//Unicode//
အခန်း ၁၉ - Congratulations
ကုလီဟန်ရဲ့တိုက်တွန်းမှုကြောင့် စုလင်း ငွေရောင်ကြယ်သီးလေးကို ယူလိုက်ပြီး ခဏမျှကြာသည်အထိ အရှေ့အနောက်အပြန်ပြန် အလှန်လှန် ကြည့်နေမိသည်။ ပြီးတော့ သူ ရှုပ်ထွေးနေသည့်ဟန်ဖြင့်
"ကျွန်တော် ဒါကို ဘယ်လို သုံးရမှာလဲ?"
တကယ်တော့ စုအိမ်တော်က စုလင်းနဲ့ ဆက်ဆံရေးဖြတ်တောက်လိုက်သည့် သတင်းထွက်လာကတည်းက ကုလီဟန် သူတို့ရဲ့နောက်ကြောင်းကို စစ်ဆေးခဲ့သည်။ စုမိသားစုက ဆယ်စုနှစ်၂ခုလောက်အတွင်းမှာ အလျင်အမြန်တိုးတက်လာခဲ့သည့် အိမ်တော် တစ်ခုဖြစ်သည်။ စုမိသားစုရဲ့ နောက်ခံက သိပ်မကြီးမားပေမယ့် တော်တော်လေးတော့ ချမ်းသာကြသည်။ သို့သော်လည်း စုလင်းအတွက်ကတော့ သိုလှောင်ပစ္စည်းကိုတောင် ဘယ်လိုဖွင့်ရမှန်း မသိရှာချေ။ အဲ့ဒါက စုလင်းအနေနဲ့ တစ်ခါမှ မြင်ဖူးတာကြောင့်ဖြစ်စေ သို့မဟုတ် သူ့မှတ်ဥာဏ်တွေ ပျောက်ဆုံးနေတာကြောင့်ဖြစ်စေ တော်တော် စိတ်မကောင်းဖြစ်စရာပင်။
ကုလီဟန်က စိတ်ရှည်လက်ရှည် ရှင်းပြပေသည်။
"ဒီသလင်းကျောက်လေးနောက်မှာ ခလုတ်ကလေးရှိတယ်။ သိုလှောင်ခန်းကို ဖွင့်ချင်ရင် အဲ့ဒါလေးကို နှိပ်လိုက်။ ပထမဆုံးအကြိမ်ဖွင့်တဲ့အချိန်မှာ မင်းရဲ့အသံနဲ့လက်ဗွေကို မှတ်တမ်းတင်ထားဖို့တော့ လိုတယ်။ အဲ့ဒါဆို နောက်တစ်ကြိမ် ဖွင့်ချင်ရင် မင်းရဲ့အသံနဲ့ဖြစ်ဖြစ် လက်ဗွေနဲ့ဖြစ်ဖြစ် ဖွင့်လို့ရသွားပြီ။"
စုလင်းက နေရာလွတ် သိုလှောင်ခန်းကို သုံးဖို့ ကုလီဟန်ရဲ့ ညွှန်ကြားချက်တွေအတိုင်း သေချာသင်ယူလိုက်သည်။ စုလင်း သိုလှောင်ခန်းရဲ့အတွင်းကို မြင်လိုက်ချိန်တွင် ထိတ်လန့်သွားခဲ့ရတော့သည်။ ကုလီဟန်ကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဒါက မီတာ၂၀ကျယ်တဲ့ နေရာလွတ် သိုလှောင်ခန်း?"
ကုလီဟန်: "အမ်း...မင်းယူခဲ့ချင်တဲ့ မင်းရဲ့အသုံးအဆောင်တွေလည်း ထည့်လို့ရအောင်လေ။ တကယ်လို့ နေရာမလောက်ရင်လည်း ကိုယ့်ရဲ့သိုလှောင်ခန်းထဲမှာ မင်းပစ္စည်းတွေ ထားလို့ရတယ်"
စုလင်း ကမန်းကတမ်းပြန်ဖြေလိုက်ရသည်။
"လောက်တယ်ရယ်။ တကယ်လို့ နေရာလောက်ပါတယ်"
အဲ့ဒီတော့ ၄၀မီလီယံတောင် တန်ဖိုးရှိတဲ့ပစ္စည်းက သူ့နတ်ဘုရားရဲ့ နှလုံးသားထဲမှာ အပေါစား လက်ဝတ်တန်ဆာသာသာလောက်ပဲပေါ့?
စုလင်း ကြွယ်ဝခြင်းနှင့်မွဲတေခြင်းကြားက ကွာဟချက်ကြီးကို အမှန်တကယ်ပင် ခံစားမိလိုက်ရသည်။
ကုလီဟန်: "မင်း အခန်းထဲကို လျှောက်ပတ်ပြီး ဝယ်ချင်တာ ရှိသေးလား ကြည့်ဦးမလား?"
စုလင်း အခန်းထဲရှိ အမျိုးအစားစုံလင်လှသော ပစ္စည်းများကိုတစ်ချက် ထပ်ကြည့်လိုက်မိသည်။ အဝတ်အစားများ၊ လက်နက်များ၊ တဲများ အကုန်လုံးကို ပြင်ဆင်ထားပြီး ဖြစ်သည်။
"လောလောဆယ်တော့ ကျွန်တော်လိုတာ ဘာမှမတွေးမိဘူး။ ကျွန်တော် ခရီးသွားဖို့ အစီအစဥ်ရေးဆွဲပြီးရင် ခင်ဗျားကို လှမ်းဆက်သွယ်လိုက်မယ်။"
စုလင်းဟာ တစ်လျှောက်လုံး စာမေးပွဲအတွက် ပြင်ဆင်နေခဲ့ရသည်မို့ ခရီးသွားအစီအစဥ်ဆွဲဖို့ လုံးဝအချိန်မရခဲ့ပေ။
ကုလီဟန် ခေါင်းငြိမ့်ပြလာပြီး ဆိုသည်။
"ကောင်းပြီလေ။ မင်း အချိန်မရွေး ကိုယ်နဲ့ ဆွေးနွေးလို့ ရတယ်။"
နှစ်ဦးသား ပစ္စည်းတွေကို တစ်ချက်ပြန်စစ်ဆေးကြည့်ပြီးကြတဲ့နောက် အခန်းကို ပြန်ပြီး အနားယူခဲ့ကြသည်။
စုလင်း ရေချိုးလိုက်ပြီးတဲ့နောက် ခုတင်ပေါ်မှာ ထိုင်ပြီး လက်ကောက်ကို ဖွင့်လိုက်သည်။ သူက ရှန်းမိုယွီ ပေါ်လာဖူးတဲ့နေရာတွေကို စာရင်းပြုစုထားသည့် ဖိုင်ကို ဖွင့်လိုက်ပြီး နေရာတွေ အားလုံးကို မြေပုံမှာ အမှတ်အသားလုပ်လိုက်သည်။ ထို့နောက် စုလင်း Belle မြို့တော်နဲ့အနီးဆုံးမှာ တည်ရှိနေသည့် ငွေနှင်းမြူသစ်တောဧရိယာကို အနီရောင်နဲ့ ဝိုင်းထားလိုက်ပြီး တည်နေရာများကို နီးရာမှ ဝေးရာသို့ နံပါတ်စဥ်တပ်ထားလိုက်သည်။
