I Ran Away After The Rich Old...

By HoolyMo

355K 50.4K 2.3K

Title: I Ran Away After The Rich Old Man Was Pregnant With My Child Author: 云织 Start Date: July 1, 2021 More

Description
IRAATROMWPWMC(1)
IRAATROMWPWMC(2)
IRAATROMWPWMC(3)
IRAATROMWPWMC(4)
IRAATROMWPWMC(5)
IRAATROMWPWMC(6)
IRAATROMWPWMC(7)
IRAATROMWPWMC(8)
IRAATROMWPWMC(9)
IRAATROMWPWMC(10)
IRAATROMWPWMC(11)
IRAATROMWPWMC(12)
IRAATROMWPWMC(13)
IRAATROMWPWMC(14)
IRAATROMWPWMC(15)
IRAATROMWPWMC(16)
IRAATROMWPWMC(17.1)
IRAATROMWPWMC(17.2)
IRAATROMWPWMC(18)
IRAATROMWPWMC(19)
IRAATROMWPWMC(20)
IRAATROMWPWMC(21)
IRAATROMWPWMC(22)
IRRATROMWPWMC(23)
IRAATROMWPWMC(24)
IRAATROMWPWMC(25)
IRAATROMWPWMC(26)
IRAATROMWPWMC(27)
IRAATROMWPWMC(28)
IRAATROMWPWMC(29)
IRAATROMWPWMC(30)
IRAATROMWPWMC(31)
IRAATROMWPWMC(32)
IRAATROMWPWMC(33)
IRAATROMWPWMC(34)
IRAATROMWPWMC(35)
IRAATROMWPWMC(36)
IRAATROMWPWMC(37)
IRAATROMWPWMC(38)
IRAATROMWPWMC(39.1)
IRAATROMWPWMC(39.2)
IRAATROMWPWMC(40)
IRAATROMWPWMC(41)
IRAATROMWPWMC(42.1)
IRAATROMWPWMC(42.2)
IRAATROMWPWMC(43.1)
IRAATROMWPWMC(43.2)
IRAATROMWPWMC(44)
IRAATROMWPWMC(45.1)
IRAATROMWPWMC(45.2)
IRAATROMWPWMC(46)
IRAATROMWPWMC(47)
IRAATROMWPWMC(48)
IRAATROMWPWMC(49)
IRAATROMWPWMC(50)
IRAATROMWPWMC(51)
IRAATROMWPWMC(52)
IRAATROMWPWMC(53)
IRAATROMWPWMC(54)
IRAATROMWPWMC(55)
IRAATROMWPWMC(56)
IRAATROMWPWMC(57)
IRAATROMWPWMC(59)
IRAATROMWPWMC(60-1)
IRAATROMWPWMC(60.2)
IRAATROMWPWMC(61.1)
IRAATROMWPWMC(61.2)
IRAATROMWPWMC(62.1)
IRAATROMWPWMC(62.2)
IRAATROMWPWMC(63)
IRAATROMWPWMC(64)
IRAATROMWPWMC(65)
IRAATROMWPWMC(66)
IRAATROMWPWMC(67.1)
IRAATROMWPWMC(67.2)
IRAATROMWPWMC(68)
IRAATROMWPWMC(69)
IRAATROMWPWMC(70.1)

IRAATROMWPWMC(58)

2K 352 37
By HoolyMo

[Unicode]

မင်းxxရဲ့အရှည်အတိအကျက ဘယ်လောက်လဲ?

ဒါက တကယ့်ကိုနက်ရှိုင်းလွန်းတဲ့ အတွေးအခေါ်ဆိုင်ရာမေးခွန်းပဲ။

ဖုန်းထဲက ထိုမေးခွန်းမေးသံထွက်လာချိန်တွင် ကားမောင်းတာကိုအာရုံစိုက်နေတဲ့ ယာဉ်မောင်းဖြစ်သူတောင် စိတ်မဝင်စားပဲမနေနိုင်ခဲ့ပေ။ ယာဉ်မောင်းဖြစ်သူသည် ကား၏နောက်ကြည့်မှန်အသေးလေးမှတစ်ဆင့် ကုရိရှင်း၏အရွယ်အစားကိုတိုင်းဆနေခဲ့ပြီး သူနဲ့ဘာကွာလဲဆိုတာမြင်ရဖို့ ကြိုးစားနေခဲ့သည်။

ဒီလို ရဲရင့်ထက်မြက်ပြီး စိတ်အားထက်သန်တဲ့ ပိုင်ဆိုးပိုင်နင်းအိမ်ထောင်ဖက်ရဖို့ဆိုတာ...။

ကုရိရှင်းက ဖုန်းရဲ့မိုက်ခ်ကိုလက်ဖြင့်အုပ်ပြီး နှစ်စက္ကန့်လောက်တိတ်ဆိတ်နေခဲ့သည်။

"စပီကာက ဖွင့်ထားတာနော်"
ကုရိရှင်းလေသံပျော့ဖြင့်ဆိုသည်။

". . ."

လုမင်ရှီရဲ့ပါးစပ်က အံ့သြမှုကြောင့်ပွင့်ဟလျက် ပြန်ပိတ်လို့ပင်မရတော့ပေ။

နည်းပြကလက်ခုပ်လက်ဝါးတီးပြီး ကြင်နာစွာပြောသည်။
"ညီလေးကု ဘာမှမစိုးရိမ်နဲ့။ ငါတို့ဘာမှမကြားလိုက်ဘူး"

ထိုစကားများသည် ဝေးလံသောအရပ်မှာရှိနေသည့် လုမင်ရှီ၏နားထဲသို့ တိုးဝှေ့ဝင်ရောက်သွားသည်။

ဆေးရုံခေါင်မိုးထပ်ပေါ်တွင် မတ်တပ်ရပ်ရင်းဖုန်းပြောနေသောလုမင်ရှီသည် အသံတစ်ချက်မှမထွက်ပဲတိတ်ဆိတ်မှုထဲကျရောက်သွားတော့သည်။

သူတိတ်တဆိတ်ပဲဖုန်းချလိုက်ပြီး အဲ့ဒီအစားကုရိရှင်းကိုပို့ဖို့စာတိုတစ်စောင်ကိုရိုက်လိုက်သည်။

ကုရိရှင်းကတိတ်ဆိတ်စွာစာရိုက်ရင်း လုမင်ရြီနဲ့အပြန်အလှန်စာပို့နေကြစဉ်။

ကားထဲမှအခြားလူသုံးယောက်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်အဓိပ္ပါယ်ပါတဲ့အကြည့်တွေဖလှယ်လိုက်ကြသည်။

ဘယ်လိုအခြေအနေအောက်မှာ ညီလေးကုရဲ့ပါတနာက ဒီမေးခွန်းကိုမေးမှာတဲ့လဲ?

တိကျမှန်ကန်တဲ့အရွယ်အစားကို မေးတယ်။

ပြီးတော့ အရေးတကြီးဖြစ်နေတယ်လို့လဲပြောသေးတယ်။

ဒီလိုအချက်အလက်ကို ဘယ်အချိန်မှာလိုတာပါလိမ့်?

မင်းတကယ်လို့ကွန်ဒုံးဝယ်မယ်ဆိုရင် ပစ္စည်းအရွယ်အစားကိုအကြမ်းဖျင်းခန့်မှန်းဖို့သာလိုသည်။

ဒါဆို ဖြစ်နိုင်ချေတစ်ခုသာကျန်ရှိတော့သည်။

ညီလေးကုရဲ့ချစ်သူလေးက လူတစ်ယောက်ရဲ့အရွယ်အစားအတိုင်း custom-made xxxကို orderတင်ဖို့ပဲဖြစ်ရမယ်!

ပွဲကြည့်ပရိတ်သတ်အဖွဲ့က အဓိပ္ပါယ်ပါပါချောင်းဆိုးလိုက်ကြပြီး သူတို့နှာခေါင်းတွေကိုပွတ်ရင်း ချွေးတွေသုတ်နေကြတော့သည်။

ဒီအားကစားသမားကို သူတို့ကြည့်နေတဲ့အကြည့်တွေက ပိုပိုပြီးထူးဆန်းလာခဲ့သည်။

ဒီနေ့ခေတ်လူငယ်တွေက သူတို့ကိုယ်သူတို့ဘယ်လိုဖျော်ဖြေရမလဲဆိုတာ တကယ်သိနေကြပြီပဲ...

ကုရိရှင်းက သူ့ဖုန်းကိုဝေးဝေးသို့ဖယ်ထုတ်လိုက်သည်။ ထို့နောက် ကားထဲရောက်ခါစအပြုအမူအတိုင်း ဧည့်သည်များနားနေရန်အိမ်သို့ရောက်လာခဲ့သည်။

အခန်းတွေကို သူတို့နေဖို့စီစဉ်နေရာချထားပြီးဖြစ်သည်။ သူတို့ကားထဲကထွက်လာတဲ့အခါ နောက်ရက်အနည်းငယ်အတွင်း ပြုလုပ်မည့်အစီအစဉ်တွေကိုရှင်းပြခဲ့ပြီး လူတိုင်းကလည်းပြင်ဆင်ပေးထားတဲ့အခန်းတွေရှိရာကိုသွားခဲ့ကြသည်။

တူလေးတုံမှာ ကုရိရှင်းကိုစောင့်ရှောက်ရန် ကျောင်းအုပ်ကြီး၏အမိန့်ပေးခြင်းကိုခံခဲ့ရသည်။

ဒါကြောင့် သူနဲ့ကုရိရှင်းတို့တစ်ခန်းတည်းသုံးကြရသည်။

ဒါနဲ့ပတ်သက်လို့ သူ့အနေနဲ့ဘာပြသနာမှမရှိပေ။

ဒါပေမယ့် ပြသနာက အခန်းထဲမှာသူ့ခရီးဆောင်အိတ်တွေကိုနေရာချထားပြီးနောက် ကုရိရှင်းကတံခါးကိုဖွင့်လိုက်ပြီး ဖြတ်သွားတဲ့ဟိုတယ်ဝန်ထမ်းမလေးတစ်ယောက်ကိုမေးနေတာ သူကြားလိုက်ရသည်။

"ဟိုလေ ဒီမှာပေကြိုးတိပ်ခွေလေးတစ်ခုလောက်များရနိုင်မလားလို့?"

