Falling In Love with Someone

By MY_is_MAY_YAN

59.8K 2.5K 283

Author ရဲ့ Yuri Fic လေးပါ အချစ်မှာ ရင်ထဲထိ စူးနင့်နေအောင် ချစ်မိသွားဖို့က အချိန်မလိုအပ်ပါဘူး။ အချစ်မှာ အသက်... More

🦋 Falling In Love with 🦋
Part-1 "Falling In Love with.."
Part- 2 🦋 Falling In Love with
Part - 3 "Falling In Love with.."
Part 4 - "Falling In Love with.."
Part-5"Falling In Love with.."
Part - 6 "Falling In Love with"
Part-8"Falling In Love with .. "
Part-9 " Falling In Love with ... "
Part-10 " Falling In Love with .. "
Part-11"Falling in love with Someone"
Part - 12 "Falling in love with Some1 "
Part_13 "Falling in love with Some1"
Part_14 "Falling In Love with Someone"
Part_15 " Falling in love with Some1 "

Part-7"Falling In Love with.."

2.6K 142 23
By MY_is_MAY_YAN

Part-7 “Falling in Love with Some1”

ဆုမြတ် --> သွေးအေး လူသားလေးက
ယာယာလေးနဲ့ တွေ့တော့ရော ..

ခက် --> အာ .. သူနဲ့ဆိုရင် နှလုံးသားထဲ
သွေးက ပုံမှန် စီးဆင်းတာထက်ကို မြန်နေ
သလိုပဲ .. ပြီးတော့ ‌နှလုံးခုန်နှုန်းကလည်း
ပုံမှန်ကို မဟုတ်တော့တာ .. .. ..

ဆုမြတ်/ပိုး” --> Aww .. aww

“ခက်” --> ပြောခါမှ သူ့ကိုသတိရနေတာ
ပိုလွမ်းမိသွားပြီရယ် အထဲဝင် လိုင်းသုံးတော့
မယ် ..

“ဆုမြတ်” --> ပိုး .. သူ .. ခက်မွန်ကျော်
အစစ် ဟုတ်ပါတယ်နော်

ဆုမြတ်က အထဲသို့ ပြေးဝင်သွားတဲ့ ခက်ကို
လက်ညိုးလေးထိုးကာပြောသည်။

ခက်မွန် သူမအခန်းထဲသို့ဝင်လာ၍ အိပ်ယာ
ခေါင်းရင်းထက် ခေါင်းအုံးလေးထောင်ကာ
ကျောလေးမှီရင်း လိုင်းသုံးနေသည်။
ခွန်းဆက်နွေ Acc လေး မီးစိမ်းနေတာတွေ့
တော့ ခက်မွန် နှုတ်ဆက်လိုက်သည် ...

“ Hello! ခွန်းနွေ ..”

“ ဗျာ ...”

“စာလုပ်နေတာလား?”

“hee သဇင်တို့နဲ့ ဖဲဂိမ်းဆော့နေတာ”

“စာမလုပ်ဖူးလား?”

“လုပ်မှာ Ma ရဲ့ .. Gp Project ထိုင်
လုပ်နေရင်း ခေါင်းလေးလာလို့ ခဏ ဂိမ်း
ဆော့နေကြတာ ..”

“ aww .. ဆော့လေ ဒါဆို .. ”

“ရတယ် Ma စီက စာဝင် လာကတည်းက
သူတို့ကို ပြောပြီး ခွန်း ထွက်လာခဲ့တာ ..”

“ဟယ် သူတို့စိတ်ဆိုးနေမှာပေါ့”

“ဆိုး ဆိုးပေါ့ .. Ma စိတ်မဆိုး
ဖို့ပဲ လိုတယ် ..”

“စကားတွေ တတ်နေတာ”

“Maကို ချစ်လို့ဖြစ်လာတာပါနော်”

“ Aww, ခွန်းနွေ ဒီနေ့လေ Ma,Ma ရဲ့
EX နဲ့ တွေ့ခဲ့တယ် သူ့ Company က
လူတွေနဲ့ရယ် သူ့ရဲ့gfပါ ပါတယ် Ma တို့
Paradise မှာ မုန့်လာစားတာ ... ”

“ အဲ့တော့ .. ”

“ ဘာလဲ .. ဘာကို အဲ့တော့လဲ ? ”

“Ma က ခွန်းကို ဘာလို့ အဲ့အကြောင်း
အရာကို ပြောပြတာလဲ”

“Ma က Ma ရဲ့ တနေ့တာကို ခွန်း ကို
ပြောပြချင်လို့ပါနော် Ma ပြောပြတယ်
ဆိုတာလည်း Ma စိတ်က ရှင်းတယ်နော်
သူ့မှာလည်း သူ့လူနဲ့ .. ပြီးတော့ Ma ပြော
ပြတယ် ဆိုတာကလည်း ခွန်းကို Maရဲ့
အရာရာတိုင်းကို ပွင့်ပွင့်လင်းလင်း သိစေ
ချင်လို့ ပြီးတော့ ခွန်းနွေ တခု သိထားပေး
Ma က Ma အပေါ် သစ္စာမရှိတဲ့ သူကို
ပြန်ပြီး လွမ်းဆွတ်တမ်းတ တတ်တဲ့
မိန်းမထဲ Ma မပါဘူးဆိုတာ .. .. .. ”

“ဟုတ် .. ခွန်း Ma ရဲ့Accကို ဝင်
ကြည့်တုန်းက ခွန်းတွေ့ပါတယ်။
Ma ဟိုးအရင် FB စသုံးတုန်းက Ma
သူနဲ့ပြတ်တုန်းက သစ္စာဖောက်တာကို
မုန်းတဲ့ စာတွေ ကဗျာတွေ တင်တာ
တွေ့ပါတယ် .. Ma တို့ တွဲခဲ့တာလည်း
သိတယ် ပုံတွေမြင်တယ် ဒါပေမယ့် ခွန်း
Ma ရဲ့ အခုလက်ရှိကိုပဲ စိတ်ဝင်စားတာ
Ma ရဲ့ အတိတ်က Ma တွဲခဲ့တဲ့သူနဲ့ကို
စိတ်မဝင်စားဘူး ... ခွန်း ကတော့ မသိ
ချင်ဘူး Maကပြောပြချင်ရင်တော့ ခွန်း
နားထောင်ပေးမယ် .. သူတို့မုန့်လာစား
တော့ ‌Ma နဲ့ တွေ့ရောလား ..”

