ရွှေရုပ်

By 14_ashes

280K 17.3K 774

ရင်ဘတ်ထဲ ပစ်ဝင်လာသော ဒဏ်ရာဒဏ်ချက်တွေသည် မျှော်လင့်ထားတာထက် ပိုဆိုးနေခဲ့သည်ကို သိလိုက်ချိန်တွင် နောက်ဆုတ်၍ မရန... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃ ဇာတ်သိမ်း
Extra 1
Extra 2
Extra 3
👋🏻
Extra 4

အပိုင်း ၁၉

8.9K 597 35
By 14_ashes

Unicode

"ဘာလို့ ကိုယ့်ကိုကိုယ် နှိပ်စက်နေတာလဲ သမီးရယ်..."

တိုးဖွဖွပေမယ့် ကြင်နာသံအပြည့်နဲ့အသံကြောင့် ဝမ်းနည်းစိတ်တို့ လျှံတက်သွားရသည်...

"ဖေဖေလုပ်ခဲ့သမျှ ဆုံးဖြတ်ခဲ့သမျှက သမီးကောင်းဖို့ ပျော်ဖို့အတွက်လေ သစ္စာ... ခုလိုလုပ်နေတော့ ဖေဖေက သမီးကို ဘယ်လိုလုပ် ကြည့်ရက်ပါ့မလဲကွယ်..."

"သမီးကရော ကိုယ့်ခံစားချက်ကို ဦးစားပေးပြီးတော့ ဖေဖေ့အတွက် ဘာမှလုပ်မပေးရတော့ဘူးလား..."

"မဟုတ်ဘူးလေ သမီး...သမီးခုလိုလုပ်နေတာကသာ ဖေဖေ့အတွက် နောက်ဆံတင်းရတာပါ... ဖေဖေအတွက်က သမီးချစ်တဲ့သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေနေတာလောက် ကျေနပ်ဖို့ကောင်းတာ ရှိမှာမဟုတ်ဘူး သစ္စာ...ဖေဖေ့ကို စိတ်ချစေချင်တယ်ဆိုရင် သမီးပျော်မှာကိုသာ ရဲရဲတင်းတင်း လုပ်လိုက်ပါ..."

"သမီးက သမီးက တကယ်ပျော်ပျော်နေရဖို့ရော အခွင့်ရှိရဲ့လား ဖေဖေရယ်...အဲလိုလုပ်လို့ တကယ်ဖြစ်ရဲ့လား..."

"ဖြစ်ပါတယ် သမီးရယ်...ဘာလို့မဖြစ်ရမှာလဲ...တစ်လျှောက်လုံး နာကျင်စရာတွေကိုပဲ သိမ်းထားရတဲ့ဖေဖေ့သမီးက ပျော်ပျော်နေရဖို့ တကယ်ကို ထိုက်တန်ပါတယ်..."

"ဖေဖေရယ်..."

"သမီးမှာ ကိုယ့်ကိုကိုယ် အပြစ်တင်စရာ ဘာအကြောင်းမှ မရှိဘူး...ဖေဖေက ကိုယ်လုပ်ခဲ့ဖူးတဲ့ အကုသိုလ်ကြောင့် ဒီဘဝမှာ ကြွေးဆပ်ရတယ်လို့ပဲ မှတ်တယ် သမီး... အဲဒါကြောင့် သမီးက အကြွေးထပ်မယူပါနဲ့တော့..."

ဖေဖေက သစ္စာရဲ့ ခေါင်းကို ကြင်နာစွာ ပွတ်ပေးကာ ထွေးဖက်သည်...

"အပူတွေကို လွှတ်ချလိုက်ပါ ကလေးရယ်...ဘဝဆိုတဲ့အချိန်တိုလေးကို ချစ်တဲ့သူနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းလိုက်ပါကွယ်...ဒါ ဖေဖေအမြင်ချင်ဆုံးပါပဲ...

အိပ်ရာမှ ထသည်အထိ ဖေဖေ့ရဲ့ မျက်နှာက မျက်စိထဲက မထွက်ပေ...ဖေဖေသည် သစ္စာထံ ရောက်မလာခဲ့တာ ကြာပြီ...ဒီတစ်ခါကတော့ ဖေဖေစကားတော်တော်များများကို ပြောသွားခဲ့သည်ပဲ...ဒါပေမယ့် သစ္စာက...သက်ပြင်းသာ ချမိပြန်သည်...

မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ကို ဆင်းလာတော့ ထမင်းစားခန်းထဲ မရောက်ခင်မှာပင် အသံစာစာလေးကို ကြားနေရသည်...

"ဒေါ်ကြီးကလဲ ရွှေရုပ်က ဗိုက်ဆာနေပါပြီဆို..."

"အင်းပါ သမီးရယ်...ပြီးနေပါပြီ...ဘာလို့ ဒီလောက်တောင် စားဖို့ တက်ကြွနေတာလဲ ဟင်..."

"ဒေါ်ကြီး လက်ရာကို လွမ်းလို့ပေါ့လို့..."

"ဟုတ်ပါပြီ... အခုတော့ ဒီလိုပြောတာပေါ့...နောက်များမှ သမီးက ဒါမစားချင်ဘူး...ဟိုတာပဲ စားချင်တာတွေ မလုပ်နဲ့ပေါ့..."

"ဟီး ... မလုပ်ဘူးလို့....ဒေါ်ကြီး ချက်ပေးတာတွေ အကုန်စားမှာ..."

ချွဲနွဲ့ပြီး ဒေါ်ကြီးခါးကို အနောက်မှ အတင်းလိုက်ဖက်နေသေးသည်...ပြီးတော့ ပါးနှစ်ဖက်ကိုပါ ဘယ်ပြန်ညာပြန် မွှေးနေသေးသည်...ထမင်းစားခန်းထဲ မဝင်ဘဲ အနောက်မှ အသာရပ်ကြည့်နေသည့် သစ္စာကို ဒေါ်ကြီးက မြင်သွားကာ...

"ဟော...သစ္စာ နိုးပြီလား..."

"ဟုတ် ဒေါ်ကြီး..."

"လာ ... ထိုင်လေ...ဒေါ်ကြီး ဒီနေ့ ရှမ်းခေါက်ဆွဲ လုပ်ပေးထားတယ်... သစ္စာ စားတယ်မလား..."

"ဟုတ် စားပါတယ်... "

"တော်သေးတာပေါ့...ထိုင် သစ္စာ... သမီးက မမကို ထည့်ပေးလိုက်...စားပွဲမှာ ဒေါ်ကြီး အားလုံးပြင်ပေးထားပြီးပြီ..."

မမဆိုတဲ့ စကားကြောင့် သစ္စာနဲ့ ရွှေရုပ်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အိုးတိုးအမ်းတမ်းဖြစ်သွားသည်...ပြီးမှ ရွှေရုပ်က မျက်လွှာချကာ အနားတိုးလာသည်...

အမှန်တော့ ရွှေရုပ် အနောက်ဘက်တန်းလျားမှာ သွားနေပြီးကတည်းက မနက်စာကို တူတူမစားဖြစ်တော့ပေ...တစ်ယောက်နဲ့တစ်ယောက် စကားပင် သိပ်မပြောဖြစ်နေတော့ အနေရခက်လှသည်...

"ပြီးရင် သမီးပါ တူတူစားလိုက်တော့..."

ဒေါ်ကြီး စကားကြောင့် သူ့ကို ပြင်ပေးနေတဲ့ ရွေရုပ် လက်တို့ ရပ်သွားရကာ ပြာပြာသလဲ ငြင်းမိသည်...

