{Unicode}
"မောင်"
ရင်ခွင်ထဲက ကျွန်တော့်အချစ်ဆုံးလေးကအသံပိစိလေးနဲ့ခေါင်းလေးထောင်ကာခေါ်လာလေရဲ့
"ဗျ့ "
"မေမေ့ကိုဘယ်လိုမှပြောမထွက်ဘူး"
"ဒီကိစ္စကလျှိုဝှက်ထားလို့မှမရတာ အချစ်ဆုံးရယ် လက်ခံရမှာဘဲ ပြောမှကိုဖြစ်မှာလေ"
"အင်းနော် ဖေဖေလည်းခုဆိုကောင်းကင်ပေါ်ရောက်နေလောက်ပြီပေါ့"
"အင်း အချစ်ဆုံးနဲ့အချစ်ဆုံးမေမေကိုအမြဲစောင့်ရှောက်ပေးနေမှာ "
"ကလေးလေးကိုကောချစ်မယ်ထင်လားဟင်"
"သူ့မြေးလေးဘဲ ချစ်တာပေါ့ အချစ်ဆုံးရ"
"အင်းပါ"
ရင်ခွင်ထဲကိုခေါင်းလေးပြန်လှဲချလိုက်ပြီး အကျီစတွေကိုလက်လေးနဲ့ဆွဲလာကာ
"မောင် အခုထယ့်ပုံစံက မောင့်မျက်လုံးထဲမှာအရမ်းအားနည်းနေလားဟင် "
"ဘာလို့လဲထယ်ရဲ့"
"ကိုယ်ဝန်ကြောင့်လေ"
"မဟုတ်တာကွာ မောင်တို့ရင်သွေးလေးကိုလွယ်ထားပေးတဲ့အချစ်ဆုံးက ကမ္ဘာပေါ်မှာအရဲရင့်ဆုံးဘဲ "
"မောင့်ထက်တောင်လား"
"ဒါပေါ့မောင့်ရဲ့သတ္တိတွေကအချစ်ဆုံးနဲ့ယှဉ်ရင်ဟိုးအောက်မှာ"
အချစ်ဆုံးလေးက သဘောကျလို့နဲ့တူပါရဲ့ ရင်ခွင်ထဲမှာတစ် ခစ်ခစ်နဲ့ရီပါလေရော
"အခန်းထဲပြန်ဝင်ရအောင် အချစ်ဆုံးမေမေ့ကိုအမှန်တိုင်းပြောဖို့အချိန်ရောက်ပြီလို့ မောင်ထင်တယ်"
"အင်း မောင်"
မောင့်ရဲ့လက်မောင်းကိုချိတ်တွဲလိုက်ရင်းသာ ရှိသမျှအားတွေတင်းထားပြီး ဒီစကားကိုပြောရင် မေမေ့ရှေ့မငိုမိဖို့ကိုယ့်ဘာကိုယ်သာ စိတ်ထဲတွင်ကတိတွေအထပ်ထပ်ပေးနေမ်ိတယ်။
"သား ထယ်လေး"
ကုတင်ပေါ်က မေမေက အသံဖျော့ဖျော့လေးနဲ့ခေါ်လာပါလေရော
"မေမေ"
"သားဖေဖေဆီလိုက်ပို့ပေးမလို့လား"
နှုတ်ခမ်းပါးကရုတ်တရက်ဆွံ့အသွားမိပြန်ပြီ ဒီလောက်ပြင်ဆင်ထားပြီးတာတောင် ပြောမထွက်ခဲ့ဘူး။ မျက်ရည်တွေကိုထိန်းရင်း ခေါင်းလေးသာ ငြိမ့်ပြခဲ့ရတယ်။
"ဒါဆိုသွားမယ်လေ သား မေမေ့ကိုခေါ်သွားပေး တွေ့ချင်လှပြီ"
"မောင် မောင်ခေါ်သွားပေးလိုက်နော် ထယ်နေခဲ့မယ် ဒီမှာဘဲ"
အချစ်ဆုံးရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေနဲ့ပြည့်နေတာကိုသတိထားမိတာကြောင့် အလိုက်တသိနဲ့မောင်က ထောက်ခံပေးသည်။
"အော် ချစ်ဆုံး ဟုတ်တယ် ပင်ပန်းနေရောပေါ့ အိပ်လိုက်အုန်းနော် မောင် မေမေ့ကိုလိုက်ပို့ပေးလိုက်မယ်"
"ထယ်လေးကမလိုက်ဘူးလား ဖေဖေ့ကိုသွားနှုတ်ဆက်ကြမယ်လေ"
"သားကမနက်ကတင် စကားပြောခဲ့ပြီးပြီ မေမေဘဲသွားလိုက်တော့နော်"
"အင်းအင်း သားလေး"
မေမေတစ်ယောက် သူ့ရှေ့မှာတင် အသက်မရှိတော့တဲ့
ဖေဖေ့ကိုအခုချိန်ထိ လက်မခံနိုင်သေး။
ထယ့်မေမေကို လက်တွဲလိုက်ရင်းသာအခန်းထဲကခေါ်ထုတ်လာပြီး ရင်ခွဲရုံကိုခေါ်လာတော့
"ဂျွန် သားလေး ဘယ်ကိုခေါ်လာတာလဲ ဒါရင်ခွဲရုံကြီးလေ"
အဆောင်ရှေ့ကဆိုင်းဘုတ်ကိုမြင်တော့ အသံတုန်တုန်နဲ့အန်တီကပြောလာတယ်
"ဟုတ်တယ်လေ အန်တီ"
"ဟာ ဘာလို့ဒီကိုခေါ်လာတာလဲ ဖေကြီးက ဒီမှာဘာလို့ရှိရမှာလဲ"
"အန်တီစိတ်အေးအေးထားပြီး သားနောက်လိုက်ခဲ့နော်"
တုန်လှုပ်နေပေမဲ့ ဂျွန်ခေါ်ဆောင်ရာနောက်ကိုလိုက်လာခဲ့ရှာတယ်။
အဝတ်စဖြူတွေနဲ့အုပ်ထားတဲ့ကုတင်တွေတန်းစီထားရာ
နေရာ။
ထယ့်မေမေလက်ကို ကိုင်လိုက်ရင်း အန်ကယ်ရှိရာကို
ခေါ်လာပေးတော့။ ဆေးပိုက်တန်းလန်းနဲ့အန်တီက
အဝတ်စဖြူကိုတောင်မဖယ်နိုင်တော့ဘဲအပေါ်ကနေပွေ့ဖက်ကာငိုပါလေရော။
"ကို... ဒီလိုနာမ်စားလေးတောင်မခေါ်ဖြစ်တော့တာ ကြာပြီနော် အသက်အရွယ်တွေရလာတဲ့အချိန်ထဲကပေါ့ ကို လို့ခေါ်ရင် သိပ်သဘောကျတာမလား အခုတော့ မကြားနိုင်တော့ဘူးပေါ့ အသိမပေးဘဲထွက်သွားတယ်နော် ဆုတောင်းတွေပြည့်ခဲ့တာပေါ့ အရင်ဆုံးထွက်သွားချင်တဲ့သူက ကိုဖြစ်ချင်တယ်ဆိုပြီး အမြဲပြောဖူးတယ်မလား"
အော် ချစ်ခြင်းမေတ္တာတွေ ကြီးမားလိုက်တာ...
