{Unicode}
"ပြေးဖွယ်ရာ လမ်းမရှိ"
ဝေလီဝေလင်း နံနက် သုံးနာရီ လေးဆယ့် နှစ်မိနစ်။
ရန်ကျားလိသည် ကုတင်ပေါ်တွင် လဲလျောင်းနေကာ မိမိကိုယ်ကို ခြုံစောင်နှင့် ကျပ်တင်းနေအောင် ပတ်ထားပြီး ခေါင်းတစ်ဝက်သာ ဖော်ထားသည်။
အခန်းထဲတွင် လုံလောက်သော အပူချိန်ရှိပြီး ပြတင်းပေါက်များကိုလည်း လေပင် တိုးမဝင်နိုင်အောင် တင်းတင်း စေ့ထားသော်လည်း သူ့တစ်ကိုယ်လုံးမှာ အေးစက်နေသည်ဟု ခံစားနေရဆဲဖြစ်ပြီး နှုတ်ခမ်းနှင့် လက်ချောင်းများမှာလည်း တစ်လျှောက်လုံး တုန်ရီနေသည်။ သူ့ပုံစံက ဆောင်းညတွင် အအေးဒဏ်ကြောင့် တုန်ရီနေကာ ခြေလက်များပါ တောင့်ခဲနေသော ခွေးလေခွေးလွင့် တစ်ကောင်နှင့်ပင် တူနေသေးသည်။
မျက်လုံးများ ပိတ်ထားသော်လည်း မည်သို့ဆိုစေ အိပ်၍မရခဲ့ပေ။
သူ့နားထဲတွင်လည်း အော်မြည်နေသံများက တစ်စက္ကန့်မျှပင် ရပ်တန့်မသွားခဲ့။
အသံများက လေးဖက်လေးလံ နေရာပေါင်းစုံမှ ထိုးထွက်လို့လာသည်။
မရေတွက်နိုင်သော လူများက သနားညှာတာမှု ကင်းမဲ့စွာနှင့် လှောင်ပြောင် ရယ်မောနေသံများကိုသာ သူကြားနေရသည်။ အရုပ်ဆိုးစွာနှင့် သူ့အား ဗြုန်းခနဲ သေသွားပါစေဟု ကျိန်ဆိုသံများ၊ မလိုမုန်းထား ဆဲဆိုသံများနှင့် စိတ်သိမ်ငယ်စေသော စကားသံများက အေးစက်စူးထက်နေသော ဓားတစ်ချောင်းကဲ့သို့ သူ့ရင်ဘတ်ထဲ တည့်တည့် တိုးဝင်လာ၍ သူ့ခမျာ နာကျင်စွာနှင့် တစ်ကိုယ်လုံး တုန်ယင်နေရသော်လည်း နံဘေးမှ လူအုပ်ကြီး၏ စာနာမှု မရှိသည့် မညှာမတာ ဟက်ဟက်ပက်ပက် ရယ်သွမ်းသွေးနေသံများကိုသာ ကြားခဲ့ရသည်။
သူသည် အားတင်းကာ ကိုယ်ကိုကိုင်းလိုက်ပြီး ကုတင်ဘေးမှာ ဘီရိုကိုဖွင့်ကာ ကပျာကယာနှင့် Melatonin ဆေးပြားများကို မျိုချလိုက်သည်။
အရုဏ်တက် မနက်လေးနာရီမှာတော့ မူးမူးဝေဝေနှင့် အိပ်ပျော်သွားရှာလေသည်။
အိပ်မက်ဆိုးများ မက်နေခဲ့သည် ထင်၏။ အိပ်မက်ထဲတွင် ရန်ကျားလိမှာ မျက်ခုံးများကို တင်းနေအောင် ကြုတ်ထားပြီး လေသံတိုးတိုးနှင့် အနူးအညွတ် တောင်းပန်နေရရှာသည်။
"ငါ့ကို မရိုက်ကြပါနဲ့။ မင်းတို့ငါ့ကို မှားပြီး စွပ်စွဲနေကြပြီ။ ငါ့ကို မရိုက်ပါနဲ့။ မရိုက်ပါနဲ့"
