ရွှေရုပ်

By 14_ashes

261K 16.8K 771

ရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရန... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃ ဇာတ်သိမ်း
Extra 1
Extra 2
Extra 3
👋🏻
Extra 4

အပိုင်း ၂၀

8.4K 614 33
By 14_ashes

Unicode

"ဘယ်လို မာမီသိသွားပြီ ဟုတ်လား..."

နွယ်က မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သစ္စာရဲ့အနားကို အားမလိုအားမရတိုးကပ်ကာ မေးလာသည်...မိမိသာ တုန်လှုပ်နေပေမယ့် သစ္စာကတော့တည်တည်ငြိမ်ငြိမ်ပင် ထိုင်ကာ တစ်ခုခုကို တွေးတောနေပုံရသည်...

"ဟဲ့ ပြောပါဟာ...ဒီလောက်ကိစ္စကြီးနေတာကို နင်က အေးဆေးလုပ်နေသေးတယ်...မာမီက ဘာပြောလဲ..."

"မနက်​ဖြန် လာခဲ့မယ်ပြောထားတယ်...လူချင်းတွေ့ပြီး ပြောမယ်တဲ့..."

"အဲ​တော့ နင်က ဘယ်လိုလုပ်မှာလဲ ဟင်...."

နွယ့်ကို သစ္စာက ဖုန်းဆက်ခေါ်ထားတာဖြစ်သည်...တိုင်ပင်စရာရှိလို့ဟု ဆိုတာကြောင့် နွယ့်မှာ ကမန်းကတန်းလာခဲ့ရတာဖြစ်ပြီး ဒီရောက်တော့ စာကြည့်ခန်းထဲ နှစ်ယောက်သား စကားပြောဖြစ်ကြသည်...

"ဘာကို ဘယ်လိုလုပ်ရမှာလဲဟာ...မာမီ့သဘောပဲ..."

"ဟဲ့...စိတ်ဆိုးပြီး အမွေဖြတ် ဘာညာလုပ်လိုက်ရင်ရော..."

"ငါ စိတ်မဝင်စားဘူး... ငါ နင့်ကို အခုခေါ်တာက အဲကိစ္စကို တိုင်ပင်မလို့မဟုတ်ဘူး...ဒါက ကြုံလို့ပြောပြတာ..."

"ဟမ်...ဒါကြီးကို ကြုံလို့ပြောပြတယ်..."

"အေး..."

ဆဲချင်စိတ်တွေ အလိပ်လိုက်တက်လာတာကို နွယ်အတင်းပြန်မြိုချလိုက်ရသည်...သင်းကတော့ အေးဆေးပင်...

"ဒါဆိုပြောပါဦး...အဲဒါထက် အရေးတကြီး နင်တိုင်ပင်စရာရှိတဲ့ကိစ္စက ဘာလဲလို့..."

"ရွှေရုပ်ကိစ္စ..."

"ရွှေရုပ်က ဘာဖြစ်လို့လဲ..."

"......"

မှုန်ကုပ်ကုပ်နဲ့ ပြောပြလာသော စကားများကို နွယ် တအံ့တသြ နားထောင်နေမိသည်...ဒါဟာ သစ္စာ လုံးဝ မတွက်ဆထားမိသော ကိစ္စဟုလဲ သဘောပေါက်လိုက်သည်...

"ဒါဆို သူ့အစ်မက ပြန်ခေါ်ချင်နေတယ်ပေါ့..."

"အင်း...ပြီးတော့ မာမီ့ကို mail ပို့လိုက်တာ သူပဲဖြစ်မယ်..."

"ဘာ..."

"ဘာတွေ အဲလောက်အော်နေတာလဲ... အရှင်းကြီးကို နင်ကလဲ..."

"ဟဲ့ အဲလောက်ခေါ်ချင်နေရင်လဲ ပြန်ထည့်ပေးလိုက်လေ...သူငယ်ချင်းအရင်းကြီးကို လုပ်ရက်တာ...."

"ပြန်ထည့်ပေးနိုင်ရင် နင့်ကို ခေါ်ပြောနေတော့မလား..."

အံ့သြမှုအပေါင်းနှင့် နွယ်က မျက်စောင်းထိုးလာသည်...

"ငါမပြောခဲ့ဘူးလား...အစကတည်းက နင် ကိုယ့်ခံစားချက်ကို ကိုယ်သဘောပေါက်အောင် ကြိုးစားသင့်တယ်လို့..."

ဘာစကားမှ ထွက်မလာတော့တဲ့သစ္စာကို ကြည့်ကာ နွယ်သနားသွားရသည်...သူ့ဘက်ကကြည့်တော့လဲ အဲလိုခံစားချက်မျိုးရှိလို့ မဖြစ်ခဲ့ဘူးကိုး...

"အခုပြောပါဦး လက်ရှိအခြေအနေလေး..."

"သူ့ဘက်က ငါ့ကို ဖြူဖြူစင်စင်ပဲသဘောထားတာ..."

"ညားပြီးတာကိုတောင်လား..."

"ကျစ်...နွယ် ကောင်းကောင်းပြောစမ်းပါ..."

"အေးပါဟာ...ဟီးး ဆက်ပြော..."

"ငါဘယ်လို ရှေ့ဆက်တိုးရမလဲမသိဘူး...ပြီးတော့ နင်နဲ့ တမင် အထင်လွဲအောင် လုပ်ထားတဲ့ကိစ္စကလဲ ရှိနေသေးတော့..."

"နင်က ပြေလည်ချင်နေပြီပေါ့..."

"အင်း...ဒါပေမယ့် အခြေအနေတွေက တကယ်ခက်တယ်...ဖြစ်ထားတဲ့ကိစ္စတွေကြောင့် သူ့ဘက်က ငါ့ကို မုန်းရင်လဲမုန်းနေမှာ...ဘယ်လိုပဲစဥ်းစားစဥ်းစား ဘယ်လိုရှင်းရမလဲ ငါမသိတော့ဘူး..."

