~ငါတို့နှစ်ယောက်ရဲ့ရေစက်ကရှေးဘဝကတည်းကမကုန်
သေးတာဖြစ်မယ်။
———————————
ဒီနေ့ ဒီနေရာ ဒီအစားအစာ ဘာလို့အကုန်တိုက်ဆိုင်နေတာ
ပါလိမ့်။
ဒီနေ့ကကျွန်တော်နဲ့ဂျယ်နိုတစ်နှစ်နဲ့ငါးလပြည့်တဲ့နေ့ပေါ့။
ပီးတော့ဒီနေရာကျွန်တော်တို့ချစ်သူသက်တမ်း၅လပြည့်
တုန်းကဂျယ်နိုနဲ့တူတူလာခဲ့တဲ့နေရာ။
ဂျပန်စာ ကျွန်တော်ကြိုက်တာသိလို့ ဘိုကင်တောင်လုပ်
ထားပီး နှစ်ယောက်ထဲတူတူစားခဲ့တဲ့ဆိုင်။
ဘယ်သူတွေဘယ်လိုပြောပြောဘယ်လိုဘဲပြောင်းလဲပြောင်းလဲကျွန်တော့ရဲ့မှတ်ညဏ်ထဲမှာအဲ့လူနဲ့အတူရှိခဲ့
တဲ့အချိန်တွေကထင်ကျန်နေဆဲဘဲ။
ဖြစ်ချင်တော့ဒီနေ့မှ ဂျယ်ဟျွန်းhyunကဒီဂျပန်ဆိုင်
ကောင်းတယ်ဆိုပီးခေါ်လာတာ။
ကျွန်တော်လဲကိုယ်စိတ်ကိုထိန်းပီးအကုန်လုံးနဲ့တူတူဆိုင်
ထဲဝင်ခဲ့လိုက်သည်။
အင်းလေပျော်ချင်လို့လာတာ ကျွန်တော့်မျက်နှာကြီးက
မှိုင်နေလို့ဘယ်ဖြစ်ပါ့မလဲ။
အမှန်ကဒီMallကြီးထဲကိုစရောက်ကတည်းကကျွန်တော့်
စိတ်တွေကပုံမှန်မဟုတ်တော့တာ။
hyunကဒီကိုလာလိမ့်မယ်လို့လဲထင်မထားဘူးလေ။ပီး
တော့ဒီစားသောက်ဆိုင်ကိုလဲသူ့အဒေါ်ကကောင်းတယ်ပြောလို့နေ့လည်စာပါမစားရသေးတာနဲ့ခေါ်လာတာတဲ့လေ။
သေချာစီစဉ်ပီးလုပ်ရင်တောင် ဒီလိုတိုက်ဆိုင်မှာမဟုတ်
ပါဘူး။
ထိုင်းမှိုင်းနေတဲ့ကျွန်တော့်စိတ်လဲလန်းသွားအောင်ဆိုပီး
မျက်နှာသစ်ဖို့ထွက်လာခဲ့လိုက်သည်။
"အဆင်ပြေတာမှာထားလိုက်တော့ ငါအိမ်သာခနသွားလိုက်အုံးမယ်"
အကုန်လုံးကိုမှာခဲ့ပီးစားပွဲကထမယ့်အလုပ်ဂျယ်ဟျွန်းကသူလဲလိုက်မယ်ဆိုလို့သူ့ပါစောင့်နေရင်း ပီးမှတူတူထွက်
လာခဲ့ကြသည်။
"ဂျယ်မင်းနီး မျက်နှာလဲမကောင်းဘူး တစ်ခုခုစိတ်ညစ်
စရာကိစ္စရှိလို့လား"
"အာhyunရာမဟုတ်ပါဘူး"
ချက်ချင်းကိုတန်းသိတဲ့hyunပါဘဲ။ပေါင်းတာမှမကြာသေးဘူးကျွန်တော်တို့ဘာဖြစ်တယ် ဘာလုပ်တယ်ဆိုတာကအစချက်ချင်းကိုမျက်မှန်းတန်းမိတာသူဘဲရှိတယ်။
