I hate that ' I love you '

By geum_ie

14.3K 1.6K 519

ကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021 More

Part : 1 💘
Part : 2 💘
Part : 3 💘
Special Part 💘(A)
Special Part 💘 (B)
Part : 5 💘
Part : 6 💘
Part : 7 💘
Part : 8 💘
Not Update
Part : 9 💘
Part : 10 💘
Part : 11 💘
Part : 12 💘
Part : 13 💘
Part : 14 💘
Part : 15 💘
Taegi Oneshot
Part : 16 💘
Part : 17 💘
Part : 18 💘
🤪
Part : 19 💘
Part : 20 💘
Part : 21 💘
Part : 22 💘
Part : 23 💘
Part : 24 💘
Part : 25 💘
Part : 26 💘
Part : 27 💘
Part : 28 💘
Part : 29 💘
Part : 30 💘

Part : 4 💘

475 55 24
By geum_ie

တစ်နေ့က ကိုယ့်အိမ်မှာနေ သူ့အိမ်မှာနေဆိုပြီး ငြင်းခုံပြီးနောက် တကယ်တမ်းကျတော့ ဘယ်သူ့အိမ်မှ ဘယ်သူမပြန်ဖြစ်လောက်အောင် မင်းသားနဲ့ Min PD တို့အလုပ်များနေကြသည်။

မင်းသားက သူ့ရုပ်ရှင်အတွက် အရေးကြီးတဲ့ နောက်ဆုံးဇာတ်ဝင်ခန်းတွေ ရိုက်ကူးနေရသည်။ ထိုဇာတ်ဝင်ခန်းတွေအတွက် Location တွေက မြို့ပြင်ဘက်မှာဖြစ်နေတာကြောင့် ရှုတင်အဖွဲ့သားအားလုံးက နီးစပ်ရာဟိုတယ်တစ်ခုမှာ ငှားနေ‌ကြသည်။

တစ်ဖက်မှာ PD လေးကလည်း လက်ခံထားတဲ့ အလုပ်တစ်ခုက Deadline စောတောင်းလာတာကြောင့် Studio မှာပဲနေ့မအိပ်ညမအိပ် အလုပ်လုပ်နေရသည်။

ဒီရက်ပိုင်းတွေအတွင်း ကျတော်တို့နှစ်ယောက်ကြားမှာ ဆက်သွယ်မှုက ဖုန်းဖြင့်ဆက်သွယ်ခြင်းတစ်ခုသာရှိသည်။ အဲ့ဒါကြောင့် ကျနော်က နည်းနည်းလေးအားတာနဲ့ PD လေးဆီဖုန်းခေါ်သည်။ သတိရရင်ရသလို ဖုန်းဆက်သည်။ သတိကလည်း အမြဲလိုလိုရနေတော့ အမြဲလိုလို ဆက်မိနေတော့တာပါပဲ။

" Taehyung ပြော "

ကျနော့် PD လေးက စိတ်မရှည်တတ်ဘူးလို့ လူတိုင်းသိထားကြပေမယ့် ကျနော့်ဘက်က အချိန်အခါမကြည့်ဘဲ စိတ်ကူးပေါက်ရင် ပေါက်သလို ခေါ်လာတတ်တဲ့ ဖုန်း call တိုင်းကို စိတ်ရှည်လက်ရှည် ပြန်ဖြေပေးတတ်တယ်ဆိုတာတော့ လူတိုင်းမသိကြပါ။

" Studio မှာပဲလား "

" မဟုတ်ဘူး အပြင်မှာ "

" လမ်းလျှောက်ထွက်ရင်း ခေါင်းဆေးနေတာလား "

" ဟုတ်တယ် "

ကျနော်တို့နှစ်ယောက်ရဲ့ အလုပ်က သဘောသဘာဝခြင်း ဆင်တူတာကြောင့် ကျနော်တို့ကြားမှာ သိပ်ပြောစရာမလိုဘဲ အလိုလိုသိနားလည်နေမှုတွေရှိတတ်ပါသည်။ အနုပညာအလုပ်လုပ်ရတာ ကိုယ့်ခံစားချက်အားလုံးကို နှစ်ပြီးလုပ်ရတာမျိုးမို့လို့ စိတ်ကြည်ကြည်လင်လင်ရှိနေဖို့က အရေးကြီးသည်။ ဒါကြောင့် Hyung က သူ့ခေါင်းထဲမှာ သိပ်ရှုပ်လာတဲ့အချိန်မျိုးဆို အခုလိုလမ်းထွက်လျှောက်တတ်သည်။

ကျနော့်မှာလည်း အရင်ကတော့ Hyung နဲ့ ဆင်တူတဲ့ အကျင့်မျိုးရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ စိတ်မကြည်လင်ရင် Hyung အသံလေးကို နားထောင်တာမျိုး Hyung ရဲ့ဓာတ်ပုံကို ထုတ်ကြည့်တာမျိုးက ကျနော့်အတွက် လမ်းလျှောက်တာထက် အကျိုးသက်ရောက်မှုပိုရှိစေသည်။

" ကိုယ်ဟိုတယ်ပြန်ရောက်ပြီ..ကိုယ့်ကြောင်ပေါက်လေးဘာစားပြီးပြီလဲ "

" ဘာစားရင်ကောင်းမလဲလို့ "

" ဘာစားချင်လဲ..ကိုယ်မှာပြီးပို့ပေးမယ်လေ..အလုပ်ရှုပ်နေတဲ့အချိန်မျိုးမှာ ကိုယ်ကအနားမှာရှိပြီး ဂရုစိုက်ပေးနေရမှာကိုကွာ "

" မလိုတာတွေ..မင်းရောစားပြီးပြီလား "

" အင်း......လွမ်းတယ် အချစ်ရယ် "

" အင်းး "

Hyung ပြန်ပြောသည့် ခပ်လေးလေး အင်း ဆိုသည်မှာ သူလည်းကျနော့်ကို လွမ်းနေပါတယ်ဆိုတာကို အတတ်နိုင်ဆုံးသော ဖော်ထုတ်ပြသည့်အသံဖြစ်သည်။ သဘောကျလွန်းလို့ ကျနော့်မှာ ဖုန်းကိုင်ထားရင်းက Hyung မကြားအောင် ခပ်တိုးတိုး ရီလိုက်မိပါသည်။

" မနက်ဖြန်ရော တစ်နေကုန် Studio မှာပဲ ရှိမှာလား "

" မသိသေးဘူး "

" မနက်ဖြန် မနက်အစောရိုက်ပြီးတာနဲ့ ကိုယ်ပြန်လာမှာ..ရှုတင်အဖွဲ့ကို မစောင့်တော့ဘူး..ကိုယ့်ဘာကိုယ်ပဲ ကားမောင်းပြီး အရင်ပြန်နှင့်မယ် "

PD လေးဘက်မှ ဘာတုံ့ပြန်မှုမှပြန်မလာပါ။ သူတစ်ခုခုကိုတွေးသွားပြီဆို PD လေးကအခုလိုပင် တိတ်တိတ်လေး ဖြစ်သွားတတ်ပါသည်။

" Yoongi..တစ်ယောက်တည်းပဲ လမ်းဆက်လျှောက်ချင်လား..ဖုန်းဆက်ပြောကြဦးမလား "

" လမ်းလျှောက်လိုက်ဦးမယ် "

" အိုကေ "

.

