{Unicode}
အရှေ့ကကြည့်နေတဲ့စူးစူးရဲရဲမျက်လုံးတစ်စုံကြောင့်သူမသွေးရောင်ပျောက်လုဖြစ်နေပြီ။ သူမသိအောင်ထွက်သွားပါမယ်လို့တွေးထားပြီးကာမှတေ့တေ့ဆိုင်ဆိုင်ဘာလို့ဒီလိုလာတွေ့ရတာလဲ၊ နောက်ဆုံးရောက်နေတော့မှ ဘာလို့လဲ...ဘာလို့ဒီလိုဖြစ်ရတာလဲ ဘာလို့သူ့ကိုမြင်အောင်ပြရတာလဲ ...?
"ကလေး ငြိမ်နေပါလား နေမကောင်းဘူးလား"
ဘေးကကိုယ့်ကိုအရိပ်တကြည့်ကြည့်နဲ့ကြည့်နေတဲ့သူကကိုယ်ဟန်ပျက်မှန်းသိနေပြီ၊ဘယ်လိုဖြေရှင်းချက်ပေးရပါ့...၊ရုတ်တရက်သူ့ဆီဖုန်းဝင်လာတာကြောင့်သူမသက်ပြင်းချမိသည်။ သူ့ရင်ခွင်ထဲကရုန်းထွက်မိခိုက်စူးစူးရဲရဲမျက်လုံးတစ်စုံနဲ့အကြည့်စုံမိတော့ သူမကဆောက်တည်ရာမရတော့ပေ ... ။
"ဘာ...!မင်းတို့အလုပ်ကိုသေချာမလုပ်ဘူးလား...၊ရှယ်ယာရှင်တွေဘာပြောသေးလဲ? အင်း ကြည့်စီစဥ်ထားလိုက် ငါအခုချက်ချင်းလာခဲ့မယ် တော်တော်အသုံးမကျတဲ့ကောင်တွေ..."
ဘာကိစ္စဖြစ်လို့လဲ! အခုချိန်မှာသူမတစ်ယောက်တည်းကျန်နေခဲ့ရမှာမလိုလားပေ...။စိုးရိမ်စိတ်အပြည့်နဲ့သူ့အဖြေကိုစောင့်နေမိသည်။
ဂျီမင်ကသက်ပြင်းအနည်းငယ်ချလိုက်ကာ...
"ဟင်းးး ကလေးနဲ့အတူအချိန်ကုန်ဖို့လုပ်ထားကာမှကွာ ကုပ္မဏီမှာပြဿနာတစ်ခုတက်နေလို့ကိုယ်ပြန်သွားရအုံးမယ် ကိုယ့်ကိုစိတ်မဆိုးနဲ့နော် ကိုယ်နောက်နေ့အချိန်သီးသန့်ပေးပါ့မယ်"
ထင်တဲ့အတိုင်းပါပဲ...၊ပတ်ဂျီမင်ကသူမအတွက်ကယ်တင်ရှင်လား...ရေနစ်သူဝါးကူထိုးတဲ့လူလားမသဲကွဲတော့ဘူး။
ခေါင်းပဲငြိမ့်ပြလိုက်တော့သူကသဘောကျပြီးခေါင်းလေးကိုပုတ်လာသည်။
"ကိုယ်ပြီးရင်ဖုန်းဆက်လိုက်မယ်နော်ကလေး...ပြွတ်စ်... ဂျောင်းဂုရှီ ကျွန်တော့်ကိုကုပ္မဏီအရင်ပို့ပေးပါ ပြီးမှသူမကိုcondoလိုက်ပို့ပေးလိုက်ပါ"
"Nae..."
ကုပ္မဏီရှေ့အရောက်ကားပေါ်ကဆင်းဖို့လုပ်နေတဲ့သူ့လက်ကိုအားကိုးရာအဖြစ်ဆုပ်ကိုင်လိုက်မိတယ်။ နောက်ပိုင်းဖြစ်လာမယ့်ကိစ္စတွေကိုရင်မဆိုင်ချင်သေးဘူး ကျွန်မကိုပါခေါ်သွားပေးလို့မရဘူးလား...။
"ကိုယ့်ကလေးလေးကတော့ချွဲနေပြီကွာ ကိုယ်ပြီးရင်ကလေးဆီလာခဲ့မယ်နော် အဟင်းး ချစ်စရာလေး"
သူဆင်းသွားပြီးသည်နှင့်ထိုကားကထိုနေရာမှထွက်ခွာပြီးနေရာတစ်ခုဆီသို့...၊ တိတ်ဆိတ်စွာမောင်းနှင်နေတဲ့ကားလေးအတွင်းအေးစက်နေတဲ့ရာသီဥတုနှင့်ဆန့်ကျင်စွာပင်သူမမှာဇောချွေးပြန်နေခဲ့သည်။ တုန်ရီနေသောလက်များကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောကြောင့်လက်မှာလည်းချွေးစေးတွေထွက်နေသည် ။
သူ့အခြေနေကိုသိချင်တာကြောင့်စကားစရန်ဟန်ပြင်နေစဥ်ကားကိုအရှိန်တင်လိုက်တာကြောင့်ပြောရန်စကားများပျောက်ဆုံးသွားခဲ့သည် ။ကွန်ဒိုနဲ့လားရာဆန့်ကျင်ဘက်ကိုကွေ့လိုက်တာကြောင့်ရင်ထဲသိမ့်ခနဲပင်...။
ရင်းနှီးသောလမ်းများကြောင့်သူမသိလိုက်ပါပြီ...။ သူ့အိမ်ကိုမောင်းလာခြင်းပင်...။
ထိတ်လန့်နေသောစိတ်များကိုအတတ်နိုင်ဆုံးထိန်းချုပ်ကာစကားအေးဆေးပြောကြည့်ရန်ကြိုးစားနေသော်လည်း နောက်ကျခဲ့ပြီ သူ့ရဲ့ကြမ်းတမ်းစွာဆွဲခေါ်လာမှုနောက်သူမတရွတ်တိုက်ပါလာခဲ့သည်။ လက်တွေအရမ်းနာကျင်နေသော်လည်းတစ်ခွန်းမှမဟရဲ... ဒါဟာသူမဘက်ကအမှားတစ်ခုမို့သာ...။
ဒေါသစိတ်တွေကြောင့်အကြမ်းပတမ်းဆွဲခေါ်ခံလာရတဲ့သူမလက်တွေဟာတုန်ရီနေခဲ့သည်။ဒါပေမယ့်သူ မသနားမိပါ...၊ ကိုယ့်ချစ်သူတစ်ယောက်လုံးတခြားလူရဲ့ရင်ခွင်ထဲမှာအဖက်ခံအနမ်းခံဖြစ်နေတာကိုခွင့်လွှတ်ရလောက်တဲ့အထိသူသဘောထားမကြီးပေးနိုင်ဘူး။
"ဂျောင်းဂု...ကျွန်မ အ့"
ခပ်ပြင်းပြင်းတွန်းချက်ကြောင့်နံရံနဲ့မိတ်ဆက်မိသွားတဲ့ ကျောပြင်ကအောင့်ခနဲ။
"မင်းဘယ်ခြေလှမ်းကိုလှမ်းလိုက်တာလဲနာအွန်း ငါ့ကိုဘယ်လိုလုပ်လိုက်တာလဲ ငါ့ကိုဘယ်လိုသဘောထားနေတာလဲ၊ ငါကမင်းအတွက်ဘာလဲ လှေကားထစ်သပ်သပ်ပဲလား ဟင်"
လက်မောင်းနှစ်ဖက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်မေးနေတဲ့သူ့ကြောင့်သူမလက်တွေလည်းနီရဲပြီးကျင်တက်နေခဲ့သည်။
"ဂျောင်းဂု...ကျွန်မရှင်းပြ..."