ငွေနှင်းမြူသစ်တောသည် သူ့ရဲ့ပထမဆုံး ပန်းတိုင်ဖြစ်သည်။ ထို့ကြောင့် သူ သစ်တောနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို အင်တာနက်ပေါ်မှာ ရှာဖွေခဲ့သည်။ ငွေနှင်းမြူသစ်တောသည် Belle မြို့တော်၏ တောင်ဘက်တွင် တည်ရှိပြီး သစ်တောဧရိယာက တော်တော်ကျယ်ပြန့်လေသည်။ သစ်တောသည် တစ်နှစ်ပတ်လုံး အဖြူရောင်မြူများဖြင့် ပိတ်သည်းထူထပ်စွာ ဖုံးလွှမ်းနေသည်မှာ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်ရနိုင်ပေ။ အပြင်ဘက်မှ ကြည့်လျှင် သစ်တော တစ်ခုလုံးကို ငွေဖြူရောင် ပိတ်ကျဲစတစ်ခုဖြင့် ရစ်သိုင်းထားသကဲ့သို့ပင်။ ထို့ကြောင့် ငွေနှင်းမြူသစ်တောဟု ခေါ်တွင်ခြင်းဖြစ်သည်။ သစ်တောတွင်းတွင်လည်း မျိုးစိတ်ပေါင်းများစွာရှိပေသည်။ အဖိုးတန်လှသည့်ပစ္စည်းများနှင့် အဆင့်မြင့်စိတ်ဝိညာဥ်ပင်များကို သစ်တော၏အနက်ဆုံးအပိုင်းတွင် တွေ့ရတတ်သည်။အကောင်းဆုံးကိုလိုချင်ရင် ပေးဆပ်ရမှုကတော့ ကြီးမားလှစမြဲပင်။ သစ်တော အလယ်ပိုင်းအထိ သွားရောက်ခဲ့ကြသော အဖွဲ့များသည့် အဖွဲ့ဝင် အပြည့်ဖြင့် ပြန်မလာနိုင်ကြပေ။ သူတို့တွေရဲ့ အဆင့်မြင့်လှပါသည် ဆိုသည့် နည်းပညာဖြင့်တောင် သစ်တောရဲ့အလယ်ပိုင်းဒေသအတွင်း အခြေအနေကို စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိပါချေ။ ငွေနှင်းမြူသစ်တောသည် စူးစမ်းရှာဖွေသူများ၊ စိတ်ဝိညာဥ်ပင် ကျွမ်းကျင်ပညာရှင်များ၊ ကြေးစားများ စသော လူများစွာအတွက် အလေးအမြတ်ထားအပ်သော မြင့်မြတ်သည့် အမဲလိုက်ရာနယ်မြေတစ်ခုဖြစ်သည်။ လူများသည် များပြားလှသည့်ဆုလာဘ်များကြောင့် သစ်တောအတွင်း အပြိုင်အဆိုင် ဝင်လေ့ရှိကြသည်။
ငွေနှင်းမြူသစ်တော အတွင်း ဝင်ရန် ကုန်းလမ်းနှင့် ရေကြောင်းလမ်းဟူ၍ လမ်းကြောင်း ၂ခုရှိသည်။ စုလင်း လမ်းကြောင်း ၂ခုကို အဖြူရောင်မျဥ်းနှင့် အစိမ်းရောင်မျဥ်းဖြင့် အသီးသီး မှတ်လိုက်သည်။ ဆက်စပ်လမ်းညွှန်များကို ဖတ်ရှုပြီးနောက် စုလင်းသည် တောထဲကို ကုန်းလမ်းဖြင့် ဝင်ရန် ဆုံးဖြတ်လိုက်သည်။ ကုန်းလမ်းရဲ့ မြေပြင်အမြင့်က ရေကြောင်းလမ်းနဲ့စာရင် မညီမညာနှင့် ပိုရှုပ်ထွေးပြီး တောထဲဝင်နိုင်ရန် သူတို့ လမ်းကြောင်းတွေအများကြီး ရှာဖို့ လိုလိမ့်မည်။ ရေကြောင်းလမ်းက ရေစီးအတိုင်း တောထဲကို တည့်တည့် ရောက်နိုင်သော်လည်း အန္တရာယ် အရမ်းများလှသည်။ ရေထဲတွင် များစွာသော ထူးဆန်းသည့် သတ္တဝါများရှိသည့်အပြင် မြူများထဲတွင်လည်း ရန်လိုနေသော အကောင်များ ရှိနိုင်သေးသည်။ အန္တာရယ်တွေ့နိုင်ချေက အရမ်းများလှသည်။ စုလင်း လမ်းကြောင်းကို အကြမ်းဖျင်းဆွဲရန် ဆုံးဖြတ်လိုက်ပြီး နည်းဗျူဟာများကို ပေါင်းစည်းကာ သစ်တော အတွင်းရှိ အခြေအနေ အချက်အလက်များကို စီစစ်ပြီး မြေပုံပေါ်တွင် မှတ်သားခဲ့သည်။ စုလင်း အစီအစဥ်ရဲ့အောက်ခြေမှာ ယူဆောင်ရမယ့်ပစ္စည်းများကို စာရင်းလုပ်လိုက်ပြီး လို့အပ်သည့်ပစ္စည်းကိရိယာများကို မျဥ်းသားလိုက်သည်။ အစီအစဥ်တစ်ခုလုံး ရေးဆွဲပြီးချိန်၌ ကုလီဟန် ကြည့်လို့ရအောင် သွားပေးချင်ခဲ့သည်။ သို့သော်လည်း နာရီကြည့်လိုက်တော့ မနက်၁နာရီပင် ရှိနေပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ချက်ချင်းပဲ ကုလီဟန်ကို သွားနှောက်ယှက်မယ့် အကြံအစည်ကို ဖျက်လိုက်ပြီး လက်ကောက်ကို ပိတ်ကာ အိပ်လိုက်တော့သည်။
နောက်တစ်နေ့တွင် စုလင်း လက်ကောက်ကို ဆက်သွယ်မှုဝင်လာသည့် အသံကြောင့် နိုးလာခဲ့သည်။ နာရီကြည့်လိုက်တော့ ၉နာရီထိုးခါနီးနေပြီ ဖြစ်သည်။ စုလင်း ချက်ချင်း ထပြီး ခြေချိတ်ထိုင်လိုက်ပြီး တံတောင်ကို ဒူးပေါ်မှာတင်ပြီး လက်ကို ဘေးမှာ ထောက်ထားလိုက်ကာ ဆက်သွယ်မှုကို လက်ခံလိုက်သည်။ ဆက်သွယ်မှု ချိတ်ဆက်သွားသည်နှင့် လင်းမန်ရဲ့ စိတ်လှုပ်ရှားနေသည့် အသံကြီးကို ကြားလိုက်ရသည်။
"လင်းလင်း Congratulations ! မင်းက တကယ် အံ့သြစရာကောင်းတာပဲ"
စုလင်းက အိပ်ရာထခါစဖြစ်သည့်အတွက် သူ့ရဲ့တွေးခေါ်နိုင်စွမ်းတွေက ဝေဝါးနေခဲ့သည်။ လင်းမန်ပြောတာကြားတော့မှ သူ့မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နှင့် သူ့အတွေးတွေ ချက်ချင်းဆိုစလို ကြည်လင်လာခဲ့သည်။
စာမေးပွဲရလဒ်က ဒီနေ့ထွက်တာပဲ!
