3💛

109 22 0
                                    

Seoul,south korea
March,23

ချစ်ရတဲ့renjunသို့....

happy birthday to you~happy birthday
to you~happy happy happiest birthdayပါ ငါ့အချစ်ရေ။အူးဟူးးးမင်းအသက် ၂၀ပြည့်ပြီဆိုတာကိုခုထိကိုမယုံနိုင်သေးဘူး။
မင်းက ကလေးလေးဘဲရှိသေးတယ်လို့ ခံစားနေရတုန်းဘဲ။ဒါပေမဲ့ငါတစ်ယောက်ထဲရဲ့ ကလေးလေးနော်:) ငါတို့တွေပို့ပေးထားတဲ့ videoကိုကောကြည့်ပြီးပြီလား?အဲ့မွာဆိုထားတဲ့
သီချင်းက Mark hyungကိုယ်တိုင်
ရေးပေးထားတာလေ။၁၂နာရီမထိုးခင်ထဲက
jisungလေးကတအားစိတ်လှုပ်ရှားနေတာ
ဘာလုပ်ရမလဲ ဘာပြောကြမလဲနဲ့ငါတို့ကို
သူချည်းအကြံတွေပေးနေတော့တာ။jisungလေး
ခုလောက်ထိစိတ်လှုပ်ရှားနေတာကိုတွေ့ရတာကို
ယုံတောင်မယုံနိုင်ဘူး ဒါပေမဲ့နားလည်နိုင်ပါတယ်။
ငါတို့ရဲ့လက်ဆောင်အနေနဲ့ဆိုပြီးမင်းရောက်လာရင်
အကောင်းဆုံးဖြစ်သွားမှာဘဲ။ဒါနဲ့ငါကြားမိတာ
ကျောင်းမှာဖျားနာတာတွေဖြစ်နေကြတယ်ဆို
မင်းကောအခုအဆင်ပြေရဲ့လား?ကိုယ့်ကိုယ်ကိုယ်
ဂရုစိုက်ဖို့မမေ့နဲ့အုံး။အချိန်မှန်စားပြီးတော့
အချိန်မှန်အိပ်။ကောင်းကောင်းအနားယူ
ပြီးတော့မမေ့ခင်ပြောရအုံးမယ် ဘယ်တော့မှ
မရပ်လိုက်နဲ့အားတင်းထားနော် ဟီးးဟီးးး
ပျော်စရာလေးနှစ်မြောက်နှစ်ပတ်လည်နေ့လေးပါ
အချစ်ရေ!!အချိန်တွေကအရမ်းမြန်တာဘဲ!!
ဒီလိုမျိုးပြောရတာကငါတို့အတွက်တော့ အသစ်အဆန်းမဟုတ်ပေမဲ့လဲ ခုထိကိုဘဲ
ဗိုက်ထဲမှာလိပ်ပြာတွေပျံဝဲနေသလိုခံစားနေရတုန်း။
ငါမင်းကိုအရမ်းလွမ်းတယ် ချစ်လဲချစ်တယ် ပြီးတော့
မင်းကိုဘဲအမြဲစောင့်နေတယ်နော်။

မင်းရဲ့ကလေးလေး
na jaeminမွ

Mark hyungရေးပေးထားတဲ့သီချင်းကို သူ့အတွက်သီဆိုပြီးပို့ပေးထားတဲ့videoကို
ကြည့်ပြီးတဲ့နောက်မှာတော့renjunဟာ
သဘောတကျပြုံးလိုက်မိတယ်။သီချင်းအပြီးမှာ
donghyukနဲ့jisungရဲ့ငိုသံသေးသေးလေးကိုပါ
ကြားလိုက်ရသည်မို့ "သူတို့တွေ ဒီလောက်ထိ
ငါ့ကိုလွမ်းနေကြတာဘဲ"..ဟုရေရွတ်ရင်း
ပြုံးမိလိုက်ပြန်၏။ထို့နောက် videoရဲ့အဆုံးမှာ
jaeminရဲ့ "ငါမင်းကိုအများကြီးချစ်တယ်အချစ်"..
ဆိုတဲ့စကားကြောင့် သူဟာမျက်ရည်ကျရင်းနဲ့
ထပ်ပြုံးမိလိုက်ရပြန်သည်။ထို့နောက် သူဟာ မျက်ရည်တွေကိုအသာသုတ်လိုက်၏။

"ငါလဲမင်းကိုတခြားသူတွေထက်ပိုပြီးချစ်တယ်"

~~~~~~~~~~~~

From Home:Renmin(Myanmar translation)Where stories live. Discover now