Jiaochen (MM Translation)

By do_aeri1485

101K 10.2K 226

Disclaimer: I do not own this story. I translated this story from English. So if there is something wrong, fe... More

Description (Uni/Zawgyi)
Chapter 1 (Uni/ Zawgyi)
Chapter 2 Part 1 (Uni/Zawgyi)
Chapter 2 Part 2 (Uni/Zawgyi)
Chapter 3 Part 1 (Uni/Zawgyi)
Chapter 3 Part 2 (Uni/Zawgyi)
Chapter 3 Part 3 (Uni/Zawgyi)
Chapter 4 Part 2 (Uni/Zawgyi)
Chapter 5 Part 1 (Uni/Zawgyi)
Chapter 5 Part 2 (Uni/Zawgyi)
Chapter 6 Part 1 (Uni/Zawgyi)
Chapter 6 Part 2 (Uni/Zawgyi)
Chapter 7 Part 1 (Uni/Zawgyi)
Chapter 7 Part 2 (Uni/Zawgyi)
Chapter 7 Part 3 (Uni/Zawgyi)
Chapter 8 Part 1 (Uni/Zawgyi)
Chapter 8 Part 2 (Uni/Zawgyi)
Chapter 9 Part 1 (Uni/Zawgyi)
Chapter 9 Part 2 (Uni/Zawgyi)
Chapter 10 Part 1 (Uni/Zawgyi)
Chapter 10 Part 2 (Uni/Zawgyi)
Chapter 11 Part 1 (Uni/Zawgyi)
Chapter 11 Part 2 (Uni/Zawgyi)
Chapter 12 Part 1 (Uni/Zawgyi)
Chapter 12 Part 2 (Uni/Zawgyi)
Chapter 13 part 1 (Uni/Zawgyi)
Chapter 13 Part 2 (Uni/Zawgyi)
Chapter 14 Part 1 (Uni/Zawgyi)
Chapter 14 Part 2 (Uni/Zawgyi)
Chapter 15 Part 1 (Uni/Zawgyi)
Chapter 15 Part 2 (Uni/Zawgyi)
Chapter 16 Part 1 (Uni/Zawgyi)
Chapter 16 Part 2 (Uni/Zawgyi)
Chapter 16 Part 3 (Uni/Zawgyi)
Chapter 17 Part 1 (Uni/Zawgyi)
Chapter 17 Part 2 (Uni/Zawgyi)
Chapter 18 Part 1 (Uni/Zawgyi)
Chapter 18 Part 2 (Uni/Zawgyi)
Chapter 18 Part 3 (Uni/Zawgyi)
Chapter 19 Part 1 (Uni/Zawgyi)
Chapter 19 Part 2 (Uni/Zawgyi)
Chapter 20 Part 1 (Uni/Zawgyi)
Chapter 20 Part 2 (Uni/Zawgyi)
Chapter 20 Part 3 (Uni/Zawgyi)
Chapter 21 Part 1 (Uni/Zawgyi)
Chapter 21 Part 2 (Uni/Zawgyi)
Chapter 22 Part 1 (Uni/Zawgyi)
Chapter 22 Part 2 (Uni/Zawgyi)
Chapter 23 Part 1 (Uni/Zawgyi)
Chapter 23 Part 2 (Uni/Zawgyi)
Chapter 23 Part 3 (Uni/Zawgyi)
Chapter 24 Part 1 (Uni/Zawgyi)
Chapter 24 Part 2 (Uni/Zawgyi)
Chapter 24 Part 3 (Uni/Zawgyi)
Chapter 25 Part 1 (Uni/Zawgyi)
Chapter 25 Part 2 (Uni/Zawgyi)
Chapter 25 Part 3 (Uni/Zawgyi)
Chapter 26 Part 1 (Uni/Zawgyi)
Chapter 26 Part 2 (Uni/Zawgyi)
Chapter 27 Part 1 (Uni/Zawgyi)
Chapter 27 Part 2 (Uni/ Zawgyi)
Chapter 28 Part 1 (Uni/Zawgyi)
Chapter 28 Part 2 (Uni/Zawgyi)
Chapter 29 Part 1 (Uni/Zawgyi)
Chapter 29 Part 2 (Uni/Zawgyi)
Chapter 29 Part 3 (Uni/Zawgyi)
Chapter 30 Part 1 (Uni/Zawgyi)
Chapter 30 Part 2 (Uni/Zawgyi)
Chapter 30 Part 3 (Uni/Zawgyi)
Not Update
Chapter 31 Part 1 (Uni/Zawgyi)
Chapter 31 Part 2 (Uni/Zawgyi)
Chapter 32 Part 1 (Uni/Zawgyi)
Chapter 32 Part 2 (Uni/Zawgyi)
Chapter 32 Part 3 (Uni/Zawgyi)
Chapter 32 Part 4 (Uni/Zawgyi)
Chapter 33 Part 1 (Uni/Zawgyi)
Chapter 33 Part 2 (Uni/Zawgyi)
Chapter 33 Part 3 (Uni/Zawgyi)
Chapter 33 Part 4 (Uni/Zawgyi)
Chapter 34 Part 1 (Uni/Zawgyi)
Chapter 34 Part 2 (Uni/Zawgyi)
Chapter 34 Part 3 (Uni/Zawgyi)
Chapter 34 Part 4 (Uni/Zawgyi)
Chapter 35 Part 1 (Uni/Zawgyi)
Chapter 35 Part 2 (Uni/Zawgyi)
Chapter 35 Part 3 (Uni/Zawgyi)
Chapter 35 Part 4 (Uni/Zawgyi)
Chapter 36 Part 1 (Uni/Zawgyi)
Chapter 36 Part 2 (Uni/Zawgyi)
Chapter 36 Part 3 (Uni/Zawgyi)
Chapter 36 Part 4 (Uni/Zawgyi)
Chapter 37 Part 1 (Uni/Zawgyi)
Chapter 37 Part 2 (Uni/Zawgyi)
Chapter 37 Part 3 (Uni/Zawgyi)
Chapter 38 Part 1 (Uni/Zawgyi)
Chapter 38 Part 2 (Uni/Zawgyi)
Chapter 38 part 3 (Uni/Zawgyi)
Chapter 39 Part 1 (Uni/Zawgyi)
Chapter 39 Part 2 (Uni/Zawgyi)
Chapter 40 Part 1 (Uni/Zawgyi)
Chapter 40 Part 2 (Uni/Zawgyi)
Chapter 40 Part 3 (Uni/Zawgyi)
Chapter 41 Part 1 (Uni/Zawgyi)
Chapter 41 Part 2 (Uni/Zawgyi)
Chapter 42 (Uni/Zawgyi)
Chapter 43 (Uni/Zawgyi)
Chapter 44 Part 1 (Uni/Zawgyi)
Chapter 44 Part 2 (Uni/Zawgyi)
Chapter 44 Part 3 (Uni/Zawgyi)
T/N

