Zawgyi
" ဒီကိုလာ မင္းမ်က္ႏွာကေဖ်ာ့ေတာ့ေနတာပဲ ဒီေန႔ဆိုင္ကိုမသြားနဲ႔ေတာ့ ဟုတ္ၿပီလား "
" အဆင္ေျပပါတယ္ ေခါင္းနည္းနည္းမူးရံုတင္ "
" ၾကည့္ရတာေတာ့အဆင္မေျပဘူး ဒီေန႔နားလိုက္ ၊ ညေနအိမ္ေစာေစာျပန္လာခဲ့မယ္ တစ္ခုခုစားခ်င္တာ႐ွိရင္ ငါ့ကိုမွာလိုက္ အျပန္ဝယ္လာခဲ့မယ္ ၊ ပူတင္းစားခ်င္လား ၊ mint chocolate ice cream "
" အင္း အဲ့ဒါဝယ္ခဲ့ "
လက္ေခ်ာင္း႐ွည္သြယ္သြယ္မ်ားက ၾကယ္သီးမ်ားကို တစ္လံုးခ်င္းေစ့ေစ့စပ္စပ္လိုက္တပ္ေပးေနသည္။ တည္ျမဲ သူ႔ကိုငံု႔မိုးၾကည့္ေနရင္း ႏႈတ္ခမ္းေထာင့္စြန္းမ်ားေကာ့တတ္သြားရသည္။ လႈပ္လီလႈပ္လဲ့ မ်က္ေတာင္႐ွည္႐ွည္မ်ားကို ၾကည့္မဝႏိုင္ေလာက္ေအာင္ေပ။ အိမ္ေထာင္ျပဳျခင္း၏ အႏွစ္အရသာကို သူလက္ေတြ႔ခံစားေနရၿပီျဖစ္၏။ မခ်စ္မႏွစ္သက္ပဲ အိမ္ေထာင္ျပဳျခင္းကေန ခ်စ္ျမတ္ႏိုးသည့္အေျခအေနသို႔ေရာက္႐ွိသြားၾကသည္။
သူႏွင့္အတူ ဒီလိုအခိုက္အတန္႔ေလးကို တည္ျမဲျမတ္ႏိုးေနမိတာ။ တကယ္လို႔ သူတို႔ဘဝထဲကို သူတို႔၏ေသြးသားေလးမ်ားေရာက္႐ွိလာခဲ့လ်ွင္။ အေတြးနဲ႔တင္ တည္ျမဲၾကည္ႏူးေနရသည္အထိျဖစ္သည္။ တည္ျမဲ သူ႔ခါးေလးကိုသိမ္းဖက္ၿပီး ေက်ာျပင္ကို ဖြဖြပြတ္သပ္လိုက္၏။
" အလုပ္သြားေတာ့မယ္ အိမ္မွာေအးေအးေဆးေဆးနားေန အျပင္မထြက္နဲ႔ ၾကားလား ၊ ေယာက်ာ္းကိုနမ္းဦး "
လည္ပင္းကိုသိုင္းဖက္ကာ ေမာ့နမ္းလာသည္။ သူ႔ပါးကို ႏွာတံနစ္ဝင္ေအာင္ နမ္းလိုက္ၿပီးမွ အလုပ္သြားဖို႔ေအာက္ဆင္းလာခဲ့ေတာ့၏။ သူ႔မ်က္ႏွာက ျဖဴေရာ္ေနတာမို႔ တည္ျမဲ စိုးရိမ္ေန၍ စိတ္ကမေျဖာင့္ ၊ ဦးခန္႔ကို အလုပ္ေရာက္မွ ဖုန္းႀကိဳဆက္ထားတာေကာင္းမည္ထင္သည္။
" ေမာင္ ခဏေနဦး "
" အင္း "
" ေဖေဖ့ကို ဒီေန႔ေလဆိပ္မွာ သြားႀကိဳမလို႔ အဲ့ဒါ ၊ ေန႔လည္ပိုင္းေလာက္ျဖစ္မယ္ထင္တယ္ ၊ မေန႔တည္းက ထြက္လာၾကတာ ၊ ၾကားမွာ ရာသီဥတုေၾကာင့္ ေလယာဥ္ေျပာင္းစီးလိုက္ရတယ္ "
" ေန႔လည္ပိုင္းလား ငါပါတစ္ခါတည္းလိုက္ႀကိဳလိုက္မယ္ ၊ မင္းကိုအိမ္ဝင္ေခၚၿပီးမွ သြားတာေပါ့ "
" ရတယ္ ေမာင္အလုပ္႐ႈပ္ေနလိမ့္မယ္ ၊ Driverနဲ႔ပဲသြားလိုက္မယ္ေလ ၊ ေဖေဖက အိမ္ကိုသိေပမယ့္ ၊ ၾကာၿပီဆိုေတာ့ ေမ့ရင္ေမ့ေနမွာ ဒါေၾကာင့္ "
" က်စ္! ေန႔လည္အိမ္ျပန္လာခဲ့မယ္ ျပင္ဆင္ၿပီးေစာင့္ေနလိုက္ "
မႈိင္းညိဳ႕ ေခါင္းၿငိမ့္လိုက္သည္။ ေမာင့္ကား ျခံဝန္းထဲမွထြက္သြားကာမွ ေအာက္ထပ္က သန္႔စင္ခန္းထဲေျပးဝင္ကာ အန္လိုက္သည္။ ဒီတစ္ပတ္အတြင္းမွာ ေခါင္းကမူးရိပ္ရိပ္ႏွင့္ အန္ရင္လည္း ေလေတြသာအန္တာျဖစ္သည္။
" သခင္ေလး ရရဲ႕လား ၊ အစာမေၾကတာလားမသိပါဘူး "
" ေဒၚဝင္း ကြၽန္ေတာ္အဆင္ေျပတယ္ နည္းနည္းမူးေနရံုတင္ "
" ျဖဴဖက္ျဖဴေရာ္နဲ႔ကြယ္ လာ ေဒၚဝင္းအခန္းျပန္ပို႔ေပးမယ္ သခင္ေလးစားခ်င္တာတစ္ခုခုမ်ား႐ွိလား ၊ ေဒၚဝင္းခ်က္ေပးပါ့မယ္ "
" သရက္သီးသုတ္စားခ်င္တယ္ ေဒၚဝင္း ခ်ဥ္ခ်ဥ္ စပ္စပ္ေလး ၊ အခုေနာက္ပိုင္း ဘာစားစားအရသာပ်က္ေနလို႔ ၊ ဟို ေမာင့္ကိုမေျပာနဲ႔ေနာ္ "
ေဒၚဝင္းမ်က္ႏွာတစ္မ်ိဳးျဖစ္သြားသည္။ သို႔ေပမယ့္ ေခါင္းၿငိမ့္လိုက္ကာ သခင္ေလးကိုအခန္းျပန္ပို႔ေပးလိုက္၏။ အခန္းတံခါးပိတ္ေပးၿပီးတာနဲ႔ ေဒၚဝင္း သခင္မႀကီးအခန္းကိုတံခါးေခါက္ကာ အေၾကာင္းစံုေျပာျပလိုက္သည္။ သခင္မႀကီးက ေခါင္းၿငိမ့္သည္။
" ကြၽန္မ ကိုခန္႔ကိုဖုန္းဆက္ထားလိုက္မယ္ ၊ ေဒၚဝင္း သူစားခ်င္တာေလးလုပ္ေပးလိုက္ပါ ၊ အစပ္ေတြအရမ္းမထည့္နဲ႔ ၊ ေျသာ္ ဒါနဲ႔ ဒီေန႔ ညစာကိုေသခ်ာျပင္ဆင္ထားလိုက္ပါ ၊ သူေရာက္လာေတာ့မယ္ ၊ သူက နည္းနည္းဇီဇာေၾကာင္တတ္လို႔ အႀကိဳက္မေတြ႔မွာပဲစိုးမိတယ္ "
" ဟုတ္ကဲ့ပါ သခင္မႀကီး ကြၽန္မအေကာင္းဆံုးခ်က္ေပးပါ့မယ္ "
ေဒၚေလးႏြယ္ေရႊ စာအုပ္ကိုပိတ္ကာ သားညိဳ႕၏ အခန္းသြားဖို္႔ျပင္လိုက္သည္။ သားညိဳ႕ရဲ႕ အေဖလာလည္တာက ေကာင္းေသာလာျခင္းျဖစ္ပါေစလို႔ပဲ ေလးႏြယ္ေရႊဆုေတာင္းသည္။ ကေလးေတြကို ခြဲဖို႔ဆိုရင္ေတာ့ ကိုယ့္ဘက္ကစကာ အတိုက္အခံလုပ္ကာ တားျမစ္ရမည္။
" သားညိဳ႕ အေမဝင္လာခဲ့မယ္ေနာ္ "
ေဒၚေလးႏြယ္ေရႊအထဲဝင္သြားေတာ့ ထိုကေလးက နီရဲေနသည့္အမႈန္႔မ်ားႏွင့္ႏွယ္ထားေသာ သရက္သီးသုတ္ကို ေခြၽးတလံုးလံုးနဲ႔စားေနေလသည္။ ေသခ်ာပါၿပီ ၊ ဒီကေလး ထူးျခားေနသည္။ ေလးႏြယ္ေရႊ သားကို ကိုယ္ဝန္ေဆာင္စဥ္ကာလတုန္းကဆိုရင္လည္း အခ်ဥ္ေတြအရမ္းစားတာ ၊ သံပုရာသီးကိုေတာင္ သုတ္စားသည္အထိျဖစ္သည္။
" သားညိဳ႕ ေတာ္ေတာ့ အမ်ားႀကီးမစားနဲ႔ ၊ ၾကည့္ပါဦး သရက္သီးသုတ္လား င႐ုတ္သီးေတြသုတ္ထားတာလားကိုမသိေတာ့ဘူး ၊ ေဒၚဝင္းကို အစပ္ေလ်ာ့ထည့္ပါလို႔ေျပာထားရဲ႕သားနဲ႔ "
" ႐ွဴး...စားေကာင္းလို႔ပါအေမ ၊ ဒီလိုမ်ိဳးစားခ်င္ေနတာၾကာၿပီ ၊ ညေနစာကိုလည္း သရက္သီးသုတ္နဲ႔ ထမင္းပဲစားခ်င္တာ ၊ က်န္တဲ့အရသာေတြ ဘာမွခံတြင္းမေတြ႔လို႔..."
