Our Family (Completed)
By OY0805
70.5K 3.6K 201
Unicode ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍 Zawgyi ဝမ္ရိေပၚတို႔ရဲ့... More
Part -1
Part-2
Part -3
Part -4
Part-5
Part -6
Part -7
Part- 8
Part -9
Part-10
Part-11🔞
Part-12
Part-13
Part-14
Part-15
Part_16
Part-17
Part-18
Part-19
Part-21
Part-22
Part-23
Part-24
Part-25
Part-26(Final)
Part-20
1.7K 96 9
By OY0805
Unicode
  စော်အော့ ရှောင်ပါး/မားတို့နဲ့ အတူ ချုံချင်းမာလာနေတဲ့ နှစ်ရက် ဒီနေ့နဲ့ဆို သုံးရက်ပေါ့။
အဲ့ဒီသုံးရက်‌အတွင်းမာ လိမ္မော်သီးခူးဖို့ကိုပဲ စိတ်ရောက်နေလို့ သူ့ဒယ်ဒီနဲ့ပါပါးကိုတောင် မေ့လို့ ၊ ရှောင်ပါးကတော့ အရမ်းသဘောတွေကျနေသည် ဘာလို့ဆို သူ့မြေးလေးက သူတို့နဲ့နေတာ ပျော်တဲ့သဘောပဲမလား။
မနက်အစောနိုးလာရင် ရှောင်ပါးက မျက်နှာသစ်တာကအစ ရေချိုး အဝတ်အစားလဲပြီးတဲ့အထိ စော်အော့ကို ရှောင်ပါးပဲ အကုန်လုပ်ပေးတာ။လိမ္မာတဲ့စော်အော့လေးက သူ့ယဲ့ယဲ့လုပ်ပေးတာကို တီတီတာတာ‌ သူ့ယဲ့ယဲ့နဲ့စကားပြောရင်း ငြိမ်နေရှာသည်။
ရှောင်မားကိုတော့ သားကျန်းငယ်ငယ်က သူမလုပ်ပေးနေတာများပြီမို့ အခုမြေးလေးကို ရှောင်ပါးလုပ်ပေးချင်တဲ့လေ။(အချစ်ခံရတဲ့ ကလေး)
အဲ့တော့ ရှောင်မားက မြေးအတွက်ဟင်းတွေကို သူမကိုယ်တိုင်ပဲ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်ပေးလိုက်တော့သည်။
အစကတည်းက
ချက်ကျွေးချင်နေတာမို့ ရှောင်မားတို့က ပျော်ပြီးရင်းပျော်နေသတဲ့။
အိမ်တော်ထိန်းတွေကတော့ ရှောင်ပါးနဲ့ရှောင်မားကို ကြည့်ပြီး မိဘတွေက ကိုယ်သားတွေထက် မြေးကိုပိုပြီးသည်းသည်းလုပ်နေကြတယ်ဆိုတဲ့ သူတို့ရဲ့အဖိုးအဖွားစကားကို အခုယုံလိုက်ပြီလေ။ အဲလိုပြောနေကြလို့ မိဘတွေက ကိုယ့်သားသမီးကို အချစ်လျော့သွားတာတော့မဟုတ်ဘူးနော် ၊ ဘယ်မိဘတွေက ကိုယ့်သားသမီးကို မချစ်တာမရှိဘူး သူတို့ရဲ့သွေးသားပဲကို မချစ်ပဲနေမလား ချစ်တာပေါ့။ ဒါပေမယ့် ကိုယ့်သားတွေက ဆူရဲရိုက်ရဲ လုပ်တတ်ပေမယ့် မြေးတွေကအဲလိုမရှိဘူးလို့ပဲပြောတာ။ အနည်းဆုံး အသေးအဖွဲ့လေး အမှားလုပ်မိရင် ဆူပူကြိမ်းမောင်းနေမယ့်အစား သူတို့ဒေါသကိုမျိုသိပ်ပြီး မြေးလေးတွေ နားလည်လာအောင် အနုနည်းလေးနဲ့ ပြန်ရှင်းပြတတ်တာ။ အ‌တာကြောင့် သားထက် မြေးကို ပိုသည်းကြတယ်လို့ ပြောတာ။