"ဟင်းးး..."

နွယ်ပါ သက်ပြင်းချမိသွားသည်...သစ္စာကို ကြည့်တော့လဲ စိတ်ရှုပ်နေဟန်က အတိုင်းသား...

"ချစ်တယ်ပေါ့ ဟုတ်လား..."

သစ္စာ ငိုင်တွေသွားသည်...ဒါကို ဝန်ခံဖို့ အချိန်ကျပြီလား သူမ မသိပါ...နွယ်ကလဲ အတင်းအကျပ်ဆက်မမေးပါ...

"ကလေးက နင့်ကို သံယောဇဥ်ရှိတယ်လို့ ငါအစောကြီးထဲက ပြောခဲ့ပါတယ် သစ္စာရယ်...အဲလောက် စိတ်ညစ်မနေပါနဲ့... ခုထိလဲ နင်စီစဥ်ခဲ့သမျှ သူဘာငြင်းခဲ့ဖူးလို့လဲ..."

ခု ကိုယ့်ကို အထိမခံတော့တာတွေကို ဘယ်လို​ပြောပြရမလဲ...နှင်းလဲ အားကိုးရှိနေတာမလို့ အခန့်မသင့်တာနဲ့ အချိန်မရွေး ထွက်သွားနိုင်တာကိုရော ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ... ပြီးတော့ မာမီရောက်လာရင်ရော...

မေးခွန်းများစွာနဲ့ သစ္စာ ရင်တွေပူလာသည်...နွယ်ကတော့ အဲလောက်မသိသူပီပီ တွေးဆဆနဲ့ ဆက်ပြောလာသည်...

"ကလေးက သေချာရှင်းပြပြီး နင့်သဘောထားတွေ ပြောင်းလာတာတွေ့ရင် သူလဲ ပျော်လာမှာပါဟာ...ပြီးတော့ သူ့ဘက်က ဖြူစင်တယ်လို့ နင်ထင်ပေမယ့် နင်တို့ရင်းနှီးဖူးကြပြီပဲဟာကို...သူလက်ခံနေတာ နင့်ကို ကြည်ဖြူလို့ပေါ့...ဟင်းး ပြောရဆိုရတာလဲ ရှက်လိုက်တာ ငါ့နှယ်..."

နွယ့်မှာပြောရင်း မျက်နှာတွေပင် နီလာရသည်...နောက်ကို သူများကိစ္စတွေ ရှောင်မှပဲ...

"ငါလဲ ဝိုင်းရှင်းပြပေးမယ် ရွှေရုပ်ကို...ဒီလိုပဲ တဖြည်းဖြည်းနဲ့ ပြေလည်အောင် လုပ်ရမှာပေါ့ဟာ နော်...နင် အခု မာမီ့ကို ​ဘယ်လိုဖြေရှင်းမလဲသာ စဥ်းစားထား..."

အတော်ကြာ ​ဖျောင်းဖျနေသည့်တိုင် သစ္စာရဲ့ မျက်နှာက ပြေပြစ်မလာ...နွယ် နာရီကို ငုံ့ကြည့်တော့မှပဲ သတိဝင်လာသလို ပြောသည်...

"နောက်ကျနေပြီ...နင်ပြန်တော့..."

"အေး ... မေမေ ဒီရက်ပိုင်း သွေးခဏခဏတိုးနေလို့ ငါအိမ်ပြန်မှ ဖြစ်မယ်...ပြန်ဦးမယ် သစ္စာ... နင် အရမ်းစိတ်မညစ်နေပါနဲ့...ပြဿနာတိုင်းက အဖြေရှိပါတယ်ဟာ ဟုတ်လား..."

သူ့မှာအပူတွေ ရှိနေသည့်တိုင် ကိုယ့်အတွက်ပူပေးနေတဲ့ နွယ့်ကို သစ္စာ လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်သည်...

"အင်းပါ...စိတ်မပူပါနဲ့... ငါသေချာဖြေရှင်းပါ့မယ်... "

"ပြီးရော...ဒါဆို...ငါပြန်ပြီ...လိုက်မပို့နဲ့တော့..."

"အေးအေး... "

နွယ်ပြန်မထွက်ခင် စာကြည့်ခန်းအထွက် နံရံဘက်က ဖျတ်ခနဲလှည့်ထွက်သွားတဲ့ အရိပ်လေးတစ်ခုကိုတော့ သစ္စာတို့ နှစ်ယောက်လုံး သတိမပြုမိလိုက်ချေ...

နွယ်ပြန်သွားတာနဲ့ သစ္စာ ထမင်းစားခန်းဘက် လျှောက်လာကာ ဝေ့ဝဲကြည့်တော့ ဘယ်သူ့မှမတွေ့...အဲတော့မှ ခပ်မြန်မြန် လျှောက်ကာ ရေခဲသေတ္တာကို ဖွင့်ကြည့်သည်...ပြီးမှ ဝိုင်ပုလင်းကို ဆွဲယူကာ ပြန်ထွက်လာခဲ့သည်...ဒေါ်ကြီး အိပ်သွားပြီထင်ပါသည်...ဒေါ်ကြီးရှေ့မှာတော့ သောက်နေတာမျိုး မဖြစ်ချင်ပါ...အိမ်မှာအကြီးဆုံးမို့ ကိုယ်က လေးစားပြထားမှ ကျန်တဲ့ကလေးတွေက စကားနားထောင်မည်မဟုတ်လား...

စာကြည့်ခန်းထဲပဲ ပြန်ဝင်ထိုင်ရင်း အေးစိမ့်ခါးသက်နေသော အရည်တွေကို မော့ချလိုက်သည် ... ခဏတစ်ဖြုတ် မူးသွားတော့လဲ ခဏငြိမ်းချမ်းရသည်ပေါ့...

