Love Of My Life [Completed]

By GennyCloud

734K 45.5K 1.6K

Genre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from... More

အမှာစာ🤎(Uni + Zawgyi)
Character Introducing
Epi(1) Unicode
Epi(1) Zawgyi
Epi(2) Unicode
Epi(2) Zawgyi
Epi(3) Unicode
Epi(3) Zawgyi
Epi(4) Unicode
Epi(4) Zawgyi
Epi(5) Unicode
Epi(5)Zawgyi
Epi(6) Unicode
Epi(6) Zawgyi
Epi(7) Unicode
Epi(7) Zawgyi
Epi(8) Unicode
Epi(8) Zawgyi
Epi(9) Unicode
Epi(9) Zawgyi
Epi(10) Unicode
Epi(11) Unicode
Epi(11) Zawgyi
Epi(12) Unicode
Epi(12) Zawgyi
Epi(13) Unicode
Epi(13) Zawgyi
Epi(14) Unicode
Epi(14) Zawgyi
Epi(15) Unicode
Epi(15) Zawgyi
Epi(16)Unicode
Epi(16) Zawgyi
Epi(17) Unicode
Epi(17) Zawgyi
Epi(18) Unicode
Epi(18) Zawgyi
Epi19(Unicode)
Epi19 (Zawgyi)
Epi20(Unicode)
Epi(20) Zawgyi
Epi(21) Unicode
Epi (21) Zawgyi
Epi(22) Unicode
Epi(22)Zawgyi
Epi(23) Unicode
Epi(23) Zawgyi
Epi(24) Unicode
Epi(24)Zawgyi
Epi(25) Unicode
Epi(25) Zawgyi
🤎
Epi(26) Unicode
Epi(26) Zawgyi
Epi(27)Unicode
Epi(27)(Zawgyi)
Epi28(Unicode)
Epi29(Unicode)
Epi28(Zawgyi)
Epi29(Zawgyi)
Epi30(Unicode)
Epi30(Zawgyi)
Epi31(Unicode)
Epi31(Zawgyi)
Epi32(Unicode)
Epi32(Zawgyi)
Epi(33)(Unicode)
Epi(33)(Zawgyi)
Epi(34)(Unicode)
Epi(34)(Zawgyi)
Epi(35) Unicode
Epi(35) Zawgyi
Epi (36) Unicode
Epi(36) Zawgyi
Epi(37) Unicode
Epi(37) Zawgyi
Epi(38) Unicode
Epi(38) Zawgyi
Epi(39) Unicode
Epi(39) Zawgyi
Epi(40) Unicode
Epi(40) Zawgyi
Epi(41) Unicode
Epi(41) Zawgyi
Epi(42) Unicode
Epi(42) Zawgyi
Epi(43) Unicode
Epi(43) Zawgyi
Epi(44) Unicode
Epi(44) Zawgyi
Epi(45) Unicode
Epi(45) Zawgyi
Epi(46) Unicode
Epi(46) Zawgyi
Epi(47) Unicode
Epi(47) Zawgyi
Epi(48) Unicode
Epi(48) Zawgyi
Epi(49)Unicode
Epi(49) Zawgyi
Final Episode (Uni)
Final Episode (Zawgyi)
My Dear , Readers (U+ZG)
Happy New Year❤️
Genny has something to say!! U/Z
Extra (Unicode)
Extra ( Zawgyi)
Thidingkyut Extra
❤️Genny Cloud's Love Letter☁️U*Z
Happy Thingyan with KheNyeim (U+Z)
Extra Part 2 (U+Z)

Epi(10) Zawgyi

3.7K 125 8
By GennyCloud

အပိုင်း(၁၀)

ရန်ကုန် မနက်ခင်းကတော့ ပုံမှန်အတိုင်းဆူညံစွာနဲ့ပင် စတင်လာပြန်သည်။ ဒေါ်ဒေါ်ရဲ့လက်ရာ မနက်စာ ပဲပြုတ်ထမင်းကြော် ပူပူလေးစားပြီး အိမ်ရဲ့ သံပန်းတံခါးကိုပိတ်ကာ အောက်သို့ဆင်းလာလိုက်သည်။

လှေကားခွင်နားရောက်တော့ ညိမ်တို့ အောက်ထပ်က ဦးလေးက အပြင်သွားရန် လှေကားခွင် တံခါးကို ဖွင့်နေသည်နှင့်ဆုံ၏ ။

"ဦီးလေး နေကောင်းတယ်မလား "

ဦးလေးကြီးက သူ့ကိုဖော်ရွေစွာ ပြန်ဖြေသည်။

"ကောင်းပါတယ်ကွ ငါ့တူတို့ရော အဆင်ပြေကြရဲ့လား "

"ပြေပါတယ် ဦးလေး ဒီလိုပါဘဲ "

