မြေပြင်ပေါ်မှ ဟိုတစ်စ ဒီတစ်စ ဖြစ်နေသော ကိတ်မုန့်အပိုင်းအစများကို တစ်ခုချင်း တစ်ခုချင်း လိုက်ကောက်ပြီး ဂရုတစိုက်နှင့် အိတ်ထဲ သေသေချာချာ ထည့်လိုက်သည်။
ထို့နောက် အိတ်ကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ပြန်ပိုက်ထားလိုက်ကာ သုသာန်ဘက်သို့ ကိုယ်ကိုလှည့်လိုက်သည်။
ယနေ့ နှင်းများ ထူထပ်စွာ ကျဆင်းလာမည်ဟု မိုးလေဝသ ခန့်မှန်းချက်တွင် ဖော်ပြထားသောကြောင့် ကောင်းကင်တခွင် ထူထူထပ်ထပ် တိမ်တိုက်များသာ စုရုံးနေတော့သည်။
နေ့ခင်းအချိန်သာ ရှိသေးသော်လည်း ပတ်ဝန်းကျင်မှာ ညနေခင်း အချိန်အခါ ရောက်နေသကဲ့သို့ အုံ့မှိုင်းနေသည်။
ရန်ကျားလိက တိတ်တဆိတ်နှင့် လျှောက်သွားလိုက်ပြီး နံဘေးတွင်လည်း ပုဂ္ဂလိက မီဒီယာ သတင်းသမားများက ပြုံးတုံ့တုံ့နှင့် လိုက်လံ ရိုက်ကူးနေကြသည်။
တစ်စုံတစ်ယောက်က သူ့ရဲ့အင်္ကျီကို လှမ်းဆွဲလိုက်ပြီး ဆိုလာသည်။
"မင်း ရပ်ဦး၊ ငါတို့ ခဏလောက် ထပ်ရိုက်ပါရစေဦး။ အားလုံးက ကြည့်ဖို့ စောင့်နေကြတာ"
အခြားတစ်ယောက်ကလည်း သူ့လမ်းကို ပိတ်ရပ်လာပြီး
"မင်း မသွားပါနဲ့ဦး။ Live လွှင့်တဲ့ အထဲမှာ ဝမ်ယန် ပရိသတ်တွေက မင်းတောင်းပန်တာကို စောင့်နေကြတာ။ ဒီလိုလုပ်၊ မင်း ကင်မရာကို ကြည့်ပြီး၊ စိတ်ရင်းနဲ့ သေသေချာချာလေး တောင်းပန်လိုက်။ ငါက Live လွှင့်ပေးထားမယ်။ မင်း ဘာလုပ်နေတာလဲ။ မြန်မြန် လုပ်လေ!"
ရန်ကျားလိသည် ထိုလူကို ဗလာသက်သက် စိုက်ကြည့်လိုက်ပြီး ခြေလှမ်းအရှိန်ကို မြှင့်တင်လိုက်သည်။
ထို့နောက် မှောင်မိုက်ပြီး ကြောက်ဖွယ်ကောင်းနေသော သုသာန်ထဲသို့ ဝင်သွားသည်။
ရိုက်ကူးရေးကို မရပ်တန့်ကြသေးသည့် ပုဂ္ဂလိက မီဒီယာသမားများကလည်း အနောက်မှ ဆက်လိုက်လာကြချင်သေးသည်။ သုသာန်ကို စောင့်ကြည့်ပေးရသည့် ဘိုးဘိုးကြီးက ထမင်းစားပြီးနောက်၊ သွားကြားထိုးရင်း အခန်းထဲမှ ထွက်လာသောအခါ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသကဲ့သို့ ဖြစ်နေသော လူများကို တွေ့လိုက်ရသောကြောင့် အနားမှ ကြက်မွေးကို နှစ်ချက်မျှ ပုတ်လိုက်ပြီး
"ဘာလာလုပ်ကြတာလဲ!"
"ကျွန်တော်တို့...ရိုက်ကူး..."
ထို မီဒီယာသမားများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။
ဘိုးဘိုးကြီးသည် သူတို့လက်ထဲ၌ ကိုင်ဆောင်ထားသော ကင်မရာများကို ကြည့်ရင်း ကျိန်ဆဲတော့သည်။
"ဒါ သင်္ချိုင်းကုန်းကွ! မင်းတို့က ကင်မရာတွေ ယူလာပြီး ဘာလုပ်တာလဲ။ ဒီနေရာမှာ မင်းတို့အမေကို မြှုပ်ထားလို့လား ဒါမှမဟုတ် ဘာဖြစ်ချင်နေကြတာလဲ။ ထွက်သွားကြစမ်း"
ထိုလူအနည်းစုက မသက်မသာ ဖြစ်သွားကြသော်လည်း အထဲတွင်တော့ ဆက်လက် နေခဲ့ချင်ကြသေးသည်။
ဘိုးဘိုးကြီးက ကြက်မွေးကို မြှောက်လိုက်ပြီး
"ထွက်သွားကြ၊ ထွက်သွားကြ!"