"မှန်မှန်ပြောပါ ရောက်ကတည်းကမျက်နှာကြီးမှိုင်နေတာ"
"တကယ်ဘာမှမဖြစ်ပါဘူး hyunရ ကျွန်တော်...အ"
"အာ တောင်းပန်ပါတယ် ဘာဖြစ်သွားသေးလဲမသိဘူး"
hyunနဲ့စကားပြောနေတုန်း ဘေးကဖြတ်လျှောက်သွားရင်
တစ်ဖက်လူရဲ့ပခုံးနဲ့ ပြင်းပြင်းလေးတိုက်ခံလိုက်ရလို့ ရှေ့
ကိုယိုင်သွားတော့ ဂျယ်ဟျွန်းhyunကလှမ်းဆွဲလိုက်တာမို့
အောက်ထိလဲမကျတာ ကံကောင်းသွားသည်။
"လမ်းလေးဘာလေးလဲကြည့်လျှောက်အုံးမှပေါ့ ဒီမှာလူ
တစ်ယောက်လုံးတောင်လဲတော့မယ်"
"hyunရတယ် ကျွန်တော်ဘာမှမဖြစ်ဘူး"
ဝင်တိုက်တဲ့ကောင်မလေးမကြားအောင် စိိတ်တိုနေတဲ့
ဂျယ်ဟျွန်းhyunကိုတိုးတိုးလေးကပ်ပြောရသည်။
"ညီမလဲ တကယ်မမြင်လိုက်လို့ပါအကိုရယ် တောင်းပန်
ပါတယ် အရေးကြီးကိစ္စလေးရှိနေလို့ပါ"
"ဂျယ်မင်းဘာမှမဖြစ်တာသေချာလား"
စိတ်ပူလွန်နေတဲ့hyunက ကျွန်တော့တစ်ကိုယ်လုံးကို
ပတ်ကြည့်ပီး အဆင်ပြေလားမေးနေသည်။
ကျွန်တော်လဲအဆင်ပြေတယ်လို့ ပြောမယ့်လုပ်မှ လက်ဖဝါးနားကနာလာလို့ ကြည့်လိုက်မှ ခုနကဂျယ်ဟျွန်းhyun
ဆွဲလိုက်တော့လက်စွပ်နဲ့ ခြစ်မိပီး ပွန်းသွားတာဘဲ။
သေချာကြည့်မိမှအဲ့လက်စွပ်က အဲ့နေ့ကဘဲဂျယ်နိုပေးခဲ့
တာ။အမလေးနော် ဒါတိုက်ဆိုင်လွန်းနေတာလား သေချာဘဲလိုက်လုပ်နေတာလားကိုမသိတော့ပါဘူး။
ကဲကြည့်တော့ လူတင်နာကျင်အောင်လုပ်သွားတာမဟုတ်
ပါဘူး သူပေးခဲ့တာလက်စွပ်ပါနာကျင်အောင်လုပ်တာ။
အာ့ကြောင့်ချစ်မိရင်ဘယ်အရာမှမကောင်းဘူး လို့ပြောတာ။
(ကြားတယ်နော် 🙄)
"ဟာဂျယ်မင်း လက်က ဟာပွန်းလက်စွပ်နဲ့ခြစ်မိသွားတယ်ထင်တယ် ပြအုံး"
ချက်ချင်းမြင်သွားတဲ့hyunကလက်ကိုဆွဲယူပီး ဖြေးဖြေး
ချင်းမှုတ်ပေးနေတယ်။
"hyunရတယ်ပွန်းရုံလေးဘဲ ဘာမှမဖြစ်ပါဘူးဆို"
"ညီမတောင်းပန်ပါတယ် အကိုတို့ရယ်"
"ရတယ်ရတယ် မတော်လို့ဝင်တိုက်မိတာဘဲ ရပါတယ်"
