7▪︎𝐓𝐨 𝐭𝐡𝐞 𝐩𝐚𝐬𝐭 -1»»»

670 73 17
                                    

{ Unicode }

ခြောက်ကပ်တိတ်ဆိတ်ပြီးအေးစက်လွန်းတဲ့ရာသီဥတုကြောင့် သူမရဲ့ချွေးစက်တွေဟာလည်းအရာမထင်တော့...
နာကျင်မှုဒဏ်တွေကလည်းပိုလို့ပင်တိုးလာသည်...။

သန့်စင်ခန်းကနေ ခါးကိုသပတ် ပတ်ပြီးထွက်လာတဲ့ဂျောင်းကုတစ်ယောက် ကုတင်ပေါ်မှာအသက်မဲ့သလိုလဲလျောင်းနေတဲ့သူမနားဆီသို့~

အဝတ်စလစ်ကိုစောင်ခြုံထားတဲ့ကိုယ်ငယ်လေးကို နောက်ကျောဘက်မှနွေးထွေးစွာပွေ့ဖက်လိုက်ကာ အနူးညံ့ဆုံးအနမ်းတွေချွေပေးနေသည်။သူမရဲ့ မျက်လုံးအိမ်ငယ်မှမျက်ရည်ကြည်လေးတွေကိုတော့သူလျစ်လျှူရှုလျှက်...

" ဘေဘီလေးပင်ပန်းသွားပြီ...၊အိပ်လိုက်တော့နော်...၊ အဲ့နေ့ညကလိုပဲမနက်မိုးလင်းရင်ကိုယ့်ဘေးနားကပျောက်ကွယ်မသွားပါနဲ့ဘေဘီ...၊ကိုယ်ခံနိုင်ရည်မရှိလို့ပါ... ကိုယ်ကမင်းကြောင့်ဖြစ်တည်နေရတာ၊အဲ့ဒါကြောင့်ကိုယ့်ကို ထပ်ပြီးထားမသွားပါနဲ့... "

ရှိုက်ရှိုက်တုန်နေတဲ့သူမကိုယ်ငယ်လေးကို ထွေးပွေ့ထားရင်းနဲ့ပဲမှေးစက်အနားယူခဲ့သည်။

ဘေဘီ့ရဲ့နာကျင်မှုတွေကို ကိုယ်မျက်ကွယ်ပြုထားရလို့တောင်းပန်ပါတယ်...။ဒါတွေက ကိုယ်မင်းကိုလက်လွှတ်အဆုံးရှုံးမခံတော့လိုပါ...။

နောက်ကျောဘက်ကရင်ခွင်ကျယ်ကြီးမှအနွေးဓာတ်တွေပေးနေပါလျက်နဲ့ နှလုံးသားတစ်ခုလုံးကရေခဲအရိုက်ခံထားရသလိုအေးစက်နေတယ်...။
အနောက်ကနေဖက်တွယ်ထားတဲ့သူ့လက်မောင်းတွေကတင်းကျပ်နေဆဲ~
မိခင်ကိုပျောက်သွားမှာစိုးလို့လွတ်ထွက်မတတ်ဖက်တွယ်ထားသည့်ကလေးတစ်ယောက်ကဲ့သို့~

ကျွန်မကိုအိမ်ထောင်ရေးဖောက်ပြန်ပြီးယုတ်ညံ့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ရှင်ဖန်တီးပေးခဲ့တာ...၊အရင်ကသံယောဇဥ်ရှိလို့အတူနေဖူးခဲ့ပေမယ့်အခုကတော့ရှင့်အပေါ်မှာဘာမှမခံစားရတော့ဘူးဂျောင်းကု...။

သူမရဲ့ဘဝအစစ်မှန်ကိုတွေ့ကာမှအခုလိုတွေပြောင်းလဲလာတာ...၊ ကံကြမ္မာကသိပ်ရက်စက်လွန်းတယ်။
ဒါတွေကသူမကိုယ်တိုင်ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ရဲ့လက်ရာတွေလား...?
ဘဝကိုပြည့်ပြည့်စုံစုံဖြတ်သန်းချင်မိတာသူမအမှားဖြစ်သွားတာလား...။
မပြည့်စုံဘဲနေခဲ့ရတဲ့ဘဝကိုရွံမုန်းလို့ပြည့်စုံတဲ့မိသားစုဘဝကိုဖန်တီးမိခဲ့တဲ့အမှားလား...။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now