Lawless Gangster (Myanmar Tra...

By ViVianKhin

40.9K 7.6K 490

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 54
Episode 55

Episode 42

499 118 7
By ViVianKhin

အပိုင္း ၄၂

Zawgyi

ခ်ီ႐ႈိ႕ယြမ္ သူ႔မ်က္ႏွာေခ်ာေခ်ာေပၚမွာ ရႊင္လန္းေတာက္ပတဲ့ အျပံဳးတစ္ခုကို ခ်ိတ္ဆြဲလ်က္ ဟန္က်ားရဲ႕လူနာခန္းဆီျပန္ေရာက္ေတာ့ သူ႔ကို စိတ္မ႐ွည္စြာ ေစာင့္ဆိုင္းလို႔ေနတဲ့ ဟန္က်ားကို ေတြ႔လိုက္ရတယ္။ သူအခန္းထဲ ဝင္လာတာကိုေတြ႔တာနဲ႔

" ကိုလူၾကမ္း.... ေ႐ွာင္းလီကို သြားမေႏွာင့္ယွက္ပါနဲ႔ေတာ့။ "

" မင္းက မနာလိုျဖစ္ေနလား။ "

ခ်ီ႐ႈိ႕ယြမ္ သူ႔ေ႐ွ႕ကလူကို ေဒါသထြက္ေအာင္ ရန္စသလိုေလးေျပာလိုက္တယ္။

" ခင္ဗ်ား သူ႔ကို ဒုကၡေရာက္ေအာင္ လုပ္ေနတယ္ဆိုတာ သိေရာသိရဲ႕လား။ "

ဟန္က်ားက အသံအက်ယ္ႀကီးမထြက္ႏိုင္ေသးေပမယ့္ တတ္ႏိုင္သေလာက္ ႀကိဳးစားၿပီး ေအာ္လိုက္တယ္။

" ဒါမွမဟုတ္ ခင္ဗ်ားရဲ႕ ရည္ရြယ္ခ်က္ကိုက အဲ့လိုလား။ "

ခ်ီ႐ႈိ႕ယြမ္ မ်က္ႏွာအနည္းငယ္ပ်က္သြားကာ ဟန္က်ားကို သူ႔မ်က္ႏွာနားဆီ ဆြဲယူလိုက္ၿပီး

" ဘာအဓိပၸါယ္လဲ။ ႐ွင္း႐ွင္းလင္းလင္းေျပာ။ "

ဟန္က်ားက သူ႔ႏႈတ္ခမ္းသူ ကိုက္လ်က္ ေျပာခ်င္တဲ့စကားေတြ ေျပာလိုက္သင့္ မသင့္ ခ်င့္ခ်ိန္ေနၿပီးမွ

" ခင္ဗ်ားထက္ ပိုၿပီး ေၾကာက္ဖို႔ေကာင္းတဲ့သူတစ္ေယာက္႐ွိေသးတယ္။ အဲ့လူကလည္း ေ႐ွာင္းလီကိုပဲ ရည္ရြယ္....... "

" မင္း သူေ႒းအေၾကာင္း ေျပာေနတာလား။ "

ခ်ီ႐ႈိ႕ယြမ္ စိတ္တိုစြာ ေမးလိုက္တယ္။

" ဒီေလာက္ႏွစ္ေတြၾကာေနတာေတာင္ လက္မေလ်ွာ့ခ်င္ေသးတဲ့လူ။ "

ဟန္က်ား အံ့အားသင့္စြာၾကည့္ရင္း အသံတိုးတိုးျဖင့္

" ခင္ဗ်ား ဘယ္လို........။ ေ႐ွာင္းလီ ေျပာျပတာလား။ "

" ဘယ္သူ႐ွိဦးမွာလဲ။ "

ဟန္က်ားက ခ်ီ႐ႈိ႕ယြမ္သာ စိုက္ၾကည့္ေနကာ အခန္းတြင္းက တစ္ဖန္ တိတ္ဆိတ္သြားျပန္တယ္။ ေခါင္းထဲစီတန္းေနတဲ့ ေျပာစရာစကားေတြလည္း ဘယ္ေရာက္ကုန္တယ္မသိ။ ႏွစ္ေပါင္းမ်ားစြာၾကာတယ္လို႔ထင္ရတဲ့အထိ တိတ္ဆိတ္ေနခဲ့ၿပီးမွ ဟန္က်ား ခပ္ေရးေရးျပံဳးလိုက္တယ္။

" ခင္ဗ်ားက သူနဲ႔သိတာ ဘယ္ေလာက္မွေတာင္ မၾကာေသးပဲနဲ႔။ ခင္ဗ်ားေျပာတာ မွန္တယ္။ က်ဳပ္အခု မနာလိုခ်င္လာၿပီ။ "

ခ်ီ႐ႈိ႕ယြမ္ ေခါင္းငံု႔ကာ တစ္ခုခုကို စဥ္းစားေနပံုရတယ္။ ဟန္က်ားက သူ႔ကို ခပ္ျမန္ျမန္ တခ်က္ၾကည့္ကာ

" ခင္ဗ်ား ခ်င္းရယ္ကို အံမတုႏိုင္ဘူး။ သူ႔ လႊမ္းမိုးႏိုင္စြမ္းနဲ႔ အင္အားက ဒီနယ္မွာ ဘယ္သူမွ မမွန္းဆႏိုင္တဲ့အထိပဲ။ တကယ္လို႔......... "

" မျဖစ္သင့္ဘူးေလ...... "

ခ်ီ႐ႈိ႕ယြမ္ တီးတိုးေရရြတ္လိုက္မိတယ္။

" ..... ေ႐ွာင္းလီဘက္ကေရာ ေျပာစရာမ႐ွိဘူးလား။ သူက အရင္ကလုိ ဆယ့္ႏွစ္ငါးအရြယ္ ကေလးမွမဟုတ္ေတာ့တာ။ အခု ဂိုဏ္းထဲမွာ သူ႔ရာထူးက ေတာ္ေတာ္ျမင့္ေနၿပီဆိုေပမယ့္....... သူလိုလိုလားလား ရလာတာလို႔ေတာ့ ငါ့ကို လာမေျပာနဲ႔။ "

" အဲ့ေတာ့ေရာ.....ဘာျဖစ္လဲ။ "

ဟန္က်ားက သူ႔လက္မွာ ထိုးစိုက္ထားတဲ့ Drip က အပ္ကို ေအးစက္စြာ စိုက္ၾကည့္ရင္း ခပ္ေအးေအးပင္ ျပန္ေျပာေလတယ္။

" အရင္တုန္းက က်ဳပ္တို႔မွာ ျဖစ္ခ်င္ရာျဖစ္ဆိုတဲ့စိတ္နဲ႔ ခေယာင္းလမ္းကိုေလ်ွာက္ၿပီး ခက္ခက္ခဲခဲ တက္လာခဲ့ရတာ။ က်ဳပ္တို႔သာ အျမင့္ကိုေရာက္လာရင္ ဘယ္သူအႏိုင္က်င့္တာမွ မခံရေတာ့ဘူးလို႔ လံုးဝယံုခဲ့ၾကတယ္။ ေနာက္ဆံုးက်ရင္ေတာ့ က်ဳပ္တို႔.........။ ဒါေပမယ့္ အခုေတာ့ ေနာက္ဆံုးရလဒ္က ဘာမ်ားလဲ။ က်ဳပ္ကိုပဲၾကည့္။ က်ဳပ္လုပ္ေပးခဲ့သမ်ွ ရခဲ့သမ်ွအားလံုးက သူတို႔ က်ဳပ္ကိုအလိုမ႐ွိဘူးဆိုတာနဲ႔ ပလစ္ခံလိုက္ရတာပဲ။ "

ေ႐ွာင္းလီ ေျပာခဲ့ဖူးတဲ့စကားတို႔ကို သတိရမိေတာ့ ဘယ္ေလာက္ထိခက္ခဲမလဲဆိုတာကို ခ်ီ႐ႈိ႕ယြမ္ ခံစားမိလာတယ္။

