From Home:Renmin(Myanmar tran...

By __KaliK07__

2.5K 301 5

------Na jaeminကHuang renjunရဲ့အိမ်ကလေး, huang renjunရဲ့လုံခြုံမှုအရှိဆုံးနေရာလေး ပြီးတော့ ဒီကမ်ဘာကြီးမှာ ren... More

1
2
3
4
5
6
7
8
9
10
11
💛
1💛
2💛
3💛
4💛
5💛
6💛
7💛
8💛
9💛
10💛
11💛
12💛
💛

12

53 6 5
By __KaliK07__

December,24

နေ့မှရက်၊ရက်မှလ၊လမှနှစ်သို့ကူး​ပြောင်းသွား၏။
ဒီလိုကူးပြောင်းသွားသည်မှာလေလိုပင်မြန်သည်။
ကြောက်စရာကောင်းတဲ့​လေပွေလိုမျိုးပေါ့။
အဲ့ဒါကမင်းရှာမတွေ့နိုင်တဲ့အမည်မသိတဲ့
အရာတစ်ခုခုနဲ့ကြုံတွေ့လိုက်ရသလိုဘဲဟု
renjunကတွေးမိတယ်။ "ဒီနှစ်ကတော့
ရူးလောက်စရာဘဲ"..ဟု သူမှတ်ချက်ချမိ၏။

ဒီနေ့ကခရစ်စမတ်နေ့ဆိုတာကိုတောင်
စိတ်ထဲမထားနိုင်ဘဲ သူဟာအိပ်ယာထဲလှဲနေမိသည်။
သူ့အတွက်အရေးကြီးဆုံးကjaeminဆီကစာဘဲ။
သူအရမ်းအလုပ်များနေတာကြောင့်မို့ သူ့ဆီကနေ
စာကလွဲပြီးဘာကိုမှမျှော်လင့်မထားခဲ့ပေ။
သူငယ်ချင်းတွေကိုလဲလွမ်းမိတာ​ကြောင့်
စကားပြောဖြစ်ကြပေမဲ့လဲ ဘယ်သူမှတော့
သူ့ဆီရောက်မလာနိုင်ကြတာအမှန်ပင်။
သူဝမ်းနည်းနေတာတော့မဟုတ်ပေ တကယ်ကို
အထီးကျန်နေတာဘဲဖြစ်သည်။သူတို့ရဲ့
ပုံမှန်နေ့တွေတိုင်း အချင်းချင်းစကားပြောကြ၊
စာပို့ကြ၊video callခေါ်ကြတော့လုပ်ပေမဲ့လဲပေါ့။

"သူတို့တွေအလုပ်များနေတာဖြစ်မယ် တော်လိုက်တော့renjun ဒီနေ့ကခရစ်စမတ်လေ
အကုန်လုံးသူတို့မိသားစုနဲ့သူတို့ရှိနေကြမှာ"

သူ့မိဘတွေကိုကူညီပေးဖို့အောက်ထပ်ကို
ဆင်းလာတဲ့အခါမှာတော့ "Chenleကခုနကဘဲ
လာသွားတယ် သူကမင်းကိုလာတွေ့အုံး"..ဆိုတဲ့
သူ့မိဘတွေရဲ့စကားကြောင့် "okay"..ဟု
ပြန်ပြောရင်း အဝတ်အစားအမြန်တက်လဲပြီးနောက်
chenleကိုတွေ့ဖို့ရန်ထွက်လာခဲ့လိုက်သည်။

သူတို့တွေဆုံမိတဲ့အခါမှာတော့ အနီးနားကို
ဒီတိုင်းပတ်ပြီးလျှောက်ကြည့်ရင်း မျက်စိထဲ
ဆွဲဆောင်မှုရှိနေတဲ့အရာတစ်ချို့ကိုဝယ်ဖြစ်ကြ၏။

"Jun မင်းpark jisungကိုသိလား?"

chenleကရုတ်တရက်ကြီးသူ့ကိုမေးလာသည်။

"သူကကိုရီးယားကငါ့သူငယ်ချင်းလေ ဘာလို့လဲ? "

"ဘာမှတော့မဟုတ်ပါဘူး သူကငါ့ဆီစာတွေ
လာပို့နေတော့ ငါ့ဖုန်းနံပါတ်ကိုပေးလိုက်တဲ့ တရားခံကမင်းဘဲလို့ ငါထင်နေတာ"

ကောင်ငယ်လေးရဲ့စကား​ကြောင့်
သူရယ်လိုက်မိတယ်။

" ဘာလို့လဲ? ငါ့ကိုလူဆိုးဖြစ်​စေချင်နေလို့လား?
တရားခံဆိုတဲ့စကားကဆိုးတာဘဲ!"