"ဂျယ်မင်းနီးဘာမှမဖြစ်တာသေချာရဲ့လား"
"အင်းဘာမှမဖြစ်ပါဘူး ကျွန်တော်အဆင်ပြေပါတယ်"
ထိုမိန်းကလေးကတောင်းပန်ပီးတာတောင် ထွက်မသွားသေးဘဲကျွန်တော်တို့ကိုရပ်ကြည့်နေသေးသည်။
ဂျယ်ဟျွန်းhyunကလဲဘာမှမဖြစ်ဘူးဆိုတာကို အနာကိုဖွဖွလေးမှုတ်ပေးနေသေးတာ တကယ်ပါဘဲ။
"yura yaaa"
ဒီအသံ ကျွန်တော်သိပါတယ်။ဒါ ဒါဂျယ်နိုအသံ ဟုတ်တယ်သူ။
လှည့်မကြည့်ဘဲနဲ့တောင် ဒါဘယ်သူအသံလဲဆိုတာတန်းသိပါတယ်။
နှစ်လသုံးလလောက်မတွေ့ရတာကို နားထဲမှာဆွဲနေတဲ့ဒီ
အသံ။ ဟင့်အင်း ကျွန်တော်နောက်လှည့်မကြည့်ချင်ဘူး။
ကျွန်တော်သူ့ကိုမျက်နှာမပြချင်ဘူး။
မပြရဲလို့မဟုတ်ဘူး မပြချင်တာ။ဖြစ်နိုင်ရင်သူနဲ့ဝေးဝေးနေချင်တာ ခုလိုမျိုးဒီမှာပြန်လာတွေ့မယ်လို့လဲဘယ်ထင်ထားပါ့မလဲ။
"yura yaဘာဖြစ်နေတာလဲကိုယ်စောင့်နေတာကြာလှဘီ"
"အင်းဒီမှာလေ နောက်ကျလို့ပြေးလာရင်းနဲ့ဒီအကို့ကိုတိုက်
မိသွားလို့"
ကျွန်တော်အခုထိသူ့ဘက်မျက်နှာမလှည့်သေးပါ။ဂျယ်ဟျွန်းhyunကတော့မြင်တယ်ထင်ပါတယ် မော့ကြည့်ပီးကျွန်
တော့်လက်ကအနာကိုဘဲ ဂရုစိုက်နေသည်။
"ဒီကအကိုတို့ကိုကျွန်တော့ကောင်မလေးအစားတောင်းပန်ပါတယ်ဗျာ သူလဲကျွန်တော်ဆီလာတာနောက်ကျလို့ပြေး
လာရင်းမတော်တဆတိုက်မိသွားတာနေမှာပါ"
ကျွန်တော့်ကောင်မလေးအစား ဂျယ်နိုကအခုဝင်တိုက်
သွားတဲ့ကောင်မလေးအစားတောင်းပန်ပေးနေတာဘဲ။
ကျွန်တော့်တုန်းကဆို ကျွန်တော့ဘက်က ကျွန်တော့အစား ကျွန်တော့သဘောဆိုပီး ဘယ်တုန်းကမှလုပ်ပေးခဲ့တာမျိုးဆိုတာမရှိခဲ့ဘူး။
ကျွန်တော်ကိုတကယ်ရောချစ်ခဲ့ရဲလားဆိုပီး ပြန်ပြန်တွေး
ပီး သောကရောင်ခဲ့ရတာလဲ အခေါက်ပေါင်းမနည်းတော့
ပါဘူး။
"ရတယ် ခြစ်မိပီးလက်လေးပွန်းသွားရုံဘဲ"
"အာဟုတ်လား အားနာလိုက်တာဗျာ ဒီလိုလုပ်ပါ့လားတောင်းပန်တဲ့အနေနဲ့ တခုခုလိုက်ကျွေးပါရစေ"
