အချစ်ဖြင့်တည်သောကမ္ဘာငယ်လေး...
De NangNang121
64.9K 3K 109
သဲ "မ"ကိုလှမ်းကြည့်လိုက်သည့်အခါမှာ " မ"ကသဲကိုပြုံးပြလာသည်။ထိုခဏမှာ သဲရင်ထဲတစ်စုံတစ်ရာလှုပ်ခတ်သွားကာ သဲရဲ့ကမ္ဘ... Mais
part 1
part 2
part 3
part 4
part 5
part 6
part 7
part 8
part 9
part 10
part 12
part 13
part 14
part 15
part 16
part 17
part 18
part 19
part 20
part 21end
part 11
2.4K 142 1
De NangNang121
သင်္ကြန်အကြတ်နေ့ရောက်ခဲ့ပြီမို့ သဲပျော်နေသည်။ဒီနေ့မနဲ့နမ္မတီးချောင်းသာကိုသွားလည်ရတော့မည်။
"သဲ အရမ်းပျော်နေတာလား"
ဒီနေ့သဲရဲ့"မ"ကအဖြူနဲ့အပန်းနှစ်ရောင်စပ်ရှပ်လက်ရှည်နဲ့jean pantအပြာဖျော့ဖျော့လေးကိုတွဲဝတ်ထားပြီး ခါတိုင်းမြင်‌နေကျနဲ့မတူပဲ လူငယ်ဆန်ကာချစ်ဖို့ကောင်းနေပြန်သည်။
"ဟုတ်တယ် မ"
သဲသူငယ်ချင်းတွေနဲ့အတူသွားဖို့ချိန်းထားသည်မို့ မနက်အစောကတည်းက အိမ်မှာပြင်ဆင်ပြီးစောင့်နေလိုက်ကြသည်။လူကများတော့ ၄၅မိနစ်လောက်ကြာမှလူစုံကြလေသည်။သဲသူငယ်ချင်းတွေကယောက်ျားလေးတွေရော မိန်းကလေးတွေအများကြီးဖြစ်ပြီး ဆိုင်ကယ်နဲ့သွားကြတာဖြစ်သည်။
သဲကလဲဆိုင်ကယ်နဲ့သွားချင်နေရှာသည်။ဒါပေမယ့်နန်းကစိတ်ပူလို့ဆိုင်ကယ်နဲ့မသွားဖြစ်ပေ။လမ်းမှာရေပက်ကြပြုကြနဲ့ တစ်ချို့ဆိုဆိုင်ကယ်တွေမှောက်တဲ့အထိဖြစ်တာတွေရှိတော့ နန်းစိတ်ပူသည်။ဒါကြောင့် သဲသူငယ်ချင်းတွေကဆိုင်ကယ်နဲ့ရှေ့ကသွားကြပြီး နန်းတို့ကကားနဲ့နောက်မှ ဖြေးဖြေးချင်းလိုက်သွားကြသည်။
၂နာရီလောက်မောင်းပြီးတော့မိုးကောင်းမြို့ထဲဝင်လာခဲ့သည်။မိုးကောင်းက ဆိုင်တစ်ခုမှာထမင်းဝင်စားပြီးမှ နမ္မတီးကိုဆက်လက်မောင်းနှင်ခဲ့လိုက်သည်။
၁၅မိနစ်လောက်ကြာတော့ နမ္မတီးမြို့ထဲဝင်လာသည်။အဲ့ကနေနောက်ထပ်၁၅မိနစ်လောက် ထပ်မောင်းပြီးမှ နမ္မတီးချောင်းသာသို့ရောက်လေသည်။
