ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
175
176
177
178
179
180
181
182
183
Hello

35

15.1K 2.4K 254
By Kiyoiko__

{Unicode}

"ရန်ရန် ငိုလေပြီ"

အဌားယာဥ်လေးသည် လမ်းဆုံတွင် ရပ်တန့်သွားသည်။

ရန်ကျားလိသည် မိမိနှင့်သက်ဆိုင်သော ပစ္စည်းများကို ယူလိုက်ကာ ကားပေါ်မှ ဆင်းလာခဲ့သည်။

သူ့ကိုယ်သူ အဝတ်အစားများနှင့် တင်းကျပ်အောင် ပတ်ထားပြီး အသက်ဝဝ ရှူလိုက်ကာ မဝေးတော့သည့် တစ်နေရာကို လှမ်းကြည့်လိုက်သည်။ သင်္ချိုင်းက အရှေ့နား မလှမ်းမကမ်းမှာပင်။

သူသည် နှလုံးသားထဲတွင် ပြည့်လျှံနေသော မှောင်မိုက်နေသည့် ခံစားချက်များကို မျိုသိပ်ထားလိုက်ရင်း မက်စ်ကို သေသေချာချာ တပ်လိုက်ကာ ခေါင်းငုံ့ထားရက်နှင့် အရှေ့လားရာသို့ လျှောက်လာသည်။

ခြေလှမ်း အနည်းငယ်သာ လှမ်းရသေးသည့်တိုင် ရုတ်တရက် နောက်ကွယ်မှ လေချွန်သံ ထွက်လာကာ မော်တော်ယာဥ် လေးငါးစီးလောက်က ရန်ကျားလိ နံဘေးသို့ အလျင်စလို ထိုးရပ်လာသည်။

ကနဦးအစက စံအိမ်ရှေ့တွင် ပိတ်ဆို့ထားခဲ့သော မီဒီယာ၊ သတင်းထောက်သမားများက မမျှော်လင့်ဘဲ ရန်ကျားလိ၏ အဌားယာဥ်နောက်သို့ လိုက်လာကြပြီး ကားတံခါးပွင့်သည်နှင့် တစ်ယောက်ချင်းစီက ကိရိယာပစ္စည်း တန်ဆာပလာများ သယ်ဆောင်လာကာ လင်းလက်တောက်ပနေသော မျက်ဝန်းများဖြင့် ရန်ကျားလိ နံဘေးသို့ အပြေး ဆိုက်ကပ်လာကြသည်။

ရန်ကျားလိမှာ ​ပျာပျာသလဲ ဖြစ်သွားပြီး ချက်ချင်း ခြေထောက်မြှောက်ကာ ထွက်ပြေးချင်ခဲ့သည်။

သို့သည့်တိုင် ဤတစ်ခေါက်တွင်တော့ ကားများက ရှေ့နောက် နေရာမလပ် ရပ်ထားကြသည့်အပြင် ပါပါရာဇီများကလည်း ရန်ကျားလိကို ဝိုင်းရံထားပြီး ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးအား စိုးစဥ်မျှပင် မပေးခဲ့ကြပါချေ။

ရန်ကျားလိသည် လူအုပ်ကြီးထဲ ရပ်နေပြီး လမ်းပျောက်နေသော ကလေးတစ်ယောက်နှယ် မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများသာ ပြည့်နှက်နေခဲ့သည်။

ဘယ်ဆီဘယ်ဝယ်ကို ခြေလှမ်းလိုက်ရမည် မသိသလို ဘာလုပ်လိုက်ရမှန်းလည်း မသိတော့ပေ။

ကင်မရာ အထပ်ထပ်နှင့် မိုက်ခရိုဖုန်းများကို ရန်ကျားလိရှေ့မှောက် ဖြန့်ကျက်ထားပြီး နားကွဲလုမတတ် စူးရှပြင်းထန်သော ဆူညံသံများက နားထဲတွင် ထပ်တလဲလဲ မြည်ဟီးနေသည်။

"ရန်ကျားလိ၊ ဒီကိစ္စတွေ ဖြစ်ပျက်သွားတဲ့နောက် မင်းရဲ့ ထင်မြင်ချက်တွေကို ပြောပြပါ"

"ဘာလို့ ဝမ်ယန်ကို ရိုက်လိုက်သလဲဆိုတာ ပြောပြနိုင်မလား။ ပရိသတ်တွေရဲ့ ကဲ့ရဲ့ရှုတ်ချမှုတွေကိုရော ဘယ်လိုမြင်လဲ"

"မေးပါရစေ၊ အင်တာနက်ပေါ်မှာ ပြောနေကြတာ အရင်ကလည်း မင်းက ဂျူနီယာတွေကို အကြမ်းဖက်ပြီး အနိုင်ကျင့်ဖူးတယ်ဆိုတာ အဲ့ဒါမှန်ပါသလား"

"...အရင်တစ်ခေါက်က နျဲ့ယွင်ကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း စကားတွေ ပြောခဲ့တာ မင်းပဲလား။ မေးပါရစေ၊ အဲ့လိုလုပ်လိုက်တာက သူ့ကို အမြင်မကြည်လို့လား ဒါမှမဟုတ် တခြားရည်ရွယ်ချက် တစ်ခုခု ရှိလို့လား။ ကျေးဇူးပြုပြီး ဖြေပေးပါ။ ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ!"

ရန်ကျားလိသည် မျက်လုံးများကို လက်ဖြင့် အုပ်ထားပြီး

"မဟုတ်ဘူး။ ငါ မလုပ်ဘူး။ ဖယ်ပေး..."

သူသည် လက်ဆန့်ကာ မျက်စိရှေ့မှ လူအား တွန်းထုတ်ချင်ခဲ့သော်လည်း လူအုပ်ကြီးက သူ့အား ထွက်သွားခွင့် မပေးနိုင်သည့်အလား သေမတက် ပိတ်ဆို့ထားကြသည်ကိုသာ ခံလိုက်ရသည်။

မြင်ကွင်းက ဖရိုဖရဲနှင့် ကမောက်ကမ ဖြစ်နေစဥ်တွင် ဘယ်အရပ်ကမှန်း မသိသည့် ကြက်ဥတစ်လုံးက ရုတ်တရက် လွင့်ပျံလာသည်။

ဘတ်ခနဲ အသံမြည်သွားသည်။

ကြက်ဥက ရန်ကျားလိ၏ ဦးခေါင်းတည့်တည့် တိတိကျကျကို ထိမှန်သွားလေသည်။

ကြက်ဥခွံက ကွဲသွားပြီး ပျစ်ချွဲနေသော ကြက်ဥအနှစ်ရည်များက တစ်ဆက်တည်း အောက်သို့ စီးကျလာသည်။