" ေ႐ွာင္းလီသာ လက္မခံရင္ ဘာျဖစ္မွာလဲ။ "

ဟန္က်ား မ်က္ႏွာေပၚက ေသြးတို႔ဆုတ္ယုတ္ကာ ျဖဴေလ်ာ္သြားတယ္။ ထို႔ေနာက္ ခပ္ျဖည္းျဖည္းပဲ ဆက္ေျပာေလတယ္။

" အခုလိုအတိုင္းေလးပဲဆိုရင္ေတာ့ ဘာမွမျဖစ္ဘူးေပါ့။ ဒါေပမယ့္ ခင္ဗ်ားသူ႔ကို ဆက္လိုက္ေနမယ္..သူကလည္း ျပန္ႀကိဳက္မယ္....... ။ တကယ္လို႔ ခ်င္းရယ္သာ သိသြားမယ္ဆိုရင္ ခ်င္းရယ္ကို ရင္ဆိုင္ဖို႔ ခင္ဗ်ား ဘာလုပ္မွာလဲ။ "

" ငါ အျမဲ ေတြးေနက်...... "

ခ်ီ႐ႈိ႕ယြမ္ မ်က္ႏွာပ်က္လ်က္။

ေ႐ွာင္းလီကသာ အဓိကလို႔ ခ်ီ႐ႈိ႕ယြမ္ အျမဲေတြးခဲ့ဖူးတယ္။ လီ႐ွီခ်င္းရဲ႕ ပိုင္စိုးပိုင္နင္း အျပဳအမူကို မ်က္းဝါထင္ထင္ျမင္ေတြ႔ဖူးေပမယ့္ လက္႐ွိအေျခအေနထိ ဝင္႐ႈပ္ႏိုင္တဲ့ အေနအထားမဟုတ္ဟု ထင္ခဲ့တယ္။ ခ်ီ႐ႈိ႕ယြမ္ အဲ့လို ႐ိုး႐ွင္စြာေတြးၿပီး ေ႐ွာင္းလီ သူ႔ကိုသေဘာက်လာေအာင္ ျပဳမူခဲ့တယ္။ ေ႐ွာင္းလီသူ႔ကို ျပံဳးျပကာ တျခားသူေတြထက္ သူ႔ကိုပိုခင္တြယ္ရံုနဲ႔တင္ သူေက်နပ္တယ္။ ေ႐ွာင္းလီတစ္ေယာက္ အႀကီးအက်ယ္ အခက္ေတြ႔လိမ့္မယ္လို႔ တစ္ခါမွ မစဥ္းစားခဲ့ဖူးေခ်။

" ေ႐ွာင္းလီက ခင္ဗ်ားကို ဒါမ်ိဳးေတြ ေျပာျပမွာ မဟုတ္ဘူး။ "

ဟန္က်ားက ေအးစက္စြာၾကည့္လ်က္

" သူက အဲ့လိုလူမ်ိဳး။ သူမ်ားကို အပူမေပးပဲ သူပဲ ဒိုင္ခံ႐ွင္းတတ္တဲ့သူ။ ဒါေပမယ့္.... ဟမ့္.... သူ႔ကို က်ဳပ္နားလည္ပါတယ္။ သူခင္ဗ်ားကို ေျပာျပရင္ေတာင္ ခင္ဗ်ားက ဘာလုပ္ႏိုင္မွာမို႔လို႔လဲ။ "

ထိုစကားတို႔က အပ္မ်ားႏွယ္ ခ်ီ႐ႈိ႕ယြမ္ကို ထိုးစိုက္နာက်င္ေစကာ မ်က္ႏွာပင္ ျဖဴေဖ်ာ့သြားရတယ္။ ထို႔ေနာက္ တံခါးေပါက္ဆီ ေလ်ွာက္လ်က္ တီးတိုးေရရြတ္ေနမိတယ္။

" ငါ စဥ္းစားပါရေစဦး... ငါ့ကို စဥ္းစားခြင့္ေလးေပးၾကပါဦး။ "

ငါ ေျဖ႐ွင္းရမယ့္ကိစၥေတြ ႐ွိေသးတယ္။ ျပႆနာမ်ားၿပီး အခ်ိန္လည္း ၾကာႏိုင္တယ္။
ငါ မင္းကိုပါ ဆြဲမထည့္ခ်င္ဘူး။ ငါနဲ႔တင္ လံုေလာက္ေနပါၿပီ။
ငါ့ကို ေစာင့္ခ်င္လား မေစာင့္ခ်င္ဘူးလားပဲေျပာ.... မေစာင့္ႏိုင္ရင္လည္း.....

ေ႐ွာင္းလီ.... ေ႐ွာင္းလီေရ......

ခ်ီ႐ႈိ႕ယြမ္ ခ်စ္ရသူရဲ႕အမည္ကို နာက်င္စြာ တမ္းတေနရင္း ဘာဆက္လုပ္ရမလဲ လမ္းေပ်ာက္လို႔ေနတယ္။

*********************

ေ႐ွာင္းလီ ၿမိဳ႕ထဲကို ျပန္မေရာက္ေသးခင္ လမ္းခုလတ္မွာတင္ က်င္းတင္ကို အျမန္လာဖို႔ ယန္မင္ထံမွ ဖုန္းဆက္ေျပာလာတယ္။ အိမ္ျပန္အဝတ္အစားလဲဖို႔ အခ်ိန္ပင္မရပဲ ေဆးရံုသြားစဥ္က ဝတ္ခဲ့တဲ့ ထိုအဝတ္အစားနဲ႔ပင္ က်င္းတင္သို႔ သုတ္ေျခတင္လိုက္တယ္။ က်င္းတင္လည္းေရာက္ေရာ တံခါးေစာင့္ထံမွ တားျမစ္ျခင္းခံရတယ္။

ယန္မင္ဆိုတာ စည္းမ႐ွိကမ္းမ႐ွိ ျဖစ္ခ်င္ရာျဖစ္ေနတဲ့ လူ႐ႈပ္လူေပြ တစ္ေယာက္။ အခုေတာ့ ဘရန္းအျပည့္ဝတ္လ်က္ ဧည့္ခန္းထဲက ဆိုဖာေပၚဝယ္ ေျခခ်ိတ္လို႔ထိုင္ေနတယ္။ သူ႔ေ႐ွ႕မွာလည္း လူအခ်ိဳ႕က သတိအေနအထားနဲ႔ ရပ္ေနၾကတယ္။

ေ႐ွာင္းလီကိုလည္း ျမင္ေရာ သူ႔ရဲ႕အဝတ္အစားကို စတင္ေလွာင္ေျပာင္တယ္။

" အို! ေ႐ွာင္းလီရဲ႕။ "

က်ယ္ေလာင္စြာ ေအာ္ေခၚကာ

" ဒီပိုင္နက္ကို ငါ့ဆီေပးၿပီးတာနဲ႔ ဒုစ႐ိုက္ေလာကကေန ထြက္ေတာ့မလို႔လား။ ဝတ္တာစားတာလည္း ၾကည့္စမ္းပါဦး။ ေက်ာင္းဝတ္စံုႀကီးလားဟ။ "

" မင္ေကာရဲ႕ စတိုင္လ္ကိုေတာ့ ဘယ္မီွပါ့မလဲဗ်ာ။ "

ေ႐ွာင္းလီ ယဥ္ယဥ္ေက်းေက်းပဲ ျပန္ႏႈတ္ဆက္ကာ ယန္မင္ေဘးက လူေတြကို အကဲခတ္လိုက္ရင္း

" လင္းက်ီ၊ ဘာေတြျဖစ္ေနၾကတာလဲ။ "