"ဘာကိုရှင်းပြအုံးမှာလဲ ဘာကိုလိမ်ချင်သေးတာလဲ၊ ငါ့မျက်စိနဲ့တပ်အပ်မြင်လိုက်တာကိုတောင်မင်းကဉာဏ်နီဉာဏ်နက်သုံးချင်သေးတာလား? ငါ့မှာတော့မင်းကိုချစ်လိုက်ရတာ မင်းတစ်မျက်နှာတည်းကိုပဲငါကြည့်လာခဲ့တာ မင်းကငါ့တစ်ကမ္ဘာဖြစ်ခဲ့တာ ပတ်ဝန်းကျင်ကပြောစကားတွေကိုငါအကုန်လျစ်လျှူရှုခဲ့တာ မင်းကအဲ့လိုမိန်းမမျိုးဖြစ်နေမယ်လို့ငါထင်တောင်မထင်ရက်ခဲ့ဘူး...၊ ဘာတဲ့! လက်ထပ်ပွဲ hak ငါတစ်သက်လုံးမျှော်လင့်နေတဲ့အရာကိုမင်းကတခြားကောင်နဲ့လုပ်နေခဲ့တာလား"
စိတ်တိုနေရင်အသားနာအောင်လုပ်တတ်တာမို့နံရံကိုသူအရှိန်ပြင်းပြင်းထိုးလိုက်မိသည် ။ အခုလိုအချိန်တောင် သူမထိခိုက်မှာကိုတော့မလိုလားပေ...။
"ဂျောင်းဂု...ကျွန်မတို့...လမ်းခွဲရအောင်"
"လမ်းခွဲမယ်...ဟက်! လွယ်လှချည်လား? မင်းကိုငါချစ်နေမှန်းသိလို့လုပ်ချင်ရာလုပ်နေတာလားနာအွန်း..."
"ကျွန်မ...သူနဲ့လက်ထပ်ရတော့မယ် ကျွန်မကိုထပ်ပြီးခက်ခဲအောင်မလုပ်ပါနဲ့လား"
သူမဘက်ကတိကျတဲ့ဆုံးဖြတ်ချက်ကြောင့်သူ့ဒေါသကိုသူပြန်ထိန်းလိုက်ကာ...
"နာအွန်း မင်းတကယ်ပဲကိုယ့်ကိုထားခဲ့ဖို့ဆုံးဖြတ်ထားတာလား ကိုယ့်ကိုမချစ်တော့ဘူးလားဟင် ၊ လက်ထပ်ပွဲကိုဖြတ်လိုက်ပါ ကိုယ်မင်းကိုလုံခြုံတဲ့နေရာခေါ်သွားပေးမယ်"
မျှော်လင့်ကြီးစွာနဲ့ပြောနေတဲ့သူ့ကိုသူမမျက်နှာလွှဲမိသည်။
"ကျွန်မ ရှင်နဲ့အတူနေနိုင်မယ်မထင်ဘူး"
"ဘာလို့လဲ?ပိုက်ဆံကြောင့်လား...အဲ့ဒါဆို ကိုယ်ရှာပေးမယ် ဘယ်နည်းလမ်းနဲ့ပဲဖြစ်ဖြစ်ကိုယ်ရှာပေးမယ် ကိုယ့်ကိုအချိန်လေးနည်းနည်းလောက်ပေးပါကွာနော်"
"ကျွန်မရှင်နဲ့အတူဒုက္ခမခံနိုင်ဘူးဂျောင်းကု ကျွန်မဘဝကိုအေးအေးဆေးဆေးပဲဖြတ်သန်းချင်တယ်"
"သြော်... ငါ့ဘဝကမင်းအတွက်အရမ်းကိုပူလောင်နေတယ်ပေါ့ မင်းလိုချင်သမျှတွေကိုငါအကုန်ဖြည့်ဆည်းပေးခဲ့တာတောင်...မင်းက...မင်းကတော်တော်ငွေမက်တဲ့မိန်းမပါလား ငါတောင်ငါ့ဘဝတစ်ခုလုံးငါ့အိမ်မက်တစ်ခုလုံးကိုရင်းပြီးမင်းကိုချစ်ခဲ့ရတာကွ အခုတော့..."
"အဲ့ဒါတွေတွက်တောင်းပန်ပါတယ် ကျွန်မကိုသွားခွင့်ပြုပါ ရှင်လည်းရှင့်ကိုချစ်တဲ့မိန်းကလေးတစ်ယောက်နဲ့အတူဖြတ်သန်းပါကျွန်မလည်းအဲ့လိုလုပ်မှာမို့..."
"ဟင့်အင်း မသွားရဘူး..."
ထွက်သွားတဲ့သူမခန္ဓာကိုယ်လေးကိုအနောက်မှပြေးဖက်ထားမိသည်။
"ဘေဘီ ဘာလို့အဲ့လိုအတိအကျဆုံးဖြတ်နိုင်ရတာလဲ ကိုယ်တို့နှစ်ယောက်ကအရမ်းချစ်ခဲ့ကြတဲ့ချစ်သူတွေလေကွာ ချမ်းသာမှုတစ်ခုတည်းအတွက်နဲ့သူ့ဘဝထဲမှာမင်းပျော်နိုင်မယ်ထင်လို့လား ကိုယ့်ကိုမထားသွားပါနဲ့နော် ကိုယ်သူ့ထက်ပိုပျော်အောင်ထားပေးပါ့မယ် ကိုယ့်ကိုငဲ့ပေးပါအုံးနော်"
ခါးကိုရစ်တွယ်ထားတဲ့သူ့လက်တွေကိုအတင်းတွန်းဖယ်နေခဲ့တဲ့သူမ...၊
ဘယ်အရာတွေကသူမကိုကျွန်တော့်ဆီကထွက်သွားစေဖို့သေချာနေရတာလဲ? သူမကျွန်တော့်ကိုချစ်တာကိုကျွန်တော်သိတယ် ပိုက်ဆံမက်တာတစ်ခုတည်းကြောင့်နဲ့ရောဖြစ်နိုင်လို့လား...?