နံနက်မိုးသောက် ငါးနာရီတွင် တစ်နာရီသာ အိပ်ရသေးသော ရန်ကျားလိတစ်ယောက် မျက်လုံးများ တစ်ဖန် ပြန်ပွင့်လာပြန်သည်။
သူသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အသက်ငင်နေသည့် ငါးတစ်ကောင်လို မျက်လုံးကြီး ပွင့်ရက်နှင့် လေကို အငမ်းမရ ရှူနေရသည်။
ရန်ကျားလိ အိပ်ရာပေါ်မှ ဆင်းလာသောအခါ ဆံပင်များက ရှုပ်ပွနေပြီး မျက်လုံးမှာလည်း သွေးကြောများ အပြည့် ဖုံးလွှမ်းနေသည်။
ကုတင်ဘေး ဘီရိုပေါ်မှ ဖုန်းက ရုတ်တရက် ကလင်ကလင်နှင့် အသံမြည်လာသောအခါ ရန်ကျားလိမှာ ထိတ်လန့်သွား၍ ရုတ်ခြည်း တစ်ကိုယ်လုံး တုန်တက်သွားလေသည်။
ထိတ်လန့်တကြားနှင့် ဖုန်းကို ကောက်ကိုင်လိုက်သောအခါ မရင်းနှီးသော ဖုန်းနံပါတ် အစိမ်းတစ်ခုမှ ခေါ်ဆိုလာခြင်းဖြစ်သည်။
သတိမထားမိဘဲ ဖုန်းလက်ခံခြင်း ခလုတ်ကို နှိပ်မိသွားပြီး ဖုန်းက နားနားသို့ မရောက်သေးခင်မှာပင် တစ်ဖက်မှ နာကြည်းမုန်းတီးနေသော အသံနှင့် ကျယ်ကျယ်လောင်လောင် ပုတ်ခတ်ပြောဆိုတော့သည်။
"တေလေကြမ်းပိုးကောင်၊ နင် သွားသေလိုက်ပါလား! နင်က ဝမ်ယန်ကို တစ်ချက် ထိုးလိုက်တာမလို့ မရေမတွက်နိုင်တဲ့ လူတွေအများကြီးက နင့်အလောင်းကို လာထိုးကြတော့မှာ! စောင့်နေ၊ နင် ကောင်းကောင်းမွန်မွန် မသေစေရဘူး။ နင်..."
ရန်ကျားလိသည် ဖုန်းကိုချက်ချင်း ချမိလိုက်သည်။
ထို ဖုန်းခေါ်ဆိုမှုက ပြတ်တောက်သွားသည်နှင့် နောက်ထပ် ခေါ်ဆိုမှုများက အဆက်မပြတ် ဝင်ရောက်လာသည်။
နံပါတ်စိမ်း ဖုန်းမျိုးစုံမှ အဆုံးစမဲ့ စာတိုမက်ဆေ့ချ်များက သူ့မက်ဆေ့ချ်ဘောက်စ်ထဲ ဝင်လာကြသည်။ အားလုံးမှာ ကြည့်ပျော်ရှူပျော် မရှိသည့် ဆဲဆိုတိုင်းထွာထားသော စကားလုံးများပင်။
ဖုန်းနံပါတ်မှာ အတွင်းလူ တစ်ယောက်ယောက်ဆီမှ ပေါက်ကြားသွားခြင်း ဖြစ်ကြောင်းကို ရန်ကျားလိ ခန့်မှန်းမိခဲ့သည်။
ထို စာသားမက်ဆေ့ချ်များကို တစ်စောင်မှ ဝင်မဖတ်ရဲခဲ့ပေ။ ထိုအစား အပျာပျာ အယာယာနှင့် ဖုန်းကို ပိတ်ပစ်လိုက်ကာ ဆင်းကဒ်ကိုပါ ထုတ်ပစ်လိုက်သည်။
သူသည် ကုတင်ခေါင်းရင်းကို မှီထားပြီး အစာအိမ်မှာ တလှိုက်လှိုက်နှင့် ပျို့တက်လာကာ ရင်ဝမှာလည်း တစ်ဆို့လို့လာသည်။