"ဟာ ရွှေရုပ် နောက်မှ ဒေါ်ကြီးနဲ့ တူတူစားမှာ..."

"အံမယ် ခဏကဖြင့် ဗိုက်ဆာနေပြီဆိုပြီးတော့... တစ်ခါတည်းစားလိုက်...ကိုယ့်မမနဲ့..."

လာပြန်ပြီ ဒီမမ...မျက်နှာမဲ့သွားတာကို မပေါ်အောင် ထိန်းပြီး ရွှေရုပ် စားပွဲမှာ ဝင်ထိုင်လိုက်သည်...အဲဒေါ်ကြီးကို ဆက်ငြင်းနေရလျှင် မလွယ်...

"စားလို့အဆင်ပြေရဲ့လား သစ္စာ... "

"ဟုတ် အဆင်ပြေပါတယ်..."

"အင်း...အဲတာ ဒီတစ်ယောက်ရဲ့ အကြိုက်ဆုံးလေ...ညကတည်းက မနက်ကျရင် ရှမ်းခေါက်ဆွဲလုပ်ပေးပါ ရှမ်းခေါက်ဆွဲ လုပ်ပေးပါနဲ့ အာပေါက်မတတ် ပြောနေတာ...လူကို လွမ်းတာလား...အစားအသောက်ကို လွမ်းတာလား မသိတော့ပါဘူး သစ္စာရေ..."

ဒေါ်ကြီးက ဘာမှမသိသူပီပီ ရယ်မောပြောဆိုနေပေမယ့် သစ္စာမှာ မနေတတ်တော့...ရွှေရုပ်မှာ​တော့ ဘာမှခေါင်းထဲ မထည့်တော့တဲ့ပုံနှင့် ရှမ်းခေါက်ဆွဲသာ အားပါးတရ စားနေသည်...

"ဒါပြီးရင် သွားစရာရှိတယ်... လိုက်ခဲ့မလား ရွှေရုပ်..."

သစ္စာစကားကြောင့် အားပါးတရ ဟင်းရည်ကို သောက်နေတဲ့ ရွှေရုပ်က ​မော့ကြည့်သည်...လိုက်ခဲ့လို့ ပြောတာမဟုတ်ဘဲ လိုက်မလားလို့ မေးတာကို အံ့သြသွားသည်...ဘယ်ကိုလဲဟု တွေးနေရင်း ခေါင်းကို အလိုအလျောက် ညိတ်မိသွားသည်...

"စားပြီးရင် အကျီလဲပြီး စောင့်နေ..."

"ဟုတ်ကဲ့... "

မမသစ္စာက ထထွက်သွားလျှင် ဒေါ်ကြီးက အနားကို ကပ်လာကာ...

"မမနဲ့ အဆင်မပြေဘူးလား ရွှေရုပ်..."

"ပြေပါတယ် ဒေါ်ကြီးကလဲ... "

"ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကို စောင့်ရှောက်လာတဲ့သူ... ပြီးတော့ ကိုယ်က အငယ်လေ...အပြိုင်အဆိုင် စိတ်ကောက်မနေဘဲ သည်းခံလိုက် ကြားလား.... "

အံ့ပါရဲ့...အမြဲ ကိုယ်ကပဲ သည်းခံနေတာကို ထပ်သည်းခံဖို့ အပြောခံနေရတယ်...

"ဘာကို မဲ့နေတာလဲ ရွှေရုပ်နော်...သွား မြန်မြန်လုပ် မမစောင့်နေရမယ်..."

"ဟုတ်ပါပြီ ဒေါ်ကြီးမိုးရဲ့...သွားပြင်ပါတော့မယ်..."

စူပွပွနဲ့ပြော​တော့ ဒေါ်ကြီးက ရယ်နေသည်...ဘာပဲဖြစ်ဖြစ် ဒေါ်ကြီးကို ပြန်ခေါ်လာပေးတာ သူ့ကို ရွှေရုပ် ကျေးဇူးတင်ပါသည်... တစ်ဖက်ကလဲ မမကို သနားလှသည်...ရွှေရုပ်တွင် အခုထိ မမကို နွယ်ဆိုသော အမျိုးသမီးနဲ့ ပတ်သတ်၍သာ မကြည်မလင်ဖြစ်စရာရှိသည်... မမ ဘယ်လိုပဲ ပြုမူသည်ဖြစ်စေ လက်ခံရမည်သာ​ ဖြစ်သည်...

"ခါးပတ်ပတ်လိုက်..."

မောင်းတဲ့နေရာတွင် ဝင်ထိုင်၍ ရွှေရုပ်ကို ဘေးမှာထိုင်စေသည်...သူကားမောင်းတာ မတွေ့ဖူး၍ ရွှေရုပ် အံ့သြသွားသည်...သူကတော့ ခပ်တည်တည်သာ မောင်းထွက်လာသည်...ဘယ်ကို မောင်းနေတာလဲလို့လဲ မမေးရဲချေ...

တရိပ်ရိပ်ပြေးနေသော ကားလေးသည် တော်​တော်ကြာလာသည်နဲ့အမျှ ရွှေရုပ် အိပ်ငိုက်လာသည်...ဘာစကားမှလဲ မပြောဖြစ်သည်ဖြစ်၍ ခဏကြာတော့ အိပ်ပျော်သွားတော့သည်...

စပါးခင်းစိမ်းစိမ်းတွေအနားရောက်တော့ သစ္စာ ကားကို အသာထိုးရပ်ကာ ဘေးက ခွေခေါက်ပြီး အိပ်ပျော်နေသည့် ရွှေရုပ်ကို အသာလှည့်ကြည့်မိသည်...ခေါင်းကို အသာထိန်းပြီး ပြန်တည့်ပေးကာ ခုံကိုလဲ သက်တောင့်သက်သာဖြစ်အောင် လျှောချလိုက်သည်...ပြီးမှ စေ့ပိတ်နေသည့် မျက်တောင်ဖျားတို့ကို ငေးကြည့်မိသည်...နီထွေးနေသည့် နှုတ်ခမ်းသားတို့ကို ကြည့်မိတော့ သစ္စာ အနားတိုးကပ်မိသွားသည်...ထို့နောက် မဟတဟပွင့်နေသော နှုတ်ခမ်းလေးကို ထိတွေ့ချင်စိတ်ဖြင့် မျက်နှာကို ငုံ့ချလိုက်သည်...

ရွှေရုပ်ရဲ့ ရှူထုတ်လာသော လေတွေသည် သစ္စာ၏ မျက်နှာကို ရိုက်ခတ်နေသည်အထိ နီးကပ်လာသည်... ဘာဆိုးဆေးမှမကူပါဘဲ သဘာဝအတိုင်း နီမြန်းနေသော နှုတ်ခမ်းသားလေးတွေကို အလွယ်တကူ ငုံ့နမ်းလို့ ရပါလျက်နဲ့ သစ္စာ ကိုယ်ကို ပြန်မတ်လိုက်သည်... ဤသို့ လုပ်၍မဖြစ်ဟု အသိစိတ်တို့က သတိပေးနေကြသည်...

"ဟင်းးး..."

သက်ပြင်းတစ်ချက်ကို ပူပြင်းစွာ မှုတ်ထုတ်ရင်း ကားစက်ပြန်နှိုးကာ မောင်းထွက်လာခဲ့သည်...အတော်ကြာ မောင်းလာရင်း လာသည့်နေရာကို ရောက်သည့်အထိ ရွှေရုပ်က နိုးမလာ...

