{Unicode}
လုံလုံလောက်လောက်အားဆေးတွေလည်းသွင်းပေးပြီးပြီမို့ဆရာဝန်ဆီကဆေးရုံဆင်းလို့ရပြီဆိုတဲ့ခွင့်ပြုချက်ကိုရလိုက်ရသည်
"လူနာ စိတ်ဖိစီးတာတွေ ပင်ပန်းစေတာတွေရှောင်ပါ
ကလေးလေးလည်းရှိနေပြီမို့ မူးလဲတာ သတိလစ်တာတို့ဆိုလူနာကmale omega မို့လို့ပျက်ကျလွယ်ပါတယ်နော်"
"ဟုတ်ကဲ့ပါ သတိထားပါ့မယ်"
ထယ့်ကိုမှာနေသော်လည်းကြားထဲကကောက်ဖြေလိုက်တဲ့သူဂျွန့်ကြောင့် ဆရာဝန်ပါကြောင်သွားရသည်
ဂျွန့်ကိုတံတောင်ဆစ်နဲ့ဖွဖွလေးထိုးလိုက်ရင်း ဆရာဝန်ကိုသာအားနာနာနဲ့သွားဖြဲကာရီပြရသည်
"ဟုတ်ကဲ့ပါ ဒေါက်တာ ကျွန်တော်ဂရုစိုက်ပါမယ်"
ဆေးရုံကဆင်းလာလို့ရပြီဖြစ်ပေမဲ့ ထယ့်မိဘတွေဆီသွားရမှာကြောင့် ဂျွန်ကောထယ်ပါ စိတ်လှုပ်ရှားနေရသည်စိတ်လှုပ်ရှားတာထက် ဘာတွေဆက်ဖြစ်လာမလဲမသိတာကြောင့်စိုးရိမ်စိတ်ကပိုများရသည်
"မောင် သွားကြမယ်မလား"
"အင်း သွားမယ်"
နှစ်ဦးသားကားပေါ်နေရာယူလိုက်ရင်းမိဘတွေရှိရာနယ်မြို့လေးဆီသို့...
တစ်စတစ်စရွေ့လာတဲ့ကားနဲ့အတူ တစ်ဒိတ်ဒိတ်ခုန်လာရသောနှလုံးခုန်သံတွေ
"အချစ်ဆုံး"
"အွန်း မောင်"
"မောင်တစ်ယောက်ထဲသွားမယ် အချစ်ဆုံးကမေမေနဲ့နေခဲ့"
"ဟင့်အင်း ထယ်လည်းလိုက်ခဲ့မယ်လေ ဖေဖေဘာပြောမလဲသိချင်တာပေါ့"
"အချစ်ဆုံးတစ်ခုခုဖြစ်ရင်မောင်ရင်ကျိုးရမှာသိလား"
"ကတိပေးပါတယ်နော်မောင် ထယ်ဘာကိုမှအလွန်အကျူးမဖြစ်စေရဘူး နော်နော် မောင်ဘေးမှာရှိနေပေးချင်လို့ပါဖေဖေကမောင့်ကိုအရမ်းစိတ်ဆိုးနေတာလေ"
"ဟုတ်ပြီ ပြောလို့လည်းမရဘူး ကဲလိုက်ခဲ့ "
ခြံတံခါးလေးကိုခေါက်ရင်းအသံပေးလိုက်တော့ထယ့်မေမေက ချက်ချင်းဘဲပြေးထွက်လာပါလေရဲ့
"ရောက်လာကြပြီပေါ့ လာလာ အိမ်ထဲဝင် "
မေမေကတော့ထုံးစံအတိုင်းမျက်နှာပေါ်မှာအပြုံးလေးနဲ့
"လာ မေမေတို့ သားဖေဖေကိုဝမ်းသာစရာသတင်းတွေသွားပြောကြမယ် သူမြေးလေးရတော့မှာဆိုတော့ပျော်မှာအသေအချာဘဲ"
ဟန်ဆောင်မှုမရှိတဲ့မေမေ့ရဲ့ပျော်ရွှင်မှုလေးတွေကိုမြင်ရတာဝမ်းလည်းဝမ်းသာရသလို သနားလည်းသနားမ်ိတယ် မေမေကတော့ဒီအကြောင်းတွေဘယ်သိမလဲ တကယ်လို့သာသွားခဲ့ရင်ကော မောင့်ကိုအခုလိုလက်ခံပါ့အုန်းမလား
"မေမေ သားနဲ့မောင်အရင်ဆုံးဖေဖေနဲ့စကားပြောမလို့