ရန်ကျားလိ ရူးလေပြီ။

သူ့မျက်နှာပေါ်တွင် စီးကျနေသော စေးကပ်ကပ် ကြက်ဥအနှစ်ရည်များကို စမ်းကြည့်ရင်း မျက်လုံးပင့်၍ အရှေ့တူရူရာ အရပ်ကို ကြည့်လိုက်မိသည်။

ဘယ်အချိန် ကတည်းကမသိ၊ လူအုပ်ကြီး အပြင်ဘက်တွင် လူတစ်ထပ်လိုက် စုပြုံလာပြန်သည်။ သူတို့အားလုံးမှာ မျက်နှာကို မက်စ်နှင့် ကွယ်ထားကြပြီး မျက်လုံးထဲ၌လည်း မခံမရပ်နိုင် ဖြစ်နေသော ဒေါသအဟုန်တို့ တောက်လောင်လို့နေသည်။ လူအုပ်ကြီးမှ ဝိုင်းရံခြင်းခံထားရသော ရန်ကျားလိအား ရာဇဝတ်ကောင်သဖွယ် သဲကြီးမဲကြီး ပစ်ပေါက်တိုက်ခိုက်ကြသည်။

ထိုအထဲမှ လူတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လာသည်။

"ယန်ပေါင်းအတွက် လက်စားချေကြစို့၊ သူ့ကိုရိုက်!"

တစ်ခဏချင်းမှာပင် ထပ်မံ၍ ကြက်ဥ၊ ခရမ်းချဥ်သီးများဖြင့် အင်တိုက်အားတိုက် ပစ်ပေါက်လာကြပြန်သည်။

ရန်ကျားလိမှာ အသက်ရှု ကျပ်မတက် ဖြစ်လို့လာသည်။ အသက်ပြင်းပြင်း ရှူလိုက်သောအခါ မျက်နှာမှာ သွေးရောင်ပါ မရှိတော့ပေ။ မည်သို့ဆိုစေ ထိုလူအုပ်ကြီးအား အားနှင့်ခွန်နှင့် တွန်းဖယ်ပစ်ချင်ခဲ့သည်။

သို့သော်ငြား ထိုပါပါရာဇီ သတင်းထောက်များက နံရံတံတိုင်း တစ်ခုသဖွယ် သူ့အရှေ့မှာ ပိတ်ကာထားပြီး သူ့ကို ကြားညှပ်ထားကြသည်။

ပရမ်းပတာ ဖြစ်နေသော အခြေအနေအကြားတွင် ဘယ်ကမှန်း မသိသော လက်တစ်ချောင်းက ဆန့်ထွက်လာပြီး ရန်ကျားလိ၏ မက်စ်အား အကြမ်းပတမ်း ဆွဲချွတ်ပစ်လိုက်သည်။ ထို့အပြင် သူ့မျက်နှာ တစ်ခုလုံးအား လူထု၏ အကြည့်များနှင့် ကင်မရာ၏ ရိုက်ချက်များအောက် လစ်ဟဖော်ပြပါရန် အတင်းအကျပ် ဖိအားပေးသည်။

မျက်နှာ ပေါ်လာသည်နှင့် သတင်းထောက်များက ရူးသွပ်သွားပုံပေါ်ပြီး ကင်မရာ ဖလပ်ရှ်မီးမှာလည်း အဆက်မပြတ် တလတ်လတ်ပင်။

ရန်ကျားလိသည် မျက်လုံးများကို မှိတ်ထားပြီး ကြောက်လန့်နေသော အသံနှင့်

"မရိုက်နဲ့တော့၊ မင်းတို့ မရိုက်ပါနဲ့တော့!"

ထိုလူစုလူဝေးကြီးထဲကို ဝင်ဆံ့ဖို့ အသည်းအသန် ကြိုးစားနေသူ တစ်ယောက်ကလည်း ဖုန်းကိုမြှောက်လိုက်ကာ တိုက်ရိုက်ထုတ်လွှင့်နေသည်။

သူသည် တိုက်ရိုက်ထုတ်လွှင့်နေသည် စခရင် မျက်နှာပြင်ကို ကြည့်ရင်း ပြုံးစစနှင့် စကားပြောလာသည်။

"တိုက်ရိုက်ထုတ်လွှင့်တာကို ကြည့်နေတဲ့ ပရိသတ်တို့ရေ၊ ကျွန်တော်အခု သူ့ကို မိသွားပါပြီ။ ဝမ်ယန်ရဲ့ ပရိသတ်တစ်ယောက် အနေနဲ့...ဟေ့ အစ်ကို ကျွန်တော့်ကို မတွန်းနဲ့လေဗျာ။ ဒီနေ့ အားလုံးအတူ တရားမျှမျှတတနဲ့ လက်စားချေရအောင် ကျွန်တော် ဖိတ်ခေါ်ပါတယ်။ မကောင်းတာ လုပ်ထားတဲ့ သူကတော့ ဝဋ်လည်မှာပါ။ ကျွန်တော့်ကို ထောက်ခံတဲ့ လက်ဆောင် ကောမန့်လေးတွေ ပေးခဲ့ပါ၊ လာ!"

တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် မျက်စိတစ်မှိတ်အတွင်း ကြီးမားသော လှိုင်းတံပိုးသဖွယ် ဝေဖန်ချက်များ ပေါက်ကွဲထွက်လာသည်။

"လူက ဒီလောက်ချောရဲ့သားနဲ့ လုပ်တော့ လူဆန်တဲ့အလုပ်ကို မလုပ်ဘူး။ သတ်ပစ်ကြ!"

"ဒီလိုဂျပိုးကောင်မျိုးကို ချောတာမချောတာ ရုပ်ရည်တွေ လိုက်ကြည့်မနေနဲ့။ သေတာနဲ့ ကိစ္စပြတ်သွားမယ့်ဥစ္စာ"

"ငါ ကောမန့်ထဲမှာ ဒုံးပျံတစ်ခု ချပေးလိုက်မယ်။ တိုက်ရိုက်လွှင့်နေတဲ့သူရေ ငါ့အစား သူ့ကို တစ်ချက်လောက် ထိုးပေးလို့ရမလား။ ငါ စိတ်တိုလိုက်တာနော်"

"သေသင့်တဲ့ဟာလေး၊ ထွက်လာဖို့ အရှက်ရှိသေးတယ်နော်။ တရားမျှတမှုရှိတဲ့ အင်တာနက် အသုံးပြုသူတွေက နင့်အပေါ် ကောင်းပေးမယ် ထင်နေလို့လား။ လုပ်ပစ် လုပ်ပစ်!"

