အပိုင်း(၁၁)
တနင်္ဂနွေနေ့မို့ ကျောင်းနှင့်ပတ်သတ်သော ကျူရှင် ၊ ဂိုက်ချိန်များ မရှိသဖြင့် ရတုတို့ရပ်ကွက်ရှိ အအေးဆိုင်သို့ သုံးယောက်သား ရောက်နေကြ၏။
ဒီနေ့မှ ဆူးပုံစံက သိပ်မကောင်း ၊ တစ်ခုခုကို စိတ်မကောင်းဖြစ်နေသလိုဘဲမို့ ခီတန်ကူးဇဏ်က ဆူးကိုထမေးသည်။
"ဟဲ့ ဆူး နေမကောင်းဘူးလား"
အဲ့တော့မှ ဆူးက အသိစိတ် ၀င်လာသလို ပြန်ဖြေ၏။
"ဟင် ကောင်းပါတယ် ၊ ဘာမှမဖြစ်ဘူး "
"ခီကူး စစ်သွေးကို သတိမရဘူးလား "
ဆူးအမေးကြောင့် ဇဏ် သက်ပြင်းတစ်ချက်သာ ခိုးရှိုက်လိုက်မိ၏။
"အင်း "
"သူ အဆင်ပြေလောက်မှာပါနော် "
တိုးဖွဖွစကားသံတွင် စိုးရိမ်မှုများက ပါ၀င်ရောနှောနေလျက် ။
ရတုက ၀င်ပြောသည်။
"အဆင်ပြေမှာပါ သူကဘယ်သူလဲ စစ်သွေးရှားညိုပဲကို "
"အင်း ငါတော့ ငါတို့သုံးယောက် တစ်နေရာရာကို စုပြီး သွားတိုင်း အဲ့လူဆိုးကောင်ကို သိပ်သတိရတာဘဲ ၊ အဆက်အသွယ်တောင်မလုပ်တော့ဘူး... တကယ်ဘဲ ငါတို့ကို သေခန်းဖြတ်သွားတာထင်တယ် "
"ငါလည်း တူတူပါဘဲ တစ်ခါလောက်တော့ တွေ့ချင်သေးတယ် "
ရတုက အအေးကိုတစ်ငုံသောက်ပြီး ၀င်ပြောသည်။
"အဲ့တာဘယ်သူ့ကြောင့်လဲ "
ရတုစကားကြောင့် ဆူးကမျက်နှာပျက်သည်။
"ဗီဇဆိုတာ ပြင်လို့မှမရတာ ၊ အပွင့်ဆုံးပြောရရင် ငါလေ အခုအရမ်းပင်ပန်းတယ် ၊ ပြင်မရတဲ့ အမှားတစ်ကြောင့် ကိုယ့်ကိုကိုယ် အတင်းထိန်းချုပ်နေရတယ် တစ်ခါတလေ ရူးတော့မလိုပဲ ၊ စိတ်ရှိတိုင်း နေလို့မရဘဲ မျက်နှာဖုံးတစ်ခုတပ်ထားရတဲ့ခံစားချက် မင်းတို့နားလည်မှာမဟုတ်ပါဘူး"
ခီတန်ကူးဇဏ်၏ အပြောကြောင့် သူငယ်ချင်းနှစ်ယောက်ရဲ့ မျက်နှာထက်တွင်တော့ စိတ်မကောင်းခြင်းများ ပြည့်နှက်နေလျက်။
ဘာပဲဖြစ်ဖြစ် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စတွေက ဘယ်လိုမှပြင်လို့မရတော့ဘူးလေ။
လက်မခံချင်လည်း ကိုယ်ပဲမို့ လက်ခံရမယ်။
•••••