မေမေက ခဏအပြင်မှာစောင့်နေအုန်းနော်"
"ဘာလို့လဲ "
"မေမေကနောက်မှဝင်လာခဲ့လေနော် ဟုတ်ပြီလား "
မေမေကတော့ဘာကြောင့်ဆိုတာနားမလည်ပေမဲ့ခေါင်းလေးငြိမ့်ပြသည်
"ဂျောက်"
ဖေဖေ့အခန်းတံခါးကိုဖွင့်ပြီးဝင်လိုက်တော့ ကုတင်ပေါ်ကဖေဖေက သီချင်းလေးနားထောင်ရင်း မျက်လုံးလေးမှိတ်ထားလ်ို့နေလေရဲ့
"ဖေဖေ"
ထယ်ယောင်းခေါ်သံကြောင့် မျက်လုံးပွင့်လာကာ ပြုံးဖို့လုပ်လိုက်ပေမဲ့ အကြည့်တွေက ထယ့်ဘေးကဂျွန့်ဆီရောက်သွားတာနဲ့ ချက်ချင်းဆိုသလိုမျက်နှာပေါ်ကအပြုံးတွေပျောက်ကွယ်ကုန်
"ဖေဖေ ထယ်ပြောစရာရှိတယ်"
"သားမင်းပြောချင်ရင်မင်းနေခဲ့ ဟိုကောင်ကိုငါ့မျက်စိရှေ့ခေါ်မလာစမ်းနဲ့ မမြင်ချင်ဘူး"
"ထယ့်ဗိုက်ထဲမှာ ကျွန်တော့်ရင်သွေးလေးရှိနေပြီ အန်ကယ်"
"မင်းကိုဘယ်သူကစကားပြောခွင့်ပေးလို့လဲ"
"ဖေဖေလက်မခံချင်လည်းထယ်နဲ့မောင်နဲ့ကအများကြီးကျော်ဖြတ်ခဲ့ပြီးပြီ အတိတ်ဆိုတာတွေလည်းပြီးနေပြီဘဲဘာလို့လက်မခံနိုင်သေးတာလဲ"
"ကင်ထယ်ယောင်း စကားကိုပေါ့ပေါ့တန်တန်မပြောနဲ့ အဲ့ကောင်မ်ိသားစုငါတို့ကိုလုပ်ခဲ့တာကြောင့်ဘယ်လောက်ထိငါတို့ဒုက္ခရောက်ခဲ့ရလဲ"
"မောင့်ဖေဖေလုပ်ခဲ့တာလေ ဘာလ်ို့အပြစ်မရှိတဲ့မောင့်က်ိုဖေဖေက အပြစ်တွေပုံနေတာလဲ"
"ကင်ထယ်ယောင်း နင်ငါ့ကိုသေစေချင်နေတာလားဟမ်"
"ဖေဖေရယ် ကလေးမဆန်ပါနဲ့"
"ရှက်ဖို့ကောင်းလိုက်တာ ကိုယ့်မိသားစုကိုဒုက္ခပေးသွားတဲ့ကောင်ကိုမှမင်းကတန်းတန်းစွဲဖြစ်နေတာဘဲ အေး မင်းအဲ့ကောင်ကိုမခွဲနိုင်ဘူးမလား ဒါဆို ငါတို့မိသားစုထဲကထွက်"
"အန်ကယ် ဘာဖြစ်ချင်လဲပြော ကျွန်တော်အားလုံးလုပ်ပေးမယ် ပိုင်ဆိုင်မှုတွေသိမ်းမလား လုပ်လိုက်"
"ငါ့ကိုမင်းအဖေလို လူမျိုးထင်နေတာလား"
ဖေဖေ့စကားကြောင့်မောင့်လက်သီးတွေကျစ်ကျစ်ဆုပ်သွားတာက်ိုမြင်လိုက်ရတယ်
"ဖေဖေထယ်ကအခုခွင့်လွှတ်ဖို့လာပြောတာမဟုတ်ပါဘူး ရင်သွေးလေးရှိနေပြီဆိုတာ လာအသိပေးတာပါ"
"အော်မင်းကကိုယ့်မိဘကိုတောင်ထားခဲ့ဖို့ဆုံးဖြတ်ပြီးပြီပေါ့ကျေးဇူးကန်းလိုက်တာ ငါတ်ို့ကတော့ မစားရက်မသောက်ရက် ကျောင်းတွေထားပေးလိုက်ရတာ "
"မဟုတ်ဘူးဖေဖေ မှားနေပြီ ဖေဖေသာခေါင်းမမာရင်အားလုံးပြီးပြီ "