ရှိုက်ကြီးတငင်ငင်နဲ့ငိုနေတာကြောင့် ထပ်ပြီးအားနည်းကာမူးလဲမှာစိုးလို့ ဂျွန်က ဝင်တားရသည်။
"အန်တီ အရမ်းမငိုနဲ့နော် အန်ကယ််က အန်တီငိုနေတာမြင်ရင် သူလည်းဘယ်စိတ်ကောင်းမှာလဲ အန်တီရဲ့ မငိုနဲ့တော့နော်"
"ဟုတ်တယ်နော် အန်တီငိုရင်လေ သူကသိပ်စိတ်မကောင်းဖြစ်တက်တာသိလား အန်တီငိုပြီဆို အမြဲဆူတယ်"
မျက်ရည်တွေကြားထဲကနေ အပြုံးတွေနဲ့အန်တီကစကားပြောလာတော့ ဂျွန်ပါ မျက်ရည်တွေဝဲတက်လာရတယ်။
"အန်တီ အန်ကယ့်အတွက်ဘယ်လိုစီစဉ်ပေးချင်လဲ"
"သားအဆင်ပြေသလိုသာလုပ်ပေးပါ"
"ဟုတ်ပြီ အန်တီ နှုတ်ဆက်ချင်သေးလား "
"ဟင့်အင်း သား သွားကြရအောင်"
ဘယ်လောက်တောင်နာကျင်နေလဲဆိုတာ အဝတ်ဖြူစလေးက်ိုဖယ်ပြီး မျက်နှာလေးကိုတောင်မကြည့်နိုင်တော့တဲ့အထိ။ ချစ်ရသူကိုဆုံးရှုံးရတဲ့ ဒီလိုခံစားချက်ကြီး။ ဂျွန့်မှာလည်းချစ်ရတဲ့ အချစ်ဆုံးလေးရှိတာကြောင့် ဒီလိုခံစားချက်မျိုးကိုအများကြီးကိုယ်ချင်းစာမိတယ်။ တစ်နှစ်လောက်ဝေးခဲ့ရတာတောင် သေလောက်အောင်နာကျင်ခဲ့ရတာမလား။
ထွက်သွားတာသိပ်တောင်မကြာဘဲ အခန်းထဲကိုပြန်ဝင်လာတဲ့ မေမေနဲ့ဂျွန်ကြောင့် ထယ်ယောင်းအံ့ဩသွားရသည်။
"မေမေ"
မေမေ့ငိုထားတာမျက်လုံးလေးတွေတောင်ရဲနေလို့
"အဆင်ပြေတယ်သားလေး "
"မေမေ အဆင်မပြေရင် ငိုချလိုက်နော် သားရှိတယ်"
"ဖြစ်ပြီးသွားမှ မေမေဘာတက်နိုင်မှာလဲ သားလေးရယ်
မေမေငိုလိုက်လို့ ဖေဖေကအသက်ပြန်ရှင်လာမှာမှမဟုတ်တာ"
အားတင်းပြီး ပြုံးပြနေတဲ့မေမေ့ရဲ့အပြုံးတွေက သိပ်ကိုဟန်ဆောင်ကောင်းလွန်းသည်။ နှစ်၆၀လောက်တူတူ ဘေးမှာရှိခဲ့တဲ့ ဖေဖေ့ကိုဆုံးရှုံးလိုက်ရတာ ဒီလောက်နဲ့တော့ဘယ်ကျော်ဖြတ်နိုင်မလဲ ရင်ထဲတစ်နုတ်နုတ်နဲ့ နာကျင်နေရမှာ အမှန်ဘဲ။
"မေမေ ဆေးရုံဆင်းလို့ရပြီတဲ့ မေမေဘယ်သွားချင်လဲ
သားကိုပြော "
"သား မေမေ့လေ အခုနေနေတဲ့ နယ်မြို့လေးရဲ့အစွန်မှာရိပ်သာလေးရှိတယ် တော်တော်အေးချမ်းတယ် မေမေသားတို့နဲ့မလိုက်တော့ဘူးနော် ဖေကြီးရဲ့ အရိုးပြာအိုးကိုယူသွားပြီး အဲ့မှာဘဲနေတော့မယ် ကျန်ရှိတဲ့သက်တမ်းကိုကုသိုလ်တွေယူသွားရအုန်းမယ်လေ ဖေကြီးအတွက်လည်းကုသိုလ်တွေလုပ်ပေးရအုန်းမယ် ဒါမှနောက်ဘဝ မေမေတို့ပြန်ဆုံရမှာပေါ့"
"မေမေရယ်"
မေမေ့စကားတွေကြောင့် ဘယ်လိုမှတင်းမခံနိုင်တော့တာကြောင့် မေမေ့ကိုဖက်ပြီးတော့သာ ငိုမိတယ်။
"မငိုနဲ့ တိတ် တိတ် ဖြစ်ပြီးပျက်မှာသဘာဝဘဲကို"
ထယ့်ကိုမျက်ရည်တွေသုတ်ပေးပြီး ဗိုက်လေးပေါ်လက်ဖဝါးလေးအုပ်မိုးလိုက်ကာ
"မြေးလေးကိုလည်းကျန်းကျန်းမာမာနဲ့မွေးနော် မြေးလေးကိုမွေးပြီးရင် လာတွေ့လှည့် ဟုတ်ပြီလား"
မျက်ရည်တွေနဲ့သားအမိိနှစ်ယောက်ကိုကြည့်ရင်း ဂျွန်လည်းကောင်းကင်ကိုမော့ကြည့်မိတယ်။
*မာမားလည်းသားကို ကောင်းကင်ကနေစောင့်ကြည့်နေမှာပေါ့နော်*
.
.
.
