အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ
Part II
Unicode
[အသက်ထက်ဆုံး ... ]
၅နှစ်တာကြာတဲ့အချိန်ကာလာတစ်ခုမှာ ခန္ဓာကိုယ်အောက်ပိုင်းလှုပ်ရှားမှုတွေကိုနေ့စဥ်မပြတ်ကြိုးစားလုပ်ဆောင်နေသောကောင်လေးမှာ အခြေအနေတို့တိုးတက်ကောင်းမွန်လာခဲ့သည်။
သူအခု Wheelchairပေါ်တွင်အချိန်ပြည့်ထိုင်စရာမလိုတော့ပေမယ့်၁၀၀ရာခိုင်နှုန်းအပြည့်တော့ပြန်မကောင်းလာသေးပေ။
အဘိုးကြီးတွေကဲ့သို့တုတ်ကောက်တစ်ခုနဲ့သွားနေရကာ သူ့ရဲ့ခြေထောက်တွေကိုဒီလောက်ထိပြန်လှုပ်ရှားနိုင်တာနဲ့တင် သူ့အတွက်အတိုင်းထက်အလွန်ပင်ကျေနပ်စရာကောင်းနေခဲ့သည်။
သူ၏ဘေးတွင်အကိုဖြစ်သူကအချိန်ပြည့်လိုက်ပါစောင့်ရှောက်နေပြီး အခုချိန်၌ သူတို့ညီအကိုနှစ်ယောက်က Public parkတစ်ခုတွင်စိတ်ပြေလက်ပျောက်လမ်းလျှောက်နေခဲ့ကြတာဖြစ်သည်။
လမ်းလျှောက်ရတာတစ်နာရီလောက်ကြာပြီမို့ အကိုဖြစ်သူက သူ့အား အနီးနားရှိ သစ်သားခုံတန်းလျားလေးပေါ်၌ချပေးလိုက်ကာခနထိုင်နားစေလေသည်။
"လမ်းလျှောက်ရတာဘယ်လိုနေလဲ ခြေထောက်တွေထုံနေသေးတုန်းပဲလား? ခြေဖျားတွေနာနေရင် ကိုကြီးကိုပြောနော်...."
"အင်း"
ဒီကရာသီဥတုကနွေဦးရာသီမို့ရွက်ဟောင်းတွေကြွေကာရွက်သစ်နုနုလေးတွေဝေနေကြပြီး တချို့သစ်ရွက်ခြောက်တွေကတော့နွေလေပြေလေးအဝှေ့တွင်လမ်းမပေါ်၌ဦးတည်ရာမရှိလွင့်မြောနေကြသည်။
"အခုတလော ဘာတွေမြင်ယောင်လာသေးလဲ? ညီလေးဆီကအိမ်မက်တွေအကြောင်းမကြားရတော့တာတော်တော်ကြာနေပြီလားလို့"
ထိုအခါ ကောင်လေးကရယ်ပဲရယ်နေကာဘာမှပြန်ဖြေလာခြင်းမရှိတာကြောင့် ရှိုင်းဆက်ယံကစိတ်ချသွားတော့လေသည်။
'ကြည့်ရတာ ဘာမှထပ်မမြင်ရတော့ဘူးထင်တယ် အဲ့တာဆို ကိုဇေကမင်းခန့်ထည်နဲ့ပက်သတ်ပြီးမမှတ်မိနိုင်လောက်တော့ဘူးလို့ဆိုလိုတာလား? ဘာပဲဖြစ်ဖြစ်
မမှတ်မိတာကလည်း ကောင်းတဲ့ကိစ္စတစ်ခုပဲလေ....... '
တကယ်တော့အသံတိတ်နေတဲ့ကောင်လေးတစ်ယောက်ရဲ့နှလုံးသားလေးထဲမှာလျှို့ဝှက်ချက်လေးတစ်ခုရှိခဲ့သည်။
အဲ့လျှို့ဝှက်ချက်လေးကတော့ အခန်းကျယ်ကြီးတစ်ခုထဲရှိ နံရံဘက်တွင်ထောင်ထားတဲ့ပန်းချီကားချပ်ပေါင်း၅၀ရှိသည့်အနက် ထိုထပ်ထားသော ပန်ချီကားချပ်ပေါင်း၅၀ရဲ့အလယ်မှာသိုဖွက်ထားတဲ့ Secretပန်းချီကားလေးတစ်ချပ်ရှိနေလေသည်။
ထိုပန်းချီကားလေးထဲ၌ နီဆွေးဆွေးစိန်ပန်းပင်ကြီးတစ်ပင်နှင့်ထိုအပင်ကြီးရဲ့အရှေ့ဘက်ခြမ်းမျက်နှာမူရာမှာ အစိမ်းရောင်အဆောက်အအုံတစ်ခုပါရှိကာ ထိုအဆောက်အအုံရဲ့အလယ်နေရာမှာသစ်သားခုံတန်းရှည်လေး တစ်ခုကိုပါထည့်ဆွဲထားလေသည်။ သူ၏လက်တွေကထိုမျှနှင့်တင်မရပ်တန့်နိုင်ခဲ့တာကြောင့်ထိုခုံတန်းလေးပေါ်တွင်စိန်ပန်းပင်ဘက်ကိုမျက်နှာမူလျက်ထိုင်နေကြသောကောင်လေးနှစ်ယောက်ကိုပါလွမ်းမောသတိရစွာ အသေအချာစိတ်နှစ်ဆွဲထားခဲ့သည်။
ထိုပန်းချီကားနဲ့ပက်သတ်တဲ့မှတ်ဥာဏ်အပိိုင်းအစတွေကို ၄နှစ်တာအချိန်ကာလမှာဝေဝေဝါးဝါးသာမှတ်မိလာခဲ့ပေမယ့် ထိုမှတ်ဥာဏ်တွေက ဦးနှောက်ထဲတွင်စွဲမြဲမနေကာ သူတစ်ရေးအိပ်ပြီးတိုင်းအမြဲမေ့မေ့သွားတတ်သည်။ထို့ကြောင့်တစ်နေ့တွင်လည်းသူနီဆွေးဆွေးစိန်ပန်းပင်ကိုစိတ်နှစ်ကာဆွဲနေခဲ့ပေမယ့်လို့ သူအိပ်စက်ပြီးနိုးထလာတဲ့အခါသူအစပြုဆွဲခဲ့သော အနီရင့်ရောင်အရာတစ်ခုက အစအနမကျန်တော့အောင်ပျောက်ဆုံးသွားစမြဲပင်။
ဒီလိုနဲ့တစ်နေ့မှာတော့ သူ့ရဲ့ ဆေးရောင်စုံတွေပြန့်ကျဲနေတဲ့ ပန်းချီခန်း၏ ကော်ရစ်ဒါပေါ်မှာ စက္ကူအပိုင်းအစလေးတွေရှိနေခဲ့တာကိုသူရှာဖွေတွေ့ရှိခဲ့သည်။
ထိုအပိုင်းအစလေးတွေကိုဆက်ကြည့်လိုက်တဲ့အခါမှာတော့ သူ၏မျက်လုံးအိမ်တို့ထဲတွင် အနီရဲရဲစိန်ပန်းတွေဝေဝေဆာဆာပွင့်နေတဲ့ စိန်ပန်းပင်ကြီးတစ်ပင်ကိုမှတ်မှတ်ရရပြန်မြင်ယောင်လာမိလေသည်။
သူပြန်မှတ်မိလာတဲ့အခါမှာတော့ပုံတူပန်းချီနှစ်ချပ်ကိုဆွဲထားခဲ့ပြီးပန်းချီကားချပ်တစ်ချပ်ကိုတော့ နိုင်လွန်အဝတ်စတစ်ခုနှင့်အုပ်လျက်အခြားပန်းချီကားချပ်တို့နောက်တွင်တိုးတိုးတိတ်တ်ိတ်ဖွက်ထားလိုက်ချေသည်။
ထို့နောက် ထိုပုံတူပန်းချီနှစ်ချပ်ထဲမှတစ်ချပ်မှာမူ သူအိမ်မက်ထဲမှပြန်နိုးထလာတဲ့အခါတိုင်း ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့ရလေ၏။
ဤသို့ဖြင့် အချိန်ကြာလာတော့သူသင်္ကာမကင်းဖြစ်လာကာ တစ်ခုသောနေ့ရက်တစ်ရက်၌အကိုဖြစ်သူရှေ့တွင်အိပ်စက်ချင်ယောင်ဆောင်ခဲ့ပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့လေသည်။
ထိုအခါသူမျက်ဝါးထင်ထင်မြင်ခဲ့ရသည်က
အကိုဖြစ်သူမှာ သူဆွဲထားတဲ့ပန်းချီကားချပ်များအနက်နီဆွေးဆွေးစိန်ပန်းပင်ပန်းချီကားချပ်တစ်ချပ်ကိုသာ ရွေးချယ်ဖျက်ဆီးပစ်ခဲ့ခြင်းပေ။
သူ၏အကိုဖြစ်သူကဒီအရာတွေကိုဘာကြောင့်များဖုံးကွယ်ထားချင်နေလဲဆိုတာကို သူနားမလည်နိုင်ခဲ့တာကြောင့် ထိုအရာတွေကိုသူမသိခဲ့သလိုသာတစ်ချိန်လုံးဟန်ဆောင်နေခဲ့လိုက်သည်။
ပျောက်ဆုံးသွားတဲ့ပန်းချီကားချပ်တွေအကုန်လုံးကသူ၏အကိုဖြစ်သူရဲ့ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခံလိုက်ရတာကို
သိရှိသွားတဲ့အချိန်ကစ အိမ်မက်ထဲက
မှတ်ဥာဏ်တွေအကြောင်း အကိုဖြစ်သူရှေ့မှာတစ်စွန်းတစမျှမဟတော့ပေ။
ပြီးပြည့်စုံတဲ့ပန်းချီကားချပ်တစ်ချပ်ကိုပြီးမြောက်သွားခဲ့ပြီးတဲ့နောက် သူတစ်ချို့သောအသံတွေကိုပါကြားယောင်လာရလေသည်။
အခန်းတံခါးကိုဖွင့်ဖို့ကြိုးစားတဲ့အချိန်တိုင်း အနောက်နားကနေလူသားတစ်ယောက်ရဲ့အသံတစ်သံက နားစည်ထဲသို့အမြဲတိုးဝင်လာတတ်လေ၏။
"မင်းလား ငါ့အခန်းဖော်အသစ်က" ဆို၍။
သူနောက်လှည့်ကြည့်လိုက်တော့ကျနော့်ကိုယ်ပေါ်ကိုအုပ်မိုးထားတဲ့လူတစ်ယောက်ရှိခဲ့သည်။
သူ့ရဲ့အသံတို့ကတင်းမာခက်ထန်နေပေမယ့် နှလုံးသားထဲကနေလှိုက်လှိုက်လှဲလှဲရင်းနှီးကျွမ်းဝင်နေခဲ့ရတဲ့အသံမျိုးပင်.....
ဒါပေမယ့် ထိုလူသားရဲ့မျက်နှာပေါ်မှာအရိပ်တစ်ခုကကျရောက်နေတတ်ကာ ဘယ်သူဘယ်ဝါဆိုတာကိုဘယ်သောအခါမှ ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရပေ။
"မင်း တောင်းပန်ရကောင်းမှန်းမသိဘူးလား"
အခန်းထဲထိဝင်လာပြီးသူကကျနော့်ကိုဆူနေပြန်ပါသည်။ကျနော်ဘာလုပ်ခဲ့မိလို့လဲဟင်?အိမ်မက်ထဲကလူက ဘာလို့အဲ့လောက်ဒေါသထွက်နေရတာလဲ?
"မင်း Rollနဲ့မင်း နာမည်ပြော"
"ရှိုင်းဇေယံ Roll 65"
ကောင်လေးတစ်ယောက်ရဲ့အသံကိုလဲထပ်ကြားရပြန်ပေမယ့် ဒါကတော့သေချာပေါက်သူ့အသံပင်....
ရှိုင်းဇေယံ ဆိုတာကလဲ သူ့ရဲ့ နာမည်ပဲ ဒါပေမယ့် ကျနော်က ဘယ်သူ့ကိုပြောပြနေတာလဲ? Roll 65ဆိုတာကကောဘာလဲ?
"လခွမ်း! ဘာလဲဟ"
အရမ်းထူးခြားပြီးအရယ်ရဆုံးအိမ်မက်တစ်ခုကတော့ကျနော်ရဲ့ဒီလက်တွေနဲ့ လူတစ်ယောက်ရဲ့လုံချည်စကိုဆွဲချဖူးတယ်တဲ့လေ။သူကလဲ ကျနော့်ကြောင့်အရမ်းစိတ်ဆိုးသွားတဲ့ပုံပဲ ကျနော့်ကိုထဆဲပါလေရော။
နောက်ပိိုင်းသူကျနော့်ကိုစိတ်ဆိုးပြေသွားခဲ့ရဲ့လားဆိုတာတော့ ကျနော်အိမ်မက်ဆက်မမက်တော့ဘူး။
သူ့လိုအမြဲခက်ထန်နေတဲ့ပုံစံမျိုးနဲ့လူကိုမှ
ကျနော်ကပြဿနာကိုမီးခွက်ထွန်းပြီးသွားရှာခဲ့မိတာပဲ ..........
"ဆံပင်တွေစိုနေတုန်းပဲ ညီ"
နောက်ထပ်အိမ်မက်တစ်ခုကကျ အိမ်မက်မက်တိုင်းစိတ်ဆိုးနေကျလူကြီးက ကျနော့်ရဲ့ဆံပင်တွေကိုတယုတယထိကိုင်နေတယ်တဲ့....ဒါဘယ်လိုဟာသလဲ ? အိမ်မက်ထဲကလန့်နိုးလာတာတောင်ကျနော့်ရဲ့နှလုံးသားတစ်စုံကတဒုတ်ဒုတ်နဲ့ခုန်ချက်သားကောင်းနေတုန်း........
"ရှိုင်းဇေယံ ကိုယ်မင်းလေးကိုအရမ်းချစ်တယ်"
ဒီအိမ်မက်ကနေပြန်နိုးလာတဲ့အချိန်မှာတော့ ကျနော့် ရဲ့မျက်ဝန်းလေးတွေက မျက်ရည်တွေနဲ့ပြည့်လျှံနေခဲ့ရသည်။ငိုရလွန်းလို့ အဲ့နေ့ကဆိုမျက်လုံးတွေကြိမ်းစက်နေတာပဲ။ဘာငိုစရာပါလို့လဲလို့ ကို့ကိုယ်ကိုမေးခွန်းတွေတရစပ်ထုတ်နေခဲ့ရတယ်။ အဲ့လူကြီးက ကျနော့်ကိုဘာလို့ချစ်ကြောင်းလာပြောနေတာလဲပေါ့
သူနဲ့ကျနော် ပက်သတ်မှုတစ်ခုခုများရှိနေခဲ့တာလား? ဘယ်လိုပက်သတ်မှုများလဲ?
ထိုစဥ်ဆို့နင်တက်လာရတဲ့ခံစားချက်တစ်ခုကရင်ဘက်ဘယ်ဘက်ခြမ်းထဲမှာအောင့်ခနဲပင်။
ဒါဘာခံစားချက်ကြီးလဲ ? ကျနော်အကြိတ်မခွဲခင်တုန်းက ယောကျာ်းတစ်ယောက်နဲ့ချစ်ခဲ့ဖူးတာလား? မဖြစ်နိုင်တာ....
ကျနော့်လိုလူမျိုးက မိန်းကလေးတွေကိုပဲကြိုက်တတ်ခဲ့တာထင်တယ်နော်.....
ဘာလို့လဲဆိုတော့ရံဖန်ရံခါကျနော့်ဘေးနားမှာ အလှလေးသုံးယောက်ကိုလဲ တစ်ချက်တစ်ချက်မြင်ခဲ့ရသေးတယ်လေ..... သူတို့က
ကျနော့်ကိုမြင်ရင်လာလာပြေးဖက်ကြတာ ... တစ်ခါတစ်လေကျ ကျနော့်ရဲ့လက်မောင်းတွေကိုလဲတင်းနေအောင်ဆုပ်ကိုင်ထားခဲ့ကြသေးတယ်ဆိုတော့....ဘယ်လိုပြောရမလဲ ကျနော်ကကောင်မလေးသုံးယောက်ကိုတစ်ပြိုင်နက်တည်းတွဲခဲ့တဲ့အကျင့်မကောင်းတဲ့ playboyလေးတော့မဟုတ်နိုင်လောက်ပါဘူးနော်.....အဲ့လိုသာဆို တကယ်ဒုက္ခပဲ!
ဟိုလူကြီးကကော ကျနော့်ကိုဘာလို့လာချစ်နေတာလဲ? ကျနော့်မှာကောင်မလေးသုံးယောက်တောင်ရှိတဲ့ဟာ .......ခေါ်တော့လဲ ညီတဲ့ ဘာညီလဲ လူကိုသူ့ညီအရင်းများမှတ်နေလားမသိ.........
"ညီ.........."
ထိုလူသားရဲ့ကြင်နာမှုတို့ထုံလွှမ်းနေတဲ့ဆွဲဆွဲငင်ငင်အသံတစ်သံဟာကျနော့်နားထဲကနေကော အိမ်မက်ထဲကနေပါ ဒီနှစ်တွေထဲမှာတစ်ခါလေးတောင်မှပျောက်ကွယ်သွားခြင်းမရှိခဲ့ဖူးပေ။
တကယ်ဆို သူခေါ်နေတဲ့အသံကြီးကကြက်သီးထစရာကောင်းနေပေမယ့်လို့ ဘာကြောင့်မှန်းမသိအဲ့ခေါ်သံလေးကကျနော့်အတွက်အဖန်တလဲလဲနားထောင်ချင်လောက်တဲ့အထိ ကျနော့်ရဲ့နှလုံးသားလေးထဲမှာအလွန်ကြည်နူးစရာကောင်းလွန်းနေခဲ့သည်။
"ညီလေး! မင်းဘာတွေတွေးနေတာလဲ??"
အကိုဖြစ်သူအသံကြားတော့မှ သူအတွေးနွံထဲကနေထွက်လာခဲ့တော့သည်။
"ဘာမှမတွေးပါဘူး......."
"ဘာမှမတွေးဘူးသာပြောတယ် မင်းရဲ့မျက်နှာကပြီတီတီနဲ့...."
ရှိုင်းဆက်ယံကမျက်မှောင်ကြုတ်ကာပြောလာရင်း ညီဖြစ်သူရဲ့အဖြေကိုအကဲခတ်ဖို့အတွက်စောင့်နေလိုက်သည်။
"ဒီအတိုင်းရယ်ချင်စရာကောင်းတာလေးတစ်ခုကိုတွေးမိလိုက်လို့ပါ"
"ပြီးရော...."
ဦးနှောက်လှိုင်းတွေက ကပြောင်းကပြန်ဖြစ်ပြီး ရူးများသွားပြီလားလို့တွေးကြောက်နေရတဲ့ ညီရူးကြီးအကိုဖြစ်သူကတော့
ထိုအဖြေကိုကြားလိုက်တော့မှစိတ်အေးချမ်းသာစွာသက်ပြင်းချလိုက်တော့သည်။
"ကိုကြီး ကျနော် coffeeသောက်ချင်တယ် ခုနကပန်းခြံအနောက်ဘက်မှာဆိုင်လေးတစ်ဆိုင်တွေ့ခဲ့တယ် အခုမှအသစ်ဖွင့်တဲ့ကဖေးဆိုင်လေးထင်တယ် ဆိုင်ခင်းကျင်းထားတဲ့ပုံစံလေးကမဆိုးဘူး"
"Okလေ သွားကြတာပေါ့"
ညီအကိုနှစ်ယောက်စလုံး Moonlightဆိုတဲ့ဆိုင်လေးဆီသို့ ဦးတည်လျှောက်သွားလိုက်ကြသည်။
အကိုဖြစ်သူက သူ့အားထိန်းကိုင်ပေးထားတဲ့လက်တွေကိုတစ်စက္ကန့်လေးမျှအနားပေးခဲ့ခြင်းမရှိတာကြောင့်ကောင်လေးကမချိပြုံးလေးနဲ့ဆိုလိုက်လေ၏။
"ကျနော်...ကိုယ့်ဘာသာကိုယ်လျှောက်နိုင်ပါတယ်"
"ဒီအတိုင်းပဲလျှောက်စမ်းပါကွာ ကဂျီကဂျောင်မလုပ်စမ်းနဲ့ မင်းလဲကျသွားရင် မင်းကိုယ်တိုင်ပဲအနာတရဖြစ်လိမ့်မယ်...."
ဆိုင်ထဲသို့ရောက်တဲ့အခါ ရှိုင်းဆက်ယံက ရှိုင်းဇေယံလေးအား သစ်သားဝိုင်းလေးတစ်ခု၌ဝင်ထိုင်စေလိိုက်သည်။
"ဘာသောက်မှာလဲ?"
"NES.... "
"NES! ဒီလိုဆိုင်မျိုးထိုင်ပြီး NESသောက်မယ်ပေါ့ ! "
"ကျနော့်ကိုဝယ်တိုက်ပါကိုကြီးရာ ... အရင်ကဆို...."
ပြောနေရင်းနဲ့ရုတ်တရက်ရပ်တန့်လိုက်သောညီဖြစ်သူရဲ့စကားတို့ကြောင့်ရှိုင်းဆက်ယံမျက်နှာမှာကွက်ခနဲပျက်သွားကာ မျက်လုံးနက်ကြီးများနှင့်စိုက်ကြည့်လာလေသည်။
"အရင်ကဆို ဘာဖြစ်လဲ!!"
ရှိုင်းဆက်ယံကစားပွဲခုံပေါ်သို့သူ၏လက်နှစ်ဖက်ကိုထောက်လိုက်ကာကိုယ်ကိုအနည်းငယ်ကိုင်းချလိုက်ရင်းဆိုလာတော့ ရှိုင်းဇေယံမှာလွှတ်ခနဲထွက်သွားတဲ့သူ့ရဲ့စကားတို့ကိုပြန်ဖာထေးရန်အလို့ငှာ ဟိုဟိုဒီဒီစဥ်းစားရင်းအထစ်,အထစ်ပြန်ဖြေလေသည်။
"အရင်ကဆို ......ကျနော်.... တစ်ခါမှဒီလိုဆိုင်မျိုးထိုင်ပြီး မသောက်ဖူးတာလို့"ဟု ရှိုင်းဇေယံကထိုသို့ကလေးဆိုးလေးတစ်ယောက်လိုချွဲလိုက်ပေမယ့် သူ့ရဲ့မျက်လုံးတွေကအကိုဖြစ်သူဆီသို့ကြည့်မလာခဲ့ပေ။
"William! မင်းငါ့ကိုဖုံးကွယ်ထားတာရှိလား?"
အကိုဖြစ်သူကသူ့အားသံသယမျက်လုံးများနှင့်ကြည့်ကာမေးလာပြီဖြစ်တာကြောင့်ရှိုင်းဇေယံလေးကအတတ်နိုင်ဆုံးမတုန်လှုပ်ဘဲတည်ငြိမ်သောမျက်နှာလေးနဲ့ပြန်ဖြေလိုက်လေသည်။
"မရှိပါဘူး!"
"ဒါဆိုလဲပြီးရော....."
ဟုဆိုကာ ရှိုင်းဆက်ယံကဘာမှဆက်မေးမလာတော့ဘဲ သံသယတွေနဲ့လှည့်ထွက်သွားတော့သည်။
'တစ်ခုခုတော့ တစ်ခုခုပဲ.......'
'အရင်ကဆို ကျနော့်ကိုဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ကအမြဲဝယ်တိုက်နေကြလို့ ' ပြောထွက်မိသွားဖို့လက်မတင်လေးသာလိုတော့တဲ့ဒီပါးစပ်ကို မကျိန်ဆဲခင်အရင်ကျေးဇူးတင်ရပေမည်။
နို့မိုဆို ဒီအိမ်မက်တွေထဲက မှတ်ဥာဏ်အပိုင်းအစတွေကိုကားချပ်တစ်ခုအဖြစ်ပြန်ဆက်ဖို့ရာ ထပ်မံလမ်းစပျောက်သွားနိုင်ပေသည်။
'ကိုကြီးလဲ ဒီနှစ်တွေထဲကျနော့်အပေါ်တစ်ခုခုဖုံးကွယ်ထားခဲ့တယ်မှတ်လား?
ဒီအတိုင်းသာဆို
ကျနော်တို့ကျေပြီပေါ့.......'
ထိုစဥ်ရှိုင်းထိုင်နေတဲ့ဝိုင်းရဲ့နောက်ကျောဘက်ရှိကပ်လျက်ဝိုင်းမှ ကောင်မလေးနှစ်ယောက်ရဲ့စကားသံလေးတွေက သူ၏ဝိုင်းဘက်သို့ပျံ့နှံ့လာခဲ့လေသည်။
"Have you ever heard of a boy in one of our most influential families suffering from mental illness because of his boyfriend?It even made headlines in the world's newspapers"
"Yep, I have heard of it"
ရှိုင်းဇေယံလေးမှာတစ်ယောက်တည်းပျင်းရိစွာထိုင်နေရတဲ့အတွက် နောက်ကျောထက်ကပျံ့လွင့်လာသော ကောင်မလေးနှစ်ယောက်ရဲ့အသံတို့ကို အာရုံစိုက်နားထောင်နေလိုက်ရင်းအပျင်းဖြေနေလိုက်သည်။
"Now the boy is well, and he is writing a book about his boyfriend. How foolish it would be to read a true story!......."
'True storyဆိုပါလား? တကယ်စိတ်ဝင်စားစရာပဲ......'
"Is this real? Absolutely amazing. He's a really smart guy. He's very lucky to be his boyfriend."
"Here is a gift book I ordered from my sister in Myanmar for you, Jessy...."
'Myanmar? .....ဘယ်လိုဇာတ်လမ်းမျိုးမို့ဒီလောက်ညွှန်းနေရတာလဲ?'
"Really? For me? Thank you so much Suzy....."
"This one is for me......Hee Hee"
ထို့နောက်ထိုကောင်မလေးနှစ်ယောက်က စကားဝိုင်းလေးကိုအဆုံးသတ်လိုက်ကြပြီး ဆိုင်ထဲမှထွက်သွားတော့လေသည်။သူ၏ဝိုင်းနံဘေးမှဖြတ်သွားသောကောင်မလေးနှစ်ယောက်ကိုမျက်တောင်မခတ်တမ်းငေးကြည့်နေရင်းနှုတ်ခမ်းသားလေးတွေကနေတိုးတိုးလေးရေရွတ်လိုက်လေ၏။
မိန်းမလှလေးနှစ်ယောက်ပဲ...
ဆံပင်ရွှေအိုရောင်လေးနဲ့တစ်ယောက်က Jessy
ပြဒါးရောင်ဆံပင်လေးနဲ့က Suzyပဲဖြစ်ရမယ်......
ကောင်မလေးနှစ်ယောက်ရဲ့နာမည်လေးတွေကိုရေရွတ်ပြီးသွားတော့ ရှိုင်းဇေယံလေးရဲ့နှုတ်ခမ်းထောင့်တို့ကအနည်းငယ်ကော့တက်သွားတော့သည်။
ထို့နောက် သူ့ရဲ့မျက်ဆံလေးတွေက ဝိုင်းဘေးမှဖြတ်သွားသော Waiterမလေးဆီသို့တစ်ဖန်ကပ်ငြိသွားခဲ့ပြန်ကာ ထို Waiterမလေးနဲ့အကြည့်ချင်းဆုံသွားတော့သူချက်ချင်းပြုံးပြလိုက်သည်။
Waiterမလေးကလည်းသူ့အားပြန်ပြုံးပြလာပြီးဘေးကနေဖြတ်လျှောက်သွားတဲ့အချိန်မှာပင် ထိုကောင်မလေးကသူ၏ဘေး၌ခေတ္တရပ်တန့်သွားတာကြောင့် သူစောင်းငဲ့ကြည့်ရင်းမေးလိုက်လေသည်။
"What's wrong with you "
"Is your book lying on the floor?"
"What book? When I came there was no book"
"Yes, I'm sorry to bother you"
Waiterမလေးကသူ့အားတောင်းပန်ပြီးနောက်ထိုစာအုပ်လေးကိုကိုင်ကာ သူ၏ရှေ့မှလှည့်ထွက်သွားဖို့ပြင်သည်။ ထိုစဥ် စာအုပ်အဖုံးထက်ရှိရင်းနှီးနေကျမြင်ကွင်းတစ်ခုကို သူ့ရဲ့မျက်ဝန်းတွေကနေအမြန်ဖမ်းမိလိုက်တာကြောင့် Waiterမလေးရဲ့လက်ကိုသူအမြန်ပင်ဖမ်းဆွဲထားလိုက်သည်။
"Wait! "
သူ၏ရုတ်တရက်ဆန်တဲ့အပြုအမူကြောင့် Waiterမလေးကလန့်ဖျန့်သွားတော့လေသည််။
"What's the matter? "
ရှိုင်းဇေယံလေးက သူ၏လက်တွေကိုဖျစ်ညစ်လိုက်ရင်းအတန်ငယ်စဥ်းစားပြီးမှ ယုတ္တိရှိရှိပြောလိုက်လေ၏။
"Er....The owner of the book is the girl who used to sit in the back seat.I overheard them talking about the book. Fortunately, I just remembered that I knew them. They are students from my school.
Should I give them back if it works out?"
သူ့ရဲ့စကားကြားတော့ နိုင်ငံခြားသူWaiterမိန်းမလှလေးက ဝမ်းသာအားရစွာပြန်ပြောလာခဲ့သည်။
"Really? Then it's fine. I'll just ask you for help. Thank you......"
"It doesn't matter"
သူမလေးကမ်းပေးလာတဲ့စာအုပ်လေးအားအမြန်ပင်လှမ်းယူလိုက်ကာ စာအုပ်အရှေ့မျက်နှာဖုံးထက်မှ ပုံလေးအားသူ၏မျက်နှာနှင့်အနီးဆုံးအကွာအဝေးဆီသို့ကပ်ကြည့်လိုက်တော့သည်။
ပြီးတော့စာအုပ်အဖုံးရဲ့အောက်ခြေညာဘက်ထောင့်လေးနားမှာရှိတဲ့နာမည်တန်းလေးတစ်ခုကိုသူထိကိုင်ကြည့်လိုက်ရင်းနှလုံးသားလေးရဲ့တစ်ထောင့်တစ်နေရာကစူးနစ်စွာထိုးအောင့်လာခဲ့ရလေသည်။
Min. Khant. Htae~~~~
ထိုနာမည်လေးကသူ့ရဲ့အသွေးအသားတွေထဲမှာအဆုံးမဲ့ထွင်းထုထားသလိုထက်နက်နက်ရှိုင်းနေခဲ့ကာနှလုံးသားလေးကအသက်ရှူမရအောင်မွန်းကြပ်လာခဲ့ရသည်။
စာအုပ်အဖုံးထက်ဆီကစိန်ပန်းပင်ကြီးနဲ့အစိမ်းရောင်အဆောက်အဦးကြီးအားကြည့်နေရင်းနှင့်ပင် ဆေးရောင်စုံတွေစွန်းထင်းပြန့်ကျဲနေသောဝေဝါးဝါးပိတ်ကားတစ်ချပ်က သူ့ရဲ့မျက်ဝန်းအိမ်တို့ရှေ့၌ နေရာယူသွားခဲ့သည်။
မင်းခန့်ထည်
III MC 4
တစ်စုံတစ်ယောက်ကကျနော့်ရဲ့ရှေ့မှာကျောခိုင်းထားလျက်ဖြင့်Whiteboardပေါ်၌ စာရေးနေခဲ့သည်။ကျောခိုင်းထားတဲ့သူ့ရဲ့ကျောပြင်တစ်နေရာကို တိတ်တိတ်လေးရှုကြည့်နေရတဲ့ကျနော့်ရဲ့ဒီနှလုံးသားလေးထဲမှာများစွာတဲ့ခံစားချက်တို့ကလှိုက်တက်နေခဲ့လေရဲ့ ......
"III MC ဆိုတော့ MECHATRONICS ကပေါ့"ဆိုပြီး ကျနော်တစ်စုံတစ်ခုကိုရေရွတ်ခဲ့လိုက်ပေမယ့် ကျနော့်ရဲ့အသံတိုးတိုးလေးကိုတော့ဘယ်သူမှမကြားခဲ့လေဘူး.........
"အကိုမင်းခန့်ထည် ခန"
"ဘာလဲ"
ကျနော်လှမ်းခေါ်တော့သူကစိမ်းကားခက်ထန်စွာပြန်ထူးခဲ့တာကိုမှန်းဆကြည့်ရသလောက် ကျနော့်ကိုမြင်တဲ့အချိန်တိုင်းက သူ့အတွက်စိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်ထင်တယ်။
သူကျနော့်ကိုအရမ်းမုန်းနေခဲ့တာလားဟင်?
"ငါကမင်းကိုစက်ဆုပ်စရာကောင်းတဲ့လုပ်ရပ်မျိုးလုပ်ထားတာနော်!။
မင်းငါ့ကိုမကြောက်ဘူးလား!!"
"ကျနော် အကို့ကိုသိပ်ချစ်လို့ဗျ။
အဲ့တာကြောင့်ကျနော်မမုန်းနိုင်ဘူး။
ကျနော့်အပေါ်ဒီထက်ပိုဆိုးတဲ့လုပ်ရပ်မျိုးလုပ်လိုက်ရင်တောင် ကျနော့်ရှေ့မှာရှိနေတဲ့
ခများကိုငြင်းဆန်ဖို့စိတ်ကူးမရှိဘူး"
ကျနော့်ရဲ့မြင်လွှာရှေ့မှာထိုလူသားကဒူးထောက်ထိုင်ချနေတာကြောင့်ရေပန်းကကျနေတဲ့ရေစက်ရေပေါက်တွေအောက်မှာတစ်ကိုယ်လုံးရွှဲရွှဲစိုနေခဲ့သည်။
သူကသူ့ရဲ့မျက်နှာကိုခေါင်းငုံ့ထားကာအဖန်တလဲလဲသာတောင်းပန်နေခဲ့တာမို့ကျနော်သူ့မျက်နှာကိုသဲသဲကွဲကွဲမမြင်ခဲ့ရပြန်ပေ။
"ရှိိင်းဇေယံ မင်းငါ့ကိုမချစ်ပါနဲ့ ငါတောင်းပန်ပါတယ်........"
ခများကဘယ်သူလဲ ဘာလို့ကျနော့်ကိုမချစ်ဖို့တောင်းပန်နေတာလဲ? ဟိုတစ်နေ့ညကအိမ်မက်တုန်းကကျ ကျနော့်ကိုချစ်တယ်လို့ခများပြောခဲ့တယ်မှတ်လား? ဘာလို့အခုကျမချစ်ခိုင်းတော့တာလဲ?
ခွမ်း !!
သူ့ရဲ့တံတောင်ဆစ်နဲ့ စားပွဲခုံပေါ်ရှိ Sugar cupလေးအား တွန်းချမိလိုက်တာကြောင့် ဖန်ကွဲစလေးတွေကတစ်စစီကွဲကြေသွားရတော့သည်။
ထိုအသံကသီချင်းသံငြိမ့်ငြိမ့်လေးနဲ့ဆိတ်ငြိမ်လွန်းတဲ့ဆိုင်အတွင်းထဲသို့စူးရှကျယ်လောင်စွာပျံ့နှံ့သွားခဲ့ကာ ဆိုင်အတွင်းရှိလူအကုန်လုံးက သူ့အားလှည့်ကြည့်လာကြသည်။
ထိုအသံကြားတော့ Counterမှာကော်ဖီမှာနေတဲ့ရှိုင်းဆက်ယံကလည်းအပြေးရောက်ချလာလေသည်။
"ဘာဖြစ်လို့လဲ?ခေါင်းကိုက်လို့လား?"
"အင်း ဟုတ်တယ်ကိုကြီး......."
"ဒါဆိုလာ အိမ်ပြန်မယ်"
ရှိုင်းဆက်ယံကမျက်နှာတစ်ခုလုံးဖြူဖျော့နေရှာတဲ့ရှိုင်းဇေယံလေးကိုကူတွဲလိုက်လျက်ကျသင့်ငွေကိုအလျော်ပေးလိုက်ပြီးနောက်ဆိုင်ထဲကနေထွက်လာလိုက်ကြသည်။
ရှိုင်းဇေယံက ခုနကစာအုပ်လေးအား သူ၏ဆွယ်တာအင်္ကျီလေးအောက်၌ဖွက်ထားခဲ့တာကြောင့် သူ့ရဲ့အကိုကထိုစာအုပ်ကိုလုံးဝမတွေ့ခဲ့ပေ။
အိမ်ပြန်ရောက်တော့ရှိုင်းဇေယံကသူ၏အခန်းထဲကိုသာတန်းဝင်သွားတာကြောင့်ရှိုင်းဆက်ယံကလိုက်ဝင်ကြည့်လိုက်တဲ့အခါ ညီဖြစ်သူကခုတင်ပေါ်တွင်ခွေခွေလေးကွေးကာအိပ်နေခဲ့ပြီပင်။ထို့ကြောင့်သူလည်းဘာမှမေးမနေတော့ဘဲနိုးလာတဲ့အခါသောက်ဖို့ဆေးကို ခုတင်ဘေးရှိခုံပေါ်၌အသင့်တင်ထားခဲ့လိုက်ပြီးစောင်လေးကိုပခုံးလေးအထိရောက်အောင်လွှားခြုံပေးလိုက်တော့သည်။
သူ၏ညီလေးအားစိတ်မချစွာအခါတလဲလဲလှည့်ကြည့်နေပြီးနောက် ခြေဖော့လျှောက်ကာထွက်သွားခဲ့တော့သည်။အကိုဖြစ်သူအခန်းထဲမှထွက်သွားပြီးသည်နှင့်ကောင်လေးရဲ့ပိတ်စင်းကျနေတဲ့မျက်တောင်မွှေးလေးတွေက ပြန်လှုပ်ရှားလာခဲ့ကာ မွေ့ယာအောက်၌ဖွက်ထားတဲ့ စာအုပ်လေးအားထုတ်ယူလိုက်တော့လေသည်။
"အကိုကကျောင်းပြီးရင် ကိုယ့်ရဲ့ဇာတိမြို့ဖြစ်တဲ့ပြင်ဦးလွင်မှာပဲအခြေပြန်ချရမှာ။အဲ့ဒီ့မှာကို့အဖေနဲ့အမေနှစ်ယောက်စလုံးကအခြေချနေတာဆိုတော့ ကိုယ့်လိုတစ်ဦးတည်းသောသားက မိဘတွေကိုတစ်နယ်တစ်ကျေးမှာချန်ထားပစ်ခဲ့ဖို့ကအဆင်မပြေဘူးလေ။"
ထိုစာသားကိုဖတ်နေတဲ့တစ်စုံတစ်ယောက်က ဖတ်နေရင်းတန်းလန်းဖြင့်ဗိုက်နှိပ်လျက်ထရယ်လာလေသည်။
"မင်းကြည့်စမ်း အလင်း ဒီကောင်ကြီးကညီလေးရှိုင်းဇေယံကိုပါတကယ်ဂျင်းထည့်ခဲ့တာကွ....."
"ဟုတ်လား"
ခုတင်ပေါ်တွင်လဲလျောင်းကာစာအုပ်ဖတ်နေရင်းအသံပေါင်းစုံစီထွက်နေတဲ့ မင်းစက်အား စာကြည့်စားပွဲ၌ Thesisထိုင်ရေးနေတဲ့ဟန်လင်းထက်ကလှည့်ကြည့်လာကာမင်းစက်ရဲ့အူတက်နေရှာသည့်ပုံစံလေးအားသဘောတကျငေးကြည့်နေပေသည်။
"သူပြောတဲ့ပုံစံကိုကလိမ္မာတဲ့သားလေးတစ်ယောက်လိုပဲကွာ။တကယ်ဆို အိမ်ပေါ်ကနေဆင်းလာခဲ့တဲ့သားမိုက်မဟုတ်ဘူးလား? ဘယ်လိုတောင်ကြားကောင်းအောင်လိမ်ညာတတ်တာလဲ? ဒီမှာကျန်သေးတယ် ကိုယ်ဖတ်ပြမယ်နားထောင်နေ....."
မင်းစက်က ဦးနေမင်းထက်စာဖတ်လျှင်တပ်လေ့ရှိတဲ့မှန်ထူထူမျက်မှန်ဝိုင်းကြီးနဲ့ စာအုပ်ထဲကစာလုံးသေးသေးလေးတွေကိုအာရုံစိုက်ကြည့်ရင်းတခစ်ခစ်ရယ်သံလေးနဲ့ဖတ်ပြနေပြန်ပါသည်။
ဟန်လင်းထက်က သူ့၏လက်ထဲကဖောင်တိန်လေးအားလှုပ်ရမ်းနေရင်းမျက်နှာထက်တွင်လည်းနှစ်ခြိုက်လွန်းသောအပြုံးလေးတစ်ပွင့်ကိုချိတ်ဆွဲထားလျက် သူ့ချစ်သူရဲ့အသံလေးအားနားစွင့်နေခဲ့လေသည်။
"အကို့အဖေကကော်ဖီခြံဧကတော်တော်များများပိုင်တယ်။ကော်ဖီလုပ်ငန်းကိုလည်းအဓိကထားလည်ပတ်နေတယ်။
အကို့အမေကတော့ ပန်းစိုက်တဲ့လုပ်ငန်းကိုလုပ်ကိုင်တယ်။အကို့အမေမှာလေ အကိုမမြင်ဖူးတဲ့ပန်းမျိုးစိတ်ပေါင်းတစ်ထောင်ကျော်လောက်တောင်ရှိတယ်။အကိုကကော်ဖီဘက်ကိုသိပ်စိတ်မဝင်စားပေမယ့် ပန်းတွေဘက်ကိုတော့နည်းနည်းစိတ်ဝင်စားတယ်။"
ထိုစာသားတစ်စုအားတစ်လုံးမကျန်ဖတ်လိုက်ပြီးနောက်မင်းစက်ဟာစိတ်ကုန်သွားတဲ့မျက်နှာကြီးကိုလုပ်ပြလာရင်းထိုစာအုပ်လေးကိုပိတ်ချပစ်လိုက်တော့သည်။
"တော်ပြီတော်ပြီ ငါဒီကောင်ကြီးရဲ့မုသားတွေကိုဆက်ဖတ်ပြီးမခံစားနိုင်တော့ဘူး....အဲ့တုန်းကအလိမ်ခံခဲ့ရတဲ့အကြောင်းတွေကိုပြန်စဥ်းစားမိရင်လေ တကယ်ပဲခံပြင်းလွန်းလို့ အသက်တိုလိမ့်မယ်!"
ထိုအခါဟန်လင်းထက်က ရယ်သံသဲ့သဲ့လေးကိုအခန်းအနှံ့ဖြတ်သွားစေလိုက်ရင်းဆက်ပြောလာလေသည်။
"သူပြောတာလဲမှန်တာပဲလေ ပြင်ဦးလွင်ကကော်ဖီခြံတွေ ပန်းခြံတွေအားလုံးက သူ့ရဲ့မိဘတွေပိုင်ဆိုင်တဲ့အရာတွေပဲ။
စတုရန်းမိုင်ပေါင်း၁၂၈မိုင်ကျယ်ဝန်းတဲ့ရွှေစံအိမ်ကြီးရဲ့ခြံဝန်းထဲကပန်းမျိုးပေါင်း၂သိန်းကိုလည်း ဒေါ်ဝင့်ဝါထည်ကိုယ်တိုင်ကိုယ်ကျစီမံစိုက်ခဲ့တာလဲအမှန်ပဲလေ။"
"MKရဲ့အမွေဆက်ခံသူမဖြစ်ခင်အချိန်တုန်းကဦးမင်းထက်ခေါင်ကအမှန်တကယ်လည်းကော်ဖီခြံလုပ်ငန်းကိုအဓိကထားလုပ်ကိုင်ခဲ့တယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာပြောသွားသေးတယ်ဆိုတော့ကာ အကိုမင်းခန့်ထည်က သူ့ရဲ့အရောင်တောက်နေတဲ့ပိုးသားကောင်းကင်ကို သာမန်ဆေးဆိုးပန်းရိုက်ချည်သားကောင်းကင်နဲ့
ခနတာဖုံးအုပ်ထားချင်ခဲ့တာလို့ပဲ ကျနော်မြင်တယ်။ "
"မဟုတ်ရင် ဒီလိုမျိုးရိုးရှင်းတဲ့မုသားစကားကိုသုံးမယ့်အစားသူကိုယ်တိုင် ပိုးထည်တွေကိုထပ်ပြီးအရောင်တင်နေမှာပေါ့။....."
"Wow! ဟန်လင်းထက် မင်းအခုတလော အဲ့ကောင်ကြီးအပေါ်အရမ်းတွေနားလည်တတ်လာသလားလို့။ဘာလဲ သံယောဇဥ်တွေဘာတွေများရှိနေပြီလား?"