.

" ကားကို ဂရုစိုက်မောင်း Tae "

Hyung ဘက်က ဖုန်းမချမခြင်း ကျနော့်ဘက်က အရင်ချလေ့မရှိလို့သာ ကြားလိုက်ရတဲ့ အသံတိုးတိုးလေး။ ကျနော်တစ်ယောက်တည်း ကားမောင်းပြီးပြန်မယ်ဆိုလို့ သူ့ခ‌မျာစိတ်ပူ‌ပြီးတွေးသွားရပုံ‌ပေါ်ပါသည်။ အနားမှာရှိရင် ဖြစ်ညှစ်ထားပစ်ချင်လောက်အောင် Min PD လေးက ချစ်ဖို့သိပ်ကောင်းပါသည်။

အခုရိုက်နေတဲ့ ရုပ်ရှင်လည်း ပြီးတော့မယ်ဆိုတော့ နောက်အလုပ်တစ်ခုမစခင် ကြားထဲမှာ ပေါ့ပေါ့ပါးပါးအလုပ်တွေပဲ လက်ခံပြီး ကျနော့် PD လေးအတွက် အချိန်ပေးရဦးမည်။ ကျနော်တို့ နှစ်ယောက်စလုံးက အလုပ်သရဲတွေဆိုတော့ အတူတူရှိရသည့်အချိန်က နည်းပါသည်။

တစ်ချိန်လုံးအတူတူရှိနေဖို့ဆိုရင် ကျနော်တို့နားရက်တွေတိုက်ဆိုင်တဲ့အခါမျိုး ဒါမှမဟုတ် ပွဲတော်ရက် ဒါမှမဟုတ်ရင် အခုလိုကျနော့်ရုပ်ရှင်တစ်ကားအပြီးသတ်ပြီးလို့ ကြားထဲမှာနားနေတဲ့အချိန်မျိုးဖြစ်မှရသည်။

ဒါကြောင့် Hyung ကို လိုက်ဖို့စပြီးဆုံးဖြတ်ခဲ့တဲ့အချိန်တုန်းကဆို ကျနော်အလုပ်လုပ်တဲ့ သက်တမ်းတလျှောက်လုံး တစ်ခါမှမတောင်းဆိုခဲ့ဖူးတဲ့ အားလပ်ရက်ရှည်ကို Boss Jin ဆီကနေ တောင်းခဲ့ရပါသည်။

" ငါ့ကောင် တစ်လထဲနဲ့ ကျောက်တုံးကို ဖယောင်းတုံးဖြစ်အောင်လုပ်ဖို့က ဖြစ်နိုင်မယ်ထင်လို့လား "

Boss Jin ဆီကနေ အားလပ်ရက် တစ်လတောင်းမယ်ဆိုပြီး ဒါရိုက်တာကြီးနဲ့ တိုင်ပင်တော့ ဒါရိုက်တာကြီးက ထိုစကားကို တန်းပြီးပြောလာခဲ့သည်။

ဒါရိုက်တာကြီးပြောတာမှန်ပါသည်။ Min PD ရဲ့နှလုံးသားကိုရဖို့အတွက် အချိန်တစ်လက လောက်ချင်မှ လောက်ပါမည်။ ဒါပေမယ့် ဒါရိုက်တာကြီးပြောတဲ့အထဲမှာ မှားနေတာလည်းပါသည်။ ချစ်နေမိပြီလို့ သိပြီးကတည်းက Min PD နဲ့ပတ်သက်ပြီး ကျနော်ဆုံးဖြတ်ထားတာက တစ်ခုပဲရှိပါသည်။

" ကျောက်တုံးကို ဖယောင်းတုံးဖြစ်အောင် ပုံစံပြောင်းဖို့ ကျနော့်မှာရည်ရွယ်ချက်မရှိပါဘူး...ကျနော်ချစ်မိတဲ့သူရဲ့ နှလုံးသားက ကျောက်တုံးဆိုလည်း ကျနော်ကအဲ့ဒီအတိုင်းပဲချစ်မှာပါ.. ဒါပေမယ့် အဲ့ဒီကျောက်တုံးလေးပေါ်မှာ ကျနော့်နာမည်ကို အတိုကောက်လေးပဲဖြစ်ဖြစ် ထွင်းပေးနိုင်ဖို့ပဲ ကြိုးစားကြည့်ချင်တာပါ "

ထိုစကားကိုကြားတော့ ဒါရိုက်တာကြီးမှာ ခတ္တငိုင်သွားရပါသည်။ တက်သစ်စထဲက ရင်းနှီးခဲ့တဲ့ မင်းသားလူချောလေးက ကြင်နာတတ်သူဆိုတာကိုသိပေမယ့် ဒီလိုကြီမားတဲ့ နှလုံးသားမျိုးပိုင်ဆိုင်ထားလိမ့်မယ်လို့တော့ ဒါရိုက်တာကြီး မထင်ထားမိတာ အမှန်ပါ။

စုံတွဲတော်တော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ချစ်ကြိုက်ကွဲညား သဘောတရားတွေကို ဒါရိုက်တာကြီးက သူရိုက်နေကြဇာတ်လမ်းတွေထဲမှာသာမက အပြင်လောကမှာပါ မြင်ရတာရိုးနေပြီမို့လို့ ဒီမင်းသားကောင်လေးရဲ့အချစ်ကိုလည်း သူသေချာပေါက် လျှော့တွက်ခဲ့မိပါသည်။

ဒါပေမယ့် အခုလိုထုထည်ကြီးမားစွာ ဖြစ်တည်နေတဲ့ချစ်ခြင်းမေတ္တာကို သိပြီးနောက်မှာတော့ ဒါရိုက်တာကြီးကလည်း သေသေချာချာ စိတ်နှစ်ပြီး ကူညီပေးဖို့ပြင်တော့သည်။

Min PD နဲ့ Boss Jin တို့ဆိုတာ ဒါရိုက်တာကြီးနဲ့ အသက်လည်းမတိမ်းမယိမ်းဖြစ်ပြီး ဒီလောကထဲကို တစ်ချိန်တည်းအတူတူရောက်လာကြသူတွေဆိုတော့ အလုပ်တွေအတူတူ တွဲပြီးလုပ်ကိုင်ကြရင်းက သူငယ်ချင်းတွေလိုရင်းနှီးနေကြပြီးဖြစ်သည်။