အခုချိန်ထိသူ သူမကိုအဆိုးမမြင်နိုင်သေးပါ...၊ နောက်ဆုံးသူမခါးများကိုလွှတ်ကာဒူးထောက်ထားမိလိုက်တော့သည် အခုချိန်သူမထွက်မသွားဖို့ဘာမဆိုလုပ်ဖို့ဝန်မလေးခဲ့ပါ။
"ကိုယ်တောင်းပန်ပါတယ်နာအွန်းရယ် ကိုယ့်ဆီကနေမထွက်သွားပါနဲ့ ကိုယ်တို့နှစ်ယောက်ကလက်ထပ်ဖို့အထိရည်ရွယ်ထားတာလေ...ကိုယ်တကယ်တောင်းပန်ပါတယ် ကိုယ့်ဘဝမှာမင်းမရှိလို့မဖြစ်လို့ပါကွာ ကိုယ့်ကိုသနားပေးပါ မင်းစိတ်ကြိုက်ကိုယ့်ကိုအနိုင်ယူနိုင်ပါတယ် ကျေးဇူးပြုပြီး တစ်ခါလောက်ပဲကိုယ့်ကိုအခွင့်ရေးလေးပေးပါကွာနော်"
အသနားခံနေတဲ့သူ့မျက်ဝန်းတွေကိုသူမတွန်းလှန်နိုင်စွမ်းလျော့နည်းနေပြီ။ အခုထိတောင်းပန်နေတော့ထွက်သွားရမယ့်လူကဘယ်လိုလုပ်ရမှာလဲ...၊ သူလည်းနာကျင်ရတယ် ကိုယ်လည်းနာကျင်ရတယ်။ သူ့ကိုချစ်တဲ့စိတ်ကိုဖျောက်လို့မရခဲ့ဘူး သူပြောသလိုပဲကိုယ်တို့တွေအရမ်းချစ်ခဲ့ကြတယ်...။
ဘယ်အရာကိုမှမစဥ်းစားချင်တော့ဘဲသူ့ဆီမှာပဲငြိတွယ်ချင်မိတယ်။ခဏလောက်...ခဏလောက်ပဲသူမစိတ်ကိုအလိုလိုက်ပါရစေ...။
မျက်ရည်တွေပြည့်နှက်နေတဲ့မျက်နှာလေးကိုသုတ်ပေးလိုက်ပြီးသူ့နှုတ်ခမ်းလေးကိုတယုတယနမ်းရှိုက်လိုက်သည်။သူလည်းသူမကိုပြန်နမ်းရှိုက်ကာ လက်တွေကိုသူမခါးဆီမှာနေရာယူလိုက်သည်။တစ်ဆင့်တိုးကာ အင်ကျီကြယ်သီးတွေကိုဖြုတ်နေတဲ့သူ့လက်တွေကိုသူမ မဟန့်တားခဲ့ပါ ။ ဒီတစ်ည...ဒီတစ်ညပဲသူမစိတ်ကိုအလိုလိုက်ခွင့်ပြုပါ ။
အနမ်းတွေအားလုံးကသူမအခန်းရဲ့အိပ်ယာထက်မှာအဆုံးသတ်ကာ...
"ဘေဘီ ကိုယ့်ကိုမထားခဲ့တော့ဘူးမလားဟင် ကိုယ့်ကိုရွေးချယ်လိုက်တာမလား"
"Omm"
နောက်ဆုံးလိမ်ညာခြင်းနဲ့အတူနူးညံ့သိမ်မွေ့တဲ့လက်ဆောင်လေးတစ်ခုကိုသူ့ဆီပေးအပ်ခဲ့တဲ့ထိုည... ၊ လည်ပင်းသားတွေကိုပြင်းပြင်းထန်ထန်နမ်းရှိုက်လာတော့သူ့ပုခုံးပြင်ကိုအားကိုးတစ်ကြီးဆုပ်ကိုင်လိုက်သည်။ပြီးတော့ မိုက်ရူးရဲဆန်စွာနဲ့အဆုံးထိရှေ့ဆက်ခဲ့ကြသည်။ ကိုယ့်ရဲ့ပထမဦးဆုံးကိုကိုယ်ချစ်တဲ့လူနဲ့ပဲဖြတ်သန်းချင်တာသဘာဝပဲမို့သူမလည်းအတ္တဆန်ပါရစေ...။
ထိုအရာကသူမအတွက်နှောင်ကြိုးလေးတစ်ချောင်းပါလာမယ်မှန်းကြိုတွေးမိခဲ့ရင်...၊
ထိုညလေးကနောင်တတစ်ခုသာဖြစ်လာမယ်ဆိုရင်...၊
သူမရှေ့ဆက်မိမှာလား...။
ဆိုးလ်မြို့ရဲ့ အေးစက်ကြမ်းတမ်းတဲ့ညတစ်ညမှာ ချစ်သူနှစ်ယောက်ကတော့နွေးနွေးထွေးထွေးရှိနေခဲ့သည်။
မောပန်းနွမ်းနယ်စွာ အိပ်မောကျနေတဲ့သူ့မျက်နှာလေးရဲ့အစိတ်အပိုင်းတွေကိုတစ်ခုချင်းလိုက်မှတ်နေတဲ့သူမ... ။ နောက်ဆိုမမြင်ရတော့ဘူးမလား...။နာကျင်နေတဲ့ကိုယ်ကိုဥပေက္ခာပြုပြီး ခါးကိုဖက်ထားတဲ့သူ့လက်များကိုအသာဖယ်ကာကိုယ်လက်သန့်စင်ပြီးအင်ကျီဝတ်လိုက်သည်။ အမှတ်ရာများကိုမမြင်စေရန်လည်ပင်းတွင်မာဖလာကိုနေရာယူစေပြီး park jiminရှိရာကမ္ဘာသစ်ဆီသို့...။
"ဂျောင်းဂု ကျွန်မတို့ဒီမှာတင်ရပ်ရအောင်..."