ထိုစကားကြားတော့ဟန်လင်းထက်ကခပ်ဟဟရယ်ကာစာကြည့််စားပွဲရှေ့၌ထိုင်နေရာကနေထရပ်လာပြီး ခုတင်နားသို့ဖြတ်ခနဲရောက်လာလေ၏။
သို့နောက် မင်းစက်ရဲ့ကိုယ်လေးအားသူ၏ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ပြီးအက်ရှရှရယ်သံလေးနဲ့မျက်ခုံးတစ်ဖက်ပင့်ကာဆိုသည်။
"အဲ့တော့ သဝန်တိုတယ်ပေါ့....."
"တိုစရာလား? သဝန်တိုတယ်ဆိုတာ ငါ့ရာဇဝင်မှာမရှိဘူး ငါကတချို့အူပုပ်တွေလိုမျိုးမဟုတ်ဘူး........"
မင်းစက်ကသူ့ရဲ့နှုတ်ခမ်းတွေအား ဟန်လင်းထက်မျက်နှာဆီသို့ထိုးလုမတတ်စူထော်ရင်းဆိုလေတော့ ဟန်လင်းထက်ခမျာစိတ်မထိန်းနိုင်တော့ပဲ မင်းစက်ပေါ်သို့ခုန်အုပ်လိုက်ပေတော့သည်။
"အား......အလင်း!!
အူပုတ်ကောင် နာတယ်လို့ ! အကြင်နာမဲ့တဲ့အကောင်!"
"ကိိုစက်အရင်စတာလေ အခုမှကျနော့်ကိုလာပြီးအပြစ်တင်မနေနဲ့......."
အိမ်အပေါ်ထပ်ဆီကဆူညံအော်ဟစ်သနားခံနေတဲ့အသံများဟာ အိမ်အောက်ထပ်ကဧည့်ခန်းထဲရှိ ဦးနေမင်းထက်၏ခေါင်းအပေါ်တည့်တည့်သို့သံစုံတီးဝိုင်းလာတီးနေသကဲ့သို့ကျရောက်လာခဲ့တဲ့အခါ နောက်ဆုံးမျက်နှာပူရသောအဖေအိုကြီးပင်လျှင်အသံလုံတဲ့စာကြည့်ခန်းထဲသို့ကမမ်းကတမ်းဝင်သွားလိုက်ရလေသည်။
"ဒီကလေးတွေကတော့ကွာ!"
••••••••••••••••••••••••••••••••••••••••••••••••••
နောက်တစ်နေ့မနက်၌ မနက်စာပြင်ပြီးတဲ့ရှိုင်းဆက်ယံဟာရှိုင်းဇေယံလေးအားနှိုးဖို့ အခန်းထဲသို့ဝင်သွားလိုက်သည်။
"William... မနက်စာလာစားတော့ ပြီးရင်လေ့ကျင့်ခန်းသွားလုပ်ရမယ်......"
ရှိုင်းဆက်ယံကစကားတပြောပြောနှင့်အခန်းထဲသို့ရောက်တဲ့အခါ အရင်နေ့တွေတုန်းကလိုခုတင်ပေါ်တွင်လဲလျောင်းနေတဲ့ညီဖြစ်သူကိုမတွေ့ရတော့တာကြောင့်သူ၏မျက်လုံးတွေပြာသွားရတော့သည်။
"William!!"
သူအော်ခေါ်လိုက်ရင်းအခန်းထဲသို့ဝေ့ကြည့်လိုက်တဲ့အခါ ခုတင်စောင်းကိုမှီလျက်ကြမ်းပြင်ပေါ်တွင်ဆောင့်ကြောင့်ကလေးထိုင်နေရှာသောညီဖြစ်သူကိုမြင်တော့သူအပြေးသွားလိုက်ကာအသက်ရှူရပ်မတတ်မေးလာလေသည်။
"ညီလေး မင်းဘာဖြစ်လို့လဲ ဘယ်နေရာက
နေမကောင်းဖြစ်လို့လဲ? ကိုကြီးကိုပြောစမ်းပါကွာ ကိုကြီးရင်ပူလွန်းလို့ပါ!
ဟင် ဘာဖြစ်နေတာလဲ?"
သူကသာညီဖြစ်သူလေးရဲ့ဖြူဥဥမျက်နှာလေးအားဖွဖွကလေးထိကိုင်လိုက်ရင်း မျက်ပြူးဆံပြာဖြစ်နေရှာပေမယ့် သူ့ရဲ့ညီဖြစ်သူကတော့ သူစိမ်းဆန်တဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်လာကာ ပါးပြင်ပေါ်ကလက်တွေကိုအကြမ်းပတမ်းဖြုတ်ချပစ်လိုက်လေသည်။
သူ့ရဲ့လက်တွေက ကြမ်းပြင်ပေါ်သို့ပြုတ်ကျထိခတ်သွားရပြီးနောက် ရှိုင်းဆက်ယံတစ်ယောက် ကြောင်အသွားရတော့သည်။
"ကိုကြီးလိမ်တယ် ကိုကြီးညာတယ်!"
"ကိုကြီးဘာညာခဲ့လို့လဲ William...... "
ရှိုင်းဆက်ယံရဲ့အသံတို့ဟာအနည်းငယ်တုန်ရီနေခဲ့ရှာပြီး မျက်ခမ်းစပ်လေးတွေဟာလည်းနီဆွေးရဲတက်လာခဲ့သည်။
"မခေါ်နဲ့! အဲ့ William ဆိုတဲ့နာမည်ကိုကျနော်မကြိုက်ဘူး ...... ကိုဇေလို့ဘာလို့မခေါ်တော့တာလဲ ဘာလဲ ကျနော်အတိတ်တွေကိုပြန်သတိရပြီး ကိုခန့်ကိုပြန်မှတ်မိလာမှာစိုးလို့လား!"
အေးစက်စွာစိုက်ကြည့်နေတဲ့ညီဖြစ်သူထံကနေထိုသို့အမေးခံလိုက်ရတဲ့အခါဒူးတစ်ဖက်ထောက်ထိုင်ချထားတဲ့ရှိုင်းဆက်ယံရဲ့ကိုယ်လေးဟာအနောက်ဘက်ဆီသို့ယိုင်နဲ့ကျသွားရသည်။
"မင်း....မင်း....."
"ဟုတ်တယ် ကျနော်အကုန်ပြန်မှတ်မိပြီ
ကိုခန့်နဲ့ကျနော့်အကြောင်းတွေကိိုအကုန်ပြန်မှတ်မိပြီ။ကိုကြီးပြောတော့ ကျနော့်ကိုသူ့ဆီပြန်ပို့ပေးမှာပါဆို ဘာလို့အခုကျတော့ကျနော့်ကို ကိုခန့်နဲ့ပက်သတ်တဲ့အရာတွေအားလုံးဖုံးကွယ်ထားခဲ့တာလဲ!"
"ကိုဇေ ကိုကြီးပြောမယ်နားထောင် ...သူနဲ့ညီလေးကမိုးနဲ့မြေလိုကွာတယ် သူဘယ်လိုပဲဖြစ်ဖြစ်ညီလေးကိုရွေးချယ်မှာမဟုတ်ဘူးဆိုတာ ညီလေးလဲသိတယ်မှတ်လား?
သူကတိပေးထားတဲ့အတိုင်းရောက်မလာခဲ့ဘူးလေ ညီလေးကိုနာကျင်အောင်လုပ်ပြီး သူတစ်ချက်ကလေးတောင်ညီလေးကိုလာမတောင်းပန်ခဲ့ဘူးလေ! အဲ့ဒါကိုမင်းသိရဲ့သားနဲ့ဘာလို့ သူ့ဆီပဲပြန်သွားချင်နေရတာလဲ??"
"ကိုကြီးသိနေခဲ့တယ်မှတ်လား MKရဲ့ CEOအသစ်ကအကိုမင်းခန့်ထည်ဆိုတာ....... ပြီးတော့ ကိုကြီးနဲ့သူနဲ့အပေးအယူတွေပါလုပ်ထားကြသေးတယ်မှတ်လား? သူကကျနော့်ကိုကယ်တင်ဖို့အတွက် သူမလျှောက်ချင်တဲ့လမ်းကိုလျှောက်ခဲ့ရတယ် သူအရမ်းပင်ပန်းခဲ့ရတယ် သူအရမ်းနာကျင်နေခဲ့ရတာတောင်ကျနော်သူ့ကိုနဲနဲလေးတောင်မနှစ်သိမ့််ပေးခဲ့ရဘူး!"
ထိုအချိန်၌ တစ်ယောက်သောသူမြိုသိပ်ခံစားခဲ့ရတဲ့အကြောင်းအရာတွေကိုပြန်တမ်းတတွေးမိလိုက်တိုင်းနှလုံးသားကခံစားရခက်စွာစူးအောင့်နာကျင်လာခဲ့ကာ ရှိုင်းဇေယံရဲ့မျက်ဝန်းအိမ်လေးဆီကနေမျက်ရည်စက်ကလေးတွေက ကြမ်းပြင်ထက်ဆီသို့ပေါက်ခနဲ စီးကျသွားခဲ့လေသည်။
"သူကကျနော့်ကြောင့်နဲ့ စိတ်ရောဂါပါခံစားခဲ့ရတယ်။သူက သူ့ကိုယ်သူတောင် Suicideလုပ်ခဲ့သေးတာ ကျနော်သိရင်သူ့ဆီပြန်လာအောင်တဲ့လေ။ ကျနော်ကတော့သူ့ရဲ့ Suicideသတင်းကိုကြားနေရတာတောင် ဘာမှမဖြစ်သလိုနားထောင်နေခဲ့သေးတာ။ကျနော်ဘာလို့ဘာမှမသိခဲ့ရတာလဲ...ဘာလို့လဲ !!"
ထိုသို့တငိုငိုတရီရီနဲ့ဆိုရင်းရှိုင်းဇေယံကသူ့ကိုယ်သူနာကျင်အောင်ကုတ်ဖဲ့ရိုက်နှက်နေခဲ့သည်။
"တော်တော့ ကိုဇေ တော်စမ်းကွာ!"
ထိုအဖြစ်ကိုရင်နာစွာမကြည့်ရက်တဲ့ရှိုင်းဆက်ယံဟာ ရှိုင်းဇေယံလေးရဲ့လက်တွေကိုအတင်းချုပ်ထားလိုက်လေသည်။ရှိုင်းဇေယံမှာကုတ်ဖဲ့ထားတဲ့ဒဏ်တွေကြောင့် တစ်ချို့နေရာတွေဆို သွေးပင်ဆို့နေခဲ့ချေသည်။
"မင်း! အဲ့ကြောင်းတွေကိုဘယ်လိုလုပ်ပြီးသိနေတာလဲဟမ်!"
သူထိုသို့မေးနေစဥ်ပင်ပြတင်းထက်ကတိုက်ခတ်လာတဲ့လေများအဝှေ့တွင် ခုတင်စောင်း၌တင်ထားတဲ့စာအုပ်လေးဆီကနေ စာရွက်ခတ်သံတဖျက်ဖျက်ကအခန်းထဲ၌ထွက်ပေါ်လာခဲ့တာကြောင့်ရှိုင်းဆက်ယံက အသံလာရာဆီသို့အာရုံရောက်သွားခဲ့ကာ စာအုပ်လေးကိုလှမ်းယူကြည့်လိုက်လေသည်။
HE=MY FIRST LOVE~~~
ကျစ် ! ဒီစာအုပ်ကဘယ်လိုလုပ်ပြီး ကိုဇေရဲ့လက်ထဲရောက်နေတာလဲ!
ရှိုင်းဆက်ယံဟာသူ့လက်ထဲသို့ထိုစာအုပ်ရောက်လာသည်နှင့်တပြိုင်နက်အလယ်ကနေနှစ်ခြမ်းဆွဲဖြဲလိုက်ပြီးနောက် ပြတင်းပေါက်ကနေအောက်သို့ပစ်ချလိုက်လေတော့သည်။
"မလုပ်နဲ့!"
ရှိုင်းဇေယံလေးဟာလည်ချောင်းကွဲလုမတတ်အော်ပြောလိုက်ရင်းငိုလာခဲ့ကာသူ၏အားနည်းနေတဲ့ခြေထောက်တွေအားကြမ်းပြင်ပေါ်မှာတရွတ်တိုက်ဆွဲလျက် တားမြစ်ချင်ပေမယ့်လို့ သူ့အကိုရဲ့မြန်ဆန်တဲ့လှုပ်ရှားမှုတွေအပေါ်လက်လှမ်းမမှီခဲ့ပေ။ စာအုပ်လေးဟာ တိုက်နံရံဘေးရှိ တူးမြောင်းအသေးစားထဲသို့ကျသွားခဲ့ကာ ရေစီးနဲ့အတူမြောပါသွားခဲ့တော့လေသည်။
"ဘာလို့လဲ!ဘာလို့အဲ့လိုလုပ်ရတာလဲဗျာ!"
ရှိုင်းဇေယံလေးကဒေါသတကြီးနှင့်သူ၏အကိုအားထုရိုက်နေတော့လေ၏။ရှိုင်းဆက်ယံမှာညီဖြစ်သူအားတားလဲမတားသလို သူကိုယ်တိုင်လည်းထိုအခြေအနေမှမရုန်းခဲ့ပေ။
"စာအုပ်မရှိလဲ ကျနော်သူ့ကိုမှတ်မိနေမှာပဲ။သူနဲ့ပက်သတ်တဲ့မှတ်ဥာဏ်တွေ
ပျောက်သွားတာမျိုးကထပ်ရှိလာမှာမဟုတ်ဘူး။ကိုကြီးဘယ်လောက်တားတား ကျနော်သူ့ဆီမရောက်ရောက်အောင်ပြန်သွားမှာပဲ!"
"မသွားရဘူး! အဲ့ကောင်မင်းကိုထပ်ပြီးနာကျင်အောင်လုပ်မှာမျိုးကိုငါခွင့်မပြုနိုင်ဘူး..... အဲ့အကောင်ကဘာတွေများကောင်းနေလို့လဲ?
ငါမြင်ခဲ့တာတွေက သူမင်းကိုနာကျင်အောင်အချိန်တိုင်းလုပ်နေခဲ့တာကိုပဲ!
မင်းကိုစောင့်ရှောက်ပေးနေတဲ့ကိုကြီးတစ်ယောက်လုံးရှိတာပဲဟာ သူစိမ်းတစ်ယောက်ကိုဘာဖြစ်လို့လိုအပ်နေသေးတာလဲ ရှိုင်းဇေယံ!"
"ငါ့မှာမင်းဆိုတဲ့ညီလေးတစ်ယောက်ပဲရှိခဲ့တာကွ.....ငါကဘာလို့သူစိမ်းတစ်ယောက်နဲ့မင်းကိုခွဲဝေပြီးချစ်ရမှာလဲ? ငါမလုပ်နိုင်ဘူး ငါ့ညီလေးကိုဘယ်သူ့ဆီကိုမှငါမပေးလိုက်နိုင်ဘူး......"
"ငါအခုနောင်တအရဆုံးကဘာလဲသိလား။အဲ့အချိန်တုန်းက ငါမင်းကိုပြန်ခေါ်သွားခဲ့တာကိုပဲ......ငါတကယ်ဆိုမင်းကိုပြန်မခေါ်သွားခဲ့ရမှာ!
ငါမင်းကိုပြန်သာမခေါ်သွားခဲ့ရင် မင်းလည်းအဲ့အကောင်နဲ့ဆုံမှာမဟုတ်ဘူး! အဲ့အကောင်နဲ့သာမဆုံခဲ့ရင် ငါတို့ညီအကိုတွေဒီလိုမျိုးစိတ်ဝမ်းကွဲနေရမှာမဟုတ်ဘူး
ငါအခုအဲ့လိုလုပ်ခဲ့မိတဲ့ငါ့ကိုယ်ငါသတ်ပစ်ချင်လောက်အောင်မုန်းတယ်!"
ရှိုင်းဆက်ယံကသူ၏ရင်ဘက်ကိုတဘုန်းဘုန်းထုရင်းဆိုနေကာအသံတွေကနာကျင်အက်ကွဲနေရှာ၏။
"တကယ်တော့ကိုကြီးကကျနော့်ကိုချစ်တာမဟုတ်ပါဘူး ကိုကြီးမှာချစ်တတ်တဲ့နှလုံးသားမရှိခဲ့ပါဘူး..... ကျနော်သိတာတော့ ကိုကြီးကအတ္တကြီးတယ်ဆိုတာပဲ ကိုကြီးကကျနော့်ကို ကိုခန့်နဲ့မျှဝေမချစ်ပေးနိုင်တာမဟုတ်ဘူး ကိုကြီးမှာအရာအာလုံးအပေါ်အနိုင်လိုချင်နေတဲ့အတ္တဆိုတာပဲရှိခဲ့တာ!! "
ကျနော့်လက်ပြင်ကြောမှာဆေးအပ်ရာတွေဗလာပွနေတာတောင် ကျနော့်ကိုနဲနဲလေးတောင်ကိုကြီးသနားခဲ့ဖူးလို့လား။မရေမတွက်နိုင်လောက်တဲ့စမ်းသပ်မှုတွေပဲဆက်လုပ်စေခဲ့တာ။နောက်တော့ဘာဖြစ်လို့ .. . . ကိုကြီးက Gliomaရောဂါသည်ကိုပထမဆုံးကုသနိုင်တဲ့ဆရာဝန်အဖြစ်တစ်ကမ္ဘာလုံးကိုသက်သေပြချင်နေတဲ့စိတ်ပဲကိုကြီးဆီမှာရှိခဲ့တာမှတ်လား။အဲ့တာကြောင့် ကျနော်စမ်းသပ်ခန်းထဲမှာဘယ်လောက်ပဲသွေးတွေထုတ်နေရပါစေ ကိုကြီးကတော့ မျက်နှာတစ်ချက်မှမပျက်ဘဲရပ်ကြည့်နေနိုင်ခဲ့တာပေါ့။အဲ့တာ ခများပြောတဲ့ကျနော့်အပေါ်သူစိမ်းတစ်ယောက်ကိုမျှဝေမပေးနိုင်တဲ့အကိုတစ်ယောက်ရဲ့အချစ်တဲ့လား???
ခများကျနော့်ကိုငယ်ငယ်ကတည်းကတစ်ချက်ကလေးတောင်မချစ်ခဲ့ပါဘူး။ ကျနော့်ကြောင့်အမေဆုံးသွားရတယ်ဆိုတဲ့စိတ်ပဲခများရဲ့ဒီရင်ထဲမှာပဲရှိနေခဲ့တာပါ။ အမြဲတမ်းမျက်နှာသေကြီးနဲ့နေခဲ့တဲ့ခများကကျနော့်အပေါ်တစ်ချက်ကလေးတောင်နွေးနွေးထွေးထွေးပြုံးပြဖူးလို့လား?
ကျနော်ဘာလို့ ကိုခန့်ကိုခများထက်ပိုပြီးတွယ်တာခဲ့တာလဲသိလား? သူကကျနော့်အပေါ်ကိုအကိုရင်းတစ်ယောက်ဖြစ်တဲ့ခများထက်ပိုကြင်နာတတ်ပြီး အနွေးထွေးဆုံးဂရုစိုက်ပေးခဲ့လို့ပဲ.........ကျနော့်မှာ အကိုရင်းတစ်ယောက်လုံးရှိနေခဲ့တာတောင် ဘာလို့သူစိမ်းတစ်ယောက်လိုအပ်နေသေးတာလဲဆိုတာ ကျနော့်ကိုပြန်မမေးပဲခများဘာသာ
ခများစဥ်းစား!"
ရှိုင်းဇေယံဟာ ရှိုင်းဆက်ယံအပေါ်သူ၏ရင်ထဲ၌မျိုသိပ်ထားခဲ့ရသောရာချီသည့်မေးခွန်းများကိုထုတ်မေးရာတွင်အကိုဖြစ်သူဘက်မှဘာအဖြေမှပြန်မလာသောကြောင့် သူတကယ်ကိုပင် အကိုဖြစ်သူအပေါ်မျှော်လင့်ချက်မဲ့သွားခဲ့သည်။
"ပြန်မဖြေနိုင်တော့ဘူးပေါ့။ကြည့်ပါလား
ကိုကြီးမှာနဂိုကတည်းကတစ်ကိုယ်ကောင်းဆန်တဲ့စိတ်ပဲရှိခဲ့တာ.....ကျေးဇူးပြုပြီး အခုလောလောဆယ် ကျနော့်မျက်စိရှေ့ကနေထွက်သွားပေးပါလား ? အတိတ်ကအဖြစ်အပျက်တွေအားလုံးကိုပြန်မှတ်မိလာတဲ့ကျနော်က ကိုကြီးကိုမြင်ရင် မခံမရပ်နိုင်လောက်အောင်နာကျင်ရလို့ပါ........."
အသက်ထက်မကချစ်ခင်တွယ်တာရတဲ့သံယောဇဥ်ကြိုးလေးတစ်ကြိုးဖြစ်တဲ့
လူသားလေးဆီကနေ ချွန်းတစ်ခုနဲ့စိုက်သွင်းခံလိုက်ရသလိုမျိုးနာကျင်ရပါတဲ့ဒီလိုစကားလုံးမျိုးတွေနဲ့အမေးခံလိုက်ရမယ်ဆို ခများတို့ကော ခများတို့ရဲ့လူသားလေးတွေကိုဘယ်လိုပြန်ပြောကြမလဲ?
ဒါမှမဟုတ် ကျနော့်လိုပဲနှုတ်ဆိတ်နေပြီး တုံ့ပြန်နိုင်တဲ့ခွန်အားတွေမရှိစွာနဲ့ ဒီအတိုင်းထွက်သွားပေးခဲ့မှာလား???
ကျနော်တို့ရင်ထဲမှာအချိန်အကြာကြီးကွယ်ဝှက်ထွေးပိုက်ထားရတဲ့စကားလုံးတွေကိုကော ဘယ်သူတွေကများနားထောင်ပေးမှာတဲ့လဲ .....
အကိုဖြစ်သူရဲ့ကျောပြင်လေးကအခန်းထဲကနေ တိတ်ဆိတ်စွာပျောက်ကွယ်သွားတဲ့အခါ ရှိုင်းဇေယံကသူ၏အခန်းတံခါးကိုသော့ခတ်လိုက်ကာ Luggage တစ်လုံးကိုဖွင့်ပြီးသူ၏ခြေထောက်တွေကိုအဝတ်အစားဗီရိုဘက်ဆီသို့တရွေ့ရွေ့ဆွဲသွားလိုက်လေသည်။ထို့နောက် အဝတ်အစားများကို Luggageထဲသို့တစ်ခုပြီးတစ်ခုပစ်ထည့်နေလေ၏။
အခန်းပြင်ရောက်သွားတဲ့ရှိုင်းဆက်ယံမှာခြေထောက်တွေကမရပ်နိုင်တော့ပဲ အခန်းတံခါးကိုမှီလျက်ထိုင်ချလိုက်ပါတော့သည်။
မေမေဆုံးတော့ Englandမှာအခြေချနေတဲ့ဦးလေးဖြစ်သူကကျနော်တို့နှစ်ယောက်ကိုမွေးစားခဲ့ပြီးကျနော်ကြီးပြင်းလာတဲ့ဒီနိုင်ငံဆီကနေအဝေးဆုံးသို့ခေါ်ထုတ်သွားဖို့စီစဥ်နေတာတွေကိုကြားတော့ကျနော်ကန့်ကွက်ခဲ့သည်။
"ကျနော်မသွားဘူး မလိုက်ချင်ဘူး။ ကျနော်ဒီမှာပဲနေချင်တယ်။ဒီမြေမှာကျနော့်အဖေနဲ့အမေနှစ်ယောက်စလုံးရှိတယ် အဖေနဲ့အမေမရှိတဲ့နေရာကိုမသွားနိုင်ဘူး....."
"သား ဦးလေးနဲ့မလိုက်ဘူးဆိုရင်သားရဲ့ညီလေးကို ဘယ်သူစောင့်ရှောက်မှာလဲ?"
ဦးလေးရဲ့စကားကြားတော့ ကျနော့်ရင်ခွင်ထက်ဆီမှာပွေ့ပိုက်ထားတဲ့နီတာရဲလေးကို ကျနော်တစ်ချက်ရှုကြည့်မိသည်။
နီတာရဲလေးကိုအကိုတစ်ယောက်အနေနဲ့ကာကွယ်စောင့်ရှောက်ဖို့ရာကျနော်ကငယ်သေးသည်တဲ့လေ။အဲ့ဒါကြောင့် ကျနော်ကသူ့အတွက်နဲ့ တခြားနိုင်ငံကိုလိုက်ခဲ့ရမယ်တဲ့။ဘာလို့ကျနော်က သူ့အတွက်နဲ့ဖေဖေ မေမေတို့နဲ့ဝေးရာဆီကိုသွားရမှာတဲ့လဲ။ သူ့ကိုပဲ ဒီဦးလေးဆီပေးပစ်လိုက်ရင်ကော ကျနော်ဒီကမထွက်သွားရတော့ဘူးပေါ့။ဟုတ်တယ်သူသာကျနော်နဲ့အတူတူမရှိရင် ကျနော်လည်းသူ့ကိုစောင့်ရှောက်စရာမလိုတော့သလို မေမေတို့ကိုချန်ထားပြီးအဝေးကြီးကိုသွားစရာမလိုတော့ဘူးပဲ။
ထို့ကြောင့် ၁၀နှစ်အရွယ်ကောင်လေးကဦးလေးဖြစ်သူရဲ့လက်ထဲသို့ အနှီးထုပ်လေးကိုထည့်ပေးလိုက်ရင်းအသဲမာစွာဆိုခဲ့သည်။
"သူ့ကိုခေါ်သွားပါ။ ကျနော့်ကိုတော့ မေမေတို့နဲ့ထားခဲ့ပါ...."ဆို၍ ကျနော်တကယ်ကိုအဲ့အတိုင်းပြောခဲ့ပေမယ့်လို့ တကယ့်တကယ်ကျ ကျနော့်ရဲ့ညီသေးသေးလေးကိုတခြားလူတွေနဲ့ထည့်မပေးနိုင်ပြန်ဘူး။
ကျနော့်လက်ပေါ်မှာအသံစူးစူးနဲ့အော်ငိုနေတုန်းက အဲ့ဒီနီတာရဲလေးကိုကျနော်သဘောမကျခဲ့ပေမယ့်တခြားလူတွေလက်ပေါ်မှာမြင်နေရတာကိုကျနော်ပိုသဘောမကျခဲ့ဘူး......
အဲ့အချိန်ကျနော်သိလိုက်ရတာက ကျနော့်ညီနီတာရဲလေးက ကျနော်အသက်ဆက်ရှင်သန်နေရမယ့်အခိုင်မာဆုံးသောအကြောင်းပြချက်လေးတစ်ခုဆိုတာပဲ........
ဒီလိုနဲ့ကျနော်စိမ်းကားတဲ့နေရာတစ်ခုဆီမျက်စိပိတ်နားပိတ်ရောက်လာခဲ့ရသည်။ဦးလေးဖြစ်သူဟာ နဂိုကတည်းကတစ်ကိုယ်တည်းသမားမို့ သူ့ဘဝထဲအဖော်အဖြစ်ဝင်လာခဲ့တဲ့ကျနော်တို့ညီအကိုနှစ်ယောက်ကို ဖခင်အရင်းသဖွယ်ချစ်ပေးပြီး
သူအတတ်နိုင်ဆုံးစောင့်ရှောက်ပေးခဲ့ပေမယ့် ညီလေးကတော့ အဖေအမေကိုယ်စီနဲ့လက်တွဲပြီးသွားတဲ့ကလေးတွေကိုမြင်တိုင်း အမြဲစိတ်အားငယ်နေတတ်သည်။
ရွယ်တူကလေးတွေနဲ့ဆော့ကစားတဲ့အချိန်လှောင်ပြောင်သရော်ခံရပြီးတဲ့နောက်ပိိုင်း နှင်းလုံးလေးနဲ့တူတဲ့ ကျနော့်ရဲ့ညီသေးသေးလေးကအိမ်ထဲကနေအိမ်အပြင်မထွက်တော့ပဲ သူ့ထံ၌ခင်တွယ်စရာသူငယ်ချင်းတွေလည်းမရှိဖြစ်ခဲ့သည်။
ကျနော့်အတွက်အဆိုးရွားဆုံးအချိန်ကတော့ သူလေးစိတ်ဆင်းရဲနာကျင်နေရတာကိုဘာမှမလုပ်ပေးနိုင်ဘဲရပ်ကြည့်နေရတာကိုပင်။ထို့ကြောင့် ကျနော်တို့နှစ်ယောက်စလုံးအပြင်ထွက်တဲ့အခါတိုင်းကျနော့်ရဲ့မျက်နှာပေါ်မှာကြောက်စရာကောင်းတဲ့ မျက်နှာအမူအရာကိုအမြဲချိတ်ဆွဲထားရင်း ညီလေးကိုတခြားသူတွေဆီကနေကျနော်ကာကွယ်ပေးခဲ့တယ်။ အချိန်တွေကြာလာတာနဲ့အမျှ ညီဖြစ်သူကိုကာကွယ်ဖို့အတွက်ဟန်ဆောင်တပ်ခဲ့တဲ့မျက်နှာဖုံးဟာ ကျနော့်ရဲ့နေစဥ်ဘဝမှာထပ်တူကျသွားခဲ့ခြင်းပေ။
Williamလေး၃နှစ်သားအရွယ်မှာအပြင်းဖျားပြီးဆေးရုံတင်လိုက်ရတဲ့အခါ ဆရာဝန်တွေစစ်ဆေးတွေ့ရှိခဲ့ရတာက Gliomaရောဂါလက္ခဏာအစဖြစ်နေတာကြောင့် သူငယ်ငယ်လေးကတည်းက လက်နှစ်ဖက်စလုံးမှာ အပ်ရာပေါင်းများစွာကထပ်ထပ်ကြမ်းနေရာယူခဲ့ရလေသည်။
အပ်ရာတွေဆီကနေ သူ့ညီလေးခံစားနေရတဲ့ နာကျင်မှုတွေကိုမျက်ဝန်းတွေကနေတဆင့်တပ်အပ်မြင်နေရတဲ့ကျနော်ဟာ ထိုနာကျင်မှုတွေကိုအစားထိုးယူခဲ့ချင်ပေမယ့် ကျနော်အစားထိုးယူပေးလို့မရခဲ့ဘူး။
ထိုစဥ်အခါကJacksonဆိုတဲ့ကောင်လေးဟာ ဗိသုကာပညာကိုအရူးအမူးလေ့လာဆည်းပူးချင်နေခဲ့တဲ့လူငယ်လေးတစ်ယောက်ပေါ့။
ဘယ်သူသိလိမ့်မလဲ တစ်နေ့မှာထိုကောင်လေးက သူ့အနှစ်နှစ်အလလကအမြတ်တနိုးစုဆောင်းထားခဲ့တဲ့ ဗိသုကာဘာသာရပ်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေအားလုံးကို တစ်ခုမကျန်လွှတ်ပစ်ခဲ့လိမ့်မယ်လို့လေ။
ထိုအချိန်ကနေစပြီး၁၃နှစ်အရွယ်လူငယ်လေးက bookhouseတိုင်းသို့နေ့စဥ်နေ့တိုင်းသွားရောက်ခဲ့ကာဆေးပညာဆိုင်ရာစာအုပ်တွေအပေါ်တမဟုတ်ချင်းစိတ်ဝင်စားလာပြီး ဆေးပညာအပေါ်မရပ်မနားလေ့လာလိုက်စားခဲ့ချေသည်။
ကျနော်အထက်တန်းကျောင်းပြီးသွားတဲ့အချိန်မှာ ဦးလေးဖြစ်သူကရုတ်တရက်ဆုံးပါးသွားခဲ့သည်။ဦးလေးဆုံးပါးသွားပြီးနောက်ပိုင်း ဦးလေးရဲ့အမွေဆိုင်အိမ်ကြီးကို ကျနော်တို့ဆက်ခံရရှိခဲ့ပေမယ့် ကျနော်တို့ညီအကိုနှစ်ယောက် ထိုအိမ်ကြီးကနေကျောခိုင်းထွက်လာခဲ့တယ်။
ညီလေးကကျနော်တို့ Englandကနေထွက်လာခဲ့တဲ့အကြောင်းအရင်းကို နားမလည်နိုင်လောက်ပေမယ့် အဲ့တုန်းကကျနော့်နှလုံးသားမှာခံယူထားတဲ့ခံစားချက်ကိုယ်စီရှိနေခဲ့သည်။
"ငါဘာလို့ မင်းကိုပြန်ခေါ်သွားခဲ့တာလဲ မင်းသိလား ညီလေး.......။
ငါကတိပေးထားခဲ့တာတစ်ခုရှိတယ်။မင်းအရွယ်ရောက်လာတဲ့တစ်ချိန်ကျ မင်းကိုသူတို့ရှိတဲ့မြေပေါ်ကိုပြန်ခေါ်လာခဲ့မယ်လို့လေ....."
"ငါကအတ္တကြီးတဲ့လူတစ်ယောက် မိသားစုတွေအပေါ်အကြင်နာမေတ္တာမထားတတ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့လူတစ်ယောက်လို့ မင်းမျက်လုံးထဲမှာအမြဲမြင်နေခဲ့တယ်ဆိုတာငါသိပါတယ်။ မေမေဆုံးတာမင်းကြောင့်လို့ ငါ့အတွေးတွေထဲမှာတစ်ခါလေးတောင်မှမတွေးမိပါဘူးကွာ။ ငါ့ရင်ထဲမှာလည်း မင်းလေးကိုနဲနဲလေးတောင်မှမမုန်းရက်ခဲ့ပါဘူး ကိုကြီးညီလေးရာ........"
စေ့ပိတ်ထားသောအခန်းတံခါးရှေ့မှထွက်ပေါ်လာသောတိုးညင်းလှတဲ့အသံလှိုင်းလေးတစ်လှိုင်းကအခန်းအတွင်းသို့ဖြတ်သန်းရောက်ရှိလာတဲ့အခါ အဝတ်စားတွေကို Lagguageထဲပစ်ထည့်နေရှာတဲ့ရှိုင်းဇေယံရဲ့လက်တွေကိုချက်ချင်းရပ်တန့်သွားစေခဲ့သည်။
"ဘယ်လောက်ပဲသန်မာချင်ယောင်ဆောင်နေပါစေ ငါလဲလူသားတစ်ယောက်ပဲဟာ ငါ့မှာခံစားနားလည်နိုင်တဲ့နှလုံးသားတစ်စုံတော့ရှိတာပေါ့။ ငါ၁၀နှစ်သားအရွယ်မှာ သူစိမ်းတွေနဲ့ပြည့်နှက်နေတဲ့နေရာဆီမင်းကိုစောင့်ရှောက်ကာကွယ်ရမယ်ဆိုတဲ့စိတ်နဲ့
ငါထွက်လာခဲ့ရပေမယ့်လည်း
ငါ့ရဲ့ဒီရင်ထဲမှာတော့ ဖေဖေနဲ့မေမေတို့ကိုလွမ်းဆွတ်တမ်းတနေရတဲ့စိတ်လေးက ကို့အတ္တအတွက်ပဲကိုယ်ကြည့်တဲ့
ရှိုင်းဆက်ယံဆိုတဲ့ အသဲမာတဲ့ကောင်ဆီမှာ
တိတ်တိတ်လေးရှိနေခဲ့တယ်......"
ရှိုင်းဆက်ယံကခနတိတ်သွားပြီးနောက်
တစ်ချက်ရှိုက်ကာဆက်ပြောလာသည်။
"နောက်တော့ဘာဖြစ်လဲသိလား ငါအသက်ထက်ဆုံးချစ်ရတဲ့ငါ့ရဲ့ညီလေးက
ငါ့အပေါ်ကိုဒီလိုမျိုးစိမ်းစိမ်းကားကားမေးခွန်းထုတ်ပြီး ဘာမှမဆိုင်တဲ့သူစိမ်းတစ်ယောက်အတွက်နဲ့ ဒီအကိုကြီးရဲ့ရင်အစုံကိုစုတ်ပြတ်သတ်အောင်ဆောင့်ကန်တော့တာပဲ။"
"မင်းအသက်ကိုကယ်ဖို့ငါဘာတွေရင်းခဲ့ရလဲမင်းသိလား? ငါရူးသွပ်ခဲ့ရတဲ့ ဗိသုကာပညာကိုလည်းစွန့်လွှတ်ခဲ့ရတယ်။နောက်ပြီးတခြားအရာတွေကိုကောပဲ......."
ထိုသို့ပြောနေရင်းသူ၏အမြင်အာရုံထဲ၌ ဆေးရုံထဲမှဖိနပ်မပါဘဲပြေးထွက်လာသော အဖြူရောင်ကုတ်နဲ့ကောင်လေးတစ်ယောက်ကနေရာယူနေခဲ့ပြန်လေသည်။
"မင်းချစ်ရတဲ့သူနဲ့ ငါ့ကြောင့်ဝေးကွာခဲ့ရလို့
နာကျင်နေရတယ်ဟုတ်?
တစ်ချိန်တုန်းက ငါဆိုတဲ့ကောင်ကလည်းမင်းဆိုတဲ့သံယောဇဥ်ကြိုးမျှင်လေးအတွက်အက်ကွဲစပြုနေတဲ့ငါ့ရဲ့နှလုံးသားတစ်စုံကိုငါကိုယ်တိုင်ချနင်းပြီး ဒီအထိရောက်အောင်ငါလှမ်းလာခဲ့ရတယ်ဆိုတာမင်းမသိဘူးမှတ်လား?"
"မင်းကြောင့် ရူးနှမ်းသွားရလောက်တဲ့အထိနာကျင်ခံစားနေရတဲ့လူတစ်ယောက်ရှိသလို ငါ့ကြောင့်လည်းအေးစက်စက်ကော်ရစ်ဒါပေါ်မှာနာကျင်စွာတစ်ယောက်တည်းဒူးထောက်ကျန်ရစ်ခဲ့ရတဲ့လူတစ်ယောက်လည်းရှိခဲ့ဖူးတယ်။ အဲ့အချိန်မှာတုန်းက သူဆိုရင်ဘယ်လောက်တောင်နာကျင်ခဲ့ရမလဲနော်........."
"လောကကြီးထဲမှာ မင်းတို့နှစ်ယောက်ရဲ့နှလုံးသားတွေပဲသေလောက်အောင်ထိခိုက်အက်ကွဲခဲ့ရတယ်လို့မထင်နဲ့ .... ..
ငါဆိုတဲ့ခံစားချက်မရှိတဲ့ကောင်ကြီးကလည်းဘယ်သူမှမရှိတဲ့အခန်းထောင့်ရဲ့တစ်နေရာမှာဆောင့်ကြောင့်ထိုင်ပြီးရူးလောက်အောင် တိတ်တိတ်လေးငိုကြွေးခဲ့ဖူးတယ်လို့ပြောပြရင်ကော မင်းငါ့ကိုယုံကြည်ပေးပြီးနှစ်သိမ့်ပေးမလား ညီလေး......"
"ဒါပေမယ့် အခု မင်းရဲ့နှစ်သိမ့်မှုလည်းငါမလိုအပ်တော့ပါဘူးလေ "
ရှိုင်းဇေယံမှာ ရှိုင်းဆက်ယံစကားဆုံးသည်နှင့်တံခါးဖွင့်လိုက်သော် တံခါးဘောင်ကိုမှီလျက်ဆောင့်ကြောင့်ထိုင်ရင်းပါးပြင်တွင်မျက်ရည်စီးကြောင်းတွေအပြည့်နေရာယူထားသောအကိုဖြစ်သူကိုမြင်လိုက်ရစဥ် သူရှော့ရသွားကာ ရှိုင်းဆက်ယံရဲ့ဘေးနား၌သူ၏ခြေထောက်တွေကခွေလဲကျသွားရသည်။
သူကအကိုဖြစ်သူရဲ့ပါးပြင်ပေါ်ကမျက်ရည်စက်ကလေးတွေကိုလက်လှမ်းကာသုတ်ပေးနေရင်းတောင်းပန်လာလေသည်။
"ကျနော်တောင်းပန်ပါတယ် ကိုကြီးရယ်
ကျနော့်ကြောင့် ကိုကြီးအရမ်းနာကျင်ခဲ့ရမှန်းမသိခဲ့ဘဲကိုကြီးအပေါ်ရက်ရက်စက်စက်ပြောဆိုမိခဲ့တဲ့ကျနော့်ရဲ့စကားတွေကိုခွင့်လွတ်ပေးပါနော်ကိုကြီး........
ကျနော်မှားသွားပါတယ် မငိုပါနဲ့တော့နော်
ကိုကြီး...."
ရှိုင်းဆက်ယံက သူ့အားမျက်ရည်တွေသုတ်ပေးရင်းငိုနေရှာတဲ့ရှိုင်းဇေယံလေးကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ညီဖြစ်သူရဲ့လက်ကလေးတွေကိုဖယ်ချလိုက်ကာ မတ်တပ်ထရပ်လိုက်လေသည်။
"မင်းကို ငါသူ့ဆီပြန်ပို့ပေးပါ့မယ်။ဒါပေမယ့် ဒီလိုပုံစံမျိုးနဲ့တော့ မင်းကိုငါ့အဝေးမှာထားနိုင်မှာမဟုတ်ဘူး။မင်းခြေထောက်တွေအကြွင်းမဲ့ပြန်ကောင်းသွားတဲ့အခါကျရင် မင်းသဘောကျရတဲ့လူဆီ ငါကိုယ်တိုင်ပြန်လိုက်ပို့ပေးမှာမို့ နောက်တစ်ခါ ဒီလိုမျိုးရက်စက်တဲ့စကားတွေကို ကိုကြီးဆီထပ်မပြောပါနဲ့တော့ကွာ..........."
ဟုနောက်ဆုံးအနေနဲ့တိမ်ဝင်စွာဆိုလာပြီးနောက်ခြေလှမ်းတွေကိုလေးပင်စွာလှမ်းရင်းထိုနေရာကနေတဖြည်းဖြည်းသူထွက်သွားတော့သည်။
ရင်ထဲမှာတော့ သူ့ကိုယ်သူကြိတ်ကာစကားတွေပြောနေရင်းပေါ့..........
သူ့ရဲ့ညီလေးက...သူ့ရင်ထဲကအချစ်တွေကို တစ်နေ့တစ်ချိန်ကျမြင်နိုင်မှာပါနော်.........
ကျနော်ကိုယ်တိုင် မင်းခန့်ထည်ဆီပြန်ပို့ပေးလိုက်ရင်တော့ သူကျနော့်ကိုမမုန်းလောက်တော့ဘူးမှတ်လား?
ကိုကြီးရဲ့ဝမ်းနည်းမှုတွေပြည့်နှက်နေတဲ့ဒီလိုကျောပြင်မျိုးကို ဒါကျနော်ဒုတိယအကြိမ်မြင်ဖူးခြင်းပေ။
ပထမဆုံးအကြိမ်ကတော့............
"မင်းဒါဘာပြောတာလဲ?? ဘာပဲဖြစ်ဖြစ်မင်းငါနဲ့ပြန်လိုက်ခဲ့ရမယ်"
"မလိုက်ဘူး....အဲ့နေရာကိုကျနော်ပြန်မလိုက်နိုင်ဘူး။ကျနော်ဒီမှာပဲ ဆက်နေမှာ....."
"မင်းနေခဲ့လို့မရဘူး! ငါမင်းကိုစိတ်မချနိုင်ဘူးဟိုဘက်မှာဆေးစစ်စရာတွေလည်းရှိသေးတယ်။ငါလုပ်နေတဲ့သုတေသနတွေကတစ်ချက်ကလေးမှပျက်သွားလို့မရဘူးကွ။အဲ့တာကြောင့်မင်းငါနဲ့လိုက်ကိုလိုက်ခဲ့ရမယ်!"
ရှိုင်းဆက်ယံကထိုသို့ဆိုနေရင်း Luggageတစ်လုံးကိုဆွဲဖွင့်လိုက်ပြီးနောက် ရှိုင်းဇေယံရဲ့အဝတ်အစားတွေကိုအကုန်သိမ်းကြုံးထည့်နေခဲ့သည်။
'ဆေးစစ်စရာ ! ဆေးစစ်စရာ!
တကယ်တော့ ငါကသူ့အတွက်အရေးကြီးလို့မဟုတ်ဘူးပဲ သူ့ရဲ့သုတေသနတွေအတွက်လိုအပ်နေတဲ့စမ်းသပ်ခံပစ္စည်းတစ်ခုအဖြစ်ငါ့ကိုသဘောထားနေခဲ့တာပဲ '
"ကျနော်ဘာလို့ပြန်မလိုက်တာလဲ သိလား?
ခများကို မုန်းလို့! ခများကိုအရမ်းမုန်းတာမို့လို့ခများနောက်ပြန်မလိုက်ချင်တာပဲ!