ေမးသံၾကားတာနဲ႔ ဟက္စကီးလို လူေကာင္ထြားထြား လင္းက်ီရဲ႕ မ်က္ႏွာ အနည္းငယ္ ပ်က္စျပဳလာတယ္။ သူက ယန္မင္ကို တစ္ခ်က္ၾကည့္ကာ ခ်က္ခ်င္းပင္ တျခားသို႔ အၾကည့္လႊဲလိုက္တယ္။ အဲ့ေတာ့မွပဲ ေ႐ွာင္းလီလည္း ဟန္က်ားေနရာ အစားထိုးခံရတဲ့ က်န္းရႊယ္မင္က သူ႔ေနာက္က ဆိုဖာေပၚမွာ ထိုင္ေနတာ သတိထားမိတယ္။

" လီေကာက ဘယ္တုန္းက အေ႐ွ႕ပိုင္းနယ္ေျမရဲ႕ တာဝန္ခံျဖစ္သြားတာလဲဗ်။ လင္းက်ီက က်င္းတင္ကလူေလ။ "

က်န္းရႊယ္မင္က သူ႔ေရွ႕က လူကိုေမာ့ၾကည့္ကာ

" ကြၽန္ေတာ္သူ႔ကို ခိုင္းစရာေလး႐ွိလို႔။ က်င္းတင္မွာ ေဆးသံုးတာေတြဘာေတြ မ႐ွိေအာင္ တင္းၾကပ္ထားခ်င္လို႔ေလ။ ျဖစ္ႏိုင္ပါ့မလားေတာ့ မသိဘူး။ "

" ေျပာေနစရာ မလိုပါဘူးကြာ။ "

ယန္မင္က တည္ၿငိမ္စြာျဖင့္ ဝင္ေျပာတယ္။

" အခု က်င္းတင္က ငါ့ပိုင္နက္ျဖစ္သြားၿပီပဲဟာ။ တစ္အခ်က္.... မင္းငါ့ကိုေတြ႔ရင္ မင္ေကာလို႔ ႐ို႐ိုေသေသေခၚရမယ္။ ႏွစ္အခ်က္.... ငါက ေဆးအေရာင္းအဝယ္လုပ္ေပမယ့္ ေဆးေတာ့ မသံုးဘူး။ ဒီက လက္ေအာက္ငယ္သားေတြလည္း ေဆးကို ထိလို႔မရဘူး ဆိုတာ ငါသိထားျပီးသား။ ျပည့္တန္ဆာရံုမွာ ေခါင္းေဆာင္လုပ္ဖို႔ ကိုယ္တိုင္ *င္ခံစရာ မလိုသလိုမ်ိဳးပဲေလ။ "

" ခင္ဗ်ား... !"

က်န္းရႊယ္မင္က စိတ္ဆိုးမာန္ဆိုးနဲ႔ ထရပ္ကာ

" ခင္ဗ်ားက က်င္းတင္ရဲ႕တာဝန္ခံဆိုရင္ေတာင္ လင္းက်ီက ခင္ဗ်ားလက္ေအာက္က မဟုတ္ဘူး။ ခင္ဗ်ားမွာ သူ႔ကို ခိုင္းပိုင္ခြင့္ တစ္စက္မွ မ႐ွိဘူး။ "

" က်န္းရႊယ္မင္... မင္းက က်င္းတင္ရဲ႕ ျပည့္တန္ဆာအထီးေတြေရာ အမေတြေရာရဲ႕ တာဝန္ခံဆိုေပမယ့္ လင္းက်ီကိုပါ အမိန္႔ေပးႏိုင္တယ္လို႔ေတာ့ မဆိုႏိုင္ဘူး။ ၿပီးေတာ့ ငါသူ႔ကိုခိုင္းခဲ့ရင္... အဲ့တာ သူ႔လီေကာကို မ်က္ႏွာသာေပးတာပဲေလ။ မဟုတ္ရင္ ငါ့တပည့္ေတြရဲ႕ စီးပြားေရးကို ဖ်က္လိုဖ်က္စီးလုပ္ကတည္းက ငါ သူ႔ကို ႐ိုက္သတ္လိုက္မွာေပါ့။ "

ယန္မင္က ေ႐ွာင္းလီကို တစ္ခ်က္ၾကည့္လိုက္ၿပီး

" ငါ မင္းကို မ်က္ႏွာသာေပးရင္ မင္းတို႔လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ရန္လိုေနစရာမလိုေတာ့ဘူးေပါ့ကြာ... ငါေျပာတာ ဟုတ္ရဲ႕လား လီေကာ ရဲ႕။ "

ေ႐ွာင္းလီလည္း ေဒါသတို႔ထြက္လာရကာ

" ေတာ္ေလာက္ၿပီ။ တစ္မိသားစုထဲက ညီအစ္ကိုအခ်င္းခ်င္း ဒီလိုရန္ျဖစ္ေနစရာ အေၾကာင္းမ႐ွိဘူး။ ငါ့အမွားပါ။ လြန္ခဲ့တဲ့ႏွစ္ရက္က ဘာမွ ေသခ်ာ မကိုင္တြယ္လိုက္ႏိုင္ေအာင္ကို ေသာကေရာက္ေနခဲ့လို႔။ "

ထို႔ေနာက္ ယန္မင္ကို ၾကည့္လိုက္ၿပီး

" က်င္းတင္က အခုမင္းပိုင္နက္ဆိုေတာ့ မင္းအမိန႔္ေအာက္မွာ႐ွိေနတာ သဘာဝက်တယ္။ လင္းက်ီကေတာ့ ငါ့လူ။ မင္းသူ႔ကို အသံုးလိုမယ္ထင္ရင္ ေခၚထားလို႔ရတယ္။ ဒါေပမယ့္ မင္းတို႔ႏွစ္ေယာက္ ကီးမကိုက္ရင္ေတာ့ ငါသူ႔ကို ျပန္ေခၚသြားမယ္။ "

ယန္မင္ရဲ႕ႏႈတ္ခမ္းေထာင့္က ေကြးတက္ကာ ေက်နပ္စြာနဲ႔ မဲ့ျပံဳးျပံဳးတယ္။

" တကယ့္ကို ေျဖာင့္မတ္မွန္ကန္တယ္ဆိုတဲ့လူရဲ႕စကားဆိုတာ ဒါမ်ိဳးပဲ။ ဒါဆိုလည္း ငါ့စီးပြားေရးမွာ ထိခိုက္သြားတဲ့ နစ္နာမႈေလးေတြကို ဆက္စစ္ေဆးမေနေတာ့ပါဘူးေလ။ လင္းက်ီကို မင္းေခၚသြားလို႔ရတယ္။ ငါ့မွာလည္း ငါ့လူေတြမ႐ွိတာမွ မဟုတ္တာ။ "

" လီေကာ...... "

လင္းက်ီနဲ႔လူတစ္ခ်ိဳ႕ကို ေရွာင္းလီ ဦးေဆာင္ကာ ေခၚထုတ္သြားေတာ့ က်န္းရႊယ္မင္က တုန္လႈပ္စြာ ေအာ္ေခၚရင္း ေနာက္ကေန လိုက္လာတယ္။

ေ႐ွာင္းလီ ေလ်ွာက္ေနရာကေန ရပ္ကာ လွည့္ၾကည့္လိုက္တယ္။

" လီေကာ.... က်င္းတင္ကို ဒီေလာက္အၾကာႀကီး တာဝန္ယူခဲ့တာ။ ဘာလို႔ ကြၽန္ေတာ့္ကို ေနာက္ကေန ကူၿပီး ေထာက္ပံ့မေပးခ်င္ရတာလဲ။ ယန္မင္အေၾကာင္းလည္း သိရဲ႕သားနဲ႔။ သူက...... "

" မစၥတာ က်န္း "

ေ႐ွာင္းလီ စကားကိုျဖတ္ေျပာလိုက္တယ္။

" မင္းက ဟန္က်ားမွ မဟုတ္တာ။ "

စကားကို ခပ္တိုတိုပင္ေျပာကာ က်န္းရႊယ္မင္ကို တစ္ေယာက္တည္း ခ်န္ရစ္ခဲ့လ်က္ တပည့္အနည္းငယ္နဲ႔အတူ က်င္းတင္ကေန ေ႐ွာင္းလီ ထြက္ခြာလာတယ္။