ချွေးစိုနေသေးတဲ့နှဖူးပြင်မှာကပ်နေတဲ့ဆံပင်စလေးတွေကိုသပ်တင်ပေးပြီးခပ်ဟဟနှုတ်ခမ်းလေးကိုနောက်ဆုံးအကြိမ်ထိတွေ့ခဲ့သည်။
' ကောင်းကောင်းအိပ်စက်ပါ အခုညရော နောက်ညတွေရော ကျွန်မရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အတတ်နိုင်ဆုံးပျော်ရွှင်အောင်နေပေးပါ...ဂျောင်းဂု '
.
.
.
မနက်၅နာရီ ကိုယ်စောင့်နတ်ရဲ့သတိပေးမှုအလား စောင်ခြုံထဲကနွေးထွေးမှုလေးမရှိတော့သလိုခံစားရတာကြောင့်မျက်လုံးများပွင့်လာခဲ့သည်၊ သူမရဲ့ခေါင်းအုံးလေးကိုနမ်းရှိုက်လိုက်ပြီးစောင်ကိုဖယ်လိုက်တော့သူနဲ့သူမရဲ့အချစ်ရည်လေးတွေကြောင့်စိတ်ထဲကြည်နူးရပြန်သည်...။
သန့်စင်ခန်းကိုသွားသည်အထင်နှင့်ကြည့်လိုက်သော်လည်းသူမကိုမတွေ့ခဲ့... ။
"ဘေဘီ...ဘေဘီဘယ်မှာလဲ?"
တိတ်ဆိတ်နေသောအိမ်တွင်းမှသူ့ရဲ့ပဲ့တင်သံများကြောင့်မသိမသာခိုအောင်းလာသောစိုးရိမ်စိတ်များ...။
ကျွန်တော်တစ်ယောက်တည်းဖြစ်နေသလိုခံစားချက်...၊သူထင်တာမဟုတ်ဘူးမလား။
အိမ်အနှံ့လိုက်ရှာပြီးသော်လည်းမတွေ့သောကြောင့်စိုးရိမ်စိတ်တွေပိုလာခဲ့ပြီ ။ တံခါးနားမှာမြင်လိုက်ရသောအဖော်မဲ့နေတဲ့သူ့ဖိနပ်လေးတစ်ရံ...၊ ပျော့ခွေကျလာသောခြေထောက်များကိုတောင့်တင်းစေရန်အားမရှိခဲ့...၊ တာကျိုးလာသောမျက်ရည်များကိုသုတ်နိုင်စွမ်းလည်းမရှိတော့။
'ဘေဘီ မင်းပြောတော့ကိုယ့်ကိုမထားသွားတော့ဘူးဆို အခုကဘာလဲ? ကိုယ်တကယ်မင်းမရှိလို့မဖြစ်လို့ပါကွာ ပြန်လာခဲ့ပါ ကျေးဇူးပြုပြီး...'
နာကျင်ကြေမွနေတဲ့တိတ်တဆိတ်ကြွေးကြော်အော်ဟစ်သံတွေကိုမည်သူမျှမကြားနိုင် သူမကိုမှီလိုမှီငြားလိုက်ရှာမိသော်လည်းအရိပ်ခြေမျှမတွေ့ခဲ့ပါ...၊ ဖိနပ်မပါတဲ့ခြေထောက်တစ်စုံဟာလမ်းကြမ်းတွေအတွက်တော့နူးညံ့တဲ့အထိတွေ့တစ်ခု...၊ ပေါက်ပြဲနေတဲ့ခြေထောက်တွေနဲ့အေးစက်နေတဲ့လမ်းမထက်ပြေးလွှားနေတဲ့သူ သူမရဲ့condoဆိုတဲ့နန်းတော်ကဘယ်နေရာမှာတည်ရှိမှန်းမသိခဲ့...။ လိုက်ရှာနေရင်းလမ်းပျောက်နေခဲ့တဲ့သူ...။
// မင်းတကယ်ကိုယ်ချင်းမစာတတ်ဘူးပဲ...မင်းစောင့်ကြည့်နေလိုက် ငါမင်းဆီရောက်အောင်လာခဲ့မယ် မင်းကိုကိုယ်ချင်းစာနာတတ်အောင်ငါသင်ပေးရအုံးမယ် ငါဘယ်လိုတွေခံစားနေရလဲမင်းကိုပြောပြရအုံးမယ် မင်းငါ့ကိုစောင့်နေပါ ငါက...မင်းထားခဲ့တဲ့နေရာမှာပဲနေမှာမဟုတ်ဘူး ငါမင်းကိုရအောင်ပြန်ယူမှာ ငါကအချစ်သလိုအညှိုးလည်းကြီးတယ် ကင်မ်နာအွန်း... //
ရယူပိုင်ဆိုင်ခြင်းများနဲ့ချစ်ခဲ့ကြတဲ့ချစ်ခြင်းတွေရဲ့အဆုံးသတ်ဟာသေချာပေါက်လှပနေမှာလား..?ဝဋ်ဆိုတာနောင်ဘဝမကူးတဲ့ဒီခေတ်ကြီးမှာသူမကတော့တဖန်ပြန်လည်ခံစားရအုံးမှာကျိန်သေပေါက်ပင်...။
▪︎▪︎▪︎▪︎▪︎
The past is done.
21.9.2022
{Zawgyi}
အေရွ႕ကၾကည့္ေနတဲ့စူးစူးရဲရဲမ်က္လုံးတစ္စုံေၾကာင့္သူမေသြးေရာင္ေပ်ာက္လုျဖစ္ေနၿပီ။ သူမသိေအာင္ထြက္သြားပါမယ္လို႔ေတြးထားၿပီးကာမွေတ့ေတ့ဆိုင္ဆိုင္ဘာလို႔ဒီလိုလာေတြ႕ရတာလဲ၊ ေနာက္ဆုံးေရာက္ေနေတာ့မွ ဘာလို႔လဲ...ဘာလို႔ဒီလိုျဖစ္ရတာလဲ ဘာလို႔သူ႕ကိုျမင္ေအာင္ျပရတာလဲ ...?
