ရွှေရုပ်

By 14_ashes

279K 17.3K 774

ရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရန... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၂
အပိုင်း ၂၃ ဇာတ်သိမ်း
Extra 1
Extra 2
Extra 3
👋🏻
Extra 4

အပိုင်း ၂၁

8.9K 609 74
By 14_ashes

Unicode

"ရွှေရုပ်... "

ဆတ်ခနဲ ထထိုင်ရင်းက အခန်းထဲ ဝေ့ဝဲကြည့်မိသည်...ရွှေရုပ်အခန်းဆီ ရောက်နေတာဖြစ်၍ ဦးနှောက်ကို မြန်မြန်အလုပ်ပေးလိုက်သော်လဲ ဘာမှ စဥ်းစား၍မရချေ...အခန်းထဲမှာလဲ ရွှေရုပ်က မရှိ၍ အောက်ထပ်သို့ ဆင်းသွားပြီထင်ပါသည်...

ကုတင်အစွန်းမှာ ထိုင်လိုက်ရင်း ဒီနားလေးမှာထိုင်ကာ ရွှေရုပ်ကို ပွေ့ပိုက်နမ်းနေမိသလိုအဖြစ်က အာရုံထဲ ဝင်လာတာကြောင့် သစ္စာ တုန်လှုပ်သွားရသည်...အတင်းဖြစ်ညှစ်စဥ်းစားသော်လည်း ဆက်၍ စဥ်းစားမရပေ...

သူမကြိုက်တာကိုများ ဆက်လုပ်မိသွားတာလား...ခေါင်းတွေက ကိုက်ခဲလာကာ ရင်ထဲမှာ သောကတွေ ပြည့်လာရသည်... အတင်းအကျပ်သိမ်းပိုက်ခဲ့သည့်တိုင် သူ ထပ်မထိရန် ပြောခဲ့သည့်နေ့မှစ၍ သစ္စာ ဆင်ခြင်ခဲ့သည် ... ခုတော့ အားလုံး ရေစုန်မျောကုန်ပြီလား...

ခြေလှမ်းတို့က မြန်မြန်သွက်သွက်ဖြင့် အောက်ထပ်ကို ဦးတည်လာသည်...

"ဟော သစ္စာတောင် နိုးပြီလား..."

"ဟုတ်တယ် ဒေါ်ကြီး..."

ပြန်ဖြေရင်း ရွှေရုပ်ကို ဝေ့ဝဲရှာသော်လည်း အရိပ်အယောင်မျှပင် မတွေ့ရ...

"သစ္စာတောင် နိုးလာပြီကို ရွှေရုပ်က ခုထိ အိပ်နေသေးတာလားမသိဘူးကွယ်...ဆင်းမလာသေးဘူး..."

"ဟင်...ရွှေရုပ်က အပေါ်ထပ်မှာ မရှိပါဘူး ဒေါ်ကြီးရဲ့..."

"ဟုတ်လား...ဘုရားခန်းထဲမှာများလား..."

အပေါ်ထပ်ကို ပြန်ပြေးတက်လာရင်း သူမ မောဟိုက်လာသည်...

"ရွှေရုပ်..."

အသံပေးနေသည့်တိုင် ပြန်ထူးသံမကြားရဘဲ ဘုရားခန်းထဲ ဝင်ကြည့်တော့လဲ မရှိပါ...စိုးရိမ်နေသော အဖြစ်က ရင်ကို ဒိန်းခနဲ ဝင်ဆောင့်သည်...

"ဟင့်အင်း ဟင့်အင်း..."

ဆောက်တည်ရာမရ ရေရွတ်ကာ ခေါင်းကို ဖိကိုင်ထားမိသည်... ဘာဆက်လုပ်ရမလဲစဥ်းစားရင်းက အခန်းထဲ မြန်မြန်ပြန်လာကာ ဖုန်းကို ကောက်ကိုင်လိုက်သည်...နှင်းရဲ့ နံပါတ်ကို နှိပ်လိုက်ရင်း ဖုန်းဝင်တာကို စောင့်ရင်း ဂဏာမငြိမ်စွာ ဟိုဒီလျှောက်နေလိုက်သည်...

"ဟယ်လို..."

"ဟယ်လို နှင်း...အဲကို ရွှေရုပ် ရောက်လာလား..."

တစ်ဖက်က ခဏတိတ်သွားပြီးမှ နှင်းက ပြန်ဖြေလာသည်...

"အေး...ဒီမှာ ရောက်နေတယ်..."

"ငါ အခုလာခဲ့မယ်..."

ဟိုဖက်က ပြန်ဖြေတာကိုမစောင့်ဘဲ ဖုန်းကိုပစ်ချကာ သစ္စာ ခပ်မြန်မြန် ပြင်ဆင်ပြီး ထွက်လာလိုက်သည်... ခုချိန်တွင် စိတ်ထဲ၌ ရွှေရုပ်ကို ပြန်ခေါ်ဖို့က လွဲပြီး ဘာမှရှိမနေချေ...အတန်ကြာမောင်းပြီးတော့ နှင်းနေတဲ့ တိုက်ခန်းဆီ ရောက်လာသည်...

ဘဲလ်ကို ဆက်တိုက်နှိပ်လိုက်​တော့ နှင်းက တံခါး လာဖွင့်ပေးသည်...

"ရွှေရုပ်ရော..."

နှင်းကို ကျော်ဝင်ကာ အခန်းထဲ မျှော်ကြည့်တော့ ဘာကိုမှ မတွေ့ရ...မျက်လုံးက အနောက်က အိပ်ခန်းဘက် ရောက်သွားတာ ခပ်သွက်သွက် လျှောက်သွားလိုက်သည်...

"ရွှေရုပ် ရွှေရုပ်..."

တံခါးကို လှည့်ဖွင့်တော့ အထဲက ပိတ်ထားသည်...သစ္စာ မျက်နှာတင်းခနဲဖြစ်သွားကာ တံခါးကို လက်နဲ့ခပ်ဆတ်ဆတ်ပုတ်လိုက်ရင်း...

"ရွှေရုပ်...ထွက်လာခဲ့..."

"ရွှေရုပ်...ငါ ပြောနေတယ်နော်...အေးဆေး စကားပြောမယ်ထွက်လာ..."

နှင်းကတော့ စိတ်ပျက်လက်ပျက်ပုံနဲ့ ဧည့်ခန်းက ခုံမှာသာ ထိုင်နေသည်...တံခါးကို အကြမ်းပတမ်းပုတ်ကာ သစ္စာ ဆက်ခေါ်နေမိသည်...