စိတ်မချလဲ လဲသေလိုက်......ကျနော်ကလူငယ်ပီပီကို့ဘာသာကိုယ် လွတ်လွတ်လပ်လပ်ဖြတ်သန်းနေဦးမှာ။"
"တစ်သက်လုံးခများထိန်းချုပ်ထားတဲ့စမ်းသပ်ခန်းတွေထဲမှာမနေနိုင်ဘူး!! ။ အဲ့တာကြောင့် ကျေးဇူးပြုပြီး ကျနော့်ကိုတစ်ခါလောက်ပဲဖြစ်ဖြစ်လွှတ်ထားပေးစမ်းပါဗျာ!"
"ဆေးနံ့တွေပြင်းတဲ့ခများအနားမှာနေရမှာကိုသေလောက်အောင်မုန်းတယ်လို့!"
ကျနော့်ရဲ့ထိုစကားသံတို့အဆုံး ကိုကြီးက ကျနော့်ကိုနီရဲနေတဲ့မျက်ဝန်းတစ်စုံနှင့်တစ်ချက်စိုက်ကြည့်သွားပြီးနောက် အခုထွက်သွားခဲ့တဲ့ကျောပြင်လေးအတိုင်းပဲနှုတ်ဆိတ်ထွက်ခွာသွားခဲ့လေတယ်
အထီးကျန်နာကျင်မှုတွေနဲ့ပြည့်နှက်နေတဲ့ထိုကျောပြင်လေးကိုပထမဆုံးမြင်ခဲ့ရတဲ့ကျနော်ဟာ ကိုကြီးဘယ်လောက်ထိနာကျင်နေခဲ့ရလဲဆိုတာကို တကယ်ပဲနားမလည်နိုင်ခဲ့ဘူး........
ကျနော်တကယ်တောင်းပန်ပါတယ်.......
ကျနော်က ကိုကြီးအတွက်ဒီလိုဖြစ်တည်မှုမျိုးဆိုတာမသိခဲ့တဲ့အတွက် ကျနော်တကယ်တောင်းပန်ပါတယ်ဗျာ .. . .. . ..
••••••••••••••••••••••••••••••••••••••••••••••••••
၆နှစ်တာကြာခဲ့တဲ့အချိန်ထိ ရှိုင်းဇေယံရဲ့သတင်းက လမ်းစလိုက်လို့မရခဲ့ပေမယ့်လို့ မင်းခန့်ထည်၏သူ့ချစ်သူလေးပြန်လာမယ့်တစ်နေ့ကိုစောင့်ဆိုင်းနေခဲ့သည့်လုပ်ငန်းစဥ်လေးကတော့တစ်ရက်တစ်စက္ကန့်လေးတောင်ပျက်တောက်သွားခြင်းမရှိခဲ့ပေ။
ဒီနှစ်တွေအတွင်းမှာ မင်းခန့်ထည်က F Gardenကိုပြန်စီမံခန့်ခွဲခဲ့ပြီး သူ၏အချိန်တွေကိုသက်တောင့်သက်သာရှိစွာကုန်ဆုံးနေသည်မှာ Februaryလတောင်ရောက်နေပြီမို့အအေးဒဏ်ကနှလုံးသားထိတိုင်အေးခဲလုမတတ်စိမ့်ဝင်နေကာ ချစ်ရသူပေးတဲ့အနွေးဓာတ်လေးတွေကင်းမဲ့နေရှာတဲ့သူဟာ အအေးဒဏ်ကိုမနဲကြိတ်မှိတ်သည်းခံကာဖြတ်သန်းနေရသည်။
ဒီနေ့ မင်းခန့်ထည်မှာမနက်၅နာရီကတည်းကထ၍ F Garden၌အလုပ်ရှုပ်နေပေသည်။ မနေ့ကတည်းက ဝန်ထမ်းတွေကိုအရံသင့်ပြင်ဆင်ခိုင်းထားတဲ့နှင်းဆီပန်း၊ ကျူလစ်ပန်းနှင့်အခြားပန်းအမျိုးပေါင်းများစွာတို့ကို အမျိုးအစားအလိုက်ခွဲ၍စားပွဲခုံပေါ်၌တင်ထားကာ ဖဲသားလိပ်လေးများနှင့်အလှဆင်ခြင်းကိုစိတ်ပါလက်ပါနှင့်လုပ်ကိုင်နေလေသည်။
သူ၏ကိုယ်ပေါ်တွင်ဆင်စွယ်ရောင်စွယ်တာအပါးလေးကိုသာဝတ်ဆင်ထားတာကြောင့် ဆောင်းလေအေးကတစ်ချက်တစ်ချက်လာရိုက်တဲ့အခါ လူကတုန်တုန်တတ်သွားသော် လည်းသူ့ခမျာနှောင့်နှေးကြန့်ကြာနေလို့မဖြစ်ပေ။ပန်းစည်းတွေကို မနက်၈နာရီအမှီအပြီးလုပ်ရမှာဖြစ်တာကြောင့် အချမ်းဒဏ်ကိုလည်းခေါင်းထဲမထည့်နိုင်တော့ဘဲ မျက်စိရှေ့ကအလုပ်ကိုသာအာရုံစိုက်ထားရသည်။
အအေးဒဏ်ကလူကိုနှိပ်စက်နေတဲ့အပြင်အိပ်ရေးမဝ၍တစ်ချက်တစ်ချက်ငိုက်ငိုက်ကျသွားတာကြောင့် မင်းခန့်ထည်က ဆိုင်ထဲရှိ TVလေးအားကောက်ဖွင့်ထားလိုက်သည်။
မနက်၇နာရီရှိပြီဖြစ်တာတောင် Orderကျထားတဲ့ပန်းစည်းအရေအတွက်၏တစ်ဝက်မျှသာပြီးသေးတာကြောင့် သူထပ်လောနေရပြန်ကာ Morning Newsအစီအစဥ်မှသတင်းကြေညာတဲ့အသံတွေကိုနားစွင့်ထားလိုက်လေသည်။
"ဆက်လက်ပြီးနိုင်ငံတကာသတင်းများကိုကြေညာပေးပါ့မယ်ခမျာ။
ဟောင်ကောင်စံတော်ချိန်ည၁၁နာရီခန့်က Hongkongမြို့လယ်ခေါင်မှာရှိတဲ့ Blaze Hotelတစ်ခုမှာဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။
ထို Hotelထဲ၌တည်းခိုနေသူလူဦးရေပေါင်း၄သောင်းခန့်ရှိခဲ့ပြီး မနေ့ညကအဆိုပါနေရာ၌ တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းလည်းသတင်းရရှိခဲ့ပါတယ်။
ထိုတွေ့ဆုံပွဲမှာ HongKongရဲ့အင်အားအကြီးဆုံးမာဖီးယားဂိုဏ်း၃ဂိုဏ်းဖြစ်တဲ့ Evil's Dreams,Black roseနဲ့ Golden Dragon စတဲ့ ဂိုဏ်းခေါင်းဆောင်၃ယောက်တို့လျှို့ဝှက်စွာတွေ့ဆုံနေကြတဲ့အချိန်မှာပင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ မျက်မြင်သက်သေတချို့ကထွက်ဆိုထားပါတယ်။
ဒါ့ကြောင့်ထိုဗုံးပေါက်ကွဲမှုဟာ ဂိုဏ်ကြီးသုံးဂိုဏ်းနှင့်ပက်သတ်ဆက်နွယ်မှုရှိမရှိ ဟောင်ကောင်မြို့ရဲ့အထူးအေးဂျင့်တွေကစုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့သတင်းရရှိထားပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှုတွင်သေဆုံးသူ၈ယောက်ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ ပေါင်း၃၀ကျော်ခန့်ရှိခဲ့ပါတယ်။ဒါ့အပြင် Evil's Dreams ဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်သူ မြန်မာနိုင်ငံသားတစ်ဦးလည်းဖြစ်တဲ့ Mr. Daniel (နှိုင်းရတုမင်း၏English name) ဟာ မနေ့ညကပေါက်ကွဲမှုအပြီးတွင် ပျောက်ချင်းမလှပျောက်ဆုံးနေတယ်လို့လဲ သတင်းထပ်မံရရှိထားပါတယ်။
ထိုအကြမ်းဖက်မှုဟာ Evil's Dreams ဂိုဏ်းနှင့်သာသက်ဆိုင်တဲ့ကိစ္စတစ်ရပ်ဖြစ်ကြောင်း လည်း Black roseနဲ့ Golden Dragonတို့ဂိုဏ်း၂ဂိုဏ်းဘက်ကအပြတ်ငြင်းပယ်ထွက်ဆိုထားကြပါတယ်.........."
မင်းခန့်ထည်မှာထိုသတင်းကိုဆုံးသည်အထိရပ်နားထောင်နေကာ မျက်မှောင်ကြုတ်ရင်း TVထက်သို့စိုက်ကြည့်နေခဲ့လေသည်။
"ဒါဆိုEvil's Dreamsဂိုဏ်းခေါင်းဆောင်ကပြန်ပေးဆွဲခံလိုက်ရတာလား ?
ဒါကမူမမှန်နေဘူး . ... . .. "
သူထိုသို့ခပ်တိုးတိုးရေရွတ်လိုက်ရင်းပန်းစည်းတွေကိုဆက်စည်းနေလိုက်သည်။မနက်၈နာရီရောက်တော့ဆိုင်ရဲ့တံခါးလေးကပွင့်လာကာအနက်ရောင်ဝတ်စုံအတိဝတ်ဆင်ထားတဲ့ ခြေတံရှည်ရှည်နဲ့ခပ်ချောချောလူငယ်လေးက ဆိုင်ထဲသို့ဝင်ချလာရင်းတကျီကျီလုပ်နေလေသည်။
"သခင်လေး အခုထဲကသွားမှမှီမှာနော်......"
"ငါသိပါတယ်ကွာ ...နားပူနားဆာမလုပ်စမ်းနဲ့"
ပိုင်စစ်မှာနာရီကိုကြည့်နေရင်းဖင်တကြွကြွဖြစ်နေရှာသည်။
"ဒါနဲ့ ကျနော့်ကောင်မလေးရဲ့ ပန်းစည်းလေးကို ကျနော်ပြောတဲ့အတိုင်းလုပ်ပေးထားတယ်မှတ်လား သခင်လေး လှမှရမှာနော်....."
ပိုင်စစ်ကပြီတီပြီတီနှင့်လာဂျီကျနေတာကြောင့် မင်းခန့်ထည်ကခပ်စူးစူးတစ်ချက်စိုက်ကြည့်ပေးလိုက်တော့မှငြိမ်ကျသွားလေသည်။
"သခင်လေး ကျနော်ကူလုပ်ပေးမယ်"
လင်းထွဋ်ကလည်း ဆိုင်ထဲသို့ဝင်လာရင်းလှမ်းပြောလာလေသည်။
"ကျစ် . . မင်းတို့နှစ်ယောက်စလုံးငါ့နားမှာရစ်သီရစ်သီလုပ်မနေကြဘဲ ဟိုဘက်နားမှာသွားထိုင်နေကြစမ်းပါကွာ အာရုံနောက်တယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
ထို့နောက်မင်းခန့်ထည်စကားအတိုင်း ဘေးနားရှိခုံဝိုင်း၌နှစ်ယောက်စလုံးကျောက်ရုပ်ကြီးတမျှထိုင်စောင့်နေလိုက်ကြပြီးသူတို့သခင်လေးအလုပ်လုပ်နေတဲ့မြင်ကွင်းကိုထိုင်ကြည့်နေလိုက်ကြတော့သည်။
"သခင်လေးမြန်မြန်လုပ်နော် ကျနော်တို့မမှီပဲနေလိမ့်မယ်...."
ကျစ်....
လင်းထွဋ်ကစုတ်သပ်လိုက်၍ ပိုင်စစ်အားဝါးစားလုမတတ်စိုက်ကြည့်လာလေသည်။သူ၏အကြည့််များက 'မင်းသေချင်နေလား'ဟူ၍သတိပေးနေခဲ့လေ၏။
"ဒါနဲ့သခင်လေး မနေ့ညက Hongkongမှာလေ......"ဆိုတဲ့ပိုင်စစ်စကားကြားတော့ မင်းခန့်ထည်ကမျက်လုံးလှန်ကြည့်လာကာ ခေါင်းဆတ်ခနဲခါပြလိုက်သည်။
သူ့သခင်လေးအချက်ပြတာကိုမြင်တော့ပိုင်စစ်က သူ၏ရှည်လှသောပါးစပ်အားတမဟုတ်ချင်းစေ့ပိတ်လိုက်ပြီး လင်းထွဋ်အားမသိမသာစောင်းငဲ့ကြည့်လိုက်တဲ့အခါလင်းထွဋ်ရဲ့အကြည့်စူးစူးတွေနဲ့ဆုံသွားလေသော်သူ၏မျက်နှာအားတစ်ဖက်သို့လှည့်ချလိုက်တော့သည်။
သူ့မျက်စိရှေ့မှာအသံတိတ်နဲ့အပြန်အလှန်အချက်ပြနေကြတာကိုကွင်းကွင်းကွက်ကွက်မြင်နေရတဲ့လင်းထွဋ်ကမတ်တပ်ထရပ်လိုက်ရင်းပြောလာလေသည်။
"ဒါဆို သခင်လေး ကျနော်ကားပေါ်မှာပဲစောင့်နေလိုက်တော့မယ် ....."
"Ok"
မင်းခန့်ထည်ကခွင့်ပြုလိုက်တော့လင်းထွဋ်ကအရိုအသေပေးကာဆိုင်ထဲကနေလျှောက်ထွက်သွားတော့မှ နှစ်ယောက်စလုံးတစ်ပြိုင်နက်သက်ပြင်းချလိုက်ကြလေသည်။
ဟူး~~~~~~
ပိုင်စစ်ကဆိုင်ရှေ့သို့တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက်မင်းခန့်ထည်နားသွားကာခပ်တိုးတိုးရေရွတ်လာသည်။
"သခင်လေး အဲ့ဗုံးပေါက်ကွဲမှုကိုဘယ်လိုမြင်လဲ။ကျနော့်အထင်ကတော့ သခင်လေးနှိုင်းရတုမင်းကအကွက်ဆင်ခံလိုက်ရတာလို့ထင်တယ်။"
ပိုင်စစ်စကားကိုထောက်ခံသည့်နှယ်မင်းခန့်ထည်ကလည်းခေါင်းငြိမ့်ပြလာလေသည်။
"ဖြစ်နိုင်တယ်။ နှိုင်းရတုမင်းကမခေတဲ့လူဆိုပေမယ့် မနေ့ကသတိတစ်ချက်လွတ်သွားလို့ခံလိုက်ရတာဖြစ်မယ်......ဟောင်ကောင်မှာရှိတဲ့မင်းရဲ့တပည့်တွေကို အဲ့ကိစ္စနဲ့ပက်သတ်ပြီးအသေးစိတ်ထပ်စုံစမ်းခိုင်းထားလိုက်။ငါဒီ့ထက်ပိုပြီးအတွင်းကျကျသိချင်တယ်။"
"ဟုတ်ကဲ့ပါသခင်လေး"
နှင်းဆီပန်းရဲ့အပင်ရင်းကိုကက်ကြေးနဲ့ညှပ်ချလိုက်တဲ့အသံတစ်သံကလေဟာနယ်ထဲမှာပျံ့လွင့်လာပြီးနောက်မင်းခန့်ထည်ကဆက်ဆိုလာသည်။
"တကယ်လို့တစ်ခုခုမူမမှန်တာရှိရင် လင်းထွဋ်ကိုပါ အဲ့ဘက်လွှတ်သင့်ရင်လွှတ်ရလိမ့်မယ်....."
"ဒါမယ့် သခင်လေးလည်းသိသားနဲ့ လင်းထွဋ်ကဟောင်ကောင်ဘက်ကိုဘယ်တော့မှမသွားဘူးလေ"
ပိုင်စစ်စကားကြားတော့မင်းခန့်ထည်ကတစ်ချက်ပင့်ကြည့်လာကာခပ်ဖွဖွရယ်လိုက်ပြီးနောက်လိမ္မော်ရောင်ကျူးလစ်ပန်းလေးကိုဆွဲယူလိုက်လေသည်။
"ဒါနဲ့သခင်လေး ကျနော်တစ်ခုမေးလို့ရမလား?"
"မေး"
"သခင်လေးကဘာလို့ သခင်လေးနှိုင်းရတုမင်းကိုကူညီချင်တာလဲ တကယ်ဆို အဲ့နတ်ဆိုးသခင်လေးကသခင်လေးအပေါ်ရန်ငြိုးထားနေတယ်ဆိုတာကိုသခင်လေးလည်းသိနေရဲ့သားနဲ့......."
ထိုအခါ မင်းခန့်ထည်က နှုတ်ခမ်းထောင့်စွန်းတို့ကိုခပ်သာသာလေးတွန့်ကွေးလိုက်လျက်သူ၏အကြည့်တို့အား
ဆိုင်အရှေ့၌ရပ်ထားတဲ့အနက်ရောင်ဘန်ထလေကားလေးဆီသို့ပစ်လွှတ်လိုက်လေသည်။
"ငါသူ့ကိုကူညီတယ်လို့မင်းကိုဘယ်သူပြောလဲငါကသူ့အပေါ်တင်နေတဲ့အကြွေးတစ်ခုကိုဆပ်ချင်ရုံတင်ပဲ......"
မနက်၈နာရီခွဲမှာတော့ သူတို့သုံးယောက်စလုံး F Gardenမှထွက်လာခဲ့သည်။
ကားနောက်ဖုံးထဲမှာကောကားနောက်ခန်းထဲမှာပါပန်းစည်းတွေကိုအပြည့်အလျှံထည့်သယ်ခဲ့ရင်းဖြင့်။
လင်းထွဋ်က ကားစတီယာရင်ကိုထိန်းကိုင်ရင်းမောင်းနှင်နေလေသည်။ဘေးခုံ၌ထိုင်နေသောပိုင်စစ်ကတော့ မြင်မကောင်းလောက်အောင်တဝါးဝါးနှင့်သမ်းနေခဲ့ကာမင်းခန့်ထည်မှာမူ မြူနှင်းတွေဝေနေတဲ့ဆောင်းရာသီ၏မနက်ခင်းရှုခင်းလေးကိုငေးကြည့်လို့နေရင်း ကားထဲ၌အလွန်အမင်းတိတ်ဆိတ်လျက်ရှိသည်။
ထို့ကြောင့်ကားအရှေ့ခန်း၌ထိုင်နေသောပိုင်စစ်မှာတဖြည်းဖြည်းနဲ့ပျင်းလာတာမို့ရေဒီယိုခလုတ်လေးကိုဖွင့်ဖို့ကြိုးစားလေသည်။ရေဒီယိုဆီကိုလက်လှမ်းလာတဲ့ပိုင်စစ်ရဲ့လက်ဖြူကြီးကိုမြင်တော့ လင်းထွဋ်ကစတီယာရင်ကိုလက်တစ်ဖက်နှင့်ထိန်းကိုင်လိုက်ရင်း ကျန်လက်တစ်ဖက်ဖြင့်ထိုလက်ဖြူကြီးအားရိုက်ချလိုက်တော့သည်။
ဖက်!!!!!
ထိုအဖြစ်ကိုမြင်သော်မင်းခန့်ထည်က ရုတ်တရက်ထရယ်လိုက်ပြီးလင်းထွဋ်အားလှမ်းပြောလိုက်လေသည်။
"ပိုင်စစ်ကသီချင်းနားထောင်ချင်တယ်ဆိုလည်းပေးဖွင့်လိုက်ပါကွာ....
ငါတို့နှစ်ယောက်လည်းအပျင်းပြေတာပေါ့...."
ထိုအခါပိုင်စစ်ကအနိုင်ရသူအပြုံးကြီးနဲ့လင်းထွဋ်အားပြုံးပြုံးကြီးကြည့်လာရင်း ရေဒီယိုခလုတ်လေးအားဆတ်ခနဲနှိပ်ချလိုက်ပါတော့သည်။
ဒီတစ်ခါတော့ လင်းထွဋ်ကသူ့အားမရိုက်လာနိုင်မှန်းသိသဖြင့်ပြောင်စပ်စပ်လုပ်ပြနေခဲ့တာမို့ စိတ်လက်တဆစ်နဲ့လင်းထွဋ်ရှိန်မှာ ဘေးနားရှိမျက်နှာရူးကောင်အား ကားပေါ်မှကန်ချချင်စိတ်တို့တဖွားဖွားပင်။
သခင်လေးဖြစ်သူရဲ့မျက်နှာကိုထောက်ကာသည်းခံထားရတာကြောင့် ဒီတစ်ခါတော့ဒီကောင်သက်သာသွားခဲ့တယ်လို့အံတကြိတ်ကြိတ်နဲ့စိတ်ထဲ၌ရေရွတ်နေရှာလေ၏။
ထို့နောက်ရေဒီယိုထဲကအသံလေးတစ်သံကတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်လေးကိုချက်ချင်းဖြိုခွင်းလာခဲ့ပေသည်။
"အခုဖွင့်ပြမယ့်သီချင်းလေးကတော့ ဝေးကွာနေကြတဲ့အချစ်ငှက်လေးတွေအတွက်ရည်ရွယ်ပြီးတောင်းဆိုထားတဲ့သီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ကဲ......ဒီသီချင်းလေးကိုလဲမပိတ်လိုက်ပဲနားထောင်ပေးကြပါဦးနော်......"
🎼 ချစ်ခြင်းတရားတို့ရှိရမယ့်တစ်နေရာ🎼
🎼 မင်းရယ်တို့ရယ်ရောက်လာနေတယ်🎼
🎼 ခနလေးများဝေးရမယ့်အခိုက်အတန့်အခြေအနေမှာ🎼
🎼 တစ်ယောက်နဲ့တစ်ယောက်အပေါ် နားလည်ရမှာ🎼
မင်းခန့်ထည်က သီချင်းသံစဥ်လေးကိုနားစွင့်နေလိုက်ရင်း ကားမှန်လေးကိုချလိုက်ကာ ပင်လယ်ကြီးနဲ့တူတဲ့အပြာရင့်ရောင်ကောင်းကင်ကျယ်ကြီးအားနှစ်ခြိုက်စွာငေးကြည့်နေခဲ့သည်။
🎼 ဖြူစင်ခြင်းနဲ့ရိုးသားခြင်းများပြည့်စုံတဲ့🎼
🎼 မေတ္တာတရားတွေသယ်ဆောင်လာမှာ🎼
🎼 ဘာမဆိုပေးဆပ်ဖို့အတွက်အသင့်ရှိလို့နေမယ့်🎼
🎼 အချစ်စစ်တစ်ခုကိုမင်းကိုပေးမှာ🎼
ဆောင်းလေအေးကတဖြူးဖြူးတိုက်ရင်း သီချင်းသံစဥ်လေးကလဲ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းစွာကားတစ်စီးလုံးသို့ပျံ့လွင့်နေခဲ့သည်။
🎼 ငါတို့ဝေး....ဝေးပြီးလဲတစ်နေ့နေ့🎼
🎼 မင်းရယ်တို့ရယ်ပြန်ဆုံမှာပါ🎼
🎼 ကိုယ်နဲ့မင်းအတူပျံသန်းသွားမှာ 🎼
🎼 ချစ်ခြင်းတရားတို့ရှိရာနေရာ ~~~~~~🎼
'ညီ ကိုယ်တို့လည်းတစ်နေ့ကျပြန်ဆုံကြမယ်မှတ်လားဟင် ....... '
သူ့ချစ်သူလေးပြန်အလာကိုဇွဲကောင်းကောင်းနဲ့စောင့်ဆိုင်းနေခဲ့ပါသည့်လူငယ်လေးရဲ့မျက်နှာထက်မှာနူးညံ့စွာသောအပြုံးလေးတစ်ပွင့်ကနေရာယူထားရင်း ဝေးကွာနေခဲ့တဲ့သူ၏နှလုံးသားလေးအားသတိရလွမ်းဆွတ်စွာဖြင့် ချစ်ခြင်းတရားတို့ရှိမယ့်တစ်နေရာဆီသို့ ခရီးဆက်လို့နေသည်။
မနက်၁၀နာရီခွဲလောက်မှာအနက်ရောင်ဘန်ထလေကားလေးက ကျောင်းဝင်းထဲသို့ဆိုက်ဝင်လာရာ ကား Stand၌ကားထိုးရပ်လာတာကိုမြင်လေသော်မင်းစက်က Lobbyကနေပြေးဆင်းလာလျက်သူတို့ကားနားသို့ရောက်လာခဲ့လေသည်။
အနက်ရောင်ပွဲတက် Suitကိုခန့်ညားကျော့ရှင်းစွာဝတ်ဆင်ထားတဲ့မင်းခန့်ထည်ကကားပေါ်ကနေဆင်းလာလိုက်ပြီး မင်းစက်နှင့်စကားခနပြောနေလိုက်သည်။
"မင်းကဘာလို့ဆင်းလာတာလဲ? ဟန်လင်းထက်ကကော?"
"Hallခန်းထဲမှာလေ.....သူတို့တွေမပြီးသေးဘူး"
မင်းစက်က ခဲနုရောင်ပိုးသားလည်ကတုံးရှပ်လေးကို ခရမ်းဖျော့ရောင်ပိုးဖဲလုံချည်လေးနှင့်တွဲဖက်ဝတ်ဆင်ထားတာကြောင့် နေရောင်အောက်မှာမျက်စိကျိန်းလောက်ဖွယ်ပြိုးပြိုးပျက်ပျက်လင်းလက်နေတဲ့မင်းစက်ရဲ့ထိုပုံစံကိုမြင်တော့ မင်းခန့်ထည်ကချက်ချင်းလှောင်ထေ့လေတော့သည်။
"ဘာလဲ မင်းတို့က မင်္ဂလာပါတစ်ခါတည်းဆောင်သွားမှာလား?"
အလှောင်ခံလိုက်ရမှမင်းစက်ခမျာသူ့ကိုယ်သူပြန်ငုံ့ကြည့်လိုက်ကာ မျက်နှာကြီးနီရဲလာပြီးနောက် မင်းခန့်ထည်ရဲ့လက်မောင်းတစ်ဖက်သို့စိတ်ဆိုးမာန်ဆိုးနဲ့လက်သီးတစ်ချက်ထိုးထည့်လိုက်လေ၏။
"လခွမ်းတဲ့မှ မင်းကတစ်မှောက် .. . . ဒါငါ့ကိုလေးလေးဆင်ပေးထားတာကွ သူ့သားဘွဲ့ယူတဲ့နေ့မှာ ငါကကြည့်ကောင်းနေရမယ်ဆိုပြီးလွန်ခဲ့တဲ့၂လလောက်ထဲက designerတွေခေါ်ပြီးချုပ်ခိုင်းထားတာ။ မင်းပြောမှပဲ ငါကသတို့သားပုံပေါက်တော့တယ်......"
ထိုစကားကြားတော့မင်းခန့်ထည်ကနှုတ်ခမ်းတွေကိုမဲ့လိုက်ကာဟက်ခနဲထပ်ရယ်လာပြန်သည်။
"ကို့ကိုယ်ကိုယ်လဲပြန်ကြည့်ဦး မင်းဝတ်ထားတဲ့အရောင်တွေကသတို့သမီးအရောင်တွေ ကွ ဘယ်လိုတောင်ကို့ကိုယ်ကိုယုံကြည်ချက်ရှိလွန်းတာလဲ........."
"ချီးကိုသတို့သမီး!"
"သခင်လေးရေ ကျနော်ကောင်မလေးဆီသွားရဦးမယ်လေ......"
တစ်ဖက်မှပိုင်စစ်ကလည်းနားပူနားဆာတိုက်နေပြန်တာကြောင့်သူငယ်ချင်းအရင်းကြီးအားဖဲ့ရတာမဝသေးတဲ့မင်းခန့်ထည်ကအင်တင်တင်နဲ့ရပ်လိုက်ပြီး ကားနောက်ဖုံးမှ ပန်းစည်းတွေကိုထုတ်လိုက်တော့သည်။
"ရော့ဒါ မင်းကောင်မလေးဖို့ .. . ..
ပန်းက Princess Alexandra of Kent နှစ်သိန်းကျော်ဖိုးလောက်သုံးထားရတာနော်ကိုယ်တော် နောက်လမင်းလစာထဲကအကုန်အဖြတ်ခံရဖို့ပြင်ထား....."
"သခင်လေးပြောတော့ Freeဆို...."
'လစာအဖြတ်ခံရမယ်'လို့လည်းကြားကောမူးဝေသွားတဲ့ပိုင်စစ်မှာတစ်တောင်နီးပါးလောက်နှုတ်ခမ်းစူထော်လာတော့လေသည်။
"အကုန်လုံးသာ Freeဆို ငါ့ဆိုင်အရင်းပြုတ်သွားလိမ့်မယ်ကွ!"
ဟု မင်းခန့်ထည်ကပိုင်စစ်ခေါင်းကိုဒေါက်ခနဲခေါက်ချရင်းပိတ်ဟောက်လာတော့အကုန်အကျမများတဲ့လူလွတ်ကလေးလင်းထွဋ်က ပိုင်စစ်အားသရော်သံတို့နဲ့ရယ်သွမ်းလာခဲ့ကာ ပန်းစည်းတွေကိုဝိုင်းသယ်နေလေသည်။
"ရော့ ဒါဟန်လင်းထက်အတွက်....."
"ဒါလဲ Freeပဲမှတ်လား....."
မင်းစက်ကလည်းမျက်နှာချိုလေးသွေးကာချွေးစေးလေးတွေပြန်ရင်းမေးလာလေတော့ကိုချစ်တီးမင်းခန့်ထည်ကဟောင်ဖွာဟောင်ဖွာနဲ့ပြောဆိုလာခဲ့ပေသည်။
"ငါအခုအလှူလာလုပ်တယ်လို့များမင်းတို့ထင်နေကြတာလားဟမ်....ငါပန်းဖိုး၁၀သိန်းလောက်ရင်းထားရတာနော် အဲ့၁၀သိန်းထက်မြတ်မှဖြစ်မယ်!"
သို့နောက် လင်းထွဋ်ရှိန်နဲ့ပိိုင်စစ်တို့ဘက်လှည့်ကာ"မင်းတို့၂ကောင်ပန်းတွေကိုမကြွေစေနဲ့နော်ကောင်းကောင်းသယ်လာခဲ့ကြ!!"
ဟူ၍ ပွစိပွစိနှင့်တတွတ်တွတ်ဆိုရင်းကားနောက်ဖုံးကိုဂျိမ်းခနဲပိတ်ချလိုက်ပြီးနောက် အနီရောင်နှင်းဆီပန်းတစ်စည်းကိုပိုက်လျက်ကျောင်းပေါ်သို့အေးအေးလူလူတက်သွားလေတော့သည်။
မင်းစက်က မင်းခန့်ထည်ရဲ့ကျောပြင်တစ်နေရာကိုအနောက်ကနေရပ်ကြည့်နေရင်းလင်းထွဋ်နှင့်ပိုင်စစ်တို့နားကပ်ကာခပ်တိုးတိုးမေးလာလေသည်။
"မင်းတို့သခင်လေးကအခုတလော စီးပွားရေးသောင်းကျန်းလှချည်လား?"
"ပြောကိုမပြောချင်ပါဘူးသခင်လေးရယ်
F Gardenကိုပြန်စီမံခန့်ခွဲကတည်းကသောင်းကျန်းနေတဲ့သောင်းကျန်းမှုကြီးက ဥက္ကဌကြီးဦးမင်းထက်ခေါင်တောင်လက်လန်ရတယ်......."
"တော်တော့ ပိိုင်စစ်"
လင်းထွဋ်ကရုတ်တရက်ဟန့်တားလာတာကြောင့် ပိုင်စစ်မှာအတင်းတုတ်နေရာကနေရပ်သွားရပြီး လင်းထွဋ်ကိုပြန်လှည့်ကြည့်လိုက်လေသော် လင်းထွဋ်က သူတို့နှစ်ယောက်အတင်းတုတ်နေတာကိုမကြိုက်တဲ့ပုံမျိုးနှင့်မျက်ခုံးရိုးနှစ်ဖက်ကိုစုကြုံ့ထားလေ၏။
"ဘာလဲ ငါပြောတာမမှန်လို့လား?"
"မင်းပြောတာရပ်တော့ ငါလဲပြောဦးမယ်......"
အထင်နဲ့အမြင်တက်တက်စင်အောင်လွဲသွားသောပိုင်စစ်မှာလင်းထွဋ်အား အပြုံးတုကြီးနှင့်လှမ်းကြည့်လိုက်လေသည်။ပိုင်စစ်ပြောပြီးသွားတော့လင်းထွဋ်ကအတင်းဆက်တုပ်ပြန်သည်။
"သခင်လေးကိုလေ......
ဘာလို့အဲ့လောက်တောင်ကပ်စီးကုပ်ပြီး စီးပွားရေးသောင်းကျန်းနေရတာလဲလို့မေးရင် သူဘာပြန်ဖြေလဲသိလား??
ငါရှာတာညီ့အတွက်တဲ့.... ညီပြန်လာရင်
ပေါပေါလျှံလျှံသုံးဖို့အတွက်ရှာပေးထားတာတဲ့လေ..... သခင်ကြီးနဲ့သခင်မကြီးအတွက်ကျတော့ကောဆို
တစ်ပြားမှမပါဘူးတဲ့........ အဲ့တာကြောင့် အခုတလော ဥက္ကဌကြီးဆိုသွေးဆောင့်တက်နေလို့သွေးဆေးတွေဒါဇင်လိုက်ဆောင်ထားနေရတယ်ဗျာ......."
ရေပက်မဝင်အောင်ပြောသွားသော လူစားထိုးထားသလားအောက်မေ့ရတဲ့အမောင်လင်းထွဋ်အားပိုင်စစ်မှာပါးစပ်အဟောင်းသားလေးနဲ့ကြည့်ရင်းကုန်းကန်တော့ချင်လောက်တဲ့အထိဖြစ်သွားရလေသည်။
'အထွဋ်ရေ...မင်းလဲမထင်ရဘူးနော်ဟ !'
"ဟားဟားဟား....တကယ့်ကောင်ပဲ!!! တကယ်ကို
မွေးရကျိုးနပ်လိုက်တဲ့သားလေးပါလား...."
မင်းခန့်ထည်ရဲ့လက်ရုံးတော်နှစ်ယောက်စကားကြားတော့မင်းစက်ကဗိုက်ကြောတွေနာတဲ့အထိအော်ရယ်နေသည်မှာရပ်မရတော့ပေ။
လင်းထွဋ်နှင့်ပိုင်စစ်တို့ကတော့ သူတို့ခေါင်းတွေကိုတွင်တွင်ခါလိုက်ကြရင်း Lobbyထက်သို့တက်သွားသောမင်းခန့်ထည်အား 'မနိုင်ဘူး' ဆိုတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့ကြလေသည်။
သူ Lobbyပေါ်သို့ရောက်သွားသော်လည်းအနောက်နား၌ကပ်မပါလာသောငနဲသုံးကောင်အား ပြန်လှည့်ကြည့်လိုက်ကာမီးရထားခေါင်းမြိုချထားတဲ့အသံနဲ့Lobbyကနေထပ်အော်ပြောလာပြန်လေသည်။
"မင်းတို့သုံးကောင် ဘာလို့အခုထိတက်မလာကြသေးတာလဲ ဆိုင်းတွေဗုံတွေငှားပြီးပင့်ရဦးမှာလား ဟမ်!!"
'ရူးပြီးအသံတိတ်နေတာလေးကမှကောင်းဦးမယ်~~~'ဆိုတဲ့ထိုအတွေးက သုံးယောက်စလုံး၏ဦးနှောက်လှိုင်းတွေထက်မှာဖြတ်သန်းသွားပါသောထပ်တူညီအတွေးလှိုင်းလေးတစ်ခုဖြစ်လေသည်။
အခမ်းအနားပြီးတော့ ဘွဲဝတ်စုံများနှင့်မောင်မယ်များက ဆရာသမားများ၊ မိသားစုဝင်များ၊သူငယ်ချင်းများနှင့်အမှတ်တရဓာတ်ပုံတွေရိုက်နေကြရင်းအလုပ်ရှုပ်နေကြသည်။
"ကိုကို့ကလေးလေးကလျာ .. . .Congratulations☆ပါ
*:.o(≧▽≦)o.:*☆"
ပိုင်စစ်က Princess Alexandra of kentအမျိုးအစားဖြစ်တဲ့နှင်းဆီပန်းစည်းလေးအားကလျာဆီသို့ကမ်းပေးလိုက်ရင်းဆိုလေသော်ကလျာကပါးမို့လေးတွေဖောင်းတက်လာတဲ့အထိပြုံးသွားရလေ၏။
"ကိုကို့ကို ကလေးက မလာတော့ဘူးလို့တောင်ထင်ထားတာ.....ကျေးဇူးပါကိုကို"
"ကိုကို့ကလေးလေးဘွဲ့ယူတဲ့ပွဲကို ကိုကိုကဘာလို့အလွတ်ခံရမှာလဲ .. . .ဓားတောင်ကိုကျော်ရကျော်ရ မီးပင်လယ်ကိုပဲဖြတ်ရဖြတ်ရ ကိုကိုကမရောက်ရောက်အောင်ကိုလာခဲ့မှာ....."
ပိုင်စစ်က ကလျာ့မျက်နှာလေးပေါ်ကျနေတဲ့ဆံနွယ်လေးတွေကို သပ်တင်ပေးရင်းစာတွေဖွဲ့နေတဲ့အချိန်မှာရေခဲရိုက်အသံဆိုးကြီးတစ်သံကဖြတ်ဝင်လာလေသည်။
"သောက်အပိုတွေ!"
ထိုအသံကြောင့်ပန်းရောင်ပူဖောင်းလေးတွေနဲ့ရိုမန့်တစ်ဆန်နေပါတဲ့Feelingလေးများဟာတမဟုတ်ချင်းကျဲတောက်သွားရတော့သည်။
ထိုတရားခံမှာတခြားလူမဟုတ်
အီစီကလီလုပ်နေတဲ့အတွဲတွေကိုဆိုကမ္ဘာမကျေမုန်းတီးနေရှာတဲ့ တစ်ချိန်ကျရင် ငှက်ပျောတုံးဖက်သေမယ့်လင်းထွဋ်ရှိန်ပင်ဖြစ်သည်။
"မင်းဒီမှာဘာရပ်လုပ်နေတာလဲ! ငါတို့ရဲ့အချိန်ကောင်းလေးကိုမဖျက်ဆီးပါနဲ့လား ဒေါင်းဇားရ!!"
လင်းထွဋ်ကပိုင်စစ်စကားတွေကိုကြားတယ်လို့တောင်မမှတ်ပဲ ကလျာကိုသာရှုကြည့်ရင်းတည်ငြိမ်စွာဆိုလေသည်။
"Congratulations ပါ ညီမ"
"ကျေးဇူးတင်ပါတယ် အကိုလင်းထွဋ်"
"မင်းဘာလို့မသွားသေးတာလဲ? ဟမ်..ရှူးရှူး..."
ထိုစဥ်မင်းခန့်ထည်ကတော့ နှင်းဆီပန်းတစ်စည်းကိုလက်ထဲမှာပိုက်ထားလျက်နှင့် ဟန်လင်းထက်တို့နဲ့စကားရပ်ပြောနေလေသည်။
"Congratulations ပါ ငါ့ညီလေး...."
ဟုဆိုကာမင်းခန့်ထည်ကဟန်လင်းထက်ရဲ့ပုခုံးလေးအားပုတ်ပေးလိုက်လေသည်။
"ကျေးဇူးပါဗျာ .. . .. . "
ထို့နောက် ဟန်လင်းထက်ရဲ့မျက်ဝန်းတွေက မင်းခန့်ထည်လက်ထဲက နှင်းဆီပန်းတွေဆီအကြည့်ရောက်သွားတာကြောင့် မျက်ခုံးတို့အားတွန့်ချိုးလိုက်ရင်းနားမလည်စွာဆိုသည်။
"ဒီပန်းတွေကဘယ်သူဖို့လဲ?"
"ညီ့ဖို့လေ....."
"Congratulations ပါမောင်လေး..."
သူတို့စကားဝိုင်းထဲသို့ ဆည်းလည်းသံလေးလိုသာယာချိုသာလှတဲ့အသံပိိုင်ရှင်မိန်းမလှလေးကဝင်ရောက်လာခဲ့တာကြောင့်ပြောလက်စစကားတို့ကပြတ်တောက်သွားခဲ့ရသည်။
သူမကိုမြင်တော့ဟန်လင်းထက်ရဲ့မျက်နှာထက်မှအပြုံးတွေကချက်ချင်းဆိုသလိုအေးစက်သွားခဲ့ပြီးသူဝတ်ကျေတန်းကျေပဲပြန်ဖြေလိုက်လေသည်။
"ကျေးဇူးပါ....."
သူမလေးက ရွှေအိုရောင်ဇာဝမ်းဆက်လေးကိုဝတ်ဆင်ထားပြီးဆံထုံးလေးကိုပါယဥ်ယဥ်လေးထုံးဖွဲ့ထားတာကြောင့်မြန်မာမိန်းကလေးပီသစွာလှပလို့နေသည်။
"ဖြူ မတွေ့တာတောင်ကြာပြီနော် ဒါနဲ့
မင်းဘယ်သူ့ဆီလာတာလဲ?"
"ငါ့ညီမဝမ်းကွဲလေးဆီလာတာလေ သူမက Chemicalက........"
"Aww... . .မင်းကိုဒီလိုမျိုးပြန်မြင်ရတဲ့အတွက် ဝမ်းသာပါတယ် ဖြူ...."
"နင့်ကိုလဲ ငါရှိုင်းဇေယံလေးနဲ့ယှဥ်ပြီးပြန်မြင်ချင်ပါသေးတယ် ဇွဲမလျှော့လိုက်နဲ့ဦးနော်
ခန့်ထည် သူနင့်ဆီကျိန်းသေပေါက်ပြန်လာမှာပါ......"
သူမလေးဟာ အရင်တစ်ချိန်ကအပြုံးတို့ထက်အဆပေါင်းများစွာလှပလွန်းတဲ့အပြုံးတို့ကိုပြုံးနေနိုင်ခဲ့ပြီဖြစ်တဲ့အပြင်သူ့ကိုလဲပြန်နှစ်သိမ့်ပေးနေနိုင်ပြီဖြစ်ကာ ဟန်လင်းထက်ကိုဂုဏ်ပြုစကားထပ်ဆိုပြီးနောက် သူမကသူတို့ရဲ့စကားဝိုင်းကနေလှည့်ထွက်သွားတော့လေသည်။
"ဒါဆိုငါလဲ ညီ့ဆီသွားလိုက်ဦးမယ် ဓာတ်ပုံစုရိုက်မှပဲ ငါ့ကိုလှမ်းခေါ်လိုက်နော်......"
"အေးအေး"
"Okပါ"
မင်းခန့်ထည်က မင်းစက်နှင့်ဟန်လင်းထက်တို့ကိုနှုတ်ဆက်လိုက်ပြီးနောက်သုံးထပ်ဆောင်ရဲ့ညာဘက်ခြမ်းလှေကားကနေဆင်းသွားတော့လေသည်။
မင်းစက်တို့နှစ်ယောက်က သူတို့ရဲ့မြင်ကွင်းထဲကနေမင်းခန့်ထည်ပျောက်ကွယ်သွားတဲ့အထိ အပေါ်ထပ်မှလှမ်းကြည့်နေခဲ့ကြရင်းရေရွတ်လိုက်ကြသည်။
"ကိုစက် သူ့အခြေအနေကိုဘယ်လိုမြင်လဲ အခုထိမရုန်းထွက်နိုင်သေးတာတော့မဟုတ်ဘူးမှတ်လား"
"သူရုန်းထွက်တော့ရုန်းထွက်နိုင်ခဲ့ပြီးပြီဆိုပေမယ့်် သူနာကျင်နေရတုန်းပဲ အလင်း .. .
