ZAW
"အင်းးး"
"ဘာလို့လဲ အသည်း"
"မသေးပါဘူးနော် အ့"
"ဆေးသောက်ရအောင်"
"ဟင့်အင်း"
"ဟင့်"
"မင်းက အင့် အော်တာ..."
"အင့်"
"ဆေးသောက်ရအောင်"
"မသောက်ချင်ဘူး"
"ဟင် ဟုတ် ဟုတ်လား"
"ဒါပေါ့"
"သောက်မယ်သောက်မယ်"
တစ်ကယ့် ဂျစ်တူးလေး။
"ခါးတယ် အွီးးး"
"ဘယ်လို အွန့်"
ဟွန့်!
"အွန်း အွန်း"
"အတင်းဘာလုပ်တာလဲ!"
"ဟက်!"
"ဟားဟား"
"အဟမ်း အဟမ်း!"
"ဂျုံအင် ဘယ်ကနေဘယ်လို"
"ဟမ် မနေ့ညက?"
"ကင်ဂျုံအင်!"
"ဟမ်?"
"သွားပါတော့"
တော်တော်မွှေပါလား။ဟူးးးး
"အေးပါကွာ "
"ဟိတ်ကောင်!"
"အကဲပိုလိုက်တာ"
"လာပါကွာ ကိုယ်ချီမယ်"
"မချီနိုင်ပဲနဲ့နော်"
"အမေ့!"
"ခစ်ခစ်!"
"အားးး ဟီးဟီးယားတယ်"
UNI
ဘတ်ဟျွန်းနိုးလာတော့ နေမွန်းတည့်ရောက်နေပြီ။
အောက်ပိုင်းဆီက စေးကပ်ကပ်အညစ်အကြေးတွေမခံစား
ရတော့ ညက ချန်းယောလ်သန့်ရှင်းရေးလုပ်ပေးသွားတယ်ထင်တယ်။အိပ်နေရာမှ ထထိုင်တောင် ကျောရိုးတစ်လျှောက်စူးရှသွားတဲ့နာကျင်မှုအပြင် ခါးဆီက နာကျင်မှုတွေ...
မသက်သာစွာပဲ အော်ညီးမိသွားတယ်။အခုဒီလို ခံစားရမယ်
ဆိုတာသိရင် ညကချန်းယောလ်ကို အလိုမလိုက်ခဲ့ပါဘူး။
"မောင့်အသည်းနိုးလာပြီလား"
"အင်းးး"
အသံရှည်ဆွဲရင်း အခန်းထဲဝင်လာတဲ့ ချန်းယောလ်ကိုဖြေလိုက်တယ်။စိတ်လည်း မဆိုးရက်တော့။ဆန်ပြုတ်ပန်းကန်နဲ့ချန်းယောလ်က မျက်နှာလေးရှုံ့မဲ့နေသော ဘတ်ဟျွန်းနား လာထိုင်ရင်း ကိုယ်အပူကိုစမ်းလေတယ်။
"ကိုယ်တော့မပူဘူး နာနေသေးလား"
"ဘာတွေမေးနေတာလဲ ရှက်စရာကောင်းအောင်"
နာကျင်နေသည့်ကြားထဲမှ ချန်းယောလ်ကိုအော်လိုက်တယ်။
နောက်တစ်ခါပါဆိုရင်တော့ ဘတ်ဟျွန်းတို့ကတော့ နိုးပါပဲ။
"ဟားဟား မစတော့ပါဘူး လာမောင်ကိုယ်တိုင်ပြုတ်ထားတဲ့ ဆန်ပြုတ်လေး"
ဘတ်ဟျွန်းက ချန်းယောလ်ဆီမျက်လုံးစွေရင်း မယုံသင်ကာကြည့်ကြည့်လာတယ်။ချန်းယောလ်က ဆန်ပြုတ်ပူပူလေးအား တစ်ဖူးဖူးမှုတ်ရင်း...