ပြတင်းပေါက်ဆီသို့ တိတ်တိတ်လေး ရွေ့လျားသွားရင်း ကန့်လန့်ကာကို အပေါက် သေးသေးလေးရအောင် ဆွဲဖွင့်လိုက်ကာ အောက်ကို ချောင်းကြည့်သည်။
ကောင်းကင်ကြီးက မှောင်မိုက်နေသေး၍ နေရာတိုင်းမှာလည်း အမှောင်ထုကြီးသာ စိုးမိုးထားသည်။
အိမ်အောက်ထပ်တွင် လူဦးရေ အတော်လေး နည်းပါးသွားပြီး အနီးနားတွင် ထိုင်စောင့်ရင်းနှင့် ထွက်ခွာရန် ငြင်းဆန်နေသော ခေါင်းမာသည့် မီဒီယာ သတင်းထောက် အနည်းငယ်သာ ရှိတော့သည်။
ရန်ကျားလိသည် ကန့်လန့်ကာကို ပြန်ချလိုက်ပြီး စားပွဲပေါ်မှ ပြက္ခဒိန်ကို တစ်ချက်ကြည့်လိုက်သည်။
ပြက္ခဒိန်မှ ထိုရက်စွဲပေါ်တွင် သူ အမဲရောင် စက်ဝိုင်းအကြီးကြီး ရေးဆွဲထားခဲ့သည်။
သူ့မေမေ၏ နှစ်ပတ်လည်နေ့။
ရန်ကျားလိသည် ဧည့်ခန်းထဲတွင် တစ်ခဏမျှ ငြိမ်သက်စွာ ထိုင်နေခဲ့ပြီးမှ မီးဖိုချောင်ထဲဝင်ပြီး မုန့်ဖုတ်ဒယ်အိုးကို ဖွင့်ကာ ပန်ကိတ် လုပ်လိုက်သည်။
သူ့မေမေ ထွက်သွားပြီးကတည်းက နှစ်စဥ်နှစ်တိုင်း ထိုနေ့ရောက်လျှင် သူက မေမေ့အုတ်ဂူထိသွားပြီး မေမေ့ကို အဖော်ပြုကာ စကားတွေ ဖောင်ဖွဲ့ပြောတတ်ခဲ့သည်။
အတိတ်တုန်းက သူလုပ်တဲ့ ပန်ကိတ်တွေက လက်ရာကောင်းပြီး စားရသည်မှာလည်း အရသာရှိသည်ဟု မေမေက အမြဲလိုလို ချီးကျူးခဲ့သည်။ ထိုကြောင့် သူသည် အခေါက်တိုင်း တစ်နှစ်မှပင် မမေ့မလျော့ဘဲ ပန်ကိတ်အချို့ လုပ်ပြီး မေမေ့ရဲ့ အုတ်ဂူအရှေ့ ထားထားပေးတတ်သည်။ ထိုသို့လုပ်ခြင်းက မမြင်ရသည့် ဝိညာဥ်လောကမှ သူ့မေမေနှင့် သူ၏ နောက်ဆုံးသော ဆက်သွယ်နိုင်သည့် ကြိုးမျှင်လေး သဖွယ် ဖြစ်နေ၍ဖြစ်သည်။
ဖုတ်ပြီးသော ပန်ကိတ်များကို အိတ်တစ်အိတ်ထဲ ထည့်လိုက်ကာ အင်္ကျီလဲလိုက်ပြီး အပေါ်မှ အနက်ရောင် ဂျာကင် ထပ်ဝတ်လိုက်သည်။ ထို့နောက် မက်စ်တပ်လိုက်ကာ အနက်ရောင် လျှာထိုးဦးထုပ်ကို ဆောင်းလိုက်သည်။ ပင်မဝင်ပေါက်မှ မထွက်ဘဲ ခြံနောက်မှ ဖြည်းဖြည်းဖွဖွနှင့် ထွက်လာခဲ့သည်။
စံအိမ်မှ ထွက်လာပြီး ခြေလေးငါးလှမ်း ပြည့်အောင် မလှမ်းရသေးခင်မှာပင် နောက်ကျောဘက်ဆီမှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သံများကို ကြားလိုက်ရသည်။
"သူ ထွက်လာပြီဟေ့!"