အဆုံးမှာတော့ အရိုက်ခံရမည်ကို ကြောက်သည့် သတင်းထောက်များ ထွက်ပြေးသွားကြမှသာ အဘိုးအိုက ကျစ်တစ်ချက် စုတ်သပ်လိုက်ပြီး သုသာန်ထဲ လှည့်ထွက်ရန်ပြင်သည်။
သူသည် မျက်လုံးပင့်ပြီး လှမ်းကြည့်လိုက်သောအခါ ရန်ကျားလိ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်လေးမှာ တဖြည်းဖြည်းနှင့် ဝေးကွာသွားသည်ကို တွေ့လိုက်ရသည်။
အဘိုးအိုသည် ရန်ကျားလိအား အော်ခေါ်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်ကိုယ်လုံးမှာ အအေးဒဏ်ကြောင့် ဆတ်ခနဲ တုန်တက်သွားသည်။
အဘိုးအိုက မိမိကိုယ်ကို အဝတ်များနှင့် ထုပ်ပတ်လိုက်ပြီး ကောင်းကင်ကို ကြည့်မိသောအခါ မကြာခင်မှာပဲ နှင်းများကျဆင်းလာတော့မည့်အတိုင်း ဖြစ်နေသည်မို့ ကမန်းကတန်းနှင့် နွေးထွေးသော အခန်းထဲ ပြန်ဝင်သွားသည်။
ရန်ကျားလိသည် သုသာန်ထဲတွင် တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လှမ်းနေသည်။
လမ်းတစ်ဝက် ရောက်သောအခါ ရုတ်တရက် ကိုယ်ခန္ဓာကို ရပ်တန့်မိလိုက်သည်။
တစ်စုံတစ်ယောက်က သူ့အား လှမ်းခေါ်လိုက်သလိုပါပင်။ ထိုအသံမှာ အလွန်အမင်း အလောကြီးပုံ ပေါက်နေ၍ သူ့အား ခြေလှမ်းများကို ရပ်တန့်သွားစေသည်။
သူသည် ဖြည်းဖြည်းချင်း ခေါင်းလှည့်လာပြီး နောက်ကွယ်မှ အမှောင်ရိပ်ကို ကြည့်လိုက်သည်။ သွေးကြောနီများ ဖုံးလွှမ်းနေသော မျက်ဝန်းထဲမှ မျက်ရည်ကျလာပြီး နှုတ်ခမ်းမှ တစ်စုံတစ်ခုအား ပြောချင်နေသည့်နှယ် မဆိုစလောက် လှုပ်ရှားသွားသော်လည်း နောက်ဆုံးမှာတော့ ဘာမှမပြောနိုင်ခဲ့ပေ။
ခေါင်းပြန်ငုံ့ကာ ထုံကျင်နေသော မျက်ဝန်းများဖြင့် သုသာန်၏ အလင်းရောင် ကင်းမဲ့သည့် ဝေးလံခေါင်ဖျား အရပ်ဆီသို့သာ ဖြေးဖြေးဆေးဆေး လျှောက်သွားခဲ့သည်။ မကြာခင်မှာပဲ လူတစ်ယောက်လုံး အမှောင်ထုထဲ နစ်မြှုပ်သွားတော့သည်။
ယဲ့ထင် လေဆိပ်မှ ထွက်လာသောအခါ သူ့ခြေထောက်များက ပျော့ခွေနေပြီး စိတ်ခံစားချက်များကလည်း အလွန်တရာ ပြင်းထန်နေသည်။
လက်ထောက်ဖြစ်သူက နံဘေးမှ တွဲထားပေး၍သာ တော်တော့သည်။
သူ့မျက်နှာမှာ သွေးရောင်ကင်းမဲ့နေပြီး မျက်လုံးထဲတွင်လည်း အတိတ်က မရှိခဲ့ဖူးသော ကြောက်ရွံ့ တုန်လှုပ်မှုများသာ ကြီးစိုးလို့နေသည်။
ဖုန်းထဲမှတစ်ဆင့် ဆေးများကို စစ်ဆေးပေးခဲ့သော တာဝန်ခံက ပြောကြားခဲ့သော စကားများသည် သူ့နားထဲတွင် တရစ်ရစ်နှင့် ဝဲပျံနေသည်။
"ဥက္ကဌယဲ့၊ ကျွန်တော်တို့ရဲ့ စစ်ဆေးချက်အရ ခင်ဗျား ပို့လိုက်တဲ့ ဆေးတွေက Selective serotonin reuptake inhibitor အမျိုးအစားပါ။ ဆေးနာမည်ကတော့ Fluoxetine hydrochloride လို့ ခေါ်ပါတယ်။ နောက် Prozac လို့လည်း ခေါ်ကြပါတယ်"