စုလင်းရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ အနည်းငယ် ကွေးညွတ်သွားရပြီး
"ကျေးဇူးပါ"
အဲ့ဒီနောက် စုလင်း သူ့လက်ကို မြှောက်လိုက်ပြီး မျက်နှာပြင်ကို စာမေးပွဲရဲ့ ပင်မစာမျက်နှာဆီ ပြောင်းလိုက်သည်။ ထို့နောက် သူက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်း ကို နှိပ်လိုက်သည်။ ယခုနှစ်အတွက် ဖြေဆိုသူအားလုံးရဲ့ ရလဒ်ဖြစ်သော နာမည်တွေ အစဥ်လိုက်က ချက်ချင်း ပေါ်ထွက်လာသည်။ ညာဘက်အပေါ်ထောင့်တွင် ကိုယ့်ရဲ့အမှတ်နဲ့အဆင့်ကို ရှာရန် ဖြေဆိုသူနံပါတ်ရိုက်ထည့်ရသည့် အကွက်လေးတစ်ခုရှိသည်။ စုလင်း သူ့ရဲ့နံပါတ်ကို မဖြည့်သွင်းလိုက်ပေ။ ဘာလို့လဲဆိုတော့ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ရဲ့နာမည် - စုလင်း, 485မှတ် ကို ထိပ်ဆုံးမှာ တန်းတွေ့လိုက်ရသည်။ စုလင်း ဖြေဆိုသူနံပါတ်ကို စစ်ကြည့်လိုက်ပြီးနောက် နာမည်တူနေသည့်အခြားတစ်ယောက်မဟုတ်ဘဲ တကယ်ကို သူဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ သူ့အပြုးက ပို၍နက်ရှိုင်းလာခဲ့သလို အနည်းငယ်လည်း စိတ်လှုပ်ရှားနေခဲ့သည်။
တကယ်တမ်းမှာ ပထမနေရာဆိုတာ စုလင်းအတွက် အမြဲရနေကျဖြစ်လို့ ဘာမှ သိပ်မထူးဆန်းလှသော်လည်း ဒီတစ်ခါ စာမေးပွဲကတော့ သူ့အရင်ဖြေဖူးခဲ့တဲ့စာမေးပွဲတွေနဲ့ ကွဲပြားပေသည်။ သူနဲ့သူ့ပြိုင်ဘက်တွေရဲ့ စထွက်တဲ့ နေရာ မတူညီခဲ့ပေ။ သိပ်မကြာခင်မှာပဲ စုလင်း စိတ်လှုပ်ရှားနေရာမှ တည်ငြိမ်သွားသည်။ နောက်ဆုံးမှာတော့ ဇီဝဗေဒမှ လွဲ၍ ကျန်တဲ့ဘာသာရပ်အားလုံးသည် သူအရင်က သင်ယူဖူးခဲ့တာနဲ့ သိပ်မကွာလှပေ။ ထို့အပြင် သူက ဇီဝဗေဒဘာသာရပ်ကိုလည်း မြန်မြန်ပဲ နားလည်ခဲ့ပြီး မှတ်သားနိုင်ခဲ့သည်။ ရေးဖြေစာမေးပွဲ စုစုပေါင်း ပေးမှတ်က 500 ဖြစ်သော်လည်း သူက 485 မှတ်သာ ရခဲ့သည်မို့ သူက အရမ်း အံအားသင့်ဖွယ်တော့ မဟုတ်ခဲ့ချေ။ သူ15မှတ်ကို ဘယ်နေရာတွေမှာ လျော့ခဲ့သလဲဆိုတာ မသေချာပေ။
စုလင်း ရမှတ်တွေအကြောင်းစဥ်းစားနေစဥ်မှာပင် လင်းမန်ပြောလာတာကို ကြားလိုက်ရသည်။
"မင်းက ဘာလို့ အရမ်း တည်ငြိမ်နေတာလဲ? မင်း အမှတ်တွေ ကြည့်ပြီးသားလား?"
စုလင်း: "ငါ အခုမှ ကြည့်လိုက်တာ။ ငါနောက်တစ်နှစ်ထပ်မနေရရတော့တဲ့ အတွက် ဝမ်းသာနေတာ"
"မင်းနောက်တစ်နှစ်ထပ်မနေရရတော့တဲ့အပြင်လေ သေချာပေါက်ကို ကျောင်းတွေအများကြီးက မင်းကို ဖိတ်ခေါ်ဖို့ ကမ်းလှမ်းချင်နေကြမှာ။ မင်းရဲ့ရေးဖြေအမှတ်က ပထမနေရာရပြီးတော့ မင်းက အင်တာဗျူးမှာ ထပ်တိုးမေးခွန်းတွေအကုန်လုံးကိုလည်း မှန်အောင်ဖြေနိုင်တဲ့ တစ်ဦးတည်းသော ဖြေဆိုသူပဲ"
စုလင်း မျက်ခုံးများကို ပင့်တင့်လိုက်ရင်း
"ထပ်တိုးမေးခွန်း?"
"အင်းလေ။ မင်းသတင်းမှာ မတွေ့လိုက်ဘူးလား? စာမေးပွဲအတွက် တာဝန်ရှိတဲ့ကော်မတီအဖွဲ့က အင်တာဗျူး ပြီးတဲ့နောက်မှာ သူတို့ရဲ့အမှတ်ပေးစနစ်ကို ရှင်းပြခဲ့တယ်လေ။ သူတို့က ဖြေဆိုသူတွေ အကောင်းဆုံးမလုပ်နိုင်မှာစိုးလို့ ကြိုမပြောပြခဲ့တာတဲ့"
စုလင်းက ထိုသတင်းကို တကယ်ပင် မသိပါချေ။ လင်းမန်က ထပ်ရှင်းပြလာသည်။
"ငါတို့တွေ ရနံ့အမျိုးအစားအများကြီးကို ခွဲခြားရတဲ့ ဧရိယာ002ရဲ့ စစ်ဆေးမှုလေ သိတယ်မလား?အဲ့ဒီမှာ ဧရိယာ 1 ကနေ 20 အတွင်းဆို မေးခွန်း ၁ခုအတွက် ၁မှတ်၊ ဧရိယာ 21ကနေ 25အထိက ၂မှတ် နဲ့ ငါတို့ကို စုစုပေါင်းအမှတ် ၃၀ပေးတယ်ကွာ။ ဧရိယာ 26 ကနေ 30အထိကကျ တကယ်ကြီး ထပ်တိုးမေးခွန်းတွေဖြစ်သွားပြီ။ မေးခွန်း ၁ခုဆီတိုင်းအတွက် ၁မှတ်ပေးတယ်"
လင်းမန်ရဲ့ အသံက တဖြည်းဖြည်း မြင့်တက်လာကာ
"မင်းကလွဲပြီးလေ ဘယ်သူမှကို အမှတ်အပို မရဘူးကွ! မင်းက တကယ်ကြီး အံ့သြစရာကောင်းတာ!"
စုလင်းက နှိမ့်ချစွာပဲ ပြန်ဖြေသည်။ လင်းမန်က အချိန်တစ်ခုလောက်ကြာသည်အထိ သူ့ကို ချီးကျူးနေခဲ့ပြီးနောက် မေးလာသည်။
"မင်း ဘယ်တက္ကသိုလ်ကို သွားမှာလဲ?"
စုလင်း: "ငါမစဥ်းစားကြည့်ရသေးဘူး။ ငါ လျှောက်လွှာမဖြည့်ခင်တော့ သေသေချာချာတွေးကြည့်ပါဦးမယ်။"
လင်းမန်: "အမ်း..မင်းဆုံးဖြတ်ပြီးရင်ပြောဦး။ ငါတို့ တက္ကသိုလ်အတူတူ တက်ရင်လည်း တက်ရနိုင်တာပဲ!"