"ရွှေရုပ်...ထွက်လာနော်...မင်း ဒီလို ပုန်းနေလို့ရမယ်မထင်နဲ့..."

ဒေါသတွေကြောင့် သစ္စာ အသက်ရှူတွေမြန်လာသည်...သူများအိမ်မှာလို့လဲ စိတ်ထဲမရှိတော့ဘဲ ရွှေရုပ်ကိုသာ အတင်းအော်ခေါ်နေမိသည်...

"ရွှေရုပ် ဟေ့..."

"ပြန်ပါတော့ မမ..."

ရှိုက်သံတွေ မသဲမကွဲနဲ့ အသံတိုးဖွဖွလေးကို ကြားလိုက်ရတော့မှ သစ္စာရဲ့ ဒေါသတကြီး အပြုအမူတွေ အားလုံး ရပ်တန့်သွားကာ...

"ဘာလို့ ပြန်ရမှာလဲ...မင်းမပါဘဲ ငါမပြန်ဘူး ရွှေရုပ်...လာပါ...ငါဘာမှားသွားတာလဲ လာပြော..."

"မမနဲ့ ရွှေရုပ် ဒီလိုမျိုး ဆုံလာရတဲ့ ကံကြမ္မာကိုက အမှားပဲပေါ့ မမရယ်...တော်ပါတော့... ရွှေရုပ်ကို ဆက်မဆွဲထားပါနဲ့တော့..."

"မဟုတ်ဘူး ရွှေရုပ်...အဲလိုမဟုတ်ပါဘူး...ငါက...ငါက ခုထိ ဘာလို့ရှင်သန်နေတာလဲ သိလား...မင်းရှိနေလို့ပါ...ချစ်လို့ပဲဖြစ်​ဖြစ် မုန်းလို့ပဲဖြစ်ဖြစ် ငါရှင်သန်နေရတဲ့ အကြောင်းပြချက်ကိုက မင်းဖြစ်နေခဲ့တာ...အဲဒါကြောင့် ငါ့ကို ဒီလို ထားသွားလို့မရဘူး...မင်းမရှိရင် ငါဘာမှ ဆက်လုပ်လို့ မရတော့ဘူး..."

ကျလာတဲ့မျက်ရည်တွေကို နှင်း ရှေ့မှာတောင် မထိန်းချုပ်နိုင်တော့... သစ္စာသည် ရှင်သန်ခဲ့တဲ့တစ်လျှောက်လုံးတွင် အခက်ခဲဆုံးသော အချိန်ကို ခံစားနေရသည်...ဒါဟာ ဖေဖေဆုံးသွားချိန်က ခံစားချက်နဲ့လဲ မတူသကဲ့သို့ မိဘမဲ့ဂေဟာမှာ တစ်ယောက်တည်းဖြစ်နေချိန်တုန်းကနဲ့လဲ မတူပေ...ထို့ထက် အဆပေါင်းများစွာသော ပင်ပန်းမှုကို ပြင်းစွာ ခံစားနေရသည်...

"ဟင့်အင်း...ရွှေရုပ် ရှိနေလို့သာ မမ ခက်ခဲနေရတာ...ကြာရင် အားလုံးပြီးသွားလိမ့်မယ်...မမ ပြန်ပါတော့...ရွှေရုပ် လုံးဝပြန်လိုက်မှာ မဟုတ်ဘူး..."

"မရဘူး ရွှေရုပ်....မင်းမပါဘဲ ငါ ဒီက တစ်လှမ်းမှ ရွေ့မှာမဟုတ်ဘူး...ငါ ​တောင်းပန်ပါတယ်...ငါတို့အစက ပြန်စရအောင်...ပြီးခဲ့တာတွေ အားလုံးမေ့ပြီးတော့..."

တံခါးကို မှီထိုင်ကာ ရွှေရုပ် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာသည်... မရဘူး မမရယ်...မမကို ဒီလိုအမြင့်မှာ မြင်ရဖို့ ကြိုးစားခဲ့ရတာလေ...အောက်ကို ဆွဲချလိုက်တဲ့သူက ရွှေရုပ်ဖြစ်နေလို့ မရဘူး... ဒီခဏလေးကို သည်းခံလိုက်ကြရင် နောက်ကျ မမ အေးချမ်းရမှာပါ...

"ပြန်ပါတော့...ဘာမှမပြောဘဲ ပြန်လိုက်ပါတော့..."

"မရဘူးလို့ ငါပြောနေတယ်လေ...ငါ မင်းမကြိုက်တာလုပ်မိသွားရင် တောင်းပန်ပါတယ်...နောက်ကို အဲလို ထပ်မဖြစ်စေရတော့ဘူး...ရွှေရုပ် ထွက်လာပါ..."

အထဲမှ ရှိုက်သံကို ကြားလိုက်ရတိုင်း ရင်တစ်ခုလုံးအောင့်မျက်လာသည်... ဘာတွေက သစ္စာတို့ကို ဒီလောက်ခက်ခဲစေတာလဲ...သစ္စာတို့နှစ်ယောက်လုံး ပြုခဲ့ဖူးခြင်းမရှိသော အမှားတွေကို ဘယ်သူက ဖြစ်စေခဲ့တာလဲ...ကံကြမ္မာကို သစ္စာ တူးတူးခါးခါး မုန်းလာသည်...လက်မလွှတ်နိုင်...ဒီကလေးမလေးကို သစ္စာ လုံးဝလက်မလွှတ်လိုက်နိုင်...

"သစ္စာ...ငါနဲ့ခဏစကားပြောရအောင်..."

နှင်းက အခန်းရှေ့မှာ ပြိုလဲကျနေသော သူမကို လက်မောင်းမှလာထူကာ ပြောလာသည်...လျှောက်လာကာ ဧည့်ခန်းက ခုံမှာထိုင်လိုက်သည်အထိ မျက်ရည်တို့ကို သူမ မသုတ်နိုင်ပေ...

"ပထမဆုံး ငါတောင်းပန်တယ် သစ္စာ...နင်တို့ကိစ္စကို နင့်မာမီဆီ ငါ mail ပို့လိုက်တာ..."

"...."

ဘာမှပြန်မပြောတဲ့ သစ္စာကို နှင်းအကဲခတ်သလို ကြည့်လိုက်မိသည်...စားပွဲအစွန်းကို တွေတွေ စိုက်ကြည့်နေကာ အသိစိတ်ကပ်ပုံမရ...