ရန်ကျားလိ အနောက်ကို လှည့်ကြည့်မိလိုက်သည်။
တစ်ညနီးပါး စောင့်ဆိုင်းနေကြသည့် မီဒီယာသမားများ၊ ပါပါရာဇီများနှင့် ကိရိယာ ပစ္စည်းအမျိုးမျိုးကို ကိုင်ဆောင်ထားသော တိုက်ရိုက်ထုတ်လွှင့်ရေး ဌာနများကအစ သူ့ကိုမြင်လိုက်သည်နှင့် ကောင်းကင်ပေါ် ပျံ့လွင့်နေသည့် ဓားခုတ်ကောင်ကြီးများနှယ် တက်ကြွထက်သန်နေသော မျက်နှာထားများဖြင့် ပြေးလာကြသည်။
ရန်ကျားလိလည်း ခြေကုန်သုတ် ပြေးလွှားရတော့သည်။
လမ်းတစ်ဝက်တွင် သူသည် လမ်းမပေါ်မှ တစ်စုံတစ်ခုနှင့် တိုက်မိပြီး လူတစ်ကိုယ်လုံး မြေကြီးပေါ် လှိမ့်ကျသွားပြီး နဖူးပေါက်သွားကာ ခဏတွင်းချင်း သွေးများစီးကျလာသည်။
သူသည်လည်း များများစားစား ဂရုမစိုက်နိုင်ခဲ့ပေ။ ထိုအတိုင်း ခဲရာခဲဆစ်နှင့် မတ်တတ်ထကာ ဆက်ပြေးရသည်။
လမ်ဘေးမှာ ကြုံကြိုက်သည့် အဌားယာဥ်တစ်စီး ဌားလိုက်ကာ ကားပေါ်တက်ပြီး တံခါးပိတ်လိုက်မှသာ ရန်ကျားလိလည်း အမောတကောနှင့် အသက်လုရှူနိုင်တော့သည်။
ရင်ခွင်ထဲမှာ အသေအချာ ဂရုတစိုက် ပိုက်ထားခဲ့သည့် ပန်ကိတ်အိတ်နှင့် ပန်းစည်းတစ်စည်းကို ဘေးတွင်ချထားလိုက်သည်။ သူ့အကြည့်များက ကားမှန်ဆီ ရောက်သွားမှသာ ဘယ်အချိန်က ခိုက်မိသွားမှန်းမသိသော နဖူးထက်မှ သွေးများက မျက်နှာပေါ်သို့ပင် စီးကျလာသည်ကို သတိထားမိသည်။
သူသည် တစ်စက်လေးမှ နာကျင်မှုကို မခံစားရဘဲ တစ်ကိုယ်လုံးကသာ အေးစိမ့်နေသည်ဟု ခံစားရသည်။
ရန်ကျားလိသည် တစ်ခဏလောက် ကြောင်အမ်းနေပြီးမှ သွေးစီးကြောင်းကို အင်္ကျီလက်နှင့် တိတ်တိတ်လေး သုတ်ပစ်လိုက်သည်။
သူက ကားဆရာကို ပြောလိုက်သည်။
"Heshan သင်္ချိုင်းကို မောင်းပေးပါ"
.
.
.
.
.
