Unicode
"မမ... "
ဒီခေါ်သံလေးကို ပြန်ကြားခွင့်ရနေတာ သေချာသည့်တိုင် ခုထိကို မယုံရဲသေးချေ...ထို့အပြင် နားထောင်၍လဲမဝ...ရွှေရုပ်က ထမင်းဝိုင်းတစ်ဖက်ကနေ သစ္စာကို ကြည်ကြည်လင်လင် ပြုံးပြနေသည်....
"ထမင်းစားမယ်လေ..."
"အင်း စားမယ်လေ ကလေး...ဒေါ်ကြီးရော..."
"ဒေါ်ကြီးက သူ့မြေးပေါက်စအိမ်သွားတယ် မမရဲ့...ပြန်လာမှစားမယ်တဲ့....ရွှေရုပ်တို့ အရင်စားနှင့်ကြမယ်လေ...မဟုတ်ရင် မမ ဗိုက်ဆာနေလိမ့်မယ်..."
"အင်း ဒါဆို စားကြမယ်လေ...ဒေါ်ကြီးမြေးက ဘယ်အရွယ်ရှိပြီလဲ ကလေး..."
"သုံးလေးလလောက်ပဲ ရှိသေးတာ မမ...ရွှေရုပ်တောင် သွားမကြည့်ရတာ ကြာပြီ..."
သစ္စာရဲ့ ပန်းကန်ထဲကို ဟင်းတွေ ခပ်ထည့်ပေးရင်း ရွှေရုပ်က အားပါးတရ ပြောပြသည်...သစ္စာမှာမူ ရှင်းသန့်နေတဲ့ မျက်နှာလေးကိုသာ တမေ့တမော ကြည့်နေမိသည်...
"သိလား မမ...ကလေးလေးကလေ ဝဝကစ်ကစ်လေး ဖြူဖွေးနေရောပဲ... တအားချစ်ဖို့ကောင်းတာ..."
"ဟုတ်လား... အစပ်တွေအများကြီး မစားနဲ့လေ...ဗိုက်အောင့်လိမ့်မယ်..."
ရွှေရုပ်ရဲ့စကားကို နားထောင်ရင်းမှ သူ့ပန်းကန်ထဲ ပုစွန်ဆိတ်လေးတွေကို ငရုတ်သီးစိမ်းတွေနဲ့ချက်ထားသည့်ဟင်းကို ခပ်ထည့်နေတော့ ပါးစပ်က အလိုလို တားမိပြန်သည်...ရွှေရုပ်က ကြည်ကြည်သာသာပဲ ဇွန်းကို ပြန်ချကာ ပြောလာသည်...
"နည်းနည်းပဲ စားမှာပါ မမရဲ့...မမရော စားမကောင်းဘူးလားဟင်..."
"အင်း...စားလို့က ကောင်းပါတယ်... ခရီးပန်းလာလို့ ဖြစ်မယ်...လူက နုံးနေတာ..."
"ဟုတ်လား... ဒါဆိုရင် စောစောနားလိုက်နော်...တော်ကြာ နေမကောင်းဖြစ်သွားမှဖြင့်..."
လူကြီးကို ကလေးက စိတ်ပူနေတာပဲ...သစ္စာ သဘောတကျ ပြုံးမိသွားသည်...အင်း...စိတ်ချမ်းသာလိုက်တာ...
"အင်း မမကို စိတ်မပူနဲ့... ထမင်းသာ သေချာစား..."
"ဟုတ်... "
ပါးလေးတွေဖောင်းနေအောင် ထမင်းတွေဝါးနေတာ ချစ်ဖို့ကောင်းလှသည်...အဆင်ပြေနေသည့်တိုင် ဘယ်လိုနေရမလဲ ပူပန်နေသော စိတ်တို့သည် တဖြေးဖြေး အေးချမ်းလာလေသည်...
"မမ စားပြီးပြီးချင်း မနားနဲ့ဦးနော်...ရွှေရုပ်တို့ အိမ်အနောက်ဘက် သွားရအောင်..."
"အနောက်ဘက်..."
"အင်း...အနောက်မှာလေ ချောင်းသေးသေးလေး ရှိတယ် မမရဲ့...အဲကို သွားရအောင်..."
စိတ်အားထက်သန်စွာခေါ်နေသော ရွှေရုပ်ကို ကြည့်ရတာ ဘာအဖုအထစ်မှ မရှိခဲ့သည့်အလား ငြိမ်းချမ်းလှသည်...သစ္စာ၏ အပြစ်စိတ်တို့သည်လဲ လျော့ပါးလာလေသည်...
"အင်း...သွားမယ်လေ..."
"ဟုတ် မမ..."
စားပြီးတာနှင့် ရွှေရုပ်က အိမ်အနောက်ဘက်ကို ဦးဆောင်ပြီး ခေါ်လာလေသည်...သိပ်မကျယ်လွန်းသော ချောင်းကလေးသည် ဒေါ်ကြီး၏ အိမ်ကနေသွားလျှင် ဘယ်လောက်မှမသွားရပါ...ချောင်းဘေးမှာလဲ သစ်ပင်ကြီးအချို့က ပေါက်နေကာ ရေစီးသံသဲ့သဲ့နဲ့ သာယာလှသည်...ရွှေရုပ်က ချောင်းစပ်ရှိသစ်ပင်မှ သစ်ငုတ်လေးကို သစ္စာကို ညွှန်ပြလာသည် ...
"ဒီမှာထိုင် မမ..."
"အင်း...အေးလိုက်တာ ဒီနားလေးက..."
ထိုင်ချလိုက်ပြီးမှ မတ်တပ်ရပ်နေသောရွှေရုပ်ကို ကြည့်ကာ သစ္စာဘေးဘီကို ဝေ့ကြည့်မိသည် ... သစ်ငုတ်ကလဲ လူတစ်ကိုယ်ထိုင်စာသာရှိပြီး ဘေးမှာလဲ ထိုင်စရာမရှိပါ...
"ရွှေရုပ် ဒီနားလာ..."
"ရှင်..."
ကြောင်အအ ဖြစ်နေသော ရွှေရုပ်ကို သစ္စာက လက်က လှမ်းဆွဲကာ ပေါင်ပေါ်ထိုင်စေလိုက်သည်...ပြီးမှ လွမ်းနေခဲ့ရတဲ့ကိုယ်လေးကို မြတ်နိုးမဝစွာ သိမ်းပွေ့ထားလိုက်သည်...အေးချမ်းလွန်းတဲ့ ပတ်ဝန်းကျင်လေးမှာ ချစ်ရတဲ့သူကို ထွေးပွေ့ထားရတာ သစ္စာ တကယ်ကို ကံကောင်းလွန်းနေပြီဖြစ်သည်...
မမက ရုတ်တရက် ပေါင်ပေါ်ဘေးတစောင်းလေးထိုင်စေလိုက်တာကြောင့် လန့်သွားပေမယ့် တင်းတင်းကြပ်ကြပ်ပွေ့လာသော အထိအတွေ့နဲ့အတူ ရွှေရုပ်ရဲ့ ပုခုံးကို မေးတင်လာသော မမကြောင့် သူမ ငြိမ်သက်သွားရသည်...
"ရွှေရုပ်..."
"ဟင်...."
တော်တော်ကြာ ငြိမ်သက်နေပြီးမှ မမရဲ့ တိုးဖွဖွခေါ်သံကြောင့် ရွှေရုပ် ပြန်ထူးလိုက်သည်...မမရဲ့ ပေါင်ပေါ်မှာ ထိုင်ရတာ နေသားကျနေသလိုဖြစ်ကာ ပြန်ထဖို့ကို မတွေးမိချေ...
"မမကို ခွင့်လွှတ်ရဲ့လား..."
ရွှေရုပ် အသာပြုံးမိသည်...မမသည် ထိုအရာကိုသာ တွေးပူနေခဲ့ဟန်တူသည်...
"မမကို ခွင့်လွှတ်တယ်မလွှတ်ဘူးပြောရအောင် အပြစ်လုပ်ထားတယ်လို့ ရွှေရုပ်က သတ်မှတ်ထားတာမှ မဟုတ်တာ..."
"ကလေးရယ်..."
ဆို့နင့်လာကာ ရွှေရုပ်ကို တိုး၍ ဖက်မိသည်...ဆံနွယ်တွေကို မျက်နှာအပ်တော့ သင်းပျံ့နေသော ရနံ့ကို ရသည်...ရွှေရုပ်က ငြိမ်ငြိမ်သက်သက်လေးပင် သစ္စာကို မှီနွဲ့လာသည်...