ိုလင္းက်ီ စိတ္လႈပ္ရွားစြာျဖင့္ ေ႐ွာင္းလီေနာက္ကေန လိုက္လာကာ တျခားသူေတြကို သပ္သပ္စီသြားရန္ အခ်က္ျပၿပီးေနာက္ ေ႐ွာင္းလီနဲ႔သူ ႏွစ္ေယာက္တည္း ကားထဲေရာက္ၿပီးေနာက္

" လီေကာ စိတ္ဆိုးေနတာလား။ "

" မဆိုးပါဘူး။ ယန္မင္ မင္းကိုခိုင္းထားတဲ့ကိစၥ ဘယ္လိုျဖစ္သြားၿပီလဲ။ "

လင္းက်ီ အနည္းငယ္ လႈပ္လႈပ္႐ွား႐ွားျဖစ္သြားကာ အက်ႌ အိတ္ထဲက အထုတ္ေလးတစ္ခုကို ထုတ္ေပးတယ္။

အၾကည္ေရာင္ ပလတ္စတစ္နဲ႔ ထုပ္ပိုးထားတာေၾကာင့္ အထဲက အျဖဴေရာင္အမႈန္႔တို႔ကို ႐ွင္းလင္းစြာပင္ ျမင္ႏိုင္တယ္။

ကားေမာင္းေနတဲ့ ေ႐ွာင္းလီက ထိုအရာကို ခပ္ျမန္ျမန္ တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ကားလမ္းဆီသို႔ အၾကည့္ျပန္ပို႔လိုက္ကာ အနည္းငယ္ စိတ္႐ႈပ္သြားပံုရတယ္။

သူ႔ဖုန္းျမည္လာေတာ့ လက္တစ္ဖက္က ဖုန္းကိုကိုင္ရင္း တစ္ဖက္က စတီယာရင္ကို ကိုင္ကာ စိတ္ၿငိမ္ေအာင္လုပ္ၿပီး ဖုန္းေျပာလိုက္တယ္။

" ဟဲလို "

" ေ႐ွာင္းလီလား.... ကိုယ္ပါ။ "

ဖုန္းထဲမွအသံကိုနားေထာင္ၾကည့္ေတာ့ လူနဲ႔ဖုန္းက အလြန္ကြာေဝးစြာ႐ွိေနသလို ထင္ရတယ္။

ေ႐ွာင္းလီ လင္းက်ီကို တစ္ခ်က္အကဲခတ္လိုက္ကာ

" ဘာျဖစ္လို႔လဲ။ "

" ျပႆနာေတြမ်ားေနတယ္မဟုတ္လား။ မင္းကိုယ့္ကို ေစာင့္ေစခ်င္တယ္လို႔ေျပာရတာက အႏၱရာယ္မ်ားတာ တစ္ခုခုျဖစ္ေတာ့မို႔လို႔ မဟုတ္လား။ "

ခ်ီ႐ႈိ႕ယြမ္ တုန္ယင္ေနတဲ့ အသံကို ၿငိမ္ေအာင္ထိန္းေျပာရင္း

" ကိုယ္ မင္းနဲ႔အတူရင္ဆိုင္ခ်င္တယ္။ "

ေရွာင္းလီ ခဏေလာက္တိတ္သြားကာ

" မင္းနဲ႔မဆိုင္ဘူး။ "

" ေ႐ွာင္းလီရယ္ ........ "

လာျပန္ၿပီ ဒီေလသံ။ အဲ့လို ေအာ္ဂလီဆန္စရာ ခြၽဲပစ္ပစ္ေလသံနဲ႔ ေနာက္မေျပာဖို႔ တားဦးမွပါပဲ။

ေ႐ွာင္းလီ ေတြးရင္း သက္ျပင္းခ်ကာ

" မင္းနဲ႔တကယ္ ဘာမွမဆိုင္လို႔ပါ။ မင္းမ႐ွိလည္း ငါေျဖ႐ွင္းရမယ့္ ကိစၥေတြပဲေလ။ ငါလုပ္ရမယ့္ ငါနဲ႔ပဲဆိုင္တဲ့ ကိစၥေတြခ်ည္းပဲ။ "

" မင္းကိစၥေတြအကုန္ ကိုယ့္ကိစၥပါပဲကြာ။ ကိုယ္တို႔က အခု ခ်စ္သူေတြျဖစ္သြားၿပီေလ။ ဘာလို႔ သူ႔ကိစၥ ကိုယ့္ကိစၥ ခြဲေနဦးမွာလဲ။ "

ခ်ီ႐ႈိ႕ယြမ္က ေခါင္းမာစြာ ေျပာတယ္။

" ဘယ္သူက မင္းနဲ႔....... "

ခ်စ္သူဆိုတဲ့ စကားလံုးလွလွေလးက ေ႐ွာင္းလီနားထဲ ခေလာက္ဆန္စြာ ဝင္လာရကာ တစ္ေယာက္ေယာက္ကို ထဆဲခ်င္မိသြားတယ္။ သူ လင္းက်ီကို ၾကည့္ကာ စိတ္ျပန္ထိန္းလိုက္ၿပီးေနာက္ ေလသံတိုးတိုးျဖင့္

" ငါ မနက္ျဖန္ ေ႐ွာင္းယန္ကို တျခားၿမိဳ႕ကို သြားပို႔ေပးရဦးမယ္။ ငါျပန္လာတာကို ေစာင့္ေနေလ။ ငါတို႔ ျပန္ေတြ႔ၾကတာေပါ့။ "

" အဲ့ဒါဆိုလည္း ကိုယ္မင္းကို ေစာင့္ေနမယ္ေနာ္။ "

ေ႐ွာင္းလီ စိတ္ေျပာင္းသြားမွာစိုးရကာ ခ်ီ႐ႈိ႕ယြမ္ အျမန္ဆံုး ျပန္ေျပာလိုက္တယ္။

ေ႐ွာင္းလီက ဘာမွျပန္မေျပာေပမယ့္လည္း သူျပံဳးေနမယ္ဆိုတာ ခ်ီ႐ႈိ႕ယြမ္ ခံစားမိပါတယ္။ ေ႐ွာင္းလီကေတာ့ ခပ္ျဖည္းျဖည္းပဲ ျပန္ေျပာတယ္။

" မင္းေစာင့္ခ်င္တယ္ဆို ၿပီးတာပဲ။ "

ဖုန္းခ်ၿပီးသြားေသာ္လည္း ခ်ီ႐ႈိ႕ယြမ္စိတ္ထဲ ဘာမွန္းမသိတဲ့ ေၾကာက္စိတ္ဝင္ေနဆဲပင္။

***********************

ဟန္က်ားကို ေစာင့္ၾကည့္ဖို႔ ေ႐ွာင္းလီလႊတ္လိုက္တဲ့ လူအခ်ိဳ႕ေရာက္လာလို႔ ၿမိဳ႕ထဲကို ခ်က္ခ်င္းျပန္လာခဲ့ေသာ္လည္း ေ႐ွာင္းလီထံမွ သတင္းကို ရင္တထိတ္ထိတ္ျဖင့္ပင္ နားစြင့္ေနရတယ္။

စိုးရိမ္ပူပန္စိတ္နဲ႔ ေ႐ွာင္းလီ႐ွိႏိုင္မယ့္ ေနရာေတြဆီ သြားကာ ႐ွာေနမိတယ္။ ေ႐ွာင္းလီရဲ႕အိမ္မွာလည္း တစ္ေယာက္မွမ႐ွိ။ က်င္းတင္ကိုေရာက္ေတာ့လည္း လူအမ်ားစုက မ်က္ႏွာသစ္ေတြျဖစ္ကာ သူ႔ကိုမသိၾကသလို ေ႐ွာင္းလီအေၾကာင္းလည္း ေျပာခ်င္ပံုမရၾက။