ဆူးအိမ်ပြန်ရောက်တာနဲ့ ရေမိုးချိုးပြီး စာကြည့်ရန် စာကြည့်စားပွဲ၌ ထိုင်နေမိသည်။ Physics Definitionတွေကျက်ရင်း စာကြည့်စားပွဲ၌ ထောင်ထားသည့် ဓာတ်ပုံလေးကို သေချာကြည့်မိသည်။
ဖုန်လေးတွေတောင် တက်နေပါရော့လား…။
ဓာတ်ပုံလေးကို တစ်ရှူးလေးနှင့် သေချာစွာပွတ်သုတ်လိုက်တော့ ပုံက ပို၍ကြည်လာသည်။
ဓာတ်ပုံထဲ၌ ပြုံးရယ်နေသော ကောင်လေးသုံးယောက်နှင့် ကောင်မလေးတစ်ယောက်။ အပြုံးများက ပကတိဖြူစင်စွာ အသက်၀င်လျက် ။
ပုံလေးကို ကြည့်လျက် ဆူးအရင်အချိန်တွေကို ပြန်တွေးမိသည်နှင့် တစ်ပြိုင်နက် လက်ကလည်း Diary
စာအုပ်ခရမ်းရောင်လေးကို ဖွင့်မိလျက်သား။
ဆူးတို့ သူငယ်ချင်းတွေက ငယ်စဉ်ကလေးဘ၀တည်းက ဆုံခဲ့ကြတာဖြစ်၏။
ခီတန်ကူးဇဏ်နဲ့ရတုနဲ့က ဆူးသူငယ်တန်းတည်းက စသိတာဖြစ်သည်။ သို့သော် ဇဏ်နဲ့ကမေးထူးခေါ်ပြော လောက်သာ။တစ်တန်းရောက်မှသာ တော်တော်ရင်းနှီးသွားတာဖြစ်၏။ ဒါတောင် သူကလိုက်ရောခဲ့တာဖြစ်သည်။ ဇဏ်က ငယ်ငယ်တည်းက သူ့ပုံစံနဲ့သူ နေတာဖြစ်သည်။
သူ့အပိုင်ဆို ဘာဆိုဘာမှ ထိတာမကြိုက် ။ အဲ့ဒီကိစ္စတစ်ခုကြောင့်ဘဲ သူ့ကိုနှစ်ယောက်ကို ရင်းနှီးစေခဲ့တာဖြစ်၏ ။
ဆူးက ငယ်ငယ်တည်းက သွက်သည်။ အပြုံးချိုချိုလေးနှင့် ဆူးကို လူတိုင်းက မြင်ရုံနှင့် ချစ်ကြသည်။
ရွယ်တူလေးတွေဆိုလည်း ဆူးကို ခင်ကြသည်။ အတန်းထဲမှာလည်း ဆူးနဲ့မခင်ကြတဲ့ သူဆိုတာမရှိ ။ ထိုထဲတွင်တော့ ခီတန်ကူးဇဏ်မပါ ။ သူကမခင်တတ်တာမဟုတ်ပေမဲ့ ဆူးကတစ်ခွန်းမေး သူကတစ်ခွန်းဖြေ ထိုလောက်သာ ။ ဆူးက စပ်စုတတ်တဲ့သူပီပီ ဇဏ့်ကွန်ပါဘူး နက်ပြာရောင်လေးကို ပိုင်ရှင်ကိုအသိမပေးဘဲ ဆူးထိုင်သည့်နေရာသို့ ယူသွားခဲ့သည်။ ကွန်ပါဘူးကို အတန်းထဲရှိ သူ့ခုံပေါ်၌ ထားကာ အိမ်သာသွားနေစဉ် အတန်းထဲကကောင်လေးတစ်ယောက်က သူ့ခုံပေါ်တင်ထားခဲ့သည့် ကွန်ပါဘူးကို ယူကာ အခန်းသမံတလင်း၌ ထောင်ကာဆော့နေသည်။ ဆူးသူ့ဆီက ပြန်တောင်းသော်လည်း ဟိုကောင်လေးကမပေး ၊ ထို့ကြောင့် ကွန်ပါဘူးကို ဆူးနဲ့ထိုကောင်လေး အပြိုင်ဆွဲကြရာ ကွန်ပါဘူးက ကျကွဲသွားသည်။