“အွန်း သူတို့ Company ရဲ့ 2 yrs.
Anniversary ဆိုပြီး သူတို့ တရုံးလုံး
မုန့်လာစားကြတာ Ma က ဆုမြတ်နဲ့
Dinning Hall မှာ စားသုံးတဲ့သူတွေကို
လိုက်နှုတ်ဆက်ရင်း သူတို့ဝိုင်းနားရောက်မှ
သိလိုက်တာ သူက အရင် နှုတ်ဆက်တာမို့
ပြန်နှုတ်ဆက်လိုက်တယ် သူ့gf ကတော့
စူပုတ်လို့ပေါ့ .. သူတို့ရုံးက မန်နေဂျာနဲ့
အစားအသောက် အကြောင်းပြောနေတုန်း
ခွန်းနွေ စီက ဖုန်းလာတာပဲလေ Ma သူတို့
ရှေ့ ဖုန်းပြောပြီး Customer တွေကို
နှုတ်ဆက်ပြီး ပြန်လာတာ .. .. ..”

“ခွန်းစီက ဖုန်းလာတော့ သူတို့ရှေ့မှာပဲ
Ma က ဖုန်းထုတ်ပြောတာလား”

“အွန်းလေ ..”

“ကျေနပ်တယ် ..”

“အွန် ?”

“ Ma ရဲ့ EX ရှေ့မို့လေ ..”

“ Aww , ‌ကလေးပိစိ ကတော့လေ
Maက သူနဲ့အမှတ်မထင်တွေ့ခဲ့လို့ရယ်
ပြီးတော့ Ma က Ma ရဲ့အရာရာတိုင်းကို
လည်း ခွန်းကို ပြောပြချင်လို့ပါနော်် ..
ခွန်းတော့ မသိဘူး Ma ကတော့ အရင်က
တွဲခဲ့တာမှန်ပေမယ့် မတော်တဆ အဲ့လိုမျိုး
ပြန်ဆုံတောင် တွေ့ခဲ့ရင်တောင် ဘယ်လိုမှကို
ရင်ထဲမပြောနဲ့ စိတ်ထဲလည်း ဘာခံစားမှု
တစ်ခုမှကို မရှိတော့တာရယ် ..”

“ခွန်းကတော့ အရင် EX ကို စကား
အဖြစ်တောင် ထည့်မပြောချင်တာ
ဘာလို့ဆို ကိုယ့်အတွက် အရေးမပါတဲ့
အရာမို့လို့ရယ် ..”

“အွန်းပါလေ လူတယောက်နဲ့တယောက်
စိတ်ခံယူချက်က မတူဘူးရော”

“ Ma ညစာရော စားပြီးလား ..”

“စားပြီးပြီ ခွန်းနွေရော ..”

“ခွန်း မဆာလို့ မစားသေးဘူးရော”

“နောက်ကျနေပြီလေ ခွန်းနွေရဲ့
အခုပဲ ၈ခွဲပြီးပြီ .. စားတော့လေ ..”

“ဟုတ် Ma .. မာမီ့ကိုပါစောင့်နေတာ
တရားထိုင်နေလို့ သူပြီးတာနဲ့ စားမှာပါ”

“အွန်းးး .. Aww ခွန်းနွေ ..”

“ဗျာ ..”

“မနက်ကျ ကျောင်းမှာလေ တကယ်လို့
ကိစ္စတခုခုရှိလို့ Ma က ဖုန်းဆက်ခဲ့ရင်
ဖုန်းကိုင်နော် .. ..”

“ဟုတ် Ma .. ကျောင်းတက်ရင်က
Ph က ပြောလို့ရတယ် အိမ်မှာသာပဲ .. ”

“ဟုတ်ပါပြီ အိမ်မှာတော့ Ma မဆက်
ပါဘူး ခွန်းနွေ အခက်တွေ့မှာကို Ma
မလုပ်ပါဘူးရော .. ..”

“ဟုတ်ကဲ့ပါ .. Ma မာမီခေါ်နေပြီမို့ ခွန်း
ထမင်း ထွက်စားလိုက်ဦးမယ်”

“Ok! ကောင်းကောင်းစား”

“ဟုတ် အမိန့်အတိုင်း နာခံပါ့မယ်ရှင့်”

“အမယ် .. hah hah .. see u ..”

“ see u ”

ခွန်းဆက်နွေ ခက်မွန်ကျော် ကို နှုတ်ဆက်
လိုက်ပြီး သူမမာမီနဲ့အတူ ထမင်းထွက်စား
လိုက်သည်။

ခက်မွန် လည်း ခွန်း နဲ့ပြောပြီး ig မှာ
မိမိ idol တင်တဲ့ Update တွေ
ဝင်ကြည့်နေသည်။

-
-
-

Time Skip ..

ခွန်းဆက်နွေ ထမင်းစားပြီးတော့ သူမရဲ့
အခန်းထဲပြန်ဝင်လာပြီး လိုင်းမှာ ခက်မွန်
ရဲ့ Acc လေး မီးစိမ်းနေသေး၍  ..

“Ma ထမင်းစားလို့ပြီးပြီရယ် မာမီနဲ့
ထမင်းစားရင်း စကားပြောနေလို့ ကြာ
သွားတာ .. ”

“ ဟုတ်ကဲ့ပါ ..”

“Ma 9ခွဲနေပြီရော ဘုရားရှိခိုးဦးမှာလား ?”

“အွန်း Ma ခဏနေ ဘုရားရှိခိုးမယ်
ပြီးရင် အိပ်မယ် ..”

“ဟုတ် ခွန်းက စာလုပ်လိုက်ဦးမယ်
၁၀ခွဲလောက်ကျ ဘုရားရှိခိုးမယ်
ပြီးရင် အိပ်မယ် .. ..”

“အွန်း ကလေးပိစိ ..”

“ကလေး ပိစိ မဟုတ်ပါဘူးနော် ခွန်း က
Ma ထက်တောင် အရပ်ရှည်တာပါနော်
ဟွန့် .. Ma ကသာ ပိစိ”

“အမယ် ကျမ အရပ် 5‌ပေ 4လက်မ
ပါနော် ရှင်ကသာ 5ပေ 6လက်မ က
ရှင့်အသက်နဲ့ဆို ပိုရှည်နေတာရယ် .. ”

“ထပ်ရှည်အောင်လို့ လေ့ကျင့်ခန်း
လုပ်ဦးမှာ ..”