"ဒီကောင်က 5-HT ကို ပို့ဆောင်နေတာတွေကို ထိန်းချုပ်ဖို့အတွက် သုံးတာ၊ နောက် နာဗ်ကြောလေးတွေရဲ့ အမြှေးပါးကနေ 5-HT ကို စုပ်ယူတာကိုလည်း ပိတ်ထားပေးပြီးတော့ 5-HT ရဲ့ အာနိသင်ကို ပိုသက်တမ်းကြာသွားစေတာ။ အဲ့လိုကနေ စိတ်ကျရောဂါတွေကို သက်သာသွားစေတယ်"
(5-HT ဟူသည် ဦးနှောက်၊ သွေးဥဆဲလ်များ၊ အစာခြေလမ်းကြောင်းနှင့် pineal gland တို့တွင် တွေ့ရသော ဟော်မုန်းတစ်မျိုး ဖြစ်သည်။ ၎င်းသည် တစ်စုံတစ်ခုအား အာရုံကြောများမှ တစ်ဆင့် အချက်ပြပေးခြင်းနှင့် သွေးကြောများကို ကျဉ်းစေသော substance အဖြစ် နှစ််မျိုးစလုံး လုပ်ဆောင်ပေးသည်။ ဦးနှောက်ထဲတွင် 5-HT ချို့တဲ့ခြင်းသည် စိတ်ဓာတ်ကျခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်သည်။ ၎င်းကို Serotonin ဟုလည်း ခေါ်သေးသည်)
"ဆေးပညာအရတော့ အဲ့ဒါက ပုံမှန်ဆို စိတ်ကျရောဂါ၊ ဒါမှမဟုတ် အကြောက်လွန်တာနဲ့ အစိုးရိမ်လွန်တတ်တဲ့ ရောဂါတွေကို ကုသဖို့သုံးတာ..."
ယဲ့ထင်သည် ယိုင်တိယိုင်တိုင်နှင့် ကားပေါ် တက်လာသည်။
ကားက လှုပ်ခတ်သွားသည်နှင့် သူ၏ ဦးနှောက်ထဲတွင်လည်း ရှုပ်ထွေးပွေလီကုန်သည်။
ထိုစစ်ဆေးပေးသူက သေချာပေါက် လိမ်ပြောနေတာသာ ဖြစ်ရမည်။ မဟုတ်လျှင် သူကိုယ်တိုင်က နားကြားမှားတာလည်း ဖြစ်နိုင်သည်ဟု တွေးနေသည်။
သူ၏ ရန်ရန်က ဘယ်တုန်းကမှ ထိုကဲ့သို့ အကြင်နာ ကင်းမဲ့သူ မဟုတ်ခဲ့ပါချေ။ မည်သို့သော ကိစ္စမျိုးနှင့် ကြုံကြိုက်ပါစေ၊ သူ၏ မျက်ဝန်းနှစ်ဖက်စလုံးက တောက်ပနေပြီး အပြုံးမျက်နှာလေးက အဆုံးအစမရှိ ချိုသာရင်အေးစေလျက်။ သူသည် ရံဖန်ရံခါ မပျော်ရွှင်မှုကြောင့် စိတ်ခံစားချက်များကို လိုက်လံနှောင့်ယှက် တတ်ပါသော်လည်း ဘယ်လိုဖြစ်ပြီးတော့များ......
မကြာသေးခင်က ရန်ကျားလိ၏ အထီးကျန်ဆန်နေသော ပုံရိပ်လေးနှင့် မှုန်ရီဝေမှိုင်းနေသော မျက်ဝန်းလေးများအကြောင်း ရုတ်တရက် စဥ်းစားမိသွားသောအခါ ယဲ့ထင်တစ်ယောက် ကြောင်အမ်းသွားသည်။
ရုတ်တရက်ဆန်သော စိတ်ခံစားမှုများက အချဥ်ဖောက်သွားကာ ခန္ဓာကိုယ်အနှံ့ ပေါက်ကွဲထွက်လာပြီး သူ့အား အသက်ရှုရပ်တန့် သွားစေလုမတတ်ပင်။
လက်ထောက်က ယဲ့ထင် နံဘေးတွင် ထိုင်နေပြီး ဖုန်းပြောပြီးသောအခါ ယဲ့ထင်အား ပြန်လည် အစီရင်ခံသည်။
"ဥက္ကဌယဲ့၊ ရှာလို့တွေ့ပါပြီ။ လူကြီးမင်းရန်က Heshan သင်္ချိုင်းကို သွားတာပါ"
ယဲ့ထင်၏ လက်ချောင်းများသာမက အသံများပါ တုန်ရီလို့လာသည်။
"အမြန်၊ မြန်မြန်....."