ဟိုကိုရောက်တော့ လူတွေမတရားစည်ကားလို့နေသည်။ရေထဲမှာ ဆောက်ထားတဲ့ဆိုင်လေးတွေအများကြီးတွေ့ရပြီး ဆိုင်တိုင်းလိုလိုလူပြည့်လို့နေသလို တစ်ဖက်ခြမ်းမှာတော့ ဘောကွင်းတွေစီးကာရေကစားနေတဲ့သူတွေကိုမြင်တွေ့ရလေသည်။
"သဲ ရောက်ပြီ "
"ပျော်စရာကြီး မ၊ဟိုဘက်မှာရေသွားဆော့ရအောင်နော်"
"အင်း သဲလေးသဘော"
ကားအပ်ထားခဲ့ပြီးတော့ သဲရဲ့သူငယ်ချင်းတွေနဲ့အတူ တံတားတစ်ဖက်ခြမ်းကိုကူးကာ ဘောကွင်းသွားငှားပြီးရေကစားဖြစ်ကြသည်။
ဘောကွင်းစီးနေတဲ့မကို သဲရေလည်ဆွဲခေါ်သွားမိသည်။
"အာ သဲဘာလုပ်တာလဲ ကျမယ်"
မကအလန့်တကြားနဲ့ဆိုလာသည်။
"မကျပါဘူးမကလဲ သဲရှိတာပဲမကြောက်နဲ့"
ရေလည်ရောက်တော့ မကိုဘောကွင်းနဲ့အတူလွတ်လိုက်ပြီး ရေနဲ့လှမ်းလိုက်သည်။
"သဲကအဲ့လိုနော်"
နန်းကလဲအားကျမခံ ဘောကွင်းစီးနေရာက သဲကိုရေနဲ့လှမ်းလိုက်သည်။ထိုစဉ် ဟန်ချက်ပျက်ပြီး ရေထဲထိုးကျသွားသည်။
"မ"
သဲအလန့်တကြားနဲ့ ရေထဲကျသွားတဲ့မကို ပြေးဆယ်လိုက်သည်။
"မ...မ...ဘာဖြစ်သွားသေးလဲ"
မတစ်ယောက်ရေတွေမွှန်းလို့နေရှာသည်။
"ရတယ်...ဘာမှမဖြစ်ဘူး"
ရေကအရမ်းမနက်လို့သာတော်သေးသည်။
"သဲလေး"
မ သူ့ရင်ခွင်ထဲကရုန်းထွက်ပြီး သဲကိုရေနဲ့လှမ်းပက်လာသည်။
"ဟာ...မ"
နှစ်ယောက်သားရေနဲ့အပြန်အလှန်ပက်ကစားကြပြီးတော့ မရဲ့ကိုယ်လေးကိုဖက်ကာရေထဲကိုလှဲချလိုက်သည်။
ရေအောက်မှာမရဲ့နှုတ်ခမ်းလေးကို အကြင်နာအနမ်းးလေးပေးတော့ မကသဲကိုထုရိုက်ပြီး ရေပေါ်ပြန်တက်ဖို့ကြိုးစားနေသည်။မကိုအလွတ်မပေးပဲ အကြာကြီးနမ်းနေမိသည်။
"ဟေး...သဲဆုရတီရေအောက်မှာဘာလုပ်တာလဲ"
"သိနေတယ်နော် အဟမ်း"
သူငယ်ချင်းတွေစကြတော့မှ ရေပေါ်ပြန်တက်လာဖြစ်သည်။မကတော့သဲသူငယ်ချင်းတွေစတာကိုရှက်လို့ထင်သည် မျက်နှာကြီးတွေနီရဲကာ သဲကိုထုရိုက်လို့နေသည်။သဲ မရဲ့လက်လေးကိုဖမ်းဆွဲထားလိုက်ပြီး ရင်ခွင်ထဲသွင်းကာဖက်ထားလိုက်သည်။