စော်အော့မာ ပျင်းရတယ်ကို မရှိဘူး။ စော်အော့ ဒီလာတဲ့နှစ်ရက်သုံးရက်အတွင်း ဒယ်ဒီနဲ့ပါပါးဆီကို ဖုန်းသုံးခါပဲပြောရသေးတယ်။ ရှောင်ပါးနဲ့ကစားလိုက် လိမ္မော်ခြံသွားလိုက်နဲ့ ညဘက်ဆို ပင်ပန်းလို့ထင် အစောကြီးအိပ်ယာဝင်လိုက်တာ ဒီနေ့လည်း ညစာစားပြီး ကာတွန်းကားကြည့်ရင်းနဲ့ ရှောင်မားပေါင်ပေါ်မာ ခေါင်းအုံ့လေးလုပ်ပြီး အိပ်ပျော်နေပြန်ပြီ။
"မာမီ သားကျန်းကို သမက်ဝမ်နဲ့လက်ထပ်ခွင့်ပြုတာ နောင်တရလား"
ရှောင်ပါး စကားကြောင့် ရှောင်မား စော်အော့ ဆံပင်ကိုတပ်တင်ရင်းနဲ့ ပြုံးနေလိုက်သည်။ ဒီမေးခွန်းတွေက သူမအတွက် ခနခနအမေးခံနေကြ။
"ဟင့်အင့် ဘာလို့လဲ ဒယ်ဒီကြီးသိလား "
"............"
"သားကျန်းစိတ်ချမ်းသာရာပဲလေ သဘောမတူတာတော့ မရှိပါဘူး ။ ယောကျာ်းလေး နှစ်ယောက်ရဲ့အိမ်ထောင်ရေးမို့ အစက နည်းနည်းကြောက်မိတာတော့ ရှိတယ်။ သဘာဝနဲ့ဆန့်ကျင်တာမို့ ပတ်ဝန်းကျင်က  ဝေဖန်တိုက်ခိုက်တာတွေ သားတို့မခံနိူင်မာပဲ ကြောက်တာ ။ သမက်ဝမ်ကိုတော့ အစကတည်းက ယုံကြည်ပြီးသားမို့ ဘာမှအထူးတလည် စိတ်ပူနေစရာ မလိုဘူး။ မိဘတိုင်းက မြေးချီချင်တာတွေ တစ်ခါတစ်လေတော့ ရှိတတ်ပေမယ့် သမက်ဝမ်သားကို ဘယ်လောက်ထိ ချစ်နေတယ်ဆိုတာကို တွေ့ပြီး သားကျန်းပျော်နေတာကို မြင်ရပြန်တာမို့ အဲ့လောက်ဆို မာမီကျေနပ်နေပြီ။ ဒါပေမယ့်လေ မထင်မှတ်တဲ့ ဘုရားကပေးလာတဲ့ ဆုလာတ်ကြောင့် မာမီမြေးချီခဲ့ရပြီး အခုလိုမျိုး
ချစ်စရာကောင်းတဲ့ မြေးစော်အော့လေးကို ပိုင်ဆိုင်ခွင့်ရခဲ့တော့ မာမီအရမ်းပျော်တယ် ဘယ်နေ့ဘယ်အချိန် လာခေါ်မှန်းမသိတဲ့ သေမင်းကို အရင်ကဆို သူတို့သဘောလို့မှတ်ယူထားပေမယ့် အခုတော့ မြေးလေးနဲ့အကြာကြီး နေချင်သေးတာမို့ မာမီကိုခေါ်မသွားသေးနဲ့လို့ တိတ်တိတ်ကလေး ဆုတောင်းနေမိတယ် အဲ့တာပါပဲ"
ရှောင်ပါး သူမစကားအဆုံး မျက်ရည်တွေမဆယ်နိုင်လောက်အောင် တဗောက်ဗောက်ကျနေပြီလေ။  သူမကို ပိုင်ဆိုင်ရတာ သူ့အတွက် တကယ်ကံကောင်းခြင်းပဲ သူမကို သူကျေးဇူးလည်းတင်သလို အရမ်းလည်းချစ်တယ်။
"ကဲ့ ဒယ်ဒီကြီးရေ ကလေးလားငိုနေတာ"
"အွန်း ကလေးရဲ့ယဲ့ယဲ့ "