"ရွှေရုပ်... ထတော့..."

"ဟင်..."

အဲတော့မှ နိုးလာကာ ရွှေရုပ်က မျက်လုံးကို ပွတ်သပ်ပြီး ဘေးဘီကို ဝေ့ကြည့်သည်...သစ္စာကမူ ကားပေါ်က အရင်ဆင်းသွားသည်...ခြံအကျယ်ကြီးထဲ ပြေးလွှားဆော့ကစားနေသော အရွယ်စုံကလေးတွေကို တအံ့တသြ ကြည့်ရင်း ရွှေရုပ်က ကားပေါ်က ဆင်းလာသည်...

"မေတ္တာရိပ် မိဘမဲ့ဂေဟာ..."

အဆောင်ထိပ်ရှိ ဆိုင်းဘုတ်ကို အသံထွက်ဖတ်ပြီး ရွှေရုပ် သူ့ကို လှမ်းကြည့်မိသည်...ဘာရည်ရွယ်ချက်နဲ့ ဒီကို ခေါ်လာတာဖြစ်မလဲ...သူကအဆောင်ဘက် လျှောက်သွားတော့ အသာပင် အနောက်က လိုက်လျှောက်လာလိုက်သည်...

"သစ္စာထင်လင်းနော်...ညက အစ်မတို့ကို ဆက်သွယ်ထားတာ..."

ဂေဟာမှုးဟု ယူဆရသူအမျိုးသမီးက သူ့ကို ပြုံးပြပြီး မေးလာသည်...ရွှေရုပ်ကမူ တစ်ခါမှ မကြုံဖူးသည့် ပတ်ဝန်းကျင်ကိုသာ ငေးမောကြည့်နေမိသည်...

"ဟုတ်ပါတယ်...ဒီက ကလေးတွေအတွက် အလှူငွေပေးချင်လို့ပါ...အရင်က နိုင်ငံခြားကနေပဲ လွှဲနေပေမယ့် ဒီတစ်ခေါက် ကိုယ်တိုင်လာလှူချင်တာနဲ့ အစ်မတို့ကို ဆက်သွယ်လိုက်တာ..."

"အစ်မတို့က ဝမ်းသာတာပေါ့ ညီမရယ်...ဘယ်လောက်ပဲ ဖြည့်ဆည်းနေပါစေ လိုအပ်ချက်ဆိုတာက ပေါ်လာနေကျကိုးကွဲ့...သူတို့လေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အားလုံးကို စောင့်ရှောက်ပေးဖို့က ညီမတို့ကိုပဲ မှီခိုနေရတာပါ..."

သူတို့စကားပြောနေတုန်း ရွှေရုပ်အပြင်ကို လျှောက်ထွက်လာခဲ့သည်...လိုက်ကြည့်ရင်း သစ်ပင်အောက်မှာရှိတဲ့ ခုံတန်းလေးမှာ တစ်ယောက်တည်း ထိုင်နေတဲ့ ကလေးတစ်ယောက်ကို မြင်ကာ ထိုသို့ လျှောက်သွားလိုက်သည်...အသက် ၉ နှစ်အရွယ်ရှိ ထိုကလေးက အော်ဟစ်ဆော့ကစားနေသော အခြားကလေးတွေကို ငေးကြည့်နေသည်...

"သူငယ်ချင်းတွေနဲ့ သွားမကစားဘူးလား သားသား..."

သူ့ဘေးနားအသာဝင်ထိုင်ပြီး ရွှေရုပ် မေးတော့ ခေါင်းကို အသာခါပြသည်...

"ဘာဖြစ်လို့လဲ သားသားရဲ့...".

"သား မပျော်လို့ပါ..."

"မပျော်လို့..."

သံယောင်လိုက်ကာ ရွှေရုပ် တိုးဖွဖွ ရေရွတ်မိသည်...ပြီးမှ ညှို့မှိုင်းနေသော မျက်လုံးကလေးများကို ငုံ့ကြည့်မိသည်...ဒီအသက်အရွယ်နဲ့ကလေးက အရွယ်နဲ့မမျှသော အရာတွေကို ထမ်းပိုးထားပုံရသည်...

ထိုစဥ် ခေါင်းလောင်းသံတစ်ချက်ကို ကြားလိုက်ရကာ ထိုကလေးအပါအဝင် အားလုံးက ညာဘက်ရှိအဆောင်ဆီကို လျှောက်သွားကြသည်...ငိုင်နေတဲ့ ရွှေရုပ်နားကို မမသစ္စာက လာထိုင်သည်...

"ခဏက ခေါင်းလောင်းသံက ထမင်းစားဖို့ ခေါ်တာလေ...ဗိုက်ဆာဆာမဆာဆာ အားလုံးက ဒီအချိန်ပဲ စားကြရတာ..."

ရွှေရုပ်ကို လှည့်မကြည့်ဘဲ ထိုအဆောင်ဘက်ကိုသာ ငေးကြည့်ရင်း မမက ခပ်တိုးတိုးရှင်းပြသည်...

"ငါဒီကို ရောက်လာတုန်းကဆိုရင် ဒီသစ်ပင်အောက်မှာပဲ ငိုနေခဲ့တာ...ပြီးတော့ ထမင်းစားဖို့ ဆရာမက လာခေါ်တယ်...လုံးဝမစားချင်ပေမယ့် ထမင်းစားမှ အသက်ဆက်ရှင်လို့ရမယ်လို့ ဘေးက ချော့ပြောနေတဲ့ ဆရာမကြောင့် အတင်းစားခဲ့ရတယ်...ထမင်းတစ်လုပ်စားတိုင်း မျက်ရည်တစ်ခါကျရင်း ကုန်အောင် စားခဲ့ရတာ...ငါ့ဘဝအတွက် ဘယ်တော့မှ မေ့မရမယ့် ထမင်းတစ်နပ်စာဖြစ်ခဲ့တာ..."

ပြောပြတဲ့သူက ပုံမှန်ဖြစ်နေသည့်တိုင်အောင် ရွှေရုပ် မျက်ရည်တို့ ဝဲတက်လာသည်...ထိုအချိန်က မမရဲ့ နာကျင်မှုကို ဝင်တွေးကြည့်ဖို့မရဲအောင် ဖြစ်ကာ ဝမ်းနည်းစိတ်တို့သာ လျှံတက်လာသည်...

"ပြီးတော့ ညအိပ်တော့လဲ ဘေးနားမှာ တန်းစီပြီး အိပ်နေတဲ့သူတွေ အများကြီးရှိနေပေမယ့် ငါ့အတွက် ငါပဲ ရှိတော့တယ်လို့ တွေးရင်း ငိုနေမိခဲ့တယ်...ဒီမှာ ငါတစ်ရက်ပဲ နေခဲ့ရတာ...ဒါပေမယ့် အဲတစ်ရက်မှာ ငါရခဲ့တဲ့ ကြောက်ရွံ့မှုတွေက ပြန်တွေးကြည့်လို့တောင် မရဲဘူး...နောက်ရက် ငါ့ကို မာမီ လာခေါ်တယ်...တကယ်လို့ မာမီသာ မလာခေါ်ဖြစ်ရင် ငါအဲနေ့ပြီးရင် အသက်ဆက်ရှင်ချင်စိတ်တောင် မရှိလောက်တော့ဘူး..."

