Secret Monster

Da ErigomTdoo

14.3K 2K 447

#Chansoo #Kaisoo Altro

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep-14
Note
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 36
Ep - 37
38
Ep - 39
Ep - 41
Ep - 42
Ep - 43
Ep - 44
Ep - 45
Ep - 46
Ep - 47
Ep - 48 ( uni )
Ep - 49 ( uni )
Final ( uni )

Ep - 40

169 19 3
Da ErigomTdoo

မင်းဆီမှ ကျရှုံးခြင်းတွေဆီကနေပြေးထွက်ရင်း ကိုယ့်ကိုကိုယ် အထင်ကြီးနေပြီး ..ခံစားချက်တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်ပုံစံဖြင့် အရယ်အပြုံးနည်းတဲ့ ငါဟာ အရမ်းကို ပညာသားပါတဲ့ ဟန်ဆောင်မှုတွေကြောင့် ကိုယ့်ကိုကိုယ် ချီးကျူးနေမိသည် ။ အချိန်၏ ကုစားခြင်းကို ယုံကြည်သော ကိုယ်ဟာ မင်းပျောက်ကွယ်သွားမယ့် အချိန်တစ်ခုကို စောင့်ဆိုင်းနေခဲ့သည် ။ ဒီအသက်အရွယ်မှာ ဘယ်လိုအတိုင်းအတာအထိ ရှင်သန်မလဲဆိုပြီး သတ်မှတ်ချက်တွေဖြင့်ပြည့်နေသော ကိုယ့်အတွက် မင်းဟာ အနှောက်အယှတ်တစ်ခုထက်မပိုပါ ။

မင်းဟာ ကိုယ့်ဘ၀ရဲ့ တစ်ခုထဲသော လွှတ်လမ်းတစ်ခုလိုမျိုး ... ကိုယ်ပထမဆုံးဖက်တွယ်မိတဲ့ သံယောဇဥ်အပိုင်းအစလေးဖြစ်လာတဲ့အခါ မင်းဟာ သိပ်ကိုကြောက်ဖို့ကောင်းလာခဲ့သည် ။ ကိုယ်သနားစရာကောင်းအောင်မပြောချင်ခဲ့ပါ သို့သော် ....

"     ကိုယ်ကမင်းအတွက် အဲ့လောက်တောင် မျော်လင့်ချက်ကင်းမဲ့သွားပြီလား ?   "

Kyungsoo က တစ်ဖက်လူ၏ ညိုးငယ်နေသောပုံစံကိုမျက်နှာလွှဲလျက် ... နောက်တစ်ကြိမ်အဖြစ် တစ်စုံတစ်ယောက်ကို ပြန်လည်၍ မရွေးချယ်မိရန် သူ့ကိုယ်သူ တွန်းအားပေးနေခဲ့သည် ။

"    ဆရာ အရာအားလုံးပြီးဆုံးသွားပြီဆိုတာ သတိထားပါဦး  ကျွန်တော်ကအခု အိမ်ထောင်ပြုပြီးသွားတဲ့လူတစ်ယောက်ဖြစ်နေပြီ ဆရာသာအခုလိုခေါ်မသွားရင် ကျွန်တော့်အမျိုးသားနဲ့ ဟန်နီးမွန်းထွက်နေရမှာ   "

"    မင်းမချစ်တဲ့လူကို လက်ခံနိုင်လား ?    "

"    ဆရာတောင်လက်ခံနိုင်ခဲ့သေးတာပဲ ကျွန်တော်က ဘာလို့လက်မခံနိုင်ရမှာလဲ ? ဆရာလည်း အခုကိုယ့်သားဆီကိုသွားပြန်ကြည့်သင့်တယ်  အမ Minhee e တို့ကအခုထိ ခက်ခဲနေတုန်းပဲ  လူစိတ်ရှိတယ်ဆိုင်ရင် ကိုယ့်သားသမီးကိုတော့ ပြန်ကြည့်သင့်တယ်လေ   "

"    မင်းမလိုချင်တော့တဲ့အခါ သူများလက်ထဲထိုးပေးပြီး မင်းလိုချင်တဲ့အခါ ငါ့ခြေထောက်ကိုအတင်းဖက်တွယ်ခဲ့တာ မင်းမဟုတ်တဲ့အတိုင်းပဲ ... အရာအားလုံး မင်းကသာမှန်ပြီး ငါဆိုတဲ့ကောင်ကအမြဲမှားနေတာပဲ     "

"    မဟုတ်ပါဘူး ကျွန်တော်ကသာ ကိုယ့်အတွက်သီးသန့်မဟုတ်တဲ့လူတစ်ယောက်ကိုတွယ်ကပ်ခဲ့မိတာ  ကျွန်တော်ကသာ ကိုယ့်အိမ်မက်တွေကို လုံး၀နင်းချေပစ်တဲ့လူကိုမှချစ်ခဲ့မိတာ ...