ဇဏ်က အတန်းထဲ၀င်လာတော့ သူ့ကွန်ပါဘူးကို မြင်သွားပြီး သူကဆွဲလုသည်။ ထို့နောက် ဆူးကို မျက်လုံးစိမ်းများနဲ့ ကြည့်ကာ ကွန်ပါဘူးကို ဆူးမျက်နှာတည့်တည့်ဆီသို့ ပစ်ပေါက်သည်။ ဆူးရှောင်လိုက်ပေမဲ့ ဆူးနဖူးပေါက်သွား၏။ ဆူးကမခံမရပ်နိုင်စွာ
"ဟိုကောင်လေးလုပ်လို့ဖြစ်တာ ဘာလို့ငါ့ကိုပစ်ပေါက်လဲ "ဟု ဆူးငိုပြောကာ မေးတော့ သူက ဆူးမျက်လုံးတွေကိုတည့်တည့် ကြည့်ကာပြောလာသည်။
"နင်သာ မယူသွားရင် သူယူဆော့မှာလား ၊ အဓိကက နင်ပဲလေ ဆူးဒေဝီ "
ထိုစကားကြောင့် သူအကြီးအကျယ်ငိုခဲ့ရသည်။ ရုံးခန်းထိပါရောက်ကာ ကလေးတွေကို အပြန်အလှန်တောင်းပန်စကားဆိုခိုင်းခဲ့သည်။
ဇဏ်က Sorryတစ်ခွန်းကလွဲမဆိုခဲ့ပေ။ ထို့အပြင် အငြိုးအတေးတွေ ထားနေမှာဖြစ်သည်စိုးတဲ့အတွက် ဆူး၊ဇဏ်နဲ့ရတုကို တစ်တန်းတည်းထိုင်ခိုင်းကာ စာအတူသင်ခိုင်းခဲ့သည်။ ထို့ကြောင့်သာ ခီတန်ကူးဇဏ်နဲ့ ရင်းနှီးခဲ့ရတာဖြစ်၏။
ရတုက အေးသည်။ ငယ်ငယ်တည်းက အေးဆေးနေတတ်ကာ စာကိုဘဲသေချာကြိုးစားတာဖြစ်သည်။ စိတ်ကလည်း ဆတ်ခြင်းမရှိ။ တစ်ခုခု ဖြစ်လို့ လာတောင်းပန်တာတွေရှိလျှင် လွယ်လွယ်ခွင့်လွှတ်တတ်သည်။ တောင်းပန်စကားပြောဖို့အတွက်လည်း သူ့အတွက်မခက်ခဲပေ။ ခီတန်ကူးဇဏ်က အဲ့လိုမဟုတ် ကိစ္စတစ်ခုခုဖြစ်လျှင် တစ်ဖက်လူထက် အဲ့ဓိကဖြစ်ရတဲ့ အကြောင်းအရင်းကို ပိုပြီး ဂရုစိုက်တာဖြစ်သည်။ သူ့ဘာသာအေးဆေးနေတတ်သော်လည်း သူ၀င်ပါလျှင် ပြဿနာကတော်တော်ကြီးတတ်သည်။ တောင်းပန်စကားနဲ့ ကျေးဇူးတင်စကား ကိုလည်း တော်ရုံမပြော ။ ထို့ကြောင့် ကျောင်းရှိ ဆရာမများက သူ့ကိုဆို သကြားလုံးလို သဘောထားကြသည်။
ချဉ်ပေမဲ့ ခပ်ပြုံးပြုံးလေးသာ ဆက်ဆံကြသည်။
ဘာတွေဖြစ်ဖြစ် ဇဏ်ကသူ့မောင်လေးလို သဘောထားရသူဖြစ်သည်။