ရှောင်ပါးစကားအဆုံး မျက်စောင်းလေးတစ်ချက် အထိုးခံခဲ့သည်။ ဒါပေမယ့် ရှောင်ပါးက ပန်းနဲ့ ပေါက်သလိုမျိုး မျက်နှာကလေးဖြီးနေရော။
"မာမီ ရှင်ဘာလို့ အဲ့လောက်ထိ စိတ်ထားကောင်းနေတာလဲဟင် တစ်ခါတစ်ခါ ဒယ်ဒီကြီးနဲ့တောင် တန်ပါ့မလားလို့ စဉ်းစားယူရတယ် ပုံမှန်အတိုင်းပဲ နေပါနော် ဒယ်ဒီကြီးအများများကြီး ချစ်ပေးနိုင်တာမို့"
"မြေးလေးကို သွားသိပ်တော့ မာမီ သားကျန်းကို ဖုန်းခေါ်ဦးမယ်"
"Yes Sir ....ဟီး"
သူမကို အလေးပြုသလို လုပ်ပြပြီး ဟီးကနဲ့ရယ်ပြတဲ့ ရှောင်ပါးကြောင့် ရှောင်မားအပြုံးက နတ်သမီးလေးအလား လှလှပပလေး ပြုံးသွားခဲ့သည်။
ရှောင်ပါးမြေးကို သွားသိပ်လိုက်မ ရှောင်မား ရှောင်ကျန့်ဆီ ဖုန်းဆက်လိုက်သည်။
"ဟဲလို သားကျန်း အိပ်ပြီလား"
"ဟဲလို မအိပ်သေးဘူး မား ဒီမာစစ်စရာစာရင်းတွေ နည်းနည်းကျန်သေးလို့"
"အော် ဟုတ် သားကျန်းလည်း ပင်ပန်းနေရောပေါ့ ဝမ်လေးရော"
"မပင်ပန်ပါဘူး မားရေ မောင်ကအောက်မာ နို့သွားယူတာ သားရော စကားလည်းမပြောလာဘူးနော် သားတို့ကို မေ့နေပြီလား"
တကယ်ပဲ မြေးလေးက သူ့ဒယ်ဒီနဲ့ပါပါးကို မေ့နေတယ်လို့ပြောရင် သားကျန်း ငိုမိမလားပဲ။ ဒါတောင် မျက်နှာကလေးညိုးစွာနဲ့ ပြောနေတာ သူမသာ ပြောလိုက်ရင် သားပဲပိုဝမ်းနည်းမာမို့ သားကျန်းစိတ်မပူအောင် ရှောင်မားလိမ်ပြောလိုက်သည်။
"ဟားဟား ကလေးကလား သားရေ မေ့စရာလား သားကမြေးရဲ့မိဘပဲကို မေ့စရာလား မြေးလေးက အိပ်ပျော်သွားပြီ မြေးကိုစိတ်မပူနဲ့နော် မြေးလေးပျော်နေပါတယ် မြေးဒီမာ‌ရှိလို့
သားရဲ့ပါးတောင် ကလေးပြန်ဖြစ်နေပြီ ဟားဟား"
တဟားဟားနဲ့ အော်ရယ်နေတဲ့ မားကိုမြင်မ ရှောင်ကျန့်လည်း မျက်နှာကလေး ပြန်ဝင်းလာတယ်။
ရိပေါ် နို့ဗန်းနဲ့ ဝင်လာတော့ ‌ကုတင်ပေါ်မာ ထိုင်နေတဲ့ကိုကိုက မားနဲ့ဖုန်းပြောတာ ထင်တယ် မားရယ်သံတွေ ကြားနေရတယ်။
"ကိုကို "
"မောင် လာပြီလား"
‌"အွန်း မားနဲ့ပြောတာလား"
"ဝမ်လေးလားသား မားကိုပေးပြောဦး မား ဝမ်လေးကို သတိရတယ်"
အဲ့တော့ ရှောင်ကျန့်က မောင့်ကိုဖုန်းပေးလိုက်သည်။
"ဟဲ့လို မား "
"ဟဲလိုပါ ဝမ်လေးမားက သတိရနေတာ အလုပ်တွေ များနေလား မြေးကိုစိတ်မပူနဲ့နော် မြေးလေးက ပျော်နေပါတယ် သားတို့အတွက်တောင် လိမ္မော်သီးယူလာပေးဖို့ သူရဲ့ခြင်းသေးသေးလေးထဲတောင် ထည့်နေပြီ"