တူလေးရဲ့မျက်လုံးတွေက လျှိူ့ ဝှက်ချက်တစ်ခုခုကိုသိသွားသည့်နှယ် ကုရိရှင်းကိုခိုးကြည့်နေခဲ့သည်။

တစ်ခုခုဖြစ်နေတာတော့ သေချာပြီ။

ဒီလူရဲ့နောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ်ရှိမှာသေချာတယ်။

ကုရိရှင်းသည် ဝန်ထမ်းမလေးစတိုခန်းထဲမှယူလာပေးသည့် ပေကြိုးတိပ်ခွေကိုယူလိုက်ပြီး ရေချိူးခန်းထဲဝင်သွားတော့သည်။

တူလေးက အိပ်ရာပေါ်မှာထိုင်ချလိုက်ပြီး အဲ့ဒီအကြောင်းစဉ်းစားနေခဲ့တယ်။

သူ့အသက်က သုံးဆယ့်နှစ်နှစ်ဖြစ်တယ်။ ဒါပေမယ့် သူအခုထိအိမ်ထောင်မကျသေးတဲ့အပြင် အိမ်ထောင်ကျမယ့်လမ်းလည်းမမြင်။

သူ့မှာကျန်းမာသန်စွမ်းတဲ့ဆံပင်တွေရှိနေတုန်းက ချစ်သူတစ်ယောက်ရဖို့အခွင့်အရေးအတော်အသင့်ရှိနေခဲ့သည်။ ဒါပေမယ့်အခု သူခေါင်းပြောင်သွားချိန်မှာ သူ့အခွင့်အရေးတွေလက်လွတ်ခဲ့ရပြီ။

ပြီးခဲ့တဲ့တစ်ပတ် blind dateတုန်းကရောက်လာခဲ့တဲ့ကောင်မလေးဆိုရင် သူ့ကိုတစ်ချက်သာကြည့်ပြီးပြန်ထွက်သွားခဲ့သည်။

ဒါကြောင့် ကုရိရှင်းမှာချစ်သူတစ်ယောက်ရှိတယ်ဆိုတာ သူသိလိုက်ရချိန် အလွန်မနာလိုဖြစ်ခဲ့ရသည်။

ဒီနေ့ကုရိရှင်း၏ချစ်သူအသံကို သူကြားလိုက်ရပြီးနောက် ခွေးစာအတင်းကျွေးခံနေရသလိုခံစားလိုက်ရသည်။

သူလည်း ဒီလိုရဲရင့်ထက်မြက်ပြီး စိတ်အားထက်သန်ပိုင်ဆိုးပိုင်နင်းချစ်သူလေးတစ်ယောက်ရချင်မိဖူးသည်။

တူလေးသည် သူ့အတွေးထဲတွင်နစ်မြုပ်နေသောကြောင့် ပတ်ဝန်းကျင်ကိုသူသတိမထားမိခဲ့ပေ။

ကုရိရှင်းလည်း ရေချိူးထဲဝင်လာခဲ့သည်။

ရေချိူးခန်းထဲမှာ သူနည်းနည်းကြာအောင်နေခဲ့ရတယ်။

ရေချိူးခန်းထဲမှာကုရိရှင်းဘာလုပ်ခဲ့တာလဲ?

သူက ပေကြိုးတိပ်ခွေကိုထုတ်လိုက်ပြီး သူ့ညီတော်မောင်ကိုတိုင်းဖို့ ခက်ခက်ခဲခဲကြိုးစားနေခဲ့သည်။

လူတစ်ကိုယ်လုံးလည်း ရှုပ်ထွေးနေသည့်အခြေအနေထဲ ကျရောက်နေတော့သည်။

တိပ်ခွေကိုဆွဲထုတ်ပြီး သူ့xxနဲ့အနီးမှာကပ်ထားလိုက်တဲ့အခါ လုမင်ရှီဖြစ်ခဲ့သလို နံပါတ်တွေမှိန်သွားတာမျိူးမဖြစ်ခဲ့ပေ။

သို့သော် ပိုစိတ်ရှုပ်စရာကောင်းသည့်ဇာတ်လမ်းတစ်ပုဒ်ပေါ်လာတော့သည်။

တိုင်းတာသည့်တိပ်ခွေက စတင်တုန်ခါလာခဲ့သည်။

တိပ်ခွေကို သူ့ညီလေးအနားကပ်လိုက်တဲ့အချိန်မှာ ထိုအရာကစတင်တုန်ခါလာခဲ့သည်။

တိုင်းတာသည့်တိပ်မှာ သူ့စိတ်ကူးကိုဆန့်ကျင်ဆန္ဒပြနေသည့်နှယ် တုန်ခါနေတော့သည်။ တိပ်ခွေပေါ်ရှိအမှတ်အသားတို့ လှိုင်းတံပိုးခတ်နေသလိုလှုပ်ရှားနေခြင်းက သူ့ကိုရှင်းရှင်းလင်းလင်းမြင်ရဖို့ ခက်ခဲစေခဲ့သည်။

နောက်ဆုံး တိပ်ကိုပြန်သိမ်းလိုက်တဲ့အခါ နံပါတ်တွေနဲ့အမှတ်တွေအားလုံးပျောက်ကွယ်သွားတော့သည်။

တိပ်ခွေ၏အရှေ့ဘက်စွန်းတွင် တွန့်ဆုတ်ခြင်းမရှိညွှန်ပြနေသည့် ရှည်လျားသောအတိုင်းအထွာတစ်ခုကျန်နေခဲ့သည်။

တိပ်ခွေအကျယ်က ကျဉ်းသောကြောင့် နောက်ဆုံးစာလုံးကိုမြင်ဖို့ အလွန်သေးငယ်တဲ့နေရာလွတ်တစ်ခုသာ ကြားထဲတွင်ကျန်နေသည်။

ကုရိရှင်းလည်း ထိုစာလုံးကိုအသက်မပါစွာစိုက်ကြည့်ရင်း သက်ပြင်းရှည်ကြီးချလိုက်သည်။

သူ့ခေါင်းထဲမှာ အနက်ရောင်question markအမှတ်အသားတွေ အပြည့်ဖြစ်သွားတယ်။

သူတိပ်ခွေကိုဝေးဝေးရွေ့လိုက်ပြီး စကေးမှတ်ကလည်း မူလသုညကိုပြန်ရောက်သွားသည်။

သူ့ရဲ့xxနဲ့ နီးလာတာနဲ့ နီးလာတဲ့အရာမှာထူးဆန်းတဲ့ပုံစံတွေပေါ်လာလိမ့်မည်။

ဒီတော့ သူ့အရှည်ကိုဖော်ထုတ်ဖို့က ပြသနာတစ်ခုလား?

ထိုအကြောင်းဆက်တွေးနေဖို့ ကုရိရှင်းအားမရှိတော့ပေ။ ဒါကြောင့် သူပြောစရာစကားမဲ့စွာဖြင့် ဓာတ်ပုံသာကောက်ရိုက်လိုက်ပြီး လုမင်ရှီဆီကိုပို့ပေးလိုက်သည်။

"တင်း တောင်!"

လုမင်ရှီ၏ဖုန်းမှ စာတိုဝင်သံထွက်ပေါ်လာခဲ့သည်။

လုမင်ရှီလည်း အသစ်ရောက်လာသည့်စာကိုအလျင်အမြန်ဖွင့်ဖတ်လိုက်သည်။

[ဓာတ်ပုံ]

"ဘာတွေဖြစ်နေလဲဆိုတာကို ကျွန်တော်မသိဘူး။ တိုင်းထွာချက်အရ ထွက်လာတာကတော့ ဒီလိုပဲ။ ဒါက ခင်ဗျားကိုကူညီနိုင်မယ်လို့ မျှော်လင့်မိတယ်"

လုမင်ရှီသည် တစ်ကန့်ချင်းစီ pixelနှင့်တကွသီးသန့်ခွဲထားသည့်ဓာတ်ပုံကိုမြင်လိုက်ရသည်။

ဓာတ်ပုံထဲက အရွယ်ပမာကိုသတိထားမိပြီးနောက် လုမင်ရှီမှာ စိတ်ထဲတစ်မျိူးဖြစ်သွားပြီးသူ့ပေါင်တွေကိုရွေ့လိုက်မိသည်။

ထို့နောက် တိပ်ခွေပေါ်မှစကေးနံပါတ်ကိုမြင်နိုင်ဖို့ရန် လုမင်ရှီသည်ဓာတ်ပုံကိုချဲ့ကြည့်လိုက်သည်။

"......"

လုမင်ရှီသည် ထိုစာလုံးကိုစိုက်ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

ဖုန်းမျက်နှာပြင်က မီးတောက်တွေထုတ်လွှတ်လုမတတ်ဖြစ်နေပုံပေါ်သည်။

အလွန်နက်ရှိုင်းလွန်းသည့် သင်္ချာသင်္ကေတရှိသော်လည်း ထိုအရာက တိပ်ခွေတွင်ရှိမနေသင့်ပေ။

" +∞ "

[Note: plus infinity- အပေါင်းဘက် အဆုံးမရှိ --> ဆိုလိုတာက အနှိုင်းမဲ့🤐]

? ? ?

ဝှက် သယ် ဖာခ့်?

လုမင်ရှီအတွေးတို့ပျောက်ရှလျက် အဆောင်ဘက်သို့ပြန်လှည့်သွားခဲ့သည်။

ဆေးရုံဆောင်ထဲသို့ လုမင်ရှီအံ့သြတကြီးပြန်ဝင်လာခဲ့သည်။

အန်းရှောင်သည် တွက်ချက်ပြထားသည့် whiteboardကိုကိုင်ထားဆဲဖြစ်ကာ လူနာကုတင်ရှေ့တွင် အပြုံးဖြင့်ထိုင်စောင့်နေလေသည်။

လုမင်ရှီက ချိနဲ့စွာကုတင်ပေါ်ထိုင်ချလိုက်ပြီး whiteboardပေါ်မှ အန်းရှောင်ရေးသားထားသည့် ဖော်မြူ လာတို့ကိုကြည့်နေခဲ့သည်။

"အန်းရှောင်ရေ"

လုမင်ရှီက အားမရှိသလိုမေးသည်။
"အစားဂဏန်း(÷)က အဆုံးမရှိဖြစ်နေရင် ဘာဆက်ဖြစ်မှာလဲဟင်?"

အန်းရှောင်က သူ့ကိုဟာသတွေလာပြောနေတာလားဆိုသည့်မျက်နှာထားဖြင့်ကြည့်လာသည်။

"အစားဂဏန်းက ဘာပဲဖြစ်ဖြစ် အဆုံးမရှိဘူးဆိုတာတော့ မဖြစ်နိုင်တာသေချာတယ် ဒီတော့..."

အန်းရှောင်ရဲ့ရှင်းပြချက်တွေက ရောင်ပြန်တစ်ခုလိုချက်ချင်းထွက်ပေါ်လာတယ်။ ဒါပေမယ့် သူ့bossမေးခွန်းရဲ့ နောက်ကွယ်ကအဓိပ္ပါယ်ကိုစဉ်းစားမိတဲ့အခါ သူချက်ချင်းမသက်မသာဖြစ်သွားရသည်။

"...ဒီတော့ ဆိုလိုတာက ကုရိရှင်းရဲ့xxအရှည်....ကအနှိုင်းမဲ့?"

ဒါက နည်းနည်းထိတ်လန့်ဖွယ်ရာကောင်းတဲ့ ပြသနာလေးတစ်ခုပါပဲ။

အန်းရှောင်သည် ဤကဲ့သို့အခြေအနေမျိူးနှင့် အရင်ကတစ်ခါမှမကြုံဖူးသည့်အတွက် ခဏလောက်ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။

ဆွံ့အနေသောအန်းရှောင်နှင့် စကားလုံးကင်းမဲ့နေသောလုမင်ရှီတို့ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ အဆောင်ထဲကလေထုအနေအထားဟာလည်း အတော်လေးပြင်းထန်နေခဲ့သည်။

"ဒီတော့ အခုအစီအစဉ်က"
အန်းရှောင်က ဆိုသည်။
"ကလေးမမွေးခင်အထိ ခင်ဗျားနဲ့ကုရိရှင်းတို့ တစ်ယောက်ကိုတစ်ယောက်မထိတွေ့သင့်ဘူး"

လုမင်ရှီခေါင်းညိမ့်လိုက်သည်။

"နောက်ရော ဘာကျန်သေးလဲ?"