(Kyungsoo က သူ့၀မ်းနည်းမှုတွေကိုအထိန်းချုပ်နိုင်ပဲ မျက်ရည်များ၀ဲတက်လာလျက်ဆက်​ပြောသည် ။)

ရစရာမရှိအောင်မျက်နှာအငယ်ခံရပြီး လင်ငယ်တစ်ယောက်လိုမျိုး ပစ်ပယ်ခံရတာတောင်အမှတ်သည်းချေမရှိ ကမ်းနေခဲ့တာ .... ကျွန်တော်အမြဲတွေးခဲ့တယ် ဆရာဟာကျွန်တော့်ကိုချစ်ပါတယ်ဆိုပြီး .... ဒါပေမဲ့ ကျွန်တော်သိလိုက်တယ် ဆရာသာချစ်ခဲ့တယ်ဆိုရင် အခုလိုတွေဖြစ်စရာမှမရှိတာ မဟုတ်ဘူးမှတ်လား ?? အချစ်တစ်ခုဟာ သိပ်ကိုပင်ပန်းတယ်လို့များ ကြိုသိခဲ့ရင် ဆရာ့ဆီက ဘယ်လိုအရာကိုမှတက်မက်ခဲ့မှာမဟုတ်ဘူး  ။  အရာအားလုံး ကျွန်တော်မှားခဲ့တာပါ ....    "

Chanyeol ဟာ ဘာမှပြောစရာမရှိတော့ပါ ။ သူ့အတွက် အရာအားလုံးချခင်းထားတဲ့လူအပေါ်ကိုမှ နင်းချေမိခဲ့လေသည် ။ ဒီအချိန်အထိ Kyungsoo ကို လက်လွှတ်မပေးနိုင်သေးပါ ... ဒီကလေးမရှိတော့တဲ့ အနာဂတ်တွေဟာ သိပ်က​ိုမှောင်မိုက်လွန်းတာကြောင့် ဆွဲထားချင်မိသည် ။ ဒီအမှားတွေကို ပြင်ပါရစေလို့ ....ပြောလျှင်တောင် တစ်ဖက်လူကတော့ ယုံကြည်မှုမရှိတော့ပါ ။

လူတစ်ယောက်ရှေ့တွင် ပထမဆုံးဒူးထောက်မိခြင်းပါပဲ ကိုယ့်ကိုကိုယ်ကြည့်ရင်း တစ်ချိန်က ကိုယ့်အရှေ့မှာဒူးထောက်ခဲ့သော မင်းကိုပြန်မြင်လာမိသည် ။  ၀ဋ်တွေဟာ အနှေးနဲ့အမြန်လည်တတ်ကြောင်း ကိုယ်သိလာပါပြီ ။ Kyungsoo ကတော့ ရုတ်တရက်သူ့အရှေ့ ဒူးထောက်လိုက်သော တစ်ဖက်လူကြောင့် သိပ်ကိုထိတ်လန့်သွားသလို သူ့ဆရာဖြစ်သူက ဒူးထောက်နေတာကြောင့် ချက်ချင်း ရပ်နေရာက ကြမ်းပြင်ပေါ် ထိုင်လိုက်မိသည် ။

"    ဆရာ အဲ့လိုမလုပ်ပါနဲ့ ပြောင်းလဲသွားတာ ဘာမှမရှိပါဘူး    "

"    ကလေး ကိုယ်ရော မင်းနေရာမရနိုင်ဘူးလား ? အရင်က မင်းအခုလိုတောင်းပန်တော့ ကိုယ်လိုက်လျောခဲ့သလိုမျိုး မဖြစ်နိုင်ဘူးလား ?    "

"    ဟင့်အင်း ....ဆရာ့ကို အဲ့လိုလူမျိုးအဖြစ်မခံနိုင်ဘူး ... "

"    မင်းကိုယ့်ကိုပြော   ချစ်နေသေးတယ်မှတ်လား ?    "

ကောင်လေးကတော့မျက်ရည်တွေကြားထဲကနေ ခေါင်းတွင်တွင်ခါကာ ငြင်းရှာသည် ။ ဒါပေမဲ့ မလိမ်တတ်သော မျက်လုံးတွေဟာ ရင့်ကျက်နေသော တစ်ဖက်လူတစ်ယောက်အဖို့တော့ ဖတ်ရလွယ်နေပြန်သည် ။ Kyungsoo ဘက်ကအခုလိုမျိုး ခံစားချက်တွေရှိနေလေ Chanyeol ကလည်း ထိုအမျှင်တန်းလေးကိုမရမက ဆွဲထားဖို့အတွက် အင်အားတွေရှိလာလေဖြစ်နေခဲ့သည် ။

သူဟာ ကလေးမျက်နှာပေါ်က မျက်ရည်များကို တို့ထိပြီး လက်ချောင်းများကိုလည်း ခပ်တင်းတင်းဆုပ်ကိုင်ထားသည် ။

