Jiaochen (MM Translation)
do_aeri1485 által
101K 10.2K 226
Disclaimer: I do not own this story. I translated this story from English. So if there is something wrong, fe... Több
Description (Uni/Zawgyi)
Chapter 1 (Uni/ Zawgyi)
Chapter 2 Part 1 (Uni/Zawgyi)
Chapter 2 Part 2 (Uni/Zawgyi)
Chapter 3 Part 1 (Uni/Zawgyi)
Chapter 3 Part 2 (Uni/Zawgyi)
Chapter 3 Part 3 (Uni/Zawgyi)
Chapter 4 Part 1 (Uni/Zawgyi)
Chapter 5 Part 1 (Uni/Zawgyi)
Chapter 5 Part 2 (Uni/Zawgyi)
Chapter 6 Part 1 (Uni/Zawgyi)
Chapter 6 Part 2 (Uni/Zawgyi)
Chapter 7 Part 1 (Uni/Zawgyi)
Chapter 7 Part 2 (Uni/Zawgyi)
Chapter 7 Part 3 (Uni/Zawgyi)
Chapter 8 Part 1 (Uni/Zawgyi)
Chapter 8 Part 2 (Uni/Zawgyi)
Chapter 9 Part 1 (Uni/Zawgyi)
Chapter 9 Part 2 (Uni/Zawgyi)
Chapter 10 Part 1 (Uni/Zawgyi)
Chapter 10 Part 2 (Uni/Zawgyi)
Chapter 11 Part 1 (Uni/Zawgyi)
Chapter 11 Part 2 (Uni/Zawgyi)
Chapter 12 Part 1 (Uni/Zawgyi)
Chapter 12 Part 2 (Uni/Zawgyi)
Chapter 13 part 1 (Uni/Zawgyi)
Chapter 13 Part 2 (Uni/Zawgyi)
Chapter 14 Part 1 (Uni/Zawgyi)
Chapter 14 Part 2 (Uni/Zawgyi)
Chapter 15 Part 1 (Uni/Zawgyi)
Chapter 15 Part 2 (Uni/Zawgyi)
Chapter 16 Part 1 (Uni/Zawgyi)
Chapter 16 Part 2 (Uni/Zawgyi)
Chapter 16 Part 3 (Uni/Zawgyi)
Chapter 17 Part 1 (Uni/Zawgyi)
Chapter 17 Part 2 (Uni/Zawgyi)
Chapter 18 Part 1 (Uni/Zawgyi)
Chapter 18 Part 2 (Uni/Zawgyi)
Chapter 18 Part 3 (Uni/Zawgyi)
Chapter 19 Part 1 (Uni/Zawgyi)
Chapter 19 Part 2 (Uni/Zawgyi)
Chapter 20 Part 1 (Uni/Zawgyi)
Chapter 20 Part 2 (Uni/Zawgyi)
Chapter 20 Part 3 (Uni/Zawgyi)
Chapter 21 Part 1 (Uni/Zawgyi)
Chapter 21 Part 2 (Uni/Zawgyi)
Chapter 22 Part 1 (Uni/Zawgyi)
Chapter 22 Part 2 (Uni/Zawgyi)
Chapter 23 Part 1 (Uni/Zawgyi)
Chapter 23 Part 2 (Uni/Zawgyi)
Chapter 23 Part 3 (Uni/Zawgyi)
Chapter 24 Part 1 (Uni/Zawgyi)
Chapter 24 Part 2 (Uni/Zawgyi)
Chapter 24 Part 3 (Uni/Zawgyi)
Chapter 25 Part 1 (Uni/Zawgyi)
Chapter 25 Part 2 (Uni/Zawgyi)