အန်းရှောင်ဆက်ပြောသည်။
"မင်းရဲ့ကလေးမှာ အရမ်းအားကောင်းတဲ့စုပ်ယူနိုင်စွမ်းရှိတယ်။ ဒါကြောင့် ဒီအချိန်တစ်လျှောက်လုံး ပြိုင်ဘက်မရှိခွန်အားတွေနဲ့ အသက်ရှင်နေနိုင်ခဲ့တာ။ အခု ကလေးက စွမ်းအင်ရဲ့အကျိူးသက်ရောက်လှုံ့ဆော်မှုတွေကြောင့် ကျန်းမာရေးကောင်းကောင်းနဲ့ စောမွေးလာနိုင်ဖို့များတယ်"

လုမင်ရှီက အတော်လေးစိတ်သက်သာရာရသွားပြီး တီးတိုးညီးလိုက်သည်။
"အဲ့ဒါကောင်းတာပေါ့..."

လုမင်ရှီ : "မင်းရဲ့ပုံစံက မကောင်းတာတစ်ခုခုဖြစ်လာတော့မယ်လို့ ငါတွေးမိတဲ့အထိ အရမ်းကြောက်ဖို့ကောင်းနေတာကြီး"

အန်းရှောင်က ပြင်းထန်စွာပြောသည်။
"တကယ်လို့ မင်းတို့တွေထပ်ပြီးထိတွေ့နေဦးမယ်ဆိုရင် မတော်တဆမှုတကယ်ဖြစ်လာလိမ့်မယ်"

လုမင်ရှီက ဒေါသတကြီးပြန်ဖြေသည်။
"ငါတို့ မင်းရဲ့စကားအတိုင်းနားထောင်ခဲ့တယ်လေ..."

အန်းရှောင်သည် တခြားလူတစ်ယောက်၏အမြင်ကိုလက်ခံရန်အသင့်ဖြစ်နေပြီး သူ့ကိုစိတ်ကျေနပ်စေရန်ကြိုးစားနေသည့်လေသံမျိူးဖြင့် ပြောသည်။
"အဲ့ဒါ ကျွန်တော့်အမှားတွေပါ။ ခင်ဗျားကို ရှင်းရှင်းလင်းလင်းမပြောခဲ့မိတဲ့ ကျွန်တော့်အမှားတွေပါ။ ခင်ဗျားအခုလိုအချိန်မှာ ဒေါသမထွက်သင့်ဘူး။ ဒါကြောင့် ပျော်နေတဲ့စိတ်လေးကိုပြန်ထိန်းလိုက်ပါ ဒါမှကလေးလည်းကျန်းမာရေးကောင်းကောင်းနဲ့မွေးလာနိုင်မှာ"

အဲ့ဒါက အလွန်ထိရောက်ခဲ့သည်။

လုမင်ရှီက အေးအေးဆေးဆေးပြောသည်။
"ဒေါက်တာအန်း ကိုယ့်ကိုယ်ကိုအပြစ်တင်မနေပါနဲ့တော့ ငါ့အမှားတွေလည်းပါပါတယ်"

အန်းရှောင်က ချိူ သာစွာပြုံးလိုက်ပြီး
"လူငယ်တွေ တော်သင့်ရုံလောက် ဘယ်လိုလုပ်ရမလဲဆိုတာသိသင့်တယ်"

လုမင်ရှီ သူ့အပြုံးကိုဆက်ထိန်းထားခဲ့သည်။

ငါ့ကလေးကို မီးဖွားပြီးတဲ့အချိန်မှ မင်းကိုရမှတ်တွေနဲ့အတူ စာရင်းရှင်းရမယ်ထင်တယ်။

မူလသတ်မှတ်ထားသည့်ရက်မှာ Mayလအစောပိုင်းဖြစ်သော်လည်း အာဟာရလွန်ကဲသွားမှုကြောင့် တစ်လနီးပါးအချိန်ရွေ့သွားတော့သည်။

"March 30လား April 1လား?"

လုမင်ရှီက ခန့်မှန်းအချိန်ကိုတစ်ချက်ကြည့်လိုက်သည်။ ထိုအချိန်တွင် ကုရိရှင်းမှာပြည်နယ်မြို့တော်တွင်သာ ရှိနေဦးမည်ဖြစ်သည်။

လုမင်ရှီက သူ့ကစားပွဲကိုမနှောင့်ယှက်ချင်သော်လည်း ကလေးတစ်ယောက်မွေးဖွားခြင်းသည် အလွန်ကြီးမားသောအရာဖြစ်သည်။ ဒါကြောင့် သူ့ကိုမပြောပြလို့မဖြစ်ပေ။

ဒါမှမဟုတ် သူပြိုင်ပွဲပြီးမယ့်နေ့အထိ ငါစောင့်လိုက်သင့်တယ်...အဲ့ဒါဆို ၂၇ မဟုတ်ရင် ၂၈လား?

အချိန်ကျတဲ့အခါမှ သူ့ကိုကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်ဆွဲတင်ပြီး အိမ်ပြန်ခေါ်လို့ရတာပဲ။

လုမင်ရှီက သူ့လက်တွေကိုဝှေ့ယမ်းပြခဲ့သည်။ ဒါနဲ့ပတ်သက်ပြီး သူဘာမှမလုပ်နိုင်ပေ။

အန်းရှောင်က သက်ပြင်းချနေတဲ့လုမင်ရှီကိုကြည့်ရင်း ကလေးမွေးချိန်တွင် ခံစားရမည့်နာကျင်မှုကို စိုးရိမ်နေသည်ဟု သူတွေးမိလိုက်သည်။

အန်းရှောင်က သူ့ကိုအားပေးသည်။
"ခင်ဗျားဘာမှစိုးရိမ်နေဖို့မလိုဘူး။ ကျွန်တော်တို့ အဲ့ဒါအတွက်သေချာပေါက် နာကျင်မှုမရှိအောင်လုပ်ပေးနိုင်တယ်"

လုမင်ရှီက "သြော်" လို့ပြောလိုက်သော်လည်း သူ့စိတ်ကတခြားတစ်နေရာကိုရောက်နေခဲ့သည်။

အန်းရှောင်ကဖြည့်စွက်ပြောသည်။
"ပြန်ချူ ပ်ရင်လည်းနာမှာမဟုတ်ဘူး။ ကျွန်တော်တို့အကောင်းဆုံးနည်းပညာကိုသုံးပြီး ခင်ဗျားကိုပြန်ချူ ပ်ပေးမှာ ပြီးတော့အသစ်ဖန်တီးထားတဲ့ အမာရွတ်ဖယ်ရှားပေးနိုင်တဲ့ဝတ်စုံကလည်း အမာရွတ်လေးတစ်ခုတောင်ကျန်နေစေခဲ့မှာမဟုတ်ဘူး!"

လုမင်ရှီ၏အာရုံစိုက်မှုတို့က အန်းရှောင်ဆီကိုပြန်ရောက်လာခဲ့သည်။ သူက ပေါ့ပေါ့လေးပြောသည်။
"အဲ့ဒါတွေက ဒီလောက်အရေးမကြီးပါဘူး"

"ကလေးဘေးကင်းမယ်ဆိုရင် လုံလောက်ပါပြီ"

ထိုစကားပြောသည့်အချိန် သူ့နှုတ်ခမ်းတို့တွန့်ကွေးနေသည့်အပြင် မျက်လုံးများအထိပြုံးရိပ်သမ်းနေခဲ့သည်။

ကုမ္ပဏီကအခုဆို အမှန်တကယ်ကြွယ်ဝနေပြီဖြစ်ပြီး ဝန်ထမ်းအားလုံးကလည်း သူတို့ရဲ့bossမှာမြေးတစ်ယောက်ရလာတဲ့အတွက် အရမ်းဝမ်းသာနေတာလို့ပြောနေကြတယ်။

ဒါပေမယ့် သူတို့ရဲ့bossမှာ မြေးတစ်ယောက်ရနိုင်ဖို့အသာထား သားရောသမီးရော တစ်ယောက်မှမရှိပေ။

သူ့ဆီမှာ ဇနီးတစ်ယောက်တောင်မရှိဘူးဆိုတော့ သူက လုပ်ချင်ကိုင်ချင်စိတ်ပြတ်လပ်နေလို့ပဲဖြစ်ရမယ်။

အဲ့လိုပြောတဲ့အခါ လူတိုင်းဆီက စာနာမှုသက်ပြင်းလှိုင်းလုံးကြီးများထွက်ပေါ်လာခဲ့သည်။

သူ့မှာပိုက်ဆံအများကြီးရှိပေမယ့်လည်း ချစ်ခြင်းမေတ္တာမှာမပျော်မွေ့နိုင်ပဲ သားသမီးမျိူးဆက်လည်းမရနိုင်တာက နည်းနည်းတော့သနားဖို့ကောင်းတယ်။

သို့သော်လည်း ဒီနေ့ထိသူတို့bossက ဘာလို့လှေကားထစ်၂၀ကို အတက်အဆင်းအတင်းလုပ်နေရတဲ့အကြောင်းပြချက်ကို ဘယ်သူမှမသိကြပေ။ တကယ်တမ်းတွင် လေ့ကျင့်ခန်းလုပ်နေရခြင်းအကြောင်းမှာ -

သူ့ကလေးမီးဖွားရလွယ်ကူစေရန်ဖြစ်သည်။

ပြည်နယ်၏မြို့တော်တွင် :

ကုရိရှင်းသည် စုစုပေါင်း ပြိုင်ပွဲ၎ခုအတွက်လက်မှတ်ထိုးခဲ့သည်။ 100မီတာ, 200မီတာ, 400မီတာနဲ့ 4×100မီတာ။

ပြည်နယ်အားကစားပြိုင်ပွဲများ၏ ပဏာမပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်သူများစွာရှိပြီး ထိုလူအများစုသည်အားကစားလမ်းကြောင်းကိုလျှောက်လှမ်းရန် ကြီးပြင်းလာခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် အားကစားအထူးပြုပညာတွင် အထူးကျွမ်းကျင်ခဲ့ပြီး မူလတန်းကျောင်း သို့မဟုတ် ငယ်ရွယ်စဉ်ကတည်းက စနစ်တကျလေ့ကျင့်ခဲ့ကြသူများဖြစ်သည်။

အဲ့ဒီလူတွေနဲ့နှိုင်းယှဉ်ကြည့်လျှင် ပူးပေါင်းခါစအသစ်ပါဝင်လာသူကုရိရှင်းသည် ဘာဆိုဘာမှမသိပေ။

အားကစားပရိုဂရမ်များနှင့်ပတ်သက်၍ အကောင်းဆုံးအရာမှာ စည်းမျဉ်းတစ်ခုသာရှိခြင်းဖြစ်သည်။

ပြိုင်ပွဲမစခင် သူအမှားတစ်ခုခုမလုပ်သရွေ့ အရာအားလုံးအဆင်ပြေနေမည်ဖြစ်သည်။

မီတာ၁၀၀ပြေးပွဲမတိုင်မီ ကုရိရှင်းကိုအနည်းငယ်နှေးပြီးပြေးဖို့ နည်းပြကအကြိမ်ကြိမ်သတိပေးနေခဲ့သည်။

"ငါပြောတာနားထောင်။ မင်းတကယ်လို့အချိန်မှီနားမလည်သေးရင် ပစ္စတိုဖောက်သံကြားပြီးတာနဲ့ မင်းစိတ်ထဲက 1 2 3ဆိုပြီးရေတွက်လိုက် အဲ့လိုတွက်ပြီးမှ စပြေး!"