ဒေါသအဟုန်တို့ ပေါက်ကွဲနေသည့် လူအုပ်ကြီးကြားတွင် နောက်ထပ် ကြက်ဥတစ်လုံးက ရန်ကျားလိ ကိုယ်ခန္ဓာပေါ် ပြင်းပြင်းထန်ထန် ထိမှန်သွားပြန်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသော အင်တာနက် သုံးစွဲသူများကလည်း ကြက်သွေး အထိုးခံ လိုက်ရသကဲ့သို့ ဝမ်းသာအားရနေကြပြီး "ချတာကောင်းတယ်ကွာ" ဟူသည့် စာကြောင်းများသာ အတန်းလိုက် အတန်းလိုက် ပေါ်ထွက်လာသည်။

(ကြက်သွေးကို ထိုးခြင်းဆိုသည်မှာ လူတစ်ဦးတစ်ယောက် သို့မဟုတ် အရာတစ်ခုအပေါ် သရော်လှောင်ပြောင်ရန် စိတ်လှုပ်ရှား ပျော်ရွှင်နေခြင်းကို ဆိုလိုပါသည်)

ရန်ကျားလိ၏ အသက်ရှုသံမှာ ပို၍ အလောသုံးဆယ်နိုင်လာသည်။

သူသည် လေးဖက်လေးလံမှ အစီအစဥ်မကျ ရှုပ်ထွေးနေသည့် မီးရောင်မီးဝါများကို ကြည့်ကာ လူများ၏ အသံကို နားထောင်ရင်း သူ့တစ်ကိုယ်လုံးမှ စိတ်ဝိညာဥ်လေးက တဖြည်းဖြည်း အားနည်း ယုတ်လျော့လာသလိုပင်။

ထိုမီဒီယာသမားများက အရှေ့သို့ ပိုတိုးကပ်လာကြသောအခါ ရန်ကျားလိ ခေါင်းမော့ကြည့်မိလိုက်သည်။ ထိုအခိုက် မျက်ဝန်းအိမ်ထဲတွင် သွေးအိုင်သဖွယ် နီရဲလို့ နေခဲ့သည်။

ရုတ်တရက် သူသည် အထိန်းအချုပ် မဲ့သွားခဲ့သည်ထင်၊ လက်ဆန့်ထုတ်လိုက်သည်နှင့် မျက်နှာရှေ့ ပိတ်ဆီးထားသော ကင်မရာများ အားလုံးကို ဒေါသတကြီး တွန်းဖယ်လိုက်ကာ အံကြိတ်ထားလျက် ပြင်းပြင်းပြပြ အော်ဟစ်လိုက်ပြီး လူအုပ်ကြီးကို ရှောင်ဖယ်ရင်း အားကြိုးမာန်တက် ထွက်လာရန်ပြင်သည်။

သို့သော် နောက်ကွယ်မှ လူတစ်ယောက်က သူ့အင်္ကျီကို လှမ်းဆွဲလိုက်ပြီး ခဲရာရဲဆစ် အနေအထားတွင် မြေပြင်ပေါ် လဲကျသွားစေသည်။ ထိုအခါ သူ့ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားသည့် ပစ္စည်းများအားလုံး ပြန့်ကျဲ ပြုတ်ကျကုန်သည်။

ရန်ကျားလိ ချောက်ချားလာလေပြီ။

သူသည် လူအုပ်ကြီးထဲတွင် ကျွမ်းထိုးမှောက်ခုံနှင့် ဖွာလန်ကြဲကုန်သည့် ပန်ကိတ်များနှင့် ပန်းစည်းကို မြင်သောအခါ အလွန်အမင်း စိုးရိမ်တကြီးနှင့် အော်ဟစ်လာသည်။

"မနင်းနဲ့၊ ငါ့ပစ္စည်းတွေကို မနင်းပါနဲ့။ ဖယ်ပေး၊ ဖယ်ပေး..."

မည်သူ တစ်ဦးတစ်ယောက်မှ သူ့အော်သံကို မကြားခဲ့ပါ။ အားလုံးက လူကြိုက်များစေမည့် သတင်းအချက်အလက်များ ရရှိရေးအတွက်သာ အသည်းအသန် ရိုက်ကူးနေကြသည်။

ရန်ကျားလိမှ ထိုလူအုပ်ကြီးအား အပူတပြင်း တွန်းထုတ်လိုက်နိုင်သည့် နောက်ဆုံးမှာတော့ မြေပြင်ပေါ်တွင် ဖရိုဖရဲနှင့် အပြိုပြို အကွဲကွဲဖြစ်နေသော ပန်းစည်းကိုသာ တွေ့လိုက်ရချေပြီ။

ပန်းစည်းနံဘေးတွင်တော့ တက်နင်းခံရ၍ အပိုင်းပိုင်း အမွှာမွှာ ဖြစ်သွားသော ပန်ကိတ်များက နေရာယူထားလျက်။

သူသည် တစ်လှမ်းပြီး တစ်လှမ်း လျှောက်လှမ်းသွားပြီး ထိုင်ချလိုက်ကာ ပုံပျက်ပန်းပျက် ဖြစ်သွားပြီဖြစ်သော ပန်ကိတ်များကို ကောက်ယူကာ လက်ဖဝါးပေါ် တင်လိုက်သည်။

သူသည် ခေါင်းမော့လိုက်ပြီး မျက်စိရှေ့မှ မရေမတွက်နိုင်အောင် များပြားလွန်းသော ကင်မရာကို ကြည့်လိုက်ပြီး အသက်မဲ့နေသော မျက်ဝန်းများဖြင့် ပြောလာသည်။

"ဒါ ငါ့အမေကို ပေးဖို့"

သတင်းထောက်က အလျားရှည်သော မိုက်ခရိုဖုန်းအား ရန်ကျားလိရှေ့ ထားလိုက်သည်။

ရန်ကျားလိသည် မိုက်ခရိုဖုန်းကို ပြန်ကြည့်နေသော်လည်း မျက်နှာထက် မည်သို့သော အမူအရာမှ ရှိမနေတော့ချေ။ သူ့ကိုယ်လုံးကလည်း ထုံကျင်သလို ဖြစ်နေပြီး တစ်စက်ကလေးမှ မလှုပ်နိုင်တော့ပေ။

အတန်ကြာကာမှ သူ့မျက်လုံးထဲမှ မျက်ရည်ပေါက်ကြီးငယ် ကျလာလေသည်။

ရန်ကျားလိ ငိုလေပြီ။

မရေမတွက်နိုင်သည့် ကင်မရာများ၊ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း သူ့အား လှောင်ရယ်နေကြသော ကြည့်ရှူသူများအရှေ့တွင် ရန်ကျားလိ ဆွဲဆွဲငင်ငင် ငိုကြွေးမိတော့သည်။

ရန်ကျားလိ : "ဒါက ငါ့အမေကို ပေးဖို့ပါ။ ဒါက ငါ့အမေကို ပေးဖို့ အတွက်ပါ..."