"ဒီလိုဆုံရဖို့ ကံကြမ္မာက ဖန်လာလို့ ဆုံရတာပါ...အခု အားလုံးပြီးသွားပြီမို့လို့ မမ ဘာကိုမှ တွေးမပူပါနဲ့...ရွှေရုပ်တို့ ငယ်ငယ်တုန်းကလိုပဲ နေကြမယ်နော်..."
ငယ်ငယ်တုန်းက...အင်း...ငယ်ငယ်တုန်းကလိုတော့ ဘယ်ဖြစ်မလဲ... ကိုယ်က အဲတုန်းကလို ရိုးသားတော့တာမှမဟုတ်ဘဲ...ကိုယ့်အတွေးကို သစ္စာရယ်ချင်သွားကာ ပြုံးလိုက်မိသည်...
"အင်း...မမနဲ့ ပြန်လိုက်မယ်မလား..."
"လိုက်မယ်...ဒါပေမယ့် ဒီမှာ လေးငါးရက်နေပါဦး မမ နော်...ရွှေရုပ်လဲ အပ်လက်ခံထားတဲ့အကျီတွေကို ပြီးအောင်ချုပ်ချင်သေးတယ်..."
"အင်း နေမှာပေါ့..."
"ဟုတ်..."
"နှင်းနဲ့ရော စကားပြောဖြစ်သေးလား ကလေး..."
"ပြောဖြစ်တယ်...ဒီနေ့ မမလာမှာ မနှင်းပဲ ပြောပြတာလေ...အဲဒါကြောင့် ရွှေရုပ်ကမျှော်နေတာ..."
မျှော်နေတာတဲ့လား...ရွှေရုပ်သည် သိပ်ကိုချစ်ဖို့ကောင်းလှသည်...ဘာအညှိုး ဘာအာဃာတကိုမျှ စိတ်ထဲမထားဘဲ အေးအေးချမ်းချမ်းသာ နေတတ်သည်...အင်း...သစ္စာကဖြင့်...ဘယ်လိုပဲ ဖြစ်နေပါစေလေ...ဒီတစ်ခါကတော့ ဘာကိုမှ ထည့်မတွေးဘဲ ဒီလက်ကိုသာ မလွှတ်မစမ်းဆွဲထားမှဖြစ်ပေလိမ့်မည်...
"မှောင်လာပြီ...ရွှေရုပ်တို့ ပြန်ရအောင် မမ...ဒေါ်ကြီးလဲ ရောက်နေပြီလားမသိဘူး..."
"ပြန်မယ်လေ..."
"ဟုတ်..."
ကိုယ်သေးသေးလေးကို အတင်းဖက်ထားရာမှ လွှတ်ပေးလိုက်ရတော့ သစ္စာ နှမြောသွားရသည်...ရွှေရုပ်ကတော့ ဘာမှမတွေးတတ်သူပီပီ ပေါင်ပေါ်မှ ထကာ ရပ်စောင့်နေလေသည်...
"ခလုတ်တိုက်လိမ့်မယ်...မမလက်ကို ကိုင်ထား..."
ခဏခဏလာနေကျမို့ ဘယ်နားမှာ ဘာရှိလဲသိသည့်တိုင် ရွှေရုပ် မမလက်ကို ကြည်ကြည်ဖြူဖြူပဲ တွဲထားလိုက်သည်...အရင်လို ပြန်နေရမှာ ရွှေရုပ် ပျော်လှသည်...မမကတော့ ရွှေရုပ် တတွတ်တွတ်နဲ့ ဘာပြောပြော ကျေကျေနပ်နပ်ကြည့်နေတတ်ကာ အနည်းငယ်တော့ ရှိုးတို့ရှန့်တန့်ဖြစ်နေပါသည်... ခုချိန်ထိ မမစိတ်ထဲ အပြစ်လုပ်ထားမိသည်ဟု ယူဆနေတုံး ဖြစ်ပေလိမ့်မည်...ကိစ္စတော့ မရှိပါ...အချိန်အနည်းငယ်ကြာလျှင် အရင်လို နွေးနွေးထွေးထွေး ပြန်ဖြစ်သွားလိမ့်မည်ဟု ရွှေရုပ် ယုံပါသည်...
"ဟော...ချောင်းဘက် သွားကြတာလား... "
အိမ်အဝင်ဝပြန်ရောက်တော့ ဒေါ်ကြီးက အထဲက လှမ်းမေးလာသည်...
"ဟုတ်... ဒေါ်ကြီး ပြန်ရောက်တာ ကြာပြီလား..."
"မကြာသေးပါဘူး...ခဏကမှ ရောက်တာ...ဘယ်သွားနေကြလဲလို့ စဥ်းစားနေတာ...နောက်မှ ချောင်းဘက် ဖြစ်မယ်ဆိုပြီး လိုက်မရှာတော့တာ သစ္စာရေ့...အဲကလေးမက ချောင်းနားကို တအားသဘောကျတာ...ခဏခဏသွားထိုင်နေတာလေ...ခုလဲ သူ့မမကို ရောက်တာနဲ့ ခေါ်သွားတော့တာပဲ..."
"ဒေါ်ကြီးကလဲ မမက မောလာတယ်ဆိုလို့ အဲနားက အေးလို့ ခေါ်သွားတာလေ..."
"အင်းပါ အင်းပါ..."
"ဟွန့် ခုက ဒေါ်ကြီး ထမင်းစားပြီးပြီလား... "
"ပြီးပြီ...ဒေါ်ကြီးတူမအိမ်က တစ်ခါတည်း စားလာခဲ့တယ်... ခု ဘုရားရှိခိုးတော့မလို့...သစ္စာက ပင်ပန်းလာတယ်ဆိုရင် စောစောနားနော်...".
"ဟုတ်ကဲ့ ဒေါ်ကြီး..."
"အေးအေး...ရွှေရုပ်က ဘုရားမရှိခိုးဘူးလား..."
လှည့်ထွက်သွားပြီးမှ ဒေါ်ကြီးက ရွှေရုပ်ကို လှည့်မေးလာသည်...အင်းလေ...နေ့တိုင်း ဘုရားတူတူရှိခိုးပြီးရင် ရွှေရုပ်က ဒေါ်ကြီးနားမှာပဲ အိပ်နေကျကိုး...ကြောင်တောင်တောင်လေး ရပ်နေပြီးမှ ရွှေရုပ် ဟီးခနဲ ရယ်ပြလိုက်သည်...
"ရှိခိုးမယ်လေ ဒေါ်ကြီး..."
"ဪ လာလေ အဲဒါဆို... အဲမှာ ဘာရပ်လုပ်နေတာလဲ..."
ဒေါ်ကြီးက ရွှေရုပ်ကို ပြောပြီးတာနဲ့ လှည့်ထွက်သွားသည်...မမနဲ့ တွဲထားတဲ့လက်ကို ရွှေရုပ် အသာဖြုတ်ချလိုက်ရကာ...
"နားတော့နော် မမ..."
လက်ကိုဖြုတ်ချပြီး ပြုံးပြကာ ဒေါ်ကြီးနောက်ပြေးလိုက်သွားတဲ့ ရွှေရုပ်ကို ကြည့်ပြီး သစ္စာ စိတ်ညစ်သွားသည်...တစ်ယောက်တည်း အိပ်ရတော့မည်လား...ဒါပေမယ့် တတ်မှ မတတ်နိုင်ဘဲ...သက်ပြင်းချကာ ကိုယ့်ကို ပြင်ပေးထားတဲ့ အခန်းဆီသာ သွားလိုက်ရသည်...
"ယသာနုဘာဝတော ယက္ခာ..."
မေတ္တာသုတ်ရွတ်နေတဲ့ ဒေါ်ကြီးကို ဘေးက ကြည့်ကာ ရွှေရုပ် အကြံအိုက်နေမိသည်...ဒေါ်ကြီးက ဘုရားရှိခိုးရင် ရွှေရုပ်ထက် ပိုကြာသည်...ခုလဲ ရွှေရုပ်က ရှိခိုးပြီးတာ ကြာနေပြီဖြစ်တာတောင် မပြီးသေးပါ...