အခုချိန်မှာအားလုံးထက်ရဲရင့်နေတဲ့အချစ်ရဆုံးဟာ
တကယ်ကို ချစ်ဖို့ထိုက်တန်လွန်းသည်မလား
"အချစ်ဆုံးတော်တော့ ကလေးတစ်ခုခုဖြစ်မယ် မောင်တို့နောက်မှပြန်လာရအောင်"
"အခုကင်ထယ်ယောင်းငါ့အိမ်ကထွက်သွားပြီးတာနဲ့ပြန်လာဖို့စဉ်းတောင်မစဉ်းစားနဲ့ ငါလည်းမင်းအဖေမဟုတ်တော့ဘူး"
မငိုဘူးလ်ို့တင်းခံလာပေမဲ့ ပြတ်သားလွန်းတဲ့ဖေဖေ့ရဲ့စကားတွေကြောင့် ထိန်းထားတဲ့ကြားက ကျလာတဲ့မျက်ရည်တွေ
"ဖေဖေ့ကိုသားအရမ်းချစ်တယ် ဒါပေမဲ့အခုလ်ိုကြီးကမှားနေတယ်ဆိုတာဖေဖေသိသင့်တယ် လာမောင် ပြန်မယ်"
ဂျွန့်လက်ကိုဆွဲရင်းဖေဖေ့ကိုလျစ်လျူရှုပြီးထွက်လာခဲ့တယ်အခန်းထဲကမျက်ရည်တွေနဲ့ထွက်လာတဲ့ထယ့်ကိုမြင်ပြီး
"သား ဘာဖြစ်လာတာလဲ ဘာလို့ငိုနေတာလဲ"
"မေမေ ထယ်လေမေမေနဲ့ဖေ့ဖေ့ကိုအရမ်းချစ်တာသိလားသားတို့ပြန်လာခဲ့မယ် "
မေမေ့ကိုဖက်လိုက်ရင်း ကျန်တာဘာမှဆက်မပြောဘဲ
ထားခဲ့လိုက်တော့ အူကြောင်ကြောင်လေးနဲ့မေမေက မျက်ရည်တွေကျလာပြန်ရော အခုချိန်ကဒီလိုလုပ်မှဖြစ်မယ်ခါးခါးသီးသီးငြင်းဆန်နေတဲ့ဖေဖေ့ကိုအချိန်ပေးပြီးနားလည်ပေးန်ိုင်ဖို့အခုလိုသာထွက်လာခဲ့ရခြင်းဖြစ်တယ် ဆက်ပြောနေရင်းလည်း ရန်စကားတွေကလွဲပြီး ကျန်တာဘာမှဖြစ်လာမှာမဟုတ်တာကို သိတယ် ဒါကြောင့်...
ကားထဲထိုင်ချလိုက်တာနဲ့ရှိုက်ကြီးတငင်ငင်ငိုနေတဲ့ထယ်ယောင်းကိုသာရင်ခွင်ထဲထည့်ထားရင် မျက်ရည်တွေသာထိုင်သုတ်ပေးနေရသည်
"အချစ်ဆုံး အရမ်းမငိုနဲ့လေ သူ့ပါပါးကအရမ်းငိုနေတော့ဗိုက်ထဲကကလေးလေးကဘယ်စိတ်ကောင်းမလဲ"
"မောင် ထယ်တောင်းပန်ပါတယ်"
"ဟင် ဘာလို့လဲ အချစ်ဆုံးရဲ့"
"ထယ့်ဖေဖေ့ကြောင့်လေ "
"မဟုတ်တာ သူမုန်းမယ်ဆိုလည်းမုန်းသင့်ပါတယ် ဒါပေမဲ့မောင်ကတော့ ဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူးနော်"
"အင်း မောင် နောက်နေ့မှထယ်တို့အေးဆေးစကားထပ်ပြောကြည့်ကြမယ် ဖေဖေ ခွင့်လွှတ်ပေးမယ်လို့မျှော်လင့်ပါတယ်"
"ဟုတ်ပြီဟုတ်ပြီ အခုတော့မငိုနဲ့တော့နော်အချစ်ဆုံး ကြည့်ပါအုန်း ငိုထားတာနှာခေါင်းလေးတွေဆိုတာရဲနေတာဘဲ မောင့်အချစ်ဆုံးကတော့"
နှာဖျားလေးကိုနမ်းလိုက်တော့မှအချစ်ဆုံးကပြုံးပြလာလေရဲ့
.
.
.