Chapter 25 Part 3 (Uni/Zawgyi)
Chapter 26 Part 1 (Uni/Zawgyi)
Chapter 26 Part 2 (Uni/Zawgyi)
Chapter 27 Part 1 (Uni/Zawgyi)
Chapter 27 Part 2 (Uni/ Zawgyi)
Chapter 28 Part 1 (Uni/Zawgyi)
Chapter 28 Part 2 (Uni/Zawgyi)
Chapter 29 Part 1 (Uni/Zawgyi)
Chapter 29 Part 2 (Uni/Zawgyi)
Chapter 29 Part 3 (Uni/Zawgyi)
Chapter 30 Part 1 (Uni/Zawgyi)
Chapter 30 Part 2 (Uni/Zawgyi)
Chapter 30 Part 3 (Uni/Zawgyi)
Not Update
Chapter 31 Part 1 (Uni/Zawgyi)
Chapter 31 Part 2 (Uni/Zawgyi)
Chapter 32 Part 1 (Uni/Zawgyi)
Chapter 32 Part 2 (Uni/Zawgyi)
Chapter 32 Part 3 (Uni/Zawgyi)
Chapter 32 Part 4 (Uni/Zawgyi)
Chapter 33 Part 1 (Uni/Zawgyi)
Chapter 33 Part 2 (Uni/Zawgyi)
Chapter 33 Part 3 (Uni/Zawgyi)
Chapter 33 Part 4 (Uni/Zawgyi)
Chapter 34 Part 1 (Uni/Zawgyi)
Chapter 34 Part 2 (Uni/Zawgyi)
Chapter 34 Part 3 (Uni/Zawgyi)
Chapter 34 Part 4 (Uni/Zawgyi)
Chapter 35 Part 1 (Uni/Zawgyi)
Chapter 35 Part 2 (Uni/Zawgyi)
Chapter 35 Part 3 (Uni/Zawgyi)
Chapter 35 Part 4 (Uni/Zawgyi)
Chapter 36 Part 1 (Uni/Zawgyi)
Chapter 36 Part 2 (Uni/Zawgyi)
Chapter 36 Part 3 (Uni/Zawgyi)
Chapter 36 Part 4 (Uni/Zawgyi)
Chapter 37 Part 1 (Uni/Zawgyi)
Chapter 37 Part 2 (Uni/Zawgyi)
Chapter 37 Part 3 (Uni/Zawgyi)
Chapter 38 Part 1 (Uni/Zawgyi)
Chapter 38 Part 2 (Uni/Zawgyi)
Chapter 38 part 3 (Uni/Zawgyi)
Chapter 39 Part 1 (Uni/Zawgyi)
Chapter 39 Part 2 (Uni/Zawgyi)
Chapter 40 Part 1 (Uni/Zawgyi)
Chapter 40 Part 2 (Uni/Zawgyi)
Chapter 40 Part 3 (Uni/Zawgyi)
Chapter 41 Part 1 (Uni/Zawgyi)
Chapter 41 Part 2 (Uni/Zawgyi)
Chapter 42 (Uni/Zawgyi)
Chapter 43 (Uni/Zawgyi)
Chapter 44 Part 1 (Uni/Zawgyi)
Chapter 44 Part 2 (Uni/Zawgyi)
Chapter 44 Part 3 (Uni/Zawgyi)
T/N
Chapter 4 Part 2 (Uni/Zawgyi)
923 101 1
do_aeri1485 által
Unicode Font
4. ထမင်းဖိုး (၂)
ခဏကြာသော် စားပွဲထိုးသည် သူတို့နှစ်ဦး မှာထားသော ဆန်ပြုတ်ကို ယူလာခဲ့တော့သည်။