ဒါပေမယ့် Min PD ရဲ့ တကယ့်ငယ်ပေါင်းကြီးဖော် သူငယ်ချင်းစစ်စစ်က Jung PD။ Jung PD က ဒီလောကထဲကို Min PD ထက်စာရင် တော်တော်လေးနောက်ကျပြီးမှ ရောက်လာတဲ့သူမို့လို့ ဒါရိုက်တာကြီးနဲ့ အရမ်းမရင်းနှီးသော်လည်း တော်တော်လေးတော့သိပါသည်။ ဒါကြောင့် ဒီနေရာမှာ ဒါရိုက်တာကြီးက Jung PD ကို အားကိုးဖို့ဆုံးဖြတ်ခဲ့သည်။

" ဒါရိုက်တာကြီး ဘယ်လိုဖြစ်တာလဲ..ခင်တာလည်းကြာနေပြီ ဘာလို့အခုမှ ကျနော့်သူငယ်ချင်း အကြောင်းတွေ စိတ်ဝင်စားနေရတာလဲ "

" အကြောင်းရှိလို့ပေါ့ကွာ "

" ဘာအကြောင်းလဲ "

" နေပါဦး..ကြောင်ပေါက်တစ်နေ့တစ်နေ့ဘာတွေလုပ်တတ်လည်းဆိုတာ အရင်ပြောဦး "

" Min PD ကဘာလုပ်တာများမြင်ဖူးလို့လဲဗျာ..တစ်နေ့တစ်နေ့အလုပ်ပဲလေ အချိန်တော်တော်များများက Studio မှာပဲ "

" သူ့မှာချစ်သူတွေဘာတွေမရှိတာတော့ သေချာတယ်မလား "

Hoseok ခဏတွေဝေသွားမိပါသည်။ အကယ်၍ ဒါရိုက်တာကြီးသာ Min PD ကိုစိတ်ဝင်စားနေမယ်ဆိုရင်...။

" ဒါရိုက်တာကြီးက Yoongi ကို စိတ်ဝင်စားလို့လား..Yoongi မှာက.. "

" ဟာ!!! ပေါက်ကရ..ငါမဟုတ်ဘူးဟ ငါ့မင်းသား ငါ့မင်းသား Taehyung "

" ဘယ်သူ??? "

" Kim Taehyung လေကွာ..မင်းဘယ်သူမှတော့လျှောက်မပြောနဲ့..ငါ့မင်းသားက ကြောင်ပေါက်ကို ရှုတင်မှာတွေ့ပြီး အသေကြွေနေတာကွာ "

" ဘယ်ရှုတင်လဲ "

" ဘယ်ရှုတင်ကမှာလဲ ငါမင်းတို့ကို BGM အပ်ထားတဲ့ ဇာတ်လမ်းလေ..မင်းကို ရိုက်ကွင်းကိုလာကြည့်ဖို့ခေါ်နေတာ မင်းပဲပတ်ပြေးနေပြီးတော့..အဲ့မှာ မင်းအစားလာကြည့်ပေးတဲ့ ကြောင်ပေါက်ကိုတွေ့သွားပြီးတော့ ငါ့မင်းသားက တော်တော်ဖြစ်နေပြီ "

Hoseok က နီးဖို့အခွင့်အရေးရှိလာချိန်မှာတောင် မနီးရဲလို့ ထွက်ပြေးနေခဲ့မိတာ။ သူဘယ်တော့မှလည်း နီးဖို့ကြိုးစားကြည့်မှာမဟုတ်ဘူး။ Hoseok အတွက်တော့ Taehyung က သိပ်ကိုလှပလွန်းလို့ အိပ်မက်ဆန်လွန်းနေခဲ့တာပါ။

" မင်းခုနကပြောနေတာ Yoongi မှာကဘာဖြစ်လဲ..ချစ်သူရှိတာလား "

" Jung PD ရေ..ဘာတွေငေးနေတာလဲ "

" ဟမ်..ဟင့်အင်း မရှိပါဘူး "

" မရှိရင်ပြီးတာပဲ "

Hoseok ရဲ့ရင်ခုန်ခြင်းက ရိုးရိုးရှင်းရှင်းလေး။ အစကတည်းက အပိုင်လိုချင်တာမရှိလို့ စွန့်လွှတ်ဆုံးရှုံးသွားရတယ်ဆိုတာမျိုးလည်း သူ့မှာမရှိဘူး။

အိပ်မက်မက်နေရင်းက လှုပ်နှိုးခံလိုက်ရရင် သတိစိတ်ပြန်ဝင်ဖို့ အချိန်ခဏယူရသလို အဲ့တုန်းက သူ့အတွက်လည်း လက်တွေ့ဘဝကိုပြန်လာနိုင်ဖို့ အချိန်တစ်ခုတော့ လိုအပ်ခဲ့ပါသည်။

#...💘...#

" Min PD !! "

" အော် Boss Jin "

PD လေးက ရပ်ကွက်ထဲမှာ လမ်းပတ်လျှောက်နေရင်းနဲ့ sushi ဆိုင်ရှေ့မှာ ကားရပ်ထားတဲ့ Boss Jin နဲ့ တည့်တည့်သွားတိုးသည်။

" ဘယ်သွားမလို့လဲ PD ကြီး "

" Studio ပြန်မလို့ "

" လာ တက်..ငါပြန်လိုက်ပို့ပေးမယ် "

" ရတယ် ငါလမ်းလျှောက်ချင်လို့ "

" လာစမ်းပါကွာ..ငါကဒီမှာ ငါ့ညီကိုစောင့်နေတာ..အဲ့ကောင်ကတော်တော်နဲ့ထွက်လာဦးမှာမဟုတ်ဘူး..ငါလည်းပျင်း‌လို့ လိုက်ပို့ပေးမယ်..ငါ့မင်းသားမရှိတဲ့အချိန် ကိုယ်စားဂရုစိုက်ပေးရမှာပေါ့ကွာ ဟဲ ဟဲ "

Boss Jin က ဘယ်အချိန်ကြည့်ကြည့်‌ ပေါ့ပါးလွတ်လပ်နေတဲ့လူမျိုး။ မိသားစုနောက်ခံကလည်းကောင်းပြီး ကိုယ်တိုင်ကလည်း ကြိုးစားတဲ့သူဖြစ်လို့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင် ထူထောင်ထားနိုင်တဲ့ ကုမ္ပဏီပိုင်ရှင်ကြီးဖြစ်နေပြီဆိုပေမယ့် Boss Jin မှာကဟိတ်ဟန်ကင်းသည်။