ကုရိရှင်းလည်း အလေးအနက်ထားခေါင်းညိမ့်လိုက်ပြီး "ဟုတ်ကဲ့" လို့ပြန်ပြောလိုက်တယ်။

သေနတ်ဖောက်သံထွက်လာပြီးနောက် လူအုပ်ကြီးသည် သူတို့၏ပြေးမည့်အနေအထားကိုပြောင်းလဲသွားပြီး တစ်ဟုန်ထိုးပြေးထွက်သွားကြသည်။

ဒါပေမယ့် ကြည့်ရှုသူတွေရဲ့အကြည့်အားလုံးသည် အစမျဉ်းနောက်ဘက်တွင် အေးခဲရပ်တန့်ကျန်ခဲ့သောတိုက်ပွဲဝင်သူလေးထံသို့ ကျရောက်လာခဲ့သည်။

နှေးကွေးတဲ့အားကစားသမားတွေအများကြီးကို သူတို့အရင်ကတွေ့ဖူးခဲ့ပြီးဖြစ်သည်။

ဒါပေမယ့် ဒီလိုနှေးတဲ့လူမျိူးကိုတော့...

ယင်းသည် သာမန်နှေးကွေးတဲ့အားကစားသမားနဲ့မတူဘူး။ ဒါက အပြေးသမားတစ်ယောက်အတွက်နှေးလွန်းနေတာမဟုတ်လား!

သို့သော် တစ်စက္ကန့်ကြာပြီးနောက်...

ရုတ်တရက်အရှေ့သို့ ကုရိရှင်းပြေးထွက်သွားပြီး ခြေနှစ်လှမ်း သုံးလှမ်းမျှဖြင့် ရှေ့မှပြေးနေသူများကိုလိုက်မှီသွားခဲ့သည်။

ပွဲကြည့်ပရိသတ်များသည် သူတို့၏မျက်လုံးများကိုမယုံနိုင်စွာဖြင့် ပွတ်လိုက်ကြသည်။

ကုရိရှင်း၏ပွဲဦးထွက်စံချိန် 10.5။

ထူးခြားတဲ့ပုံ သိပ်မပေါ်ပေမယ့် နောက်ဆုံးဆန်ကာတင်စာရင်းထဲဝင်ဖို့ လုံလောက်ပြီ။

နည်းပြ၏မျက်နှာမှာလည်း စိတ်သက်သာရာရသွားတဲ့အပြုံးတစ်ခုရှိနေသည်။

200မီတာ၊ 400မီတာ။
တူညီသောနည်းဖြင့် ပြိုင်ပွဲများ၏နောက်ဆုံးပွဲစဉ်စာရင်းထဲသို့ဝင်ရောက်ရန် ကုရိရှင်းအောင်မြင်ခဲ့သည်။ 

သို့ရာတွင် 4×100ပြိုင်ပွဲတွင် သူ့အသင်းဖော်များကအလွန်အားနည်းသောကြောင့် တခြားအသင်းများ၏အနိုင်ယူခံလိုက်ရသည်။

ငါးရက်ကြာပြီးနောက် ပထမဆုံးကျင်းပမည့်ပြိုင်ပွဲမှာ နောက်ဆုံးသောမီတာ400မာရသွန်ပြိုင်ပွဲဖြစ်သည်။

မီတာ400က ပြေးဖို့အတော်လေးလွယ်ကူသည်။

ရှည်လျားသောအကွာအဝေးကြောင့် အမြန်နှုန်းကိုလွယ်လင့်တကူထိန်းချူ ပ်နိုင်သည်။

နောက်ဆုံးပွဲစဉ်ဖြစ်သည့်အလျောက် ပိုမိုများပြားလာသောပရိတ်သတ်လူအုပ်ကြီးအမြဲရှိသည်။

ဒီတစ်ကြိမ်တော့ အစမျဉ်းမှာကုရိရှင်းမတ်တပ်ရပ်လိုက်သည်နှင့် သူ့ကိုစူးရှသောမျက်လုံးများဖြင့်စိုက်ကြည့်နေကြသည့်ပရိတ်သတ်များကို တွေ့လိုက်ရသည်။

"ဟိုမှာကြည့်စမ်း! အဲ့ဒါစံပြအလုပ်သမားပဲ!"

"နင်သေချာလို့လား? ဒါပေမယ့် သူကငါတို့ရဲ့ဝူမောင့်ကောကောနဲ့တူနေသလိုပဲ!"

"သူကငါတို့ရဲ့စံပြအလုပ်သမား"

"သူကငါတို့ရဲ့ မစ္စတာperfect ကိုကိုဝူမောင့်"

နှစ်ဖက်ကွဲသွားသောပရိတ်ကြီးသည် ထိုအကြောင်းနှင့်ပတ်သက်၍စတင်တိုက်ခိုက်ကြတော့သည်။

အဆုံးတွင် စံပြအလုပ်သမားဘက်မှပရိသတ်ထုကြီးအနိုင်ရသွားခဲ့သည်။

"အဲ့မှာ သူတို့ရဲ့နာမည်တွေကို အားကစားဝတ်စုံကျောဘက်မှာရေးပြထားတယ်လေ။ နင်တို့ရူးနေကြတာလား?"

နောက်ဆုံးပွဲစဉ်အတွင်း အစမျဉ်းတွင်ရပ်နေရင်း ကုရိရှင်းအချိန်ဖြုန်းနေသည်။ မကြာခင် သူသည် ကင်မရာများ၏အာရုံစိုက်မှုကိုခံရတော့သည်။

ကုရိရှင်းသည် ငါးအထိရေတွက်ပြီးနောက် ပြေးထွက်သွားခဲ့သည်။

ကစားသမားတစ်ယောက်ကို သူကျော်တက်သွားသည်။

နည်းပြကလက်ခုပ်လက်ဝါးတီးလျက်ဆိုသည်။
"ကောင်းတယ်ကွာ!"

ထို့နောက် ဒုတိယကစားသမားကိုကျော်တက်လိုက်သည်။

နည်းပြ : "ဆက်သွားထား!"

အဲ့ဒီနောက် သုံးယောက်မြောက်ကိုထပ်ကျော်တက်...

နည်းပြ : "ဒီအရှိန်ကြီးက အံ့သြစရာပဲ! မင်းသေချာပေါက်နိုင်မှာ!"

အဲ့ဒီနောက် လေးယောက်မြောက်ကို...

နည်းပြ : "မင်းလုပ်နိုင်..."

အဲ့ဒီနောက် ငါးယောက်မြောက်...

နည်းပြ : "ငါတို့ဒီထက်ပိုအရှိန်တင်လို့ မရလောက်တော့..."

ကုရိရှင်းသည် အရှိန်ကိုလုံးဝမလျှော့ချနိုင်ခဲ့ပေ။

သူ့ခန္ဓာကိုယ်ထဲတွင်သိမ်းထားသော လိုအပ်တဲ့အရှိန်သည် သူ့ကိုယ်တွင်းမှကြီးမားစွာခွဲထွက်လာပြီး ကျန်ှရှိနေသည့် ကစားသမားနှစ်ယောက်ကိုပါ လျှပ်စီးကြောင်းတစ်ခုလိုကျော်တက်သွား၍ ပထမနေရာသို့ပြေးဝင်သွားခဲ့သည်။

ပရိသတ်များ : "ဝိုး!! အရမ်းမိုက်တယ်!! ဒီစွမ်းအားကြီးကိုငါတကယ်ကြိုက်နေပြီ!! ကံကောင်းပါစေ ငါတို့ရဲ့စံပြအလုပ်သမားလေး"

ပြိုင်ဖက်များ : "သူရုးနေတာမဟုတ်လား...ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာမလား? ငါတို့ရဲ့ခံစားချက်တွေနဲ့ကစားရတာ ပျော်ဖို့ကောင်းရဲ့လား?"

Xxx Ning Xxx Ta sports xxxNiao အားကစားကုမ္ပဏီများ :

"ကြီးမားတဲ့စီးပွားရေးအခွင့်အလမ်းကို ငါခံစားလိုက်ရတယ်! တခြားလူတွေသူ့ကိုဆွဲမထုတ်သွားနိုင်ခင် မြန်မြန်ထပြီးသူ့ကိုသွားခေါ်ခဲ့!!!"

သူတို့က တစ်ယောက်က်ုတစ်ယောက် သတိပေးတဲ့အကြည့်တွေနဲ့ ကြည့်ခဲ့ကြတယ်။

ကုရိရှင်းကိုကြည့်နေသောနည်းပြသည် ထိုသတင်းတို့ကို ကုရိရှင်းထံသို့အမြန်ပို့လိုက်သည်။

"ရပ်တော့ဟ!! မင်းစံချိန်ကိုချိူးမိတော့မယ်!!! စံချိန်ချိူးမိပြီဆိုတာနဲ့ လေ့ကျင့်ရေးအတွက်မင်းသော့ပိတ်ခံထားရလိမ့်မယ်!!"

နည်းပြသည် သူ၏ဘိုးဘေးဘီဘင်ထံမှအမွေဆက်ခံထားသည့် စိတ်စွမ်းအင်ပညာ : လျှိူ့ ဝှက်အသံပေးပို့ခြင်းကိုအသုံးပြုခဲ့သည်။

အဲ့ဒါကြောင့် သူ့စကားတွေကိုကြားနိုင်မယ့်လူဟာ ကုရိရှင်းတစ်ယောက်တည်းသာဖြစ်သည်။

ကုရိရှင်းအထိတ်တလန့်ဖြစ်သွားရသည်။

ကုရိရှင်းစိတ်ထဲကအော်ဟစ်လိုက်မိသည်။
"အားးးးးးးး! ကျွန်တော်လည်းရပ်ချင်တာပေါ့လို့!!! ဒါပေမယ့် စိတ်မကောင်းပါဘူး!!!ရိုးရိုးရပ်လို့မရတော့ဘူး!!! အားး!!!"

ကုရိရှင်း : "QAQ"
[sad face]

[Zawgyi]

မင္းxxရဲ႕အရွည္အတိအက်က ဘယ္ေလာက္လဲ?