"တော်ဘီ ရတယ်ဘာမှမဖြစ်ဘူး hyunသွားရအောင်"
ဒီနေရာမှမနေချင်တော့တဲ့ကျွန်တော်ကဘဲ ပြန်ပြောပီး
hyunလက်ဆွဲပီးထွက်လာခဲ့ရသည်။
ရင်ထဲမှာလဲဘယ်လိုမှသည်းမခံနိုင်တော့ဘူးလေ တကယ်လို့သာအဲ့နားဆက်နေနေရင် လက်နာတာတင််
မဟုတ်ဘူး အသည်းနှလုံးပါထပ်နာရလိမ့်မည်။
ကိုယ်အကြောင်းကိုယ်သိတဲ့ ကျွန်တော်ကဘဲရှေ့ကဦးဆောင်ပီးဂျယ်ဟျွန်းhyunလက်ဆွဲပီး အိမ်သာဆီသာအပြေးလာခဲ့တော့သည်။
"ဂျယ်မင်းနီးဖြေးဖြေးသွားပါကွာ hyunမင်းနောက်လိုက်ရတာတောင်မောလာဘီ"
နောက်ကhyunအော်မှ အသိစိတ်ဝင်ပီး အတင်းဆွဲထားတဲ့
Hyunလက်ကို ပြန်လွှတ်ပေးလိုက်ရသည်။
"မင်းဘဲဘာမှမဖြစ်ဘူးပြောပီး ဘာလို့စိတ်တိုတဲ့ပုံပေါက်
နေရတာတုန်း"
"အာ အဲ့လိုမဟုတ်....
ပြောရင်းဂျယ်ဟျွန်းhyunဖုန်းလာလို့ ကိုင်လိုက်တော့ပြော
လက်စစကားကပြတ်သွားရော။
"ဂျယ်မင်းရေ လက်မှတ်တွေကhyunဆီပါလာတာအခု
ရုပ်ရှင်ကစတော့မှာမို့လို့ ဟယ်ချန်ကဖုန်းလှမ်းဆက်တာ
hyunသွားနှင့်လိုက်မယ်ကလေးတွေစောင့်နေလိမ့်မယ်
အဆင်ပြေတယ်မလား"
"အာဟုတ်သားဘဲ ရတယ်ရတယ်သွားနှင့်လိုက် ကျွန်တော်
လက်လေးဆေးပီးလိုက်လာခဲ့မယ်"
"အင်းအင်း ဒါဆိုhyunသွားနှင့်ဘီနော်"
ဟုတ်ဆိုပီး ခေါင်းသာငြိမ့်ပြပီး ဂျယ်ဟျွန်းhyunထွက်သွား
တာနဲ့ ကျွန်တော်လက်toiletထဲဝင်ပီး ခုနပွန်းသွားတဲ့အနာကိုသာ သန့်သွားအောင်ဆိုပီး ရေနဲ့ဆေးနေလိုက်သည်။
ခြစ်မိတာဆိုတော့ ကြီးကြီးမားမားတော့မဟုတ်ပေမယ့်
ရေထိလို့လားမသိ စပ်ဖြင်းဖြင်းနဲ့။
ပီးမှ ဆေးဆိုင်ဖြစ်ဖြစ်သွားပီး အနာဂတ်ပလာစတာလေး
ဝယ်ပီးကပ်ရမယ် ဒီတိုင်းထားရင် တစ်ခုခုနဲ့ထိမိရင်ပိုဆိုး
နေလိမ့်မယ်။
"လမ်းခွဲ ပီးတာမှမကြာသေး အသစ်တစ်ယောက်တောင်
ရနေဘီဘဲ နာဂျယ်မင်း နာဂျယ်မင်း"
ဘာချိန်ကတည်းက အိမ်သာထဲရောက်နေမှန်းမသိတဲ့
ဂျယ်နိုကနောက်ကနေလက်ပိုက်ပီး လက်ဆေးနေတဲ့
