" Gold & Pink & Kim " [ Compl...

By Cynthiataehyung

26.7K 1.7K 151

Jeon Jungkook & Kim Taehyung & Park Jimin More

" Gold & Pink & Kim "
( 1 )
( 2 )
( 3 )
( 5 )
( 6 )
( 7 )
( 8 )
(9)
( 10)
( 11 )
( 12 )
( 13)
( 14 )
( 15 )
( 16 )
(17)
( 18 )
( 19 )
( 20 )
( 21)
( 22 ) Final [ Unicode]
Final [ Zawgyi ]
Extra
Extra ( Zawgyi)

( 4 )

1K 97 7
By Cynthiataehyung

Unicode

ရထားဘူတာရောက်လို့ ရထားဆိုက်တာနဲ့ လူတွေက ရုတ်ရုတ်.. ရုတ်ရုတ်နဲ့ ဆင်းဖို့ပြင်တော့ Taehyung အသာ စောင့်ဆင်းရန်ပြင်လိုက်ပေမဲ့
မထင်မှတ်ထားတဲ့ မြင်ကွင်းတစ်ခုကြောင့်သေချာ စူးစမ်းကြည့်လိုက်တော့..

ခုနက ပေစုတ်စုတ်ကလေး သုံးယောက်က ဘူတာထဲသို့ ဆင်းရန် တိုးဝေ့နေကြတဲ့ လူတွေထဲမှ မသိမသာနဲ့ ပိုက်ဆံအိတ်ကို နှိုက်ရန် ပြင်နေကြသည်. တစ်ယောက်ကို တစ်ယောက် မျက်စပြစ်ကာဖြင့် အပေးအယူမျှမျှချိန်ညှိကာ တစ်ဖက်လူကြီးရဲ့ အိတ်ကို ဓားနဲ့ မသိသာဖျက်နေသည်.
တစ်ဖက်လူက မသိစွာ လူတွေကြားတိုးဝေ့ကာ ဆင်းသွားသည်..

Taehyung လည်း အရှေ့က ကလေးတွေကို တစ်ချက်ငေးကာ မက်တပ်ထရပ်လိုက်ပြီး ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ထဲ ထည့်ကာ ဆင်းရန် ထွက်လာလိုက်သည်..

မျက်နှာကို အောက်ဆိုက်ငုပ့်ထားကာ ဦးထုပ်ကိုလုံနေအောင် ခပ်ငိုက်ငိုက်ဆောင်းထားတာမို့ သူဘယ်သူလည်းဆိုတာ လူတွေ သတိမထားမိလောက်ပေ..

ခဏနေကြတော့ ကလေးသုံး​ယောက်ထဲက ခပ်သေးသေးတစ်ယောက်က အနားရောက်လာပြီး

" မြေအောက်ရထားဆီရတာ မလွဲပါဘူး.. လူကြပ်က ကြပ်နဲ့ "

စကားတပြောပြောနဲ့ အာရုံလာနောက်သော ကလေးကြောင့် Taehyung ဟန်ပါပါ ပြုံးလိုက်မိသည်..

မကြာပါဘူး အနောက်က ကလေးတစ်ယောက်က ပိုက်ဆံအိတ်ကိုမသိမသာ ယူထုတ်ပြီးကာမှ

" ကလေးဆိုပြီးတော့လည်း ဦးစားပေးမယ်မရှိ.. လူကြီးတွေများ တကိုယ်ကောင်းဆန်ချက်.. အဟမ်း ဆင်းရအောင်ကွာ လူကြပ်တော့ အနံ့အသက်ကို သည်းမခံနိုင်တော့ဘူး "

နောက်ဆုံးကလေးတစ်ယောက်က ကြီးကြီးကျယ်ကျယ်စကားတွေပြောပြီး သူ့သူငယ်ချင်းတွေကိုခေါ်ကာ ဆင်းသွားကြသည်

Taehyung လည်းသူတို့ဆင်းသွားသော နေရာကို မသိမသာ အနောက်ကနေ လိုက်သွားတော့ ခပ်စုတ်စုတ် ရပ်ကွက်လေးကို တွေ့ရသည်..