သူ့မျက်ဝန်းတွေထဲကနေအကိုမြင်နေရတယ်.. . "
မင်းခန့်ထည်ဟာသုံးထပ်ဆောင်အပေါ်ဆုံးထပ်ကနေအောက်ဆုံးအထပ်ကိုဆင်းလာပြီးနောက် First yearအခန်းတွေဘက်သို့သူ၏ခြေလှမ်းတွေကိုဦးတည်လိုက်သည်။
သူဟာ First yearဘက်အခြမ်းကစင်္ကြံတစ်လျှောက်၌လျှောက်လှမ်းနေချိန်တွင် တစ်ချိန်ကဒီအခန်းတွေဆီသူလိုက်ပို့ခဲ့ဖူးတဲ့လူသားလေးတစ်ယောက်ရဲ့ပုံရိပ်တွေက သူ့ရဲ့ပုခုံးဘေးဘက်မှာယှဥ်တွဲလို့နေလျက်။
ထိုလူသားလေးရဲ့လွယ်အိတ်လေးကိုသူကပုခုံးထက်မှာသိိုင်းလွယ်ပေးထားလျက်ကောင်ကလေးရဲ့သေးသွယ်သွယ်ပုခုံးလေးတစ်ဖက်ကိုထိတိုက်ကာနောက်ပြောင်နေခဲ့ပေမယ့် ထိုလူသားလေးကတော့ သူ့ရဲ့တည်ရှိမှုကို ထိုစဥ်အခါကမသိချင်ယောင်ဆောင်နေခဲ့လေသည်။
3/1-6(A) ဆိုတဲ့အခန်းလေးရှေ့ရောက်တဲ့အခါမှာ မင်းခန့်ထည်က သူ့ရဲ့ခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီးစေ့ပိတ်ထားတဲ့အခန်းတံခါးကိုအပြင်ဘက်ဆီသို့ဆွဲဖွင့်လိုက်လေသည်။ အခန်းတံခါးဖွင့်လိိုက်တော့ အခန်းထဲမှာပိတ်လှောင်ခံထားရတဲ့လေတွေက
သူ့အားတိုက်ခတ်လာရင်း အပြင်ဘက်ဆီသို့တိုးဝှေ့ပြေးသွားကြသည်။
သူအခန်းထဲသို့ခြေချဝင်လိုက်တော့ သူ၏ လယ်သာရှူးဖိနပ်ဆီကအသံတို့ဟာ အလုံပိတ်အခန်းတစ်ခုအတွင်း၌ ခြေလှမ်းတစ်လှမ်းလှမ်းတိုင်းကျယ်လောင်စွာမြည်ဟီးသွားခဲ့သည်။
သူ အလယ် Rollရဲ့တတိယမြောက်ခုံတန်းလေးမှာဝင်ထိုင်လိုက်ပြီးနောက် ညာဘက်ထောင့်နေရာလေးသို့သူညင်သာစွာထိကိုင်လိုက်ရင်းပြုံးမိလေသည်။
ဒီနေရာလေးက တစ်ချိန်တုန်းက ညီထိုင်ခဲ့တဲ့နေရာလေးပေါ့ သူကဒီနေရာလေးမှာပဲအမြဲတမ်းထိုင်ပြီးစာတွေလိုက်မှတ်နေခဲ့တာလေ....
ကျနော်အတန်းရှေ့ကဖြတ်သွားပြီးအတန်းထဲကိုတစ်ချက်တစ်ချက်ကြည့်သွားတဲ့အခါတိုင်း သူကကျနော့်ကိုတစ်ခါမှမမြင်ခဲ့ဖူးဘူး ခုံပေါ်ကစာအုပ်တွေဆီမှာပဲ
သဲကြီးမဲကြီးလိုက်မှတ်နေခဲ့လို့လေ.........
" မင်းလေးအတွက် နှင်းဆီပန်း၂၁ပွင့်.ကိုယ်ယူလာခဲ့တယ် ...မင်းလေးကိုလည်း ဘွဲ့ဝတ်စုံလေးနဲ့ ကိုယ် မြင်ချင်လိုက်တာကွာ မင်းအခုဘယ်များရောက်နေလဲဟင်?
မင်း ကိုယ့်ကိုမေ့များမေ့သွားပြီလား......."
တောက်~~တောက်~~တောက်~~
သူကျောခိုင်းထားတဲ့အခန်းတံခါးဆီကနေထွက်ပေါ်လာတဲ့အသံတစ်ခုကြောင့် အခန်းရှေ့သို့အလျင်အမြန်သူထွက်ကြည့်မိသည်။
စင်္ကြံတစ်လျှောက်လုံးမှာရှင်းလင်းနေ၍တိတ်ဆိတ်ငြိမ်သက်နေကာ မလေးရှားပိတောက်ပင်တွေဆီကနေထွက်ပေါ်လာတဲ့လေတိုးသံလေးတွေမှအပ အရာအာလုံးက ဆိတ်ငြိမ်လွန်းလှပြီး လူအရိပ်လေးတစ်ရိပ်တောင်မှမတွေ့ခဲ့ရပေမယ့် အခန်းရှေ့ရှိတံခါးပတ္တာလေးတွေကတော့ လှုပ်ရမ်းနေရှာသည်။
ထိုအသံဟာတံခါးပတ္တာလေးတွေကိုတစ်စုံတစ်ယောက်ကဆော့ကစားသွားတာကြောင့်ထွက်ပေါ်လာတဲ့အသံဖြစ်ကာ လှုပ်ရမ်းနေတဲ့ပတ္တာလေးတွေကတံခါးဘောင်လေးတွေနဲ့ထိခတ်ပြီးထွက်ပေါ်လာခဲ့ခြင်းပေ။
First yearဘက်ခြမ်းတစ်ခြမ်းလုံးကို သူလိုက်လျှောက်ကြည့်ခဲ့ပေမယ့်ခွေးတစ်ကောင်ကြောင်တစ်မြှီးမှမတွေ့ခဲ့ရတာကြောင့်စင်္ကြံအလယ်မှာခါးထောက်ရပ်ကာစဥ်းစားနေစဥ်မှာပင် ဘောင်းဘီအိတ်ကပ်ထဲမှဖုန်းကရုတ်တရက်ထမြည်လာလေသည်။
"Hello ပြော!"
မင်းခန့်ထည််ဖုန်းပြန်ဖြေလိုက်ရင်းခြေလှမ်းတွေကိုပြန်လှည့်လိုက်လေသည်။
"မင်းဘယ်မှာလဲ? ပြန်လာတော့လေကွာ ဒီမှာဆက်နောင်တို့ကမင်းကိုတွေ့ချင်နေလို့တဲ့...."
"Ok...ငါအခုပဲပြန်လာခဲ့မယ်"ဟုပြောကာဖုန်းချလိုက်ပြီးနောက်ခြေလှမ်းကျယ်ကြီးတွေနဲ့ထိုနေရာကနေထွက်လာခဲ့လိုက်လေသည်။
ထွက်ခွာသွားတဲ့သူ့ရဲ့ကျောပြင်လေးကိုအနောက်ဘက်နံရံတစ်ခုအကွယ်ကနေတိတ်တခိုးရပ်ကြည့်နေခဲ့တဲ့ အရိပ်ကလေးတစ်ရိပ်ရှိနေမှန်း သူမသိခဲ့ပေ။မင်းခန့်ထည်ထွက်ခွာသွားပြီးမကြာခင်ပင် ထိုအရိပ်လေးကပုံးကွယ်နေရာမှထွက်လာကာ ခြေလှမ်းလေးတွေကိုဖွဖွလေးနင်းရင်း 3/1-6(A)အခန်းထဲသို့လျှောက်ဝင်သွားခဲ့လေသည်။
မင်းခန့်ထည်သုံးထပ်ဆောင်ပေါ်သို့ပြန်ရောက်တော့ မင်းစက်တို့အဖွဲ့မှာလူစုံနေပြီဖြစ်သည်။
"Wow! အကိုမင်းခန့်ထည် မတွေ့တာကြာလို့လားမသိ ပိုချောလာသလားလို့"
"ဟင်း လာမြှောက်မနေနဲ့ အမြှောက်ခံရတိုင်းမင်းလက်ထဲကပန်းဖိုးကို Freeထားပေးမယ်များမှတ်နေလား?....."
"...."
ထိုအခါဆက်နောင်ခမျာဆွံ့အသွားရကာစကားပင်ဆက်မပြောနိုင်တော့ပေ။
"ငါမပြောဘူးလား ဆက်နောင် ငါပြောတာကိုမင်းမှမယုံဘဲ အခုလိုကာယကံရှင်ဆီကနေတိုက်ရိုက်ကြားလိုက်ရတော့ဘယ်လိုနေလဲ ကို့ပါးကိုယ် ပြန်ရိုက်ချင်တာတို့ဘာတို့လုပ်ချင်နေပြီမှတ်လား ဒါပေမယ့် စိတ်တော့မကောင်းဘူးကွာ .....မင်းပါးကိုပြန်ရိုက်လည်းနာရုံပဲရှိမယ် အိမ်မက်ကနေတော့လန့်မနိုးနိုင်ဘူး ငါ့ကောင်ရေ ...."
မင်းစက်ကဆက်နောင်အားထိုသို့ဆိုပြီးနောက် မင်းခန့်ထည်ကိိုမျက်စောင်းထိုးရင်းစောင်းထေ့လာလေ၏။
"ကြည့်နေ မင်းခန့်ထည် ! ရှိုင်းဇေယံလေးပြန်လာတဲ့တစ်နေ့ကျ မင်းသိမ်းကျုံးပြီးအမြတ်ထုတ်ထားသမျှ အကုန်အတိုးချပြီးပြန်အမ်းခိုင်းပစ်မယ်!"
"ဟုတ်တယ်အကိုမင်းစက် အဲ့အချိန်ကျ
ကျနော့်ကိုလဲလက်တို့ပါဦး ကျနော်တို့ F Gardenမှာကုန်ထားခဲ့ရတဲ့ ပိုက်ဆံတွေမနဲဘူးဗျ!"
"အဟက်အတိုင်အဖောက်တွေညီနေလိုက်ကြတာ .. . ငါကမင်းတို့တွေကိုဝရင်းတုတ်ဆွဲပြီးငါ့ဆိုင်ထဲကိုအတင်းမောင်းထည့်နေလို့လား မင်းတို့ဘာသာမင်းတို့ Surpriseပွဲတွေလာလုပ်ကြတာမဟုတ်ဘူးလား?
အဲ့တာများငါကဘာကိစ္စပြန်အမ်းရမှာတုန်း! မင်းတို့လင်တွေဆီကအသံတစ်ချက်မှမထွက်ဘူး မင်းတို့ပဲအသံထွက်နေကြတာ ခွေးကောင်တွေ!"
ဟုဆိုရင်းမင်းစက်နှင့်ဆက်နောင်တို့ရဲ့နားရွက်များကိုဆွဲလိမ်လိုက်တော့လေသည်။
"အလင်းရေ ဒီကောင်ကြီးစိတ်ဖောက်ပြီးကို့ကိုသတ်နေပြီကယ်ပါဦး!"
"ဘေဘီရေ နောင့်ကိုကယ်ပါဦးဟ!!"
အသံပြဲကြီးနှင့်ထအော်နေတဲ့နှစ်ယောက်ကို မင်းခန့်ထည်ကလွှတ်မပေးဘဲပို၍သာဆွဲလိမ်ထားခဲ့လေသည်။ဘေးနားက နေသူရိန်နှင့်ဟန်လင်းထက်တို့မှာရပ်မကြည့်နိုင်တော့တဲ့အဆုံး ဘွဲ့ဝတ်စုံကြီးတကားကားနှင့်ဆွဲကြရမ်းကြရင်းဗရုတ်ကျနေကြတဲ့ထိုမြင်ကွင်းကိုကလျာတို့သုံးယောက်ကတော့အဝေးကနေရပ်ကြည့်နေကာ မျက်ရည်တွေပါထွက်တဲ့အထိပွဲကျနေကြလေသည်။
ထိုအခိုက်ဖြူစင်သော်က ကလျာတို့နံဘေးကနေဖြတ်သွားခဲ့စဥ်သူမရဲ့နှာခေါင်းဝလေးထဲသို့တိုးဝင်လာသော ရနံ့လေးတစ်ခုကြောင့်သူမရဲ့ခြေလှမ်းတွေကိုရပ်တန့်မိလိုက်သည်။သူမရဲ့မျက်ဝန်းတွေက ကလျာထွေးပိုက်ထားသော Princess Alexandra of Kentဆိုတဲ့နှင်းဆီပွင့်လေးတွေကိုဆွေးမြည့်စွာငေးကြည့်လို့နေခဲ့ရင်း သူမရဲ့ပါးပြင်ပေါ်၌ မျက်ရည်လေးတစ်စက်က စွတ်စိုသွားခဲ့ရသည်။
ကိုယ်မရှိလဲ အတတ်နိုင်ဆုံးပျော်ရွှင်စွာရှင်သန်သွားပါဖြူ~~~~~
ကိုကမင်းဘေးနားမှာနေရင်းမင်းကိုမဖက်ထားနိုင်တော့ဘူးဆိုပေမယ့် မင်းရဲ့ဒီနှလုံးသားလေးထဲမှာတော့ ကိုကထာဝရရှင်သန်နေတယ်ဆိုတာတော့ မင်းလေးအမြဲတမ်းမှတ်ထားပေးပါနော်.........
သျှားထက်မောင်မရှိတော့တဲ့အချိန််ကာလတွင်လည်း သူမဟာအကျည်းတန်လွန်းတဲ့အတိတ်ရဲ့ခြေရာတွေဆီကနေ နှောင်ဖွဲ့ခြင်းကင်းမဲ့စွာဖြင့် အလွတ်လပ်ဆုံးပျံသန်းနိုင်ခဲ့လေပြီ။
နေ့လည်ပိုင်းအချိန်ရောက်တော့မေဂျာပေါင်းစုံကသူငယ်ချင်းများစွာနှင့်အတူအမှတ်တရဓာတ်ပုံတွေထပ်ရိုက်ကြပြီးနောက် ဘွဲ့ဝတ်စုံကိုယ်စီနဲ့မောင်မယ်များက ဘွဲ့ဦးထုပ်လေးတွေကိုကောင်းကင်ယံဆီသို့ပစ်မြှောက်လိုက်ကြရင်း သူတို့ဘဝရဲ့တန်ဖိုးအရှိဆုံးနေ့ရက်လေးတစ်ရက်ကိုအမှတ်တရပေါင်းများစွာနှင့်ဖြတ်သန်းခဲ့ကြလေသည်။
ဘွဲ့နှင်းသဘင်၌အချိန်တော်တော်ကြာနေပေးပြီးတဲ့နောက်မင်းခန့်ထည်က သူ၏ဂျူနီယာလေးများကိုနှုတ်ဆက်ခဲ့လိုက်ကာ ပွဲအခမ်းအနားကနေထွက်လာခဲ့တော့သည်။
လင်းထွဋ်နှင့်ပိိုင်စစ်ကိုတော့ ကား standဘက်၌ခနစောင့်ခိုင်းခဲ့ကာ သူကတော့Archiဆောင်ဘက်သို့ထပ်မံထွက်ခွာသွားပြန်သည်။
Archiဆောင်ရှေ့ကစိန်ပန်းပင်ကြီးကတော့ လွန်ခဲ့တဲ့၆နှစ်တုန်းကအတိုင်းပင် နီဆွေးဆွေးအပွင့်လေးတွေနဲ့ဝေဝေဆာဆာပွင့်လန်းရှင်သန်နေဆဲပင်။
"အခု ညီဘယ်မှာလဲလို့ထပ်မေးရင် ဟိုတစ်ခါမေးတုန်းကလိုပဲ အနီရောင်ပန်းလေးတစ်ပွင့်ကိုခြွေချပေးဦးမှာလား?"
ဟ
ု သူဆိုလိုက်ပေမယ့် ဒီတစ်ခါမှာတော့ သူ့ရဲ့ပုခုံးထက်ဆီသို့ဘာပန်းပွင့်မှကြွေကျမလာတော့တာကြောင့် မင်းခန့်ထည်က စိန်ပန်းပင်ကြီးရဲ့ကိုယ်ထည်ကိုထိကိုင်လိုက်ရင်းပြုံးနေခဲ့လေသည်။
"အဲ့ဒါဘာလုပ်နေတာလဲ? ကိုမင်းခန့်ထည်!"
ရုတ်တရက်ဟိန်းထွက်လာတဲ့ရင်းနှီးနေကျအသံလေးတစ်သံကြောင့် သူနောက်သို့အမြန်လှည့်ကြည့်မိလိုက်သည်။
ဒီ...ဒီအသံက !! !
"ညီ ! ညီမှတ်လား? "
"ရှိိုင်းလေးမင်းဘယ်မှာလဲ!"
သူအော်ဟစ်ကာမေးလိုက်ပေမယ့် အတန်ငယ်ကြာတဲ့အထိလေတိုးသံကလွဲ၍ဘာစကားပြန်မှပြန်မကြားရတာကြောင့်ခေါင်းငုံ့ချလိုက်ရင်းစိတ်ပျက်သွားခဲ့ရကာ သူ့ကိုယ်သူလှောင်ရယ်ရယ်လိုက်လေ၏။
'ဒီတစ်ခါလဲ ထပ်ပြီးထင်ယောင်ထင်မှားဖြစ်နေပြန်ပြီ'
"နှင်းဆီပန်း ၂၁ပွင့်က ဘယ်ကောင်မလေးဖို့ သွားထားထားတာလဲလို့?"ဆိုတဲ့အသံလေးကိုထပ်ကြားလိုက်ရတဲ့အခါမှာတော့ သူမပြုံးပဲမနေနိုင်တော့ပေ။
'နေစမ်းပါဦး .. . . ဒါကတော့သေချာတယ်ထင်ယောင်ထင်မှားဖြစ်တာမဟုတ်တော့ဘူး'
"ရှိုင်းလေး မင်းလေးဘယ်မှာလဲ?"
မင်းခန့်ထည်ကဝမ်းသားအားရဖြစ်စွာပြန်ဟစ်မေးလိုက်၍ ထပ်နားထောင်နေလိုက်ပေမယ့်လို့ ထပ်ပြီးဘာအသံမှမကြားရတော့ပေ။
"ရှိုင်းလေး မင်းအခုဘယ်မှာလဲလို့!"
မင်းခန့်ထည်ရဲ့အသံတွေဟာတဖြည်းဖြည်းပြာဝင်အက်ကွဲလာခဲ့ရသည်။
သူအရပ်လေးမျက်နှာကိုဝေ့ဝဲကြည့်လိုက်ပေမယ့် ရှိုင်းဇေယံနဲ့တူတဲ့အရိပ်အယောင်ကိုတစ်စွန်းတစ်စမျှမမြင်ရပေ။
"ကျနော့်ကိုတွေ့ချင်ရင်တွေ့အောင်ရှာပေါ့ .. "
မင်းခန့်ထည်ဟာထိုအသံလာရာကိုနားစွင့်ပြီးလိုက်သွားတော့ ဒီအသံက Archiဆောင်ထဲကနေထွက်လာတဲ့အသံဖြစ်ကြောင်းသူသိသွားခဲ့လေသည်။
လှေကားလေးပေါ်အပြေးတက်သွားပြီး အပေါ်ထပ်လသာဆောင်ကိုရောက်တော့ 3/1-6(A)အခန်းထဲမှာသူထားထားခဲ့တဲ့နှင်းဆီပန်းစည်းလေးကခုံတန်းလျားလေးထက်တွင်ရှိနေခဲ့တာကိုတွေ့လိုက်ရသော်လည်းပန်းစည်းရဲ့ပိုင်ရှင်လေးကိုတော့ သူဘယ်လိုရှာရှာ ရှာမတွေ့ခဲ့ချေ။
"ရှိုင်းဇေယံ! မင်းကို့ကိုမနောက်ပါနဲ့တော့ကွာ ကျေးဇူးပြုပြီး ထွက်လာပါတော့ ကိုယ်တစ်ခါထပ်ပြီးရူးသွားတာကိုမြင်ချင်လို့လား?"
"ညီလို့တောင်မခေါ်တော့ပါလား ညီလို့ခေါ်ရင်ထွက်လာခဲ့မယ်လေ.. . .. "
နံရံအကွယ်လေးနောက်က ရှိုင်းဇေယံလေးကသာရွှတ်နောက်နောက်ကလေးပြောနေပေမယ့်လို့ ၆နှစ်ကြာမျှစောင့်ခဲ့ရတဲ့အချစ်ရူးကြီးမင်းခန့်ထည်ကတော့ ချာချာလည်ကာအရူးတစ်ပိိုင်းဖြစ်နေရလေပြီ။
"ညီ....ညီ.....ညီ.... ညီ....ညီ ကိုယ်ခေါ်နေပြီလေ .. . . ထွက်လာပါတော့ကွာ! ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ကိုမနောက်ပါနဲ့တော့ အဆိုးလေးရာ"
မင်းခန့်ထည်က သမမ်သလင်းပေါ်မှာဒူးထောက်ထိုင်ချရင်း ရှိုင်းဇေယံလေးအားအလူးအလဲတောင်းပန်နေရှာသည်။
ဒူးထောက်ထိုင်ချနေတဲ့ မင်းခန့်ထည်ရဲ့ကျောပြင်လေးနှင့်နီးရာဆီသို့ ရှည်သွယ်သွယ်နဲ့ကောင်ကလေးကတိုးဖွညင်သာစွာလျှောက်လှမ်းလာခဲ့ပြီးနောက် သူ့ချစ်သူရဲ့မျက်ဝန်းနှစ်ဖက်ကိုသူ၏လက်သေးသေးလေးနှစ်ဖက်နှင့်အုပ်ကိုင်လိုက်တဲ့အခါမှ မင်းခန့်ထည်တစ်ယောက်ချက်ချင်းငြိမ်ကျသွားရသည်။
"ညီ~~~မင်းလေး ပြန်လာပြီပေါ့"
သူ၏မျက်ဝန်းထက်မှ အေးစက်နေတဲ့လက်ဖျားသေးသေးလေးတွေကိုဆုပ်ကိုင်လိုက်ပြီးထရပ်လိုက်ကာနောက်ကျောထက်ဆီမှ သူ၆နှစ်တာစောင့်မျှော်ခဲ့ရတဲ့ချစ်သူကောင်လေးရဲ့မျက်နှာလေးအားညင်သာဖွရွစွာထိကိုင်ကြည့်နေရှာလေသည်။
သူ့ရဲ့မျက်ဝန်းအိမ်တို့ထဲမှာမျက်ရည်ကြည်တို့ကကျေနပ်ပျော်ရွှင်စွာဖြင့်ပြည့်နှက်နေလို့။
သူ့ချစ်သူလေးသူ့ဆီပြန်ရောက်လာခဲ့တယ်ဆိုတဲ့ဒီလိုမြင်ကွင်းလေးဟာဆိုရင် ၆နှစ်တာမက်ခဲ့တဲ့အိမ်မက်တွေထဲမှာပဲနှစ်တောင်းရှည်ကြာစွာဖြစ်တည်နေခဲ့ပြီး သူ၏လက်တွေ့ဘဝမှာတော့အမှန်တကယ်ဖြစ်လာဖို့ဆိုတာအလွန်အမင်းခက်ခဲပင်ပန်းလှပေသည်။ထို့ကြောင့် အခုပုံရိပ်လေးကို သူမယုံကြည်နိုင်လောက်အောင်ဖြစ်နေမိရ၏။
"တကယ်ပြန်လာပြီပေါ့နော်....ကို့ရဲ့ကလေးလေး ကိုယ့်ရဲ့ရှိုင်းလေး .....ဒါအိမ်မက်မဟုတ်ပါဘူးနော် ...ဒါသာအိမ်မက်ဆိုကိုယ်တကယ်သေလိမ့်မယ် ....."
လွမ်းဆွေးမျက်ရည်လေးတွေဝဲနေရှာတဲ့ရှိုင်းဇေယံလေးကလည်းသူ့ချစ်သူရဲ့ပါးပြင်ပေါ်ကမျက်ရည်တွကိုဖိသုတ်ပေးလိုက်ရင်းတဖွဖွဆိုလာသည်။
"အင်းဒါကအိမ်မက်မဟုတ်ဘူး
အခု ကိုခန့်ဆီကျနော်တကယ်ပြန်လာခဲ့ပြီမို့ လို့နောက်တစ်ခါကျနော်ထပ်မထွက်သွားနိုင်အောင်ကျနော့်ကိုတင်းတင်းကြပ်ကြပ်ကလေးဖက်ထားဖို့တော့လိုမယ်နော်....."
"အင်း ကိုယ်ဘယ်တော့မှ မင်းလေးကိုလက်မလွှတ်ဘူး...မလွှတ်စတမ်းကိုတစ်သက်လုံးဖက်ထားပစ်မှာ"
ဟုရှိုက်ကာဆိုရင်းမင်းခန့်ထည်က ရှိုင်းဇေယံရဲ့နှဖူးလေးအားအမြတ်တနိုးနမ်းရှိုက်လိုက်လေသည်။ထို့နောက် ရှိုင်းဇေယံလေးကိုပွေ့ဖက်လို့ထားရင်း ၃၆၀ဒီဂရီလည်တဲ့အထိ ကောင်လေးရဲ့ကိုယ်လေးကိုဝေ့ယမ်းလိုက်လေတော့သည်။
"ကိုခန့်တော်ပြီ ကျနော်မူးတယ်လို့!!!"
Archiဆောင်ရဲ့ဆယ်မိုင်ပတ်ပတ်လည်အထိပျံ့နှံ့သွားသောကောင်လေးနှစ်ယောက်ရဲ့ရယ်သံသဲ့သဲ့လေးတွေဟာ အဆောင်ဘေးနားကနေဖြတ်သွားကြတဲ့ကြားလိုက်ရသူတိုင်းအဖို့ အလွန်ပင်ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းလှပေသည်။
အဆောင်အောက်၌ရပ်နားထောင်နေခဲ့သော လင်းထွဋ်နှင့်ပိုင်စစ်ပင်လျှင် ပြောမပြတတ်အောင်ပျော်ရွှင်နေကြကာ ပိုင်စစ်မှာမူအပျော်လွန်ပြီးမျက်ရည်တွေပါထွက်လာတာကြောင့် လင်းထွဋ်ကပိုင်စစ်အားမဖက်ချင်ဖက်ချင်နှင့်ဖက်ထားပေးရလေသည်။
ထိုအချိန်မှာပင် 'ရွှတ်' ဆိုတဲ့အသံတစ်သံကြားလိုက်ရတဲ့အခိုက်လင်းထွဋ်ရဲ့မျက်နှာကြီးကမှောင်မဲသွားပြီးမျက်မှောင်ကြုတ်သွားရလေသည်။
"မင်းအခုဘာလုပ်လိုက်တာလဲ ! "
"Sorryကွာ လင်းထွဋ်ရာ ငါစိတ်မထိန်းနိုင်ဘဲ နှပ်ချေးညှစ်မိသွားတာ......."
"ဒီဖေ!!"
စိတ်လက်တဆစ်နဲ့လင်းထွဋ်ဟာ နောက်ဆုံးသည်းမခံနိုင်တော့ဘဲပိုင်စစ်အားဖွက်ဖွက်ညက်ညက်ကြေအောင် ဆောင့်ကန်ပစ်လိုက်ပါတော့သည်။
ဒီနေ့မနက်အစောပိုင်းကတည်းကခွဲစိတ်ခန်းဝင်နေရတဲ့စိုင်းသီဟတစ်ယောက် Operation ၅ခုအပြီးမှာ သူ၏နားနေခန်းသို့ပြန်ဝင်လာပြီးခနအနားယူနေလိုက်သည်။
သူ၏မျက်ဝန်းတွေကိုပိတ်စင်းထားလျက်ခနလှဲနေစဥ်မှာပင် တုန်ခါလာတဲ့ဖုန်းသံလေးကြောင့် လေးလံနေတဲ့မျက်ဝန်းတွေကို မနဲတွန်းဖွင့်ရင်းဖုန်းကိုအမြန်ယူကြည့်လိုက်လေသည်။
[ကိုစိုင်း Long Time No Seeပါဗျာ......
ကျနော်ကိုကြီးကိုကွန်ဒိုမှာတစ်ယောက်တည်းချန်ထားမိခဲ့လို့ ကိုစိုင်းဒီနေ့ ကျနော့်ကိုကြီးနဲ့အဖော်သွားနေနေပေးလို့ရမလား😌😉
ကိုစိုင်းရဲ့သွေးသောက်ညီကိုလေးကိုကူညီပါနော် 😗🙏🙏]
ထိုMessageလေးကိုဖတ်ပြီးသွားတဲ့အခါမှာတော့ စိုင်းသီဟခမျာမနက်ကကုန်ခမ်းသွားတဲ့အားအင်တွေ အကုန်လုံးပြန်ပြည့်လာသလိုခံစားလိုက်ရပြီး ဂျူတီကုတ်ကိုချက်ချင်းချွတ်ပစ်လိုက်ကာ ဆေးရုံထဲကနေတဟုန်ထိုးပြေးထွက်လာခဲ့တော့သည်။
"Dr!! Operation ၂ခုကျန်သေးတယ်လေ!" ဆိုတဲ့Nurseလေးရဲ့စကားကိုတောင်နောက်လှည့်မကြည့်စတမ်းပြေးလွှားရင်းအော်ပြောသွားခဲ့လေသည်။
"Sorryပါဗျာ ကျနော့်နေရာမှာတခြား Dr. တစ်ယောက်နဲ့အစားထိုးလိုက်တော့နော်
ကျနော်အရမ်းအရေးကြီးတဲ့ကိစ္စရှိနေလို့!"
ထို့နောက် အဖြူရောင်မာစီတီးကားလေးကဆေးရုံကနေအရှိန်ပြင်းစွာမောင်းထွက်သွားတော့လေသည်။
တင်း တောင်~~~~~~
ဘဲလ်တီးသံလေးအဆုံး၌တစ်စုံတစ်ယောက်ကအခန်းတံခါးကိုလာဖွင့်ပေးခဲ့လေသည်။
အခန်းထဲကလူသားလေးကအခန်းရှေ့၌ရပ်နေသူအားမြင်သော်မလှုပ်မယှက်နှင့်အတန်ကြာစိုက်ကြည့်လို့နေခဲ့သည်။
စိုင်းသီဟက သူ၏လက်မောင်းနှစ်ဖက်ကို
ဆန့်တန်းလိုက်ရင်း ရှိုင်းဆက်ယံအားသူ၏ရင်ခွင်ထဲသို့လာဖို့ခေါ်လိုက်တဲ့အခါ ရှိုင်းဆက်ယံက ဖျော့ဖျော့လေးပြုံးလျက် စိုင်းသီဟရဲ့အနွေးဆုံးသောရင်ခွင်ထဲသို့သူ၏ကိုယ်ကိုအပြေးပစ်ခွင်းလိုက်ပေတော့သည်။
"ဟားဟား....ယံလေး ....မင်းကိိုယ့်ကိုအဲ့ဒီလောက်တောင်လွမ်းနေခဲ့တာလား?"
ဒီနေ့လေးရဲ့နေဝင်ဆည်းဆာအရောင်လေးတွေဟာ သက်တန့်လေးတွေကွန့်မြူးနေလျက်အလွန်အမင်းလှပလွန်းလှပြီး အချစ်ငှက်လေးတွေကကိုယ်စီအတောင်ပံတွေဖြန့်ကျက်ရင်း သူတို့ချစ်ရသူတွေနဲ့အတူ နေဝင်အိပ်တန်းတက်ဖို့ရာအချစ်အရိပ်အမြုံများဆီသို့ ပျံသန်းသွားကြလေပြီ.........
အချစ်ဆိုတာပူလောင်ရတယ် နာကျင်ရတယ် ကြေကွဲဝမ်းနည်းရတယ်ဆိုပေမယ့် ထိုဒဏ်ရာတွေကိုကုသပေးမယ့်တစ်စုံတစ်ယောက် မင်းရဲ့ဘေးနားမှာရှိလာတဲ့အခါ မင်းကြောက်ရွံ့နေတဲ့အချစ်ဆိုတဲ့အရာကို မင်းတဖြည်းဖြည်းသဘောကျလာပါလိမ့်မယ်။
မင်းချစ်တတ်လာတဲ့အခါကျ မင်းအပျော်ရွှင်ဆုံးပျော်ရွှင်နေရလိမ့်မယ်။ဘယ်လောက်ပဲကြုံတွေ့ရမယ့်လောကကြီးကခက်ခဲကြမ်းတမ်းနေပါစေ မင်းကသူ့ရဲ့လက်ကလေးကိုဆွဲကိုင်ရင်း အကောင်းမွန်ဆုံးဖြတ်ကျော်နိုင်တယ်ဆိုတဲ့သတ္တိခွန်အားတွေမင်းဆီမှာအလိုလိုအပြည့်ရှိလာပါလိမ့်မယ်။
သူဆိုတဲ့အကြောင်းပြချက်လေးတစ်ခုတည်းနဲ့ပေါ့...........
မင်းခန့်ထည်မှာ ဒုတိယအကြိမ်ထပ်ထုတ်ဝေမည့် Laptopထက်ရှိ
HE= MY FIRST LOVEဝတ္တုလေးရဲ့အပြီးသတ်စာမူလေးအား တစ်လုံးချင်းစီတန်းကာရိုက်ချလိုက်ပြီးနောက် သူ၏ Laptopလေးကိုခေါက်ပိတ်လိုက်လေသည်။
ခြံဝန်းထဲမှာပန်းချီဆွဲနေတဲ့ကောင်ငယ်လေးအား ဝရံတာပေါ်ကနေ မြတ်နိုးခြင်းများစွာဖြင့်ငေးစိုက်ကြည့်နေပြီးနောက် ထိုကောင်လေးရှိရာဆီသို့ပြေးဆင်းသွားခဲ့တော့သည်။
ကျနော်ကိုယ်တိုင်ကလဲ ရှိုင်းဇေယံဆိုတဲ့အကြောင်းပြချက်လေးတစ်ခုနဲ့တင် ဆက်ရှင်သန်နေမည်ဖြစ်ကာ ကျနော့်ရဲ့အနာဂတ်လမ်းတို့ဟာဘယ်လောက်ပဲခက်ခဲကြမ်းတမ်းနေပါစေ မကြောက်မရွံ့ရှေ့ဆက်လျှောက်လှမ်းနေဦးမှာပင်။
သူ့ရဲ့လက်ကလေးကိုမလွှတ်စတမ်းအနွေးထွေးဆုံးဆုပ်ကိုင်ထားရင်းပေါ့.......
~~~~~~THE END~~~~~~
(21.7.2020)
••••••••••••••••••••••••••••••••••••••••••••••••••
ဆုရဲ့ ဒီ Ficလေးကိုအဆုံးထိဖတ်ပေးကြတဲ့ စာဖတ်သူလေးတွေအားလုံးကိုတကယ်ကိုအနူးအညွှတ်ကျေးဇူးတင်ပါတယ်😇😇။
ဆုရဲ့ပထမဆုံးအရေးအသားကအရမ်းကြီးမကောင်းတဲ့အတွက်လည်းတောင်းပန်ပါရစေ🙏🙏။ ဆုရဲ့အရေးအသားမကောင်းသေးတဲ့ဒီ Ficလေးကို Libraryတွေ RLတွေထဲထည့်ပေးကြတဲ့ စာဖတ်သူလေးတွေအားလုံးကိုအရမ်းကျေးဇူးတင်ပါတယ်😘😙😚။အရမ်းလဲချစ်ပါတယ်နော်💚💚💚။
တစ်လျှောက်လုံးကြယ်လေးတွေပေးရင်းဆုကိုအားဖြည့်ပေးကြတဲ့အတွက်လဲထပ်ပြီးကျေးဇူးတင်ပါရစေ💕💕။ဆုကို Followပေးကြရင်း Feedbackလေးတွေပေးခဲ့ကြရင်းဆုကိုချစ်ပေးကြတဲ့အတွက် ဆုအရမ်းပဲဝမ်းသာမိပါတယ်။
Edited Versionလေးကိုပါအစအဆုံး Ongoingပြန်လိုက်ပေးကြတဲ့အမာခံစာဖတ်သူလေးတွေကိုတော့ပြောမပြတတ်လောက်အောင်တကယ်ကျေးဇူးတင်ပါတယ်ရှင်😭❤
Love you all my readers ❤❤❤❤
••••••••••••••••••••••••••••••••••••••••••••••••••
အခန္း (၅၀) - ခ်စ္ျခင္းတရားတို႔႐ွိရာ
Part II
Zawgyi
[အသက္ထက္ဆုံး ... ]
၅ႏွစ္တာၾကာတဲ့အခ်ိန္ကာလာတစ္ခုမွာ ခႏၶာကိုယ္ေအာက္ပိုင္းလႈပ္႐ွားမႈေတြကိုေန႔စဥ္မျပတ္ႀကိဳးစားလုပ္ေဆာင္ေနေသာေကာင္ေလးမွာ အေျခအေနတို႔တိုးတက္ေကာင္းမြန္လာခဲ့သည္။
သူအခု Wheelchairေပၚတြင္အခ်ိန္ျပည့္ထိုင္စရာမလိုေတာ့ေပမယ့္၁၀၀ရာခိုင္ႏႈန္းအျပည့္ေတာ့ျပန္မေကာင္းလာေသးေပ။
အဘိုးႀကီးေတြကဲ့သို႔တုတ္ေကာက္တစ္ခုနဲ႔သြားေနရကာ သူ႕ရဲ႕ေျခေထာက္ေတြကိုဒီေလာက္ထိျပန္လႈပ္႐ွားႏိုင္တာနဲ႔တင္ သူ႕အတြက္အတိုင္းထက္အလြန္ပင္ေက်နပ္စရာေကာင္းေနခဲ့သည္။
သူ၏ေဘးတြင္အကိုျဖစ္သူကအခ်ိန္ျပည့္လိုက္ပါေစာင့္ေ႐ွာက္ေနၿပီး အခုခ်ိန္၌ သူတို႔ညီအကိုႏွစ္ေယာက္က Public parkတစ္ခုတြင္စိတ္ေျပလက္ေပ်ာက္လမ္းေလွ်ာက္ေနခဲ့ၾကတာျဖစ္သည္။
လမ္းေလွ်ာက္ရတာတစ္နာရီေလာက္ၾကာၿပီမို႔ အကိုျဖစ္သူက သူ႕အား အနီးနား႐ွိ သစ္သားခုံတန္းလ်ားေလးေပၚ၌ခ်ေပးလိုက္ကာခနထိုင္နားေစေလသည္။
"လမ္းေလွ်ာက္ရတာဘယ္လိုေနလဲ ေျခေထာက္ေတြထုံေနေသးတုန္းပဲလား? ေျခဖ်ားေတြနာေနရင္ ကိုႀကီးကိုေျပာေနာ္...."
"အင္း"
ဒီကရာသီဥတုကေႏြဦးရာသီမို႔႐ြက္ေဟာင္းေတြေႂကြကာ႐ြက္သစ္ႏုႏုေလးေတြေဝေနၾကၿပီး တခ်ိဳ႕သစ္႐ြက္ေျခာက္ေတြကေတာ့ေႏြေလေျပေလးအေဝွ႔တြင္လမ္းမေပၚ၌ဦးတည္ရာမ႐ွိလြင့္ေျမာေနၾကသည္။
"အခုတေလာ ဘာေတြျမင္ေယာင္လာေသးလဲ? ညီေလးဆီကအိမ္မက္ေတြအေၾကာင္းမၾကားရေတာ့တာေတာ္ေတာ္ၾကာေနၿပီလားလို႔"
ထိုအခါ ေကာင္ေလးကရယ္ပဲရယ္ေနကာဘာမွျပန္ေျဖလာျခင္းမ႐ွိတာေၾကာင့္ ႐ိႈင္းဆက္ယံကစိတ္ခ်သြားေတာ့ေလသည္။
'ၾကည့္ရတာ ဘာမွထပ္မျမင္ရေတာ့ဘူးထင္တယ္ အဲ့တာဆို ကိုေဇကမင္းခန္႔ထည္နဲ႔ပက္သတ္ၿပီးမမွတ္မိႏိုင္ေလာက္ေတာ့ဘူးလို႔ဆိုလိုတာလား? ဘာပဲျဖစ္ျဖစ္
မမွတ္မိတာကလည္း ေကာင္းတဲ့ကိစၥတစ္ခုပဲေလ....... '
တကယ္ေတာ့အသံတိတ္ေနတဲ့ေကာင္ေလးတစ္ေယာက္ရဲ႕ႏွလုံးသားေလးထဲမွာလွ်ိဳ႕ဝွက္ခ်က္ေလးတစ္ခု႐ွိခဲ့သည္။
အဲ့လွ်ိဳ႕ဝွက္ခ်က္ေလးကေတာ့ အခန္းက်ယ္ႀကီးတစ္ခုထဲ႐ွိ နံရံဘက္တြင္ေထာင္ထားတဲ့ပန္းခ်ီကားခ်ပ္ေပါင္း၅၀႐ွိသည့္အနက္ ထိုထပ္ထားေသာ ပန္ခ်ီကားခ်ပ္ေပါင္း၅၀ရဲ႕အလယ္မွာသိုဖြက္ထားတဲ့ Secretပန္းခ်ီကားေလးတစ္ခ်ပ္႐ွိေနေလသည္။
ထိုပန္းခ်ီကားေလးထဲ၌ နီေဆြးေဆြးစိန္ပန္းပင္ႀကီးတစ္ပင္ႏွင့္ထိုအပင္ႀကီးရဲ႕အေ႐ွ႕ဘက္ျခမ္းမ်က္ႏွာမူရာမွာ အစိမ္းေရာင္အေဆာက္အအုံတစ္ခုပါ႐ွိကာ ထိုအေဆာက္အအုံရဲ႕အလယ္ေနရာမွာသစ္သားခုံတန္း႐ွည္ေလး တစ္ခုကိုပါထည့္ဆြဲထားေလသည္။ သူ၏လက္ေတြကထိုမွ်ႏွင့္တင္မရပ္တန္႔ႏိုင္ခဲ့တာေၾကာင့္ထိုခုံတန္းေလးေပၚတြင္စိန္ပန္းပင္ဘက္ကိုမ်က္ႏွာမူလ်က္ထိုင္ေနၾကေသာေကာင္ေလးႏွစ္ေယာက္ကိုပါလြမ္းေမာသတိရစြာ အေသအခ်ာစိတ္ႏွစ္ဆြဲထားခဲ့သည္။
ထိုပန္းခ်ီကားနဲ႔ပက္သတ္တဲ့မွတ္ဥာဏ္အပိိဳင္းအစေတြကို ၄ႏွစ္တာအခ်ိန္ကာလမွာေဝေဝဝါးဝါးသာမွတ္မိလာခဲ့ေပမယ့္ ထိုမွတ္ဥာဏ္ေတြက ဦးေႏွာက္ထဲတြင္စြဲၿမဲမေနကာ သူတစ္ေရးအိပ္ၿပီးတိုင္းအၿမဲေမ့ေမ့သြားတတ္သည္။ထို႔ေၾကာင့္တစ္ေန႔တြင္လည္းသူနီေဆြးေဆြးစိန္ပန္းပင္ကိုစိတ္ႏွစ္ကာဆြဲေနခဲ့ေပမယ့္လို႔ သူအိပ္စက္ၿပီးႏိုးထလာတဲ့အခါသူအစျပဳဆြဲခဲ့ေသာ အနီရင့္ေရာင္အရာတစ္ခုက အစအနမက်န္ေတာ့ေအာင္ေပ်ာက္ဆုံးသြားစၿမဲပင္။
ဒီလိုနဲ႔တစ္ေန႔မွာေတာ့ သူ႕ရဲ႕ ေဆးေရာင္စုံေတြျပန္႔က်ဲေနတဲ့ ပန္းခ်ီခန္း၏ ေကာ္ရစ္ဒါေပၚမွာ စကၠဴအပိုင္းအစေလးေတြ႐ွိေနခဲ့တာကိုသူ႐ွာေဖြေတြ႕႐ွိခဲ့သည္။
ထိုအပိုင္းအစေလးေတြကိုဆက္ၾကည့္လိုက္တဲ့အခါမွာေတာ့ သူ၏မ်က္လုံးအိမ္တို႔ထဲတြင္ အနီရဲရဲစိန္ပန္းေတြေဝေဝဆာဆာပြင့္ေနတဲ့ စိန္ပန္းပင္ႀကီးတစ္ပင္ကိုမွတ္မွတ္ရရျပန္ျမင္ေယာင္လာမိေလသည္။
သူျပန္မွတ္မိလာတဲ့အခါမွာေတာ့ပုံတူပန္းခ်ီႏွစ္ခ်ပ္ကိုဆြဲထားခဲ့ၿပီးပန္းခ်ီကားခ်ပ္တစ္ခ်ပ္ကိုေတာ့ ႏိုင္လြန္အဝတ္စတစ္ခုႏွင့္အုပ္လ်က္အျခားပန္းခ်ီကားခ်ပ္တို႔ေနာက္တြင္တိုးတိုးတိတ္တ္ိတ္ဖြက္ထားလိုက္ေခ်သည္။
ထို႔ေနာက္ ထိုပုံတူပန္းခ်ီႏွစ္ခ်ပ္ထဲမွတစ္ခ်ပ္မွာမူ သူအိမ္မက္ထဲမွျပန္ႏိုးထလာတဲ့အခါတိုင္း ေပ်ာက္ခ်င္းမလွေပ်ာက္ကြယ္သြားခဲ့ရေလ၏။
ဤသို႔ျဖင့္ အခ်ိန္ၾကာလာေတာ့သူသကၤာမကင္းျဖစ္လာကာ တစ္ခုေသာေန႔ရက္တစ္ရက္၌အကိုျဖစ္သူေ႐ွ႕တြင္အိပ္စက္ခ်င္ေယာင္ေဆာင္ခဲ့ၿပီးအေျခအေနကိုေစာင့္ၾကည့္ေနခဲ့ေလသည္။
ထိုအခါသူမ်က္ဝါးထင္ထင္ျမင္ခဲ့ရသည္က
အကိုျဖစ္သူမွာ သူဆြဲထားတဲ့ပန္းခ်ီကားခ်ပ္မ်ားအနက္နီေဆြးေဆြးစိန္ပန္းပင္ပန္းခ်ီကားခ်ပ္တစ္ခ်ပ္ကိုသာ ေ႐ြးခ်ယ္ဖ်က္ဆီးပစ္ခဲ့ျခင္းေပ။
သူ၏အကိုျဖစ္သူကဒီအရာေတြကိုဘာေၾကာင့္မ်ားဖုံးကြယ္ထားခ်င္ေနလဲဆိုတာကို သူနားမလည္ႏိုင္ခဲ့တာေၾကာင့္ ထိုအရာေတြကိုသူမသိခဲ့သလိုသာတစ္ခ်ိန္လုံးဟန္ေဆာင္ေနခဲ့လိုက္သည္။
ေပ်ာက္ဆုံးသြားတဲ့ပန္းခ်ီကားခ်ပ္ေတြအကုန္လုံးကသူ၏အကိုျဖစ္သူရဲ႕ရည္႐ြယ္ခ်က္႐ွိ႐ွိဖ်က္ဆီးခံလိုက္ရတာကို
သိ႐ွိသြားတဲ့အခ်ိန္ကစ အိမ္မက္ထဲက
မွတ္ဥာဏ္ေတြအေၾကာင္း အကိုျဖစ္သူေ႐ွ႕မွာတစ္စြန္းတစမွ်မဟေတာ့ေပ။
ၿပီးျပည့္စုံတဲ့ပန္းခ်ီကားခ်ပ္တစ္ခ်ပ္ကိုၿပီးေျမာက္သြားခဲ့ၿပီးတဲ့ေနာက္ သူတစ္ခ်ိဳ႕ေသာအသံေတြကိုပါၾကားေယာင္လာရေလသည္။
အခန္းတံခါးကိုဖြင့္ဖို႔ႀကိဳးစားတဲ့အခ်ိန္တိုင္း အေနာက္နားကေနလူသားတစ္ေယာက္ရဲ႕အသံတစ္သံက နားစည္ထဲသို႔အၿမဲတိုးဝင္လာတတ္ေလ၏။
"မင္းလား ငါ့အခန္းေဖာ္အသစ္က" ဆို၍။
သူေနာက္လွည့္ၾကည့္လိုက္ေတာ့က်ေနာ္႕ကိုယ္ေပၚကိုအုပ္မိုးထားတဲ့လူတစ္ေယာက္႐ွိခဲ့သည္။
သူ႕ရဲ႕အသံတို႔ကတင္းမာခက္ထန္ေနေပမယ့္ ႏွလုံးသားထဲကေနလိႈက္လိႈက္လွဲလွဲရင္းႏွီးကြၽမ္းဝင္ေနခဲ့ရတဲ့အသံမ်ိဳးပင္.....
