Part-2

5K 283 9
                                    

Unicode

  နေ့လယ်စာစားရန် စော်အော့လေးကို ခုံပေါ်ကို ချီမကာ တင်စေလိုက်သည်။(ကလေးခုံကိုပြောတာနော်) သားလေးက ၂နှစ်ပဲရှိသေးတာကို ထမင်းကိုသူ့ဘာသာသူ စားချင်နေပြီ။

သားထမင်းစားပြီးတာနဲ့ ရှောင်ကျန်း ရေသောက်စေလိုက်ပြီး သားအင်္ကျီကိုပါ တစ်ခါတည်း လဲပေးလိုက်ရသည်။ လူကြီးသိပ်ဖြစ်ချင်နေတဲ့ သားက ထမင်းစားပြီးတိုင်း အင်္ကျီပါလဲပေးရတယ်။ ပြီးမှ သားစားထားတဲ့ ပန်းကန်တွေ ခုံတွေ လိုက်ရှင်းနေလိုက်သည်။

"သားစော်အော့ မပြေးသေးနဲ့ဦး ဗိုက်ပြည့်သေးတယ် အန်.."

"ပါပါး အီး ပါပါး"

သူစကားတောင် မဆုံးသေးဘူး ချော်လဲသွားတဲ့ သားကြောင့် ရှောင်ကျန်းအပြေးလာရသည်။ တစ်အိမ်လုံးမာ မောင်က သားထိခိုက်မိမာစိုးလို့ ဖော့ဖာတွေ အပြည့်ခင်းတာမို့ နာမာမကြောက်ပေမယ့် အခုမ ထမင်းစားပြီးလို့ ပြန်အန်ထွက်မာစိုးနေတာ။

"ဖြည်းဖြည်းသွားမှပေါ့ သား‌ရာ နာသေးလား"

"ဒီနား နာတယ် "

ခေါင်းနောက်ကို ကိုင်ပြပြီး နာတယ်လို့ ပြောလာတဲ့သားကြောင့် ရှောင်ကျန်းကြည့်ပေးလိုက်သည်။  စာအုပ်ကို နင်းမိတာ ထင်တယ်။

"အုံဖွ အုံဖွ မနာတော့ဘူး မငိုနဲ့တော့နော် "

ပါးပြင်ပေါ်က ကျနေသေးသည့် မျက်ရည်ကို ရှောင်ကျန်း ညင်သာစွာနဲ့ သုတ်ပေးလိုက်သည်။

"မငိုနဲ့တော့နော် စော်အော့လေးက ယောက်ျားလေးမဟုတ်လား

ယောက်ျားလေးဆို မငိုရဘူးလေ"

"ဟုတ် ပါပါး သားမငိုတော့ဘူး"

"လိမ္မာတယ် ပါပါးသားလေးက ဟိုမာသွားထိုင်နေနော် ပါပါးပြီးရင် သားနဲ့လာကစားပေးမယ်"

"ဟုတ် ပါပါး"

အသည်းယားစရာ ကောင်းလွန်းတဲ့ သားကိုရှောင်ကျန်း နမ်းပြီး ရှင်းစရာရှိတာ သွားရှင်းနေလိုက်သည်။

သားနဲ့အတူ ရှောင်ကျန်း ဆော့ကစားနေစဉ်..

"ကိုကို "

Our Family (Completed)Where stories live. Discover now