Chapter 4 Part 1 (Uni/Zawgyi)

991 92 0
By do_aeri1485

Unicode Font 

4. ထမင်းဖိုး (၁)

သူ့စကားလုံးများသည် တိုးနေပြီး သူတို့နှစ်ယောက်ကြားက အနေအထားမှာ သေးငယ်သွားသည်။

အမှန်အတိုင်းပြောရလျှင် Ji Qingyingသည် Fu Yanzhi သူမ အလိမ်ကို ရှာတွေ့သွားမည်ဟု မထင်ခဲ့မိပါ။

သူမ သူ့စကားကြောင့် အခက်တွေ့သွားရင်း သူ့ကို မော့ကြည့်လိုက်သည်။

ထိုယောက်ျား၏ ပယင်းရောင်မျက်လုံးများသည် ညဘက်တွင် နက်မှောင်နေဟန် ပေါ်နေသည်။ ထို့နောက် Ji Qingyingသည် ခေတ္တခဏ ရှက်သွားပြီး သူမ အတွေးများကို မြန်မြန် ပြန်စုလိုက်ကာ ပြောလိုက်သည်၊ "ဟုတ်တယ်လေ။"

သူမ မျက်နှာတွင် ရှက်နေမှုတို့ မရှိနေသည့်အလား သူမသည် ပြုံးလိုက်ပြီး မေးလိုက်သည်၊ "အရသာ ဘယ်လိုရှိလဲ"

Fu Yanzhiသည် ဘာမှ မပြောပေ။

သူသည် ငုံ့ကြည့်လိုက်ပြီး အိတ်ကို ကိုင်ထားသော သူမလက်ကို အကြည့်ရောက်သွားသည်။ စိတ်လှုပ်ရှားနေမှုကြောင့် သူမလက်အနောက်က သွေးပြန်ကြောကို အလွယ်တကူ တွေ့မြင်နိုင်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် အကြည့် ပြန်ရုတ်သိမ်းလိုက်သည်။

Ji Qingyingရင်သည် ဒရမ်တီးနေသကဲ့သို့ တဒိန်းဒိန်း မြည်နေသည်။

Fu Yanzhiဘာကို ဆိုလိုသည်ကို မသိလိုက်ရဘဲ ထိုယောကျာ်းသည် သူမ အရင်က သူ့အကြောင်း လေ့လာခဲ့သည်နှင့်တောင် မနီးစပ်နေပါ။

သူမသည် ချစ်သူရည်းစား တစ်ခါမှ မထားခဲ့ဖူးပေမဲ့ ဒီလိုကြည့်ကောင်းသော ယောကျာ်းများ ဘယ်လို ပုံစံရှိကြသည်ကို သူမ သူငယ်ချင်းများပြောသည်ကို ကြားဖူးသည်။

သို့ပေမဲ့ Fu Yanzhiကတော့ သူတို့ ပြောဖူးသောအကြောင်းများနဲ့ တစ်စက်ကလေးတောင် မတူနေပါ။

သူမသည် နှုတ်ခမ်းကိုက်လိုက်ပြီး ဒီအကြောင်းကို ဘယ်လို လိုက်ရှာရမလဲဆိုတာ စဥ်းစားခန်းဝင်နေသည်။

"Sanshiစားသောက်ဆိုင်က ဒီတစ်ဝိုက်မှာ အကောင်းဆုံးလို့ ကျွန်မ ကြားတယ်၊ မဟုတ်ဘူးလား"

Fu Yanzhiသည် ခဏဆိုင်းငံ့လိုက်ပြီး ပြောလိုက်သည်၊ "ဟုတ်တယ်။"

Ji Qingying၏ နှုတ်ခမ်းများ လှုပ်သွားပြီး သူ့ကို ကြည့်လိုက်သည်၊ "ဒါဆို~"

သူမ ဘာကိုမှ ဆက်မပြောရသေးခင် Fu Yanzhiဖုန်း မြည်လာသည်။

သူသည် ကိုင်ရန် တွန့်ဆုတ်မနေဘဲ ဆေးရုံဘက်သို့ ပြန်သွားရန် လှည့်လိုက်သည်။

"ဟယ်လို။"

"Fu Yanzhi စားပွဲပေါ်က ညစာက ငါ့အတွက်လား"

Xu Chengliသည် ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်၊ "အို ကျေးဇူးပဲ။"

Fu Yanzhi "..."

"ဒါနဲ့ မင်းတို့တွေ ဘယ်သွားကြတာလဲ"

Xu Chengliသည် လှည့်ကြည့်လိုက်ပြီး ထမင်းဘူးကို စဖွင့်လိုက်သည်၊ "ဒါ လူနှစ်ယောက်စာ မဟုတ်လား။ ငါ မစားလိုက်ခင် မင်း ပြန်လာတာကို စောင့်လိုက်ရမလား"

"...."

Fu Yanzhiသည် မျက်ခုံးများကို ပင့်တင်လိုက်ပြီး သူ့အကြည့်များသည် ဘေးက လူဆီ ရောက်သွားတော့သည်။

ဖုန်း၏ အသံလုံစနစ်သည် သိပ်မကောင်းနေပါ။ Ji Qingyingသည် သူ့ဘေးနား ရပ်နေသောကြောင့် Xu Chengliပြောသမျှ စကားလုံးတိုင်းကို သူမ ကြားနေရသည်။

သူ့မြင်ကွင်းမှာ သူမသည် နောက်ဆုံးစကားကို ကြားသောအခါ သူမ သူငယ်အိမ်မှ အလင်းသည် မှေးမှိန်သွားသလို ဖြစ်သွားပြီး ကွေးထားသော နှုတ်ခမ်းထောင့်များမှာ တဖြည်းဖြည်းနှင့် လျော့ကျလာသည်။

သူ့အမြင်တွင် သူမ နောက်က စာကြောင်းကို ကြားသောအခါ သူမ မျက်လုံးထဲတွင် အရောင်မှိန်သွားသွားဟန် ပေါက်နေပြီး သူမ နှုတ်ခမ်းက ကွေးထားသည်တို့ ယခုမှာတော့ တဖြည်းဖြည်းနှင့် အောက်ကျလာတော့သည်။

သူသည် ပြန်ပြောလိုက်သည်၊ "မင်းပဲ စားလိုက်တော့။ ငါ နောက်မှ ပြန်လာခဲ့မယ်။"