ဒါေပမယ့္ ထိုလူသားရဲ႕မ်က္ႏွာေပၚမွာအရိပ္တစ္ခုကက်ေရာက္ေနတတ္ကာ ဘယ္သူဘယ္ဝါဆိုတာကိုဘယ္ေသာအခါမွ ႐ွင္း႐ွင္းလင္းလင္းမျမင္ခဲ့ရေပ။
"မင္း ေတာင္းပန္ရေကာင္းမွန္းမသိဘူးလား"
အခန္းထဲထိဝင္လာၿပီးသူကက်ေနာ္႕ကိုဆူေနျပန္ပါသည္။က်ေနာ္ဘာလုပ္ခဲ့မိလို႔လဲဟင္?အိမ္မက္ထဲကလူက ဘာလို႔အဲ့ေလာက္ေဒါသထြက္ေနရတာလဲ?
"မင္း Rollနဲ႔မင္း နာမည္ေျပာ"
"႐ိႈင္းေဇယံ Roll 65"
ေကာင္ေလးတစ္ေယာက္ရဲ႕အသံကိုလဲထပ္ၾကားရျပန္ေပမယ့္ ဒါကေတာ့ေသခ်ာေပါက္သူ႕အသံပင္....
႐ိႈင္းေဇယံ ဆိုတာကလဲ သူ႕ရဲ႕ နာမည္ပဲ ဒါေပမယ့္ က်ေနာ္က ဘယ္သူ႕ကိုေျပာျပေနတာလဲ? Roll 65ဆိုတာကေကာဘာလဲ?
"လခြမ္း! ဘာလဲဟ"
အရမ္းထူးျခားၿပီးအရယ္ရဆုံးအိမ္မက္တစ္ခုကေတာ့က်ေနာ္ရဲ႕ဒီလက္ေတြနဲ႔ လူတစ္ေယာက္ရဲ႕လုံခ်ည္စကိုဆြဲခ်ဖူးတယ္တဲ့ေလ။သူကလဲ က်ေနာ္႕ေၾကာင့္အရမ္းစိတ္ဆိုးသြားတဲ့ပုံပဲ က်ေနာ္႕ကိုထဆဲပါေလေရာ။
ေနာက္ပိိဳင္းသူက်ေနာ္႕ကိုစိတ္ဆိုးေျပသြားခဲ့ရဲ႕လားဆိုတာေတာ့ က်ေနာ္အိမ္မက္ဆက္မမက္ေတာ့ဘူး။
သူ႕လိုအၿမဲခက္ထန္ေနတဲ့ပုံစံမ်ိဳးနဲ႔လူကိုမွ
က်ေနာ္ကျပႆနာကိုမီးခြက္ထြန္းၿပီးသြား႐ွာခဲ့မိတာပဲ ..........
"ဆံပင္ေတြစိုေနတုန္းပဲ ညီ"
ေနာက္ထပ္အိမ္မက္တစ္ခုကက် အိမ္မက္မက္တိုင္းစိတ္ဆိုးေနက်လူႀကီးက က်ေနာ္႕ရဲ႕ဆံပင္ေတြကိုတယုတယထိကိုင္ေနတယ္တဲ့....ဒါဘယ္လိုဟာသလဲ ? အိမ္မက္ထဲကလန္႔ႏိုးလာတာေတာင္က်ေနာ္႕ရဲ႕ႏွလုံးသားတစ္စုံကတဒုတ္ဒုတ္နဲ႔ခုန္ခ်က္သားေကာင္းေနတုန္း........
"႐ိႈင္းေဇယံ ကိုယ္မင္းေလးကိုအရမ္းခ်စ္တယ္"
ဒီအိမ္မက္ကေနျပန္ႏိုးလာတဲ့အခ်ိန္မွာေတာ့ က်ေနာ္႕ ရဲ႕မ်က္ဝန္းေလးေတြက မ်က္ရည္ေတြနဲ႔ျပည့္လွ်ံေနခဲ့ရသည္။ငိုရလြန္းလို႔ အဲ့ေန႔ကဆိုမ်က္လုံးေတြႀကိမ္းစက္ေနတာပဲ။ဘာငိုစရာပါလို႔လဲလို႔ ကို႔ကိုယ္ကိုေမးခြန္းေတြတရစပ္ထုတ္ေနခဲ့ရတယ္။ အဲ့လူႀကီးက က်ေနာ္႕ကိုဘာလို႔ခ်စ္ေၾကာင္းလာေျပာေနတာလဲေပါ့
သူနဲ႔က်ေနာ္ ပက္သတ္မႈတစ္ခုခုမ်ား႐ွိေနခဲ့တာလား? ဘယ္လိုပက္သတ္မႈမ်ားလဲ?
ထိုစဥ္ဆို႔နင္တက္လာရတဲ့ခံစားခ်က္တစ္ခုကရင္ဘက္ဘယ္ဘက္ျခမ္းထဲမွာေအာင့္ခနဲပင္။
ဒါဘာခံစားခ်က္ႀကီးလဲ ? က်ေနာ္အႀကိတ္မခြဲခင္တုန္းက ေယာက်ာ္းတစ္ေယာက္နဲ႔ခ်စ္ခဲ့ဖူးတာလား? မျဖစ္ႏိုင္တာ....
က်ေနာ္႕လိုလူမ်ိဳးက မိန္းကေလးေတြကိုပဲႀကိဳက္တတ္ခဲ့တာထင္တယ္ေနာ္.....
ဘာလို႔လဲဆိုေတာ့ရံဖန္ရံခါက်ေနာ္႕ေဘးနားမွာ အလွေလးသုံးေယာက္ကိုလဲ တစ္ခ်က္တစ္ခ်က္ျမင္ခဲ့ရေသးတယ္ေလ..... သူတို႔က
က်ေနာ္႕ကိုျမင္ရင္လာလာေျပးဖက္ၾကတာ ... တစ္ခါတစ္ေလက် က်ေနာ္႕ရဲ႕လက္ေမာင္းေတြကိုလဲတင္းေနေအာင္ဆုပ္ကိုင္ထားခဲ့ၾကေသးတယ္ဆိုေတာ့....ဘယ္လိုေျပာရမလဲ က်ေနာ္ကေကာင္မေလးသုံးေယာက္ကိုတစ္ၿပိဳင္နက္တည္းတြဲခဲ့တဲ့အက်င့္မေကာင္းတဲ့ playboyေလးေတာ့မဟုတ္ႏိုင္ေလာက္ပါဘူးေနာ္.....အဲ့လိုသာဆို တကယ္ဒုကၡပဲ!
ဟိုလူႀကီးကေကာ က်ေနာ္႕ကိုဘာလို႔လာခ်စ္ေနတာလဲ? က်ေနာ္႕မွာေကာင္မေလးသုံးေယာက္ေတာင္႐ွိတဲ့ဟာ .......ေခၚေတာ့လဲ ညီတဲ့ ဘာညီလဲ လူကိုသူ႕ညီအရင္းမ်ားမွတ္ေနလားမသိ.........
"ညီ.........."
ထိုလူသားရဲ႕ၾကင္နာမႈတို႔ထုံလႊမ္းေနတဲ့ဆြဲဆြဲငင္ငင္အသံတစ္သံဟာက်ေနာ္႕နားထဲကေနေကာ အိမ္မက္ထဲကေနပါ ဒီႏွစ္ေတြထဲမွာတစ္ခါေလးေတာင္မွေပ်ာက္ကြယ္သြားျခင္းမ႐ွိခဲ့ဖူးေပ။
တကယ္ဆို သူေခၚေနတဲ့အသံႀကီးကၾကက္သီးထစရာေကာင္းေနေပမယ့္လို႔ ဘာေၾကာင့္မွန္းမသိအဲ့ေခၚသံေလးကက်ေနာ္႕အတြက္အဖန္တလဲလဲနားေထာင္ခ်င္ေလာက္တဲ့အထိ က်ေနာ္႕ရဲ႕ႏွလုံးသားေလးထဲမွာအလြန္ၾကည္ႏူးစရာေကာင္းလြန္းေနခဲ့သည္။
"ညီေလး! မင္းဘာေတြေတြးေနတာလဲ??"
အကိုျဖစ္သူအသံၾကားေတာ့မွ သူအေတြးႏြံထဲကေနထြက္လာခဲ့ေတာ့သည္။
"ဘာမွမေတြးပါဘူး......."
"ဘာမွမေတြးဘူးသာေျပာတယ္ မင္းရဲ႕မ်က္ႏွာကၿပီတီတီနဲ႔...."
႐ိႈင္းဆက္ယံကမ်က္ေမွာင္ၾကဳတ္ကာေျပာလာရင္း ညီျဖစ္သူရဲ႕အေျဖကိုအကဲခတ္ဖို႔အတြက္ေစာင့္ေနလိုက္သည္။
"ဒီအတိုင္းရယ္ခ်င္စရာေကာင္းတာေလးတစ္ခုကိုေတြးမိလိုက္လို႔ပါ"
"ၿပီးေရာ...."
ဦးေႏွာက္လိႈင္းေတြက ကေျပာင္းကျပန္ျဖစ္ၿပီး ႐ူးမ်ားသြားၿပီလားလို႔ေတြးေၾကာက္ေနရတဲ့ ညီ႐ူးႀကီးအကိုျဖစ္သူကေတာ့
ထိုအေျဖကိုၾကားလိုက္ေတာ့မွစိတ္ေအးခ်မ္းသာစြာသက္ျပင္းခ်လိုက္ေတာ့သည္။
"ကိုႀကီး က်ေနာ္ coffeeေသာက္ခ်င္တယ္ ခုနကပန္းျခံအေနာက္ဘက္မွာဆိုင္ေလးတစ္ဆိုင္ေတြ႕ခဲ့တယ္ အခုမွအသစ္ဖြင့္တဲ့ကေဖးဆိုင္ေလးထင္တယ္ ဆိုင္ခင္းက်င္းထားတဲ့ပုံစံေလးကမဆိုးဘူး"
"Okေလ သြားၾကတာေပါ့"
ညီအကိုႏွစ္ေယာက္စလုံး Moonlightဆိုတဲ့ဆိုင္ေလးဆီသို႔ ဦးတည္ေလွ်ာက္သြားလိုက္ၾကသည္။
အကိုျဖစ္သူက သူ႕အားထိန္းကိုင္ေပးထားတဲ့လက္ေတြကိုတစ္စကၠန္႔ေလးမွ်အနားေပးခဲ့ျခင္းမ႐ွိတာေၾကာင့္ေကာင္ေလးကမခ်ိျပဳံးေလးနဲ႔ဆိုလိုက္ေလ၏။
"က်ေနာ္...ကိုယ့္ဘာသာကိုယ္ေလွ်ာက္ႏိုင္ပါတယ္"
"ဒီအတိုင္းပဲေလွ်ာက္စမ္းပါကြာ ကဂ်ီကေဂ်ာင္မလုပ္စမ္းနဲ႔ မင္းလဲက်သြားရင္ မင္းကိုယ္တိုင္ပဲအနာတရျဖစ္လိမ့္မယ္...."
ဆိုင္ထဲသို႔ေရာက္တဲ့အခါ ႐ိႈင္းဆက္ယံက ႐ိႈင္းေဇယံေလးအား သစ္သားဝိုင္းေလးတစ္ခု၌ဝင္ထိုင္ေစလိိဳက္သည္။
"ဘာေသာက္မွာလဲ?"
"NES.... "
"NES! ဒီလိုဆိုင္မ်ိဳးထိုင္ၿပီး NESေသာက္မယ္ေပါ့ ! "
"က်ေနာ္႕ကိုဝယ္တိုက္ပါကိုႀကီးရာ ... အရင္ကဆို...."
ေျပာေနရင္းနဲ႔႐ုတ္တရက္ရပ္တန္႔လိုက္ေသာညီျဖစ္သူရဲ႕စကားတို႔ေၾကာင့္႐ိႈင္းဆက္ယံမ်က္ႏွာမွာကြက္ခနဲပ်က္သြားကာ မ်က္လုံးနက္ႀကီးမ်ားႏွင့္စိုက္ၾကည့္လာေလသည္။
"အရင္ကဆို ဘာျဖစ္လဲ!!"
႐ိႈင္းဆက္ယံကစားပြဲခုံေပၚသို႔သူ၏လက္ႏွစ္ဖက္ကိုေထာက္လိုက္ကာကိုယ္ကိုအနည္းငယ္ကိုင္းခ်လိုက္ရင္းဆိုလာေတာ့ ႐ိႈင္းေဇယံမွာလႊတ္ခနဲထြက္သြားတဲ့သူ႕ရဲ႕စကားတို႔ကိုျပန္ဖာေထးရန္အလို႔ငွာ ဟိုဟိုဒီဒီစဥ္းစားရင္းအထစ္,အထစ္ျပန္ေျဖေလသည္။
"အရင္ကဆို ......က်ေနာ္.... တစ္ခါမွဒီလိုဆိုင္မ်ိဳးထိုင္ၿပီး မေသာက္ဖူးတာလို႔"ဟု ႐ိႈင္းေဇယံကထိုသို႔ကေလးဆိုးေလးတစ္ေယာက္လိုခြၽဲလိုက္ေပမယ့္ သူ႕ရဲ႕မ်က္လုံးေတြကအကိုျဖစ္သူဆီသို႔ၾကည့္မလာခဲ့ေပ။
"William! မင္းငါ့ကိုဖုံးကြယ္ထားတာ႐ွိလား?"
အကိုျဖစ္သူကသူ႕အားသံသယမ်က္လုံးမ်ားႏွင့္ၾကည့္ကာေမးလာၿပီျဖစ္တာေၾကာင့္႐ိႈင္းေဇယံေလးကအတတ္ႏိုင္ဆုံးမတုန္လႈပ္ဘဲတည္ၿငိမ္ေသာမ်က္ႏွာေလးနဲ႔ျပန္ေျဖလိုက္ေလသည္။
"မ႐ွိပါဘူး!"
"ဒါဆိုလဲၿပီးေရာ....."
ဟုဆိုကာ ႐ိႈင္းဆက္ယံကဘာမွဆက္ေမးမလာေတာ့ဘဲ သံသယေတြနဲ႔လွည့္ထြက္သြားေတာ့သည္။
'တစ္ခုခုေတာ့ တစ္ခုခုပဲ.......'
'အရင္ကဆို က်ေနာ္႕ကိုဘယ္သူမွန္းမသိတဲ့လူတစ္ေယာက္ကအၿမဲဝယ္တိုက္ေနၾကလို႔ ' ေျပာထြက္မိသြားဖို႔လက္မတင္ေလးသာလိုေတာ့တဲ့ဒီပါးစပ္ကို မက်ိန္ဆဲခင္အရင္ေက်းဇူးတင္ရေပမည္။
ႏို႔မိုဆို ဒီအိမ္မက္ေတြထဲက မွတ္ဥာဏ္အပိုင္းအစေတြကိုကားခ်ပ္တစ္ခုအျဖစ္ျပန္ဆက္ဖို႔ရာ ထပ္မံလမ္းစေပ်ာက္သြားႏိုင္ေပသည္။
'ကိုႀကီးလဲ ဒီႏွစ္ေတြထဲက်ေနာ္႕အေပၚတစ္ခုခုဖုံးကြယ္ထားခဲ့တယ္မွတ္လား?
ဒီအတိုင္းသာဆို
က်ေနာ္တို႔ေက်ၿပီေပါ့.......'
ထိုစဥ္႐ိႈင္းထိုင္ေနတဲ့ဝိုင္းရဲ႕ေနာက္ေက်ာဘက္႐ွိကပ္လ်က္ဝိုင္းမွ ေကာင္မေလးႏွစ္ေယာက္ရဲ႕စကားသံေလးေတြက သူ၏ဝိုင္းဘက္သို႔ပ်ံ႕ႏွံ႔လာခဲ့ေလသည္။
"Have you ever heard of a boy in one of our most influential families suffering from mental illness because of his boyfriend?It even made headlines in the world's newspapers"
"Yep, I have heard of it"
႐ိႈင္းေဇယံေလးမွာတစ္ေယာက္တည္းပ်င္းရိစြာထိုင္ေနရတဲ့အတြက္ ေနာက္ေက်ာထက္ကပ်ံ႕လြင့္လာေသာ ေကာင္မေလးႏွစ္ေယာက္ရဲ႕အသံတို႔ကို အာ႐ုံစိုက္နားေထာင္ေနလိုက္ရင္းအပ်င္းေျဖေနလိုက္သည္။
"Now the boy is well, and he is writing a book about his boyfriend. How foolish it would be to read a true story!......."
'True storyဆိုပါလား? တကယ္စိတ္ဝင္စားစရာပဲ......'
"Is this real? Absolutely amazing. He's a really smart guy. He's very lucky to be his boyfriend."
"Here is a gift book I ordered from my sister in Myanmar for you, Jessy...."
'Myanmar? .....ဘယ္လိုဇာတ္လမ္းမ်ိဳးမို႔ဒီေလာက္ၫႊန္းေနရတာလဲ?'
"Really? For me? Thank you so much Suzy....."
"This one is for me......Hee Hee"
ထို႔ေနာက္ထိုေကာင္မေလးႏွစ္ေယာက္က စကားဝိုင္းေလးကိုအဆုံးသတ္လိုက္ၾကၿပီး ဆိုင္ထဲမွထြက္သြားေတာ့ေလသည္။သူ၏ဝိုင္းနံေဘးမွျဖတ္သြားေသာေကာင္မေလးႏွစ္ေယာက္ကိုမ်က္ေတာင္မခတ္တမ္းေငးၾကည့္ေနရင္းႏႈတ္ခမ္းသားေလးေတြကေနတိုးတိုးေလးေရ႐ြတ္လိုက္ေလ၏။
မိန္းမလွေလးႏွစ္ေယာက္ပဲ...
ဆံပင္ေ႐ႊအိုေရာင္ေလးနဲ႔တစ္ေယာက္က Jessy
ျပဒါးေရာင္ဆံပင္ေလးနဲ႔က Suzyပဲျဖစ္ရမယ္......
ေကာင္မေလးႏွစ္ေယာက္ရဲ႕နာမည္ေလးေတြကိုေရ႐ြတ္ၿပီးသြားေတာ့ ႐ိႈင္းေဇယံေလးရဲ႕ႏႈတ္ခမ္းေထာင့္တို႔ကအနည္းငယ္ေကာ့တက္သြားေတာ့သည္။
ထို႔ေနာက္ သူ႕ရဲ႕မ်က္ဆံေလးေတြက ဝိုင္းေဘးမွျဖတ္သြားေသာ Waiterမေလးဆီသို႔တစ္ဖန္ကပ္ၿငိသြားခဲ့ျပန္ကာ ထို Waiterမေလးနဲ႔အၾကည့္ခ်င္းဆုံသြားေတာ့သူခ်က္ခ်င္းျပဳံးျပလိုက္သည္။
Waiterမေလးကလည္းသူ႕အားျပန္ျပဳံးျပလာၿပီးေဘးကေနျဖတ္ေလွ်ာက္သြားတဲ့အခ်ိန္မွာပင္ ထိုေကာင္မေလးကသူ၏ေဘး၌ေခတၱရပ္တန္႔သြားတာေၾကာင့္ သူေစာင္းငဲ့ၾကည့္ရင္းေမးလိုက္ေလသည္။
"What's wrong with you "
"Is your book lying on the floor?"
"What book? When I came there was no book"
"Yes, I'm sorry to bother you"
Waiterမေလးကသူ႕အားေတာင္းပန္ၿပီးေနာက္ထိုစာအုပ္ေလးကိုကိုင္ကာ သူ၏ေ႐ွ႕မွလွည့္ထြက္သြားဖို႔ျပင္သည္။ ထိုစဥ္ စာအုပ္အဖုံးထက္႐ွိရင္းႏွီးေနက်ျမင္ကြင္းတစ္ခုကို သူ႕ရဲ႕မ်က္ဝန္းေတြကေနအျမန္ဖမ္းမိလိုက္တာေၾကာင့္ Waiterမေလးရဲ႕လက္ကိုသူအျမန္ပင္ဖမ္းဆြဲထားလိုက္သည္။
"Wait! "
သူ၏႐ုတ္တရက္ဆန္တဲ့အျပဳအမူေၾကာင့္ Waiterမေလးကလန္႔ဖ်န္႔သြားေတာ့ေလသည္္။
"What's the matter? "
႐ိႈင္းေဇယံေလးက သူ၏လက္ေတြကိုဖ်စ္ညစ္လိုက္ရင္းအတန္ငယ္စဥ္းစားၿပီးမွ ယုတၱိ႐ွိ႐ွိေျပာလိုက္ေလ၏။
"Er....The owner of the book is the girl who used to sit in the back seat.I overheard them talking about the book. Fortunately, I just remembered that I knew them. They are students from my school.
Should I give them back if it works out?"
သူ႕ရဲ႕စကားၾကားေတာ့ ႏိုင္ငံျခားသူWaiterမိန္းမလွေလးက ဝမ္းသာအားရစြာျပန္ေျပာလာခဲ့သည္။
"Really? Then it's fine. I'll just ask you for help. Thank you......"
"It doesn't matter"
သူမေလးကမ္းေပးလာတဲ့စာအုပ္ေလးအားအျမန္ပင္လွမ္းယူလိုက္ကာ စာအုပ္အေ႐ွ႕မ်က္ႏွာဖုံးထက္မွ ပုံေလးအားသူ၏မ်က္ႏွာႏွင့္အနီးဆုံးအကြာအေဝးဆီသို႔ကပ္ၾကည့္လိုက္ေတာ့သည္။
ၿပီးေတာ့စာအုပ္အဖုံးရဲ႕ေအာက္ေျခညာဘက္ေထာင့္ေလးနားမွာ႐ွိတဲ့နာမည္တန္းေလးတစ္ခုကိုသူထိကိုင္ၾကည့္လိုက္ရင္းႏွလုံးသားေလးရဲ႕တစ္ေထာင့္တစ္ေနရာကစူးနစ္စြာထိုးေအာင့္လာခဲ့ရေလသည္။
Min. Khant. Htae~~~~
ထိုနာမည္ေလးကသူ႕ရဲ႕အေသြးအသားေတြထဲမွာအဆုံးမဲ့ထြင္းထုထားသလိုထက္နက္နက္႐ိႈင္းေနခဲ့ကာႏွလုံးသားေလးကအသက္႐ွဴမရေအာင္မြန္းၾကပ္လာခဲ့ရသည္။
စာအုပ္အဖုံးထက္ဆီကစိန္ပန္းပင္ႀကီးနဲ႔အစိမ္းေရာင္အေဆာက္အဦးႀကီးအားၾကည့္ေနရင္းႏွင့္ပင္ ေဆးေရာင္စုံေတြစြန္းထင္းျပန္႔က်ဲေနေသာေဝဝါးဝါးပိတ္ကားတစ္ခ်ပ္က သူ႕ရဲ႕မ်က္ဝန္းအိမ္တို႔ေ႐ွ႕၌ ေနရာယူသြားခဲ့သည္။
မင္းခန္႔ထည္
III MC 4
တစ္စုံတစ္ေယာက္ကက်ေနာ္႕ရဲ႕ေ႐ွ႕မွာေက်ာခိုင္းထားလ်က္ျဖင့္Whiteboardေပၚ၌ စာေရးေနခဲ့သည္။ေက်ာခိုင္းထားတဲ့သူ႕ရဲ႕ေက်ာျပင္တစ္ေနရာကို တိတ္တိတ္ေလး႐ႈၾကည့္ေနရတဲ့က်ေနာ္႕ရဲ႕ဒီႏွလုံးသားေလးထဲမွာမ်ားစြာတဲ့ခံစားခ်က္တို႔ကလိႈက္တက္ေနခဲ့ေလရဲ႕ ......
"III MC ဆိုေတာ့ MECHATRONICS ကေပါ့"ဆိုၿပီး က်ေနာ္တစ္စုံတစ္ခုကိုေရ႐ြတ္ခဲ့လိုက္ေပမယ့္ က်ေနာ္႕ရဲ႕အသံတိုးတိုးေလးကိုေတာ့ဘယ္သူမွမၾကားခဲ့ေလဘူး.........
"အကိုမင္းခန္႔ထည္ ခန"
"ဘာလဲ"
က်ေနာ္လွမ္းေခၚေတာ့သူကစိမ္းကားခက္ထန္စြာျပန္ထူးခဲ့တာကိုမွန္းဆၾကည့္ရသေလာက္ က်ေနာ္႕ကိုျမင္တဲ့အခ်ိန္တိုင္းက သူ႕အတြက္စိတ္အေႏွာက္အယွက္ျဖစ္ေစခဲ့တယ္ထင္တယ္။
သူက်ေနာ္႕ကိုအရမ္းမုန္းေနခဲ့တာလားဟင္?
"ငါကမင္းကိုစက္ဆုပ္စရာေကာင္းတဲ့လုပ္ရပ္မ်ိဳးလုပ္ထားတာေနာ္!။
မင္းငါ့ကိုမေၾကာက္ဘူးလား!!"
"က်ေနာ္ အကို႔ကိုသိပ္ခ်စ္လို႔ဗ်။
အဲ့တာေၾကာင့္က်ေနာ္မမုန္းႏိုင္ဘူး။
က်ေနာ္႕အေပၚဒီထက္ပိုဆိုးတဲ့လုပ္ရပ္မ်ိဳးလုပ္လိုက္ရင္ေတာင္ က်ေနာ္႕ေ႐ွ႕မွာ႐ွိေနတဲ့
ခမ်ားကိုျငင္းဆန္ဖို႔စိတ္ကူးမ႐ွိဘူး"
က်ေနာ္႕ရဲ႕ျမင္လႊာေ႐ွ႕မွာထိုလူသားကဒူးေထာက္ထိုင္ခ်ေနတာေၾကာင့္ေရပန္းကက်ေနတဲ့ေရစက္ေရေပါက္ေတြေအာက္မွာတစ္ကိုယ္လုံး႐ႊဲ႐ႊဲစိုေနခဲ့သည္။
သူကသူ႕ရဲ႕မ်က္ႏွာကိုေခါင္းငုံ႔ထားကာအဖန္တလဲလဲသာေတာင္းပန္ေနခဲ့တာမို႔က်ေနာ္သူ႕မ်က္ႏွာကိုသဲသဲကြဲကြဲမျမင္ခဲ့ရျပန္ေပ။
"႐ွိိင္းေဇယံ မင္းငါ့ကိုမခ်စ္ပါနဲ႔ ငါေတာင္းပန္ပါတယ္........"
ခမ်ားကဘယ္သူလဲ ဘာလို႔က်ေနာ္႕ကိုမခ်စ္ဖို႔ေတာင္းပန္ေနတာလဲ? ဟိုတစ္ေန႔ညကအိမ္မက္တုန္းကက် က်ေနာ္႕ကိုခ်စ္တယ္လို႔ခမ်ားေျပာခဲ့တယ္မွတ္လား? ဘာလို႔အခုက်မခ်စ္ခိုင္းေတာ့တာလဲ?
ခြမ္း !!
သူ႕ရဲ႕တံေတာင္ဆစ္နဲ႔ စားပြဲခုံေပၚ႐ွိ Sugar cupေလးအား တြန္းခ်မိလိုက္တာေၾကာင့္ ဖန္ကြဲစေလးေတြကတစ္စစီကြဲေၾကသြားရေတာ့သည္။
ထိုအသံကသီခ်င္းသံၿငိမ့္ၿငိမ့္ေလးနဲ႔ဆိတ္ၿငိမ္လြန္းတဲ့ဆိုင္အတြင္းထဲသို႔စူး႐ွက်ယ္ေလာင္စြာပ်ံ႕ႏွံ႔သြားခဲ့ကာ ဆိုင္အတြင္း႐ွိလူအကုန္လုံးက သူ႕အားလွည့္ၾကည့္လာၾကသည္။
ထိုအသံၾကားေတာ့ Counterမွာေကာ္ဖီမွာေနတဲ့႐ိႈင္းဆက္ယံကလည္းအေျပးေရာက္ခ်လာေလသည္။
"ဘာျဖစ္လို႔လဲ?ေခါင္းကိုက္လို႔လား?"
"အင္း ဟုတ္တယ္ကိုႀကီး......."
"ဒါဆိုလာ အိမ္ျပန္မယ္"
႐ိႈင္းဆက္ယံကမ်က္ႏွာတစ္ခုလုံးျဖဴေဖ်ာ့ေန႐ွာတဲ့႐ိႈင္းေဇယံေလးကိုကူတြဲလိုက္လ်က္က်သင့္ေငြကိုအေလ်ာ္ေပးလိုက္ၿပီးေနာက္ဆိုင္ထဲကေနထြက္လာလိုက္ၾကသည္။
႐ိႈင္းေဇယံက ခုနကစာအုပ္ေလးအား သူ၏ဆြယ္တာအက်ႌေလးေအာက္၌ဖြက္ထားခဲ့တာေၾကာင့္ သူ႕ရဲ႕အကိုကထိုစာအုပ္ကိုလုံးဝမေတြ႕ခဲ့ေပ။
အိမ္ျပန္ေရာက္ေတာ့႐ိႈင္းေဇယံကသူ၏အခန္းထဲကိုသာတန္းဝင္သြားတာေၾကာင့္႐ိႈင္းဆက္ယံကလိုက္ဝင္ၾကည့္လိုက္တဲ့အခါ ညီျဖစ္သူကခုတင္ေပၚတြင္ေခြေခြေလးေကြးကာအိပ္ေနခဲ့ၿပီပင္။ထို႔ေၾကာင့္သူလည္းဘာမွေမးမေနေတာ့ဘဲႏိုးလာတဲ့အခါေသာက္ဖို႔ေဆးကို ခုတင္ေဘး႐ွိခုံေပၚ၌အသင့္တင္ထားခဲ့လိုက္ၿပီးေစာင္ေလးကိုပခုံးေလးအထိေရာက္ေအာင္လႊားျခဳံေပးလိုက္ေတာ့သည္။
သူ၏ညီေလးအားစိတ္မခ်စြာအခါတလဲလဲလွည့္ၾကည့္ေနၿပီးေနာက္ ေျခေဖာ့ေလွ်ာက္ကာထြက္သြားခဲ့ေတာ့သည္။အကိုျဖစ္သူအခန္းထဲမွထြက္သြားၿပီးသည္ႏွင့္ေကာင္ေလးရဲ႕ပိတ္စင္းက်ေနတဲ့မ်က္ေတာင္ေမႊးေလးေတြက ျပန္လႈပ္႐ွားလာခဲ့ကာ ေမြ႕ယာေအာက္၌ဖြက္ထားတဲ့ စာအုပ္ေလးအားထုတ္ယူလိုက္ေတာ့ေလသည္။
"အကိုကေက်ာင္းၿပီးရင္ ကိုယ့္ရဲ႕ဇာတိၿမိဳ႕ျဖစ္တဲ့ျပင္ဦးလြင္မွာပဲအေျချပန္ခ်ရမွာ။အဲ့ဒီ့မွာကို႔အေဖနဲ႔အေမႏွစ္ေယာက္စလုံးကအေျခခ်ေနတာဆိုေတာ့ ကိုယ့္လိုတစ္ဦးတည္းေသာသားက မိဘေတြကိုတစ္နယ္တစ္ေက်းမွာခ်န္ထားပစ္ခဲ့ဖို႔ကအဆင္မေျပဘူးေလ။"
ထိုစာသားကိုဖတ္ေနတဲ့တစ္စုံတစ္ေယာက္က ဖတ္ေနရင္းတန္းလန္းျဖင့္ဗိုက္ႏွိပ္လ်က္ထရယ္လာေလသည္။
"မင္းၾကည့္စမ္း အလင္း ဒီေကာင္ႀကီးကညီေလး႐ိႈင္းေဇယံကိုပါတကယ္ဂ်င္းထည့္ခဲ့တာကြ....."
"ဟုတ္လား"
ခုတင္ေပၚတြင္လဲေလ်ာင္းကာစာအုပ္ဖတ္ေနရင္းအသံေပါင္းစုံစီထြက္ေနတဲ့ မင္းစက္အား စာၾကည့္စားပြဲ၌ Thesisထိုင္ေရးေနတဲ့ဟန္လင္းထက္ကလွည့္ၾကည့္လာကာမင္းစက္ရဲ႕အူတက္ေန႐ွာသည့္ပုံစံေလးအားသေဘာတက်ေငးၾကည့္ေနေပသည္။
"သူေျပာတဲ့ပုံစံကိုကလိမၼာတဲ့သားေလးတစ္ေယာက္လိုပဲကြာ။တကယ္ဆို အိမ္ေပၚကေနဆင္းလာခဲ့တဲ့သားမိုက္မဟုတ္ဘူးလား? ဘယ္လိုေတာင္ၾကားေကာင္းေအာင္လိမ္ညာတတ္တာလဲ? ဒီမွာက်န္ေသးတယ္ ကိုယ္ဖတ္ျပမယ္နားေထာင္ေန....."
မင္းစက္က ဦးေနမင္းထက္စာဖတ္လွ်င္တပ္ေလ့႐ွိတဲ့မွန္ထူထူမ်က္မွန္ဝိုင္းႀကီးနဲ႔ စာအုပ္ထဲကစာလုံးေသးေသးေလးေတြကိုအာ႐ုံစိုက္ၾကည့္ရင္းတခစ္ခစ္ရယ္သံေလးနဲ႔ဖတ္ျပေနျပန္ပါသည္။
ဟန္လင္းထက္က သူ႕၏လက္ထဲကေဖာင္တိန္ေလးအားလႈပ္ရမ္းေနရင္းမ်က္ႏွာထက္တြင္လည္းႏွစ္ၿခိဳက္လြန္းေသာအျပဳံးေလးတစ္ပြင့္ကိုခ်ိတ္ဆြဲထားလ်က္ သူ႕ခ်စ္သူရဲ႕အသံေလးအားနားစြင့္ေနခဲ့ေလသည္။
"အကို႔အေဖကေကာ္ဖီျခံဧကေတာ္ေတာ္မ်ားမ်ားပိုင္တယ္။ေကာ္ဖီလုပ္ငန္းကိုလည္းအဓိကထားလည္ပတ္ေနတယ္။
အကို႔အေမကေတာ့ ပန္းစိုက္တဲ့လုပ္ငန္းကိုလုပ္ကိုင္တယ္။အကို႔အေမမွာေလ အကိုမျမင္ဖူးတဲ့ပန္းမ်ိဳးစိတ္ေပါင္းတစ္ေထာင္ေက်ာ္ေလာက္ေတာင္႐ွိတယ္။အကိုကေကာ္ဖီဘက္ကိုသိပ္စိတ္မဝင္စားေပမယ့္ ပန္းေတြဘက္ကိုေတာ့နည္းနည္းစိတ္ဝင္စားတယ္။"
ထိုစာသားတစ္စုအားတစ္လုံးမက်န္ဖတ္လိုက္ၿပီးေနာက္မင္းစက္ဟာစိတ္ကုန္သြားတဲ့မ်က္ႏွာႀကီးကိုလုပ္ျပလာရင္းထိုစာအုပ္ေလးကိုပိတ္ခ်ပစ္လိုက္ေတာ့သည္။
"ေတာ္ၿပီေတာ္ၿပီ ငါဒီေကာင္ႀကီးရဲ႕မုသားေတြကိုဆက္ဖတ္ၿပီးမခံစားႏိုင္ေတာ့ဘူး....အဲ့တုန္းကအလိမ္ခံခဲ့ရတဲ့အေၾကာင္းေတြကိုျပန္စဥ္းစားမိရင္ေလ တကယ္ပဲခံျပင္းလြန္းလို႔ အသက္တိုလိမ့္မယ္!"
ထိုအခါဟန္လင္းထက္က ရယ္သံသဲ့သဲ့ေလးကိုအခန္းအႏွံ႔ျဖတ္သြားေစလိုက္ရင္းဆက္ေျပာလာေလသည္။
"သူေျပာတာလဲမွန္တာပဲေလ ျပင္ဦးလြင္ကေကာ္ဖီျခံေတြ ပန္းျခံေတြအားလုံးက သူ႕ရဲ႕မိဘေတြပိုင္ဆိုင္တဲ့အရာေတြပဲ။
စတုရန္းမိုင္ေပါင္း၁၂၈မိုင္က်ယ္ဝန္းတဲ့ေ႐ႊစံအိမ္ႀကီးရဲ႕ျခံဝန္းထဲကပန္းမ်ိဳးေပါင္း၂သိန္းကိုလည္း ေဒၚဝင့္ဝါထည္ကိုယ္တိုင္ကိုယ္က်စီမံစိုက္ခဲ့တာလဲအမွန္ပဲေလ။"
"MKရဲ႕အေမြဆက္ခံသူမျဖစ္ခင္အခ်ိန္တုန္းကဦးမင္းထက္ေခါင္ကအမွန္တကယ္လည္းေကာ္ဖီျခံလုပ္ငန္းကိုအဓိကထားလုပ္ကိုင္ခဲ့တယ္ဆိုၿပီး အင္တာဗ်ဴးတစ္ခုမွာေျပာသြားေသးတယ္ဆိုေတာ့ကာ အကိုမင္းခန္႔ထည္က သူ႕ရဲ႕အေရာင္ေတာက္ေနတဲ့ပိုးသားေကာင္းကင္ကို သာမန္ေဆးဆိုးပန္း႐ိုက္ခ်ည္သားေကာင္းကင္နဲ႔
ခနတာဖုံးအုပ္ထားခ်င္ခဲ့တာလို႔ပဲ က်ေနာ္ျမင္တယ္။ "
"မဟုတ္ရင္ ဒီလိုမ်ိဳး႐ိုး႐ွင္းတဲ့မုသားစကားကိုသုံးမယ့္အစားသူကိုယ္တိုင္ ပိုးထည္ေတြကိုထပ္ၿပီးအေရာင္တင္ေနမွာေပါ့။....."
"Wow! ဟန္လင္းထက္ မင္းအခုတေလာ အဲ့ေကာင္ႀကီးအေပၚအရမ္းေတြနားလည္တတ္လာသလားလို႔။ဘာလဲ သံေယာဇဥ္ေတြဘာေတြမ်ား႐ွိေနၿပီလား?"
ထိုစကားၾကားေတာ့ဟန္လင္းထက္ကခပ္ဟဟရယ္ကာစာၾကည္္႕စားပြဲေ႐ွ႕၌ထိုင္ေနရာကေနထရပ္လာၿပီး ခုတင္နားသို႔ျဖတ္ခနဲေရာက္လာေလ၏။
သို႔ေနာက္ မင္းစက္ရဲ႕ကိုယ္ေလးအားသူ၏ရင္ခြင္ထဲသို႔ဆြဲသြင္းလိုက္ၿပီးအက္႐ွ႐ွရယ္သံေလးနဲ႔မ်က္ခုံးတစ္ဖက္ပင့္ကာဆိုသည္။
"အဲ့ေတာ့ သဝန္တိုတယ္ေပါ့....."
"တိုစရာလား? သဝန္တိုတယ္ဆိုတာ ငါ့ရာဇဝင္မွာမ႐ွိဘူး ငါကတခ်ိဳ႕အူပုပ္ေတြလိုမ်ိဳးမဟုတ္ဘူး........"
မင္းစက္ကသူ႕ရဲ႕ႏႈတ္ခမ္းေတြအား ဟန္လင္းထက္မ်က္ႏွာဆီသို႔ထိုးလုမတတ္စူေထာ္ရင္းဆိုေလေတာ့ ဟန္လင္းထက္ခမ်ာစိတ္မထိန္းႏိုင္ေတာ့ပဲ မင္းစက္ေပၚသို႔ခုန္အုပ္လိုက္ေပေတာ့သည္။
"အား......အလင္း!!
အူပုတ္ေကာင္ နာတယ္လို႔ ! အၾကင္နာမဲ့တဲ့အေကာင္!"
"ကိိဳစက္အရင္စတာေလ အခုမွက်ေနာ္႕ကိုလာၿပီးအျပစ္တင္မေနနဲ႔......."
အိမ္အေပၚထပ္ဆီကဆူညံေအာ္ဟစ္သနားခံေနတဲ့အသံမ်ားဟာ အိမ္ေအာက္ထပ္ကဧည့္ခန္းထဲ႐ွိ ဦးေနမင္းထက္၏ေခါင္းအေပၚတည့္တည့္သို႔သံစုံတီးဝိုင္းလာတီးေနသကဲ့သို႔က်ေရာက္လာခဲ့တဲ့အခါ ေနာက္ဆုံးမ်က္ႏွာပူရေသာအေဖအိုႀကီးပင္လွ်င္အသံလုံတဲ့စာၾကည့္ခန္းထဲသို႔ကမမ္းကတမ္းဝင္သြားလိုက္ရေလသည္။
"ဒီကေလးေတြကေတာ့ကြာ!"
••••••••••••••••••••••••••••••••••••••••••••••••••
ေနာက္တစ္ေန႔မနက္၌ မနက္စာျပင္ၿပီးတဲ့႐ိႈင္းဆက္ယံဟာ႐ိႈင္းေဇယံေလးအားႏိႈးဖို႔ အခန္းထဲသို႔ဝင္သြားလိုက္သည္။
"William... မနက္စာလာစားေတာ့ ၿပီးရင္ေလ့က်င့္ခန္းသြားလုပ္ရမယ္......"
႐ိႈင္းဆက္ယံကစကားတေျပာေျပာႏွင့္အခန္းထဲသို႔ေရာက္တဲ့အခါ အရင္ေန႔ေတြတုန္းကလိုခုတင္ေပၚတြင္လဲေလ်ာင္းေနတဲ့ညီျဖစ္သူကိုမေတြ႕ရေတာ့တာေၾကာင့္သူ၏မ်က္လုံးေတြျပာသြားရေတာ့သည္။
"William!!"
သူေအာ္ေခၚလိုက္ရင္းအခန္းထဲသို႔ေဝ့ၾကည့္လိုက္တဲ့အခါ ခုတင္ေစာင္းကိုမွီလ်က္ၾကမ္းျပင္ေပၚတြင္ေဆာင့္ေၾကာင့္ကေလးထိုင္ေန႐ွာေသာညီျဖစ္သူကိုျမင္ေတာ့သူအေျပးသြားလိုက္ကာအသက္႐ွဴရပ္မတတ္ေမးလာေလသည္။
"ညီေလး မင္းဘာျဖစ္လို႔လဲ ဘယ္ေနရာက
ေနမေကာင္းျဖစ္လို႔လဲ? ကိုႀကီးကိုေျပာစမ္းပါကြာ ကိုႀကီးရင္ပူလြန္းလို႔ပါ!