“အာာ လုပ်နဲ့တော့ .. Ma မော့
မကြည့်ချင်ဘူး .. ”

“အာ့ဆို ငုံ့ကြည့်ကြည့် ခွန်းက
Ma ကို ချီထားပေးမယ်လေ ..”

“ အမယ် ..”

“ချီကြည့်ချင်တယ် နောက်တခါတွေ့ရင် ..”

“ဟုတ်ပါပြီ အပြင်မှာ အေးဆေး တွေ့မှပေါ့ ..”

“ ဟုတ် .. ”

“Ma ဘုရားရှိခိုးပြီးရင် အိပ်တော့မယ်
နော် ခွန်းနွေ”

“ဟုတ် Ma .. ခွန်းလည်း စာလုပ်မယ်
Good Night! Hav a Sweet
Dream! Ma .. ”

“You too,Baby”

“ဟုတ် တာ့တာ”

“တာ့တာ”
------------------------------------------------------

မနက်ခင်း .. ခက်မွန် တို့ Paradise ရောက်တော့

ပိုး --> “အေးချမ်း တို့  ကိုသူရတို့
ပိုးတို့ရောက်ပြီနော် .. ပြန်လို့ရပြီ ..”

အေးချမ်း,သူရ --> “Ok ပါ”

အေးချမ်းတို့ အုပ်စုပြန်သွားတော့ ခက်မွန်တို့
Dressing Room ၌ သူမတို့ အဝတ်စား
များလဲ၍ Chef Uniform ကို ဝတ်ဆင်
လိုက်သည်။ Uniform ဝတ်ပြီး Kitchen
Room ထဲ ပြန်ဝင်လာတော့ ခက်မွန် က ..

ခက် --> “ပိုးနဲ့ဆုမြတ်ရေ ငါလေ နေ့လည်
break time အပြင် ခဏသွားမယ်နော်
သိလား? နေ့လည်စာကို အပြင်မှာ စားလိုက်
မယ် .. ”

ဆုမြတ် --> “ဟွန်?”

ပိုး --> “ဘာကြီး ငါနားကြားများ မှားသွားလား”

ခက် --> “မမှားဘူး ၊ ငါ ခွန်းနွေစီကို
ice cream သွားပေးရင်း သူနဲ့အတူ
နေ့လည်စာ အတူတူ စားချင်လို့ ..”

ဆုမြတ် --> “မမလေး ရှင်တို့ ချစ်သူ
တွေ ဖြစ်သွားပြီလား?”

ပိုး --> “အေး နင်အဖြေပြန်ပေးလိုက်
ပြီလား ? ခက် ..”

ခက် --> “အာာ မပေးကသေးပါဘူးရော
အခုမှ စဉ်းစားတုန်းပါဆိုနေ ငါပြန်ပေးရင်
နင်တို့ကို အသိပေးမှာပေါ့ ..”

ဆုမြတ် --> “မသိပါဘူး ‌ကျောင်းတောင်
သွားတွေ့ပြီး နေ့လည်စာ အတူစားမို့ဆိုလို့”

ခက် --> “မဟုတ်ပါဘူးဟယ် ငါလေ သူ့ကို
မနေ့ညက တယောဉာဏ်ဏနဲ့ တွေ့ခဲ့တာကို
ပြောပြလိုက်တယ် သူစိတ်ထဲ တမျိုးဖြစ်သွား
လား? ဝမ်းနည်းသွားမလား မသိဘူးရယ်။
သူစိတ်မကောင်း ဖြစ်သွားမှာစိုးလို့လေ ..
အဲ့တာမို့ .. ငါ သွားတွေ့ချင်လို့ ..”

ပိုး -- > “ပြောပြလိုက်တာက ကောင်းပါ
တယ် ဘာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းရှိ
တာ ပိုကောင်းပါတယ် ..”

ဆုမြတ် --> “ဒါက ကိုယ့်အတွေးလေ ပိုးရဲ့
လူတစ်ယောက်နဲ့ တစ်ယောက်က တူမှ မတူ
တာရယ် ပြီး.. ကလေးက သူ့စိတ်ထဲ တမျိုး
တွေးပြီး ဝမ်းနည်းရင်ဘယ်လိုလုပ်မလဲ ?”

ခက် --> “အဲ့တာမို့ သွားတွေ့မို့ ..”

ပိုး --> “ရလား ခက်  နင်တယောက်တည်း
ငါ လိုက်ခဲ့ပေးကမလား?”

ခက် --> “ရတယ် ပိုး .. ငါ့ဘာသာပဲ
သွားလိုက်မယ် ..”

ဆုမြတ် --> “ဦးဉာဏ်ကို လိုက်ပို့ခိုင်း”

ခက် --> “အွန်း .. ငါ Boss ကို မနက်
စောစောကတည်းက နေ့လည် break
time အပြင်ခဏ သွားဖို့ကို ဖုန်းဆက်
ပြောထားတယ် သူက ဦးဉာဏ်နဲ့သွားတဲ့”

ပိုး --> “အွန်း”

ထိုစဉ် မင်းသန့်က ..

မင်းသန့် --> “မပိုးတို့ရေ စာဝိုင်းတွေကျပြီ
တူတယ် ဒီမှာ Menu စလစ်တွေ‌ ရောက်
လာပြီ”

ပိုး --> “ဟုတ်လား? ကဲ Fighting!”

ပိုးတို့ ခက်မွန်တို့ အားလုံး ဟင်း Menu
ပွဲတွေပြင်လိုက်သည်။
-
-
11 လောက်ကျ .. ယွန်းစု တစ်ယောက်
သူမတို့ Kitchen Room ဆီသို့လာ၍

“ခက်မွန်ရေ ..”

“aww .. ယွန်း”

“ယွန်းရယ် Ice Cream လုပ်ထား
တယ်နော် ရောက်ရောက်ချင်း နဒီ
ပြောလို့ လုပ်ထားပြီး freezer ထဲ
ထည့်ထားတယ် .. ရနေပြီနော် ..”

