Love Of My Life [Completed]

By GennyCloud

736K 45.5K 1.6K

Genre// BL , Romance Writer// Genny Start Date//30.10.2021 End Date// 10.12. 2022 Pic full crd (from... More

အမှာစာ🤎(Uni + Zawgyi)
Character Introducing
Epi(1) Unicode
Epi(1) Zawgyi
Epi(2) Unicode
Epi(2) Zawgyi
Epi(3) Unicode
Epi(3) Zawgyi
Epi(4) Unicode
Epi(5) Unicode
Epi(5)Zawgyi
Epi(6) Unicode
Epi(6) Zawgyi
Epi(7) Unicode
Epi(7) Zawgyi
Epi(8) Unicode
Epi(8) Zawgyi
Epi(9) Unicode
Epi(9) Zawgyi
Epi(10) Unicode
Epi(10) Zawgyi
Epi(11) Unicode
Epi(11) Zawgyi
Epi(12) Unicode
Epi(12) Zawgyi
Epi(13) Unicode
Epi(13) Zawgyi
Epi(14) Unicode
Epi(14) Zawgyi
Epi(15) Unicode
Epi(15) Zawgyi
Epi(16)Unicode
Epi(16) Zawgyi
Epi(17) Unicode
Epi(17) Zawgyi
Epi(18) Unicode
Epi(18) Zawgyi
Epi19(Unicode)
Epi19 (Zawgyi)
Epi20(Unicode)
Epi(20) Zawgyi
Epi(21) Unicode
Epi (21) Zawgyi
Epi(22) Unicode
Epi(22)Zawgyi
Epi(23) Unicode
Epi(23) Zawgyi
Epi(24) Unicode
Epi(24)Zawgyi
Epi(25) Unicode
Epi(25) Zawgyi
🤎
Epi(26) Unicode
Epi(26) Zawgyi
Epi(27)Unicode
Epi(27)(Zawgyi)
Epi28(Unicode)
Epi29(Unicode)
Epi28(Zawgyi)
Epi29(Zawgyi)
Epi30(Unicode)
Epi30(Zawgyi)
Epi31(Unicode)
Epi31(Zawgyi)
Epi32(Unicode)
Epi32(Zawgyi)
Epi(33)(Unicode)
Epi(33)(Zawgyi)
Epi(34)(Unicode)
Epi(34)(Zawgyi)
Epi(35) Unicode
Epi(35) Zawgyi
Epi (36) Unicode
Epi(36) Zawgyi
Epi(37) Unicode
Epi(37) Zawgyi
Epi(38) Unicode
Epi(38) Zawgyi
Epi(39) Unicode
Epi(39) Zawgyi
Epi(40) Unicode
Epi(40) Zawgyi
Epi(41) Unicode
Epi(41) Zawgyi
Epi(42) Unicode
Epi(42) Zawgyi
Epi(43) Unicode
Epi(43) Zawgyi
Epi(44) Unicode
Epi(44) Zawgyi
Epi(45) Unicode
Epi(45) Zawgyi
Epi(46) Unicode
Epi(46) Zawgyi
Epi(47) Unicode
Epi(47) Zawgyi
Epi(48) Unicode
Epi(48) Zawgyi
Epi(49)Unicode
Epi(49) Zawgyi
Final Episode (Uni)
Final Episode (Zawgyi)
My Dear , Readers (U+ZG)
Happy New Year❤️
Genny has something to say!! U/Z
Extra (Unicode)
Extra ( Zawgyi)
Thidingkyut Extra
❤️Genny Cloud's Love Letter☁️U*Z
Happy Thingyan with KheNyeim (U+Z)
Extra Part 2 (U+Z)

Epi(4) Zawgyi

4.2K 139 0
By GennyCloud


အပိုင်း(၄)