ေ႐ွာင္းယန္ကို ဆက္သြယ္ၾကည့္ေတာ့လည္း သူ႔ကိုေျပာင္းေရႊ႕ဖို႔လိုက္ပို႔ေပးၿပီးေနာက္ ျပန္သြားတယ္ဟုသာ ဆိုလာတယ္။ ဟန္က်ားကို ဆက္သြယ္ေမးျမန္းရံုမွအပ တျခားနည္းမ႐ွိခဲ့။
ဟန္က်ားေျပာတာကို နားေထာင္ၿပီးမွ သူ႔အေနနဲ႔ ေ႐ွာင္းလီနဲ႔ပတ္သက္ၿပီး သိတာ ဘာဆိုဘာမွ မ႐ွိမွန္း သေဘာေပါက္လာတယ္။ ေနာက္ဆံုးေတာ့ ဟန္က်ားဆီကေနသာ လင္းက်ီ ဖုန္းနံပါတ္ကို ေတာင္းလိုက္ရတယ္။

လင္းက်ီကို ဖုန္းဆက္လို႔ရျပန္ေတာ့ ဖုန္းကိုင္မယ့္သူမ႐ွိတာ မဟုတ္ပဲ အခ်ိန္တိုင္း ဖုန္းမအားဘူးဆိုတာခ်ည္းသာ ျဖစ္ေနတယ္။ ဖုန္းဝင္တဲ့အထိ ဒီနံပါတ္ကိုသာ ထပ္တလဲလဲႏွိပ္ကာ စိတ္႐ွည္လက္႐ွည္ ေခၚေနခဲ့ရတယ္။

သို႔ေသာ္...... ေနာက္ဆံုး သူၾကားလိုက္ရတဲ့သတင္းေၾကာင့္ သူ႔ေခါင္းကေန ေျခဖ်ားအထိ ေရခဲေရနဲ႔ ေလာင္းခ်ခံလိုက္ရသလို ေအးခဲသြားရတယ္။

ေ႐ွာင္းလီက တျခားၿမိဳ႕မွာ မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔႐ွိမႈနဲ႔ အဖမ္းခံလိုက္ရကာ အခု ရာဇဝတ္သားအေနနဲ႔ အခ်ဳပ္ခံထားရတယ္တဲ့။

------------------------------------------------

အပိုင်း ၄၂

Unicode

ချီရှို့ယွမ် သူ့မျက်နှာချောချောပေါ်မှာ ရွှင်လန်းတောက်ပတဲ့ အပြုံးတစ်ခုကို ချိတ်ဆွဲလျက် ဟန်ကျားရဲ့လူနာခန်းဆီပြန်ရောက်တော့ သူ့ကို စိတ်မရှည်စွာ စောင့်ဆိုင်းလို့နေတဲ့ ဟန်ကျားကို တွေ့လိုက်ရတယ်။ သူအခန်းထဲ ဝင်လာတာကိုတွေ့တာနဲ့

" ကိုလူကြမ်း.... ရှောင်းလီကို သွားမနှောင့်ယှက်ပါနဲ့တော့။ "

" မင်းက မနာလိုဖြစ်နေလား။ "

ချီရှို့ယွမ် သူ့ရှေ့ကလူကို ဒေါသထွက်အောင် ရန်စသလိုလေးပြောလိုက်တယ်။

" ခင်ဗျား သူ့ကို ဒုက္ခရောက်အောင် လုပ်နေတယ်ဆိုတာ သိရောသိရဲ့လား။ "

ဟန်ကျားက အသံအကျယ်ကြီးမထွက်နိုင်သေးပေမယ့် တတ်နိုင်သလောက် ကြိုးစားပြီး အော်လိုက်တယ်။

" ဒါမှမဟုတ် ခင်ဗျားရဲ့ ရည်ရွယ်ချက်ကိုက အဲ့လိုလား။ "

ချီရှို့ယွမ် မျက်နှာအနည်းငယ်ပျက်သွားကာ ဟန်ကျားကို သူ့မျက်နှာနားဆီ ဆွဲယူလိုက်ပြီး

" ဘာအဓိပ္ပါယ်လဲ။ ရှင်းရှင်းလင်းလင်းပြော။ "

ဟန်ကျားက သူ့နှုတ်ခမ်းသူ ကိုက်လျက် ပြောချင်တဲ့စကားတွေ ပြောလိုက်သင့် မသင့် ချင့်ချိန်နေပြီးမှ

" ခင်ဗျားထက် ပိုပြီး ကြောက်ဖို့ကောင်းတဲ့သူတစ်ယောက်ရှိသေးတယ်။ အဲ့လူကလည်း ရှောင်းလီကိုပဲ ရည်ရွယ်....... "

" မင်း သူဋ္ဌေးအကြောင်း ပြောနေတာလား။ "

ချီရှို့ယွမ် စိတ်တိုစွာ မေးလိုက်တယ်။

" ဒီလောက်နှစ်တွေကြာနေတာတောင် လက်မလျှော့ချင်သေးတဲ့လူ။ "

ဟန်ကျား အံ့အားသင့်စွာကြည့်ရင်း အသံတိုးတိုးဖြင့်

" ခင်ဗျား ဘယ်လို........။ ရှောင်းလီ ပြောပြတာလား။ "

" ဘယ်သူရှိဦးမှာလဲ။ "

ဟန်ကျားက ချီရှို့ယွမ်သာ စိုက်ကြည့်နေကာ အခန်းတွင်းက တစ်ဖန် တိတ်ဆိတ်သွားပြန်တယ်။ ခေါင်းထဲစီတန်းနေတဲ့ ပြောစရာစကားတွေလည်း ဘယ်ရောက်ကုန်တယ်မသိ။ နှစ်ပေါင်းများစွာကြာတယ်လို့ထင်ရတဲ့အထိ တိတ်ဆိတ်နေခဲ့ပြီးမှ ဟန်ကျား ခပ်ရေးရေးပြုံးလိုက်တယ်။

" ခင်ဗျားက သူနဲ့သိတာ ဘယ်လောက်မှတောင် မကြာသေးပဲနဲ့။ ခင်ဗျားပြောတာ မှန်တယ်။ ကျုပ်အခု မနာလိုချင်လာပြီ။ "

ချီရှို့ယွမ် ခေါင်းငုံ့ကာ တစ်ခုခုကို စဉ်းစားနေပုံရတယ်။ ဟန်ကျားက သူ့ကို ခပ်မြန်မြန် တချက်ကြည့်ကာ

" ခင်ဗျား ချင်းရယ်ကို အံမတုနိုင်ဘူး။ သူ့ လွှမ်းမိုးနိုင်စွမ်းနဲ့ အင်အားက ဒီနယ်မှာ ဘယ်သူမှ မမှန်းဆနိုင်တဲ့အထိပဲ။ တကယ်လို့......... "

" မဖြစ်သင့်ဘူးလေ...... "

ချီရှို့ယွမ် တီးတိုးရေရွတ်လိုက်မိတယ်။

" ..... ရှောင်းလီဘက်ကရော ပြောစရာမရှိဘူးလား။ သူက အရင်ကလို ဆယ့်နှစ်ငါးအရွယ် ကလေးမှမဟုတ်တော့တာ။ အခု ဂိုဏ်းထဲမှာ သူ့ရာထူးက တော်တော်မြင့်နေပြီဆိုပေမယ့်....... သူလိုလိုလားလား ရလာတာလို့တော့ ငါ့ကို လာမပြောနဲ့။ "

" အဲ့တော့ရော.....ဘာဖြစ်လဲ။ "

ဟန်ကျားက သူ့လက်မှာ ထိုးစိုက်ထားတဲ့ Drip က အပ်ကို အေးစက်စွာ စိုက်ကြည့်ရင်း ခပ်အေးအေးပင် ပြန်ပြောလေတယ်။