ရိပ်သာကအဆင်သင့်ဆောက်ထားပေမဲ့ တစ်ဇွတ်ထိုး ဂျွန်ကမေမေ့အတွက် အဆောင်သစ်တစ်ခုကိုဆေးရုံကဆင်းဆင်းချင်းနောက်နေ့ပင် ဆောက်ပေးသည်။
အရိုးပြာအိုးလေးကို လက်မှာပိုက်ထားရင်း မေမေက
ဂျွန်ဆောက်ပေးထားတဲ့အဆောင်ကိုတွေ့တော့
"သား ဂျွန်ရယ် မလိုပါဘူးကွယ် ရှိတဲ့အဆောင်မှာနေလို့ရပါတယ် အခုဟာကအရမ်းကြီးမနေလွန်းဘူးလား"
"မဟုတ်တာ ဒါလေးကမပြောပလောက်ပါဘူး အန်တီ
ဒါကြောင့် သက်တောင့်သက်သာနဲ့နေပါ အစားအသောက်အတွက်လည်း ကျွန်တော်အကုန်စီစဉ်ပေးထားတယ်နော်အန်တီ"
"ကျေးဇူးအများကြီးတင်ပါတယ်သားရယ်"
"မေမေ ပျင်းရင် ထယ်တို့လာခဲ့မယ်နော် အချိန်တိုင်းရှိတယ်"
"အင်းပါ သားဖေဖေလည်းရှိတော့ မေမေပျင်းရမှာမဟုတ်ပါဘူး"
အရိုးပြာအိုးလေးကို ပိုက်ရင်း မျက်ရည်တွေဝဲကာစကားဆိုလာပြန်တယ်။ ထပ်ပြီးစိတ်မကောင်းမဖြစ်စေမိအောင်စကားကိုချက်ချင်းပင်လွှဲလိုက်ရသည်။
"မေမေ ထယ်တို့ပြန်တော့မယ်နော် မိုးလည်းချုပ်တော့မယ်ဆိုတော့"
"ကောင်းပြီ ကောင်းပြီ သား ဂျွန်အပေါ်ကိုလည်းအရမ်းမဆိုးနဲ့အုန်းနော် ဟုတ်ပြီလား"
"အင်းပါ မေမေရဲ့"
မေမေ့ရဲ့ပါးပြင်တွေကိုနမ်းရှိုက်လိုက်ရင်းသာ နှုတ်ဆက်ခဲ့ရတော့တယ်။ ဒီလိုလေးနေချင်တာက မေမေ့ရဲ့ဆန္ဒမို့လို့အပြည့်အဝ ပျော်မယ်ဆိုတာ ယုံကြည်တယ်။
.
.
.
အပြန်လမ်းမှာ ဂျွန်က သူ့အိမ်ကိုခေါ်လာတယ်။ ကျွန်တော့်အိမ်ကိုသာ သူလာနေပေမဲ့ သူ့အိမ်ကိုအခုထိမရောက်ဖူးသေးတာအမှန်ပင်။ သူဝယ်ပေးထားတဲ့စံအိမ်ကြီးနဲ့ ကျွန်တော့်အိမ်မှာဘဲ ဟိုတစ်လှည့် ဒီတစ်လှည့်နေဖြစ်ပေမဲ့အခုချ်ိန်ထိ ဂျွန့်ရဲ့အိမ်ကိုတော့မရောက်ဖူးသေး။
အရမ်းကိုကြီးကျယ်ခမ်းနားမယ်ထင်ခဲ့ပေမဲ့ အိမ်လေးကတိုက်အိမ်ကိုမှအထပ်နှစ်ထပ်သာရှိသည်။ ရိုးရိုးရှင်းရှင်းတွေကိုဘဲကြိုက်တက်တဲ့ဂျွန်ကြောင့် ဒါဟာ ထယ့်အတွက်တော့အထူးအဆန်းမဟုတ်ပေ။
အိမ်တံခါးဖွင့်ပြီးဝင်လိုက်တာနဲ့ နှာခေါင်းထဲသို့ တိုးဝင်လာတဲ့ လာဗင်ဒါ ပန်းအနံ့ သင်းသင်းလေးတွေ။
"မွှေးလိုက်တာ"
နှစ်သက်လွန်းတဲ့ရနံ့ဖြစ်တာကြောင့်မျက်လုံးလေးမှိတ်ပြီးအနံ့လေးတော်တော်ကြာတဲ့အထိ ခံစားမိနေတယ်။
ရုတ်တရက်ခါးကိုတင်းတင်းကျပ်ကျပ်ဖက်လာတဲ့လက်တစ်စုံ။ သိပ်ကိုနွေးထွေးတဲ့ လက်တစ်စုံ။
"သဘောကျလား အချစ်ဆုံး"
"အွန်း မောင်"
"အချစ်ဆုံး ဒီအနံ့လေးကြိုက်တယ်ဆိုလို့ ကိုယ်စီစဉ်ထားတာ"
"မောင်က အရမ်းတော်တာဘဲ အနံ့လေးကြောင့် ခေါင်း
တွေတောင်ရှင်းသွားတယ်"
"မောင့်အချစ်ဆုံးရဲ့ ကိုယ်သင်းနံ့လေးကိုတော့ မမှီပါဘူးကွာ"
လည်ပင်းကိုလာနမ်းရှိုက်ပြီး ပြောလာပါလေရဲ့
"မောင် လာမနမ်းနဲ့ ချွေးတွေနဲ့ကို"
"နမ်းမှာဘဲ မောင့်အချစ်ဆုံးရဲ့ ကိုယ့်သင်းနံ့လေးကတကယ့်ကိုမောင်အကြိုက်ဆုံးဘဲသိလား"
"ပိုမွှေးအောင် ရေသွားချိုးလိုက်အုန်းမယ်လေနော် မောင်"
"အွန်း တူတူချိုးမယ် မောင်လည်းချိုးမယ်လေ "
"ဟာ မချိုးပါဘူး ရှက်စရာကြီး"
"ဘာကိုရှက်တာလဲအချစ်ဆုံးရဲ့"
"ထယ်ကအခု ကိုယ်ဝန်နဲ့လေ"
ဗိုက်ကဖြင့် ထွက်တောင်မထွက်သေးတာကိုပါးမို့လေးတွေနီရဲကာရှက်နေတဲ့အချစ်ဆုံးကြောင့် အသည်းတွေယားမိတာအမှန်ဘဲ ဆွဲသာကိုက်လိုက်ချင်တော့တယ်။
"လာပါ အချစ်ဆုံးရဲ့"
ရေချိုးခန်းကအပေါ်ထပ်မှာရှိတာကြောင့် ဗိုက်ကြီး