Xu Chengliသည် မျက်ခုံး မြှင့်တင်သွားသည်။ "ဘယ်လို။ ဒီအချိန်ကြီး မင်း ဘာလို့ လောနေရတာလဲ။ ဘာလဲ ရည်းစားနဲ့ သွားတွေ့မလို့လား"

"မဟုတ်ဘူး။"

Fu Yanzhiသည် သူ့ကို ဘာမှ ထပ်မပြောလိုက်ဘဲ ထည့်ပြောလိုက်သည်၊" အရေးပေါ်ကိစ္စရှိခဲ့ရင် ငါ့ဆီ ဖုန်းဆက်။" ပြီးနောက် သူ ဖုန်းချလိုက်သည်။

သူသည် ဖုန်းကို သိမ်းလိုက်ပြီး အသံတစ်စက်မှ မထွက်ဘဲ သူ့ဘေးနားတွင် ရပ်နေသော လူပုဂ္ဂိုလ်လေးကို ကြည့်လိုက်သည်၊ "သွားကြစို့။"

Ji Qingyingသည် ကြက်သေသေသွားပြီး သူ့ကို တုန်လှုပ်စွာ ကြည့်လိုက်သည်၊ "ဘာ"

Fu Yanzhiသည် တိုးတိုးလေး ပြောလိုက်သည်၊ "ထမင်းစားဖို့။"

ထိုယော်ကျာ်း ခြေထောက် ကြွကာ တစ်ဖက်လမ်းကို လျှောက်သွားမှ Ji Qingyingသည် အသိပြန်ဝင်လာသည်။

Fu Yanzhiက သူမနဲ့ အတူ ညစာ စားဖို့ လက်ခံလိုက်တယ်ပေါ့လေ။

ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ။ ဘာလို့ဆို သူမ ပို့လိုက်တဲ့ ညစာကို အခြားသူက စားလိုက်တဲ့ဟာ။

သို့ပေမဲ့ ထိုမှာ ကိစ္စမရှိပါ။ Ji Qingyingသည် သူမ ပို့လိုက်တဲ့ ထမင်းဘူးကို သူ စားလိုက်တာထက် သူမနဲ့အတူ တစ်စုံတစ်ခုကို တူတူစားတာကို ပိုလိုချင်သည်။

ထိုစကားလုံး 'တူတူ'... ပြောရတာ ကောင်းလိုက်တာ။

-

ဆေးရုံအနီးအနားတွင် စားသောက်ဆိုင် အမြောက်အများ ရှိသည်။

သို့သော် နောက်ကျနေပြီး ဖြစ်သောကြောင့် ထိုအချိန်တွင် ဆိုင်များ အားလုံးနီးပါး ပိတ်ကုန်နေပြီးဖြစ်သည်။

Ji Qingyingသည် Fu Yanzhiနောက် လိုက်နေလိုက်ပြီး ဘေးတစ်ဖက်တစ်ချက်မှ စားသောက်ဆိုင်အသေးများကို လှမ်းကြည့်လိုက်သည်။

ထိုစားသောက်ဆိုင်အသေးသည် လူများ တိုးဝှေ့ကာ ပြည့်နှက်နေပြီး ပျော်ရွှင်စွာ စကားပြောဆိုနေကြသောကြောင့် ဆိုင်ထဲက အခြေအနေသည် စည်ကားလှပြီး သက်ဝင်လှုပ်ရှားနေသည့်ပုံ အများကြီး ပေါက်နေသည်။

Ji Qingyingသည် ခြေလှမ်းများကို ရပ်တန့်သွားပြီး ရပ်နားလိုက်သည်။

သူမ နောက်က အမှီ မလိုက်သည်ကို သတိပြုမိသွားပြီး Fu Yanzhiသည် နောက် ပြန် လှည့်ကြည့်လိုက်သည်။

သူ လှည့်ကြည့်လိုက်သည်နှင့် သူသည် Ji Qingyingရဲ့ ဝင်းလက်တောက်ပနေသော အကြည့်များကို တွေ့ဆုံသွားသည်။

"ဒေါက်တာFu ဒီဆိုင်လေးက ကောင်းမဲ့ပုံပဲ။ ကျွန်မတို့ ဒီမှာပဲ စားကြမလား"

Fu Yanzhiသည် လမ်းကနေ ဆိုင်အတွင်းပိုင်းကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြတ်သားအေးစက်သော လေသံဖြင့် ပြောလိုက်သည်၊ "မင်း သေချာရဲ့လား"

သူ့မျက်နှာတွင် မနှစ်သက်မှု သို့မဟုတ် မကျေနပ်မှုတို့ မရှိနေဘဲ စားသောက်ဆိုင်ထဲက အခြေအနေကြောင့် ငြင်းဆန်နေသည့်ပုံလည်း မပေါ်နေပါ။

"အင်း။"

Ji Qingyingသည် သူမ နှုတ်ခမ်းတို့ကို ကွေးထားကာ သူမသည် သူ့ကို ရွှန်းရွှန်းဝေသော မျက်လုံးဖြင့် ကြည့်လိုက်သည်၊ "ဘယ်လိုလဲ"

Fu Yanzhiသည် သူမ မျက်လုံးကို ကြည့်လိုက်ပြီး အထဲသို့ တည့်တည့် လျှောက်ဝင်လိုက်သည်။

စားသောက်ဆိုင်သည် အတော်လေးကို သေးငယ်သည်။ Ji Qingyingသည် ၇ဝိုင်း ၈ဝိုင်းကိုသာ တွေ့ရပေမဲ့ စားသုံးသူ ၁၀ယောက်မှ အယောက်၂၀အထိ ရှိနေသည်။ ထို့အပြင် ဆိုင်ရှင်နှင့် စားပွဲထိုးတို့ လှည့်ပတ် သွားနေကြသောကြောင့် လမ်းမှာတောင် လူများ ထူထပ်နေသလို ဖြစ်နေသည်။

သူတို့နှစ်ဦး ဝင်သွားကြသောအခါ တံခါးနားက စားပွဲထိုးသည် သူတို့ကို ကြည့်ပြီး အံ့သြသွားသည်၊ "မင်းတို့နှစ်ယောက် ဘာစားကြမှာလဲ"

Fu Yanzhiသည် သူမကို ဘေးစောင်း ကြည့်လိုက်သည်။

Ji Qingyingသည် ထိုအကြည့်ကို နားလည်သွားပြီး နံရံပေါ်က မီနူးကို မော့ကြည့်လိုက်ကာ အမြန် မှာလိုက်သည်၊ "ကျွန်မ နံရိုးဆန်ပြုတ် ယူမယ်။"

"ဟုတ်ကဲ့ အခြား ထပ်မှာဦးမှာလားခင်ဗျ"

Ji Qingyingသည် ခေါင်းခါလိုက်ပြီး Fu Yanzhiဘက် လှည့်လိုက်သည်။

"ရှင် ဘာစားချင်လဲ"

သူတို့ အစားအသောက်များကို မှာလိုက်ပြီးနောက် စားပွဲထိုးသည် ဆိုင်တစ်လျှောက် ကြည့်လိုက်သည်၊ "ဟိုးနားမှာ ခုံနှစ်ခုံ ရှိသေးတယ် ခင်ဗျားတို့ အဆင်ပြေပါ့မလား"

Fu Yanzhiဘာမှ မပြောလိုက်ခင်မှာပဲ Ji Qingyingသည် ချက်ချင်း ပြန်ဖြေလိုက်သည်၊ "ကိစ္စ မရှိပါဘူး။"

"...."