" နေပါ.. "

" Jin Hyung လုပ်ပါဦး...ဒီမှာ Koo နှာခေါင်းသွေးတွေလျှံနေလို့..ဆေးရုံခေါ်သွားပေးပါ "

ဆိုင်ထဲကနေ Jungkook ကိုလက်ဆွဲခေါ်လာတဲ့ Jimin က Boss Jin ကိုလှမ်းပြောလာသည်။ Jungkook က နှာခေါင်းထဲမှာ တစ်ရှူးစအနည်းငယ် ထည့်ထားပြီး မျက်နှာမသာမယာနဲ့ Jimin ရဲ့ဘေးမှာပါလာသည်။

" ဟာ Jungkook ဘယ်လိုဖြစ်တာလဲ "

" အဲ့လိုပဲဖြစ်တတ်တယ်..ဘာမှမဖြစ်ပါဘူး ဆေးရုံသွားဖို့မလိုဘူး..ကျနော်အလုပ်ပြန်ဆင်းရမှာ "

" ခေါင်းမမာနဲ့ Koo ရာ..ဆိုင်မန်နေဂျာကတောင် သွားခိုင်းနေတာ "

" ပြီးရင် ပိုက်ဆံအဖြတ်ခံရလိမ့်မယ် "

Jungkook ရဲ့စကားက ကိုယ့်လမ်းကိုယ်ဆက်သွားမလို့လုပ်နေတဲ့ Min PD ရဲ့ခြေလှမ်းတွေကို ရပ်တန့်သွားစေပါသည်။ အခုလို Min PD မဖြစ်ခင် ပိုက်ဆံရှာရတာသိပ်ခက်ခဲခဲ့တဲ့ အချိန်ပိုင်းအလုပ်သမားဘ၀ကို ပြန်အမှတ်ရသွားစေတဲ့ စကားမျိုးဖြစ်သည်။

" Boss Jin..Studio ကိုခေါ်လာခဲ့လိုက် "

" ဟမ်? အော် အေး ဒီနားမှာ Hyung သူငယ်ချင်း studio ရှိတယ်...အဲ့မှာခဏနားပြီး ရေခဲတွေဘာတွေကပ်လိုက်ရအောင်..ပြီးမှ အလုပ်ပြန်ဆင်းရင်ဆင်းပေါ့ "

" ကောင်းသားပဲ..မငြင်းနဲ့တော့ Koo သွားမယ် "

ကားပေါ်မှာ အားလုံးကတိတ်တိတ်ဆိတ်ဆိတ်၊ Studio ရောက်တော့လည်း တိတ်တိတ်ဆိတ်ဆိတ်ပင်။ Min PD ကရေခဲထုပ်တစ်ခု ပြင်ဆင်ပေးပြီး Jimin က Jungkook ရဲ့နှာရိုးတစ်လျှောက်ဖိကပ်ပေးနေသည်။ တိတ်ဆိတ်လွန်းနေတော့လည်း နေရခက်စေတာမို့ Boss Jin က ဆိုဖာပေါ်မှာ သက်တောင့်သက်သာဝင်ထိုင်ရင်းက စကားစလာသည်။

" Min PD အဲ့တာငါ့ညီဝမ်းကွဲ Park Jimin တဲ့..သိတယ်မဟုတ်လား Namjoon ရဲ့ "

" Hyung! "

Jimin ကသူ့နာမည်ကို တစ်ခြားသူတစ်ယောက်ရဲ့ တစ်ခုခုဆိုပြီး မိတ်ဆက်ပေးမှာမျိုးကိုလက်မခံနိုင်ပါ။ ဒါကို သတိထားမိတဲ့ Boss Jin ကလည်း ချက်ချင်းပဲ စကားကိုပြန်ပြင်ပြောလိုက်သည်။

" Namjoon နဲ့တော့သိပြီးသားပဲ..ဟိုဘက်က ငါ့ညီသူငယ်ချင်း Jungkook တဲ့ "

" အင်း "

" ကလေးတွေမှတ်ထားကြ ဒါ Hyung ရဲ့ သူငယ်ချင်း Min Yoongi PD..မင်းတို့ကြိုက်တဲ့သီချင်းတွေတော်တော်များများမှာ Min PD ရဲ့ဖန်တီးမှုတွေပါတာပေါ့ကွာ "

Jimin ကပြုံးပြနှုတ်ဆက်လာသည်။ Jungkook က‌တော့သေချာလေး စိုက်ကြည့်ပြီးမှ ထိုင်နေရာက ထရပ်လိုက်ပြီး လက်တစ်ဖက်ကို ရိုရိုသေသေ ကမ်းပေးလိုက်သည်။

" Jeon Jungkook လို့ခေါ်ပါတယ် Min Yoongi PD nim...အများကြီးကြားဖူးထားပါတယ် "

Jungkook ကမ်းပေးလာတဲ့ လက်တစ်ဖက်က ဒီအတိုင်းလေထဲမှာပဲ ရပ်တန့်နေရသည်။ Min PD က လက်ဆွဲပြန်နှုတ်ဆက်မယ့်အစား Jungkook ရဲ့မျက်လုံးဝိုင်းဝိုင်းလေးကိုသာ ခပ်တွေတွေစိုက်ကြည့်နေရင်းက Jeon Jungkook ဆိုတဲ့နာမည်ကို နှုတ်ခမ်းလှုပ်ရုံမျှရေရွတ်လိုက်ပါသည်။

#...💘...#

တစ္ေန႕က ကိုယ့္အိမ္မွာေန သူ႕အိမ္မွာေနဆိုၿပီး ျငင္းခုံၿပီးေနာက္ တကယ္တမ္းက်ေတာ့ ဘယ္သူ႕အိမ္မွ ဘယ္သူမျပန္ျဖစ္ေလာက္ေအာင္ မင္းသားနဲ႕ Min PD တို႔အလုပ္မ်ားေနၾကသည္။

မင္းသားက သူ႕႐ုပ္ရွင္အတြက္ အေရးႀကီးတဲ့ ေနာက္ဆုံးဇာတ္ဝင္ခန္းေတြ ရိုက္ကူးေနရသည္။ ထိုဇာတ္ဝင္ခန္းေတြအတြက္ Location ေတြက ၿမိဳ႕ျပင္ဘက္မွာျဖစ္ေနတာေၾကာင့္ ရႈတင္အဖြဲ႕သားအားလုံးက နီးစပ္ရာဟိုတယ္တစ္ခုမွာ ငွားေန‌ၾကသည္။

တစ္ဖက္မွာ PD ေလးကလည္း လက္ခံထားတဲ့ အလုပ္တစ္ခုက Deadline ေစာေတာင္းလာတာေၾကာင့္ Studio မွာပဲေန႕မအိပ္ညမအိပ္ အလုပ္လုပ္ေနရသည္။