အိပ်ရာကို ခပ်လျောလျော မှီနေရင်း မျက်နှာမသာမယာနဲ့ ရပ်ကျန်နေခဲ့တဲ့ မမကို ပြန်မြင်ယောင်နေမိသည်...မမနဲ့ သွားအိပ်ရင် ကောင်းမလား...ဒါပေမယ့် ဒေါ်ကြီးကို ဘယ်လိုပြောရပါ့မလဲ...ဒီကို ရောက်တည်းက ဒေါ်ကြီးနဲ့ပဲ အိပ်ချင်တာဆိုပြီး ညတိုင်းလာကပ်အိပ်နေခဲ့ပြီးမှ ခုမှ မမနဲ့ သွားအိပ်မည်ဆိုရင် ဒေါ်ကြီးက စကားနာထိုးတော့မည်...သက်ပြင်းတွေ ကြိတ်ချနေသော ရွှေရုပ်မှာ ဒေါ်ကြီး ခေါ်သံကြားမှ သတိက ဝင်လာသည်...
"မအိပ်ဘဲ ဘာတွေ စဥ်းစားနေတုန်း ရွှေရုပ်..."
"ဒေါ်ကြီး..."
"ပြောကွယ်..."
"ဟိုလေ မမက ညနေက ထမင်းလဲ သိပ်မစားဘူး..."
"ဟုတ်လား..."
ဒေါ်ကြီးရဲ့ သံယောင်လိုက်သံနောက်မှာ ရွှေရုပ် အားတက်သွားကာ ဆက်ပြောလိုက်သည်...
"ပြီးတော့လေ ခရီးပန်းလို့တဲ့ မျက်နှာလဲ မကောင်းဘူး... "
"အင်း..."
"အဲဒါ ညကျ ဖျားနေရင် ဘယ်လိုလုပ်မလဲ..."
"အမလေးတော် ရော့ ရော့..."
ရွှေရုပ်ရဲ့စကားဆုံးတာနဲ့ ဒေါ်ကြီးက ရယ်လဲရယ် မျက်နှာကိုလဲ မဲ့ကာ စောင်နဲ့ ခေါင်းအုံးကို လက်ထဲ အတင်းထိုးပေးလာသည်...
"ကျုပ်ကို စကားပေးမနေနဲ့... ယူသွား...ဒီမှာ ရှင့်မမနဲ့ သွားအိပ်ချေ..."
ခေါင်းအုံးနဲ့စောင်ကို ပိုက်ကာ ဝမ်းသာအားရ ထရပ်ရင်း ရွှေရုပ် ဒေါ်ကြီးကို ရယ်ပြလိုက်သည်...
"ဒေါ်ကြီးလို့... "
"ဘာလဲ ပြော...နောက်ရက်လဲ လာမအိပ်နဲ့တော့ ကျုပ်နဲ့...ညည်းကို စိတ်ဆိုးသွားပြီ..."
ဟွန့် ဘယ်သူက လာအိပ်ဦးမယ်ပြောလို့လဲ ... စိတ်ထဲက အတွေးကို မျက်နှာမှာ မပေါ်အောင် သူမအတင်းဖုံးဖိလိုက်ရကာ...
"သွားပြီနော်..."
"သွား သွား..."
အခန်းထဲက ပြေးထွက်လာကာ မမအခန်းဆီ ခပ်မြန်မြန် လျှောက်လာမိသည်...တော်ကြာ မမက အိပ်ပျော်သွားပြီဆိုရင် ဘယ်သူနဲ့ သွားအိပ်ရပါ့မလဲ...
"မမ...မမ..."
အိပ်မပျော်၍ ဟိုသည် လူးလိမ့်နေတဲ့ သစ္စာမှာ အခန်းဝက အသံတိုးတိုးလေးကြောင့် ဆတ်ခနဲ ထထိုင်ကာ အခန်းတံခါးသွားပြေးဖွင့်မိသည်...ရွှေရုပ်က စောင်နဲ့ ခေါင်းအုံးကို ပိုက်ထားရင်း သစ္စာကို ရယ်ပြလာသည်...
"မမနဲ့ လာအိပ်တာ..."
ပြုံးသွားတဲ့မမကြောင့် ရွှေရုပ် အနည်းငယ်ရှက်သွားပေမယ့် ခပ်တည်တည်ပဲ အခန်းထဲ ဝင်လာလိုက်ကာ ခေါင်းအုံးကို ကုတင်ပေါ်၌ ချလိုက်သည်...မမကလဲ လိုက်ဝင်လာကာ ကုတင်ပေါ် ထိုင်ချရင်း ဘေးကို လက်နဲ့ ညွှန်ပြလာသည်...
"ဒီမှာ လာအိပ်..."
"ဟုတ်..."
မမအနားမှာ ပက်လက်လေး ဝင်လှဲလိုက်ကာ ရွှေရုပ် တောင့်တောင့်လေး ငြိမ်နေမိသည်...နည်းနည်းလဲ ရှက်နေသည်မို့ ဘာပြောရမလဲမသိပါ...အင်း...လာအိပ်မိတာ မှားပြီလား...
"ရွှေရုပ်..."
"ဟင်..."
"ဒီဘက်ကို လှည့်..."
လှည့်လိုက်တာနဲ့ မမက ရွှေရုပ်ကို ပုခုံးက လှမ်းပွေ့ကာ လက်မောင်းပေါ် ခေါင်းအုံးစေလိုက်သည်...ဘေးတစောင်းဖြစ်သွားသည်ဖြစ်၍ မမရဲ့ ဖြောင့်စင်းနေသော နှာတံက ရွှေရုပ်ရဲ့ နဖူးနဲ့ ထိကပ်လုမတတ်ဖြစ်နေပြီး မမက ခါးလေးကိုပါ သိမ်းပွေ့လာသည်...တစ်ကိုယ်လုံး မမရင်ခွင်ထဲကို ရောက်နေကာ နွေးထွေးလွန်းတဲ့ ထွေးဖက်မှုတွေကြားထဲ ရွှေရုပ် ငြိမ်ငြိမ်သက်သက်လေး ဖြစ်သွားရသည်...ရင်တွေလဲ တဒိတ်ဒိတ် ခုန်လာကာ မမပင် ကြားသွားလောက်သည်...
"မမ..."
"ဟင်..."
"ရွှေရုပ်ကို ပုံပြင်ပြောပြ... "
မတတ်နိုင်တော့...ရှက်ဖို့ကောင်းလောက်အောင် မထိန်းနိုင်ဖြစ်နေတဲ့ ရင်ခုန်သံတွေကို မမ မကြားသွားဖို့ ထွက်မိထွက်ရာ အရှက်ပြေ ပြောလိုက်မိတာ ဒီစကားကြီး ဖြစ်နေသည်...အင်းလေ...ငယ်ငယ်က ညတိုင်း မမက ပုံပြောပြပြီး သိပ်လေ့ရှိတာကိုး...အဲတော့ ဒီလိုပဲ ပြောမိတော့မှာပေါ့...
အထူးအဆန်းထွက်လာတဲ့စကားကြောင့် သစ္စာ အံ့သြသွားကာ ဘာပြောပြရမလဲ အပြေးအလွှားစဥ်းစားမိသည်...ကလေးတုန်းကတော့ ကလေးပုံပြင်တွေ အများကြီး ပြောပြခဲ့တာပဲ...ခုတော့ ဘာပြောရပါ့မလဲ...အင်း...မတတ်နိုင်...လူကြီးပုံပြင်ပဲ ပြောပြရတာပေါ့...
"အင်း ပြောပြမယ်..."
ရွှေရုပ်က တက်တက်ကြွကြွ သစ္စာဘက်ကို လှည့်လာကာ မျက်နှာကို မော့ငေးသည်...ဖောင်းပြည့်နေသော ပါးပြင်လေးကို လက်မနဲ့ဖွဖွ ပွတ်ကြည့်မိပြီးမှ သစ္စာ လည်ချောင်းရှင်းလိုက်သည်...
"အင်း ပြောရမယ်ဆိုရင်..."
ပြောမလို့ပြင်ပြီးမှ ကလေးကို ဒါတွေ လျှောက်ပြောလို့ဖြစ်မလားတွေးမိပြီး သစ္စာတုံ့ဆိုင်းသွားသည်...ရွှေရုပ်ကတော့ စိတ်မရှည်သလိုပြောလာသည်...
"ပြောပါတော့ မမရဲ့...နားထောင်ချင်လှပြီကို..."
"အင်း ပြောမယ်နော်..."
"ဟုတ်ကဲ့..."
