အပိုင်း(၇)
ကျူရှင်လမ်းလေးက လမ်းသွယ်လေးဖြစ်သည်။ တိုက်များတန်းစီနေသော်လည်း လူအရမ်းမရှုပ်။သူတို့အုပ်စုတက်နေသော ကျူရှင်မှာ မြေညီထပ်ဖြစ်၍တော်သေးသည်။
လေးနာရီကျူရှင်ဆင်းသော်လည်း ဒီနေ့မှ တီချယ်က နေမကောင်းသဖြင့်စောစော ဆင်းပေးလိုက်ခြင်း။
ဆူးက မပြန်ဘဲ အပေါက်ဝမှာရပ်နေသဖြင့် ရတုရှင်းဟန်ကလှမ်းမေး၏။
"ဆူး မပြန်သေးဘူးလား "
"မပြန်သေးဘူး ခီကူးကိုစောင့်နေတာ နင်ပါနေခဲ့လေ "
"ငါမအားဘူး ဒါဆိုငါသွားပြီ ၊နင့်ဘာသာစောင့် "
မသိလျှင် ရည်းစားဘဲရှိသလိုလိုနဲ့ ကော့တော့ကောတော့ထွက်သွားသော ရတုမင်းကိုကြည့်၍ ဆူးကမဲ့သည်။
အပို !ရည်းစားလည်းမရှိဘဲ မအားဘူးဘာညာနဲ့ ..အလကားကောင်!
အမှန်တော့ ဆူး ဇဏ့်ကိုစောင့်နေတာမဟုတ် ၊ Crushကိုကြီးကိုစောင့်ရင်း ဖြတ်သွားတဲ့ အလှတရားများကို ခံစားနေတာဖြစ်သည်။ကိုကြီးမျက်နှာမမြင်ရတာ အတော်ကြာပြီလေ ။
တန်ကူးကလည်း လုံးဝထွက်မလာသေး။ ဆရာမက"စာမေးစရာရှိရင် နေခဲ့ "လို့ပြောတာကို လျှာရှည်ကာနေခဲ့ခြင်းဖြစ်သည်။
စောက် Hyper တွေ ကောင်းကျိုးကိုမပေးဘူး !
ကြိုးစားလည်း အတော်အသင့်ပေါ့ သေရင်ကိုယ့်နောက်မပါတဲ့ဟာတွေကို မက်မောနေကြတာ !
တစ်ခဏကြာတော့မှ ဇဏ်က ထွက်လာသည်။ ပြီးတော့ ဆူးကို "ဘာရပ်လုပ်နေတာလဲ"ဆိုတဲ့သဘောနဲ့မျက်မှောင်ကျုတ်ကာ ကြည့်လာသဖြင့် သွားသာဖြဲပြလိုက်တော့ ခီကူး မျက်နှာ၌ အံဩသွားဟန်ပေါ်သည်။
အံ့ဩလည်း အံဩစရာဘဲလေ …ဆူးဒေဝီဆိုတာက ကျူရှင်ဆင်းတာနဲ့ အိမ်ကို ဘီးတပ်ထားတယ်လို့ထင်ရအောင် ပြေးတာ ။
ဆူးက ခီကူးရဲ့လက်ကိုပြေးချိတ်လိုက်ပြီး…
"ခီကူး လမ်းထိပ်မှာ ဒုတ်ထိုးသွားစားရအောင်လေ "
"တော်ပြီ "
ခီက တိုတိုတုတ်တုတ်သာ ပြောရင်း ထွက်သွားသည်။ ဆူးမှာသာ နောက်မှာတစ်ယောက်တည်းကျန်ခဲ့တာဖြစ်သည်။
ဆူးသည် ခီတန်ကူးဇဏ်နောက်သို့ အော်ဟစ်ရင်း ပြေးလိုက်သွားသည် ။
"ဟဲ့ နေအုံးလေ စောင့်အုံး။ ဟဲ့ ခီတန်ကူးဇဏ်"
သူငယ်ချင်းအုပ်စုထဲတွင် ဗရုတ်အကျဆုံးသူကို ပြပါဆိုလျှင် ဆူးဒေဝီသာဖြစ်သည်။
•••••••
ကျူရှင်လမ်းထိပ်ရှိ ၀က်သားတုတ်ထိုးဆိုင်တွင်ဖြစ်သည်။
"အန်တီ သမီးကိုလေ အသည်း ၊ အူ ၊ နှလုံး ၊ ကလီစာ ၊ အသား ၊နားရွက် ၊ လျှာ ၊အခေါက် စုံနေအောင်လှီးပေးပါ"
ပါးစပ်မှစားနေတာတင်မကုန်သေး အန်တီကြီးကိုပင် ထပ်ပြီးလှီးခိုင်းနေတဲ့ ဆူးဒေဝီကြောင့် ဇဏ်ခေါင်းကိုသာအသာယမ်းမိသည်။
သူကဝောာ့ဘာမှ သိပ်မစားဖြစ် ၊ လမ်းဘေးစာတွေ ဘာတွေစားတာလည်း ဖွားဖွားကမကြိုက်သလို သူလည်းမကြိုက်။