"အာ ကိစ္စမရှိဘူးထားလိုက်တော့ ဟေးး
အဲ့ဒါlucasမဟုတ်ဘူးလား? "

chenleကတစ်ယောက်ယောက်ကို
လက်ညှိုးထိုးပြရင်းပြောလာတယ်။အဲ့ဒါက
တကယ်ကိုlucasဘဲ...

ထို့နောက်သုံးယောက်သား အအေးမှာဖို့ရာအနီးနားက
neocityzoneဟုအမည်ရတဲ့cafeဆိုင်ထဲသို့
ဝင်လိုက်ကြသည်။ဘာလို့ဆို ခရစ်စမတ်အတွက် လိုအပ်တဲ့ပစ္စည်းတွေမဝယ်ခင်အချိန်တွေအများကြီးဖြုန်းမိကြမည်ကိုသူတို့သိတာကြောင့်ဖြစ်သည်။

"Jasmine teaခွက်ကြီးတစ်ခွက်ပေးပါ"

သုံးယောက်သားဟာတရုတ်ပြည်ရဲ့မြို့တွေထဲ
လျှောက်သွားရင်းအလုပ်များနေကြသည်။ထို့​နောက်
အနားကပန်းခြံတစ်ခုထဲလှမ်းဝင်လိုက်ရင်း
အေးအေးဆေးဆေးလျှောက်ကြည့်ဖြစ်ကြ၏။

"renjun ကိုရီးယားမှာကျန်ခဲ့တဲ့မင်းကောင်လေးကို
မလွမ်းဘူးလား?အာ ဒီမေးခွန်းအတွက်sorryပါကွာ"

"အဲ့ဒါကမေးခွန်းဆိုရင်အဖြေကအင်းဘဲပေါ့"

chenleနဲ့lucasဟာသူ့ကိုကြည့်ပြီးအသာရယ်ကြ၏။

"ဟုတ်ပါပြီ ဒါဆိုငါတို့အရင်ပြန်နှင့်မယ်"

ထို့နောက်တော့chenleဟာ ခုထိသူ့ကိုပြုံးကြည့်နေဆဲ
lucasကိုရုတ်တရက်ကြီးဆွဲခေါ် ၍ထွက်သွားလေသည်။

"ထူးဆန်းနေတယ်"..ဟုသာသူရေရွတ်ဖြစ်သည်။
သို့သော်ဘာရယ်အကြောင်းမှတော့သူမတွေးမိပေ။
အဲ့အစားပန်းခြံထဲသို့သာလျှောက်ကြည့်နေလိုက်၏။

"ဟိုင်း...အချစ်"

တစ်စုံတစ်ယောက်ကသူ့အနားကပ်ကာ တီးတိုးပြောလာသည်ကြောင့်လန့်ပြီး
ခုန်မိလိုက်တော့မလိုဖြစ်သွားရသည်။ထိုအသံက
သူအမြဲတမ်းကြားဖူး​နေကြအသံဖြစ်မှန်းလဲ သူသေချာပေါက်သိသည်။

အချိန်အကြာကြီးစောင့်ပြီးနောက်တော့ သူအချစ်ရဆုံးဖြစ်တဲ့na jaeminဆီကနေ အချစ်ဆိုတဲ့ခေါ်သံကိုကြားရပြီဘဲဖြစ်သည်။
အဲ့ခဏကအချစ်ဆိုတဲ့ခေါ်သံကြောင့်
သူ့ဒူးခေါင်းတွေ အားပျော့သွားရသလို ခံစားရပေမဲ့လဲ တကယ်ကဒီတိုင်းလေးရပ်မြဲတိုင်း
ရပ်နေမိလျက်သာရှိသည်။

renjunဟာသူကြားရတဲ့အသံက သူ့စိတ်က
လှည့်စားနေတဲ့အသံလား တကယ့်na jaeminရဲ့
အသံလားဆိုတာသိရဖို့နောက်လှည့်ကြည့်ရန်
ပြင်လိုက်သည်။

"ငါ့ဘက်လှည့်ကြည့်ပါအုံး"...