"    ကိုယ်မင်းကို ချစ်တယ် ... ကိုယ်မှားခဲ့တာပါ ကလေး ... တစ်ခါလောက်ပဲ ပြင်ဆင်ခွင့်ထပ်မပေးနိုင်ဘူးလား ? ကိုယ်ကတိပေးပါတယ် မင်းကလွဲပြီး ဘယ်သူ့ကိုမှ ထပ်ပြီး မလိုအပ်တော့ဘူး ကိုယ် မှားပါတယ်  "

"    အဲ့လိုမလုပ်ပါနဲ့    "

Kyungsooက သူ့လက်တွေအား ပြန်ဆွဲနေသော်လည်း Chanyeol ကတော့ လုံး၀လွှတ်ပေးမယ့်ပုံမရဘူး ။ အဲ့အချိန် သူ့ဆန္ဒကတော့ အခုထိအပိုင်မဟုတ်သေးသောစိတ်က ဆရာ့ဘက်ပါမသွားခင် Jongin အမြန်ရောက်လာပါစေလို့သာ မျော်လင့်မိတော့သည် ။ အခုသူဟာ အရမ်းကိုရုန်းရခက်သော နွံထဲနစ်နေသလိုပါပဲ ... ရုန်းချင်ပေမဲ့ ဘယ်လိုမှ အားမမျှသောအခါ ကယ်မဲ့လူကိုသာ စောင့်ရုံတက်နိုင်ခဲ့သည် ။

"    ကျွန်တော်တောင်းပန်ပါတယ်    "

"    မင်းငါ့ကိုချစ်နေသေးတယ်လေ   "

Kyungsoo ဟာ သူ့ဆီမှာကျန်နေသေးသော အချစ်၏ အကျွင်းအကျန်များကို အစဆွဲထုတ်နေသော အရှေ့ကလူကို သနားစွာကြည့်လိုက်ပြီး ထပ်တူ နာကျင်မိပေမဲ့ .... အဲ့ဒါဟာ မရင်လို လက်ဆက်နေသော အချစ်တစ်ခုတော့ မဟုတ် .... ဆရာဆီကိုနောက်တစ်ခေါက်ပြန်သွားဖို့အတွက်တော့ တွန်းအားမဖြစ်တော့ပါ ။

ဒီလောက်တောင် ခယ နေတာကို သူ့အပေါ်နည်းနည်းလေးတောင် ပျော့မလာသော Kyungsoo ကြောင့် သူ့အတွက် လုပ်စရာနောက်ဆုံးနည်းလမ်းသာရှိတော့သည် ။ သူ့လိုလူယုတ်မာအတွက်ကတော့ ဒီထက်လည်း အခြားလူကိုဂရုစိုက်စရာမှမလိုတော့တာ ....

"   ဆရာ ဘာလုပ်တာလဲ ? ကျွန်တော်သဘောမကျဘူး    !!!   Hummm "

Kyungsoo ဟာ သူ့ခေါင်းကိုအနောက်ကနေ ဖမ်းကိုင်ရင်း နှုတ်ခမ်းကို ကြမ်းတမ်းစွာနမ်းလာသော Chanyeol ကို တွန်းထုတ်လိုက်ပြီး အ​ေ၀းကိုထသွားသော်လည်း တစ်ဖက်လူက သူ့ကိုလုံး၀မလွှတ်ပေးပဲ  ခန္ဓာကိုယ်ကို အတင်းဆွဲဖက်ရင်း အနားကို ဆိုဖာပေါ်ကို ပစ်ချလိုက်သည် ။ ထိတ်လန့်နေသော ကောင်လေးကတော့ တစ်ဖက်လူရွေ့နေသော အကွက်တွေကိုရိပ်မိတာကြောင့် အတင်းတွန်းကန်နေသော်လည်း ထိုမျှလောက်လည်း အားမမျှပါ ။ လွှမ်းမိုးခံနေရပြီး သူ့အကျင်္ီအောက်ကနေ ညစ်ညမ်းစွာ ပွတ်သပ်လာသော အတွေ့အထိတွေကြောင့် Kyungsoo ဟာ အတင်းအော်ဟစ်နေသည် ။ သူလုံး၀ကိုသဘောမကျဘူး ။။။။ ဒါက စိတ်ပျက်ဖို့ကောင်းတယ်လို့ခံစားရသလို အရင်မိန်းမကိုလည်း အခုလိုတွေ လုပ်ခဲ့ဖူးတယ်လို့ တွေးမိတော့ ပိုပြီး ရွံရှာလာမိသည် ။ သို့သော် Chanyeol ကတော့ အရမ်းကို မရပ်တန့်နိုင်ပဲ သူချစ်ရတဲ့ကောင်လေးရဲ့ အတွေ့အထိတွေမှာ မျော်ပါနေမိသည် ။