"မင်းတို့ ငါ့ကို ကိတ်မုန့်တွေ ပြန်ပေး..."

တိုက်ရိုက်ထုတ်လွှင့်မှုအပိုင်းတွင် အရှိန်ကောင်းနေသော လှောင်ပြောင်သရော်လိုသည့် မှတ်ချက်များကလည်း ဆက်တိုက်တိုးပွားနေသည်။

"အိုး ငိုပြီ ငိုပြီ။ ငါဘာလို့ ဒီလောက် လန်းဆန်းသွားရတာလဲ မသိဘူး"

"အခုမှ လာငိုပြနေလည်း ဘာစောက်သုံးဝင်လို့။ ဝမ်ယန်ကို ရိုက်ခဲ့တုန်းကကျတော့ ဘာလို့ အဲ့လောက် မာန်တက်နေခဲ့လဲ ကဲ..."

"ဒယ်အိုးအဖုံး ဆောင်းထားပါတယ်၊ တကယ်တော့ ငါထင်တာ ငါတို့လည်း နည်းနည်းလေးတော့ တရားလွန်သွားပြီလားလို့..."

(ဒယ်အိုးအဖုံး ဆောင်းခြင်း ဆိုသည်မှာ အင်တာနက် စာမျက်နှာများပေါ်တွင် မိမိက အများအမြင်နှင့် မတူသည့် ကိစ္စတစ်ခုခုကို ပြောလိုက်၍ လူအများဆီမှ ကဲ့ရဲ့ခံရကာ မိမိအား အုတ်ခဲနှင့် ပစ်ပေါက်ကြမည် ဆိုးသောကြောင့် ကြိုတင်ကာကွယ်သည့်အနေနှင့် ဒယ်အိုးအဖုံးဆောင်းသည်ဟု ဗန်းစကားဆိုခြင်းဖြစ်သည်)

"အပေါ်ထပ်က ညီအစ်မရေ၊ ဒီလိုအခြေအနေအထိ ရောက်လာအောင် သူကိုယ်တိုင် လုပ်ခဲ့တာလေ။ ငါတို့ ယန်ယန်အစား စိတ်နာပေးဖို့တောင် မမှီတော့တဲ့ဟာ၊ ဘယ်သူက စောက်ကျိုးနည်း ဒီလိုကောင်အတွက် စိတ်ပူပေးရမှာလဲ"

ရန်ကျားလိအား ထိုကဲ့သို့ ပြက်ရယ်ပြုကာ ဆဲဆိုနေကြသံများကသာ ဝိုင်းရံထားသည်။

သူသည် တစ်ချိန်တုန်းက ချမ်းအေးမှောင်မိုက်သည့် နှင်းညလေး တစ်ညတွင် သေတ္တာထဲက အစွန့်ပစ်ခံ ကြောင်ကလေးရှေ့ လက်ဆန့်ထုတ်ကာ နွေးထွေးစွာနှင့် ပွေ့ဖက်ထားပေးရင်း ထိုကြောင်ကလေးအား လေသံတိုးတိုးနှင့် "မကြောက်ပါနဲ့၊ ငါရှိပါတယ်" ဟု ပြောခဲ့ဖူးသည်။

သို့သော် ယခုကဲ့သို့ ဝရုန်းသုန်းကား ဖြစ်နေသော ပတ်ဝန်းကျင်မှာတော့ မည်သူတစ်ဦး တစ်ယောက်ကမှ လက်ဆန့်ထုတ်လာပြီး သူ့အား "မငိုပါနဲ့၊ ငါမင်းကို အိမ်ပြန်ခေါ်သွားပေးပါ့မယ်" ဟု မပြောခဲ့ကြပေ။

တစ်ယောက်မှပင် မပြောခဲ့ကြပေ။

လူကြားထဲတွင် ရပ်နေခဲ့သော ရန်ကျားလိတစ်ယောက် မိမိကိုယ်ကို မည်သို့မည်ပုံ ဖြစ်နေမည်ကိုလည်း ဂရုမစိုက်နိုင်တော့ပေ။

သူသည် လက်ထဲတွင် ပျက်စီးယိုယွင်းသွားသော ကိတ်မုန့်အပိုင်းအစများကို ကိုင်ထားရင်း ကလေးတစ်ယောက်လို ငိုကြွေးနေမိတော့သည်။
.
.
.
.
.
13/11/2021(Sat)

                            ×××

{Zawgyi}

"ရန္န္ ငိုေလၿပီ"

အဌားယာဥ္ေလးသည္ လမ္းဆံုတြင္ ရပ္တန္႔သြားသည္။

ရန္က်ားလိသည္ မိမိႏွင့္သက္ဆိုင္ေသာ ပစၥည္းမ်ားကို ယူလိုက္ကာ ကားေပၚမွ ဆင္းလာခဲ့သည္။

သူ႔ကိုယ္သူ အဝတ္အစားမ်ားႏွင့္ တင္းက်ပ္ေအာင္ ပတ္ထားၿပီး အသက္ဝဝ ရႉလိုက္ကာ မေဝးေတာ့သည့္ တစ္ေနရာကို လွမ္းၾကည့္လိုက္သည္။ သခ်ၤိဳင္းက အေရ႔ွနား မလွမ္းမကမ္းမွာပင္။

သူသည္ ႏွလံုးသားထဲတြင္ ျပၫ့္လ်ွံေနေသာ ေမွာင္မိုက္ေနသည့္ ခံစားခ်က္မ်ားကို မ်ိဳသိပ္ထားလိုက္ရင္း မက္စ္ကို ေသေသခ်ာခ်ာ တပ္လိုက္ကာ ေခါင္းငံု႔ထားရက္ႏွင့္ အေရ႔ွလားရာသို႔ ေလ်ွာက္လာသည္။

ေျခလွမ္း အနည္းငယ္သာ လွမ္းရေသးသည့္တိုင္ ရုတ္တရက္ ေနာက္ကြယ္မွ ေလခြၽန္သံ ထြက္လာကာ ေမာ္ေတာ္ယာဥ္ ေလးငါးစီးေလာက္က ရန္က်ားလိ နံေဘးသို႔ အလ်င္စလို ထိုးရပ္လာသည္။