"ငါ စည်းကျော်ပြီး လုပ်လိုက်မိတာကို ဝန်ခံပါတယ်...ဒါပေမယ့် ရွှေရုပ်က ငါ့ညီမလေးမို့ နင် ဒီလို လူမသိသူမသိထားထားတာကို ငါလက်မခံနိုင်ဘူး..."

ဆက်ပြောသင့်မပြောသင့် နှင်းစဥ်းစားနေရသည်...ဒါပေမယ့် အကုန်ရှင်းရှင်းလင်းလင်း ဖြစ်သွားရင် သူတို့နှစ်ယောက်လုံးအတွက် မကောင်းပေဘူးလား...

"ပြီးတော့ ရွှေရုပ်ကို နင်မုန်းလို့ ဒီလိုလုပ်ထားတယ်ဆိုရင်တောင် တစ်ချိန်ကျရင် ကိုယ့်လမ်းကိုယ် လျှောက်ကြရမှာမဟုတ်ဘူးလား...အဲ​တော့ကျမှ ကလေးကို အမှိုက်တစ်ခုလို အသုံးမလိုဘဲ လွှင့်ပစ်လိုက်ရင်..."

"ငါ အဲလောက် အောက်တန်းမကျဘူး နှင်း..."

အေးစက်မာကြောစွာ ထွက်လာသောအသံကြောင့် နှင်းတိတ်ဆိတ်သွားသည်...

"နင် သိနေတာတွေက အပေါ်ယံပဲ နှင်း...အဲဒါကြောင့် နင့်အတွေးနဲ့နင် ထင်သလိုလုပ်လိုက်ပေမယ့် ငါ စိတ်မဆိုးဘူး...ဒါပေမယ့် ရွှေရုပ်ကို နင်ခေါ်ထားမှာကိုတော့ ငါ ဘယ်လိုမှ လက်ခံမှာမဟုတ်ဘူး..."

"ဒါဆို ဘယ်လိုလုပ်မှာလဲ...ကလေးကို နင်ဒီလိုပဲ ထားထားမှာလား ဟင်...သူ့မှာရော သူမလုပ်ခဲ့တဲ့အပြစ်တစ်ခုအတွက်နဲ့ ပျော်ဖို့ကောင်းတဲ့မိသားစုဘဝကို မရနိုင်ဘူးလား ဟမ် သစ္စာ..."

"မိသားစု..."

"ဟုတ်တယ်... မိန်းကလေးနှစ်ယောက်လက်ထပ်ပြီး သာယာတဲ့မိသားစုဘဝရနိုင်မယ်လို့ ငါတော့ မယုံဘူး သစ္စာ... နင်တို့လို အမုန်းတွေ အငြိုးတွေ ပါနေရင် ပိုတောင်ဆိုးသေးတယ်...ပြီးတော့ ငါပြောချင်တာ ရှိတယ်...ရွှေရုပ်ကို ငါ့သူငယ်ချင်းတစ်ယောက်က သဘောကျနေတယ်...ဆရာဝန်ပညာတတ်ဖြစ်ပြီးတော့ တကယ်ကို ကိုယ်ကျင့်တရားရှိတဲ့လူဆိုတာကို ငါအာမခံတယ်...ကလေးကို နင် လက်လွှတ်လိုက်မယ်ဆိုရင် သူတကယ်ကောင်းတဲ့သူနဲ့ တွေ့ရမှာ..."

နာကျင်မှုတွေက ရင်ထဲကို ပြည့်သိပ်တက်လာကာ သစ္စာ နှင်းကို မယုံနိုင်စွာ ကြည့်နေမိသည်...တစ်ခုခုပြန်ပြောလိုက်ချင်ပေမယ့် စကားက ချက်ချင်းထွက်မလာ...ဘုရားရေ...သစ္စာ မသိခဲ့တဲ့အချိန်လေးအတွင်းမှာ ရွှေရုပ်ကို သစ္စာရဲ့ ရင်ခွင်ထဲကနေ ဆွဲထုတ်ဖို့ ပြင်နေတဲ့သူတွေက တကယ်ကို များနေတာပါလား...

"ငါ..."

အသံတွေတုန်ကာ ဆက်ပြောဖို့ကို သစ္စာ အားစိုက်နေရသည်...ဒါပေမယ့် ဒါဟာ ပြောရမှဖြစ်မည်...

"ငါက မကောင်းတဲ့လူ ဟုတ်တယ် နှင်း...နင်တို့ရဲ့အမြင်မှာ ငါတကယ်ရက်စက်နေမှာ...ဒါပေမယ့် ရွှေရုပ်ကို ငါ့လောက်ဘယ်သူမှ မသိနိုင်သလို ဘယ်သူမှလဲငါ့လောက်မကာကွယ်ပေးနိုင်ဘူး...သူက ငယ်ငယ်လေးကတည်းက ငါ့မျက်စိရှေ့မှာ ကြီးပြင်းလာတာ...သူဘာနဲ့တည့်တယ် မတည့်ဘူး၊ဘယ်အချိန်မျိုးမှာ နေမကောင်းဖြစ်တတ်တယ် နင်တို့မသိဘူး...သူ့ကို ငါ ရက်စက်ခဲ့တယ် ဒါပေမယ့် ဘယ်သူ့လက်ထဲကိုမှ မထည့်နိုင်ဘူး... ဘယ်သူ့လက်ထဲမှာမှ ငါစိတ်မချဘူး..."

စကားတွေ တတွတ်တွတ်ပြောနေမိသည်မှာ ကိုယ့်ကိုကိုယ် အရူးတစ်ပိုင်းလို ခံစားလာမိသည်အထိ... သူတို့ဘာမှမသိဘဲနဲ့ ရွှေရုပ်ကို လိုချင်နေကြတာ...တကယ်က သူတို့ဘာမှမသိဘူး...

"အတ္တကြီးတယ်ပဲပြောပြော သူ့ကို ငါမရရအောင် ပြန်ခေါ်မှာ နှင်း..."

နှင်း သစ္စာကို စေ့စေ့ကြည့်မိသည်...နှင်းမသိနိုင်သော အကြောင်းတရားအချို့ ရှိနိုင်မှန်းလဲ နားလည်လိုက်သဖြင့် ဆက်ပြောဖို့ရာ တွန့်ဆုတ်နေမိသည်...ထိုစဥ် သစ္စာ၏ ဖုန်းထမြည်လာကာ...