စုလင်း: "အိုကေ"
ဖုန်းချပြီးတဲ့နောက် စုလင်း သူ့ရဲ့ အင်တာဗျူး ရမှတ်ကို စစ်ကြည့်လိုက်တော့ 65 မှတ်ရတာ တွေ့လိုက်ရသည်။ သူ ဧရိယာ 003မှာ အလျော့ပေးလိုက်သည့် စစ်ဆေးမှုက လွဲရင် ကျန်၂ခုလုံးအတွက် အမှတ်အပြည့်ရသည့်အပြင် ထပ်တိုး 5မှတ်ပါရထားလေသည်။ စုလင်း သူ့ရဲ့ ရလဒ်ကို နည်းနည်းတော့ အံ့သြသွားခဲ့ရသည်။ သူက မွှေးရနံ့ခွဲခြားရသည့် စစ်ဆေးမှုမှာ တော်တော်လေးကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိသော်လည်း ရင်းနှီးနိုင်စွမ်း စစ်ဆေးမှုက အမှတ် ဘယ်လိုဖြတ်လဲမသိတာကြောင့် သူအရမ်းကြီး ယုံကြည်မှု မရှိခဲ့ပေ။
စုလင်းအနေနဲ့ သူ့ကိုယ်သူ ရေးဖြေစာမေးပွဲမှာ အကောင်းဆုံး ရမှတ်တွေရလောက်တာကို သိပြီးဖြစ်သလို အင်တာဗျူးရမှတ်တွေက သူ့ရဲ့ တက္ကသိုလ်ဝင်ခွင့်အတွက် အသုံးမဝင်လောက်ဘူးလို့ သိပြီးဖြစ်သော်လည်း ရမှတ်တွေကို မြင်ရတာက သူ့ကို အရမ်းကို ပျော်ရွှင်စေသည်။ ယခုမူ သူတက်ချင်တဲ့ တက္ကသိုလ်ကို ရွေးချယ်နိုင်သည့် အရည်အချင်း ရှိနေပြီ ဖြစ်သည်။ မတိုင်ခင်က သူက အဆိုးဆုံးတွေအတွက် ကြိုတင် ပြင်ဆင်ထားခဲ့သည်။ တက္ကသိုလ်အရည်အသွေးက ဘယ်လိုပဲ ဖြစ်နေပါစေ တက္ကသိုလ်တစ်ခုခုကို ဝင်နိုင်ရင်ကို အဆင်ပြေပြီ ဖြစ်သည်။ ယခုတွင် ရမှတ်၂ခု ပေါင်းရင် 547 မှတ်ဖြစ်ကာ စုစုပေါင်းပေးမှတ်ရဲ့ 90ရာခိုင်နှုန်းပင် ကျော်သည်။ ဒါက ကျောင်းကောင်းကောင်း ရွေးချယ်နိုင်ပေသည်။
စုလင်း ခံစားချက်ကောင်းလေးဖြင့် အိပ်ယာမှထပြီး မျက်နှာသစ်လိုက်သည်။ သူ အခန်းတံခါးကို ဖွင့်လိုက်တော့ အပြင်မှာ ဒိုမီရပ်နေတာ တွေ့လိုက်ရသည်။ ဒိုမီရဲ့အရပ်က 1.8မီတာတောင်ရှိတာမလို သူ့ထက် အနည်းငယ် ပိုရှည်သည်။ ထို့ကြောင့် တံခါးဖွင့်လိုက်ချင်း တဖျက်ဖျက်တောက်ပနေသည့် ကြီးမားသည့် အပြာရောင် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရခြင်းက စုလင်းကို လန့်သွားစေခဲ့သည်။ စုလင်း ဒိုမီ ရဲ့ ဝင်းလက်နေသည့်မျက်ဝန်းများကို မြင်လိုက်သောအခါ ဒိုမီကို ဘာလို့ သူ့အခန်းရှေ့မှာ ရပ်ပြီး ဘာလုပ်နေတာလဲကို မေးရန်ဟန်ပြင်လိုက်သည်။
"အိုးး လှပတဲ့ Omega ဧည့်သည်လေးရေ နောက်ဆုံးတော့ မင်းနိုးလာပြီပဲ။ မင်းငါတို့နဲ့ စလာနေကတည်းက တစ်ခါမှ မနက်၈နာရီထက်နောက်ကျပြီး မထဖူးတော့ အရမ်းစိတ်ပူနေခဲ့တာ။ သခင်က မင်းရဲ့အသက်ရှုနှုန်းကို scan ဖတ်ခိုင်းပြီး မင်း လုံခြုံတာသေချာရဲ့လား စစ်ဆေးခိုင်းလို့"
စုလင်း ရယ်လိုက်ပြီး
"ဘာလို့ တံခါးမခေါက်လိုက်တာလဲ?"
ဒိုမီ: "လေ့လာချက်တွေအရ မင်းအိပ်ရာထနောက်ကျရတဲ့ အကြောင်းအရင်းက မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့်ဆိုတာထက် စာမေးပွဲပြီးတဲ့နောက် စိတ်အပန်းပြေပြီး အကြာကြီးအိပ်ပျော်သွားတာဖြစ်နိုင်တယ်။ တံခါးခေါက်တာ မဆင်မခြင်လုပ်ရပ်လို့ သခင်က ပြောတယ်"
စုလင်း အခန်းထဲက ထွက်လာတော့ ဒိုမီက ဘေးက လိုက်လာပြီး
"ကျွန်တော် မင်းအတွက် မနက်စာပြင်ပေးမယ်"
"ကျေးဇူးတင်ပါတယ်"
စုလင်း ဧည့်ခန်းဆီလျှောက်လာသောအခါ ပေါ့ပေါ့ပါးပါး ဝတ်စားထားသည့် ကုလီဟန်က ဆိုဖာမှာထိုင် သတင်းစာဖတ်နေတာကို တွေ့လိုက်ရသည်။ သူ နှုတ်ဆက်လိုက်ပြီး မနေ့ညက ဆွဲထားတဲ့အစီအစဥ်ကို ကုလီဟန်ကို ပေးလိုက်သည်။
"ကျွန်တော့်အစီအစဥ်မှာ လွဲချော်နေတာတွေ ရှိရင်ရှိနေမှာ ခင်ဗျား ကူပြီးပြင်ပေးပါဦး။ ကျွန်တော် မနက်စာ အရင်သွားစားလိုက်ဦးမယ်"
ကုလီဟန်က ခေါင်းငြိမ့်သည်။
"ကောင်းပြီ"
စုလင်း ထမင်းစားခန်းဘက် ဦးတည်လိုက်စဥ်မှာပဲ ကုလီဟန်က ထပ်ပြောလာသည်။
"Congratulations, မင်းရဲ့ အဆင့်က အရမ်းကောင်းတာပဲ"
စုလင်းရဲ့ မျက်ဝန်းလေးများ အနည်းငယ်ကွေးညွှတ်သွားခဲ့ပြီး
"ခင်ဗျား ကျွန်တော့် အဆင့်ကိုတွေ့တယ်ပေါ့?"
သူ့နှလုံးသားလေးတစ်ခုလုံး အရမ်းကိုချိုမြိန်လာခဲ့သည်။
သူ့နတ်ဘုရားကလေ သူ့ကို အရမ်းအာရုံစိုက်တာပဲ
ကုလီဟန်က ခေါင်းခါခဲ့သည်။ သူက စုလင်းရဲ့အဆင့်တွေကို ကြိုကြည့်ချင်ခဲ့သည်မှာ စုလင်းကိုနှစ်သိမ့်ပေးဖို့အတွက် ပြင်ဆင်ထားနိုင်ရန်ဖြစ်သည်။ အဆုံးသတ်မှာတော့ သူက တစ်ပါးသူကို နှစ်သိမ့်ရာတွင် လုံးဝကို မတော်သည့်အပြင် သူက စုလင်းရဲ့ ဖြေဆိုသူနံပါတ်ကိုလည်း မသိပြန်ချေ။ တကယ်တမ်းမှာလည်း စုလင်းရဲ့အဆင့်က နှစ်သိမ့်စရာမလိုခဲ့ချေ။ ကုလီဟန်က ပြန်ဖြေလိုက်သည်။
"ကြည့်စရာ မလိုပါဘူး။ ဘာလို့ဆို အွန်လိုင်းမှာ မင်းအကြောင်း ဆွေးနွေးနေကြတယ်လေ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋
//Zawgyi//
အခန္း ၁၉ - Congratulations
ကုလီဟန္ရဲ႕တိုက္တြန္းမႈေၾကာင့္ စုလင္း ေငြေရာင္ၾကယ္သီးေလးကို ယူလိုက္ၿပီး ခဏမွ်ၾကာသည္အထိ အေ႐ွ႕အေနာက္အျပန္ျပန္ အလွန္လွန္ ၾကည့္ေနမိသည္။ ၿပီးေတာ့ သူ ႐ႈပ္ေထြးေနသည့္ဟန္ျဖင့္
"ကြၽန္ေတာ္ ဒါကို ဘယ္လို သုံးရမွာလဲ?"
