21▪︎New Life

707 76 21
                                    

[Unicode]

ဆောင်းဦးကိုကျော်လွန်၍ ဆောင်းတွင်းရောက်သည့်ပထမဆုံးရက်ဖြစ်သည်။ထိုနေ့တွင်ဂျီမင်တစ်ယောက်အိမ်သို့စောစောပြန်ရောက်ခဲ့သည်။

သူအိမ်ပြန်လာတော့သူ့ရဲ့ကြင်သူကအိမ်တွင်ရှိမနေ...။ဖုန်းခေါ်ကြည့်တော့လည်းမကိုင်...။ညနေစောင်းရုံသာရှိသေးသောကြောင့်ဒီတိုင်းထားလိုက်ကာအိမ်အပေါ်ထပ်သို့ဦးတည်လိုက်သည်။

လှေကားထစ်မှာအိမ်တော်ထိန်းနဲ့တွေ့သည်မို့သူ့ခြေလှမ်းတွေကိုရပ်တန့်ကာ...

" အကိုလေးပြန်ရောက်ပြီလား မမလေးကခုနကပဲထွက်သွားတာ "

" ဘယ်သွားမယ်ပြောသွားသေးလဲ "

" အပြင်ခဏလို့ပဲပြောသွားပါတယ် "

" ဟင်းးး သားရော..."

" ကလေးကသူ့အခန်းထဲမှာဆော့နေပါတယ် အကိုလေး ကျွန်မလည်းကလေးစားဖို့မုန့်ဆင်းယူတာပါ "

" omm...သွားလို့ရပြီနော် "

" nae.."

အရုပ်ကပ်ထားသည့်အခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့စက်ရုပ်လေးတွေနဲ့ဆော့နေတဲ့ကလေးလေးကိုတွေ့လိုက်ရသည်။သူပီတီဖြာဝေစွာပြုံးပြီးအခန်းတံခါးကိုပြန်လည်ပိတ်ကာဘေးကပ်ရပ်အခန်းထဲဝင်လိုက်သည်။

နာအွန်းဆီမှာသူမကြိုက်တဲ့အချက်ကတစ်ခုတည်းသာ...
အပြင်သွားတိုင်းမပြောဘူး ကျန်ခဲ့ရတဲ့လူအတွက်မတွေးပေးဘူး ကိုယ်ဘယ်လောက်စိုးရိမ်တတ်လဲသူသိနေတာတောင်...

တွေးလေစိတ်တိုလေဖြစ်နေတာကြောင့်ဆိုဖာပေါ်တွင်ခေါင်းမှီချကာအင်ကျီကြယ်သီးတို့ကိုချွတ်ရင်းအမောဖြေနေသည်။....ပြီးနောက်ရေချိုးခန်းထဲဝင်ကာအညစ်အကြေးများ​ကိုသန့်ရှင်းရေးလုပ်ပြီးမှပြန်ထွက်လာခဲ့သည်။ သူမပြန်မရောက်သေးသည်မို့ဖုန်းထပ်ခေါ်ကြည့်ပေမယ့်လည်းကိုင်မယ့်သူမရှိပြန်...။

ဖုန်းကိုကုတင်ပေါ်ပစ်တင်လိုက်ပြီး ခေါင်းကိုရေသုတ်လျှက်ဘီရိုတံခါးကိုဖွင့်မည်အလုပ်ဘေးကသူမဗီဒိုတံခါးကလော့ခ်မကျသည်ကိုတွေ့လိုက်ရသည်...။တံခါးပျက်မည်စိုးရိမ်သောကြောင့်တံခါးကိုတဆုံးဖွင့်ချထားကာတီရှပ်အဖြူရောင်နဲ့ဘောင်းဘီအတိုကိုထုတ်ဝတ်လိုက်ပြီးသားနဲ့အတူဆော့ဖို့သွားခဲ့သည်...။

《𝐖𝐡𝐞𝐧 𝐖𝐞 𝐌𝐞𝐞𝐭 𝐀𝐠𝐚𝐢𝐧》[Complete]Where stories live. Discover now