ဒီရက္ပိုင္းေတြအတြင္း က်ေတာ္တို႔ႏွစ္ေယာက္ၾကားမွာ ဆက္သြယ္မႈက ဖုန္းျဖင့္ဆက္သြယ္ျခင္းတစ္ခုသာရွိသည္။ အဲ့ဒါေၾကာင့္ က်ေနာ္က နည္းနည္းေလးအားတာနဲ႕ PD ေလးဆီဖုန္းေခၚသည္။ သတိရရင္ရသလို ဖုန္းဆက္သည္။ သတိကလည္း အၿမဲလိုလိုရေနေတာ့ အၿမဲလိုလို ဆက္မိေနေတာ့တာပါပဲ။

" Taehyung ေျပာ "

က်ေနာ့္ PD ေလးက စိတ္မရွည္တတ္ဘူးလို႔ လူတိုင္းသိထားၾကေပမယ့္ က်ေနာ့္ဘက္က အခ်ိန္အခါမၾကည့္ဘဲ စိတ္ကူးေပါက္ရင္ ေပါက္သလို ေခၚလာတတ္တဲ့ ဖုန္း call တိုင္းကို စိတ္ရွည္လက္ရွည္ ျပန္ေျဖေပးတတ္တယ္ဆိုတာေတာ့ လူတိုင္းမသိၾကပါ။

" Studio မွာပဲလား "

" မဟုတ္ဘူး အျပင္မွာ "

" လမ္းေလွ်ာက္ထြက္ရင္း ေခါင္းေဆးေနတာလား "

" ဟုတ္တယ္ "

က်ေနာ္တို႔ႏွစ္ေယာက္ရဲ႕ အလုပ္က သေဘာသဘာဝျခင္း ဆင္တူတာေၾကာင့္ က်ေနာ္တို႔ၾကားမွာ သိပ္ေျပာစရာမလိုဘဲ အလိုလိုသိနားလည္ေနမႈေတြရွိတတ္ပါသည္။ အႏုပညာအလုပ္လုပ္ရတာ ကိုယ့္ခံစားခ်က္အားလုံးကို ႏွစ္ၿပီးလုပ္ရတာမ်ိဳးမို႔လို႔ စိတ္ၾကည္ၾကည္လင္လင္ရွိေနဖို႔က အေရးႀကီးသည္။ ဒါေၾကာင့္ Hyung က သူ႕ေခါင္းထဲမွာ သိပ္ရႈပ္လာတဲ့အခ်ိန္မ်ိဳးဆို အခုလိုလမ္းထြက္ေလွ်ာက္တတ္သည္။

က်ေနာ့္မွာလည္း အရင္ကေတာ့ Hyung နဲ႕ ဆင္တူတဲ့ အက်င့္မ်ိဳးရွိခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ စိတ္မၾကည္လင္ရင္ Hyung အသံေလးကို နားေထာင္တာမ်ိဳး Hyung ရဲ႕ဓာတ္ပုံကို ထုတ္ၾကည့္တာမ်ိဳးက က်ေနာ့္အတြက္ လမ္းေလွ်ာက္တာထက္ အက်ိဳးသက္ေရာက္မႈပိုရွိေစသည္။

" ကိုယ္ဟိုတယ္ျပန္ေရာက္ၿပီ..ကိုယ့္ေၾကာင္ေပါက္ေလးဘာစားၿပီးၿပီလဲ "

" ဘာစားရင္ေကာင္းမလဲလို႔ "

" ဘာစားခ်င္လဲ..ကိုယ္မွာၿပီးပို႔ေပးမယ္ေလ..အလုပ္ရႈပ္ေနတဲ့အခ်ိန္မ်ိဳးမွာ ကိုယ္ကအနားမွာရွိၿပီး ဂ႐ုစိုက္ေပးေနရမွာကိုကြာ "

" မလိုတာေတြ..မင္းေရာစားၿပီးၿပီလား "

" အင္း......လြမ္းတယ္ အခ်စ္ရယ္ "

" အင္းး "

Hyung ျပန္ေျပာသည့္ ခပ္ေလးေလး အင္း ဆိုသည္မွာ သူလည္းက်ေနာ့္ကို လြမ္းေနပါတယ္ဆိုတာကို အတတ္နိုင္ဆုံးေသာ ေဖာ္ထုတ္ျပသည့္အသံျဖစ္သည္။ သေဘာက်လြန္းလို႔ က်ေနာ့္မွာ ဖုန္းကိုင္ထားရင္းက Hyung မၾကားေအာင္ ခပ္တိုးတိုး ရီလိုက္မိပါသည္။

" မနက္ျဖန္ေရာ တစ္ေနကုန္ Studio မွာပဲ ရွိမွာလား "

" မသိေသးဘူး "

" မနက္ျဖန္ မနက္အေစာရိုက္ၿပီးတာနဲ႕ ကိုယ္ျပန္လာမွာ..ရႈတင္အဖြဲ႕ကို မေစာင့္ေတာ့ဘူး..ကိုယ့္ဘာကိုယ္ပဲ ကားေမာင္းၿပီး အရင္ျပန္ႏွင့္မယ္ "

PD ေလးဘက္မွ ဘာတုံ႕ျပန္မႈမွျပန္မလာပါ။ သူတစ္ခုခုကိုေတြးသြားၿပီဆို PD ေလးကအခုလိုပင္ တိတ္တိတ္ေလး ျဖစ္သြားတတ္ပါသည္။

" Yoongi..တစ္ေယာက္တည္းပဲ လမ္းဆက္ေလွ်ာက္ခ်င္လား..ဖုန္းဆက္ေျပာၾကဦးမလား "

" လမ္းေလွ်ာက္လိုက္ဦးမယ္ "

" အိုေက "

.

.