လမ်းကြားအသေးလေးထဲ ဝင်သွားတာ တွေ့တော့ အဆုံးထိ လိုက်မကြည့်တော့ဘဲ ထွက်သွားဖို့ ပြင်ပြီး လှည့်ထွက်လာလိုက်သည်

" hey! ! ဟိတ် အရှေ့ကတစ်ယောက် ခဏ.. ခဏ နေအုံး "

လမ်းကြားအကွေးမှာ အနောက်အပြေးတကော ခေါ်လိုက်တဲ့သူကို အရေးမလုပ်ဘဲ ဆက်လျှောက်လာတော့..

" မင်းကိုခေါ်နေတာ.. "

အရှေ့ကနေပိတ်ရပ်ထားတဲ့ ထိုလူက အနက်ရောင်တွေဝတ်ဆင်ထားပြီး အပေါ်ထပ်က ခဲရောင် Coat တစ်ထည်ဝတ်ထားပြီး ဦးထုတ်ကိုခပ်စစချွတ်ကာ ခါးထောက်အမောပြေရင်း နှုတ်ခမ်းပါးတစ်စုံဖြင့် ပြောလာသည်

" အဲ့တော့! ! "

Taehyung ဘက်က ခပ်တည်တည်ပြန်ကြည့်ကာ မေးငေါ့ကာ ပြန်ပြောလိုက်တော့

" ဒီမှာ မင်းပိုက်ဆံအိတ်မဟုတ်လား! ! ခုနက ကလေးတွေ မင်းဆီက နှိုက်သွားတာ "

သူ့လက်ထဲက ပိုက်ဆံအိတ်ကိုထောင်ပြကာ ပြောနေသော သူကို Taehyung စိတ်ပျက်စွာ ကြည့်လိုက်ပြီးမှ..

ခွပ် ! !

Taehyung တစ်ချက် ဆွဲထိုးပစ်လိုက်သည်

" ဟာ... မင်းဒါဘာလုပ်တာလဲ! ! "

သူ့အင်ကျီစကို လက်နဲ့ ဆွဲကာ အနားကပ်ပြီး

" ဘယ်သူက ကူညီခိုင်းလို့လဲ! ! အရေးမပါတာတွေ "

Jungkook အရှေ့ကတစ်ယောက်ကို နားမလည်သလို ထူးထူးဆန်းဆန်းစိုက်ကြည့်နေတုန်း လက်ထဲက ပိုက်ဆံအိတ်ကိုဆွဲယူသွားကာ

" သူများကိစ္စကို ဝင်ရှုပ်ရင်း ဒီလိုဘဲ ဖြစ်တက်တယ် မှတ်ထား! ! ငါက ကူညီပါရစေ ကိုလည်း အထင်မကြီးဘူး! ! "

အရှေ့က တစ်ယောက်က ဟိုကလေးတွေရှိရာ လမ်းကြားထဲကို ပြန်ဝင်သွားတာမို့ Jungkook အနောက်ကနေ စူးစမ်းသလို လိုက်ကြည့်မိသည်

ဟိုတစ်ယောက်ဘာများလုပ်မလဲလို့လေ..

​" ရော့.. မင်းတို့ပိုက်ဆံတွေ လာပြန်ပေးတာ! ! "

ပိုက်ဆံအိတ် ကိုရှေ့သို့ထိုးပေးလိုက်တော့ ကြောင်တောင်တောင်နဲ့ ကြည့်လာတဲ့ ကလေးတွေက ကြောက်လည်းကြောက်နေသလို ထူးလည်းထူးဆန်းနေလိမ့်မည်

" မယူဘူးလား! ! မင်းတို့ ကြိုးကြိုးစားစား ရှာထားရတာ မဟုတ်လား! ! ငါတောင် ပေးနေသေးတာ လာယူလေ! စိတ်မရှည်အောင်လာလုပ်နေတယ် "

ပြောလိုက်တော့ ကျနော့်အနောက် တနေရာကို ပြည့်ကာ လက်လှမ်းမရဲ ဖြစ်နေကြတဲ့ ကလေးတွေက

" ဦးလေးဗိုလ်ကြီးက ခုနက နောက်တစ်ခါ ဒါမျိုးလုပ်ရင် ထောင်ထဲထည့်မယ်တဲ့ "

အရှေ့က ကြောက်ကြောက်နဲ့ပြောနေသော ကလေးရဲ့ စကားကြားတော့ Taehyung မျက်ခုံးပင့်မိသွားကာ..