ကျွန်တော့်ကိုစိုက်ကြည့်ရင်း ပြောနေသည်။
လက်ဆေးတာရပ်ပီး မှန်ထဲကနေ သူ့ကိုပြန်ကြည့်လိုက်
တော့ ခပ်စူးစူးအကြည့်တွေနဲ့ပြန်ကြည့်တဲ့ သူ့အကြည့်တွေရော သူ့စကားလုံးတွေကိုပါ မခံနိုင်တော့လို့ ဘာမှ
ပြန်မပြောဘဲ အိမ်သာကသာထွက်ခဲ့လိုက်သည်။
အိမ်သာကထွက်မယ့်အလုပ် လက်ကိုတစ်စုံတစ်ခုကလှမ်းဆွဲခံလိုက်ရလို့ ယိုင်တိုင်တိုင်ဖြစ်သွားသည်။
"ဒီလောက်လေးဆွဲလိုက်တာနဲ့ အဲ့လောက်တောင်ဖြစ်သွား
တာလားဟမ် မင်းမှာအဲ့လောက်တောင်အားမရှိဘူးလား
မင်းယောကျာ်းမဟုတ်ဘူးလား"
"ဘယ်ဟုတ်မလဲ ဘာမဟုတ်တဲ့ အနာလေးဖြစ်တာတောင်
ဘဲရှေ့မှာ နာပြနေသေးတာဘဲကို"
သူဘယ်ချိန်ထိ ကျွန်တော့်ကိုနာကျင်အောင် ထပ်လုပ်နေ
အုံးမှာလဲ။
သူပြောနေတဲ့ စကားတွေ သူလုပ်နေတဲ့ လုပ်ပုံတွေကြောင့်
ကျွန်တော့နှလုံးသားလဲ ခံနိုင်ရည်အားလုံးဝမရှိတော့ပါဘူး။
ငါ့ကို တစ်ခါတည်းအသေသတ်ချင်လည်း သတ်လိုက်ပါတော့ဂျယ်နိုရယ် ထပ်ပီးစကားလုံးအမှားတွေနဲ့မနှိပ်ဆက်
ပါနဲ့တော့။
"ပြန်တောင်မပြောနိုင်တော့တဲ့ အထိပါလားဟမ် အဲ့ကောင်
နဲ့မင်းနဲ့တွဲနေတာ ဘယ်လောက်တောင်ရှိနေဘီလဲ"
"မင်းနဲ့မဆိုင်တဲ့ကိစ္စ စိတ်မဝင်စားပါနဲ့"
လက်ကိုခါယမ်းဖြုတ်ခဲပီး ထွက်ခဲ့တော့ နောက်တစ်ခါလှမ်းဆွဲခံလိုက်ရတဲ့ အပြင် လူကိုပါချုပ်ပီးနံရံမှာပါ ကပ်ထားပီး သွားခွင့်မပေးတဲ့သူ့ကို ကျွန်တော်ထပ်ပီးမုန်း
ရပြန်သည်။
"ငါ့ကိုလွှတ် ဖယ်ပေးစမ်းပါကွာ"
"မဖယ်ပေးနိုင်ဘူး ငါမေးတာဖြေဂျယ်မင်း မင်းအဲ့ကောင်နဲ့
တွဲနေတာဘယ်လောက်ရှိဘီလဲလို့"
"သူနဲ့တွဲတာဘယ်လောက်ရှိရှိ ဒါငါ့ကိစ္စ မင်းနဲ့လုံးဝမဆိုင်ဘူး ငါ့ရှေ့ကနေဖယ်ပေး"
ခုချိန်မှာသူနဲ့ ကျွန်တော်ရဲ့အကွာအဝေးကအရမ်းကပ်နေသည်။
နံရံမှာကပ်နေတဲ့ကျွန်တော့်ကို ရှေ့နေကလက်နှစ်ဖက်နဲ့ကာထားရင် အမှုစစ်နေသလိုစစ်နေတဲ့ ဂျယ်နိုကိုကျွန်တော်