ညတည်းကဖွင့်ထားသည့် ပြတင်းပေါက်မှ နေရောင်စူးစူးက မို့သန့်ညိမ်၏ မျက်နှာထက်သို့ကျရောက်လာသဖြင့် အိပ်မရ‌တော့။ မျက်နှာနုနုထက်တွင် နေရောင်ကျရောက်လာသဖြင့် မျက်ခုံးတန်းတို့ တွန့်ချိုးသွားရသည်။ ဆက်အိပ်၍မရတော့သဖြင့် ကုတင်ဘေးခုံတွင် တင်ထားသော စားပွဲတင်နာရီဆီအကြည့်ရောက်မိတော့ 9: 30 တိတိ ။

မိုးသန့်ညိမ်၏ အခန်းလေးသည် မကျဉ်းမကျယ် ရိုးရိုးရှင်းရှင်းလေးပင်ဖြစ်သည်။အခန်းနံရံများကို ဆေးအဖြူရောင်သုတ်ထားပြီး အခန်းထဲရှိအသုံးအဆောင်များက အညိုရောင်ဖြစ်သည်။ ညိမ်က အညိုရောင်ကြိုက်သူဖြစ်သည်။ အညိုရောင်က လှပသည် ၊ ကျော့ရှင်းသည် ၊ Luxury ဆန်ပြီး အရောင်ငြိမ်သဖြင့် တည်ကြည်လေးနက်သည်ဟု ညိမ်ထင်သည်။ကုတင်ကို ပြတင်းပေါက်နှင့် ကပ်ထားပြီး ကုတင်ဘေးတွင် ဖုန်းတို့နာရီတို့တင်လို့ရအောင် စားပွဲခုံပိစိလေးကို ဒေါ်ဒေါ်က ထားပေးထားသည် ။ အိပ်ယာခင်းတွေကအစ တူတော်မောင် စိတ်ချမ်းသာစေရန် အညိုရောင်များ ၀ယ်ပေးထားသည်။ ရေချိုးခန်းနှင့်အိမ်သာ ပါသော အခန်းကို ညိမ့်ကိုနေစေပြီး ဒေါ်ဒေါ်က အပြင်ဘက်တွင်ရှိသော တစ်ခုကိုသာ သုံးသည်။ ဒေါ်ဒေါ်က ရန်ကုန်တွင် တစ်ယောက်တည်းနေနေရသဖြင့် အတူလာနေသည့် တူလေးကို စိတ်ချမ်းသာအောင်ထားသည်။ ထို့ကြောင့်လားမသိ မန္တလေးမှာထက် ညိမ်ရန်ကုန်မှာပိုပျော်သည်။

သူ အိပ်ရာမှထကာ ရေမိုးချိုး သွားတိုက်ပြီး
အခန်းပြင်ထွက်လာတော့ ဒေါ်ဒေါ်ကဘယ်သွားလည်းမသိ။ သူလည်း မီးဖိုဆောင်ထဲဝင်လိုက်တော့ ခုံပေါ်တွင် အုပ်ဆောင်းလေးဖြင့်အုပ်ထားသည်ကိုတွေ့ရသည်။ အုပ်ဆောင်းကို ဖယ်လိုက်တော့ အငွေ့မပြယ်သေးသည့် ကောက်ညှင်းပေါင်းပူပူလေး ၊ ချောကလတ်ကွတ်ကီးများနှင့် မိုင်လိုတစ်ခွက်ကို တွေ့ရသည်။

ဒေါ်ဒေါ်က တကယ်ချစ်စရာကြီးပါဆို။

တောင်!!