"အေးကွာ တူဝရီးနှစ်ယောက်တည်းဘဲ ပြေမှာပါ အိမ်မှာတော့ မိန်းမက နားပူတယ်ကွ "

ဦးလေးရဲ့ အပြောကြောင့် သူ သဘောတကျရယ်မိသွားသည်။ နားပူတယ်လို့ ပြောသည့် အပြောတွင်ကို ဇနီးကို သဘောတကျဖြစ်နေသည့် အရိပ်အယောင်များကို တွေ့ရသည်လေ။

အင်း…သူအိမ်ထောင်ကျရင်ကော ဘယ်လိုများဖြစ်မလဲ။

ကိုယ့်ဘာသာ တွေးပြီးမှ ရှက်စိတ်ကြောင့် ပါးများပူတက်လာရသည်။

ငါဘာတွေ စဉ်းစားနေပါလိမ့်…

ကားမှတ်တိုင်သို့ သွားရာ လမ်းတစ်လျှောက် တစ်လမ်းတည်းနေ မျက်နှာသိ အန်တီကြီးများက ပြုံးလျက် နှုတ်‌ဆတ်ကြသည်။

ဒီလိုကျတော့ ရန်ကုန်နဲ့တောင် တဖြည်းဖြည်းအသားကျလာသလိုပါလား။

ဘယ်လိုဘဲ အသားကျတယ်ပြောပြော သူတစ်သက်လုံး ရန်ကုန်တွင်တော့ မနေချင်၊ လူများရှုပ်ယှက်ခတ်နေသော ရန်ကုန်သည် သူ့အတွက်တော့ သိပ်သဘောကျစရာမကောင်း ။ သူ့အနေနှင့် သူ့ကိုမွေးဖွးခဲ့သော မန္တလာမြေကိုသာ ပို၍ သဘောကျသည်။

ကားက သိပ်မစောင့်လိုက်ရ ၊ သူမှတ်တိုင်သို့ ရောက်ပြီးပြီးချင်း ကားကရောက်လာသဖြင့် ဒီနေ့တော့ သူကံကောင်းသည်ဟု တွေးမိသည်။ ပုံမှန်ဆို ကားစောင့်လျှင် ဆယ့်ငါးမိနစ်က အနည်းဆုံးပေမို့။

သွားလိုရာ မှတ်တိုင်သို့ ရောက်တော့မှာမို့ ညိမ်နေရာမှ ကြိုထထားလိုက်သည်။ အပြင်ကိုကြည့်လိုက်တော့ နေကသိပ်မပူသေး ။ ထီးမယူလာတာမို့ နေမင်းကြီးကိုတောင် ကျေးဇူးတင်ချင်သွားသည်။

မှတ်တိုင်၌ ဆင်းကာ လမ်းချိုးလေးသို့ လျှောက်လာလိုက်သည်။ လမ်းသွယ်လေးက ကျဉ်းကျဉ်းလေး ဖြစ်သဖြင့် ကားများတော့ မတွေ့ ၊ စက်ဘီးများသာ အနည်းငယ်တွေ့သည်။ အမှန်တော့ သူလိုအပ်တဲ့စာအုပ်တွေဝယ်ဖို့ စာအုပ်ဆိုင်ရှာတာဖြစ်သည်။ ၀ယ်နေကြဆိုင်တွေရှိပေမဲ့ အခြားဆိုင်တွေ စပ်စုချင်တာမို့ ဖေ့စ်ဘွတ်ခ် တွင် reviewကောင်းသော ဆိုင်လေးသို့ ရှာကာရောက်လာခြင်း။

Book For U ...

ဆိုင်းဘုတ်လေးတွေ့၍ ၀င်လာလိုက်သည်။ အပြင်အဆင်ကအစ အညိုစင်လေးမို့ ညိမ့်နှုတ်ခမ်းထက်၌ အပြုံးတို့ ချိတ်ဆွဲသွားရသည်။ အညိုရောင်ကြိုက်သူအဖို့ အညိုရောင်နဲ့ ပတ်သက်တာတွေ မြင်တိုင်း သဘောတကျဖြစ်ရသည်။

ခဏ ခဏ လာဖြစ်တော့မယ်ထင်တယ် ။

အထဲ၌လည်း စာအုပ်အမျိုးအစားများက စုံလင်လင်သည့်အပြင် Coffee Bar လေးပါရှိသည်။ စာအုပ်ဝယ်လို့ရသလို့ စာအုပ်ကို ထိုင်ဖတ်၍လည်းရသည်။ သုတ ၊ ရသ စာအုပ်များအပြင် ကျောင်းအတွင် အသုံးလိုသော ‌စာအုပ်များပါရှိသည်။ စာရေးကိရိယာ များကိုလည်း သူ့အကန့်နဲ့သူ ခွဲထားသည်။