သည်လေးကိုလှေကားဖြေးဖြေးတက်ခိုင်းရတယ်။ သူကကလေးလေးသာ လွယ်ထားတာ တစ်နေရာနဲ့တစ်နေရာကို ရွှီးခနဲ ရောက်ရောက်သွားတက်တာကြောင့် ကျွန်တော့်မှာမျက်စိဒေါက်ထောက်ကြည့်နေရသည်။
ရေနွေးနွေးလေးတွေကို ရေဇလုံအပြည့်ဖြည့်လိုက်ပြီး
ဆပ်ပြာမြုန့်လေးတွေ တက်လာတဲ့အထိ ဆပ်ပြာရည်တွေလောင်းထည့်လိုက်တယ်။
ဂျွန်ကအရင်ဝင်ပြီး လှမ်းခေါ်တယ်။
"လာတော့ အချစ်ဆုံး"
ဘောင်းဘီအတိုလေးနဲ့အချစ်ဆုံးက ရေချိုးခန်းထဲ
လှုပ်စိ လှုပ်စိနဲ့ ဝင်လာပါလေရဲ့။
"မချွတ်ဘူးလား"
"ချွတ်မယ် အရင်ရေချိုးကန်ထဲဝင်လိုက်အုန်းမယ် ပြီးမှချွတ်မယ်"
ရင်သွေးလေးရှိပြီးနောက်ပိုင်းမှ အရှက်တွေပိုပိုကြီးလာတဲ့ကျွန်တော့်ရဲ့အချစ်ဆုံးလေး။
ဂျွန်ရဲ့ရင်ခွင်ထဲမှာ ကျောပေးထားတဲ့အနေအထားနဲ့ နှစ်မြုပ်နေတဲ့ ထယ်ယောင်းက ရင်ခွင်ကျယ်ကျယ်ထဲကို တိုးဝင်လိုက်ပြီးမျက်လုံးအစုံမှိတ်ထားကာ မှီနေမိတော့တယ်။
အနောက်ကနေ လက်တစ်စုံကခါးလေးကို လာ
ဖက်လာပြီးဗိုက်လေးကို လာပွတ်နေလေရဲ့။
"ချစ်ဆုံး"
"အွန်း"
"အဖြစ်အပျက်တွေကမြန်ဆန်လိုက်တာနော် မောင်ကတော့ထယ့်ဖေဖေမောင့်ကိုခွင့်လွှတ်မယ်လို့မျှော်လင့်တယ်"
"ခွင့်လွှတ်မှာပါမောင်ရဲ့ ဖေဖေက အကြာကြီးစိတ်မဆိုးတက်ပါဘူး"
"အင်းပါ"
ပခုံးသားဖြူဖြူလေးတွေကိုလာကိုက်တဲ့မောင်ကြောင့်
"အာ့ နာတယ် မောင်ရဲ့"
"ချစ်ဆုံးရဲ့အသားအိအိလေးတွေကို မကိုက်ရတာကြာပြီလေ မောင်ဘယ်လောက်တောင်လွမ်းနေရလဲ"
"ပိုပြီ မောင်ဟာအရမ်းပိုတယ်"
"ချစ်လွန်းလို့ပေါ့ အဲ့တာမောင့်အချစ်ဆုံးလေးကို မောင်ကသိပ်ချစ်လွန်းလို့ပေါ့"
ပြောပြီး ပါးတွေကိုလည်းတစ်ရှုံ့ရှုံ့လာနမ်းသေးသည်။
အညောင်းတွေပြေလောက်တဲ့အထိ ရေစိမ်ပြီးတော့
ရေချိုးဝတ်စုံကိုယ်စီနဲ့ ရေချိုးခန်းထဲမှထွက်လာပြီး
ဂျွန့်အခန်းထဲရောက်တော့
"အချစ်ဆုံး ခဏလေးနော် မောင်ပြန်လာမယ်"
ရုတ်တရက် အခန်းပြင်ထွက်သွားတဲ့မောင့်ကို ကုတင်ပေါ်ကနေခေါင်းသုတ်နေရင်းသာ စောင့်နေလိုက်တယ်။
လက်အနောက်ပစ်ပြီး အခန်းထဲပြန်ဝင်လာတဲ့ မောင့်မျက်နှာထားတွေက တည်နေတယ်။ မျက်နှာတည်နေတာကြောင့်စိတ်ပူမိပေမဲ့ သူရှေ့ကို ရုတ်တရက် မောင်ကဒူးထောက်ချလာတော့
"ဟင်"
အနောက်ပစ်ထားတဲ့လက်တစ်စုံကိုရှေ့ကိုထုတ်လိုက်တော့လက်ထဲမှာ ကတ္တီပါဗူး အနီရောင်လေးနဲ့။
"အချစ်ဆုံး မောင်တောင်းပန်ပါတယ် "
"ဘာလို့လဲဟင်"
"အခုမှလက်ထပ်ခွင့်တောင်းမိလို့ မောင့်ကိုလက်ထပ်နိုင်မလား"
"မောင်ရယ်"
မောင့်လည်ပင်းတွေကိုသိုင်းဖက်လိုက်ပြီးသာ ကြည်နူး
မျက်ရည်တွေ စိုစွတ်ရပါတယ်။
"ဒီမှာလေ လက်စွပ်ရှိပြီးသားကိုမောင်ကလည်း"
အချစ်ဆုံးက လက်ကလေးကိုထောင်ပြတော့ ဒါသူနဲ့
Shopping တူတူသွားတုန်းက ဝယ်ပေးထားတဲ့လက်စွပ်လေးပင်။
"အဲ့တာက ချစ်သူဖြစ်တုန်းကလေ အခုကပိုလေးနက်တယ်အချစ်ဆုံးရဲ့"
စကားကို အမျိုးမျိုးနဲ့ကြွေအောင်ပြောတက်တဲ့
မောင့်ကို တကယ်ဘဲ သူလိုက်မမှီတော့တာအမှန်ပင်။
"ဟုတ်ပါပြီ လက်ခံပါတယ်ဗျ ကျွန်တော်ထယ်ယောင်းကအခုဒီက ဂျောင်ကုဆိုတဲ့ကောင်လေးတောင်းဆိုတဲ့
လက်ထပ်ခွင့်ကို ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်ဗျ"
ရင်သွေးလေးရပြီးမှ လက်ထပ်ခွင့်တောင်းတယ်ဆိုတာသူများအမြင်မှာတော့ ထူးဆန်းချင်ရင်ထူးဆန်းနေလိမ့်မယ်။
ဒါပေမဲ့ လက်ထပ်ခွင့်တောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ ကျွန်တော်က အစထဲကသူ့ရဲ့အပိုင်
ဖြစ်နေခဲ့တာဘဲမဟုတ်လား....