“Oh! ကျေးဇူးပါ ဘယ်လောက်လဲ? ယွန်း
ခက် .. ခဏနေ အပြင်သွားရင် တခါတည်း
ဝင်ယူလိုက်မယ်လေ ..”

“အာာ မပေးပါနဲ့ အခုက ယွန်းက စေတနာ
နဲ့ လုပ်ပေးတာပါနော် .. နဒီ ပြောလို့ သိပြီး
ပြီရယ် ယွန်းတို့ရဲ့ သူငယ်ချင်းလေး ပျော်
တယ် ဆိုရင်ကို ကျေနပ်ပြီ ..”

“အာ့ ကျေးဇူးပါ ခက်မွန် ခဏနေ အပြင်က
မုန့်ဝယ်ခဲ့မယ်နော် ..”

“No .. No .. ခက်မွန် လုပ်တဲ့ Sushi
ပဲ စားချင်တာ ..”

“Ok! Ok .. ပြန်လာရင် လုပ်ကျွေးမယ်”

“ဟုတ်ပါပြီ အဲ့တာဆို ယွန်း သွားပြီ
ပိုး နဲ့ ဆုမြတ် ရော သွားပြီးနော် ..”

“အွန်း ယွန်း ..”

ပိုး နဲ့ ဆုမြတ်က သူမတို့ကို ယွန်းစုက ပြန်ခါနီး
နှုတ်ဆက်သွားတာမို့ သူမတို့လည်း အတူပြန်၍
နှုတ်ဆက်လိုက်သည်။

“တာ့တာ ယွန်း”

-
-

11ခွဲကျော်တော့ ခက်မွန် အဝတ်စားလဲခန်း၌
မနက်က ဝတ်လာတဲ့ T.Shirt နဲ့ Jean
Pant ကို ပြန်လဲလိုက်သည်။
ဆံပင်လေး စည်းထားတာကို ဖြည်ချလိုက်
သည်။ Kitchen Room ထဲက ပိုး နဲ့
ဆုမြတ်ကို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။

“ငါ သွားပြီနော်”

“ကောင်းကောင်းသွား ..”

“ဂရုစိုက်သွားနော် ..”

“ပိုးရယ် ငါက ကလေးကျလို့ အွန်းပါ”

ခက်မွန် Bakery Room ရှေ့ရောက်တော့

“ပိုင် .. ယွန်းရော”

“ရှိတယ် Burger Menu လုပ်နေလို့
ခက် .. ice cream လာယူတာမလား”

“အွန်း .. အခု သူနဲ့သွားတွေ့မို့ အဲ့တာ
ဝင်ယူတာရယ်”

“Wow! အခုက နှစ်ယောက်အတူတွေ့မို့ပေါ့
ဟုတ်ပါပြီ ပျော်ရွှင်ပါစေနော် ခက် .. ခဏလေး
ပိုင် Ice Cream ဗူး သွားယူပေးမယ်”

နဒီပိုင်က အထဲဝင်၍ Ice Cream ဗူး
လေး အိတ်လေးနဲ့ထည့်ကာ ယူလာသည်။

“ရော့ ..”

“thz you .. ယွန်းကို ခက် ပြန်လာမှ
sushi လုပ်ပြီးလာပို့ပေးမယ်လို့”

“Ok! ပြောလိုက်မယ် .. ဂရုစိုက်သွားဦး”

“အွန်း .. ပိုင် ကျေးဇူး”

ခက်မွန် .. ဦးဉာဏ်ကို ဖုန်းဆက်လိုက်တော့
ဦးဉာဏ်က exit အဝမှာ အဆင်သင့်စောင့်
နေသည်။ ခက်မွန် .. ကား‌နောက်ခန်း တံခါး
ဖွင့်၍ ဝင်လိုက်တော့..ဦးဉာဏ်က ကားလေး
စထွက်ပြီး .. ..

“သမီး .. ဦးဉာဏ် ဘယ်လိုက်ပို့ကမလဲ”

“ဗဟန်းက Pearl Condo ကို ဦးဉာဏ်”

“သမီးကို Pearl Condo ရဲ့ အနောက်ဘက်
Cha Thai ရဲ့ ဘေး အပေါက်မှာရပ်ပေး‌နော်”

“ဟုတ်ပါပြီ ဦးဉာဏ် အရှေ့ဘက်ကပဲဝင်လိုက်
မယ် Cha Thai ဘေးက အ‌ပေါက်မှာ ရပ်
ပေးမယ်နော်”

“ဟုတ် ဦးဉာဏ်”

-
-

Pearl Condo ရောက်တော့ ဦးဉာဏ်က
Cha Thai ဘေးအပေါက်မှာရပ်ပေးသည်။

“ကဲ ရောက်ပြီ သမီး..”

“ကျေးဇူး ဦးဉာဏ်”

“ဦးဉာဏ် ဟိုနားမှာ ကားပါးကင်ထိုးပြီး
သတင်းစာဖတ်ရင်း စောင့်နေပေးမယ်”

“အာ ရပါတယ် ဦးဉာဏ်ရဲ့ သမီးက
ထမင်းစားရင်း စကားခဏပြောမှာဆို
တော့ နာရီဝက်ကျော် ၄၅မိနစ် ကြာမှာ
ဦးဉာဏ် နေ့လည်စာ နောက်ကျနေမယ်”

“ဦးဉာဏ်က ၁၁ ကျော်တည်းက ထမင်းစား
ပြီးခဲ့ပြီ ..”

“ဟုတ်လား  အာ့ဆို စောင့်ပေးလို့ ထပ်ပြီး
ကျေးဇူးပါ ဦးဉာဏ် .. သမီး သွားပြီနော်”

“အေးအေး သမီး  ရပါတယ်”

ခက်မွန် ကားပေါ်ကဆင်း၍ Lotteria
ဘေးဘက်အပေါက်နေ ဝင်၍ Sambal
Chicken Rice တစ်ပွဲနဲ့ Chicken
Nugget တစ်ပွဲရယ် Lemon Tea
ရယ်မှာပြီး စောင့်ယူကာ အပေါ်ထပ်စီသို့
တက်လိုက်သည်။

အပေါ်ထပ်ရောက်တော့ အနောက်ဘက်
တံခါး အဝနားက စားပွဲဝိုင်းလေး လွတ်
နေ၍ ထိုနေရာတွင် ဝင်ထိုင်လိုက်သည်။

ခက်မွန် .. လက်က နာရီကိုကြည့်တော့
12 ကွက်တိပဲမို့ ခွန်းဆက်နွေ စီသို့ Ph.
ခေါ်လိုက်သည်။ ခွန်း က ဖုန်း ဝင်ဝင်ချင်း

“Hello .. Ma”

“Hello .. ခွန်း Lunch Time 
ဆင်းပြီလား”

“ဟုတ် .. Ma .. အခုပဲ ဆင်းတာရယ် ..
ဆရာလည်း အခန်းထဲကအထွက် Ma ရဲ့
ဖုန်း တန်းဝင်လာတာ ..”