" ငါ့ပိုက်ဆံငါပေးတာလေ.. သူ့အပူပါလို့လား. ပြီးတော့ ဒီတစ်အိတ်ကလည်း မင်းတို့လုပ်အားခနဲ့ ရှာထားတာ.. သူအပူတပြားမှ မပါဘူး. အလကား မင်းတို့ကို ဖြဲခြောက်နေတာ ဟက်! "

Taehyung ကလေးတွေ မကြောက်အောင်ပြောပေးလိုက်တော့ လှုပ်လှုပ်နဲ့ ပိုက်ဆံအိတ်နှစ်ခုကို လှမ်းယူသည်

" မင်းအခု အားပေးအားမြောက်လုပ်နေတာလား! ! ပိုက်ဆံအိတ်ကိုတောင် တမင်အနှိုက်ခံပြီး ခါးပိုက်နှိုက်အားပေးလုပ်နေတာလား "

Jungkook မျက်ခုံးတွေတွန့်ချိုးကာ ထိုတစ်ယောက်ကိုမေးလိုက်တော့ နည်းနည်းလေးတောင်မဖြုံ..

" အဲ့တော့ ခင်ဗျားအပူပါသွားလား! ! ဗိုလ်ကြီး လည်းဆိုတယ် စပ်စပ်စုစုနဲ့ ကိုယ့်တပ်ထဲ ကိုယ်ပြန်နေ..ရှင်းလား! ! သူများအလုပ်အကိုင် နှောင့်ယှက်နေမဲ့အစား ကိုယ့်တပ်မှာ ကိုယ်သန့်ရှင်းရေးဖြစ်ဖြစ် ပြန်လုပ်ပါလား "

" ဘာကွ.. မင်းစကားပြောဆင်ခြေ! ! မင်းကိုယ်မင်း သူတော်ကောင်းဖြစ်ပြီးထင်နေလား ခါးပိုက်နှိုက်ကလေးတွေကို အခုလိုတွေ လုပ်နေရုံနဲ့လေ ! ဘယ်သူမှ အထင်မကြီးဘူး "

" ခင်ဗျားတော့ အထင်ကြီးသွားတယ် မှတ်လား! ! ပြောင်မလိမ်နဲ့ "

လူကို စေ့စေ့ကြည့်ကာ နှုတ်ခမ်းတွန့်ပြကာ ထွက်သွားသော တစ်ယောက်က တကယ့်စံဘဲ

သူ့ကိုကူညီလည်းကူညီရသေး ထိုးလည်းထိုးသေးသည်

ခါးပိုက်နှုက်တွေနဲ့လည်း အပေးအယူတည့်သေးသည်

ဗိုလ်ကြီးမှန်းသိလို့ လန့်သွားမယ်ထင်ထားသော်လည်း ပိုလို့တောင် ဆိုးလာကာ ခနဲသွားသောတစ်ယောက်ရဲ့ ဇ က စံထားလောက်ပါပေတယ် ..

ခဏတဖြုတ် အတွေးလေးထဲရောက်နေတာ

ခပ်သင်းသင်းအနံ့လေးတစ်ခုရမှ သတိဝင်လာတော့သည်

နေပါအုံး ဒီခပ်သင်းသင်းအနံ့က? ?

ဘေးက ဖြတ်သွားတဲ့ ခုနက တစ်ယောက်ဆီကနေရတာဆိုလျှင်...

" ဟေးးး ..ခဏ.. ခဏနေအုံး! ! "

အော်ခေါ်တော့ လှည့်ပင်မကြည့်သည့် တစ်ယောက်ကြောင့် အနောက်ကနေလိုက်ရင်း လက်ကိုဆွဲပြီး လမ်းထောင့်ကနံရံဆီ ကမြန်းကတမ်း တွန်းပို့မိသည်..