—————————————————————————
#အိပ်ကုန်ကြပြီလားရှင့် အခုတစ်လော ညသန်းခေါင်တွေဘဲ ထထupမိနေတာ 💜 ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်
{Zawgyi}
"ေမာင္"
ရင္ခြင္ထဲက ကြၽန္ေတာ့္အခ်စ္ဆုံးေလးကအသံပိစိေလးနဲ႔ေခါင္းေလးေထာင္ကာေခၚလာေလရဲ႕
"ဗ်႕ "
"ေမေမ့ကိုဘယ္လိုမွေျပာမထြက္ဘူး"
"ဒီကိစၥကလွ်ိဳဝွက္ထားလို႔မွမရတာ အခ်စ္ဆုံးရယ္ လက္ခံရမွာဘဲ ေျပာမွကိုျဖစ္မွာေလ"
"အင္းေနာ္ ေဖေဖလည္းခုဆိုေကာင္းကင္ေပၚေရာက္ေနေလာက္ၿပီေပါ့"
"အင္း အခ်စ္ဆုံးနဲ႔အခ်စ္ဆုံးေမေမကိုအၿမဲေစာင့္ေရွာက္ေပးေနမွာ "
"ကေလးေလးကိုေကာခ်စ္မယ္ထင္လားဟင္"
"သူ႔ေျမးေလးဘဲ ခ်စ္တာေပါ့ အခ်စ္ဆုံးရ"
"အင္းပါ"
ရင္ခြင္ထဲကိုေခါင္းေလးျပန္လွဲခ်လိုက္ၿပီး အက်ီစေတြကိုလက္ေလးနဲ႔ဆြဲလာကာ
"ေမာင္ အခုထယ့္ပုံစံက ေမာင့္မ်က္လုံးထဲမွာအရမ္းအားနည္းေနလားဟင္ "
"ဘာလို႔လဲထယ္ရဲ႕"
"ကိုယ္ဝန္ေၾကာင့္ေလ"
"မဟုတ္တာကြာ ေမာင္တို႔ရင္ေသြးေလးကိုလြယ္ထားေပးတဲ့အခ်စ္ဆုံးက ကမာၻေပၚမွာအရဲရင့္ဆုံးဘဲ "
"ေမာင့္ထက္ေတာင္လား"
"ဒါေပါ့ေမာင့္ရဲ႕သတၱိေတြကအခ်စ္ဆုံးနဲ႔ယွဥ္ရင္ဟိုးေအာက္မွာ"
အခ်စ္ဆုံးေလးက သေဘာက်လို႔နဲ႔တူပါရဲ႕ ရင္ခြင္ထဲမွာတစ္ ခစ္ခစ္နဲ႔ရီပါေလေရာ
"အခန္းထဲျပန္ဝင္ရေအာင္ အခ်စ္ဆုံးေမေမ့ကိုအမွန္တိုင္းေျပာဖို႔အခ်ိန္ေရာက္ၿပီလို႔ ေမာင္ထင္တယ္"
"အင္း ေမာင္"
ေမာင့္ရဲ႕လက္ေမာင္းကိုခ်ိတ္တြဲလိုက္ရင္းသာ ရွိသမွ်အားေတြတင္းထားၿပီး ဒီစကားကိုေျပာရင္ ေမေမ့ေရွ႕မငိုမိဖို႔ကိုယ့္ဘာကိုယ္သာ စိတ္ထဲတြင္ကတိေတြအထပ္ထပ္ေပးေနမ္ိတယ္။
"သား ထယ္ေလး"
ကုတင္ေပၚက ေမေမက အသံေဖ်ာ့ေဖ်ာ့ေလးနဲ႔ေခၚလာပါေလေရာ
"ေမေမ"
"သားေဖေဖဆီလိုက္ပို႔ေပးမလို႔လား"
ႏႈတ္ခမ္းပါးက႐ုတ္တရက္ဆြံ႕အသြားမိျပန္ၿပီ ဒီေလာက္ျပင္ဆင္ထားၿပီးတာေတာင္ ေျပာမထြက္ခဲ့ဘူး။ မ်က္ရည္ေတြကိုထိန္းရင္း ေခါင္းေလးသာ ၿငိမ့္ျပခဲ့ရတယ္။
"ဒါဆိုသြားမယ္ေလ သား ေမေမ့ကိုေခၚသြားေပး ေတြ႕ခ်င္လွၿပီ"
"ေမာင္ ေမာင္ေခၚသြားေပးလိုက္ေနာ္ ထယ္ေနခဲ့မယ္ ဒီမွာဘဲ"
အခ်စ္ဆုံးရဲ႕မ်က္ဝန္းေတြမွာ မ်က္ရည္ေတြနဲ႔ျပည့္ေနတာကိုသတိထားမိတာေၾကာင့္ အလိုက္တသိနဲ႔ေမာင္က ေထာက္ခံေပးသည္။
"ေအာ္ ခ်စ္ဆုံး ဟုတ္တယ္ ပင္ပန္းေနေရာေပါ့ အိပ္လိုက္အုန္းေနာ္ ေမာင္ ေမေမ့ကိုလိုက္ပို႔ေပးလိုက္မယ္"
"ထယ္ေလးကမလိုက္ဘူးလား ေဖေဖ့ကိုသြားႏႈတ္ဆက္ၾကမယ္ေလ"
"သားကမနက္ကတင္ စကားေျပာခဲ့ၿပီးၿပီ ေမေမဘဲသြားလိုက္ေတာ့ေနာ္"
"အင္းအင္း သားေလး"
ေမေမတစ္ေယာက္ သူ႔ေရွ႕မွာတင္ အသက္မရွိေတာ့တဲ့ေဖေဖ့ကိုအခုခ်ိန္ထိ လက္မခံႏိုင္ေသး။
ထယ့္ေမေမကို လက္တြဲလိုက္ရင္းသာအခန္းထဲကေခၚထုတ္လာၿပီး ရင္ခြဲ႐ုံကိုေခၚလာေတာ့
"ဂြၽန္ သားေလး ဘယ္ကိုေခၚလာတာလဲ ဒါရင္ခြဲ႐ုံႀကီးေလ"
အေဆာင္ေရွ႕ကဆိုင္းဘုတ္ကိုျမင္ေတာ့ အသံတုန္တုန္နဲ႔အန္တီကေျပာလာတယ္
"ဟုတ္တယ္ေလ အန္တီ"
"ဟာ ဘာလို႔ဒီကိုေခၚလာတာလဲ ေဖႀကီးက ဒီမွာဘာလို႔ရွိရမွာလဲ"
"အန္တီစိတ္ေအးေအးထားၿပီး သားေနာက္လိုက္ခဲ့ေနာ္"
တုန္လႈပ္ေနေပမဲ့ ဂြၽန္ေခၚေဆာင္ရာေနာက္ကိုလိုက္လာခဲ့ရွာတယ္။
အဝတ္စျဖဴေတြနဲ႔အုပ္ထားတဲ့ကုတင္ေတြတန္းစီထားရာ
ေနရာ။
ထယ့္ေမေမလက္ကို ကိုင္လိုက္ရင္း အန္ကယ္ရွိရာကို
ေခၚလာေပးေတာ့။ ေဆးပိုက္တန္းလန္းနဲ႔အန္တီကအဝတ္စျဖဴကိုေတာင္မဖယ္ႏိုင္ေတာ့ဘဲအေပၚကေနေပြ႕ဖက္ကာငိုပါေလေရာ။
"ကို... ဒီလိုနာမ္စားေလးေတာင္မေခၚျဖစ္ေတာ့တာ ၾကာၿပီေနာ္ အသက္အ႐ြယ္ေတြရလာတဲ့အခ်ိန္ထဲကေပါ့ ကို လို႔ေခၚရင္ သိပ္သေဘာက်တာမလား အခုေတာ့ မၾကားႏိုင္ေတာ့ဘူးေပါ့ အသိမေပးဘဲထြက္သြားတယ္ေနာ္ ဆုေတာင္းေတြျပည့္ခဲ့တာေပါ့ အရင္ဆုံးထြက္သြားခ်င္တဲ့သူက ကိုျဖစ္ခ်င္တယ္ဆိုၿပီး အၿမဲေျပာဖူးတယ္မလား"
ေအာ္ ခ်စ္ျခင္းေမတၱာေတြ ႀကီးမားလိုက္တာ...