ရွှေရုပ်...ရွှေရုပ်...သစ္စာအတွက် ရွှေရုပ်သည် မပတ်သတ်သင့်သော ဖြစ်တည်မှုမျိုးဖြစ်သကဲ့သို့ မပတ်သက်ဘဲ မနေနိုင်တဲ့ ဖြစ်တည်မှုမျိုးလဲ ဖြစ်နေပြန်သည်...ထို့အပြင် မရှောင်လွှဲနိုင်ခဲ့တဲ့ ကံကြမ္မာလဲဖြစ်သည်...ထိုကံကြမ္မာသည် ကောင်းသည် ဆိုးသည်ကို သစ္စာ ဝေဖန်ချင်စိတ်လဲ ရှိမနေတော့ချေ...ဝိုင်တွေကိုပုလင်းလိုက် မော့ချနေရင်းမှ မျက်လုံးဝိုင်းကလေးများကို သတိရသည်...ပြီးတော့ ပါးဖောင်းဖောင်းလေးများ...အဲဒီနောက်မှာ ထိတွေ့ခဲ့ဖူးသည့် အလှတရားတွေ... သစ္စာ သိပ်မူးနေပြီထင်ပါသည်...

တရိပ်ရိပ်ဖြစ်လာတဲ့ခေါင်းကို ထိန်းကိုင်ရင်း သစ္စာ လှေကားကို တက်လာသည်...သတိမလွတ်သေးသည့်တိုင် သတိလွတ်ချင်လာသည်... ခြေလှမ်းတို့သည် မတွန့်မဆုတ်ပင် ရွှေရုပ်ရဲ့အခန်းဆီ ဦးတည်လာမိသည်... မိုက်ရူးရဲဆန်လိုစိတ်တွေသည် သစ္စာ၏ ရင်ထဲ ပြည့်နေသကဲ့သို့ ဖြစ်လာသည်...ထိုစိတ်တို့ကို သူမ မထိန်းချုပ်ချင်တော့...ဦးနှောက်ထဲတွင် နီထွေးနေသော နှုတ်ခမ်းတစ်စုံသာ ရှိတော့သည်...

ဝုန်းခနဲ အခန်းတံခါးကို ဖွင့်ဝင်လာသော မမသည် ခြေလှမ်းတို့ မယိမ်းယိုင်သည့်တိုင် မူးနေကြောင်း မျက်ဝန်းတို့က သက်သေခံနေသည်...ကုတင်ပေါ် ခြေဆင်းချရင်း ထိုင်နေတဲ့ ရွှေရုပ်ဆီကို မြန်မြန်ဆန်ဆန်ပဲရောက်လာကာ ဘေးမှာ ထိုင်ချလာသည်...

"ဘာဖြစ်လို့.... "

မေးခွန်းပင် မဆုံးလိုက်ဘဲ ရွှေရုပ်ရဲ့ နှုတ်ခမ်းတွေကို မမက အလောတကြီး နမ်းရှိုက်လာသည်... ပူနွေးနေတဲ့ နှုတ်ခမ်းတွေရဲ့ အထိအတွေ့ကြောင့် ရွှေရုပ် အလန့်တကြား မျက်ဝန်းတွေကို မှိတ်ချထားလိုက်မိချိန်မှာပဲ မမက ရွှေရုပ်ကို စွေ့ခနဲ မကာ သူ့ပေါင်ပေါ် ဘေးတစ်စောင်း တင်လိုက်သည်...

ထို့နောက်လက်နှစ်ဖက်ကို ဆွဲယူပြီး သူ့လည်တိုင်ပေါ်တင်စေကာ မျက်နှာကို နှိမ့်ချပြီး နှုတ်ခမ်းသားတွေကို နမ်းရှိုက်လာပြန်သည်...တစ်စတစ်စနဲ့ ရှည်ကြာသိပ်သည်းလာသော အနမ်းတို့ကို ရွှေရုပ် တားဆီးဖို့ မကြိုးစားတော့ချေ...

ခွဲရတော့မယ် မမရယ်...ရွှေရုပ် မမအခက်မတွေ့မချင်း ထွက်မသွားပါဘူးလို့ ပြောထားခဲ့တယ်နော်...ဒါပေမယ့် အခုက မမမှာ သိပ်ခက်ခဲနေပြီလေ...ရွှေရုပ်က မမကို ဘယ်တုန်းကမှ မထိခိုက်စေချင်ခဲ့တာကိုရော သိရဲ့လား...အမြဲတမ်း မမဘဝလေး လှနေဖို့ပဲ ရည်ရွယ်ခဲ့တာ...အဲတာကြောင့် အခုထွက်သွားရတော့မယ်...

ဒါနဲ့ နွယ်ဆိုတဲ့အစ်မနဲ့ မမ ဘာမှမဖြစ်ခဲ့ကြဘဲ ဟန်ဆောင်ခဲ့တာသက်သက်ဆိုတာကို သိလိုက်ရတာကိုတော့ ရွှေရုပ် သိပ်ကို ဝမ်းသာပါတယ်...ရွှေရုပ် အပူပန်ရဆုံးကိစ္စတစ်ခုကို မမ မလုပ်ခဲ့တဲ့အတွက် ရွှေရုပ်မှာ အခုနောင်တဆိုတာလဲ မရှိတော့ပါဘူး...

မျက်ဝန်းတို့ကို အသာဖွင့်ရင်း ညအိပ်မီးရောင် မသဲမကွဲအောက်မှ မမကို ရွှေရုပ် ကြည့်မိသည်... မေတ္တာတို့သည် အရောင်စွန်းထင်းနေပြီဖြစ်ကြောင်း သူ့အပြုအမူတွေကို လိုလိုလားလားလက်ခံနေတဲ့ မိမိစိတ်တို့က ပြောပြနေသည်...