Fu Yanzhiသည် တူများ သွားယူရန် ထလိုက်ပြီး သူ ပြန်ထိုင်လိုက်သောအခါ Ji Qingyingမှ အနည်းငယ် ခွာလိုက်သည်။
Ji Qingyingသည် သိပ်ပြီးတော့ မခံစားမိလိုက်ဘဲ သူမ ဗိုက်သာ အနည်းငယ် ဆာလာတော့သည်။
သူမသည် တစ်ညနေလုံး ဘာမှ မစားရသေးပါ။ မစားခင် အိမ်အရင် ကြည့်ရန် လုပ်လိုက်ပေမဲ့ Chen Xinyuက အရင် ထွက်ပြေးသွားသောကြောင့် သူမတစ်ယောက်တည်းလည်း ထမင်းစားချင်စိတ် မရှိနေပါ။
သူတို့နှစ်ဦးလုံးသည် မျက်နှာချင်းဆိုင်မှ လူတို့ ဘယ်အချိန် ထွက်သွားသည်ကို မသိကြပါ။ Ji Qingyingစားသောက်ပြီးသောအချိန်တွင် Fu Yanzhiလည်း သူ့ဖုန်းကို စစ်ဆေးနေပြီးဖြစ်သည်။
ဆိုင်မှ အလင်းရောင်သည် သူ့မျက်နှာပေါ် ကျရောက်နေပြီး သူ့မျက်နှာမှာ အနည်းငယ် နူးညံ့သိမ်မွေ့လှသည်။
"စားပြီးပြီးလား"
Ji Qingyingသည် ခေါင်းညိတ်လိုက်၏။ "ဒါနဲ့ ရှင် ဆေးရုံကို ပြန်သွားဦးမှာလား"
Fu Yanzhiသည် ခေါင်းညိတ်လိုက်ပြီး မထွက်သွားခင် ကုန်ကျငွေ ရှင်းလိုက်သည်။
သူတို့နှစ်ဦးသည် ဖြည်းဖြည်းလေး လျှောက်နေကြသည်။ သူတို့ ဆေးရုံဝင်ပေါက်အနား ရောက်ခါနီးသောအခါ သူသည် ရုတ်တရက် ပြောလိုက်သည်၊ "ကျွန်တော် တောင်းပန်ပါတယ်။"
Ji Qingyingသည် ကြက်သေသေသွားသည်။
Fu Yanzhiသည် ရှင်းပြလိုက်၏၊ "ခုနက ကျွန်တော့် လုပ်ဖော်ကိုင်ဖက်ပါ။"
Ji Qingyingလည်း ခေါင်းညိတ်လိုက်သည်၊ "ကျွန်မ အဲ့လောက်တော့ ခန့်မှန်းမိပါတယ်။"
သူမသည် ပြုံးလိုက်သည်။ "ကျွန်မ စိတ်ထဲ မထားပါဘူး။"
Fu Yanzhiသည် ခေါင်းညိတ်ရင်း အသိအမှတ်ပြုလိုက်သည်၊ "ကျွန်တော် သူ့ကို မင်းဆီ ပိုက်ဆံလွှဲခိုင်းလိုက်ပါ့မယ်။"
Ji Qingyingမျက်နှာပေါ်က အပြုံးသည် တောင့်တင်းသွားပြီး သူမ ရုတ်တရက် ဆွံ့အသွားသည်။
သူမ အရူးတော့ မဟုတ်ပါ။
Fu Yanzhiဘာကို ဆိုလိုသည်ကို သူမ သိသည်။
"ရပါတယ် ကိစ္စမရှိပါဘူး။"
Ji Qingyingသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပေါ့ပါးသော လေသံဖြင့် ပြောလိုက်သည်၊ "ကျွန်မကို ပြန်ဝယ်ကျွေးလိုက်လေ။"
Fu Yanzhiသည် 'အင်း' ဟူသော အသံ ထွက်သွားပြီး တိုးညှင်းစွာ ပြောလိုက်သည်၊ "ကျွန်တော် အရင် သွားနှင့်လိုက်တော့မယ်။"
Ji Qingyingသည် သူမနှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး သူ့နောက်ကျောကို ကြည့်လိုက်သည်၊ "ဒေါက်တာFu၊ ကျွန်မ ရှင့်ကို မေးခွန်းတစ်ခု မေးပါရစေ။"
Fu Yanzhiသည် ရပ်လိုက်ပြီး သူမကို နောက်ပြန်လှည့်ကြည့်လိုက်သည်။
"ရှင့်မှာ ရည်းစား ဒါမှမဟုတ် ကြိုက်တဲ့သူရော မရှိဘူးဟုတ်။"