သူမသည် လူနှစ်ယောက် ဘေးချင်းကပ် တူတူ စားရတာကို သေချာပေါက် ကိစ္စမရှိဘူးပေါ့။

သူတို့ လျှောက်လာလိုက်သောအခါ Ji Qingyingသည် ငယ်ရွယ်သော စုံတွဲတစ်တွဲ ရှိနေသည်ကို သတိထားမိသွားသည်။

ချစ်ခြင်းအပြည့်နှင့်အတူ လူနှစ်ဦး ဘေးချင်းကပ်လျက်ထိုင်ရသော လူလေးဦးအတွက် စားပွဲဖြစ်သည်။

အရင်တုန်းကဆိုလျှင် Ji Qingyingသည် အခြားသူများ အထူးသဖြင့် သူမ မသိသော သူများနှင့် စားပွဲတစ်ခုတည်း ထိုင်ရသည်ကို မကြိုက်ပါ။

သူမသည် သူမအပေါ် ကျရောက်လာမဲ့ အာရုံစိုက်မှုကို မကြိုက်ပါ။ လူအများစုသည် cheongsamဝတ်ဆင်ထားသည်ကို အတော်လေး ထူးခြားသည်ဟု ထင်နေမှုကြောင့်လည်း ပါသည်။

အချိန်ကြာလာသည်နှင့်အမျှ သူမ နေသားကျလာလေသည်။

သို့ပေမဲ့ အကျင့်များသည် အကျင့်များသာ ဖြစ်ပြီး နီးစပ်စွာ စောင့်ကြည့်ခံရခြင်းနှင့် အစူးစမ်းခံရခြင်းက သူမအတွက် နေရခက်နေတုန်းပင် ဖြစ်သည်။

ဒီနေ့တွင် သူမသည် အဖြူရောင်ပိတ်စပေါ်တွင် အပြာရောင်ပန်းများရှိသော cheongsamကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံမှာ သူမပုံစံကို တစ်မူထူးစေသော အပြာရောင်နှင့် အဖြူရောင်ကြွေဒီဇိုင်းတို့ဖြင့် ပုံဖော်ထားခြင်းဖြစ်သည်။

သို့သော် ရှည်ကာ ကောက်ထားသော ဆံပင်ကြောင့် ယနေ့ခေတ်နှင့် လွန်စွာ လိုက်ဖက်ညီသလိုလို ဖြစ်နေသည်။

သူမကိုယ်တိုင်က လှပနေပြီး ထိုဝတ်စုံနှင့် စားသောက်ဆိုင်ထဲတွင် ထိုင်လိုက်မှုကြောင့် သူမသည် ပတ်ဝန်းကျင်မှ ခွဲထွက်နေသည်။

မျက်နှာချင်းဆိုင်မှ အတွဲသည် သူတို့နှစ်ယောက်ကို စောင့်ကြည့်လိုက်ပြီး နက်ရှိုင်းသော အကြည့်တစ်ခု ပေးလိုက်ပြီးနောက် သူတို့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ကြတော့သည်။ ထိုအကြည့်တွင် သိချင်စိတ်နှင့် အံ့သြမှုတို့ ပေါင်းစပ်နေကာ ဟန်မဆောင်နေသော ချောင်းကြည့်မှုတို့ ပါဝင်နေသည်။

Ji Qingyingသည် သူမ ဆံပင်ကို သိမ်းလိုက်ပြီး ခေါင်းငုံ့လိုက်ကာ သူမ နားရွက်တို့ ပေါ်လာခဲ့သည်၊ သူမသည် နေရခက်စွာ နေရာကို ရွေ့လိုက်ပြီး သူမ ပေါင်သည် သူမ ဘေးကလူကို မတော်တဆ တိုက်မိသွားသည်။

ထိုယောကျာ်းသည် နောက်ကျောကို ဖြောင့်တန်းထားပြီး ထိုင်နေသည်။

Fu Yanzhiသည် အမြင်အားဖြင့် ပိန်သော လူဖြစ်ပေမဲ့ သူ့တွင် ကြွက်သားများနှင့် ကောင်းစွာ လေ့ကျင့်ထားသော ခန္ဓာကိုယ်ရှိနေသည်ကို ပြောနိုင်သည်။

ဒီဇိုင်းနာများသည် အဝတ်အစားကနေတစ်ဆင့် သူတို့ပုံပန်းကို မြင်တွေ့နိုင်ခြင်းကြောင့် သိကြသဖြင့် သူမလည်း သိမြင်နိုင်သည်။

ထိုတိုတောင်းသော အချိန်ခဏလေးနှင့် သူ သေချာပေါက် လေ့ကျင့်ခန်းအများကြီး လုပ်ထားသည်ကို သိနိုင်ရလောက်အောင် ထိုယောကျာ်း၏ ခြေထောက်ကြွက်သားများသည် တောင့်တင်းခိုင်မာနေသည်။

သူတို့ခြေထောက်တို့ အတူတကွ တင်းတင်းကျပ်ကျပ် ဖိထားသောကြောင့် Ji Qingyingသည် သူ့အဝတ်အစားကနေတစ်ဆင့် သူ့ခန္ဓာကိုယ်၏ အပူချိန်ကို ခံစားရသည်။

သူမသည် တောင့်သွားပြီး သူမနားရွက်တို့ အနီရောင် သန်းလာတော့သည်။

သူမသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး သူမ ဘေးနားတွင် ထားသော ရေကို သောက်ရန် မျက်စိ အောက်ချလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းမှာ မတော်တဆ ဖြစ်သွားတောကြောင့် Ji Qingyingသည် တမင်သက်သက် မရွေ့လိုက်ပါ။

သူမ နေသားမကျနေပေမဲ့ အဆင်ပြေသည်ဟု ထင်နေရသည်။

သူမမျက်လုံးတို့ တဖျက်ဖျက် ခတ်လိုက်ပြီး စိတ်ရှုပ်ထွေးနေကာ အနည်းငယ် အပြစ်ရှိနေသလို ခံစားနေရသည်။