ကျဆင်းလာတဲ့ မျက်ရည်တွေကို သုတ်ကာ ရွှေရုပ် အင့်ခနဲရှိုက်သည်...နာကျင်နေသော ရင်အစုံသည် ဆက်လက်နားထောင်နိုင်စွမ်း မရှိတော့...ထရပ်ကာ ကားဆီကို အပြေးတပိုင်းလျှောက်လာပြီး ပြင်းပြင်းထန်ထန် ငိုမိသည်...ရွှေရုပ် မတတ်နိုင်ခဲ့သည့် တစ်ရက်လေးအတွင်းမှာ မမသည် အရွယ်နှင့်မမျှသော နာကျင်စရာကို ရင်နဲ့မဆံ့စွာ လက်ခံရရှိခဲ့သည်ဟူသော အသိက နှိပ်စက်နေသည်...မမနေရာသာ ရွှေရုပ်သာဖြစ်ခဲ့လျှင် ဘယ်လောက်ကောင်းလိမ့်မလဲ...တကယ်တော့ မမ ရွှေရုပ်အပေါ်မှာ လက်စားချေသည်ဆိုကာ ပြုမူခဲ့တာတွေသည် မမခံစားခဲ့ရတာတွေနဲ့ယှဥ်လျှင် မပြောပလောက်သော အသေးအမွှားမျှသာ ဖြစ်သည်...

ရှိုက်ငိုနေသည့် ပုံရိပ်လေးကို ငေးကြည့်ရင်း သစ္စာ မလှုပ်မယှက် ထိုင်နေမိသည်...ဒါဟာ သူ့ကို နာကျင်စေဖို့ ပြောလိုက်တာမဟုတ်ဘဲ ကိုယ့်ကို အနည်းငယ် ခွင့်လွှတ်စေဖို့ ရည်ရွယ်တာသာဖြစ်သည်... ရှေ့ဆက်ရမည့် လမ်းအရှည်ကြီးကို တွေးကာ သစ္စာ မောပန်းလာသည်...

ဒါပေမယ့် အဆုံးသတ်သည် ပျော်ရွင်ဖွယ်ဆိုပါက ထိုခရီးကြမ်းကြီးကို သစ္စာ ရဲရဲဝံ့ဝံ့ပင် ဖြတ်ကျော်ပါမည်...

အပြန်တစ်လျှောက်လုံးလဲ စကားမပြောဖြစ်ကြဘဲ တံခါးအပြင်ဘက်ကိုသာ ရွှေရုပ်က တစ်လျှောက်လုံး ငေးကြည့်လာသည်...ဖောင်းမို့နေသော မျက်ခွံလေးတွေကို လှမ်းကြည့်ရင်း ဒဏ်ရာတွေ ထပ်ပေးသလို ဖြစ်သွားပြီလားလို့ သူမတွေးမိသည်...လှမ်းကြည့်မိပြန်တော့ နှာဖျားလေးတွေ နီရဲပြီး လက်လဲပိုက်ထားကာ ထိုင်နေတာကြောင့် အေးနေမည်ဟု တွေးမိကာ သူမ အဲကွန်းလျှော့ပေးလိုက်သည်...ရွှေရုပ်သည်မူ ပင်ပန်းစွာဖြင့် မျက်ဝန်းများကိုပါ ပိတ်ထားလိုက်တော့သည်...

ပြန်ရောက်တော့ နှစ်ယောက်ကို အကဲခတ်ကာ ဒေါ်ကြီးက ဘာမှမပြောဘဲ နှုတ်ဆိတ်ပြီးသာ စောင့်နေသည်...ခပ်ယဲ့ယဲ့သာ ပြုံးပြပြီး သစ္စာ အပေါ်ထပ်သို့ တက်ခဲ့သည်...

အသက်ကို ပြင်းပြင်းရှူသွင်းပြီး ကုတင်ပေါ် လှဲချကာ မျက်နှာကြက်ကို ကြည့်မိတော့လဲ မျက်ရည်တွေ စိုလူးနေသော မျက်နှာလေးကိုသာ မြင်နေမိသည်...အရင်ကလို အပြုံးချိုချိုလေးတွေကို ထိုမျက်နှာမှာ ပြန်မြင်ရအောင် လုပ်ဖို့ သစ္စာမှာ အရည်အချင်းရှိရဲ့လား တွေးကာ ရင်တွေပူလာသည်...

ထထိုင်ကာ ရေတစ်ခွက်ထည့်သောက်ရင်း ဖုန်းမြည်လာလို့ ကြည့်လိုက်တော့ မာမီ...

"ဟယ်လို မာမီ..."

"သမီး ဘာတွေ လုပ်ထားတာလဲ သစ္စာ... "

"ဟင်..."

"မာမီ့ဆီကို သမီး မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ထားတဲ့အကြောင်း mail ရောက်လာတယ်... မာမီ မယုံချင်ပေမယ့် စုံစမ်းလိုက်တော့ အဲအတိုင်း ဖြစ်နေခဲ့တယ်..."

"မာမီ...သမီး အဲဒါ..."

"နေဦး... မာမီ ဒီကိစ္စကို သမီးနဲ့ လူချင်းတွေ့ပြီးမှ ပြောချင်တယ်...အဲတော့ နောက်၃ရက်နေရင် မာမီ လာခဲ့မယ်...ဒီအတောအတွင်း သမီးဘာမှမလုပ်ပါနဲ့..."

ချသွားသော ဖုန်းကို သစ္စာ ငိုင်လျက် ကြည့်နေမိသည်...အခြေအနေတို့သည် ပို၍ ရှုပ်ထွေးလာလေပြီ...

To be continued....

🍂

Zawgi

"ဘာလို႔ ကိုယ့္ကိုကိုယ္ ႏွိပ္စက္ေနတာလဲ သမီးရယ္..."

တိုးဖြဖြေပမယ့္ ၾကင္နာသံအျပည့္နဲ႕အသံေၾကာင့္ ဝမ္းနည္းစိတ္တို႔ လွ်ံတက္သြားရသည္...

"ေဖေဖလုပ္ခဲ့သမွ် ဆုံးျဖတ္ခဲ့သမွ်က သမီးေကာင္းဖို႔ ေပ်ာ္ဖို႔အတြက္ေလ သစၥာ... ခုလိုလုပ္ေနေတာ့ ေဖေဖက သမီးကို ဘယ္လိုလုပ္ ၾကည့္ရက္ပါ့မလဲကြယ္..."

"သမီးကေရာ ကိုယ့္ခံစားခ်က္ကို ဦးစားေပးၿပီးေတာ့ ေဖေဖ့အတြက္ ဘာမွလုပ္မေပးရေတာ့ဘူးလား..."

"မဟုတ္ဘူးေလ သမီး...သမီးခုလိုလုပ္ေနတာကသာ ေဖေဖ့အတြက္ ေနာက္ဆံတင္းရတာပါ... ေဖေဖအတြက္က သမီးခ်စ္တဲ့သူနဲ႕ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနေနတာေလာက္ ေက်နပ္ဖို႔ေကာင္းတာ ရွိမွာမဟုတ္ဘူး သစၥာ...ေဖေဖ့ကို စိတ္ခ်ေစခ်င္တယ္ဆိုရင္ သမီးေပ်ာ္မွာကိုသာ ရဲရဲတင္းတင္း လုပ္လိုက္ပါ..."

"သမီးက သမီးက တကယ္ေပ်ာ္ေပ်ာ္ေနရဖို႔ေရာ အခြင့္ရွိရဲ႕လား ေဖေဖရယ္...အဲလိုလုပ္လို႔ တကယ္ျဖစ္ရဲ႕လား..."