ကနဦးအစက စံအိမ္ေရ႔ွတြင္ ပိတ္ဆို႔ထားခဲ့ေသာ မီဒီယာ၊ သတင္းေထာက္သမားမ်ားက မေမ်ွာ္လင့္ဘဲ ရန္က်ားလိ၏ အဌားယာဥ္ေနာက္သို႔ လိုက္လာၾကၿပီး ကားတံခါးပြင့္သည္ႏွင့္ တစ္ေယာက္ခ်င္းစီက ကိရိယာပစၥည္း တန္ဆာပလာမ်ား သယ္ေဆာင္လာကာ လင္းလက္ေတာက္ပေနေသာ မ်က္ဝန္းမ်ားျဖင့္ ရန္က်ားလိ နံေဘးသို႔ အေျပး ဆိုက္ကပ္လာၾကသည္။

ရန္က်ားလိမွာ ​ပ်ာပ်ာသလဲ ျဖစ္သြားၿပီး ခ်က္ခ်င္း ေျခေထာက္ေျမႇာက္ကာ ထြက္ေျပးခ်င္ခဲ့သည္။

သို႔သည့္တိုင္ ဤတစ္ေခါက္တြင္ေတာ့ ကားမ်ားက ေရ႔ွေနာက္ ေနရာမလပ္ ရပ္ထားၾကသည့္အျပင္ ပါပါရာဇီမ်ားကလည္း ရန္က်ားလိကို ဝိုင္းရံထားၿပီး ထြက္ေျပးလြတ္ေျမာက္ရန္ အခြင့္အေရးအား စိုးစဥ္မ်ွပင္ မေပးခဲ့ၾကပါေခ်။

ရန္က်ားလိသည္ လူအုပ္ႀကီးထဲ ရပ္ေနၿပီး လမ္းေပ်ာက္ေနေသာ ကေလးတစ္ေယာက္ႏွယ္ မ်က္လံုးထဲတြင္ ထိတ္လန္႔ေၾကာက္ရြံ႔မႈမ်ားသာ ျပည့္ႏွက္ေနခဲ့သည္။

ဘယ္ဆီဘယ္ဝယ္ကို ေျခလွမ္းလိုက္ရမည္ မသိသလို ဘာလုပ္လိုက္ရမွန္းလည္း မသိေတာ့ေပ။

ကင္မရာ အထပ္ထပ္ႏွင့္ မိုက္ခရိုဖုန္းမ်ားကို ရန္က်ားလိေရ႔ွေမွာက္ ျဖန္႔က်က္ထားၿပီး နားကြဲလုမတတ္ စူးရျွပင္းထန္ေသာ ဆူညံသံမ်ားက နားထဲတြင္ ထပ္တလဲလဲ ျမည္ဟီးေနသည္။

"ရန္က်ားလိ၊ ဒီကိစၥေတြ ျဖစ္ပ်က္သြားတဲ့ေနာက္ မင္းရဲ့ ထင္ျမင္ခ်က္ေတြကို ေျပာျပပါ"

"ဘာလို႔ ဝမ္ယန္ကို ရိုက္လိုက္သလဲဆိုတာ ေျပာျပႏိုင္မလား။ ပရိသတ္ေတြရဲ့ ကဲ့ရဲ့ရႈတ္ခ်မႈေတြကိုေရာ ဘယ္လိုျမင္လဲ"

"ေမးပါရေစ၊ အင္တာနက္ေပၚမွာ ေျပာေနၾကတာ အရင္ကလည္း မင္းက ဂ်ူနီယာေတြကို အၾကမ္းဖက္ၿပီး အႏိုင္က်င့္ဖူးတယ္ဆိုတာ အဲ့ဒါမွန္ပါသလား"

"...အရင္တစ္ေခါက္က န်ဲ့ယြင္ကိုလည္း ရိုင္းရိုင္းစိုင္းစိုင္း စကားေတြ ေျပာခဲ့တာ မင္းပဲလား။ ေမးပါရေစ၊ အဲ့လိုလုပ္လိုက္တာက သူ႔ကို အျမင္မၾကည္လို႔လား ဒါမွမဟုတ္ တျခားရည္ရြယ္ခ်က္ တစ္ခုခု ရိွလို႔လား။ ေက်းဇူးျပဳျပီး ေျဖေပးပါ။ ေက်းဇူးျပဳျပီး ျပန္ေျဖေပးပါ!"

ရန္က်ားလိသည္ မ်က္လံုးမ်ားကို လက္ျဖင့္ အုပ္ထားၿပီး

"မဟုတ္ဘူး။ ငါ မလုပ္ဘူး။ ဖယ္ေပး..."

သူသည္ လက္ဆန္႔ကာ မ်က္စိေရ႔ွမွ လူအား တြန္းထုတ္ခ်င္ခဲ့ေသာ္လည္း လူအုပ္ႀကီးက သူ႔အား ထြက္သြားခြင့္ မေပးႏိုင္သည့္အလား ေသမတက္ ပိတ္ဆို႔ထားၾကသည္ကိုသာ ခံလိုက္ရသည္။

ျမင္ကြင္းက ဖရိုဖရဲႏွင့္ ကေမာက္ကမ ျဖစ္ေနစဥ္တြင္ ဘယ္အရပ္ကမွန္း မသိသည့္ ၾကက္ဥတစ္လံုးက ရုတ္တရက္ လြင့္ပ်ံလာသည္။

ဘတ္ခနဲ အသံျမည္သြားသည္။

ၾကက္ဥက ရန္က်ားလိ၏ ဦးေခါင္းတည့္တည့္ တိတိက်က်ကို ထိမွန္သြားေလသည္။

ၾကက္ဥခြံက ကြဲသြားၿပီး ပ်စ္ခြၽဲေနေသာ ၾကက္ဥအႏွစ္ရည္မ်ားက တစ္ဆက္တည္း ေအာက္သို႔ စီးက်လာသည္။

ရန္က်ားလိ ရူးေလၿပီ။

သူ႔မ်က္ႏွာေပၚတြင္ စီးက်ေနေသာ ေစးကပ္ကပ္ ၾကက္ဥအႏွစ္ရည္မ်ားကို စမ္းၾကည့္ရင္း မ်က္လံုးပင့္၍ အေရ႔ွတူရူရာ အရပ္ကို ၾကည့္လိုက္မိသည္။

ဘယ္အခ်ိန္ ကတည္းကမသိ၊ လူအုပ္ႀကီး အျပင္ဘက္တြင္ လူတစ္ထပ္လိုက္ စုၿပံဳလာျပန္သည္။ သူတို႔အားလံုးမွာ မ်က္ႏွာကို မက္စ္ႏွင့္ ကြယ္ထားၾကၿပီး မ်က္လံုးထဲ၌လည္း မခံမရပ္ႏိုင္ ျဖစ္ေနေသာ ေဒါသအဟုန္တို႔ ေတာက္ေလာင္လို႔ေနသည္။ လူအုပ္ႀကီးမွ ဝိုင္းရံျခင္းခံထားရေသာ ရန္က်ားလိအား ရာဇဝတ္ေကာင္သဖြယ္ သဲႀကီးမဲႀကီး ပစ္ေပါက္တိုက္ခိုက္ၾကသည္။

ထိုအထဲမွ လူတစ္ေယာက္က က်ယ္ေလာင္စြာ ေအာ္ဟစ္လာသည္။

"ယန္ေပါင္းအတြက္ လက္စားေခ်ၾကစို႔၊ သူ႔ကိုရိုက္!"