Fu Yanzhiသည် သူ့ အနားက လူ၏ သေးငယ်သော လှုပ်ရှားမှုတို့ကို သတိမထားမိတာတော့ မဟုတ်နေပါ။

သူသည် ပခုံးကျော်ကြည့်လိုက်ပြီး သူ့မျက်စိထဲ ဖမ်းစားသွားသည်မှာ သူမ၏ အနုစိတ်လှသော မျက်နှာဘက်ခြမ်း ဖြစ်သည်။

Ji Qingying၏ မျက်နှာပေါက်မှာ လှပစွာ ထုဆစ်ထားသလို ဖြစ်ကာ သူမသည် ချစ်စရာလည်း ကောင်းသလို နူးညံ့သိမ်မွေ့သည့်ပုံလည်း ပေါ်နေသည်။ သူမ မျက်လုံးတို့သည် အရမ်းလည်း မကြီးသလို သေးလည်း မသေးနေပါ။ ထို့အပြင် သူမ အောက်စိုက်ကြည့်သောအချိန်တွင် သူမ မျက်တောင်တို့သည် ရှုချင်စဖွယ် ကော့လန်နေသည်။

တစ်စုံတစ်ဦး တံခါးကို တွန်းဖွင့်လိုက်သောအခါ အပြင်ဘက်မှ ညလေများသည် အထဲသို့ ဝင်လာခဲ့ပြီး သူတို့အနားမှ လူတို့၏ သင်းရနံ့တို့ သူတို့နှာခေါင်းထဲကို ဝင်သွားကြတော့သည်။

Fu Yanzhiသည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မလှုပ်ရှားတော့ပေ။

၅.၁၁.၂၀၂၁


Zawgyi Font

4. ထမင္းဖိုး (၁)

သူ႔စကားလုံးမ်ားသည္ တိုးေနၿပီး သူတို႔ႏွစ္ေယာက္ၾကားက အေနအထားမွာ ေသးငယ္သြားသည္။

အမွန္အတိုင္းေျပာရလွ်င္ Ji Qingyingသည္ Fu Yanzhi သူမ အလိမ္ကို ရွာေတြ႕သြားမည္ဟု မထင္ခဲ့မိပါ။

သူမ သူ႔စကားေၾကာင့္ အခက္ေတြ႕သြားရင္း သူ႔ကို ေမာ့ၾကည့္လိုက္သည္။

ထိုေယာက္်ား၏ ပယင္းေရာင္မ်က္လုံးမ်ားသည္ ညဘက္တြင္ နက္ေမွာင္ေနဟန္ ေပၚေနသည္။ ထို႔ေနာက္ Ji Qingyingသည္ ေခတၱခဏ ရွက္သြားၿပီး သူမ အေတြးမ်ားကို ျမန္ျမန္ ျပန္စုလိုက္ကာ ေျပာလိုက္သည္၊ "ဟုတ္တယ္ေလ။"

သူမ မ်က္ႏွာတြင္ ရွက္ေနမႈတို႔ မရွိေနသည့္အလား သူမသည္ ၿပဳံးလိုက္ၿပီး ေမးလိုက္သည္၊ "အရသာ ဘယ္လိုရွိလဲ"

Fu Yanzhiသည္ ဘာမွ မေျပာေပ။

သူသည္ ငုံ႔ၾကည့္လိုက္ၿပီး အိတ္ကို ကိုင္ထားေသာ သူမလက္ကို အၾကည့္ေရာက္သြားသည္။ စိတ္လႈပ္ရွားေနမႈေၾကာင့္ သူမလက္အေနာက္က ေသြးျပန္ေၾကာကို အလြယ္တကူ ေတြ႕ျမင္ႏိုင္သည္။

စကၠန္႔အနည္းငယ္ ၾကာၿပီးေနာက္ သူသည္ အၾကည့္ ျပန္႐ုတ္သိမ္းလိုက္သည္။

Ji Qingyingရင္သည္ ဒရမ္တီးေနသကဲ့သို႔ တဒိန္းဒိန္း ျမည္ေနသည္။

Fu Yanzhiဘာကို ဆိုလိုသည္ကို မသိလိုက္ရဘဲ ထိုေယာက်ာ္းသည္ သူမ အရင္က သူ႔အေၾကာင္း ေလ့လာခဲ့သည္ႏွင့္ေတာင္ မနီးစပ္ေနပါ။

သူမသည္ ခ်စ္သူရည္းစား တစ္ခါမွ မထားခဲ့ဖူးေပမဲ့ ဒီလိုၾကည့္ေကာင္းေသာ ေယာက်ာ္းမ်ား ဘယ္လို ပုံစံရွိၾကသည္ကို သူမ သူငယ္ခ်င္းမ်ားေျပာသည္ကို ၾကားဖူးသည္။

သို႔ေပမဲ့ Fu Yanzhiကေတာ့ သူတို႔ ေျပာဖူးေသာအေၾကာင္းမ်ားနဲ႔ တစ္စက္ကေလးေတာင္ မတူေနပါ။

သူမသည္ ႏႈတ္ခမ္းကိုက္လိုက္ၿပီး ဒီအေၾကာင္းကို ဘယ္လို လိုက္ရွာရမလဲဆိုတာ စဥ္းစားခန္းဝင္ေနသည္။

"Sanshiစားေသာက္ဆိုင္က ဒီတစ္ဝိုက္မွာ အေကာင္းဆုံးလို႔ ကြၽန္မ ၾကားတယ္၊ မဟုတ္ဘူးလား"

Fu Yanzhiသည္ ခဏဆိုင္းငံ့လိုက္ၿပီး ေျပာလိုက္သည္၊ "ဟုတ္တယ္။"

Ji Qingying၏ ႏႈတ္ခမ္းမ်ား လႈပ္သြားၿပီး သူ႔ကို ၾကည့္လိုက္သည္၊ "ဒါဆို~"

သူမ ဘာကိုမွ ဆက္မေျပာရေသးခင္ Fu Yanzhiဖုန္း ျမည္လာသည္။

သူသည္ ကိုင္ရန္ တြန္႔ဆုတ္မေနဘဲ ေဆး႐ုံဘက္သို႔ ျပန္သြားရန္ လွည့္လိုက္သည္။

"ဟယ္လို။"

"Fu Yanzhi စားပြဲေပၚက ညစာက ငါ့အတြက္လား"

Xu Chengliသည္ ေပါ့ေပါ့ပါးပါး ရယ္လိုက္သည္၊ "အို ေက်းဇူးပဲ။"

Fu Yanzhi "..."