" အရင်တုန်းက ကျုပ်တို့မှာ ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်နဲ့ ခယောင်းလမ်းကိုလျှောက်ပြီး ခက်ခက်ခဲခဲ တက်လာခဲ့ရတာ။ ကျုပ်တို့သာ အမြင့်ကိုရောက်လာရင် ဘယ်သူအနိုင်ကျင့်တာမှ မခံရတော့ဘူးလို့ လုံးဝယုံခဲ့ကြတယ်။ နောက်ဆုံးကျရင်တော့ ကျုပ်တို့.........။ ဒါပေမယ့် အခုတော့ နောက်ဆုံးရလဒ်က ဘာများလဲ။ ကျုပ်ကိုပဲကြည့်။ ကျုပ်လုပ်ပေးခဲ့သမျှ ရခဲ့သမျှအားလုံးက သူတို့ ကျုပ်ကိုအလိုမရှိဘူးဆိုတာနဲ့ ပလစ်ခံလိုက်ရတာပဲ။ "

ရှောင်းလီ ပြောခဲ့ဖူးတဲ့စကားတို့ကို သတိရမိတော့ ဘယ်လောက်ထိခက်ခဲမလဲဆိုတာကို ချီရှို့ယွမ် ခံစားမိလာတယ်။

" ရှောင်းလီသာ လက်မခံရင် ဘာဖြစ်မှာလဲ။ "

ဟန်ကျား မျက်နှာပေါ်က သွေးတို့ဆုတ်ယုတ်ကာ ဖြူလျော်သွားတယ်။ ထို့နောက် ခပ်ဖြည်းဖြည်းပဲ ဆက်ပြောလေတယ်။

" အခုလိုအတိုင်းလေးပဲဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့။ ဒါပေမယ့် ခင်ဗျားသူ့ကို ဆက်လိုက်နေမယ်..သူကလည်း ပြန်ကြိုက်မယ်....... ။ တကယ်လို့ ချင်းရယ်သာ သိသွားမယ်ဆိုရင် ချင်းရယ်ကို ရင်ဆိုင်ဖို့ ခင်ဗျား ဘာလုပ်မှာလဲ။ "

" ငါ အမြဲ တွေးနေကျ...... "

ချီရှို့ယွမ် မျက်နှာပျက်လျက်။

ရှောင်းလီကသာ အဓိကလို့ ချီရှို့ယွမ် အမြဲတွေးခဲ့ဖူးတယ်။ လီရှီချင်းရဲ့ ပိုင်စိုးပိုင်နင်း အပြုအမူကို မျက်းဝါထင်ထင်မြင်တွေ့ဖူးပေမယ့် လက်ရှိအခြေအနေထိ ဝင်ရှုပ်နိုင်တဲ့ အနေအထားမဟုတ်ဟု ထင်ခဲ့တယ်။ ချီရှို့ယွမ် အဲ့လို ရိုးရှင်စွာတွေးပြီး ရှောင်းလီ သူ့ကိုသဘောကျလာအောင် ပြုမူခဲ့တယ်။ ရှောင်းလီသူ့ကို ပြုံးပြကာ တခြားသူတွေထက် သူ့ကိုပိုခင်တွယ်ရုံနဲ့တင် သူကျေနပ်တယ်။ ရှောင်းလီတစ်ယောက် အကြီးအကျယ် အခက်တွေ့လိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။

" ရှောင်းလီက ခင်ဗျားကို ဒါမျိုးတွေ ပြောပြမှာ မဟုတ်ဘူး။ "

ဟန်ကျားက အေးစက်စွာကြည့်လျက်

" သူက အဲ့လိုလူမျိုး။ သူများကို အပူမပေးပဲ သူပဲ ဒိုင်ခံရှင်းတတ်တဲ့သူ။ ဒါပေမယ့်.... ဟမ့်.... သူ့ကို ကျုပ်နားလည်ပါတယ်။ သူခင်ဗျားကို ပြောပြရင်တောင် ခင်ဗျားက ဘာလုပ်နိုင်မှာမို့လို့လဲ။ "

ထိုစကားတို့က အပ်များနှယ် ချီရှို့ယွမ်ကို ထိုးစိုက်နာကျင်စေကာ မျက်နှာပင် ဖြူဖျော့သွားရတယ်။ ထို့နောက် တံခါးပေါက်ဆီ လျှောက်လျက် တီးတိုးရေရွတ်နေမိတယ်။

" ငါ စဉ်းစားပါရစေဦး... ငါ့ကို စဉ်းစားခွင့်လေးပေးကြပါဦး။ "

ငါ ဖြေရှင်းရမယ့်ကိစ္စတွေ ရှိသေးတယ်။ ပြဿနာများပြီး အချိန်လည်း ကြာနိုင်တယ်။
ငါ မင်းကိုပါ ဆွဲမထည့်ချင်ဘူး။ ငါနဲ့တင် လုံလောက်နေပါပြီ။
ငါ့ကို စောင့်ချင်လား မစောင့်ချင်ဘူးလားပဲပြော.... မစောင့်နိုင်ရင်လည်း.....

ရှောင်းလီ.... ရှောင်းလီရေ......

ချီရှို့ယွမ် ချစ်ရသူရဲ့အမည်ကို နာကျင်စွာ တမ်းတနေရင်း ဘာဆက်လုပ်ရမလဲ လမ်းပျောက်လို့နေတယ်။

*********************

ရှောင်းလီ မြို့ထဲကို ပြန်မရောက်သေးခင် လမ်းခုလတ်မှာတင် ကျင်းတင်ကို အမြန်လာဖို့ ယန်မင်ထံမှ ဖုန်းဆက်ပြောလာတယ်။ အိမ်ပြန်အဝတ်အစားလဲဖို့ အချိန်ပင်မရပဲ ဆေးရုံသွားစဉ်က ဝတ်ခဲ့တဲ့ ထိုအဝတ်အစားနဲ့ပင် ကျင်းတင်သို့ သုတ်ခြေတင်လိုက်တယ်။ ကျင်းတင်လည်းရောက်ရော တံခါးစောင့်ထံမှ တားမြစ်ခြင်းခံရတယ်။

ယန်မင်ဆိုတာ စည်းမရှိကမ်းမရှိ ဖြစ်ချင်ရာဖြစ်နေတဲ့ လူရှုပ်လူပွေ တစ်ယောက်။ အခုတော့ ဘရန်းအပြည့်ဝတ်လျက် ဧည့်ခန်းထဲက ဆိုဖာပေါ်ဝယ် ခြေချိတ်လို့ထိုင်နေတယ်။ သူ့ရှေ့မှာလည်း လူအချို့က သတိအနေအထားနဲ့ ရပ်နေကြတယ်။

ရှောင်းလီကိုလည်း မြင်ရော သူ့ရဲ့အဝတ်အစားကို စတင်လှောင်ပြောင်တယ်။

" အို! ရှောင်းလီရဲ့။ "

ကျယ်လောင်စွာ အော်ခေါ်ကာ

" ဒီပိုင်နက်ကို ငါ့ဆီပေးပြီးတာနဲ့ ဒုစရိုက်လောကကနေ ထွက်တော့မလို့လား။ ဝတ်တာစားတာလည်း ကြည့်စမ်းပါဦး။ ကျောင်းဝတ်စုံကြီးလားဟ။ "

" မင်ကောရဲ့ စတိုင်လ်ကိုတော့ ဘယ်မှီပါ့မလဲဗျာ။ "

ရှောင်းလီ ယဉ်ယဉ်ကျေးကျေးပဲ ပြန်နှုတ်ဆက်ကာ ယန်မင်ဘေးက လူတွေကို အကဲခတ်လိုက်ရင်း

" လင်းကျီ၊ ဘာတွေဖြစ်နေကြတာလဲ။ "

မေးသံကြားတာနဲ့ ဟက်စကီးလို လူကောင်ထွားထွား လင်းကျီရဲ့ မျက်နှာ အနည်းငယ် ပျက်စပြုလာတယ်။ သူက ယန်မင်ကို တစ်ချက်ကြည့်ကာ ချက်ချင်းပင် တခြားသို့ အကြည့်လွှဲလိုက်တယ်။ အဲ့တော့မှပဲ ရှောင်းလီလည်း ဟန်ကျားနေရာ အစားထိုးခံရတဲ့ ကျန်းရွှယ်မင်က သူ့နောက်က ဆိုဖာပေါ်မှာ ထိုင်နေတာ သတိထားမိတယ်။