တုတ်ထိုးဆိုင်လေးက လမ်းဘေးတွင်ဖြစ်သော်လည်း စုံလင်နေကာ ဗူးလေးများဖြင့်ပင် ပါဆယ်ပို့ရသည်ထင်သည်။ ဗူးလေးများလည်း တန်းစီကာထပ်ထားသည်ကိုတွေ့ရသည်။
ဇဏ် ဟိုဟိုဒီဒီငေးနေစဉ် ဒုတ်ထိုးဆိုင်အတွင်းသို့ လူတစ်ယောက်ဝင်လာသည်။
"အန်တီ ကျွန်တော်မှာထားတာလေး "
"ရပြီသား ယူသွားနော် "
"ဟုတ်ကဲ့ဗျ "
ဇဏ် အသံကြားလို့ လျပ်တစ်ပြတ် မော့ကြည့်လိုက်တော့ မိုးသန့်ညိမ်ဖြစ်နေသည်။ ဒီလူက တော်တော်တော့ချောသည်။ နေ့ခင်းဘက်မို့ ကြည်လင်နေသော အသားအရေကထင်းလင်းနေသည်။ ပန်းနုရောင်နှုတ်ခမ်းသားတွေက အချိုးကျစွာ တည်ရှိလျက် ။
ဇဏ့်နည်းတူ မျက်လုံးမှ အရောင်အဝါများထွက်လောက်အောင်ငေးနေသောသူတစ်ယောက်လည်းရှိသည်။
ဆူး အသံချိုချိုလေးကြောင့် ကြည့်လိုက်တော့ ကိုကြီးဖြစ်နေသည်။
ကိုကြီးကတကယ်ချစ်စရာလေး အား!!!
အသံတော့မထွက် စိတ်ထဲတွင်သာ အော်နေခြင်း။ သို့သော် ငြိမ်ကာရှက်နေသည့်အထဲ ဆူးဒေဝီမပါ ၊
ခွက်ရှ်မို့ အခွင့်ရှိသလို ၀င်လုံးမှတော်ကာကျမည်။ ကိုကြီးပုံက စော်ကြည်ဘဲကြည်လေးဖြစ်မည့်ပုံပင်။
"ကိုကြီး တုတ်ထိုးလာဝယ်တာလား "
မိုးသန့်ညိမ် တုတ်ထိုးကို မှာထားခဲ့ကာ အိမ်အပြန်မှ ၀င်ယူမယ်ပြောခဲ့တာဖြစ်သည်။ ထို့ကြောင့်အိမ်မှာစားရန် ၀င်ယူခြင်း ။ ဆိုင်ထဲဝင်သွားလိုက်တော့ တုတ်ထိုးထိုင်စားနေသော ကောင်လေးတစ်ယောက်နှင့်ကောင်မလေးတစ်ယောက်။ သူလည်း မြန်မြန်သာမေးစရာရှိတာမေးလိုက်သည်။ အန်တီကြီးက ဟင်းချိုထည့်ပေးနေစဉ် "ကိုကြီး "ဟုခေါ်သံကြားသဖြင့်ကြည့်လိုက်တော့ ခေါ်နေသည်မှာ စားနေသည့်ကောင်မလေး။ ရုတ်တရက်ကိုကြီးဟုဆိုလာသဖြင့် သူ့မှာ နည်းနည်းတော့ကြောင်တောင်တောင်ဖြစ်သွားရသည်။
"ဟင် "
မိုးသန့်ညိမ်က နားမလည်သလိုဆိုတော့ ဆူးမျက်နှာလေးကမမှတ်မိရကောင်းလားဆိုသည့်သေဘာနှင့် ခပ်မဲ့မဲ့လေးဖြစ်သွားသော်လည်း တစ်ခဏသာ။
"ညီမကိုမမှတ်မိဘူးလား "
"ဟို …"
မိုးသန့်ညိမ်က မမှတ်မိ၍ ခေါင်းတကုတ်ကုတ်ဖြစ်နေသည်။ ထိုပုံစံကိုကြည့်၍ ဆူးကမနေနိုင်တော့သည်ထင်သည်။
"ဟာ ကိုကြီးကလည်း ဟိုတလောက အေးရိပ်အအေးဆိုင်မှာ ကိုကြီးကို ရည်းစားစာ ပေးခဲ့တာ ညီမလေ "
"အဟွတ် အဟွတ် "
ဆူးရဲ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် ခီတန်ကူးဇဏ်မှာ ရေးနွေးသောက်ရင်း သီးသွားရသည်။
ဘယ်လိုတောင်လား ....ဒါဆို ညိမ်က ဆူးကြိုက်နေတဲ့ ကိုကြီးဆိုတာပေါ့ ၊ ပြီးတော့ သူရည်းစားစာရေးပေးလိုက်တဲ့သူပေါ့ !