"ဒါနဲ႔ မင္းတို႔ေတြ ဘယ္သြားၾကတာလဲ"

Xu Chengliသည္ လွည့္ၾကည့္လိုက္ၿပီး ထမင္းဘူးကို စဖြင့္လိုက္သည္၊ "ဒါ လူႏွစ္ေယာက္စာ မဟုတ္လား။ ငါ မစားလိုက္ခင္ မင္း ျပန္လာတာကို ေစာင့္လိုက္ရမလား"

"...."

Fu Yanzhiသည္ မ်က္ခုံးမ်ားကို ပင့္တင္လိုက္ၿပီး သူ႔အၾကည့္မ်ားသည္ ေဘးက လူဆီ ေရာက္သြားေတာ့သည္။

ဖုန္း၏ အသံလုံစနစ္သည္ သိပ္မေကာင္းေနပါ။ Ji Qingyingသည္ သူ႔ေဘးနား ရပ္ေနေသာေၾကာင့္ Xu Chengliေျပာသမွ် စကားလုံးတိုင္းကို သူမ ၾကားေနရသည္။

သူ႔ျမင္ကြင္းမွာ သူမသည္ ေနာက္ဆုံးစကားကို ၾကားေသာအခါ သူမ သူငယ္အိမ္မွ အလင္းသည္ ေမွးမွိန္သြားသလို ျဖစ္သြားၿပီး ေကြးထားေသာ ႏႈတ္ခမ္းေထာင့္မ်ားမွာ တျဖည္းျဖည္းႏွင့္ ေလ်ာ့က်လာသည္။

သူ႔အျမင္တြင္ သူမ ေနာက္က စာေၾကာင္းကို ၾကားေသာအခါ သူမ မ်က္လုံးထဲတြင္ အေရာင္မွိန္သြားသြားဟန္ ေပါက္ေနၿပီး သူမ ႏႈတ္ခမ္းက ေကြးထားသည္တို႔ ယခုမွာေတာ့ တျဖည္းျဖည္းႏွင့္ ေအာက္က်လာေတာ့သည္။

သူသည္ ျပန္ေျပာလိုက္သည္၊ "မင္းပဲ စားလိုက္ေတာ့။ ငါ ေနာက္မွ ျပန္လာခဲ့မယ္။"

Xu Chengliသည္ မ်က္ခုံး ျမႇင့္တင္သြားသည္။ "ဘယ္လို။ ဒီအခ်ိန္ႀကီး မင္း ဘာလို႔ ေလာေနရတာလဲ။ ဘာလဲ ရည္းစားနဲ႔ သြားေတြ႕မလို႔လား"

"မဟုတ္ဘူး။"

Fu Yanzhiသည္ သူ႔ကို ဘာမွ ထပ္မေျပာလိုက္ဘဲ ထည့္ေျပာလိုက္သည္၊" အေရးေပၚကိစၥရွိခဲ့ရင္ ငါ့ဆီ ဖုန္းဆက္။" ၿပီးေနာက္ သူ ဖုန္းခ်လိုက္သည္။

သူသည္ ဖုန္းကို သိမ္းလိုက္ၿပီး အသံတစ္စက္မွ မထြက္ဘဲ သူ႔ေဘးနားတြင္ ရပ္ေနေသာ လူပုဂၢိဳလ္ေလးကို ၾကည့္လိုက္သည္၊ "သြားၾကစို႔။"

Ji Qingyingသည္ ၾကက္ေသေသသြားၿပီး သူ႔ကို တုန္လႈပ္စြာ ၾကည့္လိုက္သည္၊ "ဘာ"

Fu Yanzhiသည္ တိုးတိုးေလး ေျပာလိုက္သည္၊ "ထမင္းစားဖို႔။"

ထိုေယာ္က်ာ္း ေျခေထာက္ ႂကြကာ တစ္ဖက္လမ္းကို ေလွ်ာက္သြားမွ Ji Qingyingသည္ အသိျပန္ဝင္လာသည္။

Fu Yanzhiက သူမနဲ႔ အတူ ညစာ စားဖို႔ လက္ခံလိုက္တယ္ေပါ့ေလ။

ျဖစ္ေကာင္းျဖစ္ႏိုင္တာပဲေလ။ ဘာလို႔ဆို သူမ ပို႔လိုက္တဲ့ ညစာကို အျခားသူက စားလိုက္တဲ့ဟာ။

သို႔ေပမဲ့ ထိုမွာ ကိစၥမရွိပါ။ Ji Qingyingသည္ သူမ ပို႔လိုက္တဲ့ ထမင္းဘူးကို သူ စားလိုက္တာထက္ သူမနဲ႔အတူ တစ္စုံတစ္ခုကို တူတူစားတာကို ပိုလိုခ်င္သည္။

ထိုစကားလုံး 'တူတူ'... ေျပာရတာ ေကာင္းလိုက္တာ။

-

ေဆး႐ုံအနီးအနားတြင္ စားေသာက္ဆိုင္ အေျမာက္အမ်ား ရွိသည္။

သို႔ေသာ္ ေနာက္က်ေနၿပီး ျဖစ္ေသာေၾကာင့္ ထိုအခ်ိန္တြင္ ဆိုင္မ်ား အားလုံးနီးပါး ပိတ္ကုန္ေနၿပီးျဖစ္သည္။

Ji Qingyingသည္ Fu Yanzhiေနာက္ လိုက္ေနလိုက္ၿပီး ေဘးတစ္ဖက္တစ္ခ်က္မွ စားေသာက္ဆိုင္အေသးမ်ားကို လွမ္းၾကည့္လိုက္သည္။

ထိုစားေသာက္ဆိုင္အေသးသည္ လူမ်ား တိုးေဝွ႔ကာ ျပည့္ႏွက္ေနၿပီး ေပ်ာ္႐ႊင္စြာ စကားေျပာဆိုေနၾကေသာေၾကာင့္ ဆိုင္ထဲက အေျခအေနသည္ စည္ကားလွၿပီး သက္ဝင္လႈပ္ရွားေနသည့္ပုံ အမ်ားႀကီး ေပါက္ေနသည္။

Ji Qingyingသည္ ေျခလွမ္းမ်ားကို ရပ္တန္႔သြားၿပီး ရပ္နားလိုက္သည္။

သူမ ေနာက္က အမွီ မလိုက္သည္ကို သတိျပဳမိသြားၿပီး Fu Yanzhiသည္ ေနာက္ ျပန္ လွည့္ၾကည့္လိုက္သည္။

သူ လွည့္ၾကည့္လိုက္သည္ႏွင့္ သူသည္ Ji Qingyingရဲ႕ ဝင္းလက္ေတာက္ပေနေသာ အၾကည့္မ်ားကို ေတြ႕ဆုံသြားသည္။