“Omm .. ခွန်းနွေ ထမင်းချိုင့်ပါလား”

“ပါတယ်လေ Ma ရဲ့ .. Ma ပြောကတည်းက
ခွန်း အဖွားစီ ထမင်းချိုင့်နေ့တိုင်းဝင်ယူတယ်”

“အွန်း .. အဲ့ဆို ခွန်းနွေ ထမင်းချိုင့်ယူပြီးတော့
Lotteria ကိုဆင်းလာခဲ့ Ma အခု Pearl
Condo ကို ရောက်နေတယ် 2nd. Floor
အနောက်ဘက် အပေါက်ကနေဝင်လာခဲ့ ...”

“ဟာာ .. Ma , တကယ်လား”

“အွန်းလို့”

“မပိုး တို့နဲ့လား”

“ကျမ တယောက်တည်းရယ် အမြန်လာခဲ့ ..”

“ဟုတ် .. လာပြီ”

ခွန်းဆက်နွေက ထမင်းချိုင့်ဆွဲယူ၍ ထွက်လာ
တော့ .. အခန်းဝ ရောက်နေတဲ့ သဇင်က ..

“ဟင် ချိမ .. ငါတို့နဲ့ လိုက်မို့လား”

“ဟုတ်ပါဘူး ငါ့ Ma က Lotteria
ရောက်နေတယ် ဆိုလို့ ‌လှမ်းခေါ်လို့
သူနဲ့အတူ သွားစားမို့ ..”

ရွှေစင် က ..

“ဟင် မခက်မွန်ကျော် တစ်ယောက်တည်းလား”

“ဟုတ်တယ်”

သက်မင်းက .. သဇင့်ကို

“သဇင်မရယ် နင်မို့ သူ့သွားမေးတယ် သူက
ဘယ်တုန်းက ငါတို့ Asia Light က ဆိုင်
သွားရင် လိုက်ဖူးလို့လဲ”

“သိဘူးလေဟယ် သူက ငါတို့ထွက်တော့
လိုက်ထွက်လာလို့လေ”

ထူးဝေနဲ့ ဝဏ္ဏက ..

“သွားကြမယ်”

“အေး သွားမယ် ဗိုက်ဆာ‌နေပြီ”

သဇင်က ခွန်း ပခုံးလေးကို ပခုံးချင်းတိုက်၍

“ပျော်ရွှင်ပါစေ ချိမ မနက်ကတော့ ရုပ်လေးက
လဒ မှိုင်မှိုင်နေတာရယ်”

“hee ကျေးဇူး”

မနက်က ကျောင်းရောက်တော့ ခွန်းဆက်နွေ
ရဲ့ မျက်လုံးလေးဖောင်းအစ်နေတာမို့ သဇင်
နဲ့ သက်မင်းက ဝိုင်းမေး၍ မနေ့က ခက်မွန်က
သူ့EX နဲ့တွေ့ခဲ့တဲ့အကြောင်းကို သူမကို ပြော
ပြတာမို့ သူမ ဘာသာ တွေးပြီး ဝမ်းနည်းမိလို့
ငိုမိကြောင်း ပြောပြထား၍ဖြစ်သည်။

ခွန်းဆက်နွေ 2nd Floor သို့ ဆင်းလာပြီး
Lotteria သို့ အနောက်ဘက် အပေါက်မှ
မှန်တံခါးလေးအား တွန်း၍ဖွင့်ဝင်လိုက်သည်။
ဝင်ဝင်ချင်း ပထမဆုံး စားပွဲဝိုင်းမှာ သူမရဲ့
Ma ကို တွေ့လိုက်တော့ ပြုံးကာ ဘေးနား
မှာ ဝင်ထိုင်လိုက်သည်။ ခက်မွန် က သူမကို
ပြုံးကာကြည့်နေတဲ့ ခွန်းနွေ အား ....


“ထမင်းချိုင့်ဖွင့်လေ ကလေးစုတ်ရဲ့ ကျမကို
ကြည့်ပြီး ဘာလို့ပြုံးနေတာလဲ”

“ပျော်လို့ပေါ့ Ma ရဲ့ .. ခွန်းနဲ့အတူ ထမင်းလာ
စားတာမို့ ပျော်လို့ .. Ma က Surprise ပဲ
နော် ကြိုမပြောဘူးရယ် ခွန်းကို ..”

“အွန်း တမင်အံ့ဩအောင်လို့ .. ရော့ ခွန်းအကြိုက် Cappuccino Ice Cream .. Ma ရယ် Ma
တို့ Paradise က Bakery ဘက်က သူငယ်ချင်း
တယောက်ကို လုပ်ခိုင်းထားတာ .. ဒါလေးပေးချင်လို့
ရယ် ခွန်းနွေနဲ့လည်း ထမင်း အတူတူစားမို့ရယ်လေ .. Ma က Sambal Chicken Rice မှာလိုက်တာ
ခွန်း အတွက် က Chicken Nugget ယူ
လာတယ် ရော့”

“ဟုတ် .. Ma , ကျေးဇူးပါ”

“Lotteria က အပြင် အစားအစာ စားလို့
ရတယ်မလား?”

“အွန်း သူ့စီက တခုခုမှာစားရင် အပြင်အစားစာ
စားလို့ရတယ် ဟိုတခါ သဇင်တို့နဲ့စားသေးတယ်
ဘာမှ မပြောဘူး ..”