ဟင္ ဘာျဖစ္ေနတာလဲ?"
သူကသာညီျဖစ္သူေလးရဲ႕ျဖဴဥဥမ်က္ႏွာေလးအားဖြဖြကေလးထိကိုင္လိုက္ရင္း မ်က္ျပဴးဆံျပာျဖစ္ေန႐ွာေပမယ့္ သူ႕ရဲ႕ညီျဖစ္သူကေတာ့ သူစိမ္းဆန္တဲ့မ်က္ဝန္းေတြနဲ႔စိုက္ၾကည့္လာကာ ပါးျပင္ေပၚကလက္ေတြကိုအၾကမ္းပတမ္းျဖဳတ္ခ်ပစ္လိုက္ေလသည္။
သူ႕ရဲ႕လက္ေတြက ၾကမ္းျပင္ေပၚသို႔ျပဳတ္က်ထိခတ္သြားရၿပီးေနာက္ ႐ိႈင္းဆက္ယံတစ္ေယာက္ ေၾကာင္အသြားရေတာ့သည္။
"ကိုႀကီးလိမ္တယ္ ကိုႀကီးညာတယ္!"
"ကိုႀကီးဘာညာခဲ့လို႔လဲ William...... "
႐ိႈင္းဆက္ယံရဲ႕အသံတို႔ဟာအနည္းငယ္တုန္ရီေနခဲ့႐ွာၿပီး မ်က္ခမ္းစပ္ေလးေတြဟာလည္းနီေဆြးရဲတက္လာခဲ့သည္။
"မေခၚနဲ႔! အဲ့ William ဆိုတဲ့နာမည္ကိုက်ေနာ္မႀကိဳက္ဘူး ...... ကိုေဇလို႔ဘာလို႔မေခၚေတာ့တာလဲ ဘာလဲ က်ေနာ္အတိတ္ေတြကိုျပန္သတိရၿပီး ကိုခန္႔ကိုျပန္မွတ္မိလာမွာစိုးလို႔လား!"
ေအးစက္စြာစိုက္ၾကည့္ေနတဲ့ညီျဖစ္သူထံကေနထိုသို႔အေမးခံလိုက္ရတဲ့အခါဒူးတစ္ဖက္ေထာက္ထိုင္ခ်ထားတဲ့႐ိႈင္းဆက္ယံရဲ႕ကိုယ္ေလးဟာအေနာက္ဘက္ဆီသို႔ယိုင္နဲ႔က်သြားရသည္။
"မင္း....မင္း....."
"ဟုတ္တယ္ က်ေနာ္အကုန္ျပန္မွတ္မိၿပီ
ကိုခန္႔နဲ႔က်ေနာ္႕အေၾကာင္းေတြကိိဳအကုန္ျပန္မွတ္မိၿပီ။ကိုႀကီးေျပာေတာ့ က်ေနာ္႕ကိုသူ႕ဆီျပန္ပို႔ေပးမွာပါဆို ဘာလို႔အခုက်ေတာ့က်ေနာ္႕ကို ကိုခန္႔နဲ႔ပက္သတ္တဲ့အရာေတြအားလုံးဖုံးကြယ္ထားခဲ့တာလဲ!"
"ကိုေဇ ကိုႀကီးေျပာမယ္နားေထာင္ ...သူနဲ႔ညီေလးကမိုးနဲ႔ေျမလိုကြာတယ္ သူဘယ္လိုပဲျဖစ္ျဖစ္ညီေလးကိုေ႐ြးခ်ယ္မွာမဟုတ္ဘူးဆိုတာ ညီေလးလဲသိတယ္မွတ္လား?
သူကတိေပးထားတဲ့အတိုင္းေရာက္မလာခဲ့ဘူးေလ ညီေလးကိုနာက်င္ေအာင္လုပ္ၿပီး သူတစ္ခ်က္ကေလးေတာင္ညီေလးကိုလာမေတာင္းပန္ခဲ့ဘူးေလ! အဲ့ဒါကိုမင္းသိရဲ႕သားနဲ႔ဘာလို႔ သူ႕ဆီပဲျပန္သြားခ်င္ေနရတာလဲ??"
"ကိုႀကီးသိေနခဲ့တယ္မွတ္လား MKရဲ႕ CEOအသစ္ကအကိုမင္းခန္႔ထည္ဆိုတာ....... ၿပီးေတာ့ ကိုႀကီးနဲ႔သူနဲ႔အေပးအယူေတြပါလုပ္ထားၾကေသးတယ္မွတ္လား? သူကက်ေနာ္႕ကိုကယ္တင္ဖို႔အတြက္ သူမေလွ်ာက္ခ်င္တဲ့လမ္းကိုေလွ်ာက္ခဲ့ရတယ္ သူအရမ္းပင္ပန္းခဲ့ရတယ္ သူအရမ္းနာက်င္ေနခဲ့ရတာေတာင္က်ေနာ္သူ႕ကိုနဲနဲေလးေတာင္မႏွစ္သိမ္္႕ေပးခဲ့ရဘူး!"
ထိုအခ်ိန္၌ တစ္ေယာက္ေသာသူၿမိဳသိပ္ခံစားခဲ့ရတဲ့အေၾကာင္းအရာေတြကိုျပန္တမ္းတေတြးမိလိုက္တိုင္းႏွလုံးသားကခံစားရခက္စြာစူးေအာင့္နာက်င္လာခဲ့ကာ ႐ိႈင္းေဇယံရဲ႕မ်က္ဝန္းအိမ္ေလးဆီကေနမ်က္ရည္စက္ကေလးေတြက ၾကမ္းျပင္ထက္ဆီသို႔ေပါက္ခနဲ စီးက်သြားခဲ့ေလသည္။
"သူကက်ေနာ္႕ေၾကာင့္နဲ႔ စိတ္ေရာဂါပါခံစားခဲ့ရတယ္။သူက သူ႕ကိုယ္သူေတာင္ Suicideလုပ္ခဲ့ေသးတာ က်ေနာ္သိရင္သူ႕ဆီျပန္လာေအာင္တဲ့ေလ။ က်ေနာ္ကေတာ့သူ႕ရဲ႕ Suicideသတင္းကိုၾကားေနရတာေတာင္ ဘာမွမျဖစ္သလိုနားေထာင္ေနခဲ့ေသးတာ။က်ေနာ္ဘာလို႔ဘာမွမသိခဲ့ရတာလဲ...ဘာလို႔လဲ !!"
ထိုသို႔တငိုငိုတရီရီနဲ႔ဆိုရင္း႐ိႈင္းေဇယံကသူ႕ကိုယ္သူနာက်င္ေအာင္ကုတ္ဖဲ့႐ိုက္ႏွက္ေနခဲ့သည္။
"ေတာ္ေတာ့ ကိုေဇ ေတာ္စမ္းကြာ!"
ထိုအျဖစ္ကိုရင္နာစြာမၾကည့္ရက္တဲ့႐ိႈင္းဆက္ယံဟာ ႐ိႈင္းေဇယံေလးရဲ႕လက္ေတြကိုအတင္းခ်ဳပ္ထားလိုက္ေလသည္။႐ိႈင္းေဇယံမွာကုတ္ဖဲ့ထားတဲ့ဒဏ္ေတြေၾကာင့္ တစ္ခ်ိဳ႕ေနရာေတြဆို ေသြးပင္ဆို႔ေနခဲ့ေခ်သည္။
"မင္း! အဲ့ေၾကာင္းေတြကိုဘယ္လိုလုပ္ၿပီးသိေနတာလဲဟမ္!"
သူထိုသို႔ေမးေနစဥ္ပင္ျပတင္းထက္ကတိုက္ခတ္လာတဲ့ေလမ်ားအေဝွ႔တြင္ ခုတင္ေစာင္း၌တင္ထားတဲ့စာအုပ္ေလးဆီကေန စာ႐ြက္ခတ္သံတဖ်က္ဖ်က္ကအခန္းထဲ၌ထြက္ေပၚလာခဲ့တာေၾကာင့္႐ိႈင္းဆက္ယံက အသံလာရာဆီသို႔အာ႐ုံေရာက္သြားခဲ့ကာ စာအုပ္ေလးကိုလွမ္းယူၾကည့္လိုက္ေလသည္။
HE=MY FIRST LOVE~~~
က်စ္ ! ဒီစာအုပ္ကဘယ္လိုလုပ္ၿပီး ကိုေဇရဲ႕လက္ထဲေရာက္ေနတာလဲ!
႐ိႈင္းဆက္ယံဟာသူ႕လက္ထဲသို႔ထိုစာအုပ္ေရာက္လာသည္ႏွင့္တၿပိဳင္နက္အလယ္ကေနႏွစ္ျခမ္းဆြဲၿဖဲလိုက္ၿပီးေနာက္ ျပတင္းေပါက္ကေနေအာက္သို႔ပစ္ခ်လိုက္ေလေတာ့သည္။
"မလုပ္နဲ႔!"
႐ိႈင္းေဇယံေလးဟာလည္ေခ်ာင္းကြဲလုမတတ္ေအာ္ေျပာလိုက္ရင္းငိုလာခဲ့ကာသူ၏အားနည္းေနတဲ့ေျခေထာက္ေတြအားၾကမ္းျပင္ေပၚမွာတ႐ြတ္တိုက္ဆြဲလ်က္ တားျမစ္ခ်င္ေပမယ့္လို႔ သူ႕အကိုရဲ႕ျမန္ဆန္တဲ့လႈပ္႐ွားမႈေတြအေပၚလက္လွမ္းမမွီခဲ့ေပ။ စာအုပ္ေလးဟာ တိုက္နံရံေဘး႐ွိ တူးေျမာင္းအေသးစားထဲသို႔က်သြားခဲ့ကာ ေရစီးနဲ႔အတူေျမာပါသြားခဲ့ေတာ့ေလသည္။
"ဘာလို႔လဲ!ဘာလို႔အဲ့လိုလုပ္ရတာလဲဗ်ာ!"
႐ိႈင္းေဇယံေလးကေဒါသတႀကီးႏွင့္သူ၏အကိုအားထု႐ိုက္ေနေတာ့ေလ၏။႐ိႈင္းဆက္ယံမွာညီျဖစ္သူအားတားလဲမတားသလို သူကိုယ္တိုင္လည္းထိုအေျခအေနမွမ႐ုန္းခဲ့ေပ။
"စာအုပ္မ႐ွိလဲ က်ေနာ္သူ႕ကိုမွတ္မိေနမွာပဲ။သူနဲ႔ပက္သတ္တဲ့မွတ္ဥာဏ္ေတြ
ေပ်ာက္သြားတာမ်ိဳးကထပ္႐ွိလာမွာမဟုတ္ဘူး။ကိုႀကီးဘယ္ေလာက္တားတား က်ေနာ္သူ႕ဆီမေရာက္ေရာက္ေအာင္ျပန္သြားမွာပဲ!"
"မသြားရဘူး! အဲ့ေကာင္မင္းကိုထပ္ၿပီးနာက်င္ေအာင္လုပ္မွာမ်ိဳးကိုငါခြင့္မျပဳႏိုင္ဘူး..... အဲ့အေကာင္ကဘာေတြမ်ားေကာင္းေနလို႔လဲ?
ငါျမင္ခဲ့တာေတြက သူမင္းကိုနာက်င္ေအာင္အခ်ိန္တိုင္းလုပ္ေနခဲ့တာကိုပဲ!
မင္းကိုေစာင့္ေ႐ွာက္ေပးေနတဲ့ကိုႀကီးတစ္ေယာက္လုံး႐ွိတာပဲဟာ သူစိမ္းတစ္ေယာက္ကိုဘာျဖစ္လို႔လိုအပ္ေနေသးတာလဲ ႐ိႈင္းေဇယံ!"
"ငါ့မွာမင္းဆိုတဲ့ညီေလးတစ္ေယာက္ပဲ႐ွိခဲ့တာကြ.....ငါကဘာလို႔သူစိမ္းတစ္ေယာက္နဲ႔မင္းကိုခြဲေဝၿပီးခ်စ္ရမွာလဲ? ငါမလုပ္ႏိုင္ဘူး ငါ့ညီေလးကိုဘယ္သူ႕ဆီကိုမွငါမေပးလိုက္ႏိုင္ဘူး......"
"ငါအခုေနာင္တအရဆုံးကဘာလဲသိလား။အဲ့အခ်ိန္တုန္းက ငါမင္းကိုျပန္ေခၚသြားခဲ့တာကိုပဲ......ငါတကယ္ဆိုမင္းကိုျပန္မေခၚသြားခဲ့ရမွာ!
ငါမင္းကိုျပန္သာမေခၚသြားခဲ့ရင္ မင္းလည္းအဲ့အေကာင္နဲ႔ဆုံမွာမဟုတ္ဘူး! အဲ့အေကာင္နဲ႔သာမဆုံခဲ့ရင္ ငါတို႔ညီအကိုေတြဒီလိုမ်ိဳးစိတ္ဝမ္းကြဲေနရမွာမဟုတ္ဘူး
ငါအခုအဲ့လိုလုပ္ခဲ့မိတဲ့ငါ့ကိုယ္ငါသတ္ပစ္ခ်င္ေလာက္ေအာင္မုန္းတယ္!"
႐ိႈင္းဆက္ယံကသူ၏ရင္ဘက္ကိုတဘုန္းဘုန္းထုရင္းဆိုေနကာအသံေတြကနာက်င္အက္ကြဲေန႐ွာ၏။
"တကယ္ေတာ့ကိုႀကီးကက်ေနာ္႕ကိုခ်စ္တာမဟုတ္ပါဘူး ကိုႀကီးမွာခ်စ္တတ္တဲ့ႏွလုံးသားမ႐ွိခဲ့ပါဘူး..... က်ေနာ္သိတာေတာ့ ကိုႀကီးကအတၱႀကီးတယ္ဆိုတာပဲ ကိုႀကီးကက်ေနာ္႕ကို ကိုခန္႔နဲ႔မွ်ေဝမခ်စ္ေပးႏိုင္တာမဟုတ္ဘူး ကိုႀကီးမွာအရာအာလုံးအေပၚအႏိုင္လိုခ်င္ေနတဲ့အတၱဆိုတာပဲ႐ွိခဲ့တာ!! "
က်ေနာ္႕လက္ျပင္ေၾကာမွာေဆးအပ္ရာေတြဗလာပြေနတာေတာင္ က်ေနာ္႕ကိုနဲနဲေလးေတာင္ကိုႀကီးသနားခဲ့ဖူးလို႔လား။မေရမတြက္ႏိုင္ေလာက္တဲ့စမ္းသပ္မႈေတြပဲဆက္လုပ္ေစခဲ့တာ။ေနာက္ေတာ့ဘာျဖစ္လို႔ .. . . ကိုႀကီးက Gliomaေရာဂါသည္ကိုပထမဆုံးကုသႏိုင္တဲ့ဆရာဝန္အျဖစ္တစ္ကမ႓ာလုံးကိုသက္ေသျပခ်င္ေနတဲ့စိတ္ပဲကိုႀကီးဆီမွာ႐ွိခဲ့တာမွတ္လား။အဲ့တာေၾကာင့္ က်ေနာ္စမ္းသပ္ခန္းထဲမွာဘယ္ေလာက္ပဲေသြးေတြထုတ္ေနရပါေစ ကိုႀကီးကေတာ့ မ်က္ႏွာတစ္ခ်က္မွမပ်က္ဘဲရပ္ၾကည့္ေနႏိုင္ခဲ့တာေပါ့။အဲ့တာ ခမ်ားေျပာတဲ့က်ေနာ္႕အေပၚသူစိမ္းတစ္ေယာက္ကိုမွ်ေဝမေပးႏိုင္တဲ့အကိုတစ္ေယာက္ရဲ႕အခ်စ္တဲ့လား???
ခမ်ားက်ေနာ္႕ကိုငယ္ငယ္ကတည္းကတစ္ခ်က္ကေလးေတာင္မခ်စ္ခဲ့ပါဘူး။ က်ေနာ္႕ေၾကာင့္အေမဆုံးသြားရတယ္ဆိုတဲ့စိတ္ပဲခမ်ားရဲ႕ဒီရင္ထဲမွာပဲ႐ွိေနခဲ့တာပါ။ အၿမဲတမ္းမ်က္ႏွာေသႀကီးနဲ႔ေနခဲ့တဲ့ခမ်ားကက်ေနာ္႕အေပၚတစ္ခ်က္ကေလးေတာင္ေႏြးေႏြးေထြးေထြးျပဳံးျပဖူးလို႔လား?
က်ေနာ္ဘာလို႔ ကိုခန္႔ကိုခမ်ားထက္ပိုၿပီးတြယ္တာခဲ့တာလဲသိလား? သူကက်ေနာ္႕အေပၚကိုအကိုရင္းတစ္ေယာက္ျဖစ္တဲ့ခမ်ားထက္ပိုၾကင္နာတတ္ၿပီး အေႏြးေထြးဆုံးဂ႐ုစိုက္ေပးခဲ့လို႔ပဲ.........က်ေနာ္႕မွာ အကိုရင္းတစ္ေယာက္လုံး႐ွိေနခဲ့တာေတာင္ ဘာလို႔သူစိမ္းတစ္ေယာက္လိုအပ္ေနေသးတာလဲဆိုတာ က်ေနာ္႕ကိုျပန္မေမးပဲခမ်ားဘာသာ
ခမ်ားစဥ္းစား!"
႐ိႈင္းေဇယံဟာ ႐ိႈင္းဆက္ယံအေပၚသူ၏ရင္ထဲ၌မ်ိဳသိပ္ထားခဲ့ရေသာရာခ်ီသည့္ေမးခြန္းမ်ားကိုထုတ္ေမးရာတြင္အကိုျဖစ္သူဘက္မွဘာအေျဖမွျပန္မလာေသာေၾကာင့္ သူတကယ္ကိုပင္ အကိုျဖစ္သူအေပၚေမွ်ာ္လင့္ခ်က္မဲ့သြားခဲ့သည္။
"ျပန္မေျဖႏိုင္ေတာ့ဘူးေပါ့။ၾကည့္ပါလား
ကိုႀကီးမွာနဂိုကတည္းကတစ္ကိုယ္ေကာင္းဆန္တဲ့စိတ္ပဲ႐ွိခဲ့တာ.....ေက်းဇူးျပဳၿပီး အခုေလာေလာဆယ္ က်ေနာ္႕မ်က္စိေ႐ွ႕ကေနထြက္သြားေပးပါလား ? အတိတ္ကအျဖစ္အပ်က္ေတြအားလုံးကိုျပန္မွတ္မိလာတဲ့က်ေနာ္က ကိုႀကီးကိုျမင္ရင္ မခံမရပ္ႏိုင္ေလာက္ေအာင္နာက်င္ရလို႔ပါ........."
အသက္ထက္မကခ်စ္ခင္တြယ္တာရတဲ့သံေယာဇဥ္ႀကိဳးေလးတစ္ႀကိဳးျဖစ္တဲ့
လူသားေလးဆီကေန ခြၽန္းတစ္ခုနဲ႔စိုက္သြင္းခံလိုက္ရသလိုမ်ိဳးနာက်င္ရပါတဲ့ဒီလိုစကားလုံးမ်ိဳးေတြနဲ႔အေမးခံလိုက္ရမယ္ဆို ခမ်ားတို႔ေကာ ခမ်ားတို႔ရဲ႕လူသားေလးေတြကိုဘယ္လိုျပန္ေျပာၾကမလဲ?
ဒါမွမဟုတ္ က်ေနာ္႕လိုပဲႏႈတ္ဆိတ္ေနၿပီး တုံ႔ျပန္ႏိုင္တဲ့ခြန္အားေတြမ႐ွိစြာနဲ႔ ဒီအတိုင္းထြက္သြားေပးခဲ့မွာလား???
က်ေနာ္တို႔ရင္ထဲမွာအခ်ိန္အၾကာႀကီးကြယ္ဝွက္ေထြးပိုက္ထားရတဲ့စကားလုံးေတြကိုေကာ ဘယ္သူေတြကမ်ားနားေထာင္ေပးမွာတဲ့လဲ .....
အကိုျဖစ္သူရဲ႕ေက်ာျပင္ေလးကအခန္းထဲကေန တိတ္ဆိတ္စြာေပ်ာက္ကြယ္သြားတဲ့အခါ ႐ိႈင္းေဇယံကသူ၏အခန္းတံခါးကိုေသာ့ခတ္လိုက္ကာ Luggage တစ္လုံးကိုဖြင့္ၿပီးသူ၏ေျခေထာက္ေတြကိုအဝတ္အစားဗီ႐ိုဘက္ဆီသို႔တေ႐ြ႕ေ႐ြ႕ဆြဲသြားလိုက္ေလသည္။ထို႔ေနာက္ အဝတ္အစားမ်ားကို Luggageထဲသို႔တစ္ခုၿပီးတစ္ခုပစ္ထည့္ေနေလ၏။
အခန္းျပင္ေရာက္သြားတဲ့႐ိႈင္းဆက္ယံမွာေျခေထာက္ေတြကမရပ္ႏိုင္ေတာ့ပဲ အခန္းတံခါးကိုမွီလ်က္ထိုင္ခ်လိုက္ပါေတာ့သည္။
ေမေမဆုံးေတာ့ Englandမွာအေျခခ်ေနတဲ့ဦးေလးျဖစ္သူကက်ေနာ္တို႔ႏွစ္ေယာက္ကိုေမြးစားခဲ့ၿပီးက်ေနာ္ႀကီးျပင္းလာတဲ့ဒီႏိုင္ငံဆီကေနအေဝးဆုံးသို႔ေခၚထုတ္သြားဖို႔စီစဥ္ေနတာေတြကိုၾကားေတာ့က်ေနာ္ကန္႔ကြက္ခဲ့သည္။
"က်ေနာ္မသြားဘူး မလိုက္ခ်င္ဘူး။ က်ေနာ္ဒီမွာပဲေနခ်င္တယ္။ဒီေျမမွာက်ေနာ္႕အေဖနဲ႔အေမႏွစ္ေယာက္စလုံး႐ွိတယ္ အေဖနဲ႔အေမမ႐ွိတဲ့ေနရာကိုမသြားႏိုင္ဘူး....."
"သား ဦးေလးနဲ႔မလိုက္ဘူးဆိုရင္သားရဲ႕ညီေလးကို ဘယ္သူေစာင့္ေ႐ွာက္မွာလဲ?"
ဦးေလးရဲ႕စကားၾကားေတာ့ က်ေနာ္႕ရင္ခြင္ထက္ဆီမွာေပြ႕ပိုက္ထားတဲ့နီတာရဲေလးကို က်ေနာ္တစ္ခ်က္႐ႈၾကည့္မိသည္။
နီတာရဲေလးကိုအကိုတစ္ေယာက္အေနနဲ႔ကာကြယ္ေစာင့္ေ႐ွာက္ဖို႔ရာက်ေနာ္ကငယ္ေသးသည္တဲ့ေလ။အဲ့ဒါေၾကာင့္ က်ေနာ္ကသူ႕အတြက္နဲ႔ တျခားႏိုင္ငံကိုလိုက္ခဲ့ရမယ္တဲ့။ဘာလို႔က်ေနာ္က သူ႕အတြက္နဲ႔ေဖေဖ ေမေမတို႔နဲ႔ေဝးရာဆီကိုသြားရမွာတဲ့လဲ။ သူ႕ကိုပဲ ဒီဦးေလးဆီေပးပစ္လိုက္ရင္ေကာ က်ေနာ္ဒီကမထြက္သြားရေတာ့ဘူးေပါ့။ဟုတ္တယ္သူသာက်ေနာ္နဲ႔အတူတူမ႐ွိရင္ က်ေနာ္လည္းသူ႕ကိုေစာင့္ေ႐ွာက္စရာမလိုေတာ့သလို ေမေမတို႔ကိုခ်န္ထားၿပီးအေဝးႀကီးကိုသြားစရာမလိုေတာ့ဘူးပဲ။
ထို႔ေၾကာင့္ ၁၀ႏွစ္အ႐ြယ္ေကာင္ေလးကဦးေလးျဖစ္သူရဲ႕လက္ထဲသို႔ အႏွီးထုပ္ေလးကိုထည့္ေပးလိုက္ရင္းအသဲမာစြာဆိုခဲ့သည္။
"သူ႕ကိုေခၚသြားပါ။ က်ေနာ္႕ကိုေတာ့ ေမေမတို႔နဲ႔ထားခဲ့ပါ...."ဆို၍ က်ေနာ္တကယ္ကိုအဲ့အတိုင္းေျပာခဲ့ေပမယ့္လို႔ တကယ့္တကယ္က် က်ေနာ္႕ရဲ႕ညီေသးေသးေလးကိုတျခားလူေတြနဲ႔ထည့္မေပးႏိုင္ျပန္ဘူး။
က်ေနာ္႕လက္ေပၚမွာအသံစူးစူးနဲ႔ေအာ္ငိုေနတုန္းက အဲ့ဒီနီတာရဲေလးကိုက်ေနာ္သေဘာမက်ခဲ့ေပမယ့္တျခားလူေတြလက္ေပၚမွာျမင္ေနရတာကိုက်ေနာ္ပိုသေဘာမက်ခဲ့ဘူး......
အဲ့အခ်ိန္က်ေနာ္သိလိုက္ရတာက က်ေနာ္႕ညီနီတာရဲေလးက က်ေနာ္အသက္ဆက္႐ွင္သန္ေနရမယ့္အခိုင္မာဆုံးေသာအေၾကာင္းျပခ်က္ေလးတစ္ခုဆိုတာပဲ........
ဒီလိုနဲ႔က်ေနာ္စိမ္းကားတဲ့ေနရာတစ္ခုဆီမ်က္စိပိတ္နားပိတ္ေရာက္လာခဲ့ရသည္။ဦးေလးျဖစ္သူဟာ နဂိုကတည္းကတစ္ကိုယ္တည္းသမားမို႔ သူ႕ဘဝထဲအေဖာ္အျဖစ္ဝင္လာခဲ့တဲ့က်ေနာ္တို႔ညီအကိုႏွစ္ေယာက္ကို ဖခင္အရင္းသဖြယ္ခ်စ္ေပးၿပီး
သူအတတ္ႏိုင္ဆုံးေစာင့္ေ႐ွာက္ေပးခဲ့ေပမယ့္ ညီေလးကေတာ့ အေဖအေမကိုယ္စီနဲ႔လက္တြဲၿပီးသြားတဲ့ကေလးေတြကိုျမင္တိုင္း အၿမဲစိတ္အားငယ္ေနတတ္သည္။
႐ြယ္တူကေလးေတြနဲ႔ေဆာ့ကစားတဲ့အခ်ိန္ေလွာင္ေျပာင္သေရာ္ခံရၿပီးတဲ့ေနာက္ပိိဳင္း ႏွင္းလုံးေလးနဲ႔တူတဲ့ က်ေနာ္႕ရဲ႕ညီေသးေသးေလးကအိမ္ထဲကေနအိမ္အျပင္မထြက္ေတာ့ပဲ သူ႕ထံ၌ခင္တြယ္စရာသူငယ္ခ်င္းေတြလည္းမ႐ွိျဖစ္ခဲ့သည္။
က်ေနာ္႕အတြက္အဆိုး႐ြားဆုံးအခ်ိန္ကေတာ့ သူေလးစိတ္ဆင္းရဲနာက်င္ေနရတာကိုဘာမွမလုပ္ေပးႏိုင္ဘဲရပ္ၾကည့္ေနရတာကိုပင္။ထို႔ေၾကာင့္ က်ေနာ္တို႔ႏွစ္ေယာက္စလုံးအျပင္ထြက္တဲ့အခါတိုင္းက်ေနာ္႕ရဲ႕မ်က္ႏွာေပၚမွာေၾကာက္စရာေကာင္းတဲ့ မ်က္ႏွာအမူအရာကိုအၿမဲခ်ိတ္ဆြဲထားရင္း ညီေလးကိုတျခားသူေတြဆီကေနက်ေနာ္ကာကြယ္ေပးခဲ့တယ္။ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် ညီျဖစ္သူကိုကာကြယ္ဖို႔အတြက္ဟန္ေဆာင္တပ္ခဲ့တဲ့မ်က္ႏွာဖုံးဟာ က်ေနာ္႕ရဲ႕ေနစဥ္ဘဝမွာထပ္တူက်သြားခဲ့ျခင္းေပ။
Williamေလး၃ႏွစ္သားအ႐ြယ္မွာအျပင္းဖ်ားၿပီးေဆး႐ုံတင္လိုက္ရတဲ့အခါ ဆရာဝန္ေတြစစ္ေဆးေတြ႕႐ွိခဲ့ရတာက Gliomaေရာဂါလကၡဏာအစျဖစ္ေနတာေၾကာင့္ သူငယ္ငယ္ေလးကတည္းက လက္ႏွစ္ဖက္စလုံးမွာ အပ္ရာေပါင္းမ်ားစြာကထပ္ထပ္ၾကမ္းေနရာယူခဲ့ရေလသည္။
အပ္ရာေတြဆီကေန သူ႕ညီေလးခံစားေနရတဲ့ နာက်င္မႈေတြကိုမ်က္ဝန္းေတြကေနတဆင့္တပ္အပ္ျမင္ေနရတဲ့က်ေနာ္ဟာ ထိုနာက်င္မႈေတြကိုအစားထိုးယူခဲ့ခ်င္ေပမယ့္ က်ေနာ္အစားထိုးယူေပးလို႔မရခဲ့ဘူး။
ထိုစဥ္အခါကJacksonဆိုတဲ့ေကာင္ေလးဟာ ဗိသုကာပညာကိုအ႐ူးအမူးေလ့လာဆည္းပူးခ်င္ေနခဲ့တဲ့လူငယ္ေလးတစ္ေယာက္ေပါ့။
ဘယ္သူသိလိမ့္မလဲ တစ္ေန႔မွာထိုေကာင္ေလးက သူ႕အႏွစ္ႏွစ္အလလကအျမတ္တႏိုးစုေဆာင္းထားခဲ့တဲ့ ဗိသုကာဘာသာရပ္နဲ႔သက္ဆိုင္တဲ့ပစၥည္းေတြအားလုံးကို တစ္ခုမက်န္လႊတ္ပစ္ခဲ့လိမ့္မယ္လို႔ေလ။
ထိုအခ်ိန္ကေနစၿပီး၁၃ႏွစ္အ႐ြယ္လူငယ္ေလးက bookhouseတိုင္းသို႔ေန႔စဥ္ေန႔တိုင္းသြားေရာက္ခဲ့ကာေဆးပညာဆိုင္ရာစာအုပ္ေတြအေပၚတမဟုတ္ခ်င္းစိတ္ဝင္စားလာၿပီး ေဆးပညာအေပၚမရပ္မနားေလ့လာလိုက္စားခဲ့ေခ်သည္။
က်ေနာ္အထက္တန္းေက်ာင္းၿပီးသြားတဲ့အခ်ိန္မွာ ဦးေလးျဖစ္သူက႐ုတ္တရက္ဆုံးပါးသြားခဲ့သည္။ဦးေလးဆုံးပါးသြားၿပီးေနာက္ပိုင္း ဦးေလးရဲ႕အေမြဆိုင္အိမ္ႀကီးကို က်ေနာ္တို႔ဆက္ခံရ႐ွိခဲ့ေပမယ့္ က်ေနာ္တို႔ညီအကိုႏွစ္ေယာက္ ထိုအိမ္ႀကီးကေနေက်ာခိုင္းထြက္လာခဲ့တယ္။
ညီေလးကက်ေနာ္တို႔ Englandကေနထြက္လာခဲ့တဲ့အေၾကာင္းအရင္းကို နားမလည္ႏိုင္ေလာက္ေပမယ့္ အဲ့တုန္းကက်ေနာ္႕ႏွလုံးသားမွာခံယူထားတဲ့ခံစားခ်က္ကိုယ္စီ႐ွိေနခဲ့သည္။
"ငါဘာလို႔ မင္းကိုျပန္ေခၚသြားခဲ့တာလဲ မင္းသိလား ညီေလး.......။
ငါကတိေပးထားခဲ့တာတစ္ခု႐ွိတယ္။မင္းအ႐ြယ္ေရာက္လာတဲ့တစ္ခ်ိန္က် မင္းကိုသူတို႔႐ွိတဲ့ေျမေပၚကိုျပန္ေခၚလာခဲ့မယ္လို႔ေလ....."
"ငါကအတၱႀကီးတဲ့လူတစ္ေယာက္ မိသားစုေတြအေပၚအၾကင္နာေမတၱာမထားတတ္တဲ့ တစ္ကိုယ္ေကာင္းဆန္တဲ့လူတစ္ေယာက္လို႔ မင္းမ်က္လုံးထဲမွာအၿမဲျမင္ေနခဲ့တယ္ဆိုတာငါသိပါတယ္။ ေမေမဆုံးတာမင္းေၾကာင့္လို႔ ငါ့အေတြးေတြထဲမွာတစ္ခါေလးေတာင္မွမေတြးမိပါဘူးကြာ။ ငါ့ရင္ထဲမွာလည္း မင္းေလးကိုနဲနဲေလးေတာင္မွမမုန္းရက္ခဲ့ပါဘူး ကိုႀကီးညီေလးရာ........"
ေစ့ပိတ္ထားေသာအခန္းတံခါးေ႐ွ႕မွထြက္ေပၚလာေသာတိုးညင္းလွတဲ့အသံလိႈင္းေလးတစ္လိႈင္းကအခန္းအတြင္းသို႔ျဖတ္သန္းေရာက္႐ွိလာတဲ့အခါ အဝတ္စားေတြကို Lagguageထဲပစ္ထည့္ေန႐ွာတဲ့႐ိႈင္းေဇယံရဲ႕လက္ေတြကိုခ်က္ခ်င္းရပ္တန္႔သြားေစခဲ့သည္။
"ဘယ္ေလာက္ပဲသန္မာခ်င္ေယာင္ေဆာင္ေနပါေစ ငါလဲလူသားတစ္ေယာက္ပဲဟာ ငါ့မွာခံစားနားလည္ႏိုင္တဲ့ႏွလုံးသားတစ္စုံေတာ့႐ွိတာေပါ့။ ငါ၁၀ႏွစ္သားအ႐ြယ္မွာ သူစိမ္းေတြနဲ႔ျပည့္ႏွက္ေနတဲ့ေနရာဆီမင္းကိုေစာင့္ေ႐ွာက္ကာကြယ္ရမယ္ဆိုတဲ့စိတ္နဲ႔
ငါထြက္လာခဲ့ရေပမယ့္လည္း
ငါ့ရဲ႕ဒီရင္ထဲမွာေတာ့ ေဖေဖနဲ႔ေမေမတို႔ကိုလြမ္းဆြတ္တမ္းတေနရတဲ့စိတ္ေလးက ကို႔အတၱအတြက္ပဲကိုယ္ၾကည့္တဲ့
႐ိႈင္းဆက္ယံဆိုတဲ့ အသဲမာတဲ့ေကာင္ဆီမွာ
တိတ္တိတ္ေလး႐ွိေနခဲ့တယ္......"
႐ိႈင္းဆက္ယံကခနတိတ္သြားၿပီးေနာက္
တစ္ခ်က္႐ိႈက္ကာဆက္ေျပာလာသည္။
"ေနာက္ေတာ့ဘာျဖစ္လဲသိလား ငါအသက္ထက္ဆုံးခ်စ္ရတဲ့ငါ့ရဲ႕ညီေလးက
ငါ့အေပၚကိုဒီလိုမ်ိဳးစိမ္းစိမ္းကားကားေမးခြန္းထုတ္ၿပီး ဘာမွမဆိုင္တဲ့သူစိမ္းတစ္ေယာက္အတြက္နဲ႔ ဒီအကိုႀကီးရဲ႕ရင္အစုံကိုစုတ္ျပတ္သတ္ေအာင္ေဆာင့္ကန္ေတာ့တာပဲ။"
"မင္းအသက္ကိုကယ္ဖို႔ငါဘာေတြရင္းခဲ့ရလဲမင္းသိလား? ငါ႐ူးသြပ္ခဲ့ရတဲ့ ဗိသုကာပညာကိုလည္းစြန္႔လႊတ္ခဲ့ရတယ္။ေနာက္ၿပီးတျခားအရာေတြကိုေကာပဲ......."
ထိုသို႔ေျပာေနရင္းသူ၏အျမင္အာ႐ုံထဲ၌ ေဆး႐ုံထဲမွဖိနပ္မပါဘဲေျပးထြက္လာေသာ အျဖဴေရာင္ကုတ္နဲ႔ေကာင္ေလးတစ္ေယာက္ကေနရာယူေနခဲ့ျပန္ေလသည္။
"မင္းခ်စ္ရတဲ့သူနဲ႔ ငါ့ေၾကာင့္ေဝးကြာခဲ့ရလို႔
နာက်င္ေနရတယ္ဟုတ္?
တစ္ခ်ိန္တုန္းက ငါဆိုတဲ့ေကာင္ကလည္းမင္းဆိုတဲ့သံေယာဇဥ္ႀကိဳးမွ်င္ေလးအတြက္အက္ကြဲစျပဳေနတဲ့ငါ့ရဲ႕ႏွလုံးသားတစ္စုံကိုငါကိုယ္တိုင္ခ်နင္းၿပီး ဒီအထိေရာက္ေအာင္ငါလွမ္းလာခဲ့ရတယ္ဆိုတာမင္းမသိဘူးမွတ္လား?"
"မင္းေၾကာင့္ ႐ူးႏွမ္းသြားရေလာက္တဲ့အထိနာက်င္ခံစားေနရတဲ့လူတစ္ေယာက္႐ွိသလို ငါ့ေၾကာင့္လည္းေအးစက္စက္ေကာ္ရစ္ဒါေပၚမွာနာက်င္စြာတစ္ေယာက္တည္းဒူးေထာက္က်န္ရစ္ခဲ့ရတဲ့လူတစ္ေယာက္လည္း႐ွိခဲ့ဖူးတယ္။ အဲ့အခ်ိန္မွာတုန္းက သူဆိုရင္ဘယ္ေလာက္ေတာင္နာက်င္ခဲ့ရမလဲေနာ္........."
"ေလာကႀကီးထဲမွာ မင္းတို႔ႏွစ္ေယာက္ရဲ႕ႏွလုံးသားေတြပဲေသေလာက္ေအာင္ထိခိုက္အက္ကြဲခဲ့ရတယ္လို႔မထင္နဲ႔ .... ..
ငါဆိုတဲ့ခံစားခ်က္မ႐ွိတဲ့ေကာင္ႀကီးကလည္းဘယ္သူမွမ႐ွိတဲ့အခန္းေထာင့္ရဲ႕တစ္ေနရာမွာေဆာင့္ေၾကာင့္ထိုင္ၿပီး႐ူးေလာက္ေအာင္ တိတ္တိတ္ေလးငိုေႂကြးခဲ့ဖူးတယ္လို႔ေျပာျပရင္ေကာ မင္းငါ့ကိုယုံၾကည္ေပးၿပီးႏွစ္သိမ့္ေပးမလား ညီေလး......"
"ဒါေပမယ့္ အခု မင္းရဲ႕ႏွစ္သိမ့္မႈလည္းငါမလိုအပ္ေတာ့ပါဘူးေလ "
႐ိႈင္းေဇယံမွာ ႐ိႈင္းဆက္ယံစကားဆုံးသည္ႏွင့္တံခါးဖြင့္လိုက္ေသာ္ တံခါးေဘာင္ကိုမွီလ်က္ေဆာင့္ေၾကာင့္ထိုင္ရင္းပါးျပင္တြင္မ်က္ရည္စီးေၾကာင္းေတြအျပည့္ေနရာယူထားေသာအကိုျဖစ္သူကိုျမင္လိုက္ရစဥ္ သူေ႐ွာ့ရသြားကာ ႐ိႈင္းဆက္ယံရဲ႕ေဘးနား၌သူ၏ေျခေထာက္ေတြကေခြလဲက်သြားရသည္။
သူကအကိုျဖစ္သူရဲ႕ပါးျပင္ေပၚကမ်က္ရည္စက္ကေလးေတြကိုလက္လွမ္းကာသုတ္ေပးေနရင္းေတာင္းပန္လာေလသည္။
"က်ေနာ္ေတာင္းပန္ပါတယ္ ကိုႀကီးရယ္
က်ေနာ္႕ေၾကာင့္ ကိုႀကီးအရမ္းနာက်င္ခဲ့ရမွန္းမသိခဲ့ဘဲကိုႀကီးအေပၚရက္ရက္စက္စက္ေျပာဆိုမိခဲ့တဲ့က်ေနာ္႕ရဲ႕စကားေတြကိုခြင့္လြတ္ေပးပါေနာ္ကိုႀကီး........
က်ေနာ္မွားသြားပါတယ္ မငိုပါနဲ႔ေတာ့ေနာ္
ကိုႀကီး...."
႐ိႈင္းဆက္ယံက သူ႕အားမ်က္ရည္ေတြသုတ္ေပးရင္းငိုေန႐ွာတဲ့႐ိႈင္းေဇယံေလးကိုတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ညီျဖစ္သူရဲ႕လက္ကေလးေတြကိုဖယ္ခ်လိုက္ကာ မတ္တပ္ထရပ္လိုက္ေလသည္။
"မင္းကို ငါသူ႕ဆီျပန္ပို႔ေပးပါ့မယ္။ဒါေပမယ့္ ဒီလိုပုံစံမ်ိဳးနဲ႔ေတာ့ မင္းကိုငါ့အေဝးမွာထားႏိုင္မွာမဟုတ္ဘူး။မင္းေျခေထာက္ေတြအႂကြင္းမဲ့ျပန္ေကာင္းသြားတဲ့အခါက်ရင္ မင္းသေဘာက်ရတဲ့လူဆီ ငါကိုယ္တိုင္ျပန္လိုက္ပို႔ေပးမွာမို႔ ေနာက္တစ္ခါ ဒီလိုမ်ိဳးရက္စက္တဲ့စကားေတြကို ကိုႀကီးဆီထပ္မေျပာပါနဲ႔ေတာ့ကြာ..........."
ဟုေနာက္ဆုံးအေနနဲ႔တိမ္ဝင္စြာဆိုလာၿပီးေနာက္ေျခလွမ္းေတြကိုေလးပင္စြာလွမ္းရင္းထိုေနရာကေနတျဖည္းျဖည္းသူထြက္သြားေတာ့သည္။
ရင္ထဲမွာေတာ့ သူ႕ကိုယ္သူႀကိတ္ကာစကားေတြေျပာေနရင္းေပါ့..........
သူ႕ရဲ႕ညီေလးက...သူ႕ရင္ထဲကအခ်စ္ေတြကို တစ္ေန႔တစ္ခ်ိန္က်ျမင္ႏိုင္မွာပါေနာ္.........
က်ေနာ္ကိုယ္တိုင္ မင္းခန္႔ထည္ဆီျပန္ပို႔ေပးလိုက္ရင္ေတာ့ သူက်ေနာ္႕ကိုမမုန္းေလာက္ေတာ့ဘူးမွတ္လား?
ကိုႀကီးရဲ႕ဝမ္းနည္းမႈေတြျပည့္ႏွက္ေနတဲ့ဒီလိုေက်ာျပင္မ်ိဳးကို ဒါက်ေနာ္ဒုတိယအႀကိမ္ျမင္ဖူးျခင္းေပ။
ပထမဆုံးအႀကိမ္ကေတာ့............
"မင္းဒါဘာေျပာတာလဲ?? ဘာပဲျဖစ္ျဖစ္မင္းငါနဲ႔ျပန္လိုက္ခဲ့ရမယ္"
"မလိုက္ဘူး....အဲ့ေနရာကိုက်ေနာ္ျပန္မလိုက္ႏိုင္ဘူး။က်ေနာ္ဒီမွာပဲ ဆက္ေနမွာ....."
"မင္းေနခဲ့လို႔မရဘူး! ငါမင္းကိုစိတ္မခ်ႏိုင္ဘူးဟိုဘက္မွာေဆးစစ္စရာေတြလည္း႐ွိေသးတယ္။ငါလုပ္ေနတဲ့သုေတသနေတြကတစ္ခ်က္ကေလးမွပ်က္သြားလို႔မရဘူးကြ။အဲ့တာေၾကာင့္မင္းငါနဲ႔လိုက္ကိုလိုက္ခဲ့ရမယ္!"
႐ိႈင္းဆက္ယံကထိုသို႔ဆိုေနရင္း Luggageတစ္လုံးကိုဆြဲဖြင့္လိုက္ၿပီးေနာက္ ႐ိႈင္းေဇယံရဲ႕အဝတ္အစားေတြကိုအကုန္သိမ္းၾကဳံးထည့္ေနခဲ့သည္။
'ေဆးစစ္စရာ ! ေဆးစစ္စရာ!
တကယ္ေတာ့ ငါကသူ႕အတြက္အေရးႀကီးလို႔မဟုတ္ဘူးပဲ သူ႕ရဲ႕သုေတသနေတြအတြက္လိုအပ္ေနတဲ့စမ္းသပ္ခံပစၥည္းတစ္ခုအျဖစ္ငါ့ကိုသေဘာထားေနခဲ့တာပဲ '
"က်ေနာ္ဘာလို႔ျပန္မလိုက္တာလဲ သိလား?