တကယ္ေတာ့ စုအိမ္ေတာ္က စုလင္းနဲ႔ ဆက္ဆံေရးျဖတ္ေတာက္လိုက္သည့္ သတင္းထြက္လာကတည္းက ကုလီဟန္ သူတို႔ရဲ႕ေနာက္ေၾကာင္းကို စစ္ေဆးခဲ့သည္။ စုမိသားစုက ဆယ္စုႏွစ္၂ခုေလာက္အတြင္းမွာ အလ်င္အျမန္တိုးတက္လာခဲ့သည့္ အိမ္ေတာ္ တစ္ခုျဖစ္သည္။ စုမိသားစုရဲ႕ ေနာက္ခံက သိပ္မႀကီးမားေပမယ့္ ေတာ္ေတာ္ေလးေတာ့ ခ်မ္းသာၾကသည္။ သို႔ေသာ္လည္း စုလင္းအတြက္ကေတာ့ သိုေလွာင္ပစၥည္းကိုေတာင္ ဘယ္လိုဖြင့္ရမွန္း မသိ႐ွာေခ်။ အဲ့ဒါက စုလင္းအေနနဲ႔ တစ္ခါမွ ျမင္ဖူးတာေၾကာင့္ျဖစ္ေစ သို႔မဟုတ္ သူ႕မွတ္ဥာဏ္ေတြ ေပ်ာက္ဆုံးေနတာေၾကာင့္ျဖစ္ေစ ေတာ္ေတာ္ စိတ္မေကာင္းျဖစ္စရာပင္။
ကုလီဟန္က စိတ္႐ွည္လက္႐ွည္ ႐ွင္းျပေပသည္။
"ဒီသလင္းေက်ာက္ေလးေနာက္မွာ ခလုတ္ကေလး႐ွိတယ္။ သိုေလွာင္ခန္းကို ဖြင့္ခ်င္ရင္ အဲ့ဒါေလးကို ႏွိပ္လိုက္။ ပထမဆုံးအႀကိမ္ဖြင့္တဲ့အခ်ိန္မွာ မင္းရဲ႕အသံနဲ႔လက္ေဗြကို မွတ္တမ္းတင္ထားဖို႔ေတာ့ လိုတယ္။ အဲ့ဒါဆို ေနာက္တစ္ႀကိမ္ ဖြင့္ခ်င္ရင္ မင္းရဲ႕အသံနဲ႔ျဖစ္ျဖစ္ လက္ေဗြနဲ႔ျဖစ္ျဖစ္ ဖြင့္လို႔ရသြားၿပီ။"
စုလင္းက ေနရာလြတ္ သိုေလွာင္ခန္းကို သုံးဖို႔ ကုလီဟန္ရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း ေသခ်ာသင္ယူလိုက္သည္။ စုလင္း သိုေလွာင္ခန္းရဲ႕အတြင္းကို ျမင္လိုက္ခ်ိန္တြင္ ထိတ္လန္႔သြားခဲ့ရေတာ့သည္။ ကုလီဟန္ကို လွည့္ၾကည့္လိုက္ၿပီး ေမးလိုက္သည္။
"ဒါက မီတာ၂၀က်ယ္တဲ့ ေနရာလြတ္ သိုေလွာင္ခန္း?"
ကုလီဟန္: "အမ္း...မင္းယူခဲ့ခ်င္တဲ့ မင္းရဲ႕အသုံးအေဆာင္ေတြလည္း ထည့္လို႔ရေအာင္ေလ။ တကယ္လို႔ ေနရာမေလာက္ရင္လည္း ကိုယ့္ရဲ႕သိုေလွာင္ခန္းထဲမွာ မင္းပစၥည္းေတြ ထားလို႔ရတယ္"
စုလင္း ကမန္းကတမ္းျပန္ေျဖလိုက္ရသည္။
"ေလာက္တယ္ရယ္။ တကယ္လို႔ ေနရာေလာက္ပါတယ္"
အဲ့ဒီေတာ့ ၄၀မီလီယံေတာင္ တန္ဖိုး႐ွိတဲ့ပစၥည္းက သူ႕နတ္ဘုရားရဲ႕ ႏွလုံးသားထဲမွာ အေပါစား လက္ဝတ္တန္ဆာသာသာေလာက္ပဲေပါ့?
စုလင္း ႂကြယ္ဝျခင္းႏွင့္မြဲေတျခင္းၾကားက ကြာဟခ်က္ႀကီးကို အမွန္တကယ္ပင္ ခံစားမိလိုက္ရသည္။
ကုလီဟန္: "မင္း အခန္းထဲကို ေလွ်ာက္ပတ္ၿပီး ဝယ္ခ်င္တာ ႐ွိေသးလား ၾကည့္ဦးမလား?"
စုလင္း အခန္းထဲ႐ွိ အမ်ိဳးအစားစုံလင္လွေသာ ပစၥည္းမ်ားကိုတစ္ခ်က္ ထပ္ၾကည့္လိုက္မိသည္။ အဝတ္အစားမ်ား၊ လက္နက္မ်ား၊ တဲမ်ား အကုန္လုံးကို ျပင္ဆင္ထားၿပီး ျဖစ္သည္။
"ေလာေလာဆယ္ေတာ့ ကြၽန္ေတာ္လိုတာ ဘာမွမေတြးမိဘူး။ ကြၽန္ေတာ္ ခရီးသြားဖို႔ အစီအစဥ္ေရးဆြဲၿပီးရင္ ခင္ဗ်ားကို လွမ္းဆက္သြယ္လိုက္မယ္။"
စုလင္းဟာ တစ္ေလွ်ာက္လုံး စာေမးပြဲအတြက္ ျပင္ဆင္ေနခဲ့ရသည္မို႔ ခရီးသြားအစီအစဥ္ဆြဲဖို႔ လုံးဝအခ်ိန္မရခဲ့ေပ။
ကုလီဟန္ ေခါင္းၿငိမ့္ျပလာၿပီး ဆိုသည္။
"ေကာင္းၿပီေလ။ မင္း အခ်ိန္မေ႐ြး ကိုယ္နဲ႔ ေဆြးေႏြးလို႔ ရတယ္။"
ႏွစ္ဦးသား ပစၥည္းေတြကို တစ္ခ်က္ျပန္စစ္ေဆးၾကည့္ၿပီးၾကတဲ့ေနာက္ အခန္းကို ျပန္ၿပီး အနားယူခဲ့ၾကသည္။
စုလင္း ေရခ်ိဳးလိုက္ၿပီးတဲ့ေနာက္ ခုတင္ေပၚမွာ ထိုင္ၿပီး လက္ေကာက္ကို ဖြင့္လိုက္သည္။ သူက ႐ွန္းမိုယြီ ေပၚလာဖူးတဲ့ေနရာေတြကို စာရင္းျပဳစုထားသည့္ ဖိုင္ကို ဖြင့္လိုက္ၿပီး ေနရာေတြ အားလုံးကို ေျမပုံမွာ အမွတ္အသားလုပ္လိုက္သည္။ ထို႔ေနာက္ စုလင္း Belle ၿမိဳ႕ေတာ္နဲ႔အနီးဆုံးမွာ တည္႐ွိေနသည့္ ေငြႏွင္းျမဴသစ္ေတာဧရိယာကို အနီေရာင္နဲ႔ ဝိုင္းထားလိုက္ၿပီး တည္ေနရာမ်ားကို နီးရာမွ ေဝးရာသို႔ နံပါတ္စဥ္တပ္ထားလိုက္သည္။