"ျဖစ္ပါတယ္ သမီးရယ္...ဘာလို႔မျဖစ္ရမွာလဲ...တစ္ေလွ်ာက္လုံး နာက်င္စရာေတြကိုပဲ သိမ္းထားရတဲ့ေဖေဖ့သမီးက ေပ်ာ္ေပ်ာ္ေနရဖို႔ တကယ္ကို ထိုက္တန္ပါတယ္..."

"ေဖေဖရယ္..."

"သမီးမွာ ကိုယ့္ကိုကိုယ္ အျပစ္တင္စရာ ဘာအေၾကာင္းမွ မရွိဘူး...ေဖေဖက ကိုယ္လုပ္ခဲ့ဖူးတဲ့ အကုသိုလ္ေၾကာင့္ ဒီဘဝမွာ ေႂကြးဆပ္ရတယ္လို႔ပဲ မွတ္တယ္ သမီး... အဲဒါေၾကာင့္ သမီးက အေႂကြးထပ္မယူပါနဲ႕ေတာ့..."

ေဖေဖက သစၥာရဲ႕ ေခါင္းကို ၾကင္နာစြာ ပြတ္ေပးကာ ေထြးဖက္သည္...

"အပူေတြကို လႊတ္ခ်လိဳက္ပါ ကေလးရယ္...ဘဝဆိုတဲ့အခ်ိန္တိုေလးကို ခ်စ္တဲ့သူနဲ႕ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ျဖတ္သန္းလိုက္ပါကြယ္...ဒါ ေဖေဖအျမင္ခ်င္ဆုံးပါပဲ...

အိပ္ရာမွ ထသည္အထိ ေဖေဖ့ရဲ႕ မ်က္ႏွာက မ်က္စိထဲက မထြက္ေပ...ေဖေဖသည္ သစၥာထံ ေရာက္မလာခဲ့တာ ၾကာၿပီ...ဒီတစ္ခါကေတာ့ ေဖေဖစကားေတာ္ေတာ္မ်ားမ်ားကို ေျပာသြားခဲ့သည္ပဲ...ဒါေပမယ့္ သစၥာက...သက္ျပင္းသာ ခ်မိျပန္သည္...

မ်က္ႏွာသစ္ ကိုယ္လက္သန့္စင္ၿပီး ေအာက္ထပ္ကို ဆင္းလာေတာ့ ထမင္းစားခန္းထဲ မေရာက္ခင္မွာပင္ အသံစာစာေလးကို ၾကားေနရသည္...

"ေဒၚႀကီးကလဲ ေ႐ႊ႐ုပ္က ဗိုက္ဆာေနပါၿပီဆို..."

"အင္းပါ သမီးရယ္...ၿပီးေနပါၿပီ...ဘာလို႔ ဒီေလာက္ေတာင္ စားဖို႔ တက္ႂကြေနတာလဲ ဟင္..."

"ေဒၚႀကီး လက္ရာကို လြမ္းလို႔ေပါ့လို႔..."

"ဟုတ္ပါၿပီ... အခုေတာ့ ဒီလိုေျပာတာေပါ့...ေနာက္မ်ားမွ သမီးက ဒါမစားခ်င္ဘူး...ဟိုတာပဲ စားခ်င္တာေတြ မလုပ္နဲ႕ေပါ့..."

"ဟီး ... မလုပ္ဘူးလို႔....ေဒၚႀကီး ခ်က္ေပးတာေတြ အကုန္စားမွာ..."

ခြၽဲႏြဲ႕ၿပီး ေဒၚႀကီးခါးကို အေနာက္မွ အတင္းလိုက္ဖက္ေနေသးသည္...ၿပီးေတာ့ ပါးႏွစ္ဖက္ကိုပါ ဘယ္ျပန္ညာျပန္ ေမႊးေနေသးသည္...ထမင္းစားခန္းထဲ မဝင္ဘဲ အေနာက္မွ အသာရပ္ၾကည့္ေနသည့္ သစၥာကို ေဒၚႀကီးက ျမင္သြားကာ...

"ေဟာ...သစၥာ နိုးၿပီလား..."

"ဟုတ္ ေဒၚႀကီး..."

"လာ ... ထိုင္ေလ...ေဒၚႀကီး ဒီေန႕ ရွမ္းေခါက္ဆြဲ လုပ္ေပးထားတယ္... သစၥာ စားတယ္မလား..."

"ဟုတ္ စားပါတယ္... "

"ေတာ္ေသးတာေပါ့...ထိုင္ သစၥာ... သမီးက မမကို ထည့္ေပးလိုက္...စားပြဲမွာ ေဒၚႀကီး အားလုံးျပင္ေပးထားၿပီးၿပီ..."

မမဆိုတဲ့ စကားေၾကာင့္ သစၥာနဲ႕ ေ႐ႊ႐ုပ္နဲ႕ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ အိုးတိုးအမ္းတမ္းျဖစ္သြားသည္...ၿပီးမွ ေ႐ႊ႐ုပ္က မ်က္လႊာခ်ကာ အနားတိုးလာသည္...

အမွန္ေတာ့ ေ႐ႊ႐ုပ္ အေနာက္ဘက္တန္းလ်ားမွာ သြားေနၿပီးကတည္းက မနက္စာကို တူတူမစားျဖစ္ေတာ့ေပ...တစ္ေယာက္နဲ႕တစ္ေယာက္ စကားပင္ သိပ္မေျပာျဖစ္ေနေတာ့ အေနရခက္လွသည္...

"ၿပီးရင္ သမီးပါ တူတူစားလိုက္ေတာ့..."

ေဒၚႀကီး စကားေၾကာင့္ သူ႕ကို ျပင္ေပးေနတဲ့ ေ႐ြ႐ုပ္ လက္တို႔ ရပ္သြားရကာ ျပာျပာသလဲ ျငင္းမိသည္...

"ဟာ ေ႐ႊ႐ုပ္ ေနာက္မွ ေဒၚႀကီးနဲ႕ တူတူစားမွာ..."

"အံမယ္ ခဏကျဖင့္ ဗိုက္ဆာေနၿပီဆိုၿပီးေတာ့... တစ္ခါတည္းစားလိုက္...ကိုယ့္မမနဲ႕..."

လာျပန္ၿပီ ဒီမမ...မ်က္ႏွာမဲ့သြားတာကို မေပၚေအာင္ ထိန္းၿပီး ေ႐ႊ႐ုပ္ စားပြဲမွာ ဝင္ထိုင္လိုက္သည္...အဲေဒၚႀကီးကို ဆက္ျငင္းေနရလွ်င္ မလြယ္...

"စားလို႔အဆင္ေျပရဲ႕လား သစၥာ... "

"ဟုတ္ အဆင္ေျပပါတယ္..."

"အင္း...အဲတာ ဒီတစ္ေယာက္ရဲ႕ အႀကိဳက္ဆုံးေလ...ညကတည္းက မနက္က်ရင္ ရွမ္းေခါက္ဆြဲလုပ္ေပးပါ ရွမ္းေခါက္ဆြဲ လုပ္ေပးပါနဲ႕ အာေပါက္မတတ္ ေျပာေနတာ...လူကို လြမ္းတာလား...အစားအေသာက္ကို လြမ္းတာလား မသိေတာ့ပါဘူး သစၥာေရ..."

ေဒၚႀကီးက ဘာမွမသိသူပီပီ ရယ္ေမာေျပာဆိုေနေပမယ့္ သစၥာမွာ မေနတတ္ေတာ့...ေ႐ႊ႐ုပ္မွာေတာ့ ဘာမွေခါင္းထဲ မထည့္ေတာ့တဲ့ပုံႏွင့္ ရွမ္းေခါက္ဆြဲသာ အားပါးတရ စားေနသည္...