"ဟယ်လို မာမီ..."

"သမီး ဘယ်မှာလဲ သစ္စာ...မာမီ အိမ်ရောက်နေပြီ..."

နှင်းကို လှမ်းကြည့်ကာ သစ္စာ မျက်ရည်စအချို့ကို လက်နှင့်ပွတ်သုတ်လိုက်သည်...

"သမီး အခု ပြန်လာခဲ့မယ်...မာမီ..."

ဖုန်းချကာ နှင်းကို သစ္စာ ပြောလိုက်သည်...မာမီနှင့် စကားပြောနေမှန်းလဲ သူသိမှာပဲဖြစ်သည်...

"ငါ အခု မာမီနဲ့ သွားတွေ့မယ်...အကောင်းဆုံးဖြေရှင်းလာခဲ့မယ်...ပြီးရင် ရွှေရုပ်ကို လာပြန်ခေါ်မယ် နှင်း...နင်စိုးရိမ်နေသလို ငါသူ့ကို ထားမှာမဟုတ်တော့ဘူး..."

သစ္စာထရပ်ကာ ရွှေရုပ်အခန်းဘက်ကို ပြန်လျှောက်လာခဲ့သည်...

"ရွှေရုပ်...မှားခဲ့တာကို ငါပြန်ပြင်မှာမလို့ မင်း ဘယ်ကိုမှ သွားလို့ မရဘူး... ငါပြန်လာခေါ်မယ်...မင်းမှာ ထွက်သွားခွင့်မရှိဘူး ကြားလား..."

ငိုသံပါနေသော အမိန့်သံကို နားထောင်ရင်း ရွှေရုပ် တအင့်အင့် ရှိုက်နေမိသည်... မိမိသည်လဲ သူနဲ့ထပ်တူခံစားနေရကြောင်း ပြောခွင့်ရက ပြောပြချင်သည်...တစ်ခါတစ်ရံ နာကျင်ရသော ဆုံးဖြတ်ချက်တို့သည် လမ်းမှန်ကို ရောက်စေမလားဟူသော ရည်ရွယ်ချက်ရှိကြောင်းကိုလဲ သိစေချင်သည်... သေလောက်အောင် နာကျင်နေရသည်မှာ သူ့ကို ချစ်မိ၍ဖြစ်ကြောင်းကိုလဲ နောက်ဆုံးအနေနဲ့ သိစေချင်သည်...

တရွေ့ရွေ့ဝေးသွားတဲ့ခြေသံတွေနောက်မှာ မနှင်းက တံခါးခေါက်ကာ ဝင်လာသည်...

"မနှင်း..."

မျက်ရည်လည်ရွဲနှင့် ကိုယ့်ကို ဖက်တွယ်ပြီး ငိုရှိုက်နေသော ကလေးကို နှင်း အသာနှစ်သိမ့်ပေးနေမိသည်...ကျောပြင်ကို အသာပုတ်ပေးတော့ ရွှေရုပ်က ပိုပြီးသည်းထန်စွာ ငိုရှိုက်သည်...

"သူ့ကို ချစ်သလား ဟုတ်လား ရွှေရုပ်..."

မော့ကြည့်မလာဘဲ ရွှေရုပ်က ခေါင်းတွင်တွင်ညိတ်သည်...ရှိုက်သံတွေကို နားထောင်နေရင်းမှ ရွှေရုပ်ဟာ သစ္စာကို စိတ်ဆိုး၍ ထွက်လာခြင်းမဟုတ်ဘဲ သစ္စာ ဖြေရှင်းရမည့် အခက်အခဲကို ပြေလည်စေချင်၍ ထွက်လာမှန်း သိလာရသည်...နှင်းတော့ စေတနာအမှားလုပ်မိသွားပြီထင်ပါသည်...

သက်ပြင်းကို အသာချကာ ရွှေရုပ်ကို အသာချော့မော့နေပေမယ့် ရွှေရုပ်က မတိတ်ချေ...ဒီမျက်ရည်တွေ ဝေးမယ့် ဘဝမျိုးကို ရွှေရုပ်ကို နှင်း တကယ်ပိုင်ဆိုင်စေလိုသည်...ဒါပေမယ့် ဒါဟာ နှင်းတက်နိုင်သည့်ကိစ္စမျိုးမဟုတ်မှန်း သိခဲ့ရပြီလေ...နှင်းမသိခဲ့တာက ရွှေရုပ်က သစ္စာကို ချစ်နေတာပါပဲ...သစ္စာလဲ ထိုနည်းတူစွာပဲလို့ ခန့်မှန်းရသည်...ဘာတွေဆက်ဖြစ်လာမလဲ မသိပေမယ့် ကောင်းတာတွေသာ ဖြစ်လာပါစေဟု သူမဆုတောင်းမိသည်...

မည်မျှပင် ကောင်းမွန်သော ဘဝဖြစ်စေကာမူ အချစ်ကင်းမဲ့နေပါက ပျော်ရွှင်မှုတို့ ဆိတ်သုဥ်းနေမည်မဟုတ်ပါလား...

To be continued....

🍂

Zawgi

"ေ႐ႊ႐ုပ္... "

ဆတ္ခနဲ ထထိုင္ရင္းက အခန္းထဲ ေဝ့ဝဲၾကည့္မိသည္...ေ႐ႊ႐ုပ္အခန္းဆီ ေရာက္ေနတာျဖစ္၍ ဦးႏွောက္ကို ျမန္ျမန္အလုပ္ေပးလိုက္ေသာ္လဲ ဘာမွ စဥ္းစား၍မရေခ်...အခန္းထဲမွာလဲ ေ႐ႊ႐ုပ္က မရွိ၍ ေအာက္ထပ္သို႔ ဆင္းသြားၿပီထင္ပါသည္...

ကုတင္အစြန္းမွာ ထိုင္လိုက္ရင္း ဒီနားေလးမွာထိုင္ကာ ေ႐ႊ႐ုပ္ကို ေပြ႕ပိုက္နမ္းေနမိသလိုအျဖစ္က အာ႐ုံထဲ ဝင္လာတာေၾကာင့္ သစၥာ တုန္လႈပ္သြားရသည္...အတင္းျဖစ္ညွစ္စဥ္းစားေသာ္လည္း ဆက္၍ စဥ္းစားမရေပ...