" ကားကို ဂ႐ုစိုက္ေမာင္း Tae "

Hyung ဘက္က ဖုန္းမခ်မျခင္း က်ေနာ့္ဘက္က အရင္ခ်ေလ့မရွိလို႔သာ ၾကားလိုက္ရတဲ့ အသံတိုးတိုးေလး။ က်ေနာ္တစ္ေယာက္တည္း ကားေမာင္းၿပီးျပန္မယ္ဆိုလို႔ သူ႕ခ‌မ်ာစိတ္ပူ‌ၿပီးေတြးသြားရပုံ‌ေပၚပါသည္။ အနားမွာရွိရင္ ျဖစ္ညွစ္ထားပစ္ခ်င္ေလာက္ေအာင္ Min PD ေလးက ခ်စ္ဖို႔သိပ္ေကာင္းပါသည္။

အခုရိုက္ေနတဲ့ ႐ုပ္ရွင္လည္း ၿပီးေတာ့မယ္ဆိုေတာ့ ေနာက္အလုပ္တစ္ခုမစခင္ ၾကားထဲမွာ ေပါ့ေပါ့ပါးပါးအလုပ္ေတြပဲ လက္ခံၿပီး က်ေနာ့္ PD ေလးအတြက္ အခ်ိန္ေပးရဦးမည္။ က်ေနာ္တို႔ ႏွစ္ေယာက္စလုံးက အလုပ္သရဲေတြဆိုေတာ့ အတူတူရွိရသည့္အခ်ိန္က နည္းပါသည္။

တစ္ခ်ိန္လုံးအတူတူရွိေနဖို႔ဆိုရင္ က်ေနာ္တို႔နားရက္ေတြတိုက္ဆိုင္တဲအခါမ်ိဳး ဒါမွမဟုတ္ ပြဲေတာ္ရက္ ဒါမွမဟုတ္ရင္ အခုလိုက်ေနာ့္႐ုပ္ရွင္တစ္ကားအၿပီးသတ္ၿပီးလို႔ ၾကားထဲမွာနားေနတဲ့အခ်ိန္မ်ိဳးျဖစ္မွရသည္။

ဒါေၾကာင့္ Hyung ကို လိုက္ဖို႔စၿပီးဆုံးျဖတ္ခဲ့တဲ့အခ်ိန္တုန္းကဆို က်ေနာ္အလုပ္လုပ္တဲ့ သက္တမ္းတေလွ်ာက္လုံး တစ္ခါမွမေတာင္းဆိုခဲ့ဖူးတဲ့ အားလပ္ရက္ရွည္ကို Boss Jin ဆီကေန ေတာင္းခဲ့ရပါသည္။

" ငါ့ေကာင္ တစ္လထဲနဲ႕ ေက်ာက္တုံးကို ဖေယာင္းတုံးျဖစ္ေအာင္လုပ္ဖို႔က ျဖစ္နိုင္မယ္ထင္လို႔လား "

Boss Jin ဆီကေန အားလပ္ရက္ တစ္လေတာင္းမယ္ဆိုၿပီး ဒါရိုက္တာႀကီးနဲ႕ တိုင္ပင္ေတာ့ ဒါရိုက္တာႀကီးက ထိုစကားကို တန္းၿပီးေျပာလာခဲ့သည္။

ဒါရိုက္တာႀကီးေျပာတာမွန္ပါသည္။ Min PD ရဲ႕ႏွလုံးသားကိုရဖို႔အတြက္ အခ်ိန္တစ္လက ေလာက္ခ်င္မွ ေလာက္ပါမည္။ ဒါေပမယ့္ ဒါရိုက္တာႀကီးေျပာတဲ့အထဲမွာ မွားေနတာလည္းပါသည္။ ခ်စ္ေနမိၿပီလို႔ သိၿပီးကတည္းက Min PD နဲ႕ပတ္သက္ၿပီး က်ေနာ္ဆုံးျဖတ္ထားတာက တစ္ခုပဲရွိပါသည္။

" ေက်ာက္တုံးကို ဖေယာင္းတုံးျဖစ္ေအာင္ ပုံစံေျပာင္းဖို႔ က်ေနာ့္မွာရည္႐ြယ္ခ်က္မရွိပါဘူး...က်ေနာ္ခ်စ္မိတဲ့သူရဲ႕ ႏွလုံးသားက ေက်ာက္တုံးဆိုလည္း က်ေနာ္ကအဲ့ဒီအတိုင္းပဲခ်စ္မွာပါ.. ဒါေပမယ့္ အဲ့ဒီေက်ာက္တုံးေလးေပၚမွာ က်ေနာ့္နာမည္ကို အတိုေကာက္ေလးပဲျဖစ္ျဖစ္ ထြင္းေပးနိုင္ဖို႔ပဲ ႀကိဳးစားၾကည့္ခ်င္တာပါ "

ထိုစကားကိုၾကားေတာ့ ဒါရိုက္တာႀကီးမွာ ခတၱငိုင္သြားရပါသည္။ တက္သစ္စထဲက ရင္းႏွီးခဲ့တဲ့ မင္းသားလူေခ်ာေလးက ၾကင္နာတတ္သူဆိုတာကိုသိေပမယ့္ ဒီလိုႀကီမားတဲ့ ႏွလုံးသားမ်ိဳးပိုင္ဆိုင္ထားလိမ့္မယ္လို႔ေတာ့ ဒါရိုက္တာႀကီး မထင္ထားမိတာ အမွန္ပါ။

စုံတြဲေတာ္ေတာ္မ်ားမ်ားမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ခ်စ္ႀကိဳက္ကြဲညား သေဘာတရားေတြကို ဒါရိုက္တာႀကီးက သူရိုက္ေနၾကဇာတ္လမ္းေတြထဲမွာသာမက အျပင္ေလာကမွာပါ ျမင္ရတာရိုးေနၿပီမို႔လို႔ ဒီမင္းသားေကာင္ေလးရဲ႕အခ်စ္ကိုလည္း သူေသခ်ာေပါက္ ေလွ်ာ့တြက္ခဲ့မိပါသည္။

ဒါေပမယ့္ အခုလိုထုထည္ႀကီးမားစြာ ျဖစ္တည္ေနတဲ့ခ်စ္ျခင္းေမတၱာကို သိၿပီးေနာက္မွာေတာ့ ဒါရိုက္တာႀကီးကလည္း ေသေသခ်ာခ်ာ စိတ္ႏွစ္ၿပီး ကူညီေပးဖို႔ျပင္ေတာ့သည္။

Min PD နဲ႕ Boss Jin တို႔ဆိုတာ ဒါရိုက္တာႀကီးနဲ႕ အသက္လည္းမတိမ္းမယိမ္းျဖစ္ၿပီး ဒီေလာကထဲကို တစ္ခ်ိန္တည္းအတူတူေရာက္လာၾကသူေတြဆိုေတာ့ အလုပ္ေတြအတူတူ တြဲၿပီးလုပ္ရင္းကိုင္ရင္းက သူငယ္ခ်င္းေတြလိုရင္းႏွီးေနၾကၿပီးျဖစ္သည္။

ဒါေပမယ့္ Min PD ရဲ႕တကယ့္ ငယ္ေပါင္းႀကီးေဖာ္ သူငယ္ခ်င္းစစ္စစ္က Jung PD။ Jung PD က ဒီေလာကထဲကို Min PD ထက္စာရင္ ေတာ္ေတာ္ေလးေနာက္က်ၿပီးမွ ေရာက္လာတဲ့သူမို႔လို႔ ဒါရိုက္တာႀကီးနဲ႕ အရမ္းမရင္းႏွီးေသာ္လည္း ေတာ္ေတာ္ေလးေတာ့သိပါသည္။ ဒါေၾကာင့္ ဒီေနရာမွာ ဒါရိုက္တာႀကီးက Jung PD ကို အားကိုးဖို႔ဆုံးျဖတ္ခဲ့သည္။