.
.
.
.
.
14/11/2021(Sun)
ဆေးပညာပိုင်းကို သိပ်နားမလည်လို့ အမှားလေးများရှိရင် ဖြည့်ဖတ်ပေးကြပါလို့ အဟု အဟု
×××
{Zawgyi}
"အေမွာင္ထုထဲမွ လွည့္ၾကည့္ျခင္း"
ရန္က်ားလိတစ္ေယာက္ မည္သို႔ေသာ အသံကိုမွ မၾကားရေတာ့ဟန္တူ၏။
စူးရွလင္းလက္ေသာ ဖလပ္ရွ္မီးမ်ားက သူ႔အေရ႔ွတြင္ တဖ်တ္ဖ်တ္ႏွင့္ ေတာက္ပေနသည္ကိုေတာ့ ခံစားမိပါေသးသည္။ သို႔ေသာ္လည္း နားပင္းမတတ္ ဆူဆူပူပူ အသံမ်ားကေတာ့ စိတ္အာရံုထဲတြင္ ရုတ္တရက္ ေမွးမိွန္ေပ်ာက္ကြယ္သြားၿပီး ေသးငယ္ေသာ တဝီဝီျမည္သံတို႔သာ ထင္က်န္ခဲ့သည္။
သူသည္ ထပ္မံ၍ မခုခံျဖစ္ေတာ့ဘဲ မူလေနရာတြင္သာ ရပ္တန္႔ေနခဲ့သည္။ ၾကက္ေသေသေနေသာ အမူအရာႏွင့္ ထိုသူတို႔အား စိတ္ႀကိဳက္ရိုက္ကူးခြင့္ ေပးလိုက္ေတာ့သည္။
တရားမ်ွတသည့္ စီရင္မႈေအာက္တြင္ ေနာက္ဆံုးေတာ့ ေတာင့္ခံထားႏိုင္စြမ္း မရိွေတာ့ဘဲ အျပစ္ရိွေၾကာင္း ဝန္ခံၿပီး ကြက္မ်က္ခံလိုက္ေတာ့မည့္ အျပစ္သားတစ္ေယာက္ အတိုင္းပင္။
မီဒီယာမ်ားသည္ ဤအခ်က္ကို အခြင့္ေကာင္းယူကာ အေရ႔ွ၊ အေနာက္၊ ေတာင္၊ ေျမာက္ ရႉေထာင့္ အမ်ိဳးမ်ိဳးမွ လ်ွပ္တစ္ျပက္ ရိုက္ခ်က္မ်ားစြာ ရိုက္ယူခဲ့ၾကသည္။
ဓာတ္ပံုမ်ား လံုလံုေလာက္ေလာက္ ရၿပီးခ်ိန္မွာေတာ့ ပစၥည္းမ်ားကို ေကာက္သိမ္းလိုက္ကာ ဟန္ေဆာင္ပန္ေဆာင္ႏွင့္ ရန္က်ားလိအား ႏွစ္သိမ့္စကား ေလးငါးေၾကာင္းေလာက္ ေျပာဆိုလိုက္ၿပီး စိတ္ေက်နပ္စြာႏွင့္ ကားေမာင္းၿပီး ထြက္ခြာသြားၾကေလသည္။
အမ်ိဳးသမီး သတင္းေထာက္ တစ္ေယာက္ကေတာ့ ထြက္ခြာမသြားခင္ စိတ္အစဥ္၌ အစိုင္အခဲတစ္ခ်ိဳ႕ ပိတ္ဆို႔ေနခဲ့ေသာေၾကာင့္ တစ္သ်ွူးထုတ္လိုက္ကာ ရန္က်ားလိ၏ မ်က္ရည္မ်ား၊ ၾကက္ဥအရည္မ်ားႏွင့္ ေသြးစီးေၾကာင္းမ်ားကို သုတ္ေပးလိုက္သည္။
သူမသည္ သက္ျပင္းခ်လိုက္ၿပီး ရန္က်ားလိ၏ ပခံုးကို ပုတ္ေပးလိုက္ကာ
"မငိုနဲ႔ေတာ့"
ရန္က်ားလိသည္ လႈပ္ရွားမႈ မရိွေသာ ေက်ာက္ရုပ္တစ္ရုပ္ႏွယ္ မည္သို႔ေသာ တံု႔ျပန္မႈမွ မျပဳလာေပ။
အမ်ိဳးသမီး သတင္းေထာက္က ႏွစ္သိမ့္ကာ ဆိုသည္။
"ရၿပီ၊ ရၿပီ။ မင္းရဲ့အမွားကို သိရင္ရပါၿပီ။ ေနာက္ဆို လူေတြကို မရိုက္နဲ႔ေတာ့။ မွားမွန္းသိလို႔ ျပင္လိုက္ရင္ အားလံုးကလည္း မင္းကို ခြင့္လႊတ္ေပးၾကမွာပါ။ သိၿပီလား...လာ၊ မ်က္ရည္ေတြကို သန္႔သြားေအာင္ သုတ္ပစ္လိုက္"