အသက်ရှူသံပြင်းပြင်းနဲ့ မမက ရွှေရုပ်ကို အိပ်ရာပေါ်သို့ အသာလှဲချစေသည်...အနမ်းတို့က လည်တိုင်သို့ ပြောင်းရွှေ့သွားသည့်တိုင် နှုတ်ခမ်းတို့ထံ၌ ဝိုင်ရဲ့အငွေ့အသက်တွေက ကျန်ရှိနေဆဲဖြစ်သည်...လည်တိုင်မှ စူးခနဲ နာကျင်မှုအချို့ကိုရတိုင်း ယခင်က အိပ်ရာခင်းစကို ဆုပ်ကိုင်နေကျ လက်တွေသည် မမရဲ့ ကျောပြင်ကိုသာ တင်းတင်းကျပ်ကျပ် ဖက်ထားနေမိပြီ...

ညအိပ်ဂါဝန်လေးရဲ့ ခါးစည်းကြိုးမှာ ပြင်ဆင်ချိန်ပင် မရလိုက်ဘဲ မမရဲ့ လက်ထဲပါသွားသောအခါရွှေရုပ် မျက်ဝန်းတို့ကို ဖွင့်မရဲတော့ချေ...မရင်းနှီးတာကြာပြီဖြစ်တဲ့အထိအတွေ့တို့သည် ခံစားရခက်လှသည်...

တရွေ့ရွေ့ဆင်းသွားသော အနမ်းတွေအောက်မှာ လူးလွန့်ရင်း ရှက်လန့်တကြားဖြစ်ရသည်... မမသည် သူမကို ဤကဲ့သို့ မထိတွေ့ဖူးချေ...ခါးနားတစ်ဝိုက်ကို ဖိဆုပ်ထားသော မမရဲ့လက်တွေကြောင့် ဟင့်အင်း လို့ အသံသဲ့သဲ့နဲ့ငြင်းမိပေမယ့် မရုန်းထွက်နိုင်...အရာအားလုံးသည် အာရုံ၌ မှုန်ဝါးလာကာ မျောနေရာမှ ရုတ်တရပ် အောက်ကို ထိုးကျသွားသကဲ့သို့ ခံစားရချိန်တွင် ရွှေရုပ် မောပန်းနေပြီ...

မမက ရွှေရုပ်ကို လက်မောင်းကြားထဲ သိမ်းပွေ့လိုက်ကာ နဖူးကို နမ်းရှိုက်သည်... ထို့နောက် မျက်ဝန်းအစုံတို့ကို မှေးမှိတ်လိုက်တော့သည်...

သေချာပင် မော့မကြည့်ရဲခဲ့သော မျက်နှာကို ရွှေရုပ် အခုမှပဲ စေ့စေ့စပ်စပ်ကြည့်ရတော့သည်...ပါးရိုးတစ်လျှောက် ဖွဖွလေး ပွတ်သပ်ကြည့်ရင်း မျက်ရည်တို့ ဝဲတက်လာသည်...ဒီမျက်နှာကို နောက်မြင်ရဖို့ ထိတွေ့ရဖို့ မသေချာတော့...

မူးနေသော မမသည် ဒီညက အဖြစ်ကို သေချာပေါက် မှတ်မိလိမ့်မည်မဟုတ်...ရွှေရုပ်အတွက်တော့ ဒါဟာ သေချာပေါက် သိမ်းထားရမည့်အမှတ်တရ ဖြစ်လိမ့်မည်...

ရွှေရုပ်ဆိုသည့်ဖြစ်တည်မှုသည် တစ်ဖြေးဖြေးဝေဝါးပျောက်ဆုံးသွားသည့်အခါတွင် သစ္စာထင်လင်းဆိုသည့် မမသည်ကား တစ်ဖြေးဖြေး ဒဏ်ရာကြားမှ လင်းလက်လာပေလိမ့်မည်ဖြစ်သည်...

အမှတ်တရဟူသည် တစ်ယောက်သောသူအတွက်ဆိုလျှင်ပင် လုံလောက်ပြီမဟုတ်ပါလား...

To be continued....

🍂

Zawgi

"ဘယ္လို မာမီသိသြားၿပီ ဟုတ္လား..."

ႏြယ္က မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့ သစၥာရဲ႕အနားကို အားမလိုအားမရတိုးကပ္ကာ ေမးလာသည္...မိမိသာ တုန္လႈပ္ေနေပမယ့္ သစၥာကေတာ့တည္တည္ၿငိမ္ၿငိမ္ပင္ ထိုင္ကာ တစ္ခုခုကို ေတြးေတာေနပုံရသည္...

"ဟဲ့ ေျပာပါဟာ...ဒီေလာက္ကိစၥႀကီးေနတာကို နင္က ေအးေဆးလုပ္ေနေသးတယ္...မာမီက ဘာေျပာလဲ..."

"မနက္ျဖန္ လာခဲ့မယ္ေျပာထားတယ္...လူခ်င္းေတြ႕ၿပီး ေျပာမယ္တဲ့..."

"အဲေတာ့ နင္က ဘယ္လိုလုပ္မွာလဲ ဟင္...."

ႏြယ့္ကို သစၥာက ဖုန္းဆက္ေခၚထားတာျဖစ္သည္...တိုင္ပင္စရာရွိလို႔ဟု ဆိုတာေၾကာင့္ ႏြယ့္မွာ ကမန္းကတန္းလာခဲ့ရတာျဖစ္ၿပီး ဒီေရာက္ေတာ့ စာၾကည့္ခန္းထဲ ႏွစ္ေယာက္သား စကားေျပာျဖစ္ၾကသည္...