"ဟိုးတုန်းက ပဲရစ်မြို့က ကျောင်းသားကျောင်းသူတွေစုပြီး လေ့လာရေးခရီးထွက်ကြသတဲ့...ဒါပေမယ့် သူတို့ထွက်လာပြီး လမ်းတစ်ဝက်လောက်ရောက်တော့ သတင်းတစ်ခုကြားရပါလေရော...အဲဒါက ရှေ့မြို့အလွန်မှာ နှင်းမုန်တိုင်းကျနေပြီးတော့ လမ်းတွေပိတ်လို့ ဆက်သွားလို့တောင် မရတော့ဘူးတဲ့...မိုးကလဲ ချုပ်နေပြီဆိုတော့ အားလုံးက ဒုက္ခရောက်ကြတာပေါ့..."
ခဏရပ်ကာ ရွှေရုပ်ကို ကြည့်တော့ အလွန်တရာစိတ်ဝင်စားနေသော မျက်လုံးလက်လက်လေးတွေနဲ့ နားစိုက်ထောင်နေသည်...သစ္စာ ရယ်ချင်လာကာ ဆံနွယ်တွေကို ဖွဖွ ပွတ်သပ်ပေးလိုက်သည်...ပြီးမှ ဆက်ပြောပါသည်...
"အဲဒါနဲ့ ကားကို မြန်မြန်မောင်းပြီး တည်းလို့ရမယ့်နေရာကို လိုက်ရှာကြတယ်...ဒါပေမယ့် နေရာအကုန်လုံးကလဲ သူတို့လို ခရီးသည်တွေနဲ့ ပြည့်နေတယ်တဲ့လေ...အဲမှာ ကျောင်းသားတစ်ယောက်က စဥ်းစားတယ်တဲ့...မြို့တောင်ပိုင်းမှာရှိတဲ့ သူ့အသိတစ်ယောက်အိမ်မှာ သွားအိပ်ဖို့ကိုပေါ့...ဆရာမကို ခွင့်တောင်းတော့လဲ ခွင့်ပြုလိုက်တယ်...အဲလိုပဲ နောက်ကျောင်းသူတစ်ယောက်ကလဲ သူ့ဦးလေးအိမ်မှာ သွားအိပ်ဖို့ ခွင့်တောင်းပြီး ထွက်လာခဲ့တယ်တဲ့..."
အင်းလေ...ငယ်ငယ်ကလို ယုန်နဲ့လိပ် ပြောပြရမယ့် အရွယ်မှမဟုတ်ဘဲ...ငါ မမှားဘူးဟု သစ္စာ အားတင်းလိုက်သည်...😅
"ပထမဆုံး ကောင်လေးက သူ့အသိအိမ်သွားတော့ အဆင်မပြေဘူး...အိမ်ပြောင်းသွားကြတယ်တဲ့...အဲလိုပဲ ကောင်မလေးကလဲ ကံမကောင်းဘူး...သူ့ဦးလေးမိသားစုက ခရီးထွက်သွားကြတယ်..."
"အင်း...အဲတော့..."
သစ္စာ ခပ်ဖွဖွရယ်လိုက်မိသည်...သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးပဲ... အားလုံးကို အရိုးခံစိတ်နဲ့သာ တွေးနေဆဲ...
"အဲတော့ သူတို့နှစ်ယောက်က ပြန်လာရင်း မြို့လယ်ခေါင်မှာ သွားတွေ့ကြတယ်...အဲဒီမှာ တစ်ယောက်အကြောင်းတစ်ယောက် ပြန်ပြောပြကြသတဲ့...ပြီးတော့ နှစ်ယောက်လုံးက မိုးလဲချုပ်နေပြီမို့လို့ ကျောင်းကားတွေဆီလဲ ပြန်မသွားတော့ဘဲ တည်းခိုစရာနေရာလိုက်ရှာကြမယ်လို့ သဘောတူလိုက်ကြတယ်..."
"အင်း..."
"အဲလိုနဲ့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ရှာရင်း နောက်ဆုံးမှာ မြို့စွန်က တည်းခိုခန်းကို ရောက်သွားကြတယ်...အဲမှာလဲ လူတွေက ပြည့်နေပြီ...ဒါပေမယ့် တစ်ယောက်ခန်းတစ်ခန်းတော့ လွတ်နေသေးတယ်တဲ့...နှစ်ယောက်လုံးကလဲ တအားပင်ပန်းနေပြီဆိုတော့ တစ်ယောက်ခန်းမှာပဲ နှစ်ယောက်အိပ်ဖို့ သဘောတူပြီး ငှားလိုက်ကြတယ်...."
ခုထိကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ အားပါးတရ နားထောင်နေဆဲ...သစ္စာ ပြုံးလိုက်ကာ...
"အိပ်တော့ ကလေး..."
"ဟင်...မပြီးသေးဘူးလေ...ဆက်ပြောပြပါ မမရဲ့..."
"နောက်နေ့မှ ဆက်ပြောပြမယ်...နားထောင်ချင်ရင် မနက်ဖြန်လဲ လာအိပ်ဦး..."
"ဟာ...."
အလိုမကျဘဲ စူပုတ်သွားတဲ့ ရွှေရုပ်ကို အတင်းလိုက်ချော့ရင်းမှ အတော်ကြာ ပျောက်ဆုံးနေသော ပျော်ရွှင်မှုဆိုတာကို သစ္စာ ရှာဖွေတွေ့ရှိလာသည်...လူးလွန့်နေတဲ့ ကိုယ်လေး ကို အတင်းသိမ်းကြုံးဖက်ပြီး နှာဖျားလေးကို ဖျတ်ခနဲ နမ်းမွှေးလိုက်သည်...
"အိပ်တော့နော်...မမ မနက်ဖြန်ကျရင် သေချာပေါက် ပြောပြမယ် ဟုတ်ပြီလား..."
"ကတိနော်..."
"အင်း ကတိ ကတိ..."
လက်ပေါ်မှာ ခေါင်းအုံးပြီး အိပ်ပျော်သွားသော ရွှေရုပ်မှာ အပူအပင်မရှိအေးချမ်းလှသည်...သစ္စာမှာမူ သွေးကြောကလေးများပင် မြင်နေရသော ပါးဖောင်းဖောင်းလေးတွေ ကော့နေသော မျက်တောင်လေးတွေ စိုရဲနေသော နှုတ်ခမ်းလွှာလေးတွေကို ငုံ့ကြည့်ရင်း ခုန်လာသော ရင်တို့ကို အတင်းထိန်းချုပ်နေရသည်...
အင်း...step by step ပေါ့ သစ္စာရေ...
🍀
Ps...ဒေါ်ကြီးက စောင်နဲ့ခေါင်းအုံးပေးလိုက်ပေမယ့် ဟိုက မလိုတော့ပါဘူးတဲ့😅...ဟိဟိ...extraမျှော်နေတဲ့သူတွေကို ဒီလို မထိတထိ လုပ်လိုက်ရတာ ပျော်စရာကြီး🤭...
Zawgi
"မမ... "
ဒီေခၚသံေလးကို ျပန္ၾကားခြင့္ရေနတာ ေသခ်ာသည့္တိုင္ ခုထိကို မယုံရဲေသးေခ်...ထို႔အျပင္ နားေထာင္၍လဲမဝ...ေ႐ႊ႐ုပ္က ထမင္းဝိုင္းတစ္ဖက္ကေန သစၥာကို ၾကည္ၾကည္လင္လင္ ၿပဳံးျပေနသည္....
"ထမင္းစားမယ္ေလ..."
"အင္း စားမယ္ေလ ကေလး...ေဒၚႀကီးေရာ..."
"ေဒၚႀကီးက သူ႕ေျမးေပါက္စအိမ္သြားတယ္ မမရဲ႕...ျပန္လာမွစားမယ္တဲ့....ေ႐ႊ႐ုပ္တို႔ အရင္စားႏွင့္ၾကမယ္ေလ...မဟုတ္ရင္ မမ ဗိုက္ဆာေနလိမ့္မယ္..."
"အင္း ဒါဆို စားၾကမယ္ေလ...ေဒၚႀကီးေျမးက ဘယ္အ႐ြယ္ရွိၿပီလဲ ကေလး..."
"သုံးေလးလေလာက္ပဲ ရွိေသးတာ မမ...ေ႐ႊ႐ုပ္ေတာင္ သြားမၾကည့္ရတာ ၾကာၿပီ..."
သစၥာရဲ႕ ပန္းကန္ထဲကို ဟင္းေတြ ခပ္ထည့္ေပးရင္း ေ႐ႊ႐ုပ္က အားပါးတရ ေျပာျပသည္...သစၥာမွာမူ ရွင္းသန့္ေနတဲ့ မ်က္ႏွာေလးကိုသာ တေမ့တေမာ ၾကည့္ေနမိသည္...