"ဖေကြီး သားလေး ဘာလို့ငိုပြီးထွက်သွားတာလဲ"
အိပ်ရာပေါ်မှာ မျက်လုံးလေးမှိတ်ပြီး လှဲနေတဲ့ထယ့်ဖေဖေကဘာမှပြန်မဖြေ ဒါကြောင့် ခန္ဓာကိုယ်ကို ကိုင်လှုပ်ပြီးနှိုးတော့လည်း တုန့်ပြန်မှုမရှိလာတာကြောင့်
"ဖေကြီး ဖေကြီး ထပါအုန်း"
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာကြောင့် တုန်နေတဲ့လက်တွေနဲ့သာ ထယ့်ဆီဖုန်းဆက်မိတယ်
မေမေ့ဆီကဖုန်းဝင်လာတာကြောင့်ဝမ်းသာအားရတဲ့ကိုင်မိတော့
"သ..သားလေး"
လေသံတောင်မစပ်တော့တဲ့မေမေ့ရဲ့စကားသံတွေကြောင့်ခေါင်းဟာပူခနဲ
"မေမေ ဘာဖြစ်တာလဲ"
စိုးရိမ်တကြီးနဲ့ဖုန်းပြောနေတဲ့ထယ့်လက်တွေကို ဂျွန်ကဆုပ်ကိုင်ပေးထားသည် စိတ်အေးအေးထားဟုလည်း ဘေးကနေအမူအရာနဲ့ဖော်ပြလာသေးသည်
"သားလေး သားဖေဖေလေ နှိုးမရတော့လို့"
"ဟင် သားတို့အခုပြန်လာပြီ"
ချက်ချင်းဖုန်းကိုချလိုက်ပြီး
"မောင် အိမ်ကိုပြန်မောင်းပေး"
ဘာမှမသိပေမဲ့တစ်ခုခုမကောင်းတာဖြစ်နေပြီဆိုတာကိုဂျွန်ရိပ်မိခဲ့ပေမဲ့ ထယ့်ကိုတော့မမေးနိုင်ခဲ့ ထပ်မေးလို့ထပ်ဖြေရင် ပိုစိတ်ဆင်းရဲရမယ်မလား
ဂျွန်တို့ထွက်သွားတာအိမ်နဲ့ဝေးဝေးကိုမရောက်သေးတာကြောင့် ခဏလေးနဲ့တင် အိမ်ကိုပြန်ရောက်လာခဲ့တယ်
ခြံတံခါးကိုတွန်းဖွင့်လိုက်ရင်း ပြေးသွားတာကြောင့်
"အချစ်ဆုံး အရမ်းမပြေးနဲ့"
ဗိုက်ထဲမှာကလေးလေးနဲ့မို့ သတိပေးနေပေမဲ့လည်း ဂျွန့်စကားတွေတောင်နားထဲမထည့်နိုင်ဘဲ အိမ်ထဲကိုပြေးဝင်သွားတဲ့ထယ်ယောင်းနောက်ကိုသာ သူပြေးလိုက်သွားရတော့တယ်
ဖေဖေ့ကုတင်ရှေ့အရုပ်ကြိုးပျက်ဖြစ်နေတဲ့မေမေ့ကို
ပခုံးမှကိုင်လှုပ်လိုက်ရင်း
"မေမေ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲလို့"
"ခေါ်မရတော့ဘူး လုပ်ပါအုန်း သားရယ် ခေါ်မရတော့ဘူး"
ကလေးတစ်ယောက်လိုအော်ကြီးဟစ်ကျယ်ငိုနေတဲ့မေမေ့ကိုဖက်ထားလိုက်ရင်း ဂျွန်ကဖေဖေ့လည်ပင်းနဲ့လက်ကောက်ဝတ်မှသွေးကြောကိုစမ်းပေးနေတယ်
"မောင် ဘာဖြစ်တာလဲ"
မောင်ကခေါင်းခါပြတယ်
"မောင်ဘာလဲလို့"
"အသက်မရှိတော့ဘူး"
"ဟင်"
"မောင်လာမနောက်နဲ့ ဘာလို့လဲ"
"မောင်တကယ်ပြောနေတာ နှလုံးမခုန်တော့ဘူး"
"မဟုတ်ဘူး မဟုတ်ဘူး အဲ့လိုမဖြစ်ရဘူး"
မျက်ရည်တွေနဲ့မောကြီးပန်းကြီးပြောလာတဲ့မေမေ
"မေမေ သတိထားအုန်း သတိထားပါအုန်း"
သတိလစ်သွားတဲ့မေမေ့ကို ကိုင်လှုပ်ရင်း
"မောင် ဆေးရုံကိုဖုန်းဆက်"
_____________________________________
#ဖတ်ပေးလို့ကျေးဇူးပါရှင့်🙆🏻♀️❣️
{Zawgyi }
လုံလုံေလာက္ေလာက္အားေဆးေတြလည္းသြင္းေပးၿပီးၿပီမို႔ဆရာဝန္ဆီကေဆး႐ုံဆင္းလို႔ရၿပီဆိုတဲ့ခြင့္ျပဳခ်က္ကိုရလိုက္ရသည္
"လူနာ စိတ္ဖိစီးတာေတြ ပင္ပန္းေစတာေတြေရွာင္ပါ
ကေလးေလးလည္းရွိေနၿပီမို႔ မူးလဲတာ သတိလစ္တာတို႔ဆိုလူနာကmale omega မို႔လို႔ပ်က္က်လြယ္ပါတယ္ေနာ္"
"ဟုတ္ကဲ့ပါ သတိထားပါ့မယ္"
ထယ့္ကိုမွာေနေသာ္လည္းၾကားထဲကေကာက္ေျဖလိုက္တဲ့သူဂြၽန္႔ေၾကာင့္ ဆရာဝန္ပါေၾကာင္သြားရသည္ ဂြၽန္႔ကိုတံေတာင္ဆစ္နဲ႔ဖြဖြေလးထိုးလိုက္ရင္း ဆရာဝန္ကိုသာအားနာနာနဲ႔သြားၿဖဲကာရီျပရသည္
"ဟုတ္ကဲ့ပါ ေဒါက္တာ ကြၽန္ေတာ္ဂ႐ုစိုက္ပါမယ္"
ေဆး႐ုံကဆင္းလာလို႔ရၿပီျဖစ္ေပမဲ့ ထယ့္မိဘေတြဆီသြားရမွာေၾကာင့္ ဂြၽန္ေကာထယ္ပါ စိတ္လႈပ္ရွားေနရသည္စိတ္လႈပ္ရွားတာထက္ ဘာေတြဆက္ျဖစ္လာမလဲမသိတာေၾကာင့္စိုးရိမ္စိတ္ကပိုမ်ားရသည္
"ေမာင္ သြားၾကမယ္မလား"
"အင္း သြားမယ္"
ႏွစ္ဦးသားကားေပၚေနရာယူလိုက္ရင္းမိဘေတြရွိရာနယ္ၿမိဳ႕ေလးဆီသို႔...