ညိမ်မှာလည်း ကောင်မလေးစကားကြောင့် မျက်နှာမှာ ရေနွေးပူနှင့် ပက်ခံလိုက်ရသလို ထူပူသွားရသည်။ ဘယ်လိုကာင်မလေးပါလိမ့် !!
တုတ်ထိုးဆိုင်က အန်တီကြီးကလည်း ပြုံးစိစိ။ ဒါပေမဲ့ မိန်းကလေးတစ်ယောက်ကနှုတ်ဆတ်တာကို မျက်နှာလွှဲခဲပစ် လုပ်လို့မကောင်းတာကြောင့် ညိမ့်မှာပြန်နှုတ်ဆတ်ရသည်။
"ဪ သိပြီ နေကောင်းတယ်မလား "
"ကောင်းတယ် ကောင်းတယ် ကိုကြီးကော"
"ကိုယ်လည်း ကောင်းပါတယ် ညီမ "
သူလည်းပြုံးပြပြီး အန်တီကြီးဘက်လှည့်ကာ
ရှင်းဖို့မေးရသည်။
"အန်တီ ဘယ်လောက်ကျလဲ "
"5000သား "
"ဟုတ် "
မိုးသန့်ညိမ် အိတ်ကို ဖွင့်ကာပေးဖို့လုပ်နေစဉ် ကောင်မလေးကအလျင်အမြန် တားလာသည်။
"နေ နေ ညီမပေးလိုက်မယ် "
စားပွဲခုံပေါ်က ပိုက်ဆံအိတ်ကို ဖွင့်ပြီး အတင်းရှင်းပေးနေတော့သည်။
"ရတယ် ရတယ် ကိုယ့်ဘာသာရှင်းမယ် "
"အမယ်လေး ခင်တဲ့အထိမ်းအမှတ်ပေါ့ ညီမ ဒီလောက်တော့ ၀ယ်ကျွေးနိုင်ပါတယ် "
"ရပါတယ် ညီမ"
"အန်တီ သမီးဟာဘဲယူနော် သမီးရှင်းမှာ "
အန်တီကြီးမှာလည်း ပိုက်ဆံနှစ်ရွက်ကြား စိတ်ရှုပ်နေပုံရသည်။
"သမီးဟာပဲယူ အန်တီ "
သမီးဟာယူဆိုကာ အတင်းတွေပေးနေတဲ့ဆူးဒေဝီကြောင့် ခီတန်ကူးဇဏ်မှာ တအံတဩဖြစ်နေရသည်။
ဆူးဒေဝီတို့က တကယ်မလွယ်ကြော ...။
အန်တီကြီးလည်း ဆူးပိုက်ဆံသာယူလိုက်တော့ ညိမ်လည်း အားနာပြီး ကိုယ့်ပိုက်ဆံသာကိုယ်ပြန်သိမ်းထားလိုက်သည်။
နောက်တစ်ခါကျရင် ပြန်ဝယ်ကျွေးမယ်လို့သာတေးမှတ်ထားလိုက်သည်။
"ဒါဆို ညီမရေ ကျေးဇူးနော် အစ်ကိုနောက်တစ်ခါပြန်ကျွေးပါ့မယ် "
"ဟုတ် ဟုတ် "
ညိမ်လည်း နှုတ်ဆတ်ကာ တုတ်ထိုးထည့်ထားတဲ့ ဗူးကိုယူပြီးတော့သာ အိမ်သို့ပြန်လိုက်ဝောာ့သည်။
အခုခေတ် ကလေးတွေ တကယ်မလွယ်ဘူး!
"ဟဲ့ အဲ့တာငါ့ပိုက်ဆံအိတ်လေ "
"အဟဲ ပြန်ပေးမှာပေါ့ တိုးတိုးပြောပါဟ ကိုကြီးက သိပ်မဝေးသေးဘူး "
"နင့်ကို အန်တီနဲ့ တိုင်ပြောမယ် "
"တိုင်တိုင် ကုလားထိုင် ချီးပုံထဲမှာ တန်ကူးထိုင် အိမ်သာထဲမှာကလေးမွေး ပိစိညှောင့်တောက်လေး "
ပြောင်ပြကာ အစားစားနေရင်းပင် ပေါက်ကရပြောတဲ့ဆူးကြောင့် ခီတန်ကူးဇဏ် ဆိုင်ရှင်အန်တီကြီးကိုအားနာသွားရသည်။ အန်တီကြီးကိုကြည့်လိုက်တော့ သဘောတကျ ရယ်နေသည်မို့တော်သေးသည်ပြောရမည်။
အတွေးထဲ အပြုံးလှလှလေးက ပေါ်လာတော့…
ခင်ဗျားက အဲ့လိုပဲ အခြားသူတွေကိုလည်း ဖော်ရွေနေကျလား!
──────────────────
𝙂𝙀𝙉𝙉𝙔♡︎