"ဒါၿပီးရင္ သြားစရာရွိတယ္... လိုက္ခဲ့မလား ေ႐ႊ႐ုပ္..."

သစၥာစကားေၾကာင့္ အားပါးတရ ဟင္းရည္ကို ေသာက္ေနတဲ့ ေ႐ႊ႐ုပ္က ေမာ့ၾကည့္သည္...လိုက္ခဲ့လို႔ ေျပာတာမဟုတ္ဘဲ လိုက္မလားလို႔ ေမးတာကို အံ့ၾသသြားသည္...ဘယ္ကိုလဲဟု ေတြးေနရင္း ေခါင္းကို အလိုအေလ်ာက္ ညိတ္မိသြားသည္...

"စားၿပီးရင္ အက်ီလဲၿပီး ေစာင့္ေန..."

"ဟုတ္ကဲ့... "

မမသစၥာက ထထြက္သြားလွ်င္ ေဒၚႀကီးက အနားကို ကပ္လာကာ...

"မမနဲ႕ အဆင္မေျပဘူးလား ေ႐ႊ႐ုပ္..."

"ေျပပါတယ္ ေဒၚႀကီးကလဲ... "

"ဘာပဲ ျဖစ္ျဖစ္ ကိုယ့္ကို ေစာင့္ေရွာက္လာတဲ့သူ... ၿပီးေတာ့ ကိုယ္က အငယ္ေလ...အၿပိဳင္အဆိုင္ စိတ္ေကာက္မေနဘဲ သည္းခံလိုက္ ၾကားလား.... "

အံ့ပါရဲ႕...အၿမဲ ကိုယ္ကပဲ သည္းခံေနတာကို ထပ္သည္းခံဖို႔ အေျပာခံေနရတယ္...

"ဘာကို မဲ့ေနတာလဲ ေ႐ႊ႐ုပ္ေနာ္...သြား ျမန္ျမန္လုပ္ မမေစာင့္ေနရမယ္..."

"ဟုတ္ပါၿပီ ေဒၚႀကီးမိုးရဲ႕...သြားျပင္ပါေတာ့မယ္..."

စူပြပြနဲ႕ေျပာေတာ့ ေဒၚႀကီးက ရယ္ေနသည္...ဘာပဲျဖစ္ျဖစ္ ေဒၚႀကီးကို ျပန္ေခၚလာေပးတာ သူ႕ကို ေ႐ႊ႐ုပ္ ေက်းဇူးတင္ပါသည္... တစ္ဖက္ကလဲ မမကို သနားလွသည္...ေ႐ႊ႐ုပ္တြင္ အခုထိ မမကို ႏြယ္ဆိုေသာ အမ်ိဳးသမီးနဲ႕ ပတ္သတ္၍သာ မၾကည္မလင္ျဖစ္စရာရွိသည္... မမ ဘယ္လိုပဲ ျပဳမူသည္ျဖစ္ေစ လက္ခံရမည္သာ ျဖစ္သည္...

"ခါးပတ္ပတ္လိုက္..."

ေမာင္းတဲ့ေနရာတြင္ ဝင္ထိုင္၍ ေ႐ႊ႐ုပ္ကို ေဘးမွာထိုင္ေစသည္...သူကားေမာင္းတာ မေတြ႕ဖူး၍ ေ႐ႊ႐ုပ္ အံ့ၾသသြားသည္...သူကေတာ့ ခပ္တည္တည္သာ ေမာင္းထြက္လာသည္...ဘယ္ကို ေမာင္းေနတာလဲလို႔လဲ မေမးရဲေခ်...

တရိပ္ရိပ္ေျပးေနေသာ ကားေလးသည္ ေတာ္ေတာ္ၾကာလာသည္နဲ႕အမွ် ေ႐ႊ႐ုပ္ အိပ္ငိုက္လာသည္...ဘာစကားမွလဲ မေျပာျဖစ္သည္ျဖစ္၍ ခဏၾကာေတာ့ အိပ္ေပ်ာ္သြားေတာ့သည္...

စပါးခင္းစိမ္းစိမ္းေတြအနားေရာက္ေတာ့ သစၥာ ကားကို အသာထိုးရပ္ကာ ေဘးက ေခြေခါက္ၿပီး အိပ္ေပ်ာ္ေနသည့္ ေ႐ႊ႐ုပ္ကို အသာလွည့္ၾကည့္မိသည္...ေခါင္းကို အသာထိန္းၿပီး ျပန္တည့္ေပးကာ ခုံကိုလဲ သက္ေတာင့္သက္သာျဖစ္ေအာင္ ေလွ်ာခ်လိဳက္သည္...ၿပီးမွ ေစ့ပိတ္ေနသည့္ မ်က္ေတာင္ဖ်ားတို႔ကို ေငးၾကည့္မိသည္...နီေထြးေနသည့္ ႏႈတ္ခမ္းသားတို႔ကို ၾကည့္မိေတာ့ သစၥာ အနားတိုးကပ္မိသြားသည္...ထို႔ေနာက္ မဟတဟပြင့္ေနေသာ ႏႈတ္ခမ္းေလးကို ထိေတြ႕ခ်င္စိတ္ျဖင့္ မ်က္ႏွာကို ငုံ႕ခ်လိဳက္သည္...

ေ႐ႊ႐ုပ္ရဲ႕ ရႉထုတ္လာေသာ ေလေတြသည္ သစၥာ၏ မ်က္ႏွာကို ရိုက္ခတ္ေနသည္အထိ နီးကပ္လာသည္... ဘာဆိုးေဆးမွမကူပါဘဲ သဘာဝအတိုင္း နီျမန္းေနေသာ ႏႈတ္ခမ္းသားေလးေတြကို အလြယ္တကူ ငုံ႕နမ္းလို႔ ရပါလ်က္နဲ႕ သစၥာ ကိုယ္ကို ျပန္မတ္လိုက္သည္... ဤသို႔ လုပ္၍မျဖစ္ဟု အသိစိတ္တို႔က သတိေပးေနၾကသည္...

"ဟင္းးး..."

သက္ျပင္းတစ္ခ်က္ကို ပူျပင္းစြာ မႈတ္ထုတ္ရင္း ကားစက္ျပန္ႏွိုးကာ ေမာင္းထြက္လာခဲ့သည္...အေတာ္ၾကာ ေမာင္းလာရင္း လာသည့္ေနရာကို ေရာက္သည့္အထိ ေ႐ႊ႐ုပ္က နိုးမလာ...

"ေ႐ႊ႐ုပ္... ထေတာ့..."

"ဟင္..."

အဲေတာ့မွ နိုးလာကာ ေ႐ႊ႐ုပ္က မ်က္လုံးကို ပြတ္သပ္ၿပီး ေဘးဘီကို ေဝ့ၾကည့္သည္...သစၥာကမူ ကားေပၚက အရင္ဆင္းသြားသည္...ၿခံအက်ယ္ႀကီးထဲ ေျပးလႊားေဆာ့ကစားေနေသာ အ႐ြယ္စုံကေလးေတြကို တအံ့တၾသ ၾကည့္ရင္း ေ႐ႊ႐ုပ္က ကားေပၚက ဆင္းလာသည္...

"ေမတၱာရိပ္ မိဘမဲ့ေဂဟာ..."