ရႈိက္ႀကီးတငင္ငင္နဲ႔ငိုေနတာေၾကာင့္ ထပ္ၿပီးအားနည္းကာမူးလဲမွာစိုးလို႔ ဂြၽန္က ဝင္တားရသည္။
"အန္တီ အရမ္းမငိုနဲ႔ေနာ္ အန္ကယ္္က အန္တီငိုေနတာျမင္ရင္ သူလည္းဘယ္စိတ္ေကာင္းမွာလဲ အန္တီရဲ႕ မငိုနဲ႔ေတာ့ေနာ္"
"ဟုတ္တယ္ေနာ္ အန္တီငိုရင္ေလ သူကသိပ္စိတ္မေကာင္းျဖစ္တက္တာသိလား အန္တီငိုၿပီဆို အၿမဲဆူတယ္"
မ်က္ရည္ေတြၾကားထဲကေန အၿပဳံးေတြနဲ႔အန္တီကစကားေျပာလာေတာ့ ဂြၽန္ပါ မ်က္ရည္ေတြဝဲတက္လာရတယ္။
"အန္တီ အန္ကယ့္အတြက္ဘယ္လိုစီစဥ္ေပးခ်င္လဲ"
"သားအဆင္ေျပသလိုသာလုပ္ေပးပါ"
"ဟုတ္ၿပီ အန္တီ ႏႈတ္ဆက္ခ်င္ေသးလား "
"ဟင့္အင္း သား သြားၾကရေအာင္"
ဘယ္ေလာက္ေတာင္နာက်င္ေနလဲဆိုတာ အဝတ္ျဖဴစေလးက္ိုဖယ္ၿပီး မ်က္ႏွာေလးကိုေတာင္မၾကည့္ႏိုင္ေတာ့တဲ့အထိ။ ခ်စ္ရသူကိုဆုံးရႈံးရတဲ့ ဒီလိုခံစားခ်က္ႀကီး။ ဂြၽန္႔မွာလည္းခ်စ္ရတဲ့ အခ်စ္ဆုံးေလးရွိတာေၾကာင့္ ဒီလိုခံစားခ်က္မ်ိဳးကိုအမ်ားႀကီးကိုယ္ခ်င္းစာမိတယ္။ တစ္ႏွစ္ေလာက္ေဝးခဲ့ရတာေတာင္ ေသေလာက္ေအာင္နာက်င္ခဲ့ရတာမလား။
ထြက္သြားတာသိပ္ေတာင္မၾကာဘဲ အခန္းထဲကိုျပန္ဝင္လာတဲ့ ေမေမနဲ႔ဂြၽန္ေၾကာင့္ ထယ္ေယာင္းအံ့ဩသြားရသည္။
"ေမေမ"
ေမေမ့ငိုထားတာမ်က္လုံးေလးေတြေတာင္ရဲေနလို႔
"အဆင္ေျပတယ္သားေလး "
"ေမေမ အဆင္မေျပရင္ ငိုခ်လိုက္ေနာ္ သားရွိတယ္"
"ျဖစ္ၿပီးသြားမွ ေမေမဘာတက္ႏိုင္မွာလဲ သားေလးရယ္ ေမေမငိုလိုက္လို႔ ေဖေဖကအသက္ျပန္ရွင္လာမွာမွမဟုတ္တာ"
အားတင္းၿပီး ၿပဳံးျပေနတဲ့ေမေမ့ရဲ႕အၿပဳံးေတြက သိပ္ကိုဟန္ေဆာင္ေကာင္းလြန္းသည္။ ႏွစ္၆၀ေလာက္တူတူ ေဘးမွာရွိခဲ့တဲ့ ေဖေဖ့ကိုဆုံးရႈံးလိုက္ရတာ ဒီေလာက္နဲ႔ေတာ့ဘယ္ေက်ာ္ျဖတ္ႏိုင္မလဲ ရင္ထဲတစ္ႏုတ္ႏုတ္နဲ႔ နာက်င္ေနရမွာ အမွန္ဘဲ။
"ေမေမ ေဆး႐ုံဆင္းလို႔ရၿပီတဲ့ ေမေမဘယ္သြားခ်င္လဲ သားကိုေျပာ "
"သား ေမေမ့ေလ အခုေနေနတဲ့ နယ္ၿမိဳ႕ေလးရဲ႕အစြန္မွာရိပ္သာေလးရွိတယ္ ေတာ္ေတာ္ေအးခ်မ္းတယ္ ေမေမသားတို႔နဲ႔မလိုက္ေတာ့ဘူးေနာ္ ေဖႀကီးရဲ႕ အ႐ိုးျပာအိုးကိုယူသြားၿပီး အဲ့မွာဘဲေနေတာ့မယ္ က်န္ရွိတဲ့သက္တမ္းကိုကုသိုလ္ေတြယူသြားရအုန္းမယ္ေလ ေဖႀကီးအတြက္လည္းကုသိုလ္ေတြလုပ္ေပးရအုန္းမယ္ ဒါမွေနာက္ဘဝ ေမေမတို႔ျပန္ဆုံရမွာေပါ့"
"ေမေမရယ္"
ေမေမ့စကားေတြေၾကာင့္ ဘယ္လိုမွတင္းမခံႏိုင္ေတာ့တာေၾကာင့္ ေမေမ့ကိုဖက္ၿပီးေတာ့သာ ငိုမိတယ္။
"မငိုနဲ႔ တိတ္ တိတ္ ျဖစ္ၿပီးပ်က္မွာသဘာဝဘဲကို"
ထယ့္ကိုမ်က္ရည္ေတြသုတ္ေပးၿပီး ဗိုက္ေလးေပၚလက္ဖဝါးေလးအုပ္မိုးလိုက္ကာ
"ေျမးေလးကိုလည္းက်န္းက်န္းမာမာနဲ႔ေမြးေနာ္ ေျမးေလးကိုေမြးၿပီးရင္ လာေတြ႕လွည့္ ဟုတ္ၿပီလား"
မ်က္ရည္ေတြနဲ႔သားအမိိႏွစ္ေယာက္ကိုၾကည့္ရင္း ဂြၽန္လည္းေကာင္းကင္ကိုေမာ့ၾကည့္မိတယ္။
*မာမားလည္းသားကို ေကာင္းကင္ကေနေစာင့္ၾကည့္ေနမွာေပါ့ေနာ္*
.
.
.