တဖြည်းဖြည်းစိတ်ကုန်လာဘီ။
သူ့ကိုမကြည့်ဘဲ မျက်နှာလွှဲထားတဲ့ ကျွန်တော့ကို သေသေချာချာစိုက်ကြည့်နေတာကိုတော့ မျက်လုံးထောင့်
ကနေမြင်နေရသည်။
"မင်းကအဲ့လောက်တောင်ပြောင်းလဲ သွားဘီလား"
သူဘာသဘောနဲ့မေးလိုက်တာလဲတော့မသိပေမယ့် ကျွန်
တော်ဘာမှမပြောင်းလဲသွားပါဘူး။
အထူးသဖြင့်မင်းအပေါ်ထားတဲ့ငါ့ရဲ့ခံစားချက်တွေ ပိုလို့
တောင်မပြောင်းလဲဘူး ဂျယ်နိုရယ်ငါဘယ်လိုလုပ်ရမလဲ။
ဒါပေမယ့် ဒါပေမယ့်ငါမဖြေချင်ဘူး။မင်းငါ့ကိုနောက်တစ်
ခေါက်ထပ်လှည့်စားမှာ မလိုချင်ဘူး။
"ငါမေးနေတယ်လေ"
နံရံကိုပါရိုက်လိုက်တဲ့အပြင် နဂိုအသံထက်တောင်ပိုကျယ်
သွားလို့ ကျွန်တော့်ကိုယ်ပါတုန်သွားတဲ့အထိ။
ဂျယ်နိုဒီလိုစိတ်တိုတာမျိုး တစ်ခါမှမမြင်ဘူးဖူး။အဲ့တစ်ခု
တော့ရှိသည် ဂျယ်နိုနဲ့တွဲလာတဲ့အချိန်တွေမှာ သူ့ဘက်က
စိတ်ကောက်တာလောက်သာရှိပီး ခုလိုစိတ်တိုပီးအော်တာ
မျိုးလောက်တစ်ခါမှမမြင်ဖူးပါဘူး။
"ငါ့ရှေ့ကဖယ်တော့"
ရှိသမျှအား အကုန်စုပီးရှေ့ကကျွန်တော်နဲ့မတိမ်းမယိမ်း
ရှိတဲ့ခန္ဓာကိုယ်ကိုတွန်းထုတ်ပီးမြန်မြန်ထွက်လာခဲ့ရသည်။
သူနဲ့ကျွန်တော်နဲ့ကမတိမ်းမယိမ်းသာဖြစ်တာ ဂျယ်နိုက
ကျွန်တော့်ထက်ပိုပီးအားသန်သည်။အာ့ကြောင့်ရှိတဲ့အား
စုပီး အတင်းတွန်းလာခဲ့ရတာပါဘဲ။
မဟုတ်ရင်ဘာဆက်ဖြစ်မလဲဆိုတာ မတွေးချင်ပါဘူး။ကျွန်တော်ကလဲသူနဲ့တွေ့မှရှိတဲ့အားကလဲ ပိုပိုပီးလျှော့သွားတာ။
ဆက်မခံနိုင်လွန်းလို့ အဲ့နေရာကနေသာအမြန်ထွက်လာခဲ့
ရသည်။တော်သေးတယ်နောက်ကလိုက်မလာလို့။
hyuckတို့စောင့်နေမလားဆိုပီးသူတို့ဆီသာ မြန်မြန်ပြေသွားရသည်။ဖြစ်လာတဲ့ကိုယ့်ပုံကိုလဲ သူတို့မသိအောင်ပြန်
ထိန်းပီး အမြန်နှုန်းနဲ့ပြေးရတော့တာပါဘဲ။
———————
ကျွန်တော်ရပ်ကြည့်နေတာကြာပါဘီ yuraနဲ့မတော်တဆ
ဝင်တိုက်မိပီး ဘာဖြစ်သွားလို့လဲမသိပါဘူး သူ့ဘေးကလူ