ထို႔ေနာက္ သူမတြင္ က်န္ရိွေနသည့္ တစ္သ်ွူးတစ္ထုပ္ကို ရန္က်ားလိ၏ အိတ္ကပ္ေလးထဲ ထည့္ေပးလိုက္ၿပီးေနာက္ အဖြဲ႔သားမ်ားႏွင့္ ထြက္ခြာသြားေလေတာ့သည္။
ရန္က်ားလိသည္ နဂိုေနရာေလးတြင္သာ အခ်ိန္ေတြ အၾကာႀကီး မတ္တတ္ရပ္ေနခဲ့သည္။
ပတ္ပတ္လည္မွ လူအေတာ္မ်ားမ်ား ျပန္႔က်ဲသြားၾကၿပီး လက္ကိုင္ဖုန္းႏွင့္သာ ရိုက္ကူးေနၾကသည့္ ပုဂၢလိက မီဒီယာသမား အနည္းငယ္သာ က်န္ရစ္ခဲ့မွသာ သူသည္လည္း ျဖည္းျဖည္းခ်င္း ေခါင္းေမာ့လာသည္။ ထိုအခါ မ်က္ခမ္းစပ္မ်ားသည္ ေသြးခ်င္းနီေနၿပီး မ်က္လံုးမ်ားမွာလည္း အေတာ္ကေလး အႏွစ္သာရ မဲ့ေနသည္။ စိတ္ဝိညာဥ္ပါ ေပ်ာက္ကြယ္သြားသည့္ အတိုင္းပင္။
သူသည္ ေျမျပင္ေပၚတြင္ ျပန္႔က်ဲေနေသာ ကိတ္မုန္႔အပိုင္းအစမ်ားကို ၾကည့္ရင္း ခပ္ျဖည္းျဖည္း ဒူးေထာက္လိုက္သည္။
တုန္တုန္ရီရီႏွင့္ အိတ္ကို ဆြဲဖြင့္လိုက္ကာ ေျမျပင္ေပၚမွ ဟိုတစ္စ ဒီတစ္စ ျဖစ္ေနေသာ ကိတ္မုန္႔အပိုင္းအစမ်ားကို တစ္ခုခ်င္း တစ္ခုခ်င္း လိုက္ေကာက္ၿပီး ဂရုတစိုက္ႏွင့္ အိတ္ထဲ ေသေသခ်ာခ်ာ ထည့္လိုက္သည္။
ထို႔ေနာက္ အိတ္ကို ရင္ခြင္ထဲ တင္းတင္းက်ပ္က်ပ္ ျပန္ပိုက္ထားလိုက္ကာ သုသာန္ဘက္သို႔ ကိုယ္ကိုလွည့္လိုက္သည္။
ယေန့ ႏွင္းမ်ား ထူထပ္စြာ က်ဆင္းလာမည္ဟု မိုးေလဝသ ခန႔္မွန္းခ်က္တြင္ ေဖာ္ျပထားေသာေၾကာင့္ ေကာင္းကင္တခြင္ ထူထူထပ္ထပ္ တိမ္တိုက္မ်ားသာ စုရံုးေနေတာ့သည္။
ေန့ခင္းအခ်ိန္သာ ရိွေသးေသာ္လည္း ပတ္ဝန္းက်င္မွာ ညေနခင္း အခ်ိန္အခါ ေရာက္ေနသကဲ့သို႔ အံု႔မိႈင္းေနသည္။
ရန္က်ားလိက တိတ္တဆိတ္ႏွင့္ ေလ်ွာက္သြားလိုက္ၿပီး နံေဘးတြင္လည္း ပုဂၢလိက မီဒီယာ သတင္းသမားမ်ားက ၿပံဳးတံု႔တံု႔ႏွင့္ လိုက္လံ ရိုက္ကူးေနၾကသည္။
တစ္စံုတစ္ေယာက္က သူ႔ရဲ့အက်ႌကို လွမ္းဆြဲလိုက္ၿပီး ဆိုလာသည္။
"မင္း ရပ္ဦး၊ ငါတို႔ ခဏေလာက္ ထပ္ရိုက္ပါရေစဦး။ အားလံုးက ၾကည့္ဖို႔ ေစာင့္ေနၾကတာ"
အျခားတစ္ေယာက္ကလည္း သူ႔လမ္းကို ပိတ္ရပ္လာၿပီး
"မင္း မသြားပါနဲ႔ဦး။ Live လႊင့္တဲ့ အထဲမွာ ဝမ္ယန္ ပရိသတ္ေတြက မင္းေတာင္းပန္တာကို ေစာင့္ေနၾကတာ။ ဒီလိုလုပ္၊ မင္း ကင္မရာကို ၾကည့္ၿပီး၊ စိတ္ရင္းနဲ႔ ေသေသခ်ာခ်ာေလး ေတာင္းပန္လိုက္။ ငါက Live လႊင့္ေပးထားမယ္။ မင္း ဘာလုပ္ေနတာလဲ။ ျမန္ျမန္ လုပ္ေလ!"