"ဟုတ် မား သားရော အိပ်နေပြီလား ပါးရော"
"အင်း အိပ်ပြီ သားတို့ပါးလည်း အိပ်ပြီ အခုတော့မားမာ ကလေးနှစ်ယောက်တောင် ပြန်ရသလို ဟားဟား"
ရှောင်မားစကားကို ရိပေါ်ဘာမှ ပြန်မဖြေပဲ ရယ်ပဲရယ်နေတော့သည်။ ရိပေါ်သိတာပေါ့ ပါးမားတို့က သားကိုအရမ်းချစ်နေကြတယ် ဆိုတာ မားတို့ပျော်တာမြင်တော့ သူဆို့လည်း စိတ်ချမ်းသာတယ်လေ။
"အဲ့တာဆို မားအိပ်တော့မယ် သားတို့လည်းအိပ်တော့နော် "
"ဟုတ်မား ဝမ်အန်း"
ရှောင်မားဖုန်းချလိုက်မ ရိပေါ်တို့လည်း အိပ်ယာဝင်ခဲ့သည်။ စကားသာ ပြောနေကြတာ မားတို့ဘယ်နေ့ ပြန်လာမယ်ဆို သူတို့မမေးဖြစ် ။ သေချာတယ် ဒီညလည်း သားကိုအိပ်မက်ထဲပဲ ဖက်ရမယ်ဆိုတာ ၊အဲနောက်မာတော့ နှစ်ယောက်စလုံး မျက်လုံးမှိတ်လိုက်တော့သည်။
................
နောက်တစ်နေ့ ရောက်တော့ ဆူဆူအိပ်ယာ နိုးနိုးခြင်း အောက်ထပ်ကို ဆင်းလာတော့ မျက်မှောင်ကုတ်စွာနဲ့ သူမကိုစိုက်ကြည့်နေတဲ့ ပါးကြောင့် သူမအပေါ်ထပ်ကို ပြန်တက်ရမလို။ ကြည့်ရတာ ဟိုနေ့ ကိစ္စ ပါးသိပြီ ထင်တယ်။
"ဆူဆူ လာစမ်း !!!!
မင်း ဘာလုပ်တာလဲဆိုတာ မင်းကိုယ်မင်း ပြန်သိလား ပါးကအကြိမ်ကြိမ်ပြောရက်နဲ့ကွာ "
ပါးစကားကို ဆူဆူတစ်ယောက် ဘာမြှပန်မဖြေပဲ ခေါင်းငုံ့‌ပြီး နားထောင်နေရှာသည်။
"မင်းသိလား မင်းအခုနေတဲ့အိမ်ရော မင်းစားနေတဲ့ထမင်းရော ဘယ်ကရနေတာလဲဆိုတာ မင်းကွာ"
ဘာလဲ ပါးကဘာကိုပြောချင်တာလဲ သူမနားမလည်စွာနဲ့ သူ့ပါးကို ကြည့်လာသည်။
"အေး မင်းမသိဘူးမလား ဘယ်သိမလဲ တစ်နေ့တစ်နေ့ သုံးဖို့ဖြုန်းဖို့ပဲ သိတဲ့မင်းက ဘယ်သိမလဲ
အခုတော့ ပြောမယ် မင်းသေချာနားထောင်
အဲ့ပိုက်ဆံတွေ အိမ်ထဲမာရှိနေတဲ့ စည်းစိမ်တွေက မင်းဖာဆန်ဆန် လုပ်ပြနေတဲ့ ceoဝမ်ရိပေါ်ဆီက ရလာတာ
မင်းသိလား ‌မင်းအသက်ရှင်နေတာ သူ့အထောက်အပံ့နဲ့ပဲ သိပြီလား မင်းရဲ့ဖာဆန်ဆန်လုပ်ရပ်ကို ငါပါးတစ်ယောက် ရှက်လွန်းလို့ သေပစ်လိုက်ချင်တယ် သိလား"
မဖြစ်နိူင်တာ ပါးမာ companyရှိတယ်လေ။ပါးလိမ်နေတာမလား ကျေးဇူးပြုပြီး လိမ်တယ်လို့ ပြောပေးပါပါး။
ဆူဆူ ပါးရဲ့စကားအဆုံး မျက်ရည်တွေ အဆက်မပြတ်ကျလာတော့သည်။ သူမအမှားတွေ လုပ်မိပြီလား ဒါတွေကို သူမတကယ်ပဲ မသိတာ။
မျက်ရည်တွေနဲ့ ထိုင်ချလိုက်တဲ့ ရှေ့ကသူ့သမီးကြောင့်