"ေဒါက္တာFu ဒီဆိုင္ေလးက ေကာင္းမဲ့ပုံပဲ။ ကြၽန္မတို႔ ဒီမွာပဲ စားၾကမလား"

Fu Yanzhiသည္ လမ္းကေန ဆိုင္အတြင္းပိုင္းကို တစ္ခ်က္ လွမ္းၾကည့္လိုက္ၿပီး ျပတ္သားေအးစက္ေသာ ေလသံျဖင့္ ေျပာလိုက္သည္၊ "မင္း ေသခ်ာရဲ႕လား"

သူ႔မ်က္ႏွာတြင္ မႏွစ္သက္မႈ သို႔မဟုတ္ မေက်နပ္မႈတို႔ မရွိေနဘဲ စားေသာက္ဆိုင္ထဲက အေျခအေနေၾကာင့္ ျငင္းဆန္ေနသည့္ပုံလည္း မေပၚေနပါ။

"အင္း။"

Ji Qingyingသည္ သူမ ႏႈတ္ခမ္းတို႔ကို ေကြးထားကာ သူမသည္ သူ႔ကို ႐ႊန္း႐ႊန္းေဝေသာ မ်က္လုံးျဖင့္ ၾကည့္လိုက္သည္၊ "ဘယ္လိုလဲ"

Fu Yanzhiသည္ သူမ မ်က္လုံးကို ၾကည့္လိုက္ၿပီး အထဲသို႔ တည့္တည့္ ေလွ်ာက္ဝင္လိုက္သည္။

စားေသာက္ဆိုင္သည္ အေတာ္ေလးကို ေသးငယ္သည္။ Ji Qingyingသည္ ၇ဝိုင္း ၈ဝိုင္းကိုသာ ေတြ႕ရေပမဲ့ စားသုံးသူ ၁၀ေယာက္မွ အေယာက္၂၀အထိ ရွိေနသည္။ ထို႔အျပင္ ဆိုင္ရွင္ႏွင့္ စားပြဲထိုးတို႔ လွည့္ပတ္ သြားေနၾကေသာေၾကာင့္ လမ္းမွာေတာင္ လူမ်ား ထူထပ္ေနသလို ျဖစ္ေနသည္။

သူတို႔ႏွစ္ဦး ဝင္သြားၾကေသာအခါ တံခါးနားက စားပြဲထိုးသည္ သူတို႔ကို ၾကည့္ၿပီး အံ့ၾသသြားသည္၊ "မင္းတို႔ႏွစ္ေယာက္ ဘာစားၾကမွာလဲ"

Fu Yanzhiသည္ သူမကို ေဘးေစာင္း ၾကည့္လိုက္သည္။

Ji Qingyingသည္ ထိုအၾကည့္ကို နားလည္သြားၿပီး နံရံေပၚက မီႏူးကို ေမာ့ၾကည့္လိုက္ကာ အျမန္ မွာလိုက္သည္၊ "ကြၽန္မ နံ႐ိုးဆန္ျပဳတ္ ယူမယ္။"

"ဟုတ္ကဲ့ အျခား ထပ္မွာဦးမွာလားခင္ဗ်"

Ji Qingyingသည္ ေခါင္းခါလိုက္ၿပီး Fu Yanzhiဘက္ လွည့္လိုက္သည္။

"ရွင္ ဘာစားခ်င္လဲ"

သူတို႔ အစားအေသာက္မ်ားကို မွာလိုက္ၿပီးေနာက္ စားပြဲထိုးသည္ ဆိုင္တစ္ေလွ်ာက္ ၾကည့္လိုက္သည္၊ "ဟိုးနားမွာ ခုံႏွစ္ခုံ ရွိေသးတယ္ ခင္ဗ်ားတို႔ အဆင္ေျပပါ့မလား"

Fu Yanzhiဘာမွ မေျပာလိုက္ခင္မွာပဲ Ji Qingyingသည္ ခ်က္ခ်င္း ျပန္ေျဖလိုက္သည္၊ "ကိစၥ မရွိပါဘူး။"

"...."

သူမသည္ လူႏွစ္ေယာက္ ေဘးခ်င္းကပ္ တူတူ စားရတာကို ေသခ်ာေပါက္ ကိစၥမရွိဘူးေပါ့။

သူတို႔ ေလွ်ာက္လာလိုက္ေသာအခါ Ji Qingyingသည္ ငယ္႐ြယ္ေသာ စုံတြဲတစ္တြဲ ရွိေနသည္ကို သတိထားမိသြားသည္။

ခ်စ္ျခင္းအျပည့္ႏွင့္အတူ လူႏွစ္ဦး ေဘးခ်င္းကပ္လ်က္ထိုင္ရေသာ လူေလးဦးအတြက္ စားပြဲျဖစ္သည္။

အရင္တုန္းကဆိုလွ်င္ Ji Qingyingသည္ အျခားသူမ်ား အထူးသျဖင့္ သူမ မသိေသာ သူမ်ားႏွင့္ စားပြဲတစ္ခုတည္း ထိုင္ရသည္ကို မႀကိဳက္ပါ။

သူမသည္ သူမအေပၚ က်ေရာက္လာမဲ့ အာ႐ုံစိုက္မႈကို မႀကိဳက္ပါ။ လူအမ်ားစုသည္ cheongsamဝတ္ဆင္ထားသည္ကို အေတာ္ေလး ထူးျခားသည္ဟု ထင္ေနမႈေၾကာင့္လည္း ပါသည္။

အခ်ိန္ၾကာလာသည္ႏွင့္အမွ် သူမ ေနသားက်လာေလသည္။

သို႔ေပမဲ့ အက်င့္မ်ားသည္ အက်င့္မ်ားသာ ျဖစ္ၿပီး နီးစပ္စြာ ေစာင့္ၾကည့္ခံရျခင္းႏွင့္ အစူးစမ္းခံရျခင္းက သူမအတြက္ ေနရခက္ေနတုန္းပင္ ျဖစ္သည္။

ဒီေန႔တြင္ သူမသည္ အျဖဴေရာင္ပိတ္စေပၚတြင္ အျပာေရာင္ပန္းမ်ားရွိေသာ cheongsamကို ဝတ္ဆင္ထားသည္။ ထိုဝတ္စုံမွာ သူမပုံစံကို တစ္မူထူးေစေသာ အျပာေရာင္ႏွင့္ အျဖဴေရာင္ေႂကြဒီဇိုင္းတို႔ျဖင့္ ပုံေဖာ္ထားျခင္းျဖစ္သည္။