တစ္ခဏခ်င္းမွာပင္ ထပ္မံ၍ ၾကက္ဥ၊ ခရမ္းခ်ဥ္သီးမ်ားျဖင့္ အင္တိုက္အားတိုက္ ပစ္ေပါက္လာၾကျပန္သည္။

ရန္က်ားလိမွာ အသက္ရႈ က်ပ္မတက္ ျဖစ္လို႔လာသည္။ အသက္ျပင္းျပင္း ရႉလိုက္ေသာအခါ မ်က္ႏွာမွာ ေသြးေရာင္ပါ မရိွေတာ့ေပ။ မည္သို႔ဆိုေစ ထိုလူအုပ္ႀကီးအား အားႏွင့္ခြန္ႏွင့္ တြန္းဖယ္ပစ္ခ်င္ခဲ့သည္။

သို႔ေသာ္ျငား ထိုပါပါရာဇီ သတင္းေထာက္မ်ားက နံရံတံတိုင္း တစ္ခုသဖြယ္ သူ႔အေရ႔ွမွာ ပိတ္ကာထားၿပီး သူ႔ကို ၾကားၫွပ္ထားၾကသည္။

ပရမ္းပတာ ျဖစ္ေနေသာ အေျခအေနအၾကားတြင္ ဘယ္ကမွန္း မသိေသာ လက္တစ္ေခ်ာင္းက ဆန္႔ထြက္လာၿပီး ရန္က်ားလိ၏ မက္စ္အား အၾကမ္းပတမ္း ဆြဲခြၽတ္ပစ္လိုက္သည္။ ထို႔အျပင္ သူ႔မ်က္ႏွာ တစ္ခုလံုးအား လူထု၏ အၾကည့္မ်ားႏွင့္ ကင္မရာ၏ ရိုက္ခ်က္မ်ားေအာက္ လစ္ဟေဖာ္ျပပါရန္ အတင္းအက်ပ္ ဖိအားေပးသည္။

မ်က္ႏွာ ေပၚလာသည္ႏွင့္ သတင္းေထာက္မ်ားက ရူးသြပ္သြားပံုေပၚၿပီး ကင္မရာ ဖလပ္ရွ္မီးမွာလည္း အဆက္မျပတ္ တလတ္လတ္ပင္။

ရန္က်ားလိသည္ မ်က္လံုးမ်ားကို မိွတ္ထားၿပီး ေၾကာက္လန္႔ေနေသာ အသံႏွင့္

"မရိုက္နဲ႔ေတာ့၊ မင္းတို႔ မရိုက္ပါနဲ႔ေတာ့!"

ထိုလူစုလူေဝးႀကီးထဲကို ဝင္ဆံ့ဖို႔ အသည္းအသန္ ႀကိဳးစားေနသူ တစ္ေယာက္ကလည္း ဖုန္းကိုေျမႇာက္လိုက္ကာ တိုက္ရိုက္ထုတ္လႊင့္ေနသည္။

သူသည္ တိုက္ရိုက္ထုတ္လႊင့္ေနသည္ စခရင္ မ်က္ႏွာျပင္ကို ၾကည့္ရင္း ၿပံဳးစစႏွင့္ စကားေျပာလာသည္။

"တိုက္ရိုက္ထုတ္လႊင့္တာကို ၾကည့္ေနတဲ့ ပရိသတ္တို႔ေရ၊ ကြၽန္ေတာ္အခု သူ႔ကို မိသြားပါၿပီ။ ဝမ္ယန္ရဲ့ ပရိသတ္တစ္ေယာက္ အေနနဲ႔...ေဟ့ အစ္ကို ကြၽန္ေတာ့္ကို မတြန္းနဲ႔ေလဗ်ာ။ ဒီေန့ အားလံုးအတူ တရားမ်ွမ်ွတတနဲ႔ လက္စားေခ်ရေအာင္ ကြၽန္ေတာ္ ဖိတ္ေခၚပါတယ္။ မေကာင္းတာ လုပ္ထားတဲ့ သူကေတာ့ ဝဋ္လည္မွာပါ။ ကြၽန္ေတာ့္ကို ေထာက္ခံတဲ့ လက္ေဆာင္ ေကာမန္႔ေလးေတြ ေပးခဲ့ပါ၊ လာ!"

တိုက္ရိုက္ထုတ္လႊင့္မႈထဲတြင္ မ်က္စိတစ္မိွတ္အတြင္း ႀကီးမားေသာ လိႈင္းတံပိုးသဖြယ္ ေဝဖန္ခ်က္မ်ား ေပါက္ကြဲထြက္လာသည္။

"လူက ဒီေလာက္ေခ်ာရဲ့သားနဲ႔ လုပ္ေတာ့ လူဆန္တဲ့အလုပ္ကို မလုပ္ဘူး။ သတ္ပစ္ၾက!"

"ဒီလိုဂ်ပိုးေကာင္မ်ိဳးကို ေခ်ာတာမေခ်ာတာ ရုပ္ရည္ေတြ လိုက္ၾကည့္မေနနဲ႔။ ေသတာနဲ႔ ကိစၥျပတ္သြားမယ့္ဥစၥာ"

"ငါ ေကာမန္႔ထဲမွာ ဒံုးပ်ံတစ္ခု ခ်ေပးလိုက္မယ္။ တိုက္ရိုက္လႊင့္ေနတဲ့သူေရ ငါ့အစား သူ႔ကို တစ္ခ်က္ေလာက္ ထိုးေပးလို႔ရမလား။ ငါ စိတ္တိုလိုက္တာေနာ္"

"ေသသင့္တဲ့ဟာေလး၊ ထြက္လာဖို႔ အရွက္ရိွေသးတယ္ေနာ္။ တရားမ်ွတမႈရိွတဲ့ အင္တာနက္ အသံုးျပဳသူေတြက နင့္အေပၚ ေကာင္းေပးမယ္ ထင္ေနလို႔လား။ လုပ္ပစ္ လုပ္ပစ္!"