ဆူးဒေဝီသည် ဇဏ်ကိုကာကွယ်ပေးတတ်ပြီး တစ်ခါတစ်ရံ အစ်မတစ်ယောက်လို အနိုင်ကျင့်တတ်သည်။ ဇဏ်က ခင်လာတာနှင့်အမျှ ကြာလေ အလျော့ပေးလာလေပေ။ အစ်မတစ်ယောက်လိုသဘောထားလာလို့ ဖြစ်ရမည်။
"တစ်ခါတလေတော့ အရင်လိုပုံစံလေးကို လွမ်းမိသား... "
ဆူးရဲ့ နှုတ်ခမ်းများက ပြုံးနေကာ တကယ့်မောင်လေးတစ်ယောက်လို ချစ်ခင်မှုတွေက မျက်လုံးထဲ၌ အတိုင်းသားမြင်နေရသည်။
"သမီး ဘာတွေပြုံးနေတာလဲ "
မေမေက ဘယ်တုန်းက ၀င်လာလည်းမသိ ။ ဆူးစားပွဲနားသို့ ရောက်လာကာ ဆူးကိုမေးလာသည်။
"အရင်တုန်းက ခီတန်ကူးဇဏ်အကြောင်းတွေးမိသွားလို့ ပါမေမေရ "
"အံမယ်လေး မေမေတော့မတွေးချင်ပါဘူး သားဇဏ် တို့ငယ်ငယ်တုန်းက အကြောင်းတွေဆို သွေးတွေပါတက်လာသလိုဘဲ "
မေမေက နားထင်နားကို နှိပ်ကာ ရယ်ကာပြောလာသည်။ ဒါတော့ဟုတ်သည်။
ခီတန်ကူးဇဏ်က ပြဿနာမရှာရင် မရှာဘူး ၊ ရှာလို့ကတော့ ရုံးတွေဂတ်တွေပါ ရောက်ကာ မေမေနဲ့ဖေဖေပါ အငြိမ်မနေရပေ။ သူ့ကိစ္စသို့ တစ်မိသားစုလုံးလိုက်ရသည်။ သူ့အဖွားကတော့ လိုတာရှိလျှင် ထုတ်ပေးမည် ၊ ဤမျှလောက်သာ ။သူ့ဒယ်ဒီကတော့ သူ့သားအကြောင်း သိရောသိပါ့မလားတောင် မသိ။
ဇဏ်က သူ့ဘာသာအေးဆေးနေတတ်သော်လည်း သူတန်ဖိုးထားရသူများကို ထိလျှင် နည်းနည်းမှ မကြိုက်။
ထို့ကြောင့် စစ်သွေးပါသည့် ရန်ပွဲများတွင် သူပါ ကပ်ပါနေတတ်သည်။
"ဒါနဲ့ အိမ်တောင်မလာပါလား အဲ့ကလေးအတော်ငြိမ်ကျသွားတာနော် ဟိုတစ်ခါတွေ့တုန်းကဆို မေမေဆို တအားအံ့ဩသွားတာ လုံး၀ကို ငြိမ်ကျသွားလို့လေ "
"ဟုတ်တယ် မေမေ သူနောက်ဆုံးပြဿနာတွေ
တက်ပြီးထဲကဘဲ "
"သမီးရယ် ဂရုစိုက်ပေးလိုက်ပါ သမီးမှာက မေမေနဲ့ဖေဖေရှိပေမဲ့ သားဇဏ်မိသားစုက သိတဲ့အတိုင်းဘဲမဟုတ်လား "
"ဟုတ်ကဲ့ပါရှင့် "
ပြောကာ လျှာထုတ်ပြလိုက်တော့ မေမေက ခေါင်းကိုဖွဖွထုကာ ရယ်လာသည်။
"အယ် ဒါနဲ့နေပါဦး... သမီးကိုလာခေါ်တာ သမီးရေ သမီးအတွက် ဂိုက်အသစ်လေ အဲ့တာ အိမ်ရောက်နေတယ် မေမေလည်း အသက်ကြီးလာတော့ ပြောဖို့မေ့နေတာ"
"ဒီနေ့က တနင်္ဂနွေလေ မေမေကလည်း "