" တစ္ဇြန္းႏွစ္ဇြန္းေလာက္ထပ္စားၿပီးရင္ ေတာ္ေတာ့ေနာ္ ေခြၽးေတြလည္းရႊဲေနၿပီ ၊ ႏႈတ္ခမ္းေတြလည္း ရဲေပါက္ေနတာပဲသားရယ္ "
အေမက ညိဳ႕နဖူးေတြ လည္ပင္းေတြ ပါးစပ္ေတြကို တစ္႐ႈးနဲ႔လိုက္သုတ္ေပးေနတာက ၊ ကေလးတစ္ေယာက္ကို သူ႔အေမက ဂ႐ုစိုက္သလိုမ်ိဳးျဖစ္သည္။ ေမာင့္ေမေမသည္ ညိဳ႕၏ ဒုတိယမိခင္ပင္ျဖစ္၏။ စားခ်င္တာစားလိုက္ရေတာ့ အာသီသကနည္းနည္းေျပသြားသည္။
" သားတို႔အတူမေနျဖစ္တာဘယ္ေလာက္ၾကာၿပီလဲ "
" အဟြတ္! အဟြတ္ ဗ်ာ "
" မ႐ွက္ပါနဲ႔ အေမကသိဖို႔လိုေနလို႔ပါ ၊ အခုလိုအခ်ဥ္အစပ္ေတြစားတာ ၊ အန္တာ ၊ ခံတြင္းမေတြ႔တာမ်ိဳးေတြက ကိုယ္ဝန္ေဆာင္စဥ္ကာလျဖစ္တတ္တဲ့ ခ်ဥ္ျခင္းတတ္တယ္လို႔ေခၚတယ္ "
" ဗ်ာ ဟို ဒါဆို "
" အေမေတာ့ သားမွာကိုယ္ဝန္႐ွိေနတယ္လို႔ခန္႔မွန္းတယ္ ၊ အတူမေနျဖစ္တာဘယ္ေလာက္ၾကာၿပီလဲ "
" ဟို တစ္ပတ္ေက်ာ္ပါၿပီ ၊ ေမာင္က ကြၽန္ေတာ့္က်န္းမာေရးအတြက္စိတ္ပူေနလို႔ အတူမေနျဖစ္ေသးပါဘူး "
" အင္း ဒါဆို ဦးခန္႔လာမွ စစ္ေဆးၾကည့္ၾကမယ္ေနာ္ ၊ သရက္သီးပန္းကန္အေမျပန္ယူသြားမယ္ ၊ ထပ္မစားနဲ႔ေတာ့ ၊ သားေယာက်ာ္းသိရင္ သားအဆူခံရလိမ့္မယ္ သိတယ္မလား "
" ဟုတ္ အေမ "
အေမ့လက္ထဲက တစ္ဝက္ေလာက္က်န္ေသးသည့္ သရက္သီးပန္းကန္ေလးကိုၾကည့္ကာ ႏွေျမာေနမိသည္။ သူစားလို႔မဝေသးေပ။ အေမထြက္သြားေတာ့မွ ညိဳ႕ဗိုက္ေလးကို ကိုင္ၾကည့္လိုက္၏။ တကယ္ပဲ သူ႔ဆီမွာ ကေလးေလးေတြ႐ွိေနခဲ့ၿပီလား။ ဦးခန္႔လာမွအတည္ျပဳႏိုင္မယ္ဆိုေပမယ့္ ညိဳ႕စိတ္လႈပ္႐ွား ရင္ခုန္ေနမိသည္။
<<<<<<
>>>>>>
ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ျဖစ္သည္။
ေလဆိပ္ထဲမွလူေပါင္းမ်ားစြာ၏ အၾကၫ့္က သူတို႔ဆီသို႔ေရာက္႐ွိေနၾကသည္။ မိန္းမပ်ိဳေလးအခ်ိဳ႕ဆိုလ်ွင္ ရပ္ၾကည့္ေနၾကသည္အထိျဖစ္သည္။ အရပ္႐ွည္႐ွည္ ခန္႔ခန္႔ညားညားလူႀကီးႏွင့္ သူ႔ေဘးတစ္ဖက္တစ္ခ်က္စီတြင္ ခရီးေဆာင္အိတ္ကိုယ္စီျဖင့္ ရပ္ေနၾကသည့္ ေငြေရာင္ဆံပင္ႏွင့္လူငယ္ေလးႏွစ္ေယာက္ျဖစ္သည္။ တစ္ေယာက္က မိန္းမပ်ိဳေလးျဖစ္ၿပီး ေနာက္တစ္ေယာက္က အမ်ိဴးသားငယ္ေလးျဖစ္သည္။ ႐ုပ္ရည္က ႏုနယ္ေသာ္ညားလည္း အရပ္ႀကီးမ်ားက သာမန္ထက္႐ွည္လ်ားၾကသည္မို႔ လူအမ်ား၏အာရံုကို ဆြဲေဆာင္ထားႏိုင္တာျဖစ္သည္။
" ဒယ္ဒီ Big broက လာႀကိဳမွာလား "
" ဒယ္ဒီ လူေတြက စိုက္ၾကည့္ေနၾကတာ အာရံုေနာက္တယ္ ၊ ဒီေနရာမွာ ေနာက္ထပ္ဘယ္ေလာက္ၾကာၾကာဆက္ရပ္ေနမွာလဲ "
" သူေရာက္ေနပါၿပီ "
စတိုးဆိုင္တစ္ခုကေနထြက္လာသည့္ သားျဖစ္သူေၾကာင့္ ျပံဳးမိသြားသည္။ သားအေနာက္ကတစ္ေယာက္ကို ေတြ႔လိုက္ရခ်ိန္မွာေတာ့ ဦးသီဟမဟာေသြး ႐ႈံ့မဲ့သြား၏။ ႏွစ္ေယာက္မ႐ွိႏိုင္သည့္ သားမက္ျဖစ္သည္။ ဘယ္လိုေရစက္လည္းေတာ့မသိ ၊ သားကို အနၱာရယ္ျဖစ္ေအာင္လုပ္တည္းက သားမက္ျဖစ္သူအေပၚ သေဘာထားဆိုးဝါးခဲ့သည္။ အခုထိလည္း သေဘာမတူႏိုင္ေသးေပ။ ဒါေပမယ့္ ဘာတတ္ႏိုင္မွာတဲ့လဲ ၊ သားကခ်စ္ေနၿပီဆိုမွေတာ့ သူကလက္ခံရံုေပါ့။
" မခ်စ္ေသာ္လည္း ေအာင့္ကာနမ္း " ဆိုသလိုပဲ ဖေအ မၾကင္ေပမယ့္လည္း သားကၾကင္ေနမွေတာ့ ၿငိဳျငင္လို႔ မျဖစ္ေသးေပ။
" Big bro!! ဒီမွာ..."
ညီမျဖစ္သူႏွင့္ ညီျဖစ္သူ၏အသံေၾကာင့္ ညိဳ႕အားတတ္သြားမိသည္။ ညီမႏွင့္ ညီျဖစ္သူ၏ ေထြးေပြ႔မႈၾကားမွာ ညိဳ႕က ကေလးတစ္ေယာက္သဖြယ္။ သိပ္ၾကာၾကာေတာင္မဖက္လိုက္ရပါ ၊ ေမာင္က အတင္းဆြဲခြာကာ မ်က္ေမွာင္ၾကဳတ္ေန၍ ညိဳ႕ ညီငယ္ႏွင့္ညီမငယ္ကိုအားနာသြားရသည္။
" ဟမ့္ Big broရဲ႕အမ်ိဳးသားက ရင့္လိုက္တာ "
" ခင္ဗ်ား ကြၽန္ေတာ့္အကိုကို အႏိုင္က်င့္ရင္ ကြၽန္ေတာ္နဲ႔ေတြ႔မယ္ "
Big bro ၏ အမ်ိဳးသားက ႏိုင္ငံျခားေသြးေႏွာ၍ အရပ္႐ွည္ကာ လူေကာင္ထြား၏။ အ႐ိုင္းဆန္ဆန္ေခ်ာသည့္ခန္႔သည့္ဘက္ကိုသြားတာေၾကာင့္ သူတို႔နည္းနည္းေတာ့ အသိအမွတ္ျပဳလိုက္မိသည္။ ဒယ္ဒီေျပာေတာ့ Big broရဲ႕အမ်ိဳးသားက big broကို မခ်စ္ပဲယူခဲ့တာတဲ့ ၊ ထိုအခ်ိန္ကဆို စိတ္တိုလြန္းလို႔ ထိုလူ႔ကို ဆြဲထိုးခ်င္တဲ့အထိပင္။ အခုက်ေတာ့ ဒယ္ဒီေျပာတာႏွင့္မတူေပ ၊ ႏွစ္ေယာက္လံုးက အခ်င္းခ်င္းဂ႐ုစိုက္ကာ ခ်စ္ၾကပံုေပၚ၏။ ထိုလူ big broကိုၾကည့္သည့္ မ်က္လံုးေတြက ႏူးညံ့အ႐ိုင္းဆန္သေလာက္ အျပဳအမူကေတာ့ ပိုင္စိုးပိုင္နင္းႏိုင္ကာ ၾကမ္းတမ္းလွသည္။
" ေဖႀကီး!! သားကလြမ္းေနတာ "
ဦးသီဟမဟာေသြး သူ႔ကိုယ္ေပၚကို တြယ္တတ္လာသည့္ သားျဖစ္သူကို ေမႊ႔ယမ္းကာ တင္းတင္းဖက္ထားလိုက္၏။ ဒီကေလးက သူ႔အသည္းအသက္ သားလိမၼာေလးျဖစ္သည္။ ပိုးေမနဲ႔သူ႔ရဲ႕ သားဦးေလးျဖစ္သည္မို႔ တစ္ျခားကေလးေတြနဲ႔ယွဥ္လို႔မရေပ။
" ေဖႀကီးလည္း သားကိုလြမ္းေနတာ သားေနေကာင္းတယ္မလား ၊ ေဖႀကီးလာလည္မလို႔ျပင္ေနတာၾကာၿပီ အခုအလုပ္ေတြၿပီးေတာ့ တန္းလာလိုက္တာပဲ "