သူမႀကိဳက္တာကိုမ်ား ဆက္လုပ္မိသြားတာလား...ေခါင္းေတြက ကိုက္ခဲလာကာ ရင္ထဲမွာ ေသာကေတြ ျပည့္လာရသည္... အတင္းအက်ပ္သိမ္းပိုက္ခဲ့သည့္တိုင္ သူ ထပ္မထိရန္ ေျပာခဲ့သည့္ေန႕မွစ၍ သစၥာ ဆင္ျခင္ခဲ့သည္ ... ခုေတာ့ အားလုံး ေရစုန္ေမ်ာကုန္ၿပီလား...

ေျခလွမ္းတို႔က ျမန္ျမန္သြက္သြက္ျဖင့္ ေအာက္ထပ္ကို ဦးတည္လာသည္...

"ေဟာ သစၥာေတာင္ နိုးၿပီလား..."

"ဟုတ္တယ္ ေဒၚႀကီး..."

ျပန္ေျဖရင္း ေ႐ႊ႐ုပ္ကို ေဝ့ဝဲရွာေသာ္လည္း အရိပ္အေယာင္မွ်ပင္ မေတြ႕ရ...

"သစၥာေတာင္ နိုးလာၿပီကို ေ႐ႊ႐ုပ္က ခုထိ အိပ္ေနေသးတာလားမသိဘူးကြယ္...ဆင္းမလာေသးဘူး..."

"ဟင္...ေ႐ႊ႐ုပ္က အေပၚထပ္မွာ မရွိပါဘူး ေဒၚႀကီးရဲ႕..."

"ဟုတ္လား...ဘုရားခန္းထဲမွာမ်ားလား..."

အေပၚထပ္ကို ျပန္ေျပးတက္လာရင္း သူမ ေမာဟိုက္လာသည္...

"ေ႐ႊ႐ုပ္..."

အသံေပးေနသည့္တိုင္ ျပန္ထူးသံမၾကားရဘဲ ဘုရားခန္းထဲ ဝင္ၾကည့္ေတာ့လဲ မရွိပါ...စိုးရိမ္ေနေသာ အျဖစ္က ရင္ကို ဒိန္းခနဲ ဝင္ေဆာင့္သည္...

"ဟင့္အင္း ဟင့္အင္း..."

ေဆာက္တည္ရာမရ ေရ႐ြတ္ကာ ေခါင္းကို ဖိကိုင္ထားမိသည္... ဘာဆက္လုပ္ရမလဲစဥ္းစားရင္းက အခန္းထဲ ျမန္ျမန္ျပန္လာကာ ဖုန္းကို ေကာက္ကိုင္လိုက္သည္...ႏွင္းရဲ႕ နံပါတ္ကို ႏွိပ္လိုက္ရင္း ဖုန္းဝင္တာကို ေစာင့္ရင္း ဂဏာမၿငိမ္စြာ ဟိုဒီေလွ်ာက္ေနလိုက္သည္...

"ဟယ္လို..."

"ဟယ္လို ႏွင္း...အဲကို ေ႐ႊ႐ုပ္ ေရာက္လာလား..."

တစ္ဖက္က ခဏတိတ္သြားၿပီးမွ ႏွင္းက ျပန္ေျဖလာသည္...

"ေအး...ဒီမွာ ေရာက္ေနတယ္..."

"ငါ အခုလာခဲ့မယ္..."

ဟိုဖက္က ျပန္ေျဖတာကိုမေစာင့္ဘဲ ဖုန္းကိုပစ္ခ်ကာ သစၥာ ခပ္ျမန္ျမန္ ျပင္ဆင္ၿပီး ထြက္လာလိုက္သည္... ခုခ်ိန္တြင္ စိတ္ထဲ၌ ေ႐ႊ႐ုပ္ကို ျပန္ေခၚဖို႔က လြဲၿပီး ဘာမွရွိမေနေခ်...အတန္ၾကာေမာင္းၿပီးေတာ့ ႏွင္းေနတဲ့ တိုက္ခန္းဆီ ေရာက္လာသည္...

ဘဲလ္ကို ဆက္တိုက္ႏွိပ္လိုက္ေတာ့ ႏွင္းက တံခါး လာဖြင့္ေပးသည္...

"ေ႐ႊ႐ုပ္ေရာ..."

ႏွင္းကို ေက်ာ္ဝင္ကာ အခန္းထဲ ေမွ်ာ္ၾကည့္ေတာ့ ဘာကိုမွ မေတြ႕ရ...မ်က္လုံးက အေနာက္က အိပ္ခန္းဘက္ ေရာက္သြားတာ ခပ္သြက္သြက္ ေလွ်ာက္သြားလိုက္သည္...

"ေ႐ႊ႐ုပ္ ေ႐ႊ႐ုပ္..."

တံခါးကို လွည့္ဖြင့္ေတာ့ အထဲက ပိတ္ထားသည္...သစၥာ မ်က္ႏွာတင္းခနဲျဖစ္သြားကာ တံခါးကို လက္နဲ႕ခပ္ဆတ္ဆတ္ပုတ္လိုက္ရင္း...

"ေ႐ႊ႐ုပ္...ထြက္လာခဲ့..."

"ေ႐ႊ႐ုပ္...ငါ ေျပာေနတယ္ေနာ္...ေအးေဆး စကားေျပာမယ္ထြက္လာ..."

ႏွင္းကေတာ့ စိတ္ပ်က္လက္ပ်က္ပုံနဲ႕ ဧည့္ခန္းက ခုံမွာသာ ထိုင္ေနသည္...တံခါးကို အၾကမ္းပတမ္းပုတ္ကာ သစၥာ ဆက္ေခၚေနမိသည္...

"ေ႐ႊ႐ုပ္...ထြက္လာေနာ္...မင္း ဒီလို ပုန္းေနလို႔ရမယ္မထင္နဲ႕..."

ေဒါသေတြေၾကာင့္ သစၥာ အသက္ရႉေတြျမန္လာသည္...သူမ်ားအိမ္မွာလို႔လဲ စိတ္ထဲမရွိေတာ့ဘဲ ေ႐ႊ႐ုပ္ကိုသာ အတင္းေအာ္ေခၚေနမိသည္...

"ေ႐ႊ႐ုပ္ ေဟ့..."

"ျပန္ပါေတာ့ မမ..."

ရွိုက္သံေတြ မသဲမကြဲနဲ႕ အသံတိုးဖြဖြေလးကို ၾကားလိုက္ရေတာ့မွ သစၥာရဲ႕ ေဒါသတႀကီး အျပဳအမူေတြ အားလုံး ရပ္တန့္သြားကာ...