ညိမ် ကောက်ညှင်းပေါင်းလေးစားရင်း YouTube ကြည့်နေတုန်း စာတစ်စောင်ဝင်လာသည်။ ကြည့်လိုက်တော့ သော်မှူးဆီမှ ဖြစ်သည်။ ‌ရေးထားသည့်က
"မနေ့ညကအဆင်ပြေရဲ့လား မိုးသန့်"

မေးဖော်တော့ ရသေးသားပဲ။

ညိမ်လည်း စာပြန်ရေးရမှာ ပျင်းသဖြင့် ဖုန်းသာခေါ်လိုက်သည်။ ဖုန်းခေါ်တော့ တစ်ဖက်မှ ချက်ချင်းကိုင်လာသည်။

"သော်မှူး မင်းငါ့ကို ဘယ်တုန်းတည်းက မကျေနပ်ဖြစ်နေတာလဲ "

အံ့ဩနေပုံရသော မေးခွန်းတစ်ခုက သော်မှူးထံမှထွက်လာသည်။

"ဟင် ဘာလို့တုန်း ၊ အဆင်မပြေဘူးလား"

"ပြေပါတယ် ကလေးက စာလည်းတော်တော်ရတယ် သူ့ပုံစံနဲ့ဆို The Whole Burmaတောင်မှန်းလို့ရတယ် "

"အေးဟုတ်တယ် တန်ကူးက တော်တော်တော့တော်တယ် သိပ်ပြီးအရမ်းကြီး ဖိအားပေးစရာမလိုဘူး "

"တန်ကူး ဟုတ်လား ။ သော်မှူး တန်ကူးက ဘယ်သူလဲ "

"ဟာ မင်း ‌မနေ့က သင်တဲ့ကလေးလေ သူပေါ့ကွ "

"ဟင် သူ့နာမည်က ခီလေ မဟုတ်ဘူးလား "

"သူ့မင်းကို နာမည်မပြောဘူးလား သူ့နာမည်အပြည့်အစုံကိုလေ "

ညိမ်ပြန်တွေးကြည့်သလောက် သူတစ်လုံးတည်းပြောတာပါ။ဒါပေမဲ့ အခန်းရှေ့မှာတော့ လေလုံးဘဲ ဟုတ်သား။

"အင်း သူက ခီ ဆိုပြီး တစ်လုံးတည်းပြောတာ"

"ဟင် ဟုတ်လား ငါသူ့ကိုသင်လာတာတော်တော်ကြာပြီ ခီလို့ပြောတာမကြားဖူးဘူး ငါ‌တောင်မှားခေါ်မိတယ် အဲ့တာကိုသူကတည်တည်ငြိမ်ငြိမ်ဘဲ ကျွန်တော့်ကို ခီလို့မခေါ်နဲ့လို့ ပြောတာကွ "

"ဟုတ်လား အဟဲ ဒါဆိုရင်တော့ ငါကချောလို့ဖြစ်မယ် ၊ အိမ်တောင်ပြန်လိုက်ပို့…"

"What The F**k !!"

ညိမ် လန့်ပြီး ဖုန်းကိုတောင်နားနှင့် ခွာထားလိုက်ရသည်။ မိမိစကားပင်ပြောလို့မဆုံးသေး ဖြတ်ပြောလိုက်သော သော်မှူး

" ဖြည်းဖြည်း ဟေ့ကောင် ဘာဖြစ်တာလဲ "

သော်မှူးဟန်က လုံးဝအံဩစရာကိစ္စကြီးတစ်ခုလိုမေးသည်။

"နေဦး ဘယ်သူလိုက်ပို့ပေးတာလဲ "

"ခီလေ မိုးချုပ်နေလို့ဆိုပြီး သူပဲလိုက်ပို့ပေးတာ"

"ဟုတ်လား ငါဆို ညဘက် 11နာရီကျော်တာတောင် လိုက်မပို့ဘူး သူ့အိမ်ကဒရိုင်ဘာဦးလေးကြီးဘဲ လိုက်ပို့တာ ၊ ရေခဲတုံးက တုတ်တုတ်တောင်မလှုပ်ဘူး "