" သားေနေကာင္းပါတယ္ "
သားျဖစ္သူႏွင့္ အေဖျဖစ္သူကိုၾကည့္ကာ ျပံဳးမိၾကသည္။
" Big broက ဒယ္ဒီနဲ႔က်ေတာ့ ကေလးေပါက္စေလးအတိုင္းပဲ ၊ ေသးေသးေကြးေကြးေလးေနာ္ "
" Big broက အရမ္းလွတာပဲ "
ေငြဆံပင္ ေမာင္ႏွမႏွစ္ေယာက္က တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္၍ ေျပာလိုက္ၾကသည္။ တည္ျမဲလည္း အေဖနဲ႔သားျပန္ေတြ႔ေနၾကတာမို႔ ဘာမွမေျပာေပ။ ႏႈတ္ဆက္လိုက္သင့္လား ၊ ႏႈတ္ဆက္ရေအာင္လည္း စကားေကာင္းေကာင္းမြန္မြန္မေျပာဖူးတာေၾကာင့္ရယ္ ၊ သူ႔အေဖက ကိုယ့္ကိုမၾကည္တာေၾကာင့္ရယ္ ေနရခက္ေနသည္။ ဘယ္လိုပဲျဖစ္ျဖစ္ပါ ႏႈတ္ဆက္လိုက္တာေကာင္းပါတယ္။
" ေတြ႔ရတာဝမ္းသာပါတယ္ အေဖ "
" ေအး ငါေတာ့ဝမ္းမသာႏိုင္ဘူး မင္းငါ့သားကို အႏိုင္က်င့္တယ္မလား ၊ သားကပိန္သြားတယ္ ၊ ျဖဴဖက္ျဖဴေရာ္နဲ႔ ၊ ယူၿပီးရင္ေတာ့ ဂ႐ုစိုက္ရမွာေပါ့ကြ "
" ေဖႀကီး သားေနေကာင္းပါတယ္ "
" ေဖႀကီးကိုလာလိမ္မေနနဲ႔ ဒီေလာက္အားနည္းတဲ့႐ုပ္ေပါက္ေနတာေတာင္မွ ၊ ငါ့သားကိုဂ႐ုစိုက္ သားတစ္ခုခုျဖစ္ရင္ မင္းဆီကေန သားကိုျပန္ေခၚသြားမွာ ၊ မင္းမေတြ႔တဲ့ေနရာမွာ သားကိုဖြက္ထားမွာ ၾကားလား ေဟ့ေကာင္ "
" အေဖျပန္ေခၚသြားလို႔မရဘူး ၊ သူကကြၽန္ေတာ္ယူထားတဲ့ ကြၽန္ေတာ့္ေယာက်ာ္းပါ ၊ ဂ႐ုစိုက္ဖို္ကိုစိတ္မပူပါနဲ႔ ကြၽန္ေတာ့္ေယာက်ာ္းကိုကြၽန္ေတာ္ေကာင္းေကာင္း ဂ႐ုစိုက္ႏိုင္ပါတယ္ အေဖ "
" ဟြန္း အေျပာကေတာ့ ႀကီးတာပဲ ၊ ငါ့ကိုအေဖလို႔မေခၚစမ္းနဲ႔ ၾကားရတာအဆင္မေျပလိုက္တာ "
" ဟုတ္ကဲ့ပါ ေယာကၡမႀကီး "
" ေဟ့ေကာင္ မင္း ေတာ္ ေတာ္ ၊ ဦးေလးလို႔ပဲေခၚ "
ဦးသီဟမဟာေသြး ေသြးတိုးေတြေဆာင့္တတ္လာသလိုခံစားေနရ၏။ သမက္ျဖစ္သူက သူနဲ႔အက်င့္စ႐ိုက္တူပံုေပၚသည္။ ေၾကာက္တာ ႐ွိန္တာမ်ိဳးလည္းမ႐ွိ ၊ သူငယ္ငယ္ကအတိုင္း ျဖစ္သည္။
" ဒယ္ဒီ အဆင္ေျပရဲ႕လား...ကြၽန္ေတာ္တြဲမယ္ "
Big broရဲ႕ အမ်ိဳးသားက မေခေပ။ သူတို႔ေၾကာက္ရ႐ွိန္ရသည့္ ဒယ္ဒီ့ကို ျပန္ေခ်ပေန၏။ ႏွစ္ေယာက္လံုးက အက်င့္တူပံုရေနတာေၾကာင့္ သူတို႔ရယ္ခ်င္ေနၿပီျဖစ္သည္။ ဒယ္ဒီ ျမန္မာႏိုင္ငံမွာေနသ၍ေတာ့ Big broရဲ႕အမ်ိဳးသားႏွင့္ အေခ်အတင္ျဖစ္ၾကဦးမည္ဟု ေတြးလိုက္ၾက၏။
" ေဖႀကီး စိတ္ေလ်ာ့ပါ ေမာင္က စကားေျပာရင္အရမ္းပြင့္လင္းလို႔ပါ ၊ ေဖႀကီး က်န္းမာေရးကိုလည္းဂ႐ုစိုက္ရမယ္ေလ ၊ ခြင့္လႊတ္ေပးလိုက္ပါေနာ္ "
သားျဖစ္သူေၾကာင့္ စိတ္ေလ်ာ့လိုက္ရသည္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီေကာင့္ကိုေတာ့ သေဘာမက်လွေပ။ အခ်ိဴးကိုမေျပဘူး။ ႐ုပ္ကလည္း မရယ္မျပံဳးခပ္တည္တည္ႏွင့္မို႔ မ်က္ႏွာျမင္တိုင္း ေသြးတတ္ရသည္။
" ေမာင္ လာ ျပန္ရေအာင္ "
" အင္း မင္းေအာင္နဲ႔ဖိုးေထြး ဦးေလးတို႔ရဲ႕အိတ္ေတြကို သယ္ခဲ့ၿပီးလိုက္ခဲ့ "
တည္ျမဲ သူတို႔သားအဖေတြရဲ႕ေနာက္ကေန တိတ္ဆိတ္စြာပဲလိုက္ခဲ့သည္။ မိႈင္းညိဳ႕ေပ်ာ္ေနတာကိုေတြ႔ရေတာ့ ျပံဳးလိုက္မိ၏။ သူ႔အေဖရင္ခြင္ထဲေရာက္ေတာ့ ကေလးေပါက္စေလးလိုကပ္ခြၽဲေနလိုက္တာ။ အေဖခ်စ္ကေလးျဖစ္ပံုရသည္။ မိႈင္းညိဳ႕အေဖကို တည္ျမဲအခုမွေသေသခ်ာခ်ာျမင္ဖူးသည္။ အသက္ငါးဆယ္ေက်ာ္ေျခာက္ဆယ္ဝန္းက်င္ဆိုေပမယ့္ အရပ္ျမင့္ျမင့္ ခန္႔ခန္႔ညားညားျဖစ္သည္။ ငယ္ရြယ္စဥ္က အေတာ္ေလးၾကည့္ေကာင္းပံုေပၚသည္။
" ေမာင္ လာေလ အေနာက္မွာမေနနဲ႔ "
မိႈင္းညိဳ႕ကအေနာက္ျပန္လွည့္လာကာ တည္ျမဲလက္ေမာင္းကို ခ်ိတ္ကာ ဆြဲေခၚသည္။ သူ႔အေဖလက္ကိုခ်ိတ္ၿပီး ေနာက္တစ္ဖက္က တည္ျမဲလက္ေမာင္းကိုခ်ိတ္ထားသည္။ ျပံဳးရယ္ေနလိုက္တာ မ်က္လံုးေလးေတြေတာင္ေကြးတတ္သည္အထိျဖစ္သည္။ သူ႔အေဖကိုေတြ႔ရတာ အရမ္းေပ်ာ္ေနပံုပဲ။
တည္ျမဲ သူ႔အေဖကိုမေတာ္တဆၾကည့္လိုက္မိေတာ့ အၾကည့္ခ်င္းဆံုသြားသည္။ သို႔ေသာ္ တည္ျမဲကိုမ်က္ႏွာလႊဲသြားတာေၾကာင့္ တည္ျမဲလည္းတင္းသြားသည္။ ေယာကၡမကေယာကၡမပဲ ၊ အခုေလာေလာဆယ္ေတာ့ အျမင္မၾကည္ေသးေပ။ တည္ျမဲဆီကေန မိႈင္းညိဳ႕ကိုေခၚထုတ္သြားမွာေၾကာက္သည္။ ထို႔ေၾကာင့္ ထိုလူႀကီးကို တည္ျမဲ ေသခ်ာေစာင့္ၾကည့္ရမည္။ ေဝးရမယ့္အျဖစ္ကို လက္မခံႏိုင္ေပ။ ျမန္မာႏိုင္ငံကိုလာလည္တာက သေဘာ႐ိုးနဲ႔ေရာဟုတ္ရဲ႕လား။ ဟိုတစ္ေယာက္ကိုသာ ရင္ခြင္ထဲကဆြဲထုတ္သြားလ်ွင္ သူ႐ူးရလိမ့္မည္။
" ေဖႀကီး အန္တီေမရီေရာ ေနေကာင္းရဲ႕လားဟင္ ၊ ယယ္ရီနဲ႔ ဖီးလစ္ကို တကယ္ပဲ ခရီးထြက္ဖို႔ခြင့္ျပဳလိုက္ၿပီေပါ့ "
ဒါဆို အမႊာႏွစ္ေယာက္နာမည္က ယယ္ရီနဲ႔ ဖီးလစ္ေပါ့။ တည္ျမဲ စကားတစ္ခြန္းမွမေျပာပဲ ကားကိုသာအာရံုစိုက္ေမာင္းလိုက္သည္။ ေနာက္ခန္းထဲက သားအေဖႏွစ္ေယာက္ရဲ႕စကားသံနဲ႔ အမႊာႏွစ္ေယာက္ရဲ႕ျငင္းခုန္သံတို႔သာျပည့္ေန၏။
" Big broရဲ႕အမ်ိဳးသားက ကြၽန္ေတာ္တို႔ကိုစကားမေျပာခ်င္တာလား..."