"ကေလး ၿငိမ္ေနပါလား ေနမေကာင္းဘူးလား"
ေဘးကကိုယ့္ကိုအရိပ္တၾကည့္ၾကည့္နဲ႕ၾကည့္ေနတဲ့သူကကိုယ္ဟန္ပ်က္မွန္းသိေနၿပီ၊ဘယ္လိုေျဖရွင္းခ်က္ေပးရပါ့...၊႐ုတ္တရက္သူ႕ဆီဖုန္းဝင္လာတာေၾကာင့္သူမသက္ျပင္းခ်မိသည္။ သူ႕ရင္ခြင္ထဲက႐ုန္းထြက္မိခိုက္စူးစူးရဲရဲမ်က္လုံးတစ္စုံနဲ႕အၾကည့္စုံမိေတာ့ သူမကေဆာက္တည္ရာမရေတာ့ေပ ... ။
"ဘာ...!မင္းတို႔အလုပ္ကိုေသခ်ာမလုပ္ဘူးလား...၊ရွယ္ယာရွင္ေတြဘာေျပာေသးလဲ? အင္း ၾကည့္စီစဥ္ထားလိုက္ ငါအခုခ်က္ခ်င္းလာခဲ့မယ္ ေတာ္ေတာ္အသုံးမက်တဲ့ေကာင္ေတြ..."
ဘာကိစၥျဖစ္လို႔လဲ! အခုခ်ိန္မွာသူမတစ္ေယာက္တည္းက်န္ေနခဲ့ရမွာမလိုလားေပ...။စိုးရိမ္စိတ္အျပည့္နဲ႕သူ႕အေျဖကိုေစာင့္ေနမိသည္။
ဂ်ီမင္ကသက္ျပင္းအနည္းငယ္ခ်လိဳက္ကာ...
"ဟင္းးး ကေလးနဲ႕အတူအခ်ိန္ကုန္ဖို႔လုပ္ထားကာမွကြာ ကုပၼဏီမွာျပႆနာတစ္ခုတက္ေနလို႔ကိုယ္ျပန္သြားရအုံးမယ္ ကိုယ့္ကိုစိတ္မဆိုးနဲ႕ေနာ္ ကိုယ္ေနာက္ေန႕အခ်ိန္သီးသန့္ေပးပါ့မယ္"
ထင္တဲ့အတိုင္းပါပဲ...၊ပတ္ဂ်ီမင္ကသူမအတြက္ကယ္တင္ရွင္လား...ေရနစ္သူဝါးကူထိုးတဲ့လူလားမသဲကြဲေတာ့ဘူး။
ေခါင္းပဲၿငိမ့္ျပလိုက္ေတာ့သူကသေဘာက်ၿပီးေခါင္းေလးကိုပုတ္လာသည္။
"ကိုယ္ၿပီးရင္ဖုန္းဆက္လိုက္မယ္ေနာ္ကေလး...ႁပြတ္စ္... ေဂ်ာင္းဂုရွီ ကြၽန္ေတာ့္ကိုကုပၼဏီအရင္ပို႔ေပးပါ ၿပီးမွသူမကိုcondoလိုက္ပို႔ေပးလိုက္ပါ"
"Nae..."
ကုပၼဏီေရွ႕အေရာက္ကားေပၚကဆင္းဖို႔လုပ္ေနတဲ့သူ႕လက္ကိုအားကိုးရာအျဖစ္ဆုပ္ကိုင္လိုက္မိတယ္။ ေနာက္ပိုင္းျဖစ္လာမယ့္ကိစၥေတြကိုရင္မဆိုင္ခ်င္ေသးဘူး ကြၽန္မကိုပါေခၚသြားေပးလို႔မရဘူးလား...။
"ကိုယ့္ကေလးေလးကေတာ့ခြၽဲေနၿပီကြာ ကိုယ္ၿပီးရင္ကေလးဆီလာခဲ့မယ္ေနာ္ အဟင္းး ခ်စ္စရာေလး"
သူဆင္းသြားၿပီးသည္ႏွင့္ထိုကားကထိုေနရာမွထြက္ခြာၿပီးေနရာတစ္ခုဆီသို႔...၊ တိတ္ဆိတ္စြာေမာင္းႏွင္ေနတဲ့ကားေလးအတြင္းေအးစက္ေနတဲ့ရာသီဥတုႏွင့္ဆန့္က်င္စြာပင္သူမမွာေဇာေခြၽးျပန္ေနခဲ့သည္။ တုန္ရီေနေသာလက္မ်ားကိုက်စ္က်စ္ပါေအာင္ဆုပ္ထားေသာေၾကာင့္လက္မွာလည္းေခြၽးေစးေတြထြက္ေနသည္ ။
သူ႕အေျခေနကိုသိခ်င္တာေၾကာင့္စကားစရန္ဟန္ျပင္ေနစဥ္ကားကိုအရွိန္တင္လိုက္တာေၾကာင့္ေျပာရန္စကားမ်ားေပ်ာက္ဆုံးသြားခဲ့သည္ ။ကြန္ဒိုနဲ႕လားရာဆန့္က်င္ဘက္ကိုေကြ႕လိုက္တာေၾကာင့္ရင္ထဲသိမ့္ခနဲပင္...။
ရင္းႏွီးေသာလမ္းမ်ားေၾကာင့္သူမသိလိုက္ပါၿပီ...။ သူ႕အိမ္ကိုေမာင္းလာျခင္းပင္...။
ထိတ္လန့္ေနေသာစိတ္မ်ားကိုအတတ္နိုင္ဆုံးထိန္းခ်ဳပ္ကာစကားေအးေဆးေျပာၾကည့္ရန္ႀကိဳးစားေနေသာ္လည္း ေနာက္က်ခဲ့ၿပီ သူ႕ရဲ႕ၾကမ္းတမ္းစြာဆြဲေခၚလာမႈေနာက္သူမတ႐ြတ္တိုက္ပါလာခဲ့သည္။ လက္ေတြအရမ္းနာက်င္ေနေသာ္လည္းတစ္ခြန္းမွမဟရဲ... ဒါဟာသူမဘက္ကအမွားတစ္ခုမို႔သာ...။
ေဒါသစိတ္ေတြေၾကာင့္အၾကမ္းပတမ္းဆြဲေခၚခံလာရတဲ့သူမလက္ေတြဟာတုန္ရီေနခဲ့သည္။ဒါေပမယ့္သူ မသနားမိပါ...၊ ကိုယ့္ခ်စ္သူတစ္ေယာက္လုံးတျခားလူရဲ႕ရင္ခြင္ထဲမွာအဖက္ခံအနမ္းခံျဖစ္ေနတာကိုခြင့္လႊတ္ရေလာက္တဲ့အထိသူသေဘာထားမႀကီးေပးနိုင္ဘူး။
"ေဂ်ာင္းဂု...ကြၽန္မ အ့"
ခပ္ျပင္းျပင္းတြန္းခ်က္ေၾကာင့္နံရံနဲ႕မိတ္ဆက္မိသြားတဲ့ ေက်ာျပင္ကေအာင့္ခနဲ။
"မင္းဘယ္ေျခလွမ္းကိုလွမ္းလိုက္တာလဲနာအြန္း ငါ့ကိုဘယ္လိုလုပ္လိုက္တာလဲ ငါ့ကိုဘယ္လိုသေဘာထားေနတာလဲ၊ ငါကမင္းအတြက္ဘာလဲ ေလွကားထစ္သပ္သပ္ပဲလား ဟင္"
လက္ေမာင္းႏွစ္ဖက္ကိုတင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ေမးေနတဲ့သူ႕ေၾကာင့္သူမလက္ေတြလည္းနီရဲၿပီးက်င္တက္ေနခဲ့သည္။
"ေဂ်ာင္းဂု...ကြၽန္မရွင္းျပ..."
"ဘာကိုရွင္းျပအုံးမွာလဲ ဘာကိုလိမ္ခ်င္ေသးတာလဲ၊ ငါ့မ်က္စိနဲ႕တပ္အပ္ျမင္လိုက္တာကိုေတာင္မင္းကဉာဏ္နီဉာဏ္နက္သုံးခ်င္ေသးတာလား? ငါ့မွာေတာ့မင္းကိုခ်စ္လိုက္ရတာ မင္းတစ္မ်က္ႏွာတည္းကိုပဲငါၾကည့္လာခဲ့တာ မင္းကငါ့တစ္ကမၻာျဖစ္ခဲ့တာ ပတ္ဝန္းက်င္ကေျပာစကားေတြကိုငါအကုန္လ်စ္လ်ႉရႈခဲ့တာ မင္းကအဲ့လိုမိန္းမမ်ိဳးျဖစ္ေနမယ္လို႔ငါထင္ေတာင္မထင္ရက္ခဲ့ဘူး...၊ ဘာတဲ့! လက္ထပ္ပြဲ hak ငါတစ္သက္လုံးေမွ်ာ္လင့္ေနတဲ့အရာကိုမင္းကတျခားေကာင္နဲ႕လုပ္ေနခဲ့တာလား"
စိတ္တိုေနရင္အသားနာေအာင္လုပ္တတ္တာမို႔နံရံကိုသူအရွိန္ျပင္းျပင္းထိုးလိုက္မိသည္ ။ အခုလိုအခ်ိန္ေတာင္ သူမထိခိုက္မွာကိုေတာ့မလိုလားေပ...။
"ေဂ်ာင္းဂု...ကြၽန္မတို႔...လမ္းခြဲရေအာင္"
"လမ္းခြဲမယ္...ဟက္! လြယ္လွခ်ည္လား? မင္းကိုငါခ်စ္ေနမွန္းသိလို႔လုပ္ခ်င္ရာလုပ္ေနတာလားနာအြန္း..."
"ကြၽန္မ...သူနဲ႕လက္ထပ္ရေတာ့မယ္ ကြၽန္မကိုထပ္ၿပီးခက္ခဲေအာင္မလုပ္ပါနဲ႕လား"
သူမဘက္ကတိက်တဲ့ဆုံးျဖတ္ခ်က္ေၾကာင့္သူ႕ေဒါသကိုသူျပန္ထိန္းလိုက္ကာ...
"နာအြန္း မင္းတကယ္ပဲကိုယ့္ကိုထားခဲ့ဖို႔ဆုံးျဖတ္ထားတာလား ကိုယ့္ကိုမခ်စ္ေတာ့ဘူးလားဟင္ ၊ လက္ထပ္ပြဲကိုျဖတ္လိုက္ပါ ကိုယ္မင္းကိုလုံၿခဳံတဲ့ေနရာေခၚသြားေပးမယ္"
ေမွ်ာ္လင့္ႀကီးစြာနဲ႕ေျပာေနတဲ့သူ႕ကိုသူမမ်က္ႏွာလႊဲမိသည္။
"ကြၽန္မ ရွင္နဲ႕အတူေနနိုင္မယ္မထင္ဘူး"
"ဘာလို႔လဲ?ပိုက္ဆံေၾကာင့္လား...အဲ့ဒါဆို ကိုယ္ရွာေပးမယ္ ဘယ္နည္းလမ္းနဲ႕ပဲျဖစ္ျဖစ္ကိုယ္ရွာေပးမယ္ ကိုယ့္ကိုအခ်ိန္ေလးနည္းနည္းေလာက္ေပးပါကြာေနာ္"
"ကြၽန္မရွင္နဲ႕အတူဒုကၡမခံနိုင္ဘူးေဂ်ာင္းကု ကြၽန္မဘဝကိုေအးေအးေဆးေဆးပဲျဖတ္သန္းခ်င္တယ္"
"ေၾသာ္... ငါ့ဘဝကမင္းအတြက္အရမ္းကိုပူေလာင္ေနတယ္ေပါ့ မင္းလိုခ်င္သမွ်ေတြကိုငါအကုန္ျဖည့္ဆည္းေပးခဲ့တာေတာင္...မင္းက...မင္းကေတာ္ေတာ္ေငြမက္တဲ့မိန္းမပါလား ငါေတာင္ငါ့ဘဝတစ္ခုလုံးငါ့အိမ္မက္တစ္ခုလုံးကိုရင္းၿပီးမင္းကိုခ်စ္ခဲ့ရတာကြ အခုေတာ့..."
"အဲ့ဒါေတြတြက္ေတာင္းပန္ပါတယ္ ကြၽန္မကိုသြားခြင့္ျပဳပါ ရွင္လည္းရွင့္ကိုခ်စ္တဲ့မိန္းကေလးတစ္ေယာက္နဲ႕အတူျဖတ္သန္းပါကြၽန္မလည္းအဲ့လိုလုပ္မွာမို႔..."
"ဟင့္အင္း မသြားရဘူး..."
ထြက္သြားတဲ့သူမခႏၶာကိုယ္ေလးကိုအေနာက္မွေျပးဖက္ထားမိသည္။
"ေဘဘီ ဘာလို႔အဲ့လိုအတိအက်ဆဳံးျဖတ္နိုင္ရတာလဲ ကိုယ္တို႔ႏွစ္ေယာက္ကအရမ္းခ်စ္ခဲ့ၾကတဲ့ခ်စ္သူေတြေလကြာ ခ်မ္းသာမႈတစ္ခုတည္းအတြက္နဲ႕သူ႕ဘဝထဲမွာမင္းေပ်ာ္နိုင္မယ္ထင္လို႔လား ကိုယ့္ကိုမထားသြားပါနဲ႕ေနာ္ ကိုယ္သူ႕ထက္ပိုေပ်ာ္ေအာင္ထားေပးပါ့မယ္ ကိုယ့္ကိုငဲ့ေပးပါအုံးေနာ္"
ခါးကိုရစ္တြယ္ထားတဲ့သူ႕လက္ေတြကိုအတင္းတြန္းဖယ္ေနခဲ့တဲ့သူမ...၊
ဘယ္အရာေတြကသူမကိုကြၽန္ေတာ့္ဆီကထြက္သြားေစဖို႔ေသခ်ာေနရတာလဲ? သူမကြၽန္ေတာ့္ကိုခ်စ္တာကိုကြၽန္ေတာ္သိတယ္ ပိုက္ဆံမက္တာတစ္ခုတည္းေၾကာင့္နဲ႕ေရာျဖစ္နိုင္လို႔လား...?
အခုခ်ိန္ထိသူ သူမကိုအဆိုးမျမင္နိုင္ေသးပါ...၊ ေနာက္ဆုံးသူမခါးမ်ားကိုလႊတ္ကာဒူးေထာက္ထားမိလိုက္ေတာ့သည္ အခုခ်ိန္သူမထြက္မသြားဖို႔ဘာမဆိုလုပ္ဖို႔ဝန္မေလးခဲ့ပါ။
"ကိုယ္ေတာင္းပန္ပါတယ္နာအြန္းရယ္ ကိုယ့္ဆီကေနမထြက္သြားပါနဲ႕ ကိုယ္တို႔ႏွစ္ေယာက္ကလက္ထပ္ဖို႔အထိရည္႐ြယ္ထားတာေလ...ကိုယ္တကယ္ေတာင္းပန္ပါတယ္ ကိုယ့္ဘဝမွာမင္းမရွိလို႔မျဖစ္လို႔ပါကြာ ကိုယ့္ကိုသနားေပးပါ မင္းစိတ္ႀကိဳက္ကိုယ့္ကိုအနိုင္ယူနိုင္ပါတယ္ ေက်းဇူးျပဳၿပီး တစ္ခါေလာက္ပဲကိုယ့္ကိုအခြင့္ေရးေလးေပးပါကြာေနာ္"
အသနားခံေနတဲ့သူ႕မ်က္ဝန္းေတြကိုသူမတြန္းလွန္နိုင္စြမ္းေလ်ာ့နည္းေနၿပီ။ အခုထိေတာင္းပန္ေနေတာ့ထြက္သြားရမယ့္လူကဘယ္လိုလုပ္ရမွာလဲ...၊ သူလည္းနာက်င္ရတယ္ ကိုယ္လည္းနာက်င္ရတယ္။ သူ႕ကိုခ်စ္တဲ့စိတ္ကိုေဖ်ာက္လို႔မရခဲ့ဘူး သူေျပာသလိုပဲကိုယ္တို႔ေတြအရမ္းခ်စ္ခဲ့ၾကတယ္...။
ဘယ္အရာကိုမွမစဥ္းစားခ်င္ေတာ့ဘဲသူ႕ဆီမွာပဲၿငိတြယ္ခ်င္မိတယ္။ခဏေလာက္...ခဏေလာက္ပဲသူမစိတ္ကိုအလိုလိုက္ပါရေစ...။
မ်က္ရည္ေတြျပည့္ႏွက္ေနတဲ့မ်က္ႏွာေလးကိုသုတ္ေပးလိုက္ၿပီးသူ႕ႏႈတ္ခမ္းေလးကိုတယုတယနမ္းရွိုက္လိုက္သည္။သူလည္းသူမကိုျပန္နမ္းရွိုက္ကာ လက္ေတြကိုသူမခါးဆီမွာေနရာယူလိုက္သည္။တစ္ဆင့္တိုးကာ အင္က်ီၾကယ္သီးေတြကိုျဖဳတ္ေနတဲ့သူ႕လက္ေတြကိုသူမ မဟန့္တားခဲ့ပါ ။ ဒီတစ္ည...ဒီတစ္ညပဲသူမစိတ္ကိုအလိုလိုက္ခြင့္ျပဳပါ ။
အနမ္းေတြအားလုံးကသူမအခန္းရဲ႕အိပ္ယာထက္မွာအဆုံးသတ္ကာ...
"ေဘဘီ ကိုယ့္ကိုမထားခဲ့ေတာ့ဘူးမလားဟင္ ကိုယ့္ကိုေ႐ြးခ်ယ္လိုက္တာမလား"
"Omm"
ေနာက္ဆုံးလိမ္ညာျခင္းနဲ႕အတူႏူးညံ့သိမ္ေမြ႕တဲ့လက္ေဆာင္ေလးတစ္ခုကိုသူ႕ဆီေပးအပ္ခဲ့တဲ့ထိုည... ၊ လည္ပင္းသားေတြကိုျပင္းျပင္းထန္ထန္နမ္းရွိုက္လာေတာ့သူ႕ပုခုံးျပင္ကိုအားကိုးတစ္ႀကီးဆုပ္ကိုင္လိုက္သည္။ၿပီးေတာ့ မိုက္႐ူးရဲဆန္စြာနဲ႕အဆုံးထိေရွ႕ဆက္ခဲ့ၾကသည္။ ကိုယ့္ရဲ႕ပထမဦးဆုံးကိုကိုယ္ခ်စ္တဲ့လူနဲ႕ပဲျဖတ္သန္းခ်င္တာသဘာဝပဲမို႔သူမလည္းအတၱဆန္ပါရေစ...။
ထိုအရာကသူမအတြက္ႏွောင္ႀကိဳးေလးတစ္ေခ်ာင္းပါလာမယ္မွန္းႀကိဳေတြးမိခဲ့ရင္...၊
ထိုညေလးကေနာင္တတစ္ခုသာျဖစ္လာမယ္ဆိုရင္...၊
သူမေရွ႕ဆက္မိမွာလား...။
ဆိုးလ္ၿမိဳ႕ရဲ႕ ေအးစက္ၾကမ္းတမ္းတဲ့ညတစ္ညမွာ ခ်စ္သူႏွစ္ေယာက္ကေတာ့ႏြေးႏြေးေထြးေထြးရွိေနခဲ့သည္။
ေမာပန္းႏြမ္းနယ္စြာ အိပ္ေမာက်ေနတဲ့သူ႕မ်က္ႏွာေလးရဲ႕အစိတ္အပိုင္းေတြကိုတစ္ခုခ်င္းလိုက္မွတ္ေနတဲ့သူမ... ။ ေနာက္ဆိုမျမင္ရေတာ့ဘူးမလား...။နာက်င္ေနတဲ့ကိုယ္ကိုဥေပကၡာျပဳၿပီး ခါးကိုဖက္ထားတဲ့သူ႕လက္မ်ားကိုအသာဖယ္ကာကိုယ္လက္သန့္စင္ၿပီးအင္က်ီဝတ္လိုက္သည္။ အမွတ္ရာမ်ားကိုမျမင္ေစရန္လည္ပင္းတြင္မာဖလာကိုေနရာယူေစၿပီး park jiminရွိရာကမၻာသစ္ဆီသို႔...။
"ေဂ်ာင္းဂု ကြၽန္မတို႔ဒီမွာတင္ရပ္ရေအာင္..."