သော်မှူးပြောသည့်ပုံစံအရ လိမ်နေသည့်ပုံမရှိပေ။ ညိမ် တစ်ချက်ငြိမ်သက်သွားမိသည်။ ရှုပ်ယှက်ခက်လာသောအတွေးပေါင်းစုံကိုအမြန်မောင်းထုတ် ရသည်။ သူက အသစ်မို့လိုနေမှာပါ ။

"‌မသိတော့ဘူးကွာ ၊ ဒါပဲနော် "

တစ်ဖက်က ဖုန်းချသံကိုတောင်မစောင့်ဘဲ ညိမ် အမြန်ဖုန်းချလိုက်သည်။ မဟုတ်လျှင် သော်မှူးဟန်တစ်ယောက် စလာတော့မှာဖြစ်သည်။ သော်မှူးဟန်က မန္တလေးကအကြောင်းပေါင်းစုံကို သိပြီးသားသူဖြစ်သည်။

သေချာပြန်စဉ်းစားကြည့်တော့ ခီက အဲ့လောက်ကြီး လည်းငြိမ်တဲ့သူမဟုတ်ပါဘူး ။

•••••••

မနေ့ည 10‌နာရီကျော်ဝန်းကျင်ကဖြစ်သည်။

ခီနှင့်အတူ သူအိမ်ထဲမှ ထွက်လာခဲ့သည်။

ခီက ဟူဒီအမဲရောင်နှင့် ဘေးအစင်းကြောင်းများပါသည့် Adidas အမဲကိုဝတ်ထားသည်။
ခီ့ရဲ့ ပုံစံကဘယ်လိုကြည့်ကြည့် ကိုးတန်းကျောင်းသားတစ်ယောက်နှင့်မတူပေ။ တူတာဆိုလို့ မျက်နှာနုနုလေးသာရှိသည်။ ခြေတံရှည်ရှည် ၊ အကြောစိမ်းများ ယှက်နွယ်နေသော လက်ချောင်းရှည်ရှည်သွယ်သွယ်တို့က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မှန်းသိသာစေသည်။

သူ ခီ့ကိုကြည့်နေတဲ့အချိန်နှင့် ခီပြန်ကြည့်သည့်အချိန် တိုက်ဆိုင်သွားသည်မို့ အရှက်ပြေချောင်းဟန့်လိုက်သည်။

"အဟမ်း "

ခီက ဘာမပြော ၊ တစ်ဖက်သို့လှည့်ပြီးသာ ခပ်ယဲ့ယဲ့ပြုံးသည်။

"ညိမ် "

"ဟင်"

"ညိမ်က အသက်ဘယ်လောက်လဲ "

"ကိုယ်က  အသက်ပြည့်တော့မှာ"

မပြောချင်လို့ သူတမင်သာ ပြောလိုက်သည်။
အသက်မပြည့်သေးဘူးဆိုရင် အရိုအသေတန်သွားတာမျိုး သူမလိုချင်ဘူး။

" ကျွန်တော်က 16"

"ဟုတ်လား  ကိုယ်ကအခုမှ ဆယ်တန်း အောင်ထားတာ "

"အော်"

"ဆယ်တန်းက အမှတ်စာရင်းထွက်တော့မှာ မကြာတော့ပါဘူး Uni တက်ရတော့မှာ "

နှစ်ယောက်သား လမ်းလျှောက်ကာပြောရင်းနဲ့ ခြံပေါက်ဝသို့ရောက်လာသည်။သူ့ကို ခြံပေါက်ဝထိသာလိုက်ပို့ပေးမည်ဟုထင်လိုက်သော်လည်း ခြံပေါက်ဝတွင် ရပ်ထားသော တန်ဖိုးမြင့် Ducati ကအဆင့်သင့် ။

ညိမ် သူ့ကိုမော့ကြည့်မိတော့ အမူအယာများကအေးဆေး ၊ သာမာန်လုပ်ရိုးလုပ်စဉ် တစ်ခုလိုသာအေးအေးဆေးဆေး ဖြစ်နေပါ၏ ။