"သမီးဆူဆူ ceoဝမ်ကို ပြန်တောင်းပန်နော်
ပါး တောင်းပန်ပါတယ် ပါးသမီးကို တင့်တင့်တယ်တယ် မထားနိူင်ခဲ့လို့ သမီးသူ့ကို ပြန်တောင်းပန်နော် နောက်ပြီး သမီးသွားချင်တဲ့ အဂ်လန်ကို ပါးပေးသွားတယ် "
"ပါး ဆူဆူတောင်းပန်ပါတယ် သမီး ceoဝမ်ကို ပြန်တောင်းပန်မယ်နော်"
ဆူ့လူကြီး သူ့သမီးစကားအဆုံး ပြုံးနေလိုက်သည်။ ပါးသမီးလေးက ဆိုးတဲ့ကလေးမှမဟုတ်တာ ဘာလို့လူဆိုးလေးလုပ်နေတာတုန်း။
.........
ဇယ်ဝူကျွင်း နေမကောင်းဘူးဆိုတာကြောင့် ရုံးဆင်းဆင်းခြင်း ကျန်းချန် ဇယ်ဝူကျွင်းအိမ်ကို လိုက်သွားသည်။ တော်သေးတယ် အရင်တစ်ခါက ဇယ်ဝူကျွင်းက သူ့ကိုခေါ်လာဖူးလို့ အိမ်တ်ာထိန်းတွေက သူ့ကိုတစ်ခါတွေ့ဖူးနေကြလို့ သူဘဲနှိပ်လိုက်ရုံနဲ့ တံခါးချက်ချင်းလာဖွင့်ပေးတာ။
နို့မို့ဆို သူဘယ်လိုစမေးရမှန်းတောင် သူမသိ။
"အော် သားလေးလား  အစ်ကိုလေးက အပေါ်ထပ်မာ"
"အော် ဟုတ်ဟုတ်"
မျက်နှာတော့ နည်းနည်းပူပေမယ့် အိမ်တော်ထိန်းကို နှုတ်ဆက်ပြီး အပေါ်ထပ်ကို တက်လာခဲ့သည်။
သူတံခါးဖွင့်ပြီး ဝင်လာတော့ စောင်ပုံကြားထဲက ကွေးပြီးအိပ်နေတဲ့ ဘဲကြီးကိုတွေ့တော့ သူစိတ်ထဲ နည်းနည်းတော့ စိတ်ပူမိတယ်။
သူ့လက်နဲ့ နဖူးကို စမ်းကြည့်တော့ "ကျစ် "ပူခြစ်နေတာပဲ။
ဘာလဲဟာ အိမ်တော်ထိန်းတွေက ဘဲကြီးကို မကြည့်ကြဘူးလား။
ကျန်းချန်လည်း ရေချိုးခန်းထဲဝင်ပြီး ရေဇလုံနဲ့တဘတ်အသေးလေးကို ယူပြီး ဘဲကြီးရဲ့ နဖူးပေါ်ကို တင်ပေးလိုက်သည်။
အရမ်းနေမကောင်းဖြစ်နေတာ ထင်တယ် ယောင်ပြီးပြောနေသေးတယ် ဘာပြောနေတာလဲတော့ ကျန်းချန်မသိ အရမ်းကိုတိုးလွန်းတာမို့။
လွယ်လွယ်အပူပြန်မကျတာမို့ နောက်ထပ်တစ်ဘတ်တထည်ကို ယူပြီး အပေါ်ပိုင်းကို ရေစိုတဲ့တဘတ်လေးနဲ့ ဖွဖွလေး ထပ်ဖိပေးနေလိုက်သည်။ ဇယ်ဝူကျွင်းအိပ်နေပေမယ့် ကျန်းချန်မျက်နှာ တစ်ခုလုံးနီရဲနေပြီ ။
ပြီးတော့မှ အဝတ်ပါလဲပေးလိုက်သည်။ခနအကြာမာတော့ အသက်ရှူသံလည်း မှန်လာပြီး နဖူးလည်း စောနကလို သိပ်မပူတော့တာမို့ ကျန်းချန်ရင်ထဲက အပူလုံးလေး ကျသွားသည်။
နာရီကြည့်လိုက်တော့ ည၉နာရီတောင် ရှိနေပြီမို့ အိမ်ပြန်မနေတော့ပဲ အိမ်အဒေါ်ထိန်းလာပို့ ပေးသော ထမင်းဗန်းလေးကို အောက်ထပ်မာပြန်ထားလိုက်ပြီး ဘဲကြီးအနားမာပဲ သူထိုင်စောင့်နေတော့သည်။
........