" ကျစ်! ! မပြီးသေးဘူးလား "

Taehyung အမေးကိုမဖြေသည့်အပြင် လူကိုခါးကလက်တစ်ဖက်နဲ့ ဆွဲကာ သူနဲ့နီးကပ်စေသည်

" သေချင်လို့လား! ! ဘာတွေ လာလုပ်နေတာလဲ "

Taehyung မျက်မောင်းကျုတ်ကာဖြင့်မေးလိုက်သည်ကို အရေးမထားသည့်အပြင် လည်တိုင်နဲ့ ပခုံးကြားမှာ ခေါင်းတိုးဝင်လာကာ ဘာလုပ်သည်မသိ..

Jungkook ထိုတစ်ယောက်ဆီကရနေတဲ့ ခပ်သင်းသင်း ပြယ်ပြယ် အနံ့သင်းသင်းလေးကြောင့် သေချာစွာ စိုက်ကြည့်၍..

" Kim Taehyung! ! မင်းဘဲလား "

Taehyung ရုတ်တရက် ဘာမှန်းမသိပေမဲ့ အရှေ့ကလူကိုခပ်စူးစူးကြည့်လိုက်ကာ

" Kim Taehyung မှမသိရင်လဲ! ! တော်တော် တုံးတဲ့နလပိန်းတုံးဘဲ ဖြစ်ရမယ် "

" ဟက် ငါ့ကိုအရင်တခါက ထိုးသွားတာလေ ရူးချင်ယောင်ဆောင်မနေနဲ့! ! မင်း "

" မသိဘူး ခင်ဗျားလားဆိုတာ သိပ်မမှတ်မိပေမဲ့ လျော်ကြေးလိုချင်လို့လား ! ! လက်သီးတစ်ချက်ကို ဝမ် 1 သိန်းနဲ့ ဆို တွက်လိုက် "

ပြောနေရင်း သူ့အင်ကျီအတွင်းအိတ်ထဲက ကတ် တစ်ခုကို ထုတ်လာသည်

" မင်း! ! မင်းဘယ်လိုဟာလဲ! ! ငါ့လို ဗိုလ်ကြီးတစ်ယောက်ကို ခဏခဏ ထိုးထားတာ အခုကကော လျော်ကြေး ဟုတ်လား! တောင်းပြန်! "

Taehyung စိတ်ထဲကြီးကြီးကျယ်ကျယ်ဟု တွေးတောရင်း

" ဘာလို့တောင်းပြန်ရမလဲ! ! Kim Taehyung က မတောင်းပန်နိုင်ဘူး ဒါဘဲ ပြောမယ် "

" အေ.. အဲ့ဒါဆို ငါလည်းမင်းကို လွတ်ပေးမယ်မထင်နဲ့ "

နဂိုကဖက်ထားသည်ထက် ပိုမိုတင်းကျပ်စွာ ဖက်ထားသော အားအပြည့်နဲ့ သူ့လက်တွေက ခါးမှာ တည်မြဲတိုင်းမြဲနေတာ..

ကျစ်.. ရှုန်းနေတာလည်းမရဘူး
အားကလည်း ဘာလို့ဒီလောက်ကြီးရတာလဲ
ရတယ်လေ ဟိုနေရာဆိုရော အားကောင်းပါ့မလား စမ်းကြည့်တာပေါ့

Taehyung ညစ်ကျယ်ကျယ်လေးပြုံးလိုက်ရင်း နီးကပ်လွန်းတဲ့ ခန္ဓာကိုယ်နှစ်ခုကိုအနည်းငယ်ကွာလိုက်ကာ အရှိန်ယူရင်း ဒူးနဲ့ သူ့နေရာတည့်တည့်ကို ကန်ပစ်လိုက်သည်

အု ~

အဲ့တော့မှ သူ့လက်တွေကလန့်ပြီး လွတ်ပေးလိုက်တာမို့ လွတ်မြောက်သွားသော Taehyung က ခပ်ဟဟရီရင်း