ေငြႏွင္းျမဴသစ္ေတာသည္ သူ႕ရဲ႕ပထမဆုံး ပန္းတိုင္ျဖစ္သည္။ ထို႔ေၾကာင့္ သူ သစ္ေတာႏွင့္ ပတ္သတ္ေသာ သတင္းအခ်က္အလက္မ်ားကို အင္တာနက္ေပၚမွာ ႐ွာေဖြခဲ့သည္။ ေငြႏွင္းျမဴသစ္ေတာသည္ Belle ၿမိဳ႕ေတာ္၏ ေတာင္ဘက္တြင္ တည္႐ွိၿပီး သစ္ေတာဧရိယာက ေတာ္ေတာ္က်ယ္ျပန္႔ေလသည္။ သစ္ေတာသည္ တစ္ႏွစ္ပတ္လုံး အျဖဴေရာင္ျမဴမ်ားျဖင့္ ပိတ္သည္းထူထပ္စြာ ဖုံးလႊမ္းေနသည္မွာ ပတ္ဝန္းက်င္ကို သဲသဲကြဲကြဲ မျမင္ရႏိုင္ေပ။ အျပင္ဘက္မွ ၾကည့္လွ်င္ သစ္ေတာ တစ္ခုလုံးကို ေငြျဖဴေရာင္ ပိတ္က်ဲစတစ္ခုျဖင့္ ရစ္သိုင္းထားသကဲ့သို႔ပင္။ ထို႔ေၾကာင့္ ေငြႏွင္းျမဴသစ္ေတာဟု ေခၚတြင္ျခင္းျဖစ္သည္။ သစ္ေတာတြင္းတြင္လည္း မ်ိဳးစိတ္ေပါင္းမ်ားစြာ႐ွိေပသည္။ အဖိုးတန္လွသည့္ပစၥည္းမ်ားႏွင့္ အဆင့္ျမင့္စိတ္ဝိညာဥ္ပင္မ်ားကို သစ္ေတာ၏အနက္ဆုံးအပိုင္းတြင္ ေတြ႕ရတတ္သည္။အေကာင္းဆုံးကိုလိုခ်င္ရင္ ေပးဆပ္ရမႈကေတာ့ ႀကီးမားလွစၿမဲပင္။ သစ္ေတာ အလယ္ပိုင္းအထိ သြားေရာက္ခဲ့ၾကေသာ အဖြဲ႕မ်ားသည့္ အဖြဲ႕ဝင္ အျပည့္ျဖင့္ ျပန္မလာႏိုင္ၾကေပ။ သူတို႔ေတြရဲ႕ အဆင့္ျမင့္လွပါသည္ ဆိုသည့္ နည္းပညာျဖင့္ေတာင္ သစ္ေတာရဲ႕အလယ္ပိုင္းေဒသအတြင္း အေျခအေနကို စုံစမ္းစစ္ေဆးႏိုင္ျခင္း မ႐ွိပါေခ်။ ေငြႏွင္းျမဴသစ္ေတာသည္ စူးစမ္း႐ွာေဖြသူမ်ား၊ စိတ္ဝိညာဥ္ပင္ ကြၽမ္းက်င္ပညာ႐ွင္မ်ား၊ ေၾကးစားမ်ား စေသာ လူမ်ားစြာအတြက္ အေလးအျမတ္ထားအပ္ေသာ ျမင့္ျမတ္သည့္ အမဲလိုက္ရာနယ္ေျမတစ္ခုျဖစ္သည္။ လူမ်ားသည္ မ်ားျပားလွသည့္ဆုလာဘ္မ်ားေၾကာင့္ သစ္ေတာအတြင္း အၿပိဳင္အဆိုင္ ဝင္ေလ့႐ွိၾကသည္။
ေငြႏွင္းျမဴသစ္ေတာ အတြင္း ဝင္ရန္ ကုန္းလမ္းႏွင့္ ေရေၾကာင္းလမ္းဟူ၍ လမ္းေၾကာင္း ၂ခု႐ွိသည္။ စုလင္း လမ္းေၾကာင္း ၂ခုကို အျဖဴေရာင္မ်ဥ္းႏွင့္ အစိမ္းေရာင္မ်ဥ္းျဖင့္ အသီးသီး မွတ္လိုက္သည္။ ဆက္စပ္လမ္းၫႊန္မ်ားကို ဖတ္႐ႈၿပီးေနာက္ စုလင္းသည္ ေတာထဲကို ကုန္းလမ္းျဖင့္ ဝင္ရန္ ဆုံးျဖတ္လိုက္သည္။ ကုန္းလမ္းရဲ႕ ေျမျပင္အျမင့္က ေရေၾကာင္းလမ္းနဲ႔စာရင္ မညီမညာႏွင့္ ပို႐ႈပ္ေထြးၿပီး ေတာထဲဝင္ႏိုင္ရန္ သူတို႔ လမ္းေၾကာင္းေတြအမ်ားႀကီး ႐ွာဖို႔ လိုလိမ့္မည္။ ေရေၾကာင္းလမ္းက ေရစီးအတိုင္း ေတာထဲကို တည့္တည့္ ေရာက္ႏိုင္ေသာ္လည္း အႏၲရာယ္ အရမ္းမ်ားလွသည္။ ေရထဲတြင္ မ်ားစြာေသာ ထူးဆန္းသည့္ သတၱဝါမ်ား႐ွိသည့္အျပင္ ျမဴမ်ားထဲတြင္လည္း ရန္လိုေနေသာ အေကာင္မ်ား ႐ွိႏိုင္ေသးသည္။ အႏၲာရယ္ေတြ႕ႏိုင္ေခ်က အရမ္းမ်ားလွသည္။ စုလင္း လမ္းေၾကာင္းကို အၾကမ္းဖ်င္းဆြဲရန္ ဆုံးျဖတ္လိုက္ၿပီး နည္းဗ်ဴဟာမ်ားကို ေပါင္းစည္းကာ သစ္ေတာ အတြင္း႐ွိ အေျခအေန အခ်က္အလက္မ်ားကို စီစစ္ၿပီး ေျမပုံေပၚတြင္ မွတ္သားခဲ့သည္။ စုလင္း အစီအစဥ္ရဲ႕ေအာက္ေျခမွာ ယူေဆာင္ရမယ့္ပစၥည္းမ်ားကို စာရင္းလုပ္လိုက္ၿပီး လို႔အပ္သည့္ပစၥည္းကိရိယာမ်ားကို မ်ဥ္းသားလိုက္သည္။ အစီအစဥ္တစ္ခုလုံး ေရးဆြဲၿပီးခ်ိန္၌ ကုလီဟန္ ၾကည့္လို႔ရေအာင္ သြားေပးခ်င္ခဲ့သည္။ သို႔ေသာ္လည္း နာရီၾကည့္လိုက္ေတာ့ မနက္၁နာရီပင္ ႐ွိေနၿပီ ျဖစ္ေၾကာင္း သိလိုက္ရသည္။ ခ်က္ခ်င္းပဲ ကုလီဟန္ကို သြားေႏွာက္ယွက္မယ့္ အၾကံအစည္ကို ဖ်က္လိုက္ၿပီး လက္ေကာက္ကို ပိတ္ကာ အိပ္လိုက္ေတာ့သည္။
ေနာက္တစ္ေန႔တြင္ စုလင္း လက္ေကာက္ကို ဆက္သြယ္မႈဝင္လာသည့္ အသံေၾကာင့္ ႏိုးလာခဲ့သည္။ နာရီၾကည့္လိုက္ေတာ့ ၉နာရီထိုးခါနီးေနၿပီ ျဖစ္သည္။ စုလင္း ခ်က္ခ်င္း ထၿပီး ေျခခ်ိတ္ထိုင္လိုက္ၿပီး တံေတာင္ကို ဒူးေပၚမွာတင္ၿပီး လက္ကို ေဘးမွာ ေထာက္ထားလိုက္ကာ ဆက္သြယ္မႈကို လက္ခံလိုက္သည္။ ဆက္သြယ္မႈ ခ်ိတ္ဆက္သြားသည္ႏွင့္ လင္းမန္ရဲ႕ စိတ္လႈပ္႐ွားေနသည့္ အသံႀကီးကို ၾကားလိုက္ရသည္။
"လင္းလင္း Congratulations ! မင္းက တကယ္ အံ့ၾသစရာေကာင္းတာပဲ"
စုလင္းက အိပ္ရာထခါစျဖစ္သည့္အတြက္ သူ႕ရဲ႕ေတြးေခၚႏိုင္စြမ္းေတြက ေဝဝါးေနခဲ့သည္။ လင္းမန္ေျပာတာၾကားေတာ့မွ သူ႕မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ႏွင့္ သူ႕အေတြးေတြ ခ်က္ခ်င္းဆိုစလို ၾကည္လင္လာခဲ့သည္။
စာေမးပြဲရလဒ္က ဒီေန႔ထြက္တာပဲ!