ရန္က်ားလိသည္ ထိုလူကို ဗလာသက္သက္ စိုက္ၾကည့္လိုက္ၿပီး ေျခလွမ္းအရိွန္ကို ျမႇင့္တင္လိုက္သည္။
ထို႔ေနာက္ ေမွာင္မိုက္ၿပီး ေၾကာက္ဖြယ္ေကာင္းေနေသာ သုသာန္ထဲသို႔ ဝင္သြားသည္။
ရိုက္ကူးေရးကို မရပ္တန္႔ၾကေသးသည့္ ပုဂၢလိက မီဒီယာသမားမ်ားကလည္း အေနာက္မွ ဆက္လိုက္လာၾကခ်င္ေသးသည္။ သုသာန္ကို ေစာင့္ၾကည့္ေပးရသည့္ ဘိုးဘိုးႀကီးက ထမင္းစားၿပီးေနာက္၊ သြားၾကားထိုးရင္း အခန္းထဲမွ ထြက္လာေသာအခါ ရိုင္ဖယ္ေသနတ္မ်ား ကိုင္ေဆာင္ထားသကဲ့သို႔ ျဖစ္ေနေသာ လူမ်ားကို ေတြ့လိုက္ရေသာေၾကာင့္ အနားမွ ၾကက္ေမြးကို ႏွစ္ခ်က္မ်ွ ပုတ္လိုက္ၿပီး
"ဘာလာလုပ္ၾကတာလဲ!"
"ကြၽန္ေတာ္တို႔...ရိုက္ကူး..."
ထို မီဒီယာသမားမ်ားက တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္မိၾကသည္။
ဘိုးဘိုးႀကီးသည္ သူတို႔လက္ထဲ၌ ကိုင္ေဆာင္ထားေသာ ကင္မရာမ်ားကို ၾကည့္ရင္း က်ိန္ဆဲေတာ့သည္။
"ဒါ သခ်ၤိဳင္းကုန္းကြ! မင္းတို႔က ကင္မရာေတြ ယူလာၿပီး ဘာလုပ္တာလဲ။ ဒီေနရာမွာ မင္းတို႔အေမကို ျမႇဳပ္ထားလို႔လား ဒါမွမဟုတ္ ဘာျဖစ္ခ်င္ေနၾကတာလဲ။ ထြက္သြားၾကစမ္း"
ထိုလူအနည္းစုက မသက္မသာ ျဖစ္သြားၾကေသာ္လည္း အထဲတြင္ေတာ့ ဆက္လက္ ေနခဲ့ခ်င္ၾကေသးသည္။
ဘိုးဘိုးႀကီးက ၾကက္ေမြးကို ေျမႇာက္လိုက္ၿပီး
"ထြက္သြားၾက၊ ထြက္သြားၾက!"
အဆံုးမွာေတာ့ အရိုက္ခံရမည္ကို ေၾကာက္သည့္ သတင္းေထာက္မ်ား ထြက္ေျပးသြားၾကမွသာ အဘိုးအိုက က်စ္တစ္ခ်က္ စုတ္သပ္လိုက္ၿပီး သုသာန္ထဲ လွည့္ထြက္ရန္ျပင္သည္။
သူသည္ မ်က္လံုးပင့္ၿပီး လွမ္းၾကည့္လိုက္ေသာအခါ ရန္က်ားလိ၏ ပိန္ပိန္ပါးပါး ခႏၶာကိုယ္ေလးမွာ တျဖည္းျဖည္းႏွင့္ ေဝးကြာသြားသည္ကို ေတြ့လိုက္ရသည္။
အဘိုးအိုသည္ ရန္က်ားလိအား ေအာ္ေခၚရန္ ျပင္လိုက္ေသာ္လည္း ရုတ္တရက္ တစ္ကိုယ္လံုးမွာ အေအးဒဏ္ေၾကာင့္ ဆတ္ခနဲ တုန္တက္သြားသည္။
အဘိုးအိုက မိမိကိုယ္ကို အဝတ္မ်ားႏွင့္ ထုပ္ပတ္လိုက္ၿပီး ေကာင္းကင္ကို ၾကည့္မိေသာအခါ မၾကာခင္မွာပဲ ႏွင္းမ်ားက်ဆင္းလာေတာ့မည့္အတိုင္း ျဖစ္ေနသည္မို႔ ကမန္းကတန္းႏွင့္ ေနြးေထြးေသာ အခန္းထဲ ျပန္ဝင္သြားသည္။
ရန္က်ားလိသည္ သုသာန္ထဲတြင္ တစ္လွမ္းခ်င္း တစ္လွမ္းခ်င္း ေလ်ွာက္လွမ္းေနသည္။
လမ္းတစ္ဝက္ ေရာက္ေသာအခါ ရုတ္တရက္ ကိုယ္ခႏၶာကို ရပ္တန္႔မိလိုက္သည္။
တစ္စံုတစ္ေယာက္က သူ႔အား လွမ္းေခၚလိုက္သလိုပါပင္။ ထိုအသံမွာ အလြန္အမင္း အေလာႀကီးပံု ေပါက္ေန၍ သူ႔အား ေျခလွမ္းမ်ားကို ရပ္တန္႔သြားေစသည္။