သို႔ေသာ္ ရွည္ကာ ေကာက္ထားေသာ ဆံပင္ေၾကာင့္ ယေန႔ေခတ္ႏွင့္ လြန္စြာ လိုက္ဖက္ညီသလိုလို ျဖစ္ေနသည္။

သူမကိုယ္တိုင္က လွပေနၿပီး ထိုဝတ္စုံႏွင့္ စားေသာက္ဆိုင္ထဲတြင္ ထိုင္လိုက္မႈေၾကာင့္ သူမသည္ ပတ္ဝန္းက်င္မွ ခြဲထြက္ေနသည္။

မ်က္ႏွာခ်င္းဆိုင္မွ အတြဲသည္ သူတို႔ႏွစ္ေယာက္ကို ေစာင့္ၾကည့္လိုက္ၿပီး နက္ရႈိင္းေသာ အၾကည့္တစ္ခု ေပးလိုက္ၿပီးေနာက္ သူတို႔အၾကည့္ကို ျပန္႐ုပ္သိမ္းလိုက္ၾကေတာ့သည္။ ထိုအၾကည့္တြင္ သိခ်င္စိတ္ႏွင့္ အံ့ၾသမႈတို႔ ေပါင္းစပ္ေနကာ ဟန္မေဆာင္ေနေသာ ေခ်ာင္းၾကည့္မႈတို႔ ပါဝင္ေနသည္။

Ji Qingyingသည္ သူမ ဆံပင္ကို သိမ္းလိုက္ၿပီး ေခါင္းငုံ႔လိုက္ကာ သူမ နား႐ြက္တို႔ ေပၚလာခဲ့သည္၊ သူမသည္ ေနရခက္စြာ ေနရာကို ေ႐ြ႕လိုက္ၿပီး သူမ ေပါင္သည္ သူမ ေဘးကလူကို မေတာ္တဆ တိုက္မိသြားသည္။

ထိုေယာက်ာ္းသည္ ေနာက္ေက်ာကို ေျဖာင့္တန္းထားၿပီး ထိုင္ေနသည္။

Fu Yanzhiသည္ အျမင္အားျဖင့္ ပိန္ေသာ လူျဖစ္ေပမဲ့ သူ႔တြင္ ႂကြက္သားမ်ားႏွင့္ ေကာင္းစြာ ေလ့က်င့္ထားေသာ ခႏၶာကိုယ္ရွိေနသည္ကို ေျပာႏိုင္သည္။

ဒီဇိုင္းနာမ်ားသည္ အဝတ္အစားကေနတစ္ဆင့္ သူတို႔ပုံပန္းကို ျမင္ေတြ႕ႏိုင္ျခင္းေၾကာင့္ သိၾကသျဖင့္ သူမလည္း သိျမင္ႏိုင္သည္။

ထိုတိုေတာင္းေသာ အခ်ိန္ခဏေလးႏွင့္ သူ ေသခ်ာေပါက္ ေလ့က်င့္ခန္းအမ်ားႀကီး လုပ္ထားသည္ကို သိႏိုင္ရေလာက္ေအာင္ ထိုေယာက်ာ္း၏ ေျခေထာက္ႂကြက္သားမ်ားသည္ ေတာင့္တင္းခိုင္မာေနသည္။

သူတို႔ေျခေထာက္တို႔ အတူတကြ တင္းတင္းက်ပ္က်ပ္ ဖိထားေသာေၾကာင့္ Ji Qingyingသည္ သူ႔အဝတ္အစားကေနတစ္ဆင့္ သူ႔ခႏၶာကိုယ္၏ အပူခ်ိန္ကို ခံစားရသည္။

သူမသည္ ေတာင့္သြားၿပီး သူမနား႐ြက္တို႔ အနီေရာင္ သန္းလာေတာ့သည္။

သူမသည္ ႏႈတ္ခမ္းကို လွ်ာျဖင့္ သပ္လိုက္ၿပီး သူမ ေဘးနားတြင္ ထားေသာ ေရကို ေသာက္ရန္ မ်က္စိ ေအာက္ခ်လိုက္သည္။

အဘယ္ေၾကာင့္ဆိုေသာ္ ၎မွာ မေတာ္တဆ ျဖစ္သြားေတာေၾကာင့္ Ji Qingyingသည္ တမင္သက္သက္ မေ႐ြ႕လိုက္ပါ။

သူမ ေနသားမက်ေနေပမဲ့ အဆင္ေျပသည္ဟု ထင္ေနရသည္။

သူမမ်က္လုံးတို႔ တဖ်က္ဖ်က္ ခတ္လိုက္ၿပီး စိတ္ရႈပ္ေထြးေနကာ အနည္းငယ္ အျပစ္ရွိေနသလို ခံစားေနရသည္။

Fu Yanzhiသည္ သူ႔ အနားက လူ၏ ေသးငယ္ေသာ လႈပ္ရွားမႈတို႔ကို သတိမထားမိတာေတာ့ မဟုတ္ေနပါ။

သူသည္ ပခုံးေက်ာ္ၾကည့္လိုက္ၿပီး သူ႔မ်က္စိထဲ ဖမ္းစားသြားသည္မွာ သူမ၏ အႏုစိတ္လွေသာ မ်က္ႏွာဘက္ျခမ္း ျဖစ္သည္။

Ji Qingying၏ မ်က္ႏွာေပါက္မွာ လွပစြာ ထုဆစ္ထားသလို ျဖစ္ကာ သူမသည္ ခ်စ္စရာလည္း ေကာင္းသလို ႏူးညံ့သိမ္ေမြ႕သည့္ပုံလည္း ေပၚေနသည္။ သူမ မ်က္လုံးတို႔သည္ အရမ္းလည္း မႀကီးသလို ေသးလည္း မေသးေနပါ။ ထို႔အျပင္ သူမ ေအာက္စိုက္ၾကည့္ေသာအခ်ိန္တြင္ သူမ မ်က္ေတာင္တို႔သည္ ရႈခ်င္စဖြယ္ ေကာ့လန္ေနသည္။

တစ္စုံတစ္ဦး တံခါးကို တြန္းဖြင့္လိုက္ေသာအခါ အျပင္ဘက္မွ ညေလမ်ားသည္ အထဲသို႔ ဝင္လာခဲ့ၿပီး သူတို႔အနားမွ လူတို႔၏ သင္းရနံ႔တို႔ သူတို႔ႏွာေခါင္းထဲကို ဝင္သြားၾကေတာ့သည္။

Fu Yanzhiသည္ အၾကည့္ကို ျပန္႐ုပ္သိမ္းလိုက္ၿပီး မလႈပ္ရွားေတာ့ေပ။

Continue Reading

You'll Also Like

216K 32.8K 83
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
226K 37.1K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .