Sugar Baby[Completed]

By Taeguk04

136K 10.2K 504

# You Are My Sugar Baby #JJK X KTH Male pregnancy 🍓 #TaeKook #🐯🐰 Completed-4.12.2021 More

Pg-1
Pg-2
Pg-3
Pg-4 (Hiii)
Pg-5
Pg-6
Pg-7
Pg-8
Pg-9
Pg-10
Pg-11
Pg-12
Pg-13
Pg-14
Pg-15
Pg-16
Pg-17
Pg-18
Pg-19
Pg-20
Pg-21
Pg-22
Pg-23
Pg-24
Pg-26
Pg-27
Pg-28
Pg-29
Pg-30{Final}
Sugar Baby-Extra

Pg-25

3.1K 228 28
By Taeguk04

{Unicode}

ဆေးရုံသို့ဆက်သွယ်ပြီးတာနဲ့မကြာဘဲရောက်လာတဲ့
လူနာတင်ကားပေါ် ဖေဖေနဲ့မေမေ့ကိုတင်လိုက်ရင်း

"လိုက်လို့မရပါဘူး"

အရေးပေါ်အသက်ကယ်နည်းတွေကားထဲမှာတင်လုပ်ရမှကြောင့် လိုက်လာဖို့ကိုတားမြစ်လိုက်ရသည်။

"အချစ်ဆုံးလာ မောင်တို့ကားနဲ့နောက်ကလိုက်သွားမယ်"

အချစ်ဆုံးကိုကြည့်ရတာ စိတ်နဲ့လူနဲ့အဝေးကြီးဖြစ်နေပြီးငိုတောင်မငိုနိုင်တော့ဘဲ ကြောင်တောင်တောင်လေးဖြစ်နေတဲ့အချစ်ဆုံးကိုသနားလွန်းလို့ ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိတော့။ လက်ကိုဆွဲခေါ်လိုက်ရင်းသာ ကားထဲဝင်ထိုင်ဖို့ပြောရသည်။

အရှေ့က လူနာတင်ကားကိုသာမှီအောင်လိုက်ရင်းဘေးကအချစ်ရဆုံးကိုလည်း သတိထားကြည့်နေရသေးသည် သူက ကိုယ်ဝန်နုနုလေးနဲ့မလား?တစ်ခုခုဖြစ်ရင် ကျွန်တော်ဘဲရင်ကျိုးရမှာ။

စိတ်ပူရတဲ့ဇောနဲ့အနောက်ကနေမောင်းလာလိုက်တာ ဆေးရုံကိုတောင်ရောက်ပြီ။

မေမေ့ကိုဘဲအသည်းအသန်ကုနေတဲ့ဆရာဝန်တွေကို
မြင်တော့

"မောင် ပြောပါအုန်း ဖေဖေ့ကိုလည်းကြည့်ပေးကြအုန်းလေဘာလို့ ဖေဖေ့နားမှာကျ တစ်ယောက်မှမရှိတာလဲ ဟင် ဟင်"

အမှန်တရားကိုလက်မခံနိုင်သေးတဲ့ထယ်ယောင်း။

လက်မောင်းမှအကျီစကိုလာဆွဲပြီး မျက်ရည်တွေဝဲနေတဲ့မျက်ဝန်းတွေနဲ့ လာပြောတဲ့အချစ်ဆုံးကိုဖက်ထားပေးပြီးသူပါတူတူငိုချပေးချင်ပေမဲ့ အခုချိန်မှာ သူသန်မာပေးရမယ်မလား

လူနာတင်လှည်းပေါ်မှာရှိနေတဲ့ဖေဖေ့ကို အဝတ်စအဖြူနဲ့လာအုပ်တဲ့ဆေးရုံကဝန်ထမ်းတွေ

"ဘာလုပ်တာလဲ ကျွန်တော့်အဖေမသေသေးဘူး ဘာလ်ို့ဒီလိုတွေလာလုပ်တာလဲ နမိတ်မရှိဗျာ"

အဝတ်စဖြူလာအုပ်ပေးတဲ့ဆေးရုံဝန်ထမ်းတွေကိုသူ့ဖေဖေဘေးနားကနေ အတင်းတွန်းထုတ်နေတဲ့ ထယ့်ကို ဂျွန်သွားဖက်လိုက်ပြီး

"အချစ်ဆုံး အချစ်ဆုံး သတိထားအုန်း မောင့်ကိုကြည့်"

ခန္ဓာကိုယ်သေးသေးလေးကိုမျက်နှာချင်းဆိုဖြစ်အောင်ဆွဲလှည့်လိုက်ပြီး ချောင်ကျနေတဲ့မျက်နှာလေးကို အုပ်မိုးကိုင်လိုက်ကာ

"ဒီမှာ ကိုယ့်ကိုကြည့် အချစ်ဆုံးဖေဖေအသက်မရှိတော့ဘူး"

"ဟာ မောင် ဘာဖြစ်နေတာလဲ ဖေဖေကဘာလ်ို့သေရမှာလဲလွှတ် ထယ့်ကိုလွှတ်"

တင်းတင်းကျပ်ကျပ်ဆွဲဖက်လိုက်ရင်း စိတ်လွတ်နေတဲ့
ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ကာနှစ်မြုပ်ထားလိုက်ရသည် ကျောလေးကိုပွတ်ပေးလိုက်ရင်း

"အချစ်ဆုံး အခုမျက်စိရှေ့မှာဖြစ်နေတာတွေကိုလက်မခံချင်လို့မရဘူး အချစ်ဆုံးအခုလို စိတ်လွတ်လက်လွတ်လုပ်နေတာ ဗိုက်ထဲက မောင်တို့ရင်သွေးလေးအတွက်ကောင်းမယ်ထင်နေလား"

ရှိုက်ပြီးငိုနေတဲ့ခန္ဓာကိုယ်လေးဟာ ငိုလွန်းလို့ တုန်တောင်တုန်နေလေရဲ့

"အခုစိတ်အေးအေးထား မောင့်လက်ကိုကိုင်ထား မောင့်အနားမှာနေ အချစ်ဆုံးမေမေအတွက် ဆုတောင်းပြီးစောင့်နေပေးကြမယ်လေ"

စကားတော့ပြန်မပြောပေမဲ့ ငိုနေရင်းနဲ့သာခေါင်းငြိမ့်ပြသည်ဖြစ်ပြီးသွားမှတော့ပြန်ပြင်လို့မရတဲ့အရာတွေအတွက်အချစ်ဆုံးကိုမခံစားစေချင်ဘူး ဖြစ်ပြီးတာတွေကဖြစ်ခဲ့ပြီးပြီ ငိုနေလို့ အန်ကယ်က အသက်ပြန်ရှင်လာတော့မှာမှမဟုတ်တာ?

ဂျွန့်ပါပါးဆုံးပါးသွားတုန်းကလည်းအခုလိုဘဲဖြေသိမ့်ခဲ့ရသည်မလား ဒါပေမဲ့နဂိုအရင်းခံရှိတဲ့ခံစားချက်နုနုလေးတွေနဲ့အချစ်ရဆုံးကတော့ဖြေသိမ့်နိုင်ပါ့မလားစိုးရိမ်မ်ိတယ်

"တစ်ယောက်ကတော့သိပြီးပြီထင်ပါတယ် ဆေးရုံကိုပါလာထဲကအသက်မရှင်လာခဲ့ဘူးဆိုတာ သူကရုတ်တရက်နှလုံးရပ်သွားတာပါ နောက်တစ်ယောက်ကတော့ အဆင်ပြေနေပါပြီ သူ့ကိုအခန်းပြောင်းပေးထားတယ် ခဏနေရင်သတိပြန်လည်လာလိမ့်မယ်"

"အချစ်ဆုံးမေမေ အဆင်ပြေတယ်တဲ့ အရမ်းစိတ်မပူနဲ့တော့နော်"

"မောင်"

"ပြောလေအချစ်ဆုံး ပြောမောင့်ကိုပြော"

"ဖေဖေကနှလုံးရောဂါရှိတယ် အခုကနှလုံးရပ်သွားတာတဲ့ထယ်တ်ို့ကြောင့်လားဟင်"

မျက်တောင်ပင်မခတ်တော့ဘဲ မျက်လုံးအဝိုင်းသားနဲ့
လာမေးတဲ့အချစ်ဆုံး။

"မဟုတ်ဘူးလေ အဲ့လိုမတွေးရဘူးလေ အချစ်ဆုံးရယ်မောင်တ်ို့ကြောင့်မဟုတ်ပါဘူး"

"ဖေဖေနဲ့နောက်ဆုံးစကားများခဲ့တာထယ်တို့မလား"

"ဟာ အချစ်ဆုံး ဘာလို့ ကိုယ့်ကိုကိုယ်အပြစ်တင်နေတာလဲမောင်ပြောပြီးပြီလေ "

"မောင် ထယ်ဘယ်လိုလုပ်ရမလဲ ထယ်ခေါင်းတွေအရမ်းပူနေပြီ"

"အချစ်ဆုံးအရမ်းငိုလို့ အပြစ်တွေကိုယ့်ဘာသာတင်နေလို့အချစ်ဆုံးဖေဖေကအသက်ပြန်ရှင်လာမှာမဟုတ်ဘူး ဒီစကားကနာကျင်ရပေမဲ့ အမှန်တရားဖြစ်တာကြောင့်လက်ခံရမယ်လေ အချစ်ဆုံး လာ မောင့်ဆီလာ"

ငိုလွန်းလို့ဖောင်းနေတဲ့မျက်လုံးလေးတွေကိုဖိနမ်းပေးလိုက်ရင်း ခန္ဓာကိုယ်သေးသေးလေးကို စိတ်ငြိမ်သွားတဲ့အချိန်ထိရင်ခွင်ထဲထည့်ကာဖက်ထားပေးလိုက်သည်။ 

ခဏကြာတော့ရင်ခွင်ထဲကအကောင်ပေါက်လေးက
မျက်နှာကမျက်ရည်တွေကိုသုတ်လိုက်ရင်း

"မောင် ထယ်အဆင်သင့်ဖြစ်ပြီ ဖေဖေ့ကိုတွေ့ချင်တယ်"

"တကယ်လား အချစ်ဆုံးနောက်ထပ် ထပ်ငိုရင် မောင်ပါလိုက်ငိုမိတော့မှာနော်"

"ဖေဖေ့ကိုနှုတ်ဆက်ချင်တယ် စကားတွေအများကြီးပြောစရာရှိသေးတယ်"

"အဲ့တာဆိုသွားကြမယ်လေ "

မှိုင်နေတဲ့မျက်နှာလေးနဲ့အတူခေါင်းလေးသာငြိမ့်ပြလာတယ်။

ရင်ခွဲရုံဘက်သို့ဦးတည်လိုက်ရင်းသာအသက်မရှိတော့တဲ့ဖေဖေ့ရဲ့ အေးစက်မာနေတဲ့ လက်တွေကိုဆုပ်ကိုင်လိုက်ရင်း

"ဖေဖေ အခုသားခေါ်နေတာတွေဘယ်ကြားနိုင်တော့မလဲနော် ချစ်တယ်လို့တောင်မပြောလိုက်ရဘူး နှုတ်ဆက်သွားတာကြီးကမမြန်လွန်းဘူးလား သားအခုမှအိမ်ကိုပြန်လာခါစဘဲရှိသေးတယ်လေ သားတောင်းပန်ချင်သေးတယ် ဖေဖေ့ကိုအော်ခဲ့မိတာတွေ အခုတောင်းပန်လို့ရပေမဲ့ ဒါတွေဖေဖေဘယ်သိတော့မလဲ မေမေသတိပြန်ရလာရင် ဘယ်လိုအင်အားနဲ့ပြောထွက်ရမလဲတောင်မသိတော့ဘူး ပြီးတော့ဖေဖေ ဂျွန့်ကလည်းသားကိုအရမ်းချစ်တာမို့ နောက်ဆံတင်းမနေဘဲ လွတ်လွတ်လပ်လပ်သွားနော် သူကခွင့်လွှတ်ဖို့ထိုက်
တန်ပါတယ် နောက်ဆုံးအနေနဲ့ထပ်ပြောချင်တယ် အရမ်းချစ်တယ် ဖေဖေ "

စကားတွေဆက်တိုက်ပြောပြီး သူ့အဖေလက်ကိုကိုင်ရင်းငိုနေတဲ့ထယ်ယောင်းကိုကြည့်ပြီးသနားလည်းသနားလာသလို အတိတ်က ပါပါးရဲ့လုပ်ရပ်တွေကိုပြန်စဉ်းစားမိရင်းဒေါသထွက်ရသေးသည်

"အချစ်ဆုံး လာတော့ ဆရာဝန်တွေလုပ်စရာရှိတာလုပ်ရအုန်းမယ် မောင်တို့ထွက်ဖို့အချိန်သင့်ပြီ"

"အင်း မောင်"

နောက်ဆုံးအနေနဲ့ နဖူးလေးကိုနမ်းခဲ့လိုက်ရင်း

"နှုတ်ဆက်ပါတယ် ဖေဖေ"
.
.
.
မောင့်လက်ကိုတင်းတင်းဆုပ်ကိုင်ထားရင်းသာ

"မောင်"

"ဗျ"

"မေမေသတိပြန်လည်လာတာကိုစောင့်ရင်းဒီညတော့
ဆေးရုံမှာဘဲအိပ်ရတော့မယ်ထင်တယ်"

"ရတယ်လေ အချစ်ဆုံးရဲ့"

"ဖေဖေ့ကိစ္စကိုလည်းစီစဉ်ရအုန်းမယ် မေမေ့ကိုဘယ်လိုများပြောရမလဲဟင် မောင်"

"အမှန်တိုင်းပြောရမှာပေါ့ မောင့်ကိုမုန်းချင်လည်းမုန်းပါစေမောင် အချစ်ဆုံးအတွက် ကြိုးစားမယ်"

အမြဲစကားများလေ့ရှိတဲ့အချစ်ဆုံးက အခုတော့မေးတဲ့မေးခွန်းတိုင်းကို ခေါင်းလေးသာငြိမ့်ပြသည်။

ဆေးရုံကိုမနက်ထဲကရောက်လာတာ အခုဆိုမေမေ့ကိုထားထားတဲ့အခန်းထဲမှာ ထိုင်စောင့်နေတာ ည၈နာရီတောင်ထိုးပြီ မေမေကတော့ ခုထိသတိပြန်မလည်လာသေး

"မောင် ပင်ပန်းနေရောပေါ့ အိပ်ချင်ရင်စောစောအိပ်တော့နော်"

"အဲ့တာအချစ်ဆုံးကိုပြောရမှာ တစ်နေ့လုံးငိုထားပြီး စိတ်တွေပင်ပန်းနေမှာလေ ဗိုက်ထဲက ကလေးလေးကိုလည်းဂရုစိုက်ပါအုန်း အချစ်ဆုံးရဲ့ လာလာ မောင့်ဆီလာ"

ပေါင်ပေါ်ထိုင်ခိုင်းလိုက်ရင်း ခါးလေးကိုသာဖက်ထားမိတယ်ဗိုက်လေးကို အကျီအပေါ်မှပွတ်လိုက်ရင်း

"ကလေးလေးရေ အခုလိုတွေကြုံတွေ့စေမိလို့ ဒီကဒယ်ဒီကဘဲတောင်းပန်ပါတယ် "

"မောင်ကဒယ်ဒီဆိုတော့ ထယ်ကဘာလဲ"

"အချစ်ဆုံးက ပါပါးပေါ့ ဒယ်ဒီနဲ့ပါပါး"

"မဆိုးဘူးနော်"

သဘောကျလို့နဲ့တူပါရဲ့ ဂျွန့်စကားတွေကိုတုန့်ပြန်ပြီးရီလာခဲ့တယ် အခုအချိန်မှာ သူ့ကိုစိတ်သက်သာရာရစေဖို့ ဒီလိုစကားလေးတွေပြောပေးမှသာ တော်ရုံဖြစ်မည်။

"အချစ်ဆုံးအိပ်ချင်ရင် မောင့်ပေါင်ပေါ်ခေါင်းအုံးပြီးအိပ်လေနော် "

"မောင်ကောမအိပ်ဘူးလား"

"မောင်ကချစ်ဆုံးမေမေကိုထိုင်စောင့်ပေးရမယ်လေ သတိပြန်လည်လာရင် ဒေါက်တာကိုခေါ်ရမှာမို့လို့လေ"

"အင်းပါ မောင်"

"အခုဒီညတော့ဒီလိုလေးဘဲအိပ်နော် မောင်တို့ဆေးရုံကိုအမြန်လာလိုက်ရတော့အခန်းမရွေးမိလိုက်ဘူး နောက်နေ့မှသက်တောင့်သက်သာဖြစ်အောင်မောင်အခန်းပြောင်းခိုင်းလိုက်မယ်"

စကားပြန််မပြောလို့ ကြည့်လိုက်တော့ပေါင်ပေါ်ကကျွန်တော့်အချစ်ဆုံးကအိပ်တောင်အိပ်ပျော်သွားပြီ

"ပင်ပန်းသွားပြီ မောင့်အချစ်ဆုံးလေး"

တစ်နေ့လုံးမနမ်းရသေးတဲ့နှုတ်ခမ်းထွေးထွေးလေးကိုငုံ့နမ်းလိုက်ရင်း

"ကောင်းသောညပါ အချစ်ဆုံး"
.
.
.

မနက်၄နာရီလောက်ရောက်တော့ ကုတင်ပေါ်ကဆေးပိုက်တန်းလန်းနဲ့အောက်ဆီဂျင်ပေးထားရတဲ့ ထယ့်မေမေမျက်လုံးကိုမနည်းအားယူပြီးဖွင့်လာတာကိုမြင်တော့

"ချစ်ဆုံး ထတော့ ဟိုမှာသတိရလာပြီ"

ပေါင်ပေါ်ကချစ်စဖွယ်လေးကိုအသာအယာနိုးလိုက်တော့ကောက်ခနဲထလာလေရဲ့ သူ့မေမေကုတင်နားကိုအပြေးသွားလိုက်ရင်း

"မေမေ သတိရလာပြီလား ထယ့်ကိုမြင်ရလား ဟင်"

"သား"

"အင်း မေမေ ပြောလေ တစ်ခုခုနာတာကျင်တာရှိလားပြောလေ"

"မင်းဖေဖေကော"

ဒီမေးခွန်းကြီးကိုမှ အရင်ဆုံးမေးလာတဲ့မေမေကြောင့်
ထယ်ယောင်းတစ်ယောက်စကားတွေဆွံ့အသွားရသည်သူဘယ်လိုမှမဖြေနိုင်တာကြောင့် ဂျွန့်ကိုလှမ်းကြည့်လိုက်တော့ ဂျွန်ကအလိုက်တသိ အနားရောက်လာတယ်။

"အန်တီ အခုစကားမပြောနဲ့အုန်းနော် ကျွန်တော်ဆရာဝန်သွားခေါ်ပေးမယ် ဟုတ်ပြီလား"

မျက်ရည်လေးတွေနဲ့အန်တီက ခေါင်းလေးငြိမ့်ပြတယ်

ဆရာဝန်ကချက််ချင်းရောက်လာတော့ စစ်ဆေးစရာတွေစစ်ဆေးပြီး

"အခြေအနေကောင်းသွားပါပြီ ဆေးရုံမှာဒီနေ့တစ်ရက်တော့ထပ်နေပေးပါ ပိုပြီးစိတ်ချရအောင်လို့ပါ"

"ဟုတ်ကဲ့ပါ"

"မေမေ နားနားနေနေ နေနော် ဟုတ်ပြီလား ဘာမှမတွေးနဲ့"

"သားဖေဖေကိုတွေ့ချင်တယ်"

"မေမေ နောက်မှပြောနော် မေမေအားရှိပြီဆိုတာနဲ့သားတို့သွားတွေ့မယ်လေနော် "

ခေါင်းလေးသာ တစ်ဆက်ဆက်ငြိမ့်ပြတယ်။

ထပ်ပြီးမဟန်ဆောင်နိုင်တော့တာမို့ အခန်းအပြင်ကိုပြေးထွက်လာမိတယ် တစ်ဦးထဲသော အားကိုးရာရဲ့ ရင်ခွင်ထဲကိုပြေးဝင်ပြီး အားရပါးရငိုမိတယ် အားကိုးရာကလည်း ကျောလေးကို ပွတ်ပေးပြီး ဖက်ထားပေးတယ်။

"အခုလိုအချိန်တွေထိအတူတူရှိနေပေးလို့ကျေးဇူးပါမောင်"
—————————————————————————

#ဒါလေးလည်းသိပ်မကြာခင်ပြီးတော့မယ်ထင်တယ်🥺❣️

{Zawgyi}

ေဆး႐ုံသို႔ဆက္သြယ္ၿပီးတာနဲ႔မၾကာဘဲေရာက္လာတဲ့လူနာတင္ကားေပၚ ေဖေဖနဲ႔ေမေမ့ကိုတင္လိုက္ရင္း

"လိုက္လို႔မရပါဘူး"

အေရးေပၚအသက္ကယ္နည္းေတြကားထဲမွာတင္လုပ္ရမွေၾကာင့္ လိုက္လာဖို႔ကိုတားျမစ္လိုက္ရသည္။

"အခ်စ္ဆုံးလာ ေမာင္တို႔ကားနဲ႔ေနာက္ကလိုက္သြားမယ္"

အခ်စ္ဆုံးကိုၾကည့္ရတာ စိတ္နဲ႔လူနဲ႔အေဝးႀကီးျဖစ္ေနၿပီးငိုေတာင္မငိုႏိုင္ေတာ့ဘဲ ေၾကာင္ေတာင္ေတာင္ေလးျဖစ္ေနတဲ့အခ်စ္ဆုံးကိုသနားလြန္းလို႔ ဘာလုပ္လို႔ဘာကိုင္ရမွန္းေတာင္မသိေတာ့။ လက္ကိုဆြဲေခၚလိုက္ရင္းသာ ကားထဲဝင္ထိုင္ဖို႔ေျပာရသည္။

အေရွ႕က လူနာတင္ကားကိုသာမွီေအာင္လိုက္ရင္းေဘးကအခ်စ္ရဆုံးကိုလည္း သတိထားၾကည့္ေနရေသးသည္ သူက ကိုယ္ဝန္ႏုႏုေလးနဲ႔မလား?တစ္ခုခုျဖစ္ရင္ ကြၽန္ေတာ္ဘဲရင္က်ိဳးရမွာ။

စိတ္ပူရတဲ့ေဇာနဲ႔အေနာက္ကေနေမာင္းလာလိုက္တာ ေဆး႐ုံကိုေတာင္ေရာက္ၿပီ။

ေမေမ့ကိုဘဲအသည္းအသန္ကုေနတဲ့ဆရာဝန္ေတြကိုျမင္ေတာ့

"ေမာင္ ေျပာပါအုန္း ေဖေဖ့ကိုလည္းၾကည့္ေပးၾကအုန္းေလဘာလို႔ ေဖေဖ့နားမွာက် တစ္ေယာက္မွမရွိတာလဲ ဟင္ ဟင္"

အမွန္တရားကိုလက္မခံႏိုင္ေသးတဲ့ထယ္ေယာင္း။

လက္ေမာင္းမွအက်ီစကိုလာဆြဲၿပီး မ်က္ရည္ေတြဝဲေနတဲ့မ်က္ဝန္းေတြနဲ႔ လာေျပာတဲ့အခ်စ္ဆုံးကိုဖက္ထားေပးၿပီးသူပါတူတူငိုခ်ေပးခ်င္ေပမဲ့ အခုခ်ိန္မွာ သူသန္မာေပးရမယ္မလား

လူနာတင္လွည္းေပၚမွာရွိေနတဲ့ေဖေဖ့ကို အဝတ္စအျဖဴနဲ႔လာအုပ္တဲ့ေဆး႐ုံကဝန္ထမ္းေတြ

"ဘာလုပ္တာလဲ ကြၽန္ေတာ့္အေဖမေသေသးဘူး ဘာလ္ို႔ဒီလိုေတြလာလုပ္တာလဲ နမိတ္မရွိဗ်ာ"

အဝတ္စျဖဴလာအုပ္ေပးတဲ့ေဆး႐ုံဝန္ထမ္းေတြကိုသူ႔ေဖေဖေဘးနားကေန အတင္းတြန္းထုတ္ေနတဲ့ ထယ့္ကို ဂြၽန္သြားဖက္လိုက္ၿပီး

"အခ်စ္ဆုံး အခ်စ္ဆုံး သတိထားအုန္း ေမာင့္ကိုၾကည့္"

ခႏၶာကိုယ္ေသးေသးေလးကိုမ်က္ႏွာခ်င္းဆိုျဖစ္ေအာင္ဆြဲလွည့္လိုက္ၿပီး ေခ်ာင္က်ေနတဲ့မ်က္ႏွာေလးကို အုပ္မိုးကိုင္လိုက္ကာ

"ဒီမွာ ကိုယ့္ကိုၾကည့္ အခ်စ္ဆုံးေဖေဖအသက္မရွိေတာ့ဘူး"

"ဟာ ေမာင္ ဘာျဖစ္ေနတာလဲ ေဖေဖကဘာလ္ို႔ေသရမွာလဲလႊတ္ ထယ့္ကိုလႊတ္"

တင္းတင္းက်ပ္က်ပ္ဆြဲဖက္လိုက္ရင္း စိတ္လြတ္ေနတဲ့
ခႏၶာကိုယ္ေလးကို ရင္ခြင္ထဲထည့္ကာႏွစ္ျမဳပ္ထားလိုက္ရသည္ ေက်ာေလးကိုပြတ္ေပးလိုက္ရင္း

"အခ်စ္ဆုံး အခုမ်က္စိေရွ႕မွာျဖစ္ေနတာေတြကိုလက္မခံခ်င္လို႔မရဘူး အခ်စ္ဆုံးအခုလို စိတ္လြတ္လက္လြတ္လုပ္ေနတာ ဗိုက္ထဲက ေမာင္တို႔ရင္ေသြးေလးအတြက္ေကာင္းမယ္ထင္ေနလား"

ရႈိက္ၿပီးငိုေနတဲ့ခႏၶာကိုယ္ေလးဟာ ငိုလြန္းလို႔ တုန္ေတာင္တုန္ေနေလရဲ႕

"အခုစိတ္ေအးေအးထား ေမာင့္လက္ကိုကိုင္ထား ေမာင့္အနားမွာေန အခ်စ္ဆုံးေမေမအတြက္ ဆုေတာင္းၿပီးေစာင့္ေနေပးၾကမယ္ေလ"

စကားေတာ့ျပန္မေျပာေပမဲ့ ငိုေနရင္းနဲ႔သာေခါင္းၿငိမ့္ျပသည္ျဖစ္ၿပီးသြားမွေတာ့ျပန္ျပင္လို႔မရတဲ့အရာေတြအတြက္အခ်စ္ဆုံးကိုမခံစားေစခ်င္ဘူး ျဖစ္ၿပီးတာေတြကျဖစ္ခဲ့ၿပီးၿပီ ငိုေနလို႔ အန္ကယ္က အသက္ျပန္ရွင္လာေတာ့မွာမွမဟုတ္တာ?

ဂြၽန္႔ပါပါးဆုံးပါးသြားတုန္းကလည္းအခုလိုဘဲေျဖသိမ့္ခဲ့ရသည္မလား ဒါေပမဲ့နဂိုအရင္းခံရွိတဲ့ခံစားခ်က္ႏုႏုေလးေတြနဲ႔အခ်စ္ရဆုံးကေတာ့ေျဖသိမ့္ႏိုင္ပါ့မလားစိုးရိမ္မ္ိတယ္

"တစ္ေယာက္ကေတာ့သိၿပီးၿပီထင္ပါတယ္ ေဆး႐ုံကိုပါလာထဲကအသက္မရွင္လာခဲ့ဘူးဆိုတာ သူက႐ုတ္တရက္ႏွလုံးရပ္သြားတာပါ ေနာက္တစ္ေယာက္ကေတာ့ အဆင္ေျပေနပါၿပီ သူ႔ကိုအခန္းေျပာင္းေပးထားတယ္ ခဏေနရင္သတိျပန္လည္လာလိမ့္မယ္"

"အခ်စ္ဆုံးေမေမ အဆင္ေျပတယ္တဲ့ အရမ္းစိတ္မပူနဲ႔ေတာ့ေနာ္"

"ေမာင္"

"ေျပာေလအခ်စ္ဆုံး ေျပာေမာင့္ကိုေျပာ"

"ေဖေဖကႏွလုံးေရာဂါရွိတယ္ အခုကႏွလုံးရပ္သြားတာတဲ့ထယ္တ္ို႔ေၾကာင့္လားဟင္"

မ်က္ေတာင္ပင္မခတ္ေတာ့ဘဲ မ်က္လုံးအဝိုင္းသားနဲ႔
လာေမးတဲ့အခ်စ္ဆုံး။

"မဟုတ္ဘူးေလ အဲ့လိုမေတြးရဘူးေလ အခ်စ္ဆုံးရယ္ေမာင္တ္ို႔ေၾကာင့္မဟုတ္ပါဘူး"

"ေဖေဖနဲ႔ေနာက္ဆုံးစကားမ်ားခဲ့တာထယ္တို႔မလား"

"ဟာ အခ်စ္ဆုံး ဘာလို႔ ကိုယ့္ကိုကိုယ္အျပစ္တင္ေနတာလဲေမာင္ေျပာၿပီးၿပီေလ "

"ေမာင္ ထယ္ဘယ္လိုလုပ္ရမလဲ ထယ္ေခါင္းေတြအရမ္းပူေနၿပီ"

"အခ်စ္ဆုံးအရမ္းငိုလို႔ အျပစ္ေတြကိုယ့္ဘာသာတင္ေနလို႔အခ်စ္ဆုံးေဖေဖကအသက္ျပန္ရွင္လာမွာမဟုတ္ဘူး ဒီစကားကနာက်င္ရေပမဲ့ အမွန္တရားျဖစ္တာေၾကာင့္လက္ခံရမယ္ေလ အခ်စ္ဆုံး လာ ေမာင့္ဆီလာ"

ငိုလြန္းလို႔ေဖာင္းေနတဲ့မ်က္လုံးေလးေတြကိုဖိနမ္းေပးလိုက္ရင္း ခႏၶာကိုယ္ေသးေသးေလးကို စိတ္ၿငိမ္သြားတဲ့အခ်ိန္ထိရင္ခြင္ထဲထည့္ကာဖက္ထားေပးလိုက္သည္။ 

ခဏၾကာေတာ့ရင္ခြင္ထဲကအေကာင္ေပါက္ေလးက
မ်က္ႏွာကမ်က္ရည္ေတြကိုသုတ္လိုက္ရင္း

"ေမာင္ ထယ္အဆင္သင့္ျဖစ္ၿပီ ေဖေဖ့ကိုေတြ႕ခ်င္တယ္"

"တကယ္လား အခ်စ္ဆုံးေနာက္ထပ္ ထပ္ငိုရင္ ေမာင္ပါလိုက္ငိုမိေတာ့မွာေနာ္"

"ေဖေဖ့ကိုႏႈတ္ဆက္ခ်င္တယ္ စကားေတြအမ်ားႀကီးေျပာစရာရွိေသးတယ္"

"အဲ့တာဆိုသြားၾကမယ္ေလ "

မႈိင္ေနတဲ့မ်က္ႏွာေလးနဲ႔အတူေခါင္းေလးသာၿငိမ့္ျပလာတယ္။

ရင္ခြဲ႐ုံဘက္သို႔ဦးတည္လိုက္ရင္းသာအသက္မရွိေတာ့တဲ့ေဖေဖ့ရဲ႕ ေအးစက္မာေနတဲ့ လက္ေတြကိုဆုပ္ကိုင္လိုက္ရင္း

"ေဖေဖ အခုသားေခၚေနတာေတြဘယ္ၾကားႏိုင္ေတာ့မလဲေနာ္ ခ်စ္တယ္လို႔ေတာင္မေျပာလိုက္ရဘူး ႏႈတ္ဆက္သြားတာႀကီးကမျမန္လြန္းဘူးလား သားအခုမွအိမ္ကိုျပန္လာခါစဘဲရွိေသးတယ္ေလ သားေတာင္းပန္ခ်င္ေသးတယ္ ေဖေဖ့ကိုေအာ္ခဲ့မိတာေတြ အခုေတာင္းပန္လို႔ရေပမဲ့ ဒါေတြေဖေဖဘယ္သိေတာ့မလဲ ေမေမသတိျပန္ရလာရင္ ဘယ္လိုအင္အားနဲ႔ေျပာထြက္ရမလဲေတာင္မသိေတာ့ဘူး ၿပီးေတာ့ေဖေဖ ဂြၽန္႔ကလည္းသားကိုအရမ္းခ်စ္တာမို႔ ေနာက္ဆံတင္းမေနဘဲ လြတ္လြတ္လပ္လပ္သြားေနာ္ သူကခြင့္လႊတ္ဖို႔ထိုက္
တန္ပါတယ္ ေနာက္ဆုံးအေနနဲ႔ထပ္ေျပာခ်င္တယ္ အရမ္းခ်စ္တယ္ ေဖေဖ "

စကားေတြဆက္တိုက္ေျပာၿပီး သူ႔အေဖလက္ကိုကိုင္ရင္းငိုေနတဲ့ထယ္ေယာင္းကိုၾကည့္ၿပီးသနားလည္းသနားလာသလို အတိတ္က ပါပါးရဲ႕လုပ္ရပ္ေတြကိုျပန္စဥ္းစားမိရင္းေဒါသထြက္ရေသးသည္

"အခ်စ္ဆုံး လာေတာ့ ဆရာဝန္ေတြလုပ္စရာရွိတာလုပ္ရအုန္းမယ္ ေမာင္တို႔ထြက္ဖို႔အခ်ိန္သင့္ၿပီ"

"အင္း ေမာင္"

ေနာက္ဆုံးအေနနဲ႔ နဖူးေလးကိုနမ္းခဲ့လိုက္ရင္း

"ႏႈတ္ဆက္ပါတယ္ ေဖေဖ"
.
.
.
ေမာင့္လက္ကိုတင္းတင္းဆုပ္ကိုင္ထားရင္းသာ

"ေမာင္"

"ဗ်"

"ေမေမသတိျပန္လည္လာတာကိုေစာင့္ရင္းဒီညေတာ့
ေဆး႐ုံမွာဘဲအိပ္ရေတာ့မယ္ထင္တယ္"

"ရတယ္ေလ အခ်စ္ဆုံးရဲ႕"

"ေဖေဖ့ကိစၥကိုလည္းစီစဥ္ရအုန္းမယ္ ေမေမ့ကိုဘယ္လိုမ်ားေျပာရမလဲဟင္ ေမာင္"

"အမွန္တိုင္းေျပာရမွာေပါ့ ေမာင့္ကိုမုန္းခ်င္လည္းမုန္းပါေစေမာင္ အခ်စ္ဆုံးအတြက္ ႀကိဳးစားမယ္"

အၿမဲစကားမ်ားေလ့ရွိတဲ့အခ်စ္ဆုံးက အခုေတာ့ေမးတဲ့ေမးခြန္းတိုင္းကို ေခါင္းေလးသာၿငိမ့္ျပသည္။

ေဆး႐ုံကိုမနက္ထဲကေရာက္လာတာ အခုဆိုေမေမ့ကိုထားထားတဲ့အခန္းထဲမွာ ထိုင္ေစာင့္ေနတာ ည၈နာရီေတာင္ထိုးၿပီ ေမေမကေတာ့ ခုထိသတိျပန္မလည္လာေသး

"ေမာင္ ပင္ပန္းေနေရာေပါ့ အိပ္ခ်င္ရင္ေစာေစာအိပ္ေတာ့ေနာ္"

"အဲ့တာအခ်စ္ဆုံးကိုေျပာရမွာ တစ္ေန႔လုံးငိုထားၿပီး စိတ္ေတြပင္ပန္းေနမွာေလ ဗိုက္ထဲက ကေလးေလးကိုလည္းဂ႐ုစိုက္ပါအုန္း အခ်စ္ဆုံးရဲ႕ လာလာ ေမာင့္ဆီလာ"

ေပါင္ေပၚထိုင္ခိုင္းလိုက္ရင္း ခါးေလးကိုသာဖက္ထားမိတယ္ဗိုက္ေလးကို အက်ီအေပၚမွပြတ္လိုက္ရင္း

"ကေလးေလးေရ အခုလိုေတြႀကဳံေတြ႕ေစမိလို႔ ဒီကဒယ္ဒီကဘဲေတာင္းပန္ပါတယ္ "

"ေမာင္ကဒယ္ဒီဆိုေတာ့ ထယ္ကဘာလဲ"

"အခ်စ္ဆုံးက ပါပါးေပါ့ ဒယ္ဒီနဲ႔ပါပါး"

"မဆိုးဘူးေနာ္"

သေဘာက်လို႔နဲ႔တူပါရဲ႕ ဂြၽန္႔စကားေတြကိုတုန္႔ျပန္ၿပီးရီလာခဲ့တယ္ အခုအခ်ိန္မွာ သူ႔ကိုစိတ္သက္သာရာရေစဖို႔ ဒီလိုစကားေလးေတြေျပာေပးမွသာ ေတာ္႐ုံျဖစ္မည္။

"အခ်စ္ဆုံးအိပ္ခ်င္ရင္ ေမာင့္ေပါင္ေပၚေခါင္းအုံးၿပီးအိပ္ေလေနာ္ "

"ေမာင္ေကာမအိပ္ဘူးလား"

"ေမာင္ကခ်စ္ဆုံးေမေမကိုထိုင္ေစာင့္ေပးရမယ္ေလ သတိျပန္လည္လာရင္ ေဒါက္တာကိုေခၚရမွာမို႔လို႔ေလ"

"အင္းပါ ေမာင္"

"အခုဒီညေတာ့ဒီလိုေလးဘဲအိပ္ေနာ္ ေမာင္တို႔ေဆး႐ုံကိုအျမန္လာလိုက္ရေတာ့အခန္းမေ႐ြးမိလိုက္ဘူး ေနာက္ေန႔မွသက္ေတာင့္သက္သာျဖစ္ေအာင္ေမာင္အခန္းေျပာင္းခိုင္းလိုက္မယ္"