သူလည်း တစ်ချိန်ဆိုင်ဖွင့်ဖြစ်ရင် ဒီလိုလေးအေး‌‌ ဆေးလေးဖွင့်မယ်လို့ တွေးမိသည်။

ညိမ်လှည့်ပတ်ကြည့်ရင်း စာအုပ်ဖတ်ရင် ကော်ဖီပူပူလေးတစ်ခွက်က လိုအပ်တာမို့ Coffee Bar ရှိရာသို့ သွားလိုက်သည်။

"ညီ အစ်ကို့ကို Black Coffee တစ်ခွက် သံပုရာလေး များများ ညှစ်ပေးနော် "

"ဟုတ်ကဲ့ဗျ"

ကောင်လေးက‌ ဖော်ရွေစွာ‌ပြုံး၍ပြန်ဖြေသည်။

"ကျွန်တော်လည်း Black Coffee ဘာမှမထည့်ပါနဲ့ "

သူ့နောက်ကနေ ထွက်လာတဲ့ ဩရှရှအသံတစ်ခု ။
အသံက ဩပေမဲ့ ဘာလို့မှန်းမသိ နားထောင်လို့ကောင်းနေသလိုဘဲ ။

"ညီမတော့ Lemon tea ဘဲပေးနော် "

"ဟုတ်ကဲ့ ခဏလောက်စောင့်ပါနော် "

ထွက်သွားတဲ့ ခြေသံနှစ်ခုကို ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ မျက်နှာကိုမမြင်ရတော့ တစ်ဖက်သို့ လှည့်ထွက်သွားပြီ ဖြစ်သည်။ မျက်နှာမမြင်လိုက်ရသော်လည်း သူသိပါသည်။ အသံတစ်ခုက မမှတ်မိနိုင်သော်လည်း နောက်ကျောကို ကြည့်ရုံနဲ့ သိသာပါသည်။ ကောင်မလေးက ဟိုတလောက တုတ်ထိုးဆိုင်မှာတွေ့တဲ့ သူရဲ့ သူငယ်ချင်းမလေးမဟုတ် ၊ ဒီကောင်မလေးက နူးနူးညံ့ညံ့လေးနဲ့ လမ်းလျှောက်တာကအစ ဆင်မယဉ်သာ လေးဖြစ်၏။

ကောင်မလေးက ဖြောင့်စင်းနေသော ဆံပင်ရှည်ရှည်လေးကို ဖြန့်ချထားတာ ဖြစ်သည်။ Floral ဂါဝန် ဒူးအောက်လေးဖြင့် တကယ့်ကို ယဉ်ယဉ်လေးဖြစ်၏။

သူ့ကို ကြည့်နေတာ သိသာသွားလို့လားမသိ ညိမ့်ကို လှည့်ကြည်လာသည်။ သူလည်း ဘာလုပ်ရမှန်းမသိ ပြုံးပြလိုက်တော့ ကောင်မလေးက မျက်နှာကိုဆတ်ခနဲ လွှဲလိုက်သည်။

.
.
.

"မဒေစီ ဘာဖြစ်လို့လဲ "

"ဟင် ဘာမှမဖြစ်ပါဘူး ခီ "

"အော် မျက်နှာတွေ နီလာသလားလို့ "

"ပူလို့ထင်တယ် "

" ဪ နဲ့ကျွန်တော့်ကို ဇဏ်လို့ခေါ်စေချင်တယ်"

"အင်းပါ ဇဏ်ဆိုတော့ ဇဏ်ပေါ့ "

"ဟုတ်ပြီ "

ခီတန်ကူးဇဏ်က မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလိုက်တော့ ဒေစီလည်း ခေါင်းညိတ်ကာ ဖတ်ရန် ယူထားသည့် စာအုပ်ကိုသာ ဖွင့်ဖတ်ရသည်။

သူတို့နှစ်ယောက်ကြား လေထုက ပုံမှန်ထက်အေးစက်လျက်ရှိသည်မို့ သူကအကြီးဖြစ်သူပီပီ စကားစလိုက်သည်။

"ခီ…စာတွေ  ၊ အယ်…ဇဏ် စာတွေလိုက်နိုင်ရဲ့လား "

"အင်း  "

"အစ်မကြောင့် အနှောင့်အယှက်ဖြစ်သွားလားမသိဘူး ဇဏ့် မျက်နှာက နွမ်းနေသလိုဘဲ "

"ရပါတယ် ဖွားရဲ့အမိန့်ပေမဲ့ ကျွန်တော်အဆင်ပြေပါတယ် မဒေစီသက်တောင့်သက်သာ နေပါ "

