Unicode
စော်အော့လေးက သူ့မိဘလာကတည်းက ရှောင်ပါးနဲ့ရှောင်မားနားကို သိပ်မကပ်တော့ဘူး ၊ ဒယ်ဒီနဲ့ပါပါးကို သတိရနေသေးတယ်တဲ့ ။
တစ်ပတ်ခွဲရတယ်ဆိုပေမယ့် စော်အော့အတွက်တော့ နှစ်နဲ့ချီသလို အရမ်းကိုကြာနေသတဲ့။ ငါးနှစ်အရွယ်ကလေးက မိဘနဲ့မခွဲဖူးသေးလို့လည်းပါတာပေါ့။
ဒါ့အပြင် စော်အော့လေးက ပါပါးကပ်တဲ့ကလေးလေးမို့ ပိုဆိုးပေါ့ အခုလည်း လေယာဉ်တက်ချိန်ရောက်တော့မာကို သူ့ဒယ်ဒီလက်ပေါ်ကနေ ရှောင်ပါးနဲ့ရှောင်မားကို လှမ်းနမ်းနေတာ ၊ စော်အော့ရဲ့နှုတ်ဆက်ပုံလေးကို ကြည့်ပြီး လူကြီးတွေက သဘောကျလို့ရှောင်ပါးက ဒီဘက်မာ လုပ်စရာရှိသေးလို့ မပြန်နိူင်သေးဘူး အလုပ်ကို သားကျန်းကိုပဲ ဆက်ဦးစီးခိုင်းတယ်။
စော်အော့ရဲ့ ခရီးစဉ်လေးက လာတုန်းကလည်း ပျော်သလို အခုအပြန်မာလည်း ဒယ်ဒီနဲ့ပါပါးကိုယ်တိုင် လာကြိုတာမို့ အရမ်းရမ်းကို ပြီးပြည့်စုံပြီး ပျော်ရွှင်နေတာ😍
...........
နေ့လယ်စာ စားချိန်ပြီးလို့ အလုပ်ပြန်တက်တော့မယ့် ၁၂:၅၀ဆိုတဲ့ အချိန်ခါလေးမာ အရှိန်အဝါအပြည့်နဲ့ ဝင်လာတဲ့ ceoတို့ မိသားစုကြောင့် အားလုံးက ခေါင်းငုံ့ပြီး နှုတ်ဆက်နေကြသည်။
တစ်ချို့သော ဝန်ထမ်းတွေက တစ်နေရာတည်းကိုပဲ အကြည့်မလွဲနိူင်အောင် စိုက်ကြည့်နေတာ ဆွေ့ဆွေ့က အဆိုးဆုံးပဲ။မင်းတို့ထင်နေကြတာက ceoဝမ်တို့ အတွဲမလား အဲ့တာဆို စိတ်မကောင်းပါဘူး နည်းနည်းလွဲနေပါတယ် ၊ သူတို့ငမ်းနေကြတာ ceoဝမ်လည်း မဟုတ်သလို အစ်ကိုရှောင်ကျန့်လည်းမဟုတ်ပြန်ဘူး။
ခရမ်းရောင် အင်္ကျီစုံတွဲလေးနဲ့ သူ့ဒယ်ဒီနဲ့ပါပါးကြားမာ ခပ်မိုက်မိုက်လေး လျှောက်လာတဲ့ သခင်လေးစော်အော့ဆီကိုပါ။
အထဲက စွပ်ကျယ်အမည်းလေးဟာ သူ့ဒယ်ဒီနာမည်ပါရေးထိုးထားပြီး တစ်ကိုယ်လုံး ခရမ်းရောင်နဲ့မို့ ဖြူနေတဲ့အသားလေးက သူဒယ်ဒီနဲ့ပါပါးကြားမာ ထင်းနေရောပဲ။
YOU ARE READING
Our Family (Completed)
FanfictionUnicode ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍 Zawgyi ဝမ်ရိပေါ်တို့ရဲ့မိသားစုအကြောင်းလေး သိချင်ရင် ဝင်ဖတ်ကြည့်ပါနော်😁 အဆွိလေးပါ😍😍