အစကတော့ ဒီကလေးကို အရမ်းအမြတ်တနိုးထားသောကြောင့်မထိရက်မကိုင်ရက်ဖြစ်ခဲ့ပေမဲ့ အခုတော့အခြားတစ်ယောက်လက်ထဲထည့်လိုက်ရမယ်လို့သိရတော့ သူ့ကိုယ်သူတောင်မထိန်းချုပ်နိုင်တော့ဘူး ။

Kyungsoo က သူ့နှုတ်ခမ်းကို သည်းထန်စွာနမ်းနေတဲ့တစ်ဖက်လူ၏ နှုတ်ခမ်းသားကို ဖိကိုက်ပစ်လိုက်တာကြောင့် Chanyeol တစ်ယောက်နာကျင်မှုကြောင့်နည်းနည်းတော့ဒေါသထွက်သွားသည် ။ Kyungsoo ကတော့ ထိုအခြေအနေကို အမိအရ အခွင့်အရေးယူပြီး Chanyeol ၏ ၀မ်းဗိုက်ကိုကန်လိုက်ကာ  အတင်းပြေးထတော့သည် ။ သို့သော် Chanyeol ကညယ်အချိန်ထဲက တံခါးမကြီးကိုပိတ်ထားမှန်းမသိ သူဖွင့်မရဘူး ။ Chanyeol ကတော့ ဆိုဖာပေါ်မှာ ဖရိုဖရဲထိုင်နေပြီး ခပ်လှောင်လှောင်ပြုံးလိုက်သည် ။

"    မင်းကခပ်လွယ်လွယ် နဲ့ထွက်ပြေးလို့ရမယ်ထင်လို့လား ?  "

"     ကျွန်တော် ဆရာ့ကိုမုန်းအောင်မလုပ်ပါနဲ့  လွှတ်ပေးပါ    "

"    မုန်းကွာ .... စိတ်ကြိုက်သာမုန်း  ဟိုကောင်ကိုတော့မပေးနိုင်ဘူး    "

"    ဆရာ သူနဲ့မယှဥ်နိုင်ဘူး  ကျွန်တော်ဆရာ့ကိုလည်း ထပ်ပြီးဒုက္ခမရောက်စေချင်ဘူး    "

"    မင်းကအခု အဲ့ကောင်နဲ့ ခြိမ်းခြောက်နေတာလား ?    "

"    ဆရာ့အတွက်ပြောတာပါ     "

"     Huk***ငါ့အတွက်ဆိုရင် အခုဒီနားလာပြီး မင်းခန္ဓာကိုယ်ကို ပေးသင့်တာမဟုတ်ဘူးလား ?    "

Kyungsoo က ဒုတိယအကြိမ်တံခါးလက်ကိုင်ကို အသည်းအသန်လှည့်လိုက်သည် လုံး၀ကိုမပွင့်သွားခဲ့ပါဘူး ။ ဒါ့ကြောင့်အနားက ဂေါက်ရိုက်တံကို ယူလိုက်ကာ တံခါးကို ကျောပေးကာ ရပ်ရင်း သူ့ဆီလာနေသော chanyeol ကို ကြောက်ကြောက်လန့်လန့်ဖြင့်ကြည့်လိုက်သည် ။

"    အရင်က မင်းငါ့ဆီပြန်လာမယ်လို့ထင်နေတာ  ဒါပေမဲ့ ထင်သလို မလွယ်ဘူးနဲ့တူတယ်  ဟုတ်တယ်မှတ်လား ? "

"    အနားမလာနဲ့     "

Chanyeol ဟာ သူ့အရှေ့က လူကို ဟာသပျက်လုံးတစ်ခုကိုကြည့်နေရသလို ရယ်နေသည် ။ အဲ့အချိန်တစ်ဖက်ကလည်း Jongin က Kyungsoo ရှိတဲ့ Location နေရာကို ရောက်ခါနီးဖြစ်နေပြီဖြစ်သည် ။ ဂေါက်ရိုက်တံကိုင်ထားရသော ကောင်လေးကတော့ တစ်စုံတစ်ယောက်ကို ရိုက်နိုင်ဖို့အတွက် သူ့ကိုယ်သူတွန်းအားပေးလျက်ရှိနေပြီး ... ဒါဟာ ပထမဆုံး လူရိုက်ဖူးခြင်းဖြစ်သည် ။

"    ငါ့ကိုရိုက်မလို့လား ? ရိုက်လေ   "

"     မတိုးလာနဲ့  တကယ်ရိုက်မိလိမ့်မယ်    "

"    ဟားးးးးးးးး မင်းလိုမျိုးငါးတောင်မသတ်ရဲတဲ့လူက လူရိုက်မလိုလား ?  "