ေဒါသအဟုန္တို႔ ေပါက္ကြဲေနသည့္ လူအုပ္ႀကီးၾကားတြင္ ေနာက္ထပ္ ၾကက္ဥတစ္လံုးက ရန္က်ားလိ ကိုယ္ခႏၶာေပၚ ျပင္းျပင္းထန္ထန္ ထိမွန္သြားျပန္သည္။

တိုက္ရိုက္ထုတ္လႊင့္မႈကို ၾကည့္ေနေသာ အင္တာနက္ သံုးစြဲသူမ်ားကလည္း ၾကက္ေသြး အထိုးခံ လိုက္ရသကဲ့သို႔ ဝမ္းသာအားရေနၾကၿပီး "ခ်တာေကာင္းတယ္ကြာ" ဟူသည့္ စာေၾကာင္းမ်ားသာ အတန္းလိုက္ အတန္းလိုက္ ေပၚထြက္လာသည္။

(ၾကက္ေသြးကို ထိုးျခင္းဆိုသည္မွာ လူတစ္ဦးတစ္ေယာက္ သို႔မဟုတ္ အရာတစ္ခုအေပၚ သေရာ္ေလွာင္ေျပာင္ရန္ စိတ္လႈပ္ရွား ေပ်ာ္ရႊင္ေနျခင္းကို ဆိုလိုပါသည္)

ရန္က်ားလိ၏ အသက္ရႈသံမွာ ပို၍ အေလာသံုးဆယ္ႏိုင္လာသည္။

သူသည္ ေလးဖက္ေလးလံမွ အစီအစဥ္မက် ရႈပ္ေထြးေနသည့္ မီးေရာင္မီးဝါမ်ားကို ၾကည့္ကာ လူမ်ား၏ အသံကို နားေထာင္ရင္း သူ႔တစ္ကိုယ္လံုးမွ စိတ္ဝိညာဥ္ေလးက တျဖည္းျဖည္း အားနည္း ယုတ္ေလ်ာ့လာသလိုပင္။

ထိုမီဒီယာသမားမ်ားက အေရ႔ွသို႔ ပိုတိုးကပ္လာၾကေသာအခါ ရန္က်ားလိ ေခါင္းေမာ့ၾကည့္မိလိုက္သည္။ ထိုအခိုက္ မ်က္ဝန္းအိမ္ထဲတြင္ ေသြးအိုင္သဖြယ္ နီရဲလို႔ ေနခဲ့သည္။

ရုတ္တရက္ သူသည္ အထိန္းအခ်ဳပ္ မဲ့သြားခဲ့သည္ထင္၊ လက္ဆန္႔ထုတ္လိုက္သည္ႏွင့္ မ်က္ႏွာေရ႔ွ ပိတ္ဆီးထားေသာ ကင္မရာမ်ား အားလံုးကို ေဒါသတႀကီး တြန္းဖယ္လိုက္ကာ အံႀကိတ္ထားလ်က္ ျပင္းျပင္းျပျပ ေအာ္ဟစ္လိုက္ၿပီး လူအုပ္ႀကီးကို ေရွာင္ဖယ္ရင္း အားႀကိဳးမာန္တက္ ထြက္လာရန္ျပင္သည္။

သို႔ေသာ္ ေနာက္ကြယ္မွ လူတစ္ေယာက္က သူ႔အက်ႌကို လွမ္းဆြဲလိုက္ၿပီး ခဲရာရဲဆစ္ အေနအထားတြင္ ေျမျပင္ေပၚ လဲက်သြားေစသည္။ ထိုအခါ သူ႔ရင္ခြင္ထဲတြင္ ေပြ့ပိုက္ထားသည့္ ပစၥည္းမ်ားအားလံုး ျပန္႔က်ဲ ျပဳတ္က်ကုန္သည္။

ရန္က်ားလိ ေခ်ာက္ခ်ားလာေလၿပီ။

သူသည္ လူအုပ္ႀကီးထဲတြင္ ကြၽမ္းထိုးေမွာက္ခံုႏွင့္ ဖြာလန္ႀကဲကုန္သည့္ ပန္ကိတ္မ်ားႏွင့္ ပန္းစည္းကို ျမင္ေသာအခါ အလြန္အမင္း စိုးရိမ္တႀကီးႏွင့္ ေအာ္ဟစ္လာသည္။

"မနင္းနဲ႔၊ ငါ့ပစၥည္းေတြကို မနင္းပါနဲ႔။ ဖယ္ေပး၊ ဖယ္ေပး..."

မည္သူ တစ္ဦးတစ္ေယာက္မွ သူ႔ေအာ္သံကို မၾကားခဲ့ပါ။ အားလံုးက လူႀကိဳက္မ်ားေစမည့္ သတင္းအခ်က္အလက္မ်ား ရရိွေရးအတြက္သာ အသည္းအသန္ ရိုက္ကူးေနၾကသည္။

ရန္က်ားလိမွ ထိုလူအုပ္ႀကီးအား အပူတျပင္း တြန္းထုတ္လိုက္ႏိုင္သည့္ ေနာက္ဆံုးမွာေတာ့ ေျမျပင္ေပၚတြင္ ဖရိုဖရဲႏွင့္ အၿပိဳၿပိဳ အကြဲကြဲျဖစ္ေနေသာ ပန္းစည္းကိုသာ ေတြ့လိုက္ရေခ်ၿပီ။

ပန္းစည္းနံေဘးတြင္ေတာ့ တက္နင္းခံရ၍ အပိုင္းပိုင္း အမႊာမႊာ ျဖစ္သြားေသာ ပန္ကိတ္မ်ားက ေနရာယူထားလ်က္။

သူသည္ တစ္လွမ္းၿပီး တစ္လွမ္း ေလ်ွာက္လွမ္းသြားၿပီး ထိုင္ခ်လိုက္ကာ ပံုပ်က္ပန္းပ်က္ ျဖစ္သြားၿပီျဖစ္ေသာ ပန္ကိတ္မ်ားကို ေကာက္ယူကာ လက္ဖဝါးေပၚ တင္လိုက္သည္။

သူသည္ ေခါင္းေမာ့လိုက္ၿပီး မ်က္စိေရ႔ွမွ မေရမတြက္ႏိုင္ေအာင္ မ်ားျပားလြန္းေသာ ကင္မရာကို ၾကည့္လိုက္ၿပီး အသက္မဲ့ေနေသာ မ်က္ဝန္းမ်ားျဖင့္ ေျပာလာသည္။

"ဒါ ငါ့အေမကို ေပးဖို႔"