" တစ္လမ္းေၾကာင္းလံုးတိတ္ေနတာပဲ "
" ေဆာရီး မိသားစုေတြ႔ဆံုခန္းကို မေႏွာက္ယွက္ခ်င္လို႔ ဘာမွမေျပာတာ ၊ ၿပီးေတာ့ ငါကသိပ္မေရာတတ္လို႔ "
ဖီးလစ္က ႏွာေခါင္း႐ႈံ့သည္။ ဒီလူက တကယ္ႀကီး အေျပာအဆိုမတတ္တာပဲ။ ေျပာသမ်ွက တစ္ဖက္လူကို ဆြံ႔အေစသည္။ စေတြ႔တည္းက သူ႔ကိုယ္သူမိတ္မဆက္သလို ၊ သူတို႔နာမည္ကိုေတာင္မေမးေပ။ ေမာင္ႏွမႏွစ္ေယာက္လံုး ဒယ္ဒီ့ကိုၾကည့္လိုက္မိ၏။
" တစ္ပံုစံထဲပဲ "
ေယာကၡမနဲ႔သားမက္က တစ္ပံုစံထဲဆိုရင္ ဘယ္လိုေ႐ွ႕ဆက္ၾကမလဲမသိ။ တည္ျမဲ၏ ကားေလးက အိမ္ေတာ္ထဲ ဝင္ေရာက္လာသည္။ တည္ျမဲ၏ေမေမ ေဒၚေလးႏြယ္ေရႊက အိမ္ေတာ္က အလုပ္သမားမ်ားနဲ႔အတူထြက္ႀကိဳေနၾကသည္။ ဦးသီဟမဟာေသြး ကားေပၚကဆင္းလာေတာ့ ေဖာ္ေဖာ္ေရြေရြျပံဳးျပ၏။
" ဦးမဟာေသြး မဂၤလာပါ ၊ မေတြ႔တာ အေတာ္ၾကာသြားၿပီပဲ ႐ွင္က အရင္ကထက္ေတာင္ႏုပ်ိဳသြားလိုက္တာ ၊ အခ်ိန္ေတြရပ္တန္႔ေနသလိုခံစားမိပါတယ္ "
" ခင္ဗ်ားကလည္း အရင္အတိုင္းပဲေနာ္ အသက္ႀကီးမသြားသလိုပဲ ၊ က်န္းမာေရးေကာင္းတယ္မလား "
" အသက္ကေလးရလာၿပီဆိုေတာ့ ဟိုနားခ်ိဳ႕ယြင္း ဒီနားခ်ိဳ႕ယြင္းေတာ့ ႐ွိတာေပါ့႐ွင္ ၊ အထဲဝင္ပါ ၊ လာ သားတို႔သမီးတို႔လည္းဝင္ၾက အျပင္ကေနအရမ္းပူတာ "
" ဟုတ္တယ္ အန္တီ အရမ္းပူတယ္ "
ယယ္ရီက ဒီစကားကိုေတာ့ျမန္မာလိုေျပာလိုက္တာျဖစ္သည္။ ေဖႀကီးနဲ႔ညိဳ႕က ထိုကေလးေတြကို ျမန္မာလိုေျပာတတ္ေအာင္ေသခ်ာသင္ေပးထား၍ သူတို႔နားလည္သလို ေျပာတတ္ေနၿပီျဖစ္သည္။ အေမက အံ့ျသသြားေပမယ့္ သေဘာတက်႐ွိေန၏။
" ေမာင္ အလုပ္ျပန္သြားဦးမွာလားဟင္ "
" ခဏေနရင္ သြားဖို႔႐ွိေသးတယ္ ၊ meeting႐ွိေနလို႔ ည႐ွစ္နာရီေလာက္ေတာ့ အိမ္အေရာက္ျပန္ခဲ့မယ္ ၊ ေရခဲေသတၱာထဲမွာ ေရခဲမုန္႔ရယ္ ကိတ္မုန္႔ေတြရယ္ ဝယ္ထည့္ထားခဲ့တယ္ ၊ အမ်ားႀကီးမစားနဲ႔ေနာ္ ၊ ေဆးစစ္တာက မနက္ျဖန္မွ ေဆးရံုသြားစစ္ရေအာင္ ၊ ဦးခန္႔ နယ္ေရာက္ေနလို႔ "
" အင္းပါ ေမာင္ ေဖႀကီးကိုေလ စိတ္မ႐ွိပါနဲ႔ေနာ္ ၊ ၿပီးေတာ့ ေဖႀကီးကို စကားေျပာရင္ သတိထားေပး ၊ အခန္႔မသင့္ရင္ ေဖႀကီးစိတ္တိုၿပီး ေမာင့္ကိုထိုးမွာစိုးတယ္ "
" ငါနားလည္ပါတယ္ အတတ္ႏိုင္ဆံုးအဆင္ေျပေအာင္ ငါေနမွာပါ ၊ စိတ္မပူနဲ႔ "
ႏႈတ္ခမ္းႏုေထြးေထြးကို တည္ျမဲငံု႔နမ္းရင္း ပါးတစ္ဖက္ကိုအသာဆြဲညႇစ္ေတာ့ သူကျပံဳးသည္။ ႏွစ္ေယာက္တစ္ကမၻာတည္ေနၾကသည့္ သားျဖစ္သူတို႔ေၾကာင့္ ဦးမဟာေသြး ေဒါသူပုန္ထေနၿပီျဖစ္သည္။ အဖိုးတန္သားေလးကို သူမ်ားလက္ထဲထည့္ေပးလိုက္ရတည္းက မအီမလည္ျဖစ္ေနခဲ့တာ။ ျဖစ္ႏိုင္ရင္ သားကိုသိမ္းထုပ္ထားခ်င္သည္။
" လာပါဒယ္ဒီရယ္ ၊ Big broတို႔က လက္ထပ္ၿပီးသားပဲေလ...စိတ္ေလ်ာ့ပါ ၊ Big broရဲ႕ အမ်ိဳးသားက ၾကမ္းတမ္းတယ္လို႔ထင္ရေပမယ့္ အဆင္ေျပပါတယ္ "
ဦးမဟာေသြး သက္ျပင္းခ်ကာ အိမ္ထဲဝင္လိုက္၏။ သားက အရြယ္ေရာက္ေနေပမယ့္ သူ႔အတြက္ေတာ့ ကေလးငယ္ေလးပင္ျဖစ္သည္။ သားကအခုဆို လက္ေတာင္ထပ္ၿပီးေနၿပီး သူစိတ္ခ်သင့္ေပမယ့္ သားမက္ကိုေစာင့္ၾကည့္ရဦးမည္။ ဒီေကာင့္ေၾကာင့္သားက အနၱာရယ္႐ွိတဲ့ ႐ိုးတြင္းခ်ဥ္ဆီအလႉအထိ သူမသိေအာင္ခိုးလႉခဲ့သည္။ သားက ခ်စ္ေနတာပဲသိသည္ ၊ ကိုယ့္က်န္းမာေရးေတာင္ ကိုယ္ဂ႐ုမစိုက္ပဲ ၊ တည္ျမဲကမၻာဆိုသည့္ ေကာင္ေလးကိုသာ စိုးရိမ္ေနခဲ့၏။ ဦးမဟာေသြးမႀကိဳက္တာ အဲ့ဒါေတြျဖစ္သည္။ သားက ေပးဆပ္လြန္းသည္။ သားေပးဆပ္သေလာက္ ဟိုကနားမလည္ခဲ့ေတာ့ ဦးမဟာေသြး ေဒါသမထြက္သင့္ဘူးလား။
သားကိုလံုျခံဳမႈမေပးႏိုင္တဲ့သူ ၊ သားအတြက္ အာမခံခ်က္မ႐ိွသည့္ ေကာင္၏ရင္ခြင္မွာ သားကိုမထားခ်င္တာ သူ႔အတၱ။ အေဖတစ္ေယာက္အေနနဲ႔ ကိုယ့္ရင္ေသြးကိုအနၱာရယ္ကင္းေစခ်င္သည္။ သားစိတ္ဆင္းရဲတာကို အစအဆံုးျမင္ခဲ့ရတဲ့ သူ႔အတြက္ သားမက္ျဖစ္သူကို အမုန္းႀကီးမုန္းခဲ့တာ သူ႔အျပစ္မဟုတ္။ ေဒၚေလးႏြယ္ေရႊကလည္း ဒါကုိနားလည္သည္။ သူကေတာ့ သားအေပၚ အေမတစ္ေယာက္လိုပဲဆိုတာ သားကခဏခဏေျပာျပတတ္သည္မို႔ သူမကိုေတာ့ အျမင္ၾကည္ပါသည္။
" ဦးမဟာေသြး အေမာေျဖပါဦး႐ွင္ ၊ ေဒၚဝင္း ကေလးေတြကို အခန္းလိုက္ပို႔ေပးလိုက္ပါဦး ခရီးပန္းေတာ့ နားခ်င္ၾကမွာပဲ "
" က်ဳပ္ဒီကိုလာတာ သားအဆင္ေျပရဲ႕လားသိခ်င္ရံုတင္ ၊ သားကေပ်ာ္ေနတဲ့ပံုပဲ "
" ကြၽန္မျဖစ္ခဲ့သမ်ွအကုန္ အားနာလွပါတယ္႐ွင္ ၊ သားကအခုအျမင္မွန္ရေနပါၿပီ ၊ ႐ွင္လည္း မိဘတစ္ေယာက္အေနနဲ႔ ကိုယ့္သားသမီးကိုစိတ္ပူ႐ွာမွာပဲ ၊ သားညိဳ႕က လိမၼာေရးျခား႐ွိတဲ့ကေလးပါ ၊ အခုဆို ကေလးႏွစ္ေယာက္ကေတာ္ေတာ္ကိုအဆင္ေျပၾကပါတယ္ ၊ ကြၽန္မသား ဆိုးခဲ့တာေတြကို ကြၽန္မကပဲေတာင္းပန္ပါတယ္ေနာ္ "
ေဒၚေလးႏြယ္ေရႊက သားကိုျပန္ေခၚမသြားေအာင္ေျပာေနမွန္း ဦးမဟာေသြး သေဘာေပါက္လိုက္သည္။ ဦးမဟာေသြးအေနနဲ႔လည္း ကိုယ့္သားကိုအႏိုင္က်င့္တာ သိသိႀကီးနဲ႔ သားကိုထားခဲ့ရတာေလ။ သားက ထိုေကာင္ေလးေဘးမွာပဲ ေနခ်င္ပါတယ္ဆိုလို႔ ထားခဲ့ရတာ။
" သားကအခ်စ္ႀကီးတယ္ ၊ အခ်စ္ေျကာင့္ သားကိုနာက်င္မွာက်ဳပ္မလိုခ်င္ဘူး ၊ ခင္ဗ်ားသားက ေျပာင္းလဲေနၿပီဆိုတာ က်ဳပ္မ်က္စိနဲ႔ျမင္ရမွယံုမွာပဲ ေဒၚေလးႏြယ္ေရႊ ၊ ခင္ဗ်ားကိုေတာ့အားနာပါတယ္ ၊ သားသာ မေပ်ာ္ရင္ က်ဳပ္သားကို ျပန္ေခၚရမွာပဲ ၊ က်ဳပ္အခုပင္ပန္းလို႔ နားခ်င္ၿပီ "