စုလင္းရဲ႕ ႏႈတ္ခမ္းေထာင့္စြန္းေလးေတြ အနည္းငယ္ ေကြးၫြတ္သြားရၿပီး
"ေက်းဇူးပါ"
အဲ့ဒီေနာက္ စုလင္း သူ႕လက္ကို ေျမႇာက္လိုက္ၿပီး မ်က္ႏွာျပင္ကို စာေမးပြဲရဲ႕ ပင္မစာမ်က္ႏွာဆီ ေျပာင္းလိုက္သည္။ ထို႔ေနာက္ သူက တကၠသိုလ္ဝင္ခြင့္စာေမးပြဲ ေအာင္စာရင္း ကို ႏွိပ္လိုက္သည္။ ယခုႏွစ္အတြက္ ေျဖဆိုသူအားလုံးရဲ႕ ရလဒ္ျဖစ္ေသာ နာမည္ေတြ အစဥ္လိုက္က ခ်က္ခ်င္း ေပၚထြက္လာသည္။ ညာဘက္အေပၚေထာင့္တြင္ ကိုယ့္ရဲ႕အမွတ္နဲ႔အဆင့္ကို ႐ွာရန္ ေျဖဆိုသူနံပါတ္႐ိုက္ထည့္ရသည့္ အကြက္ေလးတစ္ခု႐ွိသည္။ စုလင္း သူ႕ရဲ႕နံပါတ္ကို မျဖည့္သြင္းလိုက္ေပ။ ဘာလို႔လဲဆိုေတာ့ တစ္ခ်က္ၾကည့္လိုက္႐ုံျဖင့္ သူ႕ရဲ႕နာမည္ - စုလင္း, 485မွတ္ ကို ထိပ္ဆုံးမွာ တန္းေတြ႕လိုက္ရသည္။ စုလင္း ေျဖဆိုသူနံပါတ္ကို စစ္ၾကည့္လိုက္ၿပီးေနာက္ နာမည္တူေနသည့္အျခားတစ္ေယာက္မဟုတ္ဘဲ တကယ္ကို သူျဖစ္ေၾကာင္း အတည္ျပဳလိုက္ႏိုင္သည္။ သူ႕အျပဳးက ပို၍နက္႐ိႈင္းလာခဲ့သလို အနည္းငယ္လည္း စိတ္လႈပ္႐ွားေနခဲ့သည္။
တကယ္တမ္းမွာ ပထမေနရာဆိုတာ စုလင္းအတြက္ အၿမဲရေနက်ျဖစ္လို႔ ဘာမွ သိပ္မထူးဆန္းလွေသာ္လည္း ဒီတစ္ခါ စာေမးပြဲကေတာ့ သူ႕အရင္ေျဖဖူးခဲ့တဲ့စာေမးပြဲေတြနဲ႔ ကြဲျပားေပသည္။ သူနဲ႔သူ႕ၿပိဳင္ဘက္ေတြရဲ႕ စထြက္တဲ့ ေနရာ မတူညီခဲ့ေပ။ သိပ္မၾကာခင္မွာပဲ စုလင္း စိတ္လႈပ္႐ွားေနရာမွ တည္ၿငိမ္သြားသည္။ ေနာက္ဆုံးမွာေတာ့ ဇီဝေဗဒမွ လြဲ၍ က်န္တဲ့ဘာသာရပ္အားလုံးသည္ သူအရင္က သင္ယူဖူးခဲ့တာနဲ႔ သိပ္မကြာလွေပ။ ထို႔အျပင္ သူက ဇီဝေဗဒဘာသာရပ္ကိုလည္း ျမန္ျမန္ပဲ နားလည္ခဲ့ၿပီး မွတ္သားႏိုင္ခဲ့သည္။ ေရးေျဖစာေမးပြဲ စုစုေပါင္း ေပးမွတ္က 500 ျဖစ္ေသာ္လည္း သူက 485 မွတ္သာ ရခဲ့သည္မို႔ သူက အရမ္း အံအားသင့္ဖြယ္ေတာ့ မဟုတ္ခဲ့ေခ်။ သူ15မွတ္ကို ဘယ္ေနရာေတြမွာ ေလ်ာ့ခဲ့သလဲဆိုတာ မေသခ်ာေပ။
စုလင္း ရမွတ္ေတြအေၾကာင္းစဥ္းစားေနစဥ္မွာပင္ လင္းမန္ေျပာလာတာကို ၾကားလိုက္ရသည္။
"မင္းက ဘာလို႔ အရမ္း တည္ၿငိမ္ေနတာလဲ? မင္း အမွတ္ေတြ ၾကည့္ၿပီးသားလား?"
စုလင္း: "ငါ အခုမွ ၾကည့္လိုက္တာ။ ငါေနာက္တစ္ႏွစ္ထပ္မေနရရေတာ့တဲ့ အတြက္ ဝမ္းသာေနတာ"
"မင္းေနာက္တစ္ႏွစ္ထပ္မေနရရေတာ့တဲ့အျပင္ေလ ေသခ်ာေပါက္ကို ေက်ာင္းေတြအမ်ားႀကီးက မင္းကို ဖိတ္ေခၚဖို႔ ကမ္းလွမ္းခ်င္ေနၾကမွာ။ မင္းရဲ႕ေရးေျဖအမွတ္က ပထမေနရာရၿပီးေတာ့ မင္းက အင္တာဗ်ဴးမွာ ထပ္တိုးေမးခြန္းေတြအကုန္လုံးကိုလည္း မွန္ေအာင္ေျဖႏိုင္တဲ့ တစ္ဦးတည္းေသာ ေျဖဆိုသူပဲ"
စုလင္း မ်က္ခုံးမ်ားကို ပင့္တင့္လိုက္ရင္း
"ထပ္တိုးေမးခြန္း?"
"အင္းေလ။ မင္းသတင္းမွာ မေတြ႕လိုက္ဘူးလား? စာေမးပြဲအတြက္ တာဝန္႐ွိတဲ့ေကာ္မတီအဖြဲ႕က အင္တာဗ်ဴး ၿပီးတဲ့ေနာက္မွာ သူတို႔ရဲ႕အမွတ္ေပးစနစ္ကို ႐ွင္းျပခဲ့တယ္ေလ။ သူတို႔က ေျဖဆိုသူေတြ အေကာင္းဆုံးမလုပ္ႏိုင္မွာစိုးလို႔ ႀကိဳမေျပာျပခဲ့တာတဲ့"
စုလင္းက ထိုသတင္းကို တကယ္ပင္ မသိပါေခ်။ လင္းမန္က ထပ္႐ွင္းျပလာသည္။
"ငါတို႔ေတြ ရနံ႔အမ်ိဳးအစားအမ်ားႀကီးကို ခြဲျခားရတဲ့ ဧရိယာ002ရဲ႕ စစ္ေဆးမႈေလ သိတယ္မလား?အဲ့ဒီမွာ ဧရိယာ 1 ကေန 20 အတြင္းဆို ေမးခြန္း ၁ခုအတြက္ ၁မွတ္၊ ဧရိယာ 21ကေန 25အထိက ၂မွတ္ နဲ႔ ငါတို႔ကို စုစုေပါင္းအမွတ္ ၃၀ေပးတယ္ကြာ။ ဧရိယာ 26 ကေန 30အထိကက် တကယ္ႀကီး ထပ္တိုးေမးခြန္းေတြျဖစ္သြားၿပီ။ ေမးခြန္း ၁ခုဆီတိုင္းအတြက္ ၁မွတ္ေပးတယ္"
လင္းမန္ရဲ႕ အသံက တျဖည္းျဖည္း ျမင့္တက္လာကာ
"မင္းကလြဲၿပီးေလ ဘယ္သူမွကို အမွတ္အပို မရဘူးကြ! မင္းက တကယ္ႀကီး အံ့ၾသစရာေကာင္းတာ!"
စုလင္းက ႏွိမ့္ခ်စြာပဲ ျပန္ေျဖသည္။ လင္းမန္က အခ်ိန္တစ္ခုေလာက္ၾကာသည္အထိ သူ႕ကို ခ်ီးက်ဴးေနခဲ့ၿပီးေနာက္ ေမးလာသည္။
"မင္း ဘယ္တကၠသိုလ္ကို သြားမွာလဲ?"
စုလင္း: "ငါမစဥ္းစားၾကည့္ရေသးဘူး။ ငါ ေလွ်ာက္လႊာမျဖည့္ခင္ေတာ့ ေသေသခ်ာခ်ာေတြးၾကည့္ပါဦးမယ္။"
လင္းမန္: "အမ္း..မင္းဆုံးျဖတ္ၿပီးရင္ေျပာဦး။ ငါတို႔ တကၠသိုလ္အတူတူ တက္ရင္လည္း တက္ရႏိုင္တာပဲ!"