ရိပ္သာကအဆင္သင့္ေဆာက္ထားေပမဲ့ တစ္ဇြတ္ထိုး ဂြၽန္ကေမေမ့အတြက္ အေဆာင္သစ္တစ္ခုကိုေဆး႐ုံကဆင္းဆင္းခ်င္းေနာက္ေန႔ပင္ေဆာက္ေပးသည္။
အ႐ိုးျပာအိုးေလးကို လက္မွာပိုက္ထားရင္း ေမေမက
ဂြၽန္ေဆာက္ေပးထားတဲ့အေဆာင္ကိုေတြ႕ေတာ့
"သား ဂြၽန္ရယ္ မလိုပါဘူးကြယ္ ရွိတဲ့အေဆာင္မွာေနလို႔ရပါတယ္ အခုဟာကအရမ္းႀကီးမေနလြန္းဘူးလား"
"မဟုတ္တာ ဒါေလးကမေျပာပေလာက္ပါဘူး အန္တီ
ဒါေၾကာင့္ သက္ေတာင့္သက္သာနဲ႔ေနပါ အစားအေသာက္အတြက္လည္း ကြၽန္ေတာ္အကုန္စီစဥ္ေပးထားတယ္ေနာ္အန္တီ"
"ေက်းဇူးအမ်ားႀကီးတင္ပါတယ္သားရယ္"
"ေမေမ ပ်င္းရင္ ထယ္တို႔လာခဲ့မယ္ေနာ္ အခ်ိန္တိုင္းရွိတယ္"
"အင္းပါ သားေဖေဖလည္းရွိေတာ့ ေမေမပ်င္းရမွာမဟုတ္ပါဘူး"
အ႐ိုးျပာအိုးေလးကို ပိုက္ရင္း မ်က္ရည္ေတြဝဲကာစကားဆိုလာျပန္တယ္။ ထပ္ၿပီးစိတ္မေကာင္းမျဖစ္ေစမိေအာင္စကားကိုခ်က္ခ်င္းပင္လႊဲလိုက္ရသည္။
"ေမေမ ထယ္တို႔ျပန္ေတာ့မယ္ေနာ္ မိုးလည္းခ်ဳပ္ေတာ့မယ္ဆိုေတာ့"
"ေကာင္းၿပီ ေကာင္းၿပီ သား ဂြၽန္အေပၚကိုလည္းအရမ္းမဆိုးနဲ႔အုန္းေနာ္ ဟုတ္ၿပီလား"
"အင္းပါ ေမေမရဲ႕"
ေမေမ့ရဲ႕ပါးျပင္ေတြကိုနမ္းရႈိက္လိုက္ရင္းသာ ႏႈတ္ဆက္ခဲ့ရေတာ့တယ္။ ဒီလိုေလးေနခ်င္တာက ေမေမ့ရဲ႕ဆႏၵမို႔လို႔အျပည့္အဝ ေပ်ာ္မယ္ဆိုတာ ယုံၾကည္တယ္။
.
.
.
အျပန္လမ္းမွာ ဂြၽန္က သူ႔အိမ္ကိုေခၚလာတယ္။ ကြၽန္ေတာ့္အိမ္ကိုသာ သူလာေနေပမဲ့ သူ႔အိမ္ကိုအခုထိမေရာက္ဖူးေသးတာအမွန္ပင္။ သူဝယ္ေပးထားတဲ့စံအိမ္ႀကီးနဲ႔ ကြၽန္ေတာ့္အိမ္မွာဘဲ ဟိုတစ္လွည့္ ဒီတစ္လွည့္ေနျဖစ္ေပမဲ့အခုခ်္ိန္ထိ ဂြၽန္႔ရဲ႕အိမ္ကိုေတာ့မေရာက္ဖူးေသး။
အရမ္းကိုႀကီးက်ယ္ခမ္းနားမယ္ထင္ခဲ့ေပမဲ့ အိမ္ေလးကတိုက္အိမ္ကိုမွအထပ္ႏွစ္ထပ္သာရွိသည္။ ႐ိုး႐ိုးရွင္းရွင္းေတြကိုဘဲႀကိဳက္တက္တဲ့ဂြၽန္ေၾကာင့္ ဒါဟာ ထယ့္အတြက္ေတာ့အထူးအဆန္းမဟုတ္ေပ။
အိမ္တံခါးဖြင့္ၿပီးဝင္လိုက္တာနဲ႔ ႏွာေခါင္းထဲသို႔ တိုးဝင္လာတဲ့ လာဗင္ဒါ ပန္းအနံ႔ သင္းသင္းေလးေတြ။
"ေမႊးလိုက္တာ"
ႏွစ္သက္လြန္းတဲ့ရနံ႔ျဖစ္တာေၾကာင့္မ်က္လုံးေလးမွိတ္ၿပီးအနံ႔ေလးေတာ္ေတာ္ၾကာတဲ့အထိ ခံစားမိေနတယ္။
႐ုတ္တရက္ခါးကိုတင္းတင္းက်ပ္က်ပ္ဖက္လာတဲ့လက္တစ္စုံ။ သိပ္ကိုေႏြးေထြးတဲ့ လက္တစ္စုံ။
"သေဘာက်လား အခ်စ္ဆုံး"
"အြန္း ေမာင္"
"အခ်စ္ဆုံး ဒီအနံ႔ေလးႀကိဳက္တယ္ဆိုလို႔ ကိုယ္စီစဥ္ထားတာ"
"ေမာင္က အရမ္းေတာ္တာဘဲ အနံ႔ေလးေၾကာင့္ ေခါင္းေတြေတာင္ရွင္းသြားတယ္"
"ေမာင့္အခ်စ္ဆုံးရဲ႕ ကိုယ္သင္းနံ႔ေလးကိုေတာ့ မမွီပါဘူးကြာ"
လည္ပင္းကိုလာနမ္းရႈိက္ၿပီး ေျပာလာပါေလရဲ႕
"ေမာင္ လာမနမ္းနဲ႔ ေခြၽးေတြနဲ႔ကို"
"နမ္းမွာဘဲ ေမာင့္အခ်စ္ဆုံးရဲ႕ ကိုယ့္သင္းနံ႔ေလးကတကယ့္ကိုေမာင္အႀကိဳက္ဆုံးဘဲသိလား"
"ပိုေမႊးေအာင္ ေရသြားခ်ိဳးလိုက္အုန္းမယ္ေလေနာ္ ေမာင္"
"အြန္း တူတူခ်ိဳးမယ္ ေမာင္လည္းခ်ိဳးမယ္ေလ"
"ဟာ မခ်ိဳးပါဘူး ရွက္စရာႀကီး"
"ဘာကိုရွက္တာလဲအခ်စ္ဆုံးရဲ႕"
"ထယ္ကအခု ကိုယ္ဝန္နဲ႔ေလ"
ဗိုက္ကျဖင့္ ထြက္ေတာင္မထြက္ေသးတာကိုပါးမို႔ေလးေတြနီရဲကာရွက္ေနတဲ့အခ်စ္ဆုံးေၾကာင့္ အသည္းေတြယားမိတာအမွန္ဘဲ ဆြဲသာကိုက္လိုက္ခ်င္ေတာ့တယ္။
"လာပါ အခ်စ္ဆုံးရဲ႕"
ေရခ်ိဳးခန္းကအေပၚထပ္မွာရွိတာေၾကာင့္ ဗိုက္ႀကီးသည္ေလးကိုေလွကားေျဖးေျဖးတက္ခိုင္းရတယ္။ သူကကေလးေလးသာ လြယ္ထားတာ တစ္ေနရာနဲ႔တစ္ေနရာကို ႐ႊီးခနဲ ေရာက္ေရာက္သြားတက္တာေၾကာင့္ ကြၽန္ေတာ့္မွာမ်က္စိေဒါက္ေထာက္ၾကည့္ေနရသည္။