"ဘာကို ဘယ္လိုလုပ္ရမွာလဲဟာ...မာမီ့သေဘာပဲ..."

"ဟဲ့...စိတ္ဆိုးၿပီး အေမြျဖတ္ ဘာညာလုပ္လိုက္ရင္ေရာ..."

"ငါ စိတ္မဝင္စားဘူး... ငါ နင့္ကို အခုေခၚတာက အဲကိစၥကို တိုင္ပင္မလို႔မဟုတ္ဘူး...ဒါက ႀကဳံလို႔ေျပာျပတာ..."

"ဟမ္...ဒါႀကီးကို ႀကဳံလို႔ေျပာျပတယ္..."

"ေအး..."

ဆဲခ်င္စိတ္ေတြ အလိပ္လိုက္တက္လာတာကို ႏြယ္အတင္းျပန္ၿမိဳခ်လိဳက္ရသည္...သင္းကေတာ့ ေအးေဆးပင္...

"ဒါဆိုေျပာပါဦး...အဲဒါထက္ အေရးတႀကီး နင္တိုင္ပင္စရာရွိတဲ့ကိစၥက ဘာလဲလို႔..."

"ေ႐ႊ႐ုပ္ကိစၥ..."

"ေ႐ႊ႐ုပ္က ဘာျဖစ္လို႔လဲ..."

"......"

မႈန္ကုပ္ကုပ္နဲ႕ ေျပာျပလာေသာ စကားမ်ားကို ႏြယ္ တအံ့တၾသ နားေထာင္ေနမိသည္...ဒါဟာ သစၥာ လုံးဝ မတြက္ဆထားမိေသာ ကိစၥဟုလဲ သေဘာေပါက္လိုက္သည္...

"ဒါဆို သူ႕အစ္မက ျပန္ေခၚခ်င္ေနတယ္ေပါ့..."

"အင္း...ၿပီးေတာ့ မာမီ့ကို mail ပို႔လိုက္တာ သူပဲျဖစ္မယ္..."

"ဘာ..."

"ဘာေတြ အဲေလာက္ေအာ္ေနတာလဲ... အရွင္းႀကီးကို နင္ကလဲ..."

"ဟဲ့ အဲေလာက္ေခၚခ်င္ေနရင္လဲ ျပန္ထည့္ေပးလိုက္ေလ...သူငယ္ခ်င္းအရင္းႀကီးကို လုပ္ရက္တာ...."

"ျပန္ထည့္ေပးနိုင္ရင္ နင့္ကို ေခၚေျပာေနေတာ့မလား..."

အံ့ၾသမႈအေပါင္းႏွင့္ ႏြယ္က မ်က္ေစာင္းထိုးလာသည္...

"ငါမေျပာခဲ့ဘူးလား...အစကတည္းက နင္ ကိုယ့္ခံစားခ်က္ကို ကိုယ္သေဘာေပါက္ေအာင္ ႀကိဳးစားသင့္တယ္လို႔..."

ဘာစကားမွ ထြက္မလာေတာ့တဲ့သစၥာကို ၾကည့္ကာ ႏြယ္သနားသြားရသည္...သူ႕ဘက္ကၾကည့္ေတာ့လဲ အဲလိုခံစားခ်က္မ်ိဳးရွိလို႔ မျဖစ္ခဲ့ဘူးကိုး...

"အခုေျပာပါဦး လက္ရွိအေျခအေနေလး..."

"သူ႕ဘက္က ငါ့ကို ျဖဴျဖဴစင္စင္ပဲသေဘာထားတာ..."

"ညားၿပီးတာကိုေတာင္လား..."

"က်စ္...ႏြယ္ ေကာင္းေကာင္းေျပာစမ္းပါ..."

"ေအးပါဟာ...ဟီးး ဆက္ေျပာ..."

"ငါဘယ္လို ေရွ႕ဆက္တိုးရမလဲမသိဘူး...ၿပီးေတာ့ နင္နဲ႕ တမင္ အထင္လြဲေအာင္ လုပ္ထားတဲ့ကိစၥကလဲ ရွိေနေသးေတာ့..."

"နင္က ေျပလည္ခ်င္ေနၿပီေပါ့..."

"အင္း...ဒါေပမယ့္ အေျခအေနေတြက တကယ္ခက္တယ္...ျဖစ္ထားတဲ့ကိစၥေတြေၾကာင့္ သူ႕ဘက္က ငါ့ကို မုန္းရင္လဲမုန္းေနမွာ...ဘယ္လိုပဲစဥ္းစားစဥ္းစား ဘယ္လိုရွင္းရမလဲ ငါမသိေတာ့ဘူး..."

"ဟင္းးး..."

ႏြယ္ပါ သက္ျပင္းခ်မိသြားသည္...သစၥာကို ၾကည့္ေတာ့လဲ စိတ္ရႈပ္ေနဟန္က အတိုင္းသား...

"ခ်စ္တယ္ေပါ့ ဟုတ္လား..."

သစၥာ ငိုင္ေတြသြားသည္...ဒါကို ဝန္ခံဖို႔ အခ်ိန္က်ၿပီလား သူမ မသိပါ...ႏြယ္ကလဲ အတင္းအက်ပ္ဆက္မေမးပါ...

"ကေလးက နင့္ကို သံေယာဇဥ္ရွိတယ္လို႔ ငါအေစာႀကီးထဲက ေျပာခဲ့ပါတယ္ သစၥာရယ္...အဲေလာက္ စိတ္ညစ္မေနပါနဲ႕... ခုထိလဲ နင္စီစဥ္ခဲ့သမွ် သူဘာျငင္းခဲ့ဖူးလို႔လဲ..."