“အွန်း .. စားကြမယ်လေ”

“ခဏလေး ခွန်း မာမီ့ကို ထမင်းစားနေပြီဆိုတာ
ဖုန်းဆက်ပြောမို့ ခဏလေးစောင့်နော် ဒီထဲက
လိုင်းမမိလို့ အပြင်ခဏထွက် ပြောပြီးပြန်လာ
မယ်”

“အွန်းး စောင့်နေမယ်”

ခွန်း‌နွေ သူမ Mumစီဖုန်းခေါ်၍ အပြင်ခဏ
ထွက်ကာ ဖုန်းပြောလိုက်သည်။ပြောပြီးပြီးချင်း
ချက်ချင်းပြန်ဝင်လာ၍ ခက်မွန်ရဲ့ ဘေးနား
ပြန်ထိုင်လိုက်ပြီး ခွန်းနွေက ထမင်းချိုင့်ဖွင့်
လိုက်သည်။ ခက်မွန်က ..

“ဘာဟင်းလဲ”

“ပုစွန်ဆီပြန်ရယ် အရွက်ကြော်ရယ် ..”

“အွန်း .. စားကအောင် .. Ma ခွန်းဖို့ အအေး
ဝယ်မထားမိဘူး Lemon Tea ကြိုက်ရင်
တော့ ယူသောက်နော်”

“ဟုတ် .. Ma”

ခက်မွန် နဲ့ ခွန်းနွေ တို့ ထမင်းစားလိုက်ကြသည်။

“Ma စားတာ စားကြည့်မလား? ခွံကျွေးမယ်
ရော့ .. ..”

ခက်မွန် က ခွန်းကို သူမပန်းကန်ထဲက ကြက်ကြော်
လေး ဖဲ့ပြီး ထမင်းနဲ့ခွံ့ကျွေးလိုက်သည်။

“ ahh .. စပ်တယ် ..”

“အွန်း အနှစ်ပါသွားလို့ ရော့ .. အအေးသောက်
လိုက် ..”

“ဟုတ် ..”

ခက်မွန်တို့ ထမင်းစားပြီးတော့ စကားထိုင်ပြော
ရင်း ခွန်းက ခက်မွန် သူမဖို့ ယူလာပေးတဲ့  Cappuccino ရေခဲမုန့်လေး ဖွင့်ကာစားနေ
သည်။

“Ma ရော စားလေ .. ရော့ အတူတူစားမယ်
ဗူးက အကြီးကြီးပဲ .. ခွန်း တယောက်တည်း
မကုန်ဘူးရယ်”

“Omm ..”

“ခွန်းနွေ ..”

“ဗျာ ..”

“ဒီနေ့ Uniform မဝတ်ကဘူးလား?”

“Thursday နဲ့ Friday က Uniform
မဝတ်ဘဲ ကျောင်း T.Shirt ဖြစ်ဖြစ် ကိုယ့်
ကြိုက်တဲ့ အပေါ်က တခုခုနဲ့ အောက်ကကျ
Jean pant အရှည် ဝတ်ခွင့်ပေးထားတယ်”

“aww .. ခွန်းနွေ ..”

“ဗျာ ...”

“Ma ကို ကြည့် ဒီဘက်လှည့် ..”

“အွန် .. ဘာလို့လဲ ?”

“လှည့်ပါဆို Ma ဘက်ကို .. မျက်နှာမော့”

ခွန်းနွေက သူမရဲ့ဖောင်းအစ်နေတဲ့ မျက်လုံးတွေကို သတိထားမိမှာစိုး၍ မျက်နှာကိုငုံ့ထားတော့ ခက်မွန်က မျက်နှာကို မော့ခိုင်းသည်။
ခွန်းနွေ , ခက်မွန် ဘက် မျက်နှာလေးလှည့်လိုက်သည် ။

“ညက ငိုထားတယ်မလား ? မျက်လုံးတွေက ..”

ခွန်းနွေ ပြန်မဖြေဘဲ အသံတိတ်နေသည်။
ခက်မွန်က ရေခဲမုန့်ဗူးကိုင်ထားတဲ့ စားပွဲပေါ်
က ခွန်းနွေရဲ့ ညာလက်စီသို့ သူမ အကြည့်က
ရောက်သွားပြီး ခွန်းနွေရဲ့ လက်ကလေးကို
ဆွဲယူကြည့်လိုက်သည်။

“အာ .. Ma ..”

“လက်က သွားရာအကွင်းလိုက် ကိုက်ထားတာ
လား ?”

“အာ့ .. အဲ့တာက ...”

ခွန်းနွေရဲ့ စကားသံတို့ ထပ်၍ထွက်မလာတော့

“ပြောလေ ခွန်းနွေ .. ဘာလို့ကိုက်ထားတာလဲ”

“ညက Ma က ခွန်းကို Ma ရဲ့ EX နဲ့
အကြောင်းကို ပြောပြတော့ ခွန်းနွေရဲ့
စိတ်ထဲ ခွန်းနွေဘာသာ ဝမ်းနည်းမိလို့ပါ
Ma က ဒီအတိုင်း ပြောပြတာပေမယ့်လို့ ..
ကိုယ်ချစ်တဲ့သူက သူ့ရဲ့EX နဲ့ တွေ့ခဲ့တာကို
ပြောပြနေတော့ ခွန်းနွေ ရင်ထဲကကျ မလိုဘူး
သဝန်တိုတာမျိုးလား ဘာလား မသိတဲ့ စိတ်
ခံစားချက်ကြီးနဲ့ အဲ့အခြေနေကို မကြိုက်တာ
မျိုး ဖြစ်လာပြီးဝမ်းနည်းလာတာ ကိုယ့်ဘာသာ
ကြိတ်ငိုတာရယ် .. အသံထွက်မှာစိုးလို့ လက်ကို
ကိုက်ပြီး ကြိတ်ငိုတာ .. ..”

“ခွန်းနွေ ကကွာ .. ကြည့်ဦး လက်‌နုနုလေးမှာ
အကွင်းရာက နီရဲလို့ နာနေမှာပေါ့ ..
Ma စိတ်ထဲ ထင်မိပါတယ် ခွန်းနွေကတော့
စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေမယ်ဆိုတာ”

“ခွန်းနွေ ဘာသာ ခံစားလွန်မိတာပါ Ma ရဲ့
စိတ်မကောင်းမဖြစ်ပါနဲ့နော် .. ခွန်းနွေက
ခွန်းနွေကြောင့် Ma စိတ်ညစ်မှာကို မလိုဘူး
အခုကလည်း Ma တို့ တွေ့တာကို ပြောပြ
တော့ တချိန်က Ma တို့ ပတ်သက်မှု‌ကိုတွေး
ပြီး ကိုယ့်ဘာသာ ဝမ်းနည်းမိတာပါ ..”