ခီက ဆိုင်ကယ်ပေါ်သို့ အရင်တက်ပြီး Helmetအား ဆောင်းကာ ကျန် Helmetတစ်ခုကို ညိမ့်အားကမ်းပေး၏။ ထို့နောက် မျက်လုံးများက ခြံဝ၌ရပ်နေသော ခြံစောင့်အဖိုးကို ကြည့်ပြီး…

"ဒီမှာစောင့်နေစရာမလိုဘူး  ၊ ကျွန်တော့်ဘာသာ ပြန်လာခဲ့မယ် "

ခီရဲ့အသံက မတင်းသော်လည်း မပျော့။
စကားလုံးများက သူ့အမြင်တွင်တော့ ရင့်သည်။

ထိုအဖိုးက ဘာမပြောဘဲ ခေါင်းတညိတ်ညိတ်ဖြင့်သာ အိမ်ထဲဝင်သွား၏။

ယခုအခြေအနေက ဆိုင်ကယ်ပေါ်တွင် ခွထိုင်ပြီးနေပြီဖြစ်သော ခီနှင့် Helmetကြီးကိုင်တာ ဟိုကြည့်ဒီကြည့်နှင့် ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ သူ။

ညိမ်အမှန်အတိုင်းပြောရလျှင် မလိုက်ရဲပါ။ ဘယ်လိုလူက ကိုးတန်းကျောင်းသားမောင်းတဲ့ ဆိုင်ကယ်နောက်လိုက်စီးရဲမှာလဲ။ ညိမ် စောစောစီးစီး Uni တောင်မတက်ရသေးခင်တော့ မသေချင်ပါ။ သူHelmet ကြီးကိုကိုင်ကာ ဆိုင်ကယ်ပေါ်၌ ရုပ်တည်တည်ဖြင့် အတည်ပေါက်ကြီးထိုင်နေသည့် ခီ့ဆီသို့ သွားလိုက်သည်။
ကလေးဆိုတော့ ချော့ပြောရင်ရမှာပါ ။

"ခီရေ ကိုယ်နေတဲ့ နေရာကလေ သိပ်မဝေးဘူး "

"အင်း"

သဘောမပေါက်ဘူးထင်သည်။
ညိမ်နောက်တစ်ခါ ထပ်ပြောလိုက်၏။

"နီးတယ် ဘယ်လောက်မှမဝေးဘူး အဲ့တော့ကိုယ့်ဘာသာ ပြန်လို့ရတယ် "

"ဘာလို့လဲ "

"ကိုယ်မစီးရဲဘူး ၊ ပြီးတော့ရန်ကုန်မှာဆိုင်ကယ်စီးလို့ရလို့လား "

"နီးရင် ရပါတယ် ကျွန်တော်စီးနေကြ ၊ ခင်ဗျားဆိုင်ကယ်တစ်ခါမှမစီးဖူးဘူးလား"

ဘယ်လို မေးခွန်းများလဲ ၊ မန္တလေးသားကို ဆိုင်ကယ်မစီးဖူးဘူးလား ဆိုသောမေးခွန်းကတကယ်ကို ဂန္တ၀င်ဆန်လွန်းလှသည်။ သို့သော် ဘာမှမပြော ရယ်ချင်စိတ်ကိုသာ ထိန်းချုပ်ပြီး ခပ်တည်တည်သာနေလိုက်သည်။

"ခီက မောင်းနေကျလား "

"အင်း "

"ဒါပေမဲ့ ...ဟိုဟာလေ...ကိုယ်မစီးရဲဘူး "