ထိုလူကထို့သို့ပြောလာသည်နှင့်အတူ သူသည်လဲ
တကယ်လှည့်ကြည့်မိလိုက်၏။

မျက်နှာကိုမြင်လိုက်ရပြီးနောက်...အဲ့ဒီ့ကြည့်ကောင်းပြီး ချောမောတဲ့သူ့ချစ်သူရဲ့မျက်နှာကိုတွေ့လိုက်ရတာကသူ့ကိုငို​အောင်ထိလုပ်လိုက်နိုင်သည်ပင်။

"ဒါကအိမ်မက်သာဆိုရင် ဒီအိမ်မက်ကနေပြီး
ငါဘယ်တော့မှမထတော့ဘူးနော်"

ကောင်လေးကသူ့စကားကိုသဘောကျစွာရယ်၏။

"ဘုရားရေ ငါမင်းရဲ့အဲ့ဒီ့ရယ်သံလေးတွေကိုပါ
အရမ်းလွမ်းနေခဲ့တာလို့..."

renjunဟာခုနကသူ့စကားကိုထပ်ဖြည့်ပြော၏။

"ငါကတကယ့်na Jaeminပါအချစ်ရဲ့
အံ့သြသွားပြီမလား?.."

ထိုသို့ပြောတာကြားရပြီးနောက်တော့ renjunဟာ
နှစ်ခါပြန်တောင်စဉ်းစားမနေဘဲကောင်လေးကို
အတင်းအကြပ်သာပွေ့ဖက်လိုက်သည်။

"အိုက်ယား renjun..ငါအသက်ရှုမရတော့ဘူး"

renjunဟာစိတ်ခံစားလွယ်စွာနဲ့ဘဲ
"ငါမင်းကိုတအားလွမ်းနေတာ"..ဟု
ပြောလိုက်သည်။ထိုအခိုက်သူ့အားတခြားသူတွေပါ ရုတ်တရက်ကြီးဝိုင်းပြီး ပွေ့ဖက်လာကြသည်ကို ခံစားလိုက်ရသည်မို့သူလန့်သွား၏။
ဘယ်သူတွေလဲလို့ သူကြည့်မိလိုက်သည်

"Dreamiesတွေလား?.."

အဲ့ခနမှာဘဲကျယ်လောင်စွာငိုနေမိတဲ့သူဟာ
ဘာကိုမှထပ်ပြီးဂရုမစိုက်နိုင်တော့ပေ။
"ကျွန်တော်တို့တွေhyungကိုလွမ်းနေတာ"..လို့
jisungကပြောလာပြီး ထိုပြောစကားကrenjunကို
ထပ်ငိုအောင်လဲလုပ်နိုင်သည်။

"ဟမ့် ငါတို့တွေကိုဖမ်းမမိအောင်လို့ အများကြီး
ကြိုးစားပြီးဖုံးထားရတာနော်"..ဟူ၍....
haechanကသူတို့ကြားဝင်ပြီးခွန်းတုံ့ပြန်လေသည်။

ထို့နောက်သူတို့ဟာမြက်ခင်းပြင်ပေါ်စုထိုင်လိုက်ကြ၏
ထို့သို့ထိုင်ရခြင်းအပေါ်လဲဘယ်လိုမှမနေကြပေ။

"ဒီကိုလာဖို့ဘယ်လိုများတွေးမိသွားကြတာလဲ? "

renjunကjaeminရဲ့လက်ကိုအသာဆုပ်ကိုင်ရင်း
မေးလိုက်သည်။

"ဒါကငါ့အကြံလေ ဒါပေမဲ့သူတို့တွေကိုပါငါနဲ့အတူ
ဒီခေါ်လာဖို့တော့တကယ်အစီအစဉ်မရှိခဲ့တာ"

jaeminကပြန်ဖြေပေးလာသည်။

"နောက်တော့jisungလေးက သူတို့ပါငါနဲ့အတူ
လိုက်ခဲ့မယ်လို့ပြောတယ် chenleကလဲ ငါတို့အားလုံး
မင်းနဲ့အတူရှိနေပေးကြရင်တော့မင်းအတွက်ဒီနှစ်
ခရစ်စမတ်ကအကောင်းဆုံးဖြစ်သွားမှာလို့ပြောတာနဲ့"