"ဘာလို႔ ျပန္ရမွာလဲ...မင္းမပါဘဲ ငါမျပန္ဘူး ေ႐ႊ႐ုပ္...လာပါ...ငါဘာမွားသြားတာလဲ လာေျပာ..."

"မမနဲ႕ ေ႐ႊ႐ုပ္ ဒီလိုမ်ိဳး ဆုံလာရတဲ့ ကံၾကမၼာကိုက အမွားပဲေပါ့ မမရယ္...ေတာ္ပါေတာ့... ေ႐ႊ႐ုပ္ကို ဆက္မဆြဲထားပါနဲ႕ေတာ့..."

"မဟုတ္ဘူး ေ႐ႊ႐ုပ္...အဲလိုမဟုတ္ပါဘူး...ငါက...ငါက ခုထိ ဘာလို႔ရွင္သန္ေနတာလဲ သိလား...မင္းရွိေနလို႔ပါ...ခ်စ္လို႔ပဲျဖစ္ျဖစ္ မုန္းလို႔ပဲျဖစ္ျဖစ္ ငါရွင္သန္ေနရတဲ့ အေၾကာင္းျပခ်က္ကိုက မင္းျဖစ္ေနခဲ့တာ...အဲဒါေၾကာင့္ ငါ့ကို ဒီလို ထားသြားလို႔မရဘူး...မင္းမရွိရင္ ငါဘာမွ ဆက္လုပ္လို႔ မရေတာ့ဘူး..."

က်လာတဲ့မ်က္ရည္ေတြကို ႏွင္း ေရွ႕မွာေတာင္ မထိန္းခ်ဳပ္နိုင္ေတာ့... သစၥာသည္ ရွင္သန္ခဲ့တဲ့တစ္ေလွ်ာက္လုံးတြင္ အခက္ခဲဆုံးေသာ အခ်ိန္ကို ခံစားေနရသည္...ဒါဟာ ေဖေဖဆုံးသြားခ်ိန္က ခံစားခ်က္နဲ႕လဲ မတူသကဲ့သို႔ မိဘမဲ့ေဂဟာမွာ တစ္ေယာက္တည္းျဖစ္ေနခ်ိန္တုန္းကနဲ႕လဲ မတူေပ...ထို႔ထက္ အဆေပါင္းမ်ားစြာေသာ ပင္ပန္းမႈကို ျပင္းစြာ ခံစားေနရသည္...

"ဟင့္အင္း...ေ႐ႊ႐ုပ္ ရွိေနလို႔သာ မမ ခက္ခဲေနရတာ...ၾကာရင္ အားလုံးၿပီးသြားလိမ့္မယ္...မမ ျပန္ပါေတာ့...ေ႐ႊ႐ုပ္ လုံးဝျပန္လိုက္မွာ မဟုတ္ဘူး..."

"မရဘူး ေ႐ႊ႐ုပ္....မင္းမပါဘဲ ငါ ဒီက တစ္လွမ္းမွ ေ႐ြ႕မွာမဟုတ္ဘူး...ငါ ေတာင္းပန္ပါတယ္...ငါတို႔အစက ျပန္စရေအာင္...ၿပီးခဲ့တာေတြ အားလုံးေမ့ၿပီးေတာ့..."

တံခါးကို မွီထိုင္ကာ ေ႐ႊ႐ုပ္ မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္ က်လာသည္... မရဘူး မမရယ္...မမကို ဒီလိုအျမင့္မွာ ျမင္ရဖို႔ ႀကိဳးစားခဲ့ရတာေလ...ေအာက္ကို ဆြဲခ်လိဳက္တဲ့သူက ေ႐ႊ႐ုပ္ျဖစ္ေနလို႔ မရဘူး... ဒီခဏေလးကို သည္းခံလိုက္ၾကရင္ ေနာက္က် မမ ေအးခ်မ္းရမွာပါ...

"ျပန္ပါေတာ့...ဘာမွမေျပာဘဲ ျပန္လိုက္ပါေတာ့..."

"မရဘူးလို႔ ငါေျပာေနတယ္ေလ...ငါ မင္းမႀကိဳက္တာလုပ္မိသြားရင္ ေတာင္းပန္ပါတယ္...ေနာက္ကို အဲလို ထပ္မျဖစ္ေစရေတာ့ဘူး...ေ႐ႊ႐ုပ္ ထြက္လာပါ..."

အထဲမွ ရွိုက္သံကို ၾကားလိုက္ရတိုင္း ရင္တစ္ခုလုံးေအာင့္မ်က္လာသည္... ဘာေတြက သစၥာတို႔ကို ဒီေလာက္ခက္ခဲေစတာလဲ...သစၥာတို႔ႏွစ္ေယာက္လုံး ျပဳခဲ့ဖူးျခင္းမရွိေသာ အမွားေတြကို ဘယ္သူက ျဖစ္ေစခဲ့တာလဲ...ကံၾကမၼာကို သစၥာ တူးတူးခါးခါး မုန္းလာသည္...လက္မလႊတ္နိုင္...ဒီကေလးမေလးကို သစၥာ လုံးဝလက္မလႊတ္လိုက္နိုင္...

"သစၥာ...ငါနဲ႕ခဏစကားေျပာရေအာင္..."

ႏွင္းက အခန္းေရွ႕မွာ ၿပိဳလဲက်ေနေသာ သူမကို လက္ေမာင္းမွလာထူကာ ေျပာလာသည္...ေလွ်ာက္လာကာ ဧည့္ခန္းက ခုံမွာထိုင္လိုက္သည္အထိ မ်က္ရည္တို႔ကို သူမ မသုတ္နိုင္ေပ...

"ပထမဆုံး ငါေတာင္းပန္တယ္ သစၥာ...နင္တို႔ကိစၥကို နင့္မာမီဆီ ငါ mail ပို႔လိုက္တာ..."

"...."

ဘာမွျပန္မေျပာတဲ့ သစၥာကို ႏွင္းအကဲခတ္သလို ၾကည့္လိုက္မိသည္...စားပြဲအစြန္းကို ေတြေတြ စိုက္ၾကည့္ေနကာ အသိစိတ္ကပ္ပုံမရ...

"ငါ စည္းေက်ာ္ၿပီး လုပ္လိုက္မိတာကို ဝန္ခံပါတယ္...ဒါေပမယ့္ ေ႐ႊ႐ုပ္က ငါ့ညီမေလးမို႔ နင္ ဒီလို လူမသိသူမသိထားထားတာကို ငါလက္မခံနိုင္ဘူး..."