ဒါက တကယ့္ကိုနက္ရွိုင္းလြန္းတဲ့ အေတြးအေခၚဆိုင္ရာေမးခြန္းပဲ။

ဖုန္းထဲက ထိုေမးခြန္းေမးသံထြက္လာခ်ိန္တြင္ ကားေမာင္းတာကိုအာရံုစိုက္ေနတဲ့ ယာဥ္ေမာင္းျဖစ္သူေတာင္ စိတ္မဝင္စားပဲမေနနိုင္ခဲ့ေပ။ ယာဥ္ေမာင္းျဖစ္သူသည္ ကား၏ေနာက္ၾကည့္မွန္အေသးေလးမွတစ္ဆင့္ ကုရိရွင္း၏အ႐ြယ္အစားကိုတိုင္းဆေနခဲ့ၿပီး သူနဲ႔ဘာကြာလဲဆိုတာျမင္ရဖို႔ ႀကိဳးစားေနခဲ့သည္။

ဒီလို ရဲရင့္ထက္ျမက္ၿပီး စိတ္အားထက္သန္တဲ့ ပိုင္ဆိုးပိုင္နင္းအိမ္ေထာင္ဖက္ရဖို႔ဆိုတာ...။

ကုရိရွင္းက ဖုန္းရဲ႕မိုက္ခ္ကိုလက္ျဖင့္အုပ္ၿပီး နွစ္စကၠန္႔ေလာက္တိတ္ဆိတ္ေနခဲ့သည္။

"စပီကာက ဖြင့္ထားတာေနာ္"
ကုရိရွင္းေလသံေပ်ာ့ျဖင့္ဆိုသည္။

". . ."

လုမင္ရွီရဲ႕ပါးစပ္က အံ့ၾသမႈေၾကာင့္ပြင့္ဟလ်က္ ျပန္ပိတ္လို႔ပင္မရေတာ့ေပ။

နည္းျပကလက္ခုပ္လက္ဝါးတီးၿပီး ၾကင္နာစြာေျပာသည္။
"ညီေလးကု ဘာမွမစိုးရိမ္နဲ႔။ ငါတို႔ဘာမွမၾကားလိုက္ဘူး"

ထိုစကားမ်ားသည္ ေဝးလံေသာအရပ္မွာရွိေနသည့္ လုမင္ရွီ၏နားထဲသို႔ တိုးေဝွ႔ဝင္ေရာက္သြားသည္။

ေဆးရံုေခါင္မိုးထပ္ေပၚတြင္ မတ္တပ္ရပ္ရင္းဖုန္းေျပာေနေသာလုမင္ရွီသည္ အသံတစ္ခ်က္မွမထြက္ပဲတိတ္ဆိတ္မႈထဲက်ေရာက္သြားေတာ့သည္။

သူတိတ္တဆိတ္ပဲဖုန္းခ်လိုက္ၿပီး အဲ့ဒီအစားကုရိရွင္းကိုပို႔ဖို႔စာတိုတစ္ေစာင္ကိုရိုက္လိုက္သည္။

ကုရိရွင္းကတိတ္ဆိတ္စြာစာရိုက္ရင္း လုမင္ရွီနဲ႔အျပန္အလွန္စာပို႔ေနၾကစဥ္။

ကားထဲမွအျခားလူသံုးေယာက္တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္အဓိပၸါယ္ပါတဲ့အၾကည့္ေတြဖလွယ္လိုက္ၾကသည္။

ဘယ္လိုအေျခအေနေအာက္မွာ ညီေလးကုရဲ႕ပါတနာက ဒီေမးခြန္းကိုေမးမွာတဲ့လဲ?

တိက်မွန္ကန္တဲ့အ႐ြယ္အစားကို ေမးတယ္။

ၿပီးေတာ့ အေရးတႀကီးျဖစ္ေနတယ္လို႔လဲေျပာေသးတယ္။

ဒီလိုအခ်က္အလက္ကို ဘယ္အခ်ိန္မွာလိုတာပါလိမ့္?

မင္းတကယ္လို႔ကြန္ဒံုးဝယ္မယ္ဆိုရင္ ပစၥည္းအ႐ြယ္အစားကိုအၾကမ္းဖ်င္းခန္႔မွန္းဖို႔သာလိုသည္။

ဒါဆို ျဖစ္နိုင္ေခ်တစ္ခုသာက်န္ရွိေတာ့သည္။

ညီေလးကုရဲ႕ခ်စ္သူေလးက လူတစ္ေယာက္ရဲ႕အ႐ြယ္အစားအတိုင္း custom-made xxxကို orderတင္ဖို႔ပဲျဖစ္ရမယ္!

ပြဲၾကည့္ပရိတ္သတ္အဖြဲ႕က အဓိပၸါယ္ပါပါေခ်ာင္းဆိုးလိုက္ၾကၿပီး သူတို႔နွာေခါင္းေတြကိုပြတ္ရင္း ေခြၽးေတြသုတ္ေနၾကေတာ့သည္။

ဒီအားကစားသမားကို သူတို႔ၾကည့္ေနတဲ့အၾကည့္ေတြက ပိုပိုၿပီးထူးဆန္းလာခဲ့သည္။

ဒီေန႔ေခတ္လူငယ္ေတြက သူတို႔ကိုယ္သူတို႔ဘယ္လိုေဖ်ာ္ေျဖရမလဲဆိုတာ တကယ္သိေနၾကၿပီပဲ...

ကုရိရွင္းက သူ႔ဖုန္းကိုေဝးေဝးသို႔ဖယ္ထုတ္လိုက္သည္။ ထို႔ေနာက္ ကားထဲေရာက္ခါစအျပဳအမူအတိုင္း ဧည့္သည္မ်ားနားေနရန္အိမ္သို႔ေရာက္လာခဲ့သည္။

အခန္းေတြကို သူတို႔ေနဖို႔စီစဥ္ေနရာခ်ထားၿပီးျဖစ္သည္။ သူတို႔ကားထဲကထြက္လာတဲ့အခါ ေနာက္ရက္အနည္းငယ္အတြင္း ျပဳလုပ္မည့္အစီအစဥ္ေတြကိုရွင္းျပခဲ့ၿပီး လူတိုင္းကလည္းျပင္ဆင္ေပးထားတဲ့အခန္းေတြရွိရာကိုသြားခဲ့ၾကသည္။

တူေလးတံုမွာ ကုရိရွင္းကိုေစာင့္ေရွာက္ရန္ ေက်ာင္းအုပ္ႀကီး၏အမိန္႔ေပးျခင္းကိုခံခဲ့ရသည္။

ဒါေၾကာင့္ သူနဲ႔ကုရိရွင္းတို႔တစ္ခန္းတည္းသံုးၾကရသည္။

ဒါနဲ႔ပတ္သက္လို႔ သူ႔အေနနဲ႔ဘာျပသနာမွမရွိေပ။

ဒါေပမယ့္ ျပသနာက အခန္းထဲမွာသူ႔ခရီးေဆာင္အိတ္ေတြကိုေနရာခ်ထားၿပီးေနာက္ ကုရိရွင္းကတံခါးကိုဖြင့္လိုက္ၿပီး ျဖတ္သြားတဲ့ဟိုတယ္ဝန္ထမ္းမေလးတစ္ေယာက္ကိုေမးေနတာ သူၾကားလိုက္ရသည္။

"ဟိုေလ ဒီမွာေပႀကိဳးတိပ္ေခြေလးတစ္ခုေလာက္မ်ားရနိုင္မလားလို႔?"

တူေလးရဲ႕မ်က္လံုးေတြက လ်ွိဴ ႕ဝွက္ခ်က္တစ္ခုခုကိုသိသြားသည့္နွယ္ ကုရိရွင္းကိုခိုးၾကည့္ေနခဲ့သည္။

တစ္ခုခုျဖစ္ေနတာေတာ့ ေသခ်ာၿပီ။

ဒီလူရဲ႕ေနာက္ကြယ္မွာ ဇာတ္လမ္းတစ္ပုဒ္ရွိမွာေသခ်ာတယ္။

ကုရိရွင္းသည္ ဝန္ထမ္းမေလးစတိုခန္းထဲမွယူလာေပးသည့္ ေပႀကိဳးတိပ္ေခြကိုယူလိုက္ၿပီး ေရခ်ိဴ းခန္းထဲဝင္သြားေတာ့သည္။

တူေလးက အိပ္ရာေပၚမွာထိုင္ခ်လိုက္ၿပီး အဲ့ဒီအေၾကာင္းစဥ္းစားေနခဲ့တယ္။

သူ႔အသက္က သံုးဆယ့္နွစ္နွစ္ျဖစ္တယ္။ ဒါေပမယ့္ သူအခုထိအိမ္ေထာင္မက်ေသးတဲ့အျပင္ အိမ္ေထာင္က်မယ့္လမ္းလည္းမျမင္။

သူ႔မွာက်န္းမာသန္စြမ္းတဲ့ဆံပင္ေတြရွိေနတုန္းက ခ်စ္သူတစ္ေယာက္ရဖို႔အခြင့္အေရးအေတာ္အသင့္ရွိေနခဲ့သည္။ ဒါေပမယ့္အခု သူေခါင္းေျပာင္သြားခ်ိန္မွာ သူ႔အခြင့္အေရးေတြလက္လြတ္ခဲ့ရၿပီ။

ၿပီးခဲ့တဲ့တစ္ပတ္ blind dateတုန္းကေရာက္လာခဲ့တဲ့ေကာင္မေလးဆိုရင္ သူ႔ကိုတစ္ခ်က္သာၾကည့္ၿပီးျပန္ထြက္သြားခဲ့သည္။

ဒါေၾကာင့္ ကုရိရွင္းမွာခ်စ္သူတစ္ေယာက္ရွိတယ္ဆိုတာ သူသိလိုက္ရခ်ိန္ အလြန္မနာလိုျဖစ္ခဲ့ရသည္။

ဒီေန႔ကုရိရွင္း၏ခ်စ္သူအသံကို သူၾကားလိုက္ရၿပီးေနာက္ ေခြးစာအတင္းေကြၽးခံေနရသလိုခံစားလိုက္ရသည္။

သူလည္း ဒီလိုရဲရင့္ထက္ျမက္ၿပီး စိတ္အားထက္သန္ပိုင္ဆိုးပိုင္နင္းခ်စ္သူေလးတစ္ေယာက္ရခ်င္မိဖူးသည္။

တူေလးသည္ သူ႔အေတြးထဲတြင္နစ္ျမဳပ္ေနေသာေၾကာင့္ ပတ္ဝန္းက်င္ကိုသူသတိမထားမိခဲ့ေပ။

ကုရိရွင္းလည္း ေရခ်ိဴ းထဲဝင္လာခဲ့သည္။

ေရခ်ိဴ းခန္းထဲမွာ သူနည္္းနည္းၾကာေအာင္ေနခဲ့ရတယ္။

ေရခ်ိဴ းခန္းထဲမွာကုရိရွင္းဘာလုပ္ခဲ့တာလဲ?