" ဒါရိုက္တာႀကီး ဘယ္လိုျဖစ္တာလဲ..ခင္တာလည္းၾကာေနၿပီ ဘာလို႔အခုမွ က်ေနာ့္သူငယ္ခ်င္း အေၾကာင္းေတြ စိတ္ဝင္စားေနရတာလဲ "

" အေၾကာင္းရွိလို႔ေပါ့ကြာ "

" ဘာအေၾကာင္းလဲ "

" ေနပါဦး..ေၾကာင္ေပါက္တစ္ေန႕တစ္ေန႕ဘာေတြလုပ္တတ္လည္းဆိုတာ အရင္ေျပာဦး "

" Min PD ကဘာလုပ္တာမ်ားျမင္ဖူးလို႔လဲဗ်ာ..တစ္ေန႕တစ္ေန႕အလုပ္ပဲေလ အခ်ိန္ေတာ္ေတာ္မ်ားမ်ားက Studio မွာပဲ "

" သူ႕မွာခ်စ္သူေတြဘာေတြမရွိတာေတာ့ ေသခ်ာတယ္မလား "

Hoseok ခဏေတြေဝသြားမိပါသည္။ အကယ္၍ ဒါရိုက္တာႀကီးသာ Min PD ကိုစိတ္ဝင္စားေနမယ္ဆိုရင္...။

" ဒါရိုက္တာႀကီးက Yoongi ကို စိတ္ဝင္စားလို႔လား..Yoongi မွာက.. "

" ဟာ!!! ေပါက္ကရ..ငါမဟုတ္ဘူးဟ ငါ့မင္းသား ငါ့မင္းသား Taehyung "

" ဘယ္သူ??? "

" Kim Taehyung ေလကြာ..မင္းဘယ္သူမွေတာ့ေလွ်ာက္မေျပာနဲ႕..ငါ့မင္းသားက ေၾကာင္ေပါက္ကို ရႈတင္မွာေတြ႕ၿပီး အေသေႂကြေနတာကြာ "

" ဘယ္ရႈတင္လဲ "

" ဘယ္ရႈတင္ကမွာလဲ ငါမင္းတို႔ကို BGM အပ္ထားတဲ့ ဇာတ္လမ္းေလ..မင္းကို ရိုက္ကြင္းကိုလာၾကည့္ဖို႔ေခၚေနတာ မင္းပဲပတ္ေျပးေနၿပီးေတာ့..အဲ့မွာ မင္းအစားလာၾကည့္ေပးတဲ့ ေၾကာင္ေပါက္ကိုေတြ႕သြားၿပီးေတာ့ ငါ့မင္းသားက ေတာ္ေတာ္ျဖစ္ေနၿပီ "

Hoseok က နီးဖို႔အခြင့္အေရးရွိလာခ်ိန္မွာေတာင္ မနီးရဲလို႔ ထြက္ေျပးေနခဲ့မိတာ။ သူဘယ္ေတာ့မွလည္း နီးဖို႔ႀကိဳးစားၾကည့္မွာမဟုတ္ဘူး။ Hoseok အတြက္ေတာ့ Taehyung က သိပ္ကိုလွပလြန္းလို႔ အိပ္မက္ဆန္လြန္းေနခဲ့တာပါ။

" မင္းခုနကေျပာေနတာ Yoongi မွာကဘာျဖစ္လဲ..ခ်စ္သူရွိတာလား "

" Jung PD ေရ..ဘာေတြေငးေနတာလဲ "

" ဟမ္..ဟင့္အင္း မရွိပါဘူး "

" မရွိရင္ၿပီးတာပဲ "

Hoseok ရဲ႕ရင္ခုန္ျခင္းက ရိုးရိုးရွင္းရွင္းေလး။ အစကတည္းက အပိုင္လိုခ်င္တာမရွိလို႔ စြန႔္လႊတ္ဆုံးရႈံးသြားရတယ္ဆိုတာမ်ိဳးလည္း သူ႕မွာမရွိဘူး။

အိပ္မက္မက္ေနရင္းက လႈပ္ႏွိုးခံလိုက္ရရင္ သတိစိတ္ျပန္ဝင္ဖို႔ အခ်ိန္ခဏယူရသလို အဲ့တုန္းက သူ႕အတြက္လည္း လက္ေတြ႕ဘဝကိုျပန္လာနိုင္ဖို႔ အခ်ိန္တစ္ခုေတာ့ လိုအပ္ခဲ့ပါသည္။

#...💘...#

" Min PD !! "

" ေအာ္ Boss Jin "

PD ေလးက ရပ္ကြက္ထဲမွာ လမ္းပတ္ေလွ်ာက္ေနရင္းနဲ႕ sushi ဆိုင္ေရွ႕မွာ ကားရပ္ထားတဲ့ Boss Jin နဲ႕ တည့္တည့္သြားတိုးသည္။

" ဘယ္သြားမလို႔လဲ PD ႀကီး "

" Studio ျပန္မလို႔ "

" လာ တက္..ငါျပန္လိုက္ပို႔ေပးမယ္ "

" ရတယ္ ငါလမ္းေလွ်ာက္ခ်င္လို႔ "

" လာစမ္းပါကြာ..ငါကဒီမွာ ငါ့ညီကိုေစာင့္ေနတာ..အဲ့ေကာင္ကေတာ္ေတာ္နဲ႕ထြက္လာဦးမွာမဟုတ္ဘူး..ငါလည္းပ်င္း‌လို႔ လိုက္ပို႔ေပးမယ္..ငါ့မင္းသားမရွိတဲ့အခ်ိန္ ကိုယ္စားဂ႐ုစိုက္ေပးရမွာေပါ့ကြာ ဟဲ ဟဲ "

Boss Jin က ဘယ္အခ်ိန္ၾကည့္ၾကည့္‌ ေပါ့ပါးလြတ္လပ္ေနတဲ့လူမ်ိဳး။ မိသားစုေနာက္ခံကလည္းေကာင္းၿပီး ကိုယ္တိုင္ကလည္း ႀကိဳးစားတဲ့သူျဖစ္လို႔ ကိုယ္ပိုင္လုပ္ငန္းတစ္ခုကို ေအာင္ေအာင္ျမင္ျမင္ ထူေထာင္ထားနိုင္တဲ့ ကုမၸဏီပိုင္ရွင္ႀကီးျဖစ္ေနၿပီဆိုေပမယ့္ Boss Jin မွာကဟိတ္ဟန္ကင္းသည္။