သူသည္ ျဖည္းျဖည္းခ်င္း ေခါင္းလွည့္လာၿပီး ေနာက္ကြယ္မွ အေမွာင္ရိပ္ကို ၾကည့္လိုက္သည္။ ေသြးေၾကာနီမ်ား ဖံုးလႊမ္းေနေသာ မ်က္ဝန္းထဲမွ မ်က္ရည္က်လာၿပီး ႏႈတ္ခမ္းမွ တစ္စံုတစ္ခုအား ေျပာခ်င္ေနသည့္ႏွယ္ မဆိုစေလာက္ လႈပ္ရွားသြားေသာ္လည္း ေနာက္ဆံုးမွာေတာ့ ဘာမွမေျပာႏိုင္ခဲ့ေပ။
ေခါင္းျပန္ငံု႔ကာ ထံုက်င္ေနေသာ မ်က္ဝန္းမ်ားျဖင့္ သုသာန္၏ အလင္းေရာင္ ကင္းမဲ့သည့္ ေဝးလံေခါင္ဖ်ား အရပ္ဆီသို႔သာ ေျဖးေျဖးေဆးေဆး ေလ်ွာက္သြားခဲ့သည္။ မၾကာခင္မွာပဲ လူတစ္ေယာက္လံုး အေမွာင္ထုထဲ နစ္ျမႇဳပ္သြားေတာ့သည္။
ယဲ့ထင္ ေလဆိပ္မွ ထြက္လာေသာအခါ သူ႔ေျခေထာက္မ်ားက ေပ်ာ့ေခြေနၿပီး စိတ္ခံစားခ်က္မ်ားကလည္း အလြန္တရာ ျပင္းထန္ေနသည္။
လက္ေထာက္ျဖစ္သူက နံေဘးမွ တြဲထားေပး၍သာ ေတာ္ေတာ့သည္။
သူ႔မ်က္ႏွာမွာ ေသြးေရာင္ကင္းမဲ့ေနၿပီး မ်က္လံုးထဲတြင္လည္း အတိတ္က မရိွခဲ့ဖူးေသာ ေၾကာက္ရြံ႔ တုန္လႈပ္မႈမ်ားသာ ႀကီးစိုးလို႔ေနသည္။
ဖုန္းထဲမွတစ္ဆင့္ ေဆးမ်ားကို စစ္ေဆးေပးခဲ့ေသာ တာဝန္ခံက ေျပာၾကားခဲ့ေသာ စကားမ်ားသည္ သူ႔နားထဲတြင္ တရစ္ရစ္ႏွင့္ ဝဲပ်ံေနသည္။
"ဥကၠဌယဲ့၊ ကြၽန္ေတာ္တို႔ရဲ့ စစ္ေဆးခ်က္အရ ခင္ဗ်ား ပို႔လိုက္တဲ့ ေဆးေတြက Selective serotonin reuptake inhibitor အမ်ိဳးအစားပါ။ ေဆးနာမည္ကေတာ့ Fluoxetine hydrochloride လို႔ ေခၚပါတယ္။ ေနာက္ Prozac လို႔လည္း ေခၚၾကပါတယ္"
"ဒီေကာင္က 5-HT ကို ပို႔ေဆာင္ေနတာေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ သံုးတာ၊ ေနာက္ နာဗ္ေၾကာေလးေတြရဲ့ အေျမႇးပါးကေန 5-HT ကို စုပ္ယူတာကိုလည္း ပိတ္ထားေပးၿပီးေတာ့ 5-HT ရဲ့ အာနိသင္ကို ပိုသက္တမ္းၾကာသြားေစတာ။ အဲ့လိုကေန စိတ္က်ေရာဂါေတြကို သက္သာသြားေစတယ္"
(5-HT ဟူသည္ ဦးေနွာက္၊ ေသြးဥဆဲလ္မ်ား၊ အစာေျခလမ္းေၾကာင္းႏွင့္ pineal gland တို႔တြင္ ေတြ့ရေသာ ေဟာ္မုန္းတစ္မ်ိဳး ျဖစ္သည္။ ၄သည္ တစ္စံုတစ္ခုအား အာရံုေၾကာမ်ားမွ တစ္ဆင့္ အခ်က္ျပေပးျခင္းႏွင့္ ေသြးေၾကာမ်ားကို က်ဉ္းေစေသာ substance အျဖစ္ ႏွစ္္မ်ိဳးစလံုး လုပ္ေဆာင္ေပးသည္။ ဦးေနွာက္ထဲတြင္ 5-HT ခ်ိဳ႕တဲ့ျခင္းသည္ စိတ္ဓာတ္က်ျခင္း၏ အေၾကာင္းရင္းတစ္ခုျဖစ္သည္။ ၄ကို Serotonin ဟုလည္း ေခၚေသးသည္)
"ေဆးပညာအရေတာ့ အဲ့ဒါက ပံုမွန္ဆို စိတ္က်ေရာဂါ၊ ဒါမွမဟုတ္ အေၾကာက္လြန္တာနဲ႔ အစိုးရိမ္လြန္တတ္တဲ့ ေရာဂါေတြကို ကုသဖို႔သံုးတာ..."