သဲအစုတ်ပလုတ် ညစ်ပတ်အိုးလေးကတော့ လူကိုရေထဲအတင်းနှစ်ပြီးနမ်းသွားတယ်။
"ဗိုက်ဆာလာပြီဟာ တစ်ခုခုသွားစားရအောင်"
"အေးဟ ရေဆော့လိုက်လို့ထင်တယ် ငါတို့လဲဗိုက်ဆာလာပြီ"
သူငယ်ချင်းတစ်ယောက်က ပြောလာတော့ အားလုံးကဝိုင်းထောက်ခံကြသည်။
"လာ...လာ..ဟိုဘက်မှာသွားစားကြရအောင်"
ဆိုင်ကိုရောက်တော့ ထမင်းစားဖြစ်ကြပြီးနောက် ဝိုင်‌နဲ့ဘီယာသောက်ဖြစ်ကြပြန်သည်။
သဲ သောက်မှာစိုးလို့ နန်းကသဲရဲ့ပေါင်ကိုဆိတ်ပြီးသတိပေးရသည်။
"မ သဲကဝိုင်နဲနဲပဲသောက်မှာ နဲနဲလေးပဲ"
"အင်း ဘီယာမသောက်နဲ့နော်နံတယ်တို့မကြိုက်ဘူး"
"ဟုတ်ကဲ့ပါ ချစ်တယ်နော်၊သဲက မစကားကိုနားထောင်တယ် မမကြိုက်တာမလုပ်ဘူး"
မရဲ့ခါးလေးကိုလှမ်းဖက်ပြောလိုက်သည်။
"တယ်ရိုတဲ့အတွဲ လိုက်လဲလိုက်ပါပေတယ်"
"သဲဆုရတီ နင်တို့အတွဲရောဘယ်တော့စားရမှာလဲ၊မေဇင်နဲ့ကိုနေတောင် သင်္ကြန်ပြီးရင် ယူကြတော့မှာ နင်တို့လဲလုပ်လိုက်တော့"
သူငယ်ချင်းတစ်ချို့က သဲတို့ကိုကြည့်ပြီးစလေသည်။ကျန်တဲ့သူတွေကတော့ သူတို့အတွဲနှင့်သူတို့မို့ သူတို့ဟာသူတို့စကားပြောလိုက်စလိုက်နဲ့ရယ်မောလို့နေကြ‌လေသည်။
စားသောက်ပြီးတော့ ရေထဲသွားဆော့ဖြစ်ကြပြန်သည်။တစ်နာရီလောက်ရေကစားကြပြီးတော့ ကုန်းပေါ်ပြန်တက်ကာ ဆိုင်ထိုင်ပြီးစားသောက်ဖြစ်ကြပြန်သည်။
"ကဲ့ ဒီတစ်ခါတော့ပြန်မှဖြစ်တော့မယ်၃နာရီထိုးတော့မယ် "
တစ်ယောက်က ရေစိုခံအိတ်ထဲကဖုန်းနာရီကိုကြည့်ပြီးပြောလာသည်။
"အင်း နောက်ကျလို့မဖြစ်ဘူး အခုပြန်မှ"
သူတို့တွေကဆိုင်ကယ်နဲ့မို့ လမ်းခရီးမှာ ဆိုင်ကယ်ပျက်တာပြုတာတွေ ဖြစ်လာခဲ့ရင်တောင် စောစောပြန်ရင်ပြင်ဖို့ပြုဖို့အဆင်ပြေပြီး နောက်ကျရင်အဆင်မပြေဖြစ်နိုင်‌သည်မို့ စောစောပဲပြန်ခဲ့လိုက်ကြသည်။