"သိလား မမ...ကေလးေလးကေလ ဝဝကစ္ကစ္ေလး ျဖဴေဖြးေနေရာပဲ... တအားခ်စ္ဖို႔ေကာင္းတာ..."
"ဟုတ္လား... အစပ္ေတြအမ်ားႀကီး မစားနဲ႕ေလ...ဗိုက္ေအာင့္လိမ့္မယ္..."
ေ႐ႊ႐ုပ္ရဲ႕စကားကို နားေထာင္ရင္းမွ သူ႕ပန္းကန္ထဲ ပုစြန္ဆိတ္ေလးေတြကို င႐ုတ္သီးစိမ္းေတြနဲ႕ခ်က္ထားသည့္ဟင္းကို ခပ္ထည့္ေနေတာ့ ပါးစပ္က အလိုလို တားမိျပန္သည္...ေ႐ႊ႐ုပ္က ၾကည္ၾကည္သာသာပဲ ဇြန္းကို ျပန္ခ်ကာ ေျပာလာသည္...
"နည္းနည္းပဲ စားမွာပါ မမရဲ႕...မမေရာ စားမေကာင္းဘူးလားဟင္..."
"အင္း...စားလို႔က ေကာင္းပါတယ္... ခရီးပန္းလာလို႔ ျဖစ္မယ္...လူက ႏုံးေနတာ..."
"ဟုတ္လား... ဒါဆိုရင္ ေစာေစာနားလိုက္ေနာ္...ေတာ္ၾကာ ေနမေကာင္းျဖစ္သြားမွျဖင့္..."
လူႀကီးကို ကေလးက စိတ္ပူေနတာပဲ...သစၥာ သေဘာတက် ၿပဳံးမိသြားသည္...အင္း...စိတ္ခ်မ္းသာလိုက္တာ...
"အင္း မမကို စိတ္မပူနဲ႕... ထမင္းသာ ေသခ်ာစား..."
"ဟုတ္... "
ပါးေလးေတြေဖာင္းေနေအာင္ ထမင္းေတြဝါးေနတာ ခ်စ္ဖို႔ေကာင္းလွသည္...အဆင္ေျပေနသည့္တိုင္ ဘယ္လိုေနရမလဲ ပူပန္ေနေသာ စိတ္တို႔သည္ တေျဖးေျဖး ေအးခ်မ္းလာေလသည္...
"မမ စားၿပီးၿပီးခ်င္း မနားနဲ႕ဦးေနာ္...ေ႐ႊ႐ုပ္တို႔ အိမ္အေနာက္ဘက္ သြားရေအာင္..."
"အေနာက္ဘက္..."
"အင္း...အေနာက္မွာေလ ေခ်ာင္းေသးေသးေလး ရွိတယ္ မမရဲ႕...အဲကို သြားရေအာင္..."
စိတ္အားထက္သန္စြာေခၚေနေသာ ေ႐ႊ႐ုပ္ကို ၾကည့္ရတာ ဘာအဖုအထစ္မွ မရွိခဲ့သည့္အလား ၿငိမ္းခ်မ္းလွသည္...သစၥာ၏ အျပစ္စိတ္တို႔သည္လဲ ေလ်ာ့ပါးလာေလသည္...
"အင္း...သြားမယ္ေလ..."
"ဟုတ္ မမ..."
စားၿပီးတာႏွင့္ ေ႐ႊ႐ုပ္က အိမ္အေနာက္ဘက္ကို ဦးေဆာင္ၿပီး ေခၚလာေလသည္...သိပ္မက်ယ္လြန္းေသာ ေခ်ာင္းကေလးသည္ ေဒၚႀကီး၏ အိမ္ကေနသြားလွ်င္ ဘယ္ေလာက္မွမသြားရပါ...ေခ်ာင္းေဘးမွာလဲ သစ္ပင္ႀကီးအခ်ိဳ႕က ေပါက္ေနကာ ေရစီးသံသဲ့သဲ့နဲ႕ သာယာလွသည္...ေ႐ႊ႐ုပ္က ေခ်ာင္းစပ္ရွိသစ္ပင္မွ သစ္ငုတ္ေလးကို သစၥာကို ၫႊန္ျပလာသည္ ...
"ဒီမွာထိုင္ မမ..."
"အင္း...ေအးလိုက္တာ ဒီနားေလးက..."
ထိုင္ခ်လိဳက္ၿပီးမွ မတ္တပ္ရပ္ေနေသာေ႐ႊ႐ုပ္ကို ၾကည့္ကာ သစၥာေဘးဘီကို ေဝ့ၾကည့္မိသည္ ... သစ္ငုတ္ကလဲ လူတစ္ကိုယ္ထိုင္စာသာရွိၿပီး ေဘးမွာလဲ ထိုင္စရာမရွိပါ...
"ေ႐ႊ႐ုပ္ ဒီနားလာ..."
"ရွင္..."
ေၾကာင္အအ ျဖစ္ေနေသာ ေ႐ႊ႐ုပ္ကို သစၥာက လက္က လွမ္းဆြဲကာ ေပါင္ေပၚထိုင္ေစလိုက္သည္...ၿပီးမွ လြမ္းေနခဲ့ရတဲ့ကိုယ္ေလးကို ျမတ္နိုးမဝစြာ သိမ္းေပြ႕ထားလိုက္သည္...ေအးခ်မ္းလြန္းတဲ့ ပတ္ဝန္းက်င္ေလးမွာ ခ်စ္ရတဲ့သူကို ေထြးေပြ႕ထားရတာ သစၥာ တကယ္ကို ကံေကာင္းလြန္းေနၿပီျဖစ္သည္...
မမက ႐ုတ္တရက္ ေပါင္ေပၚေဘးတေစာင္းေလးထိုင္ေစလိုက္တာေၾကာင့္ လန့္သြားေပမယ့္ တင္းတင္းၾကပ္ၾကပ္ေပြ႕လာေသာ အထိအေတြ႕နဲ႕အတူ ေ႐ႊ႐ုပ္ရဲ႕ ပုခုံးကို ေမးတင္လာေသာ မမေၾကာင့္ သူမ ၿငိမ္သက္သြားရသည္...
"ေ႐ႊ႐ုပ္..."
"ဟင္...."
ေတာ္ေတာ္ၾကာ ၿငိမ္သက္ေနၿပီးမွ မမရဲ႕ တိုးဖြဖြေခၚသံေၾကာင့္ ေ႐ႊ႐ုပ္ ျပန္ထူးလိုက္သည္...မမရဲ႕ ေပါင္ေပၚမွာ ထိုင္ရတာ ေနသားက်ေနသလိုျဖစ္ကာ ျပန္ထဖို႔ကို မေတြးမိေခ်...
"မမကို ခြင့္လႊတ္ရဲ႕လား..."
ေ႐ႊ႐ုပ္ အသာၿပဳံးမိသည္...မမသည္ ထိုအရာကိုသာ ေတြးပူေနခဲ့ဟန္တူသည္...
"မမကို ခြင့္လႊတ္တယ္မလႊတ္ဘူးေျပာရေအာင္ အျပစ္လုပ္ထားတယ္လို႔ ေ႐ႊ႐ုပ္က သတ္မွတ္ထားတာမွ မဟုတ္တာ..."
"ကေလးရယ္..."
ဆို႔နင့္လာကာ ေ႐ႊ႐ုပ္ကို တိုး၍ ဖက္မိသည္...ဆံႏြယ္ေတြကို မ်က္ႏွာအပ္ေတာ့ သင္းပ်ံ့ေနေသာ ရနံ႕ကို ရသည္...ေ႐ႊ႐ုပ္က ၿငိမ္ၿငိမ္သက္သက္ေလးပင္ သစၥာကို မွီႏြဲ႕လာသည္...
"ဒီလိုဆုံရဖို႔ ကံၾကမၼာက ဖန္လာလို႔ ဆုံရတာပါ...အခု အားလုံးၿပီးသြားၿပီမို႔လို႔ မမ ဘာကိုမွ ေတြးမပူပါနဲ႕...ေ႐ႊ႐ုပ္တို႔ ငယ္ငယ္တုန္းကလိုပဲ ေနၾကမယ္ေနာ္..."
ငယ္ငယ္တုန္းက...အင္း...ငယ္ငယ္တုန္းကလိုေတာ့ ဘယ္ျဖစ္မလဲ... ကိုယ္က အဲတုန္းကလို ရိုးသားေတာ့တာမွမဟုတ္ဘဲ...ကိုယ့္အေတြးကို သစၥာရယ္ခ်င္သြားကာ ၿပဳံးလိုက္မိသည္...