ခု ကိုယ့္ကို အထိမခံေတာ့တာေတြကို ဘယ္လိုေျပာျပရမလဲ...ႏွင္းလဲ အားကိုးရွိေနတာမလို႔ အခန့္မသင့္တာနဲ႕ အခ်ိန္မေ႐ြး ထြက္သြားနိုင္တာကိုေရာ ဘယ္လိုလုပ္ စိတ္မပူဘဲ ေနနိုင္မွာလဲ... ၿပီးေတာ့ မာမီေရာက္လာရင္ေရာ...

ေမးခြန္းမ်ားစြာနဲ႕ သစၥာ ရင္ေတြပူလာသည္...ႏြယ္ကေတာ့ အဲေလာက္မသိသူပီပီ ေတြးဆဆနဲ႕ ဆက္ေျပာလာသည္...

"ကေလးက ေသခ်ာရွင္းျပၿပီး နင့္သေဘာထားေတြ ေျပာင္းလာတာေတြ႕ရင္ သူလဲ ေပ်ာ္လာမွာပါဟာ...ၿပီးေတာ့ သူ႕ဘက္က ျဖဴစင္တယ္လို႔ နင္ထင္ေပမယ့္ နင္တို႔ရင္းႏွီးဖူးၾကၿပီပဲဟာကို...သူလက္ခံေနတာ နင့္ကို ၾကည္ျဖဴလို႔ေပါ့...ဟင္းး ေျပာရဆိုရတာလဲ ရွက္လိုက္တာ ငါ့ႏွယ္..."

ႏြယ့္မွာေျပာရင္း မ်က္ႏွာေတြပင္ နီလာရသည္...ေနာက္ကို သူမ်ားကိစၥေတြ ေရွာင္မွပဲ...

"ငါလဲ ဝိုင္းရွင္းျပေပးမယ္ ေ႐ႊ႐ုပ္ကို...ဒီလိုပဲ တျဖည္းျဖည္းနဲ႕ ေျပလည္ေအာင္ လုပ္ရမွာေပါ့ဟာ ေနာ္...နင္ အခု မာမီ့ကို ဘယ္လိုေျဖရွင္းမလဲသာ စဥ္းစားထား..."

အေတာ္ၾကာ ေဖ်ာင္းဖ်ေနသည့္တိုင္ သစၥာရဲ႕ မ်က္ႏွာက ေျပျပစ္မလာ...ႏြယ္ နာရီကို ငုံ႕ၾကည့္ေတာ့မွပဲ သတိဝင္လာသလို ေျပာသည္...

"ေနာက္က်ေနၿပီ...နင္ျပန္ေတာ့..."

"ေအး ... ေမေမ ဒီရက္ပိုင္း ေသြးခဏခဏတိုးေနလို႔ ငါအိမ္ျပန္မွ ျဖစ္မယ္...ျပန္ဦးမယ္ သစၥာ... နင္ အရမ္းစိတ္မညစ္ေနပါနဲ႕...ျပႆနာတိုင္းက အေျဖရွိပါတယ္ဟာ ဟုတ္လား..."

သူ႕မွာအပူေတြ ရွိေနသည့္တိုင္ ကိုယ့္အတြက္ပူေပးေနတဲ့ ႏြယ့္ကို သစၥာ လွိုက္လွိုက္လွဲလွဲ ၿပဳံးျပလိုက္သည္...

"အင္းပါ...စိတ္မပူပါနဲ႕... ငါေသခ်ာေျဖရွင္းပါ့မယ္... "

"ၿပီးေရာ...ဒါဆို...ငါျပန္ၿပီ...လိုက္မပို႔နဲ႕ေတာ့..."

"ေအးေအး... "

ႏြယ္ျပန္မထြက္ခင္ စာၾကည့္ခန္းအထြက္ နံရံဘက္က ဖ်တ္ခနဲလွည့္ထြက္သြားတဲ့ အရိပ္ေလးတစ္ခုကိုေတာ့ သစၥာတို႔ ႏွစ္ေယာက္လုံး သတိမျပဳမိလိုက္ေခ်...

ႏြယ္ျပန္သြားတာနဲ႕ သစၥာ ထမင္းစားခန္းဘက္ ေလွ်ာက္လာကာ ေဝ့ဝဲၾကည့္ေတာ့ ဘယ္သူ႕မွမေတြ႕...အဲေတာ့မွ ခပ္ျမန္ျမန္ ေလွ်ာက္ကာ ေရခဲေသတၱာကို ဖြင့္ၾကည့္သည္...ၿပီးမွ ဝိုင္ပုလင္းကို ဆြဲယူကာ ျပန္ထြက္လာခဲ့သည္...ေဒၚႀကီး အိပ္သြားၿပီထင္ပါသည္...ေဒၚႀကီးေရွ႕မွာေတာ့ ေသာက္ေနတာမ်ိဳး မျဖစ္ခ်င္ပါ...အိမ္မွာအႀကီးဆုံးမို႔ ကိုယ္က ေလးစားျပထားမွ က်န္တဲ့ကေလးေတြက စကားနားေထာင္မည္မဟုတ္လား...

စာၾကည့္ခန္းထဲပဲ ျပန္ဝင္ထိုင္ရင္း ေအးစိမ့္ခါးသက္ေနေသာ အရည္ေတြကို ေမာ့ခ်လိဳက္သည္ ... ခဏတစ္ျဖဳတ္ မူးသြားေတာ့လဲ ခဏၿငိမ္းခ်မ္းရသည္ေပါ့...