ကားပေါ်ရောက်တော့ ရေစိုအဝတ်တွေကိုချွတ်လိုက်ပြီး ပါလာတဲ့အဝတ်စားအခြောက်နဲ့လဲဝတ်လိုက်သည်။"မ"တော့ မလဲဝတ်သေးပေ။
"မ အဝတ်စားမလဲဘူးလား"
"လဲလိုက်ပါ အရမ်းအေးတယ်၊"မ"ဖျားနေလိမ့်မယ်"
"အင်း သဲတို့ကိုမကြည့်နဲ့"
မရဲ့စကားကြောင့် သဲကြိတ်ပြီးရယ်လိုက်သည်။
"စိတ်ချပါ မကြည့်နဲ့ဆိုလဲမကြည့်ပါဘူး၊ဟုတ်ပြီလားမ"
မအဝတ်စားလဲဝတ်ပြီးသွားတော့ သဲတဘက်ယူပြီးမရဲ့ဆံပင်ကိုသေချာသုတ်ပေးမိသည်။မရဲ့ဆံပင်ကထူပြီးရှည်တော့ ဆံပင်မခြောက်ရင် အအေးပက်ပြီးဖျားနိုင်သည်။
"ရပြီ သဲ"
"ဟုတ်"
ထို့နောက် မိုးညှင်းပြန်ဖြစ်ခဲ့ကြသည်။၅နာရီခွဲလောက်မှ အိမ်ပြန်ရောက်လေသည်။အိမ်ရောက်တော့
"သမီးတို့ပြန်လာကြပြီလား"
"ဟုတ်ကဲ့ ဖေဖေနဲ့မေမေ"
"အေအေ ဒါနဲ့သမီးမနက်ဖြန်မေမေတို့ဇလုံတောင်သွားကြရအောင်နော် သမီး"
"ဇလုံတောင်...ကောင်းပါတယ်မေမေ"
"အေအေ ဟုတ်ပြီဒါဆိုသွားသွားရေမိုးချိုးအဝတ်စားလဲပြီးနား‌ကြတော့ ပြီးရင်နွေးနွေးထွေးထွေးနေကြဦး"
"ဟုတ်ကဲ့ပါ"
နန်း ရေချိုးဖို့သွားတော့ သဲလေးကလိုက်လာသည်။
"အတူချိုးမယ် မ"
"အင်း ချိုးလေသဲ မြန်မြန်ချိုးနော်အအေးပက်ပြီးဖျားမယ်"
ရေချိုးပြီးတဲ့နောက်မှာ သဲမရဲ့အခန်းကိုဝင်သွားလိုက်သည်။မကတဘက်ဖြူလေးကို ကိုယ်မှာရင်လျားထားပြီး သူ့ဆံပင်ရှည်ကြီးတွေကို dryerမှုတ်နေလေသည်။
"မ"
"ဪ...သဲလေး"
နန်း dryerမှုတ်နေတုန်း သဲရောက်လာတာဖြစ်သည်။
"သဲ လုပ်ပေးမယ်"မ" "
"အင်း ဟုတ်ပြီသဲလေး"
သဲ မရဲ့ဆံနွယ်လေးတွေကိုတယုတယနဲ့ခြောက်အောင်မှုတ်ပေးနေမိသည်။ရေခြောက်သွားတော့ hair coat‌လိမ်းပြီး သေချာဖြီးပေးဖြစ်သည်။
"မရဲ့ဆံနွယ်လေးတွေကမွှေးနေတာပဲ"
မကိုသိုင်းဖက်ထားရင်း မရဲ့ဆံကေသာလေးကိုရှိုက်နမ်းကာဆိုမိသည်။
"သဲ လွှတ်ပါဦး၊"မ"အဝတ်စားလဲဦးမယ်"
"မလဲနဲ့တော့ "မ"ဒီအတိုင်းကပိုလှတယ်"
သဲကသူမကိုယ်လေးကိုဖက်ထားရင်းဆိုလာသည်။