" ဗိုလ်ကြီး နည်းနည်းလေးနာသွားမှာဘဲနော်! ! ဒါနဲ့ သွားစရာရှိသေးလို့ ခွင့်ပြုပါအုံး "

Taehyung တို့နောက်ပင် လှည့်မကြည့်ဘဲ ထွက်သွားလေတော့.. လူပျက်တဲ့ ရပ်ကွက်ခပ်စုတ်စုတ်လေးရဲ့ လမ်းကြားထဲက ဗိုလ်ကြီး Jung ကတော့ ခြေမကိုင်မိ လက်မကိုင်မိနဲ့ နာကျင်တဲ့ တစ်နေရာကြောင့် ဒူးက မခိုင်နဲ့မို့..

" ပြန်တွေ့ရင်တော့လား မလွယ်ဘူးမှတ်! ! ဟူး "

ထို့နောက် ဖုန်းထုတ်ကာ တစ်နေရာလို့ လှမ်းဆက်ရင်း ထိုဟာလေးကိုသာ စိတ်ထဲတနှုတ်နှုတ် နဲ့ ကြိမ်းဝါးနေမိသည်..

........

Taehyung ရပ်ကွက်ထဲက ထွက်လာပြီးတော့ လမ်းမထက် ပြန်ရောက်လာပြီးမကြာလိုက် Ji က ဆိုင်ကယ်အနက်ရောင်ကြီးနဲ့ ရောက်လာသည်

" Kim လည်လို့ဝပြီးလား ငါ့အသည်းလေး "

Ji က ဆိုင်ကယ်ပေါ်ကနေ ဆိုင်ကယ်ဦးထုပ်ကမ်းပေးရင်း ပြောလာသည်
GPS နဲ့သာ Kim ကို အမြဲလိုက်ဖမ်းနေကြရယ် .
Park Jimin အတွက်တော့ အေးဆေးလေးရယ်

" မင်း အသည်းလေးက ဘယ်မှတောင်မသွားလိုက်ရဘူး! လက်သီးတော့ နယ်ချဲ့ပြီးပြီး "

" ဟက်! ! ငါ့အသည်းလေးက လက်သွပ်တာကိုး.. လက်နာသွားတာ ဟိုလူကအရိုးမာတဲ့လူလား "

" အဟက်! ! အကြောတော့ မာတဲ့လူဘဲ "

ဆိုင်ကယ်အနောက်မှ နေရာဝင်ယူပြီးတော့ Ji က မောင်းထွက်လာခဲ့သည်

အခုက Luxury ကြော်ငြာမှာ KimJi က ပင်တိုင်မော်ဒယ်အနေနဲ့ ခန့်အပ်ထားတာမို့ . ကြားထဲက Ji အလုပ်ကိုစောင့်ပြီးမှ လာခဲ့ခြင်း

ဟိုရောက်တော့ ခန်းဆောင်ထဲကLuxury massage chair တွေကိုတွေ့ရသည် ..

ခဏနေတော့ ရိုက်ကူးဖို့အချက်ပြသည်.. Luxury massage chair မှာ သူတို့လိုချင်တဲ့ ပုံစံအတိုင်း နေရာယူကာ ဟန်ပန်တချို့နဲ့
ဖြည့်စွတ်စာသားလေးတွေ ပြောရုံနဲ့ အဆင်ပြေသည်..

ကိုယ်တွေ့အတွက်တော့ အရေးကြီးခွင်ကျယ်အလုပ်အကိုင်ကြီးတော့မဟုတ်နေ ..