Fu Yanzhiသည် ကြက်သေသေသွားပြီး ပြန်ဖြေတော့မည့်အချိန်မှာပဲ ဖုန်းမြည်လာတော့သည်။
သူသည် အခြားတစ်ဖက်ကို လှည့်ကာ ဖုန်းကို ဖြေကြားလိုက်သည်။
"ဟယ်လို။"
Ji Qingyingသည် အခြားတစ်ဖက်မှ ဘာတွေ ပြောနေကြသည်ကို မသိပေမဲ့ သူပြောတာ ကြားလိုက်တဲ့ တစ်ခုတည်းသော အရာက "ကျွန်တော် အခုပဲ လာခဲ့မယ်" ဖြစ်သည်။
ဖုန်းချလိုက်ပြီးနောက် Fu Yanzhiသည် သူမမျက်လုံးကို ကြည့်လိုက်ကာ ပြောလိုက်သည်၊ "ကျွန်တော် တောင်းပန်ပါတယ်။"
ထိုသို့ ပြောပြီးနောက် သူသည် Ji Qingyingကို စကားပြောရန် အခွင့်မပေးတော့ဘဲ သူမ ရှေ့မှောက်အတွင်း အမြန် ပျောက်ကွယ်သွားတော့သည်။
Chen Xinyuအိမ်သို့ ပြန်ရောက်သောအခါ တစ်အိမ်လုံးသည် မီးများ ဖွင့်ထားကာ တိတ်ဆိတ်ငြိမ်သက်နေသည်။
သူမသည် ကြမ်းပြင်ကို ကြည့်လိုက်ပြီး ကြေမွနေသော ပုံကြမ်း အမြောက်အမြား ရှိနေသည်။
သူမသည် ဧည့်သည်အခန်းတံခါးကို ကြည့်လိုက်ပြီး တံခါးခေါက်လိုက်သည်။
"နင် အိပ်ပျော်နေပြီးလား"
"ဟင့်အင်း။"
Ji Qingyingသည် ပြန်တုံ့ပြန်လိုက်သည်၊ "ငါ ခဏနေရင် ထွက်လာခဲ့မယ်။"
Chen Xinyuသည် မေးခွန်းများကို ထပ်မမေးတော့ဘဲ ကြမ်းပြင်ပေါ်က ပုံကြမ်းများကို ကြည့်ရန် ငုံ့ချလိုက်သည်။
ဒီဇိုင်းများနှင့် ပုံကြမ်းများ ဖြစ်နေသည်။
သူမသည် သေသေချာချာကြည့်လိုက်ကာ Ji Qingying၏ ပုံဆွဲအရည်အချင်းများကို လေးစားမိသွားသည်။
Fu Yanzhiရဲ့ ပုံတူက တော်တော်လေး ကြည့်ကောင်းတာပဲ။
"နင် ဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲ"
Chen Xinyuသည် သူမကို ဘေးစောင်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေသည်၊ "လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ငါ့ကို ခေါ်တဲ့ဟာ၊ ငါ နောက်ကျမှပဲ ပြန်ရမှာပေါ့။"
Ji Qingying "..."
"နင် ဘာဖြစ်နေတာလဲ"
Chen Xinyuသည် သူမလက်ထဲက ပန်းချီကို မြှင့်လိုက်သည်၊ "Fu Yanzhiကို မချင့်မရဲ ဖြစ်နေတာလား"
Ji Qingyingသည် စက္ကူစာရွက်ကို ဆောင့်ဆွဲလိုက်ပြီး စာရွက်ကို ကြည့်လိုက်သည်၊ "ပုံက ရုပ်ဆိုးလိုက်တာ။"
Chen Xinyuသည် ဟာသတစ်ခုအလား တခစ်ခစ်ရယ်လိုက်ပြီး သူမပခုံးကို ပုတ်လိုက်ကာ ပြောလိုက်သည်၊ "အဲ့လောက်တော့ ရုပ်မဆိုးပါဘူးဟာ၊ တော်တော် ကြည့်ကောင်းပါတယ်။"
သူမသည် စနောက်လိုက်သည်၊ "ငါ့ကို အဲ့အကြောင်း ပြောပြမလား"
Ji Qingyingတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် သူမ တစ်ဦးတည်းသာ ရှိသောကြောင့် သူမ အကုန်လုံးကို သိလေသည်။