သူ့အဖြေမှန်ကြောင်းကိုအားလုံးကခေါင်းညိတ်
ထောက်ခံကြလေ၏။

renjunကသူအခုကြားလိုက်ရတာနဲ့ပက်သတ်ပြီး
ဘယ်လိုမှဆက်စပ်လို့မရသည်ကြောင့် ရှုပ်ထွေးစွာနဲ့
ပြန်မေးလိုက်ရသည်။

"Chenleလား?? Zhong Chenleလား??
ငါ့သူငယ်ချင်းzhong chenleကိုပြောတာမလား?"

သူတို့်အားလုံးခေါင်းထပ်ညိတ်ပြပြန်၏။

" သူကငါတို့အားလုံးအတွက်လေယာဉ်လတ်မှတ်ဖိုး
ပေးမယ်ဆိုပြီးတောင်ပြောသေးတာ သေချာပေါက်
လက်မခံကြဘူးပေါ့ chenleကလဲjisungလေးနဲ့
ရွယ်တူမို့ကလေးလေးဘဲဟာ"

ထိုခနjisungလေးကhaechanရဲ့ထိုသို့အပြောကို
အလိုမကျစွာမျက်မှောင်ကြုတ်ပြလေ၏။

" အဲ့လိုလက်မခံကြတော့သူကသဘောမတူဘူးလေ
အဲ့ဒါနဲ့ဘဲmark hyungကလက်မှတ်ဖိုးကို
တစ်ယောက်တစ်ဝက်စီပေးကြတာပေါ့ဆိုပြီး
ပြောလိုက်မှဘဲchenleကအဲ့အကြံကိုလက်ခံလိုက်တာ
ဒါကြောင့်ခုလိုမျိုးအားလုံးရောက်လာကြတာဘဲ "

"မင်းတို့အားလုံးငါ့ကိုငိုအောင်ထပ်လုပ်ကြပြန်ပြီ"

renjunကငိုသံပါနဲ့ပြောတော့ jisungကသူ့ထံ
အပြေးကလေးလာဖက်ပြီးနှစ်သိမ့်ပေးလေ၏။
သူသည်လဲjisungလေးတင်ပါးကိုအသာရိုက်လိုက်
သည်ကြောင့် အကုန်လုံးကသဘောတကျရယ်လိုက်ကြသည်။

"အိုက်ဂူးးး ငါတို့jenoရဲ့အဲ့ဒီ့eye smileကိုလဲ
တအားလွမ်းနေတာ ဒါနဲ့စကားမစပ် mark hyungကော lucasကိုတွေ့တော့ဘယ်လိုနေလဲ? "

" Social mediaမှာတွေ့ရတာထက်ကို သူက
အပြင်မှာပိုပြီးတော့ကြည့်ကောင်းနေတယ် "

...........................................................

"အမေ ကျွန်တော်ပြန်ရောက်ပါပြီ "

renjunကတံခါးကိုအကျယ်ကြီးတွန်းဖွင့်ရင်း
သူ့အမေကိုလှမ်းပြောလိုက်သည်။

" အင်း...အိုးးး မင်းတို့လေးတွေနောက်ဆုံးတော့
ရောက်လာကြပြီပေါ့ လာ ကို်ယ့်အိမ်လိုဘဲသဘောထား အကုန်ဝင်ခဲ့ကြလေ"...ဟုသူ့အမေကပြော၏။

"ဟင် နေပါအုံး အမေလဲသိပြီးသားပေါ့"

"အင်းပေါ့ အမေတို့ကို jaeminလေး
ပြောပြထားပြီးသားဘဲဟာ"

သူ့ချစ်သူကောင်လေးဟာ ရုတ်တရက်သူ့ခါးနားကို
လက်မောင်းနဲ့အသာပွေ့ဖက်ရင်း နှစ်ကိုယ်ကြားဘဲ
တီးတိုးပြောလာလေသည်။