ေ႐ႊ႐ုပ္...ေ႐ႊ႐ုပ္...သစၥာအတြက္ ေ႐ႊ႐ုပ္သည္ မပတ္သတ္သင့္ေသာ ျဖစ္တည္မႈမ်ိဳးျဖစ္သကဲ့သို႔ မပတ္သက္ဘဲ မေနနိုင္တဲ့ ျဖစ္တည္မႈမ်ိဳးလဲ ျဖစ္ေနျပန္သည္...ထို႔အျပင္ မေရွာင္လႊဲနိုင္ခဲ့တဲ့ ကံၾကမၼာလဲျဖစ္သည္...ထိုကံၾကမၼာသည္ ေကာင္းသည္ ဆိုးသည္ကို သစၥာ ေဝဖန္ခ်င္စိတ္လဲ ရွိမေနေတာ့ေခ်...ဝိုင္ေတြကိုပုလင္းလိုက္ ေမာ့ခ်ေနရင္းမွ မ်က္လုံးဝိုင္းကေလးမ်ားကို သတိရသည္...ၿပီးေတာ့ ပါးေဖာင္းေဖာင္းေလးမ်ား...အဲဒီေနာက္မွာ ထိေတြ႕ခဲ့ဖူးသည့္ အလွတရားေတြ... သစၥာ သိပ္မူးေနၿပီထင္ပါသည္...

တရိပ္ရိပ္ျဖစ္လာတဲ့ေခါင္းကို ထိန္းကိုင္ရင္း သစၥာ ေလွကားကို တက္လာသည္...သတိမလြတ္ေသးသည့္တိုင္ သတိလြတ္ခ်င္လာသည္... ေျခလွမ္းတို႔သည္ မတြန့္မဆုတ္ပင္ ေ႐ႊ႐ုပ္ရဲ႕အခန္းဆီ ဦးတည္လာမိသည္... မိုက္႐ူးရဲဆန္လိုစိတ္ေတြသည္ သစၥာ၏ ရင္ထဲ ျပည့္ေနသကဲ့သို႔ ျဖစ္လာသည္...ထိုစိတ္တို႔ကို သူမ မထိန္းခ်ဳပ္ခ်င္ေတာ့...ဦးႏွောက္ထဲတြင္ နီေထြးေနေသာ ႏႈတ္ခမ္းတစ္စုံသာ ရွိေတာ့သည္...

ဝုန္းခနဲ အခန္းတံခါးကို ဖြင့္ဝင္လာေသာ မမသည္ ေျခလွမ္းတို႔ မယိမ္းယိုင္သည့္တိုင္ မူးေနေၾကာင္း မ်က္ဝန္းတို႔က သက္ေသခံေနသည္...ကုတင္ေပၚ ေျခဆင္းခ်ရင္း ထိုင္ေနတဲ့ ေ႐ႊ႐ုပ္ဆီကို ျမန္ျမန္ဆန္ဆန္ပဲေရာက္လာကာ ေဘးမွာ ထိုင္ခ်လာသည္...

"ဘာျဖစ္လို႔.... "

ေမးခြန္းပင္ မဆုံးလိုက္ဘဲ ေ႐ႊ႐ုပ္ရဲ႕ ႏႈတ္ခမ္းေတြကို မမက အေလာတႀကီး နမ္းရွိုက္လာသည္... ပူႏြေးေနတဲ့ ႏႈတ္ခမ္းေတြရဲ႕ အထိအေတြ႕ေၾကာင့္ ေ႐ႊ႐ုပ္ အလန့္တၾကား မ်က္ဝန္းေတြကို မွိတ္ခ်ထားလိုက္မိခ်ိန္မွာပဲ မမက ေ႐ႊ႐ုပ္ကို ေစြ႕ခနဲ မကာ သူ႕ေပါင္ေပၚ ေဘးတစ္ေစာင္း တင္လိုက္သည္...

ထို႔ေနာက္လက္ႏွစ္ဖက္ကို ဆြဲယူၿပီး သူ႕လည္တိုင္ေပၚတင္ေစကာ မ်က္ႏွာကို ႏွိမ့္ခ်ၿပီး ႏႈတ္ခမ္းသားေတြကို နမ္းရွိုက္လာျပန္သည္...တစ္စတစ္စနဲ႕ ရွည္ၾကာသိပ္သည္းလာေသာ အနမ္းတို႔ကို ေ႐ႊ႐ုပ္ တားဆီးဖို႔ မႀကိဳးစားေတာ့ေခ်...

ခြဲရေတာ့မယ္ မမရယ္...ေ႐ႊ႐ုပ္ မမအခက္မေတြ႕မခ်င္း ထြက္မသြားပါဘူးလို႔ ေျပာထားခဲ့တယ္ေနာ္...ဒါေပမယ့္ အခုက မမမွာ သိပ္ခက္ခဲေနၿပီေလ...ေ႐ႊ႐ုပ္က မမကို ဘယ္တုန္းကမွ မထိခိုက္ေစခ်င္ခဲ့တာကိုေရာ သိရဲ႕လား...အၿမဲတမ္း မမဘဝေလး လွေနဖို႔ပဲ ရည္႐ြယ္ခဲ့တာ...အဲတာေၾကာင့္ အခုထြက္သြားရေတာ့မယ္...

ဒါနဲ႕ ႏြယ္ဆိုတဲ့အစ္မနဲ႕ မမ ဘာမွမျဖစ္ခဲ့ၾကဘဲ ဟန္ေဆာင္ခဲ့တာသက္သက္ဆိုတာကို သိလိုက္ရတာကိုေတာ့ ေ႐ႊ႐ုပ္ သိပ္ကို ဝမ္းသာပါတယ္...ေ႐ႊ႐ုပ္ အပူပန္ရဆုံးကိစၥတစ္ခုကို မမ မလုပ္ခဲ့တဲ့အတြက္ ေ႐ႊ႐ုပ္မွာ အခုေနာင္တဆိုတာလဲ မရွိေတာ့ပါဘူး...

မ်က္ဝန္းတို႔ကို အသာဖြင့္ရင္း ညအိပ္မီးေရာင္ မသဲမကြဲေအာက္မွ မမကို ေ႐ႊ႐ုပ္ ၾကည့္မိသည္... ေမတၱာတို႔သည္ အေရာင္စြန္းထင္းေနၿပီျဖစ္ေၾကာင္း သူ႕အျပဳအမူေတြကို လိုလိုလားလားလက္ခံေနတဲ့ မိမိစိတ္တို႔က ေျပာျပေနသည္...