ထိုအကြောင်း ကြားပြီးနောက် Chen Xinyuသည် သူမပခုံးကို ဖွဖွပုတ်လိုက်ပြီး ပြောလိုက်သည်၊ "Fu Yanzhi ငြင်းလိုက်တာ သိသာပေမဲ့ ရှေ့ဆက်ဖို့ ခရီးအရှည်ကြီး ရှိပါသေးတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ နင် သူနဲ့ ညစာ စားပြီးပြီးလေ အဲ့တော့ အခွင့်အရေးတစ်ခု ထပ်ရှိပါသေးတယ်။"
Ji Qingyingလည်း သိသည်။
သူမ ထိုအကြောင်းကို သတိပြုမိသည်။
သူမသည် ကိုယ့်ကိုယ်ကို အမြဲတမ်း ဂုဏ်ယူနေပြီး ပထမဦးဆုံးအကြိမ် သူမ ဒီလို အငြင်းခံလိုက်ရသည့်အတွက် သူမ ထိုအချက်ကို လက်မခံနိုင်နေခြင်းသာ ဖြစ်သည်။
သို့သော် ဒုတိယအကြိမ် ပြန်စဥ်းစားကြည့်တော့ ထိုမှာ သာမန်သာ ဖြစ်သည်ဟု သူမ ခံစားမိသွားသည်။
Fu Yanzhiလိုမျိုး ယောကျာ်းကိုသာ လွယ်လွယ် လိုက်နိုင်လျှင် သူ ဘယ်လိုလုပ် တစ်ကိုယ်တည်းသမား ဖြစ်နေဦးမှာလဲ။
ထိုသို့ စဥ်းစားလိုက်သောအခါ သူမ ချက်ချင်း ပုံမှန် ပြန်ဖြစ်လာတော့သည်။
Chen Xinyuသည် သူမအမူအရာကို ကြည့်ရင်း သူမ သဘောပေါက်သွားပြီးဆိုတာကို သိသွားပြီး ဆိုဖာပေါ် ပစ်ထိုင်လိုက်ပြီး သူမ မျက်လုံးများကို ပွတ်လိုက်သည်၊ "အိမ်ကိစ္စရော ဘယ်လိုလဲ။ အဲ့နေရာပဲလား"
"အင်း အဲ့နေရာက ပတ်ဝန်းကျင်လဲ ကောင်းသလို သွားလို့ လာလို့လဲ အဆင်ပြေတယ်။"
"ကောင်းပြီး။"
သူတို့နှစ်ဦးသည် အလုပ်အကြောင်း ပြောကြပြီးနောက် Ji Qingyingသည် သူမ အခန်းထဲ ပြန်သွားကာ ပုံဆက်ဆွဲပြီး Chen Xinyuလည်း အနားယူရန် အခန်းထဲ ဝင်လိုက်တော့သည်။
သူမ ပုံတစ်ပုံ ဆွဲပြီးနောက် ခဏ အနားယူနေသည့်အချိန်တွင် Lin Haoranဆီမှ စာတစ်စောင် ရောက်လာသည်ကို တွေ့သောအခါ Ji Qingyingသည် အံ့အားသင့်သွားသည်။
Lin Haoran: [မိန်းကလေးJi အိမ်ပြန်ရောက်ပြီးလား]
Ji Qingying: [ရောက်ပြီး ကျေးဇူးတင်ပါတယ် ဒေါက်တာLin။]
Lin Haoran: [ရပါတယ်။]
Ji Qingyingသည် တခြား ဘာမှ မစဥ်းစားတော့ဘဲ အီမိုဂျီတစ်ခု ပို့လိုက်ကာ ဖုန်းပိတ်ပြီး အိပ်ရန် လုပ်လိုက်တော့သည်။
-
အခြားတစ်ဖက်မှာတော့။
လွန်ခဲ့သော ရက်အတွင်း သူ ခွဲစိတ်ခဲ့သော လူနာတစ်ယောက် ရုတ်တရက် ဖျားနာလာသောကြောင့် ပြန်စစ်ဆေးရန် Fu Yanzhiဆေးရုံသို့ ကမန်းကတန်း ပြန်သွားသည့်အချိန်တွင် ညသန်းခေါင်ရှိနေပြီးဖြစ်သည်။
ဆေးရုံတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။
လူနာများ ချောင်းဆိုနေသည့်အသံနှင့် မိသားစုဝင်များ စကားတိုးတိုးပြောနေကြသည်မှ လွဲ၍ လူအများစုမှာ အိပ်စက်နေကြပြီးဖြစ်သည်။