သတင္းေထာက္က အလ်ားရွည္ေသာ မိုက္ခရိုဖုန္းအား ရန္က်ားလိေရ႔ွ ထားလိုက္သည္။

ရန္က်ားလိသည္ မိုက္ခရိုဖုန္းကို ျပန္ၾကည့္ေနေသာ္လည္း မ်က္ႏွာထက္ မည္သို႔ေသာ အမူအရာမွ ရိွမေနေတာ့ေခ်။ သူ႔ကိုယ္လံုးကလည္း ထံုက်င္သလို ျဖစ္ေနၿပီး တစ္စက္ကေလးမွ မလႈပ္ႏိုင္ေတာ့ေပ။

အတန္ၾကာကာမွ သူ႔မ်က္လံုးထဲမွ မ်က္ရည္ေပါက္ႀကီးငယ္ က်လာေလသည္။

ရန္က်ားလိ ငိုေလၿပီ။

မေရမတြက္ႏိုင္သည့္ ကင္မရာမ်ား၊ တိုက္ရိုက္ထုတ္လႊင့္မႈကို ၾကည့္ရင္း သူ႔အား ေလွာင္ရယ္ေနၾကေသာ ၾကည့္ရႉသူမ်ားအေရ႔ွတြင္ ရန္က်ားလိ ဆြဲဆြဲငင္ငင္ ငိုေႂကြးမိေတာ့သည္။

ရန္က်ားလိ : "ဒါက ငါ့အေမကို ေပးဖို႔ပါ။ ဒါက ငါ့အေမကို ေပးဖို႔ အတြက္ပါ..."

"မင္းတို႔ ငါ့ကို ကိတ္မုန္႔ေတြ ျပန္ေပး..."

တိုက္ရိုက္ထုတ္လႊင့္မႈအပိုင္းတြင္ အရိွန္ေကာင္းေနေသာ ေလွာင္ေျပာင္သေရာ္လိုသည့္ မွတ္ခ်က္မ်ားကလည္း ဆက္တိုက္တိုးပြားေနသည္။

"အိုး ငိုၿပီ ငိုၿပီ။ ငါဘာလို႔ ဒီေလာက္ လန္းဆန္းသြားရတာလဲ မသိဘူး"

"အခုမွ လာငိုျပေနလည္း ဘာေစာက္သံုးဝင္လို႔။ ဝမ္ယန္ကို ရိုက္ခဲ့တုန္းကက်ေတာ့ ဘာလို႔ အဲ့ေလာက္ မာန္တက္ေနခဲ့လဲ ကဲ..."

"ဒယ္အိုးအဖံုး ေဆာင္းထားပါတယ္၊ တကယ္ေတာ့ ငါထင္တာ ငါတို႔လည္း နည္းနည္းေလးေတာ့ တရားလြန္သြားၿပီလားလို႔..."

(ဒယ္အိုးအဖံုး ေဆာင္းျခင္း ဆိုသည္မွာ အင္တာနက္ စာမ်က္ႏွာမ်ားေပၚတြင္ မိမိက အမ်ားအျမင္ႏွင့္ မတူသည့္ ကိစၥတစ္ခုခုကို ေျပာလိုက္၍ လူအမ်ားဆီမွ ကဲ့ရဲ့ခံရကာ မိမိအား အုတ္ခဲႏွင့္ ပစ္ေပါက္ၾကမည္ ဆိုးေသာေၾကာင့္ ႀကိဳတင္ကာကြယ္သည့္အေနႏွင့္ ဒယ္အိုးအဖံုးေဆာင္းသည္ဟု ဗန္းစကားဆိုျခင္းျဖစ္သည္)

"အေပၚထပ္က ညီအစ္မေရ၊ ဒီလိုအေျခအေနအထိ ေရာက္လာေအာင္ သူကိုယ္တိုင္ လုပ္ခဲ့တာေလ။ ငါတို႔ ယန္ယန္အစား စိတ္နာေပးဖို႔ေတာင္ မမွီေတာ့တဲ့ဟာ၊ ဘယ္သူက ေစာက္က်ိဳးနည္း ဒီလိုေကာင္အတြက္ စိတ္ပူေပးရမွာလဲ"

ရန္က်ားလိအား ထိုကဲ့သို႔ ျပက္ရယ္ျပဳကာ ဆဲဆိုေနၾကသံမ်ားကသာ ဝိုင္းရံထားသည္။

သူသည္ တစ္ခ်ိန္တုန္းက ခ်မ္းေအးေမွာင္မိုက္သည့္ ႏွင္းညေလး တစ္ညတြင္ ေသတၲာထဲက အစြန္႔ပစ္ခံ ေၾကာင္ကေလးေရ႔ွ လက္ဆန္႔ထုတ္ကာ ေနြးေထြးစြာႏွင့္ ေပြ့ဖက္ထားေပးရင္း ထိုေၾကာင္ကေလးအား ေလသံတိုးတိုးႏွင့္ "မေၾကာက္ပါနဲ႔၊ ငါရိွပါတယ္" ဟု ေျပာခဲ့ဖူးသည္။

သို႔ေသာ္ ယခုကဲ့သို႔ ဝရုန္းသုန္းကား ျဖစ္ေနေသာ ပတ္ဝန္းက်င္မွာေတာ့ မည္သူတစ္ဦး တစ္ေယာက္ကမွ လက္ဆန္႔ထုတ္လာၿပီး သူ႔အား "မငိုပါနဲ႔၊ ငါမင္းကို အိမ္ျပန္ေခၚသြားေပးပါ့မယ္" ဟု မေျပာခဲ့ၾကေပ။

တစ္ေယာက္မွပင္ မေျပာခဲ့ၾကေပ။

လူၾကားထဲတြင္ ရပ္ေနခဲ့ေသာ ရန္က်ားလိတစ္ေယာက္ မိမိကိုယ္ကို မည္သို႔မည္ပံု ျဖစ္ေနမည္ကိုလည္း ဂရုမစိုက္ႏိုင္ေတာ့ေပ။

သူသည္ လက္ထဲတြင္ ပ်က္စီးယိုယြင္းသြားေသာ ကိတ္မုန္႔အပိုင္းအစမ်ားကို ကိုင္ထားရင္း ကေလးတစ္ေယာက္လို ငိုေႂကြးေနမိေတာ့သည္။
.
.
.
.
.
13/11/2021(Sat)

                            ×××

Continue Reading

You'll Also Like

11.3K 1.1K 8
Mini story. Novel Name: Scrooge's love! Author: YadanarMoe399 Category: BL / Romance / Psycho / Seke / Start&End Date: 22.9.21 ကပ်စေးနည်းယောကျာ်း...
339K 27K 29
Mini Story Uni Life Style Sweet Romance
71.9K 7.4K 5
Original Author - 疾风不知 Original Name - 死敌居然暗恋我 Original Eng Translator - KK Translator Eng Name - My Enemy is actually secrectly in love with me ⚠︎...
1.2M 51.8K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...