"အဆင်ပြေရင် ပြီးတာပါဘဲလေ အမှန်တော့ စာအုပ်ဆိုင်ကို အစ်မဘာသာ လာမလို့ပါ ဒယ်ဒီနဲ့မာမီက ဖွားနွယ်နဲ့ လိုက်တွေ့ရမယ်ဆိုလို့ လိုက်လာတာ ၊ မာမီက တကယ့်ကိုမပြောမဆိုနဲ့လေ အစ်မဖြင့် ဇဏ့်ကိုအားနာလိုက်တာ "

"ရပါတယ် "

သူပြောလိုက်တော့ ပြုံးပြကာ သူ့စာအုပ်သူ ငုံ့ဖတ်နေသည်။

မျက်နှာလေးမှာ ရှင်းသန့်နေသော်လည်း သူ့မျက်စိထဲတော့ သာမာန်မျှသာ။

•••••••

လွန်ခဲ့သော သုံးနာရီခန့်က ဖြစ်သည်။

ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ချိန်းထားသည်များ မရှိသည်မို့ အိမ်မှာနေရင်း Netflix သာကြည့်မည်ဟု‌ သူတွေးထားလိုက်သည်။

မျက်နှာသစ် ၊ သွားတိုက်ပြီး သူအောက်ဆင်းလာတော့ မီးဖိုးဆောင်မှာ Breakfast ပြင်ဆင်နေသော ကြီးမြင့်ကို တွေ့သည်။

"ကြီးမြင့် မောနင်း "

"မောနင်း သားဇဏ် "

"ဘာရှိလဲ "

"ဒီနေ့ပိတ်ရက်မို့ ကြီးမြင့်ထမင်းကြော်ထားတယ် အသဲအမြစ်လေးနဲ့ မိုင်လိုက ကြီးမြင့်ဖျော်ပေးမယ် "

"ဟုတ်ကဲ့ "

ကြီးမြင့်ကပြောလည်းပြော ထမင်းကြော်ပန်းကန်ကို ချပေးကာ ခီ့အတွက် မိုင်လို‌ဖျော်ပေးဖို့ ဟင်းချက်ရာအဆောင်သို့ ၀င်သွားသည်။

ဇဏ်လည်း စားမလို့အလုပ် ဖွားဝင်လာတာကို မြင်လိုက်တာကို မစားဖြစ်တော့ ။

"မြေးဇဏ် "

"ဒီနေ့ အိမ်မှာပဲလား "

"ဟုတ်ကဲ့ ကျွန်တော်ဘယ်မှ သွားစရာမရှိဘူး "

"ဟုတ်ပြီ မြေး ဖွားအဲ့တာလာမေးတာ "

ဖွားက သူပြောချင်တာပြောပြီး မီးဖိုဆောင်က ထွက်သွားသည်။

မွန်းကြပ်လိုက်တာ…။

အိမ်ကြီးက ကျယ်ပါလျက် မိသားစုမဆန်သော မိသားစုဝင်‌တွေကြောင့် သူ့စိတ်တွေ မွန်းကြပ်ရပါ၏။ တစ်ခါတရံ ထွက်ပြေးချင်သည်။ နင့်နင့်နဲနဲတွယ်တာရမယ့်သူ မရှိတာမို့ လောကကြီးကနေတောင် ပျောက်ကွယ်သွားချင်အထိ ။

"သားဇဏ် မစားသေးဘူးလား "

"စားတော့မှာ ကြီးမြင့် "

"ရော့ကွယ် သားကြိုက်တယ်မလား အ၀စားနော် "

ခေါင်းတစ်ချက်သာ ညိတ်ပြသည်။ ကြီးမြင့်လည်း ဒီမိသားစုကို ဘယ်လိုနားလည်ရမလဲမသိ။
ခီတန်ကူးဇဏ် ဒီနှစ်ထဲ ပြန်မပြော နားမထောင်မလုပ်တော့တာကိုပဲ ကျေးဇူးတင်ရမည်။ သားဇဏ်က ရှစ်တန်းနှစ်မှ စ၍ အရင်နဲ့ မတူတော့ တဖြည်းဖြည်း အေးစက်လာသည်ကို ခံစားမိသည်။ သို့သော်တဖြည်းဖြည်း လိမ္မာသည်နှင့်ကွဲထွက်ကာ အေးစက်လာသည်ကိုတော့ မနှစ်မြို့။

"ဟင်း!"