"ဖယ်ပါ နှာဘူးစုတ်လေး၊တို့အေးနေပြီ"
"အေးနေရင် သဲအနွေးဓာတ်ပေးမယ်လေ"
ပြောရင်း သဲကသူမရဲ့ပုခုံးသားလေးကိုငုံ့နမ်းလာတော့ နန်းကိုယ်လေးတွန့်ခနဲဖြစ်သွားသည်။တစ်ဆက်တည်းမှာ သဲရဲ့လက်က သူမရင်ဘတ်ပေါ်ကိုရောက်လာတော့ နန်းတားလိုက်သည်။
"သဲ...ဖယ်ဦးကွာ၊မ အဝတ်စားလဲလိုက်ဦးမယ်"
"ဟုတ်"
"အင်း...သဲမကြည့်နဲ့နော်"
သဲရယ်လိုက်မိသည်။
"  "မ" မကြည့်စေချင်ရင် သဲမကြည့်ပါဘူး"
သဲမျက်နှာကိုတစ်ဖက်လှည့်ပေးလိုက်သည်။မ အဝတ်စားလဲဝတ်ပြီးသွားတော့ မရဲ့ခါးလေးကိုဆွဲဖက်ထားလိုက်သာ်။
"မ...မနက်ဖြန်သဲတို့မလည်ရတော့ဘူးပေါ့"
"သဲကလဲ မလည်ရလဲဘာဖြစ်လဲ သဲလဲမတို့နဲ့လိုက်ခဲ့လေ မတို့အတူသွားကြတာပေါ့"
"ဟုတ် မနဲ့အတူဆိုဘယ်ဖြစ်ဖြစ်သဲလိုက်မယ်....ငရဲသွားရမယ်ဆိုရင်တောင်သွားရဲတယ်..."
"အဟား...သဲကကွာ၊တို့ကိုငရဲသွားခိုင်းမယ်ပေါ့"
"သဲကသဘောပြောတာပါ"
"အင်း သဲသွားအိပ်တော့လေ၊တစ်နေကုန်ရေကစားထားတာပင်ပန်းနေမှာပဲ မနက်ကိုလဲဇလုံတောင်ဘုရားဖူးသွားရဦးမှာလေ"
"မနဲ့အတူအိပ်လို့မရဘူးလား သဲဒီညတစ်ယောက်ထဲမအိပ်ချင်ဘူး"
သဲက သူမခါးလေးကိုဖက်ကာချွဲ့နွဲ့ပြီးပြောလာသည်။
"အင်း ဒါဆိုလဲလာအိပ်လေ"
"အား မကတစ်ကယ်ချစ်ဖို့ကောင်းတယ်"
သဲပျော်သွားတာမြင်တော့ သူမလဲပျော်မိသည်။ဒီလိုနှင့် ညအိပ်တဲ့အချိန်မှာ သဲကသူမအနားတိုးကပ်လာသည်။
သဲကိုကျောပေးအိပ်နေတဲ့ မကိုနောက်ကျောလေးကနေသိုင်းဖက်ထားလိုက်သည်။
"သဲ"
"ချစ်လား မ"
"ချစ်တာပေါ့ သဲရယ်"
"သဲလဲချစ်တယ် မကအရမ်းချစ်ဖို့ကောင်းတယ်"
ချစ်တယ်ပြောပြီး သဲရဲ့လက်ကသူမအင်္ကျီအောက်ဝင်လာကာ သူမbreastကိုလာပြီးထိတွေ့လေသည်။ညအိပ်ရင်braမဝတ်ပဲအိပ်တတ်တဲ့အကျင့်ရှိတာမို့ သဲရဲ့လက်ကသူမbreastကိုတိုက်ရိုက်လာပြီးထိတွေ့အခါ နန်းကိုယ်လေးတွန့်ခနဲဖြစ်သွားသည်။
"သဲ..."