သူက ေပႀကိဳးတိပ္ေခြကိုထုတ္လိုက္ၿပီး သူ႔ညီေတာ္ေမာင္ကိုတိုင္းဖို႔ ခက္ခက္ခဲခဲႀကိဳးစားေနခဲ့သည္။

လူတစ္ကိုယ္လံုးလည္း ရႈပ္ေထြးေနသည့္အေျခအေနထဲ က်ေရာက္ေနေတာ့သည္။

တိပ္ေခြကိုဆြဲထုတ္ၿပီး သူ႔xxနဲ႔အနီးမွာကပ္ထားလိုက္တဲ့အခါ လုမင္ရွီျဖစ္ခဲ့သလို နံပါတ္ေတြမွိန္သြားတာမ်ိဴ းမျဖစ္ခဲ့ေပ။

သို႔ေသာ္ ပိုစိတ္ရႈပ္စရာေကာင္းသည့္ဇာတ္လမ္းတစ္ပုဒ္ေပၚလာေတာ့သည္။

တိုင္းတာသည့္တိပ္ေခြက စတင္တုန္ခါလာခဲ့သည္။

တိပ္ေခြကို သူ႔ညီေလးအနားကပ္လိုက္တဲ့အခ်ိန္မွာ ထိုအရာကစတင္တုန္ခါလာခဲ့သည္။

တိုင္းတာသည့္တိပ္မွာ သူ႔စိတ္ကူးကိုဆန္႔က်င္ဆႏၵျပေနသည့္နွယ္ တုန္ခါေနေတာ့သည္။ တိပ္ေခြေပၚရွိအမွတ္အသားတို႔ လွိုင္းတံပိုးခတ္ေနသလိုလႈပ္ရွားေနျခင္းက သူ႔ကိုရွင္းရွင္းလင္းလင္းျမင္ရဖို႔ ခက္ခဲေစခဲ့သည္။

ေနာက္ဆံုး တိပ္ကိုျပန္သိမ္းလိုက္တဲ့အခါ နံပါတ္ေတြနဲ႔အမွတ္ေတြအားလံုးေပ်ာက္ကြယ္သြားေတာ့သည္။

တိပ္ေခြ၏အေရွ႕ဘက္စြန္းတြင္ တြန္႔ဆုတ္ျခင္းမရွိၫႊန္ျပေနသည့္ ရွည္လ်ားေသာအတိုင္းအထြာတစ္ခုက်န္ေနခဲ့သည္။

တိပ္ေခြအက်ယ္က က်ဥ္းေသာေၾကာင့္ ေနာက္ဆံုးစာလံုးကိုျမင္ဖို႔ အလြန္ေသးငယ္တဲ့ေနရာလြတ္တစ္ခုသာ ၾကားထဲတြင္က်န္ေနသည္။

ကုရိရွင္းလည္း ထိုစာလံုးကိုအသက္မပါစြာစိုက္ၾကည့္ရင္း သက္ျပင္းရွည္ႀကီးခ်လိုက္သည္။

သူ႔ေခါင္းထဲမွာ အနက္ေရာင္question markအမွတ္အသားေတြ အျပည့္ျဖစ္သြားတယ္။

သူတိပ္ေခြကိုေဝးေဝးေ႐ြ႕လိုက္ၿပီး စေကးမွတ္ကလည္း မူလသုညကိုျပန္ေရာက္သြားသည္။

သူ႔ရဲ႕xxနဲ႔ နီးလာတာနဲ႔ နီးလာတဲ့အရာမွာထူးဆန္းတဲ့ပံုစံေတြေပၚလာလိမ့္မည္။

ဒီေတာ့ သူ႔အရွည္ကိုေဖာ္ထုတ္ဖို႔က ျပသနာတစ္ခုလား?

ထိုအေၾကာင္းဆက္ေတြးေနဖို႔ ကုရိရွင္းအားမရွိေတာ့ေပ။ ဒါေၾကာင့္ သူေျပာစရာစကားမဲ့စြာျဖင့္ ဓာတ္ပံုသာေကာက္ရိုက္လိုက္ၿပီး လုမင္ရွီဆီကိုပို႔ေပးလိုက္သည္။

"တင္း ေတာင္!"

လုမင္ရွီ၏ဖုန္းမွ စာတိုဝင္သံထြက္ေပၚလာခဲ့သည္။

လုမင္ရွီလည္း အသစ္ေရာက္လာသည့္စာကိုအလ်င္အျမန္ဖြင့္ဖတ္လိုက္သည္။

[ဓာတ္ပံု]

"ဘာေတြျဖစ္ေနလဲဆိုတာကို ကြၽန္ေတာ္မသိဘူး။ တိုင္းထြာခ်က္အရ ထြက္လာတာကေတာ့ ဒီလိုပဲ။ ဒါက ခင္ဗ်ားကိုကူညီနိုင္မယ္လို႔ ေမ်ွာ္လင့္မိတယ္"

လုမင္ရွီသည္ တစ္ကန္႔ခ်င္းစီ pixelနွင့္တကြသီးသန္႔ခြဲထားသည့္ဓာတ္ပံုကိုျမင္လိုက္ရသည္။

ဓာတ္ပံုထဲက အ႐ြယ္ပမာကိုသတိထားမိၿပီးေနာက္ လုမင္ရွီမွာ စိတ္ထဲတစ္မ်ိဴ းျဖစ္သြားၿပီးသူ႔ေပါင္ေတြကိုေ႐ြ႕လိုက္မိသည္။

ထို႔ေနာက္ တိပ္ေခြေပၚမွစေကးနံပါတ္ကိုျမင္နိုင္ဖို႔ရန္ လုမင္ရွီသည္ဓာတ္ပံုကိုခ်ဲ့ၾကည့္လိုက္သည္။

"......"

လုမင္ရွီသည္ ထိုစာလံုးကိုစိုက္ၾကည့္ၿပီး သက္ျပင္းခ်လိုက္မိသည္။

ဖုန္းမ်က္နွာျပင္က မီးေတာက္ေတြထုတ္လႊတ္လုမတတ္ျဖစ္ေနပံုေပၚသည္။

အလြန္နက္ရွိုင္းလြန္းသည့္ သခ်ၤာသေကၤတရွိေသာ္လည္း ထိုအရာက တိပ္ေခြတြင္ရွိမေနသင့္ေပ။

" +∞ "

[Note: plus infinity- အေပါင္းဘက္ အဆံုးမရွိ --> ဆိုလိုတာက အနွိုင္းမဲ့🤐]

? ? ?

ဝွက္ သယ္ ဖာခ့္?

လုမင္ရွီအေတြးတို႔ေပ်ာက္ရွလ်က္ အေဆာင္ဘက္သို႔ျပန္လွည့္သြားခဲ့သည္။

ေဆးရံုေဆာင္ထဲသို႔ လုမင္ရွီအံ့ၾသတႀကီးျပန္ဝင္လာခဲ့သည္။

အန္းေရွာင္သည္ တြက္ခ်က္ျပထားသည့္ whiteboardကိုကိုင္ထားဆဲျဖစ္ကာ လူနာကုတင္ေရွ႕တြင္ အၿပံဳးျဖင့္ထိုင္ေစာင့္ေနေလသည္။

လုမင္ရွီက ခ််ိနဲ႔စြာကုတင္ေပၚထိုင္ခ်လိုက္ၿပီး whiteboardေပၚမွ အန္းေရွာင္ေရးသားထားသည့္ ေဖာ္ျမဴ လာတို႔ကိုၾကည့္ေနခဲ့သည္။

"အန္းေရွာင္ေရ"

လုမင္ရွီက အားမရွိသလိုေမးသည္။
"အစားဂဏန္း(÷)က အဆံုးမရွိျဖစ္ေနရင္ ဘာဆက္ျဖစ္မွာလဲဟင္?"

အန္းေရွာင္က သူ႔ကိုဟာသေတြလာေျပာေနတာလားဆိုသည့္မ်က္နွာထားျဖင့္ၾကည့္လာသည္။

"အစားဂဏန္းက ဘာပဲျဖစ္ျဖစ္ အဆံုးမရွိဘူးဆိုတာေတာ့ မျဖစ္နိုင္တာေသခ်ာတယ္ ဒီေတာ့..."

အန္းေရွာင္ရဲ႕ရွင္းျပခ်က္ေတြက ေရာင္ျပန္တစ္ခုလိုခ်က္ခ်င္းထြက္ေပၚလာတယ္။ ဒါေပမယ့္ သူ႔bossေမးခြန္းရဲ႕ ေနာက္ကြယ္ကအဓိပၸါယ္ကိုစဥ္းစားမိတဲ့အခါ သူခ်က္ခ်င္းမသက္မသာျဖစ္သြားရသည္။

"...ဒီေတာ့ ဆိုလိုတာက ကုရိရွင္းရဲ႕xxအရွည္....ကအနွိုင္းမဲ့?"

ဒါက နည္းနည္းထိတ္လန္႔ဖြယ္ရာေကာင္းတဲ့ ျပသနာေလးတစ္ခုပါပဲ။

အန္းေရွာင္သည္ ဤကဲ့သို႔အေျခအေနမ်ိဴ းနွင့္ အရင္ကတစ္ခါမွမႀကံဳဖူးသည့္အတြက္ ခဏေလာက္ဘာလုပ္ရမွန္းမသိျဖစ္သြားခဲ့သည္။

ဆြံ႕အေနေသာအန္းေရွာင္နွင့္ စကားလံုးကင္းမဲ့ေနေသာလုမင္ရွီတို႔ မ်က္နွာခ်င္းဆိုင္ထိုင္ေနၾကသည္။ အေဆာင္ထဲကေလထုအေနအထားဟာလည္း အေတာ္ေလးျပင္းထန္ေနခဲ့သည္။

"ဒီေတာ့ အခုအစီအစဥ္က"
အန္းေရွာင္က ဆိုသည္။
"ကေလးမေမြးခင္အထိ ခင္ဗ်ားနဲ႔ကုရိရွင္းတို႔ တစ္ေယာက္ကိုတစ္ေယာက္မထိေတြ႕သင့္ဘူး"

လုမင္ရွီေခါင္းညိမ့္လိုက္သည္။

"ေနာက္ေရာ ဘာက်န္ေသးလဲ?"

အန္းေရွာင္ဆက္ေျပာသည္။
"မင္းရဲ႕ကေလးမွာ အရမ္းအားေကာင္းတဲ့စုပ္ယူနိုင္စြမ္းရွိတယ္။ ဒါေၾကာင့္ ဒီအခ်ိန္တစ္ေလ်ွာက္လံုး ၿပိဳင္ဘက္မရွိခြန္အားေတြနဲ႔ အသက္ရွင္ေနနိုင္ခဲ့တာ။ အခု ကေလးက စြမ္းအင္ရဲ႕အက်ိဴ းသက္ေရာက္လွံု႔ေဆာ္မႈေတြေၾကာင့္ က်န္းမာေရးေကာင္းေကာင္းနဲ႔ ေစာေမြးလာနိုင္ဖို႔မ်ားတယ္"

လုမင္ရွီက အေတာ္ေလးစိတ္သက္သာရာရသြားၿပီး တီးတိုးညီးလိုက္သည္။
"အဲ့ဒါေကာင္းတာေပါ့..."

လုမင္ရွီ : "မင္းရဲ႕ပံုစံက မေကာင္းတာတစ္ခုခုျဖစ္လာေတာ့မယ္လို႔ ငါေတြးမိတဲ့အထိ အရမ္းေၾကာက္ဖို႔ေကာင္းေနတာႀကီး"

အန္းေရွာင္က ျပင္းထန္စြာေျပာသည္။
"တကယ္လို႔ မင္းတို႔ေတြထပ္ၿပီးထိေတြ႕ေနဦးမယ္ဆိုရင္ မေတာ္တဆမႈတကယ္ျဖစ္လာလိမ့္မယ္"

လုမင္ရွီက ေဒါသတႀကီးျပန္ေျဖသည္။
"ငါတို႔ မင္းရဲ႕စကားအတိုင္းနားေထာင္ခဲ့တယ္ေလ..."