ေဒၚေလးႏြယ္ေရႊေခါင္းပဲၿငိမ့္ျပလိုက္သည္။ တကယ္လို႔သားညိဳ႕သာ ကိုယ္ဝန္ေဆာင္ႏိုင္တာသိသြားရင္ ၊ ဘုရား ဘုရား မေတြးရဲပါ။ ဒီလူႀကီးေဒါသသိပ္ႀကီးမွန္းသူမသိသည္။ ခ်စ္လ်က္နဲ႔ေဝးရမယ့္အျဖစ္မ်ိဳးေတာ့ ကေလးေတြကိုမျဖစ္ေစခ်င္ေပ။
ဒါေတြအကုန္ သားအေပၚမွာမူတည္ေနၿပီေနာ္ တည္ျမဲ။
TBC~~~
27.10.2021
Unicode
" ဒီကိုလာ မင်းမျက်နှာကဖျော့တော့နေတာပဲ ဒီနေ့ဆိုင်ကိုမသွားနဲ့တော့ ဟုတ်ပြီလား "
" အဆင်ပြေပါတယ် ခေါင်းနည်းနည်းမူးရုံတင် "
" ကြည့်ရတာတော့အဆင်မပြေဘူး ဒီနေ့နားလိုက် ၊ ညနေအိမ်စောစောပြန်လာခဲ့မယ် တစ်ခုခုစားချင်တာရှိရင် ငါ့ကိုမှာလိုက် အပြန်ဝယ်လာခဲ့မယ် ၊ ပူတင်းစားချင်လား ၊ mint chocolate ice cream "
" အင်း အဲ့ဒါဝယ်ခဲ့ "
လက်ချောင်းရှည်သွယ်သွယ်များက ကြယ်သီးများကို တစ်လုံးချင်းစေ့စေ့စပ်စပ်လိုက်တပ်ပေးနေသည်။ တည်မြဲ သူ့ကိုငုံ့မိုးကြည့်နေရင်း နှုတ်ခမ်းထောင့်စွန်းများကော့တတ်သွားရသည်။ လှုပ်လီလှုပ်လဲ့ မျက်တောင်ရှည်ရှည်များကို ကြည့်မဝနိုင်လောက်အောင်ပေ။ အိမ်ထောင်ပြုခြင်း၏ အနှစ်အရသာကို သူလက်တွေ့ခံစားနေရပြီဖြစ်၏။ မချစ်မနှစ်သက်ပဲ အိမ်ထောင်ပြုခြင်းကနေ ချစ်မြတ်နိုးသည့်အခြေအနေသို့ရောက်ရှိသွားကြသည်။
သူနှင့်အတူ ဒီလိုအခိုက်အတန့်လေးကို တည်မြဲမြတ်နိုးနေမိတာ။ တကယ်လို့ သူတို့ဘဝထဲကို သူတို့၏သွေးသားလေးများရောက်ရှိလာခဲ့လျှင်။ အတွေးနဲ့တင် တည်မြဲကြည်နူးနေရသည်အထိဖြစ်သည်။ တည်မြဲ သူ့ခါးလေးကိုသိမ်းဖက်ပြီး ကျောပြင်ကို ဖွဖွပွတ်သပ်လိုက်၏။
" အလုပ်သွားတော့မယ် အိမ်မှာအေးအေးဆေးဆေးနားနေ အပြင်မထွက်နဲ့ ကြားလား ၊ ယောကျာ်းကိုနမ်းဦး "
လည်ပင်းကိုသိုင်းဖက်ကာ မော့နမ်းလာသည်။ သူ့ပါးကို နှာတံနစ်ဝင်အောင် နမ်းလိုက်ပြီးမှ အလုပ်သွားဖို့အောက်ဆင်းလာခဲ့တော့၏။ သူ့မျက်နှာက ဖြူရော်နေတာမို့ တည်မြဲ စိုးရိမ်နေ၍ စိတ်ကမဖြောင့် ၊ ဦးခန့်ကို အလုပ်ရောက်မှ ဖုန်းကြိုဆက်ထားတာကောင်းမည်ထင်သည်။
" မောင် ခဏေနဦး "
" အင်း "
" ဖေဖေ့ကို ဒီနေ့လေဆိပ်မှာ သွားကြိုမလို့ အဲ့ဒါ ၊ နေ့လည်ပိုင်းလောက်ဖြစ်မယ်ထင်တယ် ၊ မနေ့တည်းက ထွက်လာကြတာ ၊ ကြားမှာ ရာသီဥတုကြောင့် လေယာဉ်ပြောင်းစီးလိုက်ရတယ် "
" နေ့လည်ပိုင်းလား ငါပါတစ်ခါတည်းလိုက်ကြိုလိုက်မယ် ၊ မင်းကိုအိမ်ဝင်ခေါ်ပြီးမှ သွားတာပေါ့ "
" ရတယ် မောင်အလုပ်ရှုပ်နေလိမ့်မယ် ၊ Driverနဲ့ပဲသွားလိုက်မယ်လေ ၊ ဖေဖေက အိမ်ကိုသိပေမယ့် ၊ ကြာပြီဆိုတော့ မေ့ရင်မေ့နေမှာ ဒါကြောင့် "
" ကျစ်! နေ့လည်အိမ်ပြန်လာခဲ့မယ် ပြင်ဆင်ပြီးစောင့်နေလိုက် "
မှိုင်းညို့ ခေါင်းငြိမ့်လိုက်သည်။ မောင့်ကား ခြံဝန်းထဲမှထွက်သွားကာမှ အောက်ထပ်က သန့်စင်ခန်းထဲပြေးဝင်ကာ အန်လိုက်သည်။ ဒီတစ်ပတ်အတွင်းမှာ ခေါင်းကမူးရိပ်ရိပ်နှင့် အန်ရင်လည်း လေတွေသာအန်တာဖြစ်သည်။
" သခင်လေး ရရဲ့လား ၊ အစာမကြေတာလားမသိပါဘူး "
" ဒေါ်ဝင်း ကျွန်တော်အဆင်ပြေတယ် နည်းနည်းမူးနေရုံတင် "
" ဖြူဖက်ဖြူရော်နဲ့ကွယ် လာ ဒေါ်ဝင်းအခန်းပြန်ပို့ပေးမယ် သခင်လေးစားချင်တာတစ်ခုခုများရှိလား ၊ ဒေါ်ဝင်းချက်ပေးပါ့မယ် "
" သရက်သီးသုတ်စားချင်တယ် ဒေါ်ဝင်း ချဉ်ချဉ် စပ်စပ်လေး ၊ အခုနောက်ပိုင်း ဘာစားစားအရသာပျက်နေလို့ ၊ ဟို မောင့်ကိုမပြောနဲ့နော် "
ဒေါ်ဝင်းမျက်နှာတစ်မျိုးဖြစ်သွားသည်။ သို့ပေမယ့် ခေါင်းငြိမ့်လိုက်ကာ သခင်လေးကိုအခန်းပြန်ပို့ပေးလိုက်၏။ အခန်းတံခါးပိတ်ပေးပြီးတာနဲ့ ဒေါ်ဝင်း သခင်မကြီးအခန်းကိုတံခါးခေါက်ကာ အကြောင်းစုံပြောပြလိုက်သည်။ သခင်မကြီးက ခေါင်းငြိမ့်သည်။
" ကျွန်မ ကိုခန့်ကိုဖုန်းဆက်ထားလိုက်မယ် ၊ ဒေါ်ဝင်း သူစားချင်တာလေးလုပ်ပေးလိုက်ပါ ၊ အစပ်တွေအရမ်းမထည့်နဲ့ ၊ သြော် ဒါနဲ့ ဒီနေ့ ညစာကိုသေချာပြင်ဆင်ထားလိုက်ပါ ၊ သူရောက်လာတော့မယ် ၊ သူက နည်းနည်းဇီဇာကြောင်တတ်လို့ အကြိုက်မတွေ့မှာပဲစိုးမိတယ် "
" ဟုတ်ကဲ့ပါ သခင်မကြီး ကျွန်မအကောင်းဆုံးချက်ပေးပါ့မယ် "
ဒေါ်လေးနွယ်ရွှေ စာအုပ္ကိုပိတ္ကာ သားညို့၏ အခန်းသွားဖို့်ပြင်လိုက်သည်။ သားညို့ရဲ့ အဖေလာလည်တာက ကောင်းသောလာခြင်းဖြစ်ပါစေလို့ပဲ လေးနွယ်ရွှေဆုတောင်းသည်။ ကလေးတွေကို ခွဲဖို့ဆိုရင်တော့ ကိုယ့်ဘက်ကစကာ အတိုက်အခံလုပ်ကာ တားမြစ်ရမည်။
" သားညို့ အမေဝင်လာခဲ့မယ်နော် "
ဒေါ်လေးနွယ်ရွှေအထဲဝင်သွားတော့ ထိုကေလးက နီရဲနေသည့်အမှုန့်များနှင့်နှယ်ထားသော သရက္သီးသုတ္ကို ချွေးတလုံးလုံးနဲ့စားနေလေသည်။ သေချာပါပြီ ၊ ဒီကေလး ထူးခြားနေသည်။ လေးနွယ်ရွှေ သားကို ကိုယ်ဝန်ဆောင်စဉ်ကာလတုန်းကဆိုရင်လည်း အချဉ်တွေအရမ်းစားတာ ၊ သံပုရာသီးကိုတောင် သုတ်စားသည်အထိဖြစ်သည်။
" သားညို့ တော်တော့ အများကြီးမစားနဲ့ ၊ ကြည့်ပါဦး သရက္သီးသုတ္လား ငရုတ်သီးတွေသုတ်ထားတာလားကိုမသိတော့ဘူး ၊ ဒေါ်ဝင်းကို အစပ်လျော့ထည့်ပါလို့ပြောထားရဲ့သားနဲ့ "
" ရှူး...စားကောင်းလို့ပါအမေ ၊ ဒီလိုမျိုးစားချင်နေတာကြာပြီ ၊ ညနေစာကိုလည်း သရက်သီးသုတ်နဲ့ ထမင်းပဲစားချင်တာ ၊ ကျန်တဲ့အရသာတွေ ဘာမှခံတွင်းမတွေ့လို့..."