Chanyeol က ကောင်လေးအနားကိုတဖြေးဖြေးတိုးသွားကာ Kyungsoo ကိုအကဲခက်နေသည် ။ သို့သော် အဲ့အချိန် kyungsoo ကလည်း သူ့အရှေ့ကလူကို လှမ်းရိုက်လိုက်သည်မှာ chanyeol ၏ လက်ကောက်၀တ်ကိုထိသွားပြီး အတော်လေးနာနာကျင်ကျင်ဖြစ်သွားကာ  ... Kyungsoo လက်ထဲက ဒုတ်တံကိုကျန်လက်တစ်ဖက်ဖြင့်ဆွဲယူဟာ အ​ေ၀းကိုလွှင့်ပစ်လိုက်တာကြောင့်အိမ်ထဲမှာ ကျကွဲသံတစ်ချို့ဆူညံသွားတယ် ။

အစက ညှာတာဖို့စိတ်ကူးရှိနေသော လူက နာကျင်မှုကြောင့် ဘာမှမစဥ်းစားနိုင်တော့ပဲ Kyungsoo ၏ လည်ပင်းက အကျင်္ီီကော်လံကို ဆောင့်ဆွဲလိုက်ကာ မျက်နှာကို ဖျက်ရိုက်လိုက်သည် ။ Kyungsoo ကတော့ ဒီလုပ်ရပ်ကြောင့်ပိုပြီး ကြောက်လန့်လာခဲ့ပြီး Chanyeol ကို ကန်ကြောက်ရင်း လုံး၀အထိမခံလိုဘူး ။သို့သော်တစ်ဖက်က ဘီလူးစီးနေသော လူကြီးကတော့ သူ့ကို အရုပ်တစ်ရုပ်ပမာ ဆွဲယူရင်း ကြမ်းပြင်ပေါ်ပစ်ချလိူက်သည် ။ ကျောပြင်မှာအတော်လေးအောင့်သွားတာကြောင့် ချက်ချင်းပြန်မထနိုင်ခဲ့ဘူး ။

အဲ့ဒါကိုအခွင့်ကောင်းယူပြီး တစ်ဖက်လူက သူ့ရဲ့​ပေါင်ပေါ်ကနေ ထိုင်ကာ ဖိချကာ အင်္ကျီကို အတင်းဆွဲဖြဲနေသည် ။  Kyungsoo တစ်ယောက်အော်ရလွန်းလို့ငယ်သံတောင်ပါတယ် သူအခု rape ခံရမလိုဖြစ်နေသည်မှာ နဖူးတွေ့ဒူးတွေ့ကြုံရမှာ စိတ်ခြောက်ခြားမှုအရမ်း​ကောင်းမှန်းသိလာရသည် ။  သူဆရာ့အပေါ်ထားတဲ့ အချစ်ဆိုတာ အစတောင်ရှာမရတော့ဘူး  ။

သူ့တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေပြီး စိတ်တွေလည်း ပင်ပန်းနေပြီ .... အဲ့အချိန် သူတို့ရှိနေတဲ့အပန်းဖြေအိမ်နားကို ကားတစ်စီးရောက်လာတဲ့အသံ Kyungsoo ကြားလိုက်ရသည် ။

"    ခွေးမသားလေးက ရောက်လာတာမြန်လိုက်တာ    "

"    Jongin ?    "

"    ခွေးကောင်နာမည်ကိုတမနေနဲ့ အဲ့ကောင်ကို မင်းအခုပုံစံမြင်အောင်ပြရတာပေါ့    "

"    jongin  !!!!   ငါ့ကိုကယ်ပါဦး   " (အော်သံ   )

Chanyeol က လုံး၀ကိုလက်မလျော့ဘူး  သူက kyungsoo ရဲ့ လည်ပင်းတွေကို နမ်းစုတ်ရင်း တစ်ကိုယ်လုံးကိုပွတ်သပ်နေပြီး အရှိန်တက်နေသည် ။ အခုတော့ကောင်လေးခမျာ အင်္ကျီတွေအတော်လေးကင်းမဲ့နေပြီဖြစ်သည် ။ Chanyeol ကတော့ ပို၍အဆင့်တက်ကာ kyungsoo ရဲ့ အောက်ပိုင်းခန္ဓာကိုယ်ကို အကျွမ်းတ၀င်ထိတွေ့လာတယ် ။ Kyungsoo ကတော့ အသံတွေပြာတဲ့အထိ အော်ဟစ်ကာ ရုန်းနေသော်လည်း သူ့လုပ်ရပ်က တစ်ဖက်လူကိုစိတ်ကြွအောင်ဖိအားပေးနေသလိုဖြစ်နေတယ် ။

Chanyeol ကတော့သူမဟုတ်တဲ့ သူစိမ်းတစ်ယောက်ရဲ့နာမည်ကိုတနေတာကြောင့် ပိုပြီးတော့ တစ်ဖက်လူအား အတင်းအကျပ်ရယူသလိုဖြစ်နေသော်လည်း သူမရပ်တန့်ခဲ့ဘူး ။ ၂နှစ်နီးပါးလောက်လွမ်းနေခဲ့ရသော နှုတ်ခမ်းတွေကို နမ်းရှိုက်ရင်း ... ကောင်လေး၏ လက်တွေကို ဖိကိုင်ထားမိသည် ။ တကယ်တော့ ထိုသို့လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူး .... ဒါပေမဲ့ သူနာကျင်နေတယ် ။  အပြင်ဘက်က Jongin ကလည်း Kyungsoo အော်ဟစ်သံကြောင့် တံခါးကို တဒုန်းဒုန်းဖြင့်ထုရိုက်နေသည် ။ ထိုသူခမျာလည်း Kyungsoo ရဲ့အသံကြောင့် စိတ်မောလူမောဖြစ်နေပြီး Chanyeol ကိုသတ်ချင်စိတ်တွေသာပြင်းပြနေသည် ။