ေခြၽးစိုေနေသးတဲ့ႏွဖူးျပင္မွာကပ္ေနတဲ့ဆံပင္စေလးေတြကိုသပ္တင္ေပးၿပီးခပ္ဟဟႏႈတ္ခမ္းေလးကိုေနာက္ဆုံးအႀကိမ္ထိေတြ႕ခဲ့သည္။
' ေကာင္းေကာင္းအိပ္စက္ပါ အခုညေရာ ေနာက္ညေတြေရာ ကြၽန္မရွိသည္ျဖစ္ေစ မရွိသည္ျဖစ္ေစ အတတ္နိုင္ဆုံးေပ်ာ္႐ႊင္ေအာင္ေနေပးပါ...ေဂ်ာင္းဂု '
.
.
.
မနက္၅နာရီ ကိုယ္ေစာင့္နတ္ရဲ႕သတိေပးမႈအလား ေစာင္ၿခဳံထဲကႏြေးေထြးမႈေလးမရွိေတာ့သလိုခံစားရတာေၾကာင့္မ်က္လုံးမ်ားပြင့္လာခဲ့သည္၊ သူမရဲ႕ေခါင္းအုံးေလးကိုနမ္းရွိုက္လိုက္ၿပီးေစာင္ကိုဖယ္လိုက္ေတာ့သူနဲ႕သူမရဲ႕အခ်စ္ရည္ေလးေတြေၾကာင့္စိတ္ထဲၾကည္ႏူးရျပန္သည္...။
သန့္စင္ခန္းကိုသြားသည္အထင္ႏွင့္ၾကည့္လိုက္ေသာ္လည္းသူမကိုမေတြ႕ခဲ့... ။
"ေဘဘီ...ေဘဘီဘယ္မွာလဲ?"
တိတ္ဆိတ္ေနေသာအိမ္တြင္းမွသူ႕ရဲ႕ပဲ့တင္သံမ်ားေၾကာင့္မသိမသာခိုေအာင္းလာေသာစိုးရိမ္စိတ္မ်ား...။
ကြၽန္ေတာ္တစ္ေယာက္တည္းျဖစ္ေနသလိုခံစားခ်က္...၊သူထင္တာမဟုတ္ဘူးမလား။
အိမ္အႏွံ႕လိုက္ရွာၿပီးေသာ္လည္းမေတြ႕ေသာေၾကာင့္စိုးရိမ္စိတ္ေတြပိုလာခဲ့ၿပီ ။ တံခါးနားမွာျမင္လိုက္ရေသာအေဖာ္မဲ့ေနတဲ့သူ႕ဖိနပ္ေလးတစ္ရံ...၊ ေပ်ာ့ေခြက်လာေသာေျခေထာက္မ်ားကိုေတာင့္တင္းေစရန္အားမရွိခဲ့...၊ တာက်ိဳးလာေသာမ်က္ရည္မ်ားကိုသုတ္နိုင္စြမ္းလည္းမရွိေတာ့။
'ေဘဘီ မင္းေျပာေတာ့ကိုယ့္ကိုမထားသြားေတာ့ဘူးဆို အခုကဘာလဲ? ကိုယ္တကယ္မင္းမရွိလို႔မျဖစ္လို႔ပါကြာ ျပန္လာခဲ့ပါ ေက်းဇူးျပဳၿပီး...'
နာက်င္ေၾကမြေနတဲ့တိတ္တဆိတ္ေႂကြးေၾကာ္ေအာ္ဟစ္သံေတြကိုမည္သူမွ်မၾကားနိုင္ သူမကိုမွီလိုမွီျငားလိုက္ရွာမိေသာ္လည္းအရိပ္ေျခမွ်မေတြ႕ခဲ့ပါ...၊ ဖိနပ္မပါတဲ့ေျခေထာက္တစ္စုံဟာလမ္းၾကမ္းေတြအတြက္ေတာ့ႏူးညံ့တဲ့အထိေတြ႕တစ္ခု...၊ ေပါက္ၿပဲေနတဲ့ေျခေထာက္ေတြနဲ႕ေအးစက္ေနတဲ့လမ္းမထက္ေျပးလႊားေနတဲ့သူ သူမရဲ႕condoဆိုတဲ့နန္းေတာ္ကဘယ္ေနရာမွာတည္ရွိမွန္းမသိခဲ့...။ လိုက္ရွာေနရင္းလမ္းေပ်ာက္ေနခဲ့တဲ့သူ...။
// မင္းတကယ္ကိုယ္ခ်င္းမစာတတ္ဘူးပဲ...မင္းေစာင့္ၾကည့္ေနလိုက္ ငါမင္းဆီေရာက္ေအာင္လာခဲ့မယ္ မင္းကိုကိုယ္ခ်င္းစာနာတတ္ေအာင္ငါသင္ေပးရအုံးမယ္ ငါဘယ္လိုေတြခံစားေနရလဲမင္းကိုေျပာျပရအုံးမယ္ မင္းငါ့ကိုေစာင့္ေနပါ ငါက...မင္းထားခဲ့တဲ့ေနရာမွာပဲေနမွာမဟုတ္ဘူး ငါမင္းကိုရေအာင္ျပန္ယူမွာ ငါကအခ်စ္သလိုအညွိုးလည္းႀကီးတယ္ ကင္မ္နာအြန္း... //
ရယူပိုင္ဆိုင္ျခင္းမ်ားနဲ႕ခ်စ္ခဲ့ၾကတဲ့ခ်စ္ျခင္းေတြရဲ႕အဆုံးသတ္ဟာေသခ်ာေပါက္လွပေနမွာလား..?ဝဋ္ဆိုတာေနာင္ဘဝမကူးတဲ့ဒီေခတ္ႀကီးမွာသူမကေတာ့တဖန္ျပန္လည္ခံစားရအုံးမွာက်ိန္ေသေပါက္ပင္...။
▪︎▪︎▪︎▪︎▪︎
T
he past is done.
21.9.2022