"အင္း...မမနဲ႕ ျပန္လိုက္မယ္မလား..."
"လိုက္မယ္...ဒါေပမယ့္ ဒီမွာ ေလးငါးရက္ေနပါဦး မမ ေနာ္...ေ႐ႊ႐ုပ္လဲ အပ္လက္ခံထားတဲ့အက်ီေတြကို ၿပီးေအာင္ခ်ဳပ္ခ်င္ေသးတယ္..."
"အင္း ေနမွာေပါ့..."
"ဟုတ္..."
"ႏွင္းနဲ႕ေရာ စကားေျပာျဖစ္ေသးလား ကေလး..."
"ေျပာျဖစ္တယ္...ဒီေန႕ မမလာမွာ မႏွင္းပဲ ေျပာျပတာေလ...အဲဒါေၾကာင့္ ေ႐ႊ႐ုပ္ကေမွ်ာ္ေနတာ..."
ေမွ်ာ္ေနတာတဲ့လား...ေ႐ႊ႐ုပ္သည္ သိပ္ကိုခ်စ္ဖို႔ေကာင္းလွသည္...ဘာအညွိုး ဘာအာဃာတကိုမွ် စိတ္ထဲမထားဘဲ ေအးေအးခ်မ္းခ်မ္းသာ ေနတတ္သည္...အင္း...သစၥာကျဖင့္...ဘယ္လိုပဲ ျဖစ္ေနပါေစေလ...ဒီတစ္ခါကေတာ့ ဘာကိုမွ ထည့္မေတြးဘဲ ဒီလက္ကိုသာ မလႊတ္မစမ္းဆြဲထားမွျဖစ္ေပလိမ့္မည္...
"ေမွာင္လာၿပီ...ေ႐ႊ႐ုပ္တို႔ ျပန္ရေအာင္ မမ...ေဒၚႀကီးလဲ ေရာက္ေနၿပီလားမသိဘူး..."
"ျပန္မယ္ေလ..."
"ဟုတ္..."
ကိုယ္ေသးေသးေလးကို အတင္းဖက္ထားရာမွ လႊတ္ေပးလိုက္ရေတာ့ သစၥာ ႏွေျမာသြားရသည္...ေ႐ႊ႐ုပ္ကေတာ့ ဘာမွမေတြးတတ္သူပီပီ ေပါင္ေပၚမွ ထကာ ရပ္ေစာင့္ေနေလသည္...
"ခလုတ္တိုက္လိမ့္မယ္...မမလက္ကို ကိုင္ထား..."
ခဏခဏလာေနက်မိဳ႕ ဘယ္နားမွာ ဘာရွိလဲသိသည့္တိုင္ ေ႐ႊ႐ုပ္ မမလက္ကို ၾကည္ၾကည္ျဖဴျဖဴပဲ တြဲထားလိုက္သည္...အရင္လို ျပန္ေနရမွာ ေ႐ႊ႐ုပ္ ေပ်ာ္လွသည္...မမကေတာ့ ေ႐ႊ႐ုပ္ တတြတ္တြတ္နဲ႕ ဘာေျပာေျပာ ေက်ေက်နပ္နပ္ၾကည့္ေနတတ္ကာ အနည္းငယ္ေတာ့ ရွိုးတို႔ရွန့္တန့္ျဖစ္ေနပါသည္... ခုခ်ိန္ထိ မမစိတ္ထဲ အျပစ္လုပ္ထားမိသည္ဟု ယူဆေနတုံး ျဖစ္ေပလိမ့္မည္...ကိစၥေတာ့ မရွိပါ...အခ်ိန္အနည္းငယ္ၾကာလွ်င္ အရင္လို ႏြေးႏြေးေထြးေထြး ျပန္ျဖစ္သြားလိမ့္မည္ဟု ေ႐ႊ႐ုပ္ ယုံပါသည္...
"ေဟာ...ေခ်ာင္းဘက္ သြားၾကတာလား... "
အိမ္အဝင္ဝျပန္ေရာက္ေတာ့ ေဒၚႀကီးက အထဲက လွမ္းေမးလာသည္...
"ဟုတ္... ေဒၚႀကီး ျပန္ေရာက္တာ ၾကာၿပီလား..."
"မၾကာေသးပါဘူး...ခဏကမွ ေရာက္တာ...ဘယ္သြားေနၾကလဲလို႔ စဥ္းစားေနတာ...ေနာက္မွ ေခ်ာင္းဘက္ ျဖစ္မယ္ဆိုၿပီး လိုက္မရွာေတာ့တာ သစၥာေရ႕...အဲကေလးမက ေခ်ာင္းနားကို တအားသေဘာက်တာ...ခဏခဏသြားထိုင္ေနတာေလ...ခုလဲ သူ႕မမကို ေရာက္တာနဲ႕ ေခၚသြားေတာ့တာပဲ..."
"ေဒၚႀကီးကလဲ မမက ေမာလာတယ္ဆိုလို႔ အဲနားက ေအးလို႔ ေခၚသြားတာေလ..."
"အင္းပါ အင္းပါ..."
"ဟြန့္ ခုက ေဒၚႀကီး ထမင္းစားၿပီးၿပီလား... "
"ၿပီးၿပီ...ေဒၚႀကီးတူမအိမ္က တစ္ခါတည္း စားလာခဲ့တယ္... ခု ဘုရားရွိခိုးေတာ့မလို႔...သစၥာက ပင္ပန္းလာတယ္ဆိုရင္ ေစာေစာနားေနာ္...".
"ဟုတ္ကဲ့ ေဒၚႀကီး..."
"ေအးေအး...ေ႐ႊ႐ုပ္က ဘုရားမရွိခိုးဘူးလား..."
လွည့္ထြက္သြားၿပီးမွ ေဒၚႀကီးက ေ႐ႊ႐ုပ္ကို လွည့္ေမးလာသည္...အင္းေလ...ေန႕တိုင္း ဘုရားတူတူရွိခိုးၿပီးရင္ ေ႐ႊ႐ုပ္က ေဒၚႀကီးနားမွာပဲ အိပ္ေနက်ကိဳး...ေၾကာင္ေတာင္ေတာင္ေလး ရပ္ေနၿပီးမွ ေ႐ႊ႐ုပ္ ဟီးခနဲ ရယ္ျပလိုက္သည္...
"ရွိခိုးမယ္ေလ ေဒၚႀကီး..."
"ဪ လာေလ အဲဒါဆို... အဲမွာ ဘာရပ္လုပ္ေနတာလဲ..."
ေဒၚႀကီးက ေ႐ႊ႐ုပ္ကို ေျပာၿပီးတာနဲ႕ လွည့္ထြက္သြားသည္...မမနဲ႕ တြဲထားတဲ့လက္ကို ေ႐ႊ႐ုပ္ အသာျဖဳတ္ခ်လိဳက္ရကာ...
"နားေတာ့ေနာ္ မမ..."
လက္ကိုျဖဳတ္ခ်ၿပီး ၿပဳံးျပကာ ေဒၚႀကီးေနာက္ေျပးလိုက္သြားတဲ့ ေ႐ႊ႐ုပ္ကို ၾကည့္ၿပီး သစၥာ စိတ္ညစ္သြားသည္...တစ္ေယာက္တည္း အိပ္ရေတာ့မည္လား...ဒါေပမယ့္ တတ္မွ မတတ္နိုင္ဘဲ...သက္ျပင္းခ်ကာ ကိုယ့္ကို ျပင္ေပးထားတဲ့ အခန္းဆီသာ သြားလိုက္ရသည္...
"ယသာႏုဘာဝေတာ ယကၡာ..."
ေမတၱာသုတ္႐ြတ္ေနတဲ့ ေဒၚႀကီးကို ေဘးက ၾကည့္ကာ ေ႐ႊ႐ုပ္ အႀကံအိုက္ေနမိသည္...ေဒၚႀကီးက ဘုရားရွိခိုးရင္ ေ႐ႊ႐ုပ္ထက္ ပိုၾကာသည္...ခုလဲ ေ႐ႊ႐ုပ္က ရွိခိုးၿပီးတာ ၾကာေနၿပီျဖစ္တာေတာင္ မၿပီးေသးပါ...