ဒီလူ၏ ဒုက္ခပေးမှုကို ခံလာရသော သူ့အတွက်ကတော့ Chanyeol သူ့ကိုမုန်းတဲ့အမုန်းတွေထက်မကတောင် ပြန်မုန်းသေးသည် ။ ဒါပေမဲ့ Kyungsoo ဘက်ကိုငဲ့နေမိတာကြောင့် ဘာမှမလုပ်ခဲ့ဘူး ။ အခုတော့ ထိုသို့မဟုတ် Kyungsoo က စိတ်မပါတော့ဘူးဆိုတာ သိသွားပြီဖြစ်တာကြောင့် Sehun ဆီဖုန်းဆက်ကာ သူရဲ့တည်နေရာကိုပြောပြလိုက်သည် ။ ထို့နောက် ထိုအိမ်ထဲသို့၀င်စရာ နေရာမှန်သမျှကိုလိုက်ကြည့်နေလိုက်တယ် ။။ မှန်ဖြင့်အလှဆောက်ထားသော ထိုအပန်းဖြေအိမ်ကြောင့် သူ့အတွက် အခွင့်အရေးရသွားပြီး Jongin တစ်ယောက် သူ့ကားထဲအမြဲထည့်ထားသော ဘေ့ဘောဒုတ်တံကိုပြန်ယူကာ အိမ်နောက်ဘေးနားရှိ မှန်နံရံကို ရိုက်ခွဲလိုက်သည် ။

ခွမ်း ဆိုတဲ့အသံဟာ အလွန်ပဲ့တင်သံထပ်သွားပြီး chanyeol လုပ်ရပ်တွေတောင်ရပ်တန့်သွားသည် ။ Kyungsoo က အဲ့အချိန်အခွင့်ကောင်းယူကာ မျက်နှာကိုပိတ်ထိုးလိုက်ပေမဲ့ တစ်ဖက်လူကတော့ သူ့ကိုယ်ပေါ်ကနေ လှဲကျမသွားဘူး ။ Chanyeol ကတော့ Jongin အိမ်ထဲရောက်လာပြီသိတာကြောင့် Kyungsoo ကို ပွေ့ချီလိုက်ကာ အပေါ်ထပ်ကိုတက်ဖို့ပြင်သည် ။ သူနောက်ထပ်လူတစ်ယောက်ထပ်သတ်ဖို့ လိုအပ်လာပြီလို့ခံစားနေရတယ် ။

Kyungsoo ကတော့ လုံး၀ကို ငြင်းဆန်နေပြီး သူ့ခန္ဓာကိုယ်ကိုပြုတ်ကျအောင်လုပ်နေသည် ။ သူခဏလောက်အားတင်းပြီးတွန်းကန်နေမယ် ဒါဆို Jongin အတွက်အချိန်ပိုရလိမ့်မည် ။ သူ့စိတ်တွေဟာ တကယ်ပဲ ဆရာ့အပေါ် မတွေးမိတော့ဘူး ...အရာအားလုံးဟာ သူ့ကိုအံ့သြစေသည် ။ အထူးသဖြင့် ကိုယ့်ကိုကိုယ်ပိုအံ့သြစေတယ် ။ အရင်ကတော့ သူ့ကမ္ဘာမှာ ဆရာ့လိုနောက်တစ်ယောက်မချစ်နိုင်တော့ဘူးဆိုပြီး ထင်ခဲ့ဖူးတယ် ....အခုတော့ အဲ့အရာတွေထက် ကိုယ့်ကိုကိုယ်ကိုချစ်သွားခဲ့တာလား ???? ကျွန်တော့်ကိုကျွန်တော် ပြန်ရှာတွေ့မှုတွေဟာ သိပ်ကိုပျော်စရာကောင်းတယ် ။ ဆရာ ကျေးဇူးတွေပေါ့

Chanyeol တို့ပရိပခ ထဲကို Jongin ရောက်လာခဲ့ပြီ ။ သူက လက်ထဲက ကိုင်ထားဆဲဒုတ်ဖြင့် အနားက ကြွေပန်းအိုးကိုရိုက်ခွဲလိုက်ပြီး Chanyeol ဆီကိုပြေးသွားတယ် ။ Chanyeol ကတော့ သူသေမှ Kyungsoo ကိုလွှတ်မယ့်အတိုင်း ပွေ့ဖက်ထားတုန်းပဲ ။ Jongin တစ်ယောက် အ၀တ်ဖရိုဖရဲဖြင့် ငိုထားတာကြောင့်မျက်လုံးများနီရဲနေသော ကောင်လေးကို မြင်တော့ သူ့လက်တွေဟာ ကိုယ်ပိုင်မဟုတ်တော့တဲ့အတိုင်း Chanyeol ရဲ့ ခေါင်းကို ဖြတ်ရိုက်လိုက်သည် ။