ခမ်ားကို မုန္းလို႔! ခမ်ားကိုအရမ္းမုန္းတာမို႔လို႔ခမ်ားေနာက္ျပန္မလိုက္ခ်င္တာပဲ!
စိတ္မခ်လဲ လဲေသလိုက္......က်ေနာ္ကလူငယ္ပီပီကို႔ဘာသာကိုယ္ လြတ္လြတ္လပ္လပ္ျဖတ္သန္းေနဦးမွာ။"
"တစ္သက္လုံးခမ်ားထိန္းခ်ဳပ္ထားတဲ့စမ္းသပ္ခန္းေတြထဲမွာမေနႏိုင္ဘူး!! ။ အဲ့တာေၾကာင့္ ေက်းဇူးျပဳၿပီး က်ေနာ္႕ကိုတစ္ခါေလာက္ပဲျဖစ္ျဖစ္လႊတ္ထားေပးစမ္းပါဗ်ာ!"
"ေဆးနံ႔ေတြျပင္းတဲ့ခမ်ားအနားမွာေနရမွာကိုေသေလာက္ေအာင္မုန္းတယ္လို႔!"
က်ေနာ္႕ရဲ႕ထိုစကားသံတို႔အဆုံး ကိုႀကီးက က်ေနာ္႕ကိုနီရဲေနတဲ့မ်က္ဝန္းတစ္စုံႏွင့္တစ္ခ်က္စိုက္ၾကည့္သြားၿပီးေနာက္ အခုထြက္သြားခဲ့တဲ့ေက်ာျပင္ေလးအတိုင္းပဲႏႈတ္ဆိတ္ထြက္ခြာသြားခဲ့ေလတယ္
အထီးက်န္နာက်င္မႈေတြနဲ႔ျပည့္ႏွက္ေနတဲ့ထိုေက်ာျပင္ေလးကိုပထမဆုံးျမင္ခဲ့ရတဲ့က်ေနာ္ဟာ ကိုႀကီးဘယ္ေလာက္ထိနာက်င္ေနခဲ့ရလဲဆိုတာကို တကယ္ပဲနားမလည္ႏိုင္ခဲ့ဘူး........
က်ေနာ္တကယ္ေတာင္းပန္ပါတယ္.......
က်ေနာ္က ကိုႀကီးအတြက္ဒီလိုျဖစ္တည္မႈမ်ိဳးဆိုတာမသိခဲ့တဲ့အတြက္ က်ေနာ္တကယ္ေတာင္းပန္ပါတယ္ဗ်ာ .. . .. . ..
••••••••••••••••••••••••••••••••••••••••••••••••••
၆ႏွစ္တာၾကာခဲ့တဲ့အခ်ိန္ထိ ႐ိႈင္းေဇယံရဲ႕သတင္းက လမ္းစလိုက္လို႔မရခဲ့ေပမယ့္လို႔ မင္းခန္႔ထည္၏သူ႕ခ်စ္သူေလးျပန္လာမယ့္တစ္ေန႔ကိုေစာင့္ဆိုင္းေနခဲ့သည့္လုပ္ငန္းစဥ္ေလးကေတာ့တစ္ရက္တစ္စကၠန္႔ေလးေတာင္ပ်က္ေတာက္သြားျခင္းမ႐ွိခဲ့ေပ။
ဒီႏွစ္ေတြအတြင္းမွာ မင္းခန္႔ထည္က F Gardenကိုျပန္စီမံခန္႔ခြဲခဲ့ၿပီး သူ၏အခ်ိန္ေတြကိုသက္ေတာင့္သက္သာ႐ွိစြာကုန္ဆုံးေနသည္မွာ Februaryလေတာင္ေရာက္ေနၿပီမို႔အေအးဒဏ္ကႏွလုံးသားထိတိုင္ေအးခဲလုမတတ္စိမ့္ဝင္ေနကာ ခ်စ္ရသူေပးတဲ့အေႏြးဓာတ္ေလးေတြကင္းမဲ့ေန႐ွာတဲ့သူဟာ အေအးဒဏ္ကိုမနဲႀကိတ္မွိတ္သည္းခံကာျဖတ္သန္းေနရသည္။
ဒီေန႔ မင္းခန္႔ထည္မွာမနက္၅နာရီကတည္းကထ၍ F Garden၌အလုပ္႐ႈပ္ေနေပသည္။ မေန႔ကတည္းက ဝန္ထမ္းေတြကိုအရံသင့္ျပင္ဆင္ခိုင္းထားတဲ့ႏွင္းဆီပန္း၊ က်ဴလစ္ပန္းႏွင့္အျခားပန္းအမ်ိဳးေပါင္းမ်ားစြာတို႔ကို အမ်ိဳးအစားအလိုက္ခြဲ၍စားပြဲခုံေပၚ၌တင္ထားကာ ဖဲသားလိပ္ေလးမ်ားႏွင့္အလွဆင္ျခင္းကိုစိတ္ပါလက္ပါႏွင့္လုပ္ကိုင္ေနေလသည္။
သူ၏ကိုယ္ေပၚတြင္ဆင္စြယ္ေရာင္စြယ္တာအပါးေလးကိုသာဝတ္ဆင္ထားတာေၾကာင့္ ေဆာင္းေလေအးကတစ္ခ်က္တစ္ခ်က္လာ႐ိုက္တဲ့အခါ လူကတုန္တုန္တတ္သြားေသာ္ လည္းသူ႕ခမ်ာေႏွာင့္ေႏွးၾကန္႔ၾကာေနလို႔မျဖစ္ေပ။ပန္းစည္းေတြကို မနက္၈နာရီအမွီအၿပီးလုပ္ရမွာျဖစ္တာေၾကာင့္ အခ်မ္းဒဏ္ကိုလည္းေခါင္းထဲမထည့္ႏိုင္ေတာ့ဘဲ မ်က္စိေ႐ွ႕ကအလုပ္ကိုသာအာ႐ုံစိုက္ထားရသည္။
အေအးဒဏ္ကလူကိုႏွိပ္စက္ေနတဲ့အျပင္အိပ္ေရးမဝ၍တစ္ခ်က္တစ္ခ်က္ငိုက္ငိုက္က်သြားတာေၾကာင့္ မင္းခန္႔ထည္က ဆိုင္ထဲ႐ွိ TVေလးအားေကာက္ဖြင့္ထားလိုက္သည္။
မနက္၇နာရီ႐ွိၿပီျဖစ္တာေတာင္ Orderက်ထားတဲ့ပန္းစည္းအေရအတြက္၏တစ္ဝက္မွ်သာၿပီးေသးတာေၾကာင့္ သူထပ္ေလာေနရျပန္ကာ Morning Newsအစီအစဥ္မွသတင္းေၾကညာတဲ့အသံေတြကိုနားစြင့္ထားလိုက္ေလသည္။
"ဆက္လက္ၿပီးႏိုင္ငံတကာသတင္းမ်ားကိုေၾကညာေပးပါ့မယ္ခမ်ာ။
ေဟာင္ေကာင္စံေတာ္ခ်ိန္ည၁၁နာရီခန္႔က Hongkongၿမိဳ႕လယ္ေခါင္မွာ႐ွိတဲ့ Blaze Hotelတစ္ခုမွာဗုံးေပါက္ကြဲမႈတစ္ရပ္ျဖစ္ပြားခဲ့ပါတယ္။
ထို Hotelထဲ၌တည္းခိုေနသူလူဦးေရေပါင္း၄ေသာင္းခန္႔႐ွိခဲ့ၿပီး မေန႔ညကအဆိုပါေနရာ၌ ေတြ႕ဆုံပြဲတစ္ခုျပဳလုပ္ခဲ့ေၾကာင္းလည္းသတင္းရ႐ွိခဲ့ပါတယ္။
ထိုေတြ႕ဆုံပြဲမွာ HongKongရဲ႕အင္အားအႀကီးဆုံးမာဖီးယားဂိုဏ္း၃ဂိုဏ္းျဖစ္တဲ့ Evil's Dreams,Black roseနဲ႔ Golden Dragon စတဲ့ ဂိုဏ္းေခါင္းေဆာင္၃ေယာက္တို႔လွ်ိဳ႕ဝွက္စြာေတြ႕ဆုံေနၾကတဲ့အခ်ိန္မွာပင္ေပါက္ကြဲမႈျဖစ္ပြားခဲ့တာလို႔ မ်က္ျမင္သက္ေသတခ်ိဳ႕ကထြက္ဆိုထားပါတယ္။
ဒါ့ေၾကာင့္ထိုဗုံးေပါက္ကြဲမႈဟာ ဂိုဏ္ႀကီးသုံးဂိုဏ္းႏွင့္ပက္သတ္ဆက္ႏြယ္မႈ႐ွိမ႐ွိ ေဟာင္ေကာင္ၿမိဳ႕ရဲ႕အထူးေအးဂ်င့္ေတြကစုံစမ္းစစ္ေဆးဆဲျဖစ္တယ္လို႔သတင္းရ႐ွိထားပါတယ္။
အဆိုပါဗုံးေပါက္ကြဲမႈတြင္ေသဆုံးသူ၈ေယာက္႐ွိခဲ့ၿပီးထိခိုက္ဒဏ္ရာရသူ ေပါင္း၃၀ေက်ာ္ခန္႔႐ွိခဲ့ပါတယ္။ဒါ့အျပင္ Evil's Dreams ဂိုဏ္းရဲ႕ေခါင္းေဆာင္ျဖစ္သူ ျမန္မာႏိုင္ငံသားတစ္ဦးလည္းျဖစ္တဲ့ Mr. Daniel (ႏိႈင္းရတုမင္း၏English name) ဟာ မေန႔ညကေပါက္ကြဲမႈအၿပီးတြင္ ေပ်ာက္ခ်င္းမလွေပ်ာက္ဆုံးေနတယ္လို႔လဲ သတင္းထပ္မံရ႐ွိထားပါတယ္။
ထိုအၾကမ္းဖက္မႈဟာ Evil's Dreams ဂိုဏ္းႏွင့္သာသက္ဆိုင္တဲ့ကိစၥတစ္ရပ္ျဖစ္ေၾကာင္း လည္း Black roseနဲ႔ Golden Dragonတို႔ဂိုဏ္း၂ဂိုဏ္းဘက္ကအျပတ္ျငင္းပယ္ထြက္ဆိုထားၾကပါတယ္.........."
မင္းခန္႔ထည္မွာထိုသတင္းကိုဆုံးသည္အထိရပ္နားေထာင္ေနကာ မ်က္ေမွာင္ၾကဳတ္ရင္း TVထက္သို႔စိုက္ၾကည့္ေနခဲ့ေလသည္။
"ဒါဆိုEvil's Dreamsဂိုဏ္းေခါင္းေဆာင္ကျပန္ေပးဆြဲခံလိုက္ရတာလား ?
ဒါကမူမမွန္ေနဘူး . ... . .. "
သူထိုသို႔ခပ္တိုးတိုးေရ႐ြတ္လိုက္ရင္းပန္းစည္းေတြကိုဆက္စည္းေနလိုက္သည္။မနက္၈နာရီေရာက္ေတာ့ဆိုင္ရဲ႕တံခါးေလးကပြင့္လာကာအနက္ေရာင္ဝတ္စုံအတိဝတ္ဆင္ထားတဲ့ ေျခတံ႐ွည္႐ွည္နဲ႔ခပ္ေခ်ာေခ်ာလူငယ္ေလးက ဆိုင္ထဲသို႔ဝင္ခ်လာရင္းတက်ီက်ီလုပ္ေနေလသည္။
"သခင္ေလး အခုထဲကသြားမွမွီမွာေနာ္......"
"ငါသိပါတယ္ကြာ ...နားပူနားဆာမလုပ္စမ္းနဲ႔"
ပိုင္စစ္မွာနာရီကိုၾကည့္ေနရင္းဖင္တႂကြႂကြျဖစ္ေန႐ွာသည္။
"ဒါနဲ႔ က်ေနာ္႕ေကာင္မေလးရဲ႕ ပန္းစည္းေလးကို က်ေနာ္ေျပာတဲ့အတိုင္းလုပ္ေပးထားတယ္မွတ္လား သခင္ေလး လွမွရမွာေနာ္....."
ပိုင္စစ္ကၿပီတီၿပီတီႏွင့္လာဂ်ီက်ေနတာေၾကာင့္ မင္းခန္႔ထည္ကခပ္စူးစူးတစ္ခ်က္စိုက္ၾကည့္ေပးလိုက္ေတာ့မွၿငိမ္က်သြားေလသည္။
"သခင္ေလး က်ေနာ္ကူလုပ္ေပးမယ္"
လင္းထြဋ္ကလည္း ဆိုင္ထဲသို႔ဝင္လာရင္းလွမ္းေျပာလာေလသည္။
"က်စ္ . . မင္းတို႔ႏွစ္ေယာက္စလုံးငါ့နားမွာရစ္သီရစ္သီလုပ္မေနၾကဘဲ ဟိုဘက္နားမွာသြားထိုင္ေနၾကစမ္းပါကြာ အာ႐ုံေနာက္တယ္"
"ဟုတ္ကဲ့ပါ သခင္ေလး"
ထို႔ေနာက္မင္းခန္႔ထည္စကားအတိုင္း ေဘးနား႐ွိခုံဝိုင္း၌ႏွစ္ေယာက္စလုံးေက်ာက္႐ုပ္ႀကီးတမွ်ထိုင္ေစာင့္ေနလိုက္ၾကၿပီးသူတို႔သခင္ေလးအလုပ္လုပ္ေနတဲ့ျမင္ကြင္းကိုထိုင္ၾကည့္ေနလိုက္ၾကေတာ့သည္။
"သခင္ေလးျမန္ျမန္လုပ္ေနာ္ က်ေနာ္တို႔မမွီပဲေနလိမ့္မယ္...."
က်စ္....
လင္းထြဋ္ကစုတ္သပ္လိုက္၍ ပိုင္စစ္အားဝါးစားလုမတတ္စိုက္ၾကည့္လာေလသည္။သူ၏အၾကည္္႕မ်ားက 'မင္းေသခ်င္ေနလား'ဟူ၍သတိေပးေနခဲ့ေလ၏။
"ဒါနဲ႔သခင္ေလး မေန႔ညက Hongkongမွာေလ......"ဆိုတဲ့ပိုင္စစ္စကားၾကားေတာ့ မင္းခန္႔ထည္ကမ်က္လုံးလွန္ၾကည့္လာကာ ေခါင္းဆတ္ခနဲခါျပလိုက္သည္။
သူ႕သခင္ေလးအခ်က္ျပတာကိုျမင္ေတာ့ပိုင္စစ္က သူ၏႐ွည္လွေသာပါးစပ္အားတမဟုတ္ခ်င္းေစ့ပိတ္လိုက္ၿပီး လင္းထြဋ္အားမသိမသာေစာင္းငဲ့ၾကည့္လိုက္တဲ့အခါလင္းထြဋ္ရဲ႕အၾကည့္စူးစူးေတြနဲ႔ဆုံသြားေလေသာ္သူ၏မ်က္ႏွာအားတစ္ဖက္သို႔လွည့္ခ်လိုက္ေတာ့သည္။
သူ႕မ်က္စိေ႐ွ႕မွာအသံတိတ္နဲ႔အျပန္အလွန္အခ်က္ျပေနၾကတာကိုကြင္းကြင္းကြက္ကြက္ျမင္ေနရတဲ့လင္းထြဋ္ကမတ္တပ္ထရပ္လိုက္ရင္းေျပာလာေလသည္။
"ဒါဆို သခင္ေလး က်ေနာ္ကားေပၚမွာပဲေစာင့္ေနလိုက္ေတာ့မယ္ ....."
"Ok"
မင္းခန္႔ထည္ကခြင့္ျပဳလိုက္ေတာ့လင္းထြဋ္ကအ႐ိုအေသေပးကာဆိုင္ထဲကေနေလွ်ာက္ထြက္သြားေတာ့မွ ႏွစ္ေယာက္စလုံးတစ္ၿပိဳင္နက္သက္ျပင္းခ်လိုက္ၾကေလသည္။
ဟူး~~~~~~
ပိုင္စစ္ကဆိုင္ေ႐ွ႕သို႔တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီးေနာက္မင္းခန္႔ထည္နားသြားကာခပ္တိုးတိုးေရ႐ြတ္လာသည္။
"သခင္ေလး အဲ့ဗုံးေပါက္ကြဲမႈကိုဘယ္လိုျမင္လဲ။က်ေနာ္႕အထင္ကေတာ့ သခင္ေလးႏိႈင္းရတုမင္းကအကြက္ဆင္ခံလိုက္ရတာလို႔ထင္တယ္။"
ပိုင္စစ္စကားကိုေထာက္ခံသည့္ႏွယ္မင္းခန္႔ထည္ကလည္းေခါင္းၿငိမ့္ျပလာေလသည္။
"ျဖစ္ႏိုင္တယ္။ ႏိႈင္းရတုမင္းကမေခတဲ့လူဆိုေပမယ့္ မေန႔ကသတိတစ္ခ်က္လြတ္သြားလို႔ခံလိုက္ရတာျဖစ္မယ္......ေဟာင္ေကာင္မွာ႐ွိတဲ့မင္းရဲ႕တပည့္ေတြကို အဲ့ကိစၥနဲ႔ပက္သတ္ၿပီးအေသးစိတ္ထပ္စုံစမ္းခိုင္းထားလိုက္။ငါဒီ့ထက္ပိုၿပီးအတြင္းက်က်သိခ်င္တယ္။"
"ဟုတ္ကဲ့ပါသခင္ေလး"
ႏွင္းဆီပန္းရဲ႕အပင္ရင္းကိုကက္ေၾကးနဲ႔ညႇပ္ခ်လိုက္တဲ့အသံတစ္သံကေလဟာနယ္ထဲမွာပ်ံ႕လြင့္လာၿပီးေနာက္မင္းခန္႔ထည္ကဆက္ဆိုလာသည္။
"တကယ္လို႔တစ္ခုခုမူမမွန္တာ႐ွိရင္ လင္းထြဋ္ကိုပါ အဲ့ဘက္လႊတ္သင့္ရင္လႊတ္ရလိမ့္မယ္....."
"ဒါမယ့္ သခင္ေလးလည္းသိသားနဲ႔ လင္းထြဋ္ကေဟာင္ေကာင္ဘက္ကိုဘယ္ေတာ့မွမသြားဘူးေလ"
ပိုင္စစ္စကားၾကားေတာ့မင္းခန္႔ထည္ကတစ္ခ်က္ပင့္ၾကည့္လာကာခပ္ဖြဖြရယ္လိုက္ၿပီးေနာက္လိေမၼာ္ေရာင္က်ဴးလစ္ပန္းေလးကိုဆြဲယူလိုက္ေလသည္။
"ဒါနဲ႔သခင္ေလး က်ေနာ္တစ္ခုေမးလို႔ရမလား?"
"ေမး"
"သခင္ေလးကဘာလို႔ သခင္ေလးႏိႈင္းရတုမင္းကိုကူညီခ်င္တာလဲ တကယ္ဆို အဲ့နတ္ဆိုးသခင္ေလးကသခင္ေလးအေပၚရန္ၿငိဳးထားေနတယ္ဆိုတာကိုသခင္ေလးလည္းသိေနရဲ႕သားနဲ႔......."
ထိုအခါ မင္းခန္႔ထည္က ႏႈတ္ခမ္းေထာင့္စြန္းတို႔ကိုခပ္သာသာေလးတြန္႔ေကြးလိုက္လ်က္သူ၏အၾကည့္တို႔အား
ဆိုင္အေ႐ွ႕၌ရပ္ထားတဲ့အနက္ေရာင္ဘန္ထေလကားေလးဆီသို႔ပစ္လႊတ္လိုက္ေလသည္။
"ငါသူ႕ကိုကူညီတယ္လို႔မင္းကိုဘယ္သူေျပာလဲငါကသူ႕အေပၚတင္ေနတဲ့အေႂကြးတစ္ခုကိုဆပ္ခ်င္႐ုံတင္ပဲ......"
မနက္၈နာရီခြဲမွာေတာ့ သူတို႔သုံးေယာက္စလုံး F Gardenမွထြက္လာခဲ့သည္။
ကားေနာက္ဖုံးထဲမွာေကာကားေနာက္ခန္းထဲမွာပါပန္းစည္းေတြကိုအျပည့္အလွ်ံထည့္သယ္ခဲ့ရင္းျဖင့္။
လင္းထြဋ္က ကားစတီယာရင္ကိုထိန္းကိုင္ရင္းေမာင္းႏွင္ေနေလသည္။ေဘးခုံ၌ထိုင္ေနေသာပိုင္စစ္ကေတာ့ ျမင္မေကာင္းေလာက္ေအာင္တဝါးဝါးႏွင့္သမ္းေနခဲ့ကာမင္းခန္႔ထည္မွာမူ ျမဴႏွင္းေတြေဝေနတဲ့ေဆာင္းရာသီ၏မနက္ခင္း႐ႈခင္းေလးကိုေငးၾကည့္လို႔ေနရင္း ကားထဲ၌အလြန္အမင္းတိတ္ဆိတ္လ်က္႐ွိသည္။
ထို႔ေၾကာင့္ကားအေ႐ွ႕ခန္း၌ထိုင္ေနေသာပိုင္စစ္မွာတျဖည္းျဖည္းနဲ႔ပ်င္းလာတာမို႔ေရဒီယိုခလုတ္ေလးကိုဖြင့္ဖို႔ႀကိဳးစားေလသည္။ေရဒီယိုဆီကိုလက္လွမ္းလာတဲ့ပိုင္စစ္ရဲ႕လက္ျဖဴႀကီးကိုျမင္ေတာ့ လင္းထြဋ္ကစတီယာရင္ကိုလက္တစ္ဖက္ႏွင့္ထိန္းကိုင္လိုက္ရင္း က်န္လက္တစ္ဖက္ျဖင့္ထိုလက္ျဖဴႀကီးအား႐ိုက္ခ်လိုက္ေတာ့သည္။
ဖက္!!!!!
ထိုအျဖစ္ကိုျမင္ေသာ္မင္းခန္႔ထည္က ႐ုတ္တရက္ထရယ္လိုက္ၿပီးလင္းထြဋ္အားလွမ္းေျပာလိုက္ေလသည္။
"ပိုင္စစ္ကသီခ်င္းနားေထာင္ခ်င္တယ္ဆိုလည္းေပးဖြင့္လိုက္ပါကြာ....
ငါတို႔ႏွစ္ေယာက္လည္းအပ်င္းေျပတာေပါ့...."
ထိုအခါပိုင္စစ္ကအႏိုင္ရသူအျပဳံးႀကီးနဲ႔လင္းထြဋ္အားျပဳံးျပဳံးႀကီးၾကည့္လာရင္း ေရဒီယိုခလုတ္ေလးအားဆတ္ခနဲႏွိပ္ခ်လိုက္ပါေတာ့သည္။
ဒီတစ္ခါေတာ့ လင္းထြဋ္ကသူ႕အားမ႐ိုက္လာႏိုင္မွန္းသိသျဖင့္ေျပာင္စပ္စပ္လုပ္ျပေနခဲ့တာမို႔ စိတ္လက္တဆစ္နဲ႔လင္းထြဋ္႐ွိန္မွာ ေဘးနား႐ွိမ်က္ႏွာ႐ူးေကာင္အား ကားေပၚမွကန္ခ်ခ်င္စိတ္တို႔တဖြားဖြားပင္။
သခင္ေလးျဖစ္သူရဲ႕မ်က္ႏွာကိုေထာက္ကာသည္းခံထားရတာေၾကာင့္ ဒီတစ္ခါေတာ့ဒီေကာင္သက္သာသြားခဲ့တယ္လို႔အံတႀကိတ္ႀကိတ္နဲ႔စိတ္ထဲ၌ေရ႐ြတ္ေန႐ွာေလ၏။
ထို႔ေနာက္ေရဒီယိုထဲကအသံေလးတစ္သံကတိတ္ဆိတ္ေနတဲ့ပတ္ဝန္းက်င္ေလးကိုခ်က္ခ်င္းၿဖိဳခြင္းလာခဲ့ေပသည္။
"အခုဖြင့္ျပမယ့္သီခ်င္းေလးကေတာ့ ေဝးကြာေနၾကတဲ့အခ်စ္ငွက္ေလးေတြအတြက္ရည္႐ြယ္ၿပီးေတာင္းဆိုထားတဲ့သီခ်င္းေလးတစ္ပုဒ္ပဲျဖစ္ပါတယ္။ကဲ......ဒီသီခ်င္းေလးကိုလဲမပိတ္လိုက္ပဲနားေထာင္ေပးၾကပါဦးေနာ္......"
🎼 ခ်စ္ျခင္းတရားတို႔႐ွိရမယ့္တစ္ေနရာ🎼
🎼 မင္းရယ္တို႔ရယ္ေရာက္လာေနတယ္🎼
🎼 ခနေလးမ်ားေဝးရမယ့္အခိုက္အတန္႔အေျခအေနမွာ🎼
🎼 တစ္ေယာက္နဲ႔တစ္ေယာက္အေပၚ နားလည္ရမွာ🎼
မင္းခန္႔ထည္က သီခ်င္းသံစဥ္ေလးကိုနားစြင့္ေနလိုက္ရင္း ကားမွန္ေလးကိုခ်လိုက္ကာ ပင္လယ္ႀကီးနဲ႔တူတဲ့အျပာရင့္ေရာင္ေကာင္းကင္က်ယ္ႀကီးအားႏွစ္ၿခိဳက္စြာေငးၾကည့္ေနခဲ့သည္။
🎼 ျဖဴစင္ျခင္းနဲ႔႐ိုးသားျခင္းမ်ားျပည့္စုံတဲ့🎼
🎼 ေမတၱာတရားေတြသယ္ေဆာင္လာမွာ🎼
🎼 ဘာမဆိုေပးဆပ္ဖို႔အတြက္အသင့္႐ွိလို႔ေနမယ့္🎼
🎼 အခ်စ္စစ္တစ္ခုကိုမင္းကိုေပးမွာ🎼
ေဆာင္းေလေအးကတျဖဴးျဖဴးတိုက္ရင္း သီခ်င္းသံစဥ္ေလးကလဲ ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ေကာင္းစြာကားတစ္စီးလုံးသို႔ပ်ံ႕လြင့္ေနခဲ့သည္။
🎼 ငါတို႔ေဝး....ေဝးၿပီးလဲတစ္ေန႔ေန႔🎼
🎼 မင္းရယ္တို႔ရယ္ျပန္ဆုံမွာပါ🎼
🎼 ကိုယ္နဲ႔မင္းအတူပ်ံသန္းသြားမွာ 🎼
🎼 ခ်စ္ျခင္းတရားတို႔႐ွိရာေနရာ ~~~~~~🎼
'ညီ ကိုယ္တို႔လည္းတစ္ေန႔က်ျပန္ဆုံၾကမယ္မွတ္လားဟင္ ....... '
သူ႕ခ်စ္သူေလးျပန္အလာကိုဇြဲေကာင္းေကာင္းနဲ႔ေစာင့္ဆိုင္းေနခဲ့ပါသည့္လူငယ္ေလးရဲ႕မ်က္ႏွာထက္မွာႏူးညံ့စြာေသာအျပဳံးေလးတစ္ပြင့္ကေနရာယူထားရင္း ေဝးကြာေနခဲ့တဲ့သူ၏ႏွလုံးသားေလးအားသတိရလြမ္းဆြတ္စြာျဖင့္ ခ်စ္ျခင္းတရားတို႔႐ွိမယ့္တစ္ေနရာဆီသို႔ ခရီးဆက္လို႔ေနသည္။
မနက္၁၀နာရီခြဲေလာက္မွာအနက္ေရာင္ဘန္ထေလကားေလးက ေက်ာင္းဝင္းထဲသို႔ဆိုက္ဝင္လာရာ ကား Stand၌ကားထိုးရပ္လာတာကိုျမင္ေလေသာ္မင္းစက္က Lobbyကေနေျပးဆင္းလာလ်က္သူတို႔ကားနားသို႔ေရာက္လာခဲ့ေလသည္။
အနက္ေရာင္ပြဲတက္ Suitကိုခန္႔ညားေက်ာ့႐ွင္းစြာဝတ္ဆင္ထားတဲ့မင္းခန္႔ထည္ကကားေပၚကေနဆင္းလာလိုက္ၿပီး မင္းစက္ႏွင့္စကားခနေျပာေနလိုက္သည္။
"မင္းကဘာလို႔ဆင္းလာတာလဲ? ဟန္လင္းထက္ကေကာ?"
"Hallခန္းထဲမွာေလ.....သူတို႔ေတြမၿပီးေသးဘူး"
မင္းစက္က ခဲႏုေရာင္ပိုးသားလည္ကတုံး႐ွပ္ေလးကို ခရမ္းေဖ်ာ့ေရာင္ပိုးဖဲလုံခ်ည္ေလးႏွင့္တြဲဖက္ဝတ္ဆင္ထားတာေၾကာင့္ ေနေရာင္ေအာက္မွာမ်က္စိက်ိန္းေလာက္ဖြယ္ၿပိဳးၿပိဳးပ်က္ပ်က္လင္းလက္ေနတဲ့မင္းစက္ရဲ႕ထိုပုံစံကိုျမင္ေတာ့ မင္းခန္႔ထည္ကခ်က္ခ်င္းေလွာင္ေထ့ေလေတာ့သည္။
"ဘာလဲ မင္းတို႔က မဂၤလာပါတစ္ခါတည္းေဆာင္သြားမွာလား?"
အေလွာင္ခံလိုက္ရမွမင္းစက္ခမ်ာသူ႕ကိုယ္သူျပန္ငုံ႔ၾကည့္လိုက္ကာ မ်က္ႏွာႀကီးနီရဲလာၿပီးေနာက္ မင္းခန္႔ထည္ရဲ႕လက္ေမာင္းတစ္ဖက္သို႔စိတ္ဆိုးမာန္ဆိုးနဲ႔လက္သီးတစ္ခ်က္ထိုးထည့္လိုက္ေလ၏။
"လခြမ္းတဲ့မွ မင္းကတစ္ေမွာက္ .. . . ဒါငါ့ကိုေလးေလးဆင္ေပးထားတာကြ သူ႕သားဘြဲ႕ယူတဲ့ေန႔မွာ ငါကၾကည့္ေကာင္းေနရမယ္ဆိုၿပီးလြန္ခဲ့တဲ့၂လေလာက္ထဲက designerေတြေခၚၿပီးခ်ဳပ္ခိုင္းထားတာ။ မင္းေျပာမွပဲ ငါကသတို႔သားပုံေပါက္ေတာ့တယ္......"
ထိုစကားၾကားေတာ့မင္းခန္႔ထည္ကႏႈတ္ခမ္းေတြကိုမဲ့လိုက္ကာဟက္ခနဲထပ္ရယ္လာျပန္သည္။
"ကို႔ကိုယ္ကိုယ္လဲျပန္ၾကည့္ဦး မင္းဝတ္ထားတဲ့အေရာင္ေတြကသတို႔သမီးအေရာင္ေတြ ကြ ဘယ္လိုေတာင္ကို႔ကိုယ္ကိုယုံၾကည္ခ်က္႐ွိလြန္းတာလဲ........."
"ခ်ီးကိုသတို႔သမီး!"
"သခင္ေလးေရ က်ေနာ္ေကာင္မေလးဆီသြားရဦးမယ္ေလ......"
တစ္ဖက္မွပိုင္စစ္ကလည္းနားပူနားဆာတိုက္ေနျပန္တာေၾကာင့္သူငယ္ခ်င္းအရင္းႀကီးအားဖဲ့ရတာမဝေသးတဲ့မင္းခန္႔ထည္ကအင္တင္တင္နဲ႔ရပ္လိုက္ၿပီး ကားေနာက္ဖုံးမွ ပန္းစည္းေတြကိုထုတ္လိုက္ေတာ့သည္။
"ေရာ့ဒါ မင္းေကာင္မေလးဖို႔ .. . ..
ပန္းက Princess Alexandra of Kent ႏွစ္သိန္းေက်ာ္ဖိုးေလာက္သုံးထားရတာေနာ္ကိုယ္ေတာ္ ေနာက္လမင္းလစာထဲကအကုန္အျဖတ္ခံရဖို႔ျပင္ထား....."
"သခင္ေလးေျပာေတာ့ Freeဆို...."
'လစာအျဖတ္ခံရမယ္'လို႔လည္းၾကားေကာမူးေဝသြားတဲ့ပိုင္စစ္မွာတစ္ေတာင္နီးပါးေလာက္ႏႈတ္ခမ္းစူေထာ္လာေတာ့ေလသည္။
"အကုန္လုံးသာ Freeဆို ငါ့ဆိုင္အရင္းျပဳတ္သြားလိမ့္မယ္ကြ!"
ဟု မင္းခန္႔ထည္ကပိုင္စစ္ေခါင္းကိုေဒါက္ခနဲေခါက္ခ်ရင္းပိတ္ေဟာက္လာေတာ့အကုန္အက်မမ်ားတဲ့လူလြတ္ကေလးလင္းထြဋ္က ပိုင္စစ္အားသေရာ္သံတို႔နဲ႔ရယ္သြမ္းလာခဲ့ကာ ပန္းစည္းေတြကိုဝိုင္းသယ္ေနေလသည္။
"ေရာ့ ဒါဟန္လင္းထက္အတြက္....."
"ဒါလဲ Freeပဲမွတ္လား....."
မင္းစက္ကလည္းမ်က္ႏွာခ်ိဳေလးေသြးကာေခြၽးေစးေလးေတြျပန္ရင္းေမးလာေလေတာ့ကိုခ်စ္တီးမင္းခန္႔ထည္ကေဟာင္ဖြာေဟာင္ဖြာနဲ႔ေျပာဆိုလာခဲ့ေပသည္။
"ငါအခုအလႉလာလုပ္တယ္လို႔မ်ားမင္းတို႔ထင္ေနၾကတာလားဟမ္....ငါပန္းဖိုး၁၀သိန္းေလာက္ရင္းထားရတာေနာ္ အဲ့၁၀သိန္းထက္ျမတ္မွျဖစ္မယ္!"
သို႔ေနာက္ လင္းထြဋ္႐ွိန္နဲ႔ပိိဳင္စစ္တို႔ဘက္လွည့္ကာ"မင္းတို႔၂ေကာင္ပန္းေတြကိုမေႂကြေစနဲ႔ေနာ္ေကာင္းေကာင္းသယ္လာခဲ့ၾက!!"
ဟူ၍ ပြစိပြစိႏွင့္တတြတ္တြတ္ဆိုရင္းကားေနာက္ဖုံးကိုဂ်ိမ္းခနဲပိတ္ခ်လိုက္ၿပီးေနာက္ အနီေရာင္ႏွင္းဆီပန္းတစ္စည္းကိုပိုက္လ်က္ေက်ာင္းေပၚသို႔ေအးေအးလူလူတက္သြားေလေတာ့သည္။
မင္းစက္က မင္းခန္႔ထည္ရဲ႕ေက်ာျပင္တစ္ေနရာကိုအေနာက္ကေနရပ္ၾကည့္ေနရင္းလင္းထြဋ္ႏွင့္ပိုင္စစ္တို႔နားကပ္ကာခပ္တိုးတိုးေမးလာေလသည္။
"မင္းတို႔သခင္ေလးကအခုတေလာ စီးပြားေရးေသာင္းက်န္းလွခ်ည္လား?"
"ေျပာကိုမေျပာခ်င္ပါဘူးသခင္ေလးရယ္
F Gardenကိုျပန္စီမံခန္႔ခြဲကတည္းကေသာင္းက်န္းေနတဲ့ေသာင္းက်န္းမႈႀကီးက ဥကၠဌႀကီးဦးမင္းထက္ေခါင္ေတာင္လက္လန္ရတယ္......."
"ေတာ္ေတာ့ ပိိဳင္စစ္"
လင္းထြဋ္က႐ုတ္တရက္ဟန္႔တားလာတာေၾကာင့္ ပိုင္စစ္မွာအတင္းတုတ္ေနရာကေနရပ္သြားရၿပီး လင္းထြဋ္ကိုျပန္လွည့္ၾကည့္လိုက္ေလေသာ္ လင္းထြဋ္က သူတို႔ႏွစ္ေယာက္အတင္းတုတ္ေနတာကိုမႀကိဳက္တဲ့ပုံမ်ိဳးႏွင့္မ်က္ခုံး႐ိုးႏွစ္ဖက္ကိုစုၾကဳံ႕ထားေလ၏။
"ဘာလဲ ငါေျပာတာမမွန္လို႔လား?"
"မင္းေျပာတာရပ္ေတာ့ ငါလဲေျပာဦးမယ္......"
အထင္နဲ႔အျမင္တက္တက္စင္ေအာင္လြဲသြားေသာပိုင္စစ္မွာလင္းထြဋ္အား အျပဳံးတုႀကီးႏွင့္လွမ္းၾကည့္လိုက္ေလသည္။ပိုင္စစ္ေျပာၿပီးသြားေတာ့လင္းထြဋ္ကအတင္းဆက္တုပ္ျပန္သည္။
"သခင္ေလးကိုေလ......
ဘာလို႔အဲ့ေလာက္ေတာင္ကပ္စီးကုပ္ၿပီး စီးပြားေရးေသာင္းက်န္းေနရတာလဲလို႔ေမးရင္ သူဘာျပန္ေျဖလဲသိလား??
ငါ႐ွာတာညီ့အတြက္တဲ့.... ညီျပန္လာရင္
ေပါေပါလွ်ံလွ်ံသုံးဖို႔အတြက္႐ွာေပးထားတာတဲ့ေလ..... သခင္ႀကီးနဲ႔သခင္မႀကီးအတြက္က်ေတာ့ေကာဆို
တစ္ျပားမွမပါဘူးတဲ့........ အဲ့တာေၾကာင့္ အခုတေလာ ဥကၠဌႀကီးဆိုေသြးေဆာင့္တက္ေနလို႔ေသြးေဆးေတြဒါဇင္လိုက္ေဆာင္ထားေနရတယ္ဗ်ာ......."
ေရပက္မဝင္ေအာင္ေျပာသြားေသာ လူစားထိုးထားသလားေအာက္ေမ့ရတဲ့အေမာင္လင္းထြဋ္အားပိုင္စစ္မွာပါးစပ္အေဟာင္းသားေလးနဲ႔ၾကည့္ရင္းကုန္းကန္ေတာ့ခ်င္ေလာက္တဲ့အထိျဖစ္သြားရေလသည္။
'အထြဋ္ေရ...မင္းလဲမထင္ရဘူးေနာ္ဟ !'
"ဟားဟားဟား....တကယ့္ေကာင္ပဲ!!! တကယ္ကို
ေမြးရက်ိဳးနပ္လိုက္တဲ့သားေလးပါလား...."
မင္းခန္႔ထည္ရဲ႕လက္႐ုံးေတာ္ႏွစ္ေယာက္စကားၾကားေတာ့မင္းစက္ကဗိုက္ေၾကာေတြနာတဲ့အထိေအာ္ရယ္ေနသည္မွာရပ္မရေတာ့ေပ။
လင္းထြဋ္ႏွင့္ပိုင္စစ္တို႔ကေတာ့ သူတို႔ေခါင္းေတြကိုတြင္တြင္ခါလိုက္ၾကရင္း Lobbyထက္သို႔တက္သြားေသာမင္းခန္႔ထည္အား 'မႏိုင္ဘူး' ဆိုတဲ့အၾကည့္ေတြနဲ႔ၾကည့္ေနခဲ့ၾကေလသည္။
သူ Lobbyေပၚသို႔ေရာက္သြားေသာ္လည္းအေနာက္နား၌ကပ္မပါလာေသာငနဲသုံးေကာင္အား ျပန္လွည့္ၾကည့္လိုက္ကာမီးရထားေခါင္းၿမိဳခ်ထားတဲ့အသံနဲ႔Lobbyကေနထပ္ေအာ္ေျပာလာျပန္ေလသည္။
"မင္းတို႔သုံးေကာင္ ဘာလို႔အခုထိတက္မလာၾကေသးတာလဲ ဆိုင္းေတြဗုံေတြငွားၿပီးပင့္ရဦးမွာလား ဟမ္!!"
'႐ူးၿပီးအသံတိတ္ေနတာေလးကမွေကာင္းဦးမယ္~~~'ဆိုတဲ့ထိုအေတြးက သုံးေယာက္စလုံး၏ဦးေႏွာက္လိႈင္းေတြထက္မွာျဖတ္သန္းသြားပါေသာထပ္တူညီအေတြးလိႈင္းေလးတစ္ခုျဖစ္ေလသည္။
အခမ္းအနားၿပီးေတာ့ ဘြဲဝတ္စုံမ်ားႏွင့္ေမာင္မယ္မ်ားက ဆရာသမားမ်ား၊ မိသားစုဝင္မ်ား၊သူငယ္ခ်င္းမ်ားႏွင့္အမွတ္တရဓာတ္ပုံေတြ႐ိုက္ေနၾကရင္းအလုပ္႐ႈပ္ေနၾကသည္။
"ကိုကို႔ကေလးေလးကလ်ာ .. . .Congratulations☆ပါ
*:.o(≧▽≦)o.:*☆"
ပိုင္စစ္က Princess Alexandra of kentအမ်ိဳးအစားျဖစ္တဲ့ႏွင္းဆီပန္းစည္းေလးအားကလ်ာဆီသို႔ကမ္းေပးလိုက္ရင္းဆိုေလေသာ္ကလ်ာကပါးမို႔ေလးေတြေဖာင္းတက္လာတဲ့အထိျပဳံးသြားရေလ၏။
"ကိုကို႔ကို ကေလးက မလာေတာ့ဘူးလို႔ေတာင္ထင္ထားတာ.....ေက်းဇူးပါကိုကို"
"ကိုကို႔ကေလးေလးဘြဲ႕ယူတဲ့ပြဲကို ကိုကိုကဘာလို႔အလြတ္ခံရမွာလဲ .. . .ဓားေတာင္ကိုေက်ာ္ရေက်ာ္ရ မီးပင္လယ္ကိုပဲျဖတ္ရျဖတ္ရ ကိုကိုကမေရာက္ေရာက္ေအာင္ကိုလာခဲ့မွာ....."
ပိုင္စစ္က ကလ်ာ့မ်က္ႏွာေလးေပၚက်ေနတဲ့ဆံႏြယ္ေလးေတြကို သပ္တင္ေပးရင္းစာေတြဖြဲ႕ေနတဲ့အခ်ိန္မွာေရခဲ႐ိုက္အသံဆိုးႀကီးတစ္သံကျဖတ္ဝင္လာေလသည္။
"ေသာက္အပိုေတြ!"
ထိုအသံေၾကာင့္ပန္းေရာင္ပူေဖာင္းေလးေတြနဲ႔႐ိုမန္႔တစ္ဆန္ေနပါတဲ့Feelingေလးမ်ားဟာတမဟုတ္ခ်င္းက်ဲေတာက္သြားရေတာ့သည္။
ထိုတရားခံမွာတျခားလူမဟုတ္
အီစီကလီလုပ္ေနတဲ့အတြဲေတြကိုဆိုကမ႓ာမေက်မုန္းတီးေန႐ွာတဲ့ တစ္ခ်ိန္က်ရင္ ငွက္ေပ်ာတုံးဖက္ေသမယ့္လင္းထြဋ္႐ွိန္ပင္ျဖစ္သည္။
"မင္းဒီမွာဘာရပ္လုပ္ေနတာလဲ! ငါတို႔ရဲ႕အခ်ိန္ေကာင္းေလးကိုမဖ်က္ဆီးပါနဲ႔လား ေဒါင္းဇားရ!!"
လင္းထြဋ္ကပိုင္စစ္စကားေတြကိုၾကားတယ္လို႔ေတာင္မမွတ္ပဲ ကလ်ာကိုသာ႐ႈၾကည့္ရင္းတည္ၿငိမ္စြာဆိုေလသည္။
"Congratulations ပါ ညီမ"
"ေက်းဇူးတင္ပါတယ္ အကိုလင္းထြဋ္"
"မင္းဘာလို႔မသြားေသးတာလဲ? ဟမ္..႐ွဴး႐ွဴး..."
ထိုစဥ္မင္းခန္႔ထည္ကေတာ့ ႏွင္းဆီပန္းတစ္စည္းကိုလက္ထဲမွာပိုက္ထားလ်က္ႏွင့္ ဟန္လင္းထက္တို႔နဲ႔စကားရပ္ေျပာေနေလသည္။
"Congratulations ပါ ငါ့ညီေလး...."