"ဘာလို့လဲ အသည်း"
"မသိပါဘူး မင်းလိုလူက ဒီလိုတွေလုပ်တတ်တယ်ဆိုတော့"
"ဟက်! ကိုယ့်ကိုအထင်သေးနေတာပဲ"
"မသေးပါဘူးနော် အ့"
ဘတ်ဟျွန်းဖြေရင်း တစ်ချက်လှုပ်လိုက်တော့ ခါးဆစ်ပိုင်းက နာကျင်သွားတာကြောင့် ညီးလိုက်တယ်။
ချန်းယောလ်ကစိုးရိမ်စိတ်နဲ့ အရှေးတိုးလာတော့ ဘတ်ဟျွန်း
နောက်ကိုနည်းနည်းဆုတ်မိသွားတယ်။
"ဆေးသောက်ရအောင်"
"ဟင့်အင်း"
"ကိုယ်မကြမ်းချင်ဘူးနော်"
စိုးရိမ်ဂရုဏာတွေကြောင့် ချန်းယောလ်လေသံက အနည်းငယ်မာသွားတယ်။ဒါပေမယ့် ဘတ်ဟျွန်းက သူ့ကိုအော်တယ်ဟုထင်မှတ်ကာ မျက်ရည်လေးအနည်းငယ်ဝဲသွားတယ်။
"ဟင့်"
ချန်းယောလ်က ဆေးလိုက်ရှာနေရာမှာ ခေါင်းငုံ့နေသူ ဘတ်ဟျွန်းဆီမှ ရှိုက်သံသဲ့သဲ့လေးကြားရတော့ သက်ပြင်းလေးအသာချရင်း ဘတ်ဟျွန်းကိုရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။
အနည်းငယ်ရုန်းချင်သေးတဲ့ ဘတ်ဟျွန်းဟာ ကျောပေါ်ရောက်လာတဲ့လက်ကြောင့် ငြိမ်သွားတယ်။
"မငိုနဲ့တော့ မောင့်အချစ်"
"မင်းက အင့် အော်တာ..."
"ဟုတ်တယ်ဟုတ်တယ် မောင်မကောင်းတာ မောင်လူဆိုးကြီး"
"အင့်"
ဘတ်ဟျွန်းက ချန်းယောလ်ရင်ဘက်ပေါ်မျက်နှာအပ်ကာ သေးသေးလေးရှိုက်လေတယ်။
"ဆေးသောက်ရအောင်"
"မသောက်ချင်ဘူး"
"ကိုယ် ကျန်းရိရှင်းကိုခေါ်လိုက်ရင်သူက ဆေးထိုးအပ်ကြီးနဲ့ အသည်းငယ်ကိုထိုးလိမ့်မယ်နော်"
"ဟင် ဟုတ် ဟုတ်လား"
"ဒါပေါ့"
"သောက်မယ်သောက်မယ်"
အချိုးပြောင်းသွားတဲ့ အဆိုးအဆာလေးအား ကြည့်ရင်း ချန်းယောလ်သဘောကျစွာ ပြုံးလိုက်မိသည်။
တစ်ကယ့် ဂျစ်တူးလေး။
သူ၏လက်ထဲမှာ အကိုက်အခဲပျောက်ဆေးအားယူလျက်
အရသာခံကာ သောက်နေသော ဘတ်ဟျွန်းဟာ
လျှာပေါ်က ခါးသက်သောအရသာကြောင့် မျက်နှာလေးရှုံ့တွန့်သွားလေတယ်။
"ခါးတယ် အွီးးး"
"လာကိုယ်မခါးအောင်လုပ်ပေးမယ်"
"ဘယ်လို အွန့်"
နှုတ်ခမ်းသားပေါ်ထိကပ်လာသော ထူထူထဲနှုတ်ခမ်းတစ်စုံကြောင့် ရင်ထဲဖို့လို့ဖက်လက်ဖြစ်သွားတယ်။ချန်းယောလ်ကလေတစ်ကယ် မကောင်းတဲ့လူ။သူများကို နမ်းချင်သလိုနမ်းနေတယ်။
နူးညံ့လှသော အနမ်းတွေကြား ဘတ်ဟျွန်း ခါးသက်သော
ဆေးအရသာတောင် ပျောက်သွားခဲ့သလို။သူ၏နှုတ်ခမ်းအား အပေါ်တစ်လှည့်အောက်တစ်လှည့် စုတ်ယူနမ်းရှိုက်နေလေသော ချန်းယောလ်နှုတ်ခမ်းက ပိတ်ထားသော သူ၏နှုတ်ခမ်းအား လာရောက်ထိခတ်တော့ နှုတ်ခမ်းလွှာ၂ခုအားဖွင့်ဟပေးလိုက်၏။
တစ်ပြိုင်နက် တိုးဝင်လာသော လျှာဖြားပူပူနွေးနွေးကြီးအပြင်
လူကိုအကောင်လိုက်မြိုချမတတ်နမ်းနေသော ချန်းယောလ်ကြောင့် မျက်မှောင်ကျုံ့လိုက်တယ်။
အသေသတ်ဖို့များစဉ်းစားထားလေသလား။
ဟွန့်!
"အွန်း အွန်း"
ဘတ်ဟျွန်း ချန်းယောလ်ရင်ဘက်အားထုရိုက်ရင်း လွှတ်ရန်ပြောလိုက်သည်။ချန်းယောလ်က မလွှတ်ပေးချင်သေးသည့်နယ်
နှုတ်ခမ်းအားဆွဲစုတ်ထားသေးတယ်။
"အတင်းဘာလုပ်တာလဲ!"