"ဟုတ်တယ် အချိန်ဇယားတွေရယ် မေမေလည်းအဆင်ပြေလား သိချင်လို့လေ အဲ့တာခေါ်လိုက်တာသမီးရယ် စောစောတွေ့တော့လည်း ဟိုကလေးမြန်မြန်အလုပ်ထွက်လို့ရတာပေါ့ မဟုတ်ဘူးလား "
"ဟုတ် သမီးဆင်းလာခဲ့မယ်နော် ခဏလေးပဲစောင့် "
"ဒါဆို အောက်မှာစောင့်နေမယ် "
"ဟုတ် "
"ကံမကုန်ရင် လေးယောက်တစ်ခါလောက်အတူတူ ပြန်ဆုံချင်သေးတယ် "
ဆူးနောက်ဆုံးစာသားလေးကို အဖွင့်အပိတ်လေးနဲ့ ရေးပြီးနောက် မင်စိုဘောပင်အဖုံးလေးကို သေချာပိတ်လိုက်သည်။
ဆူးလှေကားထစ်တွေမှ တစ်ဆင့် အောက်ထပ်သို့ရောက်တော့ လှေကားဘက်ကို ကျောပေးထိုင်နေသည့် ကျောပြင်ဖြူဖြူကိုတွေ့ရသည်။
"မေမေ "
ဆူးမေ့မေ့ကို လှမ်းခေါ်လိုက်တော့ မေမေက သူ့ဘေးတွင်လာထိုင်ရန် မျက်ရိပ်လှမ်းပြ၏ ။
သူမေမေ့ဆီသို့ သွားတော့ ဂိုက်သင်မဲ့ အကိုကြီးက ဘာတွေ ငုံ့ရေးနေလဲမသိ ။ မျက်နှာတောင်မမြင်ရပေ။
မျက်နှာမြင်ချင်တာပါဆို....ရုပ်လေးချောတော့ စာလည်းလုပ်ရင်း အမောလည်းပြေရင်းပေါ့။
"ဟို အန်တီတို့ အဆင်ပြေမဲ့ အချိန်ကိုဘဲ ထည့်လိုက်မယ်နော် "
ညိမ်ပြောရင်း စာရေးနေရာမှ မော်ကြည်လိုက်တော့မှ ဟိုကလေးမ ။
"ဟင် ကိုကြီး "
မျက်လုံးကြီးပြူးကာ ကိုကြီးလို့သူ့ကို ခေါ်လာတော့
သူ့ဖေဖေနဲ့မေမေက တအံ့တဩ။ ဒီကလေးမ ပေါက်ကရတော့ မပြောလောက်ဘူးမလား။ သမီးကြိုက်နေတဲ့ အကိုကြီးလို့ ထပြောရင်တော့ မိုးသန့်ညိမ်တို့ ဂွမ်းရချည်ရဲ့ ။
"သမီးတို့က အရင်တည်းကသိနေကြတာလား "
"သိတယ်! "
"မသိပါဘူး!!"
နှစ်ယောက်လုံး၏ ပြိုင်တူအပြောကြောင့် လူကြီးတွေက ဘာပြောရမှန်းမသိ ။မိုးသန့်ညိမ်ကို ကြောင်အစွာ ကြည့်နေကြသည်။
"ဟို သမီးကသိတယ် ဒါပေမဲ့ ကိုကြီးက သမီးကိုသိတယ်ထင်ခဲ့ပေမဲ့ တကယ်ကမသိဘူးထင်တယ် "
"ဟဲ့ ရှင်းရှင်းပြော မိဆူး "
ထိုကောင်မလေးအပြောကြောင့် သူ့အမေလည်သွားပုံရသည်။ ပခုံးကို ပုတ်ကာ သူ့သမီးကို ငေါက်သည်။
"ဟို အဲ့အကိုကြီးကလေ သမီး..."