" ေနပါ.. "

" Jin Hyung လုပ္ပါဦး...ဒီမွာ Koo ႏွာေခါင္းေသြးေတြလွ်ံေနလို႔..ေဆး႐ုံေခၚသြားေပးပါ "

ဆိုင္ထဲကေန Jungkook ကိုလက္ဆြဲေခၚလာတဲ့ Jimin က Boss Jin ကိုလွမ္းေျပာလာသည္။ Jungkook က ႏွာေခါင္းထဲမွာ တစ္ရႉးစအနည္းငယ္ ထည့္ထားၿပီး မ်က္ႏွာမသာမယာနဲ႕ Jimin ရဲ႕ေဘးမွာပါလာသည္။

" ဟာ Jungkook ဘယ္လိုျဖစ္တာလဲ "

" အဲ့လိုပဲျဖစ္တတ္တယ္..ဘာမွမျဖစ္ပါဘူး ေဆး႐ုံသြားဖို႔မလိုဘူး..က်ေနာ္အလုပ္ျပန္ဆင္းရမွာ "

" ေခါင္းမမာနဲ႕ Koo ရာ..ဆိုင္မန္ေနဂ်ာကေတာင္ သြားခိုင္းေနတာ "

" ၿပီးရင္ ပိုက္ဆံအျဖတ္ခံရလိမ့္မယ္ "

Jungkook ရဲ႕စကားက ကိုယ့္လမ္းကိုယ္ဆက္သြားမလို႔လုပ္ေနတဲ့ Min PD ရဲ႕ေျခလွမ္းေတြကို ရပ္တန႔္သြားေစပါသည္။ အခုလို Min PD မျဖစ္ခင္ ပိုက္ဆံရွာရတာသိပ္ခက္ခဲခဲ့တဲ့ အခ်ိန္ပိုင္းအလုပ္သမားဘ၀ကို ျပန္အမွတ္ရသြားေစတဲ့ စကားမ်ိဳးျဖစ္သည္။

" Boss Jin..Studio ကိုေခၚလာခဲ့လိုက္ "

" ဟမ္? ေအာ္ ေအး ဒီနားမွာ Hyung သူငယ္ခ်င္း studio ရွိတယ္...အဲ့မွာခဏနားၿပီး ေရခဲေတြဘာေတြကပ္လိုက္ရေအာင္..ၿပီးမွ အလုပ္ျပန္ဆင္းရင္ဆင္းေပါ့ "

" ေကာင္းသားပဲ..မျငင္းနဲ႕ေတာ့ Koo သြားမယ္ "

ကားေပၚမွာ အားလုံးကတိတ္တိတ္ဆိတ္ဆိတ္၊ Studio ေရာက္ေတာ့လည္း တိတ္တိတ္ဆိတ္ဆိတ္ပင္။ Min PD ကေရခဲထုပ္တစ္ခု ျပင္ဆင္ေပးၿပီး Jimin က Jungkook ရဲ႕ႏွာရိုးတစ္ေလွ်ာက္ဖိကပ္ေပးေနသည္။ တိတ္ဆိတ္လြန္းေနေတာ့လည္း ေနရခက္ေစတာမို႔ Boss Jin က ဆိုဖာေပၚမွာ သက္ေတာင့္သက္သာဝင္ထိုင္ရင္းက စကားစလာသည္။

" Min PD အဲ့တာငါ့ညီဝမ္းကြဲ Park Jimin တဲ့..သိတယ္မဟုတ္လား Namjoon ရဲ႕ "

" Hyung! "

Jimin ကသူ႕နာမည္ကို တစ္ျခားသူတစ္ေယာက္ရဲ႕ တစ္ခုခုဆိုၿပီး မိတ္ဆက္ေပးမွာမ်ိဳးကိုလက္မခံနိုင္ပါ။ ဒါကို သတိထားမိတဲ့ Boss Jin ကလည္း ခ်က္ခ်င္းပဲ စကားကိုျပန္ျပင္ေျပာလိုက္သည္။

" Namjoon နဲ႕ေတာ့သိၿပီးသားပဲ..ဟိုဘက္က ငါ့ညီသူငယ္ခ်င္း Jungkook တဲ့ "

" အင္း "

" ကေလးေတြမွတ္ထားၾက ဒါ Hyung ရဲ႕ သူငယ္ခ်င္း Min Yoongi PD..မင္းတို႔ႀကိဳက္တဲ့သီခ်င္းေတြေတာ္ေတာ္မ်ားမ်ားမွာ Min PD ရဲ႕ဖန္တီးမႈေတြပါတာေပါ့ကြာ "

Jimin ကၿပဳံးျပႏႈတ္ဆက္လာသည္။ Jungkook က‌ေတာ့ေသခ်ာေလး စိုက္ၾကည့္ၿပီးမွ ထိုင္ေနရာမွ ထရပ္လိုက္ၿပီး လက္တစ္ဖက္ကို ရိုရိုေသေသ ကမ္းေပးလိုက္သည္။

" Jeon Jungkook လို႔ေခၚပါတယ္ Min Yoongi PD nim...အမ်ားႀကီးၾကားဖူးထားပါတယ္ "

Jungkook ကမ္းေပးလာတဲ့ လက္တစ္ဖက္က ဒီအတိုင္းေလထဲမွာပဲ ရပ္တန႔္ေနရသည္။ Min PD က လက္ဆြဲျပန္ႏႈတ္ဆက္မယ့္အစား Jungkook ရဲ႕မ်က္လုံးဝိုင္းဝိုင္းေလးကိုသာ ခပ္ေတြေတြစိုက္ၾကည့္ေနရင္းက Jeon Jungkook ဆိုတဲ့နာမည္ကို ႏႈတ္ခမ္းလႈပ္႐ုံမွ်ေရ႐ြတ္လိုက္ပါသည္။

#...💘...#

Continue Reading

You'll Also Like

150K 9.7K 50
"ប៉ាប៉ា~~"Cookie រត់មករកអ្នកដែលអង្គុយលើម៉ូតូថែមទាំងត្រដាងដៃទាំងពីរ អ្នកដែលនៅក្រៅគ្រាន់តែឃើញវត្តមានហ្គុកហ្គី ក៏ចុះចេញពីលើម៉ូតូ "Cookie??"Taehyung ស...
154K 22.1K 16
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
32.5K 7K 41
tk sinhala
116K 7.8K 34
*****ကင်မ့်ဆုတောင်း***** နောင်ဘဝဆက်တိုင်း "ဂျွန်" ဆိုတဲ့လူသားကို ချစ်နေချင်တယ်~ ဒါပေမယ့် နောက်ဘဝဆက်တိုင်း ကင်မ့် ဘဝကို ကင်မ် ပူလောင်ခြင်းမည်တဲ့...