စုလင္း: "အိုေက"
ဖုန္းခ်ၿပီးတဲ့ေနာက္ စုလင္း သူ႕ရဲ႕ အင္တာဗ်ဴး ရမွတ္ကို စစ္ၾကည့္လိုက္ေတာ့ 65 မွတ္ရတာ ေတြ႕လိုက္ရသည္။ သူ ဧရိယာ 003မွာ အေလ်ာ့ေပးလိုက္သည့္ စစ္ေဆးမႈက လြဲရင္ က်န္၂ခုလုံးအတြက္ အမွတ္အျပည့္ရသည့္အျပင္ ထပ္တိုး 5မွတ္ပါရထားေလသည္။ စုလင္း သူ႕ရဲ႕ ရလဒ္ကို နည္းနည္းေတာ့ အံ့ၾသသြားခဲ့ရသည္။ သူက ေမႊးရနံ႔ခြဲျခားရသည့္ စစ္ေဆးမႈမွာ ေတာ္ေတာ္ေလးကိုယ့္ကိုကိုယ္ ယုံၾကည္မႈ ႐ွိေသာ္လည္း ရင္းႏွီးႏိုင္စြမ္း စစ္ေဆးမႈက အမွတ္ ဘယ္လိုျဖတ္လဲမသိတာေၾကာင့္ သူအရမ္းႀကီး ယုံၾကည္မႈ မ႐ွိခဲ့ေပ။
စုလင္းအေနနဲ႔ သူ႕ကိုယ္သူ ေရးေျဖစာေမးပြဲမွာ အေကာင္းဆုံး ရမွတ္ေတြရေလာက္တာကို သိၿပီးျဖစ္သလို အင္တာဗ်ဴးရမွတ္ေတြက သူ႕ရဲ႕ တကၠသိုလ္ဝင္ခြင့္အတြက္ အသုံးမဝင္ေလာက္ဘူးလို႔ သိၿပီးျဖစ္ေသာ္လည္း ရမွတ္ေတြကို ျမင္ရတာက သူ႕ကို အရမ္းကို ေပ်ာ္႐ႊင္ေစသည္။ ယခုမူ သူတက္ခ်င္တဲ့ တကၠသိုလ္ကို ေ႐ြးခ်ယ္ႏိုင္သည့္ အရည္အခ်င္း ႐ွိေနၿပီ ျဖစ္သည္။ မတိုင္ခင္က သူက အဆိုးဆုံးေတြအတြက္ ႀကိဳတင္ ျပင္ဆင္ထားခဲ့သည္။ တကၠသိုလ္အရည္အေသြးက ဘယ္လိုပဲ ျဖစ္ေနပါေစ တကၠသိုလ္တစ္ခုခုကို ဝင္ႏိုင္ရင္ကို အဆင္ေျပၿပီ ျဖစ္သည္။ ယခုတြင္ ရမွတ္၂ခု ေပါင္းရင္ 547 မွတ္ျဖစ္ကာ စုစုေပါင္းေပးမွတ္ရဲ႕ 90ရာခိုင္ႏႈန္းပင္ ေက်ာ္သည္။ ဒါက ေက်ာင္းေကာင္းေကာင္း ေ႐ြးခ်ယ္ႏိုင္ေပသည္။
စုလင္း ခံစားခ်က္ေကာင္းေလးျဖင့္ အိပ္ယာမွထၿပီး မ်က္ႏွာသစ္လိုက္သည္။ သူ အခန္းတံခါးကို ဖြင့္လိုက္ေတာ့ အျပင္မွာ ဒိုမီရပ္ေနတာ ေတြ႕လိုက္ရသည္။ ဒိုမီရဲ႕အရပ္က 1.8မီတာေတာင္႐ွိတာမလို သူ႕ထက္ အနည္းငယ္ ပို႐ွည္သည္။ ထို႔ေၾကာင့္ တံခါးဖြင့္လိုက္ခ်င္း တဖ်က္ဖ်က္ေတာက္ပေနသည့္ ႀကီးမားသည့္ အျပာေရာင္ မ်က္ဝန္းတစ္စုံကို ေတြ႕လိုက္ရျခင္းက စုလင္းကို လန္႔သြားေစခဲ့သည္။ စုလင္း ဒိုမီ ရဲ႕ ဝင္းလက္ေနသည့္မ်က္ဝန္းမ်ားကို ျမင္လိုက္ေသာအခါ ဒိုမီကို ဘာလို႔ သူ႕အခန္းေ႐ွ႕မွာ ရပ္ၿပီး ဘာလုပ္ေနတာလဲကို ေမးရန္ဟန္ျပင္လိုက္သည္။
"အိုးး လွပတဲ့ Omega ဧည့္သည္ေလးေရ ေနာက္ဆုံးေတာ့ မင္းႏိုးလာၿပီပဲ။ မင္းငါတို႔နဲ႔ စလာေနကတည္းက တစ္ခါမွ မနက္၈နာရီထက္ေနာက္က်ၿပီး မထဖူးေတာ့ အရမ္းစိတ္ပူေနခဲ့တာ။ သခင္က မင္းရဲ႕အသက္႐ႈႏႈန္းကို scan ဖတ္ခိုင္းၿပီး မင္း လုံျခဳံတာေသခ်ာရဲ႕လား စစ္ေဆးခိုင္းလို႔"
စုလင္း ရယ္လိုက္ၿပီး
"ဘာလို႔ တံခါးမေခါက္လိုက္တာလဲ?"
ဒိုမီ: "ေလ့လာခ်က္ေတြအရ မင္းအိပ္ရာထေနာက္က်ရတဲ့ အေၾကာင္းအရင္းက မင္းရဲ႕ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနေၾကာင့္ဆိုတာထက္ စာေမးပြဲၿပီးတဲ့ေနာက္ စိတ္အပန္းေျပၿပီး အၾကာႀကီးအိပ္ေပ်ာ္သြားတာျဖစ္ႏိုင္တယ္။ တံခါးေခါက္တာ မဆင္မျခင္လုပ္ရပ္လို႔ သခင္က ေျပာတယ္"
စုလင္း အခန္းထဲက ထြက္လာေတာ့ ဒိုမီက ေဘးက လိုက္လာၿပီး
"ကြၽန္ေတာ္ မင္းအတြက္ မနက္စာျပင္ေပးမယ္"
"ေက်းဇူးတင္ပါတယ္"
စုလင္း ဧည့္ခန္းဆီေလွ်ာက္လာေသာအခါ ေပါ့ေပါ့ပါးပါး ဝတ္စားထားသည့္ ကုလီဟန္က ဆိုဖာမွာထိုင္ သတင္းစာဖတ္ေနတာကို ေတြ႕လိုက္ရသည္။ သူ ႏႈတ္ဆက္လိုက္ၿပီး မေန႔ညက ဆြဲထားတဲ့အစီအစဥ္ကို ကုလီဟန္ကို ေပးလိုက္သည္။
"ကြၽန္ေတာ္႕အစီအစဥ္မွာ လြဲေခ်ာ္ေနတာေတြ ႐ွိရင္႐ွိေနမွာ ခင္ဗ်ား ကူၿပီးျပင္ေပးပါဦး။ ကြၽန္ေတာ္ မနက္စာ အရင္သြားစားလိုက္ဦးမယ္"
ကုလီဟန္က ေခါင္းၿငိမ့္သည္။
"ေကာင္းၿပီ"
စုလင္း ထမင္းစားခန္းဘက္ ဦးတည္လိုက္စဥ္မွာပဲ ကုလီဟန္က ထပ္ေျပာလာသည္။
"Congratulations, မင္းရဲ႕ အဆင့္က အရမ္းေကာင္းတာပဲ"
စုလင္းရဲ႕ မ်က္ဝန္းေလးမ်ား အနည္းငယ္ေကြးၫႊတ္သြားခဲ့ၿပီး
"ခင္ဗ်ား ကြၽန္ေတာ္႕ အဆင့္ကိုေတြ႕တယ္ေပါ့?"
သူ႕ႏွလုံးသားေလးတစ္ခုလုံး အရမ္းကိုခ်ိဳၿမိန္လာခဲ့သည္။
သူ႕နတ္ဘုရားကေလ သူ႕ကို အရမ္းအာ႐ုံစိုက္တာပဲ
ကုလီဟန္က ေခါင္းခါခဲ့သည္။ သူက စုလင္းရဲ႕အဆင့္ေတြကို ႀကိဳၾကည့္ခ်င္ခဲ့သည္မွာ စုလင္းကိုႏွစ္သိမ့္ေပးဖို႔အတြက္ ျပင္ဆင္ထားႏိုင္ရန္ျဖစ္သည္။ အဆုံးသတ္မွာေတာ့ သူက တစ္ပါးသူကို ႏွစ္သိမ့္ရာတြင္ လုံးဝကို မေတာ္သည့္အျပင္ သူက စုလင္းရဲ႕ ေျဖဆိုသူနံပါတ္ကိုလည္း မသိျပန္ေခ်။ တကယ္တမ္းမွာလည္း စုလင္းရဲ႕အဆင့္က ႏွစ္သိမ့္စရာမလိုခဲ့ေခ်။ ကုလီဟန္က ျပန္ေျဖလိုက္သည္။
"ၾကည့္စရာ မလိုပါဘူး။ ဘာလို႔ဆို အြန္လိုင္းမွာ မင္းအေၾကာင္း ေဆြးေႏြးေနၾကတယ္ေလ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