“ဆေးမလူးလာဘူးလား ? လက်က ကြည့်ဦး”

“ညက အိပ်ခါနီးလူးပါတယ် .. Ma နှုတ်ခမ်း
လေးနဲ့အုံဖွ လုပ်ပေးလေ အာ့ဆို သက်သာပြီ”

“ဟွန့် .. လူလည် .. စကားမတတ်ရှာဘူးနော်”

“မပေးဘူးလား ? မပေးရင် လက်ကို မကိုင်နဲ့”

ခက်မွန် လက်ထဲက ခွန်းနွေ က သူမရဲ့
လက်ကလေးကို ရုန်းထွက်တော့ ..

“Mwäh .. အုံဖွ ...”

“Hee .. ပျော်လိုက်တာ ..”

“နောက်တခါ အဲ့လိုမလုပ်နဲ့နော် ကြားလား?
Ma မကြိုက်ဖူးရယ် အဲ့အကျင့်တွေကို ..
ပြီးရင် Ma အပေါ် တခုခုမကြိုက်ရင်လည်း
ပွင့်ပွင့်လင်းလင်း ပြောနော် Ma အပေါ်မှာ
ခွန်းနွေ စိတ်ဆိုးတာပဲဖြစ်ဖြစ်ပေါ့ တခုခု ..”

“ဟုတ် Ma ..ခွန်းနွေ အဲ့အရာကို သေချာပေါက်
ကတိ မပေးနိုင်ပေမယ့် ခွန်းနွေ ကြိုးစားပါ့မယ်”

“အွန်း ရေခဲမုန့် ပျော်ကုန်မယ် စားဦး ..”

“အွင့် .. ခွန်း ခွံ့ကျွေးမယ် Ma လည်း စားဦး”

ခက်မွန် နဲ့ ခွန်းနွေ စကားပြောပြီး 1 နာရီ
ထိုးခါနီးတော့ ခက်မွန် က ..

“ခွန်းနွေ .. Ma ပြန်တော့မယ် ဦးဉာဏ်စောင့်
နေတာ ကြာပြီမို့ ..”

“ဦးဉာဏ် လိုက်ပို့တာလား”

“အွန်း ..”

“ဟုတ် Ma .. ဒီနေ့အတွက် ကျေးဇူးပါနော်
ခွန်းနွေ အရမ်းပျော်တယ် .. ခွန်းနွေ လည်း
1:00 အတန်းချိန် ပြန်စမှာမို့ သွားမယ်လေ”

“Omm .. တာ့တာ ခွန်းနွေ စာသေချာလိုက်
မှတ်နော် အတန်းချိန် ..”

“ဟုတ် Ma .. ဂရုစိုက်ပြန်နော် ..ပြန်ရောက်ရင်
စာပို့လိုက်နော် ..”

“Omm .. Bye!”

ခက်မွန် .. ခွန်းနွေ ကို နှုတ်ဆက်ပြီး ပြန်လာခဲ့
သည်။ ခွန်းနွေ လည်း အပေါ်ထပ် သူမတို့ရဲ့
ကျောင်းခန်းစီသို့ ပြန်တက်သွားလိုက်သည်။
အတန်းထဲဝင်တော့ သဇင်တို့ပြန်ရောက်နေ
သည်။ ထူးဝေ က ..

“ပြန်လာသေးတယ်နော် ငါတို့က ပါသွားပြီ
မှတ်နေတာ ..”

“Shut up! ဆရာ လာနေပြီ ..”

ခွန်းနွေက ဆရာဝင်လာတာ မြင်လိုက်၍ ပြော
လိုက်သည်။

-
-

Skip .. > Other Side ---

ခက်မွန် လည်း Paradise ပြန်ရောက်တော့
သူမတို့ရဲ့ အဝတ်လဲခန်း၌ Chef Uniform
လဲလိုက်ပြီးတော့  ခွန်းနွေကို သူမ ပြန်ရောက်ကြောင်း Mess ပို့လိုက်သည်။
နေ့လည် အလုပ်ပါးချိန်၌ ယွန်း အတွက် Sushi
အစုံ တစ်ပွဲလုပ်ပြီး Cashier Counter မှာ
‌Bill ရှင်းပြီး ယွန်းစု တို့ Bakery Room ထံ
သွားပေးလိုက်သည်။

ခက် --> “ယွန်းစု .. ဒီမှာ”

ယွန်း --> “ Wow .. Thz you! ”

နဒီပိုင် --> “ပျော်ခဲ့လား ?”

ခက် --> “သူနဲ့တွေ့ရရင်ကို ပျော်နေတာ
စိတ်ထဲ သူ့အလိုလိုကြည်နူးနေမိတာရော”

ယွန်း --> “သေချာပါပြီ သူလေးက ခက်
အတွက် ခက်ရဲ့ ရေစက်လေးပဲ ..”

ခက် --> “အဲ့ရေစက်က သက်ဆုံးတိုင်ထိ
ဖြစ်ပါစေ ဆုတောင်းမိတယ်”

နဒီပိုင် --> “ထပ်တူ ဆုတောင်းပေးပါတယ်နော်”

ခက် --> “ကျေးဇူးပါ ပိုင် .. ခက် သွားပြီ
စားပြီး လိုအပ်တာပြန်ပြောနော် ..”

ယွန်း --> “ခက် လက်ရာက အပိုအလို မရှိ
တာ သိပြီးသားပါ ကောင်းကောင်းစားပါ့မယ်”

နဒီ --> “တာ့တာ”

ခက် --> “တာ့တာ”

ခက် Kitchen Room ပြန်လာ၍ ညနေ
ဘက် Customer ကျတော့ ဟင်းပွဲတွေ
ပြင်ပေးကသည်။

ခက်မွန် ဟင်းပွဲတွေ ပြင်နေတော့ ခွန်းနွေ စီက
သူမ အိမ်ပြန်ရောက်ပြီဖြစ်ကြောင်း Mess
လေး ထုံးစံအတိုင်း အချိန်မှန်ရောက်လာသည်။

-
-

မင်းသန့်နဲ့ ပိုးအိ က Dinning Hall ၌ Customer
တွေကို ‌လိုအပ်ချက်တွေမေးရင်း နှုတ်ဆက်နေသည်။

ခက်မွန်တို့ သူမတို့ရဲ့ Duty ချိန်ပြီးတော့ Uniform
လဲပြီး အိမ်ပြန်လာခဲ့ကြသည်။

တိုက်ခန်းပြန်ရောက်တော့ ရေချိုး ထမင်း
စားပြီး ဧည့်ခန်းမှာ အသီး ထိုင်စားရင်းနဲ့
ခက်မွန်က နေ့လည်က သူမနဲ့ ခွန်းတို့ရဲ့
အကြောင်းကို ဆုမြတ်နဲ့ ပိုးအိ ကို ပြောပြ
နေသည်။

ဆုမြတ် --> “ငါပြောပါတယ် သူက ကလေး
လည်း ကလေးဆိုတော့ သူ့စိတ်ထဲ ဝမ်းနည်း
သွားလိမ့်မယ်လို့ ..”