တစ္စတစ္စေ႐ြ႕လာတဲ့ကားနဲ႔အတူ တစ္ဒိတ္ဒိတ္ခုန္လာရေသာႏွလုံးခုန္သံေတြ
"အခ်စ္ဆုံး"
"အြန္း ေမာင္"
"ေမာင္တစ္ေယာက္ထဲသြားမယ္ အခ်စ္ဆုံးကေမေမနဲ႔ေနခဲ့"
"ဟင့္အင္း ထယ္လည္းလိုက္ခဲ့မယ္ေလ ေဖေဖဘာေျပာမလဲသိခ်င္တာေပါ့"
"အခ်စ္ဆုံးတစ္ခုခုျဖစ္ရင္ေမာင္ရင္က်ိဳးရမွာသိလား"
"ကတိေပးပါတယ္ေနာ္ေမာင္ ထယ္ဘာကိုမွအလြန္အက်ဴးမျဖစ္ေစရဘူး ေနာ္ေနာ္ ေမာင္ေဘးမွာရွိေနေပးခ်င္လို႔ပါေဖေဖကေမာင့္ကိုအရမ္းစိတ္ဆိုးေနတာေလ"
"ဟုတ္ၿပီ ေျပာလို႔လည္းမရဘူး ကဲလိုက္ခဲ့ "
ၿခံတံခါးေလးကိုေခါက္ရင္းအသံေပးလိုက္ေတာ့ထယ့္ေမေမက ခ်က္ခ်င္းဘဲေျပးထြက္လာပါေလရဲ႕
"ေရာက္လာၾကၿပီေပါ့ လာလာ အိမ္ထဲဝင္ "
ေမေမကေတာ့ထုံးစံအတိုင္းမ်က္ႏွာေပၚမွာအၿပဳံးေလးနဲ႔
"လာ ေမေမတို႔ သားေဖေဖကိုဝမ္းသာစရာသတင္းေတြသြားေျပာၾကမယ္ သူေျမးေလးရေတာ့မွာဆိုေတာ့ေပ်ာ္မွာအေသအခ်ာဘဲ"
ဟန္ေဆာင္မႈမရွိတဲ့ေမေမ့ရဲ႕ေပ်ာ္႐ႊင္မႈေလးေတြကိုျမင္ရတာဝမ္းလည္းဝမ္းသာရသလို သနားလည္းသနားမ္ိတယ္ ေမေမကေတာ့ဒီအေၾကာင္းေတြဘယ္သိမလဲ တကယ္လို႔သာသြားခဲ့ရင္ေကာ ေမာင့္ကိုအခုလိုလက္ခံပါ့အုန္းမလား
"ေမေမ သားနဲ႔ေမာင္အရင္ဆုံးေဖေဖနဲ႔စကားေျပာမလို႔
ေမေမက ခဏအျပင္မွာေစာင့္ေနအုန္းေနာ္"
"ဘာလို႔လဲ "
"ေမေမကေနာက္မွဝင္လာခဲ့ေလေနာ္ ဟုတ္ၿပီလား "
ေမေမကေတာ့ဘာေၾကာင့္ဆိုတာနားမလည္ေပမဲ့ေခါင္းေလးၿငိမ့္ျပသည္
"ေဂ်ာက္"
ေဖေဖ့အခန္းတံခါးကိုဖြင့္ၿပီးဝင္လိုက္ေတာ့ ကုတင္ေပၚကေဖေဖက သီခ်င္းေလးနားေထာင္ရင္း မ်က္လုံးေလးမွိတ္ထားလ္ို႔ေနေလရဲ႕
"ေဖေဖ"
ထယ္ေယာင္းေခၚသံေၾကာင့္ မ်က္လုံးပြင့္လာကာ ၿပဳံးဖို႔လုပ္လိုက္ေပမဲ့ အၾကည့္ေတြက ထယ့္ေဘးကဂြၽန္႔ဆီေရာက္သြားတာနဲ႔ ခ်က္ခ်င္းဆိုသလိုမ်က္ႏွာေပၚကအၿပဳံးေတြေပ်ာက္ကြယ္ကုန္
"ေဖေဖ ထယ္ေျပာစရာရွိတယ္"