ဟုဆိုကာမင္းခန္႔ထည္ကဟန္လင္းထက္ရဲ႕ပုခုံးေလးအားပုတ္ေပးလိုက္ေလသည္။
"ေက်းဇူးပါဗ်ာ .. . .. . "
ထို႔ေနာက္ ဟန္လင္းထက္ရဲ႕မ်က္ဝန္းေတြက မင္းခန္႔ထည္လက္ထဲက ႏွင္းဆီပန္းေတြဆီအၾကည့္ေရာက္သြားတာေၾကာင့္ မ်က္ခုံးတို႔အားတြန္႔ခ်ိဳးလိုက္ရင္းနားမလည္စြာဆိုသည္။
"ဒီပန္းေတြကဘယ္သူဖို႔လဲ?"
"ညီ့ဖို႔ေလ....."
"Congratulations ပါေမာင္ေလး..."
သူတို႔စကားဝိုင္းထဲသို႔ ဆည္းလည္းသံေလးလိုသာယာခ်ိဳသာလွတဲ့အသံပိိဳင္႐ွင္မိန္းမလွေလးကဝင္ေရာက္လာခဲ့တာေၾကာင့္ေျပာလက္စစကားတို႔ကျပတ္ေတာက္သြားခဲ့ရသည္။
သူမကိုျမင္ေတာ့ဟန္လင္းထက္ရဲ႕မ်က္ႏွာထက္မွအျပဳံးေတြကခ်က္ခ်င္းဆိုသလိုေအးစက္သြားခဲ့ၿပီးသူဝတ္ေက်တန္းေက်ပဲျပန္ေျဖလိုက္ေလသည္။
"ေက်းဇူးပါ....."
သူမေလးက ေ႐ႊအိုေရာင္ဇာဝမ္းဆက္ေလးကိုဝတ္ဆင္ထားၿပီးဆံထုံးေလးကိုပါယဥ္ယဥ္ေလးထုံးဖြဲ႕ထားတာေၾကာင့္ျမန္မာမိန္းကေလးပီသစြာလွပလို႔ေနသည္။
"ျဖဴ မေတြ႕တာေတာင္ၾကာၿပီေနာ္ ဒါနဲ႔
မင္းဘယ္သူ႕ဆီလာတာလဲ?"
"ငါ့ညီမဝမ္းကြဲေလးဆီလာတာေလ သူမက Chemicalက........"
"Aww... . .မင္းကိုဒီလိုမ်ိဳးျပန္ျမင္ရတဲ့အတြက္ ဝမ္းသာပါတယ္ ျဖဴ...."
"နင့္ကိုလဲ ငါ႐ိႈင္းေဇယံေလးနဲ႔ယွဥ္ၿပီးျပန္ျမင္ခ်င္ပါေသးတယ္ ဇြဲမေလွ်ာ့လိုက္နဲ႔ဦးေနာ္
ခန္႔ထည္ သူနင့္ဆီက်ိန္းေသေပါက္ျပန္လာမွာပါ......"
သူမေလးဟာ အရင္တစ္ခ်ိန္ကအျပဳံးတို႔ထက္အဆေပါင္းမ်ားစြာလွပလြန္းတဲ့အျပဳံးတို႔ကိုျပဳံးေနႏိုင္ခဲ့ၿပီျဖစ္တဲ့အျပင္သူ႕ကိုလဲျပန္ႏွစ္သိမ့္ေပးေနႏိုင္ၿပီျဖစ္ကာ ဟန္လင္းထက္ကိုဂုဏ္ျပဳစကားထပ္ဆိုၿပီးေနာက္ သူမကသူတို႔ရဲ႕စကားဝိုင္းကေနလွည့္ထြက္သြားေတာ့ေလသည္။
"ဒါဆိုငါလဲ ညီ့ဆီသြားလိုက္ဦးမယ္ ဓာတ္ပုံစု႐ိုက္မွပဲ ငါ့ကိုလွမ္းေခၚလိုက္ေနာ္......"
"ေအးေအး"
"Okပါ"
မင္းခန္႔ထည္က မင္းစက္ႏွင့္ဟန္လင္းထက္တို႔ကိုႏႈတ္ဆက္လိုက္ၿပီးေနာက္သုံးထပ္ေဆာင္ရဲ႕ညာဘက္ျခမ္းေလွကားကေနဆင္းသြားေတာ့ေလသည္။
မင္းစက္တို႔ႏွစ္ေယာက္က သူတို႔ရဲ႕ျမင္ကြင္းထဲကေနမင္းခန္႔ထည္ေပ်ာက္ကြယ္သြားတဲ့အထိ အေပၚထပ္မွလွမ္းၾကည့္ေနခဲ့ၾကရင္းေရ႐ြတ္လိုက္ၾကသည္။
"ကိုစက္ သူ႕အေျခအေနကိုဘယ္လိုျမင္လဲ အခုထိမ႐ုန္းထြက္ႏိုင္ေသးတာေတာ့မဟုတ္ဘူးမွတ္လား"
"သူ႐ုန္းထြက္ေတာ့႐ုန္းထြက္ႏိုင္ခဲ့ၿပီးၿပီဆိုေပမယ္္႕ သူနာက်င္ေနရတုန္းပဲ အလင္း .. .
သူ႕မ်က္ဝန္းေတြထဲကေနအကိုျမင္ေနရတယ္.. . "
မင္းခန္႔ထည္ဟာသုံးထပ္ေဆာင္အေပၚဆုံးထပ္ကေနေအာက္ဆုံးအထပ္ကိုဆင္းလာၿပီးေနာက္ First yearအခန္းေတြဘက္သို႔သူ၏ေျခလွမ္းေတြကိုဦးတည္လိုက္သည္။
သူဟာ First yearဘက္အျခမ္းကစႀကႍတစ္ေလွ်ာက္၌ေလွ်ာက္လွမ္းေနခ်ိန္တြင္ တစ္ခ်ိန္ကဒီအခန္းေတြဆီသူလိုက္ပို႔ခဲ့ဖူးတဲ့လူသားေလးတစ္ေယာက္ရဲ႕ပုံရိပ္ေတြက သူ႕ရဲ႕ပုခုံးေဘးဘက္မွာယွဥ္တြဲလို႔ေနလ်က္။
ထိုလူသားေလးရဲ႕လြယ္အိတ္ေလးကိုသူကပုခုံးထက္မွာသိိဳင္းလြယ္ေပးထားလ်က္ေကာင္ကေလးရဲ႕ေသးသြယ္သြယ္ပုခုံးေလးတစ္ဖက္ကိုထိတိုက္ကာေနာက္ေျပာင္ေနခဲ့ေပမယ့္ ထိုလူသားေလးကေတာ့ သူ႕ရဲ႕တည္႐ွိမႈကို ထိုစဥ္အခါကမသိခ်င္ေယာင္ေဆာင္ေနခဲ့ေလသည္။
3/1-6(A) ဆိုတဲ့အခန္းေလးေ႐ွ႕ေရာက္တဲ့အခါမွာ မင္းခန္႔ထည္က သူ႕ရဲ႕ေျခလွမ္းေတြကိုရပ္တန္႔လိုက္ၿပီးေစ့ပိတ္ထားတဲ့အခန္းတံခါးကိုအျပင္ဘက္ဆီသို႔ဆြဲဖြင့္လိုက္ေလသည္။ အခန္းတံခါးဖြင့္လိိဳက္ေတာ့ အခန္းထဲမွာပိတ္ေလွာင္ခံထားရတဲ့ေလေတြက
သူ႕အားတိုက္ခတ္လာရင္း အျပင္ဘက္ဆီသို႔တိုးေဝွ႔ေျပးသြားၾကသည္။
သူအခန္းထဲသို႔ေျခခ်ဝင္လိုက္ေတာ့ သူ၏ လယ္သာ႐ွဴးဖိနပ္ဆီကအသံတို႔ဟာ အလုံပိတ္အခန္းတစ္ခုအတြင္း၌ ေျခလွမ္းတစ္လွမ္းလွမ္းတိုင္းက်ယ္ေလာင္စြာျမည္ဟီးသြားခဲ့သည္။
သူ အလယ္ Rollရဲ႕တတိယေျမာက္ခုံတန္းေလးမွာဝင္ထိုင္လိုက္ၿပီးေနာက္ ညာဘက္ေထာင့္ေနရာေလးသို႔သူညင္သာစြာထိကိုင္လိုက္ရင္းျပဳံးမိေလသည္။
ဒီေနရာေလးက တစ္ခ်ိန္တုန္းက ညီထိုင္ခဲ့တဲ့ေနရာေလးေပါ့ သူကဒီေနရာေလးမွာပဲအၿမဲတမ္းထိုင္ၿပီးစာေတြလိုက္မွတ္ေနခဲ့တာေလ....
က်ေနာ္အတန္းေ႐ွ႕ကျဖတ္သြားၿပီးအတန္းထဲကိုတစ္ခ်က္တစ္ခ်က္ၾကည့္သြားတဲ့အခါတိုင္း သူကက်ေနာ္႕ကိုတစ္ခါမွမျမင္ခဲ့ဖူးဘူး ခုံေပၚကစာအုပ္ေတြဆီမွာပဲ
သဲႀကီးမဲႀကီးလိုက္မွတ္ေနခဲ့လို႔ေလ.........
" မင္းေလးအတြက္ ႏွင္းဆီပန္း၂၁ပြင့္.ကိုယ္ယူလာခဲ့တယ္ ...မင္းေလးကိုလည္း ဘြဲ႕ဝတ္စုံေလးနဲ႔ ကိုယ္ ျမင္ခ်င္လိုက္တာကြာ မင္းအခုဘယ္မ်ားေရာက္ေနလဲဟင္?
မင္း ကိုယ့္ကိုေမ့မ်ားေမ့သြားၿပီလား......."
ေတာက္~~ေတာက္~~ေတာက္~~
သူေက်ာခိုင္းထားတဲ့အခန္းတံခါးဆီကေနထြက္ေပၚလာတဲ့အသံတစ္ခုေၾကာင့္ အခန္းေ႐ွ႕သို႔အလ်င္အျမန္သူထြက္ၾကည့္မိသည္။
စႀကႍတစ္ေလွ်ာက္လုံးမွာ႐ွင္းလင္းေန၍တိတ္ဆိတ္ၿငိမ္သက္ေနကာ မေလး႐ွားပိေတာက္ပင္ေတြဆီကေနထြက္ေပၚလာတဲ့ေလတိုးသံေလးေတြမွအပ အရာအာလုံးက ဆိတ္ၿငိမ္လြန္းလွၿပီး လူအရိပ္ေလးတစ္ရိပ္ေတာင္မွမေတြ႕ခဲ့ရေပမယ့္ အခန္းေ႐ွ႕႐ွိတံခါးပတၱာေလးေတြကေတာ့ လႈပ္ရမ္းေန႐ွာသည္။
ထိုအသံဟာတံခါးပတၱာေလးေတြကိုတစ္စုံတစ္ေယာက္ကေဆာ့ကစားသြားတာေၾကာင့္ထြက္ေပၚလာတဲ့အသံျဖစ္ကာ လႈပ္ရမ္းေနတဲ့ပတၱာေလးေတြကတံခါးေဘာင္ေလးေတြနဲ႔ထိခတ္ၿပီးထြက္ေပၚလာခဲ့ျခင္းေပ။
First yearဘက္ျခမ္းတစ္ျခမ္းလုံးကို သူလိုက္ေလွ်ာက္ၾကည့္ခဲ့ေပမယ့္ေခြးတစ္ေကာင္ေၾကာင္တစ္ၿမႇီးမွမေတြ႕ခဲ့ရတာေၾကာင့္စႀကႍအလယ္မွာခါးေထာက္ရပ္ကာစဥ္းစားေနစဥ္မွာပင္ ေဘာင္းဘီအိတ္ကပ္ထဲမွဖုန္းက႐ုတ္တရက္ထျမည္လာေလသည္။
"Hello ေျပာ!"
မင္းခန္႔ထည္္ဖုန္းျပန္ေျဖလိုက္ရင္းေျခလွမ္းေတြကိုျပန္လွည့္လိုက္ေလသည္။
"မင္းဘယ္မွာလဲ? ျပန္လာေတာ့ေလကြာ ဒီမွာဆက္ေနာင္တို႔ကမင္းကိုေတြ႕ခ်င္ေနလို႔တဲ့...."
"Ok...ငါအခုပဲျပန္လာခဲ့မယ္"ဟုေျပာကာဖုန္းခ်လိုက္ၿပီးေနာက္ေျခလွမ္းက်ယ္ႀကီးေတြနဲ႔ထိုေနရာကေနထြက္လာခဲ့လိုက္ေလသည္။
ထြက္ခြာသြားတဲ့သူ႕ရဲ႕ေက်ာျပင္ေလးကိုအေနာက္ဘက္နံရံတစ္ခုအကြယ္ကေနတိတ္တခိုးရပ္ၾကည့္ေနခဲ့တဲ့ အရိပ္ကေလးတစ္ရိပ္႐ွိေနမွန္း သူမသိခဲ့ေပ။မင္းခန္႔ထည္ထြက္ခြာသြားၿပီးမၾကာခင္ပင္ ထိုအရိပ္ေလးကပုံးကြယ္ေနရာမွထြက္လာကာ ေျခလွမ္းေလးေတြကိုဖြဖြေလးနင္းရင္း 3/1-6(A)အခန္းထဲသို႔ေလွ်ာက္ဝင္သြားခဲ့ေလသည္။
မင္းခန္႔ထည္သုံးထပ္ေဆာင္ေပၚသို႔ျပန္ေရာက္ေတာ့ မင္းစက္တို႔အဖြဲ႕မွာလူစုံေနၿပီျဖစ္သည္။
"Wow! အကိုမင္းခန္႔ထည္ မေတြ႕တာၾကာလို႔လားမသိ ပိုေခ်ာလာသလားလို႔"
"ဟင္း လာေျမႇာက္မေနနဲ႔ အေျမႇာက္ခံရတိုင္းမင္းလက္ထဲကပန္းဖိုးကို Freeထားေပးမယ္မ်ားမွတ္ေနလား?....."
"...."
ထိုအခါဆက္ေနာင္ခမ်ာဆြံ႕အသြားရကာစကားပင္ဆက္မေျပာႏိုင္ေတာ့ေပ။
"ငါမေျပာဘူးလား ဆက္ေနာင္ ငါေျပာတာကိုမင္းမွမယုံဘဲ အခုလိုကာယကံ႐ွင္ဆီကေနတိုက္႐ိုက္ၾကားလိုက္ရေတာ့ဘယ္လိုေနလဲ ကို႔ပါးကိုယ္ ျပန္႐ိုက္ခ်င္တာတို႔ဘာတို႔လုပ္ခ်င္ေနၿပီမွတ္လား ဒါေပမယ့္ စိတ္ေတာ့မေကာင္းဘူးကြာ .....မင္းပါးကိုျပန္႐ိုက္လည္းနာ႐ုံပဲ႐ွိမယ္ အိမ္မက္ကေနေတာ့လန္႔မႏိုးႏိုင္ဘူး ငါ့ေကာင္ေရ ...."
မင္းစက္ကဆက္ေနာင္အားထိုသို႔ဆိုၿပီးေနာက္ မင္းခန္႔ထည္ကိိဳမ်က္ေစာင္းထိုးရင္းေစာင္းေထ့လာေလ၏။
"ၾကည့္ေန မင္းခန္႔ထည္ ! ႐ိႈင္းေဇယံေလးျပန္လာတဲ့တစ္ေန႔က် မင္းသိမ္းက်ံဳးၿပီးအျမတ္ထုတ္ထားသမွ် အကုန္အတိုးခ်ၿပီးျပန္အမ္းခိုင္းပစ္မယ္!"
"ဟုတ္တယ္အကိုမင္းစက္ အဲ့အခ်ိန္က်
က်ေနာ္႕ကိုလဲလက္တို႔ပါဦး က်ေနာ္တို႔ F Gardenမွာကုန္ထားခဲ့ရတဲ့ ပိုက္ဆံေတြမနဲဘူးဗ်!"
"အဟက္အတိုင္အေဖာက္ေတြညီေနလိုက္ၾကတာ .. . ငါကမင္းတို႔ေတြကိုဝရင္းတုတ္ဆြဲၿပီးငါ့ဆိုင္ထဲကိုအတင္းေမာင္းထည့္ေနလို႔လား မင္းတို႔ဘာသာမင္းတို႔ Surpriseပြဲေတြလာလုပ္ၾကတာမဟုတ္ဘူးလား?
အဲ့တာမ်ားငါကဘာကိစၥျပန္အမ္းရမွာတုန္း! မင္းတို႔လင္ေတြဆီကအသံတစ္ခ်က္မွမထြက္ဘူး မင္းတို႔ပဲအသံထြက္ေနၾကတာ ေခြးေကာင္ေတြ!"
ဟုဆိုရင္းမင္းစက္ႏွင့္ဆက္ေနာင္တို႔ရဲ႕နား႐ြက္မ်ားကိုဆြဲလိမ္လိုက္ေတာ့ေလသည္။
"အလင္းေရ ဒီေကာင္ႀကီးစိတ္ေဖာက္ၿပီးကို႔ကိုသတ္ေနၿပီကယ္ပါဦး!"
"ေဘဘီေရ ေနာင့္ကိုကယ္ပါဦးဟ!!"
အသံၿပဲႀကီးႏွင့္ထေအာ္ေနတဲ့ႏွစ္ေယာက္ကို မင္းခန္႔ထည္ကလႊတ္မေပးဘဲပို၍သာဆြဲလိမ္ထားခဲ့ေလသည္။ေဘးနားက ေနသူရိန္ႏွင့္ဟန္လင္းထက္တို႔မွာရပ္မၾကည့္ႏိုင္ေတာ့တဲ့အဆုံး ဘြဲ႕ဝတ္စုံႀကီးတကားကားႏွင့္ဆြဲၾကရမ္းၾကရင္းဗ႐ုတ္က်ေနၾကတဲ့ထိုျမင္ကြင္းကိုကလ်ာတို႔သုံးေယာက္ကေတာ့အေဝးကေနရပ္ၾကည့္ေနကာ မ်က္ရည္ေတြပါထြက္တဲ့အထိပြဲက်ေနၾကေလသည္။
ထိုအခိုက္ျဖဴစင္ေသာ္က ကလ်ာတို႔နံေဘးကေနျဖတ္သြားခဲ့စဥ္သူမရဲ႕ႏွာေခါင္းဝေလးထဲသို႔တိုးဝင္လာေသာ ရနံ႔ေလးတစ္ခုေၾကာင့္သူမရဲ႕ေျခလွမ္းေတြကိုရပ္တန္႔မိလိုက္သည္။သူမရဲ႕မ်က္ဝန္းေတြက ကလ်ာေထြးပိုက္ထားေသာ Princess Alexandra of Kentဆိုတဲ့ႏွင္းဆီပြင့္ေလးေတြကိုေဆြးျမည့္စြာေငးၾကည့္လို႔ေနခဲ့ရင္း သူမရဲ႕ပါးျပင္ေပၚ၌ မ်က္ရည္ေလးတစ္စက္က စြတ္စိုသြားခဲ့ရသည္။
ကိုယ္မ႐ွိလဲ အတတ္ႏိုင္ဆုံးေပ်ာ္႐ႊင္စြာ႐ွင္သန္သြားပါျဖဴ~~~~~
ကိုကမင္းေဘးနားမွာေနရင္းမင္းကိုမဖက္ထားႏိုင္ေတာ့ဘူးဆိုေပမယ့္ မင္းရဲ႕ဒီႏွလုံးသားေလးထဲမွာေတာ့ ကိုကထာဝရ႐ွင္သန္ေနတယ္ဆိုတာေတာ့ မင္းေလးအၿမဲတမ္းမွတ္ထားေပးပါေနာ္.........
သွ်ားထက္ေမာင္မ႐ွိေတာ့တဲ့အခ်ိန္္ကာလတြင္လည္း သူမဟာအက်ည္းတန္လြန္းတဲ့အတိတ္ရဲ႕ေျခရာေတြဆီကေန ေႏွာင္ဖြဲ႕ျခင္းကင္းမဲ့စြာျဖင့္ အလြတ္လပ္ဆုံးပ်ံသန္းႏိုင္ခဲ့ေလၿပီ။
ေန႔လည္ပိုင္းအခ်ိန္ေရာက္ေတာ့ေမဂ်ာေပါင္းစုံကသူငယ္ခ်င္းမ်ားစြာႏွင့္အတူအမွတ္တရဓာတ္ပုံေတြထပ္႐ိုက္ၾကၿပီးေနာက္ ဘြဲ႕ဝတ္စုံကိုယ္စီနဲ႔ေမာင္မယ္မ်ားက ဘြဲ႕ဦးထုပ္ေလးေတြကိုေကာင္းကင္ယံဆီသို႔ပစ္ေျမႇာက္လိုက္ၾကရင္း သူတို႔ဘဝရဲ႕တန္ဖိုးအ႐ွိဆုံးေန႔ရက္ေလးတစ္ရက္ကိုအမွတ္တရေပါင္းမ်ားစြာႏွင့္ျဖတ္သန္းခဲ့ၾကေလသည္။
ဘြဲ႕ႏွင္းသဘင္၌အခ်ိန္ေတာ္ေတာ္ၾကာေနေပးၿပီးတဲ့ေနာက္မင္းခန္႔ထည္က သူ၏ဂ်ဴနီယာေလးမ်ားကိုႏႈတ္ဆက္ခဲ့လိုက္ကာ ပြဲအခမ္းအနားကေနထြက္လာခဲ့ေတာ့သည္။
လင္းထြဋ္ႏွင့္ပိိဳင္စစ္ကိုေတာ့ ကား standဘက္၌ခနေစာင့္ခိုင္းခဲ့ကာ သူကေတာ့Archiေဆာင္ဘက္သို႔ထပ္မံထြက္ခြာသြားျပန္သည္။
Archiေဆာင္ေ႐ွ႕ကစိန္ပန္းပင္ႀကီးကေတာ့ လြန္ခဲ့တဲ့၆ႏွစ္တုန္းကအတိုင္းပင္ နီေဆြးေဆြးအပြင့္ေလးေတြနဲ႔ေဝေဝဆာဆာပြင့္လန္း႐ွင္သန္ေနဆဲပင္။
"အခု ညီဘယ္မွာလဲလို႔ထပ္ေမးရင္ ဟိုတစ္ခါေမးတုန္းကလိုပဲ အနီေရာင္ပန္းေလးတစ္ပြင့္ကိုေႁခြခ်ေပးဦးမွာလား?"
ဟု သူဆိုလိုက္ေပမယ့္ ဒီတစ္ခါမွာေတာ့ သူ႕ရဲ႕ပုခုံးထက္ဆီသို႔ဘာပန္းပြင့္မွေႂကြက်မလာေတာ့တာေၾကာင့္ မင္းခန္႔ထည္က စိန္ပန္းပင္ႀကီးရဲ႕ကိုယ္ထည္ကိုထိကိုင္လိုက္ရင္းျပဳံးေနခဲ့ေလသည္။
"အဲ့ဒါဘာလုပ္ေနတာလဲ? ကိုမင္းခန္႔ထည္!"
႐ုတ္တရက္ဟိန္းထြက္လာတဲ့ရင္းႏွီးေနက်အသံေလးတစ္သံေၾကာင့္ သူေနာက္သို႔အျမန္လွည့္ၾကည့္မိလိုက္သည္။
ဒီ...ဒီအသံက !! !
"ညီ ! ညီမွတ္လား? "
"႐ွိိဳင္းေလးမင္းဘယ္မွာလဲ!"
သူေအာ္ဟစ္ကာေမးလိုက္ေပမယ့္ အတန္ငယ္ၾကာတဲ့အထိေလတိုးသံကလြဲ၍ဘာစကားျပန္မွျပန္မၾကားရတာေၾကာင့္ေခါင္းငုံ႔ခ်လိုက္ရင္းစိတ္ပ်က္သြားခဲ့ရကာ သူ႕ကိုယ္သူေလွာင္ရယ္ရယ္လိုက္ေလ၏။
'ဒီတစ္ခါလဲ ထပ္ၿပီးထင္ေယာင္ထင္မွားျဖစ္ေနျပန္ၿပီ'
"ႏွင္းဆီပန္း ၂၁ပြင့္က ဘယ္ေကာင္မေလးဖို႔ သြားထားထားတာလဲလို႔?"ဆိုတဲ့အသံေလးကိုထပ္ၾကားလိုက္ရတဲ့အခါမွာေတာ့ သူမျပဳံးပဲမေနႏိုင္ေတာ့ေပ။
'ေနစမ္းပါဦး .. . . ဒါကေတာ့ေသခ်ာတယ္ထင္ေယာင္ထင္မွားျဖစ္တာမဟုတ္ေတာ့ဘူး'
"႐ိႈင္းေလး မင္းေလးဘယ္မွာလဲ?"
မင္းခန္႔ထည္ကဝမ္းသားအားရျဖစ္စြာျပန္ဟစ္ေမးလိုက္၍ ထပ္နားေထာင္ေနလိုက္ေပမယ့္လို႔ ထပ္ၿပီးဘာအသံမွမၾကားရေတာ့ေပ။
"႐ိႈင္းေလး မင္းအခုဘယ္မွာလဲလို႔!"
မင္းခန္႔ထည္ရဲ႕အသံေတြဟာတျဖည္းျဖည္းျပာဝင္အက္ကြဲလာခဲ့ရသည္။
သူအရပ္ေလးမ်က္ႏွာကိုေဝ့ဝဲၾကည့္လိုက္ေပမယ့္ ႐ိႈင္းေဇယံနဲ႔တူတဲ့အရိပ္အေယာင္ကိုတစ္စြန္းတစ္စမွ်မျမင္ရေပ။
"က်ေနာ္႕ကိုေတြ႕ခ်င္ရင္ေတြ႕ေအာင္႐ွာေပါ့ .. "
မင္းခန္႔ထည္ဟာထိုအသံလာရာကိုနားစြင့္ၿပီးလိုက္သြားေတာ့ ဒီအသံက Archiေဆာင္ထဲကေနထြက္လာတဲ့အသံျဖစ္ေၾကာင္းသူသိသြားခဲ့ေလသည္။
ေလွကားေလးေပၚအေျပးတက္သြားၿပီး အေပၚထပ္လသာေဆာင္ကိုေရာက္ေတာ့ 3/1-6(A)အခန္းထဲမွာသူထားထားခဲ့တဲ့ႏွင္းဆီပန္းစည္းေလးကခုံတန္းလ်ားေလးထက္တြင္႐ွိေနခဲ့တာကိုေတြ႕လိုက္ရေသာ္လည္းပန္းစည္းရဲ႕ပိုင္႐ွင္ေလးကိုေတာ့ သူဘယ္လို႐ွာ႐ွာ ႐ွာမေတြ႕ခဲ့ေခ်။
"႐ိႈင္းေဇယံ! မင္းကို႔ကိုမေနာက္ပါနဲ႔ေတာ့ကြာ ေက်းဇူးျပဳၿပီး ထြက္လာပါေတာ့ ကိုယ္တစ္ခါထပ္ၿပီး႐ူးသြားတာကိုျမင္ခ်င္လို႔လား?"
"ညီလို႔ေတာင္မေခၚေတာ့ပါလား ညီလို႔ေခၚရင္ထြက္လာခဲ့မယ္ေလ.. . .. "
နံရံအကြယ္ေလးေနာက္က ႐ိႈင္းေဇယံေလးကသာ႐ႊတ္ေနာက္ေနာက္ကေလးေျပာေနေပမယ့္လို႔ ၆ႏွစ္ၾကာမွ်ေစာင့္ခဲ့ရတဲ့အခ်စ္႐ူးႀကီးမင္းခန္႔ထည္ကေတာ့ ခ်ာခ်ာလည္ကာအ႐ူးတစ္ပိိဳင္းျဖစ္ေနရေလၿပီ။
"ညီ....ညီ.....ညီ.... ညီ....ညီ ကိုယ္ေခၚေနၿပီေလ .. . . ထြက္လာပါေတာ့ကြာ! ကိုယ္ေတာင္းပန္ပါတယ္။ ကိုယ့္ကိုမေနာက္ပါနဲ႔ေတာ့ အဆိုးေလးရာ"
မင္းခန္႔ထည္က သမမ္သလင္းေပၚမွာဒူးေထာက္ထိုင္ခ်ရင္း ႐ိႈင္းေဇယံေလးအားအလူးအလဲေတာင္းပန္ေန႐ွာသည္။
ဒူးေထာက္ထိုင္ခ်ေနတဲ့ မင္းခန္႔ထည္ရဲ႕ေက်ာျပင္ေလးႏွင့္နီးရာဆီသို႔ ႐ွည္သြယ္သြယ္နဲ႔ေကာင္ကေလးကတိုးဖြညင္သာစြာေလွ်ာက္လွမ္းလာခဲ့ၿပီးေနာက္ သူ႕ခ်စ္သူရဲ႕မ်က္ဝန္းႏွစ္ဖက္ကိုသူ၏လက္ေသးေသးေလးႏွစ္ဖက္ႏွင့္အုပ္ကိုင္လိုက္တဲ့အခါမွ မင္းခန္႔ထည္တစ္ေယာက္ခ်က္ခ်င္းၿငိမ္က်သြားရသည္။
"ညီ~~~မင္းေလး ျပန္လာၿပီေပါ့"
သူ၏မ်က္ဝန္းထက္မွ ေအးစက္ေနတဲ့လက္ဖ်ားေသးေသးေလးေတြကိုဆုပ္ကိုင္လိုက္ၿပီးထရပ္လိုက္ကာေနာက္ေက်ာထက္ဆီမွ သူ၆ႏွစ္တာေစာင့္ေမွ်ာ္ခဲ့ရတဲ့ခ်စ္သူေကာင္ေလးရဲ႕မ်က္ႏွာေလးအားညင္သာဖြ႐ြစြာထိကိုင္ၾကည့္ေန႐ွာေလသည္။
သူ႕ရဲ႕မ်က္ဝန္းအိမ္တို႔ထဲမွာမ်က္ရည္ၾကည္တို႔ကေက်နပ္ေပ်ာ္႐ႊင္စြာျဖင့္ျပည့္ႏွက္ေနလို႔။
သူ႕ခ်စ္သူေလးသူ႕ဆီျပန္ေရာက္လာခဲ့တယ္ဆိုတဲ့ဒီလိုျမင္ကြင္းေလးဟာဆိုရင္ ၆ႏွစ္တာမက္ခဲ့တဲ့အိမ္မက္ေတြထဲမွာပဲႏွစ္ေတာင္း႐ွည္ၾကာစြာျဖစ္တည္ေနခဲ့ၿပီး သူ၏လက္ေတြ႕ဘဝမွာေတာ့အမွန္တကယ္ျဖစ္လာဖို႔ဆိုတာအလြန္အမင္းခက္ခဲပင္ပန္းလွေပသည္။ထို႔ေၾကာင့္ အခုပုံရိပ္ေလးကို သူမယုံၾကည္ႏိုင္ေလာက္ေအာင္ျဖစ္ေနမိရ၏။
"တကယ္ျပန္လာၿပီေပါ့ေနာ္....ကို႔ရဲ႕ကေလးေလး ကိုယ့္ရဲ႕႐ိႈင္းေလး .....ဒါအိမ္မက္မဟုတ္ပါဘူးေနာ္ ...ဒါသာအိမ္မက္ဆိုကိုယ္တကယ္ေသလိမ့္မယ္ ....."
လြမ္းေဆြးမ်က္ရည္ေလးေတြဝဲေန႐ွာတဲ့႐ိႈင္းေဇယံေလးကလည္းသူ႕ခ်စ္သူရဲ႕ပါးျပင္ေပၚကမ်က္ရည္တြကိုဖိသုတ္ေပးလိုက္ရင္းတဖြဖြဆိုလာသည္။
"အင္းဒါကအိမ္မက္မဟုတ္ဘူး
အခု ကိုခန္႔ဆီက်ေနာ္တကယ္ျပန္လာခဲ့ၿပီမို႔ လို႔ေနာက္တစ္ခါက်ေနာ္ထပ္မထြက္သြားႏိုင္ေအာင္က်ေနာ္႕ကိုတင္းတင္းၾကပ္ၾကပ္ကေလးဖက္ထားဖို႔ေတာ့လိုမယ္ေနာ္....."
"အင္း ကိုယ္ဘယ္ေတာ့မွ မင္းေလးကိုလက္မလႊတ္ဘူး...မလႊတ္စတမ္းကိုတစ္သက္လုံးဖက္ထားပစ္မွာ"
ဟု႐ိႈက္ကာဆိုရင္းမင္းခန္႔ထည္က ႐ိႈင္းေဇယံရဲ႕ႏွဖူးေလးအားအျမတ္တႏိုးနမ္း႐ိႈက္လိုက္ေလသည္။ထို႔ေနာက္ ႐ိႈင္းေဇယံေလးကိုေပြ႕ဖက္လို႔ထားရင္း ၃၆၀ဒီဂရီလည္တဲ့အထိ ေကာင္ေလးရဲ႕ကိုယ္ေလးကိုေဝ့ယမ္းလိုက္ေလေတာ့သည္။
"ကိုခန္႔ေတာ္ၿပီ က်ေနာ္မူးတယ္လို႔!!!"
Archiေဆာင္ရဲ႕ဆယ္မိုင္ပတ္ပတ္လည္အထိပ်ံ႕ႏွံ႔သြားေသာေကာင္ေလးႏွစ္ေယာက္ရဲ႕ရယ္သံသဲ့သဲ့ေလးေတြဟာ အေဆာင္ေဘးနားကေနျဖတ္သြားၾကတဲ့ၾကားလိုက္ရသူတိုင္းအဖို႔ အလြန္ပင္ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္ေကာင္းလွေပသည္။
အေဆာင္ေအာက္၌ရပ္နားေထာင္ေနခဲ့ေသာ လင္းထြဋ္ႏွင့္ပိုင္စစ္ပင္လွ်င္ ေျပာမျပတတ္ေအာင္ေပ်ာ္႐ႊင္ေနၾကကာ ပိုင္စစ္မွာမူအေပ်ာ္လြန္ၿပီးမ်က္ရည္ေတြပါထြက္လာတာေၾကာင့္ လင္းထြဋ္ကပိုင္စစ္အားမဖက္ခ်င္ဖက္ခ်င္ႏွင့္ဖက္ထားေပးရေလသည္။
ထိုအခ်ိန္မွာပင္ '႐ႊတ္' ဆိုတဲ့အသံတစ္သံၾကားလိုက္ရတဲ့အခိုက္လင္းထြဋ္ရဲ႕မ်က္ႏွာႀကီးကေမွာင္မဲသြားၿပီးမ်က္ေမွာင္ၾကဳတ္သြားရေလသည္။
"မင္းအခုဘာလုပ္လိုက္တာလဲ ! "
"Sorryကြာ လင္းထြဋ္ရာ ငါစိတ္မထိန္းႏိုင္ဘဲ ႏွပ္ေခ်းညႇစ္မိသြားတာ......."
"ဒီေဖ!!"
စိတ္လက္တဆစ္နဲ႔လင္းထြဋ္ဟာ ေနာက္ဆုံးသည္းမခံႏိုင္ေတာ့ဘဲပိုင္စစ္အားဖြက္ဖြက္ညက္ညက္ေၾကေအာင္ ေဆာင့္ကန္ပစ္လိုက္ပါေတာ့သည္။
ဒီေန႔မနက္အေစာပိုင္းကတည္းကခြဲစိတ္ခန္းဝင္ေနရတဲ့စိုင္းသီဟတစ္ေယာက္ Operation ၅ခုအၿပီးမွာ သူ၏နားေနခန္းသို႔ျပန္ဝင္လာၿပီးခနအနားယူေနလိုက္သည္။
သူ၏မ်က္ဝန္းေတြကိုပိတ္စင္းထားလ်က္ခနလွဲေနစဥ္မွာပင္ တုန္ခါလာတဲ့ဖုန္းသံေလးေၾကာင့္ ေလးလံေနတဲ့မ်က္ဝန္းေတြကို မနဲတြန္းဖြင့္ရင္းဖုန္းကိုအျမန္ယူၾကည့္လိုက္ေလသည္။
[ကိုစိုင္း Long Time No Seeပါဗ်ာ......
က်ေနာ္ကိုႀကီးကိုကြန္ဒိုမွာတစ္ေယာက္တည္းခ်န္ထားမိခဲ့လို႔ ကိုစိုင္းဒီေန႔ က်ေနာ္႕ကိုႀကီးနဲ႔အေဖာ္သြားေနေနေပးလို႔ရမလား😌😉
ကိုစိုင္းရဲ႕ေသြးေသာက္ညီကိုေလးကိုကူညီပါေနာ္ 😗🙏🙏]
ထိုMessageေလးကိုဖတ္ၿပီးသြားတဲ့အခါမွာေတာ့ စိုင္းသီဟခမ်ာမနက္ကကုန္ခမ္းသြားတဲ့အားအင္ေတြ အကုန္လုံးျပန္ျပည့္လာသလိုခံစားလိုက္ရၿပီး ဂ်ဴတီကုတ္ကိုခ်က္ခ်င္းခြၽတ္ပစ္လိုက္ကာ ေဆး႐ုံထဲကေနတဟုန္ထိုးေျပးထြက္လာခဲ့ေတာ့သည္။
"Dr!! Operation ၂ခုက်န္ေသးတယ္ေလ!" ဆိုတဲ့Nurseေလးရဲ႕စကားကိုေတာင္ေနာက္လွည့္မၾကည့္စတမ္းေျပးလႊားရင္းေအာ္ေျပာသြားခဲ့ေလသည္။
"Sorryပါဗ်ာ က်ေနာ္႕ေနရာမွာတျခား Dr. တစ္ေယာက္နဲ႔အစားထိုးလိုက္ေတာ့ေနာ္
က်ေနာ္အရမ္းအေရးႀကီးတဲ့ကိစၥ႐ွိေနလို႔!"
ထို႔ေနာက္ အျဖဴေရာင္မာစီတီးကားေလးကေဆး႐ုံကေနအ႐ွိန္ျပင္းစြာေမာင္းထြက္သြားေတာ့ေလသည္။
တင္း ေတာင္~~~~~~
ဘဲလ္တီးသံေလးအဆုံး၌တစ္စုံတစ္ေယာက္ကအခန္းတံခါးကိုလာဖြင့္ေပးခဲ့ေလသည္။
အခန္းထဲကလူသားေလးကအခန္းေ႐ွ႕၌ရပ္ေနသူအားျမင္ေသာ္မလႈပ္မယွက္ႏွင့္အတန္ၾကာစိုက္ၾကည့္လို႔ေနခဲ့သည္။
စိုင္းသီဟက သူ၏လက္ေမာင္းႏွစ္ဖက္ကို
ဆန္႔တန္းလိုက္ရင္း ႐ိႈင္းဆက္ယံအားသူ၏ရင္ခြင္ထဲသို႔လာဖို႔ေခၚလိုက္တဲ့အခါ ႐ိႈင္းဆက္ယံက ေဖ်ာ့ေဖ်ာ့ေလးျပဳံးလ်က္ စိုင္းသီဟရဲ႕အေႏြးဆုံးေသာရင္ခြင္ထဲသို႔သူ၏ကိုယ္ကိုအေျပးပစ္ခြင္းလိုက္ေပေတာ့သည္။
"ဟားဟား....ယံေလး ....မင္းကိိဳယ့္ကိုအဲ့ဒီေလာက္ေတာင္လြမ္းေနခဲ့တာလား?"
ဒီေန႔ေလးရဲ႕ေနဝင္ဆည္းဆာအေရာင္ေလးေတြဟာ သက္တန္႔ေလးေတြကြန္႔ျမဴးေနလ်က္အလြန္အမင္းလွပလြန္းလွၿပီး အခ်စ္ငွက္ေလးေတြကကိုယ္စီအေတာင္ပံေတြျဖန္႔က်က္ရင္း သူတို႔ခ်စ္ရသူေတြနဲ႔အတူ ေနဝင္အိပ္တန္းတက္ဖို႔ရာအခ်စ္အရိပ္အျမဳံမ်ားဆီသို႔ ပ်ံသန္းသြားၾကေလၿပီ.........
အခ်စ္ဆိုတာပူေလာင္ရတယ္ နာက်င္ရတယ္ ေၾကကြဲဝမ္းနည္းရတယ္ဆိုေပမယ့္ ထိုဒဏ္ရာေတြကိုကုသေပးမယ့္တစ္စုံတစ္ေယာက္ မင္းရဲ႕ေဘးနားမွာ႐ွိလာတဲ့အခါ မင္းေၾကာက္႐ြံ႕ေနတဲ့အခ်စ္ဆိုတဲ့အရာကို မင္းတျဖည္းျဖည္းသေဘာက်လာပါလိမ့္မယ္။
မင္းခ်စ္တတ္လာတဲ့အခါက် မင္းအေပ်ာ္႐ႊင္ဆုံးေပ်ာ္႐ႊင္ေနရလိမ့္မယ္။ဘယ္ေလာက္ပဲၾကဳံေတြ႕ရမယ့္ေလာကႀကီးကခက္ခဲၾကမ္းတမ္းေနပါေစ မင္းကသူ႕ရဲ႕လက္ကေလးကိုဆြဲကိုင္ရင္း အေကာင္းမြန္ဆုံးျဖတ္ေက်ာ္ႏိုင္တယ္ဆိုတဲ့သတၱိခြန္အားေတြမင္းဆီမွာအလိုလိုအျပည့္႐ွိလာပါလိမ့္မယ္။
သူဆိုတဲ့အေၾကာင္းျပခ်က္ေလးတစ္ခုတည္းနဲ႔ေပါ့...........
မင္းခန္႔ထည္မွာ ဒုတိယအႀကိမ္ထပ္ထုတ္ေဝမည့္ Laptopထက္႐ွိ
HE= MY FIRST LOVEဝတၱဳေလးရဲ႕အၿပီးသတ္စာမူေလးအား တစ္လုံးခ်င္းစီတန္းကာ႐ိုက္ခ်လိုက္ၿပီးေနာက္ သူ၏ Laptopေလးကိုေခါက္ပိတ္လိုက္ေလသည္။
ျခံဝန္းထဲမွာပန္းခ်ီဆြဲေနတဲ့ေကာင္ငယ္ေလးအား ဝရံတာေပၚကေန ျမတ္ႏိုးျခင္းမ်ားစြာျဖင့္ေငးစိုက္ၾကည့္ေနၿပီးေနာက္ ထိုေကာင္ေလး႐ွိရာဆီသို႔ေျပးဆင္းသြားခဲ့ေတာ့သည္။
က်ေနာ္ကိုယ္တိုင္ကလဲ ႐ိႈင္းေဇယံဆိုတဲ့အေၾကာင္းျပခ်က္ေလးတစ္ခုနဲ႔တင္ ဆက္႐ွင္သန္ေနမည္ျဖစ္ကာ က်ေနာ္႕ရဲ႕အနာဂတ္လမ္းတို႔ဟာဘယ္ေလာက္ပဲခက္ခဲၾကမ္းတမ္းေနပါေစ မေၾကာက္မ႐ြံ႕ေ႐ွ႕ဆက္ေလွ်ာက္လွမ္းေနဦးမွာပင္။
သူ႕ရဲ႕လက္ကေလးကိုမလႊတ္စတမ္းအေႏြးေထြးဆုံးဆုပ္ကိုင္ထားရင္းေပါ့.......
~~~~~~THE END~~~~~~
(21.7.2020)
••••••••••••••••••••••••••••••••••••••••••••••••••
ဆုရဲ႕ ဒီ Ficေလးကိုအဆုံးထိဖတ္ေပးၾကတဲ့ စာဖတ္သူေလးေတြအားလုံးကိုတကယ္ကိုအႏူးအၫႊတ္ေက်းဇူးတင္ပါတယ္😇😇။
ဆုရဲ႕ပထမဆုံးအေရးအသားကအရမ္းႀကီးမေကာင္းတဲ့အတြက္လည္းေတာင္းပန္ပါရေစ🙏🙏။ ဆုရဲ႕အေရးအသားမေကာင္းေသးတဲ့ဒီ Ficေလးကို Libraryေတြ RLေတြထဲထည့္ေပးၾကတဲ့ စာဖတ္သူေလးေတြအားလုံးကိုအရမ္းေက်းဇူးတင္ပါတယ္😘😙😚။အရမ္းလဲခ်စ္ပါတယ္ေနာ္💚💚💚။
တစ္ေလွ်ာက္လုံးၾကယ္ေလးေတြေပးရင္းဆုကိုအားျဖည့္ေပးၾကတဲ့အတြက္လဲထပ္ၿပီးေက်းဇူးတင္ပါရေစ💕💕။ဆုကို Followေပးၾကရင္း Feedbackေလးေတြေပးခဲ့ၾကရင္းဆုကိုခ်စ္ေပးၾကတဲ့အတြက္ ဆုအရမ္းပဲဝမ္းသာမိပါတယ္။
Edited Versionေလးကိုပါအစအဆုံး Ongoingျပန္လိုက္ေပးၾကတဲ့အမာခံစာဖတ္သူေလးေတြကိုေတာ့ေျပာမျပတတ္ေလာက္ေအာင္တကယ္ေက်းဇူးတင္ပါတယ္႐ွင္😭❤
Love you all my readers ❤❤❤❤
••••••••••••••••••••••••••••••••••••••••••••••••••