ကြီးမြင့်က သက်ပျင်းတစ်ချက်ချသည်။

မေ…သာ သက်ရှိထင်ရှားရှိ‌သေးရင် အကုန်လုံးကို ကောင်းကောင်းကိုင်တွယ်နိုင်မယ် ထင်ပါရဲ့။

••••••••

"ဟဲ့ ချောလိုက်တာနော် ငါဖြင့်မိန်းကလေးချင်းတောင် တော်တော်သဘောကျတယ် "

"အေးဆို ချစ်စရာလေးဟယ် ဒါပေမဲ့ သခင်လေးသူငယ်ချင်းလောက်တော့ချစ်စရာမကောင်းပါဘူး "

"ငါတော့ အဲ့ကောင်မလေးကို သဘောမကျဘူးဟယ် အရမ်းသွက်တယ် ဒီကောင်မလေးက တည်တည်ငြိမ်ငြိမ်လေး "

ဆူးအကြောင်းပါလာသဖြင့် သူ့မျက်ခုံးတို့ တွန့်ချိုးသွားရသည်။

သူထိုင်နေတဲ့နေရာက အလုပ်သမားတန်းလျားနဲ့ နီးတာမို့ ထိုကလေးမနှစ်ယောက်ပြောနေတာကို အတိုင်းသားကြား‌နေရရသည်။

ခီတန်ကူးဇဏ်သည် စာအုပ်ကိုကိုင်ကာ ထသွားလိုက်ပြီး ကောင်မလေးတို့နှစ်ယောက်ရှေ့တွင် ရပ်လိုက်သည်။

"အားနေကြတာလား "

"ရှင် သခင်လေး "

"မင်းတို့က အသစ်တွေလား "

"ဟင်"

"မင်းတို့က အသစ်တွေလားလို့မေးနေတာ"

"ဟုတ်…ဟုတ်ကဲ့!!"

"ဒီအိမ်မှာ ဆက်နေချင်သေးရင် မင်းတို့ပါးစပ်ကို စည်းစောင့်ပါ "

"ဟုတ် ဟုတ် သခင်လေး "

သူပြောချင်တာ ပြောပြီးထွက်သွားသော သခင်လေးကိုကြည့်ပြီး သူတို့မှာ ပါးစပ်အဟောင်းသား။
ဒီအိမ်မှာ သခင်မကြီးထက် သခင်လေးက ပို၍ကြောက်ဖို့ကောင်းသည်ဟု ပြောကြသည်ကို လက်တွေ့ကြုံမှ သူတို့လက်ခံလိုက်ရသည်။

သခင်လေးကတစ်ခုခုဆို ဘာတစ်ခုဝင်မပြောတတ်တာမို့ အသစ်ဝင်တာမကြာသေးတဲ့ သူတို့အတွက် လက်မခံချင် ။ ဘာတစ်ခုကိုမှ ဂရုမစိုက်သလို နေတတ်သည့် သခင်လေးက ဒီလို စကား သုံးခွန်းပြောသွားနဲ့တင် သူတို့ ကြောက်ဒူးတုန်နေပြီ။

ဒီနေ့ကစပြီး သူတို့သိလိုက်တာက စကားကို လက်လွတ်စပယ် ဘယ်တော့မှမပြောတော့ဘူးဟူ၍။

သူ စာအုပ်ဖတ်ချင်စိတ်လည်း မရှိတော့၍ အိမ်ထဲသို့ဝင်လိုက်တော့ အိမ်ရှေ့မှာ ရပ်ထားတဲ့ နက်စွေးနေသော ကားတစ်စီးကို တွေ့လိုက်ရသည်။

ဖွားက တော်ရုံ အိမ်ကို ဧည့်တွေ့မခေါ်တတ်ပါဘူး ၊ဘယ်လိုလူမျိုးမို့လို့လဲ။

သူဝင်သွားလိုက်တော့ ဧည့်ခန်းမှာ လူစုံနေတာကို တွေ့လိုက်သည်။ သူမသိချင်ယောင်ဆောင်ကာ အပေါ်သို့တက်မယ်ပြင်လိုက်တော့…ဖွားဆီမှ စကားသံထွက်လာသည်။

"မြေးဇဏ် "

"ဟုတ်ကဲ့ "

"လာပါဦး ဒီမှာ ဖွားမိတ်ဆတ်ပေးစရာရှိလို့ "

ဖွားက ဆိုဖာထိုင်နေတဲ့ လင်မယားနှစ်ယောက်ကို ထိုးပြပြီး

"ဒါက ဖွားတို့ရဲ့ ဖက်စပ်လုပ်ငန်းစုကလေ ဦးသူရိန်မင်းနဲ့ သူ့ဇနီး ‌မေရီခင်တဲ့ ‌မှတ်ထားမြေး မြေးလည်းအလုပ်လုပ်ရမယ့်အချိန်ကျရင် ထိတွေ့ဆက်ဆံရမယ့်သူတွေ "

"မောင်ရင်လည်း မှတ်ထား ဒါကျွန်မရဲ့ တစ်ဦးတည်းသောမြေးလေး ခီတန်ကူးဇဏ်တဲ့ "

"တွေ့ရတာ ၀မ်းသာပါတယ် "

ဇဏ် နှုတ်ဆတ်လိုက်တော့ တစ်ဖက်က လင်မယားနှစ်ယောက်လုံးကလည်း ဖော်ရွေစွာ ပြန်ပြုံးပြသည်။