ဘတ်ဟျွန်းနှုတ်ခမ်းလေးဆူကာ ချန်းယောလ်ကိုမျက်စောင်းထိုးရင်းဆိုလိုက်လေတယ်။
"ခါးတာပျောက်သွားပြီလား မောင့်အသည်း"
"အွန်း မင်းကြောင့် ပါးစပ်ကြီးတောင် ပြုတ်ထွက်တော့မယ်"
"ဟက်!"
"မရယ်နဲ့ ရုပ်ဆိုးလိုက်တာ"
"ဟားဟား"
"ငါမင်းကိုစိတ်ဆိုးမှာနော်"
ဘတ်ဟျွန်းကဆူအောင့်အောင့်လေသံနှင့်ပြောတော့ ချန်းယောလ်အရယ်ရပ်လိုက်လေသည်။
"အဟမ်း အဟမ်း!"
ထိုအချိန်ကိုက် ချိုမြမြအချိန်လေးအား လာဖျက်စီးသော လုပ်ချောင်းဆိုးသံ။
အခန်းပေါက်ဝတွင် မျက်နှာကြီးရှုံ့လို့ ရပ်နေသော ဂျုံအင်အားတွေ့ကြရလေ၏။
"ဂျုံအင် ဘယ်ကနေဘယ်လို"
"မင်းတို့အနမ်းသံသရာဖွင့်ကတည်းဟေ့ တစ်တီတူးမယ်ဆိုလည်း တံခါးလေးတော့ လုံအောင်ပိတ်ပေါ့။မဟုတ်ရင် ငါမနေ့ညကရော ဒီနေ့ပါ Liveကြည့်ရတော့မှာ"
"ဟမ် မနေ့ညက?"
"မင်းတို့ရဲ့ပလုံစီအသံတွေကြောင့် မအိပ်ခဲ့ရတဲ့ ကင်ဂျုံအင်လေ"
ဘတ်ဟျွန်းက ဂျုံအင့်စကားတွေကြောင့် မျက်နှာကြီးနီရဲလာလေတယ်။ဂျုံအင်က သတိမထားမိပဲ အားရပါးရဖောက်သည်ချလေ၏။
"ငါလေ မနေ့ညကတည်းက ကြည့်နေတာ တကျွိကျွိအသံတွေဘယ်ကပါလိမ့်လို့ နောက်မှသိတယ်။ဘေးခန်းမှာ ငါရှိသေးတယ်ဆိုတာ သတိရသေးရဲ့လား။ငါလူပျိုလေးနော် အဲ့လိုတွေကြား--"
"ကင်ဂျုံအင်!"
ချန်းယောလ်အံကြိတ်သံနဲ့ တစ်ယောက်တည်း အားရပါးရပြောနေသော ဂျုံအင့်အား ခေါ်လိုက်တယ်။ဘတ်ဟျွန်းကတော့ ရှက်လွန်းလို့ စောင်အောက်သာ ခေါင်းဝင်နေတော့တယ်။
"ဟမ်?"
"သွားပါတော့"
"ဟမ့် ငါပြောလို့မပြီးသေး-"
ချန်းယောလ်က စောင်အောက်ရောက်သွားတဲ့ ဘတ်ဟျွန်းကိုမျက်စပြစ်ပြလိုက်တယ်။ဂျုံအင်က ထိုအခါမှ အထာပေါက်သွားသလို ဖြစ်သွားပြီး ထွက်သွားတယ်။
ကျန်ခဲ့တဲ့ ချန်းယောလ်ကတော့ ဘယ်ကနေဘယ်လိုချော့ရမလဲသာ တွေးတောနေတော့တယ်။
ကင်ဂျုံအင် ကင်ဂျုံအင်။
တော်တော်မွှေပါလား။ဟူးးးး
"ပတ်ချန်းယောလ် ဟိုဟွာတွေလုပ်မနေနဲ့နော် မွေးဖို့က ၂လလောက်ပဲလိုတော့တာ"
"အေးပါကွာ "
ရိရှင်းကသူ၏ကြောင်လေးအားပွတ်သတ်ချော့မြူရင်းကနေ အရှေ့ကစာရင်းလုပ်နေသော ချန်းယောလ်အားပြောလိုက်တယ်။
"တော်ကြာ ပါးချိုင့်တွေပါလာမယ်"
"ဟိတ်ကောင်!"