အေဆာင္ထိပ္ရွိ ဆိုင္းဘုတ္ကို အသံထြက္ဖတ္ၿပီး ေ႐ႊ႐ုပ္ သူ႕ကို လွမ္းၾကည့္မိသည္...ဘာရည္႐ြယ္ခ်က္နဲ႕ ဒီကို ေခၚလာတာျဖစ္မလဲ...သူကအေဆာင္ဘက္ ေလွ်ာက္သြားေတာ့ အသာပင္ အေနာက္က လိုက္ေလွ်ာက္လာလိုက္သည္...

"သစၥာထင္လင္းေနာ္...ညက အစ္မတို႔ကို ဆက္သြယ္ထားတာ..."

ေဂဟာမႈးဟု ယူဆရသူအမ်ိဳးသမီးက သူ႕ကို ၿပဳံးျပၿပီး ေမးလာသည္...ေ႐ႊ႐ုပ္ကမူ တစ္ခါမွ မႀကဳံဖူးသည့္ ပတ္ဝန္းက်င္ကိုသာ ေငးေမာၾကည့္ေနမိသည္...

"ဟုတ္ပါတယ္...ဒီက ကေလးေတြအတြက္ အလႉေငြေပးခ်င္လို႔ပါ...အရင္က နိုင္ငံျခားကေနပဲ လႊဲေနေပမယ့္ ဒီတစ္ေခါက္ ကိုယ္တိုင္လာလႉခ်င္တာနဲ႕ အစ္မတို႔ကို ဆက္သြယ္လိုက္တာ..."

"အစ္မတို႔က ဝမ္းသာတာေပါ့ ညီမရယ္...ဘယ္ေလာက္ပဲ ျဖည့္ဆည္းေနပါေစ လိုအပ္ခ်က္ဆိုတာက ေပၚလာေနက်ကိဳးကြဲ႕...သူတို႔ေလးေတြရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ စိတ္ပိုင္းဆိုင္ရာ အားလုံးကို ေစာင့္ေရွာက္ေပးဖို႔က ညီမတို႔ကိုပဲ မွီခိုေနရတာပါ..."

သူတို႔စကားေျပာေနတုန္း ေ႐ႊ႐ုပ္အျပင္ကို ေလွ်ာက္ထြက္လာခဲ့သည္...လိုက္ၾကည့္ရင္း သစ္ပင္ေအာက္မွာရွိတဲ့ ခုံတန္းေလးမွာ တစ္ေယာက္တည္း ထိုင္ေနတဲ့ ကေလးတစ္ေယာက္ကို ျမင္ကာ ထိုသို႔ ေလွ်ာက္သြားလိုက္သည္...အသက္ ၉ ႏွစ္အ႐ြယ္ရွိ ထိုကေလးက ေအာ္ဟစ္ေဆာ့ကစားေနေသာ အျခားကေလးေတြကို ေငးၾကည့္ေနသည္...

"သူငယ္ခ်င္းေတြနဲ႕ သြားမကစားဘူးလား သားသား..."

သူ႕ေဘးနားအသာဝင္ထိုင္ၿပီး ေ႐ႊ႐ုပ္ ေမးေတာ့ ေခါင္းကို အသာခါျပသည္...

"ဘာျဖစ္လို႔လဲ သားသားရဲ႕...".

"သား မေပ်ာ္လို႔ပါ..."

"မေပ်ာ္လို႔..."

သံေယာင္လိုက္ကာ ေ႐ႊ႐ုပ္ တိုးဖြဖြ ေရ႐ြတ္မိသည္...ၿပီးမွ ညွို႔မွိုင္းေနေသာ မ်က္လုံးကေလးမ်ားကို ငုံ႕ၾကည့္မိသည္...ဒီအသက္အ႐ြယ္နဲ႕ကေလးက အ႐ြယ္နဲ႕မမွ်ေသာ အရာေတြကို ထမ္းပိုးထားပုံရသည္...

ထိုစဥ္ ေခါင္းေလာင္းသံတစ္ခ်က္ကို ၾကားလိုက္ရကာ ထိုကေလးအပါအဝင္ အားလုံးက ညာဘက္ရွိအေဆာင္ဆီကို ေလွ်ာက္သြားၾကသည္...ငိုင္ေနတဲ့ ေ႐ႊ႐ုပ္နားကို မမသစၥာက လာထိုင္သည္...

"ခဏက ေခါင္းေလာင္းသံက ထမင္းစားဖို႔ ေခၚတာေလ...ဗိုက္ဆာဆာမဆာဆာ အားလုံးက ဒီအခ်ိန္ပဲ စားၾကရတာ..."

ေ႐ႊ႐ုပ္ကို လွည့္မၾကည့္ဘဲ ထိုအေဆာင္ဘက္ကိုသာ ေငးၾကည့္ရင္း မမက ခပ္တိုးတိုးရွင္းျပသည္...

"ငါဒီကို ေရာက္လာတုန္းကဆိုရင္ ဒီသစ္ပင္ေအာက္မွာပဲ ငိုေနခဲ့တာ...ၿပီးေတာ့ ထမင္းစားဖို႔ ဆရာမက လာေခၚတယ္...လုံးဝမစားခ်င္ေပမယ့္ ထမင္းစားမွ အသက္ဆက္ရွင္လို႔ရမယ္လို႔ ေဘးက ေခ်ာ့ေျပာေနတဲ့ ဆရာမေၾကာင့္ အတင္းစားခဲ့ရတယ္...ထမင္းတစ္လုပ္စားတိုင္း မ်က္ရည္တစ္ခါက်ရင္း ကုန္ေအာင္ စားခဲ့ရတာ...ငါ့ဘဝအတြက္ ဘယ္ေတာ့မွ ေမ့မရမယ့္ ထမင္းတစ္နပ္စာျဖစ္ခဲ့တာ..."

ေျပာျပတဲ့သူက ပုံမွန္ျဖစ္ေနသည့္တိုင္ေအာင္ ေ႐ႊ႐ုပ္ မ်က္ရည္တို႔ ဝဲတက္လာသည္...ထိုအခ်ိန္က မမရဲ႕ နာက်င္မႈကို ဝင္ေတြးၾကည့္ဖို႔မရဲေအာင္ ျဖစ္ကာ ဝမ္းနည္းစိတ္တို႔သာ လွ်ံတက္လာသည္...

"ၿပီးေတာ့ ညအိပ္ေတာ့လဲ ေဘးနားမွာ တန္းစီၿပီး အိပ္ေနတဲ့သူေတြ အမ်ားႀကီးရွိေနေပမယ့္ ငါ့အတြက္ ငါပဲ ရွိေတာ့တယ္လို႔ ေတြးရင္း ငိုေနမိခဲ့တယ္...ဒီမွာ ငါတစ္ရက္ပဲ ေနခဲ့ရတာ...ဒါေပမယ့္ အဲတစ္ရက္မွာ ငါရခဲ့တဲ့ ေၾကာက္႐ြံ႕မႈေတြက ျပန္ေတြးၾကည့္လို႔ေတာင္ မရဲဘူး...ေနာက္ရက္ ငါ့ကို မာမီ လာေခၚတယ္...တကယ္လို႔ မာမီသာ မလာေခၚျဖစ္ရင္ ငါအဲေန႕ၿပီးရင္ အသက္ဆက္ရွင္ခ်င္စိတ္ေတာင္ မရွိေလာက္ေတာ့ဘူး..."