"ဦးတို့လည်း ၀မ်းသာပါတယ် ဥက္ကဌကြီးက မြေးချောလေးကို ဝှက်ထားတာပဲ "

ဦးသူရိန်မင်းက စနောက်သလိုပြောတော့ ဒေါ်မူယာနွယ်က ဟက်ဟက်ပက်ပက်ရယ်ရင်း ဆိုသည်။

"မဟုတ်တာ ဝှက်ထားတယ်ဆိုတာထက် မထုတ်ပြဖြစ်တာကွယ် မြေးက‌လည်း အဆိုးလေ "

ထိုင်နေတဲ့ ကောင်မလေးကို ဦးသူရိန်မင်းဆိုသူက လက်ညှိုးပြရင်း…

"ဒါ ဦးသမီးလေ ဒေစီခင်တဲ့ သားဇဏ်ထက်တော့ သုံးနှစ်လောက်ကြီးမယ် ပထမနှစ်တက်‌နေတာဒီမှာ‌‌တော့ မဟုတ်ဘူး USမှာ Psychology နဲ့လေ"

" ဟုတ်ကဲ့ "

ပြောပြီး ခီထရန်ပြင်လိုက်ပေမဲ့ ဒေစီခင့်မာမီဆိုသူက စကားစလာသည်။

"သမီးကလေ စာအုပ်ဆိုင်သွားချင်နေတာ အင်တာနက်ပေါ်က တွေ့တာတဲ့ အဲ့တာသူငယ်ချင်းလည်း မရှိဘူးလေ တစ်ယောက်တည်းဖြစ်နေလို့ ဒီကိုခေါ်လာလိုက်တာ "

"အယ် ဒါဆိုမြေးကို လိုက်ပို့ခိုင်းလိုက်မယ်လေ မြေးက ရန်ကုန်ကို ကျွမ်းတယ် "

ခုနကထိ ကောင်းသည် ၊ ဆိုးသည် ဘာမှဝင်မပြောတဲ့ ‌မဒေစီခင်က ဖွားကို ထပြောလာသည်။

"ဟိုရပါတယ် ဖွား"

"ဘာမှမဖြစ်ပါဘူး မြေး လိုက်ပို့‌ပေးမယ်မလား "

ဇဏ့်ထံသို့ တည့်တည့်ကြည့်ကာ အမိန့်ပေးသည့် အသံရောနှောနေသော အမေးစကားကြောင့် သူငြင်းဖို့ရန်မဖြစ်တော့။

"ဟုတ်ကဲ့ ပို့ပေးပါမယ်"

"ရတယ် မေရီ မြေးလိုက်ပို့ပေးလိမ့်မယ် ဒီမှာလည်း မင်းတို့တွေကကြာအုံးမှာနဲ့ သမီးလေး ပျင်းနေပါလိမ့်မယ် "

မြေးပုံစံက အင်တင်တင်ဖြစ်နေပေမဲ့ သူမစကားကိုတော့ လွန်ဆန်နိုင်ပုံမရ ။

ဒေါ်မူယာနွယ် လိုချင်သည်မှာလည်း ဒါပေ ။
ဆိုးချင်ဆိုး မိုက်ချင်မိုက်လို့ရသည်။ သူမကိုတော့ မလှန်ရဲအောင် သားအဖနှစ်ယောက်လုံးကို ထိန်းချုပ်ထားတာဖြစ်သည်။

"ကဲ မြေးအ၀တ်အစားလဲဦးမလား "

"ကျွန်တော် အ၀တ်အစားလဲပြီး ဆင်းလာခဲ့ပါမယ် "

ဖွား အကြောင်းမသိတာမဟုတ် ၊ ဒီသွေးသားကမွေးဖွားလာတာ ဒီလူတွေမသိရင်ခက်မယ် ။

တစ်ချိန်ကျရင် ဒီမိန်းကလေးက ဖွားလက်ခုပ်ထဲကရေဖြစ်လာလိမ့်မယ် ။ သူ့နဲ့လည်း တမင်ရင်းနှီးအောင် အခုတည်းကလုပ်ထားမှန်း ခီရိပ်စားမိပါ၏။

ဇဏ်သည် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း…

"ဟွန်း…ခန့်မှန်းသလို ဖြစ်မလာရင်တော့ တကယ့်ကို စိတ်မကောင်းစရာဘဲ "

ခီတန်ကူးဇဏ်က အဖြူရောင်လက်ရှည် ခပ်ပွပွကို အသားရောင် Style pant အပွထဲထည့်ဝတ်ထားသည်။ အဖြူရောင်လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်ထားပြီး နက်ပြာရောင် classicနာရီ တစ်လုံးကိုပတ်ထားသဖြင့် သန့်တာထက်ကိုပိုနေသည်။