အိပ္ရာကို ခပ္ေလ်ာေလ်ာ မွီေနရင္း မ်က္ႏွာမသာမယာနဲ႕ ရပ္က်န္ေနခဲ့တဲ့ မမကို ျပန္ျမင္ေယာင္ေနမိသည္...မမနဲ႕ သြားအိပ္ရင္ ေကာင္းမလား...ဒါေပမယ့္ ေဒၚႀကီးကို ဘယ္လိုေျပာရပါ့မလဲ...ဒီကို ေရာက္တည္းက ေဒၚႀကီးနဲ႕ပဲ အိပ္ခ်င္တာဆိုၿပီး ညတိုင္းလာကပ္အိပ္ေနခဲ့ၿပီးမွ ခုမွ မမနဲ႕ သြားအိပ္မည္ဆိုရင္ ေဒၚႀကီးက စကားနာထိုးေတာ့မည္...သက္ျပင္းေတြ ႀကိတ္ခ်ေနေသာ ေ႐ႊ႐ုပ္မွာ ေဒၚႀကီး ေခၚသံၾကားမွ သတိက ဝင္လာသည္...
"မအိပ္ဘဲ ဘာေတြ စဥ္းစားေနတုန္း ေ႐ႊ႐ုပ္..."
"ေဒၚႀကီး..."
"ေျပာကြယ္..."
"ဟိုေလ မမက ညေနက ထမင္းလဲ သိပ္မစားဘူး..."
"ဟုတ္လား..."
ေဒၚႀကီးရဲ႕ သံေယာင္လိုက္သံေနာက္မွာ ေ႐ႊ႐ုပ္ အားတက္သြားကာ ဆက္ေျပာလိုက္သည္...
"ၿပီးေတာ့ေလ ခရီးပန္းလို႔တဲ့ မ်က္ႏွာလဲ မေကာင္းဘူး... "
"အင္း..."
"အဲဒါ ညက် ဖ်ားေနရင္ ဘယ္လိုလုပ္မလဲ..."
"အမေလးေတာ္ ေရာ့ ေရာ့..."
ေ႐ႊ႐ုပ္ရဲ႕စကားဆုံးတာနဲ႕ ေဒၚႀကီးက ရယ္လဲရယ္ မ်က္ႏွာကိုလဲ မဲ့ကာ ေစာင္နဲ႕ ေခါင္းအုံးကို လက္ထဲ အတင္းထိုးေပးလာသည္...
"က်ဳပ္ကို စကားမေပးေနနဲ႕... ယူသြား...ဒီမွာ ရွင့္မမနဲ႕ သြားအိပ္ေခ်..."
ေခါင္းအုံးနဲ႕ေစာင္ကို ပိုက္ကာ ဝမ္းသာအားရ ထရပ္ရင္း ေ႐ႊ႐ုပ္ ေဒၚႀကီးကို ရယ္ျပလိုက္သည္...
"ေဒၚႀကီးလို႔... "
"ဘာလဲ ေျပာ...ေနာက္ရက္လဲ လာမအိပ္နဲ႕ေတာ့ က်ဳပ္နဲ႕...ညည္းကို စိတ္ဆိုးသြားၿပီ..."
ဟြန့္ ဘယ္သူက လာအိပ္ဦးမယ္ေျပာလို႔လဲ ... စိတ္ထဲက အေတြးကို မ်က္ႏွာမွာ မေပၚေအာင္ သူမအတင္းဖုံးဖိလိုက္ရကာ...
"သြားၿပီေနာ္..."
"သြား သြား..."
အခန္းထဲက ေျပးထြက္လာကာ မမအခန္းဆီ ခပ္ျမန္ျမန္ ေလွ်ာက္လာမိသည္...ေတာ္ၾကာ မမက အိပ္ေပ်ာ္သြားၿပီဆိုရင္ ဘယ္သူနဲ႕ သြားအိပ္ရပါ့မလဲ...
"မမ...မမ..."
အိပ္မေပ်ာ္၍ ဟိုသည္ လူးလိမ့္ေနတဲ့ သစၥာမွာ အခန္းဝက အသံတိုးတိုးေလးေၾကာင့္ ဆတ္ခနဲ ထထိုင္ကာ အခန္းတံခါးသြားေျပးဖြင့္မိသည္...ေ႐ႊ႐ုပ္က ေစာင္နဲ႕ ေခါင္းအုံးကို ပိုက္ထားရင္း သစၥာကို ရယ္ျပလာသည္...
"မမနဲ႕ လာအိပ္တာ..."
ၿပဳံးသြားတဲ့မမေၾကာင့္ ေ႐ႊ႐ုပ္ အနည္းငယ္ရွက္သြားေပမယ့္ ခပ္တည္တည္ပဲ အခန္းထဲ ဝင္လာလိုက္ကာ ေခါင္းအုံးကို ကုတင္ေပၚ၌ ခ်လိဳက္သည္...မမကလဲ လိုက္ဝင္လာကာ ကုတင္ေပၚ ထိုင္ခ်ရင္း ေဘးကို လက္နဲ႕ ၫႊန္ျပလာသည္...
"ဒီမွာ လာအိပ္..."
"ဟုတ္..."
မမအနားမွာ ပက္လက္ေလး ဝင္လွဲလိုက္ကာ ေ႐ႊ႐ုပ္ ေတာင့္ေတာင့္ေလး ၿငိမ္ေနမိသည္...နည္းနည္းလဲ ရွက္ေနသည္မို႔ ဘာေျပာရမလဲမသိပါ...အင္း...လာအိပ္မိတာ မွားၿပီလား...
"ေ႐ႊ႐ုပ္..."
"ဟင္..."
"ဒီဘက္ကို လွည့္..."
လွည့္လိုက္တာနဲ႕ မမက ေ႐ႊ႐ုပ္ကို ပုခုံးက လွမ္းေပြ႕ကာ လက္ေမာင္းေပၚ ေခါင္းအုံးေစလိုက္သည္...ေဘးတေစာင္းျဖစ္သြားသည္ျဖစ္၍ မမရဲ႕ ေျဖာင့္စင္းေနေသာ ႏွာတံက ေ႐ႊ႐ုပ္ရဲ႕ နဖူးနဲ႕ ထိကပ္လုမတတ္ျဖစ္ေနၿပီး မမက ခါးေလးကိုပါ သိမ္းေပြ႕လာသည္...တစ္ကိုယ္လုံး မမရင္ခြင္ထဲကို ေရာက္ေနကာ ႏြေးေထြးလြန္းတဲ့ ေထြးဖက္မႈေတြၾကားထဲ ေ႐ႊ႐ုပ္ ၿငိမ္ၿငိမ္သက္သက္ေလး ျဖစ္သြားရသည္...ရင္ေတြလဲ တဒိတ္ဒိတ္ ခုန္လာကာ မမပင္ ၾကားသြားေလာက္သည္...
"မမ..."
"ဟင္..."
"ေ႐ႊ႐ုပ္ကို ပုံျပင္ေျပာျပ... "
မတတ္နိုင္ေတာ့...ရွက္ဖို႔ေကာင္းေလာက္ေအာင္ မထိန္းနိုင္ျဖစ္ေနတဲ့ ရင္ခုန္သံေတြကို မမ မၾကားသြားဖို႔ ထြက္မိထြက္ရာ အရွက္ေျပ ေျပာလိုက္မိတာ ဒီစကားႀကီး ျဖစ္ေနသည္...အင္းေလ...ငယ္ငယ္က ညတိုင္း မမက ပုံေျပာျပၿပီး သိပ္ေလ့ရွိတာကိုး...အဲေတာ့ ဒီလိုပဲ ေျပာမိေတာ့မွာေပါ့...
အထူးအဆန္းထြက္လာတဲ့စကားေၾကာင့္ သစၥာ အံ့ၾသသြားကာ ဘာေျပာျပရမလဲ အေျပးအလႊားစဥ္းစားမိသည္...ကေလးတုန္းကေတာ့ ကေလးပုံျပင္ေတြ အမ်ားႀကီး ေျပာျပခဲ့တာပဲ...ခုေတာ့ ဘာေျပာရပါ့မလဲ...အင္း...မတတ္နိုင္...လူႀကီးပုံျပင္ပဲ ေျပာျပရတာေပါ့...
"အင္း ေျပာျပမယ္..."
ေ႐ႊ႐ုပ္က တက္တက္ႂကြႂကြ သစၥာဘက္ကို လွည့္လာကာ မ်က္ႏွာကို ေမာ့ေငးသည္...ေဖာင္းျပည့္ေနေသာ ပါးျပင္ေလးကို လက္မနဲ႕ဖြဖြ ပြတ္ၾကည့္မိၿပီးမွ သစၥာ လည္ေခ်ာင္းရွင္းလိုက္သည္...
"အင္း ေျပာရမယ္ဆိုရင္..."