ဒုတ်အလေးချိန်ရော အားပြင်းတာကြောင့် Chanyeol နဲ့ Kyungsoo နှစ်ယောက်စလုံး ကြမ်းပြင်ပေါ်ကိုပစ်ကျသွားပြီး Chanyeol တစ်ယောက် ရုတ်ချည်းမထနိုင်တော့ဘူး သူ့ခေါင်းကသွေးတွေကလည်း ဆံပင်အလိပ်တွေကြားထဲကနေ ယိုစီးကျလာပြီး Kyungsoo အင်္ကျီတွေတောင်စွန်းထင်းကုန်သည် ။  Jongin က သူကိုင်ထားသော ဘေ့ဘောဒုတ်ကိုပစ်ချလိုက်ကာ Kyungsoo ကို Chanyeol အနားကနေ ဆွဲထုတ်နေသော်လည်း သေအံ့ဆဲဆဲဖြင့်ခေါင်းမထူနိုင်သော ထိုလူက Kyungsoo လက်ကိုမရမကပြန်ဆွဲထားသည် ။

Chanyeol ဟာ မျက်ရည်တွေကျနေပြီး သူ့ခန္ဓာကိုယ်ရဲ့ ပျက်ယွင်းမှုကြောင့် Kyungsoo လက်ကိုတောင်အားကုန်သုံးပြီးဆွဲနေရသလို ... သူ့ဦးခေါင်းတစ်ခုလုံးကိုက်ခဲနေပြီး မူးမိုက်နေတယ် ။ အခုအချိန် Kyungsoo ကိုလက်လွှတ်လိုက်ရင် တစ်သတ်လုံး ဆုံးရှုံးသွားတော့မှာမို့ သူသေမယ်ဆိုရင်တောင် ဆွဲထားချင်ခဲ့သည် ။ Chanyeol တစ်ယောက် သူ့အသံခပ်ဖျော့ဖျော့ဖြင့် မသွားဖို့ကိုတားနေပေမဲ့ အဲ့အသံကအရမ်းတိုးဖျော့နေသည် ။ ခေါင်းကသွေးတွေထွက်တာ အလွန်းများနေတာကြောင့် မရမက ဆွဲထားရသော လက်ဟာလည်း ပိုပြီးအားနည်းလာရတယ် ။

Kyungsoo ခမျာလည်းအတော်လန့်နေလွန်းတာကြောင့် ကြောင်စီစီဖြစ်နေပြီး Chanyeol ကိုသာစိုက်ကြည့်နေမိသည် သူ့အတွေးတွေဟာ အတော်လေးကို ယောက်ယက်ခက်နေတော့တယ် ။ သူအသိ၀င်လာချိန် Jongin က သူ့ကို chanyeol လက်ထဲကနေ ဆွဲထုတ်သွားပြီဖြစ်သည် ။ ဒါပေမဲ့ ဘယ်လိုလုပ်သွားနိုင်မှာလဲ သေပါစေဆိုပြီး လူတစ်ယောက်ကိုပစ်ထားလိုက်ဖို့ကလည်း အဲ့လောက်အထိ အသည်းမမာပါ ။ ထို့အပြင် .... ထိုလူက ....

"    ဆရာကိုကယ်ပါဦး  Jongin ဆေးရုံကားခေါ်ပါဦး  ဆရာ .... sob*   "

"    ဒီနေရာကနေဆို ဆေးရုံက​ေ၀းတယ် ၁နာရီခွဲလောက်ကြာမှာ   "

"    ခေါ်ပေးပါ Jongin .... မင်းလုပ်နိုင်ပါတယ်  ကားနဲ့မဟုတ်ပဲနဲ့အရေးပေါ်လေယျာ်ဥ်နဲ့ပဲဖြစ်ဖြစ်  ငါ့ကိုကူညီပေးပါ    "

"    ငါကူညီမှာပါ ဒါပေမဲ့ သူ့ကိုဆေးရုံတင်ပြီးတာနဲ့  ငါတို့အတူ ဟန်နီးမွန်းသွားရအောင် Kyungsoo   "

Kyungsoo ဟာမျက်ရည်အ၀ိုင်းသားဖြင့် Jongin ၏ ခြိမ်းခြောက်သံပါနေသော အပေးအယူများကိုနားထောင်ပြီးနောက်မှာ သူ့အားကြည့်နေသော မျက်၀န်းဖျော့ဖျော့တွေကိုတစ်ဖန်ငေးကြည့်လိုက်မိသည် ။ သူ့မှာ ရွေးချယ်စရာ မရှိပါ ။