ေရေႏြးေႏြးေလးေတြကို ေရဇလုံအျပည့္ျဖည့္လိုက္ၿပီး ဆပ္ျပာျမဳန္႔ေလးေတြ တက္လာတဲ့အထိ ဆပ္ျပာရည္ေတြေလာင္းထည့္လိုက္တယ္။
ဂြၽန္ကအရင္ဝင္ၿပီး လွမ္းေခၚတယ္။
"လာေတာ့ အခ်စ္ဆုံး"
ေဘာင္းဘီအတိုေလးနဲ႔အခ်စ္ဆုံးက ေရခ်ိဳးခန္းထဲ လႈပ္စိ လႈပ္စိနဲ႔ ဝင္လာပါေလရဲ႕။
"မခြၽတ္ဘူးလား"
"ခြၽတ္မယ္ အရင္ေရခ်ိဳးကန္ထဲဝင္လိုက္အုန္းမယ္ ၿပီးမွခြၽတ္မယ္"
ရင္ေသြးေလးရွိၿပီးေနာက္ပိုင္းမွ အရွက္ေတြပိုပိုႀကီးလာတဲ့ကြၽန္ေတာ့္ရဲ႕အခ်စ္ဆုံးေလး။
ဂြၽန္ရဲ႕ရင္ခြင္ထဲမွာ ေက်ာေပးထားတဲ့အေနအထားနဲ႔ ႏွစ္ျမဳပ္ေနတဲ့ ထယ္ေယာင္းက ရင္ခြင္က်ယ္က်ယ္ထဲကို တိုးဝင္လိုက္ၿပီးမ်က္လုံးအစုံမွိတ္ထားကာ မွီေနမိေတာ့တယ္။
အေနာက္ကေန လက္တစ္စုံကခါးေလးကို လာ
ဖက္လာၿပီးဗိုက္ေလးကို လာပြတ္ေနေလရဲ႕။
"ခ်စ္ဆုံး"
"အြန္း"
"အျဖစ္အပ်က္ေတြကျမန္ဆန္လိုက္တာေနာ္ ေမာင္ကေတာ့ထယ့္ေဖေဖေမာင့္ကိုခြင့္လႊတ္မယ္လို႔ေမွ်ာ္လင့္တယ္"
"ခြင့္လႊတ္မွာပါေမာင္ရဲ႕ ေဖေဖက အၾကာႀကီးစိတ္မဆိုးတက္ပါဘူး"
"အင္းပါ"
ပခုံးသားျဖဴျဖဴေလးေတြကိုလာကိုက္တဲ့ေမာင္ေၾကာင့္
"အာ့ နာတယ္ ေမာင္ရဲ႕"
"ခ်စ္ဆုံးရဲ႕အသားအိအိေလးေတြကို မကိုက္ရတာၾကာၿပီေလ ေမာင္ဘယ္ေလာက္ေတာင္လြမ္းေနရလဲ"
"ပိုၿပီ ေမာင္ဟာအရမ္းပိုတယ္"
"ခ်စ္လြန္းလို႔ေပါ့ အဲ့တာေမာင့္အခ်စ္ဆုံးေလးကို ေမာင္ကသိပ္ခ်စ္လြန္းလို႔ေပါ့"
ေျပာၿပီး ပါးေတြကိုလည္းတစ္ရႈံ႕ရႈံ႕လာနမ္းေသးသည္။
အေညာင္းေတြေျပေလာက္တဲ့အထိ ေရစိမ္ၿပီးေတာ့ ေရခ်ိဳးဝတ္စုံကိုယ္စီနဲ႔ ေရခ်ိဳးခန္းထဲမွထြက္လာၿပီး ဂြၽန္႔အခန္းထဲေရာက္ေတာ့
"အခ်စ္ဆုံး ခဏေလးေနာ္ ေမာင္ျပန္လာမယ္"
႐ုတ္တရက္ အခန္းျပင္ထြက္သြားတဲ့ေမာင့္ကို ကုတင္ေပၚကေနေခါင္းသုတ္ေနရင္းသာ ေစာင့္ေနလိုက္တယ္။
လက္အေနာက္ပစ္ၿပီး အခန္းထဲျပန္ဝင္လာတဲ့ ေမာင့္မ်က္ႏွာထားေတြက တည္ေနတယ္။ မ်က္ႏွာတည္ေနတာေၾကာင့္စိတ္ပူမိေပမဲ့ သူေရွ႕ကို ႐ုတ္တရက္ ေမာင္ကဒူးေထာက္ခ်လာေတာ့
"ဟင္"
အေနာက္ပစ္ထားတဲ့လက္တစ္စုံကိုေရွ႕ကိုထုတ္လိုက္ေတာ့လက္ထဲမွာ ကတၱီပါဗူး အနီေရာင္ေလးနဲ႔။
"အခ်စ္ဆုံး ေမာင္ေတာင္းပန္ပါတယ္ "
"ဘာလို႔လဲဟင္"
"အခုမွလက္ထပ္ခြင့္ေတာင္းမိလို႔ ေမာင့္ကိုလက္ထပ္ႏိုင္မလား"
"ေမာင္ရယ္"
ေမာင့္လည္ပင္းေတြကိုသိုင္းဖက္လိုက္ၿပီးသာ ၾကည္ႏူးမ်က္ရည္ေတြ စိုစြတ္ရပါတယ္။
"ဒီမွာေလ လက္စြပ္ရွိၿပီးသားကိုေမာင္ကလည္း"
အခ်စ္ဆုံးက လက္ကေလးကိုေထာင္ျပေတာ့ ဒါသူနဲ႔
Shopping တူတူသြားတုန္းက ဝယ္ေပးထားတဲ့လက္စြပ္ေလးပင္။
"အဲ့တာက ခ်စ္သူျဖစ္တုန္းကေလ အခုကပိုေလးနက္တယ္အခ်စ္ဆုံးရဲ႕"
စကားကို အမ်ိဳးမ်ိဳးနဲ႔ေႂကြေအာင္ေျပာတက္တဲ့
ေမာင့္ကို တကယ္ဘဲ သူလိုက္မမွီေတာ့တာအမွန္ပင္။
"ဟုတ္ပါၿပီ လက္ခံပါတယ္ဗ် ကြၽန္ေတာ္ထယ္ေယာင္းကအခုဒီက ေဂ်ာင္ကုဆိုတဲ့ေကာင္ေလးေတာင္းဆိုတဲ့လက္ထပ္ခြင့္ကို ေက်ေက်နပ္နပ္ႀကီး လက္ခံပါတယ္ဗ်"
ရင္ေသြးေလးရၿပီးမွ လက္ထပ္ခြင့္ေတာင္းတယ္ဆိုတာသူမ်ားအျမင္မွာေတာ့ ထူးဆန္းခ်င္ရင္ထူးဆန္းေနလိမ့္မယ္။
ဒါေပမဲ့ လက္ထပ္ခြင့္ေတာင္းသည္ျဖစ္ေစ မေတာင္းသည္ျဖစ္ေစ ကြၽန္ေတာ္က အစထဲကသူ႔ရဲ႕အပိုင္ျဖစ္ေနခဲ့တာဘဲမဟုတ္လား
—————————————————————————
#အိပ္ကုန္ၾကၿပီလားရွင့္ အခုတစ္ေလာ ညသန္းေခါင္ေတြဘဲ ထထupမိေနတာ 💜 ဖတ္ေပးလို႔ေက်းဇူးတင္ပါတယ္ရွင့္