11/11/2021(Thu)
×××
{Zawgyi}
"ေျပးဖြယ္ရာ လမ္းမရိွ"
ေဝလီေဝလင္း နံနက္ သံုးနာရီ ေလးဆယ့္ ႏွစ္မိနစ္။
ရန္က်ားလိသည္ ကုတင္ေပၚတြင္ လဲေလ်ာင္းေနကာ မိမိကိုယ္ကို ၿခံဳေစာင္ႏွင့္ က်ပ္တင္းေနေအာင္ ပတ္ထားၿပီး ေခါင္းတစ္ဝက္သာ ေဖာ္ထားသည္။
အခန္းထဲတြင္ လံုေလာက္ေသာ အပူခ်ိန္ရိွၿပီး ျပတင္းေပါက္မ်ားကိုလည္း ေလပင္ တိုးမဝင္ႏိုင္ေအာင္ တင္းတင္း ေစ့ထားေသာ္လည္း သူ႔တစ္ကိုယ္လံုးမွာ ေအးစက္ေနသည္ဟု ခံစားေနရဆဲျဖစ္ၿပီး ႏႈတ္ခမ္းႏွင့္ လက္ေခ်ာင္းမ်ားမွာလည္း တစ္ေလ်ွာက္လံုး တုန္ရီေနသည္။ သူ႔ပံုစံက ေဆာင္းညတြင္ အေအးဒဏ္ေၾကာင့္ တုန္ရီေနကာ ေျခလက္မ်ားပါ ေတာင့္ခဲေနေသာ ေခြးေလေခြးလြင့္ တစ္ေကာင္ႏွင့္ပင္ တူေနေသးသည္။
မ်က္လံုးမ်ား ပိတ္ထားေသာ္လည္း မည္သို႔ဆိုေစ အိပ္၍မရခဲ့ေပ။
သူ႔နားထဲတြင္လည္း ေအာ္ျမည္ေနသံမ်ားက တစ္စကၠန္႔မ်ွပင္ ရပ္တန္႔မသြားခဲ့။
အသံမ်ားက ေလးဖက္ေလးလံ ေနရာေပါင္းစံုမွ ထိုးထြက္လို႔လာသည္။
မေရတြက္ႏိုင္ေသာ လူမ်ားက သနားၫွာတာမႈ ကင္းမဲ့စြာႏွင့္ ေလွာင္ေျပာင္ ရယ္ေမာေနသံမ်ားကိုသာ သူၾကားေနရသည္။ အရုပ္ဆိုးစြာႏွင့္ သူ႔အား ျဗဳန္းခနဲ ေသသြားပါေစဟု က်ိန္ဆိုသံမ်ား၊ မလိုမုန္းထား ဆဲဆိုသံမ်ားႏွင့္ စိတ္သိမ္ငယ္ေစေသာ စကားသံမ်ားက ေအးစက္စူးထက္ေနေသာ ဓားတစ္ေခ်ာင္းကဲ့သို႔ သူ႔ရင္ဘတ္ထဲ တည့္တည့္ တိုးဝင္လာ၍ သူ႔ခမ်ာ နာက်င္စြာႏွင့္ တစ္ကိုယ္လံုး တုန္ယင္ေနရေသာ္လည္း နံေဘးမွ လူအုပ္ႀကီး၏ စာနာမႈ မရိွသည့္ မၫွာမတာ ဟက္ဟက္ပက္ပက္ ရယ္သြမ္းေသြးေနသံမ်ားကိုသာ ၾကားခဲ့ရသည္။
သူသည္ အားတင္းကာ ကိုယ္ကိုကိုင္းလိုက္ၿပီး ကုတင္ေဘးမွာ ဘီရိုကိုဖြင့္ကာ ကပ်ာကယာႏွင့္ Melatonin ေဆးျပားမ်ားကို မ်ိဳခ်လိုက္သည္။
အရုဏ္တက္ မနက္ေလးနာရီမွာေတာ့ မူးမူးေဝေဝႏွင့္ အိပ္ေပ်ာ္သြားရွာေလသည္။
အိပ္မက္ဆိုးမ်ား မက္ေနခဲ့သည္ ထင္၏။ အိပ္မက္ထဲတြင္ ရန္က်ားလိမွာ မ်က္ခံုးမ်ားကို တင္းေနေအာင္ ၾကဳတ္ထားၿပီး ေလသံတိုးတိုးႏွင့္ အႏူးအၫြတ္ ေတာင္းပန္ေနရရွာသည္။
"ငါ့ကို မရိုက္ၾကပါနဲ႔။ မင္းတို႔ငါ့ကို မွားၿပီး စြပ္စြဲေနၾကၿပီ။ ငါ့ကို မရိုက္ပါနဲ႔။ မရိုက္ပါနဲ႔"