ဒေစီခင်မှာ လှေကားမှ တစ်ထစ်ချင်းဆင်းလာသူကို ကြည့်နေတာ မျက်တောင်တောင်မခတ်နိုင်။ တကယ့်ကို ချောတာထက်ကို ဆွဲဆောင်မှုရှိပြီး တောက်ပနေသည်မှာ ငြင်းမရပေ။

"မဒေစီခင် သွားကြမလား "

"အင်း သွားမယ်လေ အစ်မကိုဒေစီလို့ဘဲခေါ်လို့ရပါတယ် "

"ဟုတ်ပြီ "

အိမ်ပေါက်ဝမှ ထွက်ခွာသွားသော ကျောပြင်နှစ်ခုကြည့်လျက် ဒေါ်မူယာနွယ်မှာ ခပ်ပြုံးပြုံး ။
အတူယှဉ်တွဲ မြင်နေရုံနဲ့တင် လိုက်ဖက်တယ်ဆိုတာ ငြင်းမရ …။

•••••••

"တစ်ယောက်တည်းလား "

"ဟင် "

ညိမ်တစ်ယောက်တည်း စာအုပ်စင်၌ စာအုပ်တွေ ရွေးနေစဉ် အနောက်မှကပ်၍ အ‌ပေါ်ဆုံးထပ်က စာအုပ်တစ်အုပ်ကို ယူကာမေးလာသူကြောင့် ကြောင်အသွားရသည်။

"အင်း မင်းမျက်လုံးထဲ ဘယ်နှယောက်မြင်လို့လဲ "

"ဟွန်း "

ဒီလိုလဲ စွာတတ်သေးပါလားဟု ဇဏ်တွေးမိသည်။

ဘာလဲဟ ၊ သူ့ပုံစံက ညိမ့်အဖြေ့ကို သဘောကျသလို ပြုံးစိစိ ။ ဘယ်လိုကောင်ပါလိမ့်။

"ကျွန်တော်တို့နဲ့ လာ Joinနိုင်တယ်နော်တစ်ယောက်တည်းဖြစ်နေရင် ပြောပါတယ် "

စကားပြောတာကအစ အထက်စီးကမို့ ညိမ်နည်းနည်းတော့ ချဉ်သွားတာအမှန်။

သူတို့ထိုင်နေတဲ့ နေရာကိုကြည့်လိုက်တော့ သူနဲ့အတူပါလာတဲ့ ကောင်မလေးက တစ်ယောက်တည်း စာထိုင်ဖတ်နေသည်။ ညိမ်လည်း စပ်စုချင်တာမို့ သူပြောတာကိုလက်ခံပြီး ခေါင်းညိတ်ပြလိုက်သည်။

ခုံတစ်ခုံကို ဆွဲပြီး ယူပေးနေတဲ့သူကြောင့် ဒေစီမော့ကြည့်လိုက်တော့ ဇဏ့်အပြင် သူ့ကိုခုနကပြုံးပြနေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ကောင်လေးက ဖြူဖြူသွယ်သွယ်လေးဖြစ်ကာ မျက်နှာလေးကအစ ပါးလျနေပြီး နှုတ်ခမ်းလေးကအစ ပန်းနုရောင်ဖျော့နေသည်။ မျက်ခုံးတန်းလေးက စိန်းဖန်းဖန့် ခုံးခုံးသွယ်သွယ်လေးဖြစ်ကာ အတော်လေးကို ကြည့်ကောင်းလှသည်။

အင်း…မြန်မာလို ဖွဲ့နွဲ့ရရင် တကယ့်ကို ရှုမငြီးတဲ့ မျက်နှာလေးလို့ ပြောလို့ရမည်။ ယောင်္ကျားလေးတန်မဲ့  ချောတာထက် ပိုသည်ကိုတော့ဝန်ခံရပါ၏။

"ဟို ညိမ်သောက်နေတဲ့ ကော်ဖီကော "

"အယ် ကိုယ်ဟိုဘက်ဝိုင်းမှာ ကျန်ခဲ့တယ် "

ထိုကောင်လေးကပြောပြီး ထယူမလိုလုပ်ပေမဲ့ ခီတန်ကူးဇဏ်က မထခိုင်း ၊ သူပဲသွားယူပေးမယ်လို့ ပြောကာ ထသွားသည်။

ထိုကောင်လေးက ဒေစီ့ကို အူကြောင်ကြောင်ကြည့်နေသဖြင့် ဒေစီကအရင်ဆုံး မိတ်ဆတ်လိုက်သည်။

"အစ်မနာမည်က ဒေစီခင်ပါ ဒေစီလို့ခေါ်လို့ရပါတယ် မောင်လေး "

"အော် ဟုတ် ကျွန်တော်က မိုးသန့်ညိမ်ပါဗျ "