ခက် --> “အွန်း သူ့ဘာသာကြိတ်ငိုပြီး
လက်လည်း ကိုက်ထားသေးတာ ..”

ပိုးအိ --> “သူ မကြိုက်ရင်တော့ နောက်ထပ်
တယောနဲ့ပတ်သက်ပြီး ဘာမှထပ်မပြောမိစေ
နဲ့ ..”

ခက် --> “ပြောစရာ အကြောင်းလည်းမရှိပါ
ဘူး အခုကလည်း မတော်တဆ တွေ့လို့ ငါက
ငါ့ရဲ့တနေ့တာကို ပြောပြရင်း ပြောလိုက်တာပါ
သူနဲ့ ငါ့ကြား ဘာမ‌ဆို ပွင့်ပွင့်လင်းလင်း လည်း
ရှိချင်လို့ပါ”

ပိုး --> “ အွန်းး..”

ခက် --> “8 နာရီထိုးပြီ ငါသူနဲ့စကားပြော
လိုက်ဦးမယ် ..”

ဆုမြတ် --> “ဒေါ်ခက်မွန်ကျော် တို့ အချိန်
လေးစားနေလိုက်တာ အခုမှ .. ဟွန့် ..”

ပိုး --> “ရုပ်က ပြုံးနေတာများ ပါးစပ်
နားရွက် တက်ချိတ်နေမယ် ..”

ခက် --> “မနာလိုနေတာလား ?”

ပိုး --> “ဖြစ်ကမယ် .. ဆုတောင်းလေ ..”

ဆုမြတ် --> “ပြောလိုက် ပိုး .. သူတို့ကိုပဲ
မနာလိုနေတာလားတဲ့ ဟွန့် ..”

ခက် --> “နင်တို့ 2ယောက်က ဘာလား?
တယောက်ထိရင် တယောက်က တစပ်လေး
မှ အထိမခံတာရယ် မရိုးတော့ဘူးနော် ..”

ပိုး --> “ဘာ ..”

ဆုမြတ် --> “ဟုတ်တယ်ဟေ့ ..ငါတို့က
2ယောက်က ဘာဖြစ်လဲ အဲ့တော့ .. ..”

ခက် --> “hah hah .. ပိုး မျက်နှာ နီရဲ
လို့ပါလား ..”

ပိုး --> “ကောင်မစုတ် သွား.. ကိုယ့်အခန်း
ထဲကိုယ် ဖုန်းသွားသုံးတော့ ..”

ခက် --> “ဟယ် နှင်တယ်ကျန်း .. အေးပါ
ဟယ် နင်တို့ 2ယောက်တည်းပဲ ရှိချင်တာ
ဆိုလည်း ငါ ကိုယ့်အခန်းကိုယ် သွားပါပြီ”

ပိုး --> “ကောင်မစုတ်ကြီး ..”

ပိုး က Sofa က ကျောမှီခေါင်းအုံးလေးနဲ့
ခက် ကို ပစ်ပေါက်လိုက်တော့ ဆုမြတ်က
Pillow လေးကို ဖမ်းထားလိုက်သည်။

ခက်မွန် နဲ့ ခွန်းနွေ တို့ရဲ့ ညဘက်ဆို နေ့စဉ်
စကားပြောကြချိန်လေးက အစဉ်အလာ
တခုလို တည်ရှိလာခဲ့သည်။

တခါတလေ ဘာမဟုတ်တာလေးကို တယောက်
တပြန် အပြန်လှန် စိတ်ခုလိုက် စိတ်ကောက်လိုက်
နဲ့ သူမတို့ရဲ့ သံယောဇဉ်ထုံးလေး တစ်စတစ်စနဲ့
နက်နဲလာခဲ့သည်။

...
...
...

======= To Be Continue =======

Written By,
May Yan

ဒီ Fic လေးကို ဖတ်ပေးကြတဲ့ အားလုံးကို
ကျေးဇူးတင်ပါတယ် မေယမ့်ရဲ့ လိုအပ်ချက်
တွေ အမှားတွေရှိရင် သည်းခံပေးကြပါနော်
မေယမ့်ရဲ့ စိတ်ကူးယဉ်သက်သက် Fic လေး
ဖြစ်တာမို့ အမှားပါခဲ့သော် ဇာတ်ကောင်တွေ
နာမည် တူခဲ့တာရှိခဲ့ရင် ခွင့်လွှတ်ပေးပါလို့
Thz a lot! .....


































Continue Reading

You'll Also Like

58K 4.3K 13
အချိန်တွေပြန်ဆုတ်ပြီး ကောင်းမွန်တဲ့တွေ့ဆုံမှုတွေဖြစ်စေချင်တယ်ဆိုပေမဲ့ အတိတ်ကိုပြောင်းလိုက်တဲ့အခါ အခုလို တီချယ့်ကိုချစ်မိပါ့မလားလို့တွေးမိတော့ အရင်တို...
2.9M 117K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
15.5K 1.4K 12
ဒိုင်ယာရီဆိုတာဘာမှန်းမသိတဲ့ကိုယ်ကသိပ်လှတဲ့စာအုပ်လေးမှာသူ့အကြောင်းတွေစီကုံးနေတတ်ခဲ့ပြီ...အရူးတစ်ယောက်လိုပါပဲလား ဒိုင္ယာရီဆိုတာဘာမွန္းမသိတဲ့ကိုယ္ကသိပ္လ...
1.6M 91.3K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...