ခီက ခပ်ဟဟရယ်သည်။ ရယ်သော်လည်း ဘယ်လိုအဓိပ္ပာယ်နှင့် ရယ်သည်ဆိုသည်ကို မသိရ။  ဒီအတိုင်း သွားတန်းဖြူဖြူများပေါ်အောင်သာ ရယ်လိုက်ခြင်း ။ သေချာကြည့်တော့မှ သွားစွယ်လေးနှစ်ဖက်က ချွန်ထွက်နေခြင်းဖြစ်သည်။ဒီကလေး က တော်တော်ကိုချောသည့် အမျိုးသားငယ်လေးပင်ဖြစ်သည်။
သူ့မှာသာ ညီမလေးတစ်ယောက်ရှိရင် ခီ့ကိုယောက်ဖတော်မည်ဟုပင် ညိမ်တွေးလိုက်မိသည်။

ခီက ဆိုင်ကယ်ပေါ်မှဆင်းသည်။ ပြီးတော့ ခပ်လှမ်းလှမ်းတွင် ရပ်နေသော ညိမ့်ရှေ့သို့လာသည်။ ညိမ်ကို ပြုံးပြပြီး လက်ဆွဲကာ ဆိုင်‌ကယ်နားသို့ခေါ်ပြီး ညိမ့်လက်ထဲတွင်ရှိသော Helmetကို ယူကာသေချာတပ်ပေးသည်။ပြီးမှ သူက ဆိုင်ကယ်ပေါ်သို့ပြန်တက်ပြီးပြောသည်။

"ခင်ဗျားက ဆိုင်ကယ်စီးရမှာကြောက်တာမဟုတ်ဘူး ကျွန်တော့်နောက်မှ မစီးရဲတာ ဟုတ်တယ်မလား "

မိုးသန့်ညိမ် ဘာမှမပြောပေ။ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းဖြစ်သည် မဟုတ်လား ။

"ဘာမှမဖြစ်ပါဘူး ကျွန်တော်က‌စီးနေကြ ရဲရဲသာလိုက်ခဲ့ ၊ ဒီထက်ပိုပြီးအချိန်ဆွဲရင် နောက်ကျတော့မယ် "

ခီက တစ်ချက်ငြိမ်သွားသည်။ ပြီးမှ ပြုံးစစနှင့်…

"ကျွန်တော့်ကို ယုံ "

ညိမ်လည်း သူ့စကားကြောင့် ဘာမှတုန့်ဆိုင်းမနေတော့ဘဲ ခပ်မြန်မြန်သာ ခြေဖျားထောက်တက်လိုက်သည်။ဆိုင်ကယ်စီးဖူးသော်လည်း ဒီလိုအကြီးကြီးကို တစ်ခါမှမစီးဖူးပေ။

"ဘယ်ဘက်ကိုသွားရမှာလဲ "

"ဒီဘက်ကို ပြီးရင်ညာဘက်ချိုး "

ညိမ်ခပ်မြန်မြန်သာ ညွှန်ပြလိုက်ပြီး ခီ့ကုပ်ကို ကိုင်ထားလိုက်သည်။
ခီက ရုတ်တရက်လှည့်လာပြီး…

"ဂုတ်ကိုမကိုင်နဲ့‌လေ လန်ကျသွားမှာပေါ့ ညိမ်ရဲ့"

ညိမ်က ပြူးကြောင်ကြောင်လေးဖြင့်ပြန်မေးလိုက်၏။

"ဒါဆိုကိုယ်က ဘယ်ကိုကိုင်ရမှာလဲ "

"ခါးကိုကိုင် ၊ ဒါဆိုသွားတော့မယ်နော် "

ညိမ်လည်း ခီ့ခါးနားက ဟူဒီစကိုသာ ခပ်တင်းတင်းကိုင်ထားလိုက်သည်။ ခါးဆိုတော့လည်း ခါး‌ပဲပေါ့ ။
သူက ဘာပြောနိုင်မှာလဲ။

ဇဏ့်မှာတော့ ခါးနားက အင်္ကျီစကို ခပ်တင်းတင်းဆွဲဆုပ်လာသော လက်များကြောင့် ပြုံးလိုက်မိသည်။