ေျပာမလို႔ျပင္ၿပီးမွ ကေလးကို ဒါေတြ ေလွ်ာက္ေျပာလို႔ျဖစ္မလားေတြးမိၿပီး သစၥာတုံ႕ဆိုင္းသြားသည္...ေ႐ႊ႐ုပ္ကေတာ့ စိတ္မရွည္သလိုေျပာလာသည္...
"ေျပာပါေတာ့ မမရဲ႕...နားေထာင္ခ်င္လွၿပီကို..."
"အင္း ေျပာမယ္ေနာ္..."
"ဟုတ္ကဲ့..."
"ဟိုးတုန္းက ပဲရစ္ၿမိဳ႕က ေက်ာင္းသားေက်ာင္းသူေတြစုၿပီး ေလ့လာေရးခရီးထြက္ၾကသတဲ့...ဒါေပမယ့္ သူတို႔ထြက္လာၿပီး လမ္းတစ္ဝက္ေလာက္ေရာက္ေတာ့ သတင္းတစ္ခုၾကားရပါေလေရာ...အဲဒါက ေရွ႕ၿမိဳ႕အလြန္မွာ ႏွင္းမုန္တိုင္းက်ေနၿပီးေတာ့ လမ္းေတြပိတ္လို႔ ဆက္သြားလို႔ေတာင္ မရေတာ့ဘူးတဲ့...မိုးကလဲ ခ်ဳပ္ေနၿပီဆိုေတာ့ အားလုံးက ဒုကၡေရာက္ၾကတာေပါ့..."
ခဏရပ္ကာ ေ႐ႊ႐ုပ္ကို ၾကည့္ေတာ့ အလြန္တရာစိတ္ဝင္စားေနေသာ မ်က္လုံးလက္လက္ေလးေတြနဲ႕ နားစိုက္ေထာင္ေနသည္...သစၥာ ရယ္ခ်င္လာကာ ဆံႏြယ္ေတြကို ဖြဖြ ပြတ္သပ္ေပးလိုက္သည္...ၿပီးမွ ဆက္ေျပာပါသည္...
"အဲဒါနဲ႕ ကားကို ျမန္ျမန္ေမာင္းၿပီး တည္းလို႔ရမယ့္ေနရာကို လိုက္ရွာၾကတယ္...ဒါေပမယ့္ ေနရာအကုန္လုံးကလဲ သူတို႔လို ခရီးသည္ေတြနဲ႕ ျပည့္ေနတယ္တဲ့ေလ...အဲမွာ ေက်ာင္းသားတစ္ေယာက္က စဥ္းစားတယ္တဲ့...ၿမိဳ႕ေတာင္ပိုင္းမွာရွိတဲ့ သူ႕အသိတစ္ေယာက္အိမ္မွာ သြားအိပ္ဖို႔ကိုေပါ့...ဆရာမကို ခြင့္ေတာင္းေတာ့လဲ ခြင့္ျပဳလိုက္တယ္...အဲလိုပဲ ေနာက္ေက်ာင္းသူတစ္ေယာက္ကလဲ သူ႕ဦးေလးအိမ္မွာ သြားအိပ္ဖို႔ ခြင့္ေတာင္းၿပီး ထြက္လာခဲ့တယ္တဲ့..."
အင္းေလ...ငယ္ငယ္ကလို ယုန္နဲ႕လိပ္ ေျပာျပရမယ့္ အ႐ြယ္မွမဟုတ္ဘဲ...ငါ မမွားဘူးဟု သစၥာ အားတင္းလိုက္သည္...😅
"ပထမဆုံး ေကာင္ေလးက သူ႕အသိအိမ္သြားေတာ့ အဆင္မေျပဘူး...အိမ္ေျပာင္းသြားၾကတယ္တဲ့...အဲလိုပဲ ေကာင္မေလးကလဲ ကံမေကာင္းဘူး...သူ႕ဦးေလးမိသားစုက ခရီးထြက္သြားၾကတယ္..."
"အင္း...အဲေတာ့..."
သစၥာ ခပ္ဖြဖြရယ္လိုက္မိသည္...သိပ္ခ်စ္ဖို႔ေကာင္းတဲ့ ကေလးပဲ... အားလုံးကို အရိုးခံစိတ္နဲ႕သာ ေတြးေနဆဲ...
"အဲေတာ့ သူတို႔ႏွစ္ေယာက္က ျပန္လာရင္း ၿမိဳ႕လယ္ေခါင္မွာ သြားေတြ႕ၾကတယ္...အဲဒီမွာ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ျပန္ေျပာျပၾကသတဲ့...ၿပီးေတာ့ ႏွစ္ေယာက္လုံးက မိုးလဲခ်ဳပ္ေနၿပီမို႔လို႔ ေက်ာင္းကားေတြဆီလဲ ျပန္မသြားေတာ့ဘဲ တည္းခိုစရာေနရာလိုက္ရွာၾကမယ္လို႔ သေဘာတူလိုက္ၾကတယ္..."
"အင္း..."
"အဲလိုနဲ႕ တစ္ဆိုင္ဝင္တစ္ဆိုင္ထြက္ လိုက္ရွာရင္း ေနာက္ဆုံးမွာ ၿမိဳ႕စြန္က တည္းခိုခန္းကို ေရာက္သြားၾကတယ္...အဲမွာလဲ လူေတြက ျပည့္ေနၿပီ...ဒါေပမယ့္ တစ္ေယာက္ခန္းတစ္ခန္းေတာ့ လြတ္ေနေသးတယ္တဲ့...ႏွစ္ေယာက္လုံးကလဲ တအားပင္ပန္းေနၿပီဆိုေတာ့ တစ္ေယာက္ခန္းမွာပဲ ႏွစ္ေယာက္အိပ္ဖို႔ သေဘာတူၿပီး ငွားလိုက္ၾကတယ္...."
ခုထိကို မ်က္လုံးဝိုင္းဝိုင္းေလးေတြနဲ႕ အားပါးတရ နားေထာင္ေနဆဲ...သစၥာ ၿပဳံးလိုက္ကာ...
"အိပ္ေတာ့ ကေလး..."
"ဟင္...မၿပီးေသးဘူးေလ...ဆက္ေျပာျပပါ မမရဲ႕..."
"ေနာက္ေန႕မွ ဆက္ေျပာျပမယ္...နားေထာင္ခ်င္ရင္ မနက္ျဖန္လဲ လာအိပ္ဦး..."
"ဟာ...."
အလိုမက်ဘဲ စူပုတ္သြားတဲ့ ေ႐ႊ႐ုပ္ကို အတင္းလိုက္ေခ်ာ့ရင္းမွ အေတာ္ၾကာ ေပ်ာက္ဆုံးေနေသာ ေပ်ာ္႐ႊင္မႈဆိုတာကို သစၥာ ရွာေဖြေတြ႕ရွိလာသည္...လူးလြန့္ေနတဲ့ ကိုယ္ေလး ကို အတင္းသိမ္းႀကဳံးဖက္ၿပီး ႏွာဖ်ားေလးကို ဖ်တ္ခနဲ နမ္းေမႊးလိုက္သည္...
"အိပ္ေတာ့ေနာ္...မမ မနက္ျဖန္က်ရင္ ေသခ်ာေပါက္ ေျပာျပမယ္ ဟုတ္ၿပီလား..."
"ကတိေနာ္..."
"အင္း ကတိ ကတိ..."
လက္ေပၚမွာ ေခါင္းအုံးၿပီး အိပ္ေပ်ာ္သြားေသာ ေ႐ႊ႐ုပ္မွာ အပူအပင္မရွိေအးခ်မ္းလွသည္...သစၥာမွာမူ ေသြးေၾကာကေလးမ်ားပင္ ျမင္ေနရေသာ ပါးေဖာင္းေဖာင္းေလးေတြ ေကာ့ေနေသာ မ်က္ေတာင္ေလးေတြ စိုရဲေနေသာ ႏႈတ္ခမ္းလႊာေလးေတြကို ငုံ႕ၾကည့္ရင္း ခုန္လာေသာ ရင္တို႔ကို အတင္းထိန္းခ်ဳပ္ေနရသည္...
အင္း...step by step ေပါ့ သစၥာေရ...
🍀
Ps...ေဒၚႀကီးက ေစာင္နဲ႕ေခါင္းအုံးေပးလိုက္ေပမယ့္ ဟိုက မလိုေတာ့ပါဘူးတဲ့😅...ဟိဟိ...extraေမွ်ာ္ေနတဲ့သူေတြကို ဒီလို မထိတထိ လုပ္လိုက္ရတာ ေပ်ာ္စရာႀကီး🤭...