Seoul,south korea
September,23ချစ်ရတဲ့renjunသို့်...
ဟိုင်းအချစ် နောက်ဆုံးတော့ ခုSeptemberလထဲ
ရောက်နေပြီမို့ ဒီရာသီဥတုမှာအေးလာတာကိုလဲ
ငါခံစားရတယ်။ငါမင်းကိုအရမ်းချစ်တယ်ဆိုတာကို
မင်းသိတယ်မလား?ယုံကြည်မှုကအရေးကြီးဆုံးဘဲ
ဆိုတာကိုမင်းလဲသိပါတယ်။အထူးသဖြင့်ငါတို့ရဲ့
ခုလိုအခြေအနေမျိုးမှာပေါ့။ငါနဲ့donghyukနဲ့
ဟိုးရက်ကစကားများခဲ့ကြတယ်။ဘာလို့ဆို
ငါကမင်းနောက်ကွယ်မှာheejinနဲ့အတူရှိပြီး
မင်းကိုလိမ်နေတာလို့ သူကထင်နေတာလေ။
ဘယ်လိုတောင်အဓိပ္ပါယ်မရှိတာကြီးလဲ! ငါကမင်းနောက်ကွယ်မှာဘဲဖြစ်စေ
မင်းရှေ့မှာဘဲဖြစ်စေ ဘယ်တော့မှ မင်းကို
လိမ်ညာမှာမဟုတ်ဘူး။တကယ်လို့များ ငါတို့တွေ
အချစ်ရဲ့အပြင်ဘက်စည်းကိုလွန်သွားခဲ့မိကြရင်
ငါတို့အချင်းချင်းရိုးသားမယ်လို့ငါ့ကိုကတိပေးရမယ်
ဟုတ်ပြီလား?ခုနကအကြောင်းပြန်ပြောရရင်
ငါတို့တွေဘယ်တော့မှအတွေးမလွန်ကြရဘူး။
အဲ့ဒါကသူငါ့ကိုမယုံလို့ဖြစ်ရတာ သူ့အမှားဘဲ။
ငါမင်းကိုအများကြီးချစ်တယ် ပြီးတော့
ပျော်စရာတစ်လပြည့်လေးပါအချစ်။မင်းရဲ့ရိုးသားမှုအရှိဆုံးချစ်သူကောင်လေး
na jaeminမှ
ဒီစာကိုဖတ်ပြီးနောက်မှာတော့ jaeminရဲ့ စကားတွေနဲ့ပက်သတ်ပြီး သူဘယ်လိုခံစားနေရမှန်း
မဖော်ပြတတ်တော့ဘူး။သူ့အပေါ်ထားရှိတဲ့ jaeminရဲ့ခံစားချက်တွေကို စပြီးတော့သံသယဝင်မိလာတယ်။ heejinနဲ့ပက်သတ်ပြီးပြောလာတဲ့စာတွေမှာဆို သူတို့နှစ်ယောက်ရဲ့ခရီးလို့မဆိုသာတဲ့ ခရီးထွက်ကြတာတွေ၊အပြင်အတူတူ လျှောက်လည်ကြတာတွေ၊သူငယ်ချင်းတွေချင်း
တွေ့ကြတယ်ဆိုတာ...သူငယ်ချင်း??
(အဲ့ဒါလဲသူ့ကိုjaeminဘဲပြောတာ)
အဲ့လိုအကြောင်းအရာတွေကဘယ်တော့မှ
မရပ်တန့်သွားဘူးဘဲ။jaeminကိုသူအရမ်းချစ်ပေမဲ့
ခုလိုအကြောင်းအရာတွေများလာတော့ သူ့အနေနဲ့
အတွေးမလွန်အောင်လဲရပ်တန့်လို့မရတော့ဘူး။~~~~~~~~~~~~~~~~~~
YOU ARE READING
From Home:Renmin(Myanmar translation)
Fanfiction------Na jaeminကHuang renjunရဲ့အိမ်ကလေး, huang renjunရဲ့လုံခြုံမှုအရှိဆုံးနေရာလေး ပြီးတော့ ဒီကမ်ဘာကြီးမှာ renjunသဘောအကျရဆုံးလူတစ်ယောက်----- This story is completed.