တစ်နေကုန် အလုပ်ရှုပ်နေပြီးနောက် Fu Yanzhiမျက်နှာတွင် ပင်ပန်းနေသည့်ပုံစံတစ်ချို့ ရှိနေသည်။
သူ့ဌာနသို့ ပြန်ရောက်သောအခါ Xu Chengliသည် သူ့ကို ဘေးစောင်း ငဲ့ကြည့်လိုက်သည်။ "အကုန်လုံး အဆင်ပြေပြီးလား"
"အင်း။"
Fu Yanzhiသည် ရေမသောက်ရတာ အချိန်တော်တော်ကြာနေပြီးဖြစ်သောကြောင့် သူ့အသံမှာ အနည်းငယ် အက်ကွဲနေသည်။
သူသည် ရေတစ်ငုံ သောက်လိုက်ပြီး သူ့လည်ချောင်းကို စိုစွတ်လိုက်ကာ ပြောလိုက်သည်၊ "မင်းရော အနားမယူသေးဘူးလား"
Xu Chengliသည် ပြုံးလိုက်သည်၊ "ငါ မင်းကို စောင့်နေတာ မဟုတ်ဘူးလား"
သူသည် ပေါ့ပေါးပါးပါး ပြောလိုက်သည်၊ "မင်း ၂နာရီလောက် နားလိုက်လေ။ ငါ ဒီဘက်မှာ ခဏလောက် နေလိုက်မယ်။"
Fu Yanzhiသည် မငြင်းလိုက်ပါ။
သူသည် အံဆွဲကို ဖွင့်ရန် ခေါင်းငုံ့လိုက်ပြီး သူ့ဖုန်းကို ထုတ်လိုက်သည်။
Xu Chengliသည် မစဥ်းစားဘဲ ကြည့်လိုက်ကာ သူ့ကို စလိုက်သည်၊ "ညလယ်ကြီးမှာ မင်း Lin Haoranကို ဘာစာတွေ ပို့နေတာတုန်း။ မင်းတို့နှစ်ယောက် လူတွေ ပြောနေကြသလို တကယ်တော့ မဟုတ်လောက်ပါဘူးနော်"
သူ့စကားကို ကြားသောအခါ Fu Yanzhiသည် သူ့ကို အေးတိအေးစက် ကြည့်လိုက်သည်။
"မှန်တယ်"
သူသည် wechatမှ ငွေပေးချေသည့် QR Codeကို နှိပ်လိုက်သည်၊ "ထမင်းဖိုး။"
"?"
Xu Chengliသည် သူ့ကို ကြည့်လိုက်သည်။
Fu Yanzhiအသံသည် ပုံမှန်အတိုင်းသာ ဖြစ်ပြီး သူသည် အေးတိအေးစက် ပြောလိုက်သည်၊ "ညစာကို သူငယ်ချင်းတစ်ယောက်က ဝယ်ပေးထားတာ။"
Xu Chengli "..."
၁၀.၁၁.၂၀၂၁
Zawgyi Font
4. ထမင်းဖိုး (၂)
"စားပြီးပြီးလား"
သူမ အရူးတော့ မဟုတ်ပါ။
"ဟယ်လို။"
"ဟင့်အင်း။"
Ji Qingying "..."
"နင် ဘာဖြစ်နေတာလဲ"
Ji Qingyingလည်း သိသည်။
"ကောင်းပြီး။"
Lin Haoran: [ရပါတယ်။]
-
အခြားတစ်ဖက်မှာတော့။
"အင်း။"
"မှန်တယ်"
"?"
Xu Chengli "..."
Olvasás folytatása
You'll Also Like
501K 12.1K 49
အသက်ရှုသံအလိုက် စည်းချက်ညီညီလှုပ်ရှားနေသည့် ဒီလူကြီးရဲ့ရင်ခုန်သံတွေကို နားထောင်ရတာ သိပ်ကိုသဘောကျသည်။... ဟန်မင်းသိုက်+ယုခွန်းခ အသက္ရႈသံအလိုက္ စည္းခ်က...
1M 11.1K 101
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
266K 15.6K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
4.7M 526K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...