ရိုက်ကူးရေးအဖွဲ့တွေနဲ့ အပေးယူမျှမျှ ရှု့ထောင့်မျိုးစုံကနေ ပေါ်ပေါ်လွင်လွင် အသားပေးရိုက်ကူးပြီးနောက်မှာ ရိုက်ကူးရေးကပြီးသွားသည်

" ဒုတိယထပ်မှာ Bar မှာ တစ်ခုခုသောက်ရအောင်! ! "

" သဘော.. "

Kim နဲ့အတူ စတုတ္ထိထပ်က Shooting room ထဲကနေ ထွက်လာလိုက်ကာ ဒုတိယထပ်ကို ဆင်းလာကြသည်

Bar ထဲရောက်တော့ တချို့ Cele တွေက Ji အသိတွေမို့ စကားပြောရင်းကျန်ခဲ့လေသည်

" Bramble တစ်ခွက် နဲ့ Ginger Rum တစ်ခွက် နော် ညီလေး "

Juice Bar ကိုရောက်လာပြီး Waiter ကောင်လေးကို မှာစရာရှိတာမှာရင်း Ji ကို ထိုင်စောင့်နေလိုက်သည်..

" Taehyung oppa ဟုတ်နေတာဘဲ.. တို့နဲ့ အတူလာထိုင်ပါလား Oppa တစ်ယောက်ထဲဆို ပျင်းနေမှာဆိုးလို့ "

Bramble တစ်ငုံသောက်နေရင်း တစ်ဖက်ဝိုင်းက ဂါဝန်အနီရဲရဲနဲ့ မိန်းကလေးက လာမိတ်ဖွဲ့တော့ Taehyung တစ်ချက်စဥ်းစားပြီးစွေကြည့်လိုက်တော့ ..

" အော်.. တို့က Rosebud Group ကပါ.. Oppa တို့နဲ့ သိပ်မဆုံ​ဖြစ်လို့ မမှတ်မိတာထင်တယ် "

ဒီနေရာက Bar ဆိုသော်ငြားလည်း Cele တွေ idol တွေ အခြားနာမည်ကြီး နယ်ပယ်ကလူတွေအတွက် အဆင်​ပြေစေသည်..

ဒီနေရာက Media တွေနဲ့ ဇယားမရှုပ်စေသည့်အတွက်ကြောင့်ပေ.. အတွင်းကိစ္စ အတွင်းထဲတင် ပြီးသည့်အတွက်.. Cele တွေ ခြေချရာနေရာဖြစ်သည်..

အရှေ့က မိန်းကလေးကိုကြည့်ရတာ ကိုယ့်အပေါ် စိတ်ဝင်စားနေသည့်အရိပ်အယောင်ကို မြင်ရသည့်အပြင် သူမက လှလည်းလှသည် ကြားရတဲ့သတင်းတွေမှာလည်း မွှေးသည် သူမက သူတို့ Group ထဲအချောဆုံးနဲ့ နာမည်အကြီးဆုံးပင်..

" Ok လေ.. ဒါပေမဲ့ သိပ်တော့စကားမများနဲ့.. စိတ်ရှုပ်အောင်မလုပ်မိဖို့ အရေးကြီးတယ်! ! "

" Oppa စိတ်မရှုပ်စေရပါဘူး.. စိတ်ချပါ "

သူမတို့ ဝိုင်းရောက်တော့ သူမသူငယ်ချင်းစုံတွဲနဲ့ ကိုယ်တွေရယ်ဆို လေးယောက်သာရှိသည်

" အော်.. စီနီယာ ဒီဝိုင်းမှာလာထိုင်တာ တကယ်မှန်တယ် "

ဘေးကစုံတွဲထဲက ကောင်လေးမှ အားတက်သရော ပြောလာတာမို့ Taehyung ​ခေါင်းညိတ်ရုံသာ အသိအမှတ်ပြုလိုက်သည်..

" ဒီမှာ ထိုင်နေတဲ့သုံးယောက်လုံးရဲ့ Role Model က စီနီယာမို့လေ. တကယ်ဝမ်းသာသွားတာ.. Mi Hae က ပိုဆိုးသေး.. "

ထိုကောင်လေးက ကိုယ့်ထက်အငယ်မို့လားမသိ တက်တက်ကြွကြွနဲ့ပြောလာတာ.. ဟိုမိန်းကလေး အကြောင်းလည်းပါရော သူမဘက်ကို ကြည့်တော့ သူမက ရှက်ပြုံးလေးပြုံးလျက် မရဲတရဲကြည့်နေတာမို့..