"သားမင္းေျပာခ်င္ရင္မင္းေနခဲ့ ဟိုေကာင္ကိုငါ့မ်က္စိေရွ႕ေခၚမလာစမ္းနဲ႔ မျမင္ခ်င္ဘူး"
"ထယ့္ဗိုက္ထဲမွာ ကြၽန္ေတာ့္ရင္ေသြးေလးရွိေနၿပီ အန္ကယ္"
"မင္းကိုဘယ္သူကစကားေျပာခြင့္ေပးလို႔လဲ"
"ေဖေဖလက္မခံခ်င္လည္းထယ္နဲ႔ေမာင္နဲ႔ကအမ်ားႀကီးေက်ာ္ျဖတ္ခဲ့ၿပီးၿပီ အတိတ္ဆိုတာေတြလည္းၿပီးေနၿပီဘဲဘာလို႔လက္မခံႏိုင္ေသးတာလဲ"
"ကင္ထယ္ေယာင္း စကားကိုေပါ့ေပါ့တန္တန္မေျပာနဲ႔ အဲ့ေကာင္မ္ိသားစုငါတို႔ကိုလုပ္ခဲ့တာေၾကာင့္ဘယ္ေလာက္ထိငါတို႔ဒုကၡေရာက္ခဲ့ရလဲ"
"ေမာင့္ေဖေဖလုပ္ခဲ့တာေလ ဘာလ္ို႔အျပစ္မရွိတဲ့ေမာင့္က္ိုေဖေဖက အျပစ္ေတြပုံေနတာလဲ"
"ကင္ထယ္ေယာင္း နင္ငါ့ကိုေသေစခ်င္ေနတာလားဟမ္"
"ေဖေဖရယ္ ကေလးမဆန္ပါနဲ႔"
"ရွက္ဖို႔ေကာင္းလိုက္တာ ကိုယ့္မိသားစုကိုဒုကၡေပးသြားတဲ့ေကာင္ကိုမွမင္းကတန္းတန္းစြဲျဖစ္ေနတာဘဲ ေအး မင္းအဲ့ေကာင္ကိုမခြဲႏိုင္ဘူးမလား ဒါဆို ငါတို႔မိသားစုထဲကထြက္"
"အန္ကယ္ ဘာျဖစ္ခ်င္လဲေျပာ ကြၽန္ေတာ္အားလုံးလုပ္ေပးမယ္ ပိုင္ဆိုင္မႈေတြသိမ္းမလား လုပ္လိုက္"
"ငါ့ကိုမင္းအေဖလို လူမ်ိဳးထင္ေနတာလား"
ေဖေဖ့စကားေၾကာင့္ေမာင့္လက္သီးေတြက်စ္က်စ္ဆုပ္သြားတာက္ိုျမင္လိုက္ရတယ္
"ေဖေဖထယ္ကအခုခြင့္လႊတ္ဖို႔လာေျပာတာမဟုတ္ပါဘူး ရင္ေသြးေလးရွိေနၿပီဆိုတာ လာအသိေပးတာပါ"
"ေအာ္မင္းကကိုယ့္မိဘကိုေတာင္ထားခဲ့ဖို႔ဆုံးျဖတ္ၿပီးၿပီေပါ့ေက်းဇူးကန္းလိုက္တာ ငါတ္ို႔ကေတာ့ မစားရက္မေသာက္ရက္ ေက်ာင္းေတြထားေပးလိုက္ရတာ "
"မဟုတ္ဘူးေဖေဖ မွားေနၿပီ ေဖေဖသာေခါင္းမမာရင္အားလုံးၿပီးၿပီ "
အခုခ်ိန္မွာအားလုံးထက္ရဲရင့္ေနတဲ့အခ်စ္ရဆုံးဟာ
တကယ္ကို ခ်စ္ဖို႔ထိုက္တန္လြန္းသည္မလား
"အခ်စ္ဆုံးေတာ္ေတာ့ ကေလးတစ္ခုခုျဖစ္မယ္ ေမာင္တို႔ေနာက္မွျပန္လာရေအာင္"
"အခုကင္ထယ္ေယာင္းငါ့အိမ္ကထြက္သြားၿပီးတာနဲ႔ျပန္လာဖို႔စဥ္းေတာင္မစဥ္းစားနဲ႔ ငါလည္းမင္းအေဖမဟုတ္ေတာ့ဘူး"