" လီကောက ဘယ်တုန်းက အရှေ့ပိုင်းနယ်မြေရဲ့ တာဝန်ခံဖြစ်သွားတာလဲဗျ။ လင်းကျီက ကျင်းတင်ကလူလေ။ "

ကျန်းရွှယ်မင်က သူ့ရှေ့က လူကိုမော့ကြည့်ကာ

" ကျွန်တော်သူ့ကို ခိုင်းစရာလေးရှိလို့။ ကျင်းတင်မှာ ဆေးသုံးတာတွေဘာတွေ မရှိအောင် တင်းကြပ်ထားချင်လို့လေ။ ဖြစ်နိုင်ပါ့မလားတော့ မသိဘူး။ "

" ပြောနေစရာ မလိုပါဘူးကွာ။ "

ယန်မင်က တည်ငြိမ်စွာဖြင့် ဝင်ပြောတယ်။

" အခု ကျင်းတင်က ငါ့ပိုင်နက်ဖြစ်သွားပြီပဲဟာ။ တစ်အချက်.... မင်းငါ့ကိုတွေ့ရင် မင်ကောလို့ ရိုရိုသေသေခေါ်ရမယ်။ နှစ်အချက်.... ငါက ဆေးအရောင်းအဝယ်လုပ်ပေမယ့် ဆေးတော့ မသုံးဘူး။ ဒီက လက်အောက်ငယ်သားတွေလည်း ဆေးကို ထိလို့မရဘူး ဆိုတာ ငါသိထားပြီးသား။ ပြည့်တန်ဆာရုံမှာ ခေါင်းဆောင်လုပ်ဖို့ ကိုယ်တိုင် *င်ခံစရာ မလိုသလိုမျိုးပဲလေ။ "

" ခင်ဗျား... !"

ကျန်းရွှယ်မင်က စိတ်ဆိုးမာန်ဆိုးနဲ့ ထရပ်ကာ

" ခင်ဗျားက ကျင်းတင်ရဲ့တာဝန်ခံဆိုရင်တောင် လင်းကျီက ခင်ဗျားလက်အောက်က မဟုတ်ဘူး။ ခင်ဗျားမှာ သူ့ကို ခိုင်းပိုင်ခွင့် တစ်စက်မှ မရှိဘူး။ "

" ကျန်းရွှယ်မင်... မင်းက ကျင်းတင်ရဲ့ ပြည့်တန်ဆာအထီးတွေရော အမတွေရောရဲ့ တာဝန်ခံဆိုပေမယ့် လင်းကျီကိုပါ အမိန့်ပေးနိုင်တယ်လို့တော့ မဆိုနိုင်ဘူး။ ပြီးတော့ ငါသူ့ကိုခိုင်းခဲ့ရင်... အဲ့တာ သူ့လီကောကို မျက်နှာသာပေးတာပဲလေ။ မဟုတ်ရင် ငါ့တပည့်တွေရဲ့ စီးပွားရေးကို ဖျက်လိုဖျက်စီးလုပ်ကတည်းက ငါ သူ့ကို ရိုက်သတ်လိုက်မှာပေါ့။ "

ယန်မင်က ရှောင်းလီကို တစ်ချက်ကြည့်လိုက်ပြီး

" ငါ မင်းကို မျက်နှာသာပေးရင် မင်းတို့လည်း တစ်ယောက်နဲ့တစ်ယောက် ရန်လိုနေစရာမလိုတော့ဘူးပေါ့ကွာ... ငါပြောတာ ဟုတ်ရဲ့လား လီကော ရဲ့။ "

ရှောင်းလီလည်း ဒေါသတို့ထွက်လာရကာ

" တော်လောက်ပြီ။ တစ်မိသားစုထဲက ညီအစ်ကိုအချင်းချင်း ဒီလိုရန်ဖြစ်နေစရာ အကြောင်းမရှိဘူး။ ငါ့အမှားပါ။ လွန်ခဲ့တဲ့နှစ်ရက်က ဘာမှ သေချာ မကိုင်တွယ်လိုက်နိုင်အောင်ကို သောကရောက်နေခဲ့လို့။ "

ထို့နောက် ယန်မင်ကို ကြည့်လိုက်ပြီး

" ကျင်းတင်က အခုမင်းပိုင်နက်ဆိုတော့ မင်းအမိန့်အောက်မှာရှိနေတာ သဘာဝကျတယ်။ လင်းကျီကတော့ ငါ့လူ။ မင်းသူ့ကို အသုံးလိုမယ်ထင်ရင် ခေါ်ထားလို့ရတယ်။ ဒါပေမယ့် မင်းတို့နှစ်ယောက် ကီးမကိုက်ရင်တော့ ငါသူ့ကို ပြန်ခေါ်သွားမယ်။ "

ယန်မင်ရဲ့နှုတ်ခမ်းထောင့်က ကွေးတက်ကာ ကျေနပ်စွာနဲ့ မဲ့ပြုံးပြုံးတယ်။

" တကယ့်ကို ဖြောင့်မတ်မှန်ကန်တယ်ဆိုတဲ့လူရဲ့စကားဆိုတာ ဒါမျိုးပဲ။ ဒါဆိုလည်း ငါ့စီးပွားရေးမှာ ထိခိုက်သွားတဲ့ နစ်နာမှုလေးတွေကို ဆက်စစ်ဆေးမနေတော့ပါဘူးလေ။ လင်းကျီကို မင်းခေါ်သွားလို့ရတယ်။ ငါ့မှာလည်း ငါ့လူတွေမရှိတာမှ မဟုတ်တာ။ "

" လီကော...... "

လင်းကျီနဲ့လူတစ်ချို့ကို ရှောင်းလီ ဦးဆောင်ကာ ခေါ်ထုတ်သွားတော့ ကျန်းရွှယ်မင်က တုန်လှုပ်စွာ အော်ခေါ်ရင်း နောက်ကနေ လိုက်လာတယ်။

ရှောင်းလီ လျှောက်နေရာကနေ ရပ်ကာ လှည့်ကြည့်လိုက်တယ်။

" လီကော.... ကျင်းတင်ကို ဒီလောက်အကြာကြီး တာဝန်ယူခဲ့တာ။ ဘာလို့ ကျွန်တော့်ကို နောက်ကနေ ကူပြီး ထောက်ပံ့မပေးချင်ရတာလဲ။ ယန်မင်အကြောင်းလည်း သိရဲ့သားနဲ့။ သူက...... "

" မစ္စတာ ကျန်း "

ရှောင်းလီ စကားကိုဖြတ်ပြောလိုက်တယ်။

" မင်းက ဟန်ကျားမှ မဟုတ်တာ။ "

စကားကို ခပ်တိုတိုပင်ပြောကာ ကျန်းရွှယ်မင်ကို တစ်ယောက်တည်း ချန်ရစ်ခဲ့လျက် တပည့်အနည်းငယ်နဲ့အတူ ကျင်းတင်ကနေ ရှောင်းလီ ထွက်ခွာလာတယ်။

ိုလင်းကျီ စိတ်လှုပ်ရှားစွာဖြင့် ရှောင်းလီနောက်ကနေ လိုက်လာကာ တခြားသူတွေကို သပ်သပ်စီသွားရန် အချက်ပြပြီးနောက် ရှောင်းလီနဲ့သူ နှစ်ယောက်တည်း ကားထဲရောက်ပြီးနောက်

" လီကော စိတ်ဆိုးနေတာလား။ "

" မဆိုးပါဘူး။ ယန်မင် မင်းကိုခိုင်းထားတဲ့ကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ။ "

လင်းကျီ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားကာ အင်္ကျီ အိတ်ထဲက အထုတ်လေးတစ်ခုကို ထုတ်ပေးတယ်။