" တစ်ဇွန်းနှစ်ဇွန်းလောက်ထပ်စားပြီးရင် တော်တော့နော် ချွေးတွေလည်းရွှဲနေပြီ ၊ နှုတ်ခမ်းတွေလည်း ရဲပေါက်နေတာပဲသားရယ် "
အေမက ညို့နဖူးတွေ လည်ပင်းတွေ ပါးစပ်တွေကို တစ်ရှုးနဲ့လိုက်သုတ်ပေးနေတာက ၊ ကလေးတစ်ယောက်ကို သူ့အမေက ဂရုစိုက်သလိုမျိုးဖြစ်သည်။ မောင့်မေမေသည် ညို့၏ ဒုတိယမိခင်ပင်ဖြစ်၏။ စားချင်တာစားလိုက်ရတော့ အာသီသကနည်းနည်းပြေသွားသည်။
" သားတို့အတူမနေဖြစ်တာဘယ်လောက်ကြာပြီလဲ "
" အဟွတ်! အဟွတ် ဗ်ာ "
" မရှက်ပါနဲ့ အမေကသိဖို့လိုနေလို့ပါ ၊ အခုလိုအချဉ်အစပ်တွေစားတာ ၊ အန္တာ ၊ ခံတွင်းမတွေ့တာမျိုးတွေက ကိုယ်ဝန်ဆောင်စဉ်ကာလဖြစ်တတ်တဲ့ ချဉ်ခြင်းတတ်တယ်လို့ခေါ်တယ် "
" ဗ်ာ ဟို ဒါဆို "
" အေမေတာ့ သားမှာကိုယ်ဝန်ရှိနေတယ်လို့ခန့်မှန်းတယ် ၊ အတူမနေဖြစ်တာဘယ်လောက်ကြာပြီလဲ "
" ဟို တစ်ပတ်ကျော်ပါပြီ ၊ မောင်က ကျွန်တော့်ကျန်းမာရေးအတွက်စိတ်ပူနေလို့ အတူမနေဖြစ်သေးပါဘူး "
" အင်း ဒါဆို ဦးခန့်လာမှ စစ်ဆေးကြည့်ကြမယ်နော် ၊ သရက်သီးပန်းကန်အမေပြန်ယူသွားမယ် ၊ ထပ်မစားနဲ့တော့ ၊ သားယောကျာ်းသိရင် သားအဆူခံရလိမ့်မယ် သိတယ္မလား "
" ဟုတ် အေမ "
အမေ့လက်ထဲက တစ်ဝက်လောက်ကျန်သေးသည့် သရက်သီးပန်းကန်လေးကိုကြည့်ကာ နှမြောနေမိသည်။ သူစားလို့မဝသေးပေ။ အမေထွက်သွားတော့မှ ညို့ဗိုက်လေးကို ကိုင်ကြည့်လိုက်၏။ တကယ်ပဲ သူ့ဆီမှာ ကလေးလေးတွေရှိနေခဲ့ပြီလား။ ဦးခန့်လာမှအတည်ပြုနိုင်မယ်ဆိုပေမယ့် ညို့စိတ်လှုပ်ရှား ရင်ခုန်နေမိသည်။
<<<<<<
>>>>>>
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်ဖြစ်သည်။
လေဆိပ်ထဲမှလူပေါင်းများစွာ၏ အကြည့်က သူတို့ဆီသို့ရောက်ရှိနေကြသည်။ မိန်းမပျိုလေးအချို့ဆိုလျှင် ရပ်ကြည့်နေကြသည်အထိဖြစ်သည်။ အရပ်ရှည်ရှည် ခန့်ခန့်ညားညားလူကြီးနှင့် သူ့ဘေးတစ်ဖက်တစ်ချက်စီတွင် ခရီးဆောင်အိတ်ကိုယ်စီဖြင့် ရပ်နေကြသည့် ငွေရောင်ဆံပင်နှင့်လူငယ်လေးနှစ်ယောက်ဖြစ်သည်။ တစ်ယောက်က မိန်းမပျိုလေးဖြစ်ပြီး နောက်တစ်ယောက်က အမျိူးသားငယ်လေးဖြစ်သည်။ ရုပ်ရည်က နုနယ်သော်ညားလည်း အရပ်ကြီးများက သာမန်ထက်ရှည်လျားကြသည်မို့ လူအများ၏အာရုံကို ဆွဲဆောင်ထားနိုင်တာဖြစ်သည်။
" ဒယ္ဒီ Big broက လာကြိုမှာလား "
" ဒယ္ဒီ လူတွေက စိုက်ကြည့်နေကြတာ အာရုံနောက်တယ် ၊ ဒီနေရာမှာ နောက်ထပ်ဘယ်လောက်ကြာကြာဆက်ရပ်နေမှာလဲ "
" သူရောက်နေပါပြီ "
စတိုးဆိုင်တစ်ခုကနေထွက်လာသည့် သားဖြစ်သူကြောင့် ပြုံးမိသွားသည်။ သားအနောက်ကတစ်ယောက်ကို တွေ့လိုက်ရချိန်မှာတော့ ဦးသီဟမဟာသွေး ရှုံ့မဲ့သွား၏။ နှစ်ယောက်မရှိနိုင်သည့် သားမက်ဖြစ်သည်။ ဘယ်လိုရေစက်လည်းတော့မသိ ၊ သားကို အန္တာရယ်ဖြစ်အောင်လုပ်တည်းက သားမက်ဖြစ်သူအပေါ် သဘောထားဆိုးဝါးခဲ့သည်။ အခုထိလည်း သဘောမတူနိုင်သေးပေ။ ဒါပေမယ့် ဘာတတ်နိုင်မှာတဲ့လဲ ၊ သားကချစ်နေပြီဆိုမှတော့ သူကလက်ခံရုံပေါ့။
" မချစ်သော်လည်း အောင့်ကာနမ်း " ဆိုသလိုပဲ ဖေအ မကြင်ပေမယ့်လည်း သားကကြင်နေမှတော့ ငြိုငြင်လို့ မဖြစ်သေးပေ။
" Big bro!! ဒီမွာ..."