" Interview တွေမှာ ကြားကပါတယ် "

" ဒါဆို Oppa ကို Mi Hae သဘောကျတာကို ဘယ်လိုသဘောရလဲဟင် "

ထိုမိန်းကလေးစကားဟာ ကိုယ့်ရဲ့ idol ကိုပြောတဲ့စကားလိုလို ဘာလိုလိုနဲ့ အနှောင့်အသွားမလွတ်ချေ..

" ဘယ်လိုသဘောရ ရမှာလဲ !! မင်းသဘောကျတာနဲ့ဘဲ ဘယ်လိုသဘောရ ရတော့မှာလဲ.. Korea စကားကို ရိုးရိုးကနေ ဆန်းဆန်းဖြစ်အောင် ပြောတက်တယ်နော် မင်းက "

နောက်ကျောဘက်က လာတဲ့ Ji ရဲ့အသံကြောင့် လှည့်တော့မကြည့်မိ..

" ဟို.. Mi Hae က အဲ့လိုသဘောမျိုး ပြောတာမဟုတ်ပါဘူး "

အခုမှ ပြောင်လိမ်နေတာများ.. စကားအသွားအလာအရ ဒီဘူတာကိုဘဲ ဆိုက်နေတာ မဟုတ်လား.

" ဘယ်ကို လာမှန်းနေတာလဲ! ! ဘယ်ကိုသဘောကျမလို့လဲ! ! ဘယ်ကို လိုချင်တပ်မက်နေတာလဲ! ! ဘယ်လိုလူနဲ့ ပက်သက်ချင်နေတာလဲ! !ဆိုတာ ပြန်စဥ်းစားလိုက်ပေါ့ တစ်ခုခုတော့ တွေ့မှာပါ!! "

ထိုမိန်းကလေးမျက်နှာကို တည့်တည့်ကြည့်လိုက်ပြီး တစ်ခွန်းဆီရဲ့အဓိပ္ပါယ်ကိုပေါ်လွင်အောင်ပြောလိုက်တော့ မျက်နှာချက်ချင်းပျက်သွားတော့သည်

" Kim လာ ! ပြန်တော့မယ်! ! အာရုံတွေနောက်တယ်ကွာ "

ဝင်လည်းမပြော ဝင်လည်းမတားတဲ့ Kim ကိုလက်ကောက်ဝတ်မှ ဆွဲကာခေါ်လာခဲ့လိုက်သည်

နောက်တွဲကျန်ခဲ့သော စားပွဲမှ သုံးယောက်မှာလည်း မအံ့သြတော့သလို အံ့သြသလို တွေဝေသောမျက်လုံးများဖြင့်

" KimJi က တကယ်ဘဲလား. Jimin hyung ပြောသွားပုံကြီးက သူ့လူလို အပီလွတ်သွားတာ "

" KimJi က Ship တစ်ခုထက်ပိုမယ်ထင်တယ် Mi Hae. နင်လက်လျော့လိုက်တော့ "

ပထမဦးဆုံး လှမ်းခဲ့တဲ့ခြေလှမ်းမှာတင် လက်လျော့လိုက်တော့ဆိုတဲ့ အသံတွေကြောင့် Mi Hae သက်ပြင်းရဲ့ရဲ့ ချမိလိုက်သည်
.....

တောက်ခ်တစ်ခေါက်ခေါက်နဲ့ ခပ်တင်းတင်း ဆွဲထားတဲ့လက်တွေကြောင့် ..

" Ji ! ! တဆိတ် အဲ့ဒါဘာဖြစ်နေတာလဲ? "

မြန်နေတဲ့ခြေလှမ်းတွေ ရပ်သွားပြီး လှည့်ကြည့်လာကာ..