ယဲ့ထင္သည္ ယိုင္တိယိုင္တိုင္ႏွင့္ ကားေပၚ တက္လာသည္။
ကားက လႈပ္ခတ္သြားသည္ႏွင့္ သူ၏ ဦးေနွာက္ထဲတြင္လည္း ရႈပ္ေထြးေပြလီကုန္သည္။
ထိုစစ္ေဆးေပးသူက ေသခ်ာေပါက္ လိမ္ေျပာေနတာသာ ျဖစ္ရမည္။ မဟုတ္လ်ွင္ သူကိုယ္တိုင္က နားၾကားမွားတာလည္း ျဖစ္ႏိုင္သည္ဟု ေတြးေနသည္။
သူ၏ ရန္ရန္က ဘယ္တုန္းကမွ ထိုကဲ့သို႔ အၾကင္နာ ကင္းမဲ့သူ မဟုတ္ခဲ့ပါေခ်။ မည္သို႔ေသာ ကိစၥမ်ိဳးႏွင့္ ႀကံဳႀကိဳက္ပါေစ၊ သူ၏ မ်က္ဝန္းႏွစ္ဖက္စလံုးက ေတာက္ပေနၿပီး အၿပံဳးမ်က္ႏွာေလးက အဆံုးအစမရိွ ခ်ိဳသာရင္ေအးေစလ်က္။ သူသည္ ရံဖန္ရံခါ မေပ်ာ္ရႊင္မႈေၾကာင့္ စိတ္ခံစားခ်က္မ်ားကို လိုက္လံေနွာင့္ယွက္ တတ္ပါေသာ္လည္း ဘယ္လိုျဖစ္ၿပီးေတာ့မ်ား......
မၾကာေသးခင္က ရန္က်ားလိ၏ အထီးက်န္ဆန္ေနေသာ ပံုရိပ္ေလးႏွင့္ မႈန္ရီေဝမိႈင္းေနေသာ မ်က္ဝန္းေလးမ်ားအေၾကာင္း ရုတ္တရက္ စဥ္းစားမိသြားေသာအခါ ယဲ့ထင္တစ္ေယာက္ ေၾကာင္အမ္းသြားသည္။
ရုတ္တရက္ဆန္ေသာ စိတ္ခံစားမႈမ်ားက အခ်ဥ္ေဖာက္သြားကာ ခႏၶာကိုယ္အႏွံ႔ ေပါက္ကြဲထြက္လာၿပီး သူ႔အား အသက္ရႈရပ္တန္႔ သြားေစလုမတတ္ပင္။
လက္ေထာက္က ယဲ့ထင္ နံေဘးတြင္ ထိုင္ေနၿပီး ဖုန္းေျပာၿပီးေသာအခါ ယဲ့ထင္အား ျပန္လည္ အစီရင္ခံသည္။
"ဥကၠဌယဲ့၊ ရွာလို႔ေတြ့ပါၿပီ။ လူႀကီးမင္းရန္က Heshan သခ်ၤိဳင္းကို သြားတာပါ"
ယဲ့ထင္၏ လက္ေခ်ာင္းမ်ားသာမက အသံမ်ားပါ တုန္ရီလို႔လာသည္။
"အျမန္၊ ျမန္ျမန္....."
.
.
.
.
.
14/11/2021(Sun)
ေဆးပညာပိုင္းကို သိပ္နားမလည္လို႔ အမွားေလးမ်ားရိွရင္ ျဖည့္ဖတ္ေပးၾကပါလို႔ အဟု အဟု
×××