အကြည်ရောင် ပလတ်စတစ်နဲ့ ထုပ်ပိုးထားတာကြောင့် အထဲက အဖြူရောင်အမှုန့်တို့ကို ရှင်းလင်းစွာပင် မြင်နိုင်တယ်။

ကားမောင်းနေတဲ့ ရှောင်းလီက ထိုအရာကို ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်ပြီးနောက် ကားလမ်းဆီသို့ အကြည့်ပြန်ပို့လိုက်ကာ အနည်းငယ် စိတ်ရှုပ်သွားပုံရတယ်။

သူ့ဖုန်းမြည်လာတော့ လက်တစ်ဖက်က ဖုန်းကိုကိုင်ရင်း တစ်ဖက်က စတီယာရင်ကို ကိုင်ကာ စိတ်ငြိမ်အောင်လုပ်ပြီး ဖုန်းပြောလိုက်တယ်။

" ဟဲလို "

" ရှောင်းလီလား.... ကိုယ်ပါ။ "

ဖုန်းထဲမှအသံကိုနားထောင်ကြည့်တော့ လူနဲ့ဖုန်းက အလွန်ကွာဝေးစွာရှိနေသလို ထင်ရတယ်။

ရှောင်းလီ လင်းကျီကို တစ်ချက်အကဲခတ်လိုက်ကာ

" ဘာဖြစ်လို့လဲ။ "

" ပြဿနာတွေများနေတယ်မဟုတ်လား။ မင်းကိုယ့်ကို စောင့်စေချင်တယ်လို့ပြောရတာက အန္တရာယ်များတာ တစ်ခုခုဖြစ်တော့မို့လို့ မဟုတ်လား။ "

ချီရှို့ယွမ် တုန်ယင်နေတဲ့ အသံကို ငြိမ်အောင်ထိန်းပြောရင်း

" ကိုယ် မင်းနဲ့အတူရင်ဆိုင်ချင်တယ်။ "

ရှောင်းလီ ခဏလောက်တိတ်သွားကာ

" မင်းနဲ့မဆိုင်ဘူး။ "

" ရှောင်းလီရယ် ........ "

လာပြန်ပြီ ဒီလေသံ။ အဲ့လို အော်ဂလီဆန်စရာ ချွဲပစ်ပစ်လေသံနဲ့ နောက်မပြောဖို့ တားဦးမှပါပဲ။

ရှောင်းလီ တွေးရင်း သက်ပြင်းချကာ

" မင်းနဲ့တကယ် ဘာမှမဆိုင်လို့ပါ။ မင်းမရှိလည်း ငါဖြေရှင်းရမယ့် ကိစ္စတွေပဲလေ။ ငါလုပ်ရမယ့် ငါနဲ့ပဲဆိုင်တဲ့ ကိစ္စတွေချည်းပဲ။ "

" မင်းကိစ္စတွေအကုန် ကိုယ့်ကိစ္စပါပဲကွာ။ ကိုယ်တို့က အခု ချစ်သူတွေဖြစ်သွားပြီလေ။ ဘာလို့ သူ့ကိစ္စ ကိုယ့်ကိစ္စ ခွဲနေဦးမှာလဲ။ "

ချီရှို့ယွမ်က ခေါင်းမာစွာ ပြောတယ်။

" ဘယ်သူက မင်းနဲ့....... "

ချစ်သူဆိုတဲ့ စကားလုံးလှလှလေးက ရှောင်းလီနားထဲ ခလောက်ဆန်စွာ ဝင်လာရကာ တစ်ယောက်ယောက်ကို ထဆဲချင်မိသွားတယ်။ သူ လင်းကျီကို ကြည့်ကာ စိတ်ပြန်ထိန်းလိုက်ပြီးနောက် လေသံတိုးတိုးဖြင့်

" ငါ မနက်ဖြန် ရှောင်းယန်ကို တခြားမြို့ကို သွားပို့ပေးရဦးမယ်။ ငါပြန်လာတာကို စောင့်နေလေ။ ငါတို့ ပြန်တွေ့ကြတာပေါ့။ "

" အဲ့ဒါဆိုလည်း ကိုယ်မင်းကို စောင့်နေမယ်နော်။ "

ရှောင်းလီ စိတ်ပြောင်းသွားမှာစိုးရကာ ချီရှို့ယွမ် အမြန်ဆုံး ပြန်ပြောလိုက်တယ်။

ရှောင်းလီက ဘာမှပြန်မပြောပေမယ့်လည်း သူပြုံးနေမယ်ဆိုတာ ချီရှို့ယွမ် ခံစားမိပါတယ်။ ရှောင်းလီကတော့ ခပ်ဖြည်းဖြည်းပဲ ပြန်ပြောတယ်။

" မင်းစောင့်ချင်တယ်ဆို ပြီးတာပဲ။ "

ဖုန်းချပြီးသွားသော်လည်း ချီရှို့ယွမ်စိတ်ထဲ ဘာမှန်းမသိတဲ့ ကြောက်စိတ်ဝင်နေဆဲပင်။

***********************

ဟန်ကျားကို စောင့်ကြည့်ဖို့ ရှောင်းလီလွှတ်လိုက်တဲ့ လူအချို့ရောက်လာလို့ မြို့ထဲကို ချက်ချင်းပြန်လာခဲ့သော်လည်း ရှောင်းလီထံမှ သတင်းကို ရင်တထိတ်ထိတ်ဖြင့်ပင် နားစွင့်နေရတယ်။

စိုးရိမ်ပူပန်စိတ်နဲ့ ရှောင်းလီရှိနိုင်မယ့် နေရာတွေဆီ သွားကာ ရှာနေမိတယ်။ ရှောင်းလီရဲ့အိမ်မှာလည်း တစ်ယောက်မှမရှိ။ ကျင်းတင်ကိုရောက်တော့လည်း လူအများစုက မျက်နှာသစ်တွေဖြစ်ကာ သူ့ကိုမသိကြသလို ရှောင်းလီအကြောင်းလည်း ပြောချင်ပုံမရကြ။

ရှောင်းယန်ကို ဆက်သွယ်ကြည့်တော့လည်း သူ့ကိုပြောင်းရွှေ့ဖို့လိုက်ပို့ပေးပြီးနောက် ပြန်သွားတယ်ဟုသာ ဆိုလာတယ်။ ဟန်ကျားကို ဆက်သွယ်မေးမြန်းရုံမှအပ တခြားနည်းမရှိခဲ့။
ဟန်ကျားပြောတာကို နားထောင်ပြီးမှ သူ့အနေနဲ့ ရှောင်းလီနဲ့ပတ်သက်ပြီး သိတာ ဘာဆိုဘာမှ မရှိမှန်း သဘောပေါက်လာတယ်။ နောက်ဆုံးတော့ ဟန်ကျားဆီကနေသာ လင်းကျီ ဖုန်းနံပါတ်ကို တောင်းလိုက်ရတယ်။

လင်းကျီကို ဖုန်းဆက်လို့ရပြန်တော့ ဖုန်းကိုင်မယ့်သူမရှိတာ မဟုတ်ပဲ အချိန်တိုင်း ဖုန်းမအားဘူးဆိုတာချည်းသာ ဖြစ်နေတယ်။ ဖုန်းဝင်တဲ့အထိ ဒီနံပါတ်ကိုသာ ထပ်တလဲလဲနှိပ်ကာ စိတ်ရှည်လက်ရှည် ခေါ်နေခဲ့ရတယ်။

သို့သော်...... နောက်ဆုံး သူကြားလိုက်ရတဲ့သတင်းကြောင့် သူ့ခေါင်းကနေ ခြေဖျားအထိ ရေခဲရေနဲ့ လောင်းချခံလိုက်ရသလို အေးခဲသွားရတယ်။

ရှောင်းလီက တခြားမြို့မှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ အဖမ်းခံလိုက်ရကာ အခု ရာဇဝတ်သားအနေနဲ့ အချုပ်ခံထားရတယ်တဲ့။

Continue Reading

You'll Also Like

261K 41.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
487K 11.7K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
330K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"