"    ငါ .... မင်းသဘောအတိုင်းလုပ်ပါ "

ထိုစကားကိုကြားမှ Jongin က သူတို့ဆေးရုံကနေ အရေးပေါ်လေယျာဥ်လွှတ်ပေးဖို့အတွက်ဆက်သွယ်လိုက်ပြီး ဆရာ၀န်ပါတစ်ခါထဲလိုက်လာဖို့ပါ ဆက်ပြောလာသည် ။ Kyungsoo ကတော့ Chanyeol ၏ သွေးများထွက်နေသော ဒဏ်ရာကို အ၀တ်ဖြင့်ဖိပေးနေသည် ။ ရိုက်ချက်ပြင်းသွားလို့သာ နာကျင်ကာမူး​ေ၀နေပေမဲ့ အချိန်အနည်းငယ်လောက်ကြာသွားတဲ့အထိ သတိမလစ်ခဲ့တာကြောင့် အခြေအနေကတော့ထင်သလောက်မဆိုးသော်လည်း အချိန်ကြာရင်သွေးလွန်ပြီး ဦးနှောက်ကိုထိသွားနိုင်သည် ။

"    မခေါ်နဲ့    "

"    ခင်များမသေချင်နဲ့ အစထဲက အဲ့လိုမလုပ်ခဲ့ရမှာ    "

"    ကလေး ....  "

Kyungsoo ကတော့ သူ့ရဲ့၀မ်းနည်းမှုအတိပြီးသော မျက်၀န်းများကို Chanyeol မတွေ့အောင်တစ်ဖက်လှည့်လိုက်ပြီး သူ့လက်ချောင်းတွေကတော့ Chanyeol ဒဏ်ရာပေါ်သို့ အ၀တ်ဖြင့် ဖိထားသည် ။ လက်ထဲမှာ စိုစွတ်နေသော သွေးတွေ​ကြောင့် သူ့ရဲ့ နှလုံးခုန်နှုန်းတွေလည်း မမူတော့ပါ ။

"    မျက်လုံးမမှိတ်နဲ့ ကျွန်တော့်ကိုကြည့်နေ    "

Chanyeol က မျက်တောင်လေးခက်ရင်း Kyungsoo ကို မှေးမှိန်စွာကြည့်နေသော်လည်း သူ့အသိစိတ်ကတဖြေးဖြေးအရောင်မှိန်လာပြီဖြစ်သည် ။

ကောင်လေးတစ်ယောက်ကတော့ သူ့လက်ထဲရှိနေသော လူကိုကြည့်ပြီး သူ့မျက်ရည်များကိုလုံး၀မထိန်းချုပ်နိုင်တော့ဘူး ။ သူရင်တွေလည်း ကျောက်ဆောင်ကြီးပိနေသလို မွန်းကျပ်ပြီး နာကျင်နေသည် ။ နေသားကျနေသော ဟန်ဆောင်မှုတွေလည်း ထိုအချိန်မှာ အသုံးမ၀င်တော့သကဲ့သို့ ... ကြောက်ရွံ့မှုတွေဟာ သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံလာသည် ။ အကြိမ်ကြိမ်ပေါင်းစွာ ပဲ ထပ်တလဲလဲ ထိုလူကိုပဲ ရွေးနေမိတဲ့ သူ့ကိုယ်သူလည်း ဆက်မမုန်းနိုင်ပဲလွှတ်လပ်ခွင့်ပေးလိုက်တော့မည် ။ 

"    ဆရာ ... ကျွန်တော့ကိုကြည့်ပါဦး ခဏလေးပါပဲ ...   "

Jongin ကတော့အနားမှာရပ်ပြီး ကြည့်နေသည် ။ Kyungsoo ကတော့ သူ့ကိုလှည့်တောင်ကြည့်မလာတော့ပါဘူး ။ ကြည့်ရတာ သူထင်သလိုမျိုး ထိုလူအပေါ်ကို Kyungsoo က မချစ်တော့တာမဟုတ်ပဲ ။ ထိုအချစ်တွေဟာ လျော့နည်းသွားရုံသာ ..... ဒါပေမဲ့ အဲ့အချစ်တွေဟာ စိမ့်စမ်းရေတွေလိုပဲ ဘယ်လောက်ပဲ ဖြုန်းတီးပြီးကုန်သွားပါစေ အချိန်တစ်ခုအရောက်မှာ ပြန်ပြည့်သွားမည်ဖြစ်သည် ။ သူကတော့ ကုန်သွားပြီဆိုတဲ့အချိန်မှ ရောက်သွားခဲ့တာပေါ့ ....

#Zawgyi


















































"    Jongin ?    "




























Continua a leggere

Ti piacerà anche

483K 14.6K 98
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
966K 22K 49
In wich a one night stand turns out to be a lot more than that.
201K 19.3K 24
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
673K 33.8K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...