ကလက်ကိုတယုတယနဲ့ကြည့်ပေးနေတာ။
သူတို့နှစ်ယောက်ကဘာတွေလဲတော့မသိပါဘူး။ကျောင်းမှာလဲတပူးပူးတတွဲတွဲနဲ့မြင်နေရတာကြာပါဘီ။
အရင်ကလဲအဲ့လူကိုတစ်ခါမှမမြင်ဘူးပါဘူး။ကျွန်တော်နဲ့
လမ်းခွဲပီးတဲ့နောက်မှ ဂျယ်မင်းနဲ့တပူးပူးတတွဲတွဲနဲ့တွေ့နေရတာ။
ကြာတော့မနေနိုင်တဲ့ကျွန်တော်ကမျက်စိတောက်လာရော
ပေါ့။
ပီးတော့ဂျယ်မင်းကလဲ အဲ့လူကိုဆိုပြုံးဖြီးပြနေလိုက်တာများ တော်တော်နဲ့သိပ်မပြုံးတတ်တဲ့ဂျယ်မင်းကအဲ့လူကို
ဆိုသူ့သွားတွေပေါတဲ့ထိပြုံးပြတယ် ဟယ်ချန်းဆိုတဲ့
တစ်ယောက်ကလွှဲလို့ကျန်တဲ့သူတွေပေါ်မှာလုပ်မပေးတတ်တဲ့အရာတွေကိုအဲ့လူပေါ်မှာလုပ်ဪးနေတာမျိုးတွေ
ကျွန်တော်သူ့ကိုပြန်လိုက်ကြည့်နေတဲ့ တောက်လျှောက်မှာ
တွေ့နေရတာတွေပေါ့။
ဂျယ်မင်းနီးပြောင်းလဲသွားလိုက်တာအရမ်းပါဘဲ။သူ့ပုံစံ
ကျွန်တော့်ကိုပြန်ခံပြောတတ်တဲ့ လေသံတွေကအစပေါ့။
သူအခုကျွန်တော်ကို ပြန်ပီးကလဲ့စားချေနေတာလားတော့
မသဲကွဲပေမယ့် သူလုပ်နေတဲ့ပုံစံတွေကို ကျွန်တော့်ကိုနာကျင်စေပါတယ်။
ကျွန်တော်ကအရင်နာကျင်စေခဲ့တဲ့လူမို့ မင်းဘယ်လောက်
ဘဲနာကျင်အောင်လုပ်လုပ် ငါရဲရဲကြီးခံပါ့မယ်။
တစ်ခုဘဲတောင်းဆိုပါတယ် ငါမှားခဲ့တဲ့အတွက် ငါ့ကိုတောင်းပန်ခွင့်တော့ပေးပါ။
________________________________________
~ငါတို့နှစ်ယောက်ရဲ့ ရေစက်ကရှေးဘဝကတည်းကမ
ကုန်သေးတာဖြစ်မယ်။ဒါဆိုလဲနောက်ဘဝထိမကုန်သေးဘဲ အတူတူရှိချင်ပါသေးတယ်။~
——————————
အကြာကြီးနေမှ ပြန်ပေါ်လာပီး ပေါ်လာတော့လဲနည်းနည်း
လေးမို့ တောင်းပန်ပါတယ်။ရေးမယ်ရေးမယ်နဲ့စရေးမယ်
လုပ်တဲ့ရက်ကတည်းကအစောကြီး အိပ်အိပ်ပျော်သွားလို့
အိုင်ကစာရေးရင်ညမှရေးဖြစ်လို့ပါ နေ့လည်ဘက်တွေကျစိတ်မပါတာရော အိမ်ကကလေးတွေနဲ့နားငြီးတာရေကြောင့်ပါ။
အာ့ကြောင့်ခွင့်လွှတ်ပေးကြပါ❤️