"လမ်းထိပ်မှာထင်တယ် "
မိုးသန့်ညိမ် ဖြတ်ပြောလိုက်သည်။ စကားဖြတ်ပြောတာ ရိုင်းတယ်ဆိုတာ သိပေမဲ့ ဒီတစ်ခါဖြတ်မပြောရင် စာမသင်ရဘဲ သူအိမ်ပေါက်၀က လှည့်ပြန်ရနိုင်ချေရှိသည်။
နောက်ကျရင် အပေါက်၀က လှည့်ပြန်ရမယ်ဆိုတာ ဒါကိုပြောတာ ထင်တယ်။
"ကျွန်တော်နဲ့ ဒီကလေးမနဲ့က ဟိုးဘက်လမ်းထိပ်က တုတ်ထိုးဆိုင်မှာ တစ်ခါဆုံဖူးပါတယ် ကျွန်တော်လည်း မမှတ်မိလို့ မသိဘူးပြောလိုက်တာ "
"ဪ အဲ့လိုကိုး "
သူရှင်းပြလိုက်မှ ဇာတ်ရည်လည်သွားတယ်ထင်သည်။
"ဒါဆို သားမနက်ဖြန်လာခဲ့နော် သားခုနက အချိန်ဇယားကဒ်လေး အန်တီ့ကိုပေးထားခဲ့ "
ညိမ် ကဒ်ကိုထိုးပေးပြီးမှ သူ့အတွက်ပါယူဖို့သတိရသည်။
"ဟိုကျွန်တော် ဓာတ်ပုံရိုက်ထားလိုက်မယ်နော် တစ်ခုပဲရှိတော့လေ "
"အေးအေး ရိုက်သား "
မိုးသန့်ညိမ်ဖုန်းကို ထုတ်ကာ အချိန်ဇယားမှတ်ထားတဲ့ ကဒ်ပြားလေးကို ဓာတ်ပုံရိုက်လိုက်သည်။ ပြီးမှ ကဒ်ပြားလေးကို အန်တီ့ထံသို့ ထိုးပေးရင်း နှုတ်ဆတ်စကားဆိုလိုက်သည်။
"ဒါဆို အန်တီမနက်ဖြန်မှ တွေ့မယ်နော် ၊ ဦးလေးကျွန်တော်သွားလိုက်ပါဦးမယ်ဗျ "
"အေးအေး သားဂရုစိုက်ပြန်နော် "
"ဟုတ်ကဲ့ခင်ဗျ"
"ဆူးဒေဝီ အစ်ကိုပြန်ပြီ "
"ဟုတ်ကဲ့ "
သူလုပ်သမျှကို မျက်လုံးလုံးဝိုင်းဝိုင်းလေးတွေနဲ့ လိုက်ကြည့်နေတဲ့ ကောင်မလေးက ယဉ်ကျေးစွာပြန်ပြောလာသည်။
အော် ရေစက်တွေပါလား…နောက်မှ ဆူးဒေဝီကို ပြောထားရမည်။ တော်ကြာ သူတို့သမီး ရည်းစားစာပေးဖူးတဲ့လူမှန်း သိသွားလျှင် ဘယ်လိုမှ သူ့သမီးနဲ့ကိုယ့်ကို စိတ်ချတော့မှာမဟုတ် ။
မိုးသန့်ညိမ်တို့က အဲ့လို ဘာလုပ်လုပ်အရမ်းကံကောင်းတာ…။
──────────────────
𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ
တစ်ဖက်လူထက် အကြောင်းအရင်းကို ဦးစားပေးတယ်ဆိုတာကလေ ဥပမာ ဆေးလိပ်စွဲနေသူတစ်ယောက်က အဆုတ်ရောဂါနဲ့သေတယ်ဆိုရင် သနားပါတယ် ဆိုတာထက် ဆေးလိပ်သောက်တာကို သေမှာပေါ့ဆိုတဲ့ ပုံစံမျိုးပါ ။ ဟိုကောင်လေးက ကွန်ပါဘူးကိုခွဲလိုက်ပေမဲ့ ခွဲတဲ့ကောင်လေးထက် ဆူးသာ သူ့ဟာကိုမယူသွားခဲ့ရင် ဘာမှမဖြစ်ဘူးဆိုတဲ့စိတ်တဲ့ ဆူးကိုလုပ်လိုက်တာပါ ခီက ╥﹏╥.ဘယ်လိုဟာလေးလဲမသိ