နံနက္မိုးေသာက္ ငါးနာရီတြင္ တစ္နာရီသာ အိပ္ရေသးေသာ ရန္က်ားလိတစ္ေယာက္ မ်က္လံုးမ်ား တစ္ဖန္ ျပန္ပြင့္လာျပန္သည္။
သူသည္ ကုတင္ေပၚတြင္ လဲေလ်ာင္းေနၿပီး အသက္ငင္ေနသည့္ ငါးတစ္ေကာင္လို မ်က္လံုးႀကီး ပြင့္ရက္ႏွင့္ ေလကို အငမ္းမရ ရႉေနရသည္။
ရန္က်ားလိ အိပ္ရာေပၚမွ ဆင္းလာေသာအခါ ဆံပင္မ်ားက ရႈပ္ပြေနၿပီး မ်က္လံုးမွာလည္း ေသြးေၾကာမ်ား အျပည့္ ဖံုးလႊမ္းေနသည္။
ကုတင္ေဘး ဘီရိုေပၚမွ ဖုန္းက ရုတ္တရက္ ကလင္ကလင္ႏွင့္ အသံျမည္လာေသာအခါ ရန္က်ားလိမွာ ထိတ္လန္႔သြား၍ ရုတ္ျခည္း တစ္ကိုယ္လံုး တုန္တက္သြားေလသည္။
ထိတ္လန႔္တၾကားႏွင့္ ဖုန္းကို ေကာက္ကိုင္လိုက္ေသာအခါ မရင္းႏွီးေသာ ဖုန္းနံပါတ္ အစိမ္းတစ္ခုမွ ေခၚဆိုလာျခင္းျဖစ္သည္။
သတိမထားမိဘဲ ဖုန္းလက္ခံျခင္း ခလုတ္ကို ႏိွပ္မိသြားၿပီး ဖုန္းက နားနားသို႔ မေရာက္ေသးခင္မွာပင္ တစ္ဖက္မွ နာၾကည္းမုန္းတီးေနေသာ အသံႏွင့္ က်ယ္က်ယ္ေလာင္ေလာင္ ပုတ္ခတ္ေျပာဆိုေတာ့သည္။
"ေတေလၾကမ္းပိုးေကာင္၊ နင္ သြားေသလိုက္ပါလား! နင္က ဝမ္ယန္ကို တစ္ခ်က္ ထိုးလိုက္တာမလို႔ မေရမတြက္ႏိုင္တဲ့ လူေတြအမ်ားႀကီးက နင့္အေလာင္းကို လာထိုးၾကေတာ့မွာ! ေစာင့္ေန၊ နင္ ေကာင္းေကာင္းမြန္မြန္ မေသေစရဘူး။ နင္..."
ရန္က်ားလိသည္ ဖုန္းကိုခ်က္ခ်င္း ခ်မိလိုက္သည္။
ထို ဖုန္းေခၚဆိုမႈက ျပတ္ေတာက္သြားသည္ႏွင့္ ေနာက္ထပ္ ေခၚဆိုမႈမ်ားက အဆက္မျပတ္ ဝင္ေရာက္လာသည္။
နံပါတ္စိမ္း ဖုန္းမ်ိဳးစံုမွ အဆံုးစမဲ့ စာတိုမက္ေဆ့ခ်္မ်ားက သူ႔မက္ေဆ့ခ်္ေဘာက္စ္ထဲ ဝင္လာၾကသည္။ အားလံုးမွာ ၾကည့္ေပ်ာ္ရႉေပ်ာ္ မရိွသည့္ ဆဲဆိုတိုင္းထြာထားေသာ စကားလံုးမ်ားပင္။
ဖုန္းနံပါတ္မွာ အတြင္းလူ တစ္ေယာက္ေယာက္ဆီမွ ေပါက္ၾကားသြားျခင္း ျဖစ္ေၾကာင္းကို ရန္က်ားလိ ခန္႔မွန္းမိခဲ့သည္။
ထို စာသားမက္ေဆ့ခ်္မ်ားကို တစ္ေစာင္မွ ဝင္မဖတ္ရဲခဲ့ေပ။ ထိုအစား အပ်ာပ်ာ အယာယာႏွင့္ ဖုန္းကို ပိတ္ပစ္လိုက္ကာ ဆင္းကဒ္ကိုပါ ထုတ္ပစ္လိုက္သည္။
သူသည္ ကုတင္ေခါင္းရင္းကို မွီထားၿပီး အစာအိမ္မွာ တလိႈက္လိႈက္ႏွင့္ ပ်ိဳ႕တက္လာကာ ရင္ဝမွာလည္း တစ္ဆို႔လို႔လာသည္။