"မင်းကိုအများကြီးလွမ်းနေတာအချစ်ရဲ့"

အဲ့အချစ်ဆိုပြီးအခိုင်အမာပြောလာတဲ့အသံကြောင့်
သူ့ဗိုက်ထဲလိပ်ပြာတွေပျံနေသလိုခံစားရပြီး
သူတကယ်ရူးသွားတော့မလိုပင်။အထူးသဖြင့် သူ့ကို
jaeminထိုသို့ခေါ်တဲ့အချိန်တိုင်းဘဲလို့သူတွေးမိ၏။

"ငါလဲမင်းကိုလွမ်းတယ် ပျော်စရာတစ်လပြည့်လေးက
နောက်တောင်ကျနေပြီမလား?..."

renjunပြောပြီးခဏမှာဘဲ သူ့နှုတ်ခမ်းပေါ်မှာ
နွေးထွေးတဲ့အနမ်းတစ်ခုကိုလက်ခံရလိုက်၏။

"ညစာစားလို့ရပြီနော်ကလေးတို့"

renjunမေမေရဲ့အသံကြောင့် အားလုံးအတူ
ထမင်းစားခန်းသို့သွားပြီး huangဇနီးမောင်နှံနဲ့အတူ
ဝိုင်းဖွဲ့ထိုင်ကာလက်ဆုံစားကြသည်။

"ကိုရီးယားမှာကောဘယ်လိုလဲ? "

"ကိုရီးယားကအရင်တိုင်းဘဲဦးလေးရဲ့
ဘာမှပြောင်းလဲမသွားဘူး"

jenoကစားနေရင်းမှrenjunဖေဖေရဲ့အမေးကို
ပြန်ဖြေပေးလိုက်လေ၏။ထို့နောက်တော့
စကားဝိုင်းဟာတိတ်ဆိတ်သွားရင်း အကုန်လုံး
အစားအသောက်ပေါ်မှာဘဲအာရုံစိုက်ကုန်ကြ၏။
ဒီလိုတိတ်ဆိတ်နေမှုကြီးကြောင့်ဘယ်သူမှ
နေရခက်တာမျိုးမဖြစ်ကြပေ။ဒါပေါ့သူတို့ချင်း
ရင်းနှီးလာကြတာဘဲအရမ်းကြာနေပြီလေ။

စားပွဲခုံရဲ့အောက်မှာတော့jaeminဟာ
renjunရဲ့လက်ကိုအသာဆုပ်ကိုင်ထားလေသည်။
ထိုအထိအတွေ့သေးသေးလေးကြောင့်ပင် သူ့မှာ
ရင်ခုန်နေရ၏။"ဒါတအားကိုကြာနေပြီမလား"..ဟုသာ
သူတွေးဖြစ်လိုက်ရသည်။

Countdownရေတဲ့အခါမှာတော့ အားလုံးထဲ
haechanအသံကအကျယ်ဆုံးဖြစ်ကာ jisungကပါ
စပြီးအော်ဟစ်လိုက်လေတော့သည်။

" 5..4..3..2..1...အားလုံးဘဲ Merry Christmas!! "

သူတို့တွေအားလုံးဆူညံစွာအော်ဟစ်နေကြတော့၏။

"ပျော်ရွှင်စရာခရစ်စမတ်နေ့လေးဖြစ်ပါစေအချစ် "

jaeminကသူ့ကိုတီးတိုးပြောလာလေသည်။

" မင်းရောဘဲ အချစ်...ပျော်ရွှင်စရာ
ခရစ်စမတ်နေ့လေးဖြစ်ပါစေနော်"

ထို့နောက်တော့ခရစ်စမတ်သစ်ပင်အောက်မှာဘဲ
သူတို့တွေအနမ်းချင်းဖလှယ်မိလိုက်ကြသည်။

ဘေးနားရပ်နေတဲ့mark hyungက သူတို့နမ်းနေတာ
မြင်တော့ ချောင်းအသာဟန့်ရင်းပြောလေသည်။

"အခန်းထဲကိုသွားကြဟ"

"ဒါပေါ့ သွားကြမှာ"