အသက္ရႉသံျပင္းျပင္းနဲ႕ မမက ေ႐ႊ႐ုပ္ကို အိပ္ရာေပၚသို႔ အသာလွဲခ်ေစသည္...အနမ္းတို႔က လည္တိုင္သို႔ ေျပာင္းေ႐ႊ႕သြားသည့္တိုင္ ႏႈတ္ခမ္းတို႔ထံ၌ ဝိုင္ရဲ႕အေငြ႕အသက္ေတြက က်န္ရွိေနဆဲျဖစ္သည္...လည္တိုင္မွ စူးခနဲ နာက်င္မႈအခ်ိဳ႕ကိုရတိုင္း ယခင္က အိပ္ရာခင္းစကို ဆုပ္ကိုင္ေနက် လက္ေတြသည္ မမရဲ႕ ေက်ာျပင္ကိုသာ တင္းတင္းက်ပ္က်ပ္ ဖက္ထားေနမိၿပီ...

ညအိပ္ဂါဝန္ေလးရဲ႕ ခါးစည္းႀကိဳးမွာ ျပင္ဆင္ခ်ိန္ပင္ မရလိုက္ဘဲ မမရဲ႕ လက္ထဲပါသြားေသာအခါေ႐ႊ႐ုပ္ မ်က္ဝန္းတို႔ကို ဖြင့္မရဲေတာ့ေခ်...မရင္းႏွီးတာၾကာၿပီျဖစ္တဲ့အထိအေတြ႕တို႔သည္ ခံစားရခက္လွသည္...

တေ႐ြ႕ေ႐ြ႕ဆင္းသြားေသာ အနမ္းေတြေအာက္မွာ လူးလြန့္ရင္း ရွက္လန့္တၾကားျဖစ္ရသည္... မမသည္ သူမကို ဤကဲ့သို႔ မထိေတြ႕ဖူးေခ်...ခါးနားတစ္ဝိုက္ကို ဖိဆုပ္ထားေသာ မမရဲ႕လက္ေတြေၾကာင့္ ဟင့္အင္း လို႔ အသံသဲ့သဲ့နဲ႕ျငင္းမိေပမယ့္ မ႐ုန္းထြက္နိုင္...အရာအားလုံးသည္ အာ႐ုံ၌ မႈန္ဝါးလာကာ ေမ်ာေနရာမွ ႐ုတ္တရပ္ ေအာက္ကို ထိုးက်သြားသကဲ့သို႔ ခံစားရခ်ိန္တြင္ ေ႐ႊ႐ုပ္ ေမာပန္းေနၿပီ...

မမက ေ႐ႊ႐ုပ္ကို လက္ေမာင္းၾကားထဲ သိမ္းေပြ႕လိုက္ကာ နဖူးကို နမ္းရွိုက္သည္... ထို႔ေနာက္ မ်က္ဝန္းအစုံတို႔ကို ေမွးမွိတ္လိုက္ေတာ့သည္...

ေသခ်ာပင္ ေမာ့မၾကည့္ရဲခဲ့ေသာ မ်က္ႏွာကို ေ႐ႊ႐ုပ္ အခုမွပဲ ေစ့ေစ့စပ္စပ္ၾကည့္ရေတာ့သည္...ပါးရိုးတစ္ေလွ်ာက္ ဖြဖြေလး ပြတ္သပ္ၾကည့္ရင္း မ်က္ရည္တို႔ ဝဲတက္လာသည္...ဒီမ်က္ႏွာကို ေနာက္ျမင္ရဖို႔ ထိေတြ႕ရဖို႔ မေသခ်ာေတာ့...

မူးေနေသာ မမသည္ ဒီညက အျဖစ္ကို ေသခ်ာေပါက္ မွတ္မိလိမ့္မည္မဟုတ္...ေ႐ႊ႐ုပ္အတြက္ေတာ့ ဒါဟာ ေသခ်ာေပါက္ သိမ္းထားရမည့္အမွတ္တရ ျဖစ္လိမ့္မည္...

ေ႐ႊ႐ုပ္ဆိုသည့္ျဖစ္တည္မႈသည္ တစ္ေျဖးေျဖးေဝဝါးေပ်ာက္ဆုံးသြားသည့္အခါတြင္ သစၥာထင္လင္းဆိုသည့္ မမသည္ကား တစ္ေျဖးေျဖး ဒဏ္ရာၾကားမွ လင္းလက္လာေပလိမ့္မည္ျဖစ္သည္...

အမွတ္တရဟူသည္ တစ္ေယာက္ေသာသူအတြက္ဆိုလွ်င္ပင္ လုံေလာက္ၿပီမဟုတ္ပါလား...

To be continued....

🍂




Continue Reading

You'll Also Like

7.4K 631 31
စရိုက်မျိုးစုံနဲ့ သူဌေးသမီးလေး၅ယောက် စိတ်၏ ဆန္ဒနောက်လိုက်ရင်း သရဲခြောက်တဲ့ ရှေးဟောင်းအိမ်ကြီး ကို ရောက်ရှိသွားတဲ့အခါမှာတော့ဘယ်လိုသည်းထိတ်ရင်ဖိုစရာကော...
9.6K 67 116
The newly rebirthed Ye Jian doesn't need love! What she wants is to stand high up above other people and to look down on them in disdain! To those wh...
6.1K 252 9
after leaving upstate new york during the debate about the sokovia accords to go look for thor, nikita romanoff gets a distress call from her twin si...
204K 1.7K 93
In a dystopian future, the government allows parents to punish unruly teens with a selection of designer drugs designed to have kids humiliated by th...