ျပတင္းေပါက္ဆီသို႔ တိတ္တိတ္ေလး ေရြ့လ်ားသြားရင္း ကန္႔လန္႔ကာကို အေပါက္ ေသးေသးေလးရေအာင္ ဆြဲဖြင့္လိုက္ကာ ေအာက္ကို ေခ်ာင္းၾကည့္သည္။
ေကာင္းကင္ႀကီးက ေမွာင္မိုက္ေနေသး၍ ေနရာတိုင္းမွာလည္း အေမွာင္ထုႀကီးသာ စိုးမိုးထားသည္။
အိမ္ေအာက္ထပ္တြင္ လူဦးေရ အေတာ္ေလး နည္းပါးသြားၿပီး အနီးနားတြင္ ထိုင္ေစာင့္ရင္းႏွင့္ ထြက္ခြာရန္ ျငင္းဆန္ေနေသာ ေခါင္းမာသည့္ မီဒီယာ သတင္းေထာက္ အနည္းငယ္သာ ရိွေတာ့သည္။
ရန္က်ားလိသည္ ကန္႔လန္႔ကာကို ျပန္ခ်လိုက္ၿပီး စားပြဲေပၚမွ ျပကၡဒိန္ကို တစ္ခ်က္ၾကည့္လိုက္သည္။
ျပကၡဒိန္မွ ထိုရက္စြဲေပၚတြင္ သူ အမဲေရာင္ စက္ဝိုင္းအႀကီးႀကီး ေရးဆြဲထားခဲ့သည္။
သူ႔ေမေမ၏ ႏွစ္ပတ္လည္ေန့။
ရန္က်ားလိသည္ ဧည့္ခန္းထဲတြင္ တစ္ခဏမ်ွ ၿငိမ္သက္စြာ ထိုင္ေနခဲ့ၿပီးမွ မီးဖိုေခ်ာင္ထဲဝင္ၿပီး မုန္႔ဖုတ္ဒယ္အိုးကို ဖြင့္ကာ ပန္ကိတ္ လုပ္လိုက္သည္။
သူ႔ေမေမ ထြက္သြားၿပီးကတည္းက ႏွစ္စဥ္ႏွစ္တိုင္း ထိုေန့ေရာက္လ်ွင္ သူက ေမေမ့အုတ္ဂူထိသြားၿပီး ေမေမ့ကို အေဖာ္ျပဳကာ စကားေတြ ေဖာင္ဖြဲ႔ေျပာတတ္ခဲ့သည္။
အတိတ္တုန္းက သူလုပ္တဲ့ ပန္ကိတ္ေတြက လက္ရာေကာင္းၿပီး စားရသည္မွာလည္း အရသာရိွသည္ဟု ေမေမက အၿမဲလိုလို ခ်ီးက်ူးခဲ့သည္။ ထိုေၾကာင့္ သူသည္ အေခါက္တိုင္း တစ္ႏွစ္မွပင္ မေမ့မေလ်ာ့ဘဲ ပန္ကိတ္အခ်ိဳ႕ လုပ္ၿပီး ေမေမ့ရဲ့ အုတ္ဂူအေရ႔ွ ထားထားေပးတတ္သည္။ ထိုသို႔လုပ္ျခင္းက မျမင္ရသည့္ ဝိညာဥ္ေလာကမွ သူ႔ေမေမႏွင့္ သူ၏ ေနာက္ဆံုးေသာ ဆက္သြယ္ႏိုင္သည့္ ႀကိဳးမ်ွင္ေလး သဖြယ္ ျဖစ္ေန၍ျဖစ္သည္။
ဖုတ္ၿပီးေသာ ပန္ကိတ္မ်ားကို အိတ္တစ္အိတ္ထဲ ထည့္လိုက္ကာ အက်ႌလဲလိုက္ၿပီး အေပၚမွ အနက္ေရာင္ ဂ်ာကင္ ထပ္ဝတ္လိုက္သည္။ ထို႔ေနာက္ မက္စ္တပ္လိုက္ကာ အနက္ေရာင္ လ်ွာထိုးဦးထုပ္ကို ေဆာင္းလိုက္သည္။ ပင္မဝင္ေပါက္မွ မထြက္ဘဲ ၿခံေနာက္မွ ျဖည္းျဖည္းဖြဖြႏွင့္ ထြက္လာခဲ့သည္။
စံအိမ္မွ ထြက္လာၿပီး ေျခေလးငါးလွမ္း ျပည့္ေအာင္ မလွမ္းရေသးခင္မွာပင္ ေနာက္ေက်ာဘက္ဆီမွ စိတ္လႈပ္ရွားစြာ ေအာ္ဟစ္လိုက္သံမ်ားကို ၾကားလိုက္ရသည္။
"သူ ထြက္လာၿပီေဟ့!"