ရိရှင်းကသနားစရာလေးလုပ်ပြရင်း ကြောင်ကိုပွေ့ချီကာ ထိုင်ရာကနေထွက်သွားတော့တယ်။ဒါသတ်သတ်မှတ် ချန်းယောလ်ကိုလာစမ်းသွားတာ။
ဘတ်ဟျွန်း၏ဗိုက်က အခုဆို ၇လထဲရောက်နေလေပြီ
အလေးအပင်တွေ အတက်အဆင်းတွေကို ချန်းယောလ်ကဘာတစ်ခုမှမလုပ်ခိုင်းတော့ပေ။ဘတ်ဟျွန်း၏ဗိုက်ကလေးဟာ
ပူပူလုံးလုံးလေးမို့ လူအများက ၂ယောက်ဟုထင်ကြေးပေးနေကြ၏။ချန်းယောလ်ဟာ အခုကတည်းက ကုမ္ပဏီအလုပ်တွေအား အပြတ်ဖြတ်ထားလေ၏။ကလေးမွေးကာနီးနှင့် ကလေးမွေးပြီးရင် အိမ်မှာပဲ အတူတူရှိနေပေးရမည်ဆိုတော့ အခုကတည်းက အလုပ်တွေအား အပြတ်လုပ်ထားမှဖြစ်မည်၏။
ဘတ်ဟျွန်း ကိုယ်ဝန်ကြောင့် နာကျင်မှုတွေ နေမကောင်းဖြစ်မှုတွေ များလာသည်ကြောင့် ချန်းယောလ်က ရိရှင်းကိုအိမ်သို့ခေါ်ထားလေ၏။ဂျုံအင်ကတော့ စားစရိတ် အိပ်စရိတ်နဲ့ကို ချန်းယောလ်ဆီတွင် အဆင်ပြေနေလေ၏။
အခုတလော အလုပ်ရှုပ်နေသော ချန်းယောလ်ဟာ ဂျုံအင်တို့ရိရှင်းတို့ လာလာပြောင်ရင်တောင် ကောင်းကောင်းမအော်နိုင်သေးပေ။ဒီကြားထဲ ကိုယ်ဝန်ဆောင်ကာလ စိတ်အားငယ်တတ်တဲ့ သူ၏ယောကျာ်းလေး ငြိုငြင်မှာလည်း စိုးရသည်။
ရိရှင်းကတော့ ဘတ်ဟျွန်းကိုနေ့စဉ်မပြတ်ကြည့်ပေးကာ
သောက်ရမည့်ဆေးတွေ ဂရုစိုက်ရမည့် အစားအစာတွေအားစီမံပေးလေသည်။
တစ်ခါတစ်လေတော့ သူနှင့်အတူပါလာသော ကြောင်၃ကောင်နှင့်သာ အလုပ်ရှုပ်ကာနေလေသည်။
"မောင့်အသည်း ခြေထောက်တွေနာနေပါမယ်ကွာ"
ဘတ်ဟျွန်းက လက်ထဲကနိုးဘူးကို တစ်ငုံသောက်ရင်းအကဲပိုနေသော ချန်းယောလ်အားမျက်စောင်းလေးထိုးလေသည်။
"အကဲပိုလိုက်တာ"
"လာပါကွာ ကိုယ်ချီမယ်"
"မချီနိုင်ပဲနဲ့နော်"
"အမေ့!"
ချန်းယောလ်ပြောမပြီးခင် ထချီတော့ ဘတ်ဟျွန်းဟာ သူမမြင်ခဲ့ဘူးတဲ့ သူ့အမေတောင် တမိသွားခဲ့လေသည်။
ချန်းယောလ်က ဗိုက်လုံးလုံးလေးနှင့် ဘတ်ဟျွန်းလေးအား ငုံ့နမ်းရင်း ဆိုဖာပေါ်ဝင်ထိုင်လေသည်။
ဘတ်ဟျွန်းက ချန်းယောလ်လည်ပင်းအားဖက်တွယ်ထားရင်း
ပြုံးတုံ့တုံ့စိုက်ကြည့်လေသည်။
"မောင့်ကိုလာစမ်းနေတာလား"
"ခစ်ခစ်!"
ဘတ်ဟျွန်းက တစ်ခစ်ခစ်ရယ်ရင်း ချန်းယောလ်ကို ခိုးကြည့်လေသည်။ချန်းယောလ်က သူ့အားပြောင်နေသော ဘတ်ဟျွန်းလေးအားကြည့်ရင်း အသည်းယားကာငုံ့နမ်းလိုက်လေ၏။
"အားးး ဟီးဟီးယားတယ်"
"မောင့်ကိုလာစမ်းအုန်းမှာလား"
"ဟားဟား တော်ပြီလို့ဆို ခစ်!"
ထို့နောက် ဧည့်ခန်းအတွင်းအကြင်နာ လေလှိုင်းများစီးဆင်းသွားကြလေ၏။
နောက်တစ်ပိုင်းပိကျိလေးတွေလာပြီ