ကျွန်တော့်ချစ်သူ ဆိုးပေလေး

By khingwinhtet

18K 1.4K 96

စိတ်ကူးပေါက်ရာထရေးလိုက်တာမို့ ဖတ်ချင်မှဖတ်ကြပါနော်.(as you like😉) More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27

Part 7

638 61 6
By khingwinhtet

Unicode

မနက်စောစော အဆောင်ခန်းထဲတွင်တော့xzတစ်ယောက်ကုတင်အပေါ်ထပ်မှာလှုပ်ရွလို့နေတယ်။ ခါတိုင်းဆိုအတန်းမတက်ခင်၂၅မိနစ်လောက်မှထပီးတော့အပြေးအလွှားသွားတိုက် မျက်နှာသစ်ကာ ပြေးရင်းနဲ့ပဲမနက်စာစားခဲ့တာ။
အခုကအရင်နဲ့မတူတော့ဘူးလေ သူ့မှာအသစ်စက်စက်ရထားတဲ့ရည်းစားလေးရှိနေပီ။ တွေးကြည့်ရုံနဲ့တင်စိတ်ချမ်းသာစရာကြီး။

" ဟားးးဟားးးဟားးး ''

သူ့ရယ်သံကြီးကြောင့် တစ်ခန်းလုံးအလန့်တကြားနိုးလာကြတယ်။
ဟွိုင်ဆန်းကအရင်ဆုံးလန့်နိုးလာခဲ့ပီး ပြူးကြောင်ကြောင်နဲ့ထဆဲတော့တယ်။

" ငါ_ိုး! ချီးတဲ့မှပဲ မနက်စောစောစီးစီးဘယ်သူတောင်းစားက ရယ်နေတာလဲဟ! "

ဆဲပီးတာနဲ့ပွစိပွစိထပ်ပြောနေပီးမကြာခင်ပြန်အိပ်ပျော်သွားခဲ့တယ်။

ကျိရန်သည်လဲထိုနည်း၎င်းပဲ....ညကသူတို့အတော်လေးကဲခဲ့ကြပီး အဆောင်မပိတ်ခင်ပြန်ရောက်ခဲ့ပေမဲ့ခေါင်းတွေကနောက်ကျိနေဆဲ....
ရယ်လိုက်တဲ့တရားခံကိုပါးစပ်ကိုသာပိတ်ရိုက်ပစ်ချင်လာတော့တယ်။

အငယ်ဆုံးလေးဖြစ်တဲ့ကျင်းရီကတော့ စောင်ကိုခေါင်းမြီးခြုံပီးသာပြန်အိပ်နေတော့တယ်။

ထဆဲရမှာပျင်းစရာကြီး! ဒီငလူးဘဒိုတွေ!

xzကတော့ သူမဟုတ်သလိုပဲပါးစပ်လေးကိုအသာပိတ်လို့အသံတိတ်ကြိတ်ရယ်နေပြန်တယ်။ နာရီကိုကြည့်လိုက်တော့၆နာရီပဲရှိသေးတယ်။

အဟင့် ပျင်းတယ်လို့! သောက်ရမ်းပျင်းစရာကြီး!

သူမျက်စိတွေကြောင်နေပီးတစက်လေးမှမအိပ်ချင်နေခဲ့ဘူး။
ဖုန်းလေးကိုအသာယူလို့ ရည်းစားကောင်လေးဆီစာပို့လိုက်တယ်။

ရိပေါ်ကမနက်အစောကြီးထလေ့ရှိပီး အနီးနားတစ်ဝိုက်ကိုပြေးလေ့ရှိတယ်။ သူပြန်ရောက်တော့ဖုန်းလေးကိုအိပ်ရာပေါ်ပစ်တင်လိုက်ကာ ရေချိုးဖို့ပြင်နေလိုက်တယ်။

We chatကနေသူ့ဆီစာတစ်စောင်ဝင်လာတာမို့ အနားသွားပီးကြည့်လိုက်တော့ ပေတိုးလေးဖြစ်နေတယ်။

သူလဲအစောကြီးထတတ်တာလား???

~ Good morning ~

အနောက်ကနေအသဲပုံအီမိုဂျီလေးတောင်အဆစ်ပါသေးတယ်။

ကလေးဆန်လိုက်တာများဆိုတာလေ...

သူအတော်ကြာကြည့်ပီးမှပြန်ပို့လိုက်တယ်။ သူဒီလိုတွေနေသားမကျဘူး။

~ အင်း ~

xzခမျာတော့စိတ်လှုပ်ရှားပီးတော့ ဘာစာလေးများပြန်ပို့မလဲလို့မျှော်လင့်လိုက်ရတာ။ အခုတော့သူပို့ပီးမေ့လောက်ခါမှစိတ်မပါသလိုကြီးသူ့ကိုစာပြန်ပို့လာတယ်လေ။

~ ဘာလား? ဘာအင်းလဲ? ငါကအသက်ထွက်နေပီတောင်ထင်နေတာလေ! ချီးကိုအင်း! ~

ပို့ပီးတာနဲ့ ဖုန်းကိုဘေးနားချလိုက်ပီး ခေါင်းမြီးခြုံကာအတင်းဖျစ်ညှစ်အိပ်ပစ်လိုက်တယ်။
သူ့ဆီကိုလဲybကစာပြန်ပို့မလာခဲ့ဘူး။

သူတို့ကိုယ်စီထကြပီးကျောင်းသွားဖို့ပြင်နေကြချိန်မှာ ဟွိုင်ဆန်းကသွားတိုက်ရင်းမေးတယ်။

" ဟျောင့်တွေ မနက်ကဘယ်ကောင်အသံဆိုးနဲ့ထရယ်တာလဲ? "

xzကတော့လေလေးတချွန်ချွန်နဲ့အောက်ခံဘောင်းဘီအနီကိုကောက်စွပ်လိုက်ရင်းက မှန်ရှေ့ကိုမတ်တပ်သွားရပ်ပီး သူ့ကိုယ်သူကြည့်ကာအကျေနပ်ကြီးကျေနပ်နေတယ်။
ဖြူအုနေတဲ့အသားအရေလေး သူများလိုဗိုက်မှာပေါင်မုန့်တွေမရှိပေမဲ့လို့ လုံးတုံးတုံးဗိုက်လေးကအရမ်းတွေလှနေတယ်။

သောက်ရမ်းတွေချောလိုက်တာ! မှန်ထဲကဘယ်သူလေးပါလိမ့် ဟိဟိ!

ဘယ်သူမှပြန်ဖြေမလာတာကြောင့် ဟွိုင်ဆန်းကထပ်ပြောလာပြန်တယ်။

" အေး ကောင်းတယ်! ငါ့စကားကိုxင်ကြားတောင်မညှပ်ကြဘူးပေါ့လေ! ပီးတော့ရှောင်းကျန့် မှန်ရှေ့မှာပြူးပြဲကြည့်နေလဲမင်းဥကကြီးမလာဘူးနော် သိဘို့! "

xzကတော့ ဖင်လုံးတုံးလုံးတုံးနဲ့ပြေးပီးတော့ ဟွိုင်ဆန်းဆံပင်တွေကိုစိတ်ရှိတိုင်းဖွပစ်လိုက်ကာ ရေချိုးခန်းတံခါးကိုအပြင်ကနေဆွဲပိတ်ပစ်လိုက်တယ်။
အထဲကနေအော်ငိုသံကြီးကိုသူတို့ကြားရတော့ သုံးယောက်သားပြိုင်တူရယ်လိုက်တယ်။

" အားးး! F**kပဲ ငါ့သဲတုံးဆံပင်လေး! မနေ့ကမှသွားပြင်လာတာကို! "

ဒီကောင်ကလူသာအသေခံမယ် ဆံပင်တော့မထိနဲ့ဆိုတဲ့လူစားမျိုး။ တစ်ပတ်တစ်မျိုးမရိုးရအောင်ဆံပင်ဆိုင်ကိုသွားပြင်တတ်တယ်။ ကြာရင်ဆံပင်ညှပ်တဲ့သူနဲ့တောင်ညားတော့မလားပဲ။

ပေါ့ပေါ့ပါးပါးလေးပဲဝတ်လိုက်ပီးတော့ မနက်စာစားဖို့အရင်ထွက်ခဲ့လိုက်တယ်။
သူတို့နေတဲ့အဆောင်က၅ထပ်ဆောက်လုပ်ထားတယ်။ ဓာတ်လှေကားမရှိတာမို့ သူနေတဲ့၃ထပ်မြောက်ကနေ အောက်ကိုရောက်တော့ ဟောဟဲလိုက်ပီးခဏရပ်ကာအသက်ကိုဝဝရှူနေလိုက်တယ်။

အင်း လတ်ဆတ်လိုက်တဲ့လေ...လေ ချီးပဲ သူရှူနေတဲ့လေထဲကိုအီးနံ့ကြီးပါလာတယ်!
ဘယ်ခွေးချီးပေါက်လိုက်တာလဲ!

ဘေးနားကိုကြည့်လိုက်တော့ ဝဖိုင့်ဖိုင့်နဲ့အဆောင်မှူးကိုပဲတွေ့ရတယ်။ အီးပေါက်ထားတာသူမဟုတ်တဲ့အတိုင်း လက်သည်းတွေကိုဟိုလှန်ဒီလှန်လုပ်နေတယ်။

အရှက်မရှိတဲ့မိန်းမကြီး!

အပေါက်ဝကထွက်လိုက်တော့ မလှမ်းမကမ်းကသစ်ပင်ကြီးအောက်မှာကားတစ်စီးရပ်ထားတယ်။ ခြေတံရှည်ရှည်နဲ့လူကသူရှိရာကိုမျက်နှာမူထားပီး နေရောင်အောက်မှာအလွန့်အလွန်ကိုပဲစမတ်ကျနေတယ်။
အတိအကျပြောရင် မနက်ကသူဆဲထားတဲ့သူ့ဘဲ!

xzကမျက်နှာကိုချက်ချင်းစူပုတ်ပစ်လိုက်တယ်။ ဒါပေမဲ့လဲသူစဥ်းစားမိသွားတယ်။သူအဲ့လိုဆက်လုပ်နေရင် ပထမပိုင်း ပီးတာနဲ့ ဇာတ်သိမ်းပိုင်းဖြစ်လာလိမ့်မယ်ဆိုတာသိတာမို့ ပုံမှန်နေရာမှာပဲရပ်ကြည့်နေလိုက်တယ်။

ybက လက်ယပ်ပီးခေါ်လိုက်တယ်။ အနားကိုတရွေ့ရွေ့နဲ့xzကလေးတိလေးကန်လာနေတယ်။

" ခြေထောက်တွေကလေဖြတ်သွားလို့လား ညကတောင်အကောင်းကြီးလေ? "

" မင်းမေကိုပဲလေဖြတ်! ငါ့ဟာငါလာချင်သလိုလာမှာပေါ့ ဟွန့်! "

ybကပြောလိုက်တယ်

" ကားပေါ်တက် မနက်စာသွားစားရအောင် ''

မနက်စာ ဆိုတဲ့အသံကိုကြားလိုက်တာနဲ့xzလဲမျက်လုံးအရောင်တွေတလက်လက်ထသွားတယ်။
ကျင့်ဝတ်တွေကိုတော့သိသေးတာပဲ မဟုတ်ရင်သူ့ဂွကြားကိုကန်ပစ်လိုက်မှာ။
ကားပေါ်တက်ထိုင်ရင်းနဲ့ပဲပါးစပ်ကပြောလိုက်သေးတယ်။

" မင်းဝယ်ကျွေးမှာနော်! ''

" ပြောမိလို့လား? "

xzမျက်စောင်းကybဆီ ဒိုင်းခနဲရောက်တယ်။ ခွေးလေးလိုရန်မူနေတဲ့xzနဖူးကိုမနာအောင်ybကထုပစ်လိုက်တယ်။

" အေးပါကွာ...ငါရှိရင်မင်းမငတ်စေရဘူး ဟုတ်ပြီလား ''

" အင်း ''

ထို့နောက်မှာတော့ ကားပေါ်မှာစားချင်တာတွေကိုတန်းစီရွတ်နေတဲ့xzရဲ့အသံတွေကိုဆိုင်မရောက်ခင်ထိ ရိပေါ်ကသည်းခံလာခဲ့ရတော့တယ်။

#Nov6 7:38PM

Zawgyi


" ဟားးးဟားးးဟားးး ''













~ Good morning ~




~ အင်း ~






















ybကပြောလိုက်တယ်



" မင်းဝယ်ကျွေးမှာနော်! ''

" ပြောမိလို့လား? "



" အင်း ''


#Nov6 7:38PM

Continue Reading

You'll Also Like

63.1K 4.8K 64
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
178K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
7.8K 1K 22
Jungkook Atlas Francis - Taehyung Rowan Elliot
228K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