" Kim ကွာ! ! မင်းဘာလုပ်ဖို့ တွေးနေလဲ ငါသိတယ်နော် "

" ငါလည်း ပျင်းလို့ ရည်းစားလေးများထားရင် ကောင်းမလားလို့လေ! ! "

ဘာမှ ပြန်မပြော လှည့်တောင်မကြည့်တော့ဘဲ
ဖုန်းထုတ်ကာ တစ်နေရာကို ဘာတွေလှမ်းမှာနေလဲမသိပေ. .Ji တော်တော်လေး စိတ်ဆိုးနေသည့်ပုံပင်

တော်တော်ကြာတဲ့အထိ ဘာမှမပြောဘဲ ငြိမ်နေကြပြီးမှ ကားပါကင်ထဲ ဆိုင်ကယ်တစ်စီးဝင်လာမှ..

" မင်းသဘောကျတာ သိလို့. .မင်းအတွက်ပါ ဝယ်လိုက်တာ! "

Ji က ဒီနေ့သူစီးသလို ခပ်မိုက်မိုက်ဆိုင်ကယ်အနက်တစီး ဝယ်ပေးသည်တဲ့ ပြောသာပြောတာ သူအခုထိ မပြေသေးသည့်ပုံ

" Kim! ! ငါတို့တစ်ခုလောက် ပြိုင်ကြရအောင် "

Kim က " ဘာများလဲဆိုသည့် " သဘောဖြင့် မျက်ခုံးပင့်ပြသည်

" ဆိုင်ကယ်ပြိုင်မောင်းမယ်.. မင်းနဲ့ငါ ! ! "

ခဏနေတော့ ကားပါကင်မှာ ဆိုက်ကယ်နှစ်စီး အသင့်အနေအထားနဲ့ ရပ်ထားရာမှ အရှိန်နဲ့ မောင်းထွက်ကြတော့သည်..

ညလမ်းမမှောင်မှောင်ထက် ဆိုင်ကယ်နှစ်စီးက အရှိန်ပြင်းစွာဖြင့် ကားတွေကြားထဲတိုးဝှေ့လို့ နေရာယူသည်

အစပိုင်းမှာ နှစ်​ယောက်ရဲ့နှုန်းထားက တူနေပေမဲ့ တဟုန်ထိုးပင် Ji က နဂိုအရှိန်ကို ထက်တင်လိုက်တာကြောင့် Taehyung အနောက်မှာ ကျန်ခဲ့တော့သည်..

Ji က ကျော်တက်သွားကာ လမ်းတည့်တည့်အတိုင်းမောင်းနေပေမဲ့ Taehyung ကတော့ လမ်းခွဲကနေ ခွဲထွက်ပြီး လူလည်ကျတော့မယ်..

ဆိုက်ကယ်မောင်းနေရင်း လမ်းခွဲထဲ ကနေ ခွဲထွက်သွားတဲ့ Kim ကို Jimin ဆိုင်ကယ်ဦးထုတ်ထဲကနေ မြင်၍ ဟက်ခနဲ ပြုံးလိုက်မိသည်..

" ငါ့အသည်းလေးက လူလည်ကျလိုက်ရမှ! ! အဟက် "

# ကယ် Cmt လေးတွေ ပလုံစီအောင်ပေးခဲ့လို့ရပါတယ်နော် ..

Zawgyi















" မင်းကိုခေါ်နေတာ.. "


" အဲ့တော့! ! "




ခွပ် ! !


" ဟာ... မင်းဒါဘာလုပ်တာလဲ! ! "




























" ဟေးးး ..ခဏ.. ခဏနေအုံး! ! "


" ကျစ်! ! မပြီးသေးဘူးလား "


















အု ~






........














" သဘော.. "
































.....




















Continue Reading

You'll Also Like

1.1M 58.1K 58
π’πœπžπ§π­ 𝐨𝐟 π‹π¨π―πžγ€’ππ² π₯𝐨𝐯𝐞 𝐭𝐑𝐞 𝐬𝐞𝐫𝐒𝐞𝐬 γ€ˆπ›π¨π¨π€ 1〉 π‘Άπ’‘π’‘π’π’”π’Šπ’•π’†π’” 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
221K 25K 65
#Book-2 of Hidden Marriage Series. πŸ”₯❀️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
771K 45K 37
|ROSES AND CIGARETTES Book-I| She was someone who likes to be in her shell and He was someone who likes to break all the shells. "Junoon ban chuki ho...
1.3M 32.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...