ညီမဖြစ်သူနှင့် ညီဖြစ်သူ၏အသံကြောင့် ညို့အားတတ်သွားမိသည်။ ညီမနှင့် ညီဖြစ်သူ၏ ထွေးပွေ့မှုကြားမှာ ညို့က ကလေးတစ်ယောက်သဖွယ်။ သိပ်ကြာကြာတောင်မဖက်လိုက်ရပါ ၊ မောင်က အတင်းဆွဲခွာကာ မျက်မှောင်ကြုတ်နေ၍ ညို့ ညီငယ်နှင့်ညီမငယ်ကိုအားနာသွားရသည်။
" ဟမ့် Big broရဲ့အမျိုးသားက ရင့်လိုက်တာ "
" ခင်ဗျား ကျွန်တော့်အကိုကို အနိုင်ကျင့်ရင် ကျွန်တော်နဲ့တွေ့မယ် "
Big bro ၏ အမျိုးသားက နိုင်ငံခြားသွေးနှော၍ အရပ်ရှည်ကာ လူကောင်ထွား၏။ အရိုင်းဆန်ဆန်ချောသည့်ခန့်သည့်ဘက်ကိုသွားတာကြောင့် သူတို့နည်းနည်းတော့ အသိအမှတ်ပြုလိုက်မိသည်။ ဒယ်ဒီပြောတော့ Big broရဲ့အမျိုးသားက big broကို မချစ်ပဲယူခဲ့တာတဲ့ ၊ ထိုအချိန်ကဆို စိတ်တိုလွန်းလို့ ထိုလူ့ကို ဆွဲထိုးချင်တဲ့အထိပင်။ အခုကျတော့ ဒယ်ဒီပြောတာနှင့်မတူပေ ၊ နှစ်ယောက်လုံးက အချင်းချင်းဂရုစိုက်ကာ ချစ်ကြပုံပေါ်၏။ ထိုလူ big broကိုကြည့်သည့် မျက်လုံးတွေက နူးညံ့အရိုင်းဆန်သလောက် အပြုအမူကတော့ ပိုင်စိုးပိုင်နင်းနိုင်ကာ ကြမ်းတမ်းလှသည်။
" ဖေကြီး!! သားကလွမ်းနေတာ "
ဦးသီဟမဟာသွေး သူ့ကိုယ်ပေါ်ကို တွယ်တတ်လာသည့် သားဖြစ်သူကို မွှေ့ယမ်းကာ တင်းတင်းဖက်ထားလိုက်၏။ ဒီကေလးက သူ့အသည်းအသက် သားလိမ္မာလေးဖြစ်သည်။ ပိုးမေနဲ့သူ့ရဲ့ သားဦးလေးဖြစ်သည်မို့ တစ်ခြားကလေးတွေနဲ့ယှဉ်လို့မရပေ။
" ဖေကြီးလည်း သားကိုလွမ်းနေတာ သားနေကောင်းတယ်မလား ၊ ဖေကြီးလာလည်မလို့ပြင်နေတာကြာပြီ အခုအလုပ်တွေပြီးတော့ တန်းလာလိုက်တာပဲ "
" သားနေကောင်းပါတယ် "
သားဖြစ်သူနှင့် အဖေဖြစ်သူကိုကြည့်ကာ ပြုံးမိကြသည်။
" Big broက ဒယ်ဒီနဲ့ကျတော့ ကလေးပေါက်စလေးအတိုင်းပဲ ၊ သေးသေးကွေးကွေးလေးနော် "
" Big broက အရမ်းလှတာပဲ "
ငွေဆံပင် မောင်နှမနှစ်ယောက်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ပြောလိုက်ကြသည်။ တည်မြဲလည်း အဖေနဲ့သားပြန်တွေ့နေကြတာမို့ ဘာမှမပြောပေ။ နှုတ်ဆက်လိုက်သင့်လား ၊ နှုတ်ဆက်ရအောင်လည်း စကားကောင်းကောင်းမွန်မွန်မပြောဖူးတာကြောင့်ရယ် ၊ သူ့အဖေက ကိုယ့်ကိုမကြည်တာကြောင့်ရယ် နေရခက်နေသည်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ နှုတ်ဆက်လိုက်တာကောင်းပါတယ်။
" တွေ့ရတာဝမ်းသာပါတယ် အေဖ "
" အေး ငါတော့ဝမ်းမသာနိုင်ဘူး မင်းငါ့သားကို အနိုင်ကျင့်တယ်မလား ၊ သားကပိန်သွားတယ် ၊ ဖြူဖက်ဖြူရော်နဲ့ ၊ ယူပြီးရင်တော့ ဂရုစိုက်ရမှာပေါ့ကွ "
" ဖေကြီး သားနေကောင်းပါတယ် "
" ဖေကြီးကိုလာလိမ်မနေနဲ့ ဒီလောက်အားနည်းတဲ့ရုပ်ပေါက်နေတာတောင်မှ ၊ ငါ့သားကိုဂရုစိုက် သားတစ်ခုခုဖြစ်ရင် မင်းဆီကနေ သားကိုပြန်ခေါ်သွားမှာ ၊ မင်းမတွေ့တဲ့နေရာမှာ သားကိုဖြက္ထားမွာ ကြားလား ဟေ့ကောင် "
" အဖေပြန်ခေါ်သွားလို့မရဘူး ၊ သူကကျွန်တော်ယူထားတဲ့ ကျွန်တော့်ယောကျာ်းပါ ၊ ဂရုစိုက်ဖို်ကိုစိတ်မပူပါနဲ့ ကျွန်တော့်ယောကျာ်းကိုကျွန်တော်ကောင်းကောင်း ဂရုစိုက်နိုင်ပါတယ် အေဖ "
" ဟွန်း အပြောကတော့ ကြီးတာပဲ ၊ ငါ့ကိုအဖေလို့မခေါ်စမ်းနဲ့ ကြားရတာအဆင်မပြေလိုက်တာ "
" ဟုတ်ကဲ့ပါ ယောက္ခမကြီး "
" ဟေ့ကောင် မင်း တော် တော် ၊ ဦးလေးလို့ပဲခေါ် "
ဦးသီဟမဟာသွေး သွေးတိုးတွေဆောင့်တတ်လာသလိုခံစားနေရ၏။ သမက်ဖြစ်သူက သူနဲ့အကျင့်စရိုက်တူပုံပေါ်သည်။ ကြောက်တာ ရှိန်တာမျိုးလည်းမရှိ ၊ သူငယ်ငယ်ကအတိုင်း ဖြစ်သည်။
" ဒယ္ဒီ အဆင်ပြေရဲ့လား...ကျွန်တော်တွဲမယ် "
Big broရဲ့ အမျိုးသားက မေခေပ။ သူတို့ကြောက်ရရှိန်ရသည့် ဒယ္ဒီ့ကို ပြန်ချေပနေ၏။ နှစ်ယောက်လုံးက အကျင့်တူပုံရနေတာကြောင့် သူတို့ရယ်ချင်နေပြီဖြစ်သည်။ ဒယ္ဒီ မြန်မာနိုင်ငံမှာနေသ၍တော့ Big broရဲ့အမျိုးသားနှင့် အချေအတင်ဖြစ်ကြဦးမည်ဟု တွေးလိုက်ကြ၏။
" ဖေကြီး စိတ်လျော့ပါ မောင်က စကားပြောရင်အရမ်းပွင့်လင်းလို့ပါ ၊ ဖေကြီး ကျန်းမာရေးကိုလည်းဂရုစိုက်ရမယ်လေ ၊ ခွင့်လွှတ်ပေးလိုက်ပါနော် "
သားဖြစ်သူကြောင့် စိတ်လျော့လိုက်ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင့်ကိုတော့ သေဘာမက်လွေပ။ အချိူးကိုမပြေဘူး။ ရုပ်ကလည်း မရယ်မပြုံးခပ်တည်တည်နှင့်မို့ မျက်နှာမြင်တိုင်း သွေးတတ်ရသည်။
" မောင် လာ ပြန်ရအောင် "
" အင်း မင်းအောင်နဲ့ဖိုးထွေး ဦးလေးတို့ရဲ့အိတ်တွေကို သယ်ခဲ့ပြီးလိုက်ခဲ့ "
တည်မြဲ သူတို့သားအဖတွေရဲ့နောက်ကနေ တိတ်ဆိတ်စွာပဲလိုက်ခဲ့သည်။ မှိုင်းညို့ပျော်နေတာကိုတွေ့ရတော့ ပြုံးလိုက်မိ၏။ သူ့အဖေရင်ခွင်ထဲရောက်တော့ ကလေးပေါက်စလေးလိုကပ်ချွဲနေလိုက်တာ။ အဖေချစ်ကလေးဖြစ်ပုံရသည်။ မှိုင်းညို့အဖေကို တည်မြဲအခုမှသေသေချာချာမြင်ဖူးသည်။ အသက်ငါးဆယ်ကျော်ခြောက်ဆယ်ဝန်းကျင်ဆိုပေမယ့် အရပ်မြင့်မြင့် ခန့်ခန့်ညားညားဖြစ်သည်။ ငယ်ရွယ်စဉ်က အတော်လေးကြည့်ကောင်းပုံပေါ်သည်။
" မောင် လာလေ အနောက်မှာမနေနဲ့ "
မှိုင်းညို့ကအနောက်ပြန်လှည့်လာကာ တည်မြဲလက်မောင်းကို ချိတ်ကာ ဆွဲခေါ်သည်။ သူ့အဖေလက်ကိုချိတ်ပြီး နောက်တစ်ဖက်က တည်မြဲလက်မောင်းကိုချိတ်ထားသည်။ ပြုံးရယ်နေလိုက်တာ မျက်လုံးလေးတွေတောင်ကွေးတတ်သည်အထိဖြစ်သည်။ သူ့အဖေကိုတွေ့ရတာ အရမ်းပျော်နေပုံပဲ။
တည်မြဲ သူ့အဖေကိုမတော်တဆကြည့်လိုက်မိတော့ အကြည့်ချင်းဆုံသွားသည်။ သို့သော် တည်မြဲကိုမျက်နှာလွှဲသွားတာကြောင့် တည်မြဲလည်းတင်းသွားသည်။ ယောက္ခမကယောက္ခမပဲ ၊ အခုလောလောဆယ်တော့ အမြင်မကြည်သေးပေ။ တည်မြဲဆီကနေ မှိုင်းညို့ကိုခေါ်ထုတ်သွားမှာကြောက်သည်။ ထို့ကြောင့် ထိုလူကြီးကို တည်မြဲ သေချာစောင့်ကြည့်ရမည်။ ဝေးရမယ့်အဖြစ်ကို လက်မခံနိုင်ပေ။ မြန်မာနိုင်ငံကိုလာလည်တာက သဘောရိုးနဲ့ရောဟုတ်ရဲ့လား။ ဟိုတစ်ယောက်ကိုသာ ရင်ခွင်ထဲကဆွဲထုတ်သွားလျှင် သူရူးရလိမ့်မည်။
" ဖေကြီး အန်တီမေရီရော နေကောင်းရဲ့လားဟင် ၊ ယယ်ရီနဲ့ ဖီးလစ္ကို တကယ်ပဲ ခရီးထွက်ဖို့ခွင့်ပြုလိုက်ပြီပေါ့ "
ဒါဆို အမွှာနှစ်ယောက်နာမည်က ယယ်ရီနဲ့ ဖီးလစ်ပေါ့။ တည်မြဲ စကားတစ်ခွန်းမှမပြောပဲ ကားကိုသာအာရုံစိုက်မောင်းလိုက်သည်။ နောက်ခန်းထဲက သားအဖေနှစ်ယောက်ရဲ့စကားသံနဲ့ အမွှာနှစ်ယောက်ရဲ့ငြင်းခုန်သံတို့သာပြည့်နေ၏။
" Big broရဲ့အမျိုးသားက ကျွန်တော်တို့ကိုစကားမပြောချင်တာလား..."