ဆက္ေျပာသင့္မေျပာသင့္ ႏွင္းစဥ္းစားေနရသည္...ဒါေပမယ့္ အကုန္ရွင္းရွင္းလင္းလင္း ျဖစ္သြားရင္ သူတို႔ႏွစ္ေယာက္လုံးအတြက္ မေကာင္းေပဘူးလား...

"ၿပီးေတာ့ ေ႐ႊ႐ုပ္ကို နင္မုန္းလို႔ ဒီလိုလုပ္ထားတယ္ဆိုရင္ေတာင္ တစ္ခ်ိန္က်ရင္ ကိုယ့္လမ္းကိုယ္ ေလွ်ာက္ၾကရမွာမဟုတ္ဘူးလား...အဲေတာ့က်မွ ကေလးကို အမွိုက္တစ္ခုလို အသုံးမလိုဘဲ လႊင့္ပစ္လိုက္ရင္..."

"ငါ အဲေလာက္ ေအာက္တန္းမက်ဘဴး ႏွင္း..."

ေအးစက္မာေၾကာစြာ ထြက္လာေသာအသံေၾကာင့္ ႏွင္းတိတ္ဆိတ္သြားသည္...

"နင္ သိေနတာေတြက အေပၚယံပဲ ႏွင္း...အဲဒါေၾကာင့္ နင့္အေတြးနဲ႕နင္ ထင္သလိုလုပ္လိုက္ေပမယ့္ ငါ စိတ္မဆိုးဘူး...ဒါေပမယ့္ ေ႐ႊ႐ုပ္ကို နင္ေခၚထားမွာကိုေတာ့ ငါ ဘယ္လိုမွ လက္ခံမွာမဟုတ္ဘူး..."

"ဒါဆို ဘယ္လိုလုပ္မွာလဲ...ကေလးကို နင္ဒီလိုပဲ ထားထားမွာလား ဟင္...သူ႕မွာေရာ သူမလုပ္ခဲ့တဲ့အျပစ္တစ္ခုအတြက္နဲ႕ ေပ်ာ္ဖို႔ေကာင္းတဲ့မိသားစုဘဝကို မရနိုင္ဘူးလား ဟမ္ သစၥာ..."

"မိသားစု..."

"ဟုတ္တယ္... မိန္းကေလးႏွစ္ေယာက္လက္ထပ္ၿပီး သာယာတဲ့မိသားစုဘဝရနိုင္မယ္လို႔ ငါေတာ့ မယုံဘူး သစၥာ... နင္တို႔လို အမုန္းေတြ အၿငိဳးေတြ ပါေနရင္ ပိုေတာင္ဆိုးေသးတယ္...ၿပီးေတာ့ ငါေျပာခ်င္တာ ရွိတယ္...ေ႐ႊ႐ုပ္ကို ငါ့သူငယ္ခ်င္းတစ္ေယာက္က သေဘာက်ေနတယ္...ဆရာဝန္ပညာတတ္ျဖစ္ၿပီးေတာ့ တကယ္ကို ကိုယ္က်င့္တရားရွိတဲ့လူဆိုတာကို ငါအာမခံတယ္...ကေလးကို နင္ လက္လႊတ္လိုက္မယ္ဆိုရင္ သူတကယ္ေကာင္းတဲ့သူနဲ႕ ေတြ႕ရမွာ..."

နာက်င္မႈေတြက ရင္ထဲကို ျပည့္သိပ္တက္လာကာ သစၥာ ႏွင္းကို မယုံနိုင္စြာ ၾကည့္ေနမိသည္...တစ္ခုခုျပန္ေျပာလိုက္ခ်င္ေပမယ့္ စကားက ခ်က္ခ်င္းထြက္မလာ...ဘုရားေရ...သစၥာ မသိခဲ့တဲ့အခ်ိန္ေလးအတြင္းမွာ ေ႐ႊ႐ုပ္ကို သစၥာရဲ႕ ရင္ခြင္ထဲကေန ဆြဲထုတ္ဖို႔ ျပင္ေနတဲ့သူေတြက တကယ္ကို မ်ားေနတာပါလား...

"ငါ..."

အသံေတြတုန္ကာ ဆက္ေျပာဖို႔ကို သစၥာ အားစိုက္ေနရသည္...ဒါေပမယ့္ ဒါဟာ ေျပာရမွျဖစ္မည္...

"ငါက မေကာင္းတဲ့လူ ဟုတ္တယ္ ႏွင္း...နင္တို႔ရဲ႕အျမင္မွာ ငါတကယ္ရက္စက္ေနမွာ...ဒါေပမယ့္ ေ႐ႊ႐ုပ္ကို ငါ့ေလာက္ဘယ္သူမွ မသိနိုင္သလို ဘယ္သူမွလဲငါ့ေလာက္မကာကြယ္ေပးနိုင္ဘူး...သူက ငယ္ငယ္ေလးကတည္းက ငါ့မ်က္စိေရွ႕မွာ ႀကီးျပင္းလာတာ...သူဘာနဲ႕တည့္တယ္ မတည့္ဘူး၊ဘယ္အခ်ိန္မ်ိဳးမွာ ေနမေကာင္းျဖစ္တတ္တယ္ နင္တို႔မသိဘူး...သူ႕ကို ငါ ရက္စက္ခဲ့တယ္ ဒါေပမယ့္ ဘယ္သူ႕လက္ထဲကိုမွ မထည့္နိုင္ဘူး... ဘယ္သူ႕လက္ထဲမွာမွ ငါစိတ္မခ်ဘဴး..."

စကားေတြ တတြတ္တြတ္ေျပာေနမိသည္မွာ ကိုယ့္ကိုကိုယ္ အ႐ူးတစ္ပိုင္းလို ခံစားလာမိသည္အထိ... သူတို႔ဘာမွမသိဘဲနဲ႕ ေ႐ႊ႐ုပ္ကို လိုခ်င္ေနၾကတာ...တကယ္က သူတို႔ဘာမွမသိဘူး...

"အတၱႀကီးတယ္ပဲေျပာေျပာ သူ႕ကို ငါမရရေအာင္ ျပန္ေခၚမွာ ႏွင္း..."