အရင်နေ့တွေက မောင်ကပဲသူ့ဆီလာနေတာမို့ ဒီနေ့ရှောင်ကျန့် ထွေထွေးထူးထူးအလုပ်သိပ်မရှိတာမို့ သူ့မောင်ဝမ်ရိပေါ်ဆီကို သူပဲအရင်သွားလိုက်သည်။
မောင့်ကိုတော့ သူကြိုမပြောဘူး Surpriseဖြစ်သွားအောင်လို့ ဟိဟိ။
Companyရှေ့ရောက်တော့ ကားကိုဝန်ထမ်းတွေကပဲ နေရာသွားထားပေးပြီး ၃၈ထပ်မာ ရှိတဲ့ မောင်အခန်းကို သူတက်လာခဲ့သည်။ လက်ထဲက နေ့လယ်စာကို ဆွဲလာပြီးတော့ပေါ့ ၊
သူကိုမြင်ရင် မောင်က ဘယ်လိုတုံ့ပြန်မလဲဆိုတာကို တွေးပြီး ရင်တွေတစ်ဒုတ်ဒုတ်နဲ့ အပြင်ကိုပေါက်ထွက်လောက်အောင် အမြန်ခုန်နေသည်။
အ‌တွင်းရေးမှူးက သူ့ကိုတွေ့တော့ နှုတ်ဆက်ပြီး တံခါးဖွင့်ပေးဖို့ လုပ်ပေမယ့် သူမောင့်ကို အံ့ဩစေချင်လို့မလား အဲ့ကြောင့် မလိုဘူးလို့ပြောပြီး သူကိုယ်တိုင်ပဲ ဖွင့်လိုက်သည်။
ဒါပေမယ့် မြင်ရတဲ့ မြင်ကွင်းကြောင့် မောင့်ကိုSurpriseဖြစ်စေဖို့ လာတဲ့သူက သူကိုယ်တိုင်ပဲ ပြန်Surpriseခံရတယ်
"မောင် "
Zawgyi
အစကတည်းက
"............"
"အွန်း ကလေးရဲ့ယဲ့ယဲ့ "
"Yes Sir ....ဟီး"
"ကိုကို "
"မောင် လာပြီလား"
"ဟဲ့လို မား "
"ဟုတ်မား ဝမ်အန်း"
................
"ဆူဆူ လာစမ်း !!!!
ပါး တောင်းပန်ပါတယ် ပါးသမီးကို တင့်တင့်တယ်တယ် မထားနိုင်ခဲ့လို့ သမီးသူ့ကို ပြန်တောင်းပန်နော် နောက်ပြီး သမီးသွားချင်တဲ့ အဂ်လန်ကို ပါးပေးသွားတယ် "
.........
"အော် ဟုတ်ဟုတ်"
........
"မောင် "
Continue Reading
You'll Also Like
717K 122K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
706K 85.3K 78
Eternal love ..... . . . . . . . Start - 2022 December 28 End - 2023 April 27 School Lovers.. Siblings ..... 🔞 18 + ⚠️️ Mature Conteint
110K 12.8K 65
လူတွေမသိတဲ့ ငါ့ရဲ့နောက်ပုံစံတစ်မျိုးကို ငါကိုယ်တိုင်တောင်အံ့ဩတယ်...