နောက်ဆုံးတွင်တော့ ပြောင်လက်နေသည့် ဆိုက်ကယ် နက်ပြာလေးက ရန်ကုန့်မြို့၏ တစ်နေရာသို့ လေးမှပစ်ခွင်းလိုက်သော မြားတစ်စင်းသဖွယ် အရှိန်အဟုန်ဖြင့်ထွက်သွားလေ၏။

ရန်ကုန်မြို့တွင် အများစုက သုံးခုသာရှိသည်။ တိုက်ခန်းများပြည့်နေသောနေရာ ၊ ကွန်ဒိုများနှင့် လုံးချင်းခြံဝန်းများနှင့်ပြည့်နေသောနေရာ။သူ့နေရာနှင့်သူတော့ လူများက စည်ကားလျက်ပင်။

ညိမ်တို့တိုက်ခန်းများစီတန်းနေသော လမ်းထဲသို့ဝင်လာသည်။ ညိမ်က တိုက်ခန်းတစ်ခုကိုထိုးပြလိုက်တော့ ခီက ဆိုင်ကယ်ကို တိုက်ခန်းရှေ့တွင် ရပ်လိုက်၏။

ညိမ်လည်း Helmet ကိုဖြုတ်သော်လည်း ချွတ်၍မရ ၊ ခီက သေချာကူဖြုတ်ပေးသဖြင့် ခီ့မျက်လုံးများက ညိမ့်ထံသို့သာ သက်ဆင်းနေပါ၏။ မျက်လုံးများက မည်းနက်စူးရှပြီး မျက်စံတို့က မဟူရာသဖွယ် မည်းနက်နေသည်။ တကယ်ကို စူးရှပြီး ညှို့အားပြင်းသောမျက်လုံးများပင်ဖြစ်သည်။
သူကြာကြာ ကြည့်မနေသင့်ဘူး။

"ခီ တစ်ခုခု စားသွားပါလား "

ညိမ်လည်း အိမ်အထိလိုက်ပို့သည်ကို အားနာသည်မို့ တစ်ခုခုစားသွားရန် လောကွတ်ပြုလိုက်သည်။

"အင်း "

ရွှေပေါ်မြတင် သူဌေးသား‌‌လေးက ငြင်းမယ်ထင်မိသော်လည်း ‌ချက်ချင်းပင်အဖြေပြန်ပေးလာသဖြင့် ‌တိုက်ခန်းရဲ့ မြေညီထပ်တွင် ဖွင့်ထားသည့် ရှမ်းအစားစာဆိုင်တွင်သာ ကျွေးရန် ဆုံးဖြတ်လိုက်သည်။

ဆိုင်လေးက တကယ့်ကိုသပ်သပ်ရပ် ၊ ခပ်သန့်သန့်ဆိုင်လေးပင် ၊ စားပွဲခုံတစ်ခုံနှင့်တစ်ခုံကို ကွာဟစွာချထားပြီး အလုပ်သမားများကလည်း ခေါင်းစွပ်တွေကအစသေချာစွပ်ထားသည်။

ညိမ်တို့ထိုင်လိုက်တော့ ဆိုင်က၀န်ထမ်းကောင်မလေးက အနားတွင်လာရပ်သည်။ ညိမ်လည်း ရှမ်းခေါက်ဆွဲသာ စားချင်နေသဖြင့် ရှမ်းသာမှာလိုက်သည်။

"ရှမ်း ခေါက်ဆွဲတစ်ပွဲ ၊ ခီကကော "

"ကျွန်တော်လည်း အဲ့တာပဲ "

ဝန်ထမ်းကောင်မလေးလည်း အမှာကိုယူပြီးထွက်သွားသည်။

ခီက ဘာမှမပြောသောကြောင့် အကြီးဖြစ်တဲ့သူကသာ စကားဝိုင်းကို အစပြုရသည်။

"ခီက ဘယ်မှာတက်တာလဲ "