မငိုဘူးလ္ို႔တင္းခံလာေပမဲ့ ျပတ္သားလြန္းတဲ့ေဖေဖ့ရဲ႕စကားေတြေၾကာင့္ ထိန္းထားတဲ့ၾကားက က်လာတဲ့မ်က္ရည္ေတြ
"ေဖေဖ့ကိုသားအရမ္းခ်စ္တယ္ ဒါေပမဲ့အခုလ္ိုႀကီးကမွားေနတယ္ဆိုတာေဖေဖသိသင့္တယ္ လာေမာင္ ျပန္မယ္"
ဂြၽန္႔လက္ကိုဆြဲရင္းေဖေဖ့ကိုလ်စ္လ်ဴရႈၿပီးထြက္လာခဲ့တယ္အခန္းထဲကမ်က္ရည္ေတြနဲ႔ထြက္လာတဲ့ထယ့္ကိုျမင္ၿပီး
"သား ဘာျဖစ္လာတာလဲ ဘာလို႔ငိုေနတာလဲ"
"ေမေမ ထယ္ေလေမေမနဲ႔ေဖ့ေဖ့ကိုအရမ္းခ်စ္တာသိလားသားတို႔ျပန္လာခဲ့မယ္ "
ေမေမ့ကိုဖက္လိုက္ရင္း က်န္တာဘာမွဆက္မေျပာဘဲ
ထားခဲ့လိုက္ေတာ့ အူေၾကာင္ေၾကာင္ေလးနဲ႔ေမေမက မ်က္ရည္ေတြက်လာျပန္ေရာ အခုခ်ိန္ကဒီလိုလုပ္မွျဖစ္မယ္ခါးခါးသီးသီးျငင္းဆန္ေနတဲ့ေဖေဖ့ကိုအခ်ိန္ေပးၿပီးနားလည္ေပးန္ိုင္ဖို႔အခုလိုသာထြက္လာခဲ့ရျခင္းျဖစ္တယ္ ဆက္ေျပာေနရင္းလည္း ရန္စကားေတြကလြဲၿပီး က်န္တာဘာမွျဖစ္လာမွာမဟုတ္တာကို သိတယ္ ဒါေၾကာင့္...
ကားထဲထိုင္ခ်လိုက္တာနဲ႔ရႈိက္ႀကီးတငင္ငင္ငိုေနတဲ့ထယ္ေယာင္းကိုသာရင္ခြင္ထဲထည့္ထားရင္ မ်က္ရည္ေတြသာထိုင္သုတ္ေပးေနရသည္
"အခ်စ္ဆုံး အရမ္းမငိုနဲ႔ေလ သူ႔ပါပါးကအရမ္းငိုေနေတာ့ဗိုက္ထဲကကေလးေလးကဘယ္စိတ္ေကာင္းမလဲ"
"ေမာင္ ထယ္ေတာင္းပန္ပါတယ္"
"ဟင္ ဘာလို႔လဲ အခ်စ္ဆုံးရဲ႕"
"ထယ့္ေဖေဖ့ေၾကာင့္ေလ "
"မဟုတ္တာ သူမုန္းမယ္ဆိုလည္းမုန္းသင့္ပါတယ္ ဒါေပမဲ့ေမာင္ကေတာ့ ဘယ္ေတာ့မွလက္ေလွ်ာ့မွာမဟုတ္ဘူးေနာ္"
"အင္း ေမာင္ ေနာက္ေန႔မွထယ္တို႔ေအးေဆးစကားထပ္ေျပာၾကည့္ၾကမယ္ ေဖေဖ ခြင့္လႊတ္ေပးမယ္လို႔ေမွ်ာ္လင့္ပါတယ္"
"ဟုတ္ၿပီဟုတ္ၿပီ အခုေတာ့မငိုနဲ႔ေတာ့ေနာ္အခ်စ္ဆုံး ၾကည့္ပါအုန္း ငိုထားတာႏွာေခါင္းေလးေတြဆိုတာရဲေနတာဘဲ ေမာင့္အခ်စ္ဆုံးကေတာ့"
ႏွာဖ်ားေလးကိုနမ္းလိုက္ေတာ့မွအခ်စ္ဆုံးကၿပဳံးျပလာေလရဲ႕
.
.
.