ထို့နောက် နှစ်ယောက်သားဘာရယ်မဟုတ်
ရယ်မိလိုက်ကြပြန်သည်။

jaeminကသူ့ကိုသူ့ကိုယ်ပိုင်အခန်းထဲသို့
ဆွဲခေါ် သွားတာကိုကြည့်ပြီး တခြားသူတွေက
သဘောကျစွာရယ်ကြတော့၏။သေချာပေါက်
သူတို့တွေနားလည်ပေးနိုင်တာပေါ့ ဒီအချစ်ငှက်
နှစ်ကောင်ဟာ အချင်းချင်းမတွေ့ကြရတာ
အရမ်းကြာနေပြီကိုး.....

jaeminသူ့ကိုနမ်းလာတဲ့အချိန်မှာတော့ renjunဟာတံခါးကိုလော့ချလိုက်ပြီးနောက် တုံ့ပြန်အနမ်းပေးလိုက်၏။ထိုခဏသူတို့ရဲ့
အနမ်းဟာပြင်းပြစွာရှိ​နေရာမှဆာလောင်မှုဆီသို့ ကူးပြောင်းသွားတော့သည်။

"အချစ်...ငါမင်းကိုအရမ်းချစ်တာဘဲ"

jaeminဟာအနမ်းတွေကြားမှထိုစကားကို
အသာဖွဖွပြောလာသည်။ထို့နောက်နမ်းနေရင်းကနေ
renjunနှုတ်ခမ်းကိုအသာကိုက်ရင်းခံတွင်းထဲသို့
နယ်ချဲခွင့်ပေးဖို့ရာအနမ်းကတစ်ဆင့် တောင်းဆိုလေသည်။အစကတော့jaeminက
သူ့နှုတ်ခမ်းကိုဘာလို့ကိုက်မှန်း renjunနားမလည်ပေ။ထို့ကြောင့်jaeminလဲ နောက်တစ်ခါrenjunနှုတ်ခမ်းကို
ခပ်ဖွဖွထပ်ကိုက်လိုက်ရင်း လျှာအချင်းချင်း
ထိတွေ့ခြင်းအမှုကိုပြုလေသည်။

renjunဟာသူခံစားနေရတဲ့အထိအတွေ့ကြောင့်
ညည်းသံတို့ထုတ်မိလိုက်ရသည်။သူတို့ဟာ
အမှောင်ထဲမှာပြင်းပြစွာနမ်းရှိုက်နေကြသည်မို့
လရဲ့အလင်းရောင်ကျေးဇူးနဲ့ဘဲပူးကပ်နေကြတဲ့
သူတို့ရဲ့အရိပ်တွေကိုမြင်နေရလေသည်။

မကြာခင်မှာဘဲ jaeminဟာသူတို့ရဲ့
ပြင်းရှရှအနမ်းတို့ကိုရပ်တန့်လိုက်ပြီး မျက်စိရှေ့က
ကောင်လေးကိုမြတ်နိုးစွာကြည့်ရင်းပြောလိုက်၏။

"ငါမင်းကိုချစ်တယ်..အချစ်"

renjunကလဲ သူ့ကိုနူးညံ့စွာကြည့်ပြီးပြုံး၍
အဖြေပြန်ပေးလေသည်။

"ငါကောဘဲမင်းကိုချစ်တယ်....အချစ်ရဲ့ "

The End

T/N:နောက်ဆုံးတော့ပြီးသွားပါပြီ။
ဒီficတစ်ပုဒ်လုံးအတွက်သီချင်းက NCT Uရဲ့
From Homeပါ။plotကြီးကြီးမားမားမရှိပေမဲ့
အရမ်းသဘောကျရတဲ့ficမို့ဘာသာပြန်လိုက်တာ။
နောက်ဆုံးတော့လက်စသတ်လိုက်နိုင်ပြီT~T














Continue Reading

You'll Also Like

1.5M 26K 53
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
165K 7.6K 103
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
665K 21.7K 80
Follow the story of Cathy Potter as she and the entire school of Hogwarts sees what their future has in store for them... Best Rankings: #3 - Lily Ev...
170K 9K 57
Abandoned and ignored by her father, Princess Vaella remained at her mother's side. Forced to watch as life went on for those around her, while her...