"ထ၁  "

"အော် ခီကစာတော်ပါတယ် ဒီပုံစံအတိုင်းဆို တစ်နိုင်ငံလုံး နံပါတ်တစ်တောင် မှန်းလို့ရတယ် ပြီးရင်ဆေးယူပေါ့ "

"အင်း ဒါပေမဲ့မသေချာပါဘူး "

"ဘာလို့လဲ "

"ဒီအတိုင်းပဲ "

ရှည်ရှည်ဝေးဝေး ဖြေရှင်းချက်တို့ ထွက်လာမယ်ထင်သော်လည်း ခပ်တိုတိုအဖြေသာထွက်လာသည်မို့ ညိမ့်မှာ ဘာဆက်ပြောရမယ်မသိဖြစ်နေစဉ် ရှမ်းခေါက်ဆွဲလင်ဗန်းကိုကိုင်ကာ သူတို့ဝိုင်းဆီသို့ရောက်လာတဲ့ ကောင်မလေးကြောင့်အဆင်ပြေသွားရသည်။

မိုးသန့်ညိမ်က သူ့ရှေ့ရောက်လာသော ခေါက်ဆွဲပန်းကန်ထဲသို့ ရှမ်းချဉ်ဖက်များထည့်ကာ နယ်တော့သည်။

ညိမ်ရှေ့ကို ကြည့်လိုက်တော့ တူကြီးကိုင်ပြီး ခေါက်ဆွဲကို ဒီအတိုင်းကြည့်နေတာကြောင့် မနေသာတော့ဘဲ ပန်းကန်ကိုဆွဲယူကာ နယ်ပေးလိုက်တော့ ညိမ့်ကိုကြည့်နေသည်။
ညိမ်လည်း စား ဆိုတဲ့သဘောနဲ့ မေးဆတ်ပြလိုက်သည်။

ဒီကလေးက လုံးဝ အဖြူထည်လေးဘဲ ။

စားပြီးသောက်ပြီးတော့ နာရီကြည့်လိုက်တော့ တော်တော်တောင်နောက်ကျနေပြီမို့ ညိမ်လည်း နှုတ်ဆတ်ပြီး နှစ်ယောက်သား လမ်းခွဲခဲ့ကြတာဖြစ်သည်။

──────────────────

𝗚𝗲𝗻𝗻𝘆ʕ•ᴥ•ʔ

သူတို့နှစ်ယောက်အသက်ဟာ နှစ်နှစ်ကွာပါတယ်တဲ့^^

                

Continue Reading

You'll Also Like

768K 62.5K 32
တောင်းပန်ပါတယ် မှားခဲ့သမျှအတွက် ကိုကို့အရှင်သခင်လေးအဖြစ် တစ်သက်လုံး ခ စားသွားပါ့မယ်။
613K 54.9K 51
အိမ်တော်မှာ မင်းသားတစ်ပါးလိုနေရတဲ့ အနွယ်တော်လေးက နယ်မြေတစ်ခုရဲ့ခေါင်းဆောင်ဆီကို ရောက်ရှိလာတဲ့အခါ ... ငယ်စဉ်ကတည်းက နှစ်သက်မြတ်နိုးခဲ့ရသော ကောင်လေးဖြစ်...
220K 13.5K 55
အချစ်ဆိုတာရဲ့နောက်မှာ ပိုင်ဆိုင်ခြင်းဆိုတာက ကပ်ပါလာခဲ့ရင်. . .ကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းမှာ မင်းကိုချည်ဖို့ကြိုးတစ်ချောင်းပျောက်နေခဲ့တယ်။ အချစ်ဆိုတာရဲ့...
100K 5.3K 15
ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ဇာတျလမျးပါအကွောငျးအရာမြားသညျ စာရေးသူ၏ စိတျကူးယဉျသကျသကျသာ ဖွဈသညျ။