အန္းေရွာင္သည္ တျခားလူတစ္ေယာက္၏အျမင္ကိုလက္ခံရန္အသင့္ျဖစ္ေနၿပီး သူ႔ကိုစိတ္ေက်နပ္ေစရန္ႀကိဳးစားေနသည့္ေလသံမ်ိဴ းျဖင့္ ေျပာသည္။
"အဲ့ဒါ ကြၽန္ေတာ့္အမွားေတြပါ။ ခင္ဗ်ားကို ရွင္းရွင္းလင္းလင္းမေျပာခဲ့မိတဲ့ ကြၽန္ေတာ့္အမွားေတြပါ။ ခင္ဗ်ားအခုလိုအခ်ိန္မွာ ေဒါသမထြက္သင့္ဘူး။ ဒါေၾကာင့္ ေပ်ာ္ေနတဲ့စိတ္ေလးကိုျပန္ထိန္းလိုက္ပါ ဒါမွကေလးလည္းက်န္းမာေရးေကာင္းေကာင္းနဲ႔ေမြးလာနိုင္မွာ"

အဲ့ဒါက အလြန္ထိေရာက္ခဲ့သည္။

လုမင္ရွီက ေအးေအးေဆးေဆးေျပာသည္။
"ေဒါက္တာအန္း ကိုယ့္ကိုယ္ကိုအျပစ္တင္မေနပါနဲ႔ေတာ့ ငါ့အမွားေတြလည္းပါပါတယ္"

အန္းေရွာင္က ခ်ိဴ သာစြာၿပံဳးလိုက္ၿပီး
"လူငယ္ေတြ ေတာ္သင့္ရံုေလာက္ ဘယ္လိုလုပ္ရမလဲဆိုတာသိသင့္တယ္"

လုမင္ရွီ သူ႔အၿပံဳးကိုဆက္ထိန္းထားခဲ့သည္။

ငါ့ကေလးကို မီးဖြားၿပီးတဲ့အခ်ိန္မွ မင္းကိုရမွတ္ေတြနဲ႔အတူ စာရင္းရွင္းရမယ္ထင္တယ္။

မူလသတ္မွတ္ထားသည့္ရက္မွာ Mayလအေစာပိုင္းျဖစ္ေသာ္လည္း အာဟာရလြန္ကဲသြားမႈေၾကာင့္ တစ္လနီးပါးအခ်ိန္ေ႐ြ႕သြားေတာ့သည္။

"March 30လား April 1လား?"

လုမင္ရွီက ခန္႔မွန္းအခ်ိန္ကိုတစ္ခ်က္ၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္ ကုရိရွင္းမွာျပည္နယ္ၿမိဳ႕ေတာ္တြင္သာ ရွိေနဦးမည္ျဖစ္သည္။

လုမင္ရွီက သူ႔ကစားပြဲကိုမေနွာင့္ယွက္ခ်င္ေသာ္လည္း ကေလးတစ္ေယာက္ေမြးဖြားျခင္းသည္ အလြန္ႀကီးမားေသာအရာျဖစ္သည္။ ဒါေၾကာင့္ သူ႔ကိုမေျပာျပလို႔မျဖစ္ေပ။

ဒါမွမဟုတ္ သူျပိဳင္ပြဲၿပီးမယ့္ေန႔အထိ ငါေစာင့္လိုက္သင့္တယ္...အဲ့ဒါဆို ၂၇ မဟုတ္ရင္ ၂၈လား?

အခ်ိန္က်တဲ့အခါမွ သူ႔ကိုကိုယ္ပိုင္ဂ်က္ေလယာဥ္ေပၚဆြဲတင္ၿပီး အိမ္ျပန္ေခၚလို႔ရတာပဲ။

လုမင္ရွီက သူ႔လက္ေတြကိုေဝွ႔ယမ္းျပခဲ့သည္။ ဒါနဲ႔ပတ္သက္ၿပီး သူဘာမွမလုပ္နိုင္ေပ။

အန္းေရွာင္က သက္ျပင္းခ်ေနတဲ့လုမင္ရွီကိုၾကည့္ရင္း ကေလးေမြးခ်ိန္တြင္ ခံစားရမည့္နာက်င္မႈကို စိုးရိမ္ေနသည္ဟု သူေတြးမိလိုက္သည္။

အန္းေရွာင္က သူ႔ကိုအားေပးသည္။
"ခင္ဗ်ားဘာမွစိုးရိမ္ေနဖို႔မလိုဘူး။ ကြၽန္ေတာ္တို႔ အဲ့ဒါအတြက္ေသခ်ာေပါက္ နာက်င္မႈမရွိေအာင္လုပ္ေပးနိုင္တယ္"

လုမင္ရွီက "ေၾသာ္" လို႔ေျပာလိုက္ေသာ္လည္း သူ႔စိတ္ကတျခားတစ္ေနရာကိုေရာက္ေနခဲ့သည္။

အန္းေရွာင္ကျဖည့္စြက္ေျပာသည္။
"ျပန္ခ်ဴ ပ္ရင္လည္းနာမွာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔အေကာင္းဆံုးနည္းပညာကိုသံုးၿပီး ခင္ဗ်ားကိုျပန္ခ်ဴ ပ္ေပးမွာ ၿပီးေတာ့အသစ္ဖန္တီးထားတဲ့ အမာ႐ြတ္ဖယ္ရွားေပးနိုင္တဲ့ဝတ္စံုကလည္း အမာ႐ြတ္ေလးတစ္ခုေတာင္က်န္ေနေစခဲ့မွာမဟုတ္ဘူး!"

လုမင္ရွီ၏အာရံုစိုက္မႈတို႔က အန္းေရွာင္ဆီကိုျပန္ေရာက္လာခဲ့သည္။ သူက ေပါ့ေပါ့ေလးေျပာသည္။
"အဲ့ဒါေတြက ဒီေလာက္အေရးမႀကီးပါဘူး"

"ကေလးေဘးကင္းမယ္ဆိုရင္ လံုေလာက္ပါၿပီ"

ထိုစကားေျပာသည့္အခ်ိန္ သူ႔နႈတ္ခမ္းတို႔တြန္႔ေကြးေနသည့္အျပင္ မ်က္လံုးမ်ားအထိၿပံဳးရိပ္သမ္းေနခဲ့သည္။

ကုမၸဏီကအခုဆို အမွန္တကယ္ႂကြယ္ဝေနၿပီျဖစ္ၿပီး ဝန္ထမ္းအားလံုးကလည္း သူတို႔ရဲ႕bossမွာေျမးတစ္ေယာက္ရလာတဲ့အတြက္ အရမ္းဝမ္းသာေနတာလို႔ေျပာေနၾကတယ္။

ဒါေပမယ့္ သူတို႔ရဲ႕bossမွာ ေျမးတစ္ေယာက္ရနိုင္ဖို႔အသာထား သားေရာသမီးေရာ တစ္ေယာက္မွမရွိေပ။

သူ႔ဆီမွာ ဇနီးတစ္ေယာက္ေတာင္မရွိဘူးဆိုေတာ့ သူက လုပ္ခ်င္ကိုင္ခ်င္စိတ္ျပတ္လပ္ေနလို႔ပဲျဖစ္ရမယ္။

အဲ့လိုေျပာတဲ့အခါ လူတိုင္းဆီက စာနာမႈသက္ျပင္းလွိုင္းလံုးႀကီးမ်ားထြက္ေပၚလာခဲ့သည္။

သူ႔မွာပိုက္ဆံအမ်ားႀကီးရွိေပမယ့္လည္း ခ်စ္ျခင္းေမတၱာမွာမေပ်ာ္ေမြ့နိုင္ပဲ သားသမီးမ်ိဴ းဆက္လည္းမရနိုင္တာက နည္းနည္းေတာ့သနားဖို႔ေကာင္းတယ္။

သို႔ေသာ္လည္း ဒီေန႔ထိသူတို႔bossက ဘာလို႔ေလွကားထစ္၂၀ကို အတက္အဆင္းအတင္းလုပ္ေနရတဲ့အေၾကာင္းျပခ်က္ကို ဘယ္သူမွမသိၾကေပ။ တကယ္တမ္းတြင္ ေလ့က်င့္ခန္းလုပ္ေနရျခင္းအေၾကာင္းမွာ -

သူ႔ကေလးမီးဖြားရလြယ္ကူေစရန္ျဖစ္သည္။

ျပည္နယ္၏ၿမိဳ႕ေတာ္တြင္ :

ကုရိရွင္းသည္ စုစုေပါင္း ၿပိဳင္ပြဲ၄ခုအတြက္လက္မွတ္ထိုးခဲ့သည္။ 100မီတာ, 200မီတာ, 400မီတာနဲ႔ 4×100မီတာ။

ျပည္နယ္အားကစားၿပိဳင္ပြဲမ်ား၏ ပဏာမၿပိဳင္ပြဲမ်ားတြင္ဝင္ေရာက္ယွဥ္ၿပိဳင္သူမ်ားစြာရွိၿပီး ထိုလူအမ်ားစုသည္အားကစားလမ္းေၾကာင္းကိုေလ်ွာက္လွမ္းရန္ ႀကီးျပင္းလာခဲ့ၾကျခင္းျဖစ္သည္။ သူတို႔သည္ အားကစားအထူးျပဳပညာတြင္ အထူးကြၽမ္းက်င္ခဲ့ၿပီး မူလတန္းေက်ာင္း သို႔မဟုတ္ ငယ္႐ြယ္စဥ္ကတည္းက စနစ္တက်ေလ့က်င့္ခဲ့ၾကသူမ်ားျဖစ္သည္။

အဲ့ဒီလူေတြနဲ႔နွိုင္းယွဥ္ၾကည့္လ်ွင္ ပူးေပါင္းခါစအသစ္ပါဝင္လာသူကုရိရွင္းသည္ ဘာဆိုဘာမွမသိေပ။

အားကစားပရိုဂရမ္မ်ားနွင့္ပတ္သက္၍ အေကာင္းဆံုးအရာမွာ စည္းမ်ဥ္းတစ္ခုသာရွိျခင္းျဖစ္သည္။

ျပဳိင္ပြဲမစခင္ သူအမွားတစ္ခုခုမလုပ္သေ႐ြ႕ အရာအားလံုးအဆင္ေျပေနမည္ျဖစ္သည္။

မီတာ၁၀၀ေျပးပြဲမတိုင္မီ ကုရိရွင္းကိုအနည္းငယ္ေနွးၿပီးေျပးဖို႔ နည္းျပကအႀကိမ္ႀကိမ္သတိေပးေနခဲ့သည္။

"ငါေျပာတာနားေထာင္။ မင္းတကယ္လို႔အခ်ိန္မွီနားမလည္ေသးရင္ ပစၥတိုေဖာက္သံၾကားၿပီးတာနဲ႔ မင္းစိတ္ထဲက 1 2 3ဆိုၿပီးေရတြက္လိုက္ အဲ့လိုတြက္ျပီးမွ စေျပး!"