"ဒီတစ်ခါတည်းပါ သဲကိုမတားနဲ့နော်မ"
" "မ"ကနူးညံ့နေတာပဲ ကောင်းလိုက်တာ"
သဲသူမကိုနောက်ကနေသိမ်းကျုံးဖက်ထားပြီး လက်တွေကသူမbreastကိုစိတ်တိုင်းကျထိတွေ့နေသည်။
သဲကိုတားသင့်လား မတားသင့်လားတွေဝေနေစဉ်မှာပဲသူမnippleကို သဲလက်ဖျားလေးနဲ့လာပြီးထိတွေ့အခါ နန်းကိုယ်လေးတွန့်ခနဲဖြစ်ရပြန်သည်။ဒီကလေးစုတ် ဘယ်ကအတတ်ကောင်းတွေတတ်လာပါလိမ့်။
သဲမရဲ့breastကိုထိတွေ့နေရင်းက ဒီထက်ပိုပြီးလိုချင်လာသည်။ထို့ကြောင့်မကိုယ်လေးကို ဆွဲလှည့်လိုက်ပြီး  မအပေါ်အုပ်မိုးကာ မရဲ့နှုတ်ခမ်းလေးကိုနမ်းလိုက်သည်။လက်တွေကို မရဲ့ရင်ဘတ်ပေါ်အလုပ်ပေးထားမိသည်။
"သဲ..."
မရဲ့ခေါ်သံလေးက မောဟိုက်နေသလိုပင်။
"သဲ အဆင့်မကျော်နဲ့နော်"
"မရဘူးလား မ၊သဲကိုဒီထက်ပိုပြီးအခွင့်အရေးနည်းနည်းပိုပေးလို့မရဘူးလား သဲမြင်ဖူးချင်တယ်"
"ဟင်"
မရဲ့မျက်နှာလေး ရှက်သွေးဖြာသွားလေသည်။
"မ ... "
"မရဘူး"
"သဲ မကိုတန်ဖိုးထားရင်ဒီလိုစကားမပြောသင့်ဘူး၊သဲကမကိုတစ်ကယ်ရောချစ်ရဲ့လား၊သဲက မကိုချစ်တာလား မရဲ့ခန္ဓာကိုယ်ကိုတပ်မက်တာလား"
သဲမျက်နှာချက်ချင်းညိုးကျသွားသည်။
ဒီလိုကျပြန်တော့လည်း သူမစိတ်ထဲသဲလေးငြိုငြင်သွားမှာကို စိတ်ပူလာပြန်သည်။စံနှင့်တုန်းကလဲ နန်းဘက်ကအဲ့လိုတွေစည်းတားပြီး ချုပ်ချယ်ခဲ့မိတာကြောင့် စံကတစ်ခြားမိန်းကလေးနဲ့ဖြစ်သွားခဲ့တာဖြစ်သည်။အဲ့တုန်းက နန်းအတော်လေးခံစားခဲ့ရသည်။အခုသဲလေးကရော စံ့လိုဖြစ်သွားခဲ့ရင် သူမဘယ်လိုမှခံစားနိုင်မှာမဟုတ်ပေ။ဒီလိုနဲ့သဲလေးကိုထပ်ပြီးဆုံးရှုံးလိုက်ရမှာကို နန်းကြောက်မိသည်။
"သဲ မကိုစိတ်ဆိုးသွားတာလား"
"မဆိုးပါဘူး အဲ့ဒါသဲဘက်ကမှားတာပါ၊သဲမကိုဒီလောက်ချစ်တာ စိတ်ဆိုးစရာလား"
သဲကတစ်ကယ် သူမကိုမငြိုငြင်ဘူးလား။
"သဲ ကြည့်မယ်ဆိုလဲ"မ" မတားတော့ပါဘူး"
နန်းမျက်နှာပူစွာဆိုလိုက်သည်။
"ဟင်"
သဲ အံ့ဩမယုံနိုင်ဖြစ်ပြီး မမျက်နှာကိုသေချာကြည့်လိုက်တော့ မမျက်နှာကြီးကရှက်စိတ်ကြောင့်နီရဲလို့နေသည်။မဒီလောက်အရှက်ကြီးတာ သဲကိုအခုလိုခွင့်ပြုပေးဖို့ဆိုတာ မအတွက်လွယ်ကူမှာမဟုတ်ပေ။