က်ဆင္းလာတဲ့ မ်က္ရည္ေတြကို သုတ္ကာ ေ႐ႊ႐ုပ္ အင့္ခနဲရွိုက္သည္...နာက်င္ေနေသာ ရင္အစုံသည္ ဆက္လက္နားေထာင္နိုင္စြမ္း မရွိေတာ့...ထရပ္ကာ ကားဆီကို အေျပးတပိုင္းေလွ်ာက္လာၿပီး ျပင္းျပင္းထန္ထန္ ငိုမိသည္...ေ႐ႊ႐ုပ္ မတတ္နိုင္ခဲ့သည့္ တစ္ရက္ေလးအတြင္းမွာ မမသည္ အ႐ြယ္ႏွင့္မမွ်ေသာ နာက်င္စရာကို ရင္နဲ႕မဆံ့စြာ လက္ခံရရွိခဲ့သည္ဟူေသာ အသိက ႏွိပ္စက္ေနသည္...မမေနရာသာ ေ႐ႊ႐ုပ္သာျဖစ္ခဲ့လွ်င္ ဘယ္ေလာက္ေကာင္းလိမ့္မလဲ...တကယ္ေတာ့ မမ ေ႐ႊ႐ုပ္အေပၚမွာ လက္စားေခ်သည္ဆိုကာ ျပဳမူခဲ့တာေတြသည္ မမခံစားခဲ့ရတာေတြနဲ႕ယွဥ္လွ်င္ မေျပာပေလာက္ေသာ အေသးအမႊားမွ်သာ ျဖစ္သည္...

ရွိုက္ငိုေနသည့္ ပုံရိပ္ေလးကို ေငးၾကည့္ရင္း သစၥာ မလႈပ္မယွက္ ထိုင္ေနမိသည္...ဒါဟာ သူ႕ကို နာက်င္ေစဖို႔ ေျပာလိုက္တာမဟုတ္ဘဲ ကိုယ့္ကို အနည္းငယ္ ခြင့္လႊတ္ေစဖို႔ ရည္႐ြယ္တာသာျဖစ္သည္... ေရွ႕ဆက္ရမည့္ လမ္းအရွည္ႀကီးကို ေတြးကာ သစၥာ ေမာပန္းလာသည္...

ဒါေပမယ့္ အဆုံးသတ္သည္ ေပ်ာ္႐ြင္ဖြယ္ဆိုပါက ထိုခရီးၾကမ္းႀကီးကို သစၥာ ရဲရဲဝံ့ဝံ့ပင္ ျဖတ္ေက်ာ္ပါမည္...

အျပန္တစ္ေလွ်ာက္လုံးလဲ စကားမေျပာျဖစ္ၾကဘဲ တံခါးအျပင္ဘက္ကိုသာ ေ႐ႊ႐ုပ္က တစ္ေလွ်ာက္လုံး ေငးၾကည့္လာသည္...ေဖာင္းမို႔ေနေသာ မ်က္ခြံေလးေတြကို လွမ္းၾကည့္ရင္း ဒဏ္ရာေတြ ထပ္ေပးသလို ျဖစ္သြားၿပီလားလို႔ သူမေတြးမိသည္...လွမ္းၾကည့္မိျပန္ေတာ့ ႏွာဖ်ားေလးေတြ နီရဲၿပီး လက္လဲပိုက္ထားကာ ထိုင္ေနတာေၾကာင့္ ေအးေနမည္ဟု ေတြးမိကာ သူမ အဲကြန္းေလွ်ာ့ေပးလိုက္သည္...ေ႐ႊ႐ုပ္သည္မူ ပင္ပန္းစြာျဖင့္ မ်က္ဝန္းမ်ားကိုပါ ပိတ္ထားလိုက္ေတာ့သည္...

ျပန္ေရာက္ေတာ့ ႏွစ္ေယာက္ကို အကဲခတ္ကာ ေဒၚႀကီးက ဘာမွမေျပာဘဲ ႏႈတ္ဆိတ္ၿပီးသာ ေစာင့္ေနသည္...ခပ္ယဲ့ယဲ့သာ ၿပဳံးျပၿပီး သစၥာ အေပၚထပ္သို႔ တက္ခဲ့သည္...

အသက္ကို ျပင္းျပင္းရႉသြင္းၿပီး ကုတင္ေပၚ လွဲခ်ကာ မ်က္ႏွာၾကက္ကို ၾကည့္မိေတာ့လဲ မ်က္ရည္ေတြ စိုလူးေနေသာ မ်က္ႏွာေလးကိုသာ ျမင္ေနမိသည္...အရင္ကလို အၿပဳံးခ်ိဳခ်ိဳေလးေတြကို ထိုမ်က္ႏွာမွာ ျပန္ျမင္ရေအာင္ လုပ္ဖို႔ သစၥာမွာ အရည္အခ်င္းရွိရဲ႕လား ေတြးကာ ရင္ေတြပူလာသည္...

ထထိုင္ကာ ေရတစ္ခြက္ထည့္ေသာက္ရင္း ဖုန္းျမည္လာလို႔ ၾကည့္လိုက္ေတာ့ မာမီ...

"ဟယ္လို မာမီ..."

"သမီး ဘာေတြ လုပ္ထားတာလဲ သစၥာ... "

"ဟင္..."

"မာမီ့ဆီကို သမီး မိန္းကေလးတစ္ေယာက္နဲ႕ လက္ထပ္ထားတဲ့အေၾကာင္း mail ေရာက္လာတယ္... မာမီ မယုံခ်င္ေပမယ့္ စုံစမ္းလိုက္ေတာ့ အဲအတိုင္း ျဖစ္ေနခဲ့တယ္..."

"မာမီ...သမီး အဲဒါ..."

"ေနဦး... မာမီ ဒီကိစၥကို သမီးနဲ႕ လူခ်င္းေတြ႕ၿပီးမွ ေျပာခ်င္တယ္...အဲေတာ့ ေနာက္၃ရက္ေနရင္ မာမီ လာခဲ့မယ္...ဒီအေတာအတြင္း သမီးဘာမွမလုပ္ပါနဲ႕..."

ခ်သြားေသာ ဖုန္းကို သစၥာ ငိုင္လ်က္ ၾကည့္ေနမိသည္...အေျခအေနတို႔သည္ ပို၍ ရႈပ္ေထြးလာေလၿပီ...

To be continued...



Continue Reading

You'll Also Like

3.1K 160 13
"𝐉𝐮𝐬𝐭 𝐦𝐚𝐲𝐛𝐞 𝐢𝐧 𝐚𝐧𝐨𝐭𝐡𝐞𝐫 𝐮𝐧𝐢𝐯𝐞𝐫𝐬𝐞 𝐲𝐨𝐮 𝐰𝐨𝐮𝐥𝐝𝐧'𝐭 𝐡𝐚𝐯𝐞 𝐭𝐨 𝐥𝐞𝐚𝐯𝐞 𝐦𝐞..." A guitarist from a small band meet...
90.6K 3.2K 24
Emma Swan finds herself trapped in a weird and bizarre bet; Make a woman her sex slave for a month and then just dump her. By doing this, she will w...
137K 2.4K 22
"You got to stop overworking yourself like this" Gray said rubbing my back. "I know but I know I can do this I'm just a tiny bit stressed it's not...
10.5K 357 36
do the stars gaze back? now, that's the question. ❪ marvel / pre-canon ⎯⎯⎯ thor 1 ❫ 𝖻𝗈𝗈𝗄 #𝟣.𝟣 / 𝘦𝘵𝘰𝘪𝘭𝘦 𝘴𝘦𝘳𝘪𝘦𝘴 𝖻𝗈𝗈𝗄...