ကုရိရွင္းလည္း အေလးအနက္ထားေခါင္းညိမ့္လိုက္ၿပီး "ဟုတ္ကဲ့" လို႔ျပန္ေျပာလိုက္တယ္။

ေသနတ္ေဖာက္သံထြက္လာၿပီးေနာက္ လူအုပ္ႀကီးသည္ သူတို႔၏ေျပးမည့္အေနအထားကိုေျပာင္းလဲသြားၿပီး တစ္ဟုန္ထိုးေျပးထြက္သြားၾကသည္။

ဒါေပမယ့္ ၾကည့္ရႈသူေတြရဲ႕အၾကည့္အားလံုးသည္ အစမ်ဥ္းေနာက္ဘက္တြင္ ေအးခဲရပ္တန္႔က်န္ခဲ့ေသာတို္က္ပြဲဝင္သူေလးထံသို႔ က်ေရာက္လာခဲ့သည္။

ေနွးေကြးတဲ့အားကစားသမားေတြအမ်ားႀကီးကို သူတို႔အရင္ကေတြ႕ဖူးခဲ့ၿပီးျဖစ္သည္။

ဒါေပမယ့္ ဒီလိုေနွးတဲ့လူမ်ိဴ းကိုေတာ့...

ယင္းသည္ သာမန္ေနွးေကြးတဲ့အားကစားသမားနဲ႔မတူဘူး။ ဒါက အေျပးသမားတစ္ေယာက္အတြက္ေနွးလြန္းေနတာမဟုတ္လား!

သို႔ေသာ္ တစ္စကၠန္႔ၾကာၿပီးေနာက္...

ရုတ္တရက္အေရွ႕သို႔ ကုရိရွင္းေျပးထြက္သြားၿပီး ေျခနွစ္လွမ္း သံုးလွမ္းမ်ွျဖင့္ ေရွ႕မွေျပးေနသူမ်ားကိုလိုက္မွီသြားခဲ့သည္။

ပြဲၾကည့္ပရိသတ္မ်ားသည္ သူတို႔၏မ်က္လံုးမ်ားကိုမယံုနိုင္စြာျဖင့္ ပြတ္လိုက္ၾကသည္။

ကုရိရွင္း၏ပြဲဦးထြက္စံခ်ိန္ 10.5။

ထူးျခားတဲ့ပံု သိပ္မေပၚေပမယ့္ ေနာက္ဆံုးဆန္ကာတင္စာရင္းထဲဝင္ဖို႔ လံုေလာက္ၿပီ။

နည္းျပ၏မ်က္နွာမွာလည္း စိတ္သက္သာရာရသြားတဲ့အၿပံဳးတစ္ခုရွိေနသည္။

200မီတာ၊ 400မီတာ။
တူညီေသာနည္းျဖင့္ ၿပိဳင္ပြဲမ်ား၏ေနာက္ဆံုးပြဲစဥ္စာရင္းထဲသို႔ဝင္ေရာက္ရန္ ကုရိရွင္းေအာင္ျမင္ခဲ့သည္။ 

သို႔ရာတြင္ 4×100ၿပိဳင္ပြဲတြင္ သူ႔အသင္းေဖာ္မ်ားကအလြန္အားနည္းေသာေၾကာင့္ တျခားအသင္းမ်ား၏အနိုင္ယူခံလိုက္ရသည္။

ငါးရက္ၾကာၿပီးေနာက္ ပထမဆံုးက်င္းပမည့္ၿပိဳင္ပြဲမွာ ေနာက္ဆံုးေသာမီတာ400မာရသြန္ၿပိဳင္ပြဲျဖစ္သည္။

မီတာ400က ေျပးဖို႔အေတာ္ေလးလြယ္ကူသည္။

ရွည္လ်ားေသာအကြာအေဝးေၾကာင့္ အျမန္နႈန္းကိုလြယ္လင့္တကူထိန္းခ်ဴ ပ္နိုင္သည္။

ေနာက္ဆံုးပြဲစဥ္ျဖစ္သည့္အေလ်ာက္ ပိုမိုမ်ားျပားလာေသာပရိတ္သတ္လူအုပ္ႀကီးအၿမဲရွိသည္။

ဒီတစ္ႀကိမ္ေတာ့ အစမ်ဥ္းမွာကုရိရွင္းမတ္တပ္ရပ္လိုက္သည္နွင့္ သူ႔ကိုစူးရွေသာမ်က္လံုးမ်ားျဖင့္စိုက္ၾကည့္ေနၾကသည့့္ပရိတ္သတ္မ်ားကို ေတြ႕လိုက္ရသည္။

"ဟိုမွာၾကည့္စမ္း! အဲ့ဒါစံျပအလုပ္သမားပဲ!"

"နင္ေသခ်ာလို႔လား? ဒါေပမယ့္ သူကငါတို႔ရဲ႕ဝူေမာင့္ေကာေကာနဲ႔တူေနသလိုပဲ!"

"သူကငါတို႔ရဲ႕စံျပအလုပ္သမား"

"သူကငါတို႔ရဲ႕ မစၥတာperfect ကိုကိုဝူေမာင့္"

နွစ္ဖက္ကြဲသြားေသာပရိတ္ႀကီးသည္ ထိုအေၾကာင္းနွင့္ပတ္သက္၍စတင္တုိက္ခိုက္ၾကေတာ့သည္။

အဆံုးတြင္ စံျပအလုပ္သမားဘက္မွပရိသတ္ထုႀကီးအနိုင္ရသြားခဲ့သည္။

"အဲ့မွာ သူတို႔ရဲ႕နာမည္ေတြကို အားကစားဝတ္စံုေက်ာဘက္မွာေရးျပထားတယ္ေလ။ နင္တို႔ရူးေနၾကတာလား?"

ေနာက္ဆံုးပြဲစဥ္အတြင္း အစမ်ဥ္းတြင္ရပ္ေနရင္း ကုရိရွင္းအခ်ိန္ျဖဳန္းေနသည္။ မၾကာခင္ သူသည္ ကင္မရာမ်ား၏အာရံုစိုက္မႈကိုခံရေတာ့သည္။

ကုရိရွင္းသည္ ငါးအထိေရတြက္ၿပီးေနာက္ ေျပးထြက္သြားခဲ့သည္။

ကစားသမားတစ္ေယာက္ကို သူေက်ာ္တက္သြားသည္။

နည္းျပကလက္ခုပ္လက္ဝါးတီးလ်က္ဆိုသည္။
"ေကာင္းတယ္ကြာ!"

ထို႔ေနာက္ ဒုတိယကစားသမားကိုေက်ာ္တက္လိုက္သည္။

နည္းျပ : "ဆက္သြားထား!"

အဲ့ဒီေနာက္ သံုးေယာက္ေျမာက္ကိုထပ္ေက်ာ္တက္...

နည္းျပ : "ဒီအရွိန္ႀကီးက အံ့ၾသစရာပဲ! မင္းေသခ်ာေပါက္နိုင္မွာ!"

အဲ့ဒီေနာက္ ေလးေယာက္ေျမာက္ကို...

နည္းျပ : "မင္းလုပ္နိုင္..."

အဲ့ဒီေနာက္ ငါးေယာက္ေျမာက္...

နည္းျပ : "ငါတို႔ဒီထက္ပိုအရွိန္တင္လို႔ မရေလာက္ေတာ့..."

ကုရိရွင္းသည္ အရွိန္ကိုလံုးဝမေလ်ွာ႔ခ်နိုင္ခဲ့ေပ။

သူ႔ခနၶာကိုယ္ထဲတြင္သိမ္းထားေသာ လိုအပ္တဲ့အရွိန္သည္ သူ႔ကိုယ္တြင္းမွႀကီးမားစြာခြဲထြက္လာၿပီး က်န္ွရွိေနသည့္ ကစားသမားနွစ္ေယာက္ကိုပါ လ်ွပ္စီးေၾကာင္းတစ္ခုလိုေက်ာ္တက္သြား၍ ပထမေနရာသို႔ေျပးဝင္သြားခဲ့သည္။

ပရိသတ္မ်ား : "ဝိုး!! အရမ္းမိုက္တယ္!! ဒီစြမ္းအားႀကီးကိုငါတကယ္ႀကိဳက္ေနၿပီ!! ကံေကာင္းပါေစ ငါတို႔ရဲ႕စံျပအလုပ္သမားေလး"

ၿပိဳင္ဖက္မ်ား : "သူရုးေနတာမဟုတ္လား...ဒါကိုရည္႐ြယ္ခ်က္ရွိရွိလုပ္လိုက္တာမလား? ငါတို႔ရဲ႕ခံစားခ်က္ေတြနဲ႔ကစားရတာ ေပ်ာ္ဖို႔ေကာင္းရဲ႕လား?"

Xxx Ning Xxx Ta sports xxxNiao အားကစားကုမၸဏီမ်ား :

"ႀကီးမားတဲ့စီးပြားေရးအခြင့္အလမ္းကို ငါခံစားလိုက္ရတယ္! တျခားလူေတြသူ႔ကိုဆြဲမထုတ္သြားနိုင္ခင္ ျမန္ျမန္ထၿပီးသူ႔ကိုသြားေခၚခဲ့!!!"

သူတို႔က တစ္ေယာက္က္ုတစ္ေယာက္ သတိေပးတဲ့အၾကည့္ေတြနဲ႔ ၾကည့္ခဲ့ၾကတယ္။

ကုရိရွင္းကိုၾကည့္ေနေသာနည္းျပသည္ ထိုသတင္းတို႔ကို ကုရိရွင္းထံသို႔အျမန္ပို႔လိုက္သည္။

"ရပ္ေတာ့ဟ!! မင္းစံခ်ိန္ကိုခ်ိဴ းမိေတာ့မယ္!!! စံခ်ိန္ခ်ိဴ းမိၿပီဆိုတာနဲ႔ ေလ့က်င့္ေရးအတြက္မင္းေသာ့ပိတ္ခံထားရလိမ့္မယ္!!"

နည္းျပသည္ သူ၏ဘိုးေဘးဘီဘင္ထံမွအေမြဆက္ခံထားသည့္ စိတ္စြမ္းအင္ပညာ : လ်ွိဴ ႕ဝွက္အသံေပးပို႔ျခင္းကိုအသံုးျပဳခဲ့သည္။

အဲ့ဒါေၾကာင့္ သူ႔စကားေတြကိုၾကားနိုင္မယ့္လူဟာ ကုရိရွင္းတစ္ေယာက္တည္းသာျဖစ္သည္။

ကုရိရွင္းအထိတ္တလန္႔ျဖစ္သြားရသည္။

ကုရိရွင္းစိတ္ထဲကေအာ္ဟစ္လိုက္မိသည္။
"အားးးးးးးး! ကြၽန္ေတာ္လည္းရပ္ခ်င္တာေပါ့လို႔!!! ဒါေပမယ့္ စိတ္မေကာင္းပါဘူး!!!ရိုးရိုးရပ္လို႔မရေတာ့ဘူး!!! အားး!!!"

ကုရိရွင္း : "QAQ"
[sad face]

Continue Reading

You'll Also Like

4.6M 519K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
165K 16.9K 67
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
244K 6.5K 66
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
221K 22K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...