"တော်ပါပြီ မကြည့်တော့ပါဘူး၊ကြည့်ပြီးရင်လဲသဲက စိတ်ထိန်းနိုင်မှာမဟုတ်ဘူး အဲ့ဒီအခါ"မ"ပဲနစ်နာရလိမ့်မယ်"
"ဒါ...ဒါဆိုလဲအိပ်ကြစို့လေ"
"ဟုတ် မကိုဖက်ပြီးအိပ်မှာ"
အရပ်ကြီးကလန်ကလားနဲ့သဲကသူမရင်ခွင်ထဲတိုးဝင်လာတော့ နန်းပြုံးမိပြီးသဲကိုအလိုက်သင့်လေးပြန်ဖက်ပေးလိုက်ပြီး တစ်ညတာမှေးစက်အနားယူလိုက်တော့သည်။
4/11/2021
__________________________________________________
Zawgyi
"သဲ အရမ်းပျော်နေတာလား"
"ဟုတ်တယ် မ"
"သဲ ရောက်ပြီ "
"အင်း သဲလေးသဘော"
"အာ သဲဘာလုပ်တာလဲ ကျမယ်"
"သဲကအဲ့လိုနော်"
"မ"
"မ...မ...ဘာဖြစ်သွားသေးလဲ"
"ရတယ်...ဘာမှမဖြစ်ဘူး"
"သဲလေး"
"ဟာ...မ"
"သိနေတယ်နော် အဟမ်း"
"မ အဝတ်စားမလဲဘူးလား"
"ရပြီ သဲ"
"ဟုတ်"
"ဟုတ်ကဲ့ ဖေဖေနဲ့မေမေ"
"ဟုတ်ကဲ့ပါ"
"အတူချိုးမယ် မ"
"မ"
"ဪ...သဲလေး"
"သဲ လုပ်ပေးမယ်"မ" "
"အင်း ဟုတ်ပြီသဲလေး"
"ဟုတ်"
"အင်း...သဲမကြည့်နဲ့နော်"
သဲရယ်လိုက်မိသည်။
"သဲကသဘောပြောတာပါ"
"အင်း ဒါဆိုလဲလာအိပ်လေ"
"သဲ"
"ချစ်လား မ"
"ချစ်တာပေါ့ သဲရယ်"
"သဲ..."
"သဲ..."
"ဟင်"
"မ ... "
"မရဘူး"
"ဟင်"
4/11/2021
__________________________________________________
Continue lendo
Você também vai gostar
33.4K 1.7K 15
စရိုက်မတူပဲ.. တစ်ယောက်နဲ့တစ်ယောက် ကြည့်မရအောင်မုန်းနေသော ကောင်မလေးနှစ်ဦးဟာ...နောက်ဆုံး...အဲ့ဒီ အမုန်းတွေက....
19.7K 1.3K 19
သံ​ယောဇဉ်​ကြိုး အချစ်​ကြိုး အမုန်းကြိုး ဒါ​တွေဟာမမြင်​ရတဲ့ကြိုး​တွေ မမြင်​ရမှ​တော့တိုင်းတာလို့ ဘယ်​ရပါ့မလဲ ဟုတ်​တယ်​​နော်
47.3K 2.3K 30
မာနရှင်သူဌေးသမီးနှင့်စပ်စပ်ကြဲအိမ်ဖော်မလေး
210K 9K 28
"ဆောင်း မမကိုချစ်တာမမရဲ့အတိတ်ကိုမဟုတ်ဘူး ဆောင်းကမမရဲ့ပစ္စုပ္ပန်ကိုချစ်တာ... ဆောင်း မမကိုမမြင်ဖူးခင်ကတည်းကချစ်ခဲ့တာ မြင်ဖူးပြီးတော့လည်းပိုချစ်တယ် မမအတ...