"ေဖႀကီး သားေလး ဘာလို႔ငိုၿပီးထြက္သြားတာလဲ"
အိပ္ရာေပၚမွာ မ်က္လုံးေလးမွိတ္ၿပီး လွဲေနတဲ့ထယ့္ေဖေဖကဘာမွျပန္မေျဖ ဒါေၾကာင့္ ခႏၶာကိုယ္ကို ကိုင္လႈပ္ၿပီးႏႈိးေတာ့လည္း တုန္႔ျပန္မႈမရွိလာတာေၾကာင့္
"ေဖႀကီး ေဖႀကီး ထပါအုန္း"
ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိတာေၾကာင့္ တုန္ေနတဲ့လက္ေတြနဲ႔သာ ထယ့္ဆီဖုန္းဆက္မိတယ္
ေမေမ့ဆီကဖုန္းဝင္လာတာေၾကာင့္ဝမ္းသာအားရတဲ့ကိုင္မိေတာ့
"သ..သားေလး"
ေလသံေတာင္မစပ္ေတာ့တဲ့ေမေမ့ရဲ႕စကားသံေတြေၾကာင့္ေခါင္းဟာပူခနဲ
"ေမေမ ဘာျဖစ္တာလဲ"
စိုးရိမ္တႀကီးနဲ႔ဖုန္းေျပာေနတဲ့ထယ့္လက္ေတြကို ဂြၽန္ကဆုပ္ကိုင္ေပးထားသည္ စိတ္ေအးေအးထားဟုလည္း ေဘးကေနအမူအရာနဲ႔ေဖာ္ျပလာေသးသည္
"သားလေး သားေဖေဖေလ ႏႈိးမရေတာ့လို႔"
"ဟင္ သားတို႔အခုျပန္လာၿပီ"
ခ်က္ခ်င္းဖုန္းကိုခ်လိုက္ၿပီး
"ေမာင္ အိမ္ကိုျပန္ေမာင္းေပး"
ဘာမွမသိေပမဲ့တစ္ခုခုမေကာင္းတာျဖစ္ေနၿပီဆိုတာကိုဂြၽန္ရိပ္မိခဲ့ေပမဲ့ ထယ့္ကိုေတာ့မေမးႏိုင္ခဲ့ ထပ္ေမးလို႔ထပ္ေျဖရင္ ပိုစိတ္ဆင္းရဲရမယ္မလား
ဂြၽန္တို႔ထြက္သြားတာအိမ္နဲ႔ေဝးေဝးကိုမေရာက္ေသးတာေၾကာင့္ ခဏေလးနဲ႔တင္ အိမ္ကိုျပန္ေရာက္လာခဲ့တယ္
ၿခံတံခါးကိုတြန္းဖြင့္လိုက္ရင္း ေျပးသြားတာေၾကာင့္
"အခ်စ္ဆုံး အရမ္းမေျပးနဲ႔"
ဗိုက္ထဲမွာကေလးေလးနဲ႔မို႔ သတိေပးေနေပမဲ့လည္း ဂြၽန္႔စကားေတြေတာင္နားထဲမထည့္ႏိုင္ဘဲ အိမ္ထဲကိုေျပးဝင္သြားတဲ့ထယ္ေယာင္းေနာက္ကိုသာ သူေျပးလိုက္သြားရေတာ့တယ္
ေဖေဖ့ကုတင္ေရွ႕အ႐ုပ္ႀကိဳးပ်က္ျဖစ္ေနတဲ့ေမေမ့ကိုပခုံးမွကိုင္လႈပ္လိုက္ရင္း
"ေမေမ ဘာျဖစ္တာလဲ ဘာျဖစ္တာလဲလို႔"
"ေခၚမရေတာ့ဘူး လုပ္ပါအုန္း သားရယ္ ေခၚမရေတာ့ဘူး"
ကေလးတစ္ေယာက္လိုေအာ္ႀကီးဟစ္က်ယ္ငိုေနတဲ့ေမေမ့ကိုဖက္ထားလိုက္ရင္း ဂြၽန္ကေဖေဖ့လည္ပင္းနဲ႔လက္ေကာက္ဝတ္မွေသြးေၾကာကိုစမ္းေပးေနတယ္
"ေမာင္ ဘာျဖစ္တာလဲ"
ေမာင္ကေခါင္းခါျပတယ္
"ေမာင္ဘာလဲလို႔"
"အသက္မရွိေတာ့ဘူး"
"ဟင္"
"ေမာင္လာမေနာက္နဲ႔ ဘာလို႔လဲ"
"ေမာင္တကယ္ေျပာေနတာ ႏွလုံးမခုန္ေတာ့ဘူး"
"မဟုတ္ဘူး မဟုတ္ဘူး အဲ့လိုမျဖစ္ရဘူး"
မ်က္ရည္ေတြနဲ႔ေမာႀကီးပန္းႀကီးေျပာလာတဲ့ေမေမ
"ေမေမ သတိထားအုန္း သတိထားပါအုန္း"
သတိလစ္သြားတဲ့ေမေမ့ကို ကိုင္လႈပ္ရင္း
"ေမာင္ ေဆး႐ုံကိုဖုန္းဆက္"
_____________________________________
#ဖတ္ေပးလို႔ေက်းဇူးပါရွင့္🙆🏻♀️❣️