ရန္က်ားလိ အေနာက္ကို လွည့္ၾကည့္မိလိုက္သည္။
တစ္ညနီးပါး ေစာင့္ဆိုင္းေနၾကသည့္ မီဒီယာသမားမ်ား၊ ပါပါရာဇီမ်ားႏွင့္ ကိရိယာ ပစၥည္းအမ်ိဳးမ်ိဳးကို ကိုင္ေဆာင္ထားေသာ တိုက္ရိုက္ထုတ္လႊင့္ေရး ဌာနမ်ားကအစ သူ႔ကိုျမင္လိုက္သည္ႏွင့္ ေကာင္းကင္ေပၚ ပ်ံ့လြင့္ေနသည့္ ဓားခုတ္ေကာင္ႀကီးမ်ားႏွယ္ တက္ႂကြထက္သန္ေနေသာ မ်က္ႏွာထားမ်ားျဖင့္ ေျပးလာၾကသည္။
ရန္က်ားလိလည္း ေျခကုန္သုတ္ ေျပးလႊားရေတာ့သည္။
လမ္းတစ္ဝက္တြင္ သူသည္ လမ္းမေပၚမွ တစ္စံုတစ္ခုႏွင့္ တိုက္မိၿပီး လူတစ္ကိုယ္လံုး ေျမၾကီးေပၚ လိွမ့္က်သြားၿပီး နဖူးေပါက္သြားကာ ခဏတြင္းခ်င္း ေသြးမ်ားစီးက်လာသည္။
သူသည္လည္း မ်ားမ်ားစားစား ဂရုမစိုက္ႏိုင္ခဲ့ေပ။ ထိုအတိုင္း ခဲရာခဲဆစ္ႏွင့္ မတ္တတ္ထကာ ဆက္ေျပးရသည္။
လမ္ေဘးမွာ ႀကံဳႀကိဳက္သည့္ အဌားယာဥ္တစ္စီး ဌားလိုက္ကာ ကားေပၚတက္ၿပီး တံခါးပိတ္လိုက္မွသာ ရန္က်ားလိလည္း အေမာတေကာႏွင့္ အသက္လုရႉႏိုင္ေတာ့သည္။
ရင္ခြင္ထဲမွာ အေသအခ်ာ ဂရုတစိုက္ ပိုက္ထားခဲ့သည့္ ပန္ကိတ္အိတ္ႏွင့္ ပန္းစည္းတစ္စည္းကို ေဘးတြင္ခ်ထားလိုက္သည္။ သူ႔အၾကည့္မ်ားက ကားမွန္ဆီ ေရာက္သြားမွသာ ဘယ္အခ်ိန္က ခိုက္မိသြားမွန္းမသိေသာ နဖူးထက္မွ ေသြးမ်ားက မ်က္ႏွာေပၚသို႔ပင္ စီးက်လာသည္ကို သတိထားမိသည္။
သူသည္ တစ္စက္ေလးမွ နာက်င္မႈကို မခံစားရဘဲ တစ္ကိုယ္လံုးကသာ ေအးစိမ့္ေနသည္ဟု ခံစားရသည္။
ရန္က်ားလိသည္ တစ္ခဏေလာက္ ေၾကာင္အမ္းေနၿပီးမွ ေသြးစီးေၾကာင္းကို အက်ႌလက္ႏွင့္ တိတ္တိတ္ေလး သုတ္ပစ္လိုက္သည္။
သူက ကားဆရာကို ေျပာလိုက္သည္။
"Heshan သခ်ၤိဳင္းကို ေမာင္းေပးပါ"
.
.
.
.
.
11/11/2021(Thu)
×××