ႏွင္း သစၥာကို ေစ့ေစ့ၾကည့္မိသည္...ႏွင္းမသိနိုင္ေသာ အေၾကာင္းတရားအခ်ိဳ႕ ရွိနိုင္မွန္းလဲ နားလည္လိုက္သျဖင့္ ဆက္ေျပာဖို႔ရာ တြန့္ဆုတ္ေနမိသည္...ထိုစဥ္ သစၥာ၏ ဖုန္းထျမည္လာကာ...

"ဟယ္လို မာမီ..."

"သမီး ဘယ္မွာလဲ သစၥာ...မာမီ အိမ္ေရာက္ေနၿပီ..."

ႏွင္းကို လွမ္းၾကည့္ကာ သစၥာ မ်က္ရည္စအခ်ိဳ႕ကို လက္ႏွင့္ပြတ္သုတ္လိုက္သည္...

"သမီး အခု ျပန္လာခဲ့မယ္...မာမီ..."

ဖုန္းခ်ကာ ႏွင္းကို သစၥာ ေျပာလိုက္သည္...မာမီႏွင့္ စကားေျပာေနမွန္းလဲ သူသိမွာပဲျဖစ္သည္...

"ငါ အခု မာမီနဲ႕ သြားေတြ႕မယ္...အေကာင္းဆုံးေျဖရွင္းလာခဲ့မယ္...ၿပီးရင္ ေ႐ႊ႐ုပ္ကို လာျပန္ေခၚမယ္ ႏွင္း...နင္စိုးရိမ္ေနသလို ငါသူ႕ကို ထားမွာမဟုတ္ေတာ့ဘူး..."

သစၥာထရပ္ကာ ေ႐ႊ႐ုပ္အခန္းဘက္ကို ျပန္ေလွ်ာက္လာခဲ့သည္...

"ေ႐ႊ႐ုပ္...မွားခဲ့တာကို ငါျပန္ျပင္မွာမလို႔ မင္း ဘယ္ကိုမွ သြားလို႔ မရဘူး... ငါျပန္လာေခၚမယ္...မင္းမွာ ထြက္သြားခြင့္မရွိဘူး ၾကားလား..."

ငိုသံပါေနေသာ အမိန့္သံကို နားေထာင္ရင္း ေ႐ႊ႐ုပ္ တအင့္အင့္ ရွိုက္ေနမိသည္... မိမိသည္လဲ သူနဲ႕ထပ္တူခံစားေနရေၾကာင္း ေျပာခြင့္ရက ေျပာျပခ်င္သည္...တစ္ခါတစ္ရံ နာက်င္ရေသာ ဆုံးျဖတ္ခ်က္တို႔သည္ လမ္းမွန္ကို ေရာက္ေစမလားဟူေသာ ရည္႐ြယ္ခ်က္ရွိေၾကာင္းကိုလဲ သိေစခ်င္သည္... ေသေလာက္ေအာင္ နာက်င္ေနရသည္မွာ သူ႕ကို ခ်စ္မိ၍ျဖစ္ေၾကာင္းကိုလဲ ေနာက္ဆုံးအေနနဲ႕ သိေစခ်င္သည္...

တေ႐ြ႕ေ႐ြ႕ေဝးသြားတဲ့ေျခသံေတြေနာက္မွာ မႏွင္းက တံခါးေခါက္ကာ ဝင္လာသည္...

"မႏွင္း..."

မ်က္ရည္လည္႐ြဲႏွင့္ ကိုယ့္ကို ဖက္တြယ္ၿပီး ငိုရွိုက္ေနေသာ ကေလးကို ႏွင္း အသာႏွစ္သိမ့္ေပးေနမိသည္...ေက်ာျပင္ကို အသာပုတ္ေပးေတာ့ ေ႐ႊ႐ုပ္က ပိုၿပီးသည္းထန္စြာ ငိုရွိုက္သည္...

"သူ႕ကို ခ်စ္သလား ဟုတ္လား ေ႐ႊ႐ုပ္..."

ေမာ့ၾကည့္မလာဘဲ ေ႐ႊ႐ုပ္က ေခါင္းတြင္တြင္ညိတ္သည္...ရွိုက္သံေတြကို နားေထာင္ေနရင္းမွ ေ႐ႊ႐ုပ္ဟာ သစၥာကို စိတ္ဆိုး၍ ထြက္လာျခင္းမဟုတ္ဘဲ သစၥာ ေျဖရွင္းရမည့္ အခက္အခဲကို ေျပလည္ေစခ်င္၍ ထြက္လာမွန္း သိလာရသည္...ႏွင္းေတာ့ ေစတနာအမွားလုပ္မိသြားၿပီထင္ပါသည္...

သက္ျပင္းကို အသာခ်ကာ ေ႐ႊ႐ုပ္ကို အသာေခ်ာ့ေမာ့ေနေပမယ့္ ေ႐ႊ႐ုပ္က မတိတ္ေခ်...ဒီမ်က္ရည္ေတြ ေဝးမယ့္ ဘဝမ်ိဳးကို ေ႐ႊ႐ုပ္ကို ႏွင္း တကယ္ပိုင္ဆိုင္ေစလိုသည္...ဒါေပမယ့္ ဒါဟာ ႏွင္းတက္နိုင္သည့္ကိစၥမ်ိဳးမဟုတ္မွန္း သိခဲ့ရၿပီေလ...ႏွင္းမသိခဲ့တာက ေ႐ႊ႐ုပ္က သစၥာကို ခ်စ္ေနတာပါပဲ...သစၥာလဲ ထိုနည္းတူစြာပဲလို႔ ခန့္မွန္းရသည္...ဘာေတြဆက္ျဖစ္လာမလဲ မသိေပမယ့္ ေကာင္းတာေတြသာ ျဖစ္လာပါေစဟု သူမဆုေတာင္းမိသည္...

မည္မွ်ပင္ ေကာင္းမြန္ေသာ ဘဝျဖစ္ေစကာမူ အခ်စ္ကင္းမဲ့ေနပါက ေပ်ာ္႐ႊင္မႈတို႔ ဆိတ္သုဥ္းေနမည္မဟုတ္ပါလား...

To be continued....

🍂

Continue Reading

You'll Also Like

60.1K 2.5K 32
It was commonly known in High School that Emma and Regina did not like each other. They both claimed to despise each other and showed that through th...
976K 30.3K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
41.1K 6.6K 47
හහ් මං කවුරු කියලද හිතාගෙන ඉන්නෙ? අනේ sorry sir මං හිතලා නෙවේ කරේ. හිතලා නෙවේ? තමුසෙ කිසිම දෙයක් හිතලා නෙවෙයි නේද් කරන්නෙ ජුන්කුක්?