" တစ်လမ်းကြောင်းလုံးတိတ်နေတာပဲ "
" ဆောရီး မိသားစုတွေ့ဆုံခန်းကို မနှောက်ယှက်ချင်လို့ ဘာမှမပြောတာ ၊ ပြီးတော့ ငါကသိပ်မရောတတ်လို့ "
ဖီးလစ္က နှာခေါင်းရှုံ့သည်။ ဒီလူက တကယ်ကြီး အပြောအဆိုမတတ်တာပဲ။ ပြောသမျှက တစ္ဖက္လူကို ဆွံ့အစေသည်။ စတွေ့တည်းက သူ့ကိုယ်သူမိတ်မဆက်သလို ၊ သူတို့နာမည်ကိုတောင်မမေးပေ။ မောင်နှမနှစ်ယောက်လုံး ဒယ်ဒီ့ကိုကြည့်လိုက်မိ၏။
" တစ်ပုံစံထဲပဲ "
ယောက္ခမနဲ့သားမက်က တစ်ပုံစံထဲဆိုရင် ဘယ်လိုရှေ့ဆက်ကြမလဲမသိ။ တည်မြဲ၏ ကားလေးက အိမ်တော်ထဲ ဝင်ရောက်လာသည်။ တည်မြဲ၏မေမေ ဒေါ်လေးနွယ်ရွှေက အိမ်တော်က အလုပ်သမားများနဲ့အတူထွက်ကြိုနေကြသည်။ ဦးသီဟမဟာသွေး ကားပေါ်ကဆင်းလာတော့ ဖော်ဖော်ရွေရွေပြုံးပြ၏။
" ဦးမဟာသွေး မင်္ဂလာပါ ၊ မတွေ့တာ အတော်ကြာသွားပြီပဲ ရှင်က အရင်ကထက်တောင်နုပျိုသွားလိုက်တာ ၊ အချိန်တွေရပ်တန့်နေသလိုခံစားမိပါတယ် "
" ခင်ဗျားကလည်း အရင်အတိုင်းပဲနော် အသက်ကြီးမသွားသလိုပဲ ၊ ကျန်းမာရေးကောင်းတယ်မလား "
" အသက်ကလေးရလာပြီဆိုတော့ ဟိုနားချို့ယွင်း ဒီနားချို့ယွင်းတော့ ရှိတာပေါ့ရှင် ၊ အထဲဝင်ပါ ၊ လာ သားတို့သမီးတို့လည်းဝင်ကြ အပြင်ကနေအရမ်းပူတာ "
" ဟုတ်တယ် အန္တီ အရမ်းပူတယ် "
ယယ်ရီက ဒီစကားကိုတော့မြန်မာလိုပြောလိုက်တာဖြစ်သည်။ ဖေကြီးနဲ့ညို့က ထိုကလေးတွေကို မြန်မာလိုပြောတတ်အောင်သေချာသင်ပေးထား၍ သူတို့နားလည်သလို ပြောတတ်နေပြီဖြစ်သည်။ အေမက အံ့သြသွားပေမယ့် သဘောတကျရှိနေ၏။
" မောင် အလုပ်ပြန်သွားဦးမှာလားဟင် "
" ခဏနေရင် သွားဖို့ရှိသေးတယ် ၊ meetingရှိနေလို့ ညရှစ်နာရီလောက်တော့ အိမ်အရောက်ပြန်ခဲ့မယ် ၊ ရေခဲသေတ္တာထဲမှာ ရေခဲမုန့်ရယ် ကိတ်မုန့်တွေရယ် ဝယ်ထည့်ထားခဲ့တယ် ၊ အများကြီးမစားနဲ့နော် ၊ ဆေးစစ်တာက မနက်ဖြန်မှ ဆေးရုံသွားစစ်ရအောင် ၊ ဦးခန့် နယ်ရောက်နေလို့ "
" အင်းပါ မောင် ဖေကြီးကိုလေ စိတ်မရှိပါနဲ့နော် ၊ ပြီးတော့ ဖေကြီးကို စကားပြောရင် သတိထားပေး ၊ အခန့်မသင့်ရင် ဖေကြီးစိတ်တိုပြီး မောင့်ကိုထိုးမှာစိုးတယ် "
" ငါနားလည်ပါတယ် အတတ်နိုင်ဆုံးအဆင်ပြေအောင် ငါနေမှာပါ ၊ စိတ်မပူနဲ့ "
နှုတ်ခမ်းနုထွေးထွေးကို တည်မြဲငုံ့နမ်းရင်း ပါးတစ်ဖက်ကိုအသာဆွဲညှစ်တော့ သူကပြုံးသည်။ နှစ်ယောက်တစ်ကမ်ဘာတည်နေကြသည့် သားဖြစ်သူတို့ကြောင့် ဦးမဟာသွေး ဒေါသူပုန်ထနေပြီဖြစ်သည်။ အဖိုးတန်သားလေးကို သူများလက်ထဲထည့်ပေးလိုက်ရတည်းက မအီမလည်ဖြစ်နေခဲ့တာ။ ဖြစ်နိုင်ရင် သားကိုသိမ်းထုပ်ထားချင်သည်။
" လာပါဒယ်ဒီရယ် ၊ Big broတို့က လက်ထပ်ပြီးသားပဲလေ...စိတ်လျော့ပါ ၊ Big broရဲ့ အမျိုးသားက ကြမ်းတမ်းတယ်လို့ထင်ရပေမယ့် အဆင်ပြေပါတယ် "
ဦးမဟာသွေး သက်ပြင်းချကာ အိမ်ထဲဝင်လိုက်၏။ သားက အရွယ်ရောက်နေပေမယ့် သူ့အတွက်တော့ ကလေးငယ်လေးပင်ဖြစ်သည်။ သားကအခုဆို လက်တောင်ထပ်ပြီးနေပြီး သူစိတ်ချသင့်ပေမယ့် သားမက်ကိုစောင့်ကြည့်ရဦးမည်။ ဒီကောင့်ကြောင့်သားက အန္တာရယ်ရှိတဲ့ ရိုးတွင်းချဉ်ဆီအလှူအထိ သူမသိအောင်ခိုးလှူခဲ့သည်။ သားက ချစ်နေတာပဲသိသည် ၊ ကိုယ့်ကျန်းမာရေးတောင် ကိုယ်ဂရုမစိုက်ပဲ ၊ တည်မြဲကမ်ဘာဆိုသည့် ကောင်လေးကိုသာ စိုးရိမ်နေခဲ့၏။ ဦးမဟာသွေးမကြိုက်တာ အဲ့ဒါတွေဖြစ်သည်။ သားက ပေးဆပ်လွန်းသည်။ သားပေးဆပ်သလောက် ဟိုကနားမလည်ခဲ့တော့ ဦးမဟာသွေး ဒေါသမထွက်သင့်ဘူးလား။
သားကိုလုံခြုံမှုမပေးနိုင်တဲ့သူ ၊ သားအတွက် အာမခံချက်မရှိသည့် ကောင်၏ရင်ခွင်မှာ သားကိုမထားချင်တာ သူ့အတ္တ။ အဖေတစ်ယောက်အနေနဲ့ ကိုယ့်ရင်သွေးကိုအန္တာရယ်ကင်းစေချင်သည်။ သားစိတ်ဆင်းရဲတာကို အစအဆုံးမြင်ခဲ့ရတဲ့ သူ့အတွက် သားမက်ဖြစ်သူကို အမုန်းကြီးမုန်းခဲ့တာ သူ့အပြစ်မဟုတ်။ ဒေါ်လေးနွယ်ရွှေကလည်း ဒါကိုနားလည်သည်။ သူကေတာ့ သားအပေါ် အမေတစ်ယောက်လိုပဲဆိုတာ သားကခဏခဏပြောပြတတ်သည်မို့ သူမကိုတော့ အမြင်ကြည်ပါသည်။
" ဦးမဟာသွေး အမောဖြေပါဦးရှင် ၊ ဒေါ်ဝင်း ကလေးတွေကို အခန်းလိုက်ပို့ပေးလိုက်ပါဦး ခရီးပန်းတော့ နားချင်ကြမှာပဲ "
" ကျုပ်ဒီကိုလာတာ သားအဆင်ပြေရဲ့လားသိချင်ရုံတင် ၊ သားကပျော်နေတဲ့ပုံပဲ "
" ကျွန်မဖြစ်ခဲ့သမျှအကုန် အားနာလှပါတယ်ရှင် ၊ သားကအခုအမြင်မှန်ရနေပါပြီ ၊ ရှင်လည်း မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကိုစိတ်ပူရှာမှာပဲ ၊ သားညို့က လိမ္မာရေးခြားရှိတဲ့ကလေးပါ ၊ အခုဆို ကလေးနှစ်ယောက်ကတော်တော်ကိုအဆင်ပြေကြပါတယ် ၊ ကျွန်မသား ဆိုးခဲ့တာတွေကို ကျွန်မကပဲတောင်းပန်ပါတယ်နော် "
ဒေါ်လေးနွယ်ရွှေက သားကိုပြန်ခေါ်မသွားအောင်ပြောနေမှန်း ဦးမဟာသွေး သဘောပေါက်လိုက်သည်။ ဦးမဟာသွေးအနေနဲ့လည်း ကိုယ့်သားကိုအနိုင်ကျင့်တာ သိသိကြီးနဲ့ သားကိုထားခဲ့ရတာလေ။ သားက ထိုကောင်လေးဘေးမှာပဲ နေချင်ပါတယ်ဆိုလို့ ထားခဲ့ရတာ။
" သားကအချစ်ကြီးတယ် ၊ အချစ်ကြောင့် သားကိုနာကျင်မှာကျုပ်မလိုချင်ဘူး ၊ ခင်ဗျားသားက ပြောင်းလဲနေပြီဆိုတာ ကျုပ်မျက်စိနဲ့မြင်ရမှယုံမှာပဲ ဒေါ်လေးနွယ်ရွှေ ၊ ခင်ဗျားကိုတော့အားနာပါတယ် ၊ သားသာ မပျော်ရင် ကျုပ်သားကို ပြန်ခေါ်ရမှာပဲ ၊ ကျုပ်အခုပင်ပန်းလို့ နားချင်ပြီ "
ဒေါ်လေးနွယ်ရွှေခေါင်းပဲငြိမ့်ပြလိုက်သည်။ တကယ်လို့သားညို့သာ ကိုယ်ဝန်ဆောင်နိုင်တာသိသွားရင် ၊ ဘုရား ဘုရား မေတြးရဲပါ။ ဒီလူကြီးဒေါသသိပ်ကြီးမှန်းသူမသိသည်။ ချစ်လျက်နဲ့ဝေးရမယ့်အဖြစ်မျိုးတော့ ကလေးတွေကိုမဖြစ်စေချင်ပေ။
ဒါတွေအကုန် သားအပေါ်မှာမူတည်နေပြီနော် တည်မြဲ။
TBC~~~
27.10.2021