ထိုကောင်လေးက အပြုံးတစ်ခုနဲ့ သူ့နာမည်ကိုပြန်မိတ်ဆတ်သည်။

ချစ်စရာလေးဘဲ။

"ဒါဆို အစ်မ ခီခေါ်သလို ညိမ်လို့ခေါ်မယ်နော် "

ပြောပြီးခါမှ ဘေးဘီကို ဝေ့ဝဲကြည့်ရသည်။ သူ့ကိုခီလို့မခေါ်ပါနဲ့လို့ ခုနလေးတင် ပြောသွားသည်မဟုတ်ပါလား ။

"ဟုတ် အဆင်‌ပြေသလိုခေါ်ပါ မဒေစီ "

ဒေစီလည်း ပြုံးပြရင်း လီမွန်တီးကို တစ်ငုံသောက်ပြီး စာသာဆက်ဖတ်နေလိုက်သည်။

"ရော့ ညိမ် ၊ ညိမ့်ကော်ဖီက အေးနေလို့ အသစ်သွားမှာလာတာ "

ညိမ်တစ်ငုံသောက်ကြည့်တော့ ခါးလိုက်တာ။

"ခီ ဒါကအရမ်းခါးတယ် "

ဒေစီ 'ခီ'လို့ အပြောကြောင့် မော့ကြည့်မိတော့ ဇဏ့်မျက်နှာ၌ စိတ်ရှုပ်နေပုံမရ။
ခုနက သူ့ကိုတော့ မခေါ်နဲ့လို့ ပြောသွားတာမဟုတ်လား ။

"ခင်ဗျား ခုနကသောက်တာဘဲလေ "

"ငါက သံပုရာညှစ်ခိုင်းတာ "

"ကော်ဖီဆိုတာ ခါးခါးသောက်မှ အရသာရှိတာမလား "

"အခါးတစ်ခုကြီးတည်းဆို ငါမသောက်နိုင်ဘူး "

ခီက ပြုံးသည်။ ဒါပေမဲ့ နှုတ်ခမ်းတွန့်တယ် ဆိုရုံလေးသာ။

"ခါးပေမဲ့ သောက်ပါများရင် ကြိုက်သွားမှာပါ "

သူ့စကားကြောင့် ညိမ်လည်းဘာမှပြောမနေတော့။

ကြုံရင်တော့ ပြောပြချင်ပါသေးတယ်။
တချို့အရာတွေ ဘယ်လောက်ကြိမ်ဖန်များများ နာကျင်မှုတွေက လက်ဆတ်နေတုန်းဘဲ ဆိုတာကိုရောပေါ့။

"ဒါနဲ့"

"အင်းပြောလေ ခီ "

"ကျွန်တော်တို့တွေ့တာ သုံးကြိမ်မြောက်နော် "

"ဟုတ်လား ကိုယ်သတိမထားမိလိုက်ဘူး "

ခီတန်ကူးဇဏ်သည် မိုးသန့်ညိမ်စကားကြောင့် မျက်နှာပျက်သွားသော်လည်း ပြန်ထိန်းလိုက်နိုင်သည်။

ဇဏ့်လိုလူမျိုးက ဒါကို တစ်သီးတစ်သန့်မှတ်ထားသလို ဖြစ်နေခဲ့တာလား။
အဓိပ္ပာယ်မရှိတာ!

"ရပါတယ် နောက်တော့မှတ်ထားပေါ့ ၊ ညိမ့်မျက်မှန် အခိုးရိုက်နေပြီ "

"ကိုယ်သုတ်လိုက်ပါ့မယ် "

သုံးကြိမ် ၊ ကိုယ်တောင်သတိမထားပေမဲ့ သူကသတိထားမိနေပါလား ။ ဒါဆို ဟိုနေ့ကစားသောက်ဆိုင်မှာတွေ့လို့ ပြုံးပြတာကို ဘာလို့ပြန်မနှုတ်ဆတ်ရတာလဲ။
မင်းက ဘယ်လိုလူမျိုးလဲ ခီ။

────────────────

𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ

15.7.2022 အတွက်ပါ စောင့်နေမှာစိုးလို့ တင်ပေးလိုက်တာပါ။

Continue Reading

You'll Also Like

278K 24.7K 56
ASTILLBE ( Season 2 ) Professional Model တစ်ယောက်ရဲ့ ငယ်ချစ်ဦးက သူ့ထက်ခြောက်နှစ်ကျော်ငယ်တဲ့ ကောင်လေးတစ်ယောက်။ ရေခြားမြေခြားမှာ ရှိနေကြပေမယ့် သူကတော့...
6.6M 432K 94
Hanary Victor + Loon Tar Nay San
1M 89.7K 58
တစ်စုံတစ်ယောက်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ခဲ့သည့်နောက်....
790K 51K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 1950 BL (Time travel) Unicode an...