စကားျပန္္မေျပာလို႔ ၾကည့္လိုက္ေတာ့ေပါင္ေပၚကကြၽန္ေတာ့္အခ်စ္ဆုံးကအိပ္ေတာင္အိပ္ေပ်ာ္သြားၿပီ

"ပင္ပန္းသြားၿပီ ေမာင့္အခ်စ္ဆုံးေလး"

တစ္ေန႔လုံးမနမ္းရေသးတဲ့ႏႈတ္ခမ္းေထြးေထြးေလးကိုငုံ႔နမ္းလိုက္ရင္း

"ေကာင္းေသာညပါ အခ်စ္ဆုံး"
.
.
.

မနက္၄နာရီေလာက္ေရာက္ေတာ့ ကုတင္ေပၚကေဆးပိုက္တန္းလန္းနဲ႔ေအာက္ဆီဂ်င္ေပးထားရတဲ့ ထယ့္ေမေမမ်က္လုံးကိုမနည္းအားယူၿပီးဖြင့္လာတာကိုျမင္ေတာ့

"ခ်စ္ဆုံး ထေတာ့ ဟိုမွာသတိရလာၿပီ"

ေပါင္ေပၚကခ်စ္စဖြယ္ေလးကိုအသာအယာႏိုးလိုက္ေတာ့ေကာက္ခနဲထလာေလရဲ႕ သူ႔ေမေမကုတင္နားကိုအေျပးသြားလိုက္ရင္း

"ေမေမ သတိရလာၿပီလား ထယ့္ကိုျမင္ရလား ဟင္"

"သား"

"အင္း ေမေမ ေျပာေလ တစ္ခုခုနာတာက်င္တာရွိလားေျပာေလ"

"မင္းေဖေဖေကာ"

ဒီေမးခြန္းႀကီးကိုမွ အရင္ဆုံးေမးလာတဲ့ေမေမေၾကာင့္ထယ္ေယာင္းတစ္ေယာက္စကားေတြဆြံ႕အသြားရသည္သူဘယ္လိုမွမေျဖႏိုင္တာေၾကာင့္ ဂြၽန္႔ကိုလွမ္းၾကည့္လိုက္ေတာ့ ဂြၽန္ကအလိုက္တသိ အနားေရာက္လာတယ္။

"အန္တီ အခုစကားမေျပာနဲ႔အုန္းေနာ္ ကြၽန္ေတာ္ဆရာဝန္သြားေခၚေပးမယ္ ဟုတ္ၿပီလား"

မ်က္ရည္ေလးေတြနဲ႔အန္တီက ေခါင္းေလးၿငိမ့္ျပတယ္

ဆရာဝန္ကခ်က္္ခ်င္းေရာက္လာေတာ့ စစ္ေဆးစရာေတြစစ္ေဆးၿပီး

"အေျခအေနေကာင္းသြားပါၿပီ ေဆး႐ုံမွာဒီေန႔တစ္ရက္ေတာ့ထပ္ေနေပးပါ ပိုၿပီးစိတ္ခ်ရေအာင္လို႔ပါ"

"ဟုတ္ကဲ့ပါ"

"ေမေမ နားနားေနေန ေနေနာ္ ဟုတ္ၿပီလား ဘာမွမေတြးနဲ႔"

"သားေဖေဖကိုေတြ႕ခ်င္တယ္"

"ေမေမ ေနာက္မွေျပာေနာ္ ေမေမအားရွိၿပီဆိုတာနဲ႔သားတို႔သြားေတြ႕မယ္ေလေနာ္ "

ေခါင္းေလးသာ တစ္ဆက္ဆက္ၿငိမ့္ျပတယ္။

ထပ္ၿပီးမဟန္ေဆာင္ႏိုင္ေတာ့တာမို႔ အခန္းအျပင္ကိုေျပးထြက္လာမိတယ္ တစ္ဦးထဲေသာ အားကိုးရာရဲ႕ ရင္ခြင္ထဲကိုေျပးဝင္ၿပီး အားရပါးရငိုမိတယ္ အားကိုးရာကလည္း ေက်ာေလးကို ပြတ္ေပးၿပီး ဖက္ထားေပးတယ္။

"အခုလိုအခ်ိန္ေတြထိအတူတူရွိေနေပးလို႔ေက်းဇူးပါေမာင္"
—————————————————————————

#ဒါေလးလည္းသိပ္မၾကာခင္ၿပီးေတာ့မယ္ထင္တယ္🥺❣️

Continue Reading

You'll Also Like

1.3M 122K 52
"မောင့်ကို ဘယ်တုန်းကမှလည်းမုန်းမရခဲ့သလို ထပ်ပီးလည်းမချစ်နိုင်တော့ဘူး" Big Drama ... Drama ကြိုက်မှဖတ်ပါ ။ ဘယ်လို ending ပဲဖြစ်ဖြစ်လက်ခံနိုင်တယ်ဆိုမှဖ...
1.2M 63.5K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
335K 8.3K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1M 165K 60
'ေသာက္က်ိဳးေတြ ခ်ီးလိုနည္း!! ကိုယ္ဖန္တီးထားတဲ့ ကိုယ့္ဇာတ္ေကာင္...တစ္နည္းအားျဖင့္ ငါ့သားက ငါ့ကိုႀကိဳက္တယ္ဆိုတာ ေယာင္လို႔ေတာင္